The Legendary Master's Wife (...

By Sailor_Moon_94

783K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... More

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 247
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 287
CHAPTER 288
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 295
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 246

8.7K 1.6K 102
By Sailor_Moon_94

Zawgyi ver..






ၿပိဳင္ပြဲစင္ေပၚက ႏွစ္ကိုယ္တူ တိုက္ပြဲ 🤜👊🤛









မၾကာမီပင္ ယူေ႐ွာင္မိုႏွင့္ ခ်ိဳင္ကြၽင္းတို႔ စိန္ေခၚပြဲသတင္းသည္ ေက်ာင္းသားမ်ားအၾကား ပ်ံႏွံ႔သြားေလေတာ့၏ ။

ယခုလက္႐ွိအခ်ိန္၌ ယူေ႐ွာင္မိုမွာ ၎၏ ေက်ာ္ၾကားမႈ အျမင့္ဆံုးအမွတ္သို႔ ေရာက္ရွိေနခ်ိန္ျဖစ္ၿပီး ခ်ိဳင္ကြၽင္းသည္လည္း ၎တို႔အိမ္ေတာ္၏ တတိယသခင္ေလးတစ္ဦး ျဖစ္ေသာေၾကာင့္ ရန္ပြဲသတင္းသည္ လူသစ္ေက်ာင္းသားမ်ားအၾကား လ်င္လ်င္ျမန္ျမန္ပင္ ပ်ံ႕ႏွံ႔သြားသည္၊ သို႔ေသာ္ ယခုကဲ့သို႔ ၿပိဳင္ပြဲစင္ေပၚ၌ စိန္ေခၚရေလာက္သည္အထိ ျဗဳန္းစားႀကီး  ျဖစ္သြားၾကလိမ့္မည္ဟုေတာ့ မည္သူမ်ွ မေတြးမိခဲ့ၾကေပ၊ ဤကိစၥသည္ အေသးအမႊား မဟုတ္ေသာေၾကာင့္ လူအမ်ားလည္း ပြဲျကည့္ရန္ ေျပးထြက္လာၾက၏၊ ထို႔အျပင္ ၎ဇာတ္လမ္းသည္ တန္းခြဲႏွစ္တြင္သာမက တန္းခြဲတစ္ႏွင့္ ဆရာမ်ားထံသို႔ပါ ေပါက္ၾကားသြားေလသည္။


ယခုကဲ့သို႔ စိန္ေခၚပြဲမ်ိဳးသည္ ေက်ာင္းေတာ္၌ အလြန္ေပါမ်ားေပသည္၊ အထူးသျဖင့္ အဆင့္နိမ့္ႏွင့္ အလယ္အလတ္ေမွာ္ဆရာမ်ား အၾကားတြင္ အျဖစ္မ်ား၏၊ ပံုမွန္အားျဖင့္ဆိုလ်ွင္ ဤပြဲမ်ိဳးသည္ ၾကည့္႐ႈရန္ မထိုက္တန္ေပ၊ သို႔ေသာ္ ေက်ာင္းေတာ္႐ွိ လူသားတိုင္း၏ အာရံုဝင္စားရာျဖစ္ေသာ ယူေ႐ွာင္မိုမွာ ၎စိန္ေခၚသူမ်ားထဲမွ တစ္ေယာက္ဟု သိလိုက္ရေသာအခါ မည္သို႔မ်ွမတတ္ႏိုင္ပဲ ထိုၿပိဳင္ပြဲကြင္း႐ွိရာသို႔ အေျပးအလႊား ေရာက္လာၾကရေတာ့သည္သာျဖစ္သည္ ။


တစ္နာရီခြဲေသာ္မ်ွ မၾကာလိုက္မီတြင္ ၿပိဳင္ပြဲကြင္း၏ အတြင္းေရာ အျပင္ဘက္ပါ လူေပါင္းမ်ားစြာျဖင့္ ျပည့္ႏွက္သြားၿပီး ေၾကာက္ခမန္းလိလိ ျမင္ကြင္းတစ္ခုအား ေဖာ္က်ဴးလ်က္ ႐ွိေပေတာ့၏ ။



ယူေ႐ွာင္မိုသည္ သူႏွင့္ခ်ိဳင္ကြၽင္းတို႔၏ ၿပိဳင္ပြဲမွာ ထိုမ်ွေလာက္အထိ စည္ကားသြားလိမ့္မည္ဟု မထင္ထားခဲ့မိေသာေၾကာင့္ ထိုလူအုပ္ႀကီးအား ျမင္လိုက္ရေသာအခါ ဆြံ႕အသြားေလသည္ ။

ယူေ႐ွာင္မို ၿပိဳင္ပြဲစင္ေပၚသို႔ မတက္ေရာက္မီတြင္ တစ္စံုတစ္ခုအား အေျဖ႐ွာေနပံုရေသာ ပိုင္လီေ႐ွာင္ယြီသည္ ႐ုတ္တရက္ ယူေ႐ွာင္မိုလက္အား ဖမ္းဆြဲလိုက္သည္၊ ထိုအျပဳအမူေၾကာင့္ ယူေ႐ွာင္မို ေလွကားေပၚမွ ျပဳတ္က်ေတာ့မလို ျဖစ္သြားခဲ့ရကား အံ့ျသစြာျဖင့္ ေနာက္သို႔ ျပန္လွည့္ၾကည့္လာေလ၏ ။

" ဘာလဲကြ!! "

ပိုင္လီေ႐ွာင္ယြီမွာမူ အလြန္အမင္း စိတ္လႈပ္႐ွားေနသျဖင့္ ယူေ႐ွာင္မိုမွ စိတ္မ႐ွည္မႈေၾကာင့္ သူ၏ေခါင္းအား ခုတ္ထစ္မပစ္မိခင္အထိ သူ၏စကားအား ဆံုးေအာင္ ဆက္မေျပာႏိုင္ပါေခ်၊ ထို႔ေနာက္မွ ပင့္သက္ျပင္းျပင္း ရွဴ႐ႈိက္လိုက္ကာ ဗလံုးပေထြး ေျပာခ်လိုက္ေလ၏ ။

" ခ်ိဳင္ကြၽင္းဘာလို႔ မင္းစိန္ေခၚတာကို လက္ခံရဲတာလဲ ငါသိၿပီထင္တယ္ "

" ဘာလို႔လဲ "

လ်ိႈ႕ဝွက္ခ်က္ တစ္ခုခုမ်ား ႐ွိေနမလား?

