The Legendary Master's Wife (...

By Sailor_Moon_94

783K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... More

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 246
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 287
CHAPTER 288
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 295
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 247

8.7K 1.7K 48
By Sailor_Moon_94

Zawgyi Ver...


ေခ်ာင္းေျမာင္း တိုက္ခိုက္မႈ .... 🔪🔪🗡



ယူေ႐ွာင္မို၏ စကားလံုးမ်ားေနာက္တြင္ သူ၏ အက်ီေကာ္လံေနာက္မွ အနက္ေရာင္အရိပ္တစ္ခု ထြက္ေပၚလာ၏၊ တစ္ခ်ိန္ထဲမွာပင္ ထိုအနက္ေရာင္အရိပ္သည္ ႀကီးမားၾကံ႕ခိုင္ေသာ အနက္ေရာင္ သားရဲႀကီး အျဖစ္သို႔ ေျပာင္းလဲသြားၿပီး ၎၏ ေတာင္ေျပာင္လွပေသာ အနက္ေရာင္ အေမႊးမ်ားသည္ လိႈင္းတံပိုးမ်ားအသြင္ေဆာင္ကာ ခ်ိဳင္ကြၽင္း၏ ေၾကာက္လန္႔ေနေသာ အၾကည့္မ်ားၾကားမွ ၎သခင္ ယူေ႐ွာင္မို၏ေ႐ွ႕ေမွာက္သို႔ ညင္သာစြာ ဆင္းသက္ေလ၏ ။

၎မွာ ၿပိဳင္ပြဲကြင္းအတြင္း႐ွိ လူအမ်ား ၾကားဖူးေနျပီးသားျဖစ္ေသာ သာမာန္ အနက္ေရာင္က်ားသစ္တစ္ေကာင္သာ ျဖစ္သည္၊ သို႔ေသာ္ျငား မၾကာမီတြင္ပင္ လူအေပါင္းသည္ ၎က်ားသစ္၏ ေရႊေရာင္ေတာက္ပေနေသာ မ်က္ဝန္းတစ္စံုအား သတိထားမိသြားၾက၏၊ သာမာန္ က်ားသစ္နက္တစ္ေကာင္၏ အဆင့္အတန္းသည္ မွတ္ခ်က္ျပဳရေလာက္ေအာင္ထိ မျမင့္မားေသာ္ျငား ခြၽင္းခ်က္အေနျဖင့္ က်ားသစ္နက္မ်ိဳးႏြယ္စု၏ ေတာ္ဝင္မ်ိဳးႏြယ္ျဖစ္ေသာ ေရႊမ်က္လံုးပိုင္ရႇင္ က်ားသစ္နက္မ်ားသည္ အျမင့္ဆံုးအဆင့္တြင္ ႐ွိေနတတ္ၾကသည္သာ ျဖစ္သည္ ။

ေ႐ွာင္ေဟးသည္ ၎၏ လူသားအသြင္သို႔ မေျပာင္းထားေပ၊ သူသည္ သားရဲအမ်ားစု အသြင္မေျပာင္းႏိုင္ၾကေသးေသာ အဆင့္၇ ၾကယ္၄လံုး အဆင့္၌သာ ႐ွိေသးသည္၊ ထို႔ေၾကာင့္ မလိုလားအပ္ေသာ ျပႆနာမ်ားအား ေ႐ွာင္တိမ္းရန္ အလို႔ငွါ ၎၏ မူလပံုစံအတိုင္းသာ ထြက္လာခဲ့ျခင္း ျဖစ္ေလသည္ ။

ထံုးေပေမ်ာက္ဝံမ်ိဳးႏြယ္၏ အဆင့္အတန္းသည္ ၎ထက္ ျမင့္မားေကာင္း ျမင့္မားေပလိမ့္မည္၊ သို႔ေသာ္ ယခုတြင္ ၎ေမ်ာက္ဝံသည္ ၾကယ္ ၃လံုး အဆင့္၌သာ ႐ွိေသး၏၊ ၎သည္ ၾကယ္၄လံုးအဆင့္ ေ႐ွာင္ေဟးအတြက္ ၿပိဳင္ဘက္တစ္ေယာက္ မဟုတ္ပါေခ် ။

ေ႐ွာင္ေဟးသည္ အထက္ဆီးဆန္၍ မာနႀကီးတတ္ေသာ ေသြးေအး သတၱဝါတစ္ေကာင္ ျဖစ္ေလသည္၊ ထံုးေပေမ်ာက္ဝံႏွင့္ ပတ္သက္၍ ေ႐ွာင္ေဟးသည္ ၎အား ဆင့္ေခၚလိုက္စဥ္ကတည္းက အထင္အျမင္ေသးေၾကာင္း အမူအယာမ်ား ေပၚလြင္ထင္႐ွားစြာ ျပ၏၊ သူ၏ အနည္းငယ္ ေသးငယ္ေသာ ခနၶာကိုယ္အား ေပါက္ကြဲမႈအား အျပည့္ထည့္ကာ အေ႐ွ႕သို႔ ေျခတစ္လွမ္း လွမ္းၿပီးေနာက္ ခ်ိဳင္ကြၽင္းအား ၎၏ အထက္ဆီးဆန္ဆန္ အ႐ွိန္အဝါမ်ား ထည့္သြင္းထားေသာ အၾကည့္တစ္ခ်က္ေပးကာ ခ်က္ခ်င္းပင္ မ်က္ႏွာလႊဲပစ္လိုက္၏ ။

လူသားအသြင္ႏွင့္ တူေသာ ထံုးေပေမ်ာက္ဝံ၏ အနက္ေရာင္ မ်က္ဝန္းမ်ားသည္ ေအာက္ဘက္သို႔ နက္႐ိႈင္းစြာ ငံု႔ဆင္းသြားၾကေလသည္၊ ၎မ်က္လံုးမ်ားတြင္ မကန္႔သတ္ထားႏိုင္ေသာ ေၾကာက္ရြံ႕မႈမ်ား ထင္ဟပ္လ်င္႐ွိျပီး ေ႐ွာင္ေဟးအား မယွဥ္ႏိုင္မွန္း သေဘာေပါက္စြာျဖင့္ မသိစိတ္မွ ၎၏ ခႏၶာကိုယ္အား ေျခတစ္လွမ္းဆုတ္ရန္ ခိုင္းေစသည္ကို လိုက္နာလိုက္ရေလသည္ ။



၎ေျခလွမ္းသည္ ေသးငယ္ေသာ္ျငား လူအေပါင္းမွာ ၎ေမ်ာက္ဝံသည္ ခ်ိဳင္ကြၽင္းနည္းတူ ထိတ္လန္႔ေနေၾကာင္း သိလိုက္ၾကသည္၊ ထို႔ေၾကာင့္ စင္ေအာက္႐ွိ ပရိသတ္မ်ားသည္ ေ႐ွာင္ေဟး၏ အဆင့္အတန္းအား ခ်က္ခ်င္း ခန္႔မွန္းလိုက္ႏိုင္ၾက၏ ။










" ဝါး... ဒီဒရမ္မာက တကယ့္ကို ရုပ္လံုးျကြေနေရာပဲ "

" ဒီ ေမွာ္ဆရာေသးေသးေလးက တကယ့္ကို ေလ်ွာ့တြက္လို႔မရဘူးပဲ.. ခ်ိဳင္ကြၽင္းေတာ့ အဆံုးသတ္ပီ "

" ဒါေပမယ့္လည္း ခ်ိဳင္ကြၽင္းဆိုတာ ခ်ိဳင္အိမ္ေတာ္ရဲ႕ တတိယသခင္ေလးပဲေလ.. သူ႔လက္ထဲမွာ ဝွက္ဖဲေတြ အမ်ားႀကီး က်န္ေနဦးမွာေပါ့ ဟုတ္တယ္မလား "

" ဒါေတာ့ဒါေပါ့ ဒါေပမယ့္ ဟို ေမွာ္ဆရာေသးေသးေလးကလဲ ဒီအသက္အရြယ္ေလးနဲ႔ ေအာင္ျမင္မႈေတြ အမ်ားႀကီးရထားတာေလ.. သူ႔မွာလဲ ကစားဖို႔ အႏိုင္ဖဲေတြ အမ်ားႀကီး႐ွိေနဦးမွာပဲ "

