แ€กแ€†แ€ฏแ€ถแ€ธแ€™แ€ฒแ€ทแ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธ (Endless Lo...

By reselda_

64.5K 3.3K 46

Singkrist....... ๐Ÿ’™๐Ÿ’™Sk๐Ÿ’™๐Ÿ’™ Peraya..........โคโคโค More

.....Intro.....
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Baby kit's Jealous On his P'Sing)
Part-21(First Kiss๐Ÿ’‹๐Ÿ’‹)
Part-22
Part-23
Part-24(Sweet Kiss)
Part-25
Part-26
Part-27
Part-28(Kiss for my love)
Part-29(I promise u my love)
Part-30(Morning kiss from my lover)
Part-31(Forgive me for my mistake)
Part-32(Deeply kiss๐Ÿ’‹)
Part-33(Mwah mwah๐Ÿ˜˜)
Part-34(Anniversary ๐Ÿ’–๐Ÿ’–)
Part-35(Love=Love)
Part-36
Part-37
Part-38๐Ÿ’œ๐Ÿ’œ
Part-39(๐Ÿ’™๐Ÿ’™)
Part-40(๐Ÿ’š๐Ÿ’š)
Part-41(๐Ÿ’›๐Ÿ’›)
Part-42(๐Ÿ’–๐Ÿ’–)
Part-43(SWEET LOVE)
Part-44(๐Ÿ’ž๐Ÿ’ž๐Ÿ’ž)
Part-45(๐Ÿ’๐Ÿ’)
Part-46(๐Ÿ’•๐Ÿ’•)
Part-47(๐Ÿ’ž๐Ÿ’ž)
Part-48(๐Ÿ’Ÿ๐Ÿ’Ÿ)
Part-49(๐Ÿ’š๐Ÿ’š๐Ÿ’š)
Part-50(๐Ÿ’๐Ÿ’)
Part-51(๐Ÿ’–๐Ÿ’–)
Part-52(๐Ÿ’˜๐Ÿ’˜)
Part-53(End๐Ÿ’)
Part-1 (Uni)
Part-2 (Uni)
Part-3 (Uni)
Part-4(Uni)
Part-5(Uni)
Part-6(Uni)
Part-7(Uni)
Part-8(Uni)
Part-9(Uni)
Part-10(Uni)
Part-11(Uni)
Part-12(Uni)
Part-13(Uni)
Part-14(Uni)
Part-15(Uni)
Part-16(Uni)
Part-17(Uni)
Part-18(Uni)
Part-19(Uni)
Part-20 (Uni)
Part-21(Uni)
Part-22(Uni)
Part-23(Uni)
Part-24(Uni)
Part-25(Uni)
Part-26(Uni)
Part-27(Uni)
Part-28(Uni)
Part-29(Uni)
Part-30(Uni)
Part-31(Uni)
Part-32(Uni)
Part-33(Uni)
Part-35(Uni)
Part-36(Uni)
Part-37(Uni)
Part-38(Uni)
Part-39(Uni)
Part-40(Uni)
Part-41(Uni)
Part-42(Uni)
Part-43(Uni)
Part-44(Uni)
Part-45(Uni)
Part46(Uni)
Part-47(Uni)
Part-48(Uni)
Part-49(Uni)
Part-50(Uni)
Part-51(Uni)
Part-52(Uni)
Part-53(Uni) End

Part-34(Uni)

137 9 0
By reselda_

အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာခဲ့တာ၁၈ ရက်နေ့ကိုရောက်ခဲ့ပြန်ပီ......ဒီနေ့က သူနဲ့ကိုကိုချစ်သူဖြစ်တာ တလပြည့်တဲ့နေ့ဘဲ......တလဆိုတဲ့အချိန်အတောအတွင်းမှာ သူကိုကို့အပေါ်ဆိုးချင်သလိုဆိုးခဲ့ပေမယ့်လည်း ကိုကိုကတော့သူ့ကိုဘယ်တော့မှ အပြစ်မမြင်ခဲ့ဘူး...သူကိုကို့ကိုဘလောက်ဘဲစိတ်ကောက်ကောက် ကိုကိုကဘဲသူ့ကိုပြန်ချော့ခဲ့ရတာကြီးဘဲ...အမြဲတမ်း သူ့ကိုဂရုတစိုက်နဲ့စိတ်ပူပေးနေတတ်တဲ့ သူကလည်းကိုကိုပါဘဲ....အဲ့ဒါကြောင့် ဒီလူသားအပေါ် တနေ့ထက်တနေ့ ကျွန်တော့်ရဲ့အချစ်တွေက ပိုပိုတိုးလာခဲ့တယ်...ကိုကို့ရဲ့ဂရုစိုက်မှုတွေကို ဒီ့ထက်ပိုပီးလိုချင်မိတယ်....ကိုကို့အပေါ်မှာလည်း ပိုပိုပီးဆိုးချင်လာမိတယ်...သူက ကိုကိုနဲ့တွေ့ရင် အမြဲတစေ ကလေးတယောက်လိုဖြစ်သွားတတ်တာကိုလည်း သူ့ကိုယ်သူအသိဆုံးပင်.......☺☺

