ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၄၂ (၁-၄)

5.6K 870 40
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  42
Chapter.          :  1 - 4
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၄၂ ၊ အခန္း ၁ ။  ခြင့္ၿပဳပါလုိ ့ ေၿပာရမယ့္သူက ငါကြ

“ရူရွီ…စီ မိသားစုက ငါတုိ့ စုန္ ့ မိသားစုကို ၾကည့္မရၿဖစ္ေနတာ မ်ားလား” စုန္ ့ရႊယ္က်န္းက စိတ္ရႈပ္လက္ရႈပ္ၿဖင့္ ခ်င္းရူရွီအား ေမးလာသည္ ။

ခ်င္းရူရွီ ၿပန္ေၿပာသည္ ။
“မဟုတ္ပါဘူးဟာ ။ ရႊယ္က်န္း…နင္ ဘာလုိ ့ အဲ့လုိၿမင္ေနရတာလဲ”

“မဟုတ္ဘူးလား ။ မဟုတ္ဘူးဆုိရင္ အဲ့လုိရြံစရာေကာင္းတဲ့မိန္းမကို လႊတ္ၿပီးေတာ့
စုန္ ့ မိသားစုကုိ ဘာလုိ ့ လာေလွာင္ခိုင္းထားတာလဲ”

“ဒီသုိင္းၿပိဳင္ပြဲက စုန္ ့မိသားစုအတြက္ ဘယ္ေလာက္အေရးပါတယ္ ဆုိတာ စီ မိသားစု ေကာင္းေကာင္းၾကီးသိတယ္ ။ အဲ့ဒီမိန္းမက သိုင္းပညာအေၾကာင္း နကန္းတစ္လံုးေလးေတာင္ မသိဘူး၊
ဘာမွလည္း မဆံုးၿဖတ္တတ္ဘူး ။ ငါတုိ ့ စုန္ ့ မိသားစုကို ရုိင္းပ်ဖုိ ့ ့ၾကံေနတာမဟုတ္ရင္ ဒါဆုိ ဘာအဓိပၸာယ္လဲ” 

စုန္ ့မိသားစုသည္ အစက ထိုအၿခင္းအရာကို လ်စ္လ်ဴရႈထားရဖုိ ့ရာပင္ ၊ သုိ ့ေသာ္ သူမသည္ ရင္ထဲတလိပ္လိပ္တက္ လာသည့္ ေဒါသတုိ ့ကို ၿမိဳသိပ္ခ်ဳပ္တည္းနုိင္စြမ္း မရွိၿခင္းေၾကာင့္ မဲ့ရြဲ ့ကာ ထုတ္ေၿပာလာၿခင္း ပင္ ။

အမွန္တကယ္ေတာ့ ရီ၀မ္၀မ္နွင့္စီရီဟန္၏ ပတ္သက္မႈပင္ၿဖစ္ေစ၊
စီ မိသားစုထဲတြင္ ရွိေနသည့္ ရီ၀မ္၀မ္၏အဆင့္အတန္းပင္ၿဖစ္ေစ
စုန္ ့မိသားစုနွင့္ လားလားမ်ွပင္ မဆုိင္ပါေပ ။

စုန္ ့မိသားစုသည္ အင္အားၾကီးသူကိုသာလ်ွင္ အၿမဲတေစ ဦးက်ိဳး၏ ။ ရီ၀မ္၀မ္သည္သာ အကယ္၍ သုိင္းပညာတတ္ေနပါလ်ွင္ သုိ ့မဟုတ္ သုိင္းအေၾကာင္း တစုိးတစနားလည္ေနပါလ်ွင္ စုန္ ့ မိသားစုသည္ ဘာမွေ၀ဖန္ၿပစ္တင္ေနၿခင္းၿပဳမည္ မဟုတ္ဘဲ ဧည့္သည္အား ယဥ္ယဥ္ေက်းေက်း ဆက္ဆံၿပဳမူမည္သာ ။

သုိ ့ေသာ္ စုန္ ့ မိသားစု၏အၿမင္တြင္ ရီ၀မ္၀မ္သည္ ရုပ္ရည္ကိုုသာ အားကိုးၿပီး ေယာက်ာ္းေတြကုိ ၿဖားေယာင္းေနသူသက္သက္သာ ။
သူမသည္ သိုင္းပညာအေၾကာင္း တစုိးတစိေလးပင္ မသိသူသာ ။

သုိ ့တုိင္ေအာင္ ထိုသူမသည္ စုန္ ့မိသားစုက ၾကီးမွဴးသည့္ သုိင္းပညာ ယွဥ္ၿပိဳင္ပြဲတြင္ မ်က္နွာလာၿပေနေလရာ ၊ ထိုသည္မွာ စုန္ ့ မိသားစုအား ပါးရုိက္နားရုိက္ၿခင္းနွင့္ တူေနေပ၏ ။

ရီ၀မ္၀မ္သည္ကေတာ့ စုန္ ့မိသားစု ပင္ၿဖစ္ေစ၊
စုန္ ့ရႊယ္က်န္း၏အၿမင္ ပင္ ၿဖစ္ေစ မည္သုိ ့ပင္ၿဖစ္ေနပါေစ အေရးတယူ ၿပန္လည္ေၿဖရွင္းၿခင္း ၿပဳမေန ။

သူမသည္ မည္သည့္ၿပသနာမွ မရွာပါဟု စီရီဟန္အား ကတိအထပ္ထပ္ ေပးထားခဲ့ၿပီးၿပီ ။ ထုိ ့ၿပင္ သူမ ဒီေန ့ လာခဲ့ၿခင္းမွာ မ်က္စိပြင့္ေစဖုိ ့ရာ သာ ၿဖစ္၏ ။ ထုိ ့ေၾကာင့္ သူမထံတြင္ စင္ေပၚတက္ဖုိ ့စိတ္ကူးမရွိသလုိ သုိင္းပညာခ်င္းယွဥ္ဖုိ ့ စိတ္ကူးလဲ ရွိမေနေပ ။

တဖက္တြင္ စီ မိသားစုမွ ကိုယ္ရံေတာ္အသစ္ငါးေယာက္အား စိတ္တုိင္းက်တက္တုိက္ခုိက္ဖုိ ့ သူမ ခြင့္ၿပဳလုိက္ၿခင္းမွာ
သူတုိ ့အား ေကာင္းခ်ီးေပးရာက်ေပသည္ ။

အခ်င္းခ်င္းေဆြးေႏြးၾကၿပီးေနာက္တြင္ အသက္ ၂၀ အရြယ္ရွိေနသည့္ လူငယ္ေလးတစ္ေယာက္သည္
စုန္ ့ မိသားစုနွင့္ တုိက္ခုိက္ဖုိ ့ရာ စင္ေပၚတက္လုိက္သည္ ။

စုန္ ့ မိသားစုက လႊတ္လိုက္သည့္သူမွာ အဖြဲ ့ထဲတြင္ အားအနည္းဆံုး ၿဖစ္၏။ ထုိ ့ေၾကာင့္ သူတုိ ့သည္လည္း အၿပန္အလွန္အေနၿဖင့္ အားအနည္းဆံုးသူကိုသာ လႊတ္လုိက္ၾက၏ ။

စီ မိသားစု၏ကုိယ္ရံေတာ္ေလးသည္ စင္ၿမင့္ေပၚ တက္သြားၿပီး
စုန္ ့မိသားစုက ၿပိဳင္ဘက္ကို ၾကည့္လုိက္သည္ ။

“စီ မိသားစုရဲ့ကိုယ္ရံေတာ္၊ လ်ိဳ ့စန္း”

“ပင္းရွင္း”

စီ မိသားစုကုိယ္ရံေတာ္မွာ မ်က္စိထဲ မထည့္သည့္ဟန္ၿဖင့္ ၿပန္ႏႈတ္ဆက္လာသည္ ။

“ေအာ္…မင္းက ေမာက္မာလွခ်ည္လား”

လ်ိဳ ့စန္း မဲ့ရြဲ ့ကာ လက္သီးနွစ္ဖက္ ယွက္လုိက္၏ ။
“ခြင့္ၿပဳပါ”

လ်ိဳ ့စန္း ေၿပာၿပီးၿပီးခ်င္း ပင္းရွင္းဆီကုိ ေၿခတစ္လွမ္းထဲနွင့္ လွစ္ခနဲ သြားလုိက္ၿပီး သူ၏ဆရာတုိက္သုိင္းနွင့္ ေၿဖာင္းခနဲခ်ေတာ့သည္ ။

သုိ ့ေသာ္ ပင္းရွင္းသည္ တစ္ခ်က္ေလးပင္ မေရွာင္လုိက္ဘဲ
ေနရာတြင္သာ ခုိင္ခုိင္ၿမဲစြာ ရပ္ေနသည္ ။

စုန္ ့ မိသားစုရဲ့အဖြဲ ့သားက အဲ့ေလာက္ေတာင္ အားနည္းတယ္လား ။

ပင္းရွင္း၏တံုဏွိဘာေ၀ ေက်ာက္ရုပ္ၾကီးလုိ ေနသည့္ပံုရိပ္ေၾကာင့္
လ်ိဳ ့စန္း လက္သီးနွင့္ ထုိး၀င္လာေနရင္း သံသယတစ္မ်ွင္ တုိး၀င္လာသည္ ။

လ်ိဳ ့စန္း၏လက္သီးသည္ ပင္းရွင္းနွင့္ သံုးလက္မေလာက္သာ လုိေတာ့သည့္ အခ်ိန္တြင္ ေလတုိးသံတစ္ခုကို ဟူးခနဲ ၾကားလုိက္ရ၏ ။

လ်ိဳ ့စန္း မသိလုိက္ခင္မွာပင္ သူ၏၀မ္းဗုိက္တြင္ ပင္းရွင္း၏ခပ္ၿပင္းၿပင္း ထိုးၾကိတ္လုိက္ၿခင္းကို ခံလုိက္ရသည္ ။

အားခနဲ လ်ိဳ ့စန္း နာက်င္တၾကီး ေအာ္ဟစ္လုိက္မိၿပီး ၾကိဳးၿပတ္သည့္စြန္ အလား စင္ေပၚ ေၿမာက္တက္သြားကာ လူအုပ္ၾကီးထဲ ၿပဳတ္က်သြားသည္မွာ ၀ုန္းခနဲ ။

“ခြင့္ၿပဳပါလုိ ့ ေၿပာရမယ့္သူက ငါကြ”

ပင္းရွင္းသည္ လူမထင္သည့္အမူအရာ ၿဖင့္ စင္ေအာက္ကုိ ၿပဳတ္က်သြားၿပီၿဖစ္သည့္ၿပိဳင္ဘက္ၾကီးအား ၾကည့္ကာ ေၿပာလာသည္ ။

“စုန္ ့ မိသားစုရဲ့ပင္းရွင္း အနုိင္ရသြားပါၿပီ ။ ေနာက္မိနစ္ ၂၀ ေနရင္ အနုိင္ရတဲ့သူကုိ ရႈံးသြားတဲ့အဖြဲ ့က ဆက္ၿပီးစိန္ေခၚနုိင္ပါတယ္”

သက္လတ္ပိုင္း ဒုိင္လူၾကီးက ေၾကညာလာသည္ ။

“အဲ့ေလာက္ေတာင္ ၾကမ္းတယ္လား”

စီ မိသားစု၏က်န္ေနေသးသည့္ေလးေယာက္မွာ
လ်ိဳ ့စန္းအား ၀ိုင္းထူကာ တစ္ေယာက္ကိုတစ္ေယာက္ အံ့ၿသတၾကီးၾကည့္ေနမိၾကေလၿပီ ။ ထိုကန္ခ်က္တြင္ ရွိေနသည့္ ခြန္အားနွင့္ အၿမန္ႏႈန္းသည္ ၿပီးၿပည့္စံုသေလာက္ နီးနီး ၿဖစ္သည္ - အထူးသၿဖင့္ အခ်ိန္တြက္ခ်က္တတ္မႈတြင္ တစ္ပန္းသာလြန္း၏ ။
စုန္ ့ မိသားစု၏ ပင္းရွင္းသည္ အထုိးအၾကိတ္သုိငး္တြင္ ဆရာၾကီးတစ္ဆူ ၿဖစ္ေနၿခင္းလား ။

