Beyond the Eternity (ထာဝရကို...

By suekhatthar

84.1K 8.8K 783

"တကယ်သာ ချစ်ကြမယ်ဆို ထာဝရဆိုတဲ့ အချိန်က ဘယ်လုံလောက်ပါလိမ့်မလဲ။ " "တကယ္သာ ခ်စ္ၾကမယ္ဆို ထာဝရဆိုတဲ့ အခ်ိန္က ဘယ္... More

About the story
Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Epilogue
ကျေးဇူးတင်လွှာ

Chapter 23

982 169 17
By suekhatthar

(Unicode)

Lucas မျက်လုံးပွင့်ပွင့်ချင်း ဝေဝေဝါးဝါး မြင်လိုက်ရသည်က ဆေးရောင်ပြယ်နေသော နံရံများနှင့် သော့ခတ်ထားသည့် သံတံခါးတစ်ချပ်။
ပတ်ဝန်းကျင် လေထုက အေးစက်ထိုင်းမှိုင်းကာ အနံ့အသက်လည်း သိပ်မကောင်း။
လှည့်ပတ်ကြည့်လိုက်မိတော့ မျက်နှာကျက်ထောင့်ထားနားက မီးလုံးလေးမှ လွဲ၍ အခြား ဘာဆိုဘာမှ မရှိသည့် အခန်းကျဥ်း​လေးတစ်ခုတွင် ရောက်နေတာမှန်း သိလိုက်ရသည်။
အနေအထားအရ Hemsworth အိမ်ကြီး၏ မြေတိုက်ခန်းပင် ဖြစ်လောက်မည်။

Lucas တစ်ကိုယ်လုံးရှိ အားများ စုပ်ယူခံထားရသလို နွမ်းလျနေသည်။
အတော်လေး မူးဝေကာ ဇတ်လည်း အလွန်နာနေသဖြင့် ထထိုင်ဖို့ကိုပင် မနည်း အားယူနေရသည်။
မျက်စိကို ခဏပြန်မှိတ်ကာ ခေါင်းကြည်အောင် ကြိုးစားယူနေရသည်။

စက္ကန့် အချို့အကြာမှ အသိအာရုံတွေ ကြည်ကြည်လင်လင် ပြန်ဖြစ်သွားသည်။
ဦးနှောက်က ရေရေရာရာ စဥ်းစားနိုင်သည်နှင့် တန်းသတိရမိသည်က မနက်က အဖြစ်အပျက်။
ထို့နောက် သူ သတိမေ့မသွားခင် နောက်ဆုံး မြင်လိုက်ရသည့် Xan ၏ ​ကြေကွဲနာကျင်နေသည့် မျက်ဝန်းတွေ။

ရုတ်တရက် ကြားလိုက်ရသည့် ခြေသံတွေကြောင့် ရှေ့ကို ပြန်လှည့်ကြည့်လိုက်မိသည်။
သံတံခါးရှေ့တွင် ပေါ်လာသည်က Rachel, David နှင့်...
သူ့၏ Xan

Xan ၏ မျက်နှာက ပုံမှန်ထက် အဆပေါင်းများစွာ ပိုတည်တင်းနေသည်။
သို့သော်လည်း ညိုဖန့်ဖန့် မျက်ဝန်းတွေထဲက နာကျင်ရိပ်တွေကို Lucas မြင်နေရဆဲပင်။

အင်းလေ Xan က ဘယ်တုန်းကမှ ဟန်ဆောင်ကောင်းသူ မဟုတ်ခဲ့တာဘဲ။

Lucas က စိုက်ကြည့်နေမိတော့ Xan က ချက်ချင်း အကြည့်လွှဲကာ သံတံခါးကြားမှ သွေးတစ်ထုပ် ပစ်ပေးသည်။

"သောက်လိုက်။
ပြီးရင် ငါတို့ကို မင်းရှင်းပြရမှာတွေ အများကြီးပဲ။”

Xan ၏ အသံက စတွေ့တုန်းကထက် အစပေါင်းမျာစွာ ပို၍ အေးစက်မာကျောနေသည်။
David ကလည်း မယုံနိုင်သည့် မျက်နှာထားမျိုးနှင့် သူ့ကို ကြည့်နေသည်။

ရင်ထဲမှ ထိုးတက်လာသော ဆို့နင့်မှုကို မျိုချရင်း သွေးထုပ်ကို ကောက်ယူကာ ဖောက်သောက်လိုက်သည်။

တကယ်ကို အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ။
အခုတော့ သူ့အစ်မကိုလည်း သူ မကယ်တင်နိုင်တော့။

ဒီ ​စောက်ရေးမပါတဲ့ ခံစားချက်တွေ ဖြစ်လာမိလို့ အစ်မအရင်းရဲ့ အသက်ကိုတောင် အာရုံမစိုက်နိုင် ဖြစ်ခဲ့ရတာ။

ကိုယ်ကိုယ်ကို ဒေါသထွက်လာမိ၍ လက်ထဲက သွေးထုပ်ကို အားနှင့် ညှစ်ကိုင်လိုက်မိသည်။

"သောက်ပြီးရင် စပြောတော့။”

Xan ၏ ရေခဲရိုက် အသံကို ကြားတော့မှ Lucas သူ့ အခြေအနေသူ ပြန်သတိထားမိတော့သည်။

ခု အချိန်မှတော့ သူဘာကိုမှ လိမ်ညာချင်စိတ် မရှိတော့။
လိမ်ညာနေလို့လည်း ဘာမှ မထူးခြား။
Xan က သူ့ကို အသက်ရှင်ခွင့်ပေးရင်တောင် Chris က သူ့ကို အလွတ်ပေးမည် မဟုတ်။

ဘာအထောက်အထားတွေ ရှိလို့များ Xan က အသက်ရှင်ခွင့်ပေးပါမည်ဟု သူ ယုံကြည်နေမိပါလိမ့်။
ကိုယ့်အတွေးကို Lucas ပြန်ရယ်ချင်မိသွားသည်။

သက်ပြင်းချကာ အစအဆုံး ဇာတ်စုံခင်းဖို့ သူ အားယူလိုက်သည်။

"ကျွန်တော့အဖေက Witch
အဖေရော၊ အမေရော ကျွန်တော် ငါးနှစ်သားမှာထဲက
ဆုံးသွားကြတာ။
ကျွန်တော်က အစ်မနဲ့ပဲ ကြီးပြင်းခဲ့ရတယ်။
ကျွန်တော့ အစ်မက Witch ပါရမီပါပေမယ့် ကျွန်တော့မှာတော့ မပါဘူး။
ဒါပေမယ့် အစ်မကလည်း ဘယ်တုန်းကမှ magic ကို
မလေ့လာခဲ့ဘူး။
ကျွန်တော်တို့ နှစ်ယောက်လုံး သာမန်လူတွေလိုဘဲ နေခဲ့ကြတယ်။”

"နောက်တော့ ကျွန်တော့် အစ်မက တောင်ပေါ်မှာ ကားမှောက်ပြီးဆုံးသွားတယ်။
အစ်မဆုံးပြီး နှစ်နှစ်အကြာမှာ ကျွန်တော့ဆီကို လူတစ်ယောက် ရောက်လာတယ်။
သူ့နာမည်က Christopher တဲ့။”

"သူနဲ့ အလုပ်မှာတွေ့ပြီးနောက်ပိုင်း တစ်ညနေလုံးကို ကျွန်တော် ဘာမှမမှတ်မိတော့ဘူး။
နောက်တစ်နေ့ ကျွန်တော် ​​ပြန်သတိရတဲ့ အချိန်မှာ ကျွန်တော်က Vampire ဖြစ်နေပြီ။”

"Christopher က ပြောတယ်။
အကယ်၍ ကျွန်တော်သာ Xan ဆီကနေ အဆိပ်ကို ရအောင်ယူနိုင်ခဲ့မယ်ဆိုရင်...”

