ထဆုဢးမဲ့ချစ်ခြင်း (Endless Lo...

By reselda_

64.5K 3.3K 46

Singkrist....... πŸ’™πŸ’™SkπŸ’™πŸ’™ Peraya..........❀❀❀ More

.....Intro.....
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Baby kit's Jealous On his P'Sing)
Part-21(First KissπŸ’‹πŸ’‹)
Part-22
Part-23
Part-24(Sweet Kiss)
Part-25
Part-26
Part-27
Part-28(Kiss for my love)
Part-29(I promise u my love)
Part-30(Morning kiss from my lover)
Part-31(Forgive me for my mistake)
Part-32(Deeply kissπŸ’‹)
Part-33(Mwah mwah😘)
Part-34(Anniversary πŸ’–πŸ’–)
Part-35(Love=Love)
Part-36
Part-37
Part-38πŸ’œπŸ’œ
Part-39(πŸ’™πŸ’™)
Part-40(πŸ’šπŸ’š)
Part-41(πŸ’›πŸ’›)
Part-42(πŸ’–πŸ’–)
Part-43(SWEET LOVE)
Part-44(πŸ’žπŸ’žπŸ’ž)
Part-45(πŸ’πŸ’)
Part-46(πŸ’•πŸ’•)
Part-47(πŸ’žπŸ’ž)
Part-48(πŸ’ŸπŸ’Ÿ)
Part-49(πŸ’šπŸ’šπŸ’š)
Part-50(πŸ’πŸ’)
Part-51(πŸ’–πŸ’–)
Part-52(πŸ’˜πŸ’˜)
Part-53(EndπŸ’)
Part-1 (Uni)
Part-2 (Uni)
Part-3 (Uni)
Part-4(Uni)
Part-5(Uni)
Part-6(Uni)
Part-7(Uni)
Part-8(Uni)
Part-9(Uni)
Part-10(Uni)
Part-11(Uni)
Part-12(Uni)
Part-13(Uni)
Part-15(Uni)
Part-16(Uni)
Part-17(Uni)
Part-18(Uni)
Part-19(Uni)
Part-20 (Uni)
Part-21(Uni)
Part-22(Uni)
Part-23(Uni)
Part-24(Uni)
Part-25(Uni)
Part-26(Uni)
Part-27(Uni)
Part-28(Uni)
Part-29(Uni)
Part-30(Uni)
Part-31(Uni)
Part-32(Uni)
Part-33(Uni)
Part-34(Uni)
Part-35(Uni)
Part-36(Uni)
Part-37(Uni)
Part-38(Uni)
Part-39(Uni)
Part-40(Uni)
Part-41(Uni)
Part-42(Uni)
Part-43(Uni)
Part-44(Uni)
Part-45(Uni)
Part46(Uni)
Part-47(Uni)
Part-48(Uni)
Part-49(Uni)
Part-50(Uni)
Part-51(Uni)
Part-52(Uni)
Part-53(Uni) End

Part-14(Uni)

167 15 2
By reselda_

ကျွန်တော်တညလုံး Singပြောတဲ့စကားကိုစဉ်းစားလိုက် မဟုတ်တရုတ်အတွေးတွေနဲ့ စိတ်ကူးယဉ်ပီး တော်တော် နဲ့အိပ်မပျော်ခဲ့ဘူး

ဒီနေ့က ကျောင်းဖွင့်တယ်ဆိုတော့ Singနဲ့ကျောင်းမှာတွေ့ရင်ဘလိုမျက်နှာချင်းဆိုင်ရမလဲ Singက သဘောရိုးရိုးနဲ့ပြောတာဘဲနေမှာပါ ငါကသာ လျှောက်စဉ်းစားနေတာ ဟုတ်တယ် Singကသူပြောတဲ့ စကားရဲ့အဓိပ္ပါယ်ကိုတောင် သေချာသတိထားမိမှာ မဟုဘူး Singလိုလူတယောက်က ငါ့ကိုချစ်မှာလည်း မဟုလောက်ဘူး

