ထဆုဢးမဲ့ချစ်ခြင်း (Endless Lo...

By reselda_

64.5K 3.3K 46

Singkrist....... πŸ’™πŸ’™SkπŸ’™πŸ’™ Peraya..........❀❀❀ More

.....Intro.....
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Baby kit's Jealous On his P'Sing)
Part-21(First KissπŸ’‹πŸ’‹)
Part-22
Part-23
Part-24(Sweet Kiss)
Part-25
Part-26
Part-27
Part-28(Kiss for my love)
Part-29(I promise u my love)
Part-30(Morning kiss from my lover)
Part-31(Forgive me for my mistake)
Part-32(Deeply kissπŸ’‹)
Part-33(Mwah mwah😘)
Part-34(Anniversary πŸ’–πŸ’–)
Part-35(Love=Love)
Part-36
Part-37
Part-38πŸ’œπŸ’œ
Part-39(πŸ’™πŸ’™)
Part-40(πŸ’šπŸ’š)
Part-41(πŸ’›πŸ’›)
Part-42(πŸ’–πŸ’–)
Part-43(SWEET LOVE)
Part-44(πŸ’žπŸ’žπŸ’ž)
Part-45(πŸ’πŸ’)
Part-46(πŸ’•πŸ’•)
Part-47(πŸ’žπŸ’ž)
Part-48(πŸ’ŸπŸ’Ÿ)
Part-49(πŸ’šπŸ’šπŸ’š)
Part-50(πŸ’πŸ’)
Part-51(πŸ’–πŸ’–)
Part-52(πŸ’˜πŸ’˜)
Part-53(EndπŸ’)
Part-1 (Uni)
Part-2 (Uni)
Part-3 (Uni)
Part-4(Uni)
Part-5(Uni)
Part-6(Uni)
Part-7(Uni)
Part-8(Uni)
Part-9(Uni)
Part-10(Uni)
Part-11(Uni)
Part-12(Uni)
Part-13(Uni)
Part-14(Uni)
Part-15(Uni)
Part-16(Uni)
Part-17(Uni)
Part-18(Uni)
Part-19(Uni)
Part-20 (Uni)
Part-21(Uni)
Part-22(Uni)
Part-23(Uni)
Part-24(Uni)
Part-25(Uni)
Part-26(Uni)
Part-27(Uni)
Part-28(Uni)
Part-29(Uni)
Part-30(Uni)
Part-31(Uni)
Part-32(Uni)
Part-33(Uni)
Part-34(Uni)
Part-35(Uni)
Part-36(Uni)
Part-37(Uni)
Part-38(Uni)
Part-39(Uni)
Part-40(Uni)
Part-41(Uni)
Part-42(Uni)
Part-43(Uni)
Part-44(Uni)
Part-45(Uni)
Part46(Uni)
Part-47(Uni)
Part-48(Uni)
Part-49(Uni)
Part-50(Uni)
Part-51(Uni)
Part-53(Uni) End

Part-52(Uni)

191 9 0
By reselda_

မနက်ခင်းစောစောစီးစီး မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် Singtoရဲ့ မျက်ခုံးနှစ်ဖက်တို့ကထိလုနီးပါးပင်ဖြစ်နေသည်

လက်ထဲမှာ စားဖို့ယူလာတဲ့စားစရာနဲ့အအေးကို ကျစ်ကျစ်ပါအောင်ကိုင်ပြီး Kristထိုင်နေတဲ့ဝိုင်းကိုသွားလိုက်ကာ ထိုင်လိုက်သည်...

'Krist...ငါပြောတာကိုနင်ဘလိုသဘောရလဲဟင်'

Singtoသူ့ချစ်သူရဲ့ရှေ့မှာ ထိုင်ပြီး ပြောလာတဲ့ ကောင်မလေးကိုတချက်ကြည့်ပြီး ဘာမှမသိသလိုနေကာ လက်တစ်ဖက်ကလက်သီးကိုတင်းနေအောင်ဆုပ်ထားလိုက်သည်

'အယ်..ဟို ငါတောင်းပန်ပါတယ် ငါကလေ...'