ထိုသည္ထက္ လ်ိဳ ့စန္းမွာ ပင္းရွင္း ဘယ္လုိကန္လုိက္သည္ကုိပင္ မသိလုိက္ရဘဲ စင္ေအာက္သုိ ့ ကားခနဲ ၿပဳတ္က်သြားၿခင္းၿဖစ္၏ ။

“ဒုိင္လူၾကီးမင္းတုိ ့…အခ်ိန္မၿဖဳန္းေနပါနဲ့ေတာ့ ။ ဆက္တုိက္ၾကရေအာင္ပါ”

ပင္းရွင္းသည္ ဒုိင္လူၾကီးအဖြဲ ့အား ၾကည့္ကာ ရႈတည္တည္ၿဖင့္ ေၿပာဆုိလုိက္ သည္ ။

ဒုိင္လူၾကီးအဖြဲ ့သည္ တခနေလာက္ ေခါင္းခ်င္းဆုိင္ ေဆြးေႏြးလုိက္ၾကၿပီး ပင္းရွင္း၏ေတာင္းဆုိခ်က္ကို လက္ခံေပးလုိက္ၾကသည္ ။

တစ္ပြဲတုိက္ၿပီးသည့္ေနာက္တြင္ အနုိင္ရရွိသူက ဆက္ယွဥ္ရမည္ၿဖစ္၏ ။ ထုိအနုိင္ရရွိသူက အနားမယူခ်င္ဘူးဆုိေနေလရာ ထိုဒုိင္လူၾကီးမ်ားတြင္
ကန္ ့ကြက္ခြင့္ မည္သို ့ရွိုနုိင္ပါမည္နည္း ။

……………………………………………………

စာစဥ္ ၄၂၊ အခန္း ၂ ။  အားနည္းလြန္းတယ္

ဒုိင္လူၾကီးသည္ စုန္ ့ မိသားစုမွ ၿပိဳင္ပြဲ၀င္သူ၏ဆံုးၿဖတ္ခ်က္ကို ေလးစားရမည္ ၿဖစ္၏ ။ ပင္းရွင္းကိုယ္တုိင္က အနားမယူေတာ့ဘူး ဆုိေနေလရာ ၿပိဳင္ပြဲကို ဆက္က်င္းပရမည္သာ ၿဖစ္၏ ။

“ဂရုစုိက္ ။ ပင္းရွင္းက အရမ္းၾကမ္းတယ္…”

စီ မိသားစုက ထုိကိုယ္ရံေတာ္ေလးက မ်က္ေမွာင္ၾကီးကုတ္ကာ သတိေပးလာသည္ ။

သူ၏အစြမ္းအစမွာ အထင္ၾကီးစရာေကာင္းေနၿပီးသည့္တုိင္
ပင္းရွင္းအား မယွဥ္သာပါေပ ။

ထို ့အၿပင္ လ်ိဳ ့စန္းသည္ ပင္းရွင္း လႈပ္ရွားလုိက္သည္ကိုပင္ မၿမင္လုိက္ရဘဲ စကၠန္ ့ပုိင္းေလးအတြင္းမွာပင္ ေလေပၚ ေၿမာက္တက္သြားခဲ့ၿပီး ရႈံးနိမ့္သြားခဲ့ ရၿခင္း မဟုတ္ေလာ ။

အားေပးၾကည့္ရႈေနသူမ်ားေနရာတြင္ ရီ၀မ္၀မ္သည္ကား
ရင္ထဲတြင္ စိတ္အပ်က္ၾကီးပ်က္ေနေလသည္ ။

စီ မိသားစုရဲ့ကုိယ္ရံေတာ္အသစ္ေလးက အားမေပ်ာ့လြန္းဘူးလား ။ ပင္းရွင္းက ဘာမွဟုတ္တိပတ္တိလဲ မရွိပါဘူး ။
ၾကည့္ရတာ ဒီသုိင္းၿပိဳင္ပြဲက  ပ်င္းစရာေကာင္းမယ့္ပံုပဲ…

တခနေဆြးေႏြးၿပီးသည့္ေနာက္ စီ မိသားစုကိုယ္ရံေတာ္မ်ားသည္ ဒုတိယအားအၾကီးဆံုးသူၿဖစ္သည့္ လိယြဲ ့ကို ၿပိဳင္ကြင္းထဲ
လႊတ္လိုက္ဖုိ ့ ဆံုးၿဖတ္လုိက္ၾက၏ ။

“စီ မိသားစုရဲ့ကိုယ္ရံေတာ္ လိယြဲ ့ ။ ခြင့္ၿပဳပါ”

လိယြဲ ့သည္ စင္ၿမင့္ေပၚ တက္သြားလုိက္ၿပီး လက္သီးနွစ္ဖက္ဆုပ္ကာ ပင္းရွင္းအား ႏႈတ္ဆက္လုိက္သည္ ။

“အာပလာေတြ” ပင္းရွင္းက ေအးစက္စြာဆုိလာသည္ ။

ထုိစကားေၾကာင့္ လိယြဲ ့ အံ့အားသင့္သြား၏ ။
သူ အသိၿပန္ကပ္သြားၿပီးသည္တြင္ ရင္ထဲကေန
မဲ့ရြဲ ့ေၿပာမိလုိက္၏ ။
ပင္းရွင္းက ၾကမ္းခ်င္ၾကမ္းလိမ့္မယ္ ။ ဒါေပမယ့္လဲ အဲ့ေကာင္ အရမ္းမေၿမာက္ၾကြလြန္းဘူးလား ။

သုိ ့ေသာ္ လိယြဲ ့ ဘာမွၿပန္မေၿပာလုိက္ရေသးခင္မွာပင္ ပံုရိပ္တစ္ခုသည္ သူ ့အေရွ့ကုိ ၀ွီးခနဲ ၀င္ေရာက္လာၿပီး
သူ ့ဗိုက္အား ၀ုန္းခနဲ အရွိန္ၿပင္းၿပင္း ထုိးခ်ပစ္လုိက္ၿပန္သည္။

အား….

ခ်က္ခ်င္းပင္ လိယြဲ ့လဲ ေလေပၚကို ေၿမာက္တက္သြားၿပီး ထုိကန္ခ်က္ေၾကာင့္ စင္ေအာက္ၿပဳတ္က်သြားၿပန္သည္မွာ ဘုတ္ခနဲ ။

“စုန္ ့ မိသားစုက ပင္းရွင္း အနုိင္ရရွိသြားပါၿပီ”

ဒုိင္လူၾကီးက ခ်က္ခ်င္းပင္ ၿပိဳင္ပြဲရလဒ္အား ထေၾကညာလာ၏ ။

လိယြဲ ့ ၾကမ္းေပၚၿပဳတ္က်သြားၿပီး ပါးစပ္အေဟာင္းသား ၿဖစ္သြားသည္ ။ ပင္းရွင္းသည္ ၿမန္ဆန္လြန္းလွေခ်သည္တကား ။
သူ ့တြင္ လႈပ္ရွားရန္ပင္ လံုး၀အခ်ိန္မရလုိက္ပါေပ ။

“အခ်ိန္မၿဖဳန္းနဲ ့ေတာ့ ။ ေနာက္တစ္ေယာက္..”

ပင္းရွင္းက စီ မိသားစု၏ကိုယ္ရံေတာ္မ်ားဘက္ လွည့္ၾကည့္ကာ ေအးစက္စက္ ေၿပာလာသည္ ။

စုန္ ့ မိသားစုနွင့္ စီ မိသားစုၾကားက ယွဥ္ၿပိဳင္ပြဲသည္ ငါးပြဲၿပိဳင္ သံုးပြဲနုိင္စနစ္ၿဖင့္ သြားၿခင္းၿဖစ္သည္ ။
စုန္ ့ မိသားစုဘက္က ေနာက္ထပ္တစ္ပြဲသာ ထပ္နုိင္လုိက္ပါလ်ွင္
စီ မိသားစုသည္ ဤပြဲစဥ္တြင္ အၿပတ္အသတ္ရႈံးနိမ့္သြားေတာ့မည္ ၿဖစ္၏ ။

“ေသာက္ရမ္းေထာင္လႊားလွခ်ည္လား…”

လိယြဲ ့က မဲ့ရြဲ ့ကာ ကုိယ္ရံေတာ္ဘက္သို ့ လွည့္လုိက္သည္ ။
“အစ္ကုိၾကီး…အစ္ကုိၾကီး တက္သြားလိုက္ ။ ဒါေပမယ့္ သတိၾကီးၾကီး ထားမွရမယ္ေနာ္ ။ သူက တကယ့္ကုိ ၾကမ္းလြန္းတယ္”

အသက္ ၃၀ အရြယ္ လူၾကီးတစ္ေယာက္ စင္ၿမင့္ေပၚ တက္လာသည္ ။

ထိုလူၾကီး ဘာမွမေၿပာလုိက္ရေသးခင္မွာပင္
ပင္းရွင္းက ေနာက္ထပ္တစ္ဖန္ ဟစ္ေၾကြးလာၿပန္သည္ ။

“လစ္စမ္း”

ပရိတ္သတ္ေတြ ၾကည့္ေနရင္းမွာပင္ ထုိအားအၾကီးဆံုးဟု သတ္မွတ္လို ့ ရသည့္ စီ မိသားစုက အဖြဲ ့သားသည္လဲ အေရွ့နွစ္ေယာက္၏ေၿခရာကို နင္းသြားၿပန္သည္ ။ မ်က္ေတာင္တစ္မွိတ္စာအခ်ိန္ေလးအတြင္း အကန္ ခံလုိက္ရၿပီး စင္ေအာက္ကို ဘုန္းခနဲ ၿပဳတ္က်သြားၿပန္သည္ ။

“စီ မိသားစုက သံုးပြဲဆက္တုိက္ရႈံးၿပီး စုန္ ့ မိသားစုက အၿပတ္အသတ္ အနုိင္ရရွိသြားပါတယ္”

ဒုိင္လူၾကီးသည္ ပထမပြဲစဥ္၏ရလဒ္ကို ေၾကညာေပးလာသည္ ။

လူတုိင္း၏ရင္ထဲ တိတ္တခုိးသက္ၿပင္းခ်ကုန္ၾကသည္ ။
သုိ ့ေသာ္လည္း စီ မိသားစုသည္ တစ္ခ်ိန္လံုးလံုး
စီးပြားေရးဘက္တြင္သာ အာရံုအၿပည့္စုိက္ေနၾကသၿဖင့္
စုန္ ့ မိသားစုလို သုိင္းပညာရွင္မိသားစုနွင့္ မတူနုိင္ပါေခ် ။ စုန္ ့ မိသားစုက အခုလုိ အၿပတ္အသတ္နွင့္ အနုိင္ရသြားဖုိ ့ ဆုိသည္မွာ အၿပစ္တင္စရာမရွိေပ ။

ထုိသည္ကုိ ရီ၀မ္၀မ္သည္လည္း ၾကိဳတင္ေမ်ွာ္လင့္ထားၿပီးသား ၿဖစ္၍ မ်က္နွာတစ္ခ်က္ေလး ပ်က္ယြင္းသြားၿခင္းမရွိ ။

ေၿပာရမည္ဆုိလ်ွင္ စုန္ ့မိသားစုသည္ မ်ိဳးနွင့္ရုိးနွင့္ ဆင္းသက္လာသည့္ သိုင္းမိသားစုၾကီးတစ္စု ၿဖစ္၏ ။ ထုိ ့ၿပင္ ဤသုိင္းၿပိဳင္ပြဲအတြက္ ေမ်ွာ္လင့္ခ်က္ ၿမင့္ၿမင့္ၾကီး ထားေနၾကသည္လည္း ၿဖစ္၏ ။
ထုိ ့ေၾကာင့္ပင္ မိသားစုထဲကေန အေတာ္ဆံုး အေကာင္းဆံုးဆုိသည့္ ထိပ္သီးသုိင္းပညာရွင္မ်ားကိုသာ ေရြးထုတ္ထားၾကေလသည္ မဟုတ္လား ။
သုိ ့ၿဖစ္ေလရာ စီ မိသားစုု၏ ကိုယ္ရံေတာ္ငါးေယာက္သည္ အရည္အခ်င္းရွိေနလ်ွင္ေတာင္မွ စုန္ ့ မိသားစု ၏မ်က္လံုးထဲတြင္ေတာ့ အမိႈက္တစသာသာသာ ရွိေနလိမ့္မည္သာ ။