" ၾကည့္ရတာ ဒီပြဲရဲ႕ အႏိုင္အ႐ွံုးကို မွန္းဖို႔ ခက္လိမ့္မယ္ ထင္တယ္ "









ေ႐ွာင္ေဟး၏ ထြက္ေပၚလာမႈသည္ ၿပိဳင္ပြဲကြင္း႐ွိ လူအေပါင္းအား ေယာက္ယက္ခတ္သြားေစၿပီး ၿပိဳင္ပြဲ အႏိုင္အ႐ွံုးအေပၚ ျငင္းခံုသံမ်ားလည္း အဆံုးမ႐ွိ ထြက္ေပၚလာေစသည္၊ ထိုကဲ့သို႔ အျငင္းပြားစရာကိစၥ ထြက္ေပၚလာျခင္းသည္ လူအေပါင္း၏ အာရံုဝင္စားမႈအား ေလာင္စာတို႔ေပးလိုက္သကဲ့သို႔ျဖစ္ကာ မေမ်ွာ္မွန္းနိုင္ေသာ အံ့ျသစရာမ်ားအၾကား ပို၌ပင္ သက္ဝင္လႈပ္႐ွားလာၾကေတာ့၏ ။

ေ႐ွာင္ေဟးအား ျမင္ေသာအခါ ခ်ိဳင္ကြၽင္း၏ မ်က္ႏွာသည္ ထိတ္လန္႔မႈေၾကာင့္ ျဖဴေဖ်ာ့လ်က္႐ွိၿပီး ၎၏ ႏွလံုးသည္လည္း ရင္ဘတ္အတြင္းမွ ခုန္ထြက္ေတာ့မည္႔ ယုန္တစ္ေကာင္အလား ကဆုန္ေပါက္ေနေခ်သည္၊ တစ္ဖက္လူအား အၾကပ္႐ိုက္ေအာင္ လုပ္ရန္ၾကံေနခ်ိန္မွာမွ ေသာက္က်ိဳးနည္း ေျပာင္းလဲမွုျကီး ထြက္ေပၚလာျခင္းပင္ ။

ခ်ီးလိုပဲ! ဘာလို႔ ေရႊမ်က္လံုးက်ားသစ္နက္ ျဖစ္ေနရတာလဲ!? ပီးေတာ့ အဲ့ေစာက္ေကာင္က ငါ့ထံုးေပေမ်ာက္ဝံနဲ႔ အဆင့္ကလဲ အတူတူ..

ခ်ိဳင္ကြၽင္းသည္ သူ၏လုပ္ရပ္မ်ားအတြက္ ဧကန္ ေနာင္တရမိေပသည္၊ သူသည္ ဂုဏ္ဆာလြန္းရကား သူသည္ပင္ ဆက္ႏြယ္သားရဲတစ္ေကာင္႐ွိလ်ွင္ ယူေ႐ွာင္မို၏ အဆင့္ႏွင့္ဆိုလ်ွင္ ဆက္ႏြယ္သားရဲ တစ္ေကာင္မွ မ႐ွိႏိုင္စရာ အေၾကာင္းမ႐ွိသည္အား ေမ့သြားခဲ့ေလသည္၊ ယခုအခြင့္အေရးအား အသံုးခ်၍ ယူေ႐ွာင္မိုအား ေျမျမႇဳပ္ရန္ အဝီစိထိတိုင္ ကုန္း႐ုန္း၍ က်င္းတူးေနခ်ိန္၌ သူသည္ ကိုယ့္အုတ္ဂူကိုယ္ တူးေနမိမွန္း သတိမထားခဲ့မိပါေခ်၊ ယူေ႐ွာင္မို႔ဘက္မွ အသံေကာင္းဟစ္ႏိုင္ေနသည္မွာ အံ့ျသစရာမ႐ွိေတာ့ ၊ သူ၏မ်က္လံုးထဲ၌ ခ်ိဳင္ကြၽင္းသည္ လူျပက္ကေလးသာသာမ်ွသာ.. ။

" တတိယသခင္ေလးခ်ိဳင္ ေအာက္က ပရိသတ္ေတြဆီက အကူအညီေတာင္းဖို႔ လိုေသးလား? "

ယူေ႐ွာင္မိုသည္ ငိုမဲ့မဲ့ျဖစ္ေနေသာ ခ်ိဳင္ကြၽင္းအား အူျမဴးစြာ ေမးေလ၏။

ခ်ိဳင္ကြၽင္းမ်က္ႏွာ ငိုမဲ့မဲ့မွာ ပိုဆိုးသြားေခ်သည္၊ သို႔ေသာ္ လူအမ်ားေ႐ွ႕၌ သူ႔အား ထိကပါးရိကပါးလုပ္ေနျခင္းအား လံုးဝ သည္းမခံႏိုင္ေသာေၾကာင့္ အားတင္းကာ ယူေ႐ွာင္မိုအား ျပန္ပက္ေလ၏။

" ယူေ႐ွာင္မို ကိုယ့္ဟာကိုယ္ မာန္ေတြ ဇြတ္တက္မေနနဲ႔ ၾကယ္တစ္လံုးပဲ ကြာျခားေသးတာ ၿပိဳင္ပြဲမၿပီးမျခင္း အႏိုင္ရမယ့္သူကို ႀကိဳခန္႔မွန္းလို႔ မရဘူး! "

ယူေ႐ွာင္မို အနည္းငယ္ အံ့အားသင့္သြား၏၊ ဒီအေကာင္မွာ ဦးေႏွာက္နည္းနည္းေတာ့ ႐ွိတယ္လို႔ အခုခံစားေနရတယ္ေလ..

သို႔ေသာ္ သူေျပာသည္မွာ မွန္၏၊ ေ႐ွာင္ေဟးသည္ ထံုးေပေမ်ာက္ဝံထက္ ၾကယ္တစ္လံုး ပိုျမင့္ေသာ္ျငား မ်ိဳးႏြယ္စု အဆင့္အတန္းမွာ ကြာျခားေသး၏၊ ၎တို႔ႏွစ္ဦး အႀကိတ္အနယ္ ယွဥ္ၿပိဳင္ၿပီးမွသာ အႏိုင္အ႐ွံုးအား တိတိက်က် သိ႐ွိရမည္ ျဖစ္သည္ ။

ယခု အျခအေနမ်ိဳး၌ပင္ ၎အခ်က္အား စဥ္စားလိုက္ႏိုင္ေသာ ခ်ိဳင္ကြၽင္းေၾကာင့္ ယူေ႐ွာင္မို အံ့ျသမိသြားသည္မွာ အမွန္ ။

ယူေ႐ွာင္မို အနည္းငယ္ ေတြေဝေနသည္၊ သူသည္ ေမာင္ခ်ိဳအား ဆင့္ေခၚလိုက္ႏိုင္ေသာ္လည္း သူ၏ ဝွက္ဖဲအား လူအေပါင္းသို႔ ထုတ္မျပလိုေပ၊ ယခုအခ်ိန္တြင္ သူ၏ ခ်ိဳအသင္းအေၾကာင္း အျခားသူမ်ား သိ႐ွိသြားမည္အား မလိုလား၊ ထို႔ေၾကာင့္ ၎အၾကံအား အလ်င္အျမန္ပင္ ျပန္႐ုတ္သိမ္းလိုက္ရ၏ ။

" အမိႈက္စကားေတြ အမ်ားႀကီး ေျပာေနတာပဲ .. မင္းပဲ ငါ့ကိုတိုက္ခ်င္ေနတာမလား လာေလ! ငါမင္းနဲ႔ တေန႔လံုး ကစားေနဖို႔ အဲ့ေလာက္မအားဘူး "

ထိုသို႔ေျပာၿပီးေနာက္ ေ႐ွာင္ေဟးဘက္သို႔ လွည့္ကာ

" ေ႐ွာင္ေဟး ထံုးေပေမ်ာက္ဝံကို မင္းဆီ လႊဲထားလိုက္ပီေနာ္ မင္း သူ႔ကို မင္းကိုအေဖေခၚတဲ့အထိ ခ်ပစ္ရမယ္.. မဟုတ္ရင္ မင္းေတာ့ အမ်ိဳးႏြယ္ရဲ႕မ်က္ႏွာကို အိုးမဲသုတ္တဲ့ေကာင္ ျဖစ္သြားမွာပဲ "

(ေ႐ွာင္ေဟးေဆြမ်ိဳး *အနက္ေရာင္ က်ားသစ္မ်ား : . . . . . . )












................







