แ€กแ€†แ€ฏแ€ถแ€ธแ€™แ€ฒแ€ทแ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธ (Endless Lo...

By reselda_

64.5K 3.3K 46

Singkrist....... ๐Ÿ’™๐Ÿ’™Sk๐Ÿ’™๐Ÿ’™ Peraya..........โคโคโค More

.....Intro.....
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Baby kit's Jealous On his P'Sing)
Part-21(First Kiss๐Ÿ’‹๐Ÿ’‹)
Part-22
Part-23
Part-24(Sweet Kiss)
Part-25
Part-26
Part-27
Part-28(Kiss for my love)
Part-29(I promise u my love)
Part-30(Morning kiss from my lover)
Part-31(Forgive me for my mistake)
Part-32(Deeply kiss๐Ÿ’‹)
Part-33(Mwah mwah๐Ÿ˜˜)
Part-34(Anniversary ๐Ÿ’–๐Ÿ’–)
Part-35(Love=Love)
Part-36
Part-37
Part-38๐Ÿ’œ๐Ÿ’œ
Part-39(๐Ÿ’™๐Ÿ’™)
Part-40(๐Ÿ’š๐Ÿ’š)
Part-41(๐Ÿ’›๐Ÿ’›)
Part-42(๐Ÿ’–๐Ÿ’–)
Part-43(SWEET LOVE)
Part-44(๐Ÿ’ž๐Ÿ’ž๐Ÿ’ž)
Part-45(๐Ÿ’๐Ÿ’)
Part-46(๐Ÿ’•๐Ÿ’•)
Part-47(๐Ÿ’ž๐Ÿ’ž)
Part-48(๐Ÿ’Ÿ๐Ÿ’Ÿ)
Part-49(๐Ÿ’š๐Ÿ’š๐Ÿ’š)
Part-50(๐Ÿ’๐Ÿ’)
Part-51(๐Ÿ’–๐Ÿ’–)
Part-52(๐Ÿ’˜๐Ÿ’˜)
Part-53(End๐Ÿ’)
Part-1 (Uni)
Part-2 (Uni)
Part-3 (Uni)
Part-4(Uni)
Part-5(Uni)
Part-6(Uni)
Part-7(Uni)
Part-8(Uni)
Part-9(Uni)
Part-10(Uni)
Part-11(Uni)
Part-12(Uni)
Part-13(Uni)
Part-14(Uni)
Part-15(Uni)
Part-16(Uni)
Part-17(Uni)
Part-18(Uni)
Part-19(Uni)
Part-20 (Uni)
Part-21(Uni)
Part-22(Uni)
Part-23(Uni)
Part-24(Uni)
Part-25(Uni)
Part-26(Uni)
Part-27(Uni)
Part-28(Uni)
Part-29(Uni)
Part-30(Uni)
Part-31(Uni)
Part-32(Uni)
Part-33(Uni)
Part-34(Uni)
Part-35(Uni)
Part-36(Uni)
Part-37(Uni)
Part-38(Uni)
Part-39(Uni)
Part-40(Uni)
Part-41(Uni)
Part-42(Uni)
Part-43(Uni)
Part-44(Uni)
Part46(Uni)
Part-47(Uni)
Part-48(Uni)
Part-49(Uni)
Part-50(Uni)
Part-51(Uni)
Part-52(Uni)
Part-53(Uni) End

Part-45(Uni)

145 9 0
By reselda_

ကျောင်းပိတ်ရက်ဆို ကျောင်းသားတိုင်းကပျော်ရွှင်နေကြမြဲပါ သို့သော် ထိုအထဲတွင်တော့ Newမပါခဲ့

သူ ဒီကျောင်းပိတ်ရက်ကိုကြောက်မိနေခဲ့တာတော့အမှန်ဘဲ

ဒါပေမယ့်လည်း 'ငါယောကျာ်းလေးဘဲ လုပ်နိုင်တယ်' ဆိုပြီး အားတင်းထားသည်

.

.

မှန်ရှေ့မှာ အဝတ်အစားကို သေသေချာချာဝတ်နေရင်း လေပူတစ်ချက်ကိုအားရပါးရမှုတ်ထုတ်လိုက်တော့သည်....

ဒေါက်!!!ဒေါက်

'သားရေ Newအောက်မှာ Tayလေးရောက်နေပြီကွယ့် မြန်မြန်လုပ်'

'ဟုတ် ပြီးပြီ မေမေ'

Newလည်း အကုန်ပြင်ဆင်ပြီးတာနဲ့ သူ့အခန်းထဲကနေ ထွက်လာခဲ့ပြီး အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်

'အံမယ်... အမေ့သားလေးက အခုလိုကျတော့လည်း ကြည့်ကောင်းနေလို့ပါလား'

'ဟီးဟီး...'