ဘာဘဲဖြစ်ဖြစ် အရင်တိုင်းကလိုဘဲ Singနဲ့ခင်မင်ချင်တယ်........Kristမင်းရဲ့မဟုတ်တဲ့ အတွေးတွေကို ခေါင်းထဲကထုတ်လိုက်တော့ ဘယ်တော့မှဖြစ်လာမှာလည်းမဟုဘူး😞😞😞

အတွေးများစွာနဲ့ အိပ်ရာထဲကထ ရေချိုးအဝတ်အစား လဲပီး ကျောင်းသွားဖို့ပြင်လိုက်တယ် အကုန်လုံး ပြင်ဆင်လို့ပီးတော့ breakfastစားဖို့အောက်ထပ်ကို ဆင်းလာခဲ့တယ်

Uncle-Krist စားပီးတာနဲ့ကျောင်းတန်းသွားတော့ မှာလား

Krist-ဟုတ် ဦးလေး ဘာဖြစ်လို့လဲ

Uncle- awwဦးလေး ညက အလုပ်လုပ်နေတာ နဲနဲကျန်သေးလို့ အဲ့ဒါ၁၀မိနစ်လောက်ဘဲ ကြာမှာ ခဏလောက်စောင့်ပေးမလား

Krist-ရပါတယ်ဦးလေးရယ် အခုမှ အစောကြီးရှိသေး တယ် အေးဆေးလုပ်ပါ

Uncle-အေအေ အဲ့ဆိုစားရင်းနဲ့စောင့်နေနော် ဦးလေး လုပ်လက်စအလုပ်ဆက်လုပ်လိုက်ဦးမယ်

Krist-ဟုတ်
{အခုမှ ၇နာရီထိုးပီးလောက်ဘဲရှိသေးတယ် Singကလဲ အခုချိန်ဆိုကျောင်းလာဦးမှာမဟုတ်ပါဘူးလေ.........
ငါလည်း ကိုယ့်အတွေးတွေကိုယ်ထိန်းချုပ်ဖို့ အချိန်ရသွား တာပေါ့}
.......................................................................
ကျွန်တော်ဒီနေ့ဆေးရုံကနေ အစောကြီးထွက်ခဲ့တယ် ဘာလို့လဲဆိုတော့ ကျောင်းကိုစောစောသွားမလို့လေ kitကိုတောင်းပန်ချင်လို့ နောက်ကျနေရင် မတောင်းပန် လိုက်ရမှာစိုးလို့ပါ အကိုကလည်း ကျွန်တော့်ကို သူ့အခြေအနေက ခြေထောက်ကလွဲပီး အားလုံးနီးပါး ပြန်ကောင်းနေပီ ဆိုတော့စိတ်ပူမနေနဲ့ သွားစရာရှိတာ သွားတဲ့.....

ကျွန်တော်ကကျောင်းကိုရောက်တော့အတန်းထဲမှာkitကိုလိုက်ရှာပေမဲ့ မတွေ့ဘူး အတန်းထဲမှာလည်း လူကနဲနဲဘဲရောက်သေးတယ် Newတို့pinkတို့ကိုတောင်မတွေ့ဘူး ကျွန်တော်ဘဲ အရမ်းစိတ်လောနေမိတယ်ထင်တယ်............

အတန်းထဲမှာကျောင်းသားတွေလည်းတဖြည်းဖြည်းနဲ့ ရောက်လာကြပီ ဒါပေမဲ့kitတော့ရောက်မလာသေးဘူး  ကျွန်တော်စောင့်ရင်း စောင့်ရင်း တဖြည်းဖြည်းနဲ့စိတ်ပူ လာပီ သူကျောင်းကိုမလာတော့ဘူးလားဆိုပီးတော့
အတန်းထဲမှာထိုင်စောင့်မနေနိုင်တော့တာနဲ့ဘဲ ကျောင်းအဝင်ပေါက်မှာသွားစောင့်နေလိုက်တယ် 

ခဏကြာတော့ ကျွန်တော်စောင့်နေရတဲ့သူလေးကိုတွေ့ပါ ပီ သူလေးလဲကျောင်းနောက်ကျပီထင်ပီး ခြေလှမ်းကျဲကြီးတွေနဲ့မြန်မြန်လာနေတယ် သူကျွန်တော့် ကိုတွေ့ပုံတော့မပေါ်ဘူး ကျွန်တော်လည်း kitနောက်ကနေလိုက်ပီး kitရဲ့လက်ကို လှမ်းဆွဲလိုက်တယ်

Krist-အမယ်လေး!!!!!