စီ မိသားစု၏ကိုယ္ရံေတာ္အဖုိ ့မူ အခုခ်ိန္တြင္ ၿဖစ္နုိင္မည္ဆုိလ်ွင္ တြင္းတစ္တြင္းတူးကာ ၀င္းေအာင္းပစ္ခ်င္ေနေလၿပီ ။
ငါးပြဲၿပိဳင္သည္တြင္ သံုးပြဲစလံုး အၿပတ္အသတ္နွင့္ ရႈံးနိမ့္သြားခဲ့ၾက သၿဖင့္ ငါးပြဲေၿမာက္ထိပင္ သူတို ့ ဆက္သြားနုိင္ၿခင္း မရွိခဲ့ၾကေပ ။

ပုိလို ့ လက္သင့္မခံနုိင္သည္မွာ သူတုိ ့အား သမသြားသည့္ ပင္းရွင္းမွာ စုန္ ့အဖြဲ ့ထဲတြင္ အားအနည္းဆံုးသူ ၿဖစ္ေနၿခင္းပင္ ။

……………………………………………………

စာစဥ္ ၄၂၊ အခန္း ၃ ။ နဲနဲေလးေတာင္ မ်က္နွာသာမေပးေတာ့ဘူးလား

သုိင္းလုိင္းနွင့္ စီးပြားေရးုလိုင္းဟူသည္ လံုး၀မတူညီသည့္လိုင္းနွစ္ခုသာ ။ စုန္ ့ မိသားစုသည္ သုိင္းအေမြကို ဆက္ခံလာခ့ဲၿပီး သူ့ကလန္ထဲတြင္ မေရတြက္နုိင္သည့္သုိင္းပညာရွင္တုိ ့ မ်ားစြာရွိေနကာ အင္အားေတာင့္တင္းသည့္ သုိင္းမိသားစုၾကီးတစ္စု ၿဖစ္၏ ။

ပရိသတ္ထုိင္ခံုတြင္မူ စုန္ ့ရႊယ္က်န္းသည္ စုန္ ့မိသားစု အနုိင္ရမည္ကုိ
လံုး၀ အယံုအၾကည္ရွိေနဟန္ ။ ရီ၀မ္၀မ္က ဦးေဆာင္ေခၚလာသည့္ ထုိကိုယ္ရံေတာ္တုိ ့သည္ သုိင္းေလာကထဲတြင္ပင္ ေဘာင္မ၀င္ေလရာ
စုန္ ့ မိသားစု အား မည္သုိ ့မ်ား ယွဥ္နုိင္ပါလိမ့္မည္နည္း ။

“ေနာက္ထပ္ပြဲစဥ္ - စုန္ ့ မိသားစု နဲ ့ ခ်င္း မိသားစု”

ဒုိင္လူၾကီးတစ္ေယာက္က ေၾကညာသည္ ။

ပထမပြဲစဥ္ကေန စီ မိသားစု ထြက္သြားၿပီၿဖစ္သၿဖင့္
ခ်င္းရူရွီ နွင့္ စုန္ ့ရႊယ္က်န္းတုိ ့ ဦးေဆာင္သည့္
အဖြဲ ့နွစ္ဖြဲ ့သာ က်န္ခဲ့ၾကသည္ ။

ရီ၀မ္၀မ္သည္ ခ်င္း မိသားစုနွင့္ စုန္ ့ မိသားစုၾကားက ၿပိဳင္ပြဲကုိ
ေမးေစ့ေလး လက္ေထာက္ကာ စိမ္ေၿပနေၿပၾကည့္ေနသည္ ။ တခ်က္တခ်က္ ခုိးခုိးၿပီးလဲ သမ္းေ၀လုိက္ေသး၏ ။
သူမ စိတ္ထဲတြင္မူ ဤသုိင္းၿပိဳင္ပြဲမွာ ေပ်ာ္ဖုိ ့မေကာင္းဘူးဟုသာ ၾကိဳသိထားခဲ့ပါလ်ွင္ လာခဲ့မိလိမ့္မည္ မဟုတ္ဟု ေတြးေနမိ၏ ။

သူမ ပ်င္းရိၿငီးေငြ ့လာရၿခင္းမွာ ဤၿပိဳင္ပြဲက ေပ်ာ့လြန္းေနၿခင္းေၾကာင့္ပင္ ။ သူမအဖို ့ သုိင္းပညာရွင္တုိ ့မည္သည္ အမည္မရွိေသာနန္ နွင့္ ပန္းစည္း တုိ ့ကဲ့သုိ ့ ၿဖစ္ေနရေပမည္ ။

သုိ ့ေသာ္ ဤကဲ့သုိ ့ ပညာခ်င္းဖလွယ္သည္ဆုိေသာ သုိင္းၿပိဳင္ပြဲမ်ိဳးမွာ အမည္မရွိေသာနန္၏ဟိုးေၿခဖ၀ါးေအာက္က အဆင့္တြင္ ရွိေနမည္သာ ။

ေတြးၾကည့္ရလ်ွင္ ထုိငါးေယာက္အဖြဲ ့သည္ အမွန္တကယ္ပင္
လြတ္လပ္စြာ သြားလာေနၾကသူမ်ား ၿဖစ္ၾကေပသည္ ။

ေတြးရင္း သူမ တစ္ခုခုကို လြမ္းလာသလုိလုိ…ဟာလာသလုိလုိ…။
ကမ႓ာေပၚတြင္ ဘယ္လုိလုပ္ၿပီး ထူးဆန္းလြန္းသည့္သိုင္းပညာရွင္ေတြ မ်ားစြာ ရွိေနေလသည္နည္း ။ အမည္မရွိေသာနန္လုိ ပညာရွင္မ်ိဳးမွာ အနည္းအက်ဥ္းေလာက္သာလွ်င္ ရွိေလာက္ေပမည္ ။

စုန္ ့ရႊယ္က်န္း…မ်က္လံုးေထာင့္ကေန ရီ၀မ္၀မ္အား တစ္ခ်က္ခုိးၾကည့္ လုိက္၏ ။ ရီ၀မ္၀မ္၏ေသေလာက္ေအာင္ ပ်င္းတြဲေနသည့္အမူအရာကို ၿမင္လုိက္ရၿပီး ခ်က္ခ်င္းပင္
မဲ့ရြဲ ့သြားေတာ့သည္ ။

သူမလုိမိန္းမမ်ိဳးက ပုိးေမြးသလုိ အေမြးခံလာရတဲ့သူမ်ိဳးပဲ ။ သိုင္းပညာအေၾကာင္းကို ဘယ္လုိလုပ္ၿပီးေတာ့ နားလည္ပါ့မလဲ ။
အဲ့မိန္းမ သုိင္းပြဲေတြကုိ ဘယ္နွၾကိမ္ေလာက္မ်ား ၾကည့္ဖူးမွာမို ့လုိ့လဲ ။ ဒီလိုမိန္းမကုိမ်ား
စီ မိသားစုရဲ့အၾကီးအကဲက ကုိယ္စားၿပဳသူအေနနဲ ့ လႊတ္ေပးလုိက္ေသးတယ္..အံ့ပါရဲ့ ။

သုိင္းၿပိဳင္ပြဲၿပီးသြားရင္ ကိုယ္စားလွယ္ေတြက စင္ေပၚကို တက္ၿပီး အခ်င္းခ်င္းၿပိဳင္ရမယ္ ။ အဲ့ဒီအခါက်ရင္ ဒင္း ဘယ္လုိမွ ေရွာင္လုိ ့ ရမွာမဟုတ္ေတာ့ဘူး… ။

ဒီ မိန္းမက စီ မိသားစုကို ကုိယ္စားၿပဳလာၿပီးေတာ့ ပရိသတ္ေတြထဲမွာ ၀င္ထုိင္ေနတာနဲ့တင္ ၿပိဳင္ပြဲကို အရွက္ခြဲရာေရာက္ေနၿပီ…

“ခ်င္း မိသားစုရဲ့ ခ်င္းဖုန္း အနုိင္ရသြားပါတယ္”

ရုတ္တရက္ ဒုိင္လူၾကီး၏ေၾကညာခ်က္ေၾကာင့္
စုန္ ့ရႊယ္က်န္းရင္ထဲ ေနာက္က်ိသြားၿပီး
စင္ေအာက္ကို ငံု ့ၾကည့္လုိက္၏ ။

ပင္းရွင္းသည္ ခ်င္း မိသားစုက လူငယ္ေလးေၾကာင့္
စင္ၿမင့္ထက္ကေန ၿပဳတ္က်သြားၿပီး ၿပိဳင္ပြဲကို ရႈံးနိမ့္သြားခဲ့ၿခင္းၿဖစ္၏ ။

“အစ္ကုိ ပင္းရွင္း…အစ္ကုိ ့ရဲ့ကန္ၾကိတ္သုိင္းက တကယ္ေကာင္းပါတယ္ ။ ဒါေပမယ့္ က်ြန္ေတာ့္ရဲ့သက္ရွဴၿပင္း သုိင္းနဲ့စာရင္ေတာ့ နဲနဲေလး ဒုတိယ ေရာက္ေနေသးတယ္”

ခ်င္းဖုန္းဟု အမည္ရသည့္လူငယ္ေလးက စင္ၿမင့္ေပၚတြင္ ခန့္ခန္းညားညား ရပ္ကာ ေၿပာေနသည္ ။

“ညီေလး ခ်င္းဖုန္းက ခ်င္း မိသားစုရဲ့ ထိပ္တန္းသိုင္းပညာရွင္ ပီသပါေပတယ္…”

စုန္ ့ရႊယ္က်န္း စိတ္အလုိမက် မႈန္မိႈင္းစြာၿဖင့္ မ်က္စိလႊဲသြားသည္ ။

ခ်င္းဖုန္းသည္ အသက္ ၄ နွစ္အရြယ္ကတည္းက
သူ ့အဘုိး၏သုိင္းပညာ သင္ၾကားပုိ ့ခ်ေပးၿခင္း ခံခဲ့ရသည္ကုိ သူမ ၾကားထားပါ၏ ။ ထုိ ့အၿပင္ သူ ့ခႏၶာကုိယ္ ၾကံ့ခုိင္ဖုိ ့ရာ အတြက္ အ၀တ္အစားေတြကုိ ေအးစက္ေနၿပီး နွင္းမ်ားလႊမ္းေနသည့္လြင္ၿပင္ထဲ ထိုးထည့္ကာ သူ ့အား နွင္းမ်ားၿဖင့္ ဖံုးလႊမ္းထားခဲ့ဖူးသည္ဟုပါ ၾကားခဲ့၏ ။ ယေန ့ သူနွင့္ တုိက္ခုိက္ရသည္မွာ အင္မတန္ တန္ေပသည္ ။

တခနအၾကာ…
ၿပိဳင္ပြဲသည္ ဆက္လက္ယွဥ္ၿပိဳင္ေနသည္ ။

ခ်င္း မိသားစု၏ခ်င္းဖုန္းသည္ အမွန္တကယ္ပင္ ၿပိဳင္ဘက္ကင္းလွၿပီး
စုန္ ့ မိသားစုက လူနွစ္ေယာက္အား အၿပတ္အသတ္ အနုိင္ရသြားေလၿပီ ။

ထုိသည္မွာ အထိ… ခ်င္းဖုန္း၏စံခ်ိန္ကုိ အလဲထိုးနုိင္မည့္
စုန္ ့ မိသားစုက အေတာ္ဆံုးသူ ေပၚမလာခင္အထိ ။

“က်ိဳးဟန္…အသက္ ၁၆ နွစ္နဲ ့ နုိင္ငံေတာ္အဆင့္သုိင္းၿပိဳင္ပြဲမွာ ပထမဆု ဆြတ္ခူးထားသူပဲ…”

စင္ၿမင့္ေပၚက ထုိေယာက်္ားအား ၾကည့္ရင္း ပရိသတ္မ်ားၾကားထဲ
အံုးအံုးထလာသည္ ။

ခ်င္းဖုန္း - ခ်င္း မိသားစု၏ဂ်ီးနီးယပ္စ္ဟု ေၿပာ၍ရေသာသူ - က်ိဳးဟန္ ဆီက တစ္ကြက္ထဲနဲ ့ စင္ေအာက္သုိ ့ ၿပဳတ္က်သြားေလၿပီ ။