Newသူ့အမေကို ရယ်ရုံသာရယ်ပြလိုက်ပြီး P'Tayဘက်ကိုကြည့်လိုက်တော့ သူ့ကိုအကြောင်လိုက် ငေးကြည့်နေတဲ့အတွက် Newပါးထက်မှာ ပန်းနုရောင်လှိုင်းကလေးက ဖြတ်ခနဲပြေးသွားခဲ့သည်

'အဟမ်း!!!!P~~P'Tayသွားရအောင်လေ'

'hum??အွမ်း.. သွားမယ်'

လည်ချောင်းတချက်ဟန့်ပြီး Newစကားစလိုက်မှဘဲ Tayတယောက်သတိပြန်ဝင်လာတော့သည်

သူသတိပြန်ဝင်လာတော့ Newအမေကလည်း သူ့ကို ကြည့်နေတဲ့အတွက်ကြောင့် သူမျက်နှာပူလာမိပြန်သည်

Newကိုငေးကြည့်နေမိတာ တအိမ်လုံးမှာ သူနဲ့ Newနှစ်ယောက်တည်းသာရှိနေတယ်လို့တောင် Tayထင်နေခဲ့မိသည်အထိပင်...

'အမေသားတို့သွားတော့မယ်နော်..'

'အင်း..ကောင်းကောင်းသွားကြနော်

သားTayလည်းကားဂရုစိုက်မောင်းနော်'

'ဟုတ်ကဲ့ဗျ'

Tayခမျာ ရှက်လွန်းလို့ Newအမေမျက်နှာကိုစေ့စေ့မကြည့်ရဲဘဲ အလိုက်သင့်ပြန်ဖြေကာ အိမ်ထဲကနေ အမြန်အပြင်ထွက်လာခဲ့တော့မှဘဲ သူ့မှာ အသက်ရှူချောင်တော့တယ်..

ဘလိုတောင် ငေးပလိုက်တာလဲ Tayရာ..

စိတ်ထဲကနေ သူ့ကိုယ်သူဘဲ အပြစ်တင်နေလိုက်တော့သည်

'P'ဘာရပ်လုပ်နေတာလဲ .... '

'aww...ဘာမှမလုပ်ပါဘူး'

ကားဘေးနားမှာ ရပ်နေတဲ့ Newဘေးနားကို အပြေးသွားလိုက်ပြီး ကားတံခါးကိုဖွင့်ပေးလိုက်ကာ Newကားပေါ်တက်ပြီးတာနဲ့ သူလည်းကားပေါ်ဝင်ထိုင်ပြီး ကားစက်မောင်းကာ သူ့အဖေနဲ့ချိန်းထားတဲ့နေရာကိုထွက်လာခဲ့လိုက်သည်

.

.

.

ကားထဲက လေထုကတော့ ငြိမ်သက်နေပြီးတယောက်နဲ့တယောက် ဘာစကားမှမပြောဖြစ်ကြဘဲတိတ်ဆိတ်နေတဲ့အချိန်

'ဒီနေ့ P'ချစ်သူလေးတော်တော်ကြည့်ကောင်းနေတယ်နော်'

Newသူအခုတွေ့ရမယ့်သူနဲ့ တွေ့ရင် အဆင်ပြေပါ့မလားလို့တွေးနေရင်း ရုတ်တရက် P'Tayပြောလိုက်တဲ့စကားကြောင့် စိတ်လှုပ်ရှားမှုတွေအပြင်ရင်ခုန်မှုကပါ တိုးလာခဲ့သည်

'ဟုလို့လား P'ရဲ့'

'ဟုတာပေါ့...မယုံရင် P'ရင်ဘတ်ကိုစမ်းကြည့်လိုက်လေ'

'ဟာ....မစမ်းပါဘူး...Pကလည်း'

'Newက Pပြောတာကိုမယုံလို့လေ အဲ့တာကြောင့် ယုံအောင်လို့လေ

P'ရင်ထဲမှာ ဒုတ် ဒုတ်...ဒုတ် ဒုတ်နဲ့ ရင်ဘတ်ကြီးတခုလုံးတောင် ပေါက်ထွက်တော့မလိုဘဲ...'

'Pရယ် တော်ပါတော့ ဒီမှာ စိတ်ပူနေပါတယ်ဆို P'ကဒီလိုမျိုးတွေလာပြောနေတယ်'

'ok...okမပြောတော့ဘူးနော်..'

စပ်ဖြီးဖြီးနဲ့ လှည့်ပြီးပြောလာတဲ့Pကို Newမကျေနပ်တဲ့အကြည့်နဲ့ ကြည့်လိုက်မှ ကိုယ်တော်ချောက ငြိမ်ကျသွားတော့သည်

P'နဲ့တော့တကယ်..မလွယ်ပါဘူး..

🚗🚗🚗🚗

နောက်ဆုံးတော့မောင်းနှင်လာတဲ့ကားလေးက ကြီးကျယ်ခမ်းနားတဲ့ စားသောက်ဆိုင်ကြီးရှေ့အရောက်မှာ ရပ်သွားတော့သည်

'Newရောက်ပြီလေ'

'ဟုတ်P~~~'

Tayကားပေါ်ကဆင်းပြီးတဲ့နောက် Newလည်းဆင်းလာခဲ့သည်...