'ဘာလို့လဲ နင်ငါ့ကို မချစ်နိုင်ဘူးလို့ပြောမလို့လား'

Kristအတော်ကိုစိတ်ရှုပ်လာမိပြီ....Singtoစားစရာသွားမှာနေတုန်း ဘယ်သူမှန်းမသိတဲ့ကောင်မလေးတစ်ယောက်က သူ့ကိုချစ်စကားလာပြောနေသည်...ကန်တင်းမှာလည်းဖြစ် မိန်းကလေးတစ်ယောက်လည်းဖြစ်သည့်အတွက် ရှက်သွားမှာစိုးလို့ သူအတတ်နိုင်ဆုံးထိန်းပြောနေရသည်...သို့သောထိုကောင်မလေးကတော့ သူ့ကိုပြန်ပြောခွင့်တောင်မပေး..... သူကဘဲ ဇွတ်ပြောနေတော့သည်....အခုဘေးနားမှာရှိနေတဲ့ Singရဲ့စိတ်အခြေအနေကိုလည်း Kristရိပ်မိနေသည့်အတွက် စားပွဲခုံအောက်မှာရှိနေတဲ့ Singရဲ့ ဆုပ်ထားတဲ့လက်သီးအပေါ်ကို သူ့ရဲ့ လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ထပ်ပြီးကိုင်ထားလိုက်သည်

'နင်တကယ်လို့ ငါ့ကိုမချစ်နိုင်ဘူးဆိုလည်း နင်ငါ့ကိုချစ်လာတဲ့အချိန်အထိ ငါစောင့်နေပါ့မယ်....

ငါကလေ နင်ဒီကျောင်းကိုရောက်လာကတည်းက စိတ်ဝင်စားပြီး ချစ်နေခဲ့မိတာပါ...တချိန်လုံးနင့်ကိုဘဲ အမြဲလိုက်ကြည့်နေခဲ့တာပါ...ငါနင့်ကိုအရမ်းချစ်လွန်းလို့ အခုလိုမျိုး အရဲစွန့်ပြီး ငါ့ဘက်ကစပြောရတာပါ ငါ့ကိုနင်စဉ်းစားပေးပါနော်'

'တောင်းပန်ပါတယ် ငါကလေ...'

'နင်ကတကယ်ဘဲ kitကိုတချိန်လုံးလိုက်ကြည့်နေတာပေါ့ ဟုတ်လား?'

Kristစကားမဆုံးခင် ဝင်မေးလာတဲ့ Singtoဆီကို Kristနဲ့ ကောင်မလေးရဲ့အကြည့်က ရောက်လာတော့သည်..

'အွမ်း ဟုတယ် ငါတချိန်လုံးလိုက်ကြည့်နေတာ'

'aww...ဟုတ်လား..... အဲ့ဒါဆိုရင် သူ့မှာချစ်သူရှိလားမရှိလားရောသိလား'

'မသိဘူး...သိလည်းမသိချင်ဘူး... ငါkristကိုချစ်တာဘဲ သိတယ်'

'အဲ့ဒါဆို နင်ကအချစ်ကြောင့် မျက်စိကန်းနေတဲ့သူတယောက်ပေါ့'

'နင်ပြောချင်သလိုပြောလို့ရပါတယ်'

ထင်ထားတာထက်ကိုပိုပြီး ရုပ်ကလေးနဲ့မှမလိုက်မျက်နှာပြောင်လွန်းလှတဲ့ ကောင်မလေးကို ကြည့်ရင်း Singtoရဲ့ နှုတ်ခမ်းထောင့်စွန်း တစ်ဖက်က အေးစက်စက်အပြုံးတစ်ခုဖြင့် ကော့တက်သွားခဲ့သည်

'နင်ကဘာကိုမှ ဂရုမစိုက်တဲ့သူဆိုတော့ ငါကလည်း ဘာမှ ညှာတာထောက်ထားပြီးပြောစရာမလိုတော့ဘူးထင်တယ်'

'နင်ဘာကိုဆိုလိုချင်တာလဲ'

'ခဏလေးနေပါဦး စိတ်ရှည်မှပေါ့....ငါပြောချင်တာက

နင်အရမ်းကိုချစ်နေရတဲ့သူဆီမှာ သူအသက်လောက်ကိုချစ်နေရတဲ့သူရှိနေတယ်....'

