แ€กแ€†แ€ฏแ€ถแ€ธแ€™แ€ฒแ€ทแ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธ (Endless Lo...

By reselda_

64.5K 3.3K 46

Singkrist....... ๐Ÿ’™๐Ÿ’™Sk๐Ÿ’™๐Ÿ’™ Peraya..........โคโคโค More

.....Intro.....
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Baby kit's Jealous On his P'Sing)
Part-21(First Kiss๐Ÿ’‹๐Ÿ’‹)
Part-22
Part-23
Part-24(Sweet Kiss)
Part-25
Part-26
Part-27
Part-28(Kiss for my love)
Part-29(I promise u my love)
Part-30(Morning kiss from my lover)
Part-31(Forgive me for my mistake)
Part-32(Deeply kiss๐Ÿ’‹)
Part-33(Mwah mwah๐Ÿ˜˜)
Part-34(Anniversary ๐Ÿ’–๐Ÿ’–)
Part-35(Love=Love)
Part-36
Part-37
Part-38๐Ÿ’œ๐Ÿ’œ
Part-39(๐Ÿ’™๐Ÿ’™)
Part-40(๐Ÿ’š๐Ÿ’š)
Part-41(๐Ÿ’›๐Ÿ’›)
Part-42(๐Ÿ’–๐Ÿ’–)
Part-43(SWEET LOVE)
Part-44(๐Ÿ’ž๐Ÿ’ž๐Ÿ’ž)
Part-45(๐Ÿ’๐Ÿ’)
Part-46(๐Ÿ’•๐Ÿ’•)
Part-47(๐Ÿ’ž๐Ÿ’ž)
Part-48(๐Ÿ’Ÿ๐Ÿ’Ÿ)
Part-49(๐Ÿ’š๐Ÿ’š๐Ÿ’š)
Part-50(๐Ÿ’๐Ÿ’)
Part-51(๐Ÿ’–๐Ÿ’–)
Part-52(๐Ÿ’˜๐Ÿ’˜)
Part-53(End๐Ÿ’)
Part-1 (Uni)
Part-2 (Uni)
Part-3 (Uni)
Part-4(Uni)
Part-5(Uni)
Part-6(Uni)
Part-7(Uni)
Part-8(Uni)
Part-9(Uni)
Part-10(Uni)
Part-11(Uni)
Part-12(Uni)
Part-13(Uni)
Part-14(Uni)
Part-15(Uni)
Part-16(Uni)
Part-17(Uni)
Part-18(Uni)
Part-19(Uni)
Part-20 (Uni)
Part-22(Uni)
Part-23(Uni)
Part-24(Uni)
Part-25(Uni)
Part-26(Uni)
Part-27(Uni)
Part-28(Uni)
Part-29(Uni)
Part-30(Uni)
Part-31(Uni)
Part-32(Uni)
Part-33(Uni)
Part-34(Uni)
Part-35(Uni)
Part-36(Uni)
Part-37(Uni)
Part-38(Uni)
Part-39(Uni)
Part-40(Uni)
Part-41(Uni)
Part-42(Uni)
Part-43(Uni)
Part-44(Uni)
Part-45(Uni)
Part46(Uni)
Part-47(Uni)
Part-48(Uni)
Part-49(Uni)
Part-50(Uni)
Part-51(Uni)
Part-52(Uni)
Part-53(Uni) End

Part-21(Uni)

195 13 1
By reselda_

ကျွန်တော် ကော်ဖီဆိုင်မှာအလုပ်လုပ်တာ အခုဆိုရင် တော်တော်ကြာ
နေပီ..သူဌေးကလည်းအရမ်းသဘော ကောင်းတယ်...ကျွန်တော့်ကိုအလုပ်ကြိုးစားလို့ဆိုပီး Bones တွေလဲပေးတယ်လေ..အကိုကတော့ ကျွန်တော့်အတွက်ဂုဏ်ယူနေတာပေါ့..ကျောင်းစာရော အလုပ်မှာရော ထူးချွန်နေလို့လေ...စာမေးပွဲကလည်း ဖြေပီးတာ ၂ရက်လောက်ကြာပီ...အခုဆရာက ကျွန်တော်တို့ကို ပြောစရာရှိတယ်ဆိုပီး ကျောင်းကို စောစောခေါ်ထားတယ်လေ.....ဘာပြောမလို့လဲမသိဘူး

"ကဲ.... အခု ဆရာပြောမှာကိုသေချာနားထောင်ကြနော်
ဆရာတို့ စာမေးပွဲ ဖြေပီးပီဆိုတော့ကျောင်းသားတွေ အားလုံးအတွက် ခရီးလေးတခုစီစဉ်ထားတယ်....သိချင်ကြလား"

"သိချင်ပါတယ်😁😁😁"

ခရီးဆိုတော့ အကုန်လုံးကစိတ်ဝင်စားတာပေါ့ အကုန်လုံးပြိုင်တူ တသံတည်းဖြေလိုက်ကြတယ်လေ...
ဒါမျိုးဆိုတိုင်ပင်စရာမလိုပါဘူး😂😂

"ဟုပီ ဆရာတို့သွားမှာက ကမ်းခြေတခုကိုပါ ကျောင်းက ကားစီစဉ်ပေးမယ် အဲ့တာသွားဖို့ လိုအပ်တာတွေ ပြင်ဆင် ထားကြပါ"

"Wow.....😄😄😄"

အတန်းထဲက သူတွေအကုန်လုံး တဝိုးဝိုးနဲ့ထအော်နေကြတယ် ဒီလိုအချိန်က အကုန်လုံးပျော်ကြမှာဘဲလေ ပထမနှစ်ဝက်အတွက်စာမေးပွဲဖြေပီးပီဆိုတော့လူလည်း ခေါင်းဆေးဖို့လိုနေကြပီလေ..ကျွန်တော်လည်းသူဌေးကို ခွင့်တောင်းပီးသွားရမှာဘဲ..ကမ်းခြေတောင်မရောက်တာ
တော်တော်ကြာနေပီလေ...