ေ႐ွာင္ေဟးသည္ ယူေ႐ွာင္မို၏ စကားမ်ားအား အဖတ္မလုပ္ရံုသာမက မထီမဲ့ျမင္ျပဳေသာ အၾကည့္တစ္ခုပါ ထပ္မံပို႔လႊတ္ျပီးေနာက္ သူ၏ ကိုယ္ပိုင္ အ႐ွိန္အဝါမ်ားအား ထုတ္လႊတ္လိုက္၏၊ အဆင့္၇ ၾကယ္၄လံုး အဆင့္၏ ကန္႔သတ္မထားေသာ အ႐ွိန္အဝါမ်ား ထြက္ေပၚလာသည့္ေနာက္တြင္ ၎ႏွင့္အတူ ကပ္ပါလာသည့္ ဟိန္းသံႏွင့္ တုန္ခါမႈမ်ားသည္ ထံုးေပေမ်ာက္ဝံဆီသို႔ တည့္တည့္မတ္မတ္ ႐ိုက္ခတ္ေလသည္ ။

ထိုအျပဳအမူသည္ ထံုးေပေမ်ာက္ဝံ၏ ေဒါသအား ဆြေပးသကဲ့သို႔ျဖစ္ကာ ၎အား ေ႐ွာင္ေဟး၏ အင္အားကို ေခတၱေမ့သြားေစ၏၊ ၎သည္ သူ၏ လက္ေမာင္းတုတ္တုတ္မ်ားအား အသံုးျပဳကာ ၎၏ရင္ဘတ္အား တဘုန္းဘုန္း ႐ိုက္ခတ္သည္၊ ႐ိုက္ခတ္မႈမွ ထြက္ေပၚလာေသာ အသံမ်ားသည္ အလြန္ ထိတ္လန္႔စရာ ေကာင္းလြန္းသည္မွာ ေ႐ွာင္ေဟး၏ ကနဦး သ႐ုပ္ျပမႈထက္ပင္ မေလ်ွာ့ေခ် ။

အဆင့္၇ ေမွာ္ဝင္သားရဲႏွစ္ေကာင္၏ အ႐ွိန္အဝါသည္ ပရိသတ္အခ်ိဳ႕အား ထိတ္လန္႔ကာ ေနာက္ဆုတ္သြားေစၿပီး အခ်င္းခ်င္း ရန္ေစာင္ေနၾကေသာ သားရဲႏွစ္ေကာင္အား ေၾကာက္လန္႔စြာျဖင့္ ခပ္ေဝးေဝးကသာ ၾကည့္ေနၾကရ၏ ။


ေ႐ွာင္ေဟးသည္ အျမဲတေစ စိတ္ႀကီးဝင္ေနသူျဖစ္ရကား သူ၏ၿပိဳင္ဘက္သည္ အဆင့္အတန္းပို၍ ျမင့္မားေသာ မ်ိဳးႏြယ္စုမွ ဆင္းသက္လာသည့္တိုင္ အထင္ေသးေနဆဲသာျဖစ္သည္၊ သူ၏ ေအးစက္ကာ လွပေသာ ေရႊေရာင္မ်က္ဝန္းမ်ားသည္ မခန္႔မွန္းႏိုင္ေသာ သတ္ျဖတ္ျခင္းအေငြ႔အသက္မ်ားျဖင့္ ျပည့္ႏွက္ေနသည္၊ သူသည္ ထံုးေပေမ်ာက္အား အသံုးမဝင္ေသာ စိတ္႐ႈတ္စရာ အမိႈက္တစ္စကဲ့သို႔သာ သေဘာထား၍ ႏွာတစ္ခ်က္ မႈတ္ထုတ္လိုက္ေလသည္ ။

ထံုးေပေမ်ာက္မွာမူကား ၎အျပဳအမူေၾကာင့္ ႐ွဴး႐ွဴး႐ွား႐ွား ျဖစ္သြားရကား ေ႐ွာင္ေဟးဆီသို႔ တဟုန္ထိုး ပစ္ဝင္လာ၏၊ သူ၏ခႏၶာကိုယ္သည္ ႀကီးမား၍ ထံုထိုင္းသည္ဟု ထင္ရေသာျငား အလြန္ျမန္ဆန္ေပသည္၊ အခ်ိန္ခဏအတြင္း ၎၏ ႀကီးမားေသာလက္သီးျဖင့္ ေ႐ွာင္ေဟး၏မ်က္ႏွာအား တံု႔ဆိုင္းမႈမ႐ွိ ထိုးပစ္လိုက္ေလ၏၊ ၎ခြန္အားသည္ အလြန္ႀကီးမားေသာေၾကာင့္ ေလထုအား ၿဖိဳခြင္းလိုက္ေသာ အသံတစ္ခုပင္ ထြက္ေပၚလာေလ၏ ။

ထိုကဲ့သို႕ အႏၲရာယ္က်ေရာက္လုဆဲဆဲ အခ်ိန္တြင္ ေ႐ွာင္ေဟး၏အရိပ္သည္ လွစ္ကနဲ ေပ်ာက္ကြယ္သြားကာ ၎ေနရာ၌ မထင္မ႐ွား အေယာင္ေလးသာ က်န္ေနခဲ့သည္၊ ထံုးေပေမ်ာက္ဝံ၏ မ်ိဳးႏြယ္အဆင့္အတန္းသည္ ပို၍ ျမင့္မားသည္မွန္ေသာ္လည္း လ်င္ျမန္မႈအပိုင္းတြင္ေတာ့ ၎သည္ ေ႐ွာင္ေဟး၏ ေျခမႈန္ေလာက္သာ ႐ွိေပသည္ ။

ယူေ႐ွာင္မိုသည္ သားရဲမ်ား တိုက္ခိုက္ေနပံုအား ျမင္ရေသာအခါ ဂနာမၿငိမ္ ထိတ္ထိတ္လန္႔လန္႔ ျဖစ္လာေလ၏။

သူသည္ ေ႐ွာင္ေဟးႏွင့္ပတ္သက္၍ ယံုၾကည္ခ်က္႐ွိေသာ္ျငား စိုးရိမ္ပူပန္မႈအား မထိန္းခ်ဳပ္ထားႏိုင္ပါေပ။

သူသည္ သားရဲမ်ား၏တိုက္ပြဲအား စိတ္ပါဝင္စားစြာ ၾကည့္႐ႈေနခ်ိန္၌ မဲေမွာင္ေနေသာ အေငြ႔အသက္မ်ားျဖင့္ ခ်ိဳင္ကြၽင္းသည္ ယူေ႐ွာင္မိုအား အဆိပ္ျပင္းစြာ စိုက္ၾကည့္လ်က္႐ွိကာ သူ၏ ေျခဖဝါးေအာက္၌ ဝိဥာဥ္စြမ္းအင္မ်ားအား လ်င္ျမန္စြာ ထုတ္လႊတ္လ်က္႐ွိသည္၊ ၎တို႔သည္ ၿပိဳင္ပြဲစဥ္၏ မညီမညာ ၾကမ္းျပင္ေပၚမွတစ္ဆင့္ ယူေ႐ွာင္မို႐ွိရာအရပ္သို႔ ဦးတည္သြားၾကေလ၏ ။







ကန္႔သတ္ခ်က္မ်ား႐ွိေနျခင္းေျကာင့္ အဆင့္၄ေမွာ္ဆရာတစ္ဦးသည္ ၎၏ ဝိဥာဏ္စြမ္းအင္အား ပံုေဖာ္ျခင္းငွါ မစြမ္းႏိုင္ေသာ္ျငား စိတ္ဝိဥာဥ္ေလ့က်င့္ေရးက်မ္း၏ အကူအညီျဖင့္ ၎စြမ္းအင္အား အသံုးျပဳ၍ တိုက္ခိုင္ႏိုင္ၾကေပသည္ ။

ခ်ိဳင္ကြၽင္း၏ ပင္ကိုစြမ္းရည္သည္ အျမင့္စားထဲတြင္ မဝါဝင္သည့္အျပင္  ေလ့က်င့္ေရးက်မ္းျဖင့္ အခ်ိန္တစ္ႏွစ္သာ ေလ့က်င့္ခဲ့သည္၊ ထို႔ေၾကာင့္ သူသည္ ဝိဥာဥ္စြမ္းအားမ်ားအား ေကာင္းစြာမထိန္းခ်ဳပ္ႏိုင္ပဲ ၿပိဳင္ဖက္၏ ဝိဥာဥ္အား မေသသပ္ေသာ စိတ္ပိုင္းဆိုင္ရာ တိုက္ခိုက္မႈတစ္ခုသာ ျပဳလုပ္ႏိုင္လိုက္ေလသည္ ။







