แ€กแ€†แ€ฏแ€ถแ€ธแ€™แ€ฒแ€ทแ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธ (Endless Lo...

By reselda_

64.5K 3.3K 46

Singkrist....... ๐Ÿ’™๐Ÿ’™Sk๐Ÿ’™๐Ÿ’™ Peraya..........โคโคโค More

.....Intro.....
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Baby kit's Jealous On his P'Sing)
Part-21(First Kiss๐Ÿ’‹๐Ÿ’‹)
Part-22
Part-23
Part-24(Sweet Kiss)
Part-25
Part-26
Part-27
Part-28(Kiss for my love)
Part-29(I promise u my love)
Part-30(Morning kiss from my lover)
Part-31(Forgive me for my mistake)
Part-32(Deeply kiss๐Ÿ’‹)
Part-33(Mwah mwah๐Ÿ˜˜)
Part-34(Anniversary ๐Ÿ’–๐Ÿ’–)
Part-35(Love=Love)
Part-36
Part-37
Part-38๐Ÿ’œ๐Ÿ’œ
Part-39(๐Ÿ’™๐Ÿ’™)
Part-40(๐Ÿ’š๐Ÿ’š)
Part-41(๐Ÿ’›๐Ÿ’›)
Part-42(๐Ÿ’–๐Ÿ’–)
Part-43(SWEET LOVE)
Part-44(๐Ÿ’ž๐Ÿ’ž๐Ÿ’ž)
Part-45(๐Ÿ’๐Ÿ’)
Part-46(๐Ÿ’•๐Ÿ’•)
Part-47(๐Ÿ’ž๐Ÿ’ž)
Part-48(๐Ÿ’Ÿ๐Ÿ’Ÿ)
Part-49(๐Ÿ’š๐Ÿ’š๐Ÿ’š)
Part-50(๐Ÿ’๐Ÿ’)
Part-51(๐Ÿ’–๐Ÿ’–)
Part-52(๐Ÿ’˜๐Ÿ’˜)
Part-53(End๐Ÿ’)
Part-1 (Uni)
Part-2 (Uni)
Part-3 (Uni)
Part-4(Uni)
Part-5(Uni)
Part-6(Uni)
Part-7(Uni)
Part-8(Uni)
Part-9(Uni)
Part-10(Uni)
Part-11(Uni)
Part-12(Uni)
Part-13(Uni)
Part-14(Uni)
Part-15(Uni)
Part-16(Uni)
Part-17(Uni)
Part-18(Uni)
Part-19(Uni)
Part-20 (Uni)
Part-21(Uni)
Part-22(Uni)
Part-23(Uni)
Part-24(Uni)
Part-25(Uni)
Part-26(Uni)
Part-27(Uni)
Part-28(Uni)
Part-29(Uni)
Part-30(Uni)
Part-31(Uni)
Part-32(Uni)
Part-34(Uni)
Part-35(Uni)
Part-36(Uni)
Part-37(Uni)
Part-38(Uni)
Part-39(Uni)
Part-40(Uni)
Part-41(Uni)
Part-42(Uni)
Part-43(Uni)
Part-44(Uni)
Part-45(Uni)
Part46(Uni)
Part-47(Uni)
Part-48(Uni)
Part-49(Uni)
Part-50(Uni)
Part-51(Uni)
Part-52(Uni)
Part-53(Uni) End

Part-33(Uni)

157 7 0
By reselda_

တိတ်ဆိတ်နေတဲ့ညအချိန် ဆေးရုံအခန်းလေးတခုထဲမှာတော့ ကောင်လေးနှစ်ယောက်ရဲ့ အသက်ရှူသံပြင်းပြင်းတွေနဲ့ ပြည့်နှက်နေတယ်...💨💨

💋💋....

'ကို..ကိုကို~~~'

အချိန်အတော်ကြာအနမ်းတွေဖလှယ်ပီးမှ Kitကသူ့ရင်ဘတ်ကို တွန်းပီး အသက်ရှူခွင့်တောင်းတော့ Singသူ့အနမ်းတွေကိုရပ်ပေးလိုက်တယ်....kitကတော့ ကျွန်တော်လွှတ်ပေးလိုက်တာနဲ့ ရင်ဘတ်လေးကိုနိမ့်ချည်မြင့်ချည်နဲ့ အသက်ဝအောင်ရှူနေတော့တယ်.....