အခုအချိန်ဆို ကိုကိုဘာတွေများလုပ်နေပါလိမ့်...... ကိုကိုက စောစောထတတ်တဲ့သူဆိုတော့ အခုအချိန်ဆိုရင်တော့ နိုးနေလောက်ပီထင်တယ်...

'Happy One Month Anniversary pr Koko......love u koko😘😘😘'

သူ ကိုကို့ဆီ messageပို့ပီးတာနဲ့ ကိုကိုပြန်ပို့လာမယ့် စာကိုစောင့်နေလိုက်တယ်..............သူစောင့်နေတာကြာပေမယ့် ဘာမှလည်းပြန်မပို့လာဘူး.....သူ့စာကိုများ မတွေ့သေးလို့လားမသိဘူး...ဟုတ်မှာပါလေ...အလုပ်ရှုပ်နေလို့ phကို မကြည့်ဖြစ်သေးတာနေမှာ.... တကယ်လို့တွေ့ဖြစ်ရင်တော့ သူ့ကို စာပြန်ပို့မှာပါ......အဲ့လိုဘဲတွေးထားလိုက်ပီး သူလုပ်စရာရှိတာတွေဘဲလုပ်နေလိုက်တယ်..... ကျောင်းပိတ်လို့ အိမ်စာတွေလုပ်ပီးတော့ ၁၀နာရီတောင်ထိုးနေပီ...ဒီအချိန်လောက်ဆိုရင်တော့ ကိုကို သူပို့ထားတဲ့စာကို တွေ့လောက်ပါပီ..

ဘာလို့များ သူ့ဆီ ဘာမှပြန်မပို့လာတာလဲမသိဘူး...🤔🤔

သူ့ဆီကို စာပြန်မပို့နိုင်လောက်အောင် ဘာတွေများ လုပ်နေလို့လဲ...phဆက်ပီး မေးလိုက်တာဘဲကောင်းမယ်ထင်တယ်

...သူphဆက်ကြည့်ပေမယ့်.... ဘာတုန်းဟ ဘာလို့စတ်ပိတ်ထားတာလဲ....🙄ဒီနေ့က သူတို့ anniversary ဆိုတာ ကိုကိုမေ့နေတာလား...ဒါမှမဟုတ် သူနဲ့မဆက်သွယ်ချင်တော့လို့ဘဲ အခုလိုမျိုး စက်ပိတ်ထားတာလား...ဒါမှမဟုတ် တခုခုများဖြစ်နေတာလား....သူ့ခေါင်းထဲမှာ လား ပေါင်းများစွာနဲ့ စဉ်းစားရင်း စိတ်ပူလာတာနဲ့အမျှ ရင်ထဲမှာပါ တပြိုင်နက်တည်း ဝမ်းနည်းလာတယ်....😔😔😔

သူတနေ့လည်လုံး အခန်းထဲမှာဘဲ နေရင်း မှိုင်နေမိတာ ညနေရောက်တဲ့အထိဘဲ...အခုအချိန်ထိလည်း သူ့ကို ကိုကိုမဆက်သွယ်လာသေးဘူး....သူ့ကို ကိုကိုက မချစ်တော့ဘူးထင်တယ်လို့တွေးလိုက်တိုင်းလည်း သူ့မျက်ရည်တွေက အတိုင်းအဆမရှိ ကျဆင်းလာတယ်...အင်းပေါ့လေ...သူကဘာမှမက်မောစရာမရှိတဲ့ယောကျာ်းလေးဆိုတော့ ကိုကိုက သူ့အပေါ်ထားတဲ့အချစ်တွေလည်း လျော့သွားပီထင်ပါရဲ့....😣...တကယ်လို့ သူ့ကို မချစ်တော့ဘူးဆိုရင်လည်း သူ့ကိုတိုက်ရိုက်ပြောပါကိုကိုရယ်...ဘာလို့များ အခုလိုကြီးတော့ သူ့ကို အဆက်အသွယ်ဖြတ်ထားတာ တော့မကောင်းပါဘူး😢😢😢😢😢

'Krist.....Krist..ဦးလေးလာတယ် တံခါးလာဖွင့်ပေးဦး'

'ဟုတ်...'

