The Legendary Master's Wife (...

By Sailor_Moon_94

783K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... More

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 246
CHAPTER 247
CHAPTER 248
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 287
CHAPTER 288
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 295
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 249

9K 1.6K 112
By Sailor_Moon_94

Zawgyi ver.









ေျမေအာက္လိုင္း..











ေက်ာင္းေတာ္တစ္ခုလံုး ထိုအျဖစ္အပ်က္အလံုးစံုအား သိ႐ွိၿပီး မၾကာမီတြင္ ျဖစ္သည္..။

ယူေ႐ွာင္မိုႏွင့္ ခ်ိဳင္ကြၽင္းတို႔၏ စိန္ေခၚပြဲေက်းဇူးျဖင့္ ေက်ာင္းေတာ္၌ အားနည္းသူမ်ားအား အကူအညီေပးေသာ အဖြဲ႔အစည္းမ်ား ေပၚေပါက္လာၿပီး အႏိုင္က်င့္ခံရသူ လုယြီသည္လည္း ပို၍ နာမည္ေက်ာ္ၾကားလာခဲ့သည္ ။


ပံုမွန္အားျဖင့္ ေက်ာင္းေတာ္၌ ယခုမွ ဝင္ေရာက္လာေသာ ေက်ာင္းသားသစ္မ်ားအတြက္ ျသဇာေပးခံရျခင္းမွာ ထံုးစံတစ္ခုကဲ့သို႔သာ ျဖစ္သည္၊ အခ်ိဳ႕ ေက်ာင္းသားသစ္မ်ားမွာ ႐ိုင္းစိုင္းလြန္းသျဖင့္ ၎တို႔အား အၫြန္႔က်ိဳးေစရန္ ဆံုးမေပးမည့္စီနီယာမ်ား လိုအပ္ေလသည္၊ ၎မွာ စြန္းက်ဲမွ လင္းေ႐ွာင္အား ျပႆနာ႐ွာရျခင္း အေၾကာင္းရင္းမ်ားထဲ တစ္ခုအပါအဝင္ ျဖစ္သည္ ။

မညိသို႔ပင္ဆိုေစကာမူ လုယြီသည္ ယခု ယူေ႐ွာင္မို၏ လူအျဖစ္ ေၾကျငာၿပီးသား ျဖစ္သြားေသာေၾကာင့္ မည္သူမ်ွ သူ႔အား အႏိုင္မက်င့္ရဲၾကေတာ့ေပ၊ သူ႔အား အႏိုင္က်င့္ေနက် လူမ်ားသည္လည္း သူ၏ အေဆာင္တံခါးဝသို႔ လာကာ ကိုယ္တိုင္ကိုယ္က် ေတာင္းပန္ေနျကေလသည္ ။

၎တို႔သည္ ခ်ိဳင္ကြၽင္း၏ အမိန္႔အား လိုက္နာကာ က်ဴးလြန္ခဲ့ၾကသူမ်ားျဖစ္ေသာေၾကာင့္ လုယြီသည္ ထိုကိစၥအား အက်ယ္မခ်ဲ႔လိုေပ၊ သူစိုးရိမ္ေနသည္မွာ ဤကိစၥေၾကာင့္ မေက်နပ္မႈမ်ား စုျပံဳလာခဲ့လ်ွင္ ယူေ႐ွာင္မိုႏွင့္ သူ၏ ႐ိုး႐ွင္းေသာ ေက်ာင္းသားဘဝအား အေႏွာင့္အယွက္ျဖစ္မည္ကိုပင္၊ သူသည္ အမ်ာအျပားခံစားခဲ့ရေသာ္ျငား ဤကိစၥေၾကာင့္ပင္ အက်ိဳးအျမတ္မ်ား ရ႐ွိလာခဲ့သည္မွာလည္း အမွန္ပင္ျဖစ္သည္ ။

ယူေ႐ွာင္မိုႏွင့္ ပိုင္လီေ႐ွာင္ယြီတို႔ ေရာက္လာေသာအခါ လုယြီသည္ ေတာင္းပန္ရန္လာေရာက္ၾကေသာ လူအေပါင္းအား ျပန္လႊတ္လိုက္ေလသည္ ။

လုယြီသည္ အဝတ္အစားမ်ား သပ္သပ္ရပ္ရပ္ လဲလွယ္ထားၿပီးျဖစ္ကာ ယူေ႐ွာင္မို၏ ေဆးလံုးအစြမ္းျဖင့္ အေတာ္အတန္ သက္သာလာၿပီျဖစ္သည္၊ ထို႔အျပင္ သူ၏ဒဏ္ရာမ်ားသည္လည္း ျပန္လည္ေကာင္းမြန္လုနီးပါး ျဖစ္ေနၾကေလၿပီ ။

၎တို႔ႏွစ္ေယာက္အား ျမင္ေသာ္ လုယြီသည္ ေပ်ာ္ရႊင္စြာ ေလ်ွာက္လာကာ ႏႈတ္ဆက္ေလ၏။

" သခင္ေလး! "

ယူေ႐ွာင္မို တံေတြးသီးသြားေလသည္၊ လုယြီမွ သူ႔အား ထိုသို႔ေခၚလိုက္သည့္အခ်ိန္တိုင္း မသက္မသာ ခံစားရေနျမဲပင္၊ သူသည္ လုယြီအား ထိုသို႔မေခၚပါရန္ တားျမစ္ေသာ္လည္း သူဟိုဘက္လွည့္သည္ႏွင့္ လုယြီမွသူ႔အား ေခၚျမဲအတိုင္း ဆက္ေခၚျမဲျဖစ္သည္၊ ထိုကဲ့သို႔သာ ဆက္တိုက္ဆက္ေခၚေနပါက ယူေ႐ွာင္မိုတစ္ေယာက္ ထိုအေခၚအေဝၚအား ေနသားက်ကာ သာယာသြားေတာ့မည္ျဖစ္သည္ ။

" လုယြီ မင္း အထုပ္အပိုးေတြသိမ္းလိုက္ .. ငါနဲ႔ တတိယေဆာင္းဦးျခံဝင္းကို လိုက္ခဲ့ "

" တ.. တတိယေဆာင္းဦးျခံဝင္း? ဘာလုပ္မို႔လဲဗ်?? "

လုယြီအံ့ျသသြားသည္၊ ထိုေနရာ၌ အရည္အေသြးျမင့္ေသာ တစ္ေယာင္ခန္းမ်ားသာ ႐ွိသည္ မဟုတ္ပါလား ။

" မင္းကိုအဲ့မွာ ေျပာင္းေနခိုင္းမလို႔ေပါ့ကြ .. ငါတို႔ ဒီေန့ကိစၥအတြက္ ဂုဏ္ျပဳရမယ္ေလ "


လုယြီထံသို႔ မလာမီတြင္ ယူေ႐ွာင္မိုသည္ အခန္းမ်ားငွါးရမ္းေပးရာ၌ တာဝန္႐ွိေသာ အႀကီးအကဲေကာင္းႏွင့္ ေဆြးေႏြးခဲ့ၿပီးျဖစ္သည္၊ သူသည္ ငွါးရမ္းထားသည့္အခန္းအား သူ၏နာမည္မွ အျခားသူထံသို႔ အမည္ေပါက္ လႊဲေျပာင္းျခင္း သို႔မဟုတ္ အခန္းျပန္သြင္းျခင္း တို႔ကို ျပဳလုပ္ႏိုင္ေပသည္၊ သို႔ေသာ္ ထိုသို႔ျပဳလုပ္ရာတြင္ အမည္ေပါက္လႊဲေျပာင္းျခင္းအတြက္မူ ႏွစ္မွတ္က်သင့္မည္ျဖစ္ၿပီး အခန္းျပန္သြင္းလိုလ်ွင္မူ ျပန္အမ္းခ တစ္မွတ္သာ ရ႐ွိမည္ျဖစ္သည္၊ ဥပမာ တစ္ရက္လ်ွင္ ငွါးရမ္းခ ေျခာက္မွတ္ေပးရေသာ တစ္ေယာက္ခန္းအား ျပန္သြင္းမည္ဆိုလ်ွင္ အသားတင္ ငါးမွတ္ ဆံုး႐ွံုးမည္ျဖစ္သည္၊ ထို႔ေၾကာင့္ ျပန္သြင္းျခင္းထက္ အမည္ေပါက္လႊဲေပးျခင္းက ပို၍ အက်ိဳး႐ွိေပမည္ ။

ယူေ႐ွာင္မို၏ အခန္းသည္ ငွါးရမ္းခ်ိန္ သံုးရက္ က်န္ေနေသးေသာေၾကာင့္ ၎အား လုယြီထံသို႔ လႊဲေျပာင္းေပးမည္ ျဖစ္သည္ ။

သခင္ေလးမွ သူ႔အား သံုးရက္ငွါးရမ္းထားေသာ တစ္ေယာက္ခန္းအား လက္ေဆာင္ေပးသည္ဟု ၾကားသိလိုက္ရေသာအခါ လုယြီသည္ အလြန္အံ့ျသသြားကာ အေလာတႀကီးျပန္ေျပာေလ၏ ။

