မနက်မိုးလင်းလို့် မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ ပထမဦးဆုံးမြင်လိုက်ရတဲ့သူကြောင့် Singtoမျက်နှာ၌ နှစ်လိုဖွယ်အပြုံးတစ်ခုက ဖြစ်တည်လာခဲ့သည်....
အချစ်ရဆုံးလူသားလေး၏ နဖူးပေါ်ဝဲကျနေသော ဆံပင်တချို့ကို သပ်တင်ပေးလိုက်ရင်း ပါးဖောင်းဖောင်းလေးကို နမ်းကြူလိုက်တော့ အိပ်ပျော်နေတဲ့လူသားလေးက 'အင်း...အဲ~~'ဆိုတဲ့အသံနဲ့အတူနိုးလာခဲ့သည်
'ကိုကို နိုးတာကြာနေပြီလား......'
'မကြာသေးပါဘူး...အခုဘဲနိုးလာတာ'
'aww...ဟုလား... ဝါးးးး '
နိုးနေတာကိုမထသေးဘဲ စောင်ခြုံထဲကနေ တဝါးဝါးသမ်းလျက် ပြောနေသည့် လိပ်ပေါက်လေး၏ပါးကို Singtoအားရပါးရဆွဲလိုက်တော့
'အ!!!!ကိုကိုနာတယ်လေ.... ဘာလို့ဆွဲတာတုန်း'
'ဆွဲချင်လို့ကို ဆွဲတာ....'
'ကိုကိုနော်..... kitကလူပါဗျ နာတယ်..သွေးနဲ့သားနဲ့တည်ဆောက်ထားတာ.. ကိုကို့အားကြီးနဲ့ လာဆွဲတော့ kitပါးက နုနုလေးလေ နာလိုက်တာ... နီရဲသွားပြီထင်တယ်
ဟွန့်!!!ကိုကိုအကျင့်မကောင်းဘူး'
မကျေနပ်ချက်တွေနဲ့ ပွစိပွစိနဲ့ရွတ်ရင်း ပြောနေတဲ့Kristကို Singto အတော်အသဲယားနေမိသည်...
ဒါကို ထိုလိပ်ပေါက်က မသိဘဲ နှုတ်ခမ်းတထော်ထော်နဲ့ ရန်တွေ့နေဆဲပင်
Singto၏ သမာဓိအားကို ထိုလိပ်ပေါက်လေးသည် သိသိရက်နဲ့ တမင်တကာ စမ်းနေသည့်အလားပင်
'အု!!!!အွမ်း~~ကိုကိုဘာလုပ်တာလဲ????'
Krist၏နှုတ်ခမ်းထော်ထော်လေးကိုကြည့်ရင်း မနက်ခင်းစောစောစီးစီး Singto၏ ထိန်းထားသည့်သမာဓိအားတို့သည် လည်း ပျောက်ချင်းမလှပျောက်သွားခဲ့ပြီ....
ထိုအချိန်မှာ Krist၏ စကားသံတို့ကလည်း ပျောက်ရှသွားခဲ့ပြီး Singto၏ အနမ်းများအောက်၌ ရုန်းမထွက်နိုင်အောင်နစ်မွန်းသွားခဲ့လေသည်...
နောက်ဆုံးတော့ လိပ်ပေါက်လေးKristသည် Singtoခြင်္သေံ့ကြီး၏ အစာဖြစ်ခဲ့လေပီ...
ပြင်းရှရှ အနမ်းများအောက်၌ အသက်ရှူသံပြင်းပြင်းတို့ကလည်း ထွက်ပေါ်လာမှုနဲ့အတူ ကောင်လေးနှစ်ယောက်၏ ရင်ခုန်သံ စည်းချက်တို့ကလည်း ထပ်တူကျနေလျက်ရှိသည်
ဒီအနမ်းသည် ဘယ်အချိန်မှပြီးဆုံးနိုင်မလဲဆိုတာကတော့ ထိုကောင်လေးနှစ်ယောက်ကလွဲပြီး ဘသူမှသိနိုင်မည်မဟုတ်ပေ
သို့သော် Kristသည် နောက်တစ်ခါ ယခုလိုဘယ်တော့မှ Singto၏စိတ်ကိုသွားမစတော့ဘူးဟု ဆုံးဖြတ်လိုက်လေသည်....
