แ€กแ€†แ€ฏแ€ถแ€ธแ€™แ€ฒแ€ทแ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธ (Endless Lo...

By reselda_

64.5K 3.3K 46

Singkrist....... ๐Ÿ’™๐Ÿ’™Sk๐Ÿ’™๐Ÿ’™ Peraya..........โคโคโค More

.....Intro.....
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Baby kit's Jealous On his P'Sing)
Part-21(First Kiss๐Ÿ’‹๐Ÿ’‹)
Part-22
Part-23
Part-24(Sweet Kiss)
Part-25
Part-26
Part-27
Part-28(Kiss for my love)
Part-29(I promise u my love)
Part-30(Morning kiss from my lover)
Part-31(Forgive me for my mistake)
Part-32(Deeply kiss๐Ÿ’‹)
Part-33(Mwah mwah๐Ÿ˜˜)
Part-34(Anniversary ๐Ÿ’–๐Ÿ’–)
Part-35(Love=Love)
Part-36
Part-37
Part-38๐Ÿ’œ๐Ÿ’œ
Part-39(๐Ÿ’™๐Ÿ’™)
Part-40(๐Ÿ’š๐Ÿ’š)
Part-41(๐Ÿ’›๐Ÿ’›)
Part-42(๐Ÿ’–๐Ÿ’–)
Part-43(SWEET LOVE)
Part-44(๐Ÿ’ž๐Ÿ’ž๐Ÿ’ž)
Part-45(๐Ÿ’๐Ÿ’)
Part-46(๐Ÿ’•๐Ÿ’•)
Part-47(๐Ÿ’ž๐Ÿ’ž)
Part-48(๐Ÿ’Ÿ๐Ÿ’Ÿ)
Part-49(๐Ÿ’š๐Ÿ’š๐Ÿ’š)
Part-50(๐Ÿ’๐Ÿ’)
Part-51(๐Ÿ’–๐Ÿ’–)
Part-52(๐Ÿ’˜๐Ÿ’˜)
Part-53(End๐Ÿ’)
Part-1 (Uni)
Part-2 (Uni)
Part-3 (Uni)
Part-4(Uni)
Part-5(Uni)
Part-6(Uni)
Part-7(Uni)
Part-8(Uni)
Part-9(Uni)
Part-10(Uni)
Part-11(Uni)
Part-12(Uni)
Part-13(Uni)
Part-14(Uni)
Part-15(Uni)
Part-16(Uni)
Part-17(Uni)
Part-18(Uni)
Part-19(Uni)
Part-20 (Uni)
Part-21(Uni)
Part-22(Uni)
Part-23(Uni)
Part-24(Uni)
Part-25(Uni)
Part-26(Uni)
Part-27(Uni)
Part-28(Uni)
Part-29(Uni)
Part-30(Uni)
Part-31(Uni)
Part-32(Uni)
Part-33(Uni)
Part-34(Uni)
Part-35(Uni)
Part-36(Uni)
Part-37(Uni)
Part-38(Uni)
Part-39(Uni)
Part-40(Uni)
Part-41(Uni)
Part-42(Uni)
Part-44(Uni)
Part-45(Uni)
Part46(Uni)
Part-47(Uni)
Part-48(Uni)
Part-49(Uni)
Part-50(Uni)
Part-51(Uni)
Part-52(Uni)
Part-53(Uni) End

Part-43(Uni)

154 11 0
By reselda_

အခန်းတံခါးသွားဖွင့်ပေးလိုက်ချိန် မျက်စိရှေ့တည့်တည့်တွင်

မြင်လိုက်ရတဲ့လူကြောင့် ငြိမ်သက်နေသောKrist၏နှလုံးသားသည် ရထားအစင်းပေါင်းများစွာ ခုတ်မောင်းနေသကဲ့သို့ဖြစ်လာခဲ့သည်...

တကယ်လား???