'ဟုတ်လား ဘသူလဲ....ငါ့လောက်တောင်လှလို့လား'

'အဟားဟား လှလားမလှလားမေးစရာကိုမလိုဘူးထင်တယ်

နင်နဲ့ယှဉ်စရာကိုမလိုအောင်kitအတွက်သူကပြည့်စုံနေပြီးသား....

ဟုတ်တယ်မဟုလား kit'

'ဟုတ် ကိုကို'

Kristလည်း Singtoရဲ့အမေးကိုအပြုံးဖြင့် ခေါင်းလေးညိမ့်ကာပြန်ဖြေလိုက်တော့

'နင်တို့က ဘာတွေလဲ..... gayတွေလား ပြီးတော့ kristရဲ့ချစ်သူဆိုတာ နင်လား'

'Kristရဲ့ချစ်သူဆိုတာတော့ဟုတ်တယ်...

တခုကတော့မဟုဘူး'

'ဘာကိုမဟုတ်တာလဲ??'

'နင်ပြောတဲ့ gayဆိုတာ မဟုတ်ဘူးလို့ပြောတာ'

'ယောကျာ်းလေးချင်းကြိုက်တာ gayမဟုတ်လို့ဘာလဲ..'

'နင်ထင်ချင်သလိုထင်လို့ရပါတယ် ...

ဒါပေမယ့် ငါတို့က ယောကျာ်းလေးတိုင်းကိုစိတ်ဝင်စားနေတဲ့ကောင်မဟုတ်ဘူး...ငါချစ်မိတဲ့သူက ယောကျာ်းလေးဖြစ်နေတာလေးတစ်ခုဘဲရှိတာ'

'အဟက် ဘာတွေများကွာနေလို့လဲ....'

'ကွာတာပေါ့...ဒါပေမယ့်လည်း ကာယကံရှင်ဖြစ်တဲ့ ငါတို့နှစ်ယောက်ထက်တော့ နင်ကဘယ်နားလည်နိုင်ပါ့မလဲ... ဒါမဆန်းပါဘူးလေ'

မျက်ခုံးတစ်ဖက်ပင့်ကာ ခပ်တည်တည်ပြောလိုက်တဲ့ Singtoပုံစံက ထိုမိန်းကလေးအတွက်တော့ စိတ်တိုစရာကောင်းပေမယ့် Kristမျက်စိထဲတွင်တော့ အလွန်တရာကိုဆွဲဆောင်မှုရှိလွန်းနေသည်......

'နင်ကအခုငါ့ကိုအထင်သေးတဲ့ပုံနဲ့ပြောတာလား....'

'noပါ...ငါမိန်းကလေးတွေကို အထင်မသေးတတ်ပါဘူး..

အဲ့လိုဖြစ်သွားရင်လည်းsorryဘဲ'

'တောက်!!!! ငါပြောရဲတယ် Krist နင်တို့လိုယောကျာ်းလေးနှစ်ယောက်ရဲ့အချစ်ကဘယ်တော့မှ ရေရှည်ခိုင်မြဲမှာမဟုတ်ဘူး'

'ဒီစကားကိုပြန်ရုတ်သိမ်းလိုက်တာကောင်းမယ်ထင်တယ်နော် ငါနဲ့ကိုကိုရဲ့အချစ်က ဘယ်တော့မှပြိုကွဲမှာမဟုတ်ဘူး....အထူးသဖြင့် နင့်လို စိတ်ဓာတ်နဲ့အမြင်ရှိနေတဲ့သူတွေအတွက်နဲ့ပေါ့...'