" ခ်ိဳင္ကြၽင္းမွာ အဆင့္၇ ေမွာ္ဝင္သားရဲတစ္ေကာင္႐ွိတယ္ ပီးေတာ့ ခ်ိဳင္အိမ္ေတာ္မွာ ဝိဥာဥ္စြမ္းရည္ ေလ့က်င့္ေရးက်မ္းတစ္အုပ္လည္း ႐ွိတယ္.. အဲ့ဒါေတြေၾကာင့္ သူ စိန္ေခၚပြဲကို ေျပာင္ေျပာင္တင္းတင္း  လက္ခံရဲတာပဲ "

ပိုင္လီေ႐ွာင္ယြီမွ မဆိုင္းမတြ ဆိုေလ၏၊ ခ်ိဳင္ကြၽင္းမွ သူ၏ ဆက္ႏြယ္ေမွာ္ဝင္သားရဲအား မၾကာခဏ အျပင္ထုတ္ေလ့ မ႐ွိသည္ကတစ္ေၾကာင္း၊ ၎၏ေခါင္းမွာ မီးမ်ား ေတာက္ေလာက္ေနသကဲ့သို႔ ပူေလာင္ေနသည္က တစ္ေၾကာင္းေၾကာင့္ ပိုင္လီတစ္ေယာက္ ထိုကိစၥအား ခ်က္ျခင္း မမွတ္မိရျဖင္း ျဖစ္ေလ၏ ။


အဆင့္ျမင့္ေမွာ္ဆရာ အမ်ားစုသည္ ၎တို႔၏ ဝိဥာဏ္စြမ္းအားကို တိုက္ခုိက္ရာ၌ အသံုးျပဳတတ္ၾကသည္၊ အေၾကာင္းမွာ ေမွာ္ဆရာတစ္ဦးသည္ အဆင့္၇သို႔ ေရာက္႐ွိပါက ၎၏ဝိဥာဥ္မွာ သဘာဝအေလ်ွာက္ အသြင္ေျပာင္းလဲကာ တိုက္ခိုက္ေရးပိုင္း၌ ပို၍ တိုးတက္လာတတ္ေသာ သေဘာ႐ွိ၏၊ ထို႔ေၾကာင့္ အဆင့္ျမင့္ ေမွာ္ဆရာမ်ားသည္ ဝိဥာဥ္စြမ္းအားအသံုးျပဳ၍ တိုက္ခိုက္ရေသာ နည္းလမ္းမ်ားအေၾကာင္း ေရးသားထားသည့္ က်မ္းစာအုပ္မ်ိဳး အထူးတလည္ မလိုအပ္ေသာ္လည္း ထိုက်မ္းစာအုပ္သည္ ေမွာ္ဆရာမ်ားအတြက္ အနည္းႏွင့္အမ်ားေတာ့ အဖိုးထိုက္တန္ေနေသးသည္ ။

သို႔ေသာ္ အဆင့္၇ေအာက္ ေမွာ္ဆရာမ်ားအတြက္မူ ၎တို႔၏ ဝိဥာဥ္မ်ားသည္ ယခုခ်ိန္ထိ အသြင္မေျပာင္းျကေသးေသာေၾကာင့္ တိုက္ခိုက္ႏိုင္စြမ္း မ႐ွိေသးပဲ ဝိဥာဥ္စြမ္းရည္ ေလ့က်င့္ေရးက်မ္းမ်ားကိုသာ မွီခိုရေပသည္၊  သို႔မွသာ ၎တို့သည္ ထိုက်မ္းမ်ား၏ အကူအညီျဖင့္ ဝိဥာဥ္စြမ္းအားမ်ား အသံုးျပဳ၍ တိုက္ခိုက္ႏိုင္ၾကမည္ ျဖစ္သည္ ။

ခ်ိဳင္အိမ္ေတာ္၏ အေျခခံအုတ္ျမစ္သည္ အျခားအိမ္ေတာ္သံုးခုႏွင့္ ေတာက္႐ွင္းအကယ္ဒမီေလာက္ မေကာင္းေသာ္ျငား ဝိဥာဥ္ေလ့က်င့္ေရးက်မ္း တစ္အုပ္ေတာ့ တတ္ႏိုင္ပါေသး၏၊ ထို႔အျပင္ ခ်ိဳင္ကြၽင္းသည္လည္း လက္ေအာက္ခံ အိမ္ေတာ္မွမဟုတ္ပဲ ပင္မအိမ္ေတာ္မွ သခင္ေလးတစ္ဦး ျဖစ္ေသာေၾကာင့္ ထိုက်မ္းစာအုပ္အား ေလ့လာဆည္းပူးရန္ အခြင့္အေရး ရ႐ွိေလသည္ ။

ခ်ိဳင္အိမ္ေတာ္၏ အ႐ွိန္အဝါအရ ခ်ိဳင္ကြၽင္းကဲ့သို႔ သခင္ေလးတစ္ဦးထံတြင္ ဆက္ႏြယ္ထားေသာ ေမွာ္ဝင္သားရဲတစ္ေကာင္ ႐ွိေနသည္မွာ အဆန္းမဟုတ္ေပ၊ ထို႔ေၾကာင့္ ပိုင္လီေျပာခဲ့သလိုပင္ ၎မွ ယူေ႐ွာင္မို၏ စိန္ေခၚမႈအား ေျပာင္ေျပာင္တင္းတင္း လက္ခံရဲသည္မွာ ၎ထံ၌ ေနာက္ခံအင္အားအခ်ိဳ႕ ႐ွိေနေသာေၾကာင့္ပင္ ျဖစ္ေလ၏ ။

ခ်ိဳင္ကြၽင္းထံ၌ ဆက္ႏြယ္ေမွာ္ဝင္သားရဲတစ္ေကာင္ ႐ွိေနလိမ့္မည္ဟု ယူေ႐ွာင္မိုသည္ အစကတည္းက ခန္႔မွန္းထားမိၿပီးျဖစ္သည္၊ သို႔ေသာ္ ယူေ႐ွာင္မိုသည္ ဝိဥာဥ္ေလ့က်င့္ေရးက်မ္းဆိုသည္မွာ မည္သို႔မည္ပံု႐ွိသည္အား မသိေသာေၾကာင့္ ျဖစ္ႏိုင္လ်ွင္ ယခုအေျခအေနအား အခြင့္ေကာင္းယူကာ ထိုက်မ္းအေၾကာင္း အနည္းငယ္ ေလ့လာလိုေပ၏ ။

