Beyond the Eternity (ထာဝရကို...

By suekhatthar

84.1K 8.8K 783

"တကယ်သာ ချစ်ကြမယ်ဆို ထာဝရဆိုတဲ့ အချိန်က ဘယ်လုံလောက်ပါလိမ့်မလဲ။ " "တကယ္သာ ခ်စ္ၾကမယ္ဆို ထာဝရဆိုတဲ့ အခ်ိန္က ဘယ္... More

About the story
Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Epilogue
ကျေးဇူးတင်လွှာ

Chapter 21

1K 157 9
By suekhatthar

Unicode

အိပ်ရာနိုးနိုးချင်း သူနှင့် Lucas ညအိပ်ဝတ်စုံတွေတောင် မလဲဘဲ လေသာဆောင်တွင် ထွက်ထိုင်နေကြမိသည်။

မနေ့ည ဆုတောင်းပွဲမှ ပြန်ရောက်သည့် အချိန်မှစ၍ Lucas ကို ကြည့်ရတာ မှိုင်တိုင်တိုင် ဖြစ်နေသည်။
ခါတိုင်း မနားမနေ တတွတ်တွတ် စကားများတတ်ရာမှ ခုတော့ သူဘက်ကမှ စကားစမပြောလျှင် Lucas ဆီက ဘာသံမှ ထွက်မလာ။

အခုလည်း အပြင်ကို ငေးကာ အာရုံတွေ ထွေပြားနေပုံပင်။

"မနက်ဖြန် မင်းမွေးနေ့နော် Lucas”

Alex မေးလိုက်တော့လည်း Lucas က အူကြောင်ကြောင်နှင့် ပြန်ကြည့်နေသေးသည်။
ပြီးတော့မှ ခေါင်းငြိမ့်ပြသည်။

သူ တကယ် စိတ်ပူလာမိသည်။
ဒါ ဘယ်နည်းနဲ့မှ ပုံမှန် အခြေအနေမဟုတ်။
ရင်ထဲတွင် မကောင်းသော ခံစားချက်ကြီးက တလှိုက်လှိုက် ဖြစ်လာသည်။

"တစ်ခုခုဖြစ်လို့လား Lucas
မင်းကြည့်ရတာ စိတ်နဲ့လူနဲ့ မကပ်သလိုဘဲ။”

သူ မထိန်းနိုင်ဘဲ မေးလိုက်မိတော့ Lucas က ခေါင်းကို တွင်တွင်ခါသည်။

"မဟုတ်ပါဘူး Xan ရဲ့။
ကျွန်တော် နည်းနည်း အတွေးလွန်သွားလို့ပါ။
အဲ့တော့ Xan က ဘာ မွေးနေ့လက်ဆောင် ပေးမှာလည်း။”

Lucas စကားလမ်းကြောင်း ရအောင်ပြောင်းတော့ Xan က သူ့ကို မျက်မှောင်ကြုံ့ပြီး ကြည့်နေသေးသည်။
သူက တစ်ချက်ပြုံးပြလိုက်တော့မှ သက်ပြင်းဖွဖွချလိုက်ကာ မျက်ခုံးပင့်ပြပြီး ပြောသည်။

"အဲ့နေ့ကျ သိရမှာပေါ့။
မလောပါနဲ့။”

စကားအဆုံး မျက်စိတစ်ဖက် မှိတ်ပြသဖြင့် သူ တကယ် ပြုံးလိုက်မိသည်။

"အဲ့တော့ Lukie
မင်းမွေးနေ့ကို ဘယ်လို လုပ်မှာလဲ။
ခြံထဲမှာဘဲ ပါတီလုပ်မလား။
ဟို ဘဝင်ရူးမရဲ့ Bar မှာလုပ်မလား။”

မနက်စာ ​သွေးထုပ်ကိုင်ကာ ထွက်လာသည့် David က Lucas တို့ စကားဝိုင်းထဲ ဝင်ယောင်သည်။

"ဘယ်မှာမှ မလုပ်ဘူး။
ငါနဲ့ Lucas နှစ်ယောက်ထဲဘဲ သီးသန့် လုပ်မှာ။
ငါဘဲ အစအဆုံး စီစဥ်မယ် မင်းတို့ ပါစရာ မလိုဘူး။”

ဂုဏ်ယူဝင့်ကြွားစွာဖြင့် အားပါးတရ ပြောလိုက်သည့် Xan ​လေသံကြောင့် Luc​as ရင်ထဲ ပိုနွမ်းလျသွားရသည်။

မနေ့ညက အိတ်ကပ်ထဲရောက်လာသည့် စာနှင့်အတူ
ပါလာသည့် သော့ကြောင့် ပျော်ရွှင်စရာအချိန်တွေ အဆုံးသတ်ကာနီးပြီဆိုတာ သူ သဘောပေါက်လိုက်ရသည်။

ထိုသော့က သူ လုပ်စရာရှိတာကို လုပ်ဖို့ အချိန်တန်ပြီဟု သတိပေးလိုက်သလို။

အစက ဘယ်လိုနေနေ ဖြစ်အောင်လုပ်မည်ဟု ရည်ရွယ်ထားပေမယ့် အခုတော့ သူ အကြီးအကျယ် တွေဝေနေမိပြီ။

အစကတည်းက ကိုယ့်စိတ်ကို နိုင်အောင် ထိန်းခဲ့သင့်တာ။
မဖြစ်သင့်တဲ့ ခံစားချက်တွေကို တားဆီးခဲ့ရမှာ။

အခုတော့..
အခုတော့ အခြေအနေတွေက တကယ် လွန်ကုန်ပြီ။

David က Rachel ဒီညနေ ပြန်​ရောက်မည့် အကြောင်းနှင့် အတူ တခြား အရေမရ အဖတ်မရ တစ်ချို့ကို ပြောနေသေးပေမယ့် Lucas တစ်ခုမှ အာရုံမလာ။