"ဆရာ ဟိုသွားမယ့်နေ့ကဘယ်နေ့တုန်း"

"အေ ဆရာတို့မနက်ဖြန်မနက်၇နာရီလောက်သွားမလား လို့ အဲ့တာ
ကြောင့်မို့ဒီနေ့စောစောခေါ်လိုက်တာပြင်ဆင်စရာရှိတာတွေ
ပြင်ဆင်နိုင်အောင်လို့လေ"

"ဟား....သွားရတော့မယ်ကွ😁😁"

ကျောင်းသားတွေအကုန်လုံးအသံစုံအော်ပီး ပျော်နေကြ ပေမယ့်
kristသူတယောက်တည်းမပျော်နိုင်ဖြစ်နေတယ် မနက်ဖြန်က သူ
့မွေးနေ့ဘဲ ၁၀လပိုင်း၁၈ရက်နေ့ အစက Singတို့သူငယ်ချင်းတွေကို အိမ်ခေါ်ပီး မွေးနေ့ပွဲ လုပ်ဖို့ စဉ်းစားထားတာ..အခုတော့...မတတ်နိုင်တော့ဘူးလေ သူတို့ကိုလည်းငါ့မွေးနေ့အကြောင်းမပြောရသေးဘူးဆို တော့ ပြန်လာမှဘဲ ပြောပြပီး တခုခုဝယ်ကျွေးလိုက်ပါ မယ်လေ😞😞😞
"ကဲ့အခု ၄အုပ်စုခွဲမယ် ပန်းရောင်ရယ် အနီရယ် အပြာရယ် အဝါရယ်..အဲ့တော့မဲနှိုက်ကြမယ် အရောင်တူကျတဲ့သူကတသင်း တည်းပေါ့ တူတူသွား တူတူနေကြရမှာ"

ကျောင်းသားတွေအကုန်လုံး ဆရာပြောသလိုမဲနှိုက်ကြ တယ် kitက
အပြာရောင်ကျတယ် ကျွန်တော်နဲ့အတူ တူဘဲ Newရောဘဲလေ

"Sing ဘာအရောင်ကျတုန်း...pinkကအဝါရောင်ကျ တာ"

"အယ်..ဟိုငါက အပြာရောင်ကျတယ်"

အမှန်တော့လေ အစကကျွန်တော်လည်း အဝါရောင်ကျ တာ ဒါပေမယ့်kitကအပြာရောင်ကျတာမြင်တော့ ကျွန်တော်မနေနိုင်တော့ဘူး
အပြာရောင်ကျတဲ့သူ တယောက်နဲ့မရမက အရောင်လဲလိုက်တာလေ..
ကျွန်တော်ကkitကိုတခြားသူတွေနဲ့ လုံးဝစိတ်မှမချနိုင်တာ
-----------------------------------------------------------
အဲ့နေ့ညက ကျွန်တော်လိုတဲ့ပစ္စည်းလေးတွေ အနည်းအကျဉ်းကို ကျောပိုးအိပ်ထဲထည့်လိုက်တယ်..အကိုကတော့ ဝီးချဲလ်ပေါ်ကနေ ထိုင်ပီး ဂရုတစိုက် သွားဖို့တတွတ်တွတ်နဲ့မှာနေတယ်လေ..ကျွန်တော့်အကိုက အခုဆေးရုံကပြန်ဆင်းနေပီလေ ခြေထောက်က လမ်းလျှောက်ဖို့
အဆင်မပြေသေးတော့ ဝီးချဲလ်ကိုဘဲ အသုံးပြုနေရတယ်လေ.....

"ကိုကြီးရယ်..ကျွန်တော့်ကိုဘဲစိတ်ပူမနေပါနဲ့ ကိုကြီးက တယောက်တည်းကျန်ခဲ့မှာဆိုတာလည်းသတိရဦး"

"သိပါတယ်ကွာ..အခုကကမ်းခြေမိုလို့ စိုးရိမ်လို့ မှာနေရတာ"

"ဟုပါပီဗျာ...ကိုကြီးစိုးရိမ်တာကိုကျွန်တော်သိပါတယ် အခုတော့အိပ်မယ်လေ..ကျွန်တော်မနက်အစောကြီး သွားရမှာ..."

"အင်းပါ အဲ့ဆိုလည်းအိပ်မယ်..."

ကျွန်တော်လည်း အကို့ကိုချော့မော့ပီး အိပ်ဖို့ပြောလိုက် တယ် ဒါမှမဟုရင်တညလုံးကျွန်တော့်ကို မှာလို့ပီးမှာ မဟုတ်တော့ဘူးလေ အဲ့နေ့ည
က ကျွန်တော် တစုံတခု အတွက်စိတ်လှုပ်ရှားပီး အိပ်ပျော်သွားမိတယ်
😪😪
••••••••••••••••••••••••••••••••••••••••••••••••••
နောက်နေ့မနက် ကျောင်းကိုရောက်တော့ ကျောင်းသား တွေအလျှိုလျှိုရောက်နေကြပီ..ကျွန်တော်လည်း ကျောင်းသားတွေကြားထဲက ကျွန်တော့်ရဲ့လိပ်ပေါက် လေးကို လိုက်ရှာနေမိတယ် ....ဒီကောင်လေး အခုထိမ ရောက်သေးဘူးဘဲ... ကျွန်တော်လည်း ကျွန်တော်တို့ စီးရမယ့်ကားဘေးမှာမတ်တပ်ရပ်ပီး စောင့်နေလိုက် တယ်... ဟော..လာပါပီ ကျွန်တော့်ရဲ့kitလေး လူကအိပ်မှုန်စုံမွှားလေးနဲ့ အဖြူရောင်တီရှပ်ပေါ်မှာ အဝါရောင်ရှပ်အကျႌလေးနဲ့ အောက်ကလည်း အသား ရောင်ဘောင်းဘီတိုလေးနဲ့...ကျွန်တော့်မျက်လုံးထဲမှာ တော့အခုလိုပုံစံက တမျိုးလေးချစ်ဖို့ကောင်းနေတယ်😍😍

"Sing....ဟာ..P'Sing!!!"