" သခင္ေလး ဒီလိုမလုပ္ပါနဲ႔.. သခင္ေလးက သခင္ေလးပဲေလ ကြၽန္ေတာ္လိုလူက ဒီလိုေနရာမွာေနရတယ္ဆိုတာ သဘာဝက်ပါတယ္ ကြၽန္ေတာ္က ဘယ္လိုလုပ္ပီးေတာ့မ်ား သခင္ေလးရဲ႕လက္ေဆာင္ကို ဒီအတိုင္းလက္ခံရမွာလဲဗ်ာ ကြၽန္ေတာ္ လက္မခံဝံ့ပါဘူး..  "






ထိုစကားအားျကားေသာအခါ ယူေ႐ွာင္မိုသည္ သူ၏ အိတ္အတြင္းမွ ေက်ာက္ျပားတစ္ခုထုတ္ယူလိုက္ကာ လုယြီအား ေပးေလသည္ ။

" ေရာ့ ..  လက္ခံတယ္ လက္မခံဘူး လုပ္မေနနဲ႔ .. ငါကေတာ့ အခန္းကို မင္းနာမည္နဲ႔ လႊဲေပးခဲ့ၿပီးၿပီ! အဲ့မွာ ေနမယ္ မေနဘူးဆိုတာ မင္းသေဘာပဲ.. ၾကည့္ရသေလာက္ မင္းဒဏ္ရာေတြလဲ သက္သာေနၿပီဆိုေတာ့ ေျပာင္းတာေရႊ႕တာေတာ့ ကိုယ့္ဘာသာကိုယ္ လုပ္လိုက္မယ္မလား.. ငါသြားႏွင့္ၿပီ.. "



လုယြီအား ျငင္းဆန္ရန္ အခြင့္အေရးမေပးပဲ ယူေ႐ွာင္မိုႏွင့္ ပိုင္လီေ႐ွာင္ယြီတို႔ တန္းခြဲႏွစ္သို႔ ျပန္သြားၾကေလ၏ ။









အျပန္လမ္းတြင္ ယူေ႐ွာင္မိုသည္ သူ႔အား ေစာင့္ၾကည့္ေနေသာ မ်က္လံုးအေရအတြက္မ်ား တိုးပြားလာေၾကာင္း သတိထားမိေလသည္၊ သူသည္ လူအေပါင္း၏အာရံုဝင္စားရာ တည့္တည့္သို႔ ေရာက္႐ွိသြားျပန္ပီမွန္း သိေလသည္၊ သို႔ေသာ္ မတတ္ႏိုင္ ။

ဘယ္သူကမ်ား အဲ့ႂကြက္စုတ္ေကာင္ခၽိဳင္ကြၽင္းကို သူ႔လက္ေအာက္ကလူကို လာထိခိုင္းရတာလဲ!? ဒါေပါ့ သူ႔ဘက္က လာစထိမွေတာ့ ဒီအတိုင္း လႊတ္မထားႏိုင္ေတာ့ဘူးေပါ့..




၎အၾကည့္မ်ားအား တည္ၿငိမ္စြာ ေ႐ွာင္႐ွားကာ ယူေ႐ွာင္မိုသည္ သူ၏ အေဆာင္သစ္သို႔ ေျပာင္းေရႊ႔လာ၏၊ သူ၏ကဒ္ေပၚတြင္ အမွတ္ မ်ားမ်ားစားစားမ႐ွိေသာေၾကာင့္ ယူေ႐ွာင္မိုသည္ ၎လံုးခ်င္းအေဆာင္ငယ္အား ငါးရက္စာသာ ငွါးႏိုင္ေလသည္ ။



ပိုင္လီေ႐ွာင္ယြီသည္ ေလးေယာက္ခန္း၌သာ ဆက္ေနရန္ ဆႏၵ႐ွိေသာ္ျငား ယူေ႐ွာင္မိုသည္ ေ႐ွာင္ယြီ႔ထံ၌ အျခားအိမ္ေတာ္ႀကီးမ်ားမွ ဆင္းသက္လာေသာ သခင္ေလးမ်ားကဲ့သို႔ အက်င့္ဆိုးမ်ားမ႐ွိသည္အား အကဲခတ္မိေသာေၾကာင့္ ေ႐ွာင္ယြီအား သူႏွင့္အေပါင္းအသင္းလုပ္ရန္ လက္ခံခဲ့သည္၊ ထို႔ေၾကာင့္ ပိုင္လီေ႐ွာင္ယြီသည္ သူ႔အကိုထံမွ ရ႐ွိထားေသာ အမွတ္မ်ားအား အသံုးျပဳကာ ယူေ႐ွာင္မို႔ေဘးကပ္ရပ္႐ွိ အေဆာင္တစ္ခုထံသို႔ ယခင္ေလးေယာက္ခန္းမွထြက္၍ ေပ်ာ္ရႊင္စြာ ေျပာင္းေရႊ႔လာခဲ့ေလသည္ ။










အေဆာင္တြင္းသို႔ ေရာက္ေသာအခါ ယူေ႐ွာင္မိုသည္ ၎အခန္းတြင္း႐ွိ စိတ္စြမ္းအင္ပမာဏမွာ ပံုမွန္ပတ္ဝန္းက်င္ထက္ ပို၍ သိပ္သည္းေၾကာင္း ခံစားမိေလ၏ ။

ဤကဲ့သို႔ေသာ ပတ္ဝန္းက်င္မ်ိဳး၌သာ က်င့္ၾကံပါက တစ္ဝက္မ်ွ အားစိုက္ထုတ္ရံုျဖင့္ပင္ အက်ိဳးႏွစ္ဆရ႐ွိႏိုင္သည္ကို ေတြးမိေသာေၾကာင့္ သူ၏ ခ်ိဳအသင္းအား အျပင္သို႔ ခ်က္ခ်င္း ဆင့္ေခၚလိုက္ေလ၏ ။



သူ၏နယ္ေျမအတြင္း၌ တရားထိုင္ေနၾကေသာ ခ်ိဳအသင္းဝင္မ်ားသည္ ႐ုတ္တရက္ ေနရာေျပာင္းေရႊ႔ခံလိုက္ရျခင္းေၾကာင့္ အေႏွာင့္အယွက္ျဖစ္သြားၾက၏၊ ေ႐ွာင္ေဟးတစ္ေယာက္သာ တရားမက်င့္ပဲ႐ွိေနေလသည္၊ သို႔ေသာ္ျငား ထိုအခန္းတြင္း႐ွိ စိတ္စြမ္းအင္ပမာဏသည္ ယူေ႐ွာင္မို႔နယ္ေျမထက္ ပို၍သိပ္သည္းေၾကာင္း သတိထားမိသြားၾကသည့္အခါ မေက်နပ္မႈမ်ား ေပ်ာက္သြားၾကေလေတာ့သည္ ။




" ဒီေနရာကဘာလဲ? ဘာလို႔ ဒီကစြမ္းအင္ပမာဏက အရမ္းသိပ္သည္းေနရတာလဲ? "

ေ႐ွာင္ေဟးမွ အသက္ျပင္းျပင္း႐ွဴသြင္းကာ စြမ္းအင္ပမာဏအား ဆန္းစစ္ေနရင္းျဖင့္ ေမးေလ၏။






" သခင္ေလး သခင္ေလး ဒီေနရာက အရမ္းေကာင္းတာပဲ "

ဝဝလံုးလံုးဖီခ်ိဳသည္ သူ၏ခံစားခ်က္မ်ားအား စကားလံုးမ်ားျဖင့္ ေပၚလြင္ေအာင္ မေဖာ္ျပႏိုင္ေသာ္ျငား ဤအေဆာင္အား အလြန္သေဘာက်ေၾကာင္းကို သူ၏အမူအယာမ်ားမွတစ္ဆင့္ သိျမင္ႏိုင္၏၊  ဤလိုေနရာ၌သာ က်င့္ၾကံမည္ဆိုလ်ွင္ သူ၏အဆင့္တက္ႏႈန္းသည္လည္း ေသခ်ာေပါက္ တိုးတက္လာမည္ျဖစ္သည္ ။




ယူေ႐ွာင္မိုသည္ ၎တို႔အား ျသဝါဒအနည္းငယ္ေျခြလိုေသာ္ျငား ေမာင္ခ်ိဳႏွင့္ ေ႐ွာင္ေဟးတို့မွာ ေနရာတစ္ခု႐ွာ၍ တရားထိုင္ေနၾကၿပီျဖစ္ေသာေၾကာင့္ ယူေ႐ွာင္မို မ်က္ႏွာမဲ့သြားရသည္၊ ႐ွယ္ခ်ိဳတစ္ေကာင္သာ အေဆာင္တြင္း လွည့္ပတ္ၾကည့္လ်က္ စူးစမ္းေနေပ၏၊ ထို႔ေနာက္ တစ္စံုတစ္ခုအား သိ႐ွိသြားပံုရကာ..