'Kit...ကိုယ်နမ်းတာနဲနဲကြာသွားတယ်..တောင်းပန်ပါတယ်နော်'

Kitက ကျွန်တော့် ခန္ဓာကိုယ်ပေါ်ထိုင်ပီးအသက်ရှူနေရင်းနဲ့ ကျွန်တော့်နှုတ်ခမ်းပေါ်လက်ညိုးလေးတင်ရင်း ဖြေလာတယ်

'မတောင်းပန်ပါနဲ့ကိုကိုရဲ့.....ကိုကိုပေးတဲ့အနမ်းဘဲဟာ kitကျေနပ်ပါတယ်..☺'

'ဟာ....ပြောတာလေးကိုက ချစ်ဖို့ကောင်းလိုက်တာကွာ😍'

kitက ကျွန်တော်အဲ့လိုပြောလိုက်တော့ မျက်လုံးလေးတွေမှိတ်တဲ့အထိ ပြုံးပြကာ ကျွန်တော့်ပေါ်ကဆင်းသွားပီး ကျွန်တော့်ဘေးမှာ လာအိပ်တယ်..

'ကိုကိုအဆင်ပြေရဲ့လား..တကယ်လို့ကျပ်နေရင် kitဆင်းပေးမယ်..'

'ရတယ်..မဆင်းနဲ့..ဒီအတိုင်းက နွေးနွေးထွေးထွေးလေးနဲ့ပိုနေလို့ကောင်းတယ်😁'

kitရဲ့ ခေါင်းအောက်ကို ကျွန်တော့်လက်လျှိုထည့်ပီး ကျွန်တော့်လက်မောင်းကိုခေါင်းအုံးစေလိုက်တော့ အကောင်ပေါက်လေးက ကျွန်တော့်ရင်ခွင်ထဲ အလိုက်သင့်တိုးဝင်လာတယ်....

'အိပ်တော့ kit... မနက်ကျောင်းသွားရမှာ မထနိုင်ဘဲနေမယ်'

'ဟုတ်ကဲ့😊😊Good Night ကိုကို'

'Good Night kit💋'

kitရဲ့နဖူးပြင်ကိုအနမ်းတပွင့်ခြွေရင်း kitကိုဖက်ထားပီး အိပ်လိုက်တယ်... ကျွန်တော်ချစ်ရတဲ့သူနဲ့ တခုတင်တည်းမှာ အတူတူဖက်ပီးအိပ်ရတဲ့အတွက် ဒီညလေးက ကျွန်တော့်အတွက်ပျော်ရွှင်ကြည်နူးစရာကောင်းနေတယ်..ပီးတော့ ကျွန်တော့အိပ်မက်တွေကလည်း လှပနေမယ်ဆိုတာအသေအချာပါဘဲ...☺☺☺

----------------**************------------------

ဒီနေ့မနက် kit ၆နာရီမထိုးခင်လောက်ကတည်းက နိုးနေမိတယ် ..... သူ့ဘေးက သူချစ်ရသူကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေဆဲပင်...kit သူ့ခန္ဓာကိုယ်ကို ကိုကို့ဘက်လှည့်ပီး အိပ်ပျော်နေတဲ့ ကိုကို့မျက်နှာကို သေချာလိုက်ကြည့်နေတယ်....Wow..အနီးကပ်ကြည့်တာ ကိုကိုကပိုပီးခန့်နေလိုက်တာ...ဒီလိုမျိုး ဘယ်အချိန်မဆို ခန့်ညားနေတဲ့လူသားက ကျွန်တော့်ရဲ့ချစ်သူဖြစ်နေလို့လည်း ကိုယ့်ကိုယ်ကို ဂုဏ်ယူမဆုံးဘဲ...ကြည့်နေရင်းနဲ့ ကိုကို့မျက်နှာ ကိုသူ့လက်ညိုးလေးနဲ့ ဖွဖွလေးထိရင်း သူ့စိတ်ထဲရေရွတ်နေမိတယ်..

ဒါက သူဘောကျရတဲ့ ကိုကို့နဖူးပြင်လေး....

ဒါက သူ့ကိုကြည့်တိုင်း အချစ်တွေနဲ့ပြည့်နေတဲ့ မျက်လုံးလေးတွေ...

ဒါက သူဘောကျရတဲ့ ကိုကို့ရဲ့နှာတံလေး....

ဒါက သူချစ်ရတဲ့သူရဲ့ ပါးဖောင်းဖောင်းလေးတွေ.....

ပီးတော့......ဒါက သူ့ကိုအမြဲတမ်း စွဲလမ်းအောင်ပြုစားနေတဲ့

ကိုကို့ရဲ့ နှုတ်ခမ်းပါးလေး.....😍😍😍

သူ့လက်က ကိုကို့ရဲ့နှုတ်ခမ်းပေါ်မှာရပ်တန့်နေပီး သူ့အကြည့်တွေကလည်း ကိုကို့ရဲ့နှုတ်ခမ်းတစုံကိုဘဲ ရောက်နေတဲ့အချိန်...... ရုတ်တရက်ကိုကိုကကျွန်တော့်ရဲ့လက်ကို ဆွဲလိုက်ပီး ပက်လက်အိပ်နေရာကနေ ကျွန်တော့်ဘက်လှည့်လာရင်း...

