#Unicode#
ဇာမဏီဟိဏ်းရဲ့ ကိုယ်ဟာ ဇေယျာနဲ့ နီးသထက် နီးလာသည်။ ဇေယျာ ချက်ချင်းဘဲ မျက်လုံး မှိတ်ထားလိုက်သည်။ ဇာမဏီဟိဏ်းရဲ့ ကိုယ်သင်း ရနံ့လေးကိုတောင် ရနေသည်။ ပြီးနောက် ဇာမဏီဟိဏ်းရဲ့ အသက်ရူရှိုက်သံကိုပါ ဇေယျာ ကြားနေရတော့သည်။ ဇေယျာ စောင့်နေလိုက်မိသည်။
ဇေယျာရဲ့ နှုတ်ခမ်းလေး စိုစွတ်သွားမှာကိုပေါ့လေ။ ထိုအချိန်မှာဘဲ အဖျက်က ၀င်လာလေတော့၏။
"ဆရာ ဥက္ကဌက ဆရာနဲ့ ပြောချင်လို့ပါတဲ့" ဆိုသည့်
ဖုန်းထဲကနေ အတွင်းရေးမှူးအသံက ထွက်ပေါ်လာတော့သည်။
ဇေယျာ ချက်ချင်းဘဲ မှိတ်ထားတဲ့ မျက်လုံးတွေကို ဖွင့်လိုက်သည်။ ပြီးတော့ ဇာမဏီဟိဏ်းကို ကြည့်လိုက်လေသည်။ ဇာမဏီဟိဏ်းသည်လည်း ဇေယျာ့ကို ကြောင်ပြီး ကြည့်နေတော့၏။ ပြီးနောက် ဇေယျာ့ ကိုယ်လေးကို ကိုင်ထားရာကနေ လွတ်လိုက်ပြီး ဇာမဏီဟိဏ်း တစ်ယောက် စားပွဲနား သွားလိုက်ပါလေသည်။ နောက်ပြီး ဇေယျာ့ကို ကြည့်လာကာ
"ချစ် ခဏလောက် အပြင်ထွက်ပေးပါအုန်းနော်" ဆိုပြီး ပြောလိုက်လေသည်။
ချစ်ရသူ ဇာမဏီဟိဏ်းက တောင်းဆိုလာတော့ ဇေယျာလည်း အပြင်ကို ထွက်နေပေးလိုက်သည်။ ဇေယျာ အပြင်ကို ထွက်ပြီးတော့ တံခါးကို သေသေချာချာလေး ပိတ်လိုက်သည်။
ပြီးတော့ "ဟွန့် ကောင်းခန်းရောက်နေပြီဆို အမြဲတမ်း အဖျက်က၀င် ၀င်၀င်လာတယ်" ဆိုကာ ဇေယျာ ဆူပုတ်ပြီး တိုးတိုးလေး ပြောလိုက်ပါလေသည်။
ဇေယျာ တိုးတိုးလေး ပြောလိုက်တာကို အနားမှာ ရှိနေတဲ့အတွင်းရေးမှူးက ကြားသွားသည်နှင့် တူပါရဲ့။ မခို့တရို့လေးချောင်းကြည့်နေတာကို ဇေယျာ တွေ့လိုက်ရလေသည်။ ဒါနဲ့ ဇေယျာလည်း ရှက်ရှက်နဲ့ အတွင်းရေးမှူးကို ပြုံးပြလိုက်ပြီး အောက်ထပ်ကို ဆင်းသွားလိုက်ရတော့သည်။ ထိုအတွင်းရေးမှူးကတော့ ပြုံးရင်း ကျန်ခဲ့လေရဲ့။
ဇာမဏီဟိဏ်း တစ်ယောက် ချောင်းဟန့်လိုက်သည်။ ပြီးနောက် ထိုင်ခုံမှာ ကျကျနန ထိုင်လိုက်ပြီး ဖုန်းကိုင်လိုက်လေသည်။
"ဟယ်လို အဖေလား" ဟု ဇာမဏီဟိဏ်း ဖုန်းပြန်ဖြေလိုက်သည်။
"အေ ဟုတ်တယ်။ ဘာလို့ဖုန်းကိုင်ဖို့ကို ဒီလောက်ကြာနေရတာလဲ"
"အော် သား စာရင်းတွေ သေသေချာချာ တွက်နေလို့ပါ"
"အေ အလုပ်တွေ ကြိုးစားနေတယ်ပေါ့"
"ဟုတ်"
"ဟုတ်ပြီ။ သားနဲ့ အဖေကြားမှာ အပေးအယူရှိနေတယ်နော်။ မမေ့ဘူးမလား"
"သား မမေ့ပါဘူး အဖေ။ အဲ့အတွက်လည်း ကြိုးစားနေပါတယ်"
"အေအေ ဟုတ်ပြီ။ ဒါနဲ့ မင်းအကိုကော မြေကွက်ရှာတွေ့ပြီတဲ့လား"
"တစ်ခုစ၊ နှစ်ခုစလောက်တော့ တွေ့နေပြီလို့ ပြောတာပါဘဲ"
"ကဲပါ ဒါကတော့ မင်းအကိုကို ငါမေးလိုက်မယ်"
"ဟုတ် အဖေ"
"နှစ်လပြည့်ပြီနော်"
"ဟမ် အဖေ ဘာကိုပြောတာလဲ" ဆိုကာ ဇာမဏီဟိဿ်း နားမလည်သလိုဖြင့် ပြန်မေးလိုက်သည်။
"ငါးလထဲမှာ နှစ်လပြည့်ပြီလို့ ပြောတာ"
"ဟုတ် သားမှတ်ထားပါတယ်"
"အေအေ ဒါဆိုလည်း ကောင်းတာပေါ့"
"အဖေ သားဖုန်းချလိုက်တော့မယ်နော် meetingလေး ရှိလို့"
"အေအေ"
အဖေဖြစ်သူ ပြောပြီးသည်နှင့် ဇာမဏီဟိဏ်း ဖုန်းကို ချက်ချင်း ချလိုက်တော့သည်။ ပြီးနောက် ခုံကို မှီကာ သက်ပြင်းချလေသည်။
"ဟူး...."
ပြီးကာမှ ဇာမဏီဟိဏ်း တစ်ယောက် ဇေယျာကို သတိရသွားပြီး အခန်းပြင် ထွက်လာလိုက်လေသည်။ အတွင်းရေးမှူးမှာတော့ လောလောပျာပျာ ဖြစ်နေတဲ့ ဇာမဏီဟိဏ်းကို ကြည့်လို့နေလေသည်။ ဇာမဏီဟိဏ်းမှာ အတွင်းရေးမှူး ကောင်မလေးကို ကြည့်လိုက်ပြီး
"ခဏက အခန်းထဲက ထွက်သွားတဲ့ တစ်ယောက်ကော" ဟု
အလောတကြီး မေးလိုက်ပါလေသည်။
"ဆရာ့အခန်းထဲက ထွက်လာတဲ့ ဟိုကောင်လေးလား"
"ဟုတ်တယ်.... ဟုတ်တယ်.....ဘယ်ရောက်သွားတာလဲ"
"အော်..... သူလား နှုတ်ခမ်းကြီး ဆူပြီး အောက်ထပ်ကို ဆင်းသွားတယ် ဆရာ"
"အေအေ ငါအပြင်ခဏ သွားမယ်။ အရေးကြီးတဲ့ ဖိုင်တွေ၊ လက်မှတ်ထိုးဖို့ လိုတယ်ဆိုရင် ငါ့စားပွဲပေါ် တင်ထားလိုက်.... ဟုတ်ပြီလား"
ဇာမဏီဟိဏ်း ပြောရင်း ခြေလှမ်း သွက်သွက်ဖြင့် အောက်ထပ်ကို ဆင်းသွားလေတော့သည်။
"ဆရာ meetingရှိသေးတယ်လေ" ဆိုကာ
အတွင်ရေးမှူးမလေးက အော်ပြောလေသည်။
ဇာမဏီဟိဏ်းမှာတော့ အတွင်းရေးမှူး ကောင်မလေး အော်ပြောတာကို မကြားနိုင်တော့ဘဲ အောက်ထပ်ကို ရေးကြီးသုတ်ဖြာဖြင့် ဆင်းသွားလေတော့၏။ အတွင်းရေးမှူး ကောင်မလေးကတော့ ကောင်တာမှာ ကြောင်တောင်တောင်ဖြင့် ကျန်ခဲ့လေသည်။
"ငါတို့ ဆရာကလည်းနော် သူ့ကလေးကို မျက်စိအောက်ကနေကို အပျောက်မခံဘူး....ဟီး" ဆိုပြီး အတွင်းရေးမှူး ကောင်မလေးမှာ တိုးတိုးလေးပြောပြီး ပြုံးနေတော့သည်။
"ဟဲ့ ကမ နင်ဘာတွေ တစ်ယောက်ထဲ ပြုံးနေတာလဲ"
"အော် ဘာမှ မဟုတ်ပါဘူးအေ၊ ဒီအတိုင်းပါဘဲ"
"ရော့ ဒါက ဆရာတောင်းထားတဲ့ စာရင်းတွေ"
"ဟုတ်ပြီ ဟုတ်ပြီ ငါ့ကိုပေးထားလိုက်"
ဖိုင်ပေးလိုက်တဲ့ ကောင်မလေးက အောက်ထပ်ကို ပြန်ဆင်းမလို့ လုပ်တုန်း နောက်ပြန်လှည့်လာလေသည်။
"ဒါနဲ့လေ ဆရာက ပျာပျာတလဲနဲ့ ဘယ်ကိုသွားတာလဲ"
"ဟဲ့ ငါကဘယ်သိမလဲ" ဟု ကောင်တာမှာ နေတဲ့ အတွင်းရေးမှူးက လှမ်းပြောသည်။
"အော် နင်များသိမလားလို့လေ မေးကြည့်တာပါ"
"နင်ကိုက တော်တော်စပ်စုတာဘဲ"
"အေးပါအေ အေးပါ။ မေးမိတာမှားပါတယ်ဟယ်"
ဆိုပြီး ပွစိပွစိလုပ်ရင်း ထိုကောင်မလေး အောက်ထပ်ကို ဆင်းသွားတော့သည်။
ဇာမဏီဟိဏ်း တစ်ယောက် အောက်ထပ်ကို အမြန် ပြေးဆင်းသွားပြီးတော့ ဇေယျာကို လိုက်ရှာနေလေသည်။ ဟိုရှာ ဒီရှာ လုပ်နေရင်းကနေ နောက်ဆုံးတော့ တွေ့သွားလေပြီ။ ကားတစ်စီးနားမှာ ရပ်ပြီး ဟိုစမ်းဒီစမ်းဖြင့် လျှောက်ကြည့် နေသည့် ဇေယျာကို တွေ့တော့မှ ဇာမဏီဟိဏ်းလည်း စိတ်အေးသွားရလေသည်။ ဘေးမှာကလည်း ရှင်းပြမယ့်သူက ရှိနေသေးသည်။ ဒါနဲ့ ဇာမဏီဟိဏ်း တစ်ယောက် ဇေယျာနား သွားလိုက်တော့သည်။
ဇာမဏီဟိဏ်း ရောက်သွားတော့ ကားအကြောင်း ရှင်းပြနေတဲ့ကောင်လေးကို ထိုနေရာက သွားလိုက်ဖို့ကို အချက်ပြလိုက်လေသည်။ ဒါနဲ့ ဇေယျာကို ရှင်းပြနေတဲ့ တစ်ယောက်လည်း ထွက်သွားလေတော့၏။
ဇေယျာမှာတော့ အနားမှာ ဇာမဏီဟိဏ်း ရောက်လာတာကို မသိသေး။ ကားအတွင်းပိုင်းကို ကိုယ်တစ်ခြမ်း ၀င်ပြီး ကြည့်နေလေ၏။ ဇာမဏီဟိဏ်းမှာတော့ ချစ်ရသူဖြစ်တဲ့ ဇေယျာကို ကြည့်ကာ ရယ်နေလေသည်။ ဇာမဏီဟိဏ်း တစ်ယောက် ဇေယျာကို စချင်တာကြောင့် အသံတုလုပ်ကာ မေးလိုက်သည်။