ဒါမှမဟုတ် အိပ်မက်များလား

ထင်ယောင်ထင်မှားတွေများဖြစ်နေတာလား???

အံ့သြမှုများဖြင့် တွေဝေစွာစဉ်းစားနေတဲ့အချိန် နွေးထွေးတဲ့လက်ဖဝါးလေးတစ်ခုက Krist၏ပါးပြင်ပေါ်ညင်သာစွာ ကျရောက်လာတဲ့အချိန်မှာတော့ ဒါဟာ တကယ်ဘဲလို့Kristတွေးလိုက်မိသည်....

'Kit~~~'

စေ့စေ့ပိတ်ထားတဲ့ ချယ်ရီရောင်နှုတ်ခမ်းပါးနှစ်လွှာက ပွင့်အံကျလာတဲ့ နာမည်လေးတခုက တိုးသဲ့သဲ့လေးဆိုပေမယ့် Krist Perawatရဲ့ ရင်ထဲကိုတော့ တမုဟုတ်ချင်းလှုတ်

ခတ်သွားစေခဲ့တယ်....

ထို့နောက်တွင်တော့ Krist၏အနည်းငယ်တုန်ယင်နေသောအသံဖြင့် ခေါ်မိလိုက်တဲ့လူရဲ့ နာမည်ကတော့....

'ကိုကို~'

Kristရင်ထဲမှ အံ့သြဝမ်းသာပျော်ရွှင်မှုတွေကြောင့် မျက်လုံးအိမ်ကနေ ပုလဲလုံးများကဲ့သို့မျက်ရည်တွေကျဆင်းလာတဲ့အခါ နူးညံ့တဲ့လက်ချောင်းလေးတွေနဲ့ စီးကျလာတဲ့မျက်ရည်စတွေကိုသုတ်ပေးနေသူကတော့ Kristနှလုံးသားရဲ့အရှင်သခင်....

'မငိုပါနဲ့တော့ ကိုယ်Kitငိုတာကိုမမြင်ချင်ဘူး'

'ကိုကို kitတောင်းပန်ပါတယ်နော်..အဟင့်...kitတကယ်ကိုတောင်းပန်ပါတယ်ကိုကိုရယ် kitကိုမမုန်းလိုက်ပါနဲ့နော်..'

ရှိုက်သံများဖြင့် သနားစဖွယ်တောင်းပန်နေတဲ့Kristကြောင့် Singto၏နှလုံးသားတို့က တဆစ်ဆစ်နာကျင်လာသည်...

'Kit မငိုနဲ့တော့နော်

အရင်ဆုံးကိုယ့်ကိုအထဲပေးဝင်ပါဦး'

'aww...ဟုတ်'

ကလေးတယောက်သဖွယ် ခေါင်းလေးညိမ့်ပြကာ Singto၏ လက်ကိုဆွဲ၍ တံခါးပိတ်ပြီး အခန်းထဲကိုခေါ်လာခဲ့သည့် Kristကို Singမျက်တောင်မခတ်တမ်းကြည့်နေမိသည်...မတွေ့ရတဲ့ရက်လေးအတွင်းမှာ Kristသည် မျက်ကွင်းလေးတွေပင် ညိုနေပါရော့လား...

Krist၏ကုတင်ပေါ်မှာ နှစ်ယောက်အတူတူထိုင်လိုက်ပြီးနောက် စိုးရိမ်ကြောက်ရွံ့နေသောအသံဖြင့် Singtoကို Kristမေးလိုက်သည်မှာ

'ကိုကို....kitကိုမုန်းနေပြီလားဟင်'

မေးသာမေးလိုက်ပေမယ့် ဒီမေးခွန်းရဲ့အဖြေကို ကြားဖို့ Krist ထိတ်လန့်နေမိသည်...

Krist၏စိတ်ထဲ၌လည်း မုန်းတယ်ဆိုတဲ့ အဖြေကိုမကြားရရန် ဆုတောင်းနေမိသည်

'Kitက ဘလိုထင်လို့လဲ????