'အိပ်ပျော်နေတဲ့သူကို အဲ့လိုမျိုး အသားမယူရဘူးလေ..kit😊'

'ဘယ်..ဘယ်မှာ အသားယူလို့လဲ...ဘာမှမယူဘူး...'

သူက ကိုကိုမသိအောင် လုပ်ပါတယ်ဆို ဘလိုသိသွားတာလဲမသိဘူး..ဘယ်အချိန်ကတည်းကများနိုးနေပါလိမ့်...ငါကြည့်နေတာကိုရော သိနေလားမသိဘူး...ငါတော့ အစခံရတော့မှာသေချာနေပီ.. 😦😦

'ကိုယ့်မျက်နှာတခုလုံးပေါ် လက်ညိုးလေးတခုနဲ့ လျှောက်သွားနေတာက အသားယူတာမဟုလို့ ဘာလုပ်တာလဲ'

'ဒီအတိုင်း ဖွဖွလေးဘဲထိတဲ့ဟာကို ဖြစ်နေတယ် တကယ်ဘဲ မပြောချင်ဘူး...နေပါဦး ကိုကိုကဘယ်အချိန်ကတည်းက နိုးနေတာလဲ..'

'ကောင်လေးတယောက်က ကိုယ်အိပ်နေတာကို ဘေးကနေ ခိုးကြည့်နေတဲ့အချိန်ကတည်းက..😁'

'ဘာကိုခိုးကြည့်ရမှာလဲ..ဘာမှခိုးမကြည့်ပါဘူး.. ကြည့်နေတာသိရင်လည်းဆက်အိပ်မနေနဲ့ပေါ့ 😏'

'ကိုယ့် ဘေဘီလေးက ဘာများဆက်လုပ်ဦးမလဲသိချင်လို့လေ...'

'ဘာ ဘေဘီလေးလဲ... လာမပြောနဲ့ ဟွန့်😒'

နှုတ်ခမ်းလေးကိုစူထော်ပီး ဟိုဘက်ကိုလှည့်သွားတဲ့ kitက မနက်ခင်းစောစောစီးစီး ကျွန်တော့်စိတ်ကို မတည်ငြိမ်အောင်လုပ်နေတာဘဲ.....kitတော့ မှားပီ....အိပ်နေတဲ့ခြင်္သေ့ကို လာနှိုးသလိုဖြစ်သွားပီ....kitရဲ့ ခန္ဓာကိုယ်ကို ကျွန်တော့်ဖက်ပြန်ဆွဲလှည့်ပီး kitရဲ့ ကိုယ်ပေါ်တက်လိုက်တော့ ကျွန်တော့်ဘေဘီလေးက လန့်ပီးမျက်လုံးအဝိုင်းသားနဲ့ ကြည့်နေလေရဲ့....

'ကိုကိုဘာလုပ်တာလဲ...ဖယ်..အခုဆင်း'

'ဟင့်အင်း..မဆင်းဘူး.'

'ဟာ..ခဏနေP'Sangတို့ Newတို့လာတော့မှာလေ..

မြင်ရင်မကောင်းဘူး...အခုဆင်း..'

'မြင်ပါစေ..ဘာဖြစ်တုန်း ကိုယ်တို့နှစ်ယောက်က ချစ်သူတွေဘဲဟာ..သူတို့မြင်ရင်လည်း အလိုက်တသိနဲ့ အပြင်ထွက်သွားပေးရမှာပေါ့... မဟုဘူးလား..အဲ့လောက်တော့သူတို့လည်းသိမှာပါ'

'ဟာ....ကိုကို မသိဘူးကွာ..အခုဆင်း..ဆင်းလို့ဆို'

'မဆင်းပါဘူးဆို kitကလည်း..'

ကိုကိုနဲ့တော့ လက်လန်တယ် တကယ်မတတ်နိုင်ဘူး...အခုလည်းကြည့် ပြောနေရင်းနဲ့ သူ့လက်နှစ်ဖက်ကိုလည်း ဘာမှမလုပ်နိုင်အောင်ချုပ်ထားတယ်.....ကိုကို မနက်ခင်းစောစောစီးစီး ဘာစိတ်တွေပေါက်နေမှန်းမသိဘူး....အခုလည်း သူ့ကို ဘာများလုပ်မလို့လဲ.....OMG!!!!ကိုကို အခု သူ့ကို ဟိုဟွာလုပ်ဖို့ စဉ်းစားနေတာတော့မဟုလောက်ပါဘူးနော်... ဒီနေရာမှာတော့လုံးဝမဖြစ်နိုင်ဘူး..အခုကဆေးရုံကြီးမှာဆိုတော့ သူများတွေကြားရင်ရှက်စရာကြီး သူ့တိုက်ခန်းမှာဆိုရင်တော့ တမျိုးပေါ့😰😰 အခုတော့လုံးဝမဖြစ်ဘူး....သူအတင်းရုန်းနေပေမယ့် ကိုကိုကပိုအားကြီးနေတဲ့အပြင် သူ့ကိုယ်ပေါ်မှာလည်း ရှိနေတာကြောင့် သူဘလိုမှ ရုန်းလို့မရဘူးဖြစ်နေတယ်...