လူကိုတွေ့ကတည်းက အကြောင်လိုက်ကြီးကြည့်ပီး ရပ်နေတာ လူကအိပ်ချင်နေပါတယ်ဆို မနက်စောစောစီးစီး လူကိုရင်ခုန်အောင်လာလုပ်နေ တယ် ဒီSingtoကတော့....

"အဟမ်း..ပြောလေkit"
ကျွန်တော်လည်းအရှက်ပြေလည်ချောင်းရှင်းပီး kitကိုပြန်မေးလိုက်တယ် ကိုယ်ကအငမ်းလွန်နေတာ ဆိုတော့ နဲနဲတော့ရှက်တာပေါ့လို့😌😌😌

"ကားပေါ်မတက်သေးဘူးလား..."

"အွန်းအခုတက်မှာ...လာလေ..တက်မယ်"

ကျွန်တော်လည်း ကားပေါ်ကိုတက်သွားလိုက်ပီး လွတ်နေတဲ့ထိုင်ခုံနှစ်ခုံကတခုံမှာဝင်ထိုင်လိုက်တယ် ပီးတော့ ကျွန်တော့်ဘေးနားကခုံကို လက်နဲ့ပုတ်ပြလိုက် ပီး "လာထိုင်လေ kit.."

"ဟမ်!!!aww အင်း"

"Kitဘာစားလာလဲ..တခုခုစားခဲ့လား"

"မစားခဲ့ဘူး....Sing"

"ဟာ..မစားရင်ဗိုက်ဆာနေမှာပေါ့ နေဦးကိုယ့်မှာ အသားညှပ်ပေါင်မုန့်ယူလာတယ် အဲ့တာလေးစား ထားလိုက်"

Singကပြောလည်းပြော မုန့်ကိုကျွန်တော့်လက်ထဲ အတင်းထိုးပေးနေတယ် ကျွန်တော်လည်းဗိုက်ဆာသလို ဖြစ်နေတာနဲ့ Singပေးတဲ့မုန့်ကိုစားလိုက်တယ် ဗိုက်ဆာ လို့လားမသိဘူး မုန့်ကတော်တော်အရသာရှိတယ်😋😋
စားပီး ဗိုက်ဝသွားတော့ကျွန်တော့်ရဲ့ထုံးစံအတိုင်းလူက အိပ်ငိုက်ချင်နေပီ...မျက်ခွံတွေလေးပီး အိပ်ချင်နေတယ်
😴😴😴
အပြင်ရှုခင်းတွေကိုကြည့်နေရင်း ကျွန်တော့်ဘေးက လိပ်ပေါက်လေးကိုကြည့်တော့ အိပ်ချင်နေပီထင်တယ် လူကငိုက်နေပီ.. မဖြစ်သေးပါဘူး လည်ပင်းတွေနာနေ ဦးမယ် ကျွန်တော်လည်းkitနားတိုးလိုက်ပီး သူ့ရဲ့ ခေါင်း လေးကိုဖြည်းဖြည်းလေးစောင်းပီး ကျွန်တော့်ပုခုံးကိုမှီစေ လိုက်တယ်.....အခုမှဘဲနှစ်ယောက်စလုံးအဆင်ပြေသွား တယ် .....ဒါပေမယ့်သူ့ရဲ့ပခုံးကိုမှီပီးအိပ်ပျော်လာတဲ့ ကောင်လေး တယောက်ရဲ့ကျေနပ်နေတဲ့အပြုံးကိုတော့ Singto မြင်နိုင်မှာမဟုတ်ပါဘူး....
-------------------------------------------------------------
ကမ်းခြေကိုရောက်ပီဆိုတာနဲ့ကျောင်းသားတွေအားလုံး ကားပေါ်ကနေ ပြေးဆင်းသွားကြတာ ကျွန်တော့်လိပ် ပေါက်လေးလည်းအပါအဝင်ပေါ့ ဘယ်အချိန်ကတည်းက နှိုးနေလို့အခုလိုပြေးဆင်းသွားတာလဲ မသိဘူး ကျွန်တော့် မှာသူချော်လဲမှာစိုးလို့နောက်ကနေပြေးလိုက်သွားတာသူက ရေတောင်ဆော့နေပီလေ...