ထိုအေၾကာင္းေတြးမိေသာအခါ ယူေ႐ွာင္မိုသည္ ယခုၿပိဳင္ပြဲအေပၚ ပို၍ စ်ာန္ဝင္စားလာေလသည္၊ လုယြီအတြက္ လက္စားေခ်ရန္မွာလည္း ခ်ိဳင္ကြၽင္းထံမွ မျဖစ္မေန ရယူရမည့္ အေႂကြးတစ္ခု ျဖစ္ေလ၏၊ ဤကဲ့သို႔ အခြင့္ေကာင္းမ်ိဳးမွာ ေလ့လြင့္မခံသင့္ပဲ ပို၍ပင္ ေကာင္းေကာင္း လုပ္ေဆာင္သင့္ေပ၏၊ ယူေ႐ွာင္မိုသည္ သူ၏ ေရြးခ်ယ္မႈအတြက္ လံုးဝ ေနာက္တရလိမ့္မည္ မဟုတ္ပါေခ် ။

" ယူေ႐ွာင္မို ဒီတစ္ႀကိမ္ေတာ့ မင္းဘာသာမင္း ငါ့တံခါးဝကို ေရာက္လာတာေနာ္.. အဲ့ေတာ့လည္း ငါ႔ဘက္က ဝမ္းေျမာက္ဝမ္းသာနဲ႔ မင္းကို ေကာင္းေကာင္းဂ႐ုစိုက္ေပးရေတာ႔ မွာေပါ႔ "

ခ်ိဳင္ကြၽင္းသည္ ယူေ႐ွာင္မို႔ထံသို႔ ေလ်ွာက္လာကာ နားနားကပ္၍ ေအးစက္စြာ ေျပာလာေလ၏။

ယူေ႐ွာင္မိုက စူပါပါရမီ႐ွင္ဆိုေတာ့လည္း ဘာအေရးလဲကြ! ဆက္ႏြယ္ ေမွာ္ဝင္သားရဲနဲ႔ ဝိဥာဥ္ေလ့က်င့္ေရးက်မ္း မ႐ွိရင္ ယူေ႐ွာင္မိုဆိုတာ ငါ့ေျခဖဝါးေအာက္က ထူးမျခားနား ေျမမႈန္႔ေလး တစ္ခုသာသာပဲ..

ထိုအခါ ပိုင္လီေ႐ွာင္ယြီသည္ ခ်ိဳင္ကြၽင္းအား သဲႀကီးမဲႀကီး စိုက္ၾကည့္ကာ..

" ခ်ိဳင္ကြၽင္း မင္း ယူေ႐ွာင္မိုကို ထိခိုက္ေအာင္ လုပ္ရဲလုပ္ၾကည့္, ငါမင္းကို ဒီအတိုင္း လႊတ္ေပးလိမ့္မွာ မဟုတ္ဘူး "



ထိုအခါ ခ်ိဳင္ကြၽင္းမွ အထင္ေသးဟန္ျဖင့္..

" ပိုင္လီေ႐ွာင္ယြီရာ.. ဒီေနရာမွာ အဲ့လိုႀကီးေတာ့ အထင္မလြဲနဲ႔ေလကြာ.. ငါ့တံခါးဝကို အရင္ေရာက္လာခဲ့တာ သူပဲမလား.. ပီးေတာ့ ၿပိဳင္ပြဲစင္ေပၚမွာဆိုရင္ ဘယ္ဓားမွ မ်က္စိမပါဘူးကြ.. အဲ့ဒါေၾကာင့္ သူ တစ္ခုခုထိခိုက္သြားခဲ့တယ္ဆိုရင္ အျပစ္တင္ခ်င္ရင္ေတာင္ သူ႔ရဲ႕ စြမ္းရည္ကိုပဲ အျပစ္တင္ရလိမ့္မွာေပါ့.. "

ထိုစကားအား ေျပာၿပီးေနာက္ ခ်ိဳင္ကြၽင္းသည္ ၿပိဳင္ပြဲစင္ေပၚသို႔ ျပန္တက္သြားခဲ့ေလသည္ ။

ပိုင္လီေ႐ွာင္ယြီသည္ ခ်ိဳင္ကြၽင္းအား ၾကည့္လိုက္ၿပီးေနာက္ ပင့္သက္ျပင္းျပင္း ႐ိႈက္ေနေလ၏၊ ထို႔ေၾကာင့္ ယူေ႐ွာင္မိုသည္ စိတ္သက္သာရာ ရေစရန္အလို႔ငွါ ၎၏ ပခံုးအား ပုတ္ကာ ႏွစ့္သိမ့္ေလ၏။

" ေ႐ွာင္ယြီ စိတ္ခ်ပါ ငါအဆင္ေျပပါတယ္ "

" ဒါေပမယ့္ သူ.."

ပိုင္လီသည္ မည္သို႔မ်ွ စိတ္မေအးႏိုင္ပါေခ်။

" ငါက အဆင္ေျပတယ္လို႔ေျပာရင္ အဲ့ဒါ တကယ္ အဆင္ေျပလို႔ပဲ.. ငါ့အတြက္ စိတ္ပူေနစရာ မလိုပါဘူး ငါအရင္က ေျပာခဲ့သလိုပဲ ခ်ိဳင္ကြၽင္းကို ဝက္ေခါင္းရိုက္သလို ႐ိုက္ခ်ခဲ့မယ္ မင္းက ဒီအတိုင္း ေစာင့္ၾကည့္ေနေပး ဟုတ္ပီလား "

ယူေ႐ွာင္မိုသည္ ထိတ္လန္႔မႈအရိပ္အေယာင္ တစ္စက္မွမျပပဲ ရဲရင့္စြ ဆိုေလ၏။

ပိုင္လီေ႐ွာင္ယြီသည္ နားမလည္ႏိုင္စြာ ၾကည့္ေနရင္း..

" ဘာလို႔ အဲ့ေလာက္ေတာင္ ေသခ်ာေနရတာလဲ? "

ထိုအခါ ယူေ႐ွာင္မိုသည္ သူ၏ နားနားသို႔ ကပ္ကာ..

" ဘာလို႔ဆို ငါ့မွာလဲ ဆက္ႏြယ္ ေမွာ္ဝင္သားရဲတစ္ေကာင္ ႐ွိတယ္ေလ "



" အမ္? "

ပိုင္လီသည္ မ်က္လံုးမ်ား ျပဴးက်ယ္သြားကာ ယူေ႐ွာင္မိုအား သူ႔နားသို႔ ျပန္ဆြဲလိုက္ရင္း..

