အဆုံးမဲ့ချစ်ခြင်း (Endless Lo...

De reselda_

64.5K 3.3K 46

Singkrist....... 💙💙Sk💙💙 Peraya..........❤❤❤ Mai multe

.....Intro.....
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Baby kit's Jealous On his P'Sing)
Part-21(First Kiss💋💋)
Part-22
Part-23
Part-24(Sweet Kiss)
Part-25
Part-26
Part-27
Part-28(Kiss for my love)
Part-29(I promise u my love)
Part-30(Morning kiss from my lover)
Part-31(Forgive me for my mistake)
Part-32(Deeply kiss💋)
Part-33(Mwah mwah😘)
Part-34(Anniversary 💖💖)
Part-35(Love=Love)
Part-36
Part-37
Part-38💜💜
Part-39(💙💙)
Part-40(💚💚)
Part-41(💛💛)
Part-42(💖💖)
Part-43(SWEET LOVE)
Part-44(💞💞💞)
Part-45(💝💝)
Part-46(💕💕)
Part-47(💞💞)
Part-48(💟💟)
Part-49(💚💚💚)
Part-50(💝💝)
Part-51(💖💖)
Part-52(💘💘)
Part-53(End💝)
Part-1 (Uni)
Part-2 (Uni)
Part-3 (Uni)
Part-4(Uni)
Part-5(Uni)
Part-6(Uni)
Part-7(Uni)
Part-8(Uni)
Part-9(Uni)
Part-10(Uni)
Part-11(Uni)
Part-12(Uni)
Part-13(Uni)
Part-14(Uni)
Part-15(Uni)
Part-16(Uni)
Part-17(Uni)
Part-18(Uni)
Part-19(Uni)
Part-20 (Uni)
Part-21(Uni)
Part-22(Uni)
Part-23(Uni)
Part-24(Uni)
Part-25(Uni)
Part-26(Uni)
Part-27(Uni)
Part-28(Uni)
Part-29(Uni)
Part-30(Uni)
Part-31(Uni)
Part-32(Uni)
Part-33(Uni)
Part-34(Uni)
Part-35(Uni)
Part-36(Uni)
Part-37(Uni)
Part-38(Uni)
Part-39(Uni)
Part-40(Uni)
Part-41(Uni)
Part-42(Uni)
Part-43(Uni)
Part-44(Uni)
Part-45(Uni)
Part46(Uni)
Part-47(Uni)
Part-48(Uni)
Part-50(Uni)
Part-51(Uni)
Part-52(Uni)
Part-53(Uni) End

Part-49(Uni)

154 8 0
De reselda_

ဖြာကျနေသော လရောင်အောက်ရှိ ဆေးရုံခန်းလေးတခန်းက ကုတင်လေးတခုပေါ်မှာတော့ ကောင်လေးတစ်ယောက် နာကျင်မှုတွေနဲ့ နိုးထလာခဲ့သည်...ထိုကောင်လေးရဲ့ဘေးမှာတော့ နှစ်ခြိုက်စွာ အိပ်မောကျနေသော နောက်ထပ်ကောင်လေးတစ်ယောက်...

Singtoသူ့မျက်လုံးများကိုအားယူဖွင့်လိုက်တဲ့အခါမှာတော့

တဖြည်းဖြည်းနဲ့ အရာအားလုံးကိုရှင်းရှင်းလင်းလင်း မြင်လာတော့သည်...

သူ့ရဲ့အကြည့်တို့က မျက်နှာကြက်ပေါ်ကနေတဆင့် တဖြည်းဖြည်း သူ့ဘေးနကိုကြည့်မိလိုက်တော့ ကလေးတစ်ယောက်သဖွယ် အပြစ်ကင်းစင်စွာ အိပ်ပျော်နေတဲ့ သူ၏ချစ်သူ Krist Perawat...

Kristသူအိပ်ပျော်နေပေမယ့်လည်း သူ့လက်တွေကတော့ Singtoရဲ့လက်ကိုခိုင်မြဲစွာဆုပ်ကိုင်ထားဆဲပင်

.

.

.

Singto ဒီမနက် Kristဆီကိုသွားနေတုန်း လမ်းတစ်ဝက်နားလေးမှာဘဲ နောက်ကနေ သူ့မျက်နှာကို လက်ကိုင်ပုဝါတစ်ခုနဲ့ပိတ်အုပ်ခံလိုက်ရသည်.... အဲ့နောက် သူလည်းလောကကြီးနဲ့ ခေတ္တခဏအဆက်အသွယ်ပြတ်သွားပြီးတဲ့နောက် သူ ပြန်သတိရလာတော့ သူက ဂိုထောင်ဟောင်းကြီး တစ်ခုထဲ၌ရောက်နေခဲ့သည်....