"Xan ခဏနေ အပြင်သွားတော့မှာမလား။
ကျွန်တော်လည်း အချိန်ပိုင်းအလုပ်ကို စောစောသွားလိုက်တော့မယ်။
David လည်း ညနေမှတွေ့မယ်။
သွားပြီ။”

ပြောပြီးနောက် Xan ပြန်ပြောတာကို မစောင့်တော့ဘဲ ချက်ချင်း ထထွက်လာမိသည်။
Xan သံသယဝင်နိုင်သည်ဆိုတာ သိပေမယ့် မထူးတော့သလို ခံစားနေရသည်။

စိတ်တွေ မွန်းကြပ်လာလွန်း၍ သူ အော်ဟစ်ပစ်လိုက်ချင်သည်။

သူ့မွေးနေ့ မနက်ဖြန်။
အဲ့နေ့ နောက်ဆုံး သူ Xanနှင့် အတူ ကုန်ဆုံးမည်။
နောက်ဆုံး အနေနှင့် သူ့ဘဝအတွက် အလှပဆုံး အမှတ်တရတစ်ချို့ကို Xan နှင့်အတူ ဖန်တီးမည်။

နောက်နေ့တွင်တော့ သူ ဒီမြို့ကို လာရသည့် အဓိက ရည်ရွယ်ချက်ကို ပြီးမြောက်အောင် လုပ်ရမည်။

ပြီးတာနှင့် သူ ဒီမြို့ကနေ အပြီးတိုင် ထွက်သွားတော့မည်။
နောက် ဘယ်တော့မှ ဘာအကြောင်းကြောင့်မှ သူ ပြန်လာမည် မဟုတ်တော့။
............

"အဲ့တော့ နင်သူ့ကို လုံးဝ မေ့ပစ်တော့မယ်ပေါ့။”

Rachel ပြန်ရောက်ရောက်ချင်း နောက်တစ်နေ့မနက်မှာပဲ Lucas အကြောင်း တိုင်ပင်ဖို့ Emily ဆီ လာခဲ့ပေမယ့် ထုံးစံအတိုင်း သူမ၏ ဒရမ်မာတစ်သိန်းကို အရင် နားထောင်ပေးနေရသည်။

သူမ မေးတာကို Emily က ချက်ချင်း မဖြေသေးဘဲ သက်ပြင်းတစ်ချက် ရှိုက်လိုက်သေးသည်။

"အေး။
အတတ်နိုင်ဆုံး ကြိုးစားရမှာဘဲ။
သူမှ ငါ့ကို စိတ်ထဲမရှိတာ။
ငါ အတင်းကြီး လုပ်ယူမနေချင်တော့ဘူး။”

"ငါပြောမယ် Emily
အရမ်း စိတ်ထဲထည့်ထားရင် နင်ဘဲ စိတ်ပင်ပန်းရလိမ့်မယ်။
မေ့ပစ်မယ်ဆိုတာ ထင်သလောက်တော့ လွယ်မှာ မဟုတ်ဘူး။
အတင်းကြီး မေ့ဖို့ ကြိုးစားတာထက် ဒီအတိုင်းလေးဘဲ အများကြီး မျှော်လင့်မထားဘဲ နင့် နှလုံးသားက လက်ခံသလောက် ထားလိုက်။
အချိန်တစ်ခု ရောက်လာရင်တော့ ဒီအတိုင်း သူ့ဟာသူ မေ့ပျောက်သွားလိမ့်မယ်။”

ချစ်မှုရေးရာ ကျွမ်းကျင်သူကြီးလိုလိုနှင့် ခပ်တည်တည် အကြံပေးနေသော Rachel ကို ကြည့်ရင်း Emily စိတ်ညစ်သည့်ကြားက ရယ်ချင်လာမိသည်။

"နင်က ဘယ်တုန်းက Relationship အကြံပေးဖြစ်သွားရတာလဲ။
နင်ပြောတာလည်း ဟုတ်တော့ ဟုတ်ပါတယ်။
မေ့ပစ်တယ်ဆိုတာ အပြောပဲ လွယ်တာ။
လက်တွေ့မှာ သေအောင် ခံစားရမှာ။
ပြီးတော့ Steveက ငါ့ကို သဘောကျမလာနိုင်ဘူးလို့လည်း ဘယ်သူမှ မ​ပြောနိုင်ပါဘူး။
အချိန်တစ်ခု ရောက်လာရင် ဖြစ်လာနိုင်တာပါပဲ။”

ခုတ်ရာတခြား ရှရာတလွဲ ဖြစ်သွားသော တန်ဖိုးကြီးမားသည့် သူမ၏ အကြံဉာဏ်တွေကို Rachel တော်တော်လေး နှမျောသွားမိသည်။

ဘယ်လောက်ပြောပြော နောက်ဆုံးတော့ ဒီဘူတာဘဲ ဆိုက်မှာပါပဲ။

"ကဲ အဲ့တော့ နင့်ကိစ္စကို ပြန်ဆက်ရအောင် Rachel
နင်ပြောချင်တာက Lucas အစ်မက Witch ပေါ့။
Lucas witch မဟုတ်ဘူး ဆိုတာတော့ ငါ သေချာ ပြောနိုင် တယ်။
ဟိုတစ်ခါ စစ်ကတည်းက သူမှာ ဘာ magic မရှိဘူးဆိုတာ ငါဘက်က ကျိန်းသေတယ်။”

Emily စကားကို ထောက်ခံသည့် သဘောဖြင့် Rachel ခေါင်းငြိမ့်ပြလိုက်သည်။

"အေး သူက Witch မဟုတ်ပါဘူးဘဲထား။
သူအစ်မ အကြောင်းကိုတော့ သူ ငါတို့ကို လုံးဝမပြောပြထားဘူး။
အရင်တုန်းက သဘာဝလွန် လောကနဲ့ လုံးဝ အဆက်အသွယ် မရှိသလိုမျိုး ပြောထားတာ။”