" တကယ္ေျပာေနတာလား ငါ့ကို ညာေနတာေတာ့ မဟုတ္ပါဘူးေနာ္ "

" ငါက ဘာလို႔ လိမ္ရမွာလဲကြ အဲ့လိုလုပ္လို႔ေရာ ဘာရမွာလဲ.. ပီးေတာ့ ငါ့မွာ ႐ွိတဲ့ ဆက္ႏြယ္သားရဲက တစ္ေကာင္တည္း မဟုတ္ဘူး "

ေကာင္းျပီေလ .. ငါ့ရဲ႕ခ်ိဳအသင္းကို အနာဂါတ္မွာ လူေတြေ႐ွ႕ ခ်ျပရမယ့္အတူတူ ပိုင္လီ့ကို အခုတည္းက ေျပာျပထားတာ ျပသနာႀကီးႀကီးမားမားေတာ့ မ႐ွိေလာက္ပါဘူး။

" ေကာင္းတယ္ ေကာင္းတယ္! အဲ့ဒါဆို ငါ့ကို ကူညီတဲ့အေနနဲ႔ အဲ့အေကာင္ကို ငရဲေရာက္သြားေအာင္ ႐ိုက္ခ်ခဲ့ေပး ေ႐ွာင္မို.. "

ပိုင္လီသည္ စိတ္လႈပ္႐ွားစြာ ေျပာလာေလ၏။

" ေသခ်ာေပါက္ေပါ့ကြ "

ယူေ႐ွာင္မိုလည္း ခိုင္မာစြာ ကတိေပးလိုက္ေလ၏။




...............













" ေနာက္ဆံုးေတာ့ ပြဲေကာင္းေကာင္း ျကည့္ရေတာ့မယ္ကြ.. ခ်ိဳင္အိမ္ေတာ္ရဲ႕ တတိယသခင္ေလး ခ်ိဳင္ကြၽင္းနဲ႔ စူပါတက္သစ္စ ပါရမီ႐ွင္ ယူေ႐ွာင္မို! အဆံုးမွာ ဘယ္သူမ်ား ႏိုင္သြားမလဲ ငါေတာ့ မေစာင့္ႏိုင္ေတာ့ဘူးကြာ .."


" ခ်ိဳင္အိမ္ေတာ္ရဲ႕ တတိယသခင္ေလးက အဆင့္၄ အလယ္အလတ္အဆင့္.. ယူေ႐ွာင္မိုက အဆင့္၄ အျမင့္ဆံုးအဆင့္.. ဘယ္သူႏိုင္မယ္ ဘယ္သူ႐ွံုးမယ္ သိသာေနတာပဲမဟုတ္လား? "


" မင္း နားမလည္ပါဘူးကြာ.. တတိယသခင္ေလးခ်ိဳင္မွာ ဝွက္ဖဲတစ္ခုခု႐ွိမေနဘူးဆိုရင္ ယူေ႐ွာင္မို စိန္ေခၚတာကို ဘယ္လိုလုပ္ အလြယ္ေလး လက္ခံရဲမွာလဲကြ "








ထိုတီးတိုးသံမ်ား အားလံုးအား လ်စ္လ်ဴ႐ႈကာ ယူေ႐ွာင္မိုသည္ ၿပိဳင္ပြဲစင္ေပၚ႐ွိ ခ်ိဳင္ကြၽင္းေ႐ွ႕သို႔ တက္လာေလ၏၊ ယခုတိုက္ပြဲသည္ ယူေ႐ွာင္မို၏ လူအမ်ားေ႐ွ႕မွ ပထမဆံုးတိုက္ပြဲ ျဖစ္သည္၊ သူ၏ ပိန္ေသးေသးခနၶာကိုယ္သည္ သူ၏ အားနည္းခ်က္ဟု ထင္ရေသာ္ျငား လူအမ်ားအား သူ႔အေပၚ အထင္ေသးျခင္းငွါ မစြမ္းႏိုင္ပါေခ် ။

" ယူေ႐ွာင္မို ငါကမင္းမွာ ဒီကိုတက္လာဖို႔ သတၱိေရာ ႐ွိေသးရဲ႕လားလို႔ ေတြးေနတာကြ "

ယူေ႐ွာင္မို တက္လာသည္အား ျမင္ေသာအခါ သူ႔အား ေစာင့္ေနေသာ ခ်ိဳင္ကြၽင္းမွ စတင္ ျပက္ရယ္ျပဳေလ၏ ။






ထိုအခါ ယူေ႐ွာင္မိုသည္ သူ႔ႏွာေခါင္းသူ ျပန္ပြတ္လိုက္ရင္း..

" မင္းက အမ်ားႀကီး ေလွ်ာက္ေတြးေနတာပဲကြ "






ထိုစကားတစ္ခြန္းသည္ ခ်ိဳင္ကြၽင္း၏ ဂနာမၿငိမ္အေတြးမ်ားအား ေပၚလြင္သြားေစၿပီး လူအမ်ားအတြက္ ေလွာင္ရယ္စရာ ျဖစ္သြားေလေတာ့၏၊ ယူေ႐ွာင္မို၏ စကားမ်ားသည္ အမွန္ပင္ အ႐ွိက္ထိေစေလသည္ ။

ထိုအခါ ခ်ိဳင္ကြၽင္းသည္ သူ၏ အက်ီလက္ ႏွစ္ဖက္အား အေနာက္သို႔ ဟန္ပါပါ ခါခ်လိုက္ရင္း ..

" အေတြးမ်ားေနတာ ဘယ္သူလဲဆိုတာ အခုထိ မဆံုးျဖတ္ရေသးပါဘူးကြ.. ဆန္႔က်င္ဖက္အေနနဲ႔ ေနာက္က်ရင္ မင္းအခုလိုပဲ အသံထြက္ႏိုင္ဦးမလား ဆိုတာကိုလဲ ေစာင့္ၾကည့္ၾကေသးတာေပါ့ "

တိုက္ပြဲစခါနီးအခ်ိန္တြင္ အဖိုးအိုတစ္ဦးသည္ လူအုပ္အတြင္းမွ ႐ုတ္တရက္ ထြက္ေပၚလာ၏၊ ၎သည္ ၿပိဳင္ပြဲစင္ေပၚသို႔ တန္းတန္းမတ္မတ္တက္သြားကာ လူအေပါင္း၏ အာရံုအား ခိုးယူဖမ္းစားလိုက္ေပသည္၊ လူအေပါင္းသည္ ထိုအဖိုးအိုအား ေလးစားမႈႏွင့္ အံ့ျသမႈတို႔ ေရာယွက္ပါဝင္ေနေသာ အၾကည့္မ်ားစြာျဖင့္ ေငးၾကည့္ေနၾက၏၊ မ်ားေသာအားျဖင့္ ေန႔စဥ္ ၿပိဳင္ပြဲကြင္းအတြင္း၌ ယခုကဲ့သို႔ စိန္ေခၚယွဥ္ၿပိဳင္ပြဲမ်ား အလြန္မ်ားျပားေလရာ ပြဲတစ္ခုစီတိုင္းအတြက္ ေက်ာင္းေတာ္မွ ႀကီးၾကပ္သူမ်ား စီစဥ္ေပးထားေလ့႐ွိၿပီး ယခု ၿပိဳင္ပြဲအတြက္ တာဝန္က်သူမွာ အႀကီးအကဲ လ်ိဳ ျဖစ္ေလသည္ ။