"ဘာများ ထပ်ပြီး သိချင်ပါသေးလဲ ခင်ဗျ" ဆိုပြီးတော့ပေါ့။
ဇေယျာမှာ ဇာမဏီဟိဏ်းကို မကြည့်အားဘဲ ဖြစ်လို့နေလေသည်။ ဒီတော့ ကားလေးကို ကြည့်နေရင်းနဲ့သာ ပြန်ဖြေလေသည်။
"ဈေးက ဘယ်လောက်လောက် ရှိမလဲ မသိဘူးနော်"
"သိန်းတစ်ထောင့်ငါးရာလောက် ရှိပါတယ်"
"ဘာပြောတယ်....သိန်း.....သိန်း တစ်ထောင့်ငါးရာ....ဟုတ်လား။ ဒီကားသေးသေးလေးကလေ" ဟု
ဇေယျာမှာ ပြောရင်း ကားထဲကနေ ပြန်ထွက်လာလိုက်သည်။
"တော်ပြီ တော်ပြီ လျှောက်ကြည့်လို့ မဖြစ်ဘူး။ မတော်လို့ တစ်ခုခု ပျက်သွားမှဖြင့် ငါစိုက်လျော်နေရအုန်းမယ်"
ဆိုပြီးတော့လည်း ဇေယျာ တစ်ယောက် ပွစိပွစိပြောကာ ကားတခါးကို ပိတ်နေတော့သည်။
ဇာမဏီဟိဏ်းသည်တော့ ပွစိပွစိပြောနေတဲ့ ဇေယျာကို ကြည့်ကာ အသံတိတ် ရယ်နေလေသည်။ အစကတော့ ရယ်ချင်စိတ်ကို ထိန်းထားပေမယ့်လည်း ဇေယျာ လုပ်နေတဲ့ ပုံစံက ချစ်စရာလေးမလို့ ဇာမဏီဟိဏ်း အသံထွက်ကာ ရယ်မိသွားလေတော့၏။
"ဘာရယ်တာလဲ မင်းတို့ သူဌေးနဲ့ ပြောလိုက်ရမလား" ဆိုကာ ဇေယျာ တစ်ယောက် ရယ်သံကြောင့် စိတ်က ထောင်းခနဲ တိုသွားကာ ပြောရင်း လှည့်လိုက်ပါလေသည်။ ပြီးကာမှ အသံတိုးတိုးလေးဖြင့် ရေရွတ်ကာ အံ့ဩတကြီး ဖြစ်သွားရလေသည်။
"ဟမ်.....ကို.....ကိုဟိဏ်းပါလား" ဆိုပြီး ဇေယျာ ရေရွတ်လိုက်မိသည်။
"ပြောပါအုန်း ဘယ်သူဌေးနဲ့ တိုင်မလို့လဲ"
"ဟာ....ကိုဟိဏ်းကလည်း"
"ဘာလဲ.....ကားကြည့်နေတာက လိုချင်လို့လား"
"မယူချင်ပါဘူး ကားက....ဈေးအရမ်းများတယ် "
"ချစ်ယူမယ်ဆိုရင် တစ်ထောင့်ငါးရာဘဲပေးလေ။ ရှေ့က သိန်းတွေဘာတွေ ဖြုတ်လိုက်လို့ရတယ်" ဆိုကာ ဇာမဏဟိဏ်းမှာ ဇေယျာ့ ပုခုံးလေးကို ကိုင်ပြီး ပြောလိုက်ပါလေသည်။
ဇေယျာ တစ်ယောက် ဇာမဏီဟိဏ်းရဲ့ ပြန်ပြောတဲ့ စကားကို ကြားပြီး ပြာပြာသလဲ ဖြစ်သွားတော့သည်။ ပြီးနောက်
ဇာမဏီဟိဏ်းနား သွားကာ တိုးတိုးလေး ပြောလေသည်။
"ကိုဟိဏ်းကလည်း နာမည်ဘဲခေါ်ပါ။ ရုံးမှာက ချစ်တို့ ဘာတို့ဆိုတာကြီးက ရှက်စရာကြီး" ဆိုပြီးတော့ပင်။
"ဟား.......ဟား......ဟား"
ဇာမဏီဟိဏ်း ထပ်ရယ်ပြန်သည်။
"အခုမှရှက်နေတယ် လုပ်နေ။ မနေ့ကတည်းက ရုံးကလူတွေသိလို့ မနက်တုန်းက ချစ်ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေတာမလား"
"အင်းလေ ဒါကတော့ ဒါပေါ့။ အခုက ရဲရဲတင်ကြီး ဖြစ်မနေဘူးလားလို့ပါ"
"ဘယ်လိုလုပ် ရဲရဲတင်းတင်းကြီး ဖြစ်ရမှာလဲ။ ကိုက ချစ်ကို ပွေ့ချီသွားတာကရော ရဲရဲတင်းတင်းဘဲ မဟုတ်လို့လား"
"ကိုဟိဏ်းနော် ပြောလေကဲလေပါလား"
"ဟာ ကိုက အမှန်ပြောတာလေ"
ဇာမဏီဟိဏ်း ပြောရင်း ဇေယျာ့လက်ကို ဆွဲကိုင်လိုက်သည်။
ဇေယျာမှာတော့ အံ့ဩမှုအပြည့်ဖြင့် ဇာမဏီဟိဏ်းကို ကြည့်လိုက်လေသည်။ ဇာမဏီဟိဏ်းကတော့ ပြုံးစိစိဖြင့် ဖြစ်လို့နေတော့သည်။
"ကိုဟိဏ်း ဘာလုပ်တာလဲ" ဆိုပြီး ဇေယျာ မေးလိုက်ရသည်။
"ကို့ချစ်သူရဲ့ လက်ကို ကိုင်တာလေ။ ဘာဖြစ်လို့လဲ"
ဇာမဏီဟာ ပြောလည်းပြောရင်း ဇေယျာ့လက်ကို ဆွဲပြီး တစ်နေရာရာကို သွားဖို့ ပြင်နေတော့သည်။ ဇေယျာမှာတော့ မသွားဖို့ကို အတင်း ရပ်နေလိုက်သည်။
"ကိုဟိဏ်း ဘယ်သွားမလို့လဲ"
"ဟာ ချစ်ကို လိုက်ပို့မှာလေ"
"လိုက်ပို့တာ ဟုတ်ပါပြီ။ လက်က ဘာလို့ ကိုင်ထားတာလဲ"
"ကိုယ့်ချစ်သူလက်ကို ကိုင်တာ ဘယ်သူကဘာပြောရဲမှာလဲ"
ဇာမဏီဟိဏ်း တစ်ယောက် ရပ်နေတဲ့ ဇေယျာ့ကို အားနဲ့ ဆွဲလိုက်သည်။ ဇေယျာမှာ ဇာမဏီဟိဏ်းရဲ့ ရင်ခွင်ထဲသို့ အတိုင်းသား ၀င်သွားလေသည်။ ပြီးနောက် ဇာမဏီဟိဏ်းသည် ဇေယျာ့ရဲ့ ပုခုံးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ ဒီလိုနဲ့ နှစ်ယောက်သား ကုမ္မဏီ အပြင်သို့ ဦးတည်လိုက်ကြလေသည်။
ဇေယျာမှာ အတင်းရုန်းသော်လည်း ရုန်း၍မရ။ ဇာမဏီဟိဏ်းက ဇေယျာ့ကို အတင်း ဖက်ထားလို့ပင် ဖြစ်သည်။ ပြီးတော့လည်း ကုမ္မဏီက လူတွေမှာ ဇေယျာတို့ အတွဲကို လိုက်ကြည့်နေကြတော့သည်။ ဇေယျာက ခပ်မြန်မြန်သွားချင်သော် ဇာမဏီဟိဏ်းမှာ ပေပြီးတော့ ဖြေးဖြေးလေး သွားနေတာတော့သည်။ ပြောရရင် ဇေယျာက ဒီကုမ္မဏီပိုင်ရှင် ဇာမဏီဟိဏ်းရဲ့ ချစ်သူဆိုတာကို လူလုံးပြနေတာနဲ့ တူလေ၏။ ပြီးတော့ ဇာမဏီဟိဏ်းရဲ့ မျက်နှာကြီးကလည်း ပြုံးဖြီးနေတော့သည်။
ဒါနဲ့ဘဲ ဇေယျာတို့ အပြင်ကို ရောက်သွားကြသည်။ အပြင်ကို ရောက်တော့မှ ဇာမဏီဟိဏ်းမှာ ဖက်ထားရာကနေ လွှတ်ပေးတော့သည်။
"ပြောတာဘဲ ဘယ်သူဘာပြောမှာလဲလို့" ဆိုကာ
ဇာမဏီဟိဏ်းမှ ဇေယျာ့ကို ကြည့်ပြီး ပြောလိုက်လေသည်။
"အင်းပါ၊ ထားပါတော့။ သွား ကားသွားယူ"
"ဘယ်သူ့ကားလဲ"
"ဇေယျာ့ကားလေ"
"အော် ဟုတ်ပြီ။ မေ့လို့ ချစ်ကားက ဒီမှာဆိုတာကို။ သွားယူလိုက်အုန်းမယ် စောင့်နေနော်"
"အင်းပါ"
ဇေယျာလည်း ပြောပြီးတော့ ဇာမဏီဟိဏ်း တစ်ယောက် ကားယူဖို့ ကားဂိုဒေါင်ကို သွားလေသည်။ ဇေယျာကတော့ ဒီအတိုင်း ရပ်စောင့်နေလိုက်တာပေါ့။
တစ်ဖက်တွင်တော့ မိုးထက် တစ်ယောက် ဇေယျာကို ဆိုင်ကနေ စောင့်နေလေသည်။ မနေ့ကတည်းက ဘာမပြော ညာမပြောဘဲနဲ့ ထွက်သွားပြီး ခုထိ ပြန်မရောက်သေးတာကြောင့် မိုးထက် ခမျာ ဇေယျာ ရောက်လာတော့မှဘဲ ကောင်းကောင်းကြီး အမေးအမြန်း ထူရမယ်ဆိုပြီး စဉ်းစားနေလေသည်။
ထိုချိန်မှာဘဲ တံခါးလေးက မြည်လာတော့သည်။ မိုးထက် တစ်ယောက် တံခါးပေါက်ကို မကြည့်အားဘဲ ပြောချင်ဇောနဲ့ ပြောလိုက်သည်။
"အကို မနေ့က ပြန်လဲမလာဘူး ဘယ်တွေ သွားနေတာလဲ" ဆိုပြီးတော့ ဖြစ်သည်။
"ငါက မင်းပြောတဲ့ အကို မဟုတ်ဘူး"
မိုးထက် ပြန်ပြောလာတာကို ကြားပြီး ကြောင်တောင်တောင် ဖြစ်လို့သွားလေသည်။
"တောင်းပန်ပါတယ် ဧည့်သည် ကျွန်တော် သေချာ မကြည့်မိလိုက်လို့ပါ" ဆိုပြီး မိုးထက် တောင်းပန်စကား ဆိုလိုက်လေသည်။
"မင်းတောင်းပန်စရာ မလိုပါဘူး"
မိုးထက် ဒီတစ်ခါ အံ့ဩသွားရလေသည်။ ထိုသူက ပစ္စည်းတွေကြားကနေ ပေါ်ထွက်လာတော့သည်။
"ခင်.....ခင်ဗျားကြီး........."