" ေအာ္ ဒီလိုကိုး ...

ပီးေတာ့ ဒီတစ္ခုက ေတာ္ေတာ္လည္း ႀကီးသားပဲ . . "










" အဲ့ဒါဘာလဲ? "

ယူေ႐ွာင္မို မဆိုင္းမတြေမးလိုက္၏၊ ထိုအေၾကာင္းအရာအား သူအျမဲတမ္း သိခ်င္ေနခဲ့သည္ မဟုတ္ပါလား ။













..................










႐ွယ္ခ်ိဳမွ ေျဖးညင္းစြာ ျပန္ေျဖသည္ ။

" ဒီဧရိယာရဲ႕ ေအာက္ေျခမွာ ေျမေအာက္လိုင္းတစ္ခု႐ွိရမယ္.. ေတာက္႐ွင္းအကယ္ဒမီက စည္းစနစ္က်တဲ့ တည္ေဆာက္ပံုတစ္မ်ိဳးကို သံုးၿပီးေတာ့ ေျမေအာက္လိုင္းကလာတဲ့ စိတ္စြမ္းအင္ေတြကို တစ္ေနရာတည္းမွာ စုေပါင္းထည့္ၿပီး အကာအကြယ္စည္းနဲ႔ ပိတ္ေလွာင္ထားတာပဲ .. ဒီလိုနည္းနဲ႔ အေဆာင္တြင္းက ေလထုကို စိတ္စြမ္းအင္ေတြနဲ႔ ျပည့္ေနေအာင္ စီစဥ္ထားတာ .. ဒါေပမယ့္ . . . အဲ့လိုလုပ္တာေကာင္းေပမယ့္ ေတာ္ေတာ္ဆိုးတဲ့ ေဘးထြက္ဆိုးက်ိဳးႀကီးတစ္ခုလည္း ႐ွိေနတယ္ "

ယူေ႐ွာင္မိုမွ သိခ်င္စိတ္ျပင္းျပစြာေမးေလသည္။

" အဲ့ဒါ ဘယ္လိုဆိုးက်ိဳးမ်ိဳးလဲ? "




" တစ္ေန႔ေန႔ေတာ့ ေျမေအာက္လိုင္းက ခန္းေျခာက္သြားတယ္ ဆိုတဲ့ေန႔ ေရာက္လာမွာပဲ..

ကြၽန္ေတာ့္ခန္႔မွန္းခ်က္အရဆိုရင္ ေတာက္႐ွင္းအကယ္ဒမီက ဒီလိုနည္းနဲ႔ ေက်ာင္းသားေတြကို ေထာက္ပံ့ေပးလာတာ ႏွစ္ေပါင္းမ်ားစြာၾကာလွေနပီ .. ခန္႔မွန္းေျခ ႏွစ္ေပါင္းႏွစ္ေထာင့္ငါးရာေလာက္ေပါ့..

ဒီေျမေအာက္လိုင္းက ဘယ္ေလာက္ပဲ အားေကာင္းတယ္ဆိုဆို ကြၽန္ေတာ့္အထင္ တျဖည္းျဖည္းနဲ႔ အားေလ်ာ့စျပဳလာၿပီထင္တယ္ "


ယူေ႐ွာင္မိုကေတာ့ အဲ့ျပႆနာကို အႀကီးႀကီးလို႔  မမွတ္ပါဘူး.. ဒါေပမယ့္လို႔ ေျမေအာက္လိုင္းသာ လံုးဝခန္းေျခာက္သြားမယ္ဆိုရင္ ေက်ာင္းသားေတာ္ေတာ္မ်ားမ်ား စိတ္ဓာတ္ေတြက်ကုန္မွာ .. တခ်ိဳ႕ဆို ေက်ာင္းကေနေတာင္ ထြက္ကုန္ၾကလိမ့္မယ္ထင္တယ္!

သူဒီေက်ာင္းေရာက္တာ ရက္အနည္းငယ္ပဲ ႐ွိေသးေပမယ့္လို႔ ေက်ာင္းသားေတြရဲ႕ ဒီအခန္းတြင္းက သိပ္သည္းလြန္းတဲ့ စိတ္စြမ္းအင္ပမာဏေတြအေပၚ စြဲလမ္းမႈက ေတာ္ေတာ္ေလးျပင္းထန္ျကတယ္ဆိုတာ သူ႔စိတ္ထဲကေန အလိုလိုသိေနတယ္ေလ ။


" ဒီျပႆနာကို ေျဖ႐ွင္းဖို႔ နည္းေလးဘာေလး မ႐ွိဘူးလား? "

ယူေ႐ွာင္မို ေမးလိုက္သည္၊ သို႔ေသာ္ ေျမေအာက္လိုင္းသည္ သူ ဤေက်ာင္းေတာ္အား ဝင္ေရာက္ရသည့္ အဓိကအေၾကာင္းအရင္း မဟုတ္ေပ၊ သူသည္ ဤေက်ာင္းေတာ္၌ ဒီအတိုင္း စာရင္းသြင္းထားျခင္းသာျဖစ္ၿပီး သူေလ့လာဆည္းပူးေနစဥ္အတြင္း ဤေက်ာင္းေတာ္သည္ သူ၏ ေခတၱနားခိုရာသာျဖစ္သည္ ။




" နည္းလမ္းတစ္ခုခု႐ွိမယ္ဆိုတာ ေသခ်ာတယ္ "
႐ွယ္ခ်ိဳမွ ေျပာ၏။



" အဲ့နည္းလမ္းက ဘာလဲ? "

ယူေ႐ွာင္မိုမွ တိတိက်က် သိလိုေလသည္။



" အဲ့ဒါကို ကြၽန္ေတာ္က ဘယ္လိုလုပ္ သိမွာလဲဗ်? "

႐ွယ္ခ်ိဳမွ သူ႔အား ျပဴးၾကည့္ေလ၏၊ သူသည္ စိတ္စြမ္းအင္အေၾကာင္း သိေကာင္းစရာမ်ားအား သိ႐ွိထားေသာ္ျငား ေမြးကတည္းက သုခဘံုနယ္ေျမအတြင္း၌သာ ေနခဲ့ရေသာေၾကာင့္ ေျမေအာက္လိုင္းမ်ားအေၾကာင္း ခေရေစ့တြင္းက် မသိပါေခ် ။


ထိုအခါ ယူေ႐ွာင္မိုမွ သူ႔အား သနားစရာသတၱဝါေလးကဲ့သို႔ ၾကည့္လာေလ၏ ။

႐ွယ္ခ်ိဳသည္လည္း ၎ႏွင့္ ဆက္ၿပီးျငင္းခံုမေနေတာ့ပဲ ေနရာတစ္ခု႐ွာ၍ တရားက်င့္ရန္သာ  ျပင္ေလေတာ့၏ ။








သူ႔အား မည္သူမ်ွ အဖတ္မလုပ္ၾကေတာ့ေသာအခါ ယူေ႐ွာင္မိုသည္ စိတ္ပ်က္လက္ပ်က္ျဖင့္ ေဆးလံုးမ်ားေဖာ္ရန္ အေပၚထပ္သို႔ တက္လာခဲ့သည္ ။




ထိုႏွစ္ေယာက္သည္ ၎တို႔ ယခုေဆြးေႏြးခဲ့ေသာ အေၾကာင္းအရာမွာ ေတာက္႐ွင္းအကယ္ဒမီ၏ အလြန့္အလြန္အေရးႀကီးေသာ ျပႆနာတစ္ခု ျဖစ္ေနလိမ့္မည္ဟု ဂ႐ုမထားမိခဲ့ၾကေပ၊ ဆိုးရြားေသာ အက်ိဳးဆက္မ်ား ထြက္ေပၚမလာေစရန္အလို႔ငွါ ေက်ာင္းေတာ္မွ ထိုလ်ိဳ႕ဝွက္္ခ်က္အား ပိတ္သိမ္းထားၿပီး ထိပ္သီးပိုင္းပုဂၢိဳလ္မ်ားေလာက္သာ  သိထားျကေလ၏ ။

ယူေ႐ွာင္မိုသည္ ထိုကိစၥအား သိပ္အေလးမထားေပ၊ ၎ျပႆနာသည္ ဤကဲ့သို႔ ေဆြးေနေနရံုမ်ွျဖင့္ ေျပလည္သြားမည္မဟုတ္မွန္းလည္း နားလည္ထားသည္၊ ထို႔ျပင္ ၎ျပႆနာသည္ သူ႔အေပၚ သက္ေရာက္မႈ ႀကီးႀကီးမားမားမ႐ွိေသာေၾကာင့္ မလိုအပ္ေသာ ေခါင္းစားစရာမ်ားျဖင့္ ကိုယ့္ကိုကိုယ္ အပူမေပးလိုေပ ။