“စုန္ ့ မိသားစုရဲ့ က်ိဳးဟန္က ဂ်ီးနီးယပ္စ္ထဲမွာေတာ့ မပါဘူး ။ ဒါေပမယ့္လုိ ့ သူက အရမ္းကို ၾကိဳးစားတဲ့သူပဲ…သာမန္လူေတြဆုိရင္ သုိင္းပညာကုိ အလြန္ဆံုး ၁၂ ၾကိမ္ေလာက္ပဲ ေလ့က်င့္ၾကတာ ။ ဒါေပမယ့္ အဲ့ဒီ က်ိဳးဟန္ ကေတာ့ အၾကိမ္တစ္ေသာင္းေလာက္ကို ဇြဲေကာင္းေကာင္းနဲ့ ေလ့က်င့္နုိင္ တယ္…ဒီတစ္ကြက္ထဲကိုပဲ တစ္ေန ့ၿပီးတစ္ေန ့၊ တစ္လၿပီးတစ္လ၊ တစ္နွစ္ၿပီးတစ္နွစ္ ဇြဲေကာင္းေကာင္းနဲ ့ ေလ့က်င့္လာတာ..အခုဆုိ
သူ ့ရဲ့ သုိင္းတစ္ကြက္က သာမန္လူေတြထက္ကုိ ဆယ္ဆၾကမ္းေနၿပီ”

“အင္းေပါ့ကြာ ။ တၿခားသူေတြသာဆုိ ၁၀ ၾကိမ္ ဒါမွမဟုတ္ အၾကိမ္ ၁၀၀ အထိ ေလ့က်င့္ၾကလိမ့္မယ္ ။ ဒါေပမယ့္ သူကေတာ့ သူမ်ားထက္သာေအာင္ အၾကိမ္ တစ္ေသာင္းထိကို ေလ့က်င့္ပစ္တဲ့သူကုိး ။ တကယ့္ ဂ်ီးနီးယပ္စ္ၾကီး ေတြကုိ ေက်ာ္နုိင္ဖုိ ့အတြက္ တကယ္ကို ပင္ပင္ပန္းပန္း ဇြဲနပဲနဲ ့ ၾကိဳးစားနုိင္တဲ့သူပဲ”

……………………………………………………

စာစဥ္ ၄၂၊ အခန္း ၄ ။ မင္းက ငါနဲ ့ ၿပိဳင္မလုိ ့လား

စုန္ ့မိသားစုသည္ နွစ္ပြဲမက နုိင္ထားၿပီးၿပီ ။
အခုပြဲလည္း နုိင္သြားၿပန္သည္ ။

ဒုိင္လူၾကီးသည္ စင္ေပၚ တက္လာၿပီး ရလဒ္ကုိ ေၾကညာသည္ ။
“စုန္ ့ မိသားစုက အနုိင္ရရွိသြားပါတယ္”

စင္ေအာက္ဘက္တြင္ ခ်င္းရူရွီသည္ ခ်ီးမြမ္းစကား တသီၾကီး ဆိုေပးေန သည္။
“ဦးေလး စုန္ ့ရဲ့ တပည့္က တကယ့္ကို ေတာ္ပါတယ္ ။
ဒီေန ့ ဦးေလး စုန္ ့ရဲ့ တပည့္ေတြဆီကေန သင္ယူခြင့္ရတာ ေက်းဇူးတင္ပါတယ္ ။ ဒီေန ့ ၿပိဳင္ပြဲက ေန သူတုိ ့ငါးေယာက္ ပညာအမ်ားၾကီးရသြားမွာ က်ိန္းေသပါတယ္”

စုန္ ့လီက်ံဳသည္ စုန္ ့ မိသားစု၏ေအာင္ၿမင္မႈအေပၚတြင္
အၿပံဳးၾကီး ၿပံဳးၿဖီးေနလ်က္…
“ခ်င္း မိသားစုက ညီေလးေတြကလည္း ေတာ္ပါတယ္ဗ်ာ ။ ငါးေယာက္စလံုးက တကယ္ကို ေတာ္ၾကပါတယ္ ။ အခ်ိန္က်လာရင္ သူတုိ ့ရဲ့အနာဂတ္က ထြန္းေတာက္လာမွာ က်ိန္းေသတယ္”

မူေဆြ ့ဖန္သည္လည္း ထိုမိသားစုနွစ္စု၏ သုိင္းပညာရွင္မ်ားအေပၚတြင္ သေဘာက်အားရေနေလသည္ ။
“အခုေခတ္လူငယ္ေတြကေတာ့ ေတာ္သထက္ေတာ္လာၾကတာပဲဗ်ာ”

ေပ်ာ္ရႊင္စြာ ၀ုိင္းဖြဲ ့ေၿပာဆုိေနၾကရင္း မိသားစုနွစ္စုစလံုးမွ သုိင္းပညာရွင္မ်ားမွာ ရင္ထဲ ၾကည္ႏူးပီတိၿဖာထြက္ေနၾက၏ ။ ခ်င္း မိသားစု သည္ ရႈံးနိမ့္ခဲ့သည္ဆုိလ်ွင္ေတာင္ လွလွပပၾကီး ရႈံးနိမ့္ခ့ဲရၿခင္း ၿဖစ္၏ ။ သုိ ့ေသာ္ စီ မိသားစုက ထုိငါးေယာက္သည္ကေတာ့ အလွၿပသက္သက္သာ ၿဖစ္ေနၿပီး မည္သည့္တုိက္ရည္ခုိက္ရည္မွမရွိသည့္
လူ ့ဗလာၿဖစ္ေနသည္ ။

ထိုအခုိက္အတန္ ့ စုန္ ့ရႊယ္က်န္း ထေၿပာလာသည္ ။
“မိသားစုသံုးစု ၾကားက ယွဥ္ၿပိဳင္ပြဲလဲ ၿပီးၿပီ ။
အနုိင္အရႈံးကို ဘယ္သူမွ မကန္ ့ကြက္ဘူးဆုိရင္
ကုိယ္စားလွယ္ေတြၾကားက ယွဥ္ၿပိဳင္ပြဲကို စလုိက္ၾကရေအာင္”

သုိင္းပညာရွင္မ်ား၏ယွဥ္ၿပိဳင္ပြဲၿပီးသည့္ေနာက္တြင္ မိသားစုအသီးသီးကို ကုိယ္စားၿပဳထားၾကသည့္ သံုးေယာက္အလွည့္ ေရာက္လာေခ်ၿပီ ။

စုန္ ့ရႊယ္က်န္း၏စကားကို ၾကားလုိက္သည္နွင့္ လူတုိင္း ရီ၀မ္၀မ္ဘက္သို့ ့လွည့္ၾကည့္ကုန္ၾကသည္ ။

ထုိမိန္းကေလးသည္ သင့္တင့္ေလ်ာက္ပတ္သည့္ သိုင္း၀တ္စံုကုိ ၀တ္ဆင္ထားသည္ဆုိေသာ္လည္း အရိုးမရွိသည့္အတုိင္း ေမးေစ့ကို လက္ေထာက္ထားကာ ပ်င္းတြဲစြာ ထိုင္ေနေလသည္ ။ သူမေလးသည္ စင္ေပၚကုိ တက္မည့္ဟန္ လံုးလံုးရွိမေန ။ ရႈိးတစ္ပြဲကို လာၾကည့္သည့္ လူကံုထံသူေဌးသမီးတစ္ဦးနွင့္ပင္ ပုိလုိ ့တူေနေပသည္ ။

တဖက္တြင္မူ ခ်င္းရူရွီနွင့္ စုန္ ့ရႊယ္က်န္းတုိ ့သည္ သံေခ်ာင္းတစ္ေခ်ာင္းအလားနွယ္ ခါးမတ္မတ္ထုိင္ေနၾကၿပီး ယံုၾကည္မႈအၿပည့္၊ အင္ၿပည့္အားၿပည့္ ၿဖစ္ေနၾက၏ ။ တစ္ခ်က္ၾကည့္လုိက္ရံုနွင့္ သူမတုိ ့နွစ္ေယာက္သည္ သုိင္းသမားမ်ားၿဖစ္မွန္း အတပ္ေၿပာနုိင္သည္ ။
သူတုိ ့နွစ္ေယာက္နွင့္ ရီ၀မ္၀မ္အၾကားက ကြာၿခားမႈ မွာ ေန့နွင့္ညအလား ေအာက္ေမ့ေစနုိင္၏။

စီ မိသားစု၏ကုိယ္ရံေတာ္ငါးေယာက္သည္ ရီ၀မ္၀မ္ စင္ၿမင့္ေပၚတက္ကာ တုိက္ခုိက္ရမည္ကုိ ၾကားလုိက္သည္နွင့္ မ်က္နွာတုိ ့ ၿဖဴေလ်ာ္လာၾကသည္ ။ သူတုိ ့အဖို ့ သူတုိ့ခ်ည္း အရွက္ကြဲရသည္နွင့္ပင္ လံုေလာက္ေပၿပီ ။
ထိုမိန္းမ စင္ေပၚတက္သြားလုိက္လ်ွင္ သူတုိ ့ ပုိၿပီး အရွက္တကြဲအက်ိဳးနည္း ၿဖစ္ရမည္ကုိ စုိးထိတ္ေနၾကေလၿပီ ။

“ေကာင္းၿပီ…က်ြန္မတုိ ့ စၾကတာေပါ့”
ခ်င္းရူရွီသည္ ကန္ ့ကြက္ၿခင္းမရွိဘဲ ေၿပာလုိက္သည္ ။

မူေဆြ ့ဖန္သည္လည္း ထုိသည္ကုိ ေမွ်ာ္လင့္ေနေလဟန္ ထုတ္ဟၿပလာသည္ ။ ခ်င္းရူရွီ နွင့္ စုန္ ့ရႊယ္က်န္းတုိ ့ၾကားက ၿပိဳင္ပြဲသည္ အမွန္ပင္ ၾကည့္ရထုိက္သည့္ၿပိဳင္ပြဲ ၿဖစ္ေပလိမ့္မည္ ။
“မိန္းကေလး စုန္ ့ကုိ လူၾကီးမင္း စုန္ ့ ကို္ယ္တုိင္ သင္ၾကားေပးထားတာလုိ ့ က်ြန္ေတာ္ ၾကားမိတယ္”

စုန္ ့ရႊယ္က်န္းက ၿပန္ေၿဖသည္ ။
“လူၾကီးမင္း မူ ခ်ီးမြမ္းလြန္းေနပါၿပီ ။ က်ြန္မက အေဖ့ကို မွီဖုိ ့ေတာ့ လုိပါေသးတယ္ ။ ရူရွီကမွ တကယ့္ကို ေတာ္တဲ့သူပါ ။ ရူရွီက ငယ္ငယ္ေလးကတည္းက နာမည္ေက်ာ္သိုင္းဆရာၾကီးေတြဆီကေန သင္လာခဲ့သလုိ ေက်ာင္းေတြအမ်ားၾကီးကေနလဲ သင္ယူလာခဲ့တဲ့သူပါ”

ခ်င္းရူရွီသည္ ထုိသည္ကို ၾကားလုိက္လ်ွင္ ရီ၀မ္၀မ္ဘက္သုိ ့ ၾကည့္လုိက္ကာ နွိမ့္နွိမ့္ခ်ခ် ေၿပာဆုိလာေတာ့သည္ ။
“မဟုတ္တာ…တကယ္ေတာ္တဲ့သူက မိန္းကေလး ရီပါ ။
အရင္တုန္းက စီ မိသားစုရဲ့ကိုယ္ရံေတာ္ေတြကို မိန္းကေလး ရီ က သင္ၿပေပးခဲ့ရတာပါ”

စုန္ ့ရႊယ္က်န္းသည္ စီရီဟန္၏မ်က္နွာကုိ ေထာက္ၿပီး ခ်င္းရူရွီ တမင္တကာ ေၿပာေပးေနၿခင္းဟု ယူဆကာ မယံုၾကည္ဘဲ မဲ့ရြဲ ့ကာ ေၿပာဆုိလာသည္ ။
“အဲ့လုိလား ။ ဒါဆုိရင္ေတာ့ ေစာင့္ၾကည့္ရမွာေပါ့”