သူ့ဦးလေးခေါ်သံကြောင့် သူ့မျက်ရည်တွေကို သုတ်လိုက်ရင်း တံခါးသွားဖွင့်ပေးလိုက်တယ်

'ငါ့တူကိုလာကြည့်တာ...ဘလိုလဲနေရတာအဆင်ပြေလား'

'အဆင်ပြေပါတယ် ဦးလေး'

'ဒါနဲ့ဘာလို့မျက်နှာမကောင်းတာလဲ...နေမကောင်းလို့လား..'

'မဟုပါဘူး...ကောင်းပါတယ်'

'ဟုလို့လား..မင်းကြည့်ရတာတမျိုးဘဲ...ဘာစိတ်ညစ်စရာတွေများရှိနေလို့်လဲ'

'မရှိပါဘူး ဦးလေးကလည်း....'

'မင်းက ငါ့တူပါကွာ..ကြည့်လိုက်တာနဲ့တန်းသိတယ်...

ပြောပါ ဦးလေးကို အားနာစရာမလိုပါဘူး'

'ဘာမှမဖြစ်ပါဘူးဆို ဦးလေးကလည်းဗျာ....'

'ဘာလဲ...မင်းအခုလိုဖြစ်နေတာမင်းချစ်သူN'Singကြောင့်လား...'

'ဗျာ...........😶'

'ဦးလေးပြောတာမှန်တယ်မဟုလား...'

'ဦးလေးက ဘလိုလုပ်သိတာလဲ......😯😯😯'

'ဟားဟား..Kristမင်းက ကိုယ့်ဦးလေးကိုအရမ်းလျော့တွက်တာဘဲကွ......😆😆😆'

'မဟုပါဘူး...အဲ့အကြောင်းတွေကိုတခါမှ ကျွန်တော်မပြောပြဖူးဘူးလေ...'

'Krist...မင်းကို ဦးလေးက စောင့်ရှောက်လာခဲ့တာလေကွာ...Singအကြောင်း မင်း ဦးလေးကိုကားပေါ်မှာ ပြောပြကတည်းက ငါရိပ်မိပါတယ်...မင်း သူ့ကိုစိတ်ဝင်စားနေပီဆိုတာ....'

'အဲ့လိုမဟုပါဘူး ဦးလေးကလည်း😅😅'

'ဘာမဟုတာလေ....မင်းအရင်ကလိုမဟုတော့တာ ဦးလေးသတိထားမိတာကြာနေပီ.....ဦးလေးလည်း ငယ်ရာက ကြီးလာတာပါကွာ...ဒီကိစ္စတွေကို ဦးလေးလည်း ကြည့်လိုက်တာနဲ့သိပါတယ်ကွ...မင်းက ဘာမှမပြောလို့သာ ဦးလေးကလည်း ဒီအတိုင်းနေ နေတာ.....'

'ကျွန်တော်က မပြောရဲလို့ပါ😄😄😅'

'ထားလိုက်ပါ ...ကဲ.. ပြောပါဦး..အခုက N'Singနဲ့ ဘာဖြစ်ထားတာလဲ ရန်ဖြစ်ထားကြတာလား...'

'မဟုပါဘူး.....'

'အဲ့ဆို ဘာဖြစ်ထားကြတာလဲ'

'ဘာမှမဖြစ်ပါဘူး....'

'အဲ့ဒါဆို ဘာလို့ မျက်နှာကြီးကအခုလိုမှိုင်တွေနေပီး မျက်လုံးတွေက နီရဲနေရတာလဲ....ငိုထားတာမဟုလား...မှန်မှန်ပြော...ဘာလို့ငိုထားတာလဲ..'

'ကိုကိုက phစက်ပိတ်ထားလို့😟'

'ဘာ..ဘာ...ကို~~ကိုကို N'Singကို ကိုကို '

အမယ်လေးဗျာ...Mikeဆိုတဲ့သူ့ကိုယ်သူတောင် သနားလာမိပီ...ကျွန်တော့်တူလေးက N'Singကိုများ ခေါ်လိုက်တာ ကိုကို တဲ့...ကျွန်တော့်နားထဲကို ကိုးလို့ကန့်လန့်ကြီး ဝင်သွားသလိုဘဲ...😰😰😰

'phလေးစက်ပိတ်ထားတာကို မင်းက ငိုနေတာပေါ့.....မင်းကွာ..ငါ့တူမပီသလိုက်တာ😏😏'

