แ€กแ€†แ€ฏแ€ถแ€ธแ€™แ€ฒแ€ทแ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธ (Endless Lo...

By reselda_

64.5K 3.3K 46

Singkrist....... ๐Ÿ’™๐Ÿ’™Sk๐Ÿ’™๐Ÿ’™ Peraya..........โคโคโค More

.....Intro.....
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Baby kit's Jealous On his P'Sing)
Part-21(First Kiss๐Ÿ’‹๐Ÿ’‹)
Part-22
Part-23
Part-24(Sweet Kiss)
Part-25
Part-26
Part-27
Part-28(Kiss for my love)
Part-29(I promise u my love)
Part-30(Morning kiss from my lover)
Part-31(Forgive me for my mistake)
Part-32(Deeply kiss๐Ÿ’‹)
Part-33(Mwah mwah๐Ÿ˜˜)
Part-34(Anniversary ๐Ÿ’–๐Ÿ’–)
Part-35(Love=Love)
Part-36
Part-37
Part-38๐Ÿ’œ๐Ÿ’œ
Part-39(๐Ÿ’™๐Ÿ’™)
Part-40(๐Ÿ’š๐Ÿ’š)
Part-41(๐Ÿ’›๐Ÿ’›)
Part-42(๐Ÿ’–๐Ÿ’–)
Part-43(SWEET LOVE)
Part-44(๐Ÿ’ž๐Ÿ’ž๐Ÿ’ž)
Part-45(๐Ÿ’๐Ÿ’)
Part-46(๐Ÿ’•๐Ÿ’•)
Part-47(๐Ÿ’ž๐Ÿ’ž)
Part-48(๐Ÿ’Ÿ๐Ÿ’Ÿ)
Part-49(๐Ÿ’š๐Ÿ’š๐Ÿ’š)
Part-50(๐Ÿ’๐Ÿ’)
Part-51(๐Ÿ’–๐Ÿ’–)
Part-52(๐Ÿ’˜๐Ÿ’˜)
Part-53(End๐Ÿ’)
Part-1 (Uni)
Part-2 (Uni)
Part-3 (Uni)
Part-4(Uni)
Part-5(Uni)
Part-6(Uni)
Part-7(Uni)
Part-8(Uni)
Part-9(Uni)
Part-10(Uni)
Part-11(Uni)
Part-12(Uni)
Part-13(Uni)
Part-14(Uni)
Part-15(Uni)
Part-16(Uni)
Part-17(Uni)
Part-18(Uni)
Part-19(Uni)
Part-20 (Uni)
Part-21(Uni)
Part-22(Uni)
Part-23(Uni)
Part-24(Uni)
Part-25(Uni)
Part-26(Uni)
Part-27(Uni)
Part-29(Uni)
Part-30(Uni)
Part-31(Uni)
Part-32(Uni)
Part-33(Uni)
Part-34(Uni)
Part-35(Uni)
Part-36(Uni)
Part-37(Uni)
Part-38(Uni)
Part-39(Uni)
Part-40(Uni)
Part-41(Uni)
Part-42(Uni)
Part-43(Uni)
Part-44(Uni)
Part-45(Uni)
Part46(Uni)
Part-47(Uni)
Part-48(Uni)
Part-49(Uni)
Part-50(Uni)
Part-51(Uni)
Part-52(Uni)
Part-53(Uni) End

Part-28(Uni)

137 10 0
By reselda_

ညကောင်းကင်ယံမှာ တလက်လက်နဲ့တောက်ပနေတဲ့ ကြယ်လေးတွေ ဝန်းရံနေတဲ့လမင်းကြီးကို ကျွန်တော့်အခန်းဝရံတာကနေငေးကြည့်နေမိတယ်...... ငွေရောင်လမင်းကြီးကိုငေးကြည့်နေရင်း ကိုကို့မျက်နှာကိုမြင်နေမိတယ်......ကိုကိုက ကျွန်တော့်အတွက် ကောင်းကင်ပေါ်ကလမင်းတစင်းလိုဘဲ..🌝🌝..ကျွန်တော့ ဘဝကိုအမြဲတမ်း သူ့အချစ်တွေနဲ့ပျော်ရွှင်စေတယ်..အေးမြစေတယ်...ပြုံးပျော်စေနိုင်တယ်.....
ကျွန်တော် အခုကိုကို့အကြောင်းစဉ်းစားရင်းနဲ့တောင် ပြုံးနေမိတယ်.....
📲📲🎶🎶
aww...ကျွန်တော့်အချစ်ဆုံးကြီးphခေါ်တာဘဲ....အခုဘဲ သူ့အကြောင်းတွေးနေတုန်းရှိသေးတယ်....ကျွန်တော်အတွေးတွေကိုများသိနေတာလားမသိဘူး....😅😅😅

'hello....'