'Krist...နင်..နင်..ရှက်ဖို့ကောင်းလိုက်တာ'

'ဘာ!!ရှက်ဖို့ကောင်းတယ် နင့်စကားလွန်သွားပြီနော်'

Singtoရဲ့ရုတ်တရက် ဒေါသတကြီးစားပွဲခုံကိုထုလိုက်တဲ့ အသံကြောင့် သူတို့နှစ်ယောက်အပါအဝင် ကန်တင်းမှာရှိနေတဲ့ လူတွေအားလုံးကသူတို့ဝိုင်းကို ကြည့်လာကြသည်...

Singtoကတော့ သူ့ကိုကြည့်နေတဲ့သူတွေအားလုံးကို ပြန်ကြည့်လိုက်ပြီး Kristလက်ကိုဆုပ်ကိုင်လိုက်ပြီး အပေါ်မြှောက်လိုက်ကာ...

'ဒီမှာရှိနေတဲ့သူတွေအားလုံးကိုပြောချင်ပါတယ်...

ကျွန်တော်Singtoနဲ့ Krist Perawatကအရမ်းကိုချစ်ကြတဲ့ချစ်သူတွေပါ...Kristရဲ့ချစ်သူတယောက်အနေနဲ့ ကျွန်တော်တို့နှစ်ယောက်လုံးအရေးမပါတဲ့ကိစ္စတွေနဲ့ စိတ်ရှုပ်မခံလိုတဲ့အတွက်ကြောင့် အခုလိုမျိုးအားလုံးကိုအသိပေးတာပါ'

Wowwwwww!!!!!!!

Singtoရဲ့စကားအဆုံးလူအားလုံးရဲ့ နှုတ်ဖျားက Wow..ဆိုတဲ့အသံများကသာ ထွက်ပေါ်လာကြသည်...

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်Singtoနဲ့ လူတိုင်းအားကျရလောက်အောင် ချောမောခန့်ညားတဲ့ Kristတို့က ချစ်သူတွေဆိုတာ ဘယ်သူတွေကများတွေးမိကြပါ့မလဲ........

အဲ့အထဲကမှ မိန်းကလေးတချို့ကတော့ တဝိုးဝိုးတဝါးဝါးနဲ့ အသံကုန်အော်ဟစ်ပြီး Phတွေထုတ်က တချက်ချက်နဲ့ သူတို့နှစ်ယောက်ဓာတ်ပုံတွေအသည်းအသန်ရိုက်နေလေသည်..

ဒါတွေကို Singtoဂရုမစိုက်အား...သူ့ရဲ့ အကြည့်ခံရသူတိုင်းကျောချမ်းသွားစေနိုင်သည့် အေးစက်စက်အကြည့်တစ်ခုဖြင့် ထိုမိန်းကလေးအားကြည့်ကာ....

'ငါ့ဘက်ကတော့ ပြတ်ပြတ်သားသားပြောလိုက်ပြီနော်....

ပြီးတော့ kitကလည်း နင့်ကိုပြန်မကြိုက်ဘူး နင့်ရုပ်ရည်နဲ့ဆို နင့်ကိုကြိုက်တဲ့ ကောင်လေးတွေတော့ရှိမှာပါ...ပြီးတော့ တကယ်ရှက်ဖို့ကောင်းတဲ့သူက ချစ်သူရှိနေတာသိသွားတာတောင်မှ အခုလိုမျိုးစကားတွေလာပြောတဲ့နင်ဘဲ....အခုတော့ လာရာလမ်းအတိုင်း နင်လှည့်ပြန်သွားတာကောင်းမယ်'

'တောက်'တချက်ခေါက်ကာ မခံမရပ်နိုင်စွာဖြင့် လှည့်ထွက်သွားသောကောင်မလေး၏ကျောပြင်ကိုမဲ့ပြုံးတစ်ချက်ဖြင့် Singtoကြည့်လိုက်ကာ သူ့စိတ်ထဲ၌...