'ဟာ..ဦးလေးကလည်း..အဲ့တာကြောင့်ငိုတာမဟုပါဘူး....ဒီနေ့က ကျွန်တော်တို့ ချစ်သူဖြစ်တာ တလပြည့်တဲ့နေ့...အဲ့တာကို တနေကုန် ကျွန်တော့်ဆီ စာလေးတောင်မပို့ဘူး...ပီးတော့ phခေါ်ကြည့်တော့လည်း စက်ပိတ်ထားတယ်လေ...အဲ့ဒါကြောင့် ဝမ်းနည်းလို့ ဟာကို😩😩'

'aww...အဲ့လိုလား...မသိဘူးလေကွာ... 🙄...အွမ်း..မင်းပြောပုံအရဆို N'Singက ဘာတွေများဖြစ်နေလို့လဲမသိဘူး....သူကောင်မလေးအသစ်တယောက်များရသွားပီလားမသိဘူးနော်😱'

'ဦးလေး!!!!စိတ်ညစ်ပါတယ်ဆို ဘာတွေလာပြောနေတာလဲ😖'

'မဟုဘူးလေကွာ...ငါကဒီအတိုင်းမှန်းပြောကြည့်တာ...😁'

'😏😒😒😒'

ဒေါက်~~~ဒေါက်

'Krist...ဘသူလဲမသိဘူး သွားလိုက်ဦး N'Singဖြစ်နေဦးမယ်'

'ဟုတ်ကဲ့..'

သူလည်း မြန်မြန်သွားပီး တံခါးသွားဖွင့်လိုက်ပေမယ့် တွေ့လိုက်ရတဲ့သူက သူတွေ့ချင်နေတဲ့သူမဟုတ်..ဘသူမှန်းလည်း မသိဘူး....😐😐..ကလေးမလေးတယောက်...သူ့အခန်းဆီဘာလာလုပ်တာပါလိမ့် အခန်းမှားပီးများလာတာလား😳

'အူးအူး....Kristလားဒီမှာ စာပေးခိုင်းလိုက်လို့'

'ဟင်...ဘသူကပေးခိုင်းလိုက်တာလဲ'

'သိဘူး.....အဲ့အူးအူးက...မီးမီးကို ဒီတိုက်ခန်းမှာနေတဲ့Kristဆိုတဲ့ အူးအူးကိုဒီစာပေးပါဆိုလို့ .....'

ကလေးမလေးက သူ့လက်ထဲ စာကိုပေးခဲ့ပေးပီးတော့ ထွက်သွားတဲ့အခါ ကျွန်တော်ဘဲကြောင်တောင်တောင်နဲ့ရပ်ကျန်နေခဲ့တယ်..ဘသူကများငါ့ကို စာပေးခိုင်းလိုက်တာပါလိမ့် သူ့လက်ထဲက စာကို ဖွင့်ဖတ်ကြည့်လိုက်တော့ စာထဲမှာရေးထားတာက....

'ဦးလေး...ကျွန်တော် တနေရာသွားလိုက်ဦးမယ် ....ဦးလေးပြန်ချင်ရင်လည်း ပြန်လိုက်တော့.....'

'ဟာ...ဟိတ်..ဟိတ်..Krist!!!'

ဒီကောင်လေး ဘလိုဖြစ်လို့အလောတကြီး ထွက်သွားရတာလဲ မသိဘူး...ခုနကဘသူများလာလို့ပါလိမ့်.....အွမ်း...ငါလည်းပြန်မှပါ...ဘသူမှလည်းမရှိဘဲနဲ့ ငါဆက်နေ နေတာမကောင်းပါဘူး..aww... ဒီလူငယ်တွေနဲ့တော့ ခက်ပါတယ်😌😌

--------------------------------------------------------

Krist သူ ခြေလှမ်းကျဲကျဲကြီးတွေနဲ့ မပြေးရုံတမယ် တနေရာကိုထွက်လာခဲ့တယ်....သူမြန်မြန်လာရလို့ တော်တော်ကိုမောနေပီ..အပြင်မှာကလည်း မှောင်နေပီ......ခုနက စာကိုဖတ်လိုက်တော့ ရေးထားတဲ့လက်ရေးတွေကိုကြည်ပီး သူချစ်ရသူရဲ့ လက်ရေးတွေဆိုတာတန်းသိလိုက်တယ်...ကိုကိုက သူနဲ့အခုတွေ့ချင်တယ်အရေးကြီးလို့တဲ့ လာရမယ့်နေရာက Dream Cafe.......