"Alexander
ငါ့နာမည် Alexander
မင်းမှာ Xan လို့ခေါ် ပိုင်ခွင့်မရှိတော့ဘူး။”

ရုတ်တရက် ဖြတ်ပြောလိုက်တဲ့ Xan ၏ စကားကြောင့် Lucas ရင်ထဲ မျက်ခနဲ နာကျင်သွားရသည်။

နှုတ်ခမ်းတွန့်ရုံလောက်သာ အားတင်းပြုံးလိုက်ပြီးနောက် Xan ကို ခေါင်းငြိမ့်ပြလိုက်သည်။

"အကယ်၍ ကျွန်တော်သာ Mr . Hemsworth ဆီကနေ အဆိပ်ကို ရအောင်ယူနိုင်ခဲ့မယ်ဆိုရင်
သူက ကျွန်တော့အစ်မကို ပြန်ရှင်အောင် လုပ်ပေးနိုင်မယ်တဲ့။
လူသေတွေကို ပြန်ရှင်အောင် လုပ်​ပေးနိုင်တဲ့အထိ သူ အစွမ်းထက်သွားမှာလို့ ပြောတယ်။
ကျွန်တော် ငြင်းမယ်ဆိုရင်တော့ ကျွန်တော့်ကို သတ်မယ့် အပြင် ကျွန်တော့်အစ်မရဲ့ ဝိဉာဉ်ကိုပါ ဘယ်လိုမှ အစအနရှာလို့ မရအောင်ထိ ဖျောက်ဖျက်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။”

"အဲ့ဆို စစရောက်ချင်းက werewolf ကိုက်ရာကရော”
Rachel က သူ့စကားကို ဝင်ထောက်ကာ မေးသည်။

"ကျွန်တော့ကို ကိုက်တာ သေသွားတဲ့ Matt ဆိုတဲ့ werewolf
သူ ခိုင်းထားတာဘဲ။
အဲ့တာမှ ကျွန်တော်က ခင်ဗျားတို့ရဲ့ အာရုံစိုက်မှုကို ရ​မှာမို့လို့။
အဲ့လူကို သတ်ပစ်မယ်လို့တော့ ကျွန်တော်လည်း မထင်ထားခဲ့ဘူး။”

"မင်းရဲ့ နှလုံးခုန်သံကို ငါ ဘာလို့ မရိပ်မိရတာလည်း။”

Xan မေးတော့ Lucas သက်ပြင်းတစ်ချက်ချလိုက်မိသည်။
"အဲ့လူက သူ့ magic နဲ့ ကျွန်တော့် နှလုံးခုန်သံကို ငြိမ်အောင် ထိန်းပေးထားတာ။
ကျွန်တော် လိမ်နေရင်လည်း နှလုံးခုန်သံက ပုံမှန်အတိုင်းပဲ ဖြစ်နေအောင်လို့။”

"အဲ့တာကြောင့် Emilyက Lucas နှလုံးနားမှာ သူတစ်ခုခု ခံစားလို့ ရတယ်လို့ ပြောတာကိုး။”

Rachel ဝင်ပြောတော့ Xan က အသက်မပါဘဲ ခြောက်ကပ်ကပ် ရယ်သည်။

"အဲ့တော့ ဒါတွေ အားလုံးက ငါအစတုန်းက ထင်ခဲ့သလိုမျိုး အကြံအစည်တွေဘဲပေါ့။
မင်း ဒီမြို့ကို ရောက်လာတာ။
ငါ့ကိုကယ်တာ။
လွယ်အိတ်ကိစ္စ အားလုံးက ငါတို့ ယုံကြည်မှုကို ရအောင် ကြံစည်ထားတာတွေဘဲပေါ့ ဟုတ်လား။”

Lucas ခေါင်းသာ ငြိမ့်ပြလိုက်သည်။
သူ့မှာ အခြားပြောစရာလည်း ဘာမှ မရှိတော့။

"Dave, Rachel ငါ Lucas နဲ့ စကားနည်းနည်း ပြောချင်တယ်။”

Xan ပြောလိုက်တော့ နှစ်ယောက်လုံး အလိုက်တသိနှင့် ဘာမှ ပြန်မမေးဘဲ အပေါ်တက်သွားကြသည်။

Xan က ခေါင်းမော့ကာ အသက်ကို ပြင်းပြင်း ရှူရှိုက်သည်။
ပြီးမှ ကြားရရုံလေသံလေးနဲ့ တိုးဖွဖွ မေးသည်။

"မင်း ငါ့ကို ချစ်တယ်ဆိုတာကရော။”

Lucas ထင်တာပဲလား။
Xan၏ မျက်နှာမှာ မျှော်လင့်ချက် အရိပ်အယောင်တစ်ချို့ထင်ဟပ်​ေနသေးသလိုပင်။

"ကျွန်တော်ပြောတော့ရော ခင်ဗျားက ယုံမှာလား။”

Lucas မျက်ခုံးပင့်ကာ မေးလိုက်မိတော့ Xan က သံတံခါးကို အုန်းခနဲ ရိုက်ချသည်။

"ပြောစရာရှိတာသာ ပြောစမ်းပါ။
ယုံတာ မယုံတာ ငါ့ အပိုင်း။”

မကျယ်လောင်သော တင်းမာနေသော Xan ၏ အသံကြောင့် Lucas နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့မှာတော့ ဘာကိုမှ မဖုံးကွယ်တော့ဖို့ သူ ဆုံးဖြတ်ထားပြီးသား။

"ခင်ဗျားအပေါ် ထားခဲ့တဲ့ ကျွန်တော့်ခံစားချက်တွေမှာ
လိမ်တာ တစ်ခုမှ မပါခဲ့ဘူး Mr. Hemsworth
အဲ့တာကြောင့်လည်း ကျွန်တော့် အစီအစဉ်တွေ အားလုံး အလွဲလွဲအချော်ချော် ဖြစ်ခဲ့ရတာ။
ခင်ဗျားကိုသာ ကျွန်တော် မချစ်မိခဲ့ရင် ကျွန်တော့်အတ​ွက် အရာအားလုံးက အများကြီး ပိုလွယ်ကူခဲ့မှာ။
အခုလို အရာရာ နှောင့်နှေးပြီး ကျွန်တော့်အစ်မအတွက် တစ်ခုတည်းသော အခွင့်အရေးကို လက်လွတ်လိုက်ရမှာ မဟုတ်ဘူး။
ခုတော့ ဒီစောက်သုံးမကျတဲ့ ခံစားချက်တွေကြောင့်။”