'hello kit အိပ်နေပီလား'

'မအိပ်သေးပါဘူး....ပျင်းလို့ ဝရံတာမှာ ထွက်ပီးနေ နေတာ'

'hum!!ဝရံတာမှာ...အကြာကြီးမနေနဲ့နော်..Kitကအအေး မိလွယ်တဲ့သူဆိုတော့နေမကောင်းဖြစ်နေဦးမယ်...အခန်းထဲမှာဘဲ နွေးနွေးထွေးထွေး နေလေ...အပြင်မှာက လေစိမ်းတွေ တိုက်တယ်....'

ကျွန်တော့်ကို ဒီလိုမျိုး ဂရုစိုက်ပေးတဲ့ ကိုကို့ကို ကျွန်တော်ပိုပိုပီး ချစ်လာရတယ်....နောက်လည်း ကျွန်တော့်ကို ဒီလိုမျိုး ဘဲ ဂရုစိုက်ပေးပါ🙂🙂

'အွမ်းပါ...phပြောပီးတာနဲ့ အခန်းထဲဝင်လိုက်ပါမယ်...ကိုကိုရဲ့'

'ကိုယ်ကစိတ်ပူလို့ပြောတာနော်.kit....'

'သိပါတယ်ဗျာ.....😊'

'kit မနက်ဖြန် ဘယ်သွားစရာရှိလဲ '

'မရှိပါဘူး..ကျောင်းလည်းပိတ်တယ် ဆိုတော့ အိမ်မှာဘဲ အိပ်ရေးဝအောင်အိပ်မလားလို့😁'

'ဟာ...ကိုယ့်babeလေးကတော့ အိပ်ဖို့ဘဲစဉ်းစားနေတယ်နော်...'

'အိပ်တာကကောင်းတယ်လေ...အားရှိတယ်😅'

'aww..ဟုပါပီဗျာ....အိပ်ပါ'

'ကိုကိုကရော ဘယ်သွားစရာရှိလို့လည်း..... '

'aww..ဘယ်မှတော့မဟုပါဘူး...ဒီအတိုင်းတွေ့ရင် ကောင်းမလားလို့ စဉ်းစားနေတာ'

'ဘသူနဲ့လဲ ...Kitနဲ့လား'

'အွမ်းပေါ့..kitနဲ့ပေါ့မဟုရင် ကိုကိုကတခြားကောင်မလေးတွေနဲ့တွေ့ရမှာလား'

'ကောင်မလေးတွေနဲ့တွေ့ချင်နေတယ်ပေါ့ ဟုလား..ကိုကို'

'မဟုပါဘူး..ကိုယ်က ဒီအတိုင်းစကားအဖြစ်ပြောကြည့်တာပါ😄😄'

'😏😏😏ပြောနေတဲ့ပုံကိုက တွေ့ချင်နေတဲ့ပုံနဲ့နော်'

'ကိုယ်က kitလေးကိုဘဲတွေ့ချင်တာပါ..ကိုယ်တကယ်ပြော နေတာ'

'အွမ်း...အဲ့ဆိုလည်းတွေ့ချင်ရင်နက်ဖြန် ကိုကိုလာခေါ်လေ..'

'..ဟာ..တကယ်လား...အဲ့ဆို ကိုယ်လာခေါ်မယ်နော် kit
Good nightကိုယ့်ဘေဘီလေး အိပ်တော့နော်'

'အွမ်း.....good night ကိုကို😊😊'
ကိုကိုက အိပ်တော့ဆိုတော့လည်းကျွန်တော် အိပ်မှရတော့မယ်....ဂိမ်းဆော့ဦးမယ်လို့တွေးထားတာလည်း တော်ပါပီ မဆော့တော့ပါဘူး....အိပ်လိုက်တော့မယ်....😪😪😪
----------------------------------------------------------
မနက်ခင်းအစောကြီးထပီး kitဆီကိုသွားဖို့ ကျွန်တော် ပြင်ဆင်နေလိုက်တယ်....အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ် ဆံပင်ကို သေချာပုံသွင်းလိုက်တယ်...ကျွန်တော်ကအရင်ကထဲက ကြည့်ကောင်းနေပီးသားဆိုတော့ အထူးတလည်ပြင်ဆင်နေစလိုပါဘူး...ဒီအတိုင်းနေလည်း handsome ဖြစ်နေတာဆိုတော့လေ..ဟုတယ်မဟုလား😁😁

'Sing..အခန်းထဲကထွက်လာခဲ့ဦး..အိမ်ရှေ့မှာNewရောက်နေတယ်'

'hum!!ဘသူရောက်နေတာတုန်း ကိုကြီး'