မုန်းတယ်လို့ထင်လား'

'ဟို~~~'

မဝံ့မရဲဖြင့်ကြည့်ကာ ပြောနေသော Krist၏ လက်ကို Singtoဆုပ်ကိုင်လာတဲ့အခါမှာတော့ Kristရဲ့ကိုယ်လုံးလေးတစ်ချက်တုန်သွားတာကို Singtoသတိထားမိလိုက်သည်

'Kit~~'

'ဟုတ်ကဲ့...'

'ကိုယ်Kitကို ပြောခဲ့ဖူးတယ်လေ Kitကို ကိုယ်ဘယ်တော့မှ မမုန်းပါဘူးလို့'

'တကယ် kitကိုမမုန်းဘူးပေါ့'

'အွမ်း...တကယ်မမုန်းဘူး ကိုယ်က kitကိုအရမ်းချစ်တဲ့အတွက် မုန်းဖို့ဆိုတာ ဘလိုမှမဖြစ်နိုင်ဘူး'

'ဒါဆိုရင် ကိုကိုက kitကိုဘာလို့အဆက်အသွယ်မလုပ်တာလဲ...pinkဆီကနေ သိလိုက်ရတဲ့ကိစ္စတွေကြောင့် kitကိုစိတ်ဆိုးနေတာလား???'

'ကိုယ်စိတ်မဆိုးပါဘူး...ကိုယ်ကစိတ်မကောင်းဖြစ်တာပါ

Kitရဲ့ချစ်သူတယောက်အနေနဲ့ ကိုယ်ဒါတွေကို မသိခဲ့ရတဲ့အတွက် Kitကို ကိုယ်အားနာမိတယ်အမှန်ဆို ကိုယ်ဒီအကြောင်းတွေကိုသိရမှာ ဒီကိစ္စတွေကြောင့် kitဝမ်းနည်းနေရတဲ့အချိန် ကိုယ်မနှစ်သိမ့်ပေးနိုင်တာကိုတွေးမိရင်း ကိုယ်ဒေါသဖြစ်မိတယ်ဒီအကြောင်းတွေကို kitဆီကနေ ကိုယ်တိုင်မကြားရတဲ့အတွက် ကိုယ်ဝမ်းနည်းမိတယ်'

'ဒီအကြောင်းတွေ ကိုကို့ကို မသိစေချင်ဘူးဆိုတာက kitကို ကိုကိုမုန်းသွားမှာကြောက်နေလို့ပါ.....ကိုကို kitကို အဆက်အသွယ်ဖြတ်ထားတော့ kitစိတ်ပူနေရတာ ရင်တခုလုံးလည်းပူလောင်နေတာဘဲ ဒီနေ့တောင် တောင်းပန်မယ်ဆိုပြီး ကိုကို့ဆီkitလာသေးတယ်'

'အင်း ကိုယ်သိတယ် kit ကိုကြီးနဲ့အတူအိမ်ထဲကိုဝင်သွားတဲ့အချိန်မှာဘဲ ကိုယ်အိမ်ကိုပြန်ရောက်လာတာ... kitနဲ့ကိုကြီးပြောနေတာတွေအကုန်လုံးကိုလည်း ကိုယ်ကြားတယ်အိမ်ထဲကိုမဝင်လာတာဘဲရှိတယ် kitပြန်တော့မှ နောက်ကနေ ကိုယ်တိတ်တိတ်လေးလိုက်လာခဲ့တာ'

'တောင်းပန်ပါတယ်နော် ကိုကို'

'မတောင်းပန်ပါနဲ့ kitကအပြစ်ကျူးလွန်ထားတာမှမဟုတာ..kit ကိုယ်ပြောမယ်နော် သေချာနားထောင်'

'ဟုတ်..'