Tay သူ့ချစ်သူလေးရဲ့မျက်နှာကိုကြည့်လိုက်မိတော့ Newမျက်နှာမှာ စိုးရိမ်ပူပန်မှုတွေကအထင်းသား...

'Newလေး အဆင်ပြေရဲ့လား??'

'ပြေပါတယ်P'

Newရဲ့ လက်ကို Tayဆုပ်ကိုင်လိုက်တော့ Newကလက်ဖျားလေးတွေပင်အေးစက်နေပေပြီ...

ဒါနဲ့များအဆင်ပြေတယ်တဲ့လား Newလေးရယ်...

'New ဘာမှမစိုးရိမ်နဲ့နော် P'ဘေးနားမှာရှိတယ်'

'ဟုတ်'

အားတင်းကာ ပြန်ပြုံးပြရင်းဖြေလာတဲ့ ချစ်ရသူရဲ့ လက်ကိုတင်းတင်းဆုပ်ကိုင်ရင်း Tayသူ့အဖေရှိရာနေရာဆီလျှောက်လာခဲ့တယ်

စားစရာတွေ အပြည့်နဲ့စားပွဲတစ်ခုမှာ အခန့်သားထိုင်နေတဲ့ လူကြီးတယောက်ကိုတွေ့တော့ Newရဲ့စိတ်တွေ အလွန်လှုပ်ရှားနေမိသည်

'New...ဒါ P'အဖေ...

အဖေ သူက Newပါ'

'Sa-wad-dee-krup.. '

Newလည်း အသံကိုအတတ်နိုင်ဆုံးထိန်းကာ ယဉ်ယဉ်ကျေးကျေးနဲ့ အရိုအသေပြုပြီး ပြန်လည်နှုတ်ဆက်လိုက်တော့

P'အဖေက ခေါင်းတချက်ငြိမ့်ပြကာ

'ထိုင်ပါ...'

'ဟုတ်ကဲ့ခမျ....'

Tayနဲ့Newနှစ်ယောက်လုံး ပြိုင်တူထိုင်လိုက်ပြီး Tayအဖေဆက်ပြောလာမဲ့ စကားကိုသာ အာရုံစိုက်နေခဲ့ကြသည်

'Newနော် နာမည်က...'

'ဟုတ်ကဲ့..'

'Tayနဲ့ကြိုက်နေကြတယ်ဆို အဲ့တာဟုတ်လား..'

'ဟုတ်ပါတယ်ဗျ..'

'အဲ့တာဆို Tayရဲ့ဘယ်အချက်ကိုကြိုက်တာလဲ ပြောကြည့်ပါဦး'

'P'Tayက ကူညီတတ်တယ် အားနာတတ်တယ်

စည်းကမ်းရှိပြီး ဘယ်အလုပ်မှာမဆို နည်းစနစ်ကျတယ်

ဘယ်အရာကိုမဆို လွယ်လွယ်နဲ့အရှုံးမပေးဘဲ ကြံ့ကြံ့ခံရင်ဆိုင်သွားနိုင်တဲ့ သူဖြစ်တယ်

ပြီးတော့ နွေးထွေးတဲ့နှလုံးသားတစ်စုံလည်းရှိတယ် ...'

'အဲ့ဒါတွေကြောင့်ဘဲပေါ့... ဟုလား'

'ဟုပါတယ်..ဒါပေမယ့် အဲ့အချက်တွေထက်ကိုပိုပါတယ်

တချို့အချက်တွေက စကားလုံးတွေနဲ့ဖော်ပြလို့မရတဲ့အထိ နက်ရှိုင်းလွန်းလို့ပါခမျ...'

'မင်း သတ္တိရှိတာဘဲ... ကောင်းတယ် ယောကျာ်းဆိုတာ အဲ့လိုမျိုးပြောရဲတဲ့ သတ္တိရှိရမှာ..'

'ကျေးဇူးပါခမျ..'

Tayအဖေဆီက ချီးကျူးမှုအနည်းငယ်ကြောင့် Newအနည်းငယ်အားတက်လာမိသည်....အမှန်အတိုင်းပြောရရင် သူ P'အဖေရှေ့မှာရှက်ပြီး ကြောက်ရွံ့နေတဲ့ပုံမဖြစ်နေချင်ဘူး..

သူ့အသက်ငယ်ပေမယ့် သတ္တိရှိရှိနဲ့ အရာရာကိုရင်ဆိုင်နိုင်တဲ့သူဘဲဖြစ်နေချင်တယ်

'ဒါနဲ့.....'

'ဟုတ်ကဲ့..'

'မိသားစုဘယ်နှစ်ယောက်ရှိတာလဲ'

'ကျွန်တော်နဲ့အမေ နှစ်ယောက်တည်းဘဲရှိတာပါခမျ'

'အွမ်း.... Tayနဲ့မင်းကိစ္စကို မင်းအမေရောသိလား'

'မသိသေးပါဘူး'

'တကယ်လို့သိသွားခဲ့ရင်ရော...မင်းဘာလုပ်မှာလဲ??'