မိုးထက် တစ်ယောက် လက်ညှိးထိုးကာ ပြောလိုက်သည်။
ထိုသူကတော့ ဧည့်သည်မဟုတ် စိုင်းဝီလျံဟိဏ်းပင် ဖြစ်သည်။
"ကို့ဆိုင်လာတဲ့ ဧည့်သည်ကို ခင်ဗျားကြီးလို့ ခေါ်လို့ရလို့လား"
"တစ်ခြား ဧည့်သည်တွေဆို မခေါ်ပါဘူး။ ခင်ဗျားမလို့ ခင်ဗျားကြီးလို့ ခေါ်တာ"
"အင်းပါ ထားပါတော့။ ဒါနဲ့ ဒီနေ့အားလား"
"မအားဘူး။ ဘာလုပ်မလို့လဲ" ဆိုကာ မိုးထက် တစ်ယောက် ဘောက်ဆတ်ဆတ်နဲ့ ပြန်ပြောလိုက်လေသည်။
"မအားလဲ ငါနဲ့ လိုက်ခဲ့ကွာ"
"ဟင် ဘာလို့လိုက်ရမှာလဲ။ ဆိုင်မှာ အကိုဇေယျာ မရှိဘူးဆိုတာ မသိဘူးလား"
"သိတယ်။ တွေ့လည်းတွေ့တယ်။ ဒါပေမယ့် မင်း ငါနဲ့ လိုက်ခဲ့ရမယ်"
"ဟာ ဒီလူ ပြောလေ ရောင့်တက်လာလေပါလား"
စိုင်းဝီလျံဟိဏ်း ပြောလည်း ပြောရင်း မိုးထက်နားကို ရောက်သွားလေသည်။ ပြီးတော့ မိုးထက် လက်ကို အတင်း ကိုင်လိုက်သည်။ မိုးထက်မှာတော့ စိုင်းဝီလျံဟိဏ်းကို စိတ်ဆိုးတဲ့ အကြည့်ဖြင့် ကြည့်နေလေ၏။
"ဟိတ်လူ မအားဘူးလို့ ပြောနေတယ်လေ။ လက်ကို လွတ်"
မိုးထက် အော်လိုက်တာကြောင့် စိုင်းဝီလျံဟိဏ်း ဒီတစ်ခါတော့ လက်ကို အသာတကြည် လွှတ်ပေးလိုက်လေသည်။ ပြီးနောက် မသိသလို ပုံစံဖြင့်လုပ်ကာ ပြောလိုက်သည်။
"မင်းရဲ့ ဆိုင်ပိုင်ရှင်ကို ခွင့်တောင်းခဲ့ပြီးပြီး။ မင်းကို ခေါ်သွားလို့ရတယ်တဲ့လေ"
"ဟင် အကိုဇေယျာကလေ..... အဲ့လိုပြောလိုက်တာ ဟုတ်လား"
"ဟုတ်တယ် ဆိုင်သိမ်းပြီး ခေါ်သွားပါတဲ့"
"မဖြစ်နိုင်ဘူး ခင်ဗျားကြီး လိမ်ပြောတာနေမှာ"
"ဟ....ငါကမင်းကို လိမ်ပြောလို့ ဘာရမှာလဲ"
"ပြီးတာဘဲလေ ခဏစောင့်"
ဒီလိုနဲ့ မိုးထက် ဆိုင်သိမ်းလေတော့သည်။ ပြီးတော့ စိုင်းဝီလျံဟိဏ်းနဲ့ လိုက်သွားလိုက်ရလေသည်။
ထိုအချိန်တွင် ဇေယျာနှင့် ဇာမဏီဟိဏ်းတို့ ကားဖြင့် တစ်နေရာရာကို သွားနေကြလေသည်။ ဇေယျာမှာတော့ ချစ်ရသူ ဇာမဏီဟိဏ်း ဘယ်ကို ခေါ်သွားနေလဲဆိုတာ မသိသေးပါ။ ဒီအတိုင်းသာ လိုက်လာခဲ့ရလေတော့သည်။ ပြောရရင် ကားက မန်ဆူ ဘုန်းကြီးကျောင်းကို ကျော်လာလေပြီ။ ဇေယျာ အရင် တက္ကသိုလ်တက်တုန်းက သွားတဲ့ လမ်းဘဲလေ။
ကားလေးက မောင်းရင်းနဲ့ အေတီ တံတားနားလေးက ခေါက်ဆွဲဆိုင်မှာ ရပ်သွားတော့သည်။ ဇာမဏီဟိဏ်းကတော့ ကားရပ်ပြီးတာနဲ့ ကားပေါ်က တန်းဆင်းသွားလေသည်။ ဇေယျာလည်း လိုက်ဆင်းလိုက်ရတာပေါ့။
"ကိုဟိဏ်းကလည်း မနက်စာစားမှာကို အဝေးကြီး လာစရာလိုလို့လား" လို့ ဇေယျာ ပြောလိုက်သည်။
"ဟာ ဒီဆိုင်က ကိုတို့ရဲ့ အမှတ်တရတွေ အများကြီးရှိတဲ့ ဆိုင်လေ။ ချစ်မေ့သွားပြီလား"
"မမေ့ပါဘူး....ကိုဟိဏ်း ပင်ပန်းမှာ စိုးလို့ပါ"
"မပင်ပန်းပါဘူး ချစ်နဲ့ အတူရှိနေရင်ကို ပင်ပန်းတာတွေ မရှိတော့ဘူး"
"ဟုတ်ပါပြီ ကိုလူတတ်ကြီးရေ။ တကတည်း ပြောလိုက်တဲ့ စကားတွေကလည်းနော် ဘယ်ကတတ်လာမှန်းကို မသိဘူး"
"ဘယ်ကမှ တတ်လာမဟုတ်ဘူး။ အချစ်ကြောင့် သူ့အလိုလို ပြောတတ်လာတာပါဆို ချစ်လေးကလည်း"
"ကဲ ပြောတာတွေ ရပ်ပါတော့ ဆိုင်ထဲသွားမယ်" လို့
ဇေယျာ ပြောပြီး ဆိုင်ထဲကို ရှေ့က ၀င်သွားလိုက်သည်။
ဆိုင်ထဲ ရောက်တော့ အန်တီကြီးက ဇေယျာတို့ နှစ်ယောက်ကို စိုက်ကြည့်နေလေသည်။ ဇေယျာလည်း အန်တီကြီးနားသွားပြီးတော့ မှာလိုက်သည်။
"အန်တီ ရှမ်းခေါက်ဆွဲကို ၀က်စတူးလေးနဲ့ တစ်ပွဲရယ်။
ကိုဟိဏ်းက ဘာစားမှာလဲ"
ဇေယျာ အန်တီကြီးကို မှာပြီး ဇာမဏီဟိဏ်းကို လှမ်းမေးလိုက်သည်။ ပြီးကာမှ ဇာမဏီဟိဏ်း တစ်ယောက် သူ့ဘာသာ လာမှာတော့သည်။ ဒါနဲ့ ဇေယျာတို့ စားပွဲဝိုင်း အလွတ်မှာ နေရာယူလိုက်ကြသည်။ ရှမ်းခေါက်ဆွဲတို့၊ ဘာတို့ဆိုတော့ သိပ်ကြာကြာ မစောင့်ရတဲ့ မနက်စာဘဲလေ။ ခဏနေတော့ မှာထားတာတွေ လာချတော့သည်။ လာချတော့လဲ ခဏက ဇေယျာတို့ကို စိုက်ကြည့်နေတဲ့ အန်တီကြီးဘဲလေ။
"အန်တီ သားတို့ နှစ်ယောက်ကို တစ်နေရာရာမှာ မြင်ဖူးသလိုဘဲ"
ထိုအန်တီကြီးက ပန်းကန်တွေကို စားပွဲပေါ် ချပေးပြီးတော့ မသွားသေး။ ဇေယျာတို့ကို စိုက်ကြည့်ပြီးတော့ ပြောနေသေးတာ။
"ဟုတ်တယ်လေ။ အန်တီ မြင်ဖူးပါတယ်။ အရင်က ကျွန်တော်တို့က အန်တီ့ရဲ့ ဖောက်သည်ဘဲလေ"
ဆိုပြီး ဇာမဏီဟိဏ်းက ပြန်ဖြေတော့သည်။
"ဟုတ်လား။ အဲ့တာကြောင့်လေ မြင်ဖူးပါတယ်လို့"
"အန်တီ မြင်ဖူးပါတယ်။ မမှတ်မိတာဘဲ နေမှာပါ" ဆိုပြီး
ဇေယျာ ၀င်ပြောလိုက်သည်။
"အား .....အန်တီ မှတ်မိပြီ။ တစ်ခါတစ်ခါဆို ခေါက်ဆွဲ တစ်ပွဲကို နှစ်ယောက် မှာစားကြတာမလား"
"ဟုတ်တယ် ဟုတ်တယ်။ အန်တီ တော်တော် မှတ်ဥာဏ်ကောင်းတာဘဲ"
ဇာမဏီဟိဏ်းမှာ ထိုအန်တီကြီး မှတ်မိလို့ ပျော်နေလေရဲ့။
"မဟုတ်ပါဘူးလေ။ ကို့ဖောက်သည်ဆိုတော့လည်း မှတ်ထားရတာပါ"
"ဟုတ် အန်တီ"
"ကဲ စားစား ခေါက်ဆွဲတွေ အေးကုန်တော့မယ်"
အန်တီကြီးက ဇေယျာတို့ကို မှတ်မိကြောင်း ပြောပြီး သူ့နေရာ ပြန်သွားတော့သည်။
ဟုတ်ပါလေသည်။ ဇေယျာ တက္ကသိုလ် တက်တုန်းက နှစ်ယောက်သား ဒီဆိုင်လေးမှာဘဲ မနက်စာစားကြတာလေ။
အဲ့တုန်းက ဇာမဏီဟိဏ်းက ဇေယျာ့ကို ကျောင်းလိုက်ပို့ေနကျ ဖြစ်သည်။ ဒီလိုဘဲ နှစ်ယောက်သား လက်ထဲ ပိုက်ဆံသိပ်မပါခဲ့ရင် တစ်ပွဲကို နှစ်ယောက်ပေါင်းစားခဲ့ကြတာလေ။ ထားပါတော့လေ။ ခုတော့ မနက်စာ အရင်စားတာပေါ့။
မနက်စာ စားပြီးသွားတော့ ဇေယျာတို့ အန်တီကို နှုတ်ဆက်ပြီး ပြန်ထွက်လာခဲ့လိုက်ကြသည်။ အန်တီက အရင်က ဖောက်သည်တွေမလို့ ပိုက်ဆံ မရှင်းပါနဲ့ ပြောနေလို့ ပိုက်ဆံကို အတင်း ပေးခဲ့လိုက်ရသေးသည်။ ဇေယျာတို့ ခုဆိုင်ပြင်ကို ရောက်နေပြီလေ။
"ကဲ ပြန်ကြတော့မလား"
"ပြန်မယ်လေ ဘယ်ကို သွားအုန်းမလို့လဲ"
"အော် ချစ်များ ကျောင်းဆီကို သွားချင်မလားလို့ မေးကြည့်တာပါ"
"တော်ပါပြီ နောက်တော့မှ သွားကြတာပေါ့လေ"
ဇေယျာပြောပြီးတော့ ကားပေါ်တက်လိုက်သည်။ ပြီးတော့ ထိုဆိုင်ကနေ ထွက်ခွာကြတာပေါ့လေ။