ဒုတိယေန႔တြင္ ယူေ႐ွာင္မိုသည္ သူ၏ဆိုင္ခန္းေလးအား မဖြင့္ျဖစ္၊ သူသည္ က်န္႐ွိေနေသာေဆးပင္မ်ားအား အကုန္ေဆးေဖာ္ျပီးမွသာ တစ္ခါတည္းသြားေရာင္းမည္ဟု စီစဥ္ထားသည္၊ ထို႔ေၾကာင့္ ယူေ႐ွာင္မိုသည္ ေန႔ေရာညပါ ႀကိဳးစားေဆးေဖာ္ေနသျဖင့္  အတန္းတက္ရမည္အား ေမ့ေနခဲ့ရာ ပိုင္လီေရွာင္ယြီမွ လာေရာက္သတိေပးသျဖင့္သာ အတန္းသို႔ ေရာက္လာရေလ၏ ။






၎တို႔ႏွစ္ဦးသည္ အတန္းသို႔ အတူတူေရာက္လာခဲ့ၾကရာ အနည္းငယ္ ေနာက္က်သျဖင့္ ထိုင္ခံုအားလံုး ျပည့္သြားေလ၏၊ ကံေကာင္းစြာပင္ ထံုယြဲ႔႐ွဴမွ ၎တို႔အတြက္ ေနရာဦးထားေပး၍သာ ေတာ္ေတာ့သည္။








ယူေ႐ွာင္မိုသည္ စာသင္ခန္းတစ္ပါတ္ လွည့္ပတ္ၾကည့္႐ႈလိုက္ေသာ္ျငား ခ်ိဳင္ကြၽင္း၏ အရိပ္အေယာင္ကိုမူ မေတြ႔ရေပ ။







၎အားျမင္ေသာအခါ ထံုယြဲ႔႐ွဴမွ ႐ွင္းျပ၏။

" ခ်ိဳင္ကြၽင္းက ထိခိုက္ဒဏ္ရာရသြားေတာ့ ခ်ိဳင္အိမ္ေတာ္ကို ျပန္ပို႔လိုက္ရတယ္ေလ.. ၾကည့္ရတာ သူျပန္ေကာင္းဖို႔ အခ်ိန္ေတာ္ေတာ္ ယူရဦးမွာဆိုေတာ့ စိတ္ေအးလက္ေအးေနေနလို႔ ရတယ္.. တကယ္လို႔မ်ား ခ်ိဳင္အိမ္ေတာ္က မင္းကိုတစ္ခုခုလုပ္ဖို႔ ျကိဳးစားလာရင္လည္း ေက်ာင္းက ဒီအတိုင္းထိုင္ၾကည့္ေနမွာ မဟုတ္ပါဘူး "

ယူေ႐ွာင္မိုေခါင္းၿငိမ့္လိုက္သည္၊ သူသည္လည္း ထိုကိစၥ၏ ေနာက္ဆက္တြဲမ်ားအား စဥ္းစားထားၿပီးျဖစ္ေသာေၾကာင့္ ခ်ိဳင္အိမ္ေတာ္မွ တစ္ခုခုလုပ္လာမည္အား ေၾကာက္လန္႔မေနပါေခ် ။




သင္ခန္းစာမ်ား မစတင္မီတြင္ ဆရာမနင္က်င္းသည္ မိမိတို႔တက္ရမည့္ အတန္းမ်ားအား ခြဲေပးေလ၏၊ အတန္းမ်ားသည္ မိမိတို႔၏ အဆင့္အေပၚလိုက္၍ ခြဲျခားေသာ္ျငား ယူေ႐ွာင္မိုကဲ့သို႔ အလြန္ႀကီးမားေသာ အလားအလာ႐ွိသူတို႔အဖို႔ အထူးတန္းဟူ၍ သီးသန္႔စီစဥ္ထားေလသည္၊ သူ႔အတြက္ ေက်ာင္းေတာ္မွ ကိုယ္ပိုင္ဆရာတစ္ဦး သတ္မွတ္ေပးထားမည္ျဖစ္ၿပီး အျခားေက်ာင္းသားမ်ားနည္းတူ အတန္းလိုက္တက္စရာလည္း မလိုေပ ။









ထို႔ေနာက္ အတန္းဆင္းေသာအခါ ဆရာမနင္က်င္းသည္ ယူေ႐ွာင္မိုအား သီးသန္႔စကားေျပာစရာ႐ွိသည္ဟုဆိုကာ ေနခဲ့ခိုင္းသည္၊ ၎အားျမင္ေသာ္ အေရးလုပ္မခံရေသာ ထန္းဇီ႐ွင္းသည္ ေအးစက္ေတာင့္ခဲေနေသာ အမူအယာမ်ိဳးျဖင့္ အခန္းတြင္းမွ အရင္ဆံုးထြက္သြားေလ၏ ။















" ကေလးစုတ္ေလး .. ခ်ိဳင္ကြၽင္းကို အႏိုင္ခ်ၿပီးၿပီဆိုေတာ့ အခု ေအးေဆးျဖစ္ေနတယ္ေပါ့ ဟုတ္လား "

လူ႐ွင္းသြားသည္ႏွင့္ ဆရာမနင္က်င္းသည္ ယူေ႐ွာင္မိုအား စေနာက္ေလသည္ ။



ယူေ႐ွာင္မိုသည္ ေဘးဘီသို႔ တစ္ခ်က္ၾကည့္လိုက္ၿပီးမွ ျပန္ေျပာ၏။

" အမ္း ... ဟုတ္တယ္ဗ် အခုမွ ပိုေနလို႔ေကာင္းသြားတာ .. "



ထိုအခါ ဆရာမသည္ စိတ္ေက်နပ္ဟန္ျဖင့္ ျပံဳးလိုက္ၿပီးကာမွ မ်က္ႏွာျပန္တည္သြားကာ..

" အ႐ူးေကာင္ေလး.. ဒီလိုမ်ိဳးေတြ ေျပာေနႏိုင္ေသးတယ္ေပါ့ မင္းက ေရ႐ွည္ကိုမစဥ္းစားပဲ လုပ္ခ်င္ရာလုပ္လိုက္တာပဲ.. ဒီေက်ာင္းက မင္းကို ေက်ာင္းသားတစ္ေယာက္ျဖစ္ေနစဥ္အတြင္းသာ ကာကြယ္ေပးႏိုင္မွာေနာ္ မင္းဘဝတစ္ေလ်ွာက္လံုး လိုက္မကာကြယ္ေပးႏိုင္ဘူး..

မင္းက ခ်ိဳင္အိမ္ေတာ္ရဲ႕ သိကၡာကို လူအမ်ားႀကီးေ႐ွ႕မွာ ေစာ္ကားသလိုျဖစ္ခဲ့တာဆိုေတာ့ အဲ့အိမ္ေတာ္ရဲ႕ ယုတ္မာပံုမ်ိဳးနဲ႔ဆိုရင္ မင္းကို အလြတ္ေပးလိမ့္မွာမဟုတ္ဘူး မင္းေတာ့ သတိထားေနတာေကာင္းလိမ့္မယ္ေနာ္ နားလည္ရဲ႕လား "




ထိုသို႔ဆူလိုက္ေသာအခါ ယူေ႐ွာင္မိုသည္ သူမႏွင့္ မ်က္လံုးခ်င္းမဆံုဝံ့ေသာေျကာင့္ စကားလမ္းေၾကာင္းေျပာင္းေလသည္ ။

" ဟုတ္ပါပီ ဆရာမရာ ကြၽန္ေတာ္သတိထားပါ့မယ္.. ကြၽန္ေတာ့္ကို အဲ့ဒါေျပာဖို႔ ေခၚလိုက္တာလား "



" ဘယ္ဟုတ္မလဲ! "

ဆရာမနင္က်င္းသည္ ေက်ာက္စိမ္းစာလိပ္တစ္ခုကို ယူေ႐ွာင္မိုအား ထုတ္ေပးသည္။

" ဒီစာလိပ္ထဲမွာ တန္းခြဲႏွစ္ရဲ႕ ထိပ္တန္း ေမွာ္ဆရာေတြအေၾကာင္း ပါတယ္၊ ျပန္သြားၿပီးေတာ့ ကိုယ့္ဟာကိုယ္ စစ္ၾကည့္လိုက္.. ပီးရင္ မင္းဆရာတင္ခ်င္တဲ့သူ တစ္ေယာက္ေယာက္ေတြ႔ခဲ့ရင္ ဆရာမကိုေျပာေနာ္.. ဆရာမ မင္းအတြက္ လိုက္ကူညီေပးမယ္ ဟုတ္ပီလား "

" ဟုတ္ကဲ့ပါ ေက်းဇူးတင္ပါတယ္ ဆရာမ"

ယူေ႐ွာင္မိုသည္ ေက်ာက္စိမ္းစာလိပ္အား လက္ခံရယူပီး ဆရာမအား အ႐ိုအေသေပးေလသည္။





" မလိုပါဘူး.. ဆရာမကို တကယ္ေက်းဇူးတင္တယ္ဆိုရင္ မင္းေအာင္ျမင္သြားတဲ့ေနာက္သာ ဆရာမကို မေမ့နဲ႔ေပါ့ "




ထို႔ေနာက္ ဆရာမသည္ ျပဳံးကာ..