ဝိဥာဥ္အေပၚစိတ္ပိုင္းဆိုင္ရာ တိုက္ခိုက္မႈသည္ လက္ေတြ႔အသံုးခ်ႏိုင္သည့္တိုင္ အားနည္းခ်က္ေတာ့ ႐ွိေနေသး၏။

၎မွာ အဆင့္နိမ့္သူမွ အဆင့္ျမင့္သူအား တိုက္ခိုက္ပါက ထိုတိုက္ကြက္အား လြယ္ကူစြာ သတိထားမိျခင္းပင္ ။




ယူေ႐ွာင္မိုသည္ အဆင့္၄ အျမင့္ဆံုးအဆင့္ ျဖစ္ၿပီး ခ်ိဳင္ကြၽင္းမွာမူ အဆင့္၄ အလယ္အလတ္အဆင့္သာ ႐ွိေသး၏၊ ၎တို႔ၾကားတြင္ အဆင့္၂ဆင့္ ျခားေနေသာေၾကာင့္ ခ်ိဳင္ကြၽင္းသည္ ေခ်ာင္းေျမာင္းတိုက္ခိုက္ရန္သာ တတ္ႏိုင္ေလသည္ ။







ထိုတိုက္ခိုက္မႈအား ယူေ႐ွာင္မိုမွ သတိမထားမိေသာ္ျငား ပရိသတ္အားလံုးသည္ သားရဲမ်ား၏ တိုက္ခိုက္မႈတစ္ခုတည္းကိုသာ အာရံုစိုက္ေနၾကသည္မဟုတ္၊ ခ်ိဳင္ကြၽင္းထက္ အဆင့္ျမင့္ေသာ ေမွာ္ဆရာအခ်ိဳ႕သည္ ၎တိုက္ကြက္အား သတိထားမိၾကေလ၏၊ ဥပမာ- ထံုယြဲ႔႐ွဴ ႏွင့္ ထန္းဇီ႐ွင္း..

ပထမတစ္ဦးထံ၌ စိုးရိမ္ပူပန္ေနေသာ အမူအယာမ်ား ေတြ႕ေနရၿပီး ဒုတိယတစ္ဦးထံ၌ ခန္႔မွန္းရန္ခက္ခဲေသာ အမူအယာမ်ိဳးကိုသာ ေတြ႔ရေလသည္ ။

" ေ႐ွာင္မို အဲ့ငပိန္းေကာင္ဆီက တိုက္ကြက္ပုန္းေတြ သတိထားေနာ္! "

ပိုင္လီေ႐ွာင္ယြီသည္ လူအုပ္ၾကားထဲမွ ခုန္ထြက္ကာ ယူေ႐ွာင္မိုအား ေအာ္ဟစ္သတိေပးေလ၏ ။


သူေျပာသည္မွာ မမွားေပ၊ ခ်ိဳင္ကြၽင္းမွာ အမွန္ပင္ ငပိန္းျဖစ္၏ ။

ခ်ိဳင္ကြၽင္းသည္ ပိုင္လီ၏ သတိေပးမႈအေပၚ ေဒါသထြက္မိေသာ္ျငား မဆင္မျခင္ မျပဳလုပ္ရဲေသာေၾကာင့္ သူ၏ ဝိဥာဥ္စြမ္းအားမ်ားအား ပုန္းလွ်ိဳးကြယ္လွ်ိဳးလုပ္ကာ ယူေ႐ွာင္မို႔ဆီသို႔ ပစ္လႊတ္လိုက္ေလ၏ ။

သို႔ေသာ္ျငား ယူေ႐ွာင္မိုသည္ ယခုျမင္ေနရသည့္အတိုင္း ေအးေအးလူလူသာ ရွိေနခဲ့၏၊ ၿပိဳင္ပြဲမတိုင္မီက ပိုင္လီသတိေပးခဲ့ေသာ စကားမ်ားေၾကာင့္ သူသည္ စင္ေပၚသို႔ မတက္မီကပင္ အကာအကြယ္စည္းတစ္ခု ႀကိဳတင္ စီမံထားခဲ့ၿပီး တစ္ခ်က္ကေလးေတာင္မ်ွ သတိလက္လြတ္စြာ မေနခဲ့ ။

ယူေ႐ွာင္မိုသည္ ပိုင္လီေ႐ွာင္ယြီ၏ ေအာ္ဟစ္သတိေပးသံအား ၾကားလ်ွင္ၾကားခ်င္း ခ်ိဳင္ကြၽင္း႐ွိရာဘက္သို႔ တစ္ခ်က္ လွမ္းၾကည့္လိုက္ေသာအခါ ၎၏ ဂနာမၿငိမ္ျဖစ္ေနေသာ အမူအယာအား အမိအရ ျမင္လိုက္ရ၏၊ တစ္ခ်က္ၾကည့္ယံုမ်ွျဖင့္ ခ်ိဳင္ကြၽင္းတစ္ေယာက္ လ်ိႈ့ဝွက္ၾကံစည္ေနသာ္အား အကဲခတ္မိေလသည္ ။

ယူေ႐ွာင္မိုသည္ လ်င္ျမန္စြာပင္ ကြင္းလယ္႐ွိ တိုက္ပြဲ၌သာ အာရံုစိုက္ေနဟန္ ေဆာင္လိုက္၏၊ ထို႔ေနာက္ ဝိဥာဥ္စြမ္းအား အနည္းငယ္ ထုတ္ကာ သူ၏ပတ္ဝန္းက်င္၌ အကာအကြယ္စည္းတစ္ခု ထပ္မံျပဳလုပ္ထားလိုက္ေလသည္ ။

ခ်ိဳင္ကြၽင္းသည္ ၎အကာအကြယ္အား သတိမထားမိပဲ သူ၏လုပ္ရပ္မ်ားအား ယူေရွာင္မိုတစ္ေယာက္ သတိမထားမိဟုသာ ထင္ေနေလသည္၊ ဆက္လက္၍ သူ၏ ဝိဥာဥ္စြမ္းအားမ်ားအား ကြင္းလယ္႐ွိ သားရဲႏွစ္ေကာင္အား ေက်ာ္ျဖတ္ကာ ယူေ႐ွာင္မိုဆီသို႔ ပို႔လႊတ္ရင္း လ်ွင္လ်ွင္ျမန္ျမန္ ေခ်ာင္းေျမာင္းတိုက္ခိုက္လ်က္ ႐ွိ၏ ။













ထို႔ေနာက္ တိုက္ပြဲသည္ ပိုမိုျပင္းထန္လာကာ လူအေပါင္း၏ အာရံုသည္ သားရဲႏွစ္ေကာင္ဆီသို႔ စုျပံဳက်ေရာက္သြားေတာ့သည္ ။

ထံုးေပေမ်ာက္ဝံ၏ မ်ိဳးႏြယ္စုအဆင့္အတန္းသည္ ပိုမိုျမင့္မားသည္ မွန္ေသာ္ျငား ၎တို႔ၾကား႐ွိ အင္အားကြာျခားမႈအေပၚ မဖာေထးႏိုင္ပါေခ်၊ ထို႔ေၾကာင့္ အျပန္အလွန္အေနျဖင့္ တိုက္ပြဲခ်ိန္ ၾကာလာေလေလ ေရႊမ်က္လံုးက်ားသစ္နက္မွာ ပို၍ေၾကာက္ဖို႔ေကာင္းလာေလ ျဖစ္ကာ ပါးစက္အျပည့္ အစြယ္မ်ားျဖင့္ ထံုးေပေမ်ာက္ဝံ၏ လက္ေမာင္းအသားမ်ားအား ကိုက္ဆြဲပစ္လိုက္ေလ၏၊ နာက်င္စြာ ေအာ္ဟစ္သံသည္ လူအေပါင္းအား ေတာင့္ခဲသြားေစၿပီး အစာအိမ္၌ေသြးမပါလာေသာ (သတၱိမ႐ွိေသာ)သူမ်ားသည္ ဆက္လက္၍ ပြဲျကည့္ျခင္းငွါ မစြမ္းႏိုင္ၾကေတာ့ေပ ။

