Unicode
Arc(2.23) - Saint Magus
ပြတင်းပေါက်မှတစ်ဆင့်ဖြာကျလာ တယ့်နေရောင်ခြည်ကကန့်လန့်ကာရဲ့ တားဆီးခြင်းကိုခံရပြီးအခန်းထဲမှာမြူ ဆိုင်းနေသလိုအလင်းဖျော့ဖျော့သာ ရှိနေသည်။
မနေ့ညကသူဘယ်အချိန်အိပ်ပျော် သွားလဲဆိုတာလီလျိုမသိပေမယ့် သူ့ရဲ့နှစ်ရှည်လများအကျင့်ဖြစ်နေတဲ့ ခန္တာကိုယ်နာရီကသူ့ကိုအချိန်မှန်မှာ ချက်ချင်းနိုးလာစေသည်။အဲ့ဒီလိုဆိုပေ မဲ့မူးနောက်နောက်ဖြစ်နေတာကြောင့် လီလျိုကညင်သာစွာညည်းညူလိုက် ကာသူ့မျက်လုံးများကိုဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ချက်ချင်းပင်သူ့တစ် ကိုယ်လုံးကထုံကျင်ပြီးနာနေတာကို ခံစားလိုက်ရကာအထူးသဖြင့်တော့သူ့ နောက်ကျောကဖြစ်သည်။သူ့ခန္တာကိုယ် တစ်ခုလုံးကအလွန်မသက်မသာဖြစ်နေ သော်လည်းသေချာပေါက်ဂရုတစိုက် သန့်ရှင်းရေးလုပ်ပေးထားသည်ကတော့ ထင်ရှားသည်။ဒါကြောင့်လည်းသူအိပ် ယာပေါ်မှာလဲလျောင်းနေတဲ့အချိန်မှာ စေးကပ်နေတဲ့ခံစားချက်မျိုးမခံစားရပေ။
လီလျိုကသူ့ခန္တာကိုယ်ကိုရွှေ့လျား လိုက်ပြီးသူမသက်မသာဖြစ်နေပေ မယ့်သည်းခံလို့ရသေးတယ်လို့တော့ ခံစားရသည်။သူထချင်တယ်ပြီးတော့ အဝတ်အစားတွေဝတ်ချင်ပေမယ့်သူ့ ခါးနားမှာလက်မောင်းတစ်ဖက်ရှိနေပြီး သူ့ခြေထောက်များသည်လည်းပိုပြီး အားကြီးတဲ့ရှည်လျားတဲ့ခြေထောက် များကြားမှာညှပ်ပိတ်မိနေသည်။သူက သူ့နောက်ကလူရဲ့တင်းတင်းကြပ်ကြပ် ဖက်ထားမှုကိုလည်းခံနေရတာကြောင့် လုံးဝကိုထလို့မရပေ။
သူ့ရဲ့လှုပ်ရှားမှုများကြောင့်သူ့နောက် ကလူကလည်းဖြည်းညှင်းစွာနိုးလာပြီး သူ့ခါးနားမှလက်များကရုတ်တရက် တင်းကြပ်သွားကာသူ့မှာပိုပြီးတင်း တင်းကြပ်ကြပ်အဖက်ခံလိုက်ရ၏။
"နိုးပြီလား"
သူ့ရဲ့ကိုယ်ဗလာနောက်ကျောမှာ နွေးထွေးတဲ့အသက်ရှုသံကိုခံစားလိုက် ရပြီးပိုပြီးနွေးထွေးကာနူးညံ့တဲ့အရာက သူ့နောက်ကျောကိုတစ်ခါထပ်နမ်းလိုက် သောကြောင့်လီလျိုမှာချက်ချင်းပင် လည်ပင်းလေးကျုံ့သွားမိပြီးသူ့မျက်နှာ ပေါ်မှာပန်းရောင်တစ်လွှာပေါ်လာရသည်။
သူ့စိတ်ထဲမှာလည်းမနေ့ညကစိတ်အား ထက်သန်ခဲ့သည့်မြင်ကွင်းကိုပြန်လည် မြင်ယောင်လာမိတာကြောင့်သူ့မျက်နှာ အားပိုလို့ပင်နီရဲသွားစေသည်။