ဒါဘယ်နေရာကြီးတုန်း???

ငါကဘလိုလုပ် ဒီနေရာကိုရောက်နေတာလဲ???

သူ တွေးနေစဉ်မှာဘဲ လူသုံးယောက်က သူ့ရှေ့ရောက်လာပြီး အလယ်ကတယောက်က ရှေ့ထွက်လာကာ

'အခုလိုပုံစံမျိုးနဲ့တွေ့ရတာဝမ်းသာပါတယ်နော် Singto Prachaya'

အခုလိုပုံစံမျိုး ဘာကိုအခုလိုပုံစံမျိုးတုန်း Singtoလည်း အဲ့အချိန်မှ သေချာသတိထားကြည့်မိတော့ သူ့ရဲ့လက်တွေကို ဘာမှပြန်မလုပ်နိုင်အောင် တိုင်မှာကြိုးနဲ့ချည်ထားတာဘဲ..

ဒီကောင်တွေကဘာလိုချင်လို့ ငါ့ကိုဒီလိုလုပ်ထားရတာလဲ

'ခများကဘသူတုန်း??'

'awwဟုသားဘဲ မိတ်ဆက်ဖို့မေ့နေတာ

ငါ့နာမည်က Jane... Kristရဲ့အကိုပေါ့'

ထိုအခါမှ သူ့ရှေ့မှာရပ်နေတဲ့သူကဘသူမှန်း Singtoသိလိုက်တော့သည် လတ်စသတ်တော့ သူ့အကိုကို ဒုက္ခိတဘဝဖြစ်အောင် လုပ်သွားတဲ့အကောင်ကိုး....

'အကိုလို့နာမည်ခံရဲတယ်ပေါ့

အရှက်မရှိလိုက်တာ'

မတိုးလွန်း မကျယ်လွန်းသောအသံဖြင့် တည်တည်ငြိမ်ငြိမ် ပြောလိုက်တဲ့ Singtoစကားကြောင့် Janeတယောက်ဆွေ့ဆွေ့ခုန်သွားတော့သည်

'မင်းက ဘာတွေများသိနေလို့ အခုလိုပြောရတာလဲ'

'သိတယ် အားလုံးသိတယ်...'

'မင်းက ငါ့အကြောင်း ဘာတွေများသိနေလို့လဲ'

'ဆေးစွဲနေတဲ့သူပြီးတော့ လောဘကြီးပြီးငွေမက်တဲ့သူ

ငါ့ရဲ့အကိုကို ဒုက္ခိတ ဘဝဖြစ်အောင်လုပ်ခဲ့တဲ့သူ အဲ့တာပြီးတော့ ကျုပ်ချစ်သူကို ဒုက္ခပေး မကောင်းကြံစည်ခဲ့တဲ့သူ

ထွီ..အဲ့တာနဲ့များ အကိုတဲ့..'

Singto၏ မထီမဲ့မြင်ပြောနေသောစကားတို့က Janeအတွက် အနာပေါ်တုတ်ကျသကဲ့သို့ပင်....

'တော်တော့ မင်းထပ်မပြောနဲ့တော့'

'ပြောမှာဘဲ ခများကစိတ်ဓာတ်ရော လူပါ ယုတ်ညံ့တဲ့သူ'

'ဟာ!!!မင်းတော်တော့..'

ခွပ်!!

ဒေါသဖြင့်ထိုးလိုက်တဲ့ Jane၏လက်သီးက Singto၏ ဆွဲဆောင်မှုရှိလှသော မျက်နှာလေးပေါ်သို့ကျရောက်လာတော့သည်

'မင်း ထပ်ပြောဦးမှာလား'

'ပြောမှာဘဲ...ဖြစ်နိုင်ရင် ခများကိုသတ်လို့ရရင်သတ်ပြစ်ချင်တာ'

'တောက်!!မင်းကိုဘဲငါအရင်သတ်ပြမယ်'

ခွပ်! ! ခွပ်

Jane၏နှစ်ချက်ဆင့် ထိုးချက်အပြီး Singtoမဲ့ပြုံးတစ်ခုဖြင့် ဟက်ခနဲရယ်လိုက်သည်...