ထို႔ေနာက္ ထံုးေပေမ်ာက္ဝံ၏ ေနာက္ဆံုးအားအင္ျဖင့္ ေအာ္ဟစ္လိုက္ေသာ ေအာ္သံအၿပီးတြင္ သားရဲႏွစ္ေကာင္၏တိုက္ပြဲ အဆံုးသတ္ကာ ထံုးေပေမ်ာက္ဝံ၏ ႀကီးမားေသာ ခႏၶာကိုယ္ႀကီးသည္ ၾကမ္းျပင္ထက္၌ ေသလုေျမာပါး အသြင္ျဖင့္ လဲက်သြားေလသည္၊ အျခားတစ္ဖက္တြင္မူ က်ားသစ္နက္သည္လည္း ဒဏ္ရာမ်ားစြာျဖင့္ အလဲလဲအကြဲကြဲ ျဖစ္ေနေသာ္ျငား ေအာင္ႏိုင္သူ၏ ဂုဏ္ယူဝင့္ႂကြားမႈမ်ိဳးျဖင့္ ေခါင္းကိုေမာ့ကာ ၎ပိုင္႐ွင္၏ေဘးသို႔ ေလ်ွာက္လွမ္းသြား၏ ။

ထိုအခ်ိန္မွသာ ပရိသတ္အေပါင္းသည္ ခ်ိဳင္ကြၽင္း၏ ေျမျပင္ေပၚ၌ ဒူးေထာက္ေနမႈအား သတိျပဳမိသြားၾကၿပီး ယခင္က ယံုၾကည္မႈအေပါင္း သရဖူေဆာင္းေနေသာ ၎၏မ်က္ႏွာသည္လည္း ေသမလိုျဖဴေဖ်ာ့ေနေၾကာင္း ေတြ႔ျမင္ရေလသည္ ။

ဆန္႔က်င္ဖက္အေနႏွင့္ ယူေ႐ွာင္မိုထံ၌ ' ဒီေနရာမွာ ဘာမွေရာင္းစရာမ႐ွိဘူး ' ဟူေသာ ဟန္ျဖင့္ မ်က္ေမွာင္ၾကဳပ္ကာ တစ္စံုတစ္ခုအား စ်ာန္ဝင္စားေနပံုအား ထူးဆန္းစြာ ေတြ႔ျမင္လိုက္ၾကရေလသည္ ။















# 29.8.2020

Vote 1K ျပည့္သြားပါၿပီ႐ွင္ ....🎉🎊🎀🎈

အားလံုးကို ေက်းဇူးတင္ပါတယ္ ♥







________________










Unicode Ver...


ချောင်းမြောင်း တိုက်ခိုက်ခြင်း .... 🔪🔪🗡






ယူရှောင်မို၏ စကားလုံးများနောက်တွင် သူ၏ အကျီကော်လံနောက်မှ အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာ၏၊ တစ်ချိန်ထဲမှာပင် ထိုအနက်ရောင်အရိပ်သည် ကြီးမားကြံ့ခိုင်သော အနက်ရောင် သားရဲကြီး အဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်း၏ တောင်ပြောင်လှပသော အနက်ရောင် အမွှေးများသည် လှိုင်းတံပိုးများအသွင်ဆောင်ကာ ချိုင်ကျွင်း၏ ကြောက်လန့်နေသော အကြည့်များကြားမှ ၎င်းသခင် ယူရှောင်မို၏ရှေ့မှောက်သို့ ညင်သာစွာ ဆင်းသက်လေ၏ ။

၎င်းမှာ ပြိုင်ပွဲကွင်းအတွင်းရှိ လူအများ ကြားဖူးနေပြီးသားဖြစ်သော သာမာန် အနက်ရောင်ကျားသစ်တစ်ကောင်သာ ဖြစ်သည်၊ သို့သော်ငြား မကြာမီတွင်ပင် လူအပေါင်းသည် ၎င်းကျားသစ်၏ ရွှေရောင်တောက်ပနေသော မျက်ဝန်းတစ်စုံအား သတိထားမိသွားကြ၏၊ သာမာန် ကျားသစ်နက်တစ်ကောင်၏ အဆင့်အတန်းသည် မှတ်ချက်ပြုရလောက်အောင်ထိ မမြင့်မားသော်ငြား ချွင်းချက်အနေဖြင့် ကျားသစ်နက်မျိုးနွယ်စု၏ တော်ဝင်မျိုးနွယ်ဖြစ်သော ရွှေမျက်လုံးပိုင်ရှင် ကျားသစ်နက်များသည် အမြင့်ဆုံးအဆင့်တွင် ရှိနေတတ်ကြသည်သာ ဖြစ်သည် ။

ရှောင်ဟေးသည် ၎င်း၏ လူသားအသွင်သို့ မပြောင်းထားပေ၊ သူသည် သားရဲအများစု အသွင်မပြောင်းနိုင်ကြသေးသော အဆင့်၇ ကြယ်၄လုံး အဆင့်၌သာ ရှိသေးသည်၊ ထို့ကြောင့် မလိုလားအပ်သော ပြဿနာများအား ရှောင်တိမ်းရန် အလို့ငှါ ၎င်း၏ မူလပုံစံအတိုင်းသာ ထွက်လာခဲ့ခြင်း ဖြစ်လေသည် ။

ထုံးပေမျောက်ဝံမျိုးနွယ်၏ အဆင့်အတန်းသည် ၎င်းထက် မြင့်မားကောင်း မြင့်မားပေလိမ့်မည်၊ သို့သော် ယခုတွင် ၎င်းမျောက်ဝံသည် ကြယ် ၃လုံး အဆင့်၌သာ ရှိသေး၏၊ ၎င်းသည် ကြယ်၄လုံးအဆင့် ရှောင်ဟေးအတွက် ပြိုင်ဘက်တစ်ယောက် မဟုတ်ပါချေ ။

ရှောင်ဟေးသည် အထက်ဆီးဆန်၍ မာနကြီးတတ်သော သွေးအေး သတ္တဝါတစ်ကောင် ဖြစ်လေသည်၊ ထုံးပေမျောက်ဝံနှင့် ပတ်သက်၍ ရှောင်ဟေးသည် ၎င်းအား ဆင့်ခေါ်လိုက်စဉ်ကတည်းက အထင်အမြင်သေးကြောင်း အမူအယာများ ပေါ်လွင်ထင်ရှားစွာ ပြ၏၊ သူ၏ အနည်းငယ် သေးငယ်သော ခန္ဓာကိုယ်အား ပေါက်ကွဲမှုအား အပြည့်ထည့်ကာ အရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီးနောက် ချိုင်ကျွင်းအား ၎င်း၏ အထက်ဆီးဆန်ဆန် အရှိန်အဝါများ ထည့်သွင်းထားသော အကြည့်တစ်ချက်ပေးကာ ချက်ချင်းပင် မျက်နှာလွှဲပစ်လိုက်၏ ။







လူသားအသွင်နှင့် တူသော ထုံးပေမျောက်ဝံ၏ အနက်ရောင် မျက်ဝန်းများသည် အောက်ဘက်သို့ နက်ရှိုင်းစွာ ငုံ့ဆင်းသွားကြလေသည်၊ ၎င်းမျက်လုံးများတွင် မကန့်သတ်ထားနိုင်သော ကြောက်ရွံ့မှုများ ထင်ဟပ်လျင်ရှိပြီး ရှောင်ဟေးအား မယှဉ်နိုင်မှန်း သဘောပေါက်စွာဖြင့် မသိစိတ်မှ ၎င်း၏ ခန္ဓာကိုယ်အား ခြေတစ်လှမ်းဆုတ်ရန် ခိုင်းစေသည်ကို လိုက်နာလိုက်ရလေသည် ။



၎င်းခြေလှမ်းသည် သေးငယ်သော်ငြား လူအပေါင်းမှာ ၎င်းမျောက်ဝံသည် ချိုင်ကျွင်းနည်းတူ ထိတ်လန့်နေကြောင်း သိလိုက်ကြသည်၊ ထို့ကြောင့် စင်အောက်ရှိ ပရိသတ်များသည် ရှောင်ဟေး၏ အဆင့်အတန်းအား ချက်ချင်း ခန့်မှန်းလိုက်နိုင်ကြ၏ ။