🏃🏃🚶🚶

နောက်ဆုံးတော့ သူဆိုင်ရှေ့ကို ရောက်လာခဲ့တဲ့အချိန်မောလွန်းလို့ အသက်ကိုတောင်မနဲရှူနေရတယ်....ဆိုင်က အရမ်းမကြီးပေမယ့် သပ်သပ်ရပ်ရပ်နဲ့ အဝင်ဝမှာလည်း ပန်းလေးတွေနဲ့ အလှဆင်ထားတယ်....ကြည့်လိုက်တာနဲ့ လူတွေကို အမြင်တမျိုးလေးနဲ့ ဆွဲဆောင်နိုင်တယ်...😍😍..ဒါနဲ့ကိုကိုက သူ့ကို ဘာလို့များ ဒီနေရာကို ခေါ်ရတာပါလိမ့်....

သူဆိုင်အတွင်းထဲကို ဝင်လိုက်တော့ အထဲမှာ တဆိုင်လုံးက

မီးတွေ မှိတ်ထားတယ်....ဘာလို့များမီးတွေမှိတ်ထားပါလိမ့်....အဲ့အချိန် တနေရာကနေ မီးလင်းလာတာတွေ့တော့ ကျွန်တော်ကြည့်လိုက်တဲ့အခါ........😳

'ဒီသီချင်းက ကျွန်တော် အရမ်းချစ်ရတဲ့သူလေးအတွက်ကိုယ်တိုင်ရေးထားတာပါ..☺... နားဆင်ပေးပါနော်....'

'🎶ချိုသာတဲ့အပြုံးလေးတွေနဲ့ ရင်ထဲငြိတွယ်ခဲ့....

ကိုယ့်ရဲ့ရင်မှာ မင်းက နေရာယူခဲ့တယ်...

......နှလုံးသားထဲက ကိုယ့်အချစ်တွေလည်း

အို~~~~မင်းတယောက်တည်းအတွက် ဖြစ်တည်ခဲ့....

စိတ်ဓာတ်ကျလို့ အားငယ်တိုင်း....

ကိုယ်ဟာ မင်းရဲ့ဘေးမှာ အမြဲတမ်းရှိနေမယ်...👨‍❤️‍👨

တွေးလို့မပူနဲ့....ကိုယ့်ရဲ့ရင်ထဲ

မင်းလေးတယောက်သာ ထာဝစဉ် စိုးမိုးလို့ထား.....

အမြဲတမ်း မပြောင်းလဲ ကိုယ့်ရဲ့အချစ်များ....

သက်ဆုံးတိုင် မင်းလေးတယောက်ဘဲ

ချစ်လို့နေမှာ......♥

ပျော်ရွှင်စရာတွေအတူဖန်တီးလို့....

.....နာကျင်စရာတွေအကုန်မေ့ပီး~~~

နှစ်ယောက်အတူလက်ချင်းတွဲ......

....ကိုယ်တို့ရဲ့အချစ်များနဲ့.....

.......တမိုးအောက်ကမ္ဘာမှာ

အတူဖြတ်သန်းကြမယ်ကွာ.. ...

......💗.....နှစ်ပတ်လည်နေ့တိုင်း.....💗.....

Happy One Month Anniversary pr

ဘေဘီ.......အရမ်းချစ်တယ်နော်....😊'

Wow........👏👏👏👏👏

ကိုကို့အသံလည်းဆုံးသွားရော...တဆိုင်လုံးမီးလင်းလာပီး ဆိုင်ထဲမှာရှိတဲ့လူအကုန်လုံးက မတ်တပ်ထပီး လက်ခုပ်တွေတီးနေကြတယ်....သူကတော့ အံ့သြလွန်းလို့ အဲ့နေရာမှာတင် မတ်တပ်ကြီးရပ်နေမိတယ်....ကိုကိုကတော့ သူရှိတဲ့နေရာဆီ လျှောက်လာပီး..သူ့နဖူးပေါ်အနမ်းတပွင့်ခြွေကာ...သူ့ကိုဖက်လိုက်တော့....သူလည်း ကိုကို့ကို ပြန်ဖက်ထားလိုက်တယ်....ဆိုင်ထဲက သူတွေကတော့ ခုနကထက် ပိုကျယ်တဲ့အသံတွေနဲ့ တဝိုးဝိုးနဲ့ ထအော်နေကြလေရဲ့.....