'kit..အဲ့လောက်ထိမရုန်းနဲ့လေ...'

'ကိုကိုက kitလက်ကို အတင်းချုပ်ထားတာကို ရုန်းမှာပေါ့

သူ့အားကြီးနဲ့ မညှာမတာ kitကို အဲ့လိုလုပ်~~~~'

'မွ💋'

'👀'

သူပြောနေတဲ့စကားတွေတောင် ဘယ်နားရောက်သွားမှန်းမသိတော့ဘူး....ဘလိုဖြစ်လို့ သူစကားပြောနေတာကို အဲ့လိုမျိုး သူ့နှုတ်ခမ်းကို လာနမ်းမှန်းမသိဘူး.....😒ပြောလက်စ စကားတောင် လည်ချောင်းထဲမှာတင် ပျောက်သွားပီလားမသိဘူး....😦

'ဘလိုကြည့်နေတာလဲ..အဲ့လိုကြီးမကြည့်နဲ့လေ...ကိုယ်အသဲယားအောင်လို့ အဲ့လိုကြည့်နေတာလား...'

'ကိုယ့်ဘာသာကိုယ်ကြည့်တာဘဲ အသဲယားအောင်လုပ်တယ်ဘဲဖြစ်ရသေး..😏'

'ဟုတယ် kitက ကိုယ်အသဲယားအောင်လုပ်နေတာ အဲ့တော့ နောက်တခါ....မွ💋'

'😶😶😶😶'

'ဘလိုဖြစ်လို့ အခုလိုကြည့်နေပြန်ရတာတုံး kitနော် လွန်နေပီ...'

'hum!!!ဘယ်မှာလွန်လို့တုန်း'

သူဘာမှလည်းမလုပ်ရဘဲနဲ့ လွန်တယ်တဲ့....သူဘာမှမလုပ်ဘူးလေ အဲ့တာကိုဘလိုလွန်ရမှာတုန်း...အခု ရုတ်တရက်ကြီး သူ့နှုတ်ခမ်းကို လာလာပီး နမ်းနေတဲ့သူကျတော့ မလွန်တော့ဘူးပေါ့...😕

'လွန်တာပေါ့....ကိုယ့်ကို အဲ့လိုမျက်လုံးလေးနဲ့ကြည့်နေတော့ ကိုယ့်နှလုံးခုန်သံတွေက ပုံမှန်မဟုတော့ဘူးလေ...kit ကိုယ့်ကို နှလုံးရောဂါဖြစ်အောင်လုပ်နေတာတော့ မဟုပါဘူးနော်..'

'အယ်..ကိုကို ကလည်း ပြောပြန်ပီ ဘာတွေလျှောက်ပြောနေတာတုံး......'

ဒုက္ခဘဲ သူက ကိုကို့ကို နှလုံးရောဂါဖြစ်အောင်လုပ်တယ်လို့ပါ ဖြစ်သွားပြန်ပီ....သူကြည့်တာက ပုံမှန်ပါဘဲ.....ဘာမှလည်းရင်ခုန်စရာ မရှိဘဲနဲ့....😑😑😑

'kit...kitကို ကိုယ်တယောက်တည်းပိုင်တာနော်...ဒီမျက်လုံးတွေရော ပါးချိုင့်လေးရော ပီးတော့ ဒီနှုတ်ခမ်းလေးရောက ကိုယ့်အပိုင်တွေကြီးဘဲ😉😉'

'😐😐😐😐'

သူဘာပြန်ပြောလို့ ပြောရမှန်းတောင်မသိဘူး ပြောစရာစကားတွေအကုန်ပျောက်ရှကုန်ပီ.....ဒီလူက အနမ်းနဲ့တင်မဟုဘဲ စကားတွေနဲ့ပါ သူ့ကိုဆွဲဆောင်နေတော့တာဘဲ😫😫

'မွ...မွ....မွ......မွ,................💋💋💋💋'

'😲😲😲😲'

'အဲ့တာ ကိုယ့်အပိုင်ဆိုတာ kitကိုပြောပြတာ😊'

'😑😑😑😑😑'

'အဟမ်း!!!!!!!!!'