'ဘာမှ မလုပ်ပါဘူး...'

'ဘာလို့လဲ..'

မျက်ခုံးတစ်ဖက်ပင့်လျက် မေးလာတဲ့ Tayအဖေရဲ့မေးခွန်းကို Newပြုံးလျက်ဘဲပြန်ဖြေလိုက်သည်

'အဖေဆုံးပါးပြီးကတည်းက အမေကကျွန်တော့်ကိုစောင့်ရှောက်လာခဲ့ပြီး သတ္တိရှိရှိနဲ့ ဘဝမှာရပ်တည်နိုင်အောင် ပြုစုပျိုးထောင်သင်ကြားပေးခဲ့တယ် အမေနဲ့သားနှစ်ယောက်တည်းဘဲရှိတဲ့ကျွန်တော်တို့အတွက် တယောက်နဲ့တယောက်ပျော်ရွှင်မှုကအရေးကြီးတယ် အမေဝမ်းနည်းအောင်ကျွန်တော်မလုပ်သလို အမေကလည်းကျွန်တော်ဝမ်းနည်းနေတာထက် ကျွန်တော်ပျော်နေတာကိုဘဲ မြင်ချင်တဲ့သူပါ....

ဘယ်အရာမှာမဆို ကျွန်တော့်ကိုနားလည်ပေးပြီး အကြံဉာဏ်ပေးလေ့ရှိတယ်... အခုကိစ္စမှာလည်း ကျွန်တော်တို့အတွက် မိဘတွေရဲ့ မေတ္တာနဲ့ နားလည်ပေးမှုတွေကို ပိုပြီးလိုအပ်နေတယ်ဆိုတာကို အမေသိလိမ့်မယ်လို့ထင်ပါတယ်...

ပြီးတော့ ငယ်ငယ်တုန်းကကျွန်တော့်ကို အမေပြောဖူးတယ်

အိမ်ထောင်ရေးတခုကိုတည်ဆောက်တဲ့အခါကျရင် ကိုယ့်စိတ်ဆန္ဒမပါဘဲ မချစ်တဲ့သူတယောက်ကို လက်ထပ်လိုက်ရရင် အဲ့အိမ်ထောင်ရေးက မတည်မြဲဘူးတဲ့... တကယ်လို့ ကျွန်တော်ချစ်သူရှိလာခဲ့ရင် ဘလိုလူမျိုးဖြစ်နေပါစေ သူလက်ခံပေးနိုင်တယ်တဲ့... အိမ်ထောင်ရေးတစ်ခုကို ကိုယ်ချစ်တဲ့သူနဲ့ဘဲတည်ဆောက်ရင် ပိုပျော်ရွှင်ရတယ်တဲ့...အဓိကက ကိုယ်ချစ်တဲ့သူဖြစ်နေဖို့ဘဲ လိုအပ်တယ်လို့ပြောတယ်'

'အင်း....အဲ့ဒါဆိုရင် မင်းတို့နှစ်ယောက်ကချစ်ကြတယ်ပေါ့ ဟုတ်ပီ လက်ထပ်လိုက်မယ်ဆိုပါတော့ မင်းတို့အိမ်ထောင်ရေး ယောကျာ်းလေးနှစ်ယောက်ဖြစ်တဲ့မင်းတို့ရဲ့အချစ်က ခိုင်မြဲမယ်လို့ထင်လား..'

'အဲ့တာကတော့ မသေချာပါဘူး....ဒါပေမယ့် ကျွန်တော်ပြောရဲတာက ကျွန်တော် P'Tayကို တကယ်ချစ်တဲ့အတွက် ကျွန်တော့်အချစ်ကိုတော့အာမခံပါတယ်

ကျွန်တော့်ဘက်ကတော့စပြီး ဘယ်တော့မှ သစ္စာပျက်မှာမဟုပါဘူး'

ဒီစကားကို Newပြောတဲ့အချိန်မှာ Tayမျက်လုံးကိုစေ့စေ့ကြည့်ပြီးပြောလိုက်တဲ့အခါ Tayရဲ့ ရင်ထဲမှာ အတိုင်းအဆမရှိ ကြည်နူးမှုတွေဖြစ်လာခဲ့သည်.....

ဝင်လာခါနီးတုန်းက လက်ဖျားတွေတောင်အေးစက်ပြီး ကြောက်နေတဲ့သူက အခုတော့အေးအေးဆေးဆေးနဲ့ ပြန်ဖြေနေလို့ပါလား...အခုအချိန်မှာ Tayကတော့ သူ့အဖေနဲ့ Newရဲ့ပြောနေတဲ့စကားကိုသာ ဘေးကနားထောင်နေသူတယောက်ဘဲပေါ့...

'Tayကရော မင်းကို တဘဝလုံးချစ်သွားမယ်ထင်လား???'