'မင်းသူငယ်ချင်းNewလေ'

ဟင်...Newကဘာလို့ ကျွန်တော့်ဆီလာတာတုန်း.....ကျွန်တော်လည်းသူ့ကိုမခေါ်ထားပါဘူး...အဲ့တာကိုဘလိုဖြစ်လို့ ကျွန်တော့်အိမ်လာရတာလဲ..ဘာအကြောင်းများရှိလို့လဲမသိဘူး
ကျွန်တော်လည်း အိမ်ရှေ့ကိုထွက်လာတော့ ဘောင်းဘီအနက်ပေါ်မှာ အကျႌအဖြူအပွ ကြီးနဲ့ Newကိုတွေ့တယ်
'New..ဘာကိစ္စရှိလို့လဲ'
'မရှိပါဘူးကွာ...ကျောင်းပိတ်တော့ပျင်းတာနဲ့ မင်းအိမ်ကို ထွက်လာလိုက်တာ😁'
'အယ်..သူငယ်ချင်းရ ဘလိုလုပ်မလဲ ငါသွားစရာရှိနေတယ်..'
'ဘယ်ကိုတုန်း..ငါလည်းလိုက်မယ်လေ'
'ဟမ်..လိုက်မလို့လား...ငါကkitဆီ သွားမလို့ ဒီနေ့ kitနဲ့ နှစ်ယောက်တည်း ချိန်းထားလို့လေ...'
'ရပါတယ်..ငါလည်းပျင်းနေတာနဲ့အတော်ဘဲ လိုက်ခဲ့မယ်လေ'

ဒီNewကတော့လေ ပြောရမကောင်းရှိတော့မယ်..သူများချစ်သူနှစ်ယောက်တည်းသွားချင်လို့ပါဆို သူက အလိုက်မသိဘဲ လိုက်ချင်နေသေးတယ်...ကျွန်တော်ဒီလောက်ပြောနေတာတောင် လိုက်ချင်နေတဲ့သူလိုက်ပါစေ😒

'Singလုပ်လေ သွားမယ်...'
'အေအေ ငါကပီးပီ ခဏလေးငါ့အကိုကို ပြောလိုက်ဦးမယ်'
'ကိုကြီး ကျွန်တော် အပြင်ခဏသွားလိုက်ဦးမယ်'
'အင်းသွားလေ..နောက်မကျစေနဲ့နော်'
'ဟုတ်ကဲ့'

ကျွန်တော်လည်း Newနဲ့အတူအိမ်ကထွက်လာပီး Kitဆီကိုထွက်လာလိုက်တယ်...လမ်းတဝက်လောက်ရောက်တော့ Kitကိုလာနေပီလို့ phကြိုဆက်ထားလိုက်တယ်
..................................................................
ကိုကိုက လာနေပီလို့phဆက်တာနဲ့ ကျွန်တော်လည်း ဦးလေးကိုပြောပီး အိမ်ရှေ့မှာ ထွက်စောင့်နေလိုက်တယ်...၁၅မိနစ်လောက်ကြာတော့..ကိုကိုလာနေတာကိုတွေ့ပါပီ...ကိုကို့မျက်နှာကလည်း စူပုတ်နေတာဘဲ ဘာဖြစ်လို့ပါလိမ့်...ဟမ်!!!
ကိုကိုတယောက်တည်းလာတာလည်းမဟုဘူး ဘေးမှာNewလည်းပါလာတာဘဲ Newကိုပါခေါ်လာခဲ့တာလား မသိဘူး
'kitစောင့်နေတာကြာပီလား'

'မကြာသေးပါဘူး...ဒါနဲ့ Newပါ ပါလာတယ်ဆိုတော့ ကိုကိုက အခုဘယ်သွားမလို့လဲ'

'kitနဲ့အတူပန်းခြံသွားမလို့လေ... အဲ့မှာလေ Newကပျင်းလို့ဆိုပီးကိုယ့်အိမ်ကိုလာတာ အဲ့တာသူလည်းလိုက်ချင်တယ်ဆိုပီး ပြောနေလို့ ခေါ်လာလိုက်တာ😏😏😏

aww...ကျွန်တော့်ရဲ့ ကိုကိုက အဲ့ဒါကြောင့်မို့ မျက်နှာကြီးစူပုတ်နေတာဘဲ....Newကိုကြည့်လိုက်တော့လည်း ပြုံးဖြီးဖြီးနဲ့...ကိုကိုမျက်နှာကလည်း ထုတ်သာမပြောတာတကယ်မကျေနပ်နေတဲ့ရုပ်နဲ့...တကယ်ကိုကလေး လေးကျနေတာဘဲ