မည္သို႔ပင္ဆိုေစကာမူ စိန္ေခၚယွဥ္ၿပိဳင္ပြဲမ်ားသည္ ေန႔စဥ္ေန႔တိုင္း မ်ားျပားလြန္းေသာေၾကာင့္ အႀကီးအကဲလ်ိဳသည္ အျမဲတမ္း လာေရာက္ မေစာင့္ၾကပ္ႏိုင္ပဲ အျခားတပည့္မ်ားကိုသာ ေစလႊတ္ေလ့႐ွိသည္၊ ထို႔ေၾကာင့္ လူအမ်ားသည္ အႀကီးအကဲကိုယ္တိုင္ လာေရာက္သည္အား ျမင္ျကေသာအခါ အံ့ျသသြားၾကျခင္း ျဖစ္သည္ ။



" လူတိုင္းလူတိုင္း ဒီၿပိဳင္ပြဲကြင္းရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြကို သိၿပီးၾကေလာက္ၿပီ ထင္ပါတယ္ ဒါေပမယ့္ လူသစ္ကေလးေတြက မသိေလာက္ေသးတာမို႔လို႔ ေနာက္တစ္ေခါက္ ထပ္ေျပာပါ့မယ္ေနာ္

ၿပိဳင္ပြဲစင္ေပၚမွာ ယွဥ္ၿပိဳင္တိုက္ခိုက္တယ္ဆိုတာ ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီမႈ တစ္ခုပါပဲ ၿပီးေတာ့ ဘယ္လိုနည္းလမ္းနဲ႔ တိုက္ခိုက္ရမလဲဆိုတာကိုေတာ့ မသတ္မွတ္ထားပါဘူး..

ဒါေပမယ့္ တစ္ခါမွတ္ထားရမွာက တစ္ဖက္လူကို ေသေစႏိုင္လိုက္တဲ့အထိေတာ့ လံုးဝ(လံုးဝ) တိုက္ခိုက္လို႔ မျဖစ္ပါဘူး

ကဲ.. နားလည္ျပီဆိုရင္ ကြၽႏ္ုပ္ ဒီေနရာကေနၿပီးေတာ့ လူအမ်ားကို တရားဝင္ ၿပိဳင္ပြဲ စတင္ျပီျဖစ္ေၾကာင္း ေၾကျငာလိုက္ပါျပီခင္ဗ်ား  "


လူအေပါင္းသည္ ပြဲႀကီးပြဲေကာင္းအား အလြန္႔အလြန္ကို ၾကည့္ခ်င္ေနၾကၿပီျဖစ္ေသာေၾကာင့္ အႀကီးအကဲသည္ လိုရင္းတို႐ွင္းကိုသာ ေျပာ၍ နိဂံုးခ်ဳပ္ေလသည္။


ထို႔ေနာက္ သူသည္ ၿပိဳင္ပြဲစင္ေပၚ၌ ခ်ိဳင္ကြၽင္းႏွင့္ ယူေ႐ွာင္မိုတို႔ ႏွစ္ဦးတည္းကိုသာ ခ်န္၍ ေအာက္သို႔ ဆင္းသြားေလ၏ ။


ခ်ိဳင္ကြၽင္းသည္ ၎အခါသမယကို ေစာင့္ဆိုင္းေနသူျဖစ္ရကား သူ၏ မ်က္ဝန္းမ်ားသည္ ယူေ႐ွာင္မိုအား အထင္ေသးေသာ ဒုကၡေပးလိုေသာ အၾကည့္မ်ားျဖင့္ ျပည့္ႏွက္ေနေလ၏၊ ထို႔ေနာက္ သူသည္ ေမွာင္မိုက္ေနေသာ အေငြ႔အသက္မ်ား လႊမ္းျခံဳကာျဖင့္...

" ယူေ႐ွာင္မို ငါမင္းကို ဖ်က္ဆီးနင္းေခ်ပစ္မယ့္ အခ်ိန္ထိ ေစာင့္ေနလိုက္ "

ခ်ိဳင္ကြၽင္းသည္ မည္သို႔ပင္ စဥ္းစားဆင္ျခင္ဥာဏ္ ကင္းမဲ့ေသာ္ျငား ခ်ိဳင္အိမ္ေတာ္၏ သခင္ေလးတစ္ဦးပင္ ျဖစ္သည္၊ ထို႕ေၾကာင့္ သူသည္ ငယ္စဥ္ကတည္းက ရက္စက္၍ သနားညႇာတာစိတ္ ကင္းမဲ့စြာ ေနထိုင္လာခဲ့၏၊ ထို႔ေနာက္ ယူေ႐ွာင္မို၏ အလားအလာအား ျမင္ေတြ႔လိုက္ရခ်ိန္တြင္ ၎ယူေ႐ွာင္မိုသည္ တစ္ခ်ိန္ခ်ိန္၌ ထန္းဇီ႐ွင္းအား ေက်ာ္တက္သြားႏိုင္သည္ကို သိလိုက္ရေသာေၾကာင့္ သူသည္ သူ၏ ရန္သူအား ဤထက္ပို၍ သြားခြင့္မျပဳႏိုင္ေတာ့ ။

သူ၏ ရက္စက္မႈမ်ားအတြက္ေတာ့ အျပစ္မတင္ေစလို..၊ သူ၏ မူလရည္ရြယ္ခ်က္ကိုက ယူေ႐ွာင္မိုႏွင့္ ရန္ၿငိဳးရန္စမထားပဲ ကင္းကင္း႐ွင္း႐ွင္းေနရန္ ျဖစ္ခဲ့သည္၊ သို႔ေသာ္ သူ၏ ရည္မွန္းခ်က္မ်ားႏွင့္ ဆန္႔က်င္စြာပင္ ယူေ႐ွာင္မိုသည္ စိန္ေခၚယွဥ္ၿပိဳင္ပြဲအား စတင္ခဲ့ေလ၏၊ ထို႔ေၾကာင့္ သူ႔အား အျပစ္မတင္သင့္ပါေပ ။

ခ်ိဳင္ကြၽင္းသည္ နည္းနည္းေလးမ်ွ မေစာင့္ႏိုင္ေတာ့ဟန္ျဖင့္ မိုးေကာင္းကင္သို႔ေမာ့ကာ က်ယ္ေလာင္စြာ ရယ္ေမာလိုက္ေလ၏၊

" ထြက္လာခဲ့ေတာ့ ငါ့ရဲ႕ ေမွာ္ဝင္သားရဲ 'ထံုးေပေမ်ာက္ဝံေလး' ေရ "