အဲလ်ဗစ်ရဲ့အဇူရာမျက်လုံးများက တစ်ဝက်ကျဉ်းမြောင်းနေပြီးသူ့ရင်ခွင် ထဲမှာလိမ်လိမ်မာမာနဲ့သူဖက်ချင်သလို ဖက်ခွင့်ပေးထားတဲ့လူသားလေးကို ငုံ့ကြည့်လိုက်မိကာမနေနိုင်တော့ပဲ သူ့ရဲ့ချောမွေ့တဲ့ကျောကုန်းလေးကို အကြိမ်အနည်းငယ်ထပ်နမ်းလိုက်မိသည်။
အဲ့ဒီအချိန်မှာချက်ချင်းပဲသူ့ရင်ခွင်ထဲ ကလူရဲ့ပုခုံးလေးများကတုန်ယင်နေ တာကိုခံစားလိုက်ရသည်။ငွေဖြူရောင် ဆံနွယ်များရဲ့အောက်မှပေါ်နေသည့့် ကျောက်စိမ်းဖြူရောင်နားရွက်ထိပ် လေးကလုံးဝကိုနီရဲနေပြီဖြစ်ပြီးသူ့ပုံစံ လေးကခန္တာကိုယ်ကိုကျုံ့ပြီးခြေသည်း လက်သည်းဖွက်ကာအနိုင်ကျင့်ချင်သ လိုကျင့်ခွင့်ပြုထားသည့်သတ္တဝါသေး သေးလေးနှင့်တူနေသည်။
အဲလ်ဗစ်ရဲ့မျက်ဆံများကအနည်းငယ် မှောင်မဲသွားပြီးသူ့နှုတ်ခမ်းထောင့်စွန်း များကကွေးညွှတ်တက်သွားသည်။သူ ကသူ့ခေါင်းကိုလီလျိုရဲ့နောက်ကနေ သူ့ပုခုံးပေါ်ကွေးတင်လိုက်ကာလက်ကို ဆန့်ထုတ်၍လီလျိုရဲ့မေးလေးကိုဆွဲ လိုက်ပြီးသူ့ကိုယ်ကိုအနည်းငယ်မြှင့် လိုက်၍လီလျိုနဲ့နှုတ်ခမ်းများကို တိုက်ရိုက်နမ်းရှိုက်လိုက်တော့သည်။
လီလျိုမှာအဲလ်ဗစ်ဆီကနေအသက်ရှု လို့မရတော့သည်အထိအနမ်းခံနေရပြီး သူ့ကိုပိုပြီးရှက်လာစေတဲ့အရာကမနေ့ည ကအဲလ်ဗစ်သူ့ကိုတစ်ညလုံးညှင်းဆဲခဲ့တဲ့ အရာကသူ့တင်ပါးကိုနောက်တစ်ခါ လာထောက်နေသည်အားထင်ထင်ရှား ရှားခံစားလို့ရနေတာကိုပင်။
သို့သော်အဲလ်ဗစ်ကသူ့ကိုနောက် တစ်ခါထပ်တွန်းလှဲဖို့အစီအစဉ်မရှိပဲ သူကဒီအတိုင်းသူ့တင်ပါးကိုအကြိမ် အနည်းငယ်ပွတ်သပ်နေတာသာဖြစ် ကာပြီးနောက်မှာတော့သူ့ကိုယ်ကို နေရာရွှေ့ပေးလိုက်သည်။
သူကသူ့ခါးကိုကိုင်လိုက်ပြီးသူ့နှုတ်ခမ်း ကိုအကြိမ်အနည်းငယ်ထပ်နမ်းလိုက် ပြီးနောက်ထလိုက်ကာပြောလိုက်သည်။
"ဒီနေ့တော့အခန်းထဲမှာအနားယူနေ လိုက်ကိုယ်မင်းအတွက်မနက်စာ ယူလာပေးမယ်"
လီလျိုရဲ့တစ်ကိုယ်လုံးကပျော့ပြောင်း နေပြီးသူ့မျက်နှာကနီရဲနေသည်။သူ့ ပယင်းရောင်မျက်လုံးလေးများက စိုစွတ်နေတဲ့အပြင်သူ့ရဲ့ကြောင်မျက် လုံးလေးများရဲ့ထောင့်မှာကျရန်ငြင်း ဆန်နေသည့်ရေကန်လေးနှစ်ကန်ရှိ နေသေးသည်။သူ့နှုတ်ခမ်းများသည် လည်းထူထပ်တဲ့အလွှာတစ်ခုဖုန်းအုပ် ထားသလိုမျိုးနီရဲနေတာကြောင့်ထိုခဏ မှာသူ့ပုံစံလေးကဆွဲဆောင်နိုင်စွမ်းရှိ လွန်းသည့်နတ်ဆိုးလေးနှင့်တူနေသော် လည်းအဲလ်ဗစ်ကိုတော့အရမ်းကို စင်ကြယ်ပြီးရှက်ကြောက်နေသည့် ပုံလေးဖြင့်ကြည့်နေသည်။