'ဟင်😳😳😨 P'Sang.....'

အခန်းရှေ့မှာ ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိတဲ့ P'နဲ့ Newကြောင့် ကျွန်တော်တို့နှစ်ယောက်လုံးလန့်သွားပီး ကိုကိုက သူ့အပေါ်ကဆင်းလိုက်ကာ ခုတင်ပေါ်မှာ ပြန်ထိုင်နေတယ်...သူလည်း ကုတင်ပေါ်က ကုန်းရုန်းထပီးတော့ ဘေးနားမှာ ရပ်နေလိုက်တယ်...သေချာတယ် သူ့မျက်နှာကတော့ ရှက်လို့နီရဲနေမယ်ဆိုတာ..... 😓😓😓

'ကိုကြီးနဲ့ Newဘယ်တုန်းက ရောက်နေကြတာလဲ'

'ဘာတဲ့... ကိုယ့်အပိုင်ဆိုတာ kitကိုပြောပြတာ ဆိုလားဘဲ ဟုတယ်နော့ New'

'ဟုတယ် P'Sang😄😄'

ကိုကြီးကတော့ Newနဲ့ပါ အတိုင်ဖောက်ညီညီပြောပီး သူတို့ကို စ နေလေရဲ့ ကျွန်တော့်ဘေးနားမှာရပ်နေတဲ့ kitရဲ့မျက်နှာကတော့ ခရမ်းချဉ်သီးနဲ့ ညီအကိုလို့ပြောရမလိုဘဲ ရှက်လို့ထင်ရဲ့ တော်တော်နီရဲနေပီ....

'Singမင်းကို အခုလိုမျိုးမြင်ရမယ်လို့မထင်ထားဘူးကွ..ငါတို့လည်းဝင်လာရော မင်းက kristအပေါ်မှာ ကုန်းကုန်းကွကွကြီးဖြစ်နေတာဆိုတော့ ဘာလားပေါ့😁 ငါတို့ တော်တော်မျက်လုံးပြူးသွားတယ်..🤣🤣'

'ဟာ..မင်းကလည်းကွာ..မဟုပါဘူး...😅'

'ငါ့ညီ အခုလိုမျိုး ပြန်ကောင်းလာတာ ဆေးကောင်းတွေ့သွားလို့ထင်ရဲ့...ဟုတယ်မဟုလား ပြောပါဦး အကိုလည်းသိချင်လို့😃'

'အာ..P'Sangကလည်း Singအတွက်က ဘာဆေးမှမလိုဘူး...အဓိက က Kristဘဲ....Kristနဲ့တင် သူ့ရောဂါက အကုန်ပျောက်တယ်....ဟုတယ်နော် Sing'

'ဒါပေါ့ကွ😉😉'

' ဟို...ကျွန်တော် ပြန်တော့မယ်....ကိုကို ဒီနေ့ ကျောင်းမလာရင် မလာနဲ့တော့ မနက်ဖြန်မှဘဲလာတော့'

'အယ်..Kit..Kit'

Kitက သူတို့စလိုက်လို့ ရှက်ပီးထွက်သွားတာထင်တယ်...😄😄Kitပြောသလို မနက်ဖြန်မှဘဲKit ကိုသွားခေါ်ပီး

ကျောင်းသွားတက် တော့မယ်.....အကိုနဲ့ Newကတော့ kitပြန်သွားတာတောင် ကျွန်တော့်ကို စလို့မပီးဘူး...

တကယ်ဘဲ...ကိုကိုအစုတ်ပလုတ် မျက်နှာပူလွန်းလို့ ဘလိုနေရမှန်း တောင်မသိပါဘူးဆို P'Sangတိုနဲ့ရောပီး သူ့ကိုလာ စ နေသေးတယ်..အဲ့တာတွေဘဲ ကြည့်လို့မရတာ တော်သေးတယ် နမ်းနေတာကိုတော့ P'Sangတို့မမြင်သွားလို့ မြင်သွားလို့ကတော့ သူရှက်လို့ သေလောက်ပီ😣😣

----------------------------------------------------------

ကျွန်တော်ဆေးရုံကဆင်းပီးတဲ့နောက်ပိုင်း kitနဲကျွန်တော် အရင်ကထက် ပိုပီး အဆင်ပြေလာကြတယ်..ဟိုတခေါက်ကလို ကိစ္စမျိုး ထပ်မဖြစ်ရအောင် ကျွန်တော့်ဘက်ကလည်း အတတ်နိုင်ဆုံး အနေအထိုင်ဆင်ခြင်ခဲ့တယ်..... အမှန်အတိုင်းပြောရရင် ကျွန်တော်တို့နှစ်ယောက်ရဲ့ရင်ထဲက အချစ်တွေက တနေ့ထက်တနေ့ ပိုပိုပီး တိုးလာကြသလိုဘဲ....☺☺

ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းNewကတော့ တမှိုင်မှိုင် တတွေတွေနဲ့ ဘာတွေဖြစ်နေလဲမသိဘူး အခုရက်ပိုင်း သူ့ကိုကြည့်ရတာ တမျိုးဘဲ......အခုလည်း အတန်းထဲမှာထိုင်ရင်း လဒမှိုင် မှိုင်ကာအပြင်ကိုငေးနေပြန်ပီ....😒

'New....'

'ဟင်~~~'

ပြန်ဖြေတဲ့ပုံကလည်း တကယ်ကိုအားမရှိဘူး ကျွန်တော့်သူငယ်ချင်းကြီး ဘာတွေများဖြစ်နေလို့ပါလဲ......

'New မင်းဘာဖြစ်နေတာလဲ..'

'ငါလည်းမသိဘူး'

'ဟမ်???'

ဘယ့်နှယ့် ကိုယ်ဖြစ်နေတာကိုယ်မသိဘူးဆိုတော့ မေးနေတဲ့ကျွန်တော်ကဘလိုဆက်မေးရတော့မလဲ...🙁🙁

'မင်းဘာဖြစ်နေလဲဆိုတာတောင် မသိဘူးပေါ့'

'အေ'

'ကိုကို Newက အသည်းကွဲနေတဲ့ပုံစံကြီးနော်'

Kit ပြောလိုက်တဲ့စကားက နဲနဲတော့မှန်သလိုဘဲ....ဒါပေမယ့် အသဲကွဲရအောင် Newက ရည်းစားတောင်မရှိတဲ့ဟာ ဘလိုလုပ် အသဲကွဲမလဲ.....

'Newမင်းတကယ်ဘဲ အသဲကွဲနေတာလား'

'မသိဘူး....'

'ဘလိုဖြစ်လို့ မသိဘူးဘဲပြောနေတာလဲကွ...ငါတကယ်ဘဲ စိတ်မရှည်တော့ဘူးနော်'

'Sing~~~'

'ဘာတုန်း..😒'

'မင်းရဲ့ kitကိုမတွေ့ရရင် ဘလိုခံစားရလဲ....'

Newမေးခွန်းရဲ့အဖြေကို ကိုကိုဘလိုများပြန်ဖြေမလဲလို့ သူစိတ်ဝင်စားနေမိတယ်.... ကိုကိုကလည်း ကျွန်တော့်ကို စိုက်ကြည့်နေရင်းဖြေလာတယ်

'ရင်ထဲမှာ ဝမ်းနည်းတာပေါ့ကွ...တကယ်လို့ kitမှာ အကြောင်းကိစ္စရှိလို့ ငါနဲ့မတွေ့နိုင်ဘူးလို့ပြောထားရင်တော့ ငါဖြေသာနိုင်တာပေါ့..ဒါပေမယ့် ဘာမှလည်းမပြော ဘာကြောင့် မတွေ့နိုင်ရတာလဲဆိုတဲ့ အကြောင်းပြချက်လည်းမပြောထားဘူးဆိုရင်တော့ ငါစိတ်ပူတာပေါ့ ဘာများဖြစ်နေလို့လဲ ဒါမှမဟုရင်လည်း ငါနဲ့များ မတွေ့ချင်တော့လို့လား ဆိုပီး အတွေးအမျိုးမျိုးနဲ့ တွေးပီးတော့လည်း စိတ်ပူနေရတာပေါ့ကွ...'

'aww.....အဲ့လိုလား'

'အွမ်း....မင်းက ဘာဖြစ်နေလို့လဲ..... မင်းတယောက်ယောက်ကို သတိရနေလို့လား'

'မသိဘူး....ငါ့ကိုယ်ငါဘာဖြစ်နေမှန်းတောင်မသိဘူး...'

'မင်းကွာ...ဖြေလိုက်တိုင်း မသိတာကြီးဘဲ...'

'ငါဘာမှမဖြစ်ပါဘူးကွာ..မင်းတို့နှစ်ယောက်လုပ်စရာရှိတာဘဲလုပ်ပါ😔'

Kitနဲ့ကျွန်တော်လည်း နောက်ဆုံးတော့ ကိုယ့်စာကိုဘဲဆက်လုပ်နေလိုက်တော့တယ် မေးလည်း မသိဘူးဆိုတာဘဲ ဖြေနေမှာဘဲဆိုတော့ဘာမှ မထူးဘူးလေ😒😒..