အရင္ကလုိပင္ ဒုိင္လူၾကီးသည္ ၀ါးဘူးကုိ ယူကာ ေလွ်ာက္လာၿပီး
သူတုိ ့အား မဲႏႈိက္ေစ၏ ။

စုန္ ့ရႊယ္က်န္း မဲႏႈိက္လုိက္ၿပီးေနာက္ ၀ါးၿပားအား ၾကည့္လုိက္သည္ ။ ထို၀ါးၿပားေပၚတြင္ ေရးထားသည့္နာမည္ကား..“ရီ ၀မ္၀မ္”

ခ်င္းရူရွီသည္ ထုိနာမည္ကို မ်က္လံုးေထာင့္စြန္းကေန ဖ်တ္ခနဲ လွမ္းၿမင္လုိက္ၿပီး မ်က္လံုးထဲ ၀င္းပသြား၏ ။

စုန္ ့ရႊယ္က်န္းသည္ကား ထုိမဲေပၚက နာမည္ကုိ ၾကည့္ရင္း စိတ္ပ်က္ရြံရွာမႈတုိ ့ ၿပည့္လ်ွမ္းလာေတာ့သည္ ။
သူမက ထုိမိန္းမနွင့္ ယွဥ္ၿပိဳင္ရမည္တဲ့လား ။

ထုိ ့ေနာက္ ဒိုင္လူၾကီးက ေၾကညာေပးလာသည္ ။
“ပထမပြဲက စုန္ ့ကိုယ္စားၿပဳ နဲ ့ စီ ကိုယ္စားၿပဳတုိ ့ ယွဥ္ၿပိဳင္ရပါမယ္”

စုန္ ့ရႊယ္က်န္းက ရီ၀မ္၀မ္အား ၾကည့္လုိက္သည္ ။
“မိန္းကေလး ရီ…ၾကြပါ ။ မိန္းကေလးက အရမ္းေတာ္တယ္လို ့
ရူရွီ အၿမဲေၿပာေၿပာေနတာ ။ ဒီေန ့ေတာ့ က်ြန္မကိုယ္တုိင္ ၿမည္းစမ္းၾကည့္ခ်င္ပါတယ္”

ရီ၀မ္၀မ္ ထုိသည္ကို ၾကားလုိက္သည့္အခုိက္ ေမာ့ၾကည့္လာသည္ ။
“ဘာလဲ”

စုန္ ့ရႊယ္က်န္း စိတ္မရွည္နုိင္ ၿဖစ္လာေတာ့ၿပီး မ်က္ေမွာင္ၾကီးၾကဳတ္လာၿပီ ။
“ရွင္နဲ ့က်ြန္မ စင္ေပၚမွာ ၿပိဳင္ရမယ္”

……………………………………………………
T/N : ေသာၾကာေန႔ ဆက္ေတြ႕ၾကမယ္ေနာ္ ဒါဒါေလးတို႔ ။ ဒီ၀တၳဳေလးကို ႀကိဳက္တယ္ဆိုရင္ သူငယ္ခ်င္းေတြကိုလည္း ဖတ္ရေအာင္ ၫႊန္းလိုက္ဦးေနာ္ ။

စာစဥ္ ၄၂ တစ္ခုလံုးကို ႀကိဳဖတ္လိုသူမ်ားက ၅၀၀ နဲ႔ ဖတ္လို႔ ရပါၿပီ ။  ၅၀၀၀ တစ္ခါတည္း လႊဲသူမ်ားကေတာ့ စာစဥ္ ၂ ခု လက္ေဆာင္ရပါမယ္ ။

Bye Bye. 
Love you guys.
You are my precious angels.

.....

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  42
Chapter.          :  1 - 4
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၂ ၊ အခန်း ၁ ။  ခွင့်ပြုပါလို့ ပြောရမယ့်သူက ငါကွ

“ရူရှီ…စီ မိသားစုက ငါတို့ စုန့် မိသားစုကို ကြည့်မရဖြစ်နေတာ များလား” စုန့်ရွှယ်ကျန်းက စိတ်ရှုပ်လက်ရှုပ်ဖြင့် ချင်းရူရှီအား မေးလာသည် ။

ချင်းရူရှီ ပြန်ပြောသည် ။
“မဟုတ်ပါဘူးဟာ ။ ရွှယ်ကျန်း…နင် ဘာလို့ အဲ့လိုမြင်နေရတာလဲ”

“မဟုတ်ဘူးလား ။ မဟုတ်ဘူးဆိုရင် အဲ့လိုရွံစရာကောင်းတဲ့မိန်းမကို လွှတ်ပြီးတော့
စုန့် မိသားစုကို ဘာလို့ လာလှောင်ခိုင်းထားတာလဲ”

“ဒီသိုင်းပြိုင်ပွဲက စုန့်မိသားစုအတွက် ဘယ်လောက်အရေးပါတယ် ဆိုတာ စီ မိသားစု ကောင်းကောင်းကြီးသိတယ် ။ အဲ့ဒီမိန်းမက သိုင်းပညာအကြောင်း နကန်းတစ်လုံးလေးတောင် မသိဘူး၊
ဘာမှလည်း မဆုံးဖြတ်တတ်ဘူး ။ ငါတို့ စုန့် မိသားစုကို ရိုင်းပျဖို့ကြံနေတာမဟုတ်ရင် ဒါဆို ဘာအဓိပ္ပာယ်လဲ” 

စုန့်မိသားစုသည် အစက ထိုအခြင်းအရာကို လျစ်လျူရှုထားရဖို့ရာပင် ၊ သို့သော် သူမသည် ရင်ထဲတလိပ်လိပ်တက် လာသည့် ဒေါသတို့ကို မြိုသိပ်ချုပ်တည်းနိုင်စွမ်း မရှိခြင်းကြောင့် မဲ့ရွဲ့ကာ ထုတ်ပြောလာခြင်း ပင် ။

အမှန်တကယ်တော့ ရီဝမ်ဝမ်နှင့်စီရီဟန်၏ ပတ်သက်မှုပင်ဖြစ်စေ၊
စီ မိသားစုထဲတွင် ရှိနေသည့် ရီဝမ်ဝမ်၏အဆင့်အတန်းပင်ဖြစ်စေ
စုန့်မိသားစုနှင့် လားလားမျှပင် မဆိုင်ပါပေ ။

စုန့်မိသားစုသည် အင်အားကြီးသူကိုသာလျှင် အမြဲတစေ ဦးကျိုး၏ ။ ရီဝမ်ဝမ်သည်သာ အကယ်၍ သိုင်းပညာတတ်နေပါလျှင် သို့မဟုတ် သိုင်းအကြောင်း တစိုးတစနားလည်နေပါလျှင် စုန့် မိသားစုသည် ဘာမှဝေဖန်ပြစ်တင်နေခြင်းပြုမည် မဟုတ်ဘဲ ဧည့်သည်အား ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြုမူမည်သာ ။

သို့သော် စုန့် မိသားစု၏အမြင်တွင် ရီဝမ်ဝမ်သည် ရုပ်ရည်ကိုသာ အားကိုးပြီး ယောကျာ်းတွေကို ဖြားယောင်းနေသူသက်သက်သာ ။
သူမသည် သိုင်းပညာအကြောင်း တစိုးတစိလေးပင် မသိသူသာ ။

သို့တိုင်အောင် ထိုသူမသည် စုန့်မိသားစုက ကြီးမှူးသည့် သိုင်းပညာ ယှဉ်ပြိုင်ပွဲတွင် မျက်နှာလာပြနေလေရာ ၊ ထိုသည်မှာ စုန့် မိသားစုအား ပါးရိုက်နားရိုက်ခြင်းနှင့် တူနေပေ၏ ။

ရီဝမ်ဝမ်သည်ကတော့ စုန့်မိသားစု ပင်ဖြစ်စေ၊
စုန့်ရွှယ်ကျန်း၏အမြင် ပင် ဖြစ်စေ မည်သို့ပင်ဖြစ်နေပါစေ အရေးတယူ ပြန်လည်ဖြေရှင်းခြင်း ပြုမနေ ။

သူမသည် မည်သည့်ပြသနာမှ မရှာပါဟု စီရီဟန်အား ကတိအထပ်ထပ် ပေးထားခဲ့ပြီးပြီ ။ ထို့ပြင် သူမ ဒီနေ့ လာခဲ့ခြင်းမှာ မျက်စိပွင့်စေဖို့ရာ သာ ဖြစ်၏ ။ ထို့ကြောင့် သူမထံတွင် စင်ပေါ်တက်ဖို့စိတ်ကူးမရှိသလို သိုင်းပညာချင်းယှဉ်ဖို့ စိတ်ကူးလဲ ရှိမနေပေ ။

တဖက်တွင် စီ မိသားစုမှ ကိုယ်ရံတော်အသစ်ငါးယောက်အား စိတ်တိုင်းကျတက်တိုက်ခိုက်ဖို့ သူမ ခွင့်ပြုလိုက်ခြင်းမှာ
သူတို့အား ကောင်းချီးပေးရာကျပေသည် ။

အချင်းချင်းဆွေးနွေးကြပြီးနောက်တွင် အသက် ၂၀ အရွယ်ရှိနေသည့် လူငယ်လေးတစ်ယောက်သည်
စုန့် မိသားစုနှင့် တိုက်ခိုက်ဖို့ရာ စင်ပေါ်တက်လိုက်သည် ။

စုန့် မိသားစုက လွှတ်လိုက်သည့်သူမှာ အဖွဲ့ထဲတွင် အားအနည်းဆုံး ဖြစ်၏။ ထို့ကြောင့် သူတို့သည်လည်း အပြန်အလှန်အနေဖြင့် အားအနည်းဆုံးသူကိုသာ လွှတ်လိုက်ကြ၏ ။

စီ မိသားစု၏ကိုယ်ရံတော်လေးသည် စင်မြင့်ပေါ် တက်သွားပြီး
စုန့်မိသားစုက ပြိုင်ဘက်ကို ကြည့်လိုက်သည် ။

“စီ မိသားစုရဲ့ကိုယ်ရံတော်၊ လျို့စန်း”

“ပင်းရှင်း”

စီ မိသားစုကိုယ်ရံတော်မှာ မျက်စိထဲ မထည့်သည့်ဟန်ဖြင့် ပြန်နှုတ်ဆက်လာသည် ။

“အော်…မင်းက မောက်မာလှချည်လား”

လျို့စန်း မဲ့ရွဲ့ကာ လက်သီးနှစ်ဖက် ယှက်လိုက်၏ ။
“ခွင့်ပြုပါ”

လျို့စန်း ပြောပြီးပြီးချင်း ပင်းရှင်းဆီကို ခြေတစ်လှမ်းထဲနှင့် လှစ်ခနဲ သွားလိုက်ပြီး သူ၏ဆရာတိုက်သိုင်းနှင့် ဖြောင်းခနဲချတော့သည် ။

သို့သော် ပင်းရှင်းသည် တစ်ချက်လေးပင် မရှောင်လိုက်ဘဲ
နေရာတွင်သာ ခိုင်ခိုင်မြဲစွာ ရပ်နေသည် ။

စုန့် မိသားစုရဲ့အဖွဲ့သားက အဲ့လောက်တောင် အားနည်းတယ်လား ။

ပင်းရှင်း၏တုံဏှိဘာေ၀ ကျောက်ရုပ်ကြီးလို နေသည့်ပုံရိပ်ကြောင့်
လျို့စန်း လက်သီးနှင့် ထိုးဝင်လာနေရင်း သံသယတစ်မျှင် တိုးဝင်လာသည် ။

လျို့စန်း၏လက်သီးသည် ပင်းရှင်းနှင့် သုံးလက်မလောက်သာ လိုတော့သည့် အချိန်တွင် လေတိုးသံတစ်ခုကို ဟူးခနဲ ကြားလိုက်ရ၏ ။

လျို့စန်း မသိလိုက်ခင်မှာပင် သူ၏ဝမ်းဗိုက်တွင် ပင်းရှင်း၏ခပ်ပြင်းပြင်း ထိုးကြိတ်လိုက်ခြင်းကို ခံလိုက်ရသည် ။

အားခနဲ လျို့စန်း နာကျင်တကြီး အော်ဟစ်လိုက်မိပြီး ကြိုးပြတ်သည့်စွန် အလား စင်ပေါ် မြောက်တက်သွားကာ လူအုပ်ကြီးထဲ ပြုတ်ကျသွားသည်မှာ ဝုန်းခနဲ ။

“ခွင့်ပြုပါလို့ ပြောရမယ့်သူက ငါကွ”