"သူ မသိတာရော မဖြစ်နိုင်ဘူးလား။”

Rachel သက်ပြင်းချမိသည်။

"ဖြစ်နိုင်တယ်​။
ဒါပေမယ့် Lucas ကို မနေ့က ကြည့်ရတာ ငါမသွားခင်ကနဲ့
မတူဘူး။
တစ်နေ့လုံး ငေးမှိုင်နေတာဘဲ။
Alex အနားကိုလည်း ခါတိုင်းထက် ပိုပြီးကပ်နေသလို ခံစားရတယ်။
ငါ့စိတ်ထဲ အဲ့တာကို သမားရိုးကျလို့ လက်မခံနိုင် ဖြစ်နေတယ်။”

"နင် Alex ကို မပြောသေးဘူးလား။”

Emily အမေးကို Rachel က ချက်ချင်း ခေါင်းခါကာ ငြင်းလိုက်သည်။

"ဟင့်အင်း။
ဒီလောက်နဲ့ Alex ကို ပြောလို့ မဖြစ်သေးဘူး။
သူက Lucas ကို သိပ် တွယ်တာနေပြီ။
Lucas က မသိလို့ပါလို့ ငြင်းလိုက်ရင် သူက ယုံပေးမှာပဲ။
အကယ်၍ Lucas မှာ အကြံအစည် ရှိနေတာ အမှန်ပဲ ဆိုရင် ဒီထက် ပိုသေချာတဲ့ သက်သေတစ်ခုခုကို ငါ ကျိန်းသေ ရှာတွေ့မှာပဲ။
အဲ့တာကြောင့် ငါနင့်ဆီ လာတာ။
နောက်နာရီဝက်လောက်နေရင် Lucas က အလုပ်သွားတော့မှာ။
သူ့ အခန်းကို ငါဝင်ရှာချင်တယ်။
အဲ့တာ နင်ရဲ့ magic အကူအညီလေးနဲ့ဆိုတော့ ပိုမြန်တာပေါ့။
ကူညီမယ်မလား။”

Rachel ၏ မပြောစဖူး စကားအရှည်ကြီးကို နားထောင်ပေးပြီးနောက် Emily မျက်စောင်းသာ ထိုးလိုက်သည်။

"မကူညီပါဘူးဆိုလည်း ရမှာမှ မဟုတ်ဘဲ။
ဒီတစ်ခါတော့ ဆိုင်လေး ပိတ်ခဲ့ပါရစေ။
ဆိုင်ထဲက လူတွေကို နင်ပဲ နည်းတစ်ခုခု သုံးပြီး ပြန်ခိုင်းလိုက်တော့။
ငါလည်း နင်လုပ်လို့ စီးပွားပါ ပျက်တော့မယ်။”

ပွစိပွစိပြောပြီး နေရာမှ ထကာ ဆိုင်သော့ယူနေသော Emily ကို Rachel မျက်နှာလုပ်ကာ ရယ်ဘဲရယ်ပြနေလိုက်တော့သည်။
..........

"ရှင် Lucas ကို အချိန် ဘယ်လောက်ပေးလိုက်လည်း Chris။”

ဆံပင်ဝါတွေနှင့် မိန်းကလေး မေးတာကို
အုတ်ဂူတစ်ခုပေါ်တွင် လှဲနေသော ထိုလူက ချက်ချင်း ပြန်မဖြေ။
တော်တော်ကြာမှ မျက်နှာပေါ် တင်ထားသော ဦးထုပ်အဝိုင်းကို ဖယ်ကာပြောလိုက်သည်။

"မသတ်မှတ်ပေးသေးဘူး။
သူ အရမ်း အချိန်ဆွဲမနေလောက်ဘူးဆိုတာ
ငါသိတယ်။
ဘာပဲဖြစ်ဖြစ် Plan B က ပိုဖြစ်နိုင်​ချေ ရှိတယ်ဆိုတာ မင်းရောငါရော သိနေတာပဲ။”

မိန်းကလေးက ခေါင်းပဲ ငြိမ့်ပြသည်။

"မင်းသိလား။
ငါ အချိန်အကြာကြီး ကြံစည်နေခဲ့ရတွေက တကယ်ဖြစ်လာတော့မယ်ဆိုတော့ ငါ နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်။”

သူဟာသူ ပြောပြီးမှ ဟက်ခနဲ တစ်ချက်ရယ်သည်။

"Henry ကတော့ ငါ စိတ်လှုပ်ရှားတယ်ဆိုတာသာ ကြားရင် တော်တော်လေး အံ့သြနေမှာပဲ။”

"ရှင် ပြောတော့ သူက ရှင့်ကို နားလည်အပေးနိုင်ဆုံးဆို။”

မိန်းကလေးက ပြန်ပြောတော့ ထိုလူက ခေါင်းငြိမ့်သည်။

"အင်းး ငါ့ဘဝမှာ လူကောင်းလည်း များများ မကြုံရဘူးလို့လည်း ဖြစ်မှာပေါ့။
ငါကလည်း လူကောင်း မဟုတ်ပါဘူး။
ဒါပေမယ့် သူသာ ငါ့စကားကို နားထောင်ခဲ့ရင် အခုလိုတွေ ဖြစ်လာစရာ မရှိဘူး။”

ပြောနေရင်း အစိမ်းရောင်မျက်လုံးတွေက အရိပ်အရောင် တစ်ခုဖြင့် ပိုတောက်ပလာသလို။

သို့သော် ငါးစက္ကန့်ပင် မကြာလိုက်။
နဂိုမူလ အေးအေးဆေးဆေး မျက်နှာသွင်ပြင်မျိုး ပြန်ဖြစ်သွားတော့သည်။

"ငါ အပြင်တစ်ချက်ထွက်လိုက်ဦးမယ်။
ညနေစောင်းမှ ပြန်လာခဲ့မယ်။”

ထို့နောက် အုတ်ဂူပေါ်မှ ခုန်ဆင်းကာ ဦးထုပ်အဝိုင်းကို ဆောင်းပြီး လေတချွန်ချွန်နှင့် သချိုင်းမြေ အပြင်သို့ ထွက်သွားတော့သည်။
............