----------------------------------------------------------

ဟူး............သူခုံတန်းတခုပေါ်မှာထိုင်နေရင်းနဲ့ သက်ပြင်းမောကြီးတချက်ကိုချလိုက်တယ် အခုအချိန်က ညနေစောင်းနေပီဆိုတော့ လမ်းမှာ လူနဲနဲဘဲရှိတော့တယ်....ကျောင်းကဆင်းလာကတည်းက ဒီမှာထိုင်နေတာ ၁နာရီကျော်နေပီ....သူ့စိတ်ထဲမှာ တမျိုးကြီးခံစားနေရတယ် တယောက်ယောက်ကိုလွမ်းနေသလိုလို တွေ့ချင်သလိုလိုနဲ့...... ဒါပေမယ့် မဖြစ်သင့်ဘူးလေ...နှစ်ခါလောက်ဘဲတွေ့ဖူးသေးတဲ့လူတယောက်ကို သတိရနေတယ်ဆိုတော့ မဖြစ်သင့်ဘူးမဟုလား.....ဘာလို့များ အခုလို သံယောဇဉ်တွယ်မိသွားလဲ သူတကယ်ကိုမသိတော့ဘူး...နောက်ထပ်တကြိမ် သက်ပြင်းချလိုက်ပီး သူ့မျက်လုံးကအဝေးတနေရာကို ငေးနေတဲ့အချိန်

'ဘာလို့ အဲ့လောက်သက်ပြင်းချနေရတာလဲ'

'ဟင်!!!😯😯😯'

'ဘာတွေစိတ်ညစ်စရာရှိနေလို့လဲ New'

'P'Tay......!!!!😳😳😳'

သူမေးတာကိုမဖြေသေးဘဲ ပြူးကြောင်ကြောင်လေးကြည့်နေဆဲဖစ်တဲ့Newကြောင့် သူ့ရင်တွေကခုန်လာမိပြန်တယ်...

'New...P'မေးတာကိုဖြေဦးလေ....'

'ဗျာ..အယ်... ဘာမှမဖြစ်ပါဘူး..'

P'Tayကသူ့ဘေးနားကိုဝင်ထိုင်တဲ့အတွက် သူဘေးဘက်ကို ရွေ့ပေးလိုက်တယ်....အခု သူတွေ့ချင်နေတဲ့သူကို တွေ့နေရပီ...သူ နောက်ထပ် P'Tayနဲ့ ထပ်မတွေ့နိုင်တော့ဘူးထင်နေတာ..အခုတော့ P'Tayက သူ့ဆီရောက်လာတာဘဲ..Newသူ့စိတ်ထဲမှာပျော်နေမိတယ်...

'ဟုလို့လား...P'ရောက်လာကတည်းက သက်ပြင်းတွေဘဲချနေတယ်နော်'

'aww..အဲ့တာက ဒီအတိုင်းပျင်းလို့ပါ..'

'ဟင် ပျင်းရင် သက်ပြင်းချရတာလား??'

'အယ့်လိုပြောတာမဟုပါဘူး😅😅😅'

'P'ကစတာပါNewရဲ့😄😄'

'ဒါနဲ့ P'Tayကိုအခုရက်ပိုင်း မတွေ့မိဘူးနော်'

'ဟုတယ်..P'ကအခု ကုမ္ပဏီအလုပ်တွေနဲ့ရှုပ်နေလို့လေ...'

'awwဟုတ်...'

'ဘာလဲ..P'ကိုသတိရလို့လား'

'မဟုပါဘူး..ဒီအတိုင်းမတွေ့မိလို့ မေးတာပါ'

'P'က NewP'ကိုသတိရနေမယ်ထင်တာ....'

'အယ်...အဲ့ဆို ကျွန်တော့်ကိုရော P'Tayကသတိရလို့လား'

'ရတာပေါ့ ဘလိုမေးလိုက်တာလဲ...သတိရတာမှ အရမ်းအရမ်းကိုသတိရတာပါဗျာ.....

သူတကယ်ပြောတာပါ....သူNewကိုတကယ်သတိရနေတာ သူအရမ်းကို တွေချင်မေပေမယ့် သူ့အလုပ်တွေရှုပ်နေတာကြောင့် Newနဲ့မတွေ့ဖြစ်ဘူး...အဲ့ဒါကြောင့် သူအလုပ်အားတာနဲ့ Newရှိတဲ့နေရာလိုက်ရှာပီးလာခဲ့တာ...