ထိုဆန့်ကျင်ဘက်အရာနှစ်ခုပေါင်းစပ် သွားတဲ့အခါမှာတော့အလွန်သေစေ လောက်သည့်သွေးဆောင်ဖြားယောင်း မှုကိုဖြစ်ပေါ်သွားစေသည်။
အဲလ်ဗစ်မှာလီလျိုရဲ့ထိုပုံစံကိုမြင်လိုက် ရသောကြောင့်သူ့ရဲ့ကိုယ့်ကိုကိုယ်ထိန်း ချုပ်ထားနိုင်စွမ်းကလုံးဝကိုဖျက်ဆီးခံ လိုက်ရပြီလို့ခံစားလိုက်ရ၏။သူ့အကြည့် ကလည်းနက်ရှိုင်းသထက်နက်ရှိုင်းလာ ရပြီးသူ့အာဒမ်ပန်းသီးကလည်းလှုပ်ရှား သွားရကာတံတွေးမျိုချလိုက်မိသည်။ ထို့နောက်တော့မနေနိုင်တော့ပဲလီလျိုရဲ့ နှုတ်ခမ်းများကိုငုံ့ပြီးထပ်နမ်းရှိုက်မိပြန်သည်။
အချိန်တော်တော်လေးကြာကြာ ကုန်ဆုံးသွားမှာသာသူအခုချိန်မသွား ရင်အတန်းပျက်တော့မယ်ဆိုတာ နားလည်လိုက်ရ၏။အဲလ်ဗစ်ကလီလျို ကိုလွှတ်ပေးလိုက်ပြီးအလျင်အမြန်ထ လိုက်ကာအဝတ်ဝတ်၍မျက်နှာသစ် ပါးစပ်ဆေးပြီးအခန်းထဲမှထွက်သွား လိုက်ရသည်။
*****
လီလျိုကထိုင်နေပြီးအဲလ်ဗစ်သူ့အတွက် ဝယ်လာပေးသည့်အသီးအရွက်စွပ်ပြုတ် ပန်းကန်ကြီးကိုလတ်စသတ်လိုက်သည် ——သူ့အရသာကသူ့မူလကမ္ဘာက စည်သွပ်အစားအသောက်များလိုဖြစ် နေကာသူကဂျုံပေါင်မုန့်ပိုင်းသေးသေး လေးကိုပါထပ်စားလိုက်သည်။လီလျို ကအခုချိန်မှာဘယ်သူမှမရှိတဲ့အခန်းထဲ တစ်ယောက်တည်းထိုင်နေတာဖြစ်တာ ကြောင့်သူ့ရဲ့အတွေးရထားတန်းကြီးက စတင်၍ထွက်ခွာတော့လေသည်။
လက်ရှိမှာအဲလ်ဗစ်ကသူ့အတွေးတွေ ကိုနှောင့်ယှက်ဖို့အနားမှာမရှိတာကြောင့် ယခင်ညကသံသယကသူ့စိတ်ထဲနောက် တစ်ခါထပ်ရောက်ရှိလာသည်။
လီလျိုကအရင်တုန်းကတော့အဲလ်ဗစ်နဲ့ ချင်ယုတို့ကတစ်နည်းနည်းနဲ့တူညီနေတယ် လို့သာခံစားခဲ့ရပေမယ့်အခုချိန်မှာတော့ သူတို့နှစ်ယောက်အဲ့ဒီအချိန်မှာသူ့ကို ဆက်ဆံပုံကလည်းအရမ်းကိုဆင်တူနေ တာကြောင့်သူတို့ကတစ်ယောက်တည်း လို့တောင်သူ့ကိုတွေးမိစေသည်အထိပင်။
အကယ်၍အဲလ်ဗစ်နဲ့ချင်ယုတို့က မတူညီတဲ့သူတွေဆိုရင်သူတို့ရဲ့ဘဝ နေထိုင်မှုပုံစံနဲ့အပြုအမူတွေမှာ အနည်းငယ်တူညီမှုရှိတယ်ဆိုတာ ဖြစ်နိုင်သေးတယ်....ဒါပေမဲ့သူ့ကို အိပ်ယာပေါ်တွန်းလှဲတဲ့ခံစားချက်နဲ့ သူ့အပေါ်မှာထားတဲ့ပိုင်ဆိုလိုင်စိတ် ပြင်းပြခြင်းနဲ့ဆန္ဒတွေကလည်းအရမ်း ကိုတူညီနေတာကတော့အမှတ်အသား တစ်ခုလိုအရမ်းနီးစပ်နေသည်လေ။
ဒီမှာဘာတွေဖြစ်နေတာလဲ?