"Lockadosa neta”

Emily ဂါထာရွတ်လိုက်သည်နှင့် lock ခတ်ထားသော
အခန်းတံခါးက ဂျောက်ခနဲ ပွင့်သွားတော့သည်။

နှစ်ယောက်သား အထဲသို့ အမြန်ဝင်ကာ တံခါးပြန်ပိတ်လိုက်ရသည်။

အခန်းထဲ လှည့်ပတ်ကြည့်တော့ ဘာမှ ထွေထွေထူးထူး မရှိ။
သာမန် အသုံးအဆောင် ပစ္စည်းတွေသာ ရှိသည်။

"နင် ဂါထာ ရွတ်လေ။”

Rachel ပြောတော့ Emily က အူကြောင်ကြောင် ပြန်ကြည့်သည်။

"ငါက ဘာရွတ်ရမှာလည်း။”

"အန္တရာယ်ရှိတဲ့ ပစ္စည်းတို့ ဘာတို့ဆို ထွက်လာစေတဲ့ ဂါထာမျိုးရွတ်ပေါ့။”

သူမက စိတ်မရှည်သလို ပြောတော့ Emily က ဒုတိယအကြိမ်မြောက် မျက်စောင်းကို ထိုးကာ ဂါထာတွေ တစ်မျိုးပြီး တစ်မျိုးရွတ်သည်။
သို့သော်လည်း ဘာမှ ထွက်မလာ။

"နေဦး သူ့အစ်မက Witch ဆိုတော့ magic နဲ့ဆိုင်တဲ့ ပစ္စည်းလို့ ရွတ်လိုက်။”

Rachel သတိတရ ဝင်ပြောမှ Emily က နောက် ဂါထာတစ်မျိုး ထပ်ရွတ်သည်။
ဂါထာဆုံးသည်နှင့် စားပွဲအံဝှက်တစ်ခုက ရုတ်တရက် ပွင့်လာကာ သော့တစ်ချောင်းက အပြင်ကို ချက်ချင်း ခုန်ထွက်လာသည်။

"ဒီသော့က ဘယ်လို Magic နဲ့ ဆိုင်မှာလည်းဟ။”
ထွက်ကျလာသော သော့ကို ကောက်ကာ ပြောသော Rachel အသံက အတော်ပင် စိတ်ပျက်လက်ပျက်ဟန်။

Emily က သူမလက်ထဲမှ သော့ကို လုယူကာ သေချာဆုပ်ကိုင်ပြီး အာရုံခံစားနေသည်။
စက္ကန့်အချို့ကြာတော့မှ မျက်လုံးပြူး မျက်ဆံပြူးနှင့် အလန့်တကြား ထပြောသည်။

"ဒီသော့က အလိုအလျောက် စာပို့တဲ့ မန္တာန်ကို သုံးပြီး ပို့ထားတာ။
စာပို့မန္တာန်နဲ့ သော့ပါ ဘယ်လိုပို့လိုက်လည်း မသိဘူး။”

ထိုအခါမှ Rachel လည်း သော့ကို စိတ်ဝင်တစား ပြန်ယူကြည့်သည်။

"ဒီသော့က မြို့ပြင်က ပစ္စည်းထားတဲ့ ကွန်တိန်နာတွေရဲ့ သော့မဟုတ်လား။”

သော့ချိတ်တွင် ရေးထားသော စာကို ဖတ်ပြီး Rachel ပြောလိုက်သည်။
ထို့နောက် တစ်ချက်ပြုံးလိုက်ကာ ဆက်ပြောသည်။

"ဒီည Lucas ရဲ့ မွေးနေ့ဆိုတော့ သူ Alex နဲ့အတူရှိနေမှာ။
ငါတို​့ ဒီည အဲ့ ကွန်တိန်နာမှာ ဘာရှိလည်း သွားကြည့်ကြ
ရ​​အောင် ။”

Rachel ၏ မျက်နှာပေးအရ သူမ ဒီည ဆိုင်ပြန်ဖွင့်ရဖို​့ မရှိလောက်တော့ကြောင်း Emily သဘောပေါက်လိုက်ရသည်။
..........

Zawgyi

အိပ္ရာနိုးနိုးခ်င္း သူႏွင့္ Lucas ညအိပ္ဝတ္စုံေတြေတာင္ မလဲဘဲ ေလသာေဆာင္တြင္ ထြက္ထိုင္ေနၾကမိသည္။

မေန႕ည ဆုေတာင္းပြဲမွ ျပန္ေရာက္သည့္ အခ်ိန္မွစ၍ Lucas ကို ၾကည့္ရတာ မွိုင္တိုင္တိုင္ ျဖစ္ေနသည္။
ခါတိုင္း မနားမေန တတြတ္တြတ္ စကားမ်ားတတ္ရာမွ ခုေတာ့ သူဘက္ကမွ စကားစမေျပာလွ်င္ Lucas ဆီက ဘာသံမွ ထြက္မလာ။

အခုလည္း အျပင္ကို ေငးကာ အာ႐ုံေတြ ေထြျပားေနပုံပင္။

"မနက္ျဖန္ မင္းေမြးေန႕ေနာ္ Lucas”

Alex ေမးလိုက္ေတာ့လည္း Lucas က အူေၾကာင္ေၾကာင္ႏွင့္ ျပန္ၾကည့္ေနေသးသည္။
ၿပီးေတာ့မွ ေခါင္းၿငိမ့္ျပသည္။

သူ တကယ္ စိတ္ပူလာမိသည္။
ဒါ ဘယ္နည္းနဲ႕မွ ပုံမွန္ အေျခအေနမဟုတ္။
ရင္ထဲတြင္ မေကာင္းေသာ ခံစားခ်က္ႀကီးက တလွိုက္လွိုက္ ျဖစ္လာသည္။