'သွားမယ်လေ...လာလေ ကိုကို Newလည်းလာလေ'
ကျွန်တော်လည်း ကိုကို့လက်ကိုဆွဲပီး ပန်းခြံဘက်ကိုသွားလိုက်တယ်...ဒီလိုမှမဟုတ်ရင် ကိုကိုက အဲ့လိုကြီးဘဲ မျက်နှာကြီး စူပုတ်နေတော့မှာလေ......😄😄
--------------------------------------------------------
ကျွန်တော်လိုက်လာမိတာမှားသွားပီလား မသိဘူး....ကျွန်တော့်ရှေ့က နှစ်ယောက်က တယောက်လက်တယောက်ချိတ် ပီး ပျော်မြူးနေကြတာ...ကျွန်တော်ကလည်း ဘာလို့များလိုက်လာမိလဲမသိဘူး..အခုတော့ကျွန်တော်ဘဲ အနောက်မှာအဖော်မဲ့နေတယ်...ငါကိုကမှားတာ..သူများrsတွေသွားတဲ့နောက် လိုက်ချင်နေတာကို....သူတို့လည်းငါ့ကြောင့်လွတ်လွတ်လပ်လပ်နေရမှာမဟုဘူး....Newရာမင်းကတော့လေ တကယ်ဘဲ.....

'Newလာလေ..Coffeeသွားသောက်ရအောင်'

'ဟမ်..awwအေ သောက်မယ်လေ'

Newကိုခေါ်ပီး ပန်းခြံထဲက Coffeeဆိုင် တစ်ဆိုင်ကိုဝင်ပီး သုံးယောက်သားCoffeeသောက်နေတဲ့အချိန်မှာ....

'hey Krist...'

Kristရဲ့နာမည်ကိုခေါ်နေတဲ့မိန်းကလေးတယောက်အသံကြားတော့ ကျွန်တော်တို့သုံးယောက်စလုံး ပြိုင်တူ အဲ့မိန်းကလေးကိုကြည့်လိုက်မိတယ်....

'hum....Pearl!!!!'

'နင်မှတ်မိတယ်ပေါ့ ငါ့ကို'

'မှတ်မိတာပေါ့....ဒါနဲ့နင်တယောက်တည်းလား'

'မဟုဘူး...Tayလည်း ပါတယ်...သူကbkကိုအပြီးပြန်လာတာလေ..ငါကတော့ခဏပြန်လာတာ..မနက်ဖြန်မနက်ဆို ပြန်တော့မှာလေ...'

'ဟင်..ပြန်တော့မှာလား...မြန်လိုက်တာနင်ကလည်း...'

'ငါကဒီကိုသုံးရက်လောက်ဘဲပြန်လာတာလေ အမေရိကားမှာ ငါလုပ်စရာလေးတွေရှိသေးလို့'

'aww..ဟုလား ဘာဘဲဖြစ်ဖြစ်နင့်ကိုပြန်တွေ့ရတာ အရမ်း ပျော်တယ်...ငါဒီကိုရောက်ကတည်းက နင်တို့နဲ့ အဆက်အသွယ်မရတော့တာလေ...'

'ငါလည်းနင့်ကို သတိရနေတာပါဟာ....'
ကျွန်တော့်အရှေ့မှာတရင်းတနှီးစကားတွေပြောနေကြတဲ့ kitနဲ့pearlဆိုတဲ့ မိန်းကလေးကိုကြည့်ပီး ကျွန်တော့်ရင်ထဲမှာတမျိုးကြီးခံစားနေရတယ်...jဝင်နေသလိုလို...ဝမ်းနည်းနေသလိုလိုနဲ့...kitရဲ့သူငယ်ချင်းဆိုတဲ့Pearlက တကယ့်ကိုလှပပီး sexyကျတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့သူဘဲ...ပီးတော့ သူဝတ်စားထားတဲ့ပုံကိုကြည့်ရတာ အသိုင်းအဝိုင်းကြီးတဲ့ မိန်းကလေးတယောက်ဖြစ်ပုံဘဲ..အမေရိကမှာကျောင်းတက်ခဲ့တာဆိုတော့လည်း ပိုက်ဆံရှိလို့နေမှာပေါ့...kitနဲ့အဲ့မိန်းကလေးစကားပြောနေတာကို သူငယ်ချင်း တွေအချင်းချင်း ပြောနေကြတာပါလို့ တွေးနေပေမယ့်လည်း ကျွန်တော့်ရင်ထဲမှာတော်တော့်ကိုပူလောင်နေတယ်.😥😥.kitက ဒီလိုမျိုး မိန်းကလေး တယောက်နဲ့ တရင်းတနှီးစကားပြောတာ ကျွန်တော်မကြိုက်ဘူး.... အဲ့မိန်းကလေးက စကားပြောနေရသ်းနဲ့ kitရဲ့လက်မောင်းကို ကိုင်ပီး တခစ်ခစ်နဲ့ရယ်ပီးပြောနေတာကိုကြည့်ပီး ကျွန်တော် မပြောနဲ့တော့လို့ ထအော်ပလိုက်ချင်တယ်...ဒါမှမဟုတ်ရင်လည်း ဒီဆိုင်ထဲကနေ ကျွန်တော်ထွက်သွားချင်နေပီ..ဒီမြင်ကွင်းကြီးကို ကျွန်တော်ဆက်မမြင်ချင်တော့ဘူး..😖😖
'aww Krist..ဟိုမှာTayလာပီ...'