"ချစ် ဆိုင်ကိုဘဲ လိုက်ပို့တော့မယ်နော်"
"အင်းပါ"
ဇေယျာ ပြန်ဖြေပြီး ခဏ စဉ်းစားလို့ နေသည်။ ပြီးကာမှ
"ဆိုင်ကို မသွားနဲ့တော့ ကိုဟိဏ်း။ ဒီနေ့ ဆိုင်မဖွင့်ဘူး"
"ဟမ် ဟုတ်လား။ အင်းပါ။ အဲ့တာဆို ဘယ်ကို သွားကြမလဲ"
"ဘယ်ကို သွားမလဲဆိုတာ ခဏနေအုန်း။ ကိုဟိဏ်းကို မေးစရာရှိသေးတယ်"
"မေးစေသတည်း။ မေးစေသတည်း"
ဇေယျာပြုံးလိုက်သည်။ ဘာကြောင့်ဆို ဇာမဏီဟိဏ်းက ကားမောင်းရင်း စနေလို့ဘဲလေ။
"ဟိုလေ မနေ့ကလေ ကိုဟိဏ်း အခန်းထဲက ဆေးဘူးတွေ တွေ့လိုက်ရတယ်။ sizeစုံဘဲ အဲ့တာ ဘာဆေးတွေလဲ"
ဇေယျာ မေးလိုက်တဲ့ စကားကြောင့် ဇာမဏီဟိဏ်း ဇေယျာ့ကို လှည့်ကြည့်လာလေသည်။ ပြီးတော့ အတော်အတန်ကြာ စဉ်းစားနေသေးသည်။ ပြီးကာမှ ပြန်ဖြေလေတော့သည်။
"အော် အဲ့တာတွေက ဘာမှ မဟုတ်ပါဘူး။ ဒီအတိုင်း အားဆေးတွေပါ"
"အားဆေးတွေလား။ ကိုဟိဏ်း တော်တေယ်လေး အလုပ်လုပ်နေရတာထင်တယ် အားဆေးတွေ သောက်နေတာဆိုတော့"
"ဒါပေါ့ ဒါပေါ့"
"အဲ့တာဆိုလေ Golden House သွားမယ်"
"ဘာသွားလုပ်မလို့လဲ ချစ်"
"ဒီအတိုင်း ၀ယ်စရာလေး တစ်ခုခုပေါ်လာလို့"
Golden Houseကို ရောက်တော့ နေ့လည် အချိန်တောင် ရောက်လို့နေခဲ့ပြီ။ ဇာမဏီဟိဏ်းကတော့ ဇေယျာနဲ့ အတူ လိုက်မ၀င်တော့။ ဒီအတိုင်း ကားထဲမှာသာ စောင့်နေတော့သည်။ ဇေယျာလည်း ချစ်ရတဲ့ ဇာမဏီဟိဏ်း စောင့်နေရမှာ စိုးရိမ်တာကြောင့် မြန်မြန်ဆန်ဆန်ဘဲ ၀ယ်စရာ ရှိတာတွေ ၀ယ်လိုက်ရသည်။ ၀ယ်လို့ ခြမ်းလို့ ပြီးတော့ ဇေယျာ အထုတ်တွေ ဆွဲပြီး ကားထဲ ထားလိုက်သည်။ ဇာမဏီဟိဏ်းကတော့ ဇေယျာ့ကို ကြည့်နေလေရဲ့။ ဇေယျာလည်း အထုတ်တွေ ကားနောက်ခန်းမှာ ထားပြီးတော့ ရှေ့ခန်းမှာ ၀င်ထိုင်လိုက်သည်။
"ဘာတွေလဲ ဒီလောက် အများကြီး ၀ယ်လာတာ" ဆိုကာ
ဇာမဏီဟိဏ်းက အရင် စကားစတော့သည်။
"ညနေရောက်ရင် သိမှာပေါ့လို့"
"ဟုတ်ပါပြီ ခုဘယ်ကို ထပ်သွားကြမလဲ"
"အမ် ကိုဟိဏ်း အိမ်တော့ မပြန်ချင်သေးဘူး။ တစ်နေရာရာ သွားရအောင်လေ"
"ဘယ်ကို သွားရမလဲပြောလေ ချစ်"
"ကိုဟိဏ်း သဘော။ ကိုဟိဏ်းသွားတဲ့နောက် ဇေယျာကတော့ လိုက်မှာဘဲလေ"
"တစ်ကယ်နော်"
"တစ်ကယ်ပြောတာ"
"အဲ့တာဆို သွားပြီနော်"
"မောင်းမောင်း"
ဇာမဏီဟိဏ်း ခေါ်သွားတဲ့နေရာကို ရောက်တော့ ဇေယျာ တော်တော် အံ့ဩသွားရသည်။ အဲ့တာက တစ်ခြားနေရာမဟုတ်။ ဘုန်းကြီးကျောင်းကို ခေါ်လာတာတဲ့လေ။ မြို့ပြင်က ရန်တိုင်းအောင် ဘုန်းကြီးကျောင်းကိုလေ။ ကားက နေရာကွက်လပ်လေး တစ်ခုမှာ ရပ်သွားသည်။ ဇေယျာ ဘာမှမပြောနိုင်တော့တဲ့ အတွက် ဘာမှ ပြန်မပြောမိသလို၊ ဘာမှလည်း စကားမစဖြစ်လိုက်ဘူး။
ဇေယျာ ကားပေါ်က ဆင်းလိုက်သည်။ ဇာနဏီဟိဏ်းလည်း ကားပေါ်က ဆင်းလာပြီး ဇေယျာ့နား လာတော့သည်။
"ဘယ်လိုလဲ ချစ်"
"ကိုဟိဏ်း လာချင်တာက ဘုန်းကြီးကျောင်းပေါ့လေ"
"မဟုတ်ပါဘူး။ ဘုန်းကြီးကျောင်းဆိုတော့ အေးချမ်းတယ်လေ။ လာ ဘုရားသွားဖူးကြရအောင်"
ဇာမဏီဟိဏ်းက ဇေယျာ့လက်ကို လာဆွဲတော့သည်။ နှစ်ယောက်သားက ဘောင်းဘီတွေနဲ့ ဆိုတော့ ဘုန်းကြီးကျောင်း၀င်းထဲမှာ ကြည့်လို့တော့ သိပ်မကောင်းဘူးပေါ့လေ။
"ကိုလေ ချစ်နဲ့အတူ ဒီလိုလေး လာချင်ခဲ့တာ"
"ဟင် ဟိုးအရင်တုန်းကလည်း ဒီလိုလာပါတယ်"
"ဟာ အရင်တုန်းကကြတော့ မွေးနေ့မလို့၊ လပြည့်နေမလို့ ဆိုပြီးတော့လေ။ ကိုပြောတာက ဘယ်သူ့မွေးနေ့၊ ဘာရက်မှမဟုတ်ဘဲ ဒီအတိုင်းလေး လာချင်တာကို ပြောတာပါ"
"အင်းပါ သွားကြမယ်လေ ဘုရားပေါ်ကို"
ဒီလိုနဲ့ ဇေယျာတို့ ဘုရားဖူးကြသည်။ အလှူငွေတွေ ထည့်ခဲ့လိုက်ကြသေးသည်။ ရန်တိုင်းအောင် ဘုရားက ဇေယျာ ကျောင်းတက်တုန်းက အတိုင်းပင် ဘာမှ မပြောင်းလဲ သေး ပေ။ ဇေယျာတို့ နားဖို့အတွက် လုပ်ထားတဲ့ စားပွဲခုံလေးမှာ ထိုင်နေလိုက်ကြတော့သည်။
"ကိုဟိဏ်း"
"အင်း ပြောလေ ချစ်"
"ကိုဟိဏ်း ဇေယျာ့ကို တစ်ကယ်ချစ်တာကော ဟုတ်ရဲ့လား"
ဇေယျာ မေးလိုက်တာကြောက့် ဇာမဏီဟိဏ်း ဇေယျာ့ဘက်ကို လှည့်လာတော့သည်။
"ချစ်တာပေါ့။ ချစ်လို့ဘဲ ချစ်ဆီကို ပြန်လာခဲ့တာလေ။ ချစ်အိမ်ထိပါ လိုက်လာခဲ့တာလေ... မဟုတ်ဘူးလား"
"ဟုတ်ပါပြီ"
"ဒါနဲ့ နေပါအုန်း ဘာလို့မေးတာလဲ"
ဇာမဏီဟိဏ်း တစ်ယောက် မေးခွန်းပြန်ထုတ်လေသည်။
"အော် အရင်က ကိုဟိဏ်းက ဇေယျာ့ကို ဘာမှမပြောဘဲ ပျောက်သွားတော့လေ။ ဇေယျာ့ကို စိတ်ပျက်သွားလို့များလား၊ ဒါမှမဟုတ် ဇေယျာ့ကို ငြီးငွေ့သွားတာများလား၊ မချစ်တော့တာများလား ဆိုပြီး တွေးမိလို့ပါ။ ဘာမှမဟုတ်ပါဘူး"
"ချစ်ရယ် အဲ့အချိန်တုန်းက အတွက် ကိုတစ်ကယ် တစ်ကယ်ကို တောင်းပန်ပါတယ်နော်"
"ဟာ ချစ်သူ နှစ်ယောက်ကြားမှာ တောင်းပန်စရာမလိုပါဘူး ကိုဟိဏ်းရယ်"
"ဒါပေမယ့်လည်း ကို ချစ်ကို ပစ်ထားခဲ့တာလေ"
"ကဲ ထားပါတော့၊ အဲ့အချိန်တုန်းက အကြောင်း ပြောလို့ ဘာထူးမှာလဲ"
"အင်းပါ ချစ်သဘော" လို့ ဇာမဏီဟိဏ်း ပြောပြီးတော့
ဇေယျာ့ကို စိုက်ကြည့်နေလေသည်။ ပြီးနောက် ဇာမဏီဟိဏ်းမှာ ဇေယျာ့ကို စိုက်ကြည့်နေရင်းမှ ခွင့်တောင်းလာတော့၏။
"ချစ်ကို နမ်းလို့ရမလား" ဆိုပြီးတော့ပေါ့။
"ကိုဟိဏ်း ရူးသွားတာလား။ ခုက ဘုန်းကြီးကျောင်းမှာလေ"
"ရူးတယ်ဘဲ ပြောပြောကွာ။ ကိုကတော့ အချစ်ကြောင့် အစကတည်းက အရူးကြီးဖြစ်နေပြီးသားပါဘဲ"
"သွား အရူးကြီး"
"ချစ် ကို့ကို ဒီလိုပြောရက်တယ်နော်။ ဆွဲဖက်ပြီး နမ်းလိုက်မှာဗျ"
"နမ်းရဲ နမ်းကြည့်ပါလား ကောပကတွေကို လှမ်းအော်လိုက်မယ်"
"ချစ်နော် ကို့ချစ်သူကို"
"ဟီး...ဟီး...ကိုဟိဏ်းကလေ စိတ်ဆိုးရင် ချစ်စရာလေး"
"သွား လာမပြောနဲ့ တစ်ကယ် စိတ်ဆိုးသွားပြီ"
"ဟာ တစ်ကယ် စိတ်ဆိုးတာလား။ ဒီမှာ သူများက နမ်းခိုင်းမလို့ကို"
"တစ်ကယ်လား။ အဲ့တာဆို နမ်းမယ်နော်"
"စိတ်ဆိုးနေတာဆို"
"အင်းလေ။ နမ်းခိုင်းရင် စိတ်ဆိုးပြေမယ်လေ"
"ဒီမှာတော့ မရဘူး။ ပြန်မယ်...ထ"