'ဟျောင့်တွေ ဒီကောင်ကိုမင်းတို့ဘဲဆက်လုပ်လိုက်ကြတော့'

'ဟုတ်ကဲ့'

ခုနက Janeဘေးနားမှာရပ်နေတဲ့လူနှစ်ယောက်လည်း ရှေ့သို့တိုးလာကာ Singtoကိုခြေထောက်တွေနဲ့ရုံတင်မက လက်သီးဖြင့်ပါ ဝိုင်းထိုးနေကြတော့သည်...

Singtoလည်း အတတ်နိုင်ဆုံးပြန်ခုခံပေမယ့် သူ့လက်ကိုကြိုးတုတ်ခံထားရတဲဘအတွက် သူ့ခမျာ အောက်ကနေ မချိမဆံ့ခံနေရသည်...

အချိန်အတော်ကြာတော့ Singtoလုံးဝမခံနိုင်တော့ သူအရမ်းကိုနာကျင်နေပြီ သူ့အမြင်အာရုံတွေလည်းဝေဝါးလာခဲ့သည်

သို့သော် သူ့နားထဲတွင်တော့ အသံတွေကကြားတစ်ချက် မကြားတစ်ချက်...

.

.

ထို့နောက် တနာရီလောက်ကြာတော့ ဟိုလူနှစ်ယောက်က သူ့လက်ကကြိုးတွေကိုဖြည်ပေးကာ တနေရာသို့ဆွဲခေါ်သွားကြပြန်သည်...သူတို့တွေ ဘယ်ကိုဆွဲခေါ်သွားကြလဲသူမသိ တနေရာရောက်တော့ သူ့ကိုဆွဲထားရာကနေ လွတ်လိုက်တဲ့အခါ မြေကြီးပေါ် ဒူးထောက်လျက်ပင်ကျတော့မလိုမှာဘဲ လူတယောက်ရဲ့ရင်ခွင်ထဲကိုသူရောက်သွားခဲ့သည်...

ထိုအချိန် Singtoရဲ့နှာဖျားကနေ ရနံ့လေးတစ်ခုက တိုးဝှေ့လာခဲ့သည်

သူ ဒီရနံ့ကိုသိသည်...

ဟုတာ်တယ် သူသိတယ်..

ဒီရနံ့က ကမ္ဘာပေါ်မှာသူအချစ်ရဆုံးသူရဲ့ ကိုယ်သင်းရနံ့လေးဘဲ....Singtoထိုသို့တွေးနေရင်း နှုတ်မှလည်း သူ့ချစ်သူရဲ့နာမည်လေးကိုခေါ်နေမိတော့သည်...

နောက်ဆုံး သူ့ချစ်သူရဲဘအသံလေးကြားမှဘဲသူငြိမ်ကျသွားတော့သည်....

*

*

အဲ့အချိန်တုန်းက Singtoအရမ်းကိုအံ့သြမိသည်...

Kristက သူ့ကိုချီပြီးအမှီရှိတဲ့နေရာတစ်ခုမှာ ချပေးခဲ့သည် အဲ့နောက်မှာတော့ kristနဲ့ Janeတို့ရဲ့ စကားပြောနေတဲ့အသံတွေ တယောက်နဲ့တယောက်ထိုးကြိတ်နေကြတဲ့အသံတွေကိုလည်း ကြားနေရသည်... နာကျင်နေတဲ့ဒဏ်ရာတွေပိုအောင့်အည်းကာ မျက်လုံးကိုအတင်းဖွင့်ထားမိသည့်အတွက် နောက်ကျောကနေမြင်နေရတဲ့ Kristရဲ့ပုံစံက Singtoအတွက်ထူးဆန်းနေမိသည်... Kristရဲ့ဒီလိုပုံမျိုးကို Singtoတခါမှမမြင်ခဲ့ဖူးဘူးလေ...

.

.

အခုချိန်ထိကို Singtoအံ့သြနေဆဲပင်

အခုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ Kristနဲ့ ထိုအချိန်ကKristသည် လွန်စွာကွာခြားလွန်းလှသည်...

သို့သော် သူတို့နှစ်ယောက်လုံး၏သူ့အပေါ်ထားတဲ့ အချစ်ကတော့မပြောင်းလဲသွားပါဘူး

'Kit~~Kitကကိုယ့်အတွက်တော့ ဘယ်အခြေအနေမှာဘဲရောက်ရောက် ကလေးလေးဘဲ..... ဖြူစင်လွန်းတဲ့ကလေူလေးတစ်ယောက်ဘဲ'

Singtoနှုတ်မှ တိုးတိုးလေးပြောကာ သူ့လက်ချောင်းတွေက Krist၏ပျော့အိအိ ဆံပင်တွေကြား ဖွဖွလေးကစားနေတော့သည်....