Lucas ဆက်မပြောနိုင်တော့။
ငါသာ သူ့ကို မချစ်ခဲ့မိရင် ငါ့အစ်မ အသက်ရှင်​ေနဦးမှာပဲ ဆိုတဲ့ အတွေးက Lucas ကို ဖိစီးလာသည်။

အသက် ပြင်းပြင်းရှူရှိုက်ကာ ဒေါသထွက်ဟန်ပေါ်နေသော ကောင်လေးကို Alex ဒီတိုင်း ငေးကြည့်နေမိသည်။
မျက်လုံးပြာပြာတွေထဲက မျက်ရည်စတစ်ချို့ကို တွေ့ရတော့လည်း သူရင်နာမိပြန်သည်။

Rachel သူ့ကို လာပြောသည့် အချိန် သူလုံးဝ မယုံနိုင်ခဲ့။
Lucas ကို ပက်ပင်း ဖမ်းမိတာတောင် ဟုတ်ချင်မှဟုတ်မှာပါ၊ အထင်လွဲတာပဲ ဖြစ်မှာဆိုပြီး ကိုယ့်ကိုယ်ကို အတင်း နှစ်သိမ့်နေခဲ့သေးတာ။

အခုလည်း ဒီကောင်လေး ပြောသမျှကို သူယုံချင်နေပြန်ပါသည်။
Alex ပျော့ညံ့လွန်းသော ကိုယ့်ကိုယ်ကိုသာ အခါခါ ကျိန်ဆဲမိတော့သည်။

"ခင်ဗျား မသိဘူး Xan
ကျွန်တော် ဒွိဟတွေနဲ့ အရမ်း ပူလောင်ခဲ့ရတာ။
ဘာပဲဖြစ်ဖြစ် Xan ကို ကျွန်တော် တကယ်ပဲ ကျေးဇူးတင်ပါတယ်။
ကျွန်တော့ဘဝမှာ တစ်ခါမှ မခံစားရဖူးတဲ့ ချစ်ခြင်းမျိုးနဲ့
ကျွန်တော့်ကို ချစ်ပေးခဲ့လို့။
Xan နဲ့အတူ ရှိခဲ့ရတဲ့ အချိန်တွေက ကျွန်တော့ဘဝရဲ့ အကောင်းဆုံး အမှတ်တရတွေပါဘဲ။
ကျွန်တော် အခုသေရမယ် ဆိုရင်တောင် Xan ကို ချစ်ခဲ့မိတဲ့ဲ အတွက်တော့ ကျွန်တော်လုံးဝ နောင်တမရပါဘူး။”

Alex ဘာပြန်ပြောရမှန်းမသိ။
Lucas လည်ပင်းတွင် ဆွဲထားဆဲ ဖြစ်သော X ဆိုသည့် ဆွဲကြိုးလေးကိုသာ ငေးကြည့်နေမိသည်။

စိတ်ထဲမှာ ထူပူပြီး နာကျင်နေသည်။

သစ္စာဖောက်ခံလိုက်ရတယ်ဆိုတဲ့ အသိကြောင့်လား။
လွယ်လွယ် ယုံကြည်လိုက်မိတဲ့ ကိုယ့်ကိုယ်ကို ဒေါသထွက်မိလို့လား။

ဒါမှမဟုတ် တစ်ဘဝလုံးစာလို့ ကိုယ် ရည်ရွယ်ခဲ့သမျှ အတုအယောင်တွေ ဖြစ်နေခဲ့လို့လား။

ဒါမှမဟုတ် ဒီကောင်လေး နာကျင်ခံစားနေရတယ်လို့ Alex တွေးမိနေလို့များလား။

နှစ်ယောက်လုံး နောက်ထပ် ဘာစကားမှ မပြောဖြစ်ကြတော့ဘဲ ငြိမ်သက်နေမိသည်။
နာရီဝက်နီးပါး ကြာတော့ Alex အပေါ် ပြန်တက်ဖို့ ပြင်ရသည်။
သူ့မှာ တာဝန်ဝတ္တရားတွေ အများကြီး ကျန်သေးသည်။
ကောင်းကျိုးမပေးသည့် ခံစားချက်တွေအတွက်နှင့် သူ့အချိန်တွေ အများကြီး အကုန်ဆုံးမခံနိုင်။

လှေကားပေါ်တက်မည့်ဆဲဆဲမှာပဲ Rachel က အပေါ်ကနေ ဝုန်းဒိုင်းကြဲ ပြေးဆင်းလာသည်။

"ဘာဖြစ်လို့လဲ Rachel”

Rachel က အောက်ပင် ဆက်မဆင်းလာတော့ပဲ ရောက်သည့်နေရာက လှမ်းအော်ပြောသည်။
"Calab သူတို့ Calab ကို ဖမ်းသွားကြတယ်။”

"ဘယ်သူတွေလဲ။”
Alex အထိတ်တလန့် ပြန်မေးလိုက်မိတော့ Rachel အဖြေက သူထင်ထားသည့်အတိုင်းပင်။

"ဘယ်သူရှိရမှာလဲ Werewolves တွေပေါ့။”

..............

မနက်က Rachel တို့ကို ကူပြီး ဆိုင်ပြန်ဖွင့်မယ် လုပ်တော့ Steve က ဖုန်းဆက်လာသည်။

Emilyကို ဟိုနေ့က ကိစ္စအတွက် တောင်းပန်မလို့လားဟု ထင်ကာ ရင်ခုန်စိတ်လှုပ်ရှားစွာ ဖုန်းကိုင်လိုက်မိပေမယ့် မဟုတ်။
အရေးတကြီး ကိစ္စရှိလို့ Greendale တောအုပ်ကို အမြန် လာပေးပါဟုသာ ဆိုလာသည်။

Emily ရောက်တော့ Steve ရဲ့ တဲထဲမှာ ဇတ်ကျိုးနေသည့် လူတစ်ယောက်။
ထိုင်ခုံနှင့် ပူးကာ လက်ကို နောက်ပြန်ကြိုးချည်ထားသည်။

Steve က အားနာနေဟန် မျက်နှာထားနှင့် ချိုသာစွာပြောသည်။
"အလောတကြီး ခေါ်လိုက်မိတာ ကိုယ်တောင်းပန်ပါတယ် Em
တကယ် အရေးကြီးတဲ့ ကိစ္စ ဖြစ်နေလို့ပါ။”

"ရပါတယ်။
ဒါနဲ့ ကျွန်မ ဘာလုပ်ပေးရမှာလဲ။”