ကျွန်တော်အိပ်ငိုက်နေတာဘဲရှိတာပါ အိပ်မပျော်ပါဘူး Singသူ့ပခုံးပေါ်ကိုမှီခိုင်းတဲ့အချိန်တုန်းကလည်း ကျွန်တော်သိပါတယ်..ဒါပေမယ့် ဘာမှမပြောဘဲတလမ်း လုံး အဲ့လိုလေးနေလာခဲ့တာ...ကားရပ်တာနဲ့ ကျွန်တော် လည်းခေါင်းထောင်ကြည့်လိုက်တော့ ပင်လယ်ကြီးကို မြင်နေရပီလေ...ကျွန်တော်လည်း ရေဆော့ချင်လာတာ နဲ့ကားပေါ်ကနေပြေးဆင်းလာတာလေ Singကတော့ ကျွန်တော့်နောက်ကနေ ပြေးလိုက်လာတယ်လေ...
ကျွန်တော်လည်း Singကိုပါရေထဲဆွဲချ သူ့ကို ရေတွေ နဲ့ပက်ပီး ဆော့နေလိုက်တာ..တခြားကျောင်းသားတွေ လည်းတူတူဘဲလေ ရေဆော့နေကြတာ နေ့လည်ကျော် တဲ့ထိ မတော်နိုင်ကြသေးဘူး😁😁ကျွန်တော့်ကိုတော့ Singကနေမကောင်းဖြစ်မယ် တော်တော့ဆိုပီး အတင်းဆွဲခေါ်နေလို့ ရေမဆော့ရတော့ဘူးလေ..အဲ့လူကြီး
အကျင့်မကောင်းဘူး သူများမွေးနေ့လေးမှာ ဘာမှမလုပ်ရလို့စိတ်ညစ်လို့ရေဆော့ပါတယ်ဆို😒ကျွန်တော်လည်း စိတ်ဆိုးဆိုးနဲ့
ကျွန်တော်တို့နေရမယ့် အခန်းကိုသွားလိုက်ပီး အဝတ်အစားလဲရေချိုးလိုက်တယ် ပီးတော့ ကုတင်ပေါ်မှာလှဲနေရင်း ဆော့တာများသွားလို့လားမသိဘူး ပင်ပမ်းပီးတဖြည်းဖြည်းနဲ့အိပ် ပျော်သွားတယ်😴😴

Kitကိုကျွန်တော်အပြင်မှာစောင့်နေရင်းနဲ့ထွက်မလာတာနဲ့ အခန်းထဲဝင်ကြည့်တော့ kitကကုတင်ပေါ်မှာ ပက်လက်ကြီး အိပ်ပျော်နေပီ အဲ့ဒါနဲ့ကျွန်တော်လည်း kitကိုစောင်သေချာခြုံပေးလိုက်ပီး အပြင်ကိုပြန်ထွက် လာလိုက်တယ်
🕡🕡🕡🕡................
ဝါးးးးအိပ်လို့ကောင်းလိုက်တာ😪😪ဟင်!!!!6နာရီ တောင်ခွဲနေပီဘဲ...ငါအဲ့လောက်တောင်အိပ်ပျော်သွား တာလား...Singကလည်းလာမနှိုးဘူးအကျင့်မကောင်း လိုက်တာ... ကျွန်တော်လည်း တယောက်တည်းပွစိပွစိ ရွတ်ပီးအခန်းထဲကထွက်လာလိုက်တယ်...ကမ်းခြေဘက်လမ်းလျှောက်လာရင်းနဲ့ကျွန်တော်တို့အဖွဲ့ကို စားသောက် ဆိုင်မှာတွေ့တယ်လေ..ဟွန့်သူတို့ကစားတောင်စားနေကြပီ...ကျွန်တော်လည်းသူတို့ဝိုင်းထဲသွားထိုင်တော့Singက

"Kitနိုးပီပေါ့"

"နိုးတာကြာပေါ့ လာတောင်မနှိုးဘူး😏😏"

Singကတော့ ကျွန်တော်ပြောတာကိုဘာမှပြန်မပြောဘဲ ရယ်နေတယ်လေ..တဖြည်းဖြည်းနဲ့ညမှောင်လာလေလေ ကျွန်တော်တို့ဝိုင်းက သူငယ်ချင်းတွေအချင်းချင်း စနောက်ကြတဲ့အသံတွေဟာသပြောနေတဲ့အသံတွေနဲ့ ဆူညံနေတာဘဲ...ကျွန်တော်ကတော့အရှေ့ကစားစရာတွေကိုစားလိုက် သူတို့ပြောနေတာတွေနားထောင်ပီးရယ် လိုက်နဲ့ပေါ့...ညကလည်းမှောင်လာပီလေကလည်းတိုက် နေတယ်ဆိုတော့ ကျွန်တော် အခန်းထဲဝင်ကွေးချင်နေပီ

"Singကျွန်တော်သွားတော့မယ်...အိပ်ချင်လို့..."

"Hum!!သွားတော့မှာလား..အင်း အဲ့ဆိုလည်းသွားလေ"

Singကိုပြောပီးတာနဲ့ကျွန်တော့်အခန်းစီကိုပြန်လာလိုက်တယ်...တိတ်ဆိတ်နေတဲ့အခန်းထဲမှာ ကျွန်တော်တ ယောက်တည်းတွေးနေမိတယ် ကျွန်တော်မွေးနေ့ကအမြဲ တမ်း ပျော်စရာမကောင်းဘဲဒီအတိုင်းကြီးပီးသွားနေကျ ဘဲ ဒီနှစ်တော့ ကျွန်တော်သူငယ်ချင်းတွေနဲ့အတူတူ ပျော်စရာကောင်းတဲ့ မွေးနေ့လေးကိုဖြတ်သန်းမယ်လို့ တွေးထားတာမထူးပါဘူးလေ ဒီနှစ်လည်း အရင်လို တယောက်တည်းပါဘဲ...😔😔😔
ဒေါက်..ဒေါက်