'ထင်တာထက်ကို ကျွန်တော် P'Tayအချစ်ကိုယုံကြည်တယ်

ချစ်သူတွေအနေနဲ့တစ်ဦးပေါ်တစ်ဦးယုံကြည်မှုကအရေးပါ ပါတယ် အမှန်အတိုင်းပြောရရင် P'Tayကိုကျွန်တော်လေးစားတယ် စည်းကမ်းရှိတဲ့ အဖေရဲ့ ဆုံးမသွန်သင်မှုအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ P'ကိုကျွန်တော်အားကျမိတယ်...

P'လိုမျိုး လူတယောက်က ဘယ်တော့မှ သူ့နှလုံးသားနဲ့ရင်းပြီး ကစားပွဲတခုကိုကစားမှာမဟုဘူး.. တကယ်လို့P'Tayကကျွန်တော့်ကိုမချစ်တော့ဘူးဆိုရင်တောင် P'ကိုတော့ ကျွန်တော်အမြဲတမ်းချစ်သွားမှာပါ P'စိတ်ဓာတ်ကျနေတဲ့အချိန်တိုင်း ကျွန်တော်ဘေးကနေ အကြံပေးအားပေးနေပြီး P'ရဲ့အားအင်တစ်ခုအဖြစ်နဲ့နေသွားမှာပါ'

'အချစ်တစ်ခုတည်းနဲ့အားလုံးပြည့်စုံမယ်လို့ထင်လို့လား'

Tayအဖေရဲ့ မေးခွန်းကို Newပြုံးရင်းခေါင်းညိမ့်မိလိုက်သည်...

'ဟုပါတယ် အရာအားလုံးက အချစ်တခုတည်းနဲ့မပြည့်စုံပါဘူး

ဒါပေမယ့် အရာအားလုံးက အချစ်ဆိုတဲ့အရာအပေါ်မှာ အခြေခံပီး ဖြစ်ပေါ်လာကြတာပါ အချစ်ဆိုတာက ဆန်းကြယ်ပါတယ် လူတယောက်ယောက်ကိုအမျိုးမျိုးပြောင်းလဲနိုင်စွမ်းရှိတယ်

ကျွန်တော် ဒီကိုဝင်လာခါနီးအထိ အန်ကယ်နဲ့တွေ့ရမှာကို ကြောက်နေခဲ့မိတယ် ဒါပေမယ့် ကျွန်တော် P'Tayကိုချစ်တဲ့အချစ်ကဘဲ ဒီအကြောက်တရားကိုအနိုင်ယူသွားခဲ့တယ်... ကမ္ဘာပေါ်မှာရှိတဲ့ စွမ်းအားတွေထဲမှာ အချစ်စွမ်းအားက အင်အားအကြီးဆုံးနဲ့ အဆန်းကြယ်ဆုံးပါ... ဒါကို လူငယ်ဖြစ်တဲ့ ကျွန်တော့်ထက် အန်ကယ်က အဆပေါင်းများစွာ ပိုသိလိမ့်မယ်လို့ထင်ပါတယ်..'

ဘာမှဆက်မမေးတော့ဘဲ စဉ်းစားနေဟန်ရှိနေသည့် Tayအဖေကို Newကဘဲစကားဆက်ပြောလိုက်သည်

'အန်ကယ် ကျွန်တော်တို့အချစ်က လူအများစုအတွက်ထူးဆန်းနေပါလိမ့်မယ် ဒီလိုထင်မြင်ချက်တွေက သူတို့ဖြတ်သန်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်အပေါ်မူတည်ပြီးမြင်တဲ့အမြင်ပါ လူတွေရဲ့အမြင်ထင်မြင်မှုတွေကမတူနိုင်ပါဘူး ဒါပေမယ့် ဒီလိုထင်မြင်ချက်တွေကြောင့် တခြားသူတွေကိုမထိခိုက်ဖို့တော့လိုပါတယ် အဲ့လိုပတ်ဝန်းကျင်က ပြောဆိုမှုတွေကြောင့်နဲ့တော့ လူနှစ်ယောက်ရဲ့အချစ်ရေးက ပျက်စီးသွားလို့မဖြစ်ပါဘူး... ချစ်သူဆိုတာ တယောက်နဲ့တယောက်နားလည်ပေးပြီး ဘေးနားကနေ အားပေးနှစ်သိမ့်မှုတွေပေးရပါမယ် အဲ့တာထက်အရေးကြီးတာက ကျွန်တော်တို့ မိဘတွေရဲ့ မေတ္တာနဲ့ ချစ်ခြင်းတွေပါဘဲ

ပတ်ဝန်းကျင်ကဘလောက်ဘဲပြောဆိုနေပါစေ ကိုယ့်မိဘတွေက ကိုယ့်ဘက်မှာရပ်တည်ပေးနေတယ်ဆိုရင် ပတ်ဝန်းကျင်ကကဲ့ရဲ့ပြောဆိုမှုတွေကလည်းအချည်းအနှီးပါဘဲ အသုံးမဝင်တော့ပါဘူး.. ကျွန်တော်တို့ဘက်မှာ မိဘတွေရပ်တည်ပေးနေတဲ့အတွက် ရှေ့ဆက်ရမယ့် လမ်းကဘလောက်ကြမ်းပါစေ ကြံ့ကြံ့ခံရင်ဆိုင်သွားနိုင်မယ်လို့ထင်ပါတယ်... '

Newရဲ့စကားအဆုံး Tayအဖေရဲ့ နှုတ်ခမ်းတို့က အပေါ်သို့အနည်းငယ်ကော့တက်သွားခဲ့သည်...