"တစ္ခုခုျဖစ္လို႔လား Lucas
မင္းၾကည့္ရတာ စိတ္နဲ႕လူနဲ႕ မကပ္သလိုဘဲ။”

သူ မထိန္းနိုင္ဘဲ ေမးလိုက္မိေတာ့ Lucas က ေခါင္းကို တြင္တြင္ခါသည္။

"မဟုတ္ပါဘူး Xan ရဲ႕။
ကြၽန္ေတာ္ နည္းနည္း အေတြးလြန္သြားလို႔ပါ။
အဲ့ေတာ့ Xan က ဘာ ေမြးေန႕လက္ေဆာင္ ေပးမွာလည္း။”

Lucas စကားလမ္းေၾကာင္း ရေအာင္ေျပာင္းေတာ့ Xan က သူ႕ကို မ်က္ေမွာင္ႀကဳံ႕ၿပီး ၾကည့္ေနေသးသည္။
သူက တစ္ခ်က္ၿပဳံးျပလိုက္ေတာ့မွ သက္ျပင္းဖြဖြခ်လိဳက္ကာ မ်က္ခုံးပင့္ျပၿပီး ေျပာသည္။

"အဲ့ေန႕က် သိရမွာေပါ့။
မေလာပါနဲ႕။”

စကားအဆုံး မ်က္စိတစ္ဖက္ မွိတ္ျပသျဖင့္ သူ တကယ္ ၿပဳံးလိုက္မိသည္။

"အဲ့ေတာ့ Lukie
မင္းေမြးေန႕ကို ဘယ္လို လုပ္မွာလဲ။
ၿခံထဲမွာဘဲ ပါတီလုပ္မလား။
ဟို ဘဝင္႐ူးမရဲ႕ Bar မွာလုပ္မလား။”

မနက္စာ ​ေသြးထုပ္ကိုင္ကာ ထြက္လာသည့္ David က Lucas တို႔ စကားဝိုင္းထဲ ဝင္ေယာင္သည္။

"ဘယ္မွာမွ မလုပ္ဘူး။
ငါနဲ႕ Lucas ႏွစ္ေယာက္ထဲဘဲ သီးသန့္ လုပ္မွာ။
ငါဘဲ အစအဆုံး စီစဥ္မယ္ မင္းတို႔ ပါစရာ မလိုဘူး။”

ဂုဏ္ယူဝင့္ႂကြားစြာျဖင့္ အားပါးတရ ေျပာလိုက္သည့္ Xan ​ေလသံေၾကာင့္ Luc​as ရင္ထဲ ပိုႏြမ္းလ်သြားရသည္။

မေန႕ညက အိတ္ကပ္ထဲေရာက္လာသည့္ စာႏွင့္အတူ
ပါလာသည့္ ေသာ့ေၾကာင့္ ေပ်ာ္႐ႊင္စရာအခ်ိန္ေတြ အဆုံးသတ္ကာနီးၿပီဆိုတာ သူ သေဘာေပါက္လိုက္ရသည္။

ထိုေသာ့က သူ လုပ္စရာရွိတာကို လုပ္ဖို႔ အခ်ိန္တန္ၿပီဟု သတိေပးလိုက္သလို။

အစက ဘယ္လိုေနေန ျဖစ္ေအာင္လုပ္မည္ဟု ရည္႐ြယ္ထားေပမယ့္ အခုေတာ့ သူ အႀကီးအက်ယ္ ေတြေဝေနမိၿပီ။

အစကတည္းက ကိုယ့္စိတ္ကို နိုင္ေအာင္ ထိန္းခဲ့သင့္တာ။
မျဖစ္သင့္တဲ့ ခံစားခ်က္ေတြကို တားဆီးခဲ့ရမွာ။

အခုေတာ့..
အခုေတာ့ အေျခအေနေတြက တကယ္ လြန္ကုန္ၿပီ။

David က Rachel ဒီညေန ျပန္​ေရာက္မည့္ အေၾကာင္းႏွင့္ အတူ တျခား အေရမရ အဖတ္မရ တစ္ခ်ိဳ႕ကို ေျပာေနေသးေပမယ့္ Lucas တစ္ခုမွ အာ႐ုံမလာ။

"Xan ခဏေန အျပင္သြားေတာ့မွာမလား။
ကြၽန္ေတာ္လည္း အခ်ိန္ပိုင္းအလုပ္ကို ေစာေစာသြားလိုက္ေတာ့မယ္။
David လည္း ညေနမွေတြ႕မယ္။
သြားၿပီ။”

ေျပာၿပီးေနာက္ Xan ျပန္ေျပာတာကို မေစာင့္ေတာ့ဘဲ ခ်က္ခ်င္း ထထြက္လာမိသည္။
Xan သံသယဝင္နိုင္သည္ဆိုတာ သိေပမယ့္ မထူးေတာ့သလို ခံစားေနရသည္။

စိတ္ေတြ မြန္းၾကပ္လာလြန္း၍ သူ ေအာ္ဟစ္ပစ္လိုက္ခ်င္သည္။

သူ႕ေမြးေန႕ မနက္ျဖန္။
အဲ့ေန႕ ေနာက္ဆုံး သူ Xanႏွင့္ အတူ ကုန္ဆုံးမည္။
ေနာက္ဆုံး အေနႏွင့္ သူ႕ဘဝအတြက္ အလွပဆုံး အမွတ္တရတစ္ခ်ိဳ႕ကို Xan ႏွင့္အတူ ဖန္တီးမည္။

ေနာက္ေန႕တြင္ေတာ့ သူ ဒီၿမိဳ႕ကို လာရသည့္ အဓိက ရည္႐ြယ္ခ်က္ကို ၿပီးေျမာက္ေအာင္ လုပ္ရမည္။

ၿပီးတာႏွင့္ သူ ဒီၿမိဳ႕ကေန အၿပီးတိုင္ ထြက္သြားေတာ့မည္။
ေနာက္ ဘယ္ေတာ့မွ ဘာအေၾကာင္းေၾကာင့္မွ သူ ျပန္လာမည္ မဟုတ္ေတာ့။
............