--------------------------------------------------–--–----
ကျောင်းကပြန်လာပြီး မှန်ရှေ့မှာ တစ်ယောက်တည်းရပ်လိုက် ထိုင်လိုက်နဲ့ စကားပြောနေသည့် သူကတော့ New....
ညကတည်းက Newအိပ်မပျော်နိုင်ပေ
ကျောင်းပိတ်ရက်ကိုရောက်မှာလည်း Newစိုးရိမ်နေမိသည်
ုဏ်သရေရှိရှိလူကြီးတစ်ယောက်နဲ့တွေ့ရဖို့ Newစိတ်လှုပ်ရှားနေမိသည်...
Newတွေ့ရမယ့်လူက သူ့ချစ်သူရဲ့ ဖခင်ဖြစ်နေတော့ Newပိုပြီး စိတ်ပူနေမိသည်
P'Tayအဖေရှေ့ရောက်ရင် ဘလိုစကားတွေပြောပြီး ဘလိုမျိုးပြုမူဆက်ဆံနေရမလဲလို့တွေးရင်း ရင်ပူနေမိပြန်သည်...
P'ကတော့ သူ့ကို အားပေးပါတယ်...
ဘာမှစိတ်မပူဖို့ ပြောနေပေမယ့်လည်း သူစိတ်မပူဘဲမနေနိုင်
ရုတ်တရက်ကြီး Newသူ့အခန်းထဲကနေ ပြေးထွက်လာခဲ့ပြီး
အိပ်အောက်ထပ်က မီးဖိုချောင်ထဲမှာရှိနေတဲ့အမေဆီ သွားလိုက်သည်...
'အမေ..အမေ!!!!'
'ဟဲ့!!ဘာဖြစ်တာတုန်း???'
'သား မေးစရာရှိလို့အမေရဲ့'
'hum!!!ဘာမေးမှာတုန်း'
'ဟင်းကိုခဏမှချက်ပါ အခု သားအမေ့ကိုမေးစရာရှိလို့ပါ'
'အေ့ပါအေ... ခဏလေးပါ မီးပိတ်လိုက်ဦးမယ်'
.
.
.
'ပြောပါဦး သားက အမေ့ကိုဘာပြောစရာများရှိလို့တုန်း'
'ဟို...ပြောမှာ မဟုဘူးအမေရဲ့ မေးမှာ'
'မေးမှာ..ဟုလား??
ကဲ...အဲ့မေးမှာဆိုတာဘာများတုန်း'
'ဟို...ဟို~~~'
:
:
'New...အဲ့ ဟို~~ဟို ကနေ ဆက်ဦးမှာလား..'
'ဆက်မှာပါအမေရ...သားပြောချင်တာက ဟို~~'
'လာပြန်ပြီလား အဲ့.. ဟို'
'သား အခုတကယ်မေးမှာ....
လူကြီးတစ်ယောက်နဲ့စကားပြောရင်လေ ဘလိုပြောရမလဲ'
'ဟမ်!!!!New...သားရယ် သားဘာတွေလုပ်ထားပြန်တာလဲ.. ဟင် ပြောစမ်းပါဦး'
'သားက ဘာမှမလုပ်ပါဘူးအမေကလည်း
ဒီအတိုင်းသိချင်လို့အမေ့ကိုမေးကြည့်တာ'
'အဲ့လူက အသက်ဘယ်လောက်ရှိပီလဲ'
အမေမေးမှဘဲ သတိရတော့တယ် P'Tayအဖေအသက်ကို Newမေးဖို့မေ့နေတာဘဲ..
'ဟို~~ငါးဆယ်ကျော်လောက်ထင်တယ်'
'အွမ်း...အဲ့တာဆိုရင်တော့ စကားပြောရင်ယဉ်ယဉ်ကျေးကျေးပြော သူပြောတာကိုသေချာနားထောင် စကားဖြတ်မပြောမိစေနဲ့..'
'ဟုတ်..'
'ဒါနဲ့ သားက ဘသူနဲ့တွေ့ရမှာလဲ'
'P'Tayအဖေနဲ့လေ!!!'