ထို့နောက်တွင်တော့ Singtoလည်း Kristဘက်ကိုလှည့်ကာ မျက်လွှာနှစ်ခုကိုမှိတ်ချလိုက်ရင်း အိပ်စက်ခြင်းဆီသို့ တဖန်ကူးပြောင်းလာခဲ့တော့သည်.....

-

-

-

-

🌄🌄🌄

မနက်မိုးသောက် အလင်းရောင်ထွက်ပေါ်လာတဲ့အခါ ငှက်ကလေးတွေရဲ့ကျီကျီကျာကျာအသံတွေနဲ့အတူ Kristနိုးလာခဲ့သည်....

မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့တပြိုင်နက် သူ့ရှေ့ကို မျက်နှာမူပြီးလှဲကာအိပ်နေတဲ့ Singtoကို သူတွေ့ရတော့ Kristနှုတ်ခမ်းထက် ပန်းနုရောင်အပြုံးလေးတစ်ခုကပေါ်ပေါက်လာခဲ့သည်...

အိပ်ပျော်နေတဲ့ Singtoကိုမနိုးတော့ဘဲ ဘေးကနေ တစိမ့်စိမ့်ဖြင့်ကြည့်နေလိုက်သည်....

မျက်နှာပေါ်က အညိုအမည်းတွေက မနေ့ကထက်စာရင်တော့ အရောင်လျော့သွားလို့တော်သေးသည်

သို့မဟုတ်လျှင် သူ့ချစ်သူ၏မျက်နှာလှလှလေး ပျက်စီးသွားပေဦးမည်....

Kristလည်း သူ့လက်ချောင်းလေးဖြင့် Singရဲ့ဒဏ်ရာတွေကို ဖွဖွလေးလိုက်တို့ထိနေရင်းဖြင့်...

'Kit~~~'

ရုတ်တရက် Singtoကသူ့နာမည်ကို ခေါ်လိုက်တဲ့အတွက် Kristမုန့်ခိုးစားနေတာ မိသွားတဲ့ ကလေးတစ်ယောက်သဖွယ် လန့်သွားတော့သည်...

'Aham!!!နိုး...နိုးပီလား'

'အွမ်း...နိုးပီ..'

Simgtoလည်း Kristမေးတာကိုပြန်ဖြေရင်း အိပ်နေရာကနေ ထလာခဲ့သည်....

'Kristရော...နိုးတာကြာပြီလား..'

'အမ်..မကြာသေးပါဘူး ခုနကဘဲနိုးတာ'

'aww..ကိုယ့်စိတ်ထဲမှာ ခုနက ကိုယ့်ကို တယောက်ယောက်များ စိုက်ကြည့်နေလားလို့..'

'hum!!စိုက်ကြည့်တယ်...ဘသူကစိုက်ကြည့်တာလဲ???'

'ကိုယ်လည်းမသိဘူးလေ... အဲ့တာ Kitများသိမလားလို့မေးကြည့်တာ'

'kitကဘလိုလုပ်သိမှာလဲကိုကိုရယ့်

kitကလည်း ခုနကမှနိုးလာတာလေ....အဲ့တာကြောင့် kitလည်းမသိဘူး'

စကားနဲ့တင်မဟုတ် လက်ဟန်ခြေဟန်တွေဖြင့်ပါ အတင်းငြင်းနေတဲ့ Kristကိုကြည့်ရင်း Singtoသဘောကျစွာ ရယ်လိုက်မိသည်...

'အဲ့တာ ဘာရယ်တာလဲ...???'

'oh hoo....အဲ့လိုအကြည့်မျိုးမကြည့်ပါနဲ့...

လာပါဦး ကိုယ့်ကလေးလေးကလည်း စိတ်မဆိုးရဘူးနော်'

Singtoကပြောလည်းပြော လက်နှစ်ဖက်ကိုဆန့်ကားပေးလိုက်တော့ Kristလည်း ခေါင်းလေးတိုးဝှေ့ကာသူချစ်ရသူရဲ့ရင်ခွင်ကျယ်ကြီးထဲ ခိုလှုံနေတော့သည်....

'ကိုကို kitကို ဘာလို့ ကလေးလေးလို့ပြောတာလဲဟင်???'

'ကလေးလေးမို့လို့ ကလေးလေးလို့ပြောတာပေါ့kitရယ့်'

'ဒါပေမယ့် kitက ကလေးမှမဟုတ်တာ ကိုကိုကလည်း'

ကလေးမဟုဘူးသာပြောတာ...