" ကဲပါ ကဲပါ ဆရာမ စေနာက္ေနတာေတြမ်ားသြားၿပီ .. မင္းမွာ တျခားဘာမွမ႐ွိေတာ့ဘူးဆိုရင္ သြားရင္သြားေတာ့ေလ "


ယူေ႐ွာင္မို၌ တျခားေရြးခ်ယ္စရာ မ႐ွိေတာ့ေသာေၾကာင့္ ျပန္လာခဲ့ရေလသည္၊ အမွန္အတိုင္းဝန္ခံရလ်ွင္ သူသည္ ဆရာမနင္က်င္းအား အရင္ကတည္းက သူ၏ဆရာျဖစ္လာေစခ်င္ခဲ့ေသာ္ျငား တကယ္တမ္းတြင္ မျဖစ္နိုင္ေသာေၾကာင့္ အနည္းငယ္ ဝမ္းနည္းမိေလသည္ ။

ဆရာမဆီမွ ထြက္လာၿပီးေနာက္ သူသည္ အေဆာင္သို႔ျပန္ကာ က်န္႐ွိေနေသာေဆးပင္မ်ားအား ဆက္၍ ေဆးလံုးေဖာ္စပ္ေနလိုက္သည္၊ ေနာက္ေန႔တြင္ ေ႐ွာင္ယြီႏွင့္အတူ ေစ်းသို႔သြားကာ ဆိုင္ျပန္ဖြင့္မည္ဟုလည္း ေတြးေနေလသည္ ။













ဘယ္သူကမ်ားထင္မိမွာလဲ သူ႔ဆီက ေဆးလံုးဝယ္သြားတဲ့ႏွစ္ေယာက္က အဲ့ေနရာမွာ သူ႔ကိုထိုင္ေစာင့္ေနၾကလိမ့္မယ္လို႔!

















# 12.8.2020

ကိုယ့္အေရးအသားနဲ႔ ပတ္သက္ၿပီး ေဝဖန္ခ်က္ကေလးေတြ ေရးေပးသြားၾကပါလား ဒီေန႔ ကိုယ္ေရးထားတာကိုယ္ ယံုၾကည္ခ်က္သိပ္မ႐ွိလို႔ပါ

စာလံုးေပါင္း မွားေနတာေတြ႔လည္း ေထာက္ျပေပးၾကပါဦးေနာ္ ♥










________________








Unicode ver.









မြေအောက်လိုင်း..











ကျောင်းတော်တစ်ခုလုံး ထိုအဖြစ်အပျက်အလုံးစုံအား သိရှိပြီး မကြာမီတွင် ဖြစ်သည်..။

ယူရှောင်မိုနှင့် ချိုင်ကျွင်းတို့၏ စိန်ခေါ်ပွဲကျေးဇူးဖြင့် ကျောင်းတော်၌ အားနည်းသူများအား အကူအညီပေးသော အဖွဲ့အစည်းများ ပေါ်ပေါက်လာပြီး အနိုင်ကျင့်ခံရသူ လုယွီသည်လည်း ပို၍ နာမည်ကျော်ကြားလာခဲ့သည် ။


ပုံမှန်အားဖြင့် ကျောင်းတော်၌ ယခုမှ ဝင်ရောက်လာသော ကျောင်းသားသစ်များအတွက် သြဇာပေးခံရခြင်းမှာ ထုံးစံတစ်ခုကဲ့သို့သာ ဖြစ်သည်၊ အချို့ ကျောင်းသားသစ်များမှာ ရိုင်းစိုင်းလွန်းသဖြင့် ၎င်းတို့အား အညွန့်ကျိုးစေရန် ဆုံးမပေးမည့်စီနီယာများ လိုအပ်လေသည်၊ ၎င်းမှာ စွန်းကျဲမှ လင်းရှောင်အား ပြဿနာရှာရခြင်း အကြောင်းရင်းများထဲ တစ်ခုအပါအဝင် ဖြစ်သည် ။

မညိသို့ပင်ဆိုစေကာမူ လုယွီသည် ယခု ယူရှောင်မို၏ လူအဖြစ် ကြေငြာပြီးသား ဖြစ်သွားသောကြောင့် မည်သူမျှ သူ့အား အနိုင်မကျင့်ရဲကြတော့ပေ၊ သူ့အား အနိုင်ကျင့်နေကျ လူများသည်လည်း သူ၏ အဆောင်တံခါးဝသို့ လာကာ ကိုယ်တိုင်ကိုယ်ကျ တောင်းပန်နေကြလေသည် ။

၎င်းတို့သည် ချိုင်ကျွင်း၏ အမိန့်အား လိုက်နာကာ ကျူးလွန်ခဲ့ကြသူများဖြစ်သောကြောင့် လုယွီသည် ထိုကိစ္စအား အကျယ်မချဲ့လိုပေ၊ သူစိုးရိမ်နေသည်မှာ ဤကိစ္စကြောင့် မကျေနပ်မှုများ စုပြုံလာခဲ့လျှင် ယူရှောင်မိုနှင့် သူ၏ ရိုးရှင်းသော ကျောင်းသားဘဝအား အနှောင့်အယှက်ဖြစ်မည်ကိုပင်၊ သူသည် အမျာအပြားခံစားခဲ့ရသော်ငြား ဤကိစ္စကြောင့်ပင် အကျိုးအမြတ်များ ရရှိလာခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သည် ။

ယူရှောင်မိုနှင့် ပိုင်လီရှောင်ယွီတို့ ရောက်လာသောအခါ လုယွီသည် တောင်းပန်ရန်လာရောက်ကြသော လူအပေါင်းအား ပြန်လွှတ်လိုက်လေသည် ။

လုယွီသည် အဝတ်အစားများ သပ်သပ်ရပ်ရပ် လဲလှယ်ထားပြီးဖြစ်ကာ ယူရှောင်မို၏ ဆေးလုံးအစွမ်းဖြင့် အတော်အတန် သက်သာလာပြီဖြစ်သည်၊ ထို့အပြင် သူ၏ဒဏ်ရာများသည်လည်း ပြန်လည်ကောင်းမွန်လုနီးပါး ဖြစ်နေကြလေပြီ ။

၎င်းတို့နှစ်ယောက်အား မြင်သော် လုယွီသည် ပျော်ရွှင်စွာ လျှောက်လာကာ နှုတ်ဆက်လေ၏။

" သခင်လေး! "

ယူရှောင်မို တံတွေးသီးသွားလေသည်၊ လုယွီမှ သူ့အား ထိုသို့ခေါ်လိုက်သည့်အချိန်တိုင်း မသက်မသာ ခံစားရနေမြဲပင်၊ သူသည် လုယွီအား ထိုသို့မခေါ်ပါရန် တားမြစ်သော်လည်း သူဟိုဘက်လှည့်သည်နှင့် လုယွီမှသူ့အား ခေါ်မြဲအတိုင်း ဆက်ခေါ်မြဲဖြစ်သည်၊ ထိုကဲ့သို့သာ ဆက်တိုက်ဆက်ခေါ်နေပါက ယူရှောင်မိုတစ်ယောက် ထိုအခေါ်အဝေါ်အား နေသားကျကာ သာယာသွားတော့မည်ဖြစ်သည် ။

" လုယွီ မင်း အထုပ်အပိုးတွေသိမ်းလိုက် .. ငါနဲ့ တတိယဆောင်းဦးခြံဝင်းကို လိုက်ခဲ့ "

" တ.. တတိယဆောင်းဦးခြံဝင်း? ဘာလုပ်မို့လဲဗျ?? "

လုယွီအံ့သြသွားသည်၊ ထိုနေရာ၌ အရည်အသွေးမြင့်သော တစ်ယောင်ခန်းများသာ ရှိသည် မဟုတ်ပါလား ။

" မင်းကိုအဲ့မှာ ပြောင်းနေခိုင်းမလို့ပေါ့ကွ .. ငါတို့ ဒီနေ့ကိစ္စအတွက် ဂုဏ်ပြုရမယ်လေ "


လုယွီထံသို့ မလာမီတွင် ယူရှောင်မိုသည် အခန်းများငှါးရမ်းပေးရာ၌ တာဝန်ရှိသော အကြီးအကဲကောင်းနှင့် ဆွေးနွေးခဲ့ပြီးဖြစ်သည်၊ သူသည် ငှါးရမ်းထားသည့်အခန်းအား သူ၏နာမည်မှ အခြားသူထံသို့ အမည်ပေါက် လွှဲပြောင်းခြင်း သို့မဟုတ် အခန်းပြန်သွင်းခြင်း တို့ကို ပြုလုပ်နိုင်ပေသည်၊ သို့သော် ထိုသို့ပြုလုပ်ရာတွင် အမည်ပေါက်လွှဲပြောင်းခြင်းအတွက်မူ နှစ်မှတ်ကျသင့်မည်ဖြစ်ပြီး အခန်းပြန်သွင်းလိုလျှင်မူ ပြန်အမ်းခ တစ်မှတ်သာ ရရှိမည်ဖြစ်သည်၊ ဥပမာ တစ်ရက်လျှင် ငှါးရမ်းခ ခြောက်မှတ်ပေးရသော တစ်ယောက်ခန်းအား ပြန်သွင်းမည်ဆိုလျှင် အသားတင် ငါးမှတ် ဆုံးရှုံးမည်ဖြစ်သည်၊ ထို့ကြောင့် ပြန်သွင်းခြင်းထက် အမည်ပေါက်လွှဲပေးခြင်းက ပို၍ အကျိုးရှိပေမည် ။