'ငါ့ရှေ့မှာ ငါ့ချစ်သူကို ချစ်စကားပြောသွားတဲ့သတ္တိကိုတော့လေးစားပါတယ်...ဒါပေမယ့် စိတ်မကောင်းစွာနဲ့ဘဲ kitရင်ထဲမှာတော့ သူ့နှလုံးသားရဲ့အရှင်သခင်ဖြစ်တဲ့ ငါဆိုတဲ့Singtoကရှိနှင့်နေပြီးသားကွ...'

.

.

.

'ကိုကို...ကိုကို'

'hum!!!ဘာလဲ kit'

'ကိုကိုဘာလို့အဲ့လိုကြီးကြောင်ပြီးရပ်နေတာလဲ...သူလဲ သွားပြီဆိုတော့ kitတို့လည်း သွားမယ်လေ'

'awwအွမ်း သွားမယ်လေ'

Singtoလည်း Kristလက်ကိုတွဲကာ ကန်တင်းကနေ ထွက်လာလိုက်သည်...သူတို့ရဲ့နောက်မှာတော့ အသံပေါင်းစုံက ထွက်ပေါ်လျှက်...စားပွဲဝိုင်းတစ်ခုက မိန်းကလေးတချို့ ပြောလိုက်တဲ့ စကားတချို့ကြောင့် Singtoရော Kristပါကြောင်သွားမိသည်

'ဟိတ်..ဟိတ်..ကောင်မတွေ ကြည့်စမ်း ဟိုမှာငါ့သားလေးနှစ်ယောက်ချောတယ်မဟုလား...ငါတို့မေဂျာကဘဲဟ ငါတော့ မားမားဖြစ်ပြီးသားလေးတွေထပ်ရပြီ...ဟိုးဟိုး ပျော်လိုက်တာဟယ်'

'အေးဟ...နင့်သားလေးတွေက အသေကိုချောတာဟ...'

'ကောင်မတွေ..အဲ့လောက်ထိငမ်းမနေနဲ့ အကြည့်တွေချက်ချင်းပြင်....အဲ့ဒါငါ့သားတွေနော်..ကမတွေရဲ့ ...ဟွမ်းဟွမ်း'

ဘလိုဖြစ်လို့ ရုတ်တရက်ကြီးသူတို့နှစ်ယောက်ကို သားလေးတွေလို့ပြောလိုက်တာပါလိမ့်....မားမားဆိုပါလား..ဘယ်ဘဝက သားအမိတော်လာခဲ့လို့များလဲ...သူတို့ပြောနေတာဘာတွေပါလိမ့်...Singtoနဲ့Kristလည်းသူတို့ပြောနေတာကိုဘာမှသေချာနားမလည်နိုင်တော့....

'ဟျောင့်...အမောင်Singtoနဲ့Krist ဘာလို့အဲ့လောက်စောစောပြန်လာတာလဲ..နောက်ထပ်တနာရီနှစ်နာရီလောက်ဆက်နေ နေတာမဟုဘူး'

'Kitတို့အတန်းထဲပြန်ဝင်လာတာ အဲ့လောက်စောနေတာလား ဟင် New'

'hrrr...မဟုဘူးဟေ့..နောက်ကျလွန်းလို့ငါရွဲ့ပြောနေတာကွ'

'awwဟုလား...မသိဘူးလေ'

'Newရာ... မင်းကလည်းဘာမှမသိဘဲနဲ့ ဇွတ်ပြောမနေနဲ့

နောက်ကျရမယ့်အကြောင်းရှိလို့ နောက်ကျတာပေါ့ကွာ'

Singtoကသူ့ခုံသူထိုင်ရင်းပြောလိုက်တဲ့အခါ Newက Singtoဘက်လှည့်ကာ

'ပြောပြပါဦး...ဘာကိစ္စကြောင့်များလဲ'

'ကိစ္စကတော့ကွာ kitကိုကောင်မလေးတစ်ယောက်က ရည်းစားစကားလာပြောသွားလို့..'