အယ် သွားပီ..ဒီပါးစပ်ကတော့ ဒီလောက်ထိန်းထားတဲ့ကြားကထွက်သွားပြန်ပီ.....
Newစိတ်ထဲကနေ သူ့ကိုယ်သူပြောလိုက်မိသည်...
အခုတော့ အမေက သူပြောမိလိုက်တဲ့စကားကြောင့် သူ့ကို မေးလို့ဆုံးတော့မည်မဟုတ်...ဒုက္ခပါဘဲနော်
'ဟဲ့...P'Tayဆိုတော့ အိမ်ကိုခဏခဏလာနေတဲ့ သားTayလား'
'ဟုတ်...ဟုတ်တယ်အမေ'
'သားနဲ့ သားTayအဖေက ဘာလို့တွေ့မှာလဲ
သားမှန်မှန်ပြောစမ်း...သားTayကို ဘာအမှားများလုပ်မိထားသေးလဲ သားကလည်းနော် တကယ်ပါဘဲ Tayလေးကဒီလောက်သဘောကောင်းရှာတာ သားကဘာတွေသွားလုပ်မိထားလို့လည်းမှမသိတာ'
'hrrr..အမေ အဲ့လိုမဟုဘူး...
အမေကလည်းဗျာ ကျွန်တော် P'Tayကိုဘာမှ မလုပ်ဘူး..
ပြီးတော့ သားနဲ့တွေ့ချင်တယ်ဆိုတာကလည်း အဲ့တာကြောင့်မဟုပါဘူး...'
'ဟင်...မဟုဘူးလား အဲ့တာဆို ဘာလို့သားနဲ့တွေ့ချင်တာတဲ့လဲ'
'အယ်..အဲ့တာက'
'New...သားမှန်မှန်ဖြေနော်'
အမှုစစ်ထက်ဆိုးနေတဲ့သူ့အမေကြောင့် Newတော်တော် စိတ်ညစ်လာမိသည်
အခုလိုမျိုး သူ့အမေကိုမေးမိလို့လည်း သူ့ကိုယ်သူဘဲထုပလိုက်ချင်တော့သည်...
'P'Tayနဲ့သားနဲ့က ခင်တယ်ဆိုတော့ အဲ့တာ P'Tayအဖေက သားနဲ့တွေ့ဖူးချင်တယ်တဲ့'
'ခင်ရုံဘဲလား..'
'ဗျာ...အမေဘာပြောလိုက်တာလဲ???'
'ဘာမှမဟုဘူး...တကယ်လားလို့မေးတာ'
'တကယ်ပေါ့ အမေကလည်း သားတကယ်ပြောနေတဲ့ဟာကို'
'အင်း ပြီးတာဘဲ အဲ့ဆိုလည်း ဒါနဲ့ ဘယ်နေ့တွေ့ကြမှာလဲ'
'ဒီတပတ် စနေ...'
'အဲ့တာဆိုတွေ့ရဖို့ ရက်နီးနေပြီဘဲ...'
'ဟုတ်တယ် မေမေရဲ့'
'အဲ့တော့ သားက Tayအဖေနဲ့တွေ့ရဖို့ကို စိတ်ပူနေတယ်ပေါ့'
'စိတ်ပူတာပေါ့ အမေကလည်း P'Tayတို့ကချမ်းသာတယ်လေ....သားက စကားမှားသွားမှာလည်းစိတ်ပူတယ် တွေ့ဖို့ကိုလည်း ကြောက်နေတယ်'
Newပြောလိုက်တော့ သူ့အမေက Newရဲ့ခေါင်းကိုဖွဖွလေးပုတ်ပြီး ပြုံးလျက်စကားဆိုလာသည်
'ကြောက်ရအောင် သားကဘာအမှားတွေလုပ်ထားလိုလဲ သားဘာမှ အမှားမလုပ်ထားရင် ဘာကိုမှကြောက်စရာလိုဘူးလေ...
ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသားပြောဆို ဟန်ဆောင်ဖုံးကွယ်ပြီး မပြောနဲ့ သတ္တိမွေထား သားကယောကျာ်းလေးဘဲ သားလုပ်နိုင်ပါတယ်
ဘာမှစိတ်ပူမနေနဲ့နော် အကုန်အဆင်ပြေမှာပါ..