ထို့နောက်.....

'ကဲ...အခု စားကြရအောင်..ဗိုက်ဆာနေကြမှာပေါ့'

'ဟုတ်ကဲ့'

Tayနဲ့ Newနှစ်ယောက်လုံးလည်း စားပွဲပေါ်မှာအသင့်ရှိနေပြီးသားဖြစ်တဲ့ စားစရာတွေကို စားလိုက်ကြသည်...

ခဏလောက်ကြာတော့ Tayအဖေက

'ကဲ အန်ကယ့်မှာ အလုပ်တွေရှိသေးလို့ သွားတော့မယ်

Tayသားနဲ့ အိမ်ရောက်မှ ဆက်ပြောကြတာပေါ့'

'ဟုတ်ကဲ့ ဖေဖေ'

Tayအဖေထွက်သွားတော့မှ Newသူ့ရင်ထဲက အပူလုံးကြီးကျသွားတော့သည်

ဘေးကနေ P'Tayက သူ့ကိုပြုံးပြုံးကြီးစိုက်ကြည့်နေတာကြောင့် Newလက်နှစ်ဖက်ကိုပိုက်ကာ မေးလိုက်သည်

'P'ဘာလို့အဲ့လိုကြည့်နေတာလဲ...'

'Newလေး ဘာလို့အဲ့လောက်တောင်တော်နေရတာလဲ

P'ထင်ထားတာထက်ကို Newကပိုပြီးသတ္တိရှိပြီးပြောတတ်လိုက်တာ..ပြောပါဦး ဘယ်ကနေ ဘလိုသတ္တိတွေရှိသွားတာလဲ..????'

'ပြောခဲ့တယ်လေ P'ကလည်း..'

'hum!!!ဘယ်တုန်းကပြောတာလဲ??'

မသိသလိုလိုနဲ့မေးလာတဲ့ P'Tayရဲ့မေးခွန်းကို သူခေါင်းငုံရင်းသာ ပြန်ဖြေနိုင်ခဲ့သည်

'P'ကိုချစ်လို့~~~'

'hum..မကြားရဘူး ပြန်ပြောပါဦး...'

'ဟာ...P'တော်တော့ မပြောနဲ့တော့'

'aww..P'ရဲ့ Newလေးကရှက်သွားတာကိုး ဟားဟား'

'P'တော်ပီ မရယ်နဲ့တော့...'

'အဟားဟား........ '

'P'

မကြာခင်မှာဘဲ စားသောက်ဆိုင်ကြီးရဲ့အထဲမှာတော့ ကောင်လေးနှစ်ယောက်ရဲ့ ရယ်သံအော်သံတွေနဲ့ ဖုံးလွှမ်းသွားတော့သည်

-----------------------------------------------------------

ကျောင်းပိတ်တုန်းတိုက်ခန်းမှာ တယောက်တည်းမနေချင်တာကြောင့် Singနဲ့အတူ Singရဲ့အိမ်ကို Kristလိုက်လာခဲ့တော့

'ဟာ..N'Krist လာ..Singက Phကြိုဆက်ထားလို့ P'စောင့်နေတာ'

'အားနာစရာကြီး P'ရယ်...'

'ရပါတယ် ဘာအားနာစရာလိုလို့လဲ...'

သဘောကောင်းလှတဲ့ P'Sangကို Kristလည်းဘာမှဆက်မပြောတော့ဘဲ Singရဲ့ဘေးမှာဘဲဝင်ထိုင်လိုက်သည်

'အဆင်ပြေသွားကြပီပေါ့..ဟုလား'

Sangအမေးကြောင့် Singနဲ့Kristနှစ်ယောက်လုံး ခေါင်းကုတ်လျက် ရယ်ကြဲကြဲဖြင့်သာ...

'ဟီးဟီး...ဟုတယ် အဆင်ပြေသွားပြီP'

'P'လည်းထင်ပါတယ် ပြန်အဆင်ပြေသွားမှာပါလို့...'

'ဟုတ်...'

'ဖြစ်တတ်ပါတယ် ချစ်သူဘဝမှာ ဒီလိုပြဿနာလေးတွေကတော့'

'P'....P'ရော ချစ်သူမထားချင်ဘူးလား...'

Kristရဲ့အတည်ပေါက် မေးလိုက်တဲ့ စကားကြောင့် Sangတယောက် ကြောင်သွားရင်း ခဏကြာတော့ ထရယ်လေတော့သည်..