'ဘာ!!'

'ဟုတယ်...ပြီးတော့...ပြောသွားတာကလည်းငါ့ရှေ့ကြီးမှာ kitကိုပေါ်တင်ကြီးပြောသွားတာ'

'ဘာ!!!!!!!!!!!'

Newရဲ့ 'ဘာ'ဆိုသောအသံကြောင့် အတန်းထဲကလူတွေအကုန်လုံးပါ လန့်ကုန်ကြသည်...

Newကတော့သူ့ကိုယ်သူတောင် အဲ့လောက်ထိကျယ်သွားမှန်းသိမည့်ပုံမပုံ...သူ့အာရုံသည် Singtoပြောသည့် စကား၌သာရှိနေလေသည်

'အဲ့တော့ မင်းဘာမှမပြောလိုက်ဘူးလား.....

သူကဘယ်သူလဲ..မင်းသူ့ကိုသိလား???ငါအခု သူ့ကိုသွားပြောမယ်..ဘာတုန်းရာရာစစ ပိုင်ရှင်ရှိတဲ့သူကိုများ ပိုင်ရှင်ရှေ့မှာလာပြောနေရတယ်လို့ အံ့သြစရာဘဲ...သူဘယ်သူလဲပြောပြ...ငါအခုသူ့ကိုမှတ်လောက်သားလောက်အောင် သွားပြောမယ်'

Singနဲ့Kristထက်ကိုပိုပြီး တရှူးရှူးတဒိုင်းဒိုင်းဖြင့် ဒေါသဖြစ်နေတဲ့ Newကို သူတို့နှစ်ယောက်အတင်းချုပ်ထားရသည်

'နေပါဦး Newရယ့် မင်းဘာမှပြောစရာမလိုတော့ပါဘူး'

'ဘာလို့တုန်း ဘာလို့ပြောစရာမလိုတာတုန်း'

'ငါသူ့ကိုတစ်ခါတည်းပြောလိုက်တာ..နောက်ပြီး အဲ့မှာရှိနေတဲ့ လူအားလုံးရှေ့မှာလည်း ငါတို့နှစ်ယောက်ကချစ်သူတွေပါလို့တခါတည်းပြောလိုက်တယ်..'

'ဟင်...ဟုတ်လား'

'ငါတကယ်ပြောနေတာပါကွ အခုလောက်ဆို ငါတို့နှစ်ယောက်အကြောင်းကို တစ်ကျောင်းလုံးတောင်သိလောက်ပြီထင်တယ်'

'အေး...ကောင်းတယ် အဲ့ဒါမှသူလည်းမှတ်မှာ....

aww..အခုမှငါသတိထားမိတယ် မင်းတို့ဝင်လာတုန်းက အဲ့ဒါကြောင့်မို့ အခန်းထိကလူတချို့က မင်းတို့နှစ်ယောက်ကိုတွတ်တွတ်နဲ့ပြောပြီးကြည့်နေကြတာကိုး'

'အင်း...ဟုတ်ရင်လည်းဟုတ်မှာပေါ့'

'မင်းတို့ဘာမှစိတ်မပူနဲ့ ဘယ်သူတွေဘာပြောပြောဘာမှဂရုမစိုက်နဲ့ မင်းတို့နှစ်ယောက်ရှေ့မှာ ငါNewကြီးတစ်ယောက်လုံး

ရှိနေတယ်လို့မှတ်ထားလိုက်...'

'ဟားဟား...အေးပါကွာ'

'မင်းအဲ့လိုပြောလိုက်တာလည်းကောင်းတယ်ကွ...