'Kit ကိုယ်နဲ့ ခဏလိုက်ခဲ့နော်'

ကိုကိုက ပြောပီးတာနဲ့ သူ့လက်ကိုဆွဲပီး ဆိုင်အတွင်းထဲက အခန်းတခုထဲ ခေါ်သွားတယ်....အဲ့အခန်းကလည်း ခုနက သူဝင်လာတုန်းကလို မှောင်နေပေမယ့် သူတို့ အထဲကိုလည်းရောက်ရော အခန်းက မီးရောင်စုံတွေလင်းလာတဲ့အပြင် တခန်းလုံးကလည်း သူတို့ဓာတ်ပုံတွေနဲ့ပြည့်နေတယ်.......😍😍

ပီးတော့ အခန်းရဲ့အလယ်က စားပွဲပေါ်မှာ

"Happy One Month Anniversary pr Babe" လို့စာတန်းထိုးထားတဲ့ ကိတ်မုန့်လေး......

သူကြည့်နေရင်းနဲ့ ပျော်လွန်းလို့မျက်ရည်တောင်ကျလာတယ်...

'ကိုကို~~~~'

'သဘောကျလား...kit..ကိုယ်ဒါတွေတနေကုန်လုပ်ထားတာ'

'အွမ်း....သဘောကျတယ်...ရွှတ်😢'

'အယ်...ဘာလို့ငိုတာလဲ...မကြိုက်လို့လား ဟင်kit'

'မဟုပါဘူး...ကြိုက်တယ်..kigက ကိုကို့phစက်ပိတ်ထားတော့ kitကိုမချစ်တော့ဘူးထင်လို့...ပီးတော့ ကိုကိုက kitတို့anniကိုမေ့နေတယ်ထင်ပီး ဝမ်းနည်းနေတာ😓😓'

'မမေ့ပါဘူးkitရယ့်..ဒီလိုနေ့မျိုးကို ကိုယ်ကမေ့စရာလား. .ကိုယ်က kitကိုSurpriseလုပ်ပေးချင်လို့ပါ...'

'အဟင့်..... အဲ့တာကိုkitက မသိဘဲအထင်လွဲနေမိတယ်..😧😧'

'ကဲ... လာပါငိုမနေနဲ့တော့ ကိတ်မုန့်ခွဲရအောင်...'

'ဟုတ်😊😊😊'

သူတို့နှစ်ယောက်အတူတူ ထိုင်ခုံပေါ်မှာထိုင်ကာ ကိတ်ခွဲလိုက်ပီး တယောက်ကိုတယောက် ခွံ့ကြွေးလိုက်ကြတယ်.....

'Kit...မျက်လုံးခဏမှိတ်ထားပေးပါလား'

'ဟင်...ဘာဖြစ်လို့လဲ'

'ကိုယ်ပေးစရာရှိလို့ နော် မှိတ်ထားပေး'

'အွမ်း....☺☺☺☺'

သူမျက်လုံးမှိတ်ထားပေးတော့ ကိုကိုကသူ့အနားနားကပ်လာပီး သူ့လည်ပင်းကို တခုခုဆွဲပေးနေတယ်..

'ရပီ...မျက်လုံးဖွင့်ကြည့်လိုက်တော့'

မျက်လုံးဖွင့်လိုက်ပီး သူ့လည်ပင်းကိုငုံ့ကြည့်လိုက်တော့....

ဟင်...ဆွဲကြိုးလေး...သူသေချာကိုင်ကြည့်လိုက်တော့ နေမင်းကြီးကို လခြမ်းက အပေါ်ကနေ ငုံထားတဲ့ပုံနဲ့.....

'Kitကြိုက်ရဲ့လား'

'☺☺အွမ်း အရမ်းကြိုက်တယ်..'

'အမြဲတမ်းဆွဲထားနော်...kitပြောဖူးတယ်လေ..ကိုယ်က kitရဲ့လမင်းကြီးလို့....'

'ဟုတ်..🙂'

'အွမ်း...ကိုယ်ကလမင်းကြီးဆိုရင် kitကကိုယ့်အတွက်တော့ နေမင်းကြီးဘဲ..☀'

'ဘာလို့တုန်း.. 😳😳😳'

'လမင်းကြီးကိုမြင်ရဖို့ နေမင်းရဲ့အလင်းရောင်ရမှ ဖြစ်မှာလေ...အဲ့လိုဘဲ..ကိုယ့်အတွက်လည်း kitဆိုတဲ့ နေမင်းကြီးရှိနေမှ ကိုယ့်ဘဝတခုလုံးပြည့်စုံမှာလေ...😉'

'ကိုကို..kitကို စိတ်မဆိုးနဲ့နော်..kitက အထင်လွဲနေမိလို့..ပီးတော့kitက ကိုကို့ကို ဘာမှပြန်မလုပ်ပေးရလို့'

'မလိုပါဘူးkitရယ်...kitကိုယ့်ဘေးမှာရှိနေတာကိုက ကိုယ့်အတွက်ဘာမှမလိုပါဘူး...ခုနကကိုယ်ပြောပြီးပီလေ..နော်'

'😊😊😊☺☺☺ကိုကိုkitဘေးမှာ ရှိနေပေးမှ kitဘဝကလည်း အဓိပ္ပါယ်ရှိပီးပြည့်စုံနေမှာပါ..'