ဟင်!!!!ငါတယောက်တည်းရှိနေတဲ့အချိန်ဘသူက တံခါး လာခေါက်တာလဲ သရဲလားဒါမှမဟုတ်သူခိုးလား😨😨
ကျွန်တောာ်လည်းတံခါးကိုဖြေးဖြေးလေးဖွင့်ကြည့်လိုက် တော့😮😮😮ဟင်..ဘသူမှလည်းမရှိပါလား ဘာလဲဟ!!!ကျွန်တော်လည်း တံခါးပြန်ပိတ်ဖို့လုပ်တဲ့ အချိန် တံခါးထောင့်နားလေးမှာစာရွက်လေးတရွက် ကပ်ထားတာတွေ့တယ် ကြည့်လိုက်တော့"H"ဘာတုန်း "H"ဆိုတာကြီးက😐ကျွန်တော်လည်း တခြားစာရွက် တွေရှိအုန်းမလားလို့ လိုက်ကြည့်တော့ အခန်းဝရံတာ မှာတရွက်ကပ်ထားတာတွေ့တယ်..."A"....ကျွန်တော် အပြင်ကိုကြည့်လိုက်တော့လည်း လမ်းတလျှောက်က အုန်းပင်တွေတိုင်းမှာအဝါရောင်စာရွက်လေးတွေတွေ့ တယ်ကျွန်တော်လည်းဘာအဓိပ္ပါယ်မှန်းသိချင်တာနဲ့ ကပ်ထား တဲ့စာရွက်တွေကိုအကုန်လိုက်ခွာလိုက်တယ်နောက်ဆုံး ကပ်ထားတဲ့စာရွက်တွေထပ်မတွေ့တော့ ကျွန်တေ့လက်ထဲစာရွက်တွေကိုရေကြည့်လိုက်တယ် ၁၃ရွက် စာလုံးတွေကိုစီကြည့်လိုက်တော့
'H' 'A' 'P' 'P' 'Y'  'B' 'I' 'R' 'T' 'H' 'D' 'A' 'Y'
😮😮ဒါ~~~ဒါဆို.....အဲ့အချိန် ကျွန်တော်ရှေ့နား မှာ မီးရောင်စုံတွေလင်းလာပီး
"Happy Birthday🎉🎉🎉🎉"

😶😶ကျွန်တော်အံသြလွန်းလို့ ဘာမှမပြောနိုင်တော့ ဘူး ကြည့်လိုက်တော့လည်းအကုန်လုံးကကျွန်တော်တို့ အဖွဲကလူတွေကြီးဘဲ...ခုနကသူတို့တွေကဘာမှမသိသလို ပုံစံနဲ့အခုတော့...သူတို့တွေ ဒါကိုဘယ်အချိန်တုန်းကပြင်ဆင်လိုက်ကြတာလဲ ကျွန်တော်လည်း
ဘာမှမသိလိုက်ရဘူး.....ကျွန်တော်အံသြပီး ဘာမှမပြောနိုင်တဲ့ အချိန် Singက ဖယောင်းတိုင်မီးလေးတွေထွန်းထားတဲ့ ကိတ်မုန့်ကိုကိုင်ပီးကျွန်တော့်အရှေ့ကိုတိုးလာတယ် တခြား သူတွေကလည်းလက်ခုပ်တွေတီးပီး
"Happy birthday to you.....
Happy birthday happy birthday
Happy birthday Krist Perawat...🎶🎶"သီချင်းအဆုံး
ကျွန်တော်လည်း ကိတ်ပေါ်ကဖယောင်းတိုင်လေးကိုမှုတ်ပီး ပျော်လွန်းလို့ မျက်ရည်တောင်ကျလာတယ်....မထင်ထားဘူးကျွန်တော့်ကိုဒီလိုမျိုးလုပ်ပေးလိမ့်မယ်လို့ ကျွန်တော့်မွေးနေ့ကို ဘသူမှမသိဘူးထင်နေတာ....

"အားလုံးကိုကျေးဇူးတင်ပါတယ်နော်....အခုလိုမျိုးလုပ် ပေးတဲ့အတွက်😢😢"

ကျွန်တော်အဲ့လိုပြောလိုက်တော့ Newကရှေ့ထွက်လာ ပီးကျွန်တော့်ကိုပြောတယ်

"Kristမင်း ငါတို့ကိုကျေးဇူးတင်စရာမလိုပါဘူးကွာ အင်း..မင်းတကယ်ကျေးဇူးတင်ရမှာက Singကိုဘဲ"

"ဟမ်!!!"😮😮

"ဟုတယ် ဒါတွေကိုSingဘဲအကုန်စီစဉ်ထားတာ ငါတို့က သူပြောတဲ့အတိုင်း လိုက်လုပ်ရုံဘဲ..😅"

ဒါ...ဒါဆိုSingကကျွန်တော့်မွေးနေ့ကို သိတယ်ပေါ့ကျွန်တော့်ကို
surpriseလုပ်ဖို့ကြိုစီစဉ်ထားတာပေါ့ ကျွန်တော်လည်း ကျေးဇူးတင်တဲ့မျက်လုံးနဲ့Singကို ကြည့်လိုက်တော့

"ကိုယ့်ကိုအဲ့လိုမကြည့်နဲ့ ကျေးဇူးတင်စရာမလိုဘူး...မငိုရဘူးနော်
မွေးနေ့မှာ"

ကျွန်တော်ဝမ်းသာလွန်းလို့ကျတဲ့မျက်ရည်ကို Singက သူ့လက်လေးနဲ့တယုတယသုတ်ပေးတယ်လေ

"လာ.. ကိတ်ခွဲမယ်နော်..."