(Tongbei apeလို႔ ေရးထားပါတယ္ အိုင္က တ႐ုတ္စာေရာ ဘာေရာတစ္လံုးမွမတတ္တာေၾကာင့္ အသံဘယ္လိုထြက္လဲဆိုတာ လံုးဝမသိပါဘူး ဖတ္တတ္ရင္ကူညီၾကပါ T.T )




ထိုသို႔ ေရရြတ္ၿပီးေသာအခါ သူ၏ အက်ီအတြင္းမွ အေသးစား ေမွာ္ဝင္သားရဲေလးတစ္ေကာင္ ခုန္ထြက္လာၿပီး သူ႔ေဘး၌ ရပ္ေလ၏၊ ထို႔ေနာက္ လူအေပါင္းမွ သဲသဲကြဲကြဲ မျကည့္ရွုရေသးခင္မွာပင္ မ်က္စိတစ္မွိတ္အတြင္း အဆမတန္ ႀကီးထြားလာေလ၏၊ နဂို လက္မအနည္းငယ္သာျမင့္ေသာ အရြယ္အစားမွ ႐ုတ္တရက္ ျပားခ်ပ္ေသာေျမျပင္မွ ေတာင္ႀကီးတစ္ေတာင္ ခ်က္ခ်င္း ေပၚထြက္လာသကဲ့သို႔ တျဖည္းျဖည္း ဆယ္မီတာ(၃၂ေပ)ခန္႔  အျမင့္႐ွိေသာ ထံုးေပေမ်ာက္ဝံအျဖစ္သို႔ ေျပာင္းလဲသြားေလေတာ့၏ ။



ထို ထံုးေပေမ်ာက္ဝံသည္ အျခား ေမ်ာက္ဝံမ်ားထက္ ပို၍ ႀကီးမားမႈႏွင့္ သန္မာမွုသာ ပိုၿပီး လကၡဏာ သြင္ျပင္မ်ားမွာ အျခား သာမာန္ ေမ်ာက္ဝံမ်ားႏွင့္ အတူတူသာ ျဖစ္သည္၊ ၎၏ ခႏၶာကိုယ္အား ထူးျခားေသာ အေမႊးအမ်ွင္မ်ားျဖင့္ ဖံုးလႊမ္းထားၿပီး ၎၏ အ႐ွိန္အဝါအား ၾကည့္၍ ခန္႔မွန္းရမည္ဆိုလ်ွင္ ၎သည္ အျပည့္အဝ အရြယ္ေရာက္ေသးပံု မေပၚေပ၊ ပိုင္လီေ႐ွာင္ယြီ ေျပာခဲ့သလိုပင္ ၎၏ အဆင့္သည္ အဆင့္၇ ၾကယ္သံုးလံုး ဝန္းက်င္ခန္႔ ႐ွိမည္ဟု ခန္းမွန္းမိေလသည္။


လူအေပါင္းသည္ ခ်ိဳင္ကြၽင္းထံ၌ ဝွက္ဖဲတစ္ခုထက္ ပို၍ ႐ွိလိမ့္မည္ဟု သိထားၾကေသာ္လည္း ထံုးေပေမ်ာက္ဝံ ထြက္ေပၚလာမႈအား ျမင္လိုက္ၾကရေသာအခါ ေၾကာက္ရြံ႕ထိတ္လန္႔ကုန္ၾကေလ၏၊ ထိုထံုးေပေမ်ာက္ဝံသည္ အဆင့္၇သာ ႐ွိေသးေသာ္ျငား ၎သည္ အဆင့္ျမင့္ ေမွာ္ဝင္သားရဲတစ္ေကာင္ ျဖစ္ၿပီး  အနာဂါတ္တြင္ ပို၍ျမင့္မားေသာ အဆင့္တစ္ခုသို႔  တက္လွမ္းႏိုင္လိမ့္မည္ ျဖစ္သည္၊ ခ်ိဳင္ကြၽင္း၏ အဆင့္အတန္းအရဆိုလ်ွင္ ၎ထံ၌ ဤကဲ့သို႔ အဆင့္ျမင့္ ေမွာ္ဝင္သားရဲတစ္ေကာင္ ပိုင္ဆိုင္ထားျခင္းသည္ ေလ်ွာ္ကန္ေသာ ကိစၥရပ္တစ္ခုသာ ျဖစ္ေပေတာ့၏ ။



" ယူေ႐ွာင္မို ဒီတစ္ႀကိမ္ေတာ့ မင္းကို ဘယ္သူကယ္ႏိုင္ဦးမလဲ ၾကည့္ၾကေသးတာေပါ့ကြာ "

ထိုအခါ ယူေ႐ွာင္မိုသည္ သူ၏ လက္ႏွစ္ဖက္အား ေျဖေလ်ွာ့လိုက္ၿပီး



" ငါကဘာလို႔ တစ္ေယာက္ေယာက္ လာကယ္တာကို ေစာင့္ဖို႔လိုမွာလဲ..
အဲ့လူက မင္းမဟုတ္ဘူးဆိုတာေရာ ေသခ်ာရဲ႕လား "


ခ်ိဳင္ကြၽင္းသည္ ယူေ႐ွာင္မိုတစ္ေယာက္ ဆတ္ဆတ္ထိမခံ ျပန္ေျပာေနျခင္းသာ ျဖစ္မည္ဟု ေတြး၍ သူ၏ ပါးစပ္အား ဟရန္ျပင္လိုက္ခ်ိန္တြင္ ယူေ႐ွာင္မို႔ႏႈတ္မွ စကားတစ္ခြန္း ထြက္က်လာသည္အား ၾကားလိုက္ရေလ၏။

" ေ႐ွာင္ေဟးေရ.. ေဟာဒီက တတိယသခင္ေလးကို ငါတို႔ေတြက ျမက္စားသတၱဝါေတြမဟုတ္ေၾကာင္း သိသြားေအာင္ လုပ္ေပးလိုက္ၾကရေအာင္ကြာ "















# 22.8.2020

အရင္အပါတ္ကတည္းက အခုထိ ေနမေကာင္းေသးပါ T.T

ဒါေပမယ့္ သတိတရနဲ႔ updateလာေတာင္းေပးၾကတဲ့ အခ်စ္ကေလးေတြ႐ွိတာေၾကာင့္ အားတင္းၿပီးေရးလိုက္တာ တစ္ပါတ္ျပည့္ဖို႔ တစ္ရက္တိတိအလိုမွ တစ္ပိုင္းပီးပါတယ္ >.< ေတာ္တယ္မလား

စာလံုးေပါင္း အမွားေလးေတြေတြ႔ရင္ ေထာက္ျပေပးၾကပါေနာ္ ေက်းဇူးတင္ပါတယ္ <3





_______________








Unicode ver..