'ဟားဟား...Kristရယ် မေးတတ်လိုက်တာ

P'အပူမရှာချင်သေးဘူးကွယ်...တကယ်လို့ထားချင်ရင် ဟိုအရင်ကတည်းကထားပြီးပြီပေါ့... ဒါပေမယ့် အခုလိုအခြေအနေမှာတော့ ထားချင်ရင်တောင်ထားလို့မရတော့ဘူးလေ'

နောက်ဆုံးမှာ တိမ်ဝင်သွားတဲ့စကားသံကြောင့် Kristရင်ထဲမှာ P'Sangကို အားနာသနားမိပြန်သည်...

'P'ကျွန်တော်တောင်းပန်ပါတယ်'

'အာ...ဘာကိုတောင်းပန်တာလဲ..မလိုပါဘူး မတောင်းပန်ပါနဲ့'

'ဒါပေမယ့်P~~~~'

Kriskဆက်ပြောမလို့ လုပ်နေပေမယ့် စားပွဲပေါ်မှာတင်ထားတဲ့ သူ့ရဲ့ phသံကြောင့် ကြည့်လိုက်တဲ့အခါ သူမသိတဲ့ နံပါတ်စိမ်းတစ်ခု ဘသူပါလိမ့်...သူလည်းမသိဘာလား...

'hello..'

'အေး Krist...မင်းတို့ကငါ့ကိုအရူးလုပ်တာလား...'

phကိုင်လိုက်တာနဲ့တပြိုင်နက် သူ့ကိုပြောလိုက်တဲ့စကားကြောင့် Kristဒေါသတို့က ထောင်းခနဲဖြစ်သွားခဲ့သည်

'အခုပြောနေတာက ဘသူလဲ...??'

'ငါ Janeဘဲ..'

'Jane.... မင်း!!!!'

Kristနှုတ်ကထွက်လာတဲ့နာမည်တစ်လုံးကြောင့် Singနဲ့Sangတို့ရဲ့ အကြည့်နဲ့ အာရုံက Kristဆီရောက်လာခဲ့သည်...

Kristလည်းP'Sangနဲ့ Singပါကြားရဖို့အတွက် ph speakerကို ဖွင့်ထားလိုက်ပေးလိုက်တော့

'မင်းတို့ငါ့ကိုအရူးလုပ်တာလား..ဟမ်..ပြောစမ်း'

'ဒီမှာ ခများဘာတွေလာပြောနေတာလဲ..'

'အမွေတွေအားလုံးကိုမင်းတယောက်ဘဲရတယ်ဆိုတာက ဘာသဘောလဲ...'

'ဘာကိုဘာသဘောရမှာလဲ...နေပါဦး ခများကအဲ့တာကိုမကျေနပ်နေတာလား'

'အေး...မကျေနပ်ဘူး..ငါကလည်းမင်းအဖေရဲ့ အိမ်ထောင်စုစာရင်းထဲထည့်ထားတဲ့သားဘဲကွ အမွေတွေအကုန်လုံးကိုငါလည်းရ ရမှာပေါ့..'

'ခများ ပါးစပ်နဲ့ ပြောရဲတယ်နော် အဟက်...ဘာ ကျုပ်အဖေရဲ့သား..ဟုလား..'

'အေး ဟုတယ် အဲ့တော့ ဒီအမွေတွေကိုငါလည်းရသင့်တယ်'

'ခများဆုတောင်းနေရင်တောင်မှ အဲ့အမွေတွေကိုခများမရစေရဘူး ကျုပ်အဖေရှာထားတဲ့ငွေက ခများလိုလူအတွက်မဟုဘူး

ဒီမှာ ခများကိုကျုပ်ပြောလိုက်မယ် ကျုပ်အဖေမသေခင်ကတည်းက အမွေတွေကို ကျုပ်တယောက်တည်းကိုဘဲ ပေးခဲ့မယ်လို့သေတမ်းစာမှာရေးထားပြီးသား..'

'မင်းတို့ ငါ့ကိုအရူးလုပ်ကြတာ ငါ့ကိုဘာထင်နေတာလဲမင်းတို့စောင့်ကြည့်နေ အဲ့အမွေတွေအားလုံးငါ့လက်ထဲကိုဘဲ ရောက်လာစေရမယ်......'

'တီ'ခနဲတဖက်က phသံပြတ်တောက်သွားပြီးတဲ့နောက် Kristသက်ပြင်းတချက်ကိုချလိုက်သည်

'N'Krist...ဘယ်လိုတွေဖြစ်တာလဲ...'