"အဲ့ေတာ့ နင္သူ႕ကို လုံးဝ ေမ့ပစ္ေတာ့မယ္ေပါ့။”

Rachel ျပန္ေရာက္ေရာက္ခ်င္း ေနာက္တစ္ေန႕မနက္မွာပဲ Lucas အေၾကာင္း တိုင္ပင္ဖို႔ Emily ဆီ လာခဲ့ေပမယ့္ ထုံးစံအတိုင္း သူမ၏ ဒရမ္မာတစ္သိန္းကို အရင္ နားေထာင္ေပးေနရသည္။

သူမ ေမးတာကို Emily က ခ်က္ခ်င္း မေျဖေသးဘဲ သက္ျပင္းတစ္ခ်က္ ရွိုက္လိုက္ေသးသည္။

"ေအး။
အတတ္နိုင္ဆုံး ႀကိဳးစားရမွာဘဲ။
သူမွ ငါ့ကို စိတ္ထဲမရွိတာ။
ငါ အတင္းႀကီး လုပ္ယူမေနခ်င္ေတာ့ဘူး။”

"ငါေျပာမယ္ Emily
အရမ္း စိတ္ထဲထည့္ထားရင္ နင္ဘဲ စိတ္ပင္ပန္းရလိမ့္မယ္။
ေမ့ပစ္မယ္ဆိုတာ ထင္သေလာက္ေတာ့ လြယ္မွာ မဟုတ္ဘူး။
အတင္းႀကီး ေမ့ဖို႔ ႀကိဳးစားတာထက္ ဒီအတိုင္းေလးဘဲ အမ်ားႀကီး ေမွ်ာ္လင့္မထားဘဲ နင့္ ႏွလုံးသားက လက္ခံသေလာက္ ထားလိုက္။
အခ်ိန္တစ္ခု ေရာက္လာရင္ေတာ့ ဒီအတိုင္း သူ႕ဟာသူ ေမ့ေပ်ာက္သြားလိမ့္မယ္။”

ခ်စ္မႈေရးရာ ကြၽမ္းက်င္သူႀကီးလိုလိုႏွင့္ ခပ္တည္တည္ အႀကံေပးေနေသာ Rachel ကို ၾကည့္ရင္း Emily စိတ္ညစ္သည့္ၾကားက ရယ္ခ်င္လာမိသည္။

"နင္က ဘယ္တုန္းက Relationship အႀကံေပးျဖစ္သြားရတာလဲ။
နင္ေျပာတာလည္း ဟုတ္ေတာ့ ဟုတ္ပါတယ္။
ေမ့ပစ္တယ္ဆိုတာ အေျပာပဲ လြယ္တာ။
လက္ေတြ႕မွာ ေသေအာင္ ခံစားရမွာ။
ၿပီးေတာ့ Steveက ငါ့ကို သေဘာက်မလာနိုင္ဘူးလို႔လည္း ဘယ္သူမွ မ​ေျပာနိုင္ပါဘူး။
အခ်ိန္တစ္ခု ေရာက္လာရင္ ျဖစ္လာနိုင္တာပါပဲ။”

ခုတ္ရာတျခား ရွရာတလြဲ ျဖစ္သြားေသာ တန္ဖိုးႀကီးမားသည့္ သူမ၏ အႀကံဉာဏ္ေတြကို Rachel ေတာ္ေတာ္ေလး ႏွေမ်ာသြားမိသည္။

ဘယ္ေလာက္ေျပာေျပာ ေနာက္ဆုံးေတာ့ ဒီဘူတာဘဲ ဆိုက္မွာပါပဲ။

"ကဲ အဲ့ေတာ့ နင့္ကိစၥကို ျပန္ဆက္ရေအာင္ Rachel
နင္ေျပာခ်င္တာက Lucas အစ္မက Witch ေပါ့။
Lucas witch မဟုတ္ဘူး ဆိုတာေတာ့ ငါ ေသခ်ာ ေျပာနိုင္ တယ္။
ဟိုတစ္ခါ စစ္ကတည္းက သူမွာ ဘာ magic မရွိဘူးဆိုတာ ငါဘက္က က်ိန္းေသတယ္။”

Emily စကားကို ေထာက္ခံသည့္ သေဘာျဖင့္ Rachel ေခါင္းၿငိမ့္ျပလိုက္သည္။

"ေအး သူက Witch မဟုတ္ပါဘူးဘဲထား။
သူအစ္မ အေၾကာင္းကိုေတာ့ သူ ငါတို႔ကို လုံးဝမေျပာျပထားဘူး။
အရင္တုန္းက သဘာဝလြန္ ေလာကနဲ႕ လုံးဝ အဆက္အသြယ္ မရွိသလိုမ်ိဳး ေျပာထားတာ။”

"သူ မသိတာေရာ မျဖစ္နိုင္ဘူးလား။”

Rachel သက္ျပင္းခ်မိသည္။

"ျဖစ္နိုင္တယ္​။
ဒါေပမယ့္ Lucas ကို မေန႕က ၾကည့္ရတာ ငါမသြားခင္ကနဲ႕
မတူဘူး။
တစ္ေန႕လုံး ေငးမွိုင္ေနတာဘဲ။
Alex အနားကိုလည္း ခါတိုင္းထက္ ပိုၿပီးကပ္ေနသလို ခံစားရတယ္။
ငါ့စိတ္ထဲ အဲ့တာကို သမားရိုးက်လိဳ႕ လက္မခံနိုင္ ျဖစ္ေနတယ္။”

"နင္ Alex ကို မေျပာေသးဘူးလား။”