ယူရှောင်မို၏ အခန်းသည် ငှါးရမ်းချိန် သုံးရက် ကျန်နေသေးသောကြောင့် ၎င်းအား လုယွီထံသို့ လွှဲပြောင်းပေးမည် ဖြစ်သည် ။

သခင်လေးမှ သူ့အား သုံးရက်ငှါးရမ်းထားသော တစ်ယောက်ခန်းအား လက်ဆောင်ပေးသည်ဟု ကြားသိလိုက်ရသောအခါ လုယွီသည် အလွန်အံ့သြသွားကာ အလောတကြီးပြန်ပြောလေ၏ ။

" သခင်လေး ဒီလိုမလုပ်ပါနဲ့.. သခင်လေးက သခင်လေးပဲလေ ကျွန်တော်လိုလူက ဒီလိုနေရာမှာနေရတယ်ဆိုတာ သဘာဝကျပါတယ် ကျွန်တော်က ဘယ်လိုလုပ်ပီးတော့များ သခင်လေးရဲ့လက်ဆောင်ကို ဒီအတိုင်းလက်ခံရမှာလဲဗျာ ကျွန်တော် လက်မခံဝံ့ပါဘူး..  "






ထိုစကားအားကြားသောအခါ ယူရှောင်မိုသည် သူ၏ အိတ်အတွင်းမှ ကျောက်ပြားတစ်ခုထုတ်ယူလိုက်ကာ လုယွီအား ပေးလေသည် ။

" ရော့ ..  လက်ခံတယ် လက်မခံဘူး လုပ်မနေနဲ့ .. ငါကတော့ အခန်းကို မင်းနာမည်နဲ့ လွှဲပေးခဲ့ပြီးပြီ! အဲ့မှာ နေမယ် မနေဘူးဆိုတာ မင်းသဘောပဲ.. ကြည့်ရသလောက် မင်းဒဏ်ရာတွေလဲ သက်သာနေပြီဆိုတော့ ပြောင်းတာရွှေ့တာတော့ ကိုယ့်ဘာသာကိုယ် လုပ်လိုက်မယ်မလား.. ငါသွားနှင့်ပြီ.. "



လုယွီအား ငြင်းဆန်ရန် အခွင့်အရေးမပေးပဲ ယူရှောင်မိုနှင့် ပိုင်လီရှောင်ယွီတို့ တန်းခွဲနှစ်သို့ ပြန်သွားကြလေ၏ ။









အပြန်လမ်းတွင် ယူရှောင်မိုသည် သူ့အား စောင့်ကြည့်နေသော မျက်လုံးအရေအတွက်များ တိုးပွားလာကြောင်း သတိထားမိလေသည်၊ သူသည် လူအပေါင်း၏အာရုံဝင်စားရာ တည့်တည့်သို့ ရောက်ရှိသွားပြန်ပီမှန်း သိလေသည်၊ သို့သော် မတတ်နိုင် ။

ဘယ်သူကများ အဲ့ကြွက်စုတ်ကောင်ချိုင်ကျွင်းကို သူ့လက်အောက်ကလူကို လာထိခိုင်းရတာလဲ!? ဒါပေါ့ သူ့ဘက်က လာစထိမှတော့ ဒီအတိုင်း လွှတ်မထားနိုင်တော့ဘူးပေါ့..




၎င်းအကြည့်များအား တည်ငြိမ်စွာ ရှောင်ရှားကာ ယူရှောင်မိုသည် သူ၏ အဆောင်သစ်သို့ ပြောင်းရွှေ့လာ၏၊ သူ၏ကဒ်ပေါ်တွင် အမှတ် များများစားစားမရှိသောကြောင့် ယူရှောင်မိုသည် ၎င်းလုံးချင်းအဆောင်ငယ်အား ငါးရက်စာသာ ငှါးနိုင်လေသည် ။



ပိုင်လီရှောင်ယွီသည် လေးယောက်ခန်း၌သာ ဆက်နေရန် ဆန္ဒရှိသော်ငြား ယူရှောင်မိုသည် ရှောင်ယွီ့ထံ၌ အခြားအိမ်တော်ကြီးများမှ ဆင်းသက်လာသော သခင်လေးများကဲ့သို့ အကျင့်ဆိုးများမရှိသည်အား အကဲခတ်မိသောကြောင့် ရှောင်ယွီအား သူနှင့်အပေါင်းအသင်းလုပ်ရန် လက်ခံခဲ့သည်၊ ထို့ကြောင့် ပိုင်လီရှောင်ယွီသည် သူ့အကိုထံမှ ရရှိထားသော အမှတ်များအား အသုံးပြုကာ ယူရှောင်မို့ဘေးကပ်ရပ်ရှိ အဆောင်တစ်ခုထံသို့ ယခင်လေးယောက်ခန်းမှထွက်၍ ပျော်ရွှင်စွာ ပြောင်းရွှေ့လာခဲ့လေသည် ။










အဆောင်တွင်းသို့ ရောက်သောအခါ ယူရှောင်မိုသည် ၎င်းအခန်းတွင်းရှိ စိတ်စွမ်းအင်ပမာဏမှာ ပုံမှန်ပတ်ဝန်းကျင်ထက် ပို၍ သိပ်သည်းကြောင်း ခံစားမိလေ၏ ။

ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုး၌သာ ကျင့်ကြံပါက တစ်ဝက်မျှ အားစိုက်ထုတ်ရုံဖြင့်ပင် အကျိုးနှစ်ဆရရှိနိုင်သည်ကို တွေးမိသောကြောင့် သူ၏ ချိုအသင်းအား အပြင်သို့ ချက်ချင်း ဆင့်ခေါ်လိုက်လေ၏ ။



သူ၏နယ်မြေအတွင်း၌ တရားထိုင်နေကြသော ချိုအသင်းဝင်များသည် ရုတ်တရက် နေရာပြောင်းရွှေ့ခံလိုက်ရခြင်းကြောင့် အနှောင့်အယှက်ဖြစ်သွားကြ၏၊ ရှောင်ဟေးတစ်ယောက်သာ တရားမကျင့်ပဲရှိနေလေသည်၊ သို့သော်ငြား ထိုအခန်းတွင်းရှိ စိတ်စွမ်းအင်ပမာဏသည် ယူရှောင်မို့နယ်မြေထက် ပို၍သိပ်သည်းကြောင်း သတိထားမိသွားကြသည့်အခါ မကျေနပ်မှုများ ပျောက်သွားကြလေတော့သည် ။




" ဒီနေရာကဘာလဲ? ဘာလို့ ဒီကစွမ်းအင်ပမာဏက အရမ်းသိပ်သည်းနေရတာလဲ? "

ရှောင်ဟေးမှ အသက်ပြင်းပြင်းရှူသွင်းကာ စွမ်းအင်ပမာဏအား ဆန်းစစ်နေရင်းဖြင့် မေးလေ၏။






" သခင်လေး သခင်လေး ဒီနေရာက အရမ်းကောင်းတာပဲ "

ဝဝလုံးလုံးဖီချိုသည် သူ၏ခံစားချက်များအား စကားလုံးများဖြင့် ပေါ်လွင်အောင် မဖော်ပြနိုင်သော်ငြား ဤအဆောင်အား အလွန်သဘောကျကြောင်းကို သူ၏အမူအယာများမှတစ်ဆင့် သိမြင်နိုင်၏၊  ဤလိုနေရာ၌သာ ကျင့်ကြံမည်ဆိုလျှင် သူ၏အဆင့်တက်နှုန်းသည်လည်း သေချာပေါက် တိုးတက်လာမည်ဖြစ်သည် ။




ယူရှောင်မိုသည် ၎င်းတို့အား သြဝါဒအနည်းငယ်ခြွေလိုသော်ငြား မောင်ချိုနှင့် ရှောင်ဟေးတို့မှာ နေရာတစ်ခုရှာ၍ တရားထိုင်နေကြပြီဖြစ်သောကြောင့် ယူရှောင်မို မျက်နှာမဲ့သွားရသည်၊ ရှယ်ချိုတစ်ကောင်သာ အဆောင်တွင်း လှည့်ပတ်ကြည့်လျက် စူးစမ်းနေပေ၏၊ ထို့နောက် တစ်စုံတစ်ခုအား သိရှိသွားပုံရကာ..