ကျွန်တော် Singရှေ့မှာ ထိုင်နေရင်း နဲ့ Singရဲ့ မျက်နှာကို သတိထားမိလိုက်တယ်...Kristနဲ့သူ့သူငယ်ချင်းမစကားပြောနေတာကို မကြိုက်လို့ထင်တယ်..Singမျက်နှာက တော်တော်ကိုပျက်နေတယ်..ဒါကိုဘေးနားကKristကသတိမထားမိဘူးထင်တယ်...ကျွန်တော်လည်းဘာမှ မပြောဘဲCoffeeဘဲဆက်သောက်နေလိုက်တယ် ခဏနေတော့ Tayဆိုတဲ့သူလာပီလို့ပြောသံကြားတော့ သူတို့ကြည့်တဲ့နေရာကို လှမ်းကြည့်လိုက်တဲ့အခါ.....
Woooo....ဒီလူတော်တော်ကိုချမ်းသာတယ်ထင်တယ်..ဝတ်ထားတာတွေအကုန်လုံးက တကယ့်အကောင်းစားတွေကြီးဘဲ...ရုပ်ကလည်းအတော်သန့်တယ်..ကြည့်ကောင်းတယ်လို့ပြောရမှာဘဲ...အရမ်အမောင်းကအစ ပြောစရာမလိုအောင် ကြည့်ကောင်းတယ်..
'Tay ဒီမှာ krist နဲ့တွေ့လို့လေ စကားပြောနေတာ'

'hrr.Krist မင်းကဒီရောက်နေတာကိုး...'

'အွန်း..ငါ့ကိုမှတ်မိသေးတယ်ပေါ့'

'မှတ်မိတာပေါ့ကွ...ဒါနဲ့ သူတို့က ဘသူတွေတုန်း'

'aww...ငါမိတ်ဆက်ပေးမယ်..သူကSingtoတဲ့
အဲ့ဘက်တယောက်ကတော့ Newတဲ့'

'တွေ့ရတာဝမ်းသာပါတယ်နော် '

'😊😊😊'
Singနဲ့ကျွန်တော်နှစ်ယောက်လုံးအပြုံးနဲ့ဘဲ ပြန်တုံ့ပြန်လိုက်တယ် Singကမနဲကိုပြုံးပြထားတာထင်တယ်..သူ့မျက်နှာကတော့ခုနကလိုဘဲ....

'ဒါနဲ့Newက အကျႌအပွဝတ်တာကိုကြိုက်တာလား'

'hum!!!မဟုပါဘူး..ဒီအတိုင်းတွေ့တာ ကောက်ဝတ်လိုက်တာပါ'

'awwဟုလား..အကျႌအပွဝတ်ထားတာ ကြည့်လိုကောင်းနေ လို့လေအဲ့တာကြောင့်မို့မေးကြည့်တာပါ'

'အယ်...ဟုလား..ကျေးဇူးတင်ပါတယ်😁'
ငါအကျႌအပွဝတ်ထားတာတော်တော်များကြည့်ကောင်းနေလို့လားမသိဘူး..ဟီးဟီး တွေ့တွေ့ချင်းအချီးကျူးခံလိုက်ရပီ...
နာရီကြည့်လိုက်တော့ ၁၀နာရီထိုးတော့မယ်....အမေမှာထားတာတွေလုပ်စရာရှိသေးတာဘဲ..မေ့နေလိုက်တာ

'Sing...kristငါပြန်တော့မယ်...အိမ်မှာလုပ်စရာလေးရှိနေလို့'

'ပြန်တော့မလို့လားNewကလည်း တယောက်တည်းမပြန်ပါနဲ့ '

'တကယ်မရတော့လို့ပါkrist..အမေမှာထားတာမလုပ်ရသေးဘူးငါမေ့နေလို့'

'aww..အဲ့ဆိုပြန်လေ...'