" ဝါး... ဒီဒရမ်မာက တကယ့်ကို ရုပ်လုံးကြွနေရောပဲ "



" ဒီ မှော်ဆရာသေးသေးလေးက တကယ့်ကို လျှော့တွက်လို့မရဘူးပဲ.. ချိုင်ကျွင်းတော့ အဆုံးသတ်ပီ "



" ဒါပေမယ့်လည်း ချိုင်ကျွင်းဆိုတာ ချိုင်အိမ်တော်ရဲ့ တတိယသခင်လေးပဲလေ.. သူ့လက်ထဲမှာ ဝှက်ဖဲတွေ အများကြီး ကျန်နေဦးမှာပေါ့ ဟုတ်တယ်မလား "



" ဒါတော့ဒါပေါ့ ဒါပေမယ့် ဟို မှော်ဆရာသေးသေးလေးကလဲ ဒီအသက်အရွယ်လေးနဲ့ အောင်မြင်မှုတွေ အများကြီးရထားတာလေ.. သူ့မှာလဲ ကစားဖို့ အနိုင်ဖဲတွေ အများကြီးရှိနေဦးမှာပဲ "


" ကြည့်ရတာ ဒီပွဲရဲ့ အနိုင်အရှုံးကို မှန်းဖို့ ခက်လိမ့်မယ် ထင်တယ် "









ရှောင်ဟေး၏ ထွက်ပေါ်လာမှုသည် ပြိုင်ပွဲကွင်းရှိ လူအပေါင်းအား ယောက်ယက်ခတ်သွားစေပြီး ပြိုင်ပွဲ အနိုင်အရှုံးအပေါ် ငြင်းခုံသံများလည်း အဆုံးမရှိ ထွက်ပေါ်လာစေသည်၊ ထိုကဲ့သို့ အငြင်းပွားစရာကိစ္စ ထွက်ပေါ်လာခြင်းသည် လူအပေါင်း၏ အာရုံဝင်စားမှုအား လောင်စာတို့ပေးလိုက်သကဲ့သို့ဖြစ်ကာ မမျှော်မှန်းနိုင်သော အံ့သြစရာများအကြား ပို၌ပင် သက်ဝင်လှုပ်ရှားလာကြတော့၏ ။




ရှောင်ဟေးအား မြင်သောအခါ ချိုင်ကျွင်း၏ မျက်နှာသည် ထိတ်လန့်မှုကြောင့် ဖြူဖျော့လျက်ရှိပြီး ၎င်း၏ နှလုံးသည်လည်း ရင်ဘတ်အတွင်းမှ ခုန်ထွက်တော့မည့် ယုန်တစ်ကောင်အလား ကဆုန်ပေါက်နေချေသည်၊ တစ်ဖက်လူအား အကြပ်ရိုက်အောင် လုပ်ရန်ကြံနေချိန်မှာမှ သောက်ကျိုးနည်း ပြောင်းလဲမှုကြီး ထွက်ပေါ်လာခြင်းပင် ။



ချီးလိုပဲ! ဘာလို့ ရွှေမျက်လုံးကျားသစ်နက် ဖြစ်နေရတာလဲ!? ပီးတော့ အဲ့စောက်ကောင်က ငါ့ထုံးပေမျောက်ဝံနဲ့ အဆင့်ကလဲ အတူတူ..

ချိုင်ကျွင်းသည် သူ၏လုပ်ရပ်များအတွက် ဧကန် နောင်တရမိ‌လေသည်၊ သူသည် ဂုဏ်ဆာလွန်းရကား သူသည်ပင် ဆက်နွယ်သားရဲတစ်ကောင်ရှိလျှင် ယူရှောင်မို၏ အဆင့်နှင့်ဆိုလျှင် ဆက်နွယ်သားရဲ တစ်ကောင်မှ မရှိနိုင်စရာ အကြောင်းမရှိသည်အား မေ့သွားခဲ့လေသည်၊ ယခုအခွင့်အရေးအား အသုံးချ၍ ယူရှောင်မိုအား မြေမြှုပ်ရန် အဝီစိထိတိုင် ကုန်းရုန်း၍ ကျင်းတူးနေချိန်၌ သူသည် ကိုယ့်အုတ်ဂူကိုယ် တူးနေမိမှန်း သတိမထားခဲ့မိပါချေ၊ ယူရှောင်မိုဘက်မှ အသံကောင်းဟစ်နိုင်နေသည်မှာ အံ့သြစရာမရှိတော့ ၊ သူ၏မျက်လုံးထဲ၌ ချိုင်ကျွင်းသည် လူပြက်ကလေးသာသာမျှသာ.. ။

" တတိယသခင်လေးချိုင် အောက်က ပရိသတ်တွေဆီက အကူအညီတောင်းဖို့ လိုသေးလား? "

ယူရှောင်မိုသည် ငိုမဲ့မဲ့ဖြစ်နေသော ချိုင်ကျွင်းအား အူမြူးစွာ မေးလေ၏။

ချိုင်ကျွင်းမျက်နှာ ငိုမဲ့မဲ့မှာ ပိုဆိုးသွားချေသည်၊ သို့သော် လူအများရှေ့၌ သူ့အား ထိကပါးရိကပါးလုပ်နေခြင်းအား လုံးဝ သည်းမခံနိုင်သောကြောင့် အားတင်းကာ ယူရှောင်မိုအား ပြန်ပက်လေ၏။



" ယူရှောင်မို ကိုယ့်ဟာကိုယ် မာန်တွေ ဇွတ်တက်မနေနဲ့ ကြယ်တစ်လုံးပဲ ကွာခြားသေးတာ ပြိုင်ပွဲမပြီးမခြင်း အနိုင်ရမယ့်သူကို ကြိုခန့်မှန်းလို့ မရဘူး! "



ယူရှောင်မို အနည်းငယ် အံ့အားသင့်သွား၏၊ ဒီအကောင်မှာ ဦးနှောက်နည်းနည်းတော့ ရှိတယ်လို့ အခုခံစားနေရတယ်လေ..




သို့သော် သူပြောသည်မှာ မှန်၏၊ ရှောင်ဟေးသည် ထုံးပေမျောက်ဝံထက် ကြယ်တစ်လုံး ပိုမြင့်သော်ငြား မျိုးနွယ်စု အဆင့်အတန်းမှာ ကွာခြားသေး၏၊ ၎င်းတို့နှစ်ဦး အကြိတ်အနယ် ယှဉ်ပြိုင်ပြီးမှသာ အနိုင်အရှုံးအား တိတိကျကျ သိရှိရမည် ဖြစ်သည် ။

ယခု အခြအနေမျိုး၌ပင် ၎င်းအချက်အား စဉ်စားလိုက်နိုင်သော ချိုင်ကျွင်းကြောင့် ယူရှောင်မို အံ့သြမိသွားသည်မှာ အမှန် ။






ယူရှောင်မို အနည်းငယ် တွေဝေနေသည်၊ သူသည် မောင်ချိုအား ဆင့်ခေါ်လိုက်နိုင်သော်လည်း သူ၏ ဝှက်ဖဲအား လူအပေါင်းသို့ ထုတ်မပြလိုပေ၊ ယခုအချိန်တွင် သူ၏ ချိုအသင်းအကြောင်း အခြားသူများ သိရှိသွားမည်အား မလိုလား၊ ထို့ကြောင့် ၎င်းအကြံအား အလျင်အမြန်ပင် ပြန်ရုတ်သိမ်းလိုက်ရ၏ ။

" အမှိုက်စကားတွေ အများကြီး ပြောနေတာပဲ .. မင်းပဲ ငါ့ကိုတိုက်ချင်နေတာမလား လာလေ! ငါမင်းနဲ့ တနေ့လုံး ကစားနေဖို့ အဲ့လောက်မအားဘူး "

ထိုသို့ပြောပြီးနောက် ရှောင်ဟေးဘက်သို့ လှည့်ကာ

" ရှောင်ဟေး ထုံးပေမျောက်ဝံကို မင်းဆီ လွှဲထားလိုက်ပီနော် မင်း သူ့ကို မင်းကိုအဖေခေါ်တဲ့အထိ ချပစ်ရမယ်.. မဟုတ်ရင် မင်းတော့ အမျိုးနွယ်ရဲ့မျက်နှာကို အိုးမဲသုတ်တဲ့ကောင် ဖြစ်သွားမှာပဲ "











(အော် .. နဂိုတည်းက အမဲပါဆို ရှင်ရယ် -_- )












................