Sing- ရှူး.....ကိုယ်နောက်ခဏလိုက်ခဲ့
{ကျွန်တော်လည်း ဘာမှရှင်းပြမနေဘဲ kitရဲ့လက်ကိုဆွဲပီး ကျောင်းခေါင်မိုးထပ်ကို ဆွဲခေါ် လာခဲ့တယ် သူကတော့ဘာမှမသိဘဲ ကျွန်တော့် နောက်ကနေ ပါလာတယ်လေ}

Krist- Singဘာလို့ဒီနေရာကိုခေါ်လာတာလဲ

Sing-kit ကိုယ်တကယ်တောင်းပန်ပါတယ် မနေ့ကကိုယ်ပြောလိုက်တဲ့စကားကြောင့် kitစိတ်ဆိုးသွား တယ်မဟုလား

Krist-................

Sing-ကိုယ်ကလေ တမင်တကာနဲ့ပြောလိုက်တာမဟု ပါဘူး စနောက်ချင်တဲ့သဘောနဲ့ပြောတာလည်း မဟု ပါဘူး ကိုယ်လူတိုင်းကို အဲ့လိုပြောတတ်တဲ့သူလည်းမဟု ပါဘူးkitရယ်

Krist-..........................
{ကျွန်တော့်ဦးလေးအလုပ်က တော်တော်နဲ့မပီးသေး တာနဲ့ကျွန်တော့်မှာအကြာကြီးစောင့်လိုက်ရတယ် ကျောင်းရောက်တော့လည်း Singရောက်နေပီထင်ပီး မြန်မြန်လာခဲ့တာ စိတ်ကSingဆီဘဲရောက်နေတော့ ဘသူ့ကိုမှလည်းဂရုမစိုက်နိုင်ဘူး အဲ့အချိန် နောက်ကနေ ကျွန်တော့်လက်ကိုဖမ်းဆွဲခံလိုက်ရတော့ လန့်သွားလို့ အသံထွက်ပီးတောင်အော်လိုက်မိသေးတယ် ဘသူများ လဲလို့ကြည့်လိုက်တော့Sing...သူ့နောက်ကလိုက်ခဲ့လို့ဘဲပြောပီး နေရာတစ်နေရာကိုဆွဲခေါ်သွားတယ် နောက်ဆုံးတော့ သူခေါ်ခဲ့တဲ့နေရာက ကျောင်းခေါင်မိုး ထပ်ကိုဖြစ်နေတယ် ပီးတော့ရောက်ရောက်ချင်း ကျွန်တော့်ကို တောင်းပန်နေတယ် မနေ့ကကိစ္စကို ကျွန်တော်စိတ်ဆိုးနေပီလို့ ထင်နေတဲ့ပုံဘဲ.... ကျွန်တော်လည်း ဘာမှပြန်မပြောနေဘဲသူပြောတာတွေ ဘဲနားထောင်နေလိုက်တယ်..... }

Sing-ကိုယ်အခုချိန်ထိ မိန်းကလေးတယောက်ကို တောင် အဲ့စကားမျိုးမပြောပါဘူး kitရယ် ကိုယ့်ကိုစကား လေးတော့ပြန်ပြောပါဦး အဲ့လိုကြီးမနေပါနဲ့ ကိုယ်မနေ တတ်လို့ပါ....

Krist-ဘာလို့ဒါတွေလာပြောနေတာလဲ တောင်းပန်စရာ လည်းမလိုပါဘူး

Sing-kitကကိုယ့်ကိုစိတ်ဆိုးနေတာမဟုဘူးလား....