ရင်ခွင်ထဲကနေ ခေါင်းလေးဖော်ပြီး နှုတ်ခမ်းတထော်ထော်နဲ့ ပြောနေတာကလည်း ကလေးလိုဘဲ....

'kitက ကလေးတယောက်လို အပြစ်ကင်းစင်တယ်

ချစ်ဖို့လည်းကောင်းတယ်လေ...'

'ကိုကိုမသိပါဘူး....kitကချစ်ဖို့မကောင်းဘူး'

'ဒီလောက်ချစ်ဖို့ကောင်းတာကို ဘာလို့ချစ်ဖို့မကောင်းရတာလဲ

ကလေးဆိုးလေး...ကိုယ့်ရဲ့အသည်းလေး...'

Singto၏ချိုချိုသာသာပြောစကားများအောက် kristရဲ့နှလုံးသားလေးလည်း အရည်ပျော်လုမတတ်ပင်...

'ကိုကိုရယ် တော်ပါတော့ ဘာတွေပြောနေမှန်းမသိဘူး...တကယ်ပါဘဲ'

'ဟာ..kitကလည်း ကိုယ်ကအမှန်တွေပြောနေတာလေ'

'မပြောပါနဲ့တော့ဆို ကိုကိုကလည်း'

'ဘာလို့လဲkitရယ့် ဘာလို့မပြောခိုင်းတာလဲ မကြိုက်လို့လား'

'မဟုပါဘူး...ကိုကိုကအဲ့လိုတွေပြောတော့ kitကရင်ခုန်တာပေါ့လို့ ဒီမှာရင်လုန်မြန်ပီးသေတော့မယ်'

'ဟမ်!!!တကယ်လား အဲ့လိုတော့မရဘူးနော် kitလုံးဝမရဘူး....ကိုယ်တို့ လက်မထပ်ရသေးဘဲသေလို့မရဘူး'

'ဟာ...ကိုကို ပြောလေဆိုးလေပါလား

တော်တော့ အခုထ ခဏနေ P'Sangလာတော့မှာ... '

'ဟုပါပီ kitရယ် ထပါပီဗျ...'

ချစ်ရသူ၏ စကားကြောင့် Singtoလည်း အိပ်ရာပေါ်ကဆင်း၍ သူလုပ်စရာရှိတာကိုလုပ်နေတော့သည်....

ထိုအချိန် Kristက တစုံတယောက်ဆီ phဆက်နေတာတွေ့တော့

'kitဘသူ့ဆီphဆက်နေတာလဲ..'

'Newဆီကို...ခဏလေးနော်ကိုကို

hello...Newလား'

'အွမ်း.... Newမင်း အိပ်နေတုန်းလား'

'မအိပ်ပါဘူး ငါနိုးနေပြီ...ဘာဖြစ်လို့လဲ'

'aww..ဟို မင်းကိုအကူအညီတောင်းမလို့ P'Sangဆီကိုသွားခေါ်ပေးပါလား..'

'ခေါ်ရမယ် ဘာဖြစ်လို့လဲkrist'

'အခု ကိုကိုက ဆေးရုံမှာရောက်နေလို့ အဲ့တာP'Sangကဒီမနက်လာခဲ့မယ်တဲ့ အဲ့ကြောင့် မင်းP'ကိုသွားခေါ်ပြီး ငါပို့ထားတဲ့ဆေးရုံလိပ်စာအတိုင်းလာခဲ့ပေးပါလားလို့'

'အော်...အေး ရပါတယ်ကွ ငါကူညီပေးနိုင်တယ်..

ဒါနဲ့ Singကဘာဖြစ်တာလဲကွ..'

'ဒီရောက်မှဘဲ ပြောကြတာပေါ့ကွ... အခုတော့ မင်းငါ့ကို အရင်ကူညီပေးဦးနော်'

'အေအေး အခုဘဲငါသွားခေါ်လိုက်မယ်....'

'အင်း ကျေးဇူးနော်New'

'မလိုပါဘူးကွာ ဒါဘဲနော်krist'

'အွမ်း...'