အမေ့သားကို အမေယုံကြည်တယ်'
'သား အဆင်ပြေလိမ့်မယ်လို့ အမေတကယ်ထင်တာလား'
'တကယ်ပေါ့ သားရဲ့'
'ဟီးဟီး...ကျေးဇူးပါမေမေ'
Newသူ့အမေရဲ့ခါးကိုဖက်လိုက်ပြီး ရင်ခွင်ထဲတိုးဝင်လိုက်တော့ အမေက သူ့ကိုပြန်ဖက်တွယ်လာတယ်...
အမေ့ရဲ့အားပေးစကားတွေက Newရဲ့ စိတ်ပူမှုတွေကိုအနဲငယ်တော့ လျော့ကျသွားစေခဲ့သည်...
........................................................................
တနေကုန်Singtoနဲ့Krist နှစ်ယောက်လုံးကျောင်းမသွားဘဲ မုန့်တွေသွားဝယ်စားလိုက် ဈေးဝယ်ထွက်လိုက်နဲ့ ပျော်ရွှင်နေကြတာ ည၇နာရီလောက်မှ တိုက်ခန်းကိုပြန်ရောက်လာခဲ့သည်
အခုလည်း အခန်းပြန်ရောက်လာပေမယ့် ဆိုဖာပေါ်မှာထိုင်ကာ Tvကြည့်ရင်းမကုန်နိုင်သေးတဲ့မုန့်တွေကို အားရပါးရစားနေတဲ့ Kristကို Singtoအံ့သြမိသည်
တမြို့လုံး လျှောက်ပတ်ထားတဲ့အတွက် သူ့မှာတော့ မောနေပေမယ့် ထိုလိပ်ပေါက်လေးကတော့ မမောနိုင်မပန်းနိုင်ဘဲ ဝယ်လာသမျှမုန့်ကို အကျအနထိုင်စားနေတာကြောင့်ပင်.....
'Kitဖြည်းဖြည်းစားလေ...'
Singtoပြောတာကိုkrist ပြန်မဖြေနိုင်ဘဲ ခေါင်းလေးသာပြန်ငြိမ့်ပြသည်....
အခုအချိန်မှာ Krist၏အာရုံသည် မုန့်၌သာရှိနေလေသည်
Singtoလည်း ဘာမှဆက်မပြောတော့ဘဲ kristဘေးဝင်ထိုင်လိုက်ကာ စားပွဲပေါ်မှာရှိနေတဲ့ ရီမုတ်ကိုယူပြီး နှိပ်လိုက်တဲ့အခါ Kristက ပါးစပ်ထဲမှာမုန့်တွေပလုတ်ပလောင်းနဲ့ ပြန်ပြောလာတယ်
'ကိုကို ဘာလို့ ပြောင်းလိုက်တာလဲ...
kitအခုလက်ဝှေ့ထိုးတာကြည့်နေတယ်လေ ကောင်းနေတဲ့အချိန်မှ ကိုကိုကဘာလို့ ပြောင်းလိုက်တာလဲ'
'အယ်..မဟုဘူးလေ kitကမုန့်စားနေတာဆိုတော့ Tvကိုအာရုံမစိုက်နေဘူးထင်လို့လေ'
'မသိဘူး...ကိုကို ဒါတမင်တကာလုပ်တာမဟုလား'
'ဟာ!!မဟုပါဘူး kitရဲ့ ကိုယ်တကယ်မသိလို့ပါ'
'ကိုကိုကဘာလို့မသိတာလဲ....kitကိုဂရုမစိုက်တာလား..အဲ့လိုလား kitကိုဂရုမစိုက်လို့ မသိတာပေါ့ ဟုလားကိုကို'
'မဟုဘူး....kitရဲ့ မဟုပါဘူးဆို!!!!'
'ဗြဲ....ကိုကို kitကိုအော်တယ်
kitကို ဘာလို့အော်တာလဲ.... အဟင့်~~အဟင့်~~ဗြဲ'
မထွက်တဲ့မျက်ရည်တွေကို အတင်းဖြစ်ညစ်ပြီးထွက်အောင်လုပ်ကာ အော်နေတဲ့ Kristကြောင့် Singtoဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့.....