Emily စိတ် သိပ်မကြည်သေးသဖြင့် ခပ်ဆတ်ဆတ်သာ ပြန်ဖြေမိသည်။

"ဒီတစ်ယောက်က Matt ကို ရှာတွေ့တဲ့ Vampire
သူ Matt ကို သတ်တာ ဟုတ်မဟုတ် သူ့မှတ်ဉာဏ်တွေကို စစ်ဆေးပေးနိုင်မလား Em
သူ သတိလစ်နေတုန်းဆို မင်း သူ့မှတ်ဉာဏ်ထဲ ဝင်ကြည့်လို့ရတယ်မလား။”

Emily ခေါင်းငြိမ့်ပြလိုက်သည်။
ရင်ထဲတွင်တော့ အမှန်တကယ် နေလို့မကောင်း။

နောက်ဆုံးတော့လည်း Steve က သူ့လူတွေအကျိုးအတွက်သာ သူမကို အလိုရှိတာ ​ဖြစ်သည်။

တောင်တောင်အီအီ ဆက်တွေးမနေတော့ဘဲ Steve ပြောသည့်အတိုင်း ထိုလူ၏ မှတ်ဉာဏ်ထဲသို့ ဝင်ကြည့်လိုက်သည်။
အရေမရ အဖတ်မရ တစ်ချို့နှင့် ထိုလူ၏ တစ်ညတာ ဇာတ်လမ်းများကို မနည်း ကျော်ခွမွှေနောက်ပြီး သကာလ Matt နဲ့ဆိုင်သည့် နေရာ ရောက်သွားသည်။

"ဘာလိုလဲ Em
မင်း တစ်ခုခု ရှာတွေ့လို့လား။”

ရုတ်တရက် မျက်မှောင်ကြုံ့ကာ ထိုလူ အနားမှ ခွာလိုက်သော Emily ကြောင့် Steve က အသည်းအသန် မေးသည်။

"သူပြောတဲ့ အတိုင်း သူ Matt ကို ရှာတွေ့တာတော့ ဟုတ်တယ်။
ဒါပေမယ့် အဲ့တာကြီးက ပြင်ဆင်ထားတဲ့ မှတ်ဉာဏ်တုကြီးလိုဘဲ။”

"Magic နဲ့ ဖျောက်ထားတာ မျိုးလား Em”

"Magic မဟုတ်ဘူး။
Magic ဆိုရင် ခြေရာလက်ရာ ကျန်တယ်။
ခုက လုံးဝ အစအနပျောက်နေတာ။
စိတ်ညှို့ခံထားရတာနဲ့ ပုံစံတူတယ်။
ဒါပေမယ့် ဒီလူက Vampire မလား။
Vampireကို စိတ်ညှို့တယ်ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ။”

Emily ၏ စကားကိုကြားပြီးသည့်နောက် Steve က လုံးဝ မျက်နှာပျက်သွားသည်။
တုန်တုန်ရီရီနှင့် ဘေးက ခုံမှာ ဝုန်းခနဲ ထိုင်ချလိုက်သည်။
ထို့နောက်မှ မျက်နှာတစ်ခုလုံး လက်နှင့် ပွတ်သပ်ကာ အသက်ကို ဖြည်းဖြည်းချင်း ရှိုက်ရှူနေသည်။

Steve ဤမျှ တုန်လှုပ်ခြောက်ခြားနေတာမျိူး Emily တစ်ခါမှ မမြင်ဖူးသေးသဖြင့် သူမပါ ထိတ်လန့်လာမိသည်။

စက္ကန့်တစ်ချို့ ကြာပြီးမှ Steve က စိတ်တည်ငြိမ်သွားဟန်နှင့် သက်ပြင်းချကာ ပြောသည်။

"ညှို့တဲ့လူက Vampire တွေထဲကမှ ကမ္ဘာ့ ပထမဆုံး Original vampire ဖြစ်နေခဲ့မယ်ဆိုရင်တော့ ရတာပေါ့ Em”

ထို့နောက် Steve က ကျစ်ခနဲ စုပ်သတ်ကာ သက်ပြင်းကိုသာ နောက်တစ်ကြိမ် ထပ်ချတော့သည်။
.............

"ဘယ်လိုဖြစ်သွားတာလည်း Rachel”

မြေအောက်ခန်းမှ အပေါ်ကို တက်လာသည့်အချိန် Alex က အလောတကြီး မေးသည်။

"ငါတို့အားလုံး Lucas ကြောင့် အာရုံများနေတဲ့ အချိန်မှာ
werewolves တွေ မြို့ပေါ်ရောက်လာတာ မသိလိုက်မိဘူး။”

ထိုအချိန် အိမ်ရှေ့တံခါး ပွင့်လာတာနဲ့အတူ Steve နှင့် Emily ဝင်လာသည်။
Alex စိတ်ထဲ ရုတ်ချည်း ဒေါသထွက်သွားမိသည်။

"မင်းတို့ Calab ကို...”

Alex စကားမဆုံးခင်မှာပဲ Steve က ခေါင်းညိတ်ပြသည်။

"ဟုတ်တယ် Alexander
ဒါပေမယ့် ငါတို့ ဒီထက်ပိုအရေးကြီးတဲ့ အကြောင်း ပြောဖို့လိုပြီ။”
..............

(Zawgyi)

Lucas မ်က္လုံးပြင့္ပြင့္ခ်င္း ေဝေဝဝါးဝါး ျမင္လိုက္ရသည္က ေဆးေရာင္ျပယ္ေနေသာ နံရံမ်ားႏွင့္ ေသာ့ခတ္ထားသည့္ သံတံခါးတစ္ခ်ပ္။
ပတ္ဝန္းက်င္ ေလထုက ေအးစက္ထိုင္းမွိုင္းကာ အနံ႕အသက္လည္း သိပ္မေကာင္း။
လွည့္ပတ္ၾကည့္လိုက္မိေတာ့ မ်က္ႏွာက်က္ေထာင့္ထားနားက မီးလုံးေလးမွ လြဲ၍ အျခား ဘာဆိုဘာမွ မရွိသည့္ အခန္းက်ဥ္း​ေလးတစ္ခုတြင္ ေရာက္ေနတာမွန္း သိလိုက္ရသည္။
အေနအထားအရ Hemsworth အိမ္ႀကီး၏ ေျမတိုက္ခန္းပင္ ျဖစ္ေလာက္မည္။

Lucas တစ္ကိုယ္လုံးရွိ အားမ်ား စုပ္ယူခံထားရသလို ႏြမ္းလ်ေနသည္။
အေတာ္ေလး မူးေဝကာ ဇတ္လည္း အလြန္နာေနသျဖင့္ ထထိုင္ဖို႔ကိုပင္ မနည္း အားယူေနရသည္။
မ်က္စိကို ခဏျပန္မွိတ္ကာ ေခါင္းၾကည္ေအာင္ ႀကိဳးစားယူေနရသည္။