ပြိုင်ပွဲစင်ပေါ်က နှစ်ကိုယ်တူ တိုက်ပွဲ 🤜👊🤛









မကြာမီပင် ယူရှောင်မိုနှင့် ချိုင်ကျွင်းတို့ စိန်ခေါ်ပွဲသတင်းသည် ကျောင်းသားများအကြား ပျံနှံ့သွားလေတော့၏ ။

ယခုလက်ရှိအချိန်၌ ယူရှောင်မိုမှာ ၎င်း၏ ကျော်ကြားမှု အမြင့်ဆုံးအမှတ်သို့ ရောက်ရှိနေချိန်ဖြစ်ပြီး ချိုင်ကျွင်းသည်လည်း ၎င်းတို့အိမ်တော်၏ တတိယသခင်လေးတစ်ဦး ဖြစ်သောကြောင့် ရန်ပွဲသတင်းသည် လူသစ်ကျောင်းသားများအကြား လျင်လျင်မြန်မြန်ပင် ပျံ့နှံ့သွားသည်၊ သို့သော် ယခုကဲ့သို့ ပြိုင်ပွဲစင်ပေါ်၌ စိန်ခေါ်ရလောက်သည်အထိ ဗြုန်းစားကြီး  ဖြစ်သွားကြလိမ့်မည်ဟုတော့ မည်သူမျှ မတွေးမိခဲ့ကြပေ၊ ဤကိစ္စသည် အသေးအမွှား မဟုတ်သောကြောင့် လူအများလည်း ပွဲကြည့်ရန် ပြေးထွက်လာကြ၏၊ ထို့အပြင် ၎င်းဇာတ်လမ်းသည် တန်းခွဲနှစ်တွင်သာမက တန်းခွဲတစ်နှင့် ဆရာများထံသို့ပါ ပေါက်ကြားသွားလေသည်။


ယခုကဲ့သို့ စိန်ခေါ်ပွဲမျိုးသည် ကျောင်းတော်၌ အလွန်ပေါများပေသည်၊ အထူးသဖြင့် အဆင့်နိမ့်နှင့် အလယ်အလတ်မှော်ဆရာများ အကြားတွင် အဖြစ်များ၏၊ ပုံမှန်အားဖြင့်ဆိုလျှင် ဤပွဲမျိုးသည် ကြည့်ရှုရန် မထိုက်တန်ပေ၊ သို့သော် ကျောင်းတော်ရှိ လူသားတိုင်း၏ အာရုံဝင်စားရာဖြစ်သော ယူရှောင်မိုမှာ ၎င်းစိန်ခေါ်သူများထဲမှ တစ်ယောက်ဟု သိလိုက်ရသောအခါ မည်သို့မျှမတတ်နိုင်ပဲ ထိုပြိုင်ပွဲကွင်းရှိရာသို့ အပြေးအလွှား ရောက်လာကြရတော့သည်သာဖြစ်သည် ။


တစ်နာရီခွဲသော်မျှ မကြာလိုက်မီတွင် ပြိုင်ပွဲကွင်း၏ အတွင်းရော အပြင်ဘက်ပါ လူပေါင်းများစွာဖြင့် ပြည့်နှက်သွားပြီး ကြောက်ခမန်းလိလိ မြင်ကွင်းတစ်ခုအား ဖော်ကျူးလျက် ရှိပေတော့၏ ။



ယူရှောင်မိုသည် သူနှင့်ချိုင်ကျွင်းတို့၏ ပြိုင်ပွဲမှာ ထိုမျှလောက်အထိ စည်ကားသွားလိမ့်မည်ဟု မထင်ထားခဲ့မိသောကြောင့် ထိုလူအုပ်ကြီးအား မြင်လိုက်ရသောအခါ ဆွံ့အသွားလေသည် ။

ယူရှောင်မို ပြိုင်ပွဲစင်ပေါ်သို့ မတက်ရောက်မီတွင် တစ်စုံတစ်ခုအား အဖြေရှာနေပုံရသော ပိုင်လီရှောင်ယွီသည် ရုတ်တရက် ယူရှောင်မိုလက်အား ဖမ်းဆွဲလိုက်သည်၊ ထိုအပြုအမူကြောင့် ယူရှောင်မို လှေကားပေါ်မှ ပြုတ်ကျတော့မလို ဖြစ်သွားခဲ့ရကား အံ့သြစွာဖြင့် နောက်သို့ ပြန်လှည့်ကြည့်လာလေ၏ ။

" ဘာလဲကွ!! "

ပိုင်လီရှောင်ယွီမှာမူ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် ယူရှောင်မိုမှ စိတ်မရှည်မှုကြောင့် သူ၏ခေါင်းအား ခုတ်ထစ်မပစ်မိခင်အထိ သူ၏စကားအား ဆုံးအောင် ဆက်မပြောနိုင်ပါချေ၊ ထို့နောက်မှ ပင့်သက်ပြင်းပြင်း ရှူရှိုက်လိုက်ကာ ဗလုံးပထွေး ပြောချလိုက်လေ၏ ။

" ချိုင်ကျွင်းဘာလို့ မင်းစိန်ခေါ်တာကို လက်ခံရဲတာလဲ ငါသိပြီထင်တယ် "

" ဘာလို့လဲ "

လျှို့ဝှက်ချက် တစ်ခုခုများ ရှိနေမလား?

" ချိုင်ကျွင်းမှာ အဆင့်၇ မှော်ဝင်သားရဲတစ်ကောင်ရှိတယ် ပီးတော့ ချိုင်အိမ်တော်မှာ ဝိဉာဉ်စွမ်းရည် လေ့ကျင့်ရေးကျမ်းတစ်အုပ်လည်း ရှိတယ်.. အဲ့ဒါတွေကြောင့် သူ စိန်ခေါ်ပွဲကို ပြောင်ပြောင်တင်းတင်း  လက်ခံရဲတာပဲ "

ပိုင်လီရှောင်ယွီမှ မဆိုင်းမတွ ဆိုလေ၏၊ ချိုင်ကျွင်းမှ သူ၏ ဆက်နွယ်မှော်ဝင်သားရဲအား မကြာခဏ အပြင်ထုတ်လေ့ မရှိသည်ကတစ်ကြောင်း၊ ၎င်း၏ခေါင်းမှာ မီးများ တောက်လောက်နေသကဲ့သို့ ပူလောင်နေသည်က တစ်ကြောင်းကြောင့် ပိုင်လီတစ်ယောက် ထိုကိစ္စအား ချက်ခြင်း မမှတ်မိရဖြင်း ဖြစ်လေ၏ ။