Krist-မဆိုးပါဘူး ဘယ်တုန်းကစိတ်ဆိုးတယ်လို့ ပြောမိလိုက်လို့လဲ😊😊

Sing-hum..အဲ့..အဲ့ဆိုစိတ်မဆိုးဘူးပေါ့ ကိုယ်ကkitစိတ်ဆိုးပီထင်နေတာ ပျော်လိုက်တာkitရာ ကိုယ်အရမ်းပျော်တာဘဲ......😄😄

ကျွန်တော်လည်းအရမ်းပျော်သွားလို့kitရဲ့ကိုယ်လေးကို ဖက်ထားလိုက်တယ် ကျွန်တော့်မှာတညလုံး kitစိတ်ဆိုး နေတယ်ထင်ပီးစိတ်ပူလိုက်ရတာ ခုမှဘဲစိတ်အေးသွားရ
တော့တယ် kitရဲ့ကိုယ်ကိုပိုပီးတင်းတင်းကြပ်ကြပ်ဖက် ထားလိုက်တယ် ခေါင်မိုးထပ်မှာဆိုတော့ဘသူမှ တွေ့မယ့်သူလည်းမရှိဘူးလေ kitကို ကျွန်တော့်ရဲ့ရင်ခွင် ထဲမှာမြုပ်နေတဲ့အထိကို ခပ်ကြာကြာလေး ဖက်ထားလိုက်တယ်👨‍❤️‍👨
(ယူတို့တွေနော် ခေါင်မိုးထပ်ကြီးမှာစိတ်ထိန်းကြပါ😆)

Krist-S..singနဲနဲလောက်လွှတ်ပါဦး အသက်ရှူကြပ် လို့...

Sing-aww...အင်း ကိုယ်အရမ်းပျော်သွားလို့ပါ
တောင်းပန်ပါတယ်kit

Krist-............
{ကျွန်တော့်မှာပြောစရာစကားတောင်မရှိတော့ဘူး အသက်တောင်မနဲပြန်ရှူနေရတယ်😌😌😌
ကျွန်တော်ကSingကိုစိတ်မဆိုးဘူးလဲပြောလိုက်ရော သူပျော်လွန်းလို့တဲ့ ကျွန်တော့်ကိုလာဖက်တယ် ကျွန်တော်မရုန်းနိုင်ဘူးလေ သူ့အားကြီးနဲ့လူကို အတင်းဖက်ထားတာကိုး ...(ယုံလိုက်ပါမယ်kitရယ်😂) သူတင်းတင်းကျပ်ကျပ်ဖက်ထားလို့ သူ့ရင်ဘတ်ထဲက ရင်ခုန်သံတွေကိုလည်းအကျယ်ကြီးကြားနေရတယ်
ကျွန်တော့်ရင်ထဲမှာလည်း နှလုံးခုန်သံတွေက စည်းချက် မမှန်တော့ဘူး ကျွန်တော်Singရင်ခွင်ထဲမှာရောက် နေတဲ့အချိန် ကြည်နူးမိတာတော့အမှန်ဘဲ Singကပိုပီး တင်းတင်းဖက်ထားလေ ကျွန်တော့်မှာ ရင်တွေအခုန်မြန်ပီး အသက်ရှူလို့မဝသလိုဖြစ်လာတယ် နောက်ဆုံးမနေနိုင်တော့တာနဲ့ Singကိုလွှတ်ဖို့ပြောမှဘဲလွှတ်ပေးတော့တယ်..}

Sing- အဲ့..အဲ့ဆိုသွားကြရအောင် အတန်းနောက်ကျနေ တော့မယ်.....

Krist- အွန်း......
........................................................................ ကျွန်တော်အတန်းထဲမှာစာသင်နေပေမဲ့ ခေါင်မိုးထပ်မှာ kitကိုလုပ်မိလိုက်တဲ့ အပြုအမူကိုပြန်စဉ်းစားမိတယ် ကျွန်တော်kitနဲ့အတူရှိနေတိုင်း ကျွန်တော့်ရဲ့ထိန်းချုပ်နိုင် စွမ်းတွေလည်းအကုန်ပျောက်ကုန်သလိုဘဲ

Kitကို ဖက်ထားတုန်းက ကျွန်တော့်ကမ္ဘာတခုလုံး ပြည့်စုံသွား သလိုမျိုးကြီးခံစားလိုက်ရတယ် kitကိုဖက်ထားတာ ပြန်လွှတ်ပေးလိုက်တော့လည်းကျွန်တော့်ရင်ထဲမှာ ဟာတာတာကြီးဖြစ်ကျန်နေခဲ့တယ်........