ပင်းရှင်းသည် လူမထင်သည့်အမူအရာ ဖြင့် စင်အောက်ကို ပြုတ်ကျသွားပြီဖြစ်သည့်ပြိုင်ဘက်ကြီးအား ကြည့်ကာ ပြောလာသည် ။

“စုန့် မိသားစုရဲ့ပင်းရှင်း အနိုင်ရသွားပါပြီ ။ နောက်မိနစ် ၂၀ နေရင် အနိုင်ရတဲ့သူကို ရှုံးသွားတဲ့အဖွဲ့က ဆက်ပြီးစိန်ခေါ်နိုင်ပါတယ်”

သက်လတ်ပိုင်း ဒိုင်လူကြီးက ကြေညာလာသည် ။

“အဲ့လောက်တောင် ကြမ်းတယ်လား”

စီ မိသားစု၏ကျန်နေသေးသည့်လေးယောက်မှာ
လျို့စန်းအား ဝိုင်းထူကာ တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီးကြည့်နေမိကြလေပြီ ။ ထိုကန်ချက်တွင် ရှိနေသည့် ခွန်အားနှင့် အမြန်နှုန်းသည် ပြီးပြည့်စုံသလောက် နီးနီး ဖြစ်သည် - အထူးသဖြင့် အချိန်တွက်ချက်တတ်မှုတွင် တစ်ပန်းသာလွန်း၏ ။
စုန့် မိသားစု၏ ပင်းရှင်းသည် အထိုးအကြိတ်သိုင်းတွင် ဆရာကြီးတစ်ဆူ ဖြစ်နေခြင်းလား ။

ထိုသည်ထက် လျို့စန်းမှာ ပင်းရှင်း ဘယ်လိုကန်လိုက်သည်ကိုပင် မသိလိုက်ရဘဲ စင်အောက်သို့ ကားခနဲ ပြုတ်ကျသွားခြင်းဖြစ်၏ ။

“ဒိုင်လူကြီးမင်းတို့…အချိန်မဖြုန်းနေပါနဲ့တော့ ။ ဆက်တိုက်ကြရအောင်ပါ”

ပင်းရှင်းသည် ဒိုင်လူကြီးအဖွဲ့အား ကြည့်ကာ ရှုတည်တည်ဖြင့် ပြောဆိုလိုက် သည် ။

ဒိုင်လူကြီးအဖွဲ့သည် တခနလောက် ခေါင်းချင်းဆိုင် ဆွေးနွေးလိုက်ကြပြီး ပင်းရှင်း၏တောင်းဆိုချက်ကို လက်ခံပေးလိုက်ကြသည် ။

တစ်ပွဲတိုက်ပြီးသည့်နောက်တွင် အနိုင်ရရှိသူက ဆက်ယှဉ်ရမည်ဖြစ်၏ ။ ထိုအနိုင်ရရှိသူက အနားမယူချင်ဘူးဆိုနေလေရာ ထိုဒိုင်လူကြီးများတွင်
ကန့်ကွက်ခွင့် မည်သို့ရှိုနိုင်ပါမည်နည်း ။

……………………………………………………

စာစဉ် ၄၂၊ အခန်း ၂ ။  အားနည်းလွန်းတယ်

ဒိုင်လူကြီးသည် စုန့် မိသားစုမှ ပြိုင်ပွဲဝင်သူ၏ဆုံးဖြတ်ချက်ကို လေးစားရမည် ဖြစ်၏ ။ ပင်းရှင်းကိုယ်တိုင်က အနားမယူတော့ဘူး ဆိုနေလေရာ ပြိုင်ပွဲကို ဆက်ကျင်းပရမည်သာ ဖြစ်၏ ။

“ဂရုစိုက် ။ ပင်းရှင်းက အရမ်းကြမ်းတယ်…”

စီ မိသားစုက ထိုကိုယ်ရံတော်လေးက မျက်မှောင်ကြီးကုတ်ကာ သတိပေးလာသည် ။

သူ၏အစွမ်းအစမှာ အထင်ကြီးစရာကောင်းနေပြီးသည့်တိုင်
ပင်းရှင်းအား မယှဉ်သာပါပေ ။

ထို့အပြင် လျို့စန်းသည် ပင်းရှင်း လှုပ်ရှားလိုက်သည်ကိုပင် မမြင်လိုက်ရဘဲ စက္ကန့်ပိုင်းလေးအတွင်းမှာပင် လေပေါ် မြောက်တက်သွားခဲ့ပြီး ရှုံးနိမ့်သွားခဲ့ ရခြင်း မဟုတ်လော ။

အားပေးကြည့်ရှုနေသူများနေရာတွင် ရီဝမ်ဝမ်သည်ကား
ရင်ထဲတွင် စိတ်အပျက်ကြီးပျက်နေလေသည် ။

စီ မိသားစုရဲ့ကိုယ်ရံတော်အသစ်လေးက အားမပျော့လွန်းဘူးလား ။ ပင်းရှင်းက ဘာမှဟုတ်တိပတ်တိလဲ မရှိပါဘူး ။
ကြည့်ရတာ ဒီသိုင်းပြိုင်ပွဲက  ပျင်းစရာကောင်းမယ့်ပုံပဲ…

တခနဆွေးနွေးပြီးသည့်နောက် စီ မိသားစုကိုယ်ရံတော်များသည် ဒုတိယအားအကြီးဆုံးသူဖြစ်သည့် လိယွဲ့ကို ပြိုင်ကွင်းထဲ
လွှတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြ၏ ။

“စီ မိသားစုရဲ့ကိုယ်ရံတော် လိယွဲ့ ။ ခွင့်ပြုပါ”

လိယွဲ့သည် စင်မြင့်ပေါ် တက်သွားလိုက်ပြီး လက်သီးနှစ်ဖက်ဆုပ်ကာ ပင်းရှင်းအား နှုတ်ဆက်လိုက်သည် ။

“အာပလာတွေ” ပင်းရှင်းက အေးစက်စွာဆိုလာသည် ။

ထိုစကားကြောင့် လိယွဲ့ အံ့အားသင့်သွား၏ ။
သူ အသိပြန်ကပ်သွားပြီးသည်တွင် ရင်ထဲကနေ
မဲ့ရွဲ့ပြောမိလိုက်၏ ။
ပင်းရှင်းက ကြမ်းချင်ကြမ်းလိမ့်မယ် ။ ဒါပေမယ့်လဲ အဲ့ကောင် အရမ်းမမြောက်ကြွလွန်းဘူးလား ။

သို့သော် လိယွဲ့ ဘာမှပြန်မပြောလိုက်ရသေးခင်မှာပင် ပုံရိပ်တစ်ခုသည် သူ့အရှေ့ကို ဝှီးခနဲ ဝင်ရောက်လာပြီး
သူ့ဗိုက်အား ဝုန်းခနဲ အရှိန်ပြင်းပြင်း ထိုးချပစ်လိုက်ပြန်သည်။

အား….

ချက်ချင်းပင် လိယွဲ့လဲ လေပေါ်ကို မြောက်တက်သွားပြီး ထိုကန်ချက်ကြောင့် စင်အောက်ပြုတ်ကျသွားပြန်သည်မှာ ဘုတ်ခနဲ ။

“စုန့် မိသားစုက ပင်းရှင်း အနိုင်ရရှိသွားပါပြီ”

ဒိုင်လူကြီးက ချက်ချင်းပင် ပြိုင်ပွဲရလဒ်အား ထကြေညာလာ၏ ။

လိယွဲ့ ကြမ်းပေါ်ပြုတ်ကျသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည် ။ ပင်းရှင်းသည် မြန်ဆန်လွန်းလှချေသည်တကား ။
သူ့တွင် လှုပ်ရှားရန်ပင် လုံးဝအချိန်မရလိုက်ပါပေ ။

“အချိန်မဖြုန်းနဲ့တော့ ။ နောက်တစ်ယောက်..”

ပင်းရှင်းက စီ မိသားစု၏ကိုယ်ရံတော်များဘက် လှည့်ကြည့်ကာ အေးစက်စက် ပြောလာသည် ။

စုန့် မိသားစုနှင့် စီ မိသားစုကြားက ယှဉ်ပြိုင်ပွဲသည် ငါးပွဲပြိုင် သုံးပွဲနိုင်စနစ်ဖြင့် သွားခြင်းဖြစ်သည် ။
စုန့် မိသားစုဘက်က နောက်ထပ်တစ်ပွဲသာ ထပ်နိုင်လိုက်ပါလျှင်
စီ မိသားစုသည် ဤပွဲစဉ်တွင် အပြတ်အသတ်ရှုံးနိမ့်သွားတော့မည် ဖြစ်၏ ။

“သောက်ရမ်းထောင်လွှားလှချည်လား…”

လိယွဲ့က မဲ့ရွဲ့ကာ ကိုယ်ရံတော်ဘက်သို့ လှည့်လိုက်သည် ။
“အစ်ကိုကြီး…အစ်ကိုကြီး တက်သွားလိုက် ။ ဒါပေမယ့် သတိကြီးကြီး ထားမှရမယ်နော် ။ သူက တကယ့်ကို ကြမ်းလွန်းတယ်”

အသက် ၃၀ အရွယ် လူကြီးတစ်ယောက် စင်မြင့်ပေါ် တက်လာသည် ။

ထိုလူကြီး ဘာမှမပြောလိုက်ရသေးခင်မှာပင်
ပင်းရှင်းက နောက်ထပ်တစ်ဖန် ဟစ်ကြွေးလာပြန်သည် ။

“လစ်စမ်း”

ပရိတ်သတ်တွေ ကြည့်နေရင်းမှာပင် ထိုအားအကြီးဆုံးဟု သတ်မှတ်လို့ ရသည့် စီ မိသားစုက အဖွဲ့သားသည်လဲ အရှေ့နှစ်ယောက်၏ခြေရာကို နင်းသွားပြန်သည် ။ မျက်တောင်တစ်မှိတ်စာအချိန်လေးအတွင်း အကန် ခံလိုက်ရပြီး စင်အောက်ကို ဘုန်းခနဲ ပြုတ်ကျသွားပြန်သည် ။

“စီ မိသားစုက သုံးပွဲဆက်တိုက်ရှုံးပြီး စုန့် မိသားစုက အပြတ်အသတ် အနိုင်ရရှိသွားပါတယ်”

ဒိုင်လူကြီးသည် ပထမပွဲစဉ်၏ရလဒ်ကို ကြေညာပေးလာသည် ။

လူတိုင်း၏ရင်ထဲ တိတ်တခိုးသက်ပြင်းချကုန်ကြသည် ။
သို့သော်လည်း စီ မိသားစုသည် တစ်ချိန်လုံးလုံး
စီးပွားရေးဘက်တွင်သာ အာရုံအပြည့်စိုက်နေကြသဖြင့်
စုန့် မိသားစုလို သိုင်းပညာရှင်မိသားစုနှင့် မတူနိုင်ပါချေ ။ စုန့် မိသားစုက အခုလို အပြတ်အသတ်နှင့် အနိုင်ရသွားဖို့ ဆိုသည်မှာ အပြစ်တင်စရာမရှိပေ ။

ထိုသည်ကို ရီဝမ်ဝမ်သည်လည်း ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်၍ မျက်နှာတစ်ချက်လေး ပျက်ယွင်းသွားခြင်းမရှိ ။

ပြောရမည်ဆိုလျှင် စုန့်မိသားစုသည် မျိုးနှင့်ရိုးနှင့် ဆင်းသက်လာသည့် သိုင်းမိသားစုကြီးတစ်စု ဖြစ်၏ ။ ထို့ပြင် ဤသိုင်းပြိုင်ပွဲအတွက် မျှော်လင့်ချက် မြင့်မြင့်ကြီး ထားနေကြသည်လည်း ဖြစ်၏ ။
ထို့ကြောင့်ပင် မိသားစုထဲကနေ အတော်ဆုံး အကောင်းဆုံးဆိုသည့် ထိပ်သီးသိုင်းပညာရှင်များကိုသာ ရွေးထုတ်ထားကြလေသည် မဟုတ်လား ။
သို့ဖြစ်လေရာ စီ မိသားစု၏ ကိုယ်ရံတော်ငါးယောက်သည် အရည်အချင်းရှိနေလျှင်တောင်မှ စုန့် မိသားစု ၏မျက်လုံးထဲတွင်တော့ အမှိုက်တစသာသာသာ ရှိနေလိမ့်မည်သာ ။