" အော် ဒီလိုကိုး ...

ပီးတော့ ဒီတစ်ခုက တော်တော်လည်း ကြီးသားပဲ . . "










" အဲ့ဒါဘာလဲ? "

ယူရှောင်မို မဆိုင်းမတွမေးလိုက်၏၊ ထိုအကြောင်းအရာအား သူအမြဲတမ်း သိချင်နေခဲ့သည် မဟုတ်ပါလား ။













..................










ရှယ်ချိုမှ ဖြေးညင်းစွာ ပြန်ဖြေသည် ။

" ဒီဧရိယာရဲ့ အောက်ခြေမှာ မြေအောက်လိုင်းတစ်ခုရှိရမယ်.. တောက်ရှင်းအကယ်ဒမီက စည်းစနစ်ကျတဲ့ တည်ဆောက်ပုံတစ်မျိုးကို သုံးပြီးတော့ မြေအောက်လိုင်းကလာတဲ့ စိတ်စွမ်းအင်တွေကို တစ်နေရာတည်းမှာ စုပေါင်းထည့်ပြီး အကာအကွယ်စည်းနဲ့ ပိတ်လှောင်ထားတာပဲ .. ဒီလိုနည်းနဲ့ အဆောင်တွင်းက လေထုကို စိတ်စွမ်းအင်တွေနဲ့ ပြည့်နေအောင် စီစဉ်ထားတာ .. ဒါပေမယ့် . . . အဲ့လိုလုပ်တာကောင်းပေမယ့် တော်တော်ဆိုးတဲ့ ဘေးထွက်ဆိုးကျိုးကြီးတစ်ခုလည်း ရှိနေတယ် "

ယူရှောင်မိုမှ သိချင်စိတ်ပြင်းပြစွာမေးလေသည်။

" အဲ့ဒါ ဘယ်လိုဆိုးကျိုးမျိုးလဲ? "




" တစ်နေ့နေ့တော့ မြေအောက်လိုင်းက ခန်းခြောက်သွားတယ် ဆိုတဲ့နေ့ ရောက်လာမှာပဲ..

ကျွန်တော့်ခန့်မှန်းချက်အရဆိုရင် တောက်ရှင်းအကယ်ဒမီက ဒီလိုနည်းနဲ့ ကျောင်းသားတွေကို ထောက်ပံ့ပေးလာတာ နှစ်ပေါင်းများစွာကြာလှနေပီ .. ခန့်မှန်းခြေ နှစ်ပေါင်းနှစ်ထောင့်ငါးရာလောက်ပေါ့..

ဒီမြေအောက်လိုင်းက ဘယ်လောက်ပဲ အားကောင်းတယ်ဆိုဆို ကျွန်တော့်အထင် တဖြည်းဖြည်းနဲ့ အားလျော့စပြုလာပြီထင်တယ် "


ယူရှောင်မိုကတော့ အဲ့ပြဿနာကို အကြီးကြီးလို့  မမှတ်ပါဘူး.. ဒါပေမယ့်လို့ မြေအောက်လိုင်းသာ လုံးဝခန်းခြောက်သွားမယ်ဆိုရင် ကျောင်းသားတော်တော်များများ စိတ်ဓာတ်တွေကျကုန်မှာ .. တချို့ဆို ကျောင်းကနေတောင် ထွက်ကုန်ကြလိမ့်မယ်ထင်တယ်!

သူဒီကျောင်းရောက်တာ ရက်အနည်းငယ်ပဲ ရှိသေးပေမယ့်လို့ ကျောင်းသားတွေရဲ့ ဒီအခန်းတွင်းက သိပ်သည်းလွန်းတဲ့ စိတ်စွမ်းအင်ပမာဏတွေအပေါ် စွဲလမ်းမှုက တော်တော်လေးပြင်းထန်ကြတယ်ဆိုတာ သူ့စိတ်ထဲကနေ အလိုလိုသိနေတယ်လေ ။


" ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလေးဘာလေး မရှိဘူးလား? "

ယူရှောင်မို မေးလိုက်သည်၊ သို့သော် မြေအောက်လိုင်းသည် သူ ဤကျောင်းတော်အား ဝင်ရောက်ရသည့် အဓိကအကြောင်းအရင်း မဟုတ်ပေ၊ သူသည် ဤကျောင်းတော်၌ ဒီအတိုင်း စာရင်းသွင်းထားခြင်းသာဖြစ်ပြီး သူလေ့လာဆည်းပူးနေစဉ်အတွင်း ဤကျောင်းတော်သည် သူ၏ ခေတ္တနားခိုရာသာဖြစ်သည် ။




" နည်းလမ်းတစ်ခုခုရှိမယ်ဆိုတာ သေချာတယ် "
ရှယ်ချိုမှ ပြော၏။



" အဲ့နည်းလမ်းက ဘာလဲ? "

ယူရှောင်မိုမှ တိတိကျကျ သိလိုလေသည်။



" အဲ့ဒါကို ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲဗျ? "

ရှယ်ချိုမှ သူ့အား ပြူးကြည့်လေ၏၊ သူသည် စိတ်စွမ်းအင်အကြောင်း သိကောင်းစရာများအား သိရှိထားသော်ငြား မွေးကတည်းက သုခဘုံနယ်မြေအတွင်း၌သာ နေခဲ့ရသောကြောင့် မြေအောက်လိုင်းများအကြောင်း ခရေစေ့တွင်းကျ မသိပါချေ ။


ထိုအခါ ယူရှောင်မိုမှ သူ့အား သနားစရာသတ္တဝါလေးကဲ့သို့ ကြည့်လာလေ၏ ။

ရှယ်ချိုသည်လည်း ၎င်းနှင့် ဆက်ပြီးငြင်းခုံမနေတော့ပဲ နေရာတစ်ခုရှာ၍ တရားကျင့်ရန်သာ  ပြင်လေတော့၏ ။








သူ့အား မည်သူမျှ အဖတ်မလုပ်ကြတော့သောအခါ ယူရှောင်မိုသည် စိတ်ပျက်လက်ပျက်ဖြင့် ဆေးလုံးများဖော်ရန် အပေါ်ထပ်သို့ တက်လာခဲ့သည် ။




ထိုနှစ်ယောက်သည် ၎င်းတို့ ယခုဆွေးနွေးခဲ့သော အကြောင်းအရာမှာ တောက်ရှင်းအကယ်ဒမီ၏ အလွန့်အလွန်အရေးကြီးသော ပြဿနာတစ်ခု ဖြစ်နေလိမ့်မည်ဟု ဂရုမထားမိခဲ့ကြပေ၊ ဆိုးရွားသော အကျိုးဆက်များ ထွက်ပေါ်မလာစေရန်အလို့ငှါ ကျောင်းတော်မှ ထိုလျို့ဝှက််ချက်အား ပိတ်သိမ်းထားပြီး ထိပ်သီးပိုင်းပုဂ္ဂိုလ်များလောက်သာ  သိထားကြလေ၏ ။

ယူရှောင်မိုသည် ထိုကိစ္စအား သိပ်အလေးမထားပေ၊ ၎င်းပြဿနာသည် ဤကဲ့သို့ ဆွေးနေနေရုံမျှဖြင့် ပြေလည်သွားမည်မဟုတ်မှန်းလည်း နားလည်ထားသည်၊ ထို့ပြင် ၎င်းပြဿနာသည် သူ့အပေါ် သက်ရောက်မှု ကြီးကြီးမားမားမရှိသောကြောင့် မလိုအပ်သော ခေါင်းစားစရာများဖြင့် ကိုယ့်ကိုကိုယ် အပူမပေးလိုပေ ။













ဒုတိယနေ့တွင် ယူရှောင်မိုသည် သူ၏ဆိုင်ခန်းလေးအား မဖွင့်ဖြစ်၊ သူသည် ကျန်ရှိနေသောဆေးပင်များအား အကုန်ဆေးဖော်ပြီးမှသာ တစ်ခါတည်းသွားရောင်းမည်ဟု စီစဉ်ထားသည်၊ ထို့ကြောင့် ယူရှောင်မိုသည် နေ့ရောညပါ ကြိုးစားဆေးဖော်နေသဖြင့်  အတန်းတက်ရမည်အား မေ့နေခဲ့ရာ ပိုင်လီရှောင်ယွီမှ လာရောက်သတိပေးသဖြင့်သာ အတန်းသို့ ရောက်လာရလေ၏ ။






၎င်းတို့နှစ်ဦးသည် အတန်းသို့ အတူတူရောက်လာခဲ့ကြရာ အနည်းငယ် နောက်ကျသဖြင့် ထိုင်ခုံအားလုံး ပြည့်သွားလေ၏၊ ကံကောင်းစွာပင် ထုံယွဲ့ရှူမှ ၎င်းတို့အတွက် နေရာဦးထားပေး၍သာ တော်တော့သည်။