Kristလည်း phချပြီး ကုတင်ပေါ်မှာထိုင်ရင်း သူ့ကိုကြည့်နေတဲ့ Singtoဘေးနားသွားလိုက်သည်

'ကိုကို ဘာတွေအဲ့လောက်ကြည့်နေတာလဲ'

'aww..kitကိုကြည့်နေတာလေ

kit~~ကိုယ်ကအရမ်းကံကောင်းတယ်နော်'

'ကံကောင်းတယ်... ဘာလို့ကံကောင်းတာလဲ'

'ကိုယ်က အရမ်းကိုအလိုက်သိလွန်းတဲ့ချစ်သူလေးကို ပိုင်ဆိုင်ထားရလို့လေ..အဲ့တာကြောင့်မို့ပါ'

Singto၏စကားတို့ကြောင့် Kristရဲ့မျက်နှာလည်း ပန်းနုရောင်လေးအဖြစ်သို့ ပြောင်းသွားခဲ့ရပြန်သည်

'ကိုကိုကတော့နော် ပိုကိုပိုတယ်..'

'မပိုပါဘူး..kitရယ့် ပြောကြည့်ပါဦး..ဘယ်နေရာမှာပိုနေလို့လဲ'

'တော်ပြီကိုကိုရာ...kitကိုစရတာ အဲ့လောက်တောင်ပျော်နေတာလား'

'kitကအရမ်းကိုချစ်ဖို့ကောင်းလွန်းလို့ ကိုယ်ကစတာပါ

စိတ်မဆိုးနဲ့နော်'

'ပြောလိုက်ရင်တော့ အဲ့လိုကြီးဘဲ'

Kristလည်း မျက်စောင်းလေးထိုးကာပြောရင်း Singtoရှေ့ဝင်ထိုင်လိုက်တော့ Singtoက Kristရဲ့ လက်နှစ်ဖက်ကိုဆုပ်ကိုင်လာသည်

ပြူးကြောင်ကြောင်လေးကြည့်နေတဲ့ Kristကို Singtoကသူ့ရဲ့ ညို့အားပြင်းလှစွာသော အကြည့်တို့ဖြင့် မျက်ဝန်းနက်တွေထဲအထိ စူးစူးစိုက်စိုက်ကြည့်နေတော့သည်..

Kristကတော့ အာဆေးမိနေသူတယောက်နှယ် ဘာမှလည်းပြန်မပြောနိုင်ဘဲ ဒီအတိုင်း တောင့်တောင့်ကလေးသာဖြစ်နေတော့သည်...

သို့သော် သူ့ရင်ခုန်သံတွေကတော့ တဒုတ်ဒုတ်ဖြင့် မြန်ဆန်သောစည်းချက်တို့ဖြင့်လှုပ်ရှားနေတော့သည်

စက္ကန့်ပိုင်းမျှ အကြည့်ချင်းဆုံပြီးတဲ့နောက် Singtoကအပြုံးတစ်ခုဖြင့် ညင်သာစွာပြောလိုက်တဲ့ စကားတစ်ခွန်းက Kristရဲ့ရင်ထဲ လိပ်ပြာအကောင်ပေါင်းများစွာ ဝဲပျံသွားသကဲ့သို့နှယ်...

"

"

"

*အရမ်းချစ်တယ် kit*

Singtoပြောလိုက်သော ထိုစကားသည် kristအတွက် မရိုးနိုင်ခဲ့...အကြိမ်ပေါင်းများစွာ ကြားဖူးနေပြီးသားစကားဖြစ်သော်လည်း krist၏ရင်ထဲကိုနူးညံ့စွာ ဝင်ရောက်လာပြီး နှလုံးသားအစုံကိုလှုပ်ခါနိုင်စွမ်းရှိသည်....

'kit ကိုယ့်ကိုချစ်လား'

'အွင်း..ချစ်တယ်ကိုကို..'

Kristဖြေပြီးတာနဲ့တပြိုက်နက် Singtoရဲ့ အင်္ကျီကော်လံစကို ဆွဲလိုက်ပြီးသူတို့နှစ်ယောက်ရဲ့ နှုတ်ခမ်းတွေကို ထိကပ်လိုက်တော့ Singtoလည်း ရုတ်တရက်ကြီးဆိုတော့ အနဲငယ်အံ့သြမိသွားသည်....

သို့သော် ဘလိုဘဲဖြစ်ဖြစ်Kristဆီကရတဲ့ အနမ်းက Singtoအတွက်တော့ ကမ္ဘာပေါ်မှာ အထူးခြားဆုံးလက်ဆောင်တခုဘဲမဟုပါလား

Singtoလည်း မျက်လုံးများကိုမှိတ်ကာ Kristနဲ့အတူ အနမ်းချင်းဖလှယ်နေကြတော့သည်...