Emily အေမးကို Rachel က ခ်က္ခ်င္း ေခါင္းခါကာ ျငင္းလိုက္သည္။

"ဟင့္အင္း။
ဒီေလာက္နဲ႕ Alex ကို ေျပာလို႔ မျဖစ္ေသးဘူး။
သူက Lucas ကို သိပ္ တြယ္တာေနၿပီ။
Lucas က မသိလို႔ပါလို႔ ျငင္းလိုက္ရင္ သူက ယုံေပးမွာပဲ။
အကယ္၍ Lucas မွာ အႀကံအစည္ ရွိေနတာ အမွန္ပဲ ဆိုရင္ ဒီထက္ ပိုေသခ်ာတဲ့ သက္ေသတစ္ခုခုကို ငါ က်ိန္းေသ ရွာေတြ႕မွာပဲ။
အဲ့တာေၾကာင့္ ငါနင့္ဆီ လာတာ။
ေနာက္နာရီဝက္ေလာက္ေနရင္ Lucas က အလုပ္သြားေတာ့မွာ။
သူ႕ အခန္းကို ငါဝင္ရွာခ်င္တယ္။
အဲ့တာ နင္ရဲ႕ magic အကူအညီေလးနဲ႕ဆိုေတာ့ ပိုျမန္တာေပါ့။
ကူညီမယ္မလား။”

Rachel ၏ မေျပာစဖူး စကားအရွည္ႀကီးကို နားေထာင္ေပးၿပီးေနာက္ Emily မ်က္ေစာင္းသာ ထိုးလိုက္သည္။

"မကူညီပါဘူးဆိုလည္း ရမွာမွ မဟုတ္ဘဲ။
ဒီတစ္ခါေတာ့ ဆိုင္ေလး ပိတ္ခဲ့ပါရေစ။
ဆိုင္ထဲက လူေတြကို နင္ပဲ နည္းတစ္ခုခု သုံးၿပီး ျပန္ခိုင္းလိုက္ေတာ့။
ငါလည္း နင္လုပ္လို႔ စီးပြားပါ ပ်က္ေတာ့မယ္။”

ပြစိပြစိေျပာၿပီး ေနရာမွ ထကာ ဆိုင္ေသာ့ယူေနေသာ Emily ကို Rachel မ်က္ႏွာလုပ္ကာ ရယ္ဘဲရယ္ျပေနလိုက္ေတာ့သည္။
..........

"ရွင္ Lucas ကို အခ်ိန္ ဘယ္ေလာက္ေပးလိုက္လည္း Chris။”

ဆံပင္ဝါေတြႏွင့္ မိန္းကေလး ေမးတာကို
အုတ္ဂူတစ္ခုေပၚတြင္ လွဲေနေသာ ထိုလူက ခ်က္ခ်င္း ျပန္မေျဖ။
ေတာ္ေတာ္ၾကာမွ မ်က္ႏွာေပၚ တင္ထားေသာ ဦးထုပ္အဝိုင္းကို ဖယ္ကာေျပာလိုက္သည္။

"မသတ္မွတ္ေပးေသးဘူး။
သူ အရမ္း အခ်ိန္ဆြဲမေနေလာက္ဘူးဆိုတာ
ငါသိတယ္။
ဘာပဲျဖစ္ျဖစ္ Plan B က ပိုျဖစ္နိုင္​ေခ် ရွိတယ္ဆိုတာ မင္းေရာငါေရာ သိေနတာပဲ။”

မိန္းကေလးက ေခါင္းပဲ ၿငိမ့္ျပသည္။

"မင္းသိလား။
ငါ အခ်ိန္အၾကာႀကီး ႀကံစည္ေနခဲ့ရေတြက တကယ္ျဖစ္လာေတာ့မယ္ဆိုေတာ့ ငါ နည္းနည္းေတာ့ စိတ္လႈပ္ရွားမိတယ္။”

သူဟာသူ ေျပာၿပီးမွ ဟက္ခနဲ တစ္ခ်က္ရယ္သည္။

"Henry ကေတာ့ ငါ စိတ္လႈပ္ရွားတယ္ဆိုတာသာ ၾကားရင္ ေတာ္ေတာ္ေလး အံ့ၾသေနမွာပဲ။”

"ရွင္ ေျပာေတာ့ သူက ရွင့္ကို နားလည္အေပးနိုင္ဆုံးဆို။”

မိန္းကေလးက ျပန္ေျပာေတာ့ ထိုလူက ေခါင္းၿငိမ့္သည္။

"အင္းး ငါ့ဘဝမွာ လူေကာင္းလည္း မ်ားမ်ား မႀကဳံရဘူးလို႔လည္း ျဖစ္မွာေပါ့။
ငါကလည္း လူေကာင္း မဟုတ္ပါဘူး။
ဒါေပမယ့္ သူသာ ငါ့စကားကို နားေထာင္ခဲ့ရင္ အခုလိုေတြ ျဖစ္လာစရာ မရွိဘူး။”

ေျပာေနရင္း အစိမ္းေရာင္မ်က္လုံးေတြက အရိပ္အေရာင္ တစ္ခုျဖင့္ ပိုေတာက္ပလာသလို။

သို႔ေသာ္ ငါးစကၠန့္ပင္ မၾကာလိုက္။
နဂိုမူလ ေအးေအးေဆးေဆး မ်က္ႏွာသြင္ျပင္မ်ိဳး ျပန္ျဖစ္သြားေတာ့သည္။

"ငါ အျပင္တစ္ခ်က္ထြက္လိုက္ဦးမယ္။
ညေနေစာင္းမွ ျပန္လာခဲ့မယ္။”

ထို႔ေနာက္ အုတ္ဂူေပၚမွ ခုန္ဆင္းကာ ဦးထုပ္အဝိုင္းကို ေဆာင္းၿပီး ေလတခြၽန္ခြၽန္ႏွင့္ သခ်ိဳင္းေျမ အျပင္သို႔ ထြက္သြားေတာ့သည္။
............