'Kitနဲ့ကိုယ်နဲ့ကချစ်သူတွေလေ ဘလိုအခက်အခဲမျိုးဘဲရှိရှိ ဘသူ့အခက်အခဲဘဲဖြစ်ဖြစ် အတူတူရင်ဆိုင်ဖြေရှင်းကြမယ်

တယောက်နဲ့တယောက်ဖေးမကူညီပြီးယုံကြည်နားလည်မှုတွေနဲ့အတူဖြတ်သန်းသွားကြမယ်...Kitပျော်အောင်လည်း ကိုယ်အမြဲတမ်းကြိုးစားမယ် Kitမျက်ရည်ကျတာကိုမြင်ရတိုင်း ကိုယ့်နှလုံးသားကလည်းနာကျင်ရတယ် ဒါကြောင့် kitမငိုပါနဲ့နော် တကယ်လို့ kitငိုရင်တောင် kitမျက်ရည်တွေကိုသုတ်ပေးတဲ့သူက တခြားသူမဟုတ်ဘဲ ကိုယ်ဘဲဖြစ်ချင်တယ်'

မနှေးလွန်းမမြန်လွန်းဖြင့်အေးဆေးစွာ ပြောနေတဲ့Singရဲ့စကားလုံးတွေကြောင့် လွန်ခဲ့တဲ့နာရီပိုင်းက Kristခံစားနေရတဲ့ နာကျင်ဝမ်းနည်တွေက အဝေးသို့ လွင့်စင်သွားပြီး ကြည်နူးမှုလှိုင်းတို့ကသာရင်ထဲ ကြီးစိုးလာခဲ့သည်....

Singပြောလိုက်တဲ့စကားအဆုံးမှာတော့ အခန်းထဲ၌ မည်သည့်စကားသံမျှ ဆက်လက်မထွက်ပေါ်လာတော့ပေ....

Singto၏စူးရှရှမျက်ဝန်းမှ ချစ်မြတ်နိုးမှုအပြည့်ဖြင့် ကြည့်နေသော အကြည့်တို့ကို Kristကြာကြာရင်မဆိုင်နိုင်၍

မျက်လွှာလေးချလိုက်သည့်အခါ ပါးပြင်ထက်၌ ရှက်ပြုံးလေးတခုကနေရာယူလာတော့သည်

ဘာကြောင့်Kristသည် ဒီလောက်ချစ်ဖို့ကောင်းနေရတာလဲဟု Singtoစဉ်းစားမိသည့်အခါ ယခုလို ချစ်စရာအကောင်းဆုံး ချစ်သူလေးကိုပိုင်ဆိုင်ခွင့်ရသည့်အတွက်လည်း ကမ္ဘာပေါ်တွင်ကံအကောင်းဆုံးလူသားသည် သူသာဖြစ်သည်ဟု Singtoတွေးလိုက်မိသည်

ဘယ်အချိန်မဆို Singto၏စိတ်နှလုံးအာရုံကိုဖမ်းစားနိုင်ဆုံးလူသားဖြစ်သည့် မျက်လွှာချကာ ငုံ့နေသောKrist၏မျက်နှာကို အပေါ်သို့မော့စေလိုက်သည့်အခါ ကလေးတယောက်သဖွယ် အပြစ်ကင်းစင်နေသည့် မျက်နှာလှလှလေးကိုမြင်လိုက်ရသည်....

ကောင်းကင်ပေါ်မှာရှိတဲ့ ကြယ်လေးတွေထက် Kristရဲ့မျက်လုံးလေးတွေကပိုတောက်ပလွန်းသည်

ကမ္ဘာပေါ်မှာ အချောလှဆုံးပါဆိုတဲ့သူတွေထက် Kristရဲ့အလှက နှိုင်းယှဉ်၍မရနိုင်အောင်ချောမောလှပလွန်းသည်