လီလျိုကထိုအချက်နေရာထိ တွေးမိပြီးနောက်မှာရုတ်တရက် သူ့အသက်ရှုနှုန်းကအချိန်တို အတွင်းအလျင်လိုသွားရသည်။
သူတို့နှစ်ယောက်ကလူတစ်ယောက် တည်းလို့တော့မပြောနဲ့နော်မဟုတ်ဘူး သူတို့ကဝိဉာဉ်တစ်ခုတည်းများလား?
ထိုအတွေးကလုံးဝမဖြစ်နိုင်ပေမယ့် သူ့ခေါင်းထဲဝင်လာသည့်အခါမှာတော့ လီလျိုမှာခေါင်းထဲကထုတ်လို့မရတော့ပေ။
လီလျိုကသူ့မျက်နှာကိုအကြိမ်အနည်း ငယ်ရိုက်လိုက်ပြီးဘေးပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။သူကမနေနိုင်တော့ ပဲမတ်တပ်ရပ်လိုက်ကာအခန်းထဲမှာခြေ လှမ်းအနည်းငယ်ဖြေးညှင်းစွာလျှောက် လိုက်၏။သို့သော်သူ့ခေါင်းထဲကအတွေး များကတော့သူ့စိတ်ထဲမှာလှည့်ပတ်နေ ဆဲဖြစ်ပြီးဘယ်မှကိုထွက်မသွားတာ ကြောင့်သူ့ရဲ့အရိုင်းဆန်နေသည့်အတွေး များကိုစတင်ပြီးထိန်းချုပ်မရနိုင်ဖြစ် လာစေသည်။
လီလျိုကအခန်းထဲမှာအကြိမ်အနည်း ငယ်ပတ်ကာလျှောက်နေပြီးမှနောက် ဆုံးတော့ရပ်လိုက်ပြီးသူ့သားရဲပုံစံကို ချက်ချင်းပြောင်းလိုက်ကာပြတင်းပေါက် မှအပြင်ဘက်သစ်ပင်ပေါ်ခုန်တက်လိုက် ပြီးထိုအပေါ်မှဆင်း၍ထွက်သွားတော့သည်။
စိန့်ဟယ်လာအကယ်ဒမီထဲမှာကြာကြာ လျှောက်လိုက်ရင်သူဒီစိတ်ပျက်စရာ အတွေးတွေကိုနှိမ်နင်းလို့ရလောက်ပါတယ်
လီလျိုကနံရံတစ်လျှောက်လမ်းလျှောက် နေပြီးမှပန်းမွေ့ယာပေါ်ခုန်ချလိုက်ပြီး ဘယ်သူမှမသွားတဲ့လမ်းတစ်လျှောက် သွားနေလိုက်သည်မှာနောက်ဆုံးတော့ သူနဲ့အဲလ်ဗစ်တို့ပထမဆုံးနေ့စိန့်ဟယ်လာ အကယ်ဒမီကိုရောက်တဲ့အချိန်တွေ့ခဲ့သည့် သန့်စင်ကြည်လင်နေသောကန်ကြီးကို ရောက်ရှိလာသည်။သူကခြေထောက် လေးကိုမြှောက်လိုက်ပြီးကျောက်တုန်း နောက်မှထွက်ခွာရန်ပြင်လိုက်သည့် အချိန်မှာရုတ်တရက်ရင်းနှီးနေသည့် ပုံရိပ်များကိုမြင်လိုက်ရသည်။
ထိုနေရာကိုအနည်းငယ်အိုနေဟန် တူသည့်အသက်ကြီးကြီးလူအနည်း ငယ်နှင့်လူငယ်လေးနှစ်ယောက်သုံး ယောက်လောက်ကအဝေးတစ်နေရာ မှလာနေသည်။အညိုရောင်ကိုဆံပင် အဖြူတစ်ဝက်ဖြစ်နေသည့်လူကြီး တစ်ယောက်ကကြည့်ရတာအရမ်း ရင်းနှီးနေပြီးဆံပင်ရှည်နှင့်မိန်းကလေး ကလည်းကြည့်ရတာရင်းနှီးနေသည်။