စီ မိသားစု၏ကိုယ်ရံတော်အဖို့မူ အခုချိန်တွင် ဖြစ်နိုင်မည်ဆိုလျှင် တွင်းတစ်တွင်းတူးကာ ဝင်းအောင်းပစ်ချင်နေလေပြီ ။
ငါးပွဲပြိုင်သည်တွင် သုံးပွဲစလုံး အပြတ်အသတ်နှင့် ရှုံးနိမ့်သွားခဲ့ကြ သဖြင့် ငါးပွဲမြောက်ထိပင် သူတို့ ဆက်သွားနိုင်ခြင်း မရှိခဲ့ကြပေ ။

ပိုလို့ လက်သင့်မခံနိုင်သည်မှာ သူတို့အား သမသွားသည့် ပင်းရှင်းမှာ စုန့်အဖွဲ့ထဲတွင် အားအနည်းဆုံးသူ ဖြစ်နေခြင်းပင် ။

……………………………………………………

စာစဉ် ၄၂၊ အခန်း ၃ ။ နဲနဲလေးတောင် မျက်နှာသာမပေးတော့ဘူးလား

သိုင်းလိုင်းနှင့် စီးပွားရေးုလိုင်းဟူသည် လုံးဝမတူညီသည့်လိုင်းနှစ်ခုသာ ။ စုန့် မိသားစုသည် သိုင်းအမွေကို ဆက်ခံလာခဲ့ပြီး သူ့ကလန်ထဲတွင် မရေတွက်နိုင်သည့်သိုင်းပညာရှင်တို့ များစွာရှိနေကာ အင်အားတောင့်တင်းသည့် သိုင်းမိသားစုကြီးတစ်စု ဖြစ်၏ ။

ပရိသတ်ထိုင်ခုံတွင်မူ စုန့်ရွှယ်ကျန်းသည် စုန့်မိသားစု အနိုင်ရမည်ကို
လုံး၀ အယုံအကြည်ရှိနေဟန် ။ ရီဝမ်ဝမ်က ဦးဆောင်ခေါ်လာသည့် ထိုကိုယ်ရံတော်တို့သည် သိုင်းလောကထဲတွင်ပင် ဘောင်မဝင်လေရာ
စုန့် မိသားစု အား မည်သို့များ ယှဉ်နိုင်ပါလိမ့်မည်နည်း ။

“နောက်ထပ်ပွဲစဉ် - စုန့် မိသားစု နဲ့ ချင်း မိသားစု”

ဒိုင်လူကြီးတစ်ယောက်က ကြေညာသည် ။

ပထမပွဲစဉ်ကနေ စီ မိသားစု ထွက်သွားပြီဖြစ်သဖြင့်
ချင်းရူရှီ နှင့် စုန့်ရွှယ်ကျန်းတို့ ဦးဆောင်သည့်
အဖွဲ့နှစ်ဖွဲ့သာ ကျန်ခဲ့ကြသည် ။

ရီဝမ်ဝမ်သည် ချင်း မိသားစုနှင့် စုန့် မိသားစုကြားက ပြိုင်ပွဲကို
မေးစေ့လေး လက်ထောက်ကာ စိမ်ပြေနပြေကြည့်နေသည် ။ တချက်တချက် ခိုးခိုးပြီးလဲ သမ်းဝေလိုက်သေး၏ ။
သူမ စိတ်ထဲတွင်မူ ဤသိုင်းပြိုင်ပွဲမှာ ပျော်ဖို့မကောင်းဘူးဟုသာ ကြိုသိထားခဲ့ပါလျှင် လာခဲ့မိလိမ့်မည် မဟုတ်ဟု တွေးနေမိ၏ ။

သူမ ပျင်းရိငြီးငွေ့လာရခြင်းမှာ ဤပြိုင်ပွဲက ပျော့လွန်းနေခြင်းကြောင့်ပင် ။ သူမအဖို့ သိုင်းပညာရှင်တို့မည်သည် အမည်မရှိသောနန် နှင့် ပန်းစည်း တို့ကဲ့သို့ ဖြစ်နေရပေမည် ။

သို့သော် ဤကဲ့သို့ ပညာချင်းဖလှယ်သည်ဆိုသော သိုင်းပြိုင်ပွဲမျိုးမှာ အမည်မရှိသောနန်၏ဟိုးခြေဖဝါးအောက်က အဆင့်တွင် ရှိနေမည်သာ ။

တွေးကြည့်ရလျှင် ထိုငါးယောက်အဖွဲ့သည် အမှန်တကယ်ပင်
လွတ်လပ်စွာ သွားလာနေကြသူများ ဖြစ်ကြပေသည် ။

တွေးရင်း သူမ တစ်ခုခုကို လွမ်းလာသလိုလို…ဟာလာသလိုလို…။
ကမ္ဘာပေါ်တွင် ဘယ်လိုလုပ်ပြီး ထူးဆန်းလွန်းသည့်သိုင်းပညာရှင်တွေ များစွာ ရှိနေလေသည်နည်း ။ အမည်မရှိသောနန်လို ပညာရှင်မျိုးမှာ အနည်းအကျဉ်းလောက်သာလျှင် ရှိလောက်ပေမည် ။

စုန့်ရွှယ်ကျန်း…မျက်လုံးထောင့်ကနေ ရီဝမ်ဝမ်အား တစ်ချက်ခိုးကြည့် လိုက်၏ ။ ရီဝမ်ဝမ်၏သေလောက်အောင် ပျင်းတွဲနေသည့်အမူအရာကို မြင်လိုက်ရပြီး ချက်ချင်းပင်
မဲ့ရွဲ့သွားတော့သည် ။

သူမလိုမိန်းမမျိုးက ပိုးမွေးသလို အမွေးခံလာရတဲ့သူမျိုးပဲ ။ သိုင်းပညာအကြောင်းကို ဘယ်လိုလုပ်ပြီးတော့ နားလည်ပါ့မလဲ ။
အဲ့မိန်းမ သိုင်းပွဲတွေကို ဘယ်နှကြိမ်လောက်များ ကြည့်ဖူးမှာမို့လို့လဲ ။ ဒီလိုမိန်းမကိုများ
စီ မိသားစုရဲ့အကြီးအကဲက ကိုယ်စားပြုသူအနေနဲ့ လွှတ်ပေးလိုက်သေးတယ်..အံ့ပါရဲ့ ။

သိုင်းပြိုင်ပွဲပြီးသွားရင် ကိုယ်စားလှယ်တွေက စင်ပေါ်ကို တက်ပြီး အချင်းချင်းပြိုင်ရမယ် ။ အဲ့ဒီအခါကျရင် ဒင်း ဘယ်လိုမှ ရှောင်လို့ ရမှာမဟုတ်တော့ဘူး… ။

ဒီ မိန်းမက စီ မိသားစုကို ကိုယ်စားပြုလာပြီးတော့ ပရိသတ်တွေထဲမှာ ဝင်ထိုင်နေတာနဲ့တင် ပြိုင်ပွဲကို အရှက်ခွဲရာရောက်နေပြီ…

“ချင်း မိသားစုရဲ့ ချင်းဖုန်း အနိုင်ရသွားပါတယ်”

ရုတ်တရက် ဒိုင်လူကြီး၏ကြေညာချက်ကြောင့်
စုန့်ရွှယ်ကျန်းရင်ထဲ နောက်ကျိသွားပြီး
စင်အောက်ကို ငုံ့ကြည့်လိုက်၏ ။

ပင်းရှင်းသည် ချင်း မိသားစုက လူငယ်လေးကြောင့်
စင်မြင့်ထက်ကနေ ပြုတ်ကျသွားပြီး ပြိုင်ပွဲကို ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်၏ ။

“အစ်ကို ပင်းရှင်း…အစ်ကို့ရဲ့ကန်ကြိတ်သိုင်းက တကယ်ကောင်းပါတယ် ။ ဒါပေမယ့် ကျွန်တော့်ရဲ့သက်ရှူပြင်း သိုင်းနဲ့စာရင်တော့ နဲနဲလေး ဒုတိယ ရောက်နေသေးတယ်”

ချင်းဖုန်းဟု အမည်ရသည့်လူငယ်လေးက စင်မြင့်ပေါ်တွင် ခန့်ခန်းညားညား ရပ်ကာ ပြောနေသည် ။

“ညီလေး ချင်းဖုန်းက ချင်း မိသားစုရဲ့ ထိပ်တန်းသိုင်းပညာရှင် ပီသပါပေတယ်…”

စုန့်ရွှယ်ကျန်း စိတ်အလိုမကျ မှုန်မှိုင်းစွာဖြင့် မျက်စိလွှဲသွားသည် ။

ချင်းဖုန်းသည် အသက် ၄ နှစ်အရွယ်ကတည်းက
သူ့အဘိုး၏သိုင်းပညာ သင်ကြားပို့ချပေးခြင်း ခံခဲ့ရသည်ကို သူမ ကြားထားပါ၏ ။ ထို့အပြင် သူ့ခန္ဓာကိုယ် ကြံ့ခိုင်ဖို့ရာ အတွက် အဝတ်အစားတွေကို အေးစက်နေပြီး နှင်းများလွှမ်းနေသည့်လွင်ပြင်ထဲ ထိုးထည့်ကာ သူ့အား နှင်းများဖြင့် ဖုံးလွှမ်းထားခဲ့ဖူးသည်ဟုပါ ကြားခဲ့၏ ။ ယနေ့ သူနှင့် တိုက်ခိုက်ရသည်မှာ အင်မတန် တန်ပေသည် ။

တခနအကြာ…
ပြိုင်ပွဲသည် ဆက်လက်ယှဉ်ပြိုင်နေသည် ။

ချင်း မိသားစု၏ချင်းဖုန်းသည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်းလှပြီး
စုန့် မိသားစုက လူနှစ်ယောက်အား အပြတ်အသတ် အနိုင်ရသွားလေပြီ ။

ထိုသည်မှာ အထိ… ချင်းဖုန်း၏စံချိန်ကို အလဲထိုးနိုင်မည့်
စုန့် မိသားစုက အတော်ဆုံးသူ ပေါ်မလာခင်အထိ ။

“ကျိုးဟန်…အသက် ၁၆ နှစ်နဲ့ နိုင်ငံတော်အဆင့်သိုင်းပြိုင်ပွဲမှာ ပထမဆု ဆွတ်ခူးထားသူပဲ…”

စင်မြင့်ပေါ်က ထိုယောကျ်ားအား ကြည့်ရင်း ပရိသတ်များကြားထဲ
အုံးအုံးထလာသည် ။

ချင်းဖုန်း - ချင်း မိသားစု၏ဂျီးနီးယပ်စ်ဟု ပြော၍ရသောသူ - ကျိုးဟန် ဆီက တစ်ကွက်ထဲနဲ့ စင်အောက်သို့ ပြုတ်ကျသွားလေပြီ ။

“စုန့် မိသားစုရဲ့ ကျိုးဟန်က ဂျီးနီးယပ်စ်ထဲမှာတော့ မပါဘူး ။ ဒါပေမယ့်လို့ သူက အရမ်းကို ကြိုးစားတဲ့သူပဲ…သာမန်လူတွေဆိုရင် သိုင်းပညာကို အလွန်ဆုံး ၁၂ ကြိမ်လောက်ပဲ လေ့ကျင့်ကြတာ ။ ဒါပေမယ့် အဲ့ဒီ ကျိုးဟန် ကတော့ အကြိမ်တစ်သောင်းလောက်ကို ဇွဲကောင်းကောင်းနဲ့ လေ့ကျင့်နိုင် တယ်…ဒီတစ်ကွက်ထဲကိုပဲ တစ်နေ့ပြီးတစ်နေ့၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် ဇွဲကောင်းကောင်းနဲ့ လေ့ကျင့်လာတာ..အခုဆို
သူ့ရဲ့ သိုင်းတစ်ကွက်က သာမန်လူတွေထက်ကို ဆယ်ဆကြမ်းနေပြီ”