စကၠန့္ အခ်ိဳ႕အၾကာမွ အသိအာ႐ုံေတြ ၾကည္ၾကည္လင္လင္ ျပန္ျဖစ္သြားသည္။
ဦးႏွောက္က ေရေရရာရာ စဥ္းစားနိုင္သည္ႏွင့္ တန္းသတိရမိသည္က မနက္က အျဖစ္အပ်က္။
ထို႔ေနာက္ သူ သတိေမ့မသြားခင္ ေနာက္ဆုံး ျမင္လိုက္ရသည့္ Xan ၏ ​ေၾကကြဲနာက်င္ေနသည့္ မ်က္ဝန္းေတြ။

႐ုတ္တရက္ ၾကားလိုက္ရသည့္ ေျခသံေတြေၾကာင့္ ေရွ႕ကို ျပန္လွည့္ၾကည့္လိုက္မိသည္။
သံတံခါးေရွ႕တြင္ ေပၚလာသည္က Rachel, David ႏွင့္...
သူ႕၏ Xan

Xan ၏ မ်က္ႏွာက ပုံမွန္ထက္ အဆေပါင္းမ်ားစြာ ပိုတည္တင္းေနသည္။
သို႔ေသာ္လည္း ညိုဖန့္ဖန့္ မ်က္ဝန္းေတြထဲက နာက်င္ရိပ္ေတြကို Lucas ျမင္ေနရဆဲပင္။

အင္းေလ Xan က ဘယ္တုန္းကမွ ဟန္ေဆာင္ေကာင္းသူ မဟုတ္ခဲ့တာဘဲ။

Lucas က စိုက္ၾကည့္ေနမိေတာ့ Xan က ခ်က္ခ်င္း အၾကည့္လႊဲကာ သံတံခါးၾကားမွ ေသြးတစ္ထုပ္ ပစ္ေပးသည္။

"ေသာက္လိုက္။
ၿပီးရင္ ငါတို႔ကို မင္းရွင္းျပရမွာေတြ အမ်ားႀကီးပဲ။”

Xan ၏ အသံက စေတြ႕တုန္းကထက္ အစေပါင္းမ်ာစြာ ပို၍ ေအးစက္မာေက်ာေနသည္။
David ကလည္း မယုံနိုင္သည့္ မ်က္ႏွာထားမ်ိဳးႏွင့္ သူ႕ကို ၾကည့္ေနသည္။

ရင္ထဲမွ ထိုးတက္လာေသာ ဆို႔နင့္မႈကို မ်ိဳခ်ရင္း ေသြးထုပ္ကို ေကာက္ယူကာ ေဖာက္ေသာက္လိုက္သည္။

တကယ္ကို အရာအားလုံး ၿပီးဆုံးသြားခဲ့ၿပီ။
အခုေတာ့ သူ႕အစ္မကိုလည္း သူ မကယ္တင္နိုင္ေတာ့။

ဒီ ​ေစာက္ေရးမပါတဲ့ ခံစားခ်က္ေတြ ျဖစ္လာမိလို႔ အစ္မအရင္းရဲ႕ အသက္ကိုေတာင္ အာ႐ုံမစိုက္နိုင္ ျဖစ္ခဲ့ရတာ။

ကိုယ္ကိုယ္ကို ေဒါသထြက္လာမိ၍ လက္ထဲက ေသြးထုပ္ကို အားႏွင့္ ညွစ္ကိုင္လိုက္မိသည္။

"ေသာက္ၿပီးရင္ စေျပာေတာ့။”

Xan ၏ ေရခဲရိုက္ အသံကို ၾကားေတာ့မွ Lucas သူ႕ အေျခအေနသူ ျပန္သတိထားမိေတာ့သည္။

ခု အခ်ိန္မွေတာ့ သူဘာကိုမွ လိမ္ညာခ်င္စိတ္ မရွိေတာ့။
လိမ္ညာေနလို႔လည္း ဘာမွ မထူးျခား။
Xan က သူ႕ကို အသက္ရွင္ခြင့္ေပးရင္ေတာင္ Chris က သူ႕ကို အလြတ္ေပးမည္ မဟုတ္။

ဘာအေထာက္အထားေတြ ရွိလို႔မ်ား Xan က အသက္ရွင္ခြင့္ေပးပါမည္ဟု သူ ယုံၾကည္ေနမိပါလိမ့္။
ကိုယ့္အေတြးကို Lucas ျပန္ရယ္ခ်င္မိသြားသည္။

သက္ျပင္းခ်ကာ အစအဆုံး ဇာတ္စုံခင္းဖို႔ သူ အားယူလိုက္သည္။

"ကြၽန္ေတာ့အေဖက Witch
အေဖေရာ၊ အေမေရာ ကြၽန္ေတာ္ ငါးႏွစ္သားမွာထဲက
ဆုံးသြားၾကတာ။
ကြၽန္ေတာ္က အစ္မနဲ႕ပဲ ႀကီးျပင္းခဲ့ရတယ္။
ကြၽန္ေတာ့ အစ္မက Witch ပါရမီပါေပမယ့္ ကြၽန္ေတာ့မွာေတာ့ မပါဘူး။
ဒါေပမယ့္ အစ္မကလည္း ဘယ္တုန္းကမွ magic ကို
မေလ့လာခဲ့ဘူး။
ကြၽန္ေတာ္တို႔ ႏွစ္ေယာက္လုံး သာမန္လူေတြလိုဘဲ ေနခဲ့ၾကတယ္။”

"ေနာက္ေတာ့ ကြၽန္ေတာ့္ အစ္မက ေတာင္ေပၚမွာ ကားေမွာက္ၿပီးဆုံးသြားတယ္။
အစ္မဆုံးၿပီး ႏွစ္ႏွစ္အၾကာမွာ ကြၽန္ေတာ့ဆီကို လူတစ္ေယာက္ ေရာက္လာတယ္။
သူ႕နာမည္က Christopher တဲ့။”

"သူနဲ႕ အလုပ္မွာေတြ႕ၿပီးေနာက္ပိုင္း တစ္ညေနလုံးကို ကြၽန္ေတာ္ ဘာမွမမွတ္မိေတာ့ဘူး။
ေနာက္တစ္ေန႕ ကြၽန္ေတာ္ ​​ျပန္သတိရတဲ့ အခ်ိန္မွာ ကြၽန္ေတာ္က Vampire ျဖစ္ေနၿပီ။”

"Christopher က ေျပာတယ္။
အကယ္၍ ကြၽန္ေတာ္သာ Xan ဆီကေန အဆိပ္ကို ရေအာင္ယူနိုင္ခဲ့မယ္ဆိုရင္...”