'ဟုလို့လား P'ရယ်....စ မနေပါနဲ့'

'P'ရုပ်ကစနေတဲ့ပုံနဲ့တူလို့လား....P'တကယ်ပြောနေတဲ့ဟာကို'

P'ပြောတာက သူ့ကို မစဘဲနဲ့ အမှန်အတိုင်းပြောနေတယ်ဆိုတာ သူသိပါတယိ သူ့ကိုသတိရနေတယ်ဆိုတာလေးနဲ့တင် သူကျေနပ်ပါတယ်... ..

'ဟုပါပီ..ကျွန်တော်ပြန်တော့မယ် နောက်ကျနေပီမိုလို့'

'P'လိုက်ပို့ပေးမယ်လေ..လာ သွားမယ်'

'ရတယ်..ကျွန်တော့်ဘာသာဘဲသွားလိုက်..အယ့်!!'

သူပြောနေတုန်းရှိသေးတယ် သူ့လက်ကိုဆွဲပီးP'ကရှေ့ကနေ

သူ့ကားဆီ ခေါ်သွားတယ်......နောက်ပီး သူ့အိမ်ရှေ့ထဲလိုက်ပို့ပေးခဲ့တယ်

'ကျေးဇူးတင်ပါတယ်P'

'ရပါတယ် မလိုပါဘူး...'

'ကောင်းကောင်းသွားနော်....P'

'အွမ်းပါ Newလေးရဲ့'

'ဗျာ.....'

'ဘာလို့တုန်း'

'ကျွန်တော့်ကိုP'ဘလိုခေါ်လိုက်တာ'

'aww..Newလေးလို့လေ ဘလိုလဲ ချစ်ဖို့ကောင်းတယ်မဟုလား....😁'

'ဟာ..P'ကလဲ ကလေးဆန်လိုက်တာ ဘလိုကြီးခေါ်မှန်းမသိဘူး😆😆'

'အယ် P'က အဲ့လိုလေးခေါ်ချင်လို့လေ...အဲ့လိုဘသူမှမခေါ်ဖူးဘူးမဟုလား'

'ဘသူကခေါ်မှာလည်း P'ကလည်း...... '

'အေ့လေ...ဒီလောက်ချစ်ဖို့ကောင်းတဲ့နာမည်ကို P'ခေါ်မယ်နော်...နော်လို့'

'P'ကလည်းဗျာ..😩😩😩😩'

'နော်..P'ခေါ်ချင်လို့ပါလို့နော်...😳😳'

'ပြောလို့မရရင်လည်းခေါ်ဗျာ..ဒါပေမယ့် တခြားသူတွေရှေ့တော့ လုံးဝမခေါ်နဲ့'

'okမခေါ်ဘူးနော်😉'

သူလည်း ကားပေါ်ကအမြန်ဆုံးဆင်းလိုက်ပီး သူ့အိမ်ထဲအမြန် ဝင်လိုက်တယ် ဘာတဲ့ သူ့ကိုများ Newလေးဆိုဘဲ တကယ်ဘဲ ခေါ်တဲ့နာမည်ကိုက ကလေးဆန်လိုက်တာ...P'ကအဲ့လိုခေါ်လိမ့်မယ်လို့ သူတခါမှမတွေးဖူးဘူး....P'အဲ့လိုကလေးဆန်တဲ့နာမည်ကိုလည်း ခေါ်တတ်သေးတယ်ပေါ့ ...ကလေးကျနေတာဘဲ သူ့စိတ်ထဲတွေးနေရင်းနဲ့ဘဲ သူ့မျက်နှာကပြုံးလာခဲ့တယ်ဆိုတာဘာကြောင့်မှန်း သူ့ကိုယ်သူတောင် မသိခဲ့မိလိုက်ဘူး.....☺☺

______________________________________

Continue Reading

You'll Also Like

1.1M 49.1K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
623K 38.1K 102
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
5.7K 611 18
My 4th sukhoon fiction โ™ก We're just friends, What are you saying?
54K 3K 62
แ€™แ€บแ€€แ€นแ€…แ€ญแ€™แ€ปแ€™แ€„แ€นแ€แ€ฒแ‚”แ€ฑแ€€แ€ฌแ€„แ€นแ€ฑแ€œแ€ธแ€”แ€ฒแ‚• แ€œแ€ฐแ€ปแ€€แ€ฎแ€ธแ€ฑแ€แ€ผแ€กแ€แ€„แ€นแ€ธแ€…แ€ฎแ€…แ€ฅแ€นแ€œแ€ญแ€ฏแ‚• แ€œแ€€แ€นแ€‘แ€•แ€นแ€›แ€แ€ฒแ‚• แ€กแ€แ€ผแ€ฒแ€Ÿแ€ฌ แ€กแ€†แ€„แ€นแ€ฑแ€ปแ€•แ€”แ€ญแ€ฏแ€„แ€นแ€•แ€ซแ€ทแ€™แ€œแ€ฌแ€ธ