'Krist...ကိုယ်လည်းအပြင်မှာဘဲ စောင့်နေတော့မယ်..စကားအေးအေးဆေးဆေးပြောကြနော်'

'hum...ဘာလို့လဲ..ပျင်းနေပီလား'

'မပျင်းပါဘူး..အပြင်မှာဘဲစောင့်နေလိုက်မယ်...Newလာလေ'

'aww အေအေ'

ကျွန်တော်လည်း ကြောင်တောင်တောင်နဲ့ Singနဲ့အတူ ဆိုင်အပြင်ကို ထွက်လာလိုက်တယ်...Singရဲ့မျက်နှာက တကယ်ကို ပြိုတော့မယ့်မိုးလိုဘဲ.....
'Singမင်းအဆင်ပြေရဲ့လား'

'ပြေပါတယ်..ဘာလို့မပြေရမှာလဲ🙂'

'အေ့ပါ မင်းအဆင်ပြေတယ်ဆိုလည်း ပြီးတာဘဲ ငါသွားတော့မယ်နော်'

'အွန်း'
Newထွက်သွားတာနဲ့ Coffeeဆိုင်ရှေ့က ခုံတန်းလေးပေါ်မှာ ထိုင်လိုက်တယ်..ကျွန်တော့်ရင်ထဲမှာ တကယ်ကိုမွန်းကြပ်ပီးပူလောင်နေတာဘဲ...စိတ်ထဲမှာလည်း ကိုယ့်ကိုယ်ကိုဘဲ စိတ်တိုနေတာလား ဘသူ့ကိုစိတ်တိုနေမှန်းမသိဘူး ကျွန်တော်အသံအကျယ်ကြီးနဲ့အော်ဟစ်ပလိုက်ချင်တယ်...ဒါပေမယ့် ဘာသံမှ ထွက်မလာဘဲ ရင်ထဲမှာ တခုခု တစ်ဆို့နေသလိုမျိုးကြီးခံစားနေရတယ်.....ကျွန်တော် ဒီလိုခံစားချက်ကြီးကို မုန်းတယ်....မကြိုက်ဘူး..😩😩😩😩
----------------------------------------------------------
Tayနဲ့Pearlကိုသာစကားပြန်ပြောနေရတာ..ကျွန်တော့်ရဲ့စိတ်က ကိုကို့ဆီမှာဘဲရောက်နေတယ်..သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတာဆိုတော့ ကျွန်တော်လည်း အပျော်လွန်ပီး စကားတွေပြောနေတာ ကိုကို စိတ်မကောင်းဖြစ်သွားလားမသိဘူး....ခုနက ကိုကိုကျွန်တော့်ကို Kitလို့တောင်မခေါ်ဘူး
Kristလို့ခေါ်သွားတာ ကျွန်တော့်ရင်ထဲမှာ ဝမ်းနည်းသွားမိတယ်...သူငယ်ချင်းတွေကို စကားစမြန်မြန်ဖြတ်ပီးဆိုင်အပြင်ကိုထွက်လာလိုက်တော့ ကိုကို့ကိုမတွေ့ဘူး ကျွန်တော့်ကိုစိတ်ဆိုးသွားပီလားမသိဘူး...ကျွန်တော်လည်းစိုးရိမ်တကြီးနဲ့ ကိုကို့ကိုလိုက်ရှာကြည့်တော့ Coffeeဆိုင်ရှေ့နားက ခုံတန်းလျားပေါ်မှာထိုင်နေတဲ့ကိုကို့ကိုတွေ့တယ်..ကျွန်တော်ကိုကို့အနားရောက်နေတာတောင် ကျွန်တော့်ကိုသတိမထားမိဘူးထင်တယ်...အဝေးကိုငေးကြည့်နေတယ်..
'ကိုကို....ကိုကို~~~'

'hum!!!kit..ပြောလို့ပီးသွားပီလား'

'မပီးလည်းပြီးအောင်ပြောလာရတာပေါ့...ကျွန်တော့်ကိုကိုစိတ်ဆိုးနေမှာစိုးလို့'

'ဟာ...အဲ့လိုမလုပ်ရဘူးလေ..ပြီးအောင်ပြောခဲ့လေ'

'ရပါတယ်..ဘာမှမဖြစ်ဘူး..'