Kristနဲ့Singtoလည်းချိုမြိန်သော အနမ်းတို့ဖြင့် နှစ်ယောက်တည်းကမ္ဘာမှာ အတန်ကြာအောင်ပျော်မွေ့နေကြသည်...

Kristလည်း သူ့ဘက်ကအရင်ဆုံးစနမ်းလိုက်မိတဲ့အတွက် သူ့ကိုယ်သူပင်အံ့သြပြီး ရှက်နေမိသည်...

သူတို့နှစ်ယောက်ရဲ့အနမ်းတွေကိုရပ်လိုက်တာနဲ့ Singtoရင်ခွင်ထဲ Kristသူ့မျက်နှာကိုဝှက်ထားလိုက်သည်...

'kit...ဘာဖြစ်လို့လဲ'

'ဘာမှမဖြစ်ဘူး..ဒီအတိုင်း ခဏနေချင်လို့'

'ဟမ်..မဟုသေးဘူးလေ'

ဒေါက်..ဒေါက်!!

'Krist...Singtoငါတို့ဝင်လာမယ်နော်'

အပြင်က Newအသံကြောင့် Singလည်း ပြန်ဖြေလိုက်သည်...Kristကတော့ Singရင်ခွင်ထဲကထွက်ကာဘေးနားမှာမတ်တပ်ရပ်နေသည်

'အေ..ဝင်ခဲ့ New'

Singပြောလိုက်မှ Newနဲ့အတူ P'Sangပါမက ဟိုတခေါက်ကော်ဖီဆိုင်မှာတွေ့တဲ့ Tayဆိုတဲ့သူပါအထဲဝင်လာတော့သည်....awwသူမေ့နေတာဘဲ Tayနဲ့ Newနဲ့ကချစ်သူတွေဖြစ်နေပြီလို့ ဟိုတခေါက်က Newပြောပြထားတာဘဲ

'ဒီအတိုင်းဝင်လာလည်းရတာကို ဘာလို့ တံခါးခေါက်နေတာလဲ Newရဲ့'

'အော်..မသိဘူးလေ kristရယ် မင်းတို့က အခန်းထဲမှာ တခုခုလုပ်နေကြရင်ဘလိုလုပ်မလဲကွ...အဲ့လိုကျတော့မကောင်းဘူးလေ'

'ဟာ..ငါတို့ကဘာလုပ်ရမှာလဲ...ဘာမှမလုပ်ပါဘူး'

kristကတော့ ခရမ်းချဉ်သီးနဲ့အပြိုင်မျက်နှာကြီးနီရဲကာ Newရဲ့စကားကိုအကြောက်အကန် ပြန်ငြင်းနေလေသည်..

ခုနက သူ့ရဲ့ဘေဘီလေးက သူ့ကိုနမ်းပြီးရှက်နေလို့ သူ့ရင်ခွင်ထဲ ခေါင်းဝှက်ပြီးနေနေတာကိုး....လိပ်ပေါက်လေးက တော်တော်အရှက်သည်းတာဘဲ ရှက်နေတာလေးကိုက သည်းယားလိုက်တာကွာ....

'Singtoဟျောင့်....မင်းရုပ်ကဘလိုဖြစ်နေတာလဲ...သားရေတမြားမြားကျပြီး ထခုန်အုပ်တော့မဲ့ခြင်္သေ့လိုဘဲ....စိတ်လျော့ဦးနော် ဒါဆေးရုံကြီးမှာကွ'

ဟားဟားဟား

Newထပြောလိုက်တဲ့စကားကြောင့် Kristကလွဲပီးသူတို့အားလုံးထရယ်လိုက်ကြသည်...Kristကတော့ ခုနကထက်တောင်ပိုရှက်နေတဲ့အပြင် မျက်နှာရော နားရွက်တွေပါနီရဲတွတ်နေလေသည်....

.

.

.

သူတို့တွေအားလုံး အချိန်အတော်ကြာတဲ့အထိ စကားတွေပြောကာ စကြနောက်ကြနဲ့ပျော်ရွှင်နေကြသည်..

Singကဘလိုဖြစ်လို့ ဆေးရုံကိုရောက်နေတဲ့ဆိုတဲ့အကြောင်းတွေရော Kristက သူ့အကိုတွေကိုဘလိုဖိုက်ခဲ့တယ်ဆိုတာရော ပြီးတော့ Tayရဲ့အဖေနဲ့ Newတွေ့တဲ့အကြောင်းတွေပါမက သူတို့နှစ်ယောက်ကို Tayအဖေက သဘောတူလိုက်တဲ့အကြောင်းတွေကိုပါ ပြောနေခဲ့ကြသည်..