ဇေယျာ ပြောရင်း ထိုင်ရာက ထလိုက်သည်။ ပြီးတော့ ရှေ့ကနေ သွားနှင့်လိုက်သည်။
"ဒီကောင်လေး ငါမရှိတဲ့ အတောအတွင်းမှာ ရင့်ကျက်လာပါလား။ ညကြမှ တွေ့မယ်" ဆိုပြီး
ဇာမဏီဟိဏ်း တစ်ယောက် တိုးတိုးလေး ပြောရင်း မခို့တရို့လေး ပြုံးလိုက်လေသည်။
"ဘာလုပ်နေတာလဲ မြန်မြန်လာလေ"
"လာပြီ လာပါပြီ ခင်ဗျ"
ဒီလိုနဲ့ ဇေယျာတို့ ဇာမဏီဟိဏ်း အိမ်ကို သွားကြလေသည်။ ဇာမဏီဟိဏ်းကတော့ ဇေယျာ့ကို ချခဲ့ပြီး ကုမ္မဏီကို ပြန်သွားလေပြီ။ အရေးကြီး ကိစ္စ ပေါ်လာလို့ ဆိုတာပါဘဲ။ ဇာမဏီဟိဏ်း မသွားခင် ဇေယျာ့ တိုက်ခန်းသော့လေး ပေးပြီး အ၀တ်တွေ ယူလာဖို့ မှာလိုက်ရသေးသည်။
အခု ဇာမဏီဟိဏ်း အိမ်ကြီးထဲမှာ ဇေယျာရယ် ခြံစောင့် ဦးလေးကြီးရယ်ဘဲ ရှိတော့တာလေ။ ခြံစောင့် ဦးလေးကြီးကတော့ ထုံးစံ အတိုင်း နောက်ဖေးမှာ သန့်ရှင်းရေး လုပ်နေရဲ့။ ဇေယျာလည်း ဇာမဏီဟိဏ်း လိုက်ပို့တုန်းက အထုတ်တွေကို ချထားလိုက်ရသည်။ ဒီတော့မှ ဇေယျာ ချက်လို့ပြုတ်လို့ ရမှာဘဲပေါ့။ ဇေယျာ အထုတ်တွေနား သွားလိုက်ပြီး စစ်ကြည့်လိုက်သည်။ ဘာများ လိုနေအုန်းမလဲ ဆိုပြီးတော့ပေါ့လေ။
ဒါနဲ့ ဇေယျာ ဟင်းချက်ဖို့ အထုတ်တွေ ဆွဲပြီး မီးဖိုဘက်သွားလိုက်သည်။ ဇာမဏီဟိဏ်းက အားဆေးတွေ သောက်နေရတယ်လို့ ပြောတာကြောင့် ဇေယျာက ကိုယ့်ချစ်သူ အားပိုရှိအောင် ကြက်ပေါင်းလေးရယ်၊ တစ်ခြား မယ်မယ်ရရ လုပ်ပေးမလို့ဘဲလေ။
မီးဖိုခန်းထဲ ၀င်တော့ အရင်က အချိန်တွေကိုတောင် သတိရလာသလိုလို ရှိသွားတော့သည်။ အရင်က ဇာမဏီဟိဏ်းက မီးဖိုခန်းက စားဖိုမှူးကြီးပေါ့လေ။ ဇေယျာကတော့ စားဖိုမှူးကြီးရဲ့ တစ်ကိုယ်တော် စားသုံးသူပေါ့။ ဇေယျာ ဟင်းချက်ဖို့ ၀ယ်လာတဲ့ ကြက်သားနဲ့ ၀က်သားကို ထုတ်ရင်း တွေးနေတုန်းမှာ တစ်ယောက်ယောက် အိမ်ဧည့်ခန်းရှေ့ကို ဝုန်းတိုင်းကျဲပြီး ရောက်လာတာကို ကြားလိုက်ရတော့သည်။ ဇေယျာရဲ့ အတွေးတွေကလည်း ချင်ချင်း ပျောက်သွားတော့၏။
ဇေယျာ ချက်ချင်းပင် ဧည့်ခန်းရှေ့ ထွက်ကြည့်လိုက်သည်။
"ဟင်......ကိုစိုင်းဝီလျံဟိဏ်း"
ဇေယျာ ပြောတာကိုတောင် မကြား။ တစ်ယောက်ထဲ တောက်တွေ ခေါက်ပြီး အော်ဆဲနေတော့သည်။
"တောက်......မလောက်လေးမစားလေး။ ငါက အစကတည်းက မတွေ့ဘဲ နေလိုက်ရမှာကွာ"
×××××××××××××××××××
စိုင်းဝီလျံဟိဏ်း ဘာကြောင့် စိတ်တိုနေတာလဲ ဆိုတာ ထင်ကြေးပေးခဲ့ ကြအုန်းနော်။ ပြီးတော့ ဇာမဏီဟိဏ်း အရူးကြီးနဲ့ ဇေယျာတို့ကိုလည်း ချစ်ပေးကြပါနော်။
အိမ်မှာဘဲ နေကြပါ။ အပြင်ထွက်ရင် maskတပ်ကြပါနော်။ ခုကိုရိုနာက ပြန်ဖြစ်နေတယ် ကြားမိလို့ပါ။ စာလေးဖတ်ပြီး စိတ်အပန်းဖြေကြနော်။
Stay home and safe yourself
•••••••••••••••••••••••••••••••••••••••••••••••••
#Zawgyi#
ဇာမဏီဟိဏ္းရဲ႕ ကိုယ္ဟာ ေဇယ်ာနဲ႔ နီးသထက္ နီးလာသည္။ ေဇယ်ာ ခ်က္ခ်င္းဘဲ မ်က္လုံး မွိတ္ထားလိုက္သည္။ ဇာမဏီဟိဏ္းရဲ႕ ကိုယ္သင္း ရနံ႔ေလးကိုေတာင္ ရေနသည္။ ၿပီးေနာက္ ဇာမဏီဟိဏ္းရဲ႕ အသက္႐ူရႈိက္သံကိုပါ ေဇယ်ာ ၾကားေနရေတာ့သည္။ ေဇယ်ာ ေစာင့္ေနလိုက္မိသည္။
ေဇယ်ာရဲ႕ ႏႈတ္ခမ္းေလး စိုစြတ္သြားမွာကိုေပါ့ေလ။ ထိုအခ်ိန္မွာဘဲ အဖ်က္က ၀င္လာေလေတာ့၏။
"ဆရာ ဥကၠဌက ဆရာနဲ႔ ေျပာခ်င္လို႔ပါတဲ့" ဆိုသည့္
ဖုန္းထဲကေန အတြင္းေရးမႉးအသံက ထြက္ေပၚလာေတာ့သည္။
ေဇယ်ာ ခ်က္ခ်င္းဘဲ မွိတ္ထားတဲ့ မ်က္လုံးေတြကို ဖြင့္လိုက္သည္။ ၿပီးေတာ့ ဇာမဏီဟိဏ္းကို ၾကည့္လိုက္ေလသည္။ ဇာမဏီဟိဏ္းသည္လည္း ေဇယ်ာ့ကို ေၾကာင္ၿပီး ၾကည့္ေနေတာ့၏။ ၿပီးေနာက္ ေဇယ်ာ့ ကိုယ္ေလးကို ကိုင္ထားရာကေန လြတ္လိုက္ၿပီး ဇာမဏီဟိဏ္း တစ္ေယာက္ စားပြဲနား သြားလိုက္ပါေလသည္။ ေနာက္ၿပီး ေဇယ်ာ့ကို ၾကည့္လာကာ
"ခ်စ္ ခဏေလာက္ အျပင္ထြက္ေပးပါအုန္းေနာ္" ဆိုၿပီး ေျပာလိုက္ေလသည္။
ခ်စ္ရသူ ဇာမဏီဟိဏ္းက ေတာင္းဆိုလာေတာ့ ေဇယ်ာလည္း အျပင္ကို ထြက္ေနေပးလိုက္သည္။ ေဇယ်ာ အျပင္ကို ထြက္ၿပီးေတာ့ တံခါးကို ေသေသခ်ာခ်ာေလး ပိတ္လိုက္သည္။
ၿပီးေတာ့ "ဟြန႔္ ေကာင္းခန္းေရာက္ေနၿပီဆို အၿမဲတမ္း အဖ်က္က၀င္ ၀င္၀င္လာတယ္" ဆိုကာ ေဇယ်ာ ဆူပုတ္ၿပီး တိုးတိုးေလး ေျပာလိုက္ပါေလသည္။
ေဇယ်ာ တိုးတိုးေလး ေျပာလိုက္တာကို အနားမွာ ရွိေနတဲ့အတြင္းေရးမႉးက ၾကားသြားသည္ႏွင့္ တူပါရဲ႕။ မခို႔တ႐ို႕ေလးေခ်ာင္းၾကည့္ေနတာကို ေဇယ်ာ ေတြ႕လိုက္ရေလသည္။ ဒါနဲ႔ ေဇယ်ာလည္း ရွက္ရွက္နဲ႔ အတြင္းေရးမႉးကို ၿပဳံးျပလိုက္ၿပီး ေအာက္ထပ္ကို ဆင္းသြားလိုက္ရေတာ့သည္။ ထိုအတြင္းေရးမႉးကေတာ့ ၿပဳံးရင္း က်န္ခဲ့ေလရဲ႕။
ဇာမဏီဟိဏ္း တစ္ေယာက္ ေခ်ာင္းဟန႔္လိုက္သည္။ ၿပီးေနာက္ ထိုင္ခုံမွာ က်က်နန ထိုင္လိုက္ၿပီး ဖုန္းကိုင္လိုက္ေလသည္။
"ဟယ္လို အေဖလား" ဟု ဇာမဏီဟိဏ္း ဖုန္းျပန္ေျဖလိုက္သည္။
"ေအ ဟုတ္တယ္။ ဘာလို႔ဖုန္းကိုင္ဖို႔ကို ဒီေလာက္ၾကာေနရတာလဲ"
"ေအာ္ သား စာရင္းေတြ ေသေသခ်ာခ်ာ တြက္ေနလို႔ပါ"
"ေအ အလုပ္ေတြ ႀကိဳးစားေနတယ္ေပါ့"
"ဟုတ္"
"ဟုတ္ၿပီ။ သားနဲ႔ အေဖၾကားမွာ အေပးအယူရွိေနတယ္ေနာ္။ မေမ့ဘူးမလား"
"သား မေမ့ပါဘူး အေဖ။ အဲ့အတြက္လည္း ႀကိဳးစားေနပါတယ္"
"ေအေအ ဟုတ္ၿပီ။ ဒါနဲ႔ မင္းအကိုေကာ ေျမကြက္ရွာေတြ႕ၿပီတဲ့လား"
"တစ္ခုစ၊ ႏွစ္ခုစေလာက္ေတာ့ ေတြ႕ေနၿပီလို႔ ေျပာတာပါဘဲ"
"ကဲပါ ဒါကေတာ့ မင္းအကိုကို ငါေမးလိုက္မယ္"
"ဟုတ္ အေဖ"
"ႏွစ္လျပည့္ၿပီေနာ္"
"ဟမ္ အေဖ ဘာကိုေျပာတာလဲ" ဆိုကာ ဇာမဏီဟိႆ္း နားမလည္သလိုျဖင့္ ျပန္ေမးလိုက္သည္။
"ငါးလထဲမွာ ႏွစ္လျပည့္ၿပီလို႔ ေျပာတာ"
"ဟုတ္ သားမွတ္ထားပါတယ္"
"ေအေအ ဒါဆိုလည္း ေကာင္းတာေပါ့"
"အေဖ သားဖုန္းခ်လိုက္ေတာ့မယ္ေနာ္ meetingေလး ရွိလို႔"
"ေအေအ"
အေဖျဖစ္သူ ေျပာၿပီးသည္ႏွင့္ ဇာမဏီဟိဏ္း ဖုန္းကို ခ်က္ခ်င္း ခ်လိုက္ေတာ့သည္။ ၿပီးေနာက္ ခုံကို မွီကာ သက္ျပင္းခ်ေလသည္။
"ဟူး...."