'အင်း..kitပြောလို့ပီးသွားပီဆိုရင် ပြန်မယ်လေ'

'အွမ်း..ပြန်မယ်လေ..အဲ့ဆိုလည်း'
ကျွန်တော့်အိမ်ကိုပြန်လာတဲ့လမ်းတလျှောက်လုံး ကိုကိုက ကျွန်တော့်ကိုစကားတစ်ခွန်းမှမပြောဘူး..ကျွန်တော် ကိုကို့လက်တွေကိုကိုင်ထားပေမယ့်လည်း ကိုကို့လက်တွေကအေးစက်နေတယ်...အရင်လိုမျိုး ကျွန်တော့်ကိုစနောက်နေတဲ့ ကိုကို့ပုံစံနဲ့အခုပုံစံက အတော်ကိုကွာခြားတယ်...ကျွန်တော် ကိုကို့ရဲ့ဒီလိုပုံကြီးကိုကြည့်ပီးနေရခက်တယ်...ကျွန်တော့်ကို စနောက်နေတဲ့Singtoကိုဘဲပြန်လိုချင်တယ်...အခုလိုပုံစံကြီးနဲ့Singtoကိုကျွန်တော်မကြိုက်ဘူး....😣😣

'ကိုကို~~~ခဏလေး...ကျွန်တော့်မျက်နှာကိုကြည့်ပါဦး'
ကျွန်တော်ပြောလိုက်တော့ ကိုကိုက ကျွန်တော့်ကိုကြည့်လာတယ် ဒါပေမယ့် ကိုကို့မျက်လုံးတွေကတခုခုကိုဝမ်းနည်းနေတဲ့ပုံနဲ့....

'ကိုကို ဘာဖြစ်နေတာလဲ..ကျွန်တော့်ကိုပြောပြ အခုလိုပုံစံကြီးနဲ့မနေပါနဲ့'
ကျွန်တော်စိုးရိမ်တကြီးမေးလိုက်တော့ ကိုကိုကသက်ပြင်းတချက်ချပီး ကျွန်တော့်ကိုပြောလာတဲ့စကားက.....

'Kit...ကိုယ်နဲ့ချစ်သူဖြစ်ရတာ ငြီးငွေ့နေပီလား😔'

'ကိုကို..ဘာပြောလိုက်တယ် ဘာလို့အဲ့လိုပြောတာလဲ'

'ဒီအတိုင်းတွေးမိလို့ပါ....ခုနက သူငယ်ချင်းမလေးနဲ့kitစကားပြောနေတာတွေ့တော့ ကိုယ့်ရင်ထဲမှာ တမျိုးကြီးခံစားနေရတယ်ပီးတော့ကိုယ်တခုစဉ်းစားမိလို့ပါ kitကမိန်းကလေး တွေသဘောကျလောက်တဲ့ ယောကျာ်းတယောက်ဘဲလေ
kitနဲ့ကိုယ်ချစ်သူ တွေမဖြစ်ခဲ့ဘူးဆိုရင်  ခုနကလိုမျိုး ချောချောလှလှမိန်းကလေးတွေနဲ့ချစ်သူဖြစ်နိုင်တယ်နော်...ကိုယ့်လိုယောကျာ်းတယောက်နဲ့ ချစ်သူဖြစ်နေရတဲ့အတွက် ကိုယ်kitကို အားနာလို့ပါ'

'ကိုကို..ဘလိုဖြစ်လို့ အဲ့စကားပြောထွက်ရတာလဲ...ဘာလို့kitကိုအားနာရတာလဲ..kitအပေါ်မှာ အားနာစရာလိုလို့လား....'

'မဟုပါဘူး..ကိုယ်က.....'

'ပီးတော့ ကိုကို့ကို kitကချစ်လို့အဖြေပြန်ပေးခဲ့တာလေ..မချစ်ခဲ့ဘဲနဲ့ ပြောခဲ့တာလဲမဟုဘူးလေ..ပီးတော့kitက အမေရိကားမှာကျောင်းတက်ခဲ့တာလေ..kitသာတယောက်ယောက်ကို ချစ်မိခဲ့ရင် ကိုကိုနဲ့ အခုလိုချစ်သူဖြစ်နေစရာအကြောင်းမရှိဘူးလေ...မိန်းကလေးချောချောလေးတွေနဲ့ ချစ်သူဖြစ်နေလောက်ပီပေါ့..kitနှလုံးသားက ကိုကိုတယောက်တည်းကိုဘဲ ချစ်မိတာလေ..Singtoဆိုတဲ့ကိုကို့ကိုဘဲ ချစ်ခဲ့မိတာလေ...ကိုကို~~ကိုကိုက အခုလိုမျိုးပြောလိုက်တာ ကျွန်တော့်ကို ဘလောက်ထိခံစားစေနိုင်လဲကိုကိုသိလား...ကိုကိုသိလားလို့'

ကျွန်တော့်ကို မျက်ရည်တွေဝဲပီးပြောနေတဲ့kitကို ကျွန်တော့်ရင်ခွင်ထဲ ဆွဲဖက်လိုက်တယ်..ကျွန်တော်kitကိုဝမ်းနည်းစေခဲ့ပီ..ကျွန်တော်အချစ်ဆုံးလူသားကို ကျွန်တော်ကြောင့် ငိုစေမိခဲ့တယ်