"အွန်း😊😊😊"

ကျွန်တော်လည်း ကိတ်ခွဲဖို့လုပ်တဲ့အချိန် ကိတ်ကိုကြည့် လိုက်တော့ ပုံဖော်ထားတာတွေကတော်တော်လှတယ် ကိတ်ပေါ်မှာလည်းကျွန်တော့်နာမည်ရော မွေးနေ့ အတိအကျကိုရောရေးထားတယ်လေ....Singကိုကြည့်လိုက်တော့သူကကျွန်တော့်ကိုပြုံးပီးကြည့်နေတယ်လေကိတ်ခွဲပီး သူငယ်ချင်းတွေကိုလိုက်ခွံကြွေး လိုက်တယ် Singကိုတော့အရင်ဆုံးပေါ့.....ကျွန်တော့်ရဲ့ ဒီနှစ်မွေးနေ့ကသူငယ်ချင်းတွေအများကြီးနဲ့ပျော်လိုက်ရလို့ တော်တော်ကျေနပ်တယ်....ဒီလိုနဲ့ဘဲကျွန်တော့် မွေးနေ့ကပျော်ပျော်ရွှင်ရွှင်နဲ့ပီးသွားတယ်လေ...တခြားသူတွေအကုန်ပြန်သွားပေမယ့် Singကမပြန်သေးဘဲ ကျွန်တော့်နားကပ်လာပီး သူ့နောက်မှာဝှက်ထားတဲ့ အရုပ်လေးကိုပေးတယ် "happy birthdayနော်kit" တဲ့...ကြည့်လိုက်တော့ လိပ်ရုပ်လေး သူကျွန်တော့်ကို လိပ်လို့ခေါ်တာမကြိုက်ပေမယ့် သူပေးတဲ့အရုပ်လေးကို တော့ ကျွန်တော်ကြိုက်တယ်အရမ်းချစ်စရာကောင်းတာကိုး....🐢🐢🐢
"ကိုယ်တို့တနေရာမှာစကားပြောကြမလား kit"

"အွန်းပြောမယ်လေ..."
ကျွန်တော့်မှာလည်း Singကိုမေးချင်တာတွေလည်းရှိနေ တယ်လေ ကျွန်တော်လည်းအရုပ်ကလေးပိုက်ပီး သူသွား တဲ့နောက်လိုက်ခဲ့လိုက်တယ်...

ကျွန်တော်ပေးတဲ့အရုပ်ကလေးပိုက်ပီးလိုက်တာတဲ့ kit ကိုကြည့်ပီး တော်တော်ကြည်နူးမိတယ် ကျွန်တော့် ကြောင့်သူပျော်ရွှင်ရတယ်ဆို ကျွန်တော်လည်းပျော်ပါ တယ် ကျွန်တော်လည်း ကမ်းခြေနားက ခုံတန်းလျားကို ရောက်တော့ အဲ့မှာဘဲထိုင်လိုက်တယ် kitကလည်း ကျွန်တော့်ဘေးနားမှာဝင်ထိုင်တယ်...ကျွန်တော်တို့ နှစ်ယောက် ထိုင်နေရင်းkitကအရင်စကားစမေးလာ တယ်
"ဘလိုသိတာလဲ....ကျွန်တော့်မွေးနေ့ကို"

ကျွန်တော်အမှန်တိုင်းပြောလိုက်ရင် kitကျွန်တော့်ကို စိတ်ဆိုးသွားမလား
"ကိုယ်မင်းနဲ့ပတ်သက်တာအားလုံးကို အကုန်လုံးသိ ပါတယ်"

"ဘာဖြစ်လို့တုန်း😶😶"

ကျွန်တော့်ရှေ့မှာသိချင်တဲ့ပုံလေးနဲ့ ကြည့်နေတဲ့ kitကိုကြည့်ရင်း
ကျွန်တော့်ရဲ့ ရင်ခုန်သံတွေလည်းမူမမှန် ချင်တော့ဘူး...

"Kitအမှန်တိုင်းသိချင်လား????"

"အွန်း..သိချင်တယ်"

"ကိုယ် kitကိုချစ်တယ်"
ကိုယ့်ကိုစိတ်မဆိုးပါနဲ့kitရယ်...ကိုယ်ဒီထက်ပိုပီးကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး

"ဟင်!!!!"

"ဟုတယ် ကိုယ်kitကိုစတွေ့ကတည်းက ချစ်ခဲ့တာ kitစိတ်ဆိုးမှာစိုးလို့ ကိုယ်မပြောဘဲနေခဲ့တာ ဒါပေမယ့် ကိုယ်အဲ့ဒါကိုဆက်ပီးမကွယ်ဝှက်ထားနိုင်တော့ဘူး kitကကိုယ့်ဘဝမှာ ပထမဦးဆုံး ချစ်မိတဲ့သူဘဲ"
ကျွန်တော့်ကိုဘာမှမပြောဘဲတွေတွေလေးစိုက်ကြည့်နေတဲ့ kitကြောင့် ကျွန်တော်ရင်တွေပူလာတယ်..kitက ကျွန်တော့်ကိုမချစ်ဘူးလို့ပြောမလို့လား

"Sing~~~ကျွန်တော့်ကိုအဲ့လိုချစ်ရင်လူတွေကဲ့ရဲ့မှာ မကြောက်ဘူးလား..ကျွန်တော်တို့ကိုGayဆိုပီးလှောင်ပြောင်ရယ်မောကြမှာ...အထင်သေးသလိုမျက်စိနဲ့ကြည့်ကြမှာ..ရွံရှာသလိုဆက်ဆံကြမှာကိုလေSingစိတ်မပူဘူး လား အဲ့လိုပြောရင်ရော Singခံနိုင်ပါ့မလား....
ကျွန်တော်တို့ချစ်ခဲ့ကြရင်တောင် သဘာဝနဲ့ဆန့်ကျင်တဲ့
အချစ်ဖြစ်နေတယ်လေ Singကရောကျွန်တော့်လို စွဲမက်စရာမရှိတဲ့ယောကျ်ားတယောက်ကိုထာဝရချစ် နိုင်ပါ့မလား😔😔😟"