ၿပီးကာမွ ဇာမဏီဟိဏ္း တစ္ေယာက္ ေဇယ်ာကို သတိရသြားၿပီး အခန္းျပင္ ထြက္လာလိုက္ေလသည္။ အတြင္းေရးမႉးမွာေတာ့ ေလာေလာပ်ာပ်ာ ျဖစ္ေနတဲ့ ဇာမဏီဟိဏ္းကို ၾကည့္လို႔ေနေလသည္။ ဇာမဏီဟိဏ္းမွာ အတြင္းေရးမႉး ေကာင္မေလးကို ၾကည့္လိုက္ၿပီး
"ခဏက အခန္းထဲက ထြက္သြားတဲ့ တစ္ေယာက္ေကာ" ဟု
အေလာတႀကီး ေမးလိုက္ပါေလသည္။
"ဆရာ့အခန္းထဲက ထြက္လာတဲ့ ဟိုေကာင္ေလးလား"
"ဟုတ္တယ္.... ဟုတ္တယ္.....ဘယ္ေရာက္သြားတာလဲ"
"ေအာ္..... သူလား ႏႈတ္ခမ္းႀကီး ဆူၿပီး ေအာက္ထပ္ကို ဆင္းသြားတယ္ ဆရာ"
"ေအေအ ငါအျပင္ခဏ သြားမယ္။ အေရးႀကီးတဲ့ ဖိုင္ေတြ၊ လက္မွတ္ထိုးဖို႔ လိုတယ္ဆိုရင္ ငါ့စားပြဲေပၚ တင္ထားလိုက္.... ဟုတ္ၿပီလား"
ဇာမဏီဟိဏ္း ေျပာရင္း ေျခလွမ္း သြက္သြက္ျဖင့္ ေအာက္ထပ္ကို ဆင္းသြားေလေတာ့သည္။
"ဆရာ meetingရွိေသးတယ္ေလ" ဆိုကာ
အတြင္ေရးမႉးမေလးက ေအာ္ေျပာေလသည္။
ဇာမဏီဟိဏ္းမွာေတာ့ အတြင္းေရးမႉး ေကာင္မေလး ေအာ္ေျပာတာကို မၾကားႏိုင္ေတာ့ဘဲ ေအာက္ထပ္ကို ေရးႀကီးသုတ္ျဖာျဖင့္ ဆင္းသြားေလေတာ့၏။ အတြင္းေရးမႉး ေကာင္မေလးကေတာ့ ေကာင္တာမွာ ေၾကာင္ေတာင္ေတာင္ျဖင့္ က်န္ခဲ့ေလသည္။
"ငါတို႔ ဆရာကလည္းေနာ္ သူ႔ကေလးကို မ်က္စိေအာက္ကေနကို အေပ်ာက္မခံဘူး....ဟီး" ဆိုၿပီး အတြင္းေရးမႉး ေကာင္မေလးမွာ တိုးတိုးေလးေျပာၿပီး ၿပဳံးေနေတာ့သည္။
"ဟဲ့ ကမ နင္ဘာေတြ တစ္ေယာက္ထဲ ၿပဳံးေနတာလဲ"
"ေအာ္ ဘာမွ မဟုတ္ပါဘူးေအ၊ ဒီအတိုင္းပါဘဲ"
"ေရာ့ ဒါက ဆရာေတာင္းထားတဲ့ စာရင္းေတြ"
"ဟုတ္ၿပီ ဟုတ္ၿပီ ငါ့ကိုေပးထားလိုက္"
ဖိုင္ေပးလိုက္တဲ့ ေကာင္မေလးက ေအာက္ထပ္ကို ျပန္ဆင္းမလို႔ လုပ္တုန္း ေနာက္ျပန္လွည့္လာေလသည္။
"ဒါနဲ႔ေလ ဆရာက ပ်ာပ်ာတလဲနဲ႔ ဘယ္ကိုသြားတာလဲ"
"ဟဲ့ ငါကဘယ္သိမလဲ" ဟု ေကာင္တာမွာ ေနတဲ့ အတြင္းေရးမႉးက လွမ္းေျပာသည္။
"ေအာ္ နင္မ်ားသိမလားလို႔ေလ ေမးၾကည့္တာပါ"
"နင္ကိုက ေတာ္ေတာ္စပ္စုတာဘဲ"
"ေအးပါေအ ေအးပါ။ ေမးမိတာမွားပါတယ္ဟယ္"
ဆိုၿပီး ပြစိပြစိလုပ္ရင္း ထိုေကာင္မေလး ေအာက္ထပ္ကို ဆင္းသြားေတာ့သည္။
ဇာမဏီဟိဏ္း တစ္ေယာက္ ေအာက္ထပ္ကို အျမန္ ေျပးဆင္းသြားၿပီးေတာ့ ေဇယ်ာကို လိုက္ရွာေနေလသည္။ ဟိုရွာ ဒီရွာ လုပ္ေနရင္းကေန ေနာက္ဆုံးေတာ့ ေတြ႕သြားေလၿပီ။ ကားတစ္စီးနားမွာ ရပ္ၿပီး ဟိုစမ္းဒီစမ္းျဖင့္ ေလွ်ာက္ၾကည့္ ေနသည့္ ေဇယ်ာကို ေတြ႕ေတာ့မွ ဇာမဏီဟိဏ္းလည္း စိတ္ေအးသြားရေလသည္။ ေဘးမွာကလည္း ရွင္းျပမယ့္သူက ရွိေနေသးသည္။ ဒါနဲ႔ ဇာမဏီဟိဏ္း တစ္ေယာက္ ေဇယ်ာနား သြားလိုက္ေတာ့သည္။
ဇာမဏီဟိဏ္း ေရာက္သြားေတာ့ ကားအေၾကာင္း ရွင္းျပေနတဲ့ေကာင္ေလးကို ထိုေနရာက သြားလိုက္ဖို႔ကို အခ်က္ျပလိုက္ေလသည္။ ဒါနဲ႔ ေဇယ်ာကို ရွင္းျပေနတဲ့ တစ္ေယာက္လည္း ထြက္သြားေလေတာ့၏။
ေဇယ်ာမွာေတာ့ အနားမွာ ဇာမဏီဟိဏ္း ေရာက္လာတာကို မသိေသး။ ကားအတြင္းပိုင္းကို ကိုယ္တစ္ျခမ္း ၀င္ၿပီး ၾကည့္ေနေလ၏။ ဇာမဏီဟိဏ္းမွာေတာ့ ခ်စ္ရသူျဖစ္တဲ့ ေဇယ်ာကို ၾကည့္ကာ ရယ္ေနေလသည္။ ဇာမဏီဟိဏ္း တစ္ေယာက္ ေဇယ်ာကို စခ်င္တာေၾကာင့္ အသံတုလုပ္ကာ ေမးလိုက္သည္။
"ဘာမ်ား ထပ္ၿပီး သိခ်င္ပါေသးလဲ ခင္ဗ်" ဆိုၿပီးေတာ့ေပါ့။
ေဇယ်ာမွာ ဇာမဏီဟိဏ္းကို မၾကည့္အားဘဲ ျဖစ္လို႔ေနေလသည္။ ဒီေတာ့ ကားေလးကို ၾကည့္ေနရင္းနဲ႔သာ ျပန္ေျဖေလသည္။
"ေဈးက ဘယ္ေလာက္ေလာက္ ရွိမလဲ မသိဘူးေနာ္"
"သိန္းတစ္ေထာင့္ငါးရာေလာက္ ရွိပါတယ္"
"ဘာေျပာတယ္....သိန္း.....သိန္း တစ္ေထာင့္ငါးရာ....ဟုတ္လား။ ဒီကားေသးေသးေလးကေလ" ဟု
ေဇယ်ာမွာ ေျပာရင္း ကားထဲကေန ျပန္ထြက္လာလိုက္သည္။
"ေတာ္ၿပီ ေတာ္ၿပီ ေလွ်ာက္ၾကည့္လို႔ မျဖစ္ဘူး။ မေတာ္လို႔ တစ္ခုခု ပ်က္သြားမွျဖင့္ ငါစိုက္ေလ်ာ္ေနရအုန္းမယ္"
ဆိုၿပီးေတာ့လည္း ေဇယ်ာ တစ္ေယာက္ ပြစိပြစိေျပာကာ ကားတခါးကို ပိတ္ေနေတာ့သည္။
ဇာမဏီဟိဏ္းသည္ေတာ့ ပြစိပြစိေျပာေနတဲ့ ေဇယ်ာကို ၾကည့္ကာ အသံတိတ္ ရယ္ေနေလသည္။ အစကေတာ့ ရယ္ခ်င္စိတ္ကို ထိန္းထားေပမယ့္လည္း ေဇယ်ာ လုပ္ေနတဲ့ ပုံစံက ခ်စ္စရာေလးမလို႔ ဇာမဏီဟိဏ္း အသံထြက္ကာ ရယ္မိသြားေလေတာ့၏။
"ဘာရယ္တာလဲ မင္းတို႔ သူေဌးနဲ႔ ေျပာလိုက္ရမလား" ဆိုကာ ေဇယ်ာ တစ္ေယာက္ ရယ္သံေၾကာင့္ စိတ္က ေထာင္းခနဲ တိုသြားကာ ေျပာရင္း လွည့္လိုက္ပါေလသည္။ ၿပီးကာမွ အသံတိုးတိုးေလးျဖင့္ ေရ႐ြတ္ကာ အံ့ဩတႀကီး ျဖစ္သြားရေလသည္။
"ဟမ္.....ကို.....ကိုဟိဏ္းပါလား" ဆိုၿပီး ေဇယ်ာ ေရ႐ြတ္လိုက္မိသည္။
"ေျပာပါအုန္း ဘယ္သူေဌးနဲ႔ တိုင္မလို႔လဲ"
"ဟာ....ကိုဟိဏ္းကလည္း"
"ဘာလဲ.....ကားၾကည့္ေနတာက လိုခ်င္လို႔လား"
"မယူခ်င္ပါဘူး ကားက....ေဈးအရမ္းမ်ားတယ္ "
"ခ်စ္ယူမယ္ဆိုရင္ တစ္ေထာင့္ငါးရာဘဲေပးေလ။ ေရွ႕က သိန္းေတြဘာေတြ ျဖဳတ္လိုက္လို႔ရတယ္" ဆိုကာ ဇာမဏဟိဏ္းမွာ ေဇယ်ာ့ ပုခုံးေလးကို ကိုင္ၿပီး ေျပာလိုက္ပါေလသည္။
ေဇယ်ာ တစ္ေယာက္ ဇာမဏီဟိဏ္းရဲ႕ ျပန္ေျပာတဲ့ စကားကို ၾကားၿပီး ျပာျပာသလဲ ျဖစ္သြားေတာ့သည္။ ၿပီးေနာက္
ဇာမဏီဟိဏ္းနား သြားကာ တိုးတိုးေလး ေျပာေလသည္။
"ကိုဟိဏ္းကလည္း နာမည္ဘဲေခၚပါ။ ႐ုံးမွာက ခ်စ္တို႔ ဘာတို႔ဆိုတာႀကီးက ရွက္စရာႀကီး" ဆိုၿပီးေတာ့ပင္။
"ဟား.......ဟား......ဟား"
ဇာမဏီဟိဏ္း ထပ္ရယ္ျပန္သည္။
"အခုမွရွက္ေနတယ္ လုပ္ေန။ မေန႔ကတည္းက ႐ုံးကလူေတြသိလို႔ မနက္တုန္းက ခ်စ္ကို ကြက္ၾကည့္ကြက္ၾကည့္ လုပ္ေနတာမလား"
"အင္းေလ ဒါကေတာ့ ဒါေပါ့။ အခုက ရဲရဲတင္ႀကီး ျဖစ္မေနဘူးလားလို႔ပါ"
"ဘယ္လိုလုပ္ ရဲရဲတင္းတင္းႀကီး ျဖစ္ရမွာလဲ။ ကိုက ခ်စ္ကို ေပြ႕ခ်ီသြားတာကေရာ ရဲရဲတင္းတင္းဘဲ မဟုတ္လို႔လား"
"ကိုဟိဏ္းေနာ္ ေျပာေလကဲေလပါလား"
"ဟာ ကိုက အမွန္ေျပာတာေလ"
ဇာမဏီဟိဏ္း ေျပာရင္း ေဇယ်ာ့လက္ကို ဆြဲကိုင္လိုက္သည္။
ေဇယ်ာမွာေတာ့ အံ့ဩမႈအျပည့္ျဖင့္ ဇာမဏီဟိဏ္းကို ၾကည့္လိုက္ေလသည္။ ဇာမဏီဟိဏ္းကေတာ့ ၿပဳံးစိစိျဖင့္ ျဖစ္လို႔ေနေတာ့သည္။
"ကိုဟိဏ္း ဘာလုပ္တာလဲ" ဆိုၿပီး ေဇယ်ာ ေမးလိုက္ရသည္။
"ကို႔ခ်စ္သူရဲ႕ လက္ကို ကိုင္တာေလ။ ဘာျဖစ္လို႔လဲ"
ဇာမဏီဟာ ေျပာလည္းေျပာရင္း ေဇယ်ာ့လက္ကို ဆြဲၿပီး တစ္ေနရာရာကို သြားဖို႔ ျပင္ေနေတာ့သည္။ ေဇယ်ာမွာေတာ့ မသြားဖို႔ကို အတင္း ရပ္ေနလိုက္သည္။
"ကိုဟိဏ္း ဘယ္သြားမလို႔လဲ"
"ဟာ ခ်စ္ကို လိုက္ပို႔မွာေလ"
"လိုက္ပို႔တာ ဟုတ္ပါၿပီ။ လက္က ဘာလို႔ ကိုင္ထားတာလဲ"
"ကိုယ့္ခ်စ္သူလက္ကို ကိုင္တာ ဘယ္သူကဘာေျပာရဲမွာလဲ"
ဇာမဏီဟိဏ္း တစ္ေယာက္ ရပ္ေနတဲ့ ေဇယ်ာ့ကို အားနဲ႔ ဆြဲလိုက္သည္။ ေဇယ်ာမွာ ဇာမဏီဟိဏ္းရဲ႕ ရင္ခြင္ထဲသို႔ အတိုင္းသား ၀င္သြားေလသည္။ ၿပီးေနာက္ ဇာမဏီဟိဏ္းသည္ ေဇယ်ာ့ရဲ႕ ပုခုံးကို တင္းတင္းၾကပ္ၾကပ္ ဖက္ထားလိုက္သည္။ ဒီလိုနဲ႔ ႏွစ္ေယာက္သား ကုမၼဏီ အျပင္သို႔ ဦးတည္လိုက္ၾကေလသည္။
ေဇယ်ာမွာ အတင္း႐ုန္းေသာ္လည္း ႐ုန္း၍မရ။ ဇာမဏီဟိဏ္းက ေဇယ်ာ့ကို အတင္း ဖက္ထားလို႔ပင္ ျဖစ္သည္။ ၿပီးေတာ့လည္း ကုမၼဏီက လူေတြမွာ ေဇယ်ာတို႔ အတြဲကို လိုက္ၾကည့္ေနၾကေတာ့သည္။ ေဇယ်ာက ခပ္ျမန္ျမန္သြားခ်င္ေသာ္ ဇာမဏီဟိဏ္းမွာ ေပၿပီးေတာ့ ေျဖးေျဖးေလး သြားေနတာေတာ့သည္။ ေျပာရရင္ ေဇယ်ာက ဒီကုမၼဏီပိုင္ရွင္ ဇာမဏီဟိဏ္းရဲ႕ ခ်စ္သူဆိုတာကို လူလုံးျပေနတာနဲ႔ တူေလ၏။ ၿပီးေတာ့ ဇာမဏီဟိဏ္းရဲ႕ မ်က္ႏွာႀကီးကလည္း ၿပဳံးၿဖီးေနေတာ့သည္။
ဒါနဲ႔ဘဲ ေဇယ်ာတို႔ အျပင္ကို ေရာက္သြားၾကသည္။ အျပင္ကို ေရာက္ေတာ့မွ ဇာမဏီဟိဏ္းမွာ ဖက္ထားရာကေန လႊတ္ေပးေတာ့သည္။
"ေျပာတာဘဲ ဘယ္သူဘာေျပာမွာလဲလို႔" ဆိုကာ
ဇာမဏီဟိဏ္းမွ ေဇယ်ာ့ကို ၾကည့္ၿပီး ေျပာလိုက္ေလသည္။
"အင္းပါ၊ ထားပါေတာ့။ သြား ကားသြားယူ"
"ဘယ္သူ႔ကားလဲ"
"ေဇယ်ာ့ကားေလ"
"ေအာ္ ဟုတ္ၿပီ။ ေမ့လို႔ ခ်စ္ကားက ဒီမွာဆိုတာကို။ သြားယူလိုက္အုန္းမယ္ ေစာင့္ေနေနာ္"
"အင္းပါ"
ေဇယ်ာလည္း ေျပာၿပီးေတာ့ ဇာမဏီဟိဏ္း တစ္ေယာက္ ကားယူဖို႔ ကားဂိုေဒါင္ကို သြားေလသည္။ ေဇယ်ာကေတာ့ ဒီအတိုင္း ရပ္ေစာင့္ေနလိုက္တာေပါ့။
တစ္ဖက္တြင္ေတာ့ မိုးထက္ တစ္ေယာက္ ေဇယ်ာကို ဆိုင္ကေန ေစာင့္ေနေလသည္။ မေန႔ကတည္းက ဘာမေျပာ ညာမေျပာဘဲနဲ႔ ထြက္သြားၿပီး ခုထိ ျပန္မေရာက္ေသးတာေၾကာင့္ မိုးထက္ ခမ်ာ ေဇယ်ာ ေရာက္လာေတာ့မွဘဲ ေကာင္းေကာင္းႀကီး အေမးအျမန္း ထူရမယ္ဆိုၿပီး စဥ္းစားေနေလသည္။
ထိုခ်ိန္မွာဘဲ တံခါးေလးက ျမည္လာေတာ့သည္။ မိုးထက္ တစ္ေယာက္ တံခါးေပါက္ကို မၾကည့္အားဘဲ ေျပာခ်င္ေဇာနဲ႔ ေျပာလိုက္သည္။
"အကို မေန႔က ျပန္လဲမလာဘူး ဘယ္ေတြ သြားေနတာလဲ" ဆိုၿပီးေတာ့ ျဖစ္သည္။
"ငါက မင္းေျပာတဲ့ အကို မဟုတ္ဘူး"
မိုးထက္ ျပန္ေျပာလာတာကို ၾကားၿပီး ေၾကာင္ေတာင္ေတာင္ ျဖစ္လို႔သြားေလသည္။
"ေတာင္းပန္ပါတယ္ ဧည့္သည္ ကြၽန္ေတာ္ ေသခ်ာ မၾကည့္မိလိုက္လို႔ပါ" ဆိုၿပီး မိုးထက္ ေတာင္းပန္စကား ဆိုလိုက္ေလသည္။
"မင္းေတာင္းပန္စရာ မလိုပါဘူး"
မိုးထက္ ဒီတစ္ခါ အံ့ဩသြားရေလသည္။ ထိုသူက ပစၥည္းေတြၾကားကေန ေပၚထြက္လာေတာ့သည္။
"ခင္.....ခင္ဗ်ားႀကီး........."