အနူးညံ့ဆုံးပါဆိုတဲ့ အရာတွေထက် Kristရဲ့ အသားအရေက ပို၍ ချောမွေ့နူးညံ့လွန်းသည်

ကြည့်ရတာအေးချမ်းလှပါတယ်ဆိုတဲ့ လမင်းကြီးထက် Kristရဲ့မျက်နှာက အဆပေါင်းများစွာ အေးချမ်းလွန်းသည်

ပြုံးလိုက်တိုင်းအရမ်းလှပါတယ်ဆိုတဲ့သူတွေထက် Kristရဲ့ အပြုံးက ဘသူနဲ့မှမတူအောင် ချိုသာလွန်းသည်

လူတိုင်းသဘောကျရတဲ့ နှင်းဆီဖူးလေးတွေထက် Kristရဲ့နှုတ်ခမ်းဖူးလေးတွေက အလွန်တရာ ဆွဲဆောင်မှုရှိလွန်းသည်

Singto၏မျက်လုံးတွေက Kristနှုတ်ခမ်းကိုသာ တစိုက်မတ်မတ်ကြည့်လိုက်မိသည့်အချိန်တွင် Singto၏ရင်ထဲ၌ သံစုံတီးဝိုင်းသဖွယ် နှလုံးခုန်သံများဖြစ်ပေါ်လာခဲ့သည်

Krist၏မျက်နှာနားသို့ Singtoဖြည်းဖြည်းချင်းတိုးသွားလိုက်သည့်အခါ Kristသည်အလိုက်တသိဖြင့် ဝိုင်းစက်နေသောမျက်လုံးများကိုမှိတ်ထားကာ အချစ်ရဆုံးလူသားထံမှ ပေးမည့် အနမ်းတစ်ခုကိုစောင့်ကြိုလင့်နေသည်....

.

.

.

နှုတ်ခမ်းနှစ်ခုထိကပ်မိသွားတဲ့အချိန်မှာတော့ အချိန်အတော်ကြာ မနမ်းဖြစ်ခဲ့သည့် နှုတ်ခမ်းနှစ်စုံသည် တစ်ယောက်ကိုတစ်ယောက်လွမ်းဆွတ်နေသည့်သူအလား မလွတ်တမ်းပင်နမ်းနေခဲ့ကြသည်.....

နမ်းနေရင်းဖြင့် Krist၏ကိုယ်ကို ဖြည်းဖြည်းချင်းလှဲချလိုက်သည့်အခါ အိစက်ငြိမ့်ညောင်းနေသည့် အိပ်ရာခင်းနှင့် Krist၏ကျောပြင်တို့ထိသွားသည်နှင့် Singtoလည်း Kristကိုယ်အပေါ်မှခွကာ အနမ်းတွေကိုဆက်နေသည်

Krist၏ဖောင်းဖောင်းအိအိနှုတ်ခမ်းသားလေးကိုနမ်းစုပ်ရုံနဲ့ အားမရသောအခါ Singtoသည် Krist၏ အောက်နှုတ်ခမ်းလေးကိုကိုက်လိုက်သည့်အတွက် 'အ' ဟူသော နာကျင်သံနဲ့အတူ Krist၏အောက်နှုတ်ခမ်းပေါက်သွားပြီး သွေးတချို့ပင် စို့လာခဲ့သည်....

:

:

Singto၏ ချယ်ရီရောင်နှုတ်ခမ်းပါးတို့က ထိုသွေးစလေးများကို စုပ်ယူငုံလိုက်ပြီးသည်နှင့် သူ့လျှာတို့က အနဲငယ်ပွင့်ဟနေသော Kristအာခံတွင်းထဲသို့ဖြည်းဖြည်းချင်းဝင်ရောက်လာကာ စိတ်ကြိုက်ချယ်လှယ်နေတော့သည်

တခါတခါ မထိတထိဖြင့် Kristလျှာကိုကစားမိသည့်အခါ

ပြည့်ဖောင်းနေသော Krist၏ကိုယ်လုံးလေးသည် တုန်တက်သွားတော့သည်

နွေးထွေးနေသော Krist၏အာခံတွင်းထဲတွင် သူတို့နှစ်ယောက်၏ လျှာတို့က တစ်ခုနဲ့တစ်ခု ရစ်ပတ်နှောင်ဖွဲ့ကာ နမ်းစုပ်နေခဲ့ကြသည်........