"Alexander
ငါ့နာမည္ Alexander
မင္းမွာ Xan လို႔ေခၚ ပိုင္ခြင့္မရွိေတာ့ဘူး။”

႐ုတ္တရက္ ျဖတ္ေျပာလိုက္တဲ့ Xan ၏ စကားေၾကာင့္ Lucas ရင္ထဲ မ်က္ခနဲ နာက်င္သြားရသည္။

ႏႈတ္ခမ္းတြန႔္႐ုံေလာက္သာ အားတင္းၿပဳံးလိုက္ၿပီးေနာက္ Xan ကို ေခါင္းၿငိမ့္ျပလိုက္သည္။

"အကယ္၍ ကြၽန္ေတာ္သာ Mr . Hemsworth ဆီကေန အဆိပ္ကို ရေအာင္ယူနိုင္ခဲ့မယ္ဆိုရင္
သူက ကြၽန္ေတာ့အစ္မကို ျပန္ရွင္ေအာင္ လုပ္ေပးနိုင္မယ္တဲ့။
လူေသေတြကို ျပန္ရွင္ေအာင္ လုပ္​ေပးနိုင္တဲ့အထိ သူ အစြမ္းထက္သြားမွာလို႔ ေျပာတယ္။
ကြၽန္ေတာ္ ျငင္းမယ္ဆိုရင္ေတာ့ ကြၽန္ေတာ့္ကို သတ္မယ့္ အျပင္ ကြၽန္ေတာ့္အစ္မရဲ႕ ဝိဉာဥ္ကိုပါ ဘယ္လိုမွ အစအနရွာလို႔ မရေအာင္ထိ ေဖ်ာက္ဖ်က္ပစ္မယ္လို႔ ၿခိမ္းေျခာက္တယ္။”

"အဲ့ဆို စစေရာက္ခ်င္းက werewolf ကိုက္ရာကေရာ”
Rachel က သူ႕စကားကို ဝင္ေထာက္ကာ ေမးသည္။

"ကြၽန္ေတာ့ကို ကိုက္တာ ေသသြားတဲ့ Matt ဆိုတဲ့ werewolf
သူ ခိုင္းထားတာဘဲ။
အဲ့တာမွ ကြၽန္ေတာ္က ခင္ဗ်ားတို႔ရဲ႕ အာ႐ုံစိုက္မႈကို ရ​မွာမို႔လို႔။
အဲ့လူကို သတ္ပစ္မယ္လို႔ေတာ့ ကြၽန္ေတာ္လည္း မထင္ထားခဲ့ဘူး။”

"မင္းရဲ႕ ႏွလုံးခုန္သံကို ငါ ဘာလို႔ မရိပ္မိရတာလည္း။”

Xan ေမးေတာ့ Lucas သက္ျပင္းတစ္ခ်က္ခ်လိဳက္မိသည္။
"အဲ့လူက သူ႕ magic နဲ႕ ကြၽန္ေတာ့္ ႏွလုံးခုန္သံကို ၿငိမ္ေအာင္ ထိန္းေပးထားတာ။
ကြၽန္ေတာ္ လိမ္ေနရင္လည္း ႏွလုံးခုန္သံက ပုံမွန္အတိုင္းပဲ ျဖစ္ေနေအာင္လို႔။”

"အဲ့တာေၾကာင့္ Emilyက Lucas ႏွလုံးနားမွာ သူတစ္ခုခု ခံစားလို႔ ရတယ္လို႔ ေျပာတာကိုး။”

Rachel ဝင္ေျပာေတာ့ Xan က အသက္မပါဘဲ ေျခာက္ကပ္ကပ္ ရယ္သည္။

"အဲ့ေတာ့ ဒါေတြ အားလုံးက ငါအစတုန္းက ထင္ခဲ့သလိုမ်ိဳး အႀကံအစည္ေတြဘဲေပါ့။
မင္း ဒီၿမိဳ႕ကို ေရာက္လာတာ။
ငါ့ကိုကယ္တာ။
လြယ္အိတ္ကိစၥ အားလုံးက ငါတို႔ ယုံၾကည္မႈကို ရေအာင္ ႀကံစည္ထားတာေတြဘဲေပါ့ ဟုတ္လား။”

Lucas ေခါင္းသာ ၿငိမ့္ျပလိုက္သည္။
သူ႕မွာ အျခားေျပာစရာလည္း ဘာမွ မရွိေတာ့။

"Dave, Rachel ငါ Lucas နဲ႕ စကားနည္းနည္း ေျပာခ်င္တယ္။”

Xan ေျပာလိုက္ေတာ့ ႏွစ္ေယာက္လုံး အလိုက္တသိႏွင့္ ဘာမွ ျပန္မေမးဘဲ အေပၚတက္သြားၾကသည္။

Xan က ေခါင္းေမာ့ကာ အသက္ကို ျပင္းျပင္း ရႉရွိုက္သည္။
ၿပီးမွ ၾကားရ႐ုံေလသံေလးနဲ႕ တိုးဖြဖြ ေမးသည္။

"မင္း ငါ့ကို ခ်စ္တယ္ဆိုတာကေရာ။”

Lucas ထင္တာပဲလား။
Xan၏ မ်က္ႏွာမွာ ေမွ်ာ္လင့္ခ်က္ အရိပ္အေယာင္တစ္ခ်ိဳ႕ထင္ဟပ္​ေနေသးသလိုပင္။

"ကြၽန္ေတာ္ေျပာေတာ့ေရာ ခင္ဗ်ားက ယုံမွာလား။”

Lucas မ်က္ခုံးပင့္ကာ ေမးလိုက္မိေတာ့ Xan က သံတံခါးကို အုန္းခနဲ ရိုက္ခ်သည္။

"ေျပာစရာရွိတာသာ ေျပာစမ္းပါ။
ယုံတာ မယုံတာ ငါ့ အပိုင္း။”

မက်ယ္ေလာင္ေသာ တင္းမာေနေသာ Xan ၏ အသံေၾကာင့္ Lucas ေနာက္တစ္ႀကိမ္ သက္ျပင္းခ်လိဳက္မိသည္။
ဘယ္လိုပဲျဖစ္ျဖစ္ ဒီေန႕မွာေတာ့ ဘာကိုမွ မဖုံးကြယ္ေတာ့ဖို႔ သူ ဆုံးျဖတ္ထားၿပီးသား။

"ခင္ဗ်ားအေပၚ ထားခဲ့တဲ့ ကြၽန္ေတာ့္ခံစားခ်က္ေတြမွာ
လိမ္တာ တစ္ခုမွ မပါခဲ့ဘူး Mr. Hemsworth
အဲ့တာေၾကာင့္လည္း ကြၽန္ေတာ့္ အစီအစဥ္ေတြ အားလုံး အလြဲလြဲအေခ်ာ္ေခ်ာ္ ျဖစ္ခဲ့ရတာ။
ခင္ဗ်ားကိုသာ ကြၽန္ေတာ္ မခ်စ္မိခဲ့ရင္ ကြၽန္ေတာ့္အတ​ြက္ အရာအားလုံးက အမ်ားႀကီး ပိုလြယ္ကူခဲ့မွာ။
အခုလို အရာရာ ႏွောင့္ႏွေးၿပီး ကြၽန္ေတာ့္အစ္မအတြက္ တစ္ခုတည္းေသာ အခြင့္အေရးကို လက္လြတ္လိုက္ရမွာ မဟုတ္ဘူး။
ခုေတာ့ ဒီေစာက္သုံးမက်တဲ့ ခံစားခ်က္ေတြေၾကာင့္။”