“အင်းပေါ့ကွာ ။ တခြားသူတွေသာဆို ၁၀ ကြိမ် ဒါမှမဟုတ် အကြိမ် ၁၀၀ အထိ လေ့ကျင့်ကြလိမ့်မယ် ။ ဒါပေမယ့် သူကတော့ သူများထက်သာအောင် အကြိမ် တစ်သောင်းထိကို လေ့ကျင့်ပစ်တဲ့သူကိုး ။ တကယ့် ဂျီးနီးယပ်စ်ကြီး တွေကို ကျော်နိုင်ဖို့အတွက် တကယ်ကို ပင်ပင်ပန်းပန်း ဇွဲနပဲနဲ့ ကြိုးစားနိုင်တဲ့သူပဲ”

……………………………………………………

စာစဉ် ၄၂၊ အခန်း ၄ ။ မင်းက ငါနဲ့ ပြိုင်မလို့လား

စုန့်မိသားစုသည် နှစ်ပွဲမက နိုင်ထားပြီးပြီ ။
အခုပွဲလည်း နိုင်သွားပြန်သည် ။

ဒိုင်လူကြီးသည် စင်ပေါ် တက်လာပြီး ရလဒ်ကို ကြေညာသည် ။
“စုန့် မိသားစုက အနိုင်ရရှိသွားပါတယ်”

စင်အောက်ဘက်တွင် ချင်းရူရှီသည် ချီးမွမ်းစကား တသီကြီး ဆိုပေးနေ သည်။
“ဦးလေး စုန့်ရဲ့ တပည့်က တကယ့်ကို တော်ပါတယ် ။
ဒီနေ့ ဦးလေး စုန့်ရဲ့ တပည့်တွေဆီကနေ သင်ယူခွင့်ရတာ ကျေးဇူးတင်ပါတယ် ။ ဒီနေ့ ပြိုင်ပွဲက နေ သူတို့ငါးယောက် ပညာအများကြီးရသွားမှာ ကျိန်းသေပါတယ်”

စုန့်လီကျုံသည် စုန့် မိသားစု၏အောင်မြင်မှုအပေါ်တွင်
အပြုံးကြီး ပြုံးဖြီးနေလျက်…
“ချင်း မိသားစုက ညီလေးတွေကလည်း တော်ပါတယ်ဗျာ ။ ငါးယောက်စလုံးက တကယ်ကို တော်ကြပါတယ် ။ အချိန်ကျလာရင် သူတို့ရဲ့အနာဂတ်က ထွန်းတောက်လာမှာ ကျိန်းသေတယ်”

မူဆွေ့ဖန်သည်လည်း ထိုမိသားစုနှစ်စု၏ သိုင်းပညာရှင်များအပေါ်တွင် သဘောကျအားရနေလေသည် ။
“အခုခေတ်လူငယ်တွေကတော့ တော်သထက်တော်လာကြတာပဲဗျာ”

ပျော်ရွှင်စွာ ဝိုင်းဖွဲ့ပြောဆိုနေကြရင်း မိသားစုနှစ်စုစလုံးမှ သိုင်းပညာရှင်များမှာ ရင်ထဲ ကြည်နူးပီတိဖြာထွက်နေကြ၏ ။ ချင်း မိသားစု သည် ရှုံးနိမ့်ခဲ့သည်ဆိုလျှင်တောင် လှလှပပကြီး ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်၏ ။ သို့သော် စီ မိသားစုက ထိုငါးယောက်သည်ကတော့ အလှပြသက်သက်သာ ဖြစ်နေပြီး မည်သည့်တိုက်ရည်ခိုက်ရည်မှမရှိသည့်
လူ့ဗလာဖြစ်နေသည် ။

ထိုအခိုက်အတန့် စုန့်ရွှယ်ကျန်း ထပြောလာသည် ။
“မိသားစုသုံးစု ကြားက ယှဉ်ပြိုင်ပွဲလဲ ပြီးပြီ ။
အနိုင်အရှုံးကို ဘယ်သူမှ မကန့်ကွက်ဘူးဆိုရင်
ကိုယ်စားလှယ်တွေကြားက ယှဉ်ပြိုင်ပွဲကို စလိုက်ကြရအောင်”

သိုင်းပညာရှင်များ၏ယှဉ်ပြိုင်ပွဲပြီးသည့်နောက်တွင် မိသားစုအသီးသီးကို ကိုယ်စားပြုထားကြသည့် သုံးယောက်အလှည့် ရောက်လာချေပြီ ။

စုန့်ရွှယ်ကျန်း၏စကားကို ကြားလိုက်သည်နှင့် လူတိုင်း ရီဝမ်ဝမ်ဘက်သို့လှည့်ကြည့်ကုန်ကြသည် ။

ထိုမိန်းကလေးသည် သင့်တင့်လျောက်ပတ်သည့် သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်ဆိုသော်လည်း အရိုးမရှိသည့်အတိုင်း မေးစေ့ကို လက်ထောက်ထားကာ ပျင်းတွဲစွာ ထိုင်နေလေသည် ။ သူမလေးသည် စင်ပေါ်ကို တက်မည့်ဟန် လုံးလုံးရှိမနေ ။ ရှိုးတစ်ပွဲကို လာကြည့်သည့် လူကုံထံသူဌေးသမီးတစ်ဦးနှင့်ပင် ပိုလို့တူနေပေသည် ။

တဖက်တွင်မူ ချင်းရူရှီနှင့် စုန့်ရွှယ်ကျန်းတို့သည် သံချောင်းတစ်ချောင်းအလားနှယ် ခါးမတ်မတ်ထိုင်နေကြပြီး ယုံကြည်မှုအပြည့်၊ အင်ပြည့်အားပြည့် ဖြစ်နေကြ၏ ။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူမတို့နှစ်ယောက်သည် သိုင်းသမားများဖြစ်မှန်း အတပ်ပြောနိုင်သည် ။
သူတို့နှစ်ယောက်နှင့် ရီဝမ်ဝမ်အကြားက ကွာခြားမှု မှာ နေ့နှင့်ညအလား အောက်မေ့စေနိုင်၏။

စီ မိသားစု၏ကိုယ်ရံတော်ငါးယောက်သည် ရီဝမ်ဝမ် စင်မြင့်ပေါ်တက်ကာ တိုက်ခိုက်ရမည်ကို ကြားလိုက်သည်နှင့် မျက်နှာတို့ ဖြူလျော်လာကြသည် ။ သူတို့အဖို့ သူတို့ချည်း အရှက်ကွဲရသည်နှင့်ပင် လုံလောက်ပေပြီ ။
ထိုမိန်းမ စင်ပေါ်တက်သွားလိုက်လျှင် သူတို့ ပိုပြီး အရှက်တကွဲအကျိုးနည်း ဖြစ်ရမည်ကို စိုးထိတ်နေကြလေပြီ ။

“ကောင်းပြီ…ကျွန်မတို့ စကြတာပေါ့”
ချင်းရူရှီသည် ကန့်ကွက်ခြင်းမရှိဘဲ ပြောလိုက်သည် ။

မူဆွေ့ဖန်သည်လည်း ထိုသည်ကို မျှော်လင့်နေလေဟန် ထုတ်ဟပြလာသည် ။ ချင်းရူရှီ နှင့် စုန့်ရွှယ်ကျန်းတို့ကြားက ပြိုင်ပွဲသည် အမှန်ပင် ကြည့်ရထိုက်သည့်ပြိုင်ပွဲ ဖြစ်ပေလိမ့်မည် ။
“မိန်းကလေး စုန့်ကို လူကြီးမင်း စုန့် ကိုယ်တိုင် သင်ကြားပေးထားတာလို့ ကျွန်တော် ကြားမိတယ်”

စုန့်ရွှယ်ကျန်းက ပြန်ဖြေသည် ။
“လူကြီးမင်း မူ ချီးမွမ်းလွန်းနေပါပြီ ။ ကျွန်မက အဖေ့ကို မှီဖို့တော့ လိုပါသေးတယ် ။ ရူရှီကမှ တကယ့်ကို တော်တဲ့သူပါ ။ ရူရှီက ငယ်ငယ်လေးကတည်းက နာမည်ကျော်သိုင်းဆရာကြီးတွေဆီကနေ သင်လာခဲ့သလို ကျောင်းတွေအများကြီးကနေလဲ သင်ယူလာခဲ့တဲ့သူပါ”

ချင်းရူရှီသည် ထိုသည်ကို ကြားလိုက်လျှင် ရီဝမ်ဝမ်ဘက်သို့ ကြည့်လိုက်ကာ နှိမ့်နှိမ့်ချချ ပြောဆိုလာတော့သည် ။
“မဟုတ်တာ…တကယ်တော်တဲ့သူက မိန်းကလေး ရီပါ ။
အရင်တုန်းက စီ မိသားစုရဲ့ကိုယ်ရံတော်တွေကို မိန်းကလေး ရီ က သင်ပြပေးခဲ့ရတာပါ”

စုန့်ရွှယ်ကျန်းသည် စီရီဟန်၏မျက်နှာကို ထောက်ပြီး ချင်းရူရှီ တမင်တကာ ပြောပေးနေခြင်းဟု ယူဆကာ မယုံကြည်ဘဲ မဲ့ရွဲ့ကာ ပြောဆိုလာသည် ။
“အဲ့လိုလား ။ ဒါဆိုရင်တော့ စောင့်ကြည့်ရမှာပေါ့”

အရင်ကလိုပင် ဒိုင်လူကြီးသည် ဝါးဘူးကို ယူကာ လျှောက်လာပြီး
သူတို့အား မဲနှိုက်စေ၏ ။

စုန့်ရွှယ်ကျန်း မဲနှိုက်လိုက်ပြီးနောက် ဝါးပြားအား ကြည့်လိုက်သည် ။ ထိုဝါးပြားပေါ်တွင် ရေးထားသည့်နာမည်ကား..“ရီ ဝမ်ဝမ်”

ချင်းရူရှီသည် ထိုနာမည်ကို မျက်လုံးထောင့်စွန်းကနေ ဖျတ်ခနဲ လှမ်းမြင်လိုက်ပြီး မျက်လုံးထဲ ဝင်းပသွား၏ ။

စုန့်ရွှယ်ကျန်းသည်ကား ထိုမဲပေါ်က နာမည်ကို ကြည့်ရင်း စိတ်ပျက်ရွံရှာမှုတို့ ပြည့်လျှမ်းလာတော့သည် ။
သူမက ထိုမိန်းမနှင့် ယှဉ်ပြိုင်ရမည်တဲ့လား ။

ထို့နောက် ဒိုင်လူကြီးက ကြေညာပေးလာသည် ။
“ပထမပွဲက စုန့်ကိုယ်စားပြု နဲ့ စီ ကိုယ်စားပြုတို့ ယှဉ်ပြိုင်ရပါမယ်”

စုန့်ရွှယ်ကျန်းက ရီဝမ်ဝမ်အား ကြည့်လိုက်သည် ။
“မိန်းကလေး ရီ…ကြွပါ ။ မိန်းကလေးက အရမ်းတော်တယ်လို့
ရူရှီ အမြဲပြောပြောနေတာ ။ ဒီနေ့တော့ ကျွန်မကိုယ်တိုင် မြည်းစမ်းကြည့်ချင်ပါတယ်”

ရီဝမ်ဝမ် ထိုသည်ကို ကြားလိုက်သည့်အခိုက် မော့ကြည့်လာသည် ။
“ဘာလဲ”

စုန့်ရွှယ်ကျန်း စိတ်မရှည်နိုင် ဖြစ်လာတော့ပြီး မျက်မှောင်ကြီးကြုတ်လာပြီ ။
“ရှင်နဲ့ကျွန်မ စင်ပေါ်မှာ ပြိုင်ရမယ်”

……………………………………………………
T/N : သောကြာနေ့ ဆက်တွေ့ကြမယ်နော် ဒါဒါလေးတို့ ။ ဒီဝတ္ထုလေးကို ကြိုက်တယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း ဖတ်ရအောင် ညွှန်းလိုက်ဦးနော် ။

စာစဉ် ၄၂ တစ်ခုလုံးကို ကြိုဖတ်လိုသူများက ၅၀၀ နဲ့ ဖတ်လို့ ရပါပြီ ။  ၅၀၀၀ တစ်ခါတည်း လွှဲသူများကတော့ စာစဉ် ၂ ခု လက်ဆောင်ရပါမယ် ။

Bye Bye. 
Love you guys.
You are my precious angels.

Continue Reading

You'll Also Like

373K 36.9K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
509K 33.3K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
2M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "က်ဳပ္နာမည္ ေတာ္ဝင္ေယာက္်ား...
2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...