ဒီကလေး ဒါသက်သက်သူ့ကိုညစ်တာ.....တွေ့မယ်လိပ်ပေါက်လေး
'kit....မငိုနဲ့တော့နော် ကိုယ်မေးမယ်
kitကလက်ဝှေ့ထိုးတာကိုကြိုက်တာလား'
'အင်း ကြိုက်တယ်'
'အဲ့ဆို ကိုယ်နဲ့ကစားရအောင်....'
'hum! !!ဘလိုကစားရမှာတုန်း'
'နှုတ်ခမ်းနဲ့လေ'
'ဟင်...ကိုကိုဘာပြောလိုက်....အု~~~'
Krist၏နှုတ်ဖျားမှ ဘာစကားသံမှ မထွက်နိုင်တော့
Krist၏နှုတ်ခမ်းတစ်စုံလုံးကို Singtoကသိမ်းပိုက်သွားခဲ့လေပြီ....
Kristလက်ထဲ၌ ကိုင်ထားသည့် မုန့်တွေကလည်း ကြမ်းပြင်ပေါ်သို့ တစစီကျသွားခဲ့ပြီး
သူ့ရဲ့လက်နှစ်ဖက်လုံးက Singto၏ပခုံးတဖက်တချက်စီမှာ
ရှိနေလေသည်
Singtoသည်Krist၏ကိုယ်ကို ဆိုဖာပေါ်လှဲစေလိုက်ပေမယ့် Kristရဲ့နှုတ်ခမ်းတွေကိုတော့ မလွှတ်ပေးခဲ့ပေ...
.
.
.
'အရသာရှိလိုက်တာ'
'ကိုကို ဘာတွေပြောနေတာလဲ kitနှုတ်ခမ်းတွေကစားစရာမှမဟုတာ အရသာရှိရအောင်'
'ဘာလို့ မရှိရမှာလဲ ဒီလောက်ကောင်းတာကို ချိုပြီးအိစက်နေတာဘဲ'
'ဟာ..ကိုကို ဘာတွေလာပြောနေတာလဲ..
ကိုကို ဒီနေ့တနေ့လုံး ဘာတွေဖြစ်နေတာလဲ တချိန်လုံး kitကိုဘဲနမ်းနေတာ တနေ့တည်းနဲ့ ဆယ်ကြိမ်မကတော့ဘူး'
စကားပြောလိုက်တိုင်း စူထော်နေတဲ့နှုတ်ခမ်းလေးက Singtoနမ်းထားလို့ ပို၍ပင် နီရဲနေသည်....
Singtoအကြည့်တို့ကလည်း ဒီနှုတ်ခမ်းလေးမှမခွာနိုင်ခဲ့...
ဘလိုဖြစ်လို့ တချိန်လုံးသူ့ကို ဖမ်းစားထားနိုင်ရတာလဲ???
'kit~~'
'ဟင်..'
'နောက်တခေါက်လောက်~~~'
'ဟမ်!!!မရ.....အင့်~~အု'
Krist၏စကားပင်မဆုံးလိုက် Singtoသည် Krist၏နှုတ်ခမ်းကို နောက်တဖန် သိမ်းပိုက်လိုက်လေသည်.....
စုပ်လုံးတစ်လုံးကဲ့သို့ Krist၏ဖောင်းအိအိနှုတ်ခမ်းများကို နမ်းစုပ်နေလေတော့သည်....သို့သော် တဖြည်းဖြည်းနဲ့ Singto၏အနမ်းများသည် ဆာလောင်မွတ်သိပ်နေသည့် သားရဲတကောင်ပမာ ဖြစ်လာခဲ့သည်...
Krist၏နှုတ်ခမ်းတို့ကို သူအလွတ်မပေးချင်ခဲ့
ဒါကြောင့် သူ့အနမ်းတို့ကိုမရပ်ပေးဘဲ ဆက်နမ်းနေခဲ့လေသည်
.
.
Kristဆိုသော လူသား၏နှုတ်ခမ်းသည် Singtoဆိုသည့်သူ့အပိုင်
တခြားမည်သူမှမပိုင် သူတယောက်တည်းသာ ပိုင်သည့် မူပိုင်နှုတ်ခမ်းတစ်စုံပင်.....
************************