Lucas ဆက္မေျပာနိုင္ေတာ့။
ငါသာ သူ႕ကို မခ်စ္ခဲ့မိရင္ ငါ့အစ္မ အသက္ရွင္​ေနဦးမွာပဲ ဆိုတဲ့ အေတြးက Lucas ကို ဖိစီးလာသည္။

အသက္ ျပင္းျပင္းရႉရွိုက္ကာ ေဒါသထြက္ဟန္ေပၚေနေသာ ေကာင္ေလးကို Alex ဒီတိုင္း ေငးၾကည့္ေနမိသည္။
မ်က္လုံးျပာျပာေတြထဲက မ်က္ရည္စတစ္ခ်ိဳ႕ကို ေတြ႕ရေတာ့လည္း သူရင္နာမိျပန္သည္။

Rachel သူ႕ကို လာေျပာသည့္ အခ်ိန္ သူလုံးဝ မယုံနိုင္ခဲ့။
Lucas ကို ပက္ပင္း ဖမ္းမိတာေတာင္ ဟုတ္ခ်င္မွဟုတ္မွာပါ၊ အထင္လြဲတာပဲ ျဖစ္မွာဆိုၿပီး ကိုယ့္ကိုယ္ကို အတင္း ႏွစ္သိမ့္ေနခဲ့ေသးတာ။

အခုလည္း ဒီေကာင္ေလး ေျပာသမွ်ကို သူယုံခ်င္ေနျပန္ပါသည္။
Alex ေပ်ာ့ညံ့လြန္းေသာ ကိုယ့္ကိုယ္ကိုသာ အခါခါ က်ိန္ဆဲမိေတာ့သည္။

"ခင္ဗ်ား မသိဘူး Xan
ကြၽန္ေတာ္ ဒြိဟေတြနဲ႕ အရမ္း ပူေလာင္ခဲ့ရတာ။
ဘာပဲျဖစ္ျဖစ္ Xan ကို ကြၽန္ေတာ္ တကယ္ပဲ ေက်းဇူးတင္ပါတယ္။
ကြၽန္ေတာ့ဘဝမွာ တစ္ခါမွ မခံစားရဖူးတဲ့ ခ်စ္ျခင္းမ်ိဳးနဲ႕
ကြၽန္ေတာ့္ကို ခ်စ္ေပးခဲ့လို႔။
Xan နဲ႕အတူ ရွိခဲ့ရတဲ့ အခ်ိန္ေတြက ကြၽန္ေတာ့ဘဝရဲ႕ အေကာင္းဆုံး အမွတ္တရေတြပါဘဲ။
ကြၽန္ေတာ္ အခုေသရမယ္ ဆိုရင္ေတာင္ Xan ကို ခ်စ္ခဲ့မိတဲ့ဲ အတြက္ေတာ့ ကြၽန္ေတာ္လုံးဝ ေနာင္တမရပါဘူး။”

Alex ဘာျပန္ေျပာရမွန္းမသိ။
Lucas လည္ပင္းတြင္ ဆြဲထားဆဲ ျဖစ္ေသာ X ဆိုသည့္ ဆြဲႀကိဳးေလးကိုသာ ေငးၾကည့္ေနမိသည္။

စိတ္ထဲမွာ ထူပူၿပီး နာက်င္ေနသည္။

သစၥာေဖာက္ခံလိုက္ရတယ္ဆိုတဲ့ အသိေၾကာင့္လား။
လြယ္လြယ္ ယုံၾကည္လိုက္မိတဲ့ ကိုယ့္ကိုယ္ကို ေဒါသထြက္မိလို႔လား။

ဒါမွမဟုတ္ တစ္ဘဝလုံးစာလို႔ ကိုယ္ ရည္႐ြယ္ခဲ့သမွ် အတုအေယာင္ေတြ ျဖစ္ေနခဲ့လို႔လား။

ဒါမွမဟုတ္ ဒီေကာင္ေလး နာက်င္ခံစားေနရတယ္လို႔ Alex ေတြးမိေနလို႔မ်ားလား။

ႏွစ္ေယာက္လုံး ေနာက္ထပ္ ဘာစကားမွ မေျပာျဖစ္ၾကေတာ့ဘဲ ၿငိမ္သက္ေနမိသည္။
နာရီဝက္နီးပါး ၾကာေတာ့ Alex အေပၚ ျပန္တက္ဖို႔ ျပင္ရသည္။
သူ႕မွာ တာဝန္ဝတၱရားေတြ အမ်ားႀကီး က်န္ေသးသည္။
ေကာင္းက်ိဳးမေပးသည့္ ခံစားခ်က္ေတြအတြက္ႏွင့္ သူ႕အခ်ိန္ေတြ အမ်ားႀကီး အကုန္ဆုံးမခံနိုင္။

ေလွကားေပၚတက္မည့္ဆဲဆဲမွာပဲ Rachel က အေပၚကေန ဝုန္းဒိုင္းႀကဲ ေျပးဆင္းလာသည္။

"ဘာျဖစ္လို႔လဲ Rachel”

Rachel က ေအာက္ပင္ ဆက္မဆင္းလာေတာ့ပဲ ေရာက္သည့္ေနရာက လွမ္းေအာ္ေျပာသည္။
"Calab သူတို႔ Calab ကို ဖမ္းသြားၾကတယ္။”

"ဘယ္သူေတြလဲ။”
Alex အထိတ္တလန့္ ျပန္ေမးလိုက္မိေတာ့ Rachel အေျဖက သူထင္ထားသည့္အတိုင္းပင္။

"ဘယ္သူရွိရမွာလဲ Werewolves ေတြေပါ့။”

..............

မနက္က Rachel တို႔ကို ကူၿပီး ဆိုင္ျပန္ဖြင့္မယ္ လုပ္ေတာ့ Steve က ဖုန္းဆက္လာသည္။

Emilyကို ဟိုေန႕က ကိစၥအတြက္ ေတာင္းပန္မလို႔လားဟု ထင္ကာ ရင္ခုန္စိတ္လႈပ္ရွားစြာ ဖုန္းကိုင္လိုက္မိေပမယ့္ မဟုတ္။
အေရးတႀကီး ကိစၥရွိလို႔ Greendale ေတာအုပ္ကို အျမန္ လာေပးပါဟုသာ ဆိုလာသည္။

Emily ေရာက္ေတာ့ Steve ရဲ႕ တဲထဲမွာ ဇတ္က်ိဳးေနသည့္ လူတစ္ေယာက္။
ထိုင္ခုံႏွင့္ ပူးကာ လက္ကို ေနာက္ျပန္ႀကိဳးခ်ည္ထားသည္။

Steve က အားနာေနဟန္ မ်က္ႏွာထားႏွင့္ ခ်ိဳသာစြာေျပာသည္။
"အေလာတႀကီး ေခၚလိုက္မိတာ ကိုယ္ေတာင္းပန္ပါတယ္ Em
တကယ္ အေရးႀကီးတဲ့ ကိစၥ ျဖစ္ေနလို႔ပါ။”

"ရပါတယ္။
ဒါနဲ႕ ကြၽန္မ ဘာလုပ္ေပးရမွာလဲ။”