'အဲ့တော့ မင်းတို့အတွက် ကောင်းတာပေါ့ကွ...

P'Tayအဖေက သဘောတူလိုက်ပြီဆိုတော့'

'အွမ်း ဒါပေမယ့် Singရ ငါကငါ့အမေကိုမပြောပြရသေးဘူးလေးကွာ'

'မင်းအမေက သဘောကောင်းပါတယ် ဒါနဲ့ မင်းအမေနဲ့ P'Tayကရောတွေ့ဖူးတယ်မဟုလား'

'တွေ့ဖူးတယ်ကွ တွေ့ဖူးရုံတင်ဘယ်ကမလဲ P'ကငါ့အမေကိုအပိုင်ချုပ်ထားတာကွ..'

'ဟင် ဘလိုအပိုင်ချုပ်တာလဲ'

ဒီတခေါက်ကတော့ Singtoဆီကမေးခွန်းမဟုတ်

ဘေးနားကနေ ပြောသမျှ နားထောင်နေတဲ့ Kristဆီကမေးခွန်းပင်

'ဘလိုချုပ်ရမလဲ kristရယ် ငါ့အမေကိုP'ကအမေအမေနဲ့ ငါ့အမေကလည်း တသားသားနဲ့ ငါ့ကိုတောင်မေ့နေပြီကွ..P'Tayကိုဘဲ ချစ်နေတာ..'

'အဲ့လောက်ထိတော့ မဟုသေးပါဘူး Newရဲ့ P'က နဂိုကတည်းက လူကြီးတွေအချစ်ကိုခံရတာလေ'

'ဟွန့်...ဟုတ်တာလည်းမဟုတ်ဘဲ ပြောနေတယ်

အခုတောင် မနက်စောစောစီးစီး အိမ်ရောက်လာတာနဲ့kristရေ ဒီကိုလိုက်ပို့ခိုင်းလိုက်တာ'

'အဲ့တော့မကောင်းဘူးလား Newသက်သာတာပေါ့ မဟုဘူးလားP'Tay'

'ဒါပေါ့ Kristရယ်....'

ဆေးရုံအခန်းထဲမှာတော့ ရယ်မောသံတွေ စကားသံတွေက တော်တော်နဲ့ရပ်မသွားပါဘူး....

တောက်ပနေတဲ့ နေမင်းကြီးနဲ့အပြိုင် ရယ်မောကာစကားပြောနေကြတဲ့ ကောင်လေးတွေရဲ့ မျက်နှာဟာလည်း ပျော်ရွှင်မှုတွေနဲ့သာ ပြည့်နှက်နေကြလေသည်.......

💞💞💞💞💞💞💞💞💞💞💞💞

(kristလေးကိုနှောင့်ယှက်နေတဲ့ Janeလည်း ထောင်ကျတော့မှာဆိုတော့ ဒီficလေးလည်း ဇာတ်သိမ်းတော့မှာပါနော်..

နောက်တစ်ပိုင်းကျရင် Janeနဲ့အတူ pinkတို့ဘလိုဖြစ်သွားလဲဆိုတဲ့အပိုင်းလေးတွေကိုရေးသွားပေးပါမယ်နော်...ဇင့်ဇင့်ရဲ့ ficလေးကို ဖတ်ပေးပြီး ⭐လေးတွေဖတ်ကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်နော်...love u all💖)

Continuă lectura

O să-ți placă și

577K 12.9K 40
In wich a one night stand turns out to be a lot more than that.
4.1K 320 14
Wang Ruo Lin × Li Dai Kun (9.6.2021 to 19.6.2021)
1.5K 75 21
မင်းကငါ့ဘဝ❣️ ကြီးကျယ်ခမ်းနားတဲ့အိမ်တအိမ်မှာရယ်မောသံတွေ ပျော်ရွှင်မှုတွေအပြည့်ဖုုံးလွှမ်းနေတယ် မာနခဲလေးနှယောက်ရဲ့အချစ်ကဘယ်လိုဖြစ်လာမလဲ တယောက်ကအနိုင်ယူ...
1K 74 9
Zeeဆိုတဲ့ ကောင်လေးတ ယောက်ကို တဖက်သတ်အနေနဲ့ 5နှစ် လောက်ကြိုက်လာတဲ့ Nunew ဆိုတဲ့ကောင်လေး တယောက် ယာဉ်မတော်တဆဖြစ်ပြီး မှတ်ဉာဏ် တွေ ပျောက်ဆုံးသွားပြီး နော...