နူးညံ့စွာဖြင့် စတင်လာခဲ့သော အနမ်းများသည် တဖြည်းဖြည်းဖြင့် မွတ်သိပ်ပြင်းပြမှုများဖြင့်အရိုင်းဆန်လာခဲ့သည်.....

Singtoသည် အနမ်းများကိုရပ်လိုက်ကာ နှုတ်ခမ်းတို့က

နောက်နေရာတနေရာဆီသို့ ဦးတည်သွားပြီး

သူ့အနမ်းတို့က Krist၏လည်တိုင်ကြော့ကြော့ပေါ်သို့ ကျရောက်သွားတော့သည်....

Krist၏လက်တစ်ဖက်က Singto၏ကျောကို ပွတ်သပ်နေကာ နောက်လက်တစ်ဖက်ကလည်း Singto၏ဆံပင်များကိုသာ ထိုးဖွနေမိတော့သည်

သူ၏ရင်ဘတ်တို့က နိမ့်ချည်မြင့်ချည်ဖြင့် Singto၏အနမ်းများအောက်၌ ရုန်းမထွက်နိုင်အောင်သာယာနေမိသည်

Singtoသည် သူ၏လျှာတို့ဖြင့် Krist၏လည်ပင်းသားများနဲ့ ညှပ်ရိုးကြားနေရာတွေကို နမ်းစုပ်ကာ အချစ်အမှတ်အသားများပေးနေတော့သည်..

တချက်တချက် Krist၏ sensitive ဖြစ်လှပါချည်ရဲ့ဆိုတဲ့ နားရွက်လေးတွေကို ခံတွင်းထဲထည့်ငုံလိုက်သည့်အခါ Singto၏အောက်မှာရှိနေသည့်Kristသည် တွန့်လိမ်နေရတော့သည်

Singto၏လက်ချောင်းများက Krist၏ရင်ဘတ်ကိုပွတ်သတ်နေရင်း ချယ်ရီရောင်ပွင့်ချပ်လေးတခုပေါ်ကိုကျရောက်သွားကာ လက်မလက်ညိုှးထိပ်လေးနဲ့ ကစားနေလိုက်ပြီး နောက်ပွင့်ချပ်တစ်ဖက်ကို သူ၏လျှာဖြင့်စက်ဝိုင်းပုံရစ်ပတ်ကာ နမ်းစုပ်လိုက်သည့်အခါတွင်တော့ Krist၏နှုတ်ဖျားမှ ညီးသံတချို့က သာယာစွာထွက်ကျလာတော့သည်

နားထဲ၌ ယခုလိုအသံမျိုးကြားရတဲ့အခါ ကျေနပ်ပျော်ရွှင်မှုအပြုံးတို့က Singto မျက်နှာထက်၌ အထင်းသားပေါ်လာခဲ့သည်....

Krist၏မျက်နှာကတော့ ရှက်လွန်း၍နီရဲကာ ပေါက်ထွက်သွားတော့မည့်အလားပင်

သို့သော် သူ ဒီအခြေအနေမှ မရုန်းထွက်ချင်မိတဲ့အတွက် သူ့ကိုယ်သူအတော် အံ့သြနေမိတော့သည်....သူ့နှုတ်ကနေ ယခုလိုအသံမျိုးတွေ ထွက်နေတဲ့အတွက်ကြောင့်လည်း အလွန်အမင်း ရှက်နေမိသည်