ရှောင်ဟေးသည် ယူရှောင်မို၏ စကားများအား အဖတ်မလုပ်ရုံသာမက မထီမဲ့မြင်ပြုသော အကြည့်တစ်ခုပါ ထပ်မံပို့လွှတ်ပြီးနောက် သူ၏ ကိုယ်ပိုင် အရှိန်အဝါများအား ထုတ်လွှတ်လိုက်၏၊ အဆင့်၇ ကြယ်၄လုံး အဆင့်၏ ကန့်သတ်မထားသော အရှိန်အဝါများ ထွက်ပေါ်လာသည့်နောက်တွင် ၎င်းနှင့်အတူ ကပ်ပါလာသည့် ဟိန်းသံနှင့် တုန်ခါမှုများသည် ထုံးပေမျောက်ဝံဆီသို့ တည့်တည့်မတ်မတ် ရိုက်ခတ်လေသည် ။

ထိုအပြုအမူသည် ထုံးပေမျောက်ဝံ၏ ဒေါသအား ဆွပေးသကဲ့သို့ဖြစ်ကာ ၎င်းအား ရှောင်ဟေး၏ အင်အားကို ခေတ္တမေ့သွားစေ၏၊ ၎င်းသည် သူ၏ လက်မောင်းတုတ်တုတ်များအား အသုံးပြုကာ ၎င်း၏ရင်ဘတ်အား တဘုန်းဘုန်း ရိုက်ခတ်သည်၊ ရိုက်ခတ်မှုမှ ထွက်ပေါ်လာသော အသံများသည် အလွန် ထိတ်လန့်စရာ ကောင်းလွန်းသည်မှာ ရှောင်ဟေး၏ ကနဦး သရုပ်ပြမှုထက်ပင် မလျှော့ ။

အဆင့်၇ မှော်ဝင်သားရဲနှစ်ကောင်၏ အရှိန်အဝါသည် ပရိသတ်အချို့အား ထိတ်လန့်ကာ နောက်ဆုတ်သွားစေပြီး အချင်းချင်း ရန်စောင်နေကြသော သားရဲနှစ်ကောင်အား ကြောက်လန့်စွာဖြင့် ခပ်ဝေးဝေးကသာ ကြည့်နေကြရ၏ ။


ရှောင်ဟေးသည် အမြဲတစေ စိတ်ကြီးဝင်နေသူဖြစ်ရကား သူ၏ပြိုင်ဘက်သည် အဆင့်အတန်းပို၍ မြင့်မားသော မျိုးနွယ်စုမှ ဆင်းသက်လာသည့်တိုင် အထင်သေးနေဆဲသာဖြစ်သည်၊ သူ၏ အေးစက်ကာ လှပသော ရွှေရောင်မျက်ဝန်းများသည် မခန့်မှန်းနိုင်သော သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်၊ သူသည် ထုံးပေမျောက်အား အသုံးမဝင်သော စိတ်ရှုတ်စရာ အမှိုက်တစ်စကဲ့သို့သာ သဘောထား၍ နှာတစ်ချက် မှုတ်ထုတ်လိုက်လေသည် ။

ထုံးပေမျောက်မှာမူကား ၎င်းအပြုအမူကြောင့် ရှူးရှူးရှားရှား ဖြစ်သွားရကား ရှောင်ဟေးဆီသို့ တဟုန်ထိုး ပစ်ဝင်လာ၏၊ သူ၏ခန္ဓာကိုယ်သည် ကြီးမား၍ ထုံထိုင်းသည်ဟု ထင်ရသောငြား အလွန်မြန်ဆန်ပေသည်၊ အချိန်ခဏအတွင်း ၎င်း၏ ကြီးမားသောလက်သီးဖြင့် ရှောင်ဟေး၏မျက်နှာအား တုံ့ဆိုင်းမှုမရှိ ထိုးပစ်လိုက်လေ၏၊ ၎င်းခွန်အားသည် အလွန်ကြီးမားသောကြောင့် လေထုအား ဖြိုခွင်းလိုက်သော အသံတစ်ခုပင် ထွက်ပေါ်လာလေ၏ ။

ထိုကဲ့သို့ အန္တရာယ်ကျရောက်လုဆဲဆဲ အချိန်တွင် ရှောင်ဟေး၏အရိပ်သည် လှစ်ကနဲ ပျောက်ကွယ်သွားကာ ၎င်းနေရာ၌ မထင်မရှား အယောင်လေးသာ ကျန်နေခဲ့သည်၊ ထုံးပေမျောက်ဝံ၏ မျိုးနွယ်အဆင့်အတန်းသည် ပို၍ မြင့်မားသည်မှန်သော်လည်း လျင်မြန်မှုအပိုင်းတွင်တော့ ၎င်းသည် ရှောင်ဟေး၏ ခြေမှုန်လောက်သာ ရှိပေသည် ။

ယူရှောင်မိုသည် သားရဲများ တိုက်ခိုက်နေပုံအား မြင်ရသောအခါ ဂနာမငြိမ် ထိတ်ထိတ်လန့်လန့် ဖြစ်လာလေ၏။

သူသည် ရှောင်ဟေးနှင့်ပတ်သက်၍ ယုံကြည်ချက်ရှိသော်ငြား စိုးရိမ်ပူပန်မှုအား မထိန်းချုပ်ထားနိုင်ပါပေ။

သူသည် သားရဲများ၏တိုက်ပွဲအား စိတ်ပါဝင်စားစွာ ကြည့်ရှုနေချိန်၌ မဲမှောင်နေသော အငွေ့အသက်များဖြင့် ချိုင်ကျွင်းသည် ယူရှောင်မိုအား အဆိပ်ပြင်းစွာ စိုက်ကြည့်လျက်ရှိကာ သူ၏ ခြေဖဝါးအောက်၌ ဝိဉာဉ်စွမ်းအင်များအား လျင်မြန်စွာ ထုတ်လွှတ်လျက်ရှိသည်၊ ၎င်းတို့သည် ပြိုင်ပွဲစဉ်၏ မညီမညာ ကြမ်းပြင်ပေါ်မှတစ်ဆင့် ယူရှောင်မိုရှိရာအရပ်သို့ ဦးတည်သွားကြလေ၏ ။







ကန့်သတ်ချက်များရှိနေခြင်းကြောင့် အဆင့်၄မှော်ဆရာတစ်ဦးသည် ၎င်း၏ ဝိဉာဏ်စွမ်းအင်အား ပုံဖော်ခြင်းငှါ မစွမ်းနိုင်သော်ငြား စိတ်ဝိဉာဉ်လေ့ကျင့်ရေးကျမ်း၏ အကူအညီဖြင့် ၎င်းစွမ်းအင်အား အသုံးပြု၍ တိုက်ခိုင်နိုင်ကြပေသည် ။






ချိုင်ကျွင်း၏ ပင်ကိုစွမ်းရည်သည် အမြင့်စားထဲတွင် မဝါဝင်သည့်အပြင်  လေ့ကျင့်ရေးကျမ်းဖြင့် အချိန်တစ်နှစ်သာ လေ့ကျင့်ခဲ့သည်၊ ထို့ကြောင့် သူသည် ဝိဉာဉ်စွမ်းအားများအား ကောင်းစွာမထိန်းချုပ်နိုင်ပဲ ပြိုင်ဖက်၏ ဝိဉာဉ်အား မသေသပ်သော စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခုသာ ပြုလုပ်နိုင်လိုက်လေသည် ။







ဝိဉာဉ်အပေါ်စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုသည် လက်တွေ့အသုံးချနိုင်သည့်တိုင် အားနည်းချက်တော့ ရှိနေသေး၏။

၎င်းမှာ အဆင့်နိမ့်သူမှ အဆင့်မြင့်သူအား တိုက်ခိုက်ပါက ထိုတိုက်ကွက်အား လွယ်ကူစွာ သတိထားမိခြင်းပင် ။




ယူရှောင်မိုသည် အဆင့်၄ အမြင့်ဆုံးအဆင့် ဖြစ်ပြီး ချိုင်ကျွင်းမှာမူ အဆင့်၄ အလယ်အလတ်အဆင့်သာ ရှိသေး၏၊ ၎င်းတို့ကြားတွင် အဆင့်၂ဆင့် ခြားနေသောကြောင့် ချိုင်ကျွင်းသည် ချောင်းမြောင်းတိုက်ခိုက်ရန်သာ တတ်နိုင်လေသည် ။







ထိုတိုက်ခိုက်မှုအား ယူရှောင်မိုမှ သတိမထားမိသော်ငြား ပရိသတ်အားလုံးသည် သားရဲများ၏ တိုက်ခိုက်မှုတစ်ခုတည်းကိုသာ အာရုံစိုက်နေကြသည်မဟုတ်၊ ချိုင်ကျွင်းထက် အဆင့်မြင့်သော မှော်ဆရာအချို့သည် ၎င်းတိုက်ကွက်အား သတိထားမိကြလေ၏၊ ဥပမာ- ထုံယွဲ့ရှူ နှင့် ထန်းဇီရှင်း..