သူအဲ့လိုပြောလိုက်တော့ ကိုကိုက ပြုံးပြုံးကြီးကြည့်နေရင်း သူ့ခန္ဓာကိုယ်ကို ရင်ခွင်ထဲဆွဲထည့်လိုက်တယ်........

သူ ကိုကို့ကိုစချင်လာတာနဲ့ စားပွဲပေါ်ကကိတ်မုန့် နဲနဲယူပီး

ကိုကို့ မျက်နှာကိုသုတ်လိုက်တယ်...

'ဟာ...kit....'

'ဟဟား....ကိတ်မုန့်လေးနဲ့ ကိုကိုကပိုချောတယ်...😄😄'

'လာခဲ့...kitလူလည်လေး....ကိုယ်လည်းပြန်သုတ်မယ်..'

'အဟားဟား.....ကိုကိုနော် မလုပ်ရဘူး....'

သူတို့နှစ်ယောက် အခန်းထဲမှာ ပတ်ပြေးရင်း တယောက်မျက်နှာတယောက်ကိတ်မုန့်က creamတွေလိုက်သုတ်နေကြတယ်....

ပြေးရင်းနဲ့ ကိုကိုကသူ့ကိုမိသွားတဲ့အခါ...

'ကိုကို..kitမောနေပီနော်..ထိုင်ဦးမယ်😁😁'

'အွမ်း..kitက creamနဲ့အသုတ်ခံရမှာစိုးလို့မဟုလား.😒..'

'မဟုပါဘူးကိုကိုကလည်း..... လာ ကိုကို့မျက်နှာမှာပေနေတဲ့creamတွေသုတ်ပေးမယ်...'

သူလည်း ကိုကို့မျက်နှာပေါ်ကcreamတွေကို တစ်ရှူးလေးနဲ့သုတ်ပေးပီးအကုန်ပြောင်သွားတော့....

'ကိုကို kitကိုလည်းပြန်သုတ်ပေးဦး...ဒီမှာ တစ်ရှူး'

ကိုကိုက သူပေးတဲ့ တစ်ရှူးကိုလှမ်းယူလိုက်ပီး စားပွဲပေါ်ပြန်ချလိုက်တယ်..... ပီးတော့ သူ့ခါးကို လက်နှစ်ဖက်နဲ့ဖက်ပီး မျက်နှာနားကပ်လာရင်း..

'Kitမျက်နှာပေါ်က Creamတွေကိုသုတ်ဖို့ တစ်ရှူးမလိုဘူး'

'ဟင်~~😶😶'

ပြောပီးတာနဲ့ သူ့မျက်နှာပေါ်က creamတွကို ကိုကို့နှုတ်ခမ်းတွေနဲ့ သုတ်ပေးနေတော့..သူကိုကို့အင်္ကျီစကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိတယ်.....သူ့မျက်နှာနဲ့ပြန်ခွာသွားတဲ့အချိန် သူကိုကို့နှုတ်ခမ်းကိုကြည့်မိတော့ နှုတ်ခမ်းပေါ်မှာcreamလေးတွေ ကျန်နေတယ်.....

'ကိုကို...နှုတ်ခမ်းပေါ်မှာ creamတွေကျန်သေးတယ်..'

သူအဲ့လိုပြောလိုက်တော့ ကိုကိုက ပြုံးရင်း....

'အဲ့ဆိုလည်း တူတူစားကြတာပေါ့.... 😋'

အဲ့လိုပြောပီးတာနဲ့ သူ့နှုတ်ခမ်းပေါ်ကို ကိုကို့နှုတ်ခမ်းကထပ်ကျလာပီး နှစ်ယောက်လုံးရဲ့ နှုတ်ခမ်းပေါ်မှာ creamတွေပေသွားတဲ့အခါ...ကိုကိုကသူ့နှုတ်ခမ်းကို စုပ်ယူပီးနမ်းနေတယ်...နူးညံ့စွာနမ်းနေကြရာကနေ သူတို့နှစ်ယောက်ရဲ့လျှာတွေနဲ့ပါ...စွဲမက်ဖွယ်ကောင်းတဲ့ အနမ်းရှည်ကြီးတခုကိုနှစ်ယောက်အတူဖန်တီးခဲ့ကြတယ်.....