"Kit~~ကိုယ်kitကိုချစ်တယ်လို့မပြောခင်ကတည်းက ဒီအကြောင်းတွေကိုစဉ်းစားပီးသားပါ...ကိုယ်ကလူသား တယောက်ပါ ချစ်တတ်တဲ့နှလုံးသားတစုံပါတဲ့သာမာန်လူတယောက်ပါ အချစ်မှာ ယောကျာ်းမိန်းမခွဲခြားထားတာလည်းမရှိပါဘူး...လူတွေကသာ သူတို့ဘသာသူတို့ သတ်မှတ်ထားကြတာ...ကိုယ်ကStraightတယောက်ပါ ကိုယ်ချစ်မိတဲ့သူက kitဆိုတဲ့ယောကျ်ားလေးတယောက် ဖြစ်နေရုံလေးဘဲ ဒါလိုမျိုးချစ်မိလို့ ကိုယ့်ကိုGayလို့ပြော လည်းကိုယ်ခံနိုင်ပါတယ် ကိုယ်ကkitကိုသိပ်ချစ်မိနေတာကိုး..kitရဲ့အပြုအမူအပြောအဆိုတခုတိုင်းကိုကိုယ်က မြတ်နိုးတာပါ ဒါကဘယ်တော့မှပြောင်းလဲသွားမှာမဟုဘူး ကိုယ်အိုမင်းတဲ့အထိkitကိုမပြောင်းလဲတဲ့အချစ်တွေ နဲ့ချစ်သွားမှာပါဒီကမ္ဘာပေါ်မှာကိုယ်ကkrist Perawat ဆိုတဲ့လူသားကိုဘဲချစ်တာပါ kitနေရာမှာတခြားသူဆိုရင်ကိုယ်ချစ်မိမှာမဟုဘူး...ကိုယ်kitကိုအဲ့လောက်ထိ ချစ်မြတ်နိုးတာပါ"
ကျွန်တော်ကစကားတွေပြောပီး kitကိုကြည့်လိုက်တော့ သူလေးကခေါင်းလေးငုံ့ပီးအသံတိတ်ရှိုက်ငိုနေတယ်လေ

"Kitဘာလို့ငိုနေတာတုန်း မငိုရဘူးလေ"

"ကျေးဇူးတင်ပါတယ်Sing..ကျွန်တော့်ကိုအခုလို ချစ်ပေးလို့ "

ငိုနေတဲ့အကောင်ပေါက်လေးကိုကျွန်တော်ဖက်ထားပီး သူ့ဆံပင်တွေကိုသပ်ပေးနေမိတယ်

"Sing~~ကျွန်တော်လည်း..S..singကိုချစ်တယ်😳"

"ဟင်!!!"

Kitကကျွန်..ကျွန်တော့်ကိုချစ်တယ်တဲ့ ကျွန်တော်ဖက် ထားတာကိုပြန်ခွာလိုက်တော့kitကခေါင်းလေးငုံ့ပီး ရှက်နေတယ်လေ

"ကိုယ့်မျက်လုံးကိုတည့်တည့်ကြည့်ပီးပြန်ပြောပေးပါလား kit"

"ချစ်တယ်Sing"

ခေါင်းလေးမော့ပီးပြောလာတဲ့ kitရဲ့မျက်နှာလေးက ရှက်လို့ပါးရောင်လေးသမ်းနေတယ်..ငိုထားလို့ kitရဲ့ မျက်ရည်စက်လေးတွေကြောင့် မျက်တောင်ကော့ကော့ လေးတွေကလည်းစိုစွတ်ပီး တမျိုးကြည့်ကောင်းနေတယ် သူရဲ့နှင်းဆီရောင်နှုတ်ခမ်းပါးလေးကိုကြည့်မိတော့ ကျွန်တော့်ရဲ့ထိန်းချုပ်ထားတဲ့စိတ်တွေအကုန်လွတ်ကုန်ပီလေ.....😍😍

လူကိုကြင်နာတဲ့အကြည့်တွေနဲ့ကြည့်နေရင်း..ရုတ်တရက် Singရဲ့မျက်နှာကကျွန်တော့်ဆီတိုးကပ်လာတယ်..သူ့ရဲ့လက်တွေကလည်းကျွန်တော့်ခါးကိုဖက်ထားတယ်...ကျွန်တော့်ရဲ့မျက်လွှာတွေကလည်းအလိုတူစွာ ပိတ်ထားမိတယ်လေ...ကျွန်တော့်နှလုံးသားလေးကအစ သူ့သခင်ရဲ့အနမ်းကို စည်းချက်မြန်စွာနဲ့စောင့်ကြိုနှင့်နေပီ နောက်ဆုံး Singရဲ့ နှုတ်ခမ်းက ကျွန်တော့်နှုတ်ခမ်းကို ထိကပ်လာတယ်...သူ့ရဲ့နှုတ်ခမ်းပါးလေး နဲ့ ကျွန်တော့်ရဲ့နှုတ်ခမ်း တလွှာချင်းကိုစုပ်ပီး နမ်းနေတယ်.တဖြည်းဖြည်းနဲ့ ကျွန်တော့်ရဲ့နှုတ်ခမ်းတွေကို Singက စုပ်ယူနမ်းနေတာကြောင့် ကျွန်တော့်နှုတ်ခမ်းသားတွေကလည်းပူနွေးစိုစွတ်လာတယ်.....💋💋.ချိုတယ်.....အရမ်းချိုမြိန်တယ်..ကျွန်တော်မျှော်လင့်ခဲ့ဖူးတဲ့သူရဲ့နှုတ်ခမ်းပါးလေးကပေးတဲ့အနမ်း နောက်ဆုံး တော့ကျွန်တော်ရခဲ့ပီ..Singရဲ့အနမ်းတွေကနေတဆင့် သူ့ရင်ထဲကအချစ်တွေကိုလည်းကျွန်တော်ခံစားမိနေရတယ် အချစ်တွေနဲ့ပြည့်နေတဲ့ Singရဲ့အနမ်းကိုအခုအချိန်မှာ ကျွန်တော် မငြင်းရက်နိုင်ပါဘူး ကျွန်တော့်ရဲ့လက်တွေကလည်းSingကိုပြန်လည်ဖက်တွယ်ထားမိတယ် ကျွန်တော်Singရဲ့အချစ်တွေအနမ်းတွေကိုပိုလို့တောင်လိုချင်နေမိတယ် အခုချိန်မှာကျွန်တော်တို့ နှစ်ယောက်ရဲ့ရင်ခုန်သံတွေကလည်း ထပ်တူကျနေကြတယ်ဒီအချိန်လေးကို ရပ်တန့်ပေးပါ...ကျွန်တော်မြတ်နိုးရတဲ့သူရဲ့အနမ်းကိုရနေတဲ့ဒီအချိန်လေးကို.....😔😔😔