Krist၏ပွင့်ချပ်နှစ်ခုကို Singကတစ်ဖက်နှင့် တစ်ဖက်ပြောင်းကာ ဆော့ကစား၍နမ်းစုပ်နေတဲ့အတွက် အိပ်ရာခင်းစကို တင်းတင်းဆုပ်ကိုင်ပြီး နေနေသော်လည်း သူ့ညီးသံတို့ကတော့ ထိန်းမရစွာ ထွက်လာဆဲပင်

Singtoသည် အနမ်းတို့ကိုရပ်တန့်လိုက်ပြီး Krist၏ မျက်လုံးများကို ကြည့်လိုက်သည့်အခါ မောဟိုက်နေသော Kristသည် သူအား ပြန်လည်ကြည့်လာသည်

'Kit ကိုယ်စိတ်မထိန်းနိုင်ဘူးဖြစ်သွားတယ် တောင်းပန်ပါတယ် '

'ရပါတယ်ကိုကိုရဲ့ kitဘာမှမဖြစ်ပါဘူး'

'ကိုယ်အမြဲတွေးထားတာ ဟိုကိစ္စလိုမျိုးကို Kitကို ကိုယ်လက်ထပ်ပြီးမှလုပ်မယ်လို့ အဲ့လိုကိစ္စမျိုးကိုမပြင်ဆင်ထားဘဲနဲ့မလုပ်ချင်ဘူး ပြီးတော့ ကိုယ့်ကြောင့် Kitနာကျင်မှာကိုလည်း

ကိုယ်မလိုချင်ဘူး kitစိတ်မပါဘူးဆိုရင် ကိုယ်လည်းမလုပ်ဘူးလို့ဆုံးဖြတ်ထားတာ'

ယခုလို ဂရုစိုက်၍ချစ်သူအပေါ်တွေးပေးတတ်သော Singtoကိုပိုင်ဆိုင်ထားရသည့်အတွက် Kristအလွန်အမင်းပျော်ရွှင်မိသည်....

'ကိုကို Kitကို ဘလောက်ထိတောင်ချစ်တာလဲဟင်'

'သူများတွေလို သမုဒ္ဒရာကြီးလောက် ပင်လယ်ကြီးလောက်မဟုဘူး'

'ဟင်... အဲ့တာဆိုနည်းနည်းဘဲချစ်တာပေါ့'

မျက်နှာလေးညှိုးငယ်သွားသော Krist၏ပါးပြင်ကို ရွှတ်ခနဲမြည်အောင် နမ်းလိုက်ပြီး

'ကိုယ့်အချစ်က အဲ့တာတွေထက်ကိုပိုတယ် ဘာနဲ့မှ တိုင်းဆလို့မရအောင် နှိုင်းယှဉ်လို့မရအောင်kitကိုချစ်တာ မြတ်နိုးတာ'

အဖြေကိုကျေနပ်သွားတော့ ကျေနပ်ပြုံးလေးတစ်ခုနဲ့အတူ ပါးပြင်တို့ကပါ ပန်းနုရောင်လေးသန်းလာသောKristကို

Singtoကြည့်မဝအောင်ဖြစ်နေတော့သည်

'Kit အိပ်ရအောင်လေ'

'ဟုကဲ့'

Kristကိုယ်ပေါ်မှ Singtoဆင်းလိုက်ပြီး ဘေးနားဝင်လှဲလိုက်သည်

ထို့နောက် Kristကို သူ့ရင်ခွင်ထဲ ထည့်ထားလိုက်ကာ နဖူးပြင်ပေါ် အနမ်းတစ်ပွင့်ခြွေလိုက်သည်

'ကိုယ်တောင်းပန်ပါတယ်နော် Kitကိုပစ်ထားပြီးငိုအောင်လုပ်မိလို့'

'ကိုကိုတောင်းပန်စရာမလိုပါဘူး

kitကသာ ကိုကို့ကို တောင်းပန်ရမှာ

ကိုကို~~~'

'ဗျာ...'