မိုးထက္ တစ္ေယာက္ လက္ညႇိးထိုးကာ ေျပာလိုက္သည္။
ထိုသူကေတာ့ ဧည့္သည္မဟုတ္ စိုင္းဝီလ်ံဟိဏ္းပင္ ျဖစ္သည္။
"ကို႔ဆိုင္လာတဲ့ ဧည့္သည္ကို ခင္ဗ်ားႀကီးလို႔ ေခၚလို႔ရလို႔လား"
"တစ္ျခား ဧည့္သည္ေတြဆို မေခၚပါဘူး။ ခင္ဗ်ားမလို႔ ခင္ဗ်ားႀကီးလို႔ ေခၚတာ"
"အင္းပါ ထားပါေတာ့။ ဒါနဲ႔ ဒီေန႔အားလား"
"မအားဘူး။ ဘာလုပ္မလို႔လဲ" ဆိုကာ မိုးထက္ တစ္ေယာက္ ေဘာက္ဆတ္ဆတ္နဲ႔ ျပန္ေျပာလိုက္ေလသည္။
"မအားလဲ ငါနဲ႔ လိုက္ခဲ့ကြာ"
"ဟင္ ဘာလို႔လိုက္ရမွာလဲ။ ဆိုင္မွာ အကိုေဇယ်ာ မရွိဘူးဆိုတာ မသိဘူးလား"
"သိတယ္။ ေတြ႕လည္းေတြ႕တယ္။ ဒါေပမယ့္ မင္း ငါနဲ႔ လိုက္ခဲ့ရမယ္"
"ဟာ ဒီလူ ေျပာေလ ေရာင့္တက္လာေလပါလား"
စိုင္းဝီလ်ံဟိဏ္း ေျပာလည္း ေျပာရင္း မိုးထက္နားကို ေရာက္သြားေလသည္။ ၿပီးေတာ့ မိုးထက္ လက္ကို အတင္း ကိုင္လိုက္သည္။ မိုးထက္မွာေတာ့ စိုင္းဝီလ်ံဟိဏ္းကို စိတ္ဆိုးတဲ့ အၾကည့္ျဖင့္ ၾကည့္ေနေလ၏။
"ဟိတ္လူ မအားဘူးလို႔ ေျပာေနတယ္ေလ။ လက္ကို လြတ္"
မိုးထက္ ေအာ္လိုက္တာေၾကာင့္ စိုင္းဝီလ်ံဟိဏ္း ဒီတစ္ခါေတာ့ လက္ကို အသာတၾကည္ လႊတ္ေပးလိုက္ေလသည္။ ၿပီးေနာက္ မသိသလို ပုံစံျဖင့္လုပ္ကာ ေျပာလိုက္သည္။
"မင္းရဲ႕ ဆိုင္ပိုင္ရွင္ကို ခြင့္ေတာင္းခဲ့ၿပီးၿပီး။ မင္းကို ေခၚသြားလို႔ရတယ္တဲ့ေလ"
"ဟင္ အကိုေဇယ်ာကေလ..... အဲ့လိုေျပာလိုက္တာ ဟုတ္လား"
"ဟုတ္တယ္ ဆိုင္သိမ္းၿပီး ေခၚသြားပါတဲ့"
"မျဖစ္ႏိုင္ဘူး ခင္ဗ်ားႀကီး လိမ္ေျပာတာေနမွာ"
"ဟ....ငါကမင္းကို လိမ္ေျပာလို႔ ဘာရမွာလဲ"
"ၿပီးတာဘဲေလ ခဏေစာင့္"
ဒီလိုနဲ႔ မိုးထက္ ဆိုင္သိမ္းေလေတာ့သည္။ ၿပီးေတာ့ စိုင္းဝီလ်ံဟိဏ္းနဲ႔ လိုက္သြားလိုက္ရေလသည္။
ထိုအခ်ိန္တြင္ ေဇယ်ာႏွင့္ ဇာမဏီဟိဏ္းတို႔ ကားျဖင့္ တစ္ေနရာရာကို သြားေနၾကေလသည္။ ေဇယ်ာမွာေတာ့ ခ်စ္ရသူ ဇာမဏီဟိဏ္း ဘယ္ကို ေခၚသြားေနလဲဆိုတာ မသိေသးပါ။ ဒီအတိုင္းသာ လိုက္လာခဲ့ရေလေတာ့သည္။ ေျပာရရင္ ကားက မန္ဆူ ဘုန္းႀကီးေက်ာင္းကို ေက်ာ္လာေလၿပီ။ ေဇယ်ာ အရင္ တကၠသိုလ္တက္တုန္းက သြားတဲ့ လမ္းဘဲေလ။
ကားေလးက ေမာင္းရင္းနဲ႔ ေအတီ တံတားနားေလးက ေခါက္ဆြဲဆိုင္မွာ ရပ္သြားေတာ့သည္။ ဇာမဏီဟိဏ္းကေတာ့ ကားရပ္ၿပီးတာနဲ႔ ကားေပၚက တန္းဆင္းသြားေလသည္။ ေဇယ်ာလည္း လိုက္ဆင္းလိုက္ရတာေပါ့။
"ကိုဟိဏ္းကလည္း မနက္စာစားမွာကို အေဝးႀကီး လာစရာလိုလို႔လား" လို႔ ေဇယ်ာ ေျပာလိုက္သည္။
"ဟာ ဒီဆိုင္က ကိုတို႔ရဲ႕ အမွတ္တရေတြ အမ်ားႀကီးရွိတဲ့ ဆိုင္ေလ။ ခ်စ္ေမ့သြားၿပီလား"
"မေမ့ပါဘူး....ကိုဟိဏ္း ပင္ပန္းမွာ စိုးလို႔ပါ"
"မပင္ပန္းပါဘူး ခ်စ္နဲ႔ အတူရွိေနရင္ကို ပင္ပန္းတာေတြ မရွိေတာ့ဘူး"
"ဟုတ္ပါၿပီ ကိုလူတတ္ႀကီးေရ။ တကတည္း ေျပာလိုက္တဲ့ စကားေတြကလည္းေနာ္ ဘယ္ကတတ္လာမွန္းကို မသိဘူး"
"ဘယ္ကမွ တတ္လာမဟုတ္ဘူး။ အခ်စ္ေၾကာင့္ သူ႔အလိုလို ေျပာတတ္လာတာပါဆို ခ်စ္ေလးကလည္း"
"ကဲ ေျပာတာေတြ ရပ္ပါေတာ့ ဆိုင္ထဲသြားမယ္" လို႔
ေဇယ်ာ ေျပာၿပီး ဆိုင္ထဲကို ေရွ႕က ၀င္သြားလိုက္သည္။
ဆိုင္ထဲ ေရာက္ေတာ့ အန္တီႀကီးက ေဇယ်ာတို႔ ႏွစ္ေယာက္ကို စိုက္ၾကည့္ေနေလသည္။ ေဇယ်ာလည္း အန္တီႀကီးနားသြားၿပီးေတာ့ မွာလိုက္သည္။
"အန္တီ ရွမ္းေခါက္ဆြဲကို ၀က္စတူးေလးနဲ႔ တစ္ပြဲရယ္။
ကိုဟိဏ္းက ဘာစားမွာလဲ"
ေဇယ်ာ အန္တီႀကီးကို မွာၿပီး ဇာမဏီဟိဏ္းကို လွမ္းေမးလိုက္သည္။ ၿပီးကာမွ ဇာမဏီဟိဏ္း တစ္ေယာက္ သူ႔ဘာသာ လာမွာေတာ့သည္။ ဒါနဲ႔ ေဇယ်ာတို႔ စားပြဲဝိုင္း အလြတ္မွာ ေနရာယူလိုက္ၾကသည္။ ရွမ္းေခါက္ဆြဲတို႔၊ ဘာတို႔ဆိုေတာ့ သိပ္ၾကာၾကာ မေစာင့္ရတဲ့ မနက္စာဘဲေလ။ ခဏေနေတာ့ မွာထားတာေတြ လာခ်ေတာ့သည္။ လာခ်ေတာ့လဲ ခဏက ေဇယ်ာတို႔ကို စိုက္ၾကည့္ေနတဲ့ အန္တီႀကီးဘဲေလ။
"အန္တီ သားတို႔ ႏွစ္ေယာက္ကို တစ္ေနရာရာမွာ ျမင္ဖူးသလိုဘဲ"
ထိုအန္တီႀကီးက ပန္းကန္ေတြကို စားပြဲေပၚ ခ်ေပးၿပီးေတာ့ မသြားေသး။ ေဇယ်ာတို႔ကို စိုက္ၾကည့္ၿပီးေတာ့ ေျပာေနေသးတာ။
"ဟုတ္တယ္ေလ။ အန္တီ ျမင္ဖူးပါတယ္။ အရင္က ကြၽန္ေတာ္တို႔က အန္တီ့ရဲ႕ ေဖာက္သည္ဘဲေလ"
ဆိုၿပီး ဇာမဏီဟိဏ္းက ျပန္ေျဖေတာ့သည္။
"ဟုတ္လား။ အဲ့တာေၾကာင့္ေလ ျမင္ဖူးပါတယ္လို႔"
"အန္တီ ျမင္ဖူးပါတယ္။ မမွတ္မိတာဘဲ ေနမွာပါ" ဆိုၿပီး
ေဇယ်ာ ၀င္ေျပာလိုက္သည္။
"အား .....အန္တီ မွတ္မိၿပီ။ တစ္ခါတစ္ခါဆို ေခါက္ဆြဲ တစ္ပြဲကို ႏွစ္ေယာက္ မွာစားၾကတာမလား"
"ဟုတ္တယ္ ဟုတ္တယ္။ အန္တီ ေတာ္ေတာ္ မွတ္ဥာဏ္ေကာင္းတာဘဲ"
ဇာမဏီဟိဏ္းမွာ ထိုအန္တီႀကီး မွတ္မိလို႔ ေပ်ာ္ေနေလရဲ႕။
"မဟုတ္ပါဘူးေလ။ ကို႔ေဖာက္သည္ဆိုေတာ့လည္း မွတ္ထားရတာပါ"
"ဟုတ္ အန္တီ"
"ကဲ စားစား ေခါက္ဆြဲေတြ ေအးကုန္ေတာ့မယ္"
အန္တီႀကီးက ေဇယ်ာတို႔ကို မွတ္မိေၾကာင္း ေျပာၿပီး သူ႔ေနရာ ျပန္သြားေတာ့သည္။
ဟုတ္ပါေလသည္။ ေဇယ်ာ တကၠသိုလ္ တက္တုန္းက ႏွစ္ေယာက္သား ဒီဆိုင္ေလးမွာဘဲ မနက္စာစားၾကတာေလ။
အဲ့တုန္းက ဇာမဏီဟိဏ္းက ေဇယ်ာ့ကို ေက်ာင္းလိုက္ပို႔ေနက် ျဖစ္သည္။ ဒီလိုဘဲ ႏွစ္ေယာက္သား လက္ထဲ ပိုက္ဆံသိပ္မပါခဲ့ရင္ တစ္ပြဲကို ႏွစ္ေယာက္ေပါင္းစားခဲ့ၾကတာေလ။ ထားပါေတာ့ေလ။ ခုေတာ့ မနက္စာ အရင္စားတာေပါ့။
မနက္စာ စားၿပီးသြားေတာ့ ေဇယ်ာတို႔ အန္တီကို ႏႈတ္ဆက္ၿပီး ျပန္ထြက္လာခဲ့လိုက္ၾကသည္။ အန္တီက အရင္က ေဖာက္သည္ေတြမလို႔ ပိုက္ဆံ မရွင္းပါနဲ႔ ေျပာေနလို႔ ပိုက္ဆံကို အတင္း ေပးခဲ့လိုက္ရေသးသည္။ ေဇယ်ာတို႔ ခုဆိုင္ျပင္ကို ေရာက္ေနၿပီေလ။
"ကဲ ျပန္ၾကေတာ့မလား"
"ျပန္မယ္ေလ ဘယ္ကို သြားအုန္းမလို႔လဲ"
"ေအာ္ ခ်စ္မ်ား ေက်ာင္းဆီကို သြားခ်င္မလားလို႔ ေမးၾကည့္တာပါ"
"ေတာ္ပါၿပီ ေနာက္ေတာ့မွ သြားၾကတာေပါ့ေလ"
ေဇယ်ာေျပာၿပီးေတာ့ ကားေပၚတက္လိုက္သည္။ ၿပီးေတာ့ ထိုဆိုင္ကေန ထြက္ခြာၾကတာေပါ့ေလ။
"ခ်စ္ ဆိုင္ကိုဘဲ လိုက္ပို႔ေတာ့မယ္ေနာ္"
"အင္းပါ"
ေဇယ်ာ ျပန္ေျဖၿပီး ခဏ စဥ္းစားလို႔ ေနသည္။ ၿပီးကာမွ
"ဆိုင္ကို မသြားနဲ႔ေတာ့ ကိုဟိဏ္း။ ဒီေန႔ ဆိုင္မဖြင့္ဘူး"
"ဟမ္ ဟုတ္လား။ အင္းပါ။ အဲ့တာဆို ဘယ္ကို သြားၾကမလဲ"
"ဘယ္ကို သြားမလဲဆိုတာ ခဏေနအုန္း။ ကိုဟိဏ္းကို ေမးစရာရွိေသးတယ္"
"ေမးေစသတည္း။ ေမးေစသတည္း"
ေဇယ်ာၿပဳံးလိုက္သည္။ ဘာေၾကာင့္ဆို ဇာမဏီဟိဏ္းက ကားေမာင္းရင္း စေနလို႔ဘဲေလ။
"ဟိုေလ မေန႔ကေလ ကိုဟိဏ္း အခန္းထဲက ေဆးဘူးေတြ ေတြ႕လိုက္ရတယ္။ sizeစုံဘဲ အဲ့တာ ဘာေဆးေတြလဲ"
ေဇယ်ာ ေမးလိုက္တဲ့ စကားေၾကာင့္ ဇာမဏီဟိဏ္း ေဇယ်ာ့ကို လွည့္ၾကည့္လာေလသည္။ ၿပီးေတာ့ အေတာ္အတန္ၾကာ စဥ္းစားေနေသးသည္။ ၿပီးကာမွ ျပန္ေျဖေလေတာ့သည္။
"ေအာ္ အဲ့တာေတြက ဘာမွ မဟုတ္ပါဘူး။ ဒီအတိုင္း အားေဆးေတြပါ"
"အားေဆးေတြလား။ ကိုဟိဏ္း ေတာ္ေတယ္ေလး အလုပ္လုပ္ေနရတာထင္တယ္ အားေဆးေတြ ေသာက္ေနတာဆိုေတာ့"
"ဒါေပါ့ ဒါေပါ့"
"အဲ့တာဆိုေလ Golden House သြားမယ္"
"ဘာသြားလုပ္မလို႔လဲ ခ်စ္"
"ဒီအတိုင္း ၀ယ္စရာေလး တစ္ခုခုေပၚလာလို႔"