အယ် မေ့နေတာ ကျွန်တော်ညကတည်းကဘာမှ မစားရသေးဘူးဘဲ ဗိုက်ထဲမှာလည်းတော်တော်ဆာနေပီ ခဏနေ break timeကျရင် ထမင်းအမြန်သွားစားရ မယ် တော်ကြာkitမျက်နှာလေးကိုတွေ့ရမယ့်အချိန်တွေ နည်းသွားဦးမယ်.....😊😊
(တော်တော်လေးသဲသဲလှုပ်ကိုဖြစ်နေတာဘဲ
ကိုကိုSingရယ်....😁😁)
----------------------------------------------------------------
မနက်က Singကျွန်တော့်ကို ဖက်ထားတဲ့အချိန်လေးကို ပြန်တွေးပီးတယောက်တည်းပြုံးနေမိတယ် Singကိုကြည့်လိုက်တော့လည်း စာရေးနေပေမယ့် မျက်နှာကတော့ ပြုံးပြုံးကြီးဖြစ်နေတယ် သူလည်းကျွန်တော့်လိုမနက်ကအကြောင်းကို ပြန်တွေးနေတာဘဲဖြစ်မယ် .........ကျွန်တော်လည်း ကိုယ့်မျက်နှာကိုပြန်တည်လိုက်ပီး ဆရာစာသင်တာကိုဘဲ အာရုံစိုက်လိုက်တယ်..............
အတန်းချိန်တွေပီးလို့ break timeကျတော့Sing အခန်းထဲကနေ မြန်မြန်လမ်းလျှောက်ပီး ထွက်သွားတယ် ကျွန်တော်လည်း ဘာဖြစ်တာလဲသိချင်လို့ Sing အနောက်ကနေ မသိမသာလေးလိုက်လာခဲ့တယ် Sing က ကန်တင်းဘက်ကိုသွားနေတာဘဲ.....

ဘုတ်....
ဟာ!!!!!!!!

Boy- ဟျောင့် မင်းလူတယောက်လုံးလာတာကိုမတွေ့ ဘူးလား

Sing- တောင်းပန်ပါတယ် ......ငါ လောနေလို့ပါ..

Boy -လောနေတာအရေးမကြီးဘူး မင်းကြောင့် ငါ့အအေးဘူးမှောက်သွားလို့ ငါ့အားကစားအကျႌသစ် လေး ပေသွားပီ

Sing- ငါတကယ်တောင်းပန်ပါတယ်.....ငါဘာပြန်လုပ် ပေးရမလဲ

Boy-မင်းကဘာပြန်လုပ်ပေးနိုင်မှာမိုလို့လဲ မလိုဘူး

Boy 2-ဟျောင့်သွားရအောင်ကွာ နောက်ကျနေပီ

Boy-အေ မင်းကိုဒီတခါတော့ခွင့်လွှတ်လိုက်မယ် နောက်တခါ မလွယ်ဘူးမှတ်

Sing-.................

ဒီကောင်တွေSingကိုသက်သက်မဲ့စော်ကားသွားတာ ကျွန်တော်Singနောက်ကလိုက်လာရင်း အကုန်လုံးကိုမြင်တယ် Singကမမှားဘူး

အဲ့ကောင်တွေ သာတဟီးဟီးတဟားဟားနဲ့စကားပြောရင်းလျှောက်လာ
ပီးSingကိုဝင်တိုက်တာ ရှေ့မကြည့်နောက်မကြည့်နဲ့ အလကားကောင်တွေ😒😒😒

Krist-Sing....