ကျေးဇူးတင်ပါတယ်Singကျွန်တော့်ရဲ့မွေးနေ့လေးကိုအခုလိုမျိုး
ပျော်စရာကောင်းအောင်လုပ်ပေးလို့
ကျေးဇူးတင်ပါတယ် ကျွန်တော့်ရဲ့မွေးနေ့မှာ Singဆီက ချစ်တယ်လို့ပြောတဲ့စကားကိုကြားရလို့
ကျေးဇူးတင်ပါတယ် ကျွန်တော့်လိုယောကျ်ားတယောက် ကိုအခုလိုချစ်ပေးလို့
ကျေးဇူးတင်ပါတယ်Singဆီကချိုမြိန်တဲ့အနမ်းတွေကို ကျွန်တော်ရရှိလို့
ကျေးဇူးတင်ပါတယ် Singရဲ့နှလုံးသားကိုကျွန်တော်ပိုင် ဆိုင်ခွင့်ရလို့...
ကျွန်တော်ဘဝတလျှောက်လုံးမှာ ဒီမွေးနေ့ကအထူး ခြားဆုံးနဲ့အမှတ်ရဆုံးမွေးနေ့လေး ထာဝရဖြစ်နေမှာပါ
Singရဲ့အနမ်းတွေကိုကျေနပ်စွာခံယူရင်း နှလုံးသားက ပျော်ရွှင်လွန်းလို့ကျလာတဲ့မျက်ရည်လေးကတော့ ကျွန်တော့်ပါးပြင်တလျှောက်စီးဆင်းသွားပီလေ....အရမ်းချစ်တယ်Sing...❤❤❤
______________________________________

Continue Reading

You'll Also Like

1.5K 75 21
แ€™แ€„แ€บแ€ธแ€€แ€„แ€ซแ€ทแ€˜แ€โฃ๏ธ แ€€แ€ผแ€ฎแ€ธแ€€แ€ปแ€šแ€บแ€แ€™แ€บแ€ธแ€”แ€ฌแ€ธแ€แ€ฒแ€ทแ€กแ€ญแ€™แ€บแ€แ€กแ€ญแ€™แ€บแ€™แ€พแ€ฌแ€›แ€šแ€บแ€™แ€ฑแ€ฌแ€žแ€ถแ€แ€ฝแ€ฑ แ€•แ€ปแ€ฑแ€ฌแ€บแ€›แ€ฝแ€พแ€„แ€บแ€™แ€พแ€ฏแ€แ€ฝแ€ฑแ€กแ€•แ€ผแ€Šแ€บแ€ทแ€–แ€ฏแ€ฏแ€ถแ€ธแ€œแ€ฝแ€พแ€™แ€บแ€ธแ€”แ€ฑแ€แ€šแ€บ แ€™แ€ฌแ€”แ€แ€ฒแ€œแ€ฑแ€ธแ€”แ€พแ€šแ€ฑแ€ฌแ€€แ€บแ€›แ€ฒแ€ทแ€กแ€แ€ปแ€…แ€บแ€€แ€˜แ€šแ€บแ€œแ€ญแ€ฏแ€–แ€ผแ€…แ€บแ€œแ€ฌแ€™แ€œแ€ฒ แ€แ€šแ€ฑแ€ฌแ€€แ€บแ€€แ€กแ€”แ€ญแ€ฏแ€„แ€บแ€šแ€ฐ...
3.6K 538 15
"แ€€แ€ผแฝแ€”แ€นแ€ฑแ€แ€ฌแ€นแ€€ แ€แ€„แ€นแ€—แ€บแ€ฌแ€ธแ€€แ€ญแ€ฏแ€แ€€แ€šแ€นแ€แ€บแ€…แ€นแ€แ€ฌ" S1 แ€€ Mayyrii แ€แ€„แ€นแ€‘แ€ฌแ€ธแ€•แ€ซแ€ฑแ€žแ€ธแ€ฑแ€”แ€ฌแ€น แ€กแ€†แ€€แ€นแ€กแ€…แ€•แ€นแ€™แ€ญแ€แ€บแ€„แ€นแ€›แ€„แ€น แ€กแ€ฒแ€ทแ€’แ€ฎแ€€ แ€˜แ€ฒ แ€–แ€แ€นแ€œแ€ญแ€ฏแ€€แ€นแ€•แ€ซ "แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€€ แ€แ€„แ€บแ€—แ€ปแ€ฌแ€ธแ€€แ€ญแ€ฏแ€แ€€แ€šแ€บแ€แ€ปแ€…แ€บแ€แ€ฌ" S1 แ€€ Mayyrii...
107K 5.2K 15
THE DEVIL'S SUNSHINE BOOK 2
114K 9.1K 20
CB Me & แ€แ€ฝแ€ฑแ€ธแ€•แ€ฑแ€ซแ€€แ€บ