Golden Houseကို ေရာက္ေတာ့ ေန႔လည္ အခ်ိန္ေတာင္ ေရာက္လို႔ေနခဲ့ၿပီ။ ဇာမဏီဟိဏ္းကေတာ့ ေဇယ်ာနဲ႔ အတူ လိုက္မ၀င္ေတာ့။ ဒီအတိုင္း ကားထဲမွာသာ ေစာင့္ေနေတာ့သည္။ ေဇယ်ာလည္း ခ်စ္ရတဲ့ ဇာမဏီဟိဏ္း ေစာင့္ေနရမွာ စိုးရိမ္တာေၾကာင့္ ျမန္ျမန္ဆန္ဆန္ဘဲ ၀ယ္စရာ ရွိတာေတြ ၀ယ္လိုက္ရသည္။ ၀ယ္လို႔ ျခမ္းလို႔ ၿပီးေတာ့ ေဇယ်ာ အထုတ္ေတြ ဆြဲၿပီး ကားထဲ ထားလိုက္သည္။ ဇာမဏီဟိဏ္းကေတာ့ ေဇယ်ာ့ကို ၾကည့္ေနေလရဲ႕။ ေဇယ်ာလည္း အထုတ္ေတြ ကားေနာက္ခန္းမွာ ထားၿပီးေတာ့ ေရွ႕ခန္းမွာ ၀င္ထိုင္လိုက္သည္။
"ဘာေတြလဲ ဒီေလာက္ အမ်ားႀကီး ၀ယ္လာတာ" ဆိုကာ
ဇာမဏီဟိဏ္းက အရင္ စကားစေတာ့သည္။
"ညေနေရာက္ရင္ သိမွာေပါ့လို႔"
"ဟုတ္ပါၿပီ ခုဘယ္ကို ထပ္သြားၾကမလဲ"
"အမ္ ကိုဟိဏ္း အိမ္ေတာ့ မျပန္ခ်င္ေသးဘူး။ တစ္ေနရာရာ သြားရေအာင္ေလ"
"ဘယ္ကို သြားရမလဲေျပာေလ ခ်စ္"
"ကိုဟိဏ္း သေဘာ။ ကိုဟိဏ္းသြားတဲ့ေနာက္ ေဇယ်ာကေတာ့ လိုက္မွာဘဲေလ"
"တစ္ကယ္ေနာ္"
"တစ္ကယ္ေျပာတာ"
"အဲ့တာဆို သြားၿပီေနာ္"
"ေမာင္းေမာင္း"
ဇာမဏီဟိဏ္း ေခၚသြားတဲ့ေနရာကို ေရာက္ေတာ့ ေဇယ်ာ ေတာ္ေတာ္ အံ့ဩသြားရသည္။ အဲ့တာက တစ္ျခားေနရာမဟုတ္။ ဘုန္းႀကီးေက်ာင္းကို ေခၚလာတာတဲ့ေလ။ ၿမိဳ႕ျပင္က ရန္တိုင္းေအာင္ ဘုန္းႀကီးေက်ာင္းကိုေလ။ ကားက ေနရာကြက္လပ္ေလး တစ္ခုမွာ ရပ္သြားသည္။ ေဇယ်ာ ဘာမွမေျပာႏိုင္ေတာ့တဲ့ အတြက္ ဘာမွ ျပန္မေျပာမိသလို၊ ဘာမွလည္း စကားမစျဖစ္လိုက္ဘူး။
ေဇယ်ာ ကားေပၚက ဆင္းလိုက္သည္။ ဇာနဏီဟိဏ္းလည္း ကားေပၚက ဆင္းလာၿပီး ေဇယ်ာ့နား လာေတာ့သည္။
"ဘယ္လိုလဲ ခ်စ္"
"ကိုဟိဏ္း လာခ်င္တာက ဘုန္းႀကီးေက်ာင္းေပါ့ေလ"
"မဟုတ္ပါဘူး။ ဘုန္းႀကီးေက်ာင္းဆိုေတာ့ ေအးခ်မ္းတယ္ေလ။ လာ ဘုရားသြားဖူးၾကရေအာင္"
ဇာမဏီဟိဏ္းက ေဇယ်ာ့လက္ကို လာဆြဲေတာ့သည္။ ႏွစ္ေယာက္သားက ေဘာင္းဘီေတြနဲ႔ ဆိုေတာ့ ဘုန္းႀကီးေက်ာင္း၀င္းထဲမွာ ၾကည့္လို႔ေတာ့ သိပ္မေကာင္းဘူးေပါ့ေလ။
"ကိုေလ ခ်စ္နဲ႔အတူ ဒီလိုေလး လာခ်င္ခဲ့တာ"
"ဟင္ ဟိုးအရင္တုန္းကလည္း ဒီလိုလာပါတယ္"
"ဟာ အရင္တုန္းကၾကေတာ့ ေမြးေန႔မလို႔၊ လျပည့္ေနမလို႔ ဆိုၿပီးေတာ့ေလ။ ကိုေျပာတာက ဘယ္သူ႔ေမြးေန႔၊ ဘာရက္မွမဟုတ္ဘဲ ဒီအတိုင္းေလး လာခ်င္တာကို ေျပာတာပါ"
"အင္းပါ သြားၾကမယ္ေလ ဘုရားေပၚကို"
ဒီလိုနဲ႔ ေဇယ်ာတို႔ ဘုရားဖူးၾကသည္။ အလႉေငြေတြ ထည့္ခဲ့လိုက္ၾကေသးသည္။ ရန္တိုင္းေအာင္ ဘုရားက ေဇယ်ာ ေက်ာင္းတက္တုန္းက အတိုင္းပင္ ဘာမွ မေျပာင္းလဲ ေသး ေပ။ ေဇယ်ာတို႔ နားဖို႔အတြက္ လုပ္ထားတဲ့ စားပြဲခုံေလးမွာ ထိုင္ေနလိုက္ၾကေတာ့သည္။
"ကိုဟိဏ္း"
"အင္း ေျပာေလ ခ်စ္"
"ကိုဟိဏ္း ေဇယ်ာ့ကို တစ္ကယ္ခ်စ္တာေကာ ဟုတ္ရဲ႕လား"
ေဇယ်ာ ေမးလိုက္တာေၾကာက့္ ဇာမဏီဟိဏ္း ေဇယ်ာ့ဘက္ကို လွည့္လာေတာ့သည္။
"ခ်စ္တာေပါ့။ ခ်စ္လို႔ဘဲ ခ်စ္ဆီကို ျပန္လာခဲ့တာေလ။ ခ်စ္အိမ္ထိပါ လိုက္လာခဲ့တာေလ... မဟုတ္ဘူးလား"
"ဟုတ္ပါၿပီ"
"ဒါနဲ႔ ေနပါအုန္း ဘာလို႔ေမးတာလဲ"
ဇာမဏီဟိဏ္း တစ္ေယာက္ ေမးခြန္းျပန္ထုတ္ေလသည္။
"ေအာ္ အရင္က ကိုဟိဏ္းက ေဇယ်ာ့ကို ဘာမွမေျပာဘဲ ေပ်ာက္သြားေတာ့ေလ။ ေဇယ်ာ့ကို စိတ္ပ်က္သြားလို႔မ်ားလား၊ ဒါမွမဟုတ္ ေဇယ်ာ့ကို ၿငီးေငြ႕သြားတာမ်ားလား၊ မခ်စ္ေတာ့တာမ်ားလား ဆိုၿပီး ေတြးမိလို႔ပါ။ ဘာမွမဟုတ္ပါဘူး"
"ခ်စ္ရယ္ အဲ့အခ်ိန္တုန္းက အတြက္ ကိုတစ္ကယ္ တစ္ကယ္ကို ေတာင္းပန္ပါတယ္ေနာ္"
"ဟာ ခ်စ္သူ ႏွစ္ေယာက္ၾကားမွာ ေတာင္းပန္စရာမလိုပါဘူး ကိုဟိဏ္းရယ္"
"ဒါေပမယ့္လည္း ကို ခ်စ္ကို ပစ္ထားခဲ့တာေလ"
"ကဲ ထားပါေတာ့၊ အဲ့အခ်ိန္တုန္းက အေၾကာင္း ေျပာလို႔ ဘာထူးမွာလဲ"
"အင္းပါ ခ်စ္သေဘာ" လို႔ ဇာမဏီဟိဏ္း ေျပာၿပီးေတာ့
ေဇယ်ာ့ကို စိုက္ၾကည့္ေနေလသည္။ ၿပီးေနာက္ ဇာမဏီဟိဏ္းမွာ ေဇယ်ာ့ကို စိုက္ၾကည့္ေနရင္းမွ ခြင့္ေတာင္းလာေတာ့၏။
"ခ်စ္ကို နမ္းလို႔ရမလား" ဆိုၿပီးေတာ့ေပါ့။
"ကိုဟိဏ္း ႐ူးသြားတာလား။ ခုက ဘုန္းႀကီးေက်ာင္းမွာေလ"
"႐ူးတယ္ဘဲ ေျပာေျပာကြာ။ ကိုကေတာ့ အခ်စ္ေၾကာင့္ အစကတည္းက အ႐ူးႀကီးျဖစ္ေနၿပီးသားပါဘဲ"
"သြား အ႐ူးႀကီး"
"ခ်စ္ ကို႔ကို ဒီလိုေျပာရက္တယ္ေနာ္။ ဆြဲဖက္ၿပီး နမ္းလိုက္မွာဗ်"
"နမ္းရဲ နမ္းၾကည့္ပါလား ေကာပကေတြကို လွမ္းေအာ္လိုက္မယ္"
"ခ်စ္ေနာ္ ကို႔ခ်စ္သူကို"
"ဟီး...ဟီး...ကိုဟိဏ္းကေလ စိတ္ဆိုးရင္ ခ်စ္စရာေလး"
"သြား လာမေျပာနဲ႔ တစ္ကယ္ စိတ္ဆိုးသြားၿပီ"
"ဟာ တစ္ကယ္ စိတ္ဆိုးတာလား။ ဒီမွာ သူမ်ားက နမ္းခိုင္းမလို႔ကို"
"တစ္ကယ္လား။ အဲ့တာဆို နမ္းမယ္ေနာ္"
"စိတ္ဆိုးေနတာဆို"
"အင္းေလ။ နမ္းခိုင္းရင္ စိတ္ဆိုးေျပမယ္ေလ"
"ဒီမွာေတာ့ မရဘူး။ ျပန္မယ္...ထ"
ေဇယ်ာ ေျပာရင္း ထိုင္ရာက ထလိုက္သည္။ ၿပီးေတာ့ ေရွ႕ကေန သြားႏွင့္လိုက္သည္။
"ဒီေကာင္ေလး ငါမရွိတဲ့ အေတာအတြင္းမွာ ရင့္က်က္လာပါလား။ ညၾကမွ ေတြ႕မယ္" ဆိုၿပီး
ဇာမဏီဟိဏ္း တစ္ေယာက္ တိုးတိုးေလး ေျပာရင္း မခို႔တ႐ို႕ေလး ၿပဳံးလိုက္ေလသည္။
"ဘာလုပ္ေနတာလဲ ျမန္ျမန္လာေလ"
"လာၿပီ လာပါၿပီ ခင္ဗ်"
ဒီလိုနဲ႔ ေဇယ်ာတို႔ ဇာမဏီဟိဏ္း အိမ္ကို သြားၾကေလသည္။ ဇာမဏီဟိဏ္းကေတာ့ ေဇယ်ာ့ကို ခ်ခဲ့ၿပီး ကုမၼဏီကို ျပန္သြားေလၿပီ။ အေရးႀကီး ကိစၥ ေပၚလာလို႔ ဆိုတာပါဘဲ။ ဇာမဏီဟိဏ္း မသြားခင္ ေဇယ်ာ့ တိုက္ခန္းေသာ့ေလး ေပးၿပီး အ၀တ္ေတြ ယူလာဖို႔ မွာလိုက္ရေသးသည္။
အခု ဇာမဏီဟိဏ္း အိမ္ႀကီးထဲမွာ ေဇယ်ာရယ္ ၿခံေစာင့္ ဦးေလးႀကီးရယ္ဘဲ ရွိေတာ့တာေလ။ ၿခံေစာင့္ ဦးေလးႀကီးကေတာ့ ထုံးစံ အတိုင္း ေနာက္ေဖးမွာ သန႔္ရွင္းေရး လုပ္ေနရဲ႕။ ေဇယ်ာလည္း ဇာမဏီဟိဏ္း လိုက္ပို႔တုန္းက အထုတ္ေတြကို ခ်ထားလိုက္ရသည္။ ဒီေတာ့မွ ေဇယ်ာ ခ်က္လို႔ျပဳတ္လို႔ ရမွာဘဲေပါ့။ ေဇယ်ာ အထုတ္ေတြနား သြားလိုက္ၿပီး စစ္ၾကည့္လိုက္သည္။ ဘာမ်ား လိုေနအုန္းမလဲ ဆိုၿပီးေတာ့ေပါ့ေလ။
ဒါနဲ႔ ေဇယ်ာ ဟင္းခ်က္ဖို႔ အထုတ္ေတြ ဆြဲၿပီး မီးဖိုဘက္သြားလိုက္သည္။ ဇာမဏီဟိဏ္းက အားေဆးေတြ ေသာက္ေနရတယ္လို႔ ေျပာတာေၾကာင့္ ေဇယ်ာက ကိုယ့္ခ်စ္သူ အားပိုရွိေအာင္ ၾကက္ေပါင္းေလးရယ္၊ တစ္ျခား မယ္မယ္ရရ လုပ္ေပးမလို႔ဘဲေလ။
မီးဖိုခန္းထဲ ၀င္ေတာ့ အရင္က အခ်ိန္ေတြကိုေတာင္ သတိရလာသလိုလို ရွိသြားေတာ့သည္။ အရင္က ဇာမဏီဟိဏ္းက မီးဖိုခန္းက စားဖိုမႉးႀကီးေပါ့ေလ။ ေဇယ်ာကေတာ့ စားဖိုမႉးႀကီးရဲ႕ တစ္ကိုယ္ေတာ္ စားသုံးသူေပါ့။ ေဇယ်ာ ဟင္းခ်က္ဖို႔ ၀ယ္လာတဲ့ ၾကက္သားနဲ႔ ၀က္သားကို ထုတ္ရင္း ေတြးေနတုန္းမွာ တစ္ေယာက္ေယာက္ အိမ္ဧည့္ခန္းေရွ႕ကို ဝုန္းတိုင္းက်ဲၿပီး ေရာက္လာတာကို ၾကားလိုက္ရေတာ့သည္။ ေဇယ်ာရဲ႕ အေတြးေတြကလည္း ခ်င္ခ်င္း ေပ်ာက္သြားေတာ့၏။
ေဇယ်ာ ခ်က္ခ်င္းပင္ ဧည့္ခန္းေရွ႕ ထြက္ၾကည့္လိုက္သည္။
"ဟင္......ကိုစိုင္းဝီလ်ံဟိဏ္း"
ေဇယ်ာ ေျပာတာကိုေတာင္ မၾကား။ တစ္ေယာက္ထဲ ေတာက္ေတြ ေခါက္ၿပီး ေအာ္ဆဲေနေတာ့သည္။
"ေတာက္......မေလာက္ေလးမစားေလး။ ငါက အစကတည္းက မေတြ႕ဘဲ ေနလိုက္ရမွာကြာ"
×××××××××××××××××××
စိုင္းဝီလ်ံဟိဏ္း ဘာေၾကာင့္ စိတ္တိုေနတာလဲ ဆိုတာ ထင္ေၾကးေပးခဲ့ ၾကအုန္းေနာ္။ ၿပီးေတာ့ ဇာမဏီဟိဏ္း အ႐ူးႀကီးနဲ႔ ေဇယ်ာတို႔ကိုလည္း ခ်စ္ေပးၾကပါေနာ္။
အိမ္မွာဘဲ ေနၾကပါ။ အျပင္ထြက္ရင္ maskတပ္ၾကပါေနာ္။ ခုကို႐ိုနာက ျပန္ျဖစ္ေနတယ္ ၾကားမိလို႔ပါ။ စာေလးဖတ္ၿပီး စိတ္အပန္းေျဖၾကေနာ္။
Stay home and safe yourself