'တောင်းပန်ပါတယ်..ကိုယ်တကယ်တောင်းပန်ပါတယ်kit'

'ကိုကိုမိုလို့ kitကို အဲ့လိုမျိုးပြောရက်တယ်..😢😢😢'

'အွမ်း..ကိုယ်တောင်းပန်ပါတယ်..မငိုပါနဲ့တော့နော်'
ကျွန်တော့်ရင်ခွင်ထဲမှာ ရှိုက်ပီးငိုနေတဲ့ kitရဲ့မျက်နှာလေးကိုမော့စေလိုက်ပီး မျက်ရည်တွေကိုသုတ်ပေးလိုက်တယ်..ငိုထားလို့ထင်ရဲ့kitရဲ့ နှုတ်ခေါင်းထိပ်လေးတွေတောင် နီရဲနေပီ

ကျွန်တော်လည်း kitရဲ့ ပါးနှစ်ဖက်ကိုကိုင်လိုက်ပီး နီရဲရဲနှုတ်ခမ်းလေးကို ဖိကပ်ပီးနမ်းလိုက်တယ်..💋💋 ကျွန်တော်ပြောလိုက်တဲ့စကားကို ငိုပီး ပြန်ပြောနေတဲ့ kitရဲ့နှုတ်ခမ်းလေးကို ကျွန်တော်ရဲ့အနမ်းတွေနဲ့ပိတ်လိုက်တယ်...မငိုပါနဲ့kitရယ်..kitငိုတာကိုယ်မမြင်ချင်ဘူး....ကိုယ်တောင်းပန်ပါတယ်kitကိုငိုစေခဲ့တဲ့အတွက်...kitကို ပိုတိုးဖက်ထားလိုက်ပီး ကျွန်တော့်ရဲ့ အနမ်းတွေနဲ့ဘဲ kitရဲ့ဝမ်းနည်းမှုတွေကို ဖြေဖျောက်စေလိုက်တယ်.......👨‍❤️‍💋‍👨👨‍❤️‍💋‍👨
___________________________________

Continue Reading

You'll Also Like

1.1M 49.2K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
You'e mine By GG

Fanfiction

39.9K 2.7K 23
Gxxodโ€ขโ€ขโ€ขโ€ขโ€ขโ€ขแ€€แ€ถแพแ€€แ€™แผแ€ฌแ€กแ€œแ€ญแ€ฏแ€แ€ญแ€ฏแ€„แ€นแ€ธ แ€ปแ€–แ€…แ€นแ€ฑแ€…แ€›แ€™แ€ฝแ€ฌแ€ฑแ€•แ€ซแ€ท Basโ€ขโ€ขโ€ขโ€ขโ€ขโ€ขแ€€แฝแ€ผแ€”แ€นแ€ฑแ€แ€ฌแ€นแ€กแ€™แ€ฏแ€”แ€นแ€ธแ€†แ€ถแ€ฏแ€ธ แ€€แ€แ€„แ€นแ€—แ€บแ€ฌแ€ธแ€€แ€ญแ€ฏแ€•แ€ฒ
1.5K 75 21
แ€™แ€„แ€บแ€ธแ€€แ€„แ€ซแ€ทแ€˜แ€โฃ๏ธ แ€€แ€ผแ€ฎแ€ธแ€€แ€ปแ€šแ€บแ€แ€™แ€บแ€ธแ€”แ€ฌแ€ธแ€แ€ฒแ€ทแ€กแ€ญแ€™แ€บแ€แ€กแ€ญแ€™แ€บแ€™แ€พแ€ฌแ€›แ€šแ€บแ€™แ€ฑแ€ฌแ€žแ€ถแ€แ€ฝแ€ฑ แ€•แ€ปแ€ฑแ€ฌแ€บแ€›แ€ฝแ€พแ€„แ€บแ€™แ€พแ€ฏแ€แ€ฝแ€ฑแ€กแ€•แ€ผแ€Šแ€บแ€ทแ€–แ€ฏแ€ฏแ€ถแ€ธแ€œแ€ฝแ€พแ€™แ€บแ€ธแ€”แ€ฑแ€แ€šแ€บ แ€™แ€ฌแ€”แ€แ€ฒแ€œแ€ฑแ€ธแ€”แ€พแ€šแ€ฑแ€ฌแ€€แ€บแ€›แ€ฒแ€ทแ€กแ€แ€ปแ€…แ€บแ€€แ€˜แ€šแ€บแ€œแ€ญแ€ฏแ€–แ€ผแ€…แ€บแ€œแ€ฌแ€™แ€œแ€ฒ แ€แ€šแ€ฑแ€ฌแ€€แ€บแ€€แ€กแ€”แ€ญแ€ฏแ€„แ€บแ€šแ€ฐ...