"Lockadosa neta”

Emily ဂါထာ႐ြတ္လိုက္သည္ႏွင့္ lock ခတ္ထားေသာ
အခန္းတံခါးက ေဂ်ာက္ခနဲ ပြင့္သြားေတာ့သည္။

ႏွစ္ေယာက္သား အထဲသို႔ အျမန္ဝင္ကာ တံခါးျပန္ပိတ္လိုက္ရသည္။

အခန္းထဲ လွည့္ပတ္ၾကည့္ေတာ့ ဘာမွ ေထြေထြထူးထူး မရွိ။
သာမန္ အသုံးအေဆာင္ ပစၥည္းေတြသာ ရွိသည္။

"နင္ ဂါထာ ႐ြတ္ေလ။”

Rachel ေျပာေတာ့ Emily က အူေၾကာင္ေၾကာင္ ျပန္ၾကည့္သည္။

"ငါက ဘာ႐ြတ္ရမွာလည္း။”

"အႏၱရာယ္ရွိတဲ့ ပစၥည္းတို႔ ဘာတို႔ဆို ထြက္လာေစတဲ့ ဂါထာမ်ိဳး႐ြတ္ေပါ့။”

သူမက စိတ္မရွည္သလို ေျပာေတာ့ Emily က ဒုတိယအႀကိမ္ေျမာက္ မ်က္ေစာင္းကို ထိုးကာ ဂါထာေတြ တစ္မ်ိဳးၿပီး တစ္မ်ိဳး႐ြတ္သည္။
သို႔ေသာ္လည္း ဘာမွ ထြက္မလာ။

"ေနဦး သူ႕အစ္မက Witch ဆိုေတာ့ magic နဲ႕ဆိုင္တဲ့ ပစၥည္းလို႔ ႐ြတ္လိုက္။”

Rachel သတိတရ ဝင္ေျပာမွ Emily က ေနာက္ ဂါထာတစ္မ်ိဳး ထပ္႐ြတ္သည္။
ဂါထာဆုံးသည္ႏွင့္ စားပြဲအံဝွက္တစ္ခုက ႐ုတ္တရက္ ပြင့္လာကာ ေသာ့တစ္ေခ်ာင္းက အျပင္ကို ခ်က္ခ်င္း ခုန္ထြက္လာသည္။

"ဒီေသာ့က ဘယ္လို Magic နဲ႕ ဆိုင္မွာလည္းဟ။”
ထြက္က်လာေသာ ေသာ့ကို ေကာက္ကာ ေျပာေသာ Rachel အသံက အေတာ္ပင္ စိတ္ပ်က္လက္ပ်က္ဟန္။

Emily က သူမလက္ထဲမွ ေသာ့ကို လုယူကာ ေသခ်ာဆုပ္ကိုင္ၿပီး အာ႐ုံခံစားေနသည္။
စကၠန့္အခ်ိဳ႕ၾကာေတာ့မွ မ်က္လုံးျပဴး မ်က္ဆံျပဴးႏွင့္ အလန့္တၾကား ထေျပာသည္။

"ဒီေသာ့က အလိုအေလ်ာက္ စာပို႔တဲ့ မႏၱာန္ကို သုံးၿပီး ပို႔ထားတာ။
စာပို႔မႏၱာန္နဲ႕ ေသာ့ပါ ဘယ္လိုပို႔လိုက္လည္း မသိဘူး။”

ထိုအခါမွ Rachel လည္း ေသာ့ကို စိတ္ဝင္တစား ျပန္ယူၾကည့္သည္။

"ဒီေသာ့က ၿမိဳ႕ျပင္က ပစၥည္းထားတဲ့ ကြန္တိန္နာေတြရဲ႕ ေသာ့မဟုတ္လား။”

ေသာ့ခ်ိတ္တြင္ ေရးထားေသာ စာကို ဖတ္ၿပီး Rachel ေျပာလိုက္သည္။
ထို႔ေနာက္ တစ္ခ်က္ၿပဳံးလိုက္ကာ ဆက္ေျပာသည္။

"ဒီည Lucas ရဲ႕ ေမြးေန႕ဆိုေတာ့ သူ Alex နဲ႕အတူရွိေနမွာ။
ငါတို​့ ဒီည အဲ့ ကြန္တိန္နာမွာ ဘာရွိလည္း သြားၾကည့္ၾက
ရ​​ေအာင္ ။”

Rachel ၏ မ်က္ႏွာေပးအရ သူမ ဒီည ဆိုင္ျပန္ဖြင့္ရဖို​့ မရွိေလာက္ေတာ့ေၾကာင္း Emily သေဘာေပါက္လိုက္ရသည္။
..........

Continue Reading

You'll Also Like

698K 58.1K 80
အလွန်အဆဲသန်ပြီး wattpad ဖတ်တိုင်း ဇာတ်ကောင်များကို အချိုးမပြေလျှင် မဟားတရား ဆဲတတ်သော ကောင်လေးတစ်ယောက် သူ ပိုးစိုးပက်စက် ဆဲခဲ့သည့် ဗီလိန်မြေခွေးကောင်အ...
45.2K 5.9K 59
မျောလွင့်နေတဲ့ ဝိညာဥ်တစ်ခုရှိတယ် သူ့နာမည်က Latte တဲ့ ေမ်ာလြင့္ေနတဲ့ ဝိညာဥ္တစ္ခုရွိတယ္ သူ႔နာမည္က Latte တဲ့...
109K 5.8K 97
စောင့်ဆိုင်းခြင်းနဲ့ ချစ်ခြင်းမေတ္တာဟာ တသတ်မတ်ထောင့်လို။ထပ်တူညီခြင်းဥပဒေသအရ အချစ်သည်..စောင်ဆိုင်းခြင်းနဲ့ တိုက်ရိုက်အချိုးကျနေလေရဲ့ ေစာင့္ဆိုင္းျခင္း...