Emily စိတ္ သိပ္မၾကည္ေသးသျဖင့္ ခပ္ဆတ္ဆတ္သာ ျပန္ေျဖမိသည္။

"ဒီတစ္ေယာက္က Matt ကို ရွာေတြ႕တဲ့ Vampire
သူ Matt ကို သတ္တာ ဟုတ္မဟုတ္ သူ႕မွတ္ဉာဏ္ေတြကို စစ္ေဆးေပးနိုင္မလား Em
သူ သတိလစ္ေနတုန္းဆို မင္း သူ႕မွတ္ဉာဏ္ထဲ ဝင္ၾကည့္လို႔ရတယ္မလား။”

Emily ေခါင္းၿငိမ့္ျပလိုက္သည္။
ရင္ထဲတြင္ေတာ့ အမွန္တကယ္ ေနလို႔မေကာင္း။

ေနာက္ဆုံးေတာ့လည္း Steve က သူ႕လူေတြအက်ိဳးအတြက္သာ သူမကို အလိုရွိတာ ​ျဖစ္သည္။

ေတာင္ေတာင္အီအီ ဆက္ေတြးမေနေတာ့ဘဲ Steve ေျပာသည့္အတိုင္း ထိုလူ၏ မွတ္ဉာဏ္ထဲသို႔ ဝင္ၾကည့္လိုက္သည္။
အေရမရ အဖတ္မရ တစ္ခ်ိဳ႕ႏွင့္ ထိုလူ၏ တစ္ညတာ ဇာတ္လမ္းမ်ားကို မနည္း ေက်ာ္ခြေမႊေနာက္ၿပီး သကာလ Matt နဲ႕ဆိုင္သည့္ ေနရာ ေရာက္သြားသည္။

"ဘာလိုလဲ Em
မင္း တစ္ခုခု ရွာေတြ႕လို႔လား။”

႐ုတ္တရက္ မ်က္ေမွာင္ႀကဳံ႕ကာ ထိုလူ အနားမွ ခြာလိုက္ေသာ Emily ေၾကာင့္ Steve က အသည္းအသန္ ေမးသည္။

"သူေျပာတဲ့ အတိုင္း သူ Matt ကို ရွာေတြ႕တာေတာ့ ဟုတ္တယ္။
ဒါေပမယ့္ အဲ့တာႀကီးက ျပင္ဆင္ထားတဲ့ မွတ္ဉာဏ္တုႀကီးလိုဘဲ။”

"Magic နဲ႕ ေဖ်ာက္ထားတာ မ်ိဳးလား Em”

"Magic မဟုတ္ဘူး။
Magic ဆိုရင္ ေျခရာလက္ရာ က်န္တယ္။
ခုက လုံးဝ အစအနေပ်ာက္ေနတာ။
စိတ္ညွို႔ခံထားရတာနဲ႕ ပုံစံတူတယ္။
ဒါေပမယ့္ ဒီလူက Vampire မလား။
Vampireကို စိတ္ညွို႔တယ္ဆိုတာ ဘယ္လို ျဖစ္နိုင္မွာလဲ။”

Emily ၏ စကားကိုၾကားၿပီးသည့္ေနာက္ Steve က လုံးဝ မ်က္ႏွာပ်က္သြားသည္။
တုန္တုန္ရီရီႏွင့္ ေဘးက ခုံမွာ ဝုန္းခနဲ ထိုင္ခ်လိဳက္သည္။
ထို႔ေနာက္မွ မ်က္ႏွာတစ္ခုလုံး လက္ႏွင့္ ပြတ္သပ္ကာ အသက္ကို ျဖည္းျဖည္းခ်င္း ရွိုက္ရႉေနသည္။

Steve ဤမွ် တုန္လႈပ္ေျခာက္ျခားေနတာမ်ိဴး Emily တစ္ခါမွ မျမင္ဖူးေသးသျဖင့္ သူမပါ ထိတ္လန့္လာမိသည္။

စကၠန့္တစ္ခ်ိဳ႕ ၾကာၿပီးမွ Steve က စိတ္တည္ၿငိမ္သြားဟန္ႏွင့္ သက္ျပင္းခ်ကာ ေျပာသည္။

"ညွို႔တဲ့လူက Vampire ေတြထဲကမွ ကမၻာ့ ပထမဆုံး Original vampire ျဖစ္ေနခဲ့မယ္ဆိုရင္ေတာ့ ရတာေပါ့ Em”

ထို႔ေနာက္ Steve က က်စ္ခနဲ စုပ္သတ္ကာ သက္ျပင္းကိုသာ ေနာက္တစ္ႀကိမ္ ထပ္ခ်ေတာ့သည္။
.............

"ဘယ္လိုျဖစ္သြားတာလည္း Rachel”

ေျမေအာက္ခန္းမွ အေပၚကို တက္လာသည့္အခ်ိန္ Alex က အေလာတႀကီး ေမးသည္။

"ငါတို႔အားလုံး Lucas ေၾကာင့္ အာ႐ုံမ်ားေနတဲ့ အခ်ိန္မွာ
werewolves ေတြ ၿမိဳ႕ေပၚေရာက္လာတာ မသိလိုက္မိဘူး။”

ထိုအခ်ိန္ အိမ္ေရွ႕တံခါး ပြင့္လာတာနဲ႕အတူ Steve ႏွင့္ Emily ဝင္လာသည္။
Alex စိတ္ထဲ ႐ုတ္ခ်ည္း ေဒါသထြက္သြားမိသည္။

"မင္းတို႔ Calab ကို...”

Alex စကားမဆုံးခင္မွာပဲ Steve က ေခါင္းညိတ္ျပသည္။

"ဟုတ္တယ္ Alexander
ဒါေပမယ့္ ငါတို႔ ဒီထက္ပိုအေရးႀကီးတဲ့ အေၾကာင္း ေျပာဖို႔လိုၿပီ။”
..............







Continue Reading

You'll Also Like

3.6K 437 7
Bibliophilia" ဆိုတဲ့ စာအုပ်ထဲက မာန့်ရဲ့ Mini Story လေးပါရှင်။
108K 8.7K 40
အချစ်အတွက်သာဆိုရင် လယ်ပဲစိုက်ရစိုက်ရ ကျားပဲဖမ်းရ ဖမ်းရ သွေး မမှုပါဘူး ။ အဓိက မယွန်းသဒ္ဓါသိမ့် နဲ့ပေါင်းရဖို့ပဲ ။ #ခွန်းစစ်လွန်းသွေး
362K 24.2K 63
သူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေလှိုင်းလေးနဲ့ဆင်တူတယ်။ရေလှိုင်းလေးတွေကပင...
3.3K 441 29
Cover by Gust တိုမယ်၊ ရိုမယ်၊ ချိုမယ် အပျော်သဘောနဲ့ရေးတာဆိုတော့ ဖတ်ရှုရင်း အနည်းငယ် ပြုံးပျော်နိုင်ရင်ကို ရေးရကျိုးနပ်ပြီ #Thethirdschoollifefiction...