'ကြားတဲ့အတိုင်းဘဲ P'Sang အမွေတွေကိုသူမရလို့ သောင်းကျန်းနေတာ'

'kitအဖေက အမွေတွေအားလုံးကို kitတယောက်တည်းကိုတကယ်ပေးခဲ့တာလား'

Singရဲ့အမေးကိုKristခေါင်းညိမ့်ပြရင်းသာဖြေလိုက်သည်

'ဟုတယ်..kitအဖေနဲ့ သူ့အမေလက်ထပ်ပြီးတဲ့နောက် သူတို့သားအမိရဲ့အကျင့်ဆိုးတွေကဘူးပေါ်သလိုပေါ်ခဲ့တယ် ဒါတွေကိုအဖေကသိတော့ မသေခင်မှာသေတမ်းစာရေးထားခဲ့တာ kitအသက်၂၀ပြည့်တဲ့အချိန်မှာ အမွေတွေအကုန်လုံးကိုkitကို ပေးမယ်လို့ရေးထားခဲ့တာ သူတို့သားအမိအတွက်တော့မပါဘူး အဖေက သူတို့သားအမိရဲ့စရိုက်တွေကိုသိသွားတော့ သူ့ငွေတွေကိုသူတို့လက်ထဲမထည့်ချင်ဘူးလေ

kitဒီကိုပြန်လာတယ်ဆိုတာ အဲ့ကိစ္စတွေကြောင့်လည်းပါတယ်'

'aww...'

'P'အထင်တော့ သူအခုတော်တော်ကိုဒေါပွနေလောက်ပြီ

အခုဆို သူကဆေးစွဲနေပြီဆိုတော့ သူ့အတွက်ပိုက်ဆံကအရမ်းအရေးကြီးတယ် အဲ့တော့ သူဒီအမွေတွေကိုရဖို့ ဘာမဆိုလုပ်လိမ့်မယ်...'

'ဟုတ်တယ် Kit

ကိုကြီးပြောတာမှန်တယ်...ပိုက်ဆံနဲ့ပတ်သက်လာရင်လူတွေကထိန်းလို့မရတော့ဘူး'

'အွမ်း....'

'အဲ့တော့ P'ပြောချင်တာက ညီလေးရော Kristနှစ်ယောက်လုံး သတိရှိရှိနဲ့နေကြ မဖြစ်သင့်တဲ့ကိစ္စတွေမဖြစ်အောင်ဟုပီလား'

'ဟုတ်ကဲ့ ကိုကြီး'

'ဟုတ်ကဲ့ပါP'

အဲ့နေ့က သူတို့သုံးယောက်စလုံး အမျိုးမျိုးသောအတွေးတွေနဲ့ပြည့်နေခဲ့ကြသည်.....Kristလည်း ဒီကိစ္စကို ဟိုလူဘလိုသိသွားလဲဆိုတာ သူ့ဦးလေးကိုမေးရတော့မယ်ဟုတွေးနေမိသည်

*************************


Continue Reading

You'll Also Like

584K 13.1K 40
In wich a one night stand turns out to be a lot more than that.
636K 39K 103
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
3.6K 538 15
"แ€€แ€ผแฝแ€”แ€นแ€ฑแ€แ€ฌแ€นแ€€ แ€แ€„แ€นแ€—แ€บแ€ฌแ€ธแ€€แ€ญแ€ฏแ€แ€€แ€šแ€นแ€แ€บแ€…แ€นแ€แ€ฌ" S1 แ€€ Mayyrii แ€แ€„แ€นแ€‘แ€ฌแ€ธแ€•แ€ซแ€ฑแ€žแ€ธแ€ฑแ€”แ€ฌแ€น แ€กแ€†แ€€แ€นแ€กแ€…แ€•แ€นแ€™แ€ญแ€แ€บแ€„แ€นแ€›แ€„แ€น แ€กแ€ฒแ€ทแ€’แ€ฎแ€€ แ€˜แ€ฒ แ€–แ€แ€นแ€œแ€ญแ€ฏแ€€แ€นแ€•แ€ซ "แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€€ แ€แ€„แ€บแ€—แ€ปแ€ฌแ€ธแ€€แ€ญแ€ฏแ€แ€€แ€šแ€บแ€แ€ปแ€…แ€บแ€แ€ฌ" S1 แ€€ Mayyrii...
49.6K 2.8K 22
Do kyung soo...........แ€€แ€ผแฝแ€”แ€นโ€‹โ€‹แ€ฑแ€แ€ฌแ€นโ€‹แ€€แ€›แ€”แ€นโ€‹แ€ปแ€–แ€…แ€นโ€‹แ€แ€ฌแ€™แ‚€แ€€แ€ญแ€ณแ€€แ€นโ€‹แ€˜แ€ฐแ€ธแ‹แ€’แ€ซโ€‹แ€ฑแ€•แ€™แ€ฒแ€ทแ€€แ€ผแฝแ€”แ€นโ€‹โ€‹แ€ฑแ€แ€ฌแ€นโ€‹แ€กแ€ปแ€™แ€ฒแ€แ€”แ€นโ€‹แ€ธแ€œแ€ญแ€ฏแ€œแ€ญแ€ฏแ€›แ€”แ€นโ€‹แ€ปแ€–แ€…แ€นโ€‹แ€แ€แ€นโ€‹แ€แ€ฒแ€ทแ€žแ€ฐแ€แ€…แ€นโ€‹โ€‹แ€ฑแ€šแ€ฌแ€€แ€นโ€‹แ€€แ€ญแ€ฏแ€แ€บแ€…แ€นโ€‹แ€™แ€ญแ€แ€ฒแ€ทแ€แ€šแ€นโ€‹แ‹ Kim jon...