လီလျိုရဲ့ကြောင်နားရွက်လေးများက လှုပ်ရမ်းသွားပြီးလေးလေးနက်နက် တွေးနေရင်းဖြင့်ခဏမျှအကြာမှာ သူနောက်ဆုံးတော့တုန့်ပြန်လိုက်သည်။
ဟုတ်သားပဲ..အဲ့ဒီဆံပင်ရှည်နဲ့မိန်းကလေး ကဆလီနာပြီးတော့အဲ့ဒီဆံပင်အညိုကို တစ်ဝက်ဖြူနေတဲ့လူကြီးကရောစစ်မျိုးနွယ် စုရဲ့အကြီးအကဲကြီးပဲ
သူတို့ကိုမြင်ပြီးနောက်လီလျိုမှာ ဇာတ်လမ်းရဲ့ဇာတ်ကြောင်းကိုရုတ် တရက်သတိရသွားမိသည်။အကြောင်း ကတော့အကယ်ဒမီကမျိုးနွယ်စုကို သူတို့ရဲ့ပါရမီရှင်နှစ်ယောက်ကြွေလွင့် သွားကြောင်းသတင်းပို့လိုက်တာကြောင့် ရောစစ်မျိုးနွယ်စုရဲ့ဂိုဏ်းချုပ်ကြီးမှာနေ ရာမှာတင်မေ့လဲသွားရသည်လေ။
သို့သော်လည်းနောက်ပိုင်းမှာဆူးနက် အတန်းတွင်အဲလ်ဗစ်ဆိုတဲ့နာမည်နဲ့ ကျောင်းသားတစ်ယောက်ရှိကြောင်း ချက်ချင်းကြားလိုက်တာကြောင့်ချက် ချင်းပင်တစ်စုံတစ်ယောက်ကိုလွှတ်ကာ စုံစမ်းခိုင်းလိုက်ပြီးနောက်ဆုံးတော့ အဲ့ဒါကသူတို့တွေးထားသည့်အဲလ်ဗစ် ဆိုတာကိုဆုံးဖြတ်ချက်ချနိုင်သွားကြသည်။
ဒါကြောင့်ဒီလူတွေဒီကိုလာရတဲ့ ရည်ရွယ်ချက်ကအဲလ်ဗစ်ကိုမျိုးနွယ် စုအားနောက်တစ်ကြိမ်ပြန်လာစေ ချင်သောကြောင့်ပင်။
ဒါပေမဲ့ရေကစီးဆင်းသွားပြီးပြီလေ ပြန်ဝင်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး.. အဲ့ဒီအချိန်ကအဲလ်ဗစ်ရဲ့အခက်ခဲဆုံး အချိန်ဖြစ်တာကိုထည့်မပြောနဲ့ဦး ပြီးတော့သူအဲ့ဒီအချိန်ကမျိုးနွယ်စုရဲ့ အကူအညီကိုတောင်းခံခဲ့ပေမယ့် ဘယ်သူမှသူ့အဖွားကိုကယ်ဖို့အပြင် မထွက်ပေးခဲ့ဘူး..အဲ့ဒီအချိန်ကတည်း ကအဲ့ဒီလူတွေမှာမျှော်လင့်ချက်မရှိ တော့တာ...
လီလျိုကဆလီနာမှလွဲ၍ထိုအုပ်စုကို ကြည့်ရန်ရှောင်ရှားလိုက်ပြီးတစ်ဖက် သို့လှည့်ကာခြုံပုတ်ထဲပြန်ဝင်သွား လိုက်သည်။သူကအဲလ်ဗစ်စာသင်ကြား နေတဲ့အတန်းဆီသို့ပြန်ပြေးပြီးအဲလ်ဗစ် အားထိုကိစ္စနဲ့ပတ်သတ်လို့သတင်းပို့ရန် အသင့်ဖြစ်နေပြီလေ..အဲလ်ဗစ်ကိုပြင်ဆင် မှုမရှိပဲဒီအုပ်စုနဲ့မတွေ့စေချင်ဘူး
...........................
10.9.2020 (10:20 PM)
...........................
Zawgyi
Arc(2.23) - Saint Magus
"နိုးပြီလား"
*****
...........................
10.9.2020 (10:20 PM)
...........................