အခုလိုမင်းပြောထားတာတောင်မှ အဲ့လိုမျိုးလာပြောတဲ့သူရှိနေရင် ဘာမှငဲ့ညှာမနေနဲ့ အပြတ်သာပြောချပြီးသမလိုက်.... အဲ့လိုမှသူတို့တွေလည်းနောက်မပြောရဲမှာ'

'Newကတော့နော်...ကိုကို့ကို ရုံးရောက်ဂိတ်ရောက်အောင်မြှောက်ပေးနေတာလား...မိန်းကလေးတစ်ယောက်ကို ဘလိုလုပ်အဲ့လိုသွားလုပ်လို့ကောင်းမလဲ'

'ယောကျာ်းလေးဆိုရင်ပြောတာပါကွာ...Kristရာ'

'မင်းစကားမင်းမှတ်ထားနော် New...ခံရရင်တော့ မင်းပါငါ့နဲ့အတူ အပြစ်ပေးခံရမှာနော်'

'harrharr...ငါကအကြံဘဲပေးတာပါ...အဲ့ထဲတော့မပါဘူး'

'လူလည်ကောင် Newစုတ်...'

စာသင်ခန်းထဲမှာတော့ တခြားကျောင်းသားတွေထက် သူတို့သုံးယောက်ရဲ့ ရယ်သံတွေကဘဲ ပိုမိုကျယ်လောင်စွာထွက်ပေါ်လျှက်ရှိနေတော့သည်....

°

°

°

'Newလေး ဘာဖြစ်နေတာလဲ...

ကျောင်းမှာဘယ်သူနဲ့ရန်ဖြစ်ခဲ့လို့လဲ'

ညနေကျောင်းဆင်းလို့ Tayသူ့ချစ်သူNewကိုလာကြိုတဲ့အချိန်ကနေ အခုကားပေါ်မှာရှိနေတဲ့အချိန်အထိ သူ့ချစ်သူအကောင်ပေါက်လေးသည် ဘာကိုတွေးတောပြီးစဉ်းစားနေဟန်မသိ..မျက်နှာကြီးသုန်မှုန်ကာ...တိတ်ဆိတ်လျှက်

'ဘယ်သူနဲ့မှမဖြစ်ပါဘူး P'ကလည်း..

နေပါဦး P'ကအခုလိုမေးရအောင် Newက ကလေးမိုလို့ ရန်ဖြစ်လာရမှာလား...ကလေးလည်းမဟုတ်ဘဲ ဘာလို့ရန်ဖြစ်ရမှာလဲ'

အယ်...အခုလိုမျိုး စွာကျယ်စွာကျယ်နဲ့ ပြန်ရန်တွေ့နေတာက ကလေးမဟုတ်လို့ ဘာကြီးတုန်း ဟုTayစိတ်ထဲမှာမေးနေမိသည်...အပြင်မှာသာထုတ်မေးလိုက်လို့သာ ချော့၍မပြီးနိုင်အောင်သူ့အားကလေးဆိုးကြီးက ကောက်ချေလိမ့်မည်...

'ဟုတ်ပါပြီ...Newက ကလေးမဟုတ်ပါဘူး...လူကြီးပါ ကျေနပ်ပြီလား'

'P'နော် ကျွန်တော့်ကိုရွဲ့မနေနဲ့...'

'မရွဲ့ပါဘူး အတည်ပြောနေတာကို...ကဲပါ ထားပါတော့ အခုP'ရဲ့Newလေးက ဘာဖြစ်နေတာလဲ P'ကိုပြောပြပါဦး'

'ပြောပြပါမယ် P'ရယ် ဒါပေမယ့် ကားကိုရှေ့တည့်တည့်ကြည့်ပြီးမောင်းပါ ကျွန်တော့်ကိုဘဲလှည့်လှည့်ကြည့်မနေနဲ့ တိုက်ကုန်လိမ့်မယ်'

'အွမ်း...P'ကလည်း Newမျက်နှာကိုကြည့်ပြီးဘဲစကားပြောချင်နေလို့ ဟဲဟဲ..'