Sing-ဟင်...kit

Krist-ဘာလို့အဲ့လောက်ထိအလောတကြီးသွားနေတာ တုံး..

Sing-ဟို..အမှန်အတိုင်းပြောရရင် ကိုယ်ညကတည်းကဘာမှမစားရသေးဘူး မနက်ရောက်တော့လည်းkitကိုတောင်းပန်ဖို့စိတ်လော
နေတာနဲ့ မစားဖြစ်ခဲ့ဘူး အဲ့တာအခုဗိုက်အရမ်းဆာနေလို့
😅😅😅

Krist-ဘာမှမစားဘဲနေရလား!!!!!အစာအိမ်ဖြစ်သွားမယ်လေ.....

Sing-😔😔😔😔

Krist-လာခဲ့ ကျွန်တော်ဝယ်ကျွေးမယ် ဘာမှမပြောဘဲနဲ့ လိုက်ခဲ့ မနေ့က ခေါက်ဆွဲပြုတ်ကျွေးလို့အခုပြန် ဝယ်ကျွေးတာလို့သတ်မှတ်လိုက်...

Sing-...............

ညကတည်းကဘာမှမစားရသေးဘူးလို့ singကပြော တော့ကျွန်တော် အရမ်းစိတ်တိုသွားတယ် အစားကို တောင်ဂရုစိုက်မစားဘူး ကျန်းမာရေးမကောင်းရင် ဘလို လုပ်မလဲ အဲ့တာကြောင့်မို့ Singကိုအော်မိသွားတာ ကျွန်တော်အော်လိုက်လို့Singလည်းဘာမှပြန်မပြော တော့ဘဲ ကျွန်တော်ဝယ်ကျွေးတာကိုဘဲစားနေတယ် ကျွန်တော်Singကိုကြည့်နေရင်းစိတ်ထဲဝမ်းနည်းမိသွား တယ်

ပြောရမယ်ဆိုရင် ကျွန်တော်ကြောင့် Singက ဟိုကောင်တွေပြောဆိုတာခံလိုက်ရတာ ..........
ကျွန်တော် အဲ့ဒီ့အချိုးမပြေတဲ့အကောင်တွေကိုလုံးဝ မကျေနပ်ဘူး

Singကိုခုနကလိုပြောဆိုသွားတဲ့အတွက် ကျွန်တော်တခုခုပြန်လုပ်ရမှကျေနပ်မှာ.............
ဘသူဘဲဖစ်နေပါစေ Singကိုထိခိုက်အောင် စိတ်ညစ်အောင်လုပ်တဲ့သူမှန်သမျှ ကျွန်တော် မကျေနပ်ဘူး......😡😡😠
________________________________________
(ကလေးက သူ့ကိုကို ကိုထိလို့မကျေနပ်ဘူးတဲ့ကွယ် ဘာပြန်လုပ်မလို့လည်းမသိဘူးနော်...... 😁😁😁
Sweetကြရဲ့လား ဇင်ဇင်ကလည်းsweetအောင် သိပ်မရေးတတ်တော့ ဖတ်တဲ့သူတွေကိုအားနာ
ပါတယ်😅😅ဖတ်ရတာအဆင်မပြေရင်လဲ ပြောကြနော် အသဲလေးတို့..)

Continue Reading

You'll Also Like

15.5K 1.7K 41
α€™α€„α€Ήα€Έα€‘α€…α€‘α€²α€€α€„α€«α€·α€˜α€α€‘α€²α€α€„α€Ήα€™α€œα€¬α€α€²α€·α€žα€„α€Ήα€·α€•α€°α€Έ Haruto α€»α€–α€…α€Ήα€α€Ία€„α€Ήα€›α€¬α€»α€–α€…α€Ήα€™α€„α€Ήα€Έα€‘α€”α€¬α€Έα€•α€²α€›α€½α€­α€α€Ία€„α€Ήα€α€šα€Ή JeongWoo
96.9K 5.1K 24
Exo's XingDae(yaoi) Cover- Aries LinLet Sky
5.7K 611 18
My 4th sukhoon fiction β™‘ We're just friends, What are you saying?