ယူရှောင်မိုသည် စာသင်ခန်းတစ်ပါတ် လှည့်ပတ်ကြည့်ရှုလိုက်သော်ငြား ချိုင်ကျွင်း၏ အရိပ်အယောင်ကိုမူ မတွေ့ရပေ ။







၎င်းအားမြင်သောအခါ ထုံယွဲ့ရှူမှ ရှင်းပြ၏။

" ချိုင်ကျွင်းက ထိခိုက်ဒဏ်ရာရသွားတော့ ချိုင်အိမ်တော်ကို ပြန်ပို့လိုက်ရတယ်လေ.. ကြည့်ရတာ သူပြန်ကောင်းဖို့ အချိန်တော်တော် ယူရဦးမှာဆိုတော့ စိတ်အေးလက်အေးနေနေလို့ ရတယ်.. တကယ်လို့များ ချိုင်အိမ်တော်က မင်းကိုတစ်ခုခုလုပ်ဖို့ ကြိုးစားလာရင်လည်း ကျောင်းက ဒီအတိုင်းထိုင်ကြည့်နေမှာ မဟုတ်ပါဘူး "

ယူရှောင်မိုခေါင်းငြိမ့်လိုက်သည်၊ သူသည်လည်း ထိုကိစ္စ၏ နောက်ဆက်တွဲများအား စဉ်းစားထားပြီးဖြစ်သောကြောင့် ချိုင်အိမ်တော်မှ တစ်ခုခုလုပ်လာမည်အား ကြောက်လန့်မနေပါချေ ။




သင်ခန်းစာများ မစတင်မီတွင် ဆရာမနင်ကျင်းသည် မိမိတို့တက်ရမည့် အတန်းများအား ခွဲပေးလေ၏၊ အတန်းများသည် မိမိတို့၏ အဆင့်အပေါ်လိုက်၍ ခွဲခြားသော်ငြား ယူရှောင်မိုကဲ့သို့ အလွန်ကြီးမားသော အလားအလာရှိသူတို့အဖို့ အထူးတန်းဟူ၍ သီးသန့်စီစဉ်ထားလေသည်၊ သူ့အတွက် ကျောင်းတော်မှ ကိုယ်ပိုင်ဆရာတစ်ဦး သတ်မှတ်ပေးထားမည်ဖြစ်ပြီး အခြားကျောင်းသားများနည်းတူ အတန်းလိုက်တက်စရာလည်း မလိုပေ ။









ထို့နောက် အတန်းဆင်းသောအခါ ဆရာမနင်ကျင်းသည် ယူရှောင်မိုအား သီးသန့်စကားပြောစရာရှိသည်ဟုဆိုကာ နေခဲ့ခိုင်းသည်၊ ၎င်းအားမြင်သော် အရေးလုပ်မခံရသော ထန်းဇီရှင်းသည် အေးစက်တောင့်ခဲနေသော အမူအယာမျိုးဖြင့် အခန်းတွင်းမှ အရင်ဆုံးထွက်သွားလေ၏ ။















" ကလေးစုတ်လေး .. ချိုင်ကျွင်းကို အနိုင်ချပြီးပြီဆိုတော့ အခု အေးဆေးဖြစ်နေတယ်ပေါ့ ဟုတ်လား "

လူရှင်းသွားသည်နှင့် ဆရာမနင်ကျင်းသည် ယူရှောင်မိုအား စနောက်လေသည် ။



ယူရှောင်မိုသည် ဘေးဘီသို့ တစ်ချက်ကြည့်လိုက်ပြီးမှ ပြန်ပြော၏။

" အမ်း ... ဟုတ်တယ်ဗျ အခုမှ ပိုနေလို့ကောင်းသွားတာ .. "



ထိုအခါ ဆရာမသည် စိတ်ကျေနပ်ဟန်ဖြင့် ပြုံးလိုက်ပြီးကာမှ မျက်နှာပြန်တည်သွားကာ..

" အရူးကောင်လေး.. ဒီလိုမျိုးတွေ ပြောနေနိုင်သေးတယ်ပေါ့ မင်းက ရေရှည်ကိုမစဉ်းစားပဲ လုပ်ချင်ရာလုပ်လိုက်တာပဲ.. ဒီကျောင်းက မင်းကို ကျောင်းသားတစ်ယောက်ဖြစ်နေစဉ်အတွင်းသာ ကာကွယ်ပေးနိုင်မှာနော် မင်းဘဝတစ်လျှောက်လုံး လိုက်မကာကွယ်ပေးနိုင်ဘူး..

မင်းက ချိုင်အိမ်တော်ရဲ့ သိက္ခာကို လူအများကြီးရှေ့မှာ စော်ကားသလိုဖြစ်ခဲ့တာဆိုတော့ အဲ့အိမ်တော်ရဲ့ ယုတ်မာပုံမျိုးနဲ့ဆိုရင် မင်းကို အလွတ်ပေးလိမ့်မှာမဟုတ်ဘူး မင်းတော့ သတိထားနေတာကောင်းလိမ့်မယ်နော် နားလည်ရဲ့လား "




ထိုသို့ဆူလိုက်သောအခါ ယူရှောင်မိုသည် သူမနှင့် မျက်လုံးချင်းမဆုံဝံ့သောကြောင့် စကားလမ်းကြောင်းပြောင်းလေသည် ။

" ဟုတ်ပါပီ ဆရာမရာ ကျွန်တော်သတိထားပါ့မယ်.. ကျွန်တော့်ကို အဲ့ဒါပြောဖို့ ခေါ်လိုက်တာလား "



" ဘယ်ဟုတ်မလဲ! "

ဆရာမနင်ကျင်းသည် ကျောက်စိမ်းစာလိပ်တစ်ခုကို ယူရှောင်မိုအား ထုတ်ပေးသည်။

" ဒီစာလိပ်ထဲမှာ တန်းခွဲနှစ်ရဲ့ ထိပ်တန်း မှော်ဆရာတွေအကြောင်း ပါတယ်၊ ပြန်သွားပြီးတော့ ကိုယ့်ဟာကိုယ် စစ်ကြည့်လိုက်.. ပီးရင် မင်းဆရာတင်ချင်တဲ့သူ တစ်ယောက်ယောက်တွေ့ခဲ့ရင် ဆရာမကိုပြောနော်.. ဆရာမ မင်းအတွက် လိုက်ကူညီပေးမယ် ဟုတ်ပီလား "

" ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ဆရာမ"

ယူရှောင်မိုသည် ကျောက်စိမ်းစာလိပ်အား လက်ခံရယူပီး ဆရာမအား အရိုအသေပေးလေသည်။





" မလိုပါဘူး.. ဆရာမကို တကယ်ကျေးဇူးတင်တယ်ဆိုရင် မင်းအောင်မြင်သွားတဲ့နောက်သာ ဆရာမကို မမေ့နဲ့ပေါ့ "




ထို့နောက် ဆရာမသည် ပြုံးကာ..

" ကဲပါ ကဲပါ ဆရာမ စနောက်နေတာတွေများသွားပြီ .. မင်းမှာ တခြားဘာမှမရှိတော့ဘူးဆိုရင် သွားရင်သွားတော့လေ "


ယူရှောင်မို၌ တခြားရွေးချယ်စရာ မရှိတော့သောကြောင့် ပြန်လာခဲ့ရလေသည်၊ အမှန်အတိုင်းဝန်ခံရလျှင် သူသည် ဆရာမနင်ကျင်းအား အရင်ကတည်းက သူ၏ဆရာဖြစ်လာစေချင်ခဲ့သော်ငြား တကယ်တမ်းတွင် မဖြစ်နိုင်သောကြောင့် အနည်းငယ် ဝမ်းနည်းမိလေသည် ။

ဆရာမဆီမှ ထွက်လာပြီးနောက် သူသည် အဆောင်သို့ပြန်ကာ ကျန်ရှိနေသောဆေးပင်များအား ဆက်၍ ဆေးလုံးဖော်စပ်နေလိုက်သည်၊ နောက်နေ့တွင် ရှောင်ယွီနှင့်အတူ ဈေးသို့သွားကာ ဆိုင်ပြန်ဖွင့်မည်ဟုလည်း တွေးနေလေသည် ။













ဘယ်သူကများထင်မိမှာလဲ သူ့ဆီက ဆေးလုံးဝယ်သွားတဲ့နှစ်ယောက်က အဲ့နေရာမှာ သူ့ကိုထိုင်စောင့်နေကြလိမ့်မယ်လို့!

















# 12.8.2020

ကိုယ့်အရေးအသားနဲ့ ပတ်သက်ပြီး ဝေဖန်ချက်ကလေးတွေ ရေးပေးသွားကြပါလား ဒီနေ့ ကိုယ်ရေးထားတာကိုယ် ယုံကြည်ချက်သိပ်မရှိလို့ပါ

စာလုံးပေါင်း မှားနေတာတွေ့လည်း ထောက်ပြပေးကြပါဦးနော် ♥
















Continue Reading

You'll Also Like

2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
1.8M 186K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
1.1M 129K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
622K 70K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...