'ပိုပြန်ပြီ....ကျွန်တော်ပြောပြမယ်P'ရယ် ဒီနေ့ Kristကိုကောင်မလေးတစ်ယောက်ကရည်းစားစကားလာပြောသွားတယ်တဲ့'

'ဟမ်..ဟုလား..Kristတို့ကတော့ကွာ စန်းပွင့်ချက် ရည်းစားရတာတောင် စွံနေတုန်းဘဲ..အဲ့တာ Singtoရောသိရဲ့လား'

'သိတာပါ့ သိဆို အဲ့ကောင်မလေးက Singtoရှေ့မှာကိုပြောသွားတာ'

'Wow...မိုက်တာပေါ့'

'hrr..Pဘာမိုက်တာလဲ..ဘာလဲ P'ကလည်း အဲ့လိုအပြောခံချင်လို့လား..'

'ဟမ်...အဲ့လိုမဟုပါဘူးNewရယ့်..'

'ဟွမ်းဟွမ်း Pနော် ချစ်သူရှိနေတဲ့ကျွန်တော့်သူငယ်ချင်းကိုတောင်မျက်နှာပြောင်တိုက်ပြီး လာပြောတဲ့အဲ့ကောင်မလေးကို သွားပြောချင်နေတာနော်....P'ကိုသာအဲ့လိုလာပြောလို့ကတော့ အဲ့မှာတင်နှစ်ယောက်လုံးသေသွားမယ် ဘာမှတ်နေလဲ'

'အယ်..P'နဲ့က ဘာမှမဆိုင်ဘူးလေ...'

'ဘာလို့မဆိုင်ရမှာလဲ P'ကအဲ့လောက်ကြည့်ကောင်းအောင်နေ နေမှတော့ ဘသူကမကြိုက်ဘဲနေမှာလဲ..P'နော် အခုကတည်းကနေတာထိုင်တာဆင်ခြင်နော်...'

'ဟုတ်...ဟုတ်ပါပြီဗျာ'

'အချစ်ဆိုတာ ကျွန်တော့အတွက်တော့ အစားအသောက်လိုဝေမျှစားသောက်လို့ ရတဲ့အရာမဟုတ်ဘူးဆိုတာ P'သိထားလိုက်'

'ဟုတ်ကဲ့ သိထားပါ့မယ်ခဗျာ'

Newရဲ့ အမိန့်ပေးမှုဆန်တဲ့ သြဝါဒခြွေမှုကြီးဟာ သူ့ရဲ့ အိမ်ရှေ့ရောက်လို့ ကားပေါ်ကဆင်းလာတာတောင် မပြီးနိုင်သေး...

ဒါတောင်Tayကို ပြန်ခါနီး Newပြောလိုက်တဲ့စကားက...

'P'ရှုတ်ရှုတ်ယှက်ယှက်တွေမကြားချင်ဘူးနော်... သတိထားနေ' ဆိုဘဲ

ကလေးဆိုးလေးအမောင်Newရဲ့စကားတွေကို ချစ်လွန်း၍ဆိုးသမျှခံရမယ့် Tayကတော့ ခေါင်းလေးတငြိမ့်ငြိမ့်မျက်လုံးလေးကလယ်ကလယ်နဲ့လိုက်နာနေရလေရဲ့.....💘💘💘

Continue Reading

You'll Also Like

609K 37K 101
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1.1M 48.8K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
You'e mine By GG

Fanfiction

39.9K 2.7K 23
Gxxodβ€’β€’β€’β€’β€’β€’α€€α€ΆαΎα€€α€™αΌα€¬α€‘α€œα€­α€―α€α€­α€―α€„α€Ήα€Έ ဖြစ်စေရမှာပေါ့ Bas‒‒‒‒‒‒ကျွန်တော်ထမုန်းဆဢုး ကခင်ဗျားကိုပဲ
107K 5.2K 15
THE DEVIL'S SUNSHINE BOOK 2