'ကိုကို့ကို Kitအရမ်းချစ်တယ်'

'ကိုယ်လည်း kitကိုအရမ်းချစ်တယ် အိပ်တော့baeလေး'

'ဟုကဲ့ကိုကို... :-)'

တကယ်ပြောတာပါ

*ဘယ်နေရာမှာဘဲရှိနေပါစေ Kristရှိရာအရပ်ကိုသာ Singtoမျက်နှာမူသွားမည်

*ဘယ်သူတွေနဲ့ဘဲရှိနေပါစေ Kristဆိုတဲ့လူသားကိုသာ

Singtoကြည့်သွားမည်

*ဘလိုနေရာမှာဘဲရှိနေပါစေ Kristရှိတဲ့နေရာမှာသာ Singto နေသွားမည်

*ဘယ်သူတွေဘလိုပြောပါစေ Krist Perawatကိုသာ Singto ချစ်မြတ်နိုးသွားမည်

Singto၏နှလုံးသားပိုင်ရှင်သည် Kristသာ

သူ့နှလုံးသားကို Kristမဟုဘဲတခြားသူစိုးမိုးနိုင်ဖို့ ဆိုသည်မှာ သူသေတာတောင်ရနိုင်မည်မဟုတ်

သူ့အသက်လောက်ထိ Kristတစ်ယောက်တည်းကိုသာသူမြတ်မြတ်နိုးနိုးနဲ့ ချစ်သည်

ဘယ်အရာမှ မတည်မြဲဘူးဆိုတဲ့ ဒီလောကကြီးမှာ Kristအပေါ်မှာထားရှိသည့် Singto၏အချစ်တွေကတော့ ထာဝစဉ်ရှင်သန်နေပေလိမ့်မည်......

______________________________________


Continue Reading

You'll Also Like

4.3K 403 17
แ€ฑแ€”แ€ฌแ€„แ€นแ€แ€€แ€„แ€นแ€ธแ€ฑแ€žแ€ฌ แ€แ€บแ€…แ€นแ€ปแ€แ€„แ€นแ€ธแ€แ€›แ€ฌแ€ธแ€€แ€ญแ€ฏแ€žแ€ฌ แ€œแ€ญแ€ฏแ€œแ€ฌแ€ธแ€•แ€ซแแ‹... แ€”แ€ฑแ€ฌแ€„แ€บแ€แ€€แ€„แ€บแ€ธแ€žแ€ฑแ€ฌ แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€แ€›แ€ฌแ€ธแ€€แ€ญแ€ฏแ€žแ€ฌ แ€œแ€ญแ€ฏแ€œแ€ฌแ€ธแ€•แ€ซแแ‹... แ€’แ€ฎ fiction แ€€แ€ญแ€ฏ @matdarlinmawyi แ€กแ€แ€ผแ€€แ€นแ€ฑแ€›แ€ธแ€•แ€ซแ€žแ€Šแ€นแ‹ ChanBa...
54K 3K 62
แ€™แ€บแ€€แ€นแ€…แ€ญแ€™แ€ปแ€™แ€„แ€นแ€แ€ฒแ‚”แ€ฑแ€€แ€ฌแ€„แ€นแ€ฑแ€œแ€ธแ€”แ€ฒแ‚• แ€œแ€ฐแ€ปแ€€แ€ฎแ€ธแ€ฑแ€แ€ผแ€กแ€แ€„แ€นแ€ธแ€…แ€ฎแ€…แ€ฅแ€นแ€œแ€ญแ€ฏแ‚• แ€œแ€€แ€นแ€‘แ€•แ€นแ€›แ€แ€ฒแ‚• แ€กแ€แ€ผแ€ฒแ€Ÿแ€ฌ แ€กแ€†แ€„แ€นแ€ฑแ€ปแ€•แ€”แ€ญแ€ฏแ€„แ€นแ€•แ€ซแ€ทแ€™แ€œแ€ฌแ€ธ
96.9K 5.1K 24
Exo's XingDae(yaoi) Cover- Aries LinLet Sky