One month anni မှာ Singtoတယောက်ကတော့ ကိတ်မုန့်ကcreamထက်ကို ပိုအရသာရှိတဲ့ Kristဆိုတဲ့ သူ့ချစ်သူလူသားရဲ့ ချိုအိနေတဲ့ နှုတ်ခမ်းတစ်စုံကိုဘဲ အားပါးတရ စားသုံးနေလေရဲ့...........😋😋😋

______________________________________

(Anniversary ကိုတော့ ရေးနိုင်သွားပီကွယ်..သီချင်းကတော့ ကိုယိ့ဘာသာကို စဉ်းစားပီးစပ်ရေးထားကြည့်တာ....ဘလိုနေလဲ..😁😁)

Continue Reading

You'll Also Like

1K 74 9
Zeeแ€†แ€ญแ€ฏแ€แ€ฒแ€ท แ€€แ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ธแ€ แ€šแ€ฑแ€ฌแ€€แ€บแ€€แ€ญแ€ฏ แ€แ€–แ€€แ€บแ€žแ€แ€บแ€กแ€”แ€ฑแ€”แ€ฒแ€ท 5แ€”แ€พแ€…แ€บ แ€œแ€ฑแ€ฌแ€€แ€บแ€€แ€ผแ€ญแ€ฏแ€€แ€บแ€œแ€ฌแ€แ€ฒแ€ท Nunew แ€†แ€ญแ€ฏแ€แ€ฒแ€ทแ€€แ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ธ แ€แ€šแ€ฑแ€ฌแ€€แ€บ แ€šแ€ฌแ€‰แ€บแ€™แ€แ€ฑแ€ฌแ€บแ€แ€†แ€–แ€ผแ€…แ€บแ€•แ€ผแ€ฎแ€ธ แ€™แ€พแ€แ€บแ€‰แ€ฌแ€แ€บ แ€แ€ฝแ€ฑ แ€•แ€ปแ€ฑแ€ฌแ€€แ€บแ€†แ€ฏแ€ถแ€ธแ€žแ€ฝแ€ฌแ€ธแ€•แ€ผแ€ฎแ€ธ แ€”แ€ฑแ€ฌ...
15.5K 1.7K 41
แ€™แ€„แ€นแ€ธแ€กแ€…แ€‘แ€ฒแ€€แ€„แ€ซแ€ทแ€˜แ€แ€‘แ€ฒแ€แ€„แ€นแ€™แ€œแ€ฌแ€แ€ฒแ€ทแ€žแ€„แ€นแ€ทแ€•แ€ฐแ€ธ Haruto แ€ปแ€–แ€…แ€นแ€แ€บแ€„แ€นแ€›แ€ฌแ€ปแ€–แ€…แ€นแ€™แ€„แ€นแ€ธแ€กแ€”แ€ฌแ€ธแ€•แ€ฒแ€›แ€ฝแ€ญแ€แ€บแ€„แ€นแ€แ€šแ€น JeongWoo
1.4K 75 21
แ€™แ€„แ€บแ€ธแ€€แ€„แ€ซแ€ทแ€˜แ€โฃ๏ธ แ€€แ€ผแ€ฎแ€ธแ€€แ€ปแ€šแ€บแ€แ€™แ€บแ€ธแ€”แ€ฌแ€ธแ€แ€ฒแ€ทแ€กแ€ญแ€™แ€บแ€แ€กแ€ญแ€™แ€บแ€™แ€พแ€ฌแ€›แ€šแ€บแ€™แ€ฑแ€ฌแ€žแ€ถแ€แ€ฝแ€ฑ แ€•แ€ปแ€ฑแ€ฌแ€บแ€›แ€ฝแ€พแ€„แ€บแ€™แ€พแ€ฏแ€แ€ฝแ€ฑแ€กแ€•แ€ผแ€Šแ€บแ€ทแ€–แ€ฏแ€ฏแ€ถแ€ธแ€œแ€ฝแ€พแ€™แ€บแ€ธแ€”แ€ฑแ€แ€šแ€บ แ€™แ€ฌแ€”แ€แ€ฒแ€œแ€ฑแ€ธแ€”แ€พแ€šแ€ฑแ€ฌแ€€แ€บแ€›แ€ฒแ€ทแ€กแ€แ€ปแ€…แ€บแ€€แ€˜แ€šแ€บแ€œแ€ญแ€ฏแ€–แ€ผแ€…แ€บแ€œแ€ฌแ€™แ€œแ€ฒ แ€แ€šแ€ฑแ€ฌแ€€แ€บแ€€แ€กแ€”แ€ญแ€ฏแ€„แ€บแ€šแ€ฐ...