ပထမတစ်ဦးထံ၌ စိုးရိမ်ပူပန်နေသော အမူအယာများ တွေ့ရပြီး ဒုတိယတစ်ဦးထံ၌ ခန့်မှန်းရန်ခက်ခဲသော အမူအယာမျိုးကိုသာ တွေ့နေရလေသည် ။








" ရှောင်မို အဲ့ငပိန်းကောင်ဆီက တိုက်ကွက်ပုန်းတွေ သတိထားနော်! "

ပိုင်လီရှောင်ယွီသည် လူအုပ်ကြားထဲမှ ခုန်ထွက်ကာ ယူရှောင်မိုအား အော်ဟစ်သတိပေးလေ၏ ။


သူပြောသည်မှာ မမှားပေ၊ ချိုင်ကျွင်းမှာ အမှန်ပင် ငပိန်းဖြစ်၏ ။

ချိုင်ကျွင်းသည် ပိုင်လီ၏ သတိပေးမှုအပေါ် ဒေါသထွက်မိသော်ငြား မဆင်မခြင် မပြုလုပ်ရဲသောကြောင့် သူ၏ ဝိဉာဉ်စွမ်းအားများအား ပုန်းလျှိုးကွယ်လျှိုးလုပ်ကာ ယူရှောင်မို့ဆီသို့ ပစ်လွှတ်လိုက်လေ၏ ။

သို့သော်ငြား ယူရှောင်မိုသည် ယခုမြင်နေရသည့်အတိုင်း အေးအေးလူလူသာ ရှိနေခဲ့ခြင်း မဟုတ်၊ ပြိုင်ပွဲမတိုင်မီက ပိုင်လီသတိပေးခဲ့သော စကားများကြောင့် သူသည် စင်ပေါ်သို့ မတက်မီကပင် အကာအကွယ်စည်းတစ်ခု ကြိုတင် စီမံထားခဲ့ပြီး တစ်ချက်ကလေးတောင်မျှ သတိလက်လွတ်စွာ မနေခဲ့ ။

ယူရှောင်မိုသည် ပိုင်လီရှောင်ယွီ၏ အော်ဟစ်သတိပေးသံအား ကြားလျှင်ကြားချင်း ချိုင်ကျွင်းရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သောအခါ ၎င်း၏ ဂနာမငြိမ်ဖြစ်နေသော အမူအယာအား အမိအရ မြင်လိုက်ရ၏၊ တစ်ချက်ကြည့်ယုံမျှဖြင့် ချိုင်ကျွင်းတစ်ယောက် လျှို့ဝှက်ကြံစည်နေသည်အား အကဲခတ်မိလေသည် ။







ယူရှောင်မိုသည် လျင်မြန်စွာပင် ကွင်းလယ်ရှိ တိုက်ပွဲ၌သာ အာရုံစိုက်နေဟန် ဆောင်လိုက်၏၊ ထို့နောက် ဝိဉာဉ်စွမ်းအား အနည်းငယ် ထုတ်ကာ သူ၏ပတ်ဝန်းကျင်၌ အကာအကွယ်စည်းတစ်ခု ထပ်မံပြုလုပ်ထားလိုက်လေသည် ။

ချိုင်ကျွင်းသည် ၎င်းအကာအကွယ်အား သတိမထားမိပဲ သူ၏လုပ်ရပ်များအား ယူရှောင်မိုတစ်ယောက် သတိမထားမိဟုသာ ထင်နေလေသည်၊ ဆက်လက်၍ သူ၏ ဝိဉာဉ်စွမ်းအားများအား ကွင်းလယ်ရှိ သားရဲနှစ်ကောင်အား ကျော်ဖြတ်ကာ ယူရှောင်မိုဆီသို့ ပို့လွှတ်ရင်း လျှင်လျှင်မြန်မြန်ပင် ချောင်းမြောင်း တိုက်ခိုက်လျက် ရှိ၏ ။













ထို့နောက် တိုက်ပွဲသည် ပိုမိုပြင်းထန်လာကာ လူအပေါင်း၏ အာရုံသည် သားရဲနှစ်ကောင်ဆီသို့ စုပြုံကျရောက်သွားတော့သည် ။







ထုံးပေမျောက်ဝံ၏ မျိုးနွယ်စုအဆင့်အတန်းသည် ပိုမိုမြင့်မားသည် မှန်သော်ငြား ၎င်းတို့ကြားရှိ အင်အားကွာခြားမှုအပေါ်  မဖာထေးနိုင်ပါချေ၊ ထို့ကြောင့် အပြန်အလှန်အနေဖြင့် တိုက်ပွဲချိန် ကြာလာလေလေ ရွှေမျက်လုံးကျားသစ်နက်မှာ ပို၍ကြောက်ဖို့ကောင်းလာလေ ဖြစ်ကာ ပါးစပ်အပြည့် အစွယ်များဖြင့် ထုံးပေမျောက်ဝံ၏ လက်မောင်းအသားများအား ကိုက်ဆွဲပစ်လိုက်လေ၏၊ နာကျင်စွာ အော်ဟစ်သံသည် လူအပေါင်းအား တောင့်ခဲသွားစေပြီး အစာအိမ်၌သွေးမပါလာသော (သတ္တိမရှိသော)သူများသည် ဆက်လက်၍ ပွဲကြည့်ခြင်းငှါ မစွမ်းနိုင်ကြတော့ပေ ။

ထို့နောက် ထုံးပေမျောက်ဝံ၏ နောက်ဆုံးအားအင်ဖြင့် အော်ဟစ်လိုက်သော အော်သံအပြီးတွင် သားရဲနှစ်ကောင်၏တိုက်ပွဲ အဆုံးသတ်ကာ ထုံးပေမျောက်ဝံ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ကြမ်းပြင်ထက်၌ သေလုမြောပါး အသွင်ဖြင့် လဲကျသွားလေသည်၊ အခြားတစ်ဖက်တွင်မူ ကျားသစ်နက်သည်လည်း ဒဏ်ရာများစွာဖြင့် အလဲလဲအကွဲကွဲ ဖြစ်နေသော်ငြား အောင်နိုင်သူ၏ ဂုဏ်ယူဝင့်ကြွားမှုမျိုးဖြင့် ခေါင်းကိုမော့ကာ ၎င်းပိုင်ရှင်၏ဘေးသို့ လျှောက်လှမ်းသွား၏ ။

ထိုအချိန်မှသာ ပရိသတ်အပေါင်းသည် ချိုင်ကျွင်း၏ မြေပြင်ပေါ်၌ ဒူးထောက်နေမှုအား သတိပြုမိသွားကြပြီး ယခင်က ယုံကြည်မှုအပေါင်း သရဖူဆောင်းနေသော ၎င်း၏မျက်နှာသည်လည်း သေမလိုဖြူဖျော့နေကြောင်း တွေ့မြင်ရလေသည် ။

ဆန့်ကျင်ဖက်အနေနှင့် ယူရှောင်မိုထံ၌ ' ဒီနေရာမှာ ဘာမှရောင်းစရာမရှိဘူး ' ဟူသော ဟန်ဖြင့် မျက်မှောင်ကျုံ့ကာ တစ်စုံတစ်ခုအား ဈာန်ဝင်စားနေပုံအား ထူးဆန်းစွာ တွေ့မြင်လိုက်ကြရလေသည် ။















# 29.8.2020

Vote 1K ပြည့်သွားပါပြီရှင် ....🎉🎊🎀🎈

အားလုံးကို ကျေးဇူးတင်ပါတယ် ♥

Continue Reading

You'll Also Like

654K 88.3K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
370K 26.4K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...