အဆင့်မြင့်မှော်ဆရာ အများစုသည် ၎င်းတို့၏ ဝိဉာဏ်စွမ်းအားကို တိုက်ခိုက်ရာ၌ အသုံးပြုတတ်ကြသည်၊ အကြောင်းမှာ မှော်ဆရာတစ်ဦးသည် အဆင့်၇သို့ ရောက်ရှိပါက ၎င်း၏ဝိဉာဉ်မှာ သဘာဝအလျှောက် အသွင်ပြောင်းလဲကာ တိုက်ခိုက်ရေးပိုင်း၌ ပို၍ တိုးတက်လာတတ်သော သဘောရှိ၏၊ ထို့ကြောင့် အဆင့်မြင့် မှော်ဆရာများသည် ဝိဉာဉ်စွမ်းအားအသုံးပြု၍ တိုက်ခိုက်ရသော နည်းလမ်းများအကြောင်း ရေးသားထားသည့် ကျမ်းစာအုပ်မျိုး အထူးတလည် မလိုအပ်သော်လည်း ထိုကျမ်းစာအုပ်သည် မှော်ဆရာများအတွက် အနည်းနှင့်အများတော့ အဖိုးထိုက်တန်နေသေးသည် ။

သို့သော် အဆင့်၇အောက် မှော်ဆရာများအတွက်မူ ၎င်းတို့၏ ဝိဉာဉ်များသည် ယခုချိန်ထိ အသွင်မပြောင်းကြသေးသောကြောင့် တိုက်ခိုက်နိုင်စွမ်း မရှိသေးပဲ ဝိဉာဉ်စွမ်းရည် လေ့ကျင့်ရေးကျမ်းများကိုသာ မှီခိုရပေသည်၊  သို့မှသာ ၎င်းတို့သည် ထိုကျမ်းများ၏ အကူအညီဖြင့် ဝိဉာဉ်စွမ်းအားများ အသုံးပြု၍ တိုက်ခိုက်နိုင်ကြမည် ဖြစ်သည် ။

ချိုင်အိမ်တော်၏ အခြေခံအုတ်မြစ်သည် အခြားအိမ်တော်သုံးခုနှင့် တောက်ရှင်းအကယ်ဒမီလောက် မကောင်းသော်ငြား ဝိဉာဉ်လေ့ကျင့်ရေးကျမ်း တစ်အုပ်တော့ တတ်နိုင်ပါသေး၏၊ ထို့အပြင် ချိုင်ကျွင်းသည်လည်း လက်အောက်ခံ အိမ်တော်မှမဟုတ်ပဲ ပင်မအိမ်တော်မှ သခင်လေးတစ်ဦး ဖြစ်သောကြောင့် ထိုကျမ်းစာအုပ်အား လေ့လာဆည်းပူးရန် အခွင့်အရေး ရရှိလေသည် ။

ချိုင်အိမ်တော်၏ အရှိန်အဝါအရ ချိုင်ကျွင်းကဲ့သို့ သခင်လေးတစ်ဦးထံတွင် ဆက်နွယ်ထားသော မှော်ဝင်သားရဲတစ်ကောင် ရှိနေသည်မှာ အဆန်းမဟုတ်ပေ၊ ထို့ကြောင့် ပိုင်လီပြောခဲ့သလိုပင် ၎င်းမှ ယူရှောင်မို၏ စိန်ခေါ်မှုအား ပြောင်ပြောင်တင်းတင်း လက်ခံရဲသည်မှာ ၎င်းထံ၌ နောက်ခံအင်အားအချို့ ရှိနေသောကြောင့်ပင် ဖြစ်လေ၏ ။

ချိုင်ကျွင်းထံ၌ ဆက်နွယ်မှော်ဝင်သားရဲတစ်ကောင် ရှိနေလိမ့်မည်ဟု ယူရှောင်မိုသည် အစကတည်းက ခန့်မှန်းထားမိပြီးဖြစ်သည်၊ သို့သော် ယူရှောင်မိုသည် ဝိဉာဉ်လေ့ကျင့်ရေးကျမ်းဆိုသည်မှာ မည်သို့မည်ပုံရှိသည်အား မသိသောကြောင့် ဖြစ်နိုင်လျှင် ယခုအခြေအနေအား အခွင့်ကောင်းယူကာ ထိုကျမ်းအကြောင်း အနည်းငယ် လေ့လာလိုပေ၏ ။

ထိုအကြောင်းတွေးမိသောအခါ ယူရှောင်မိုသည် ယခုပြိုင်ပွဲအပေါ် ပို၍ ဈာန်ဝင်စားလာလေသည်၊ လုယွီအတွက် လက်စားချေရန်မှာလည်း ချိုင်ကျွင်းထံမှ မဖြစ်မနေ ရယူရမည့် အကြွေးတစ်ခု ဖြစ်လေ၏၊ ဤကဲ့သို့ အခွင့်ကောင်းမျိုးမှာ လေ့လွင့်မခံသင့်ပဲ ပို၍ပင် ကောင်းကောင်း လုပ်ဆောင်သင့်ပေ၏၊ ယူရှောင်မိုသည် သူ၏ ရွေးချယ်မှုအတွက် လုံးဝ နောက်တရလိမ့်မည် မဟုတ်ပါချေ ။

" ယူရှောင်မို ဒီတစ်ကြိမ်တော့ မင်းဘာသာမင်း ငါ့တံခါးဝကို ရောက်လာတာနော်.. အဲ့တော့လည်း ငါ့ဘက်က ဝမ်းမြောက်ဝမ်းသာနဲ့ မင်းကို ကောင်းကောင်းဂရုစိုက်ပေးရတော့ မှာပေါ့ "

ချိုင်ကျွင်းသည် ယူရှောင်မို့ထံသို့ လျှောက်လာကာ နားနားကပ်၍ အေးစက်စွာ ပြောလာလေ၏။

ယူရှောင်မိုက စူပါပါရမီရှင်ဆိုတော့လည်း ဘာအရေးလဲကွ! ဆက်နွယ် မှော်ဝင်သားရဲနဲ့ ဝိဉာဉ်လေ့ကျင့်ရေးကျမ်း မရှိရင် ယူရှောင်မိုဆိုတာ ငါ့ခြေဖဝါးအောက်က ထူးမခြားနား မြေမှုန့်လေး တစ်ခုသာသာပဲ..

ထိုအခါ ပိုင်လီရှောင်ယွီသည် ချိုင်ကျွင်းအား သဲကြီးမဲကြီး စိုက်ကြည့်ကာ..

" ချိုင်ကျွင်း မင်း ယူရှောင်မိုကို ထိခိုက်အောင် လုပ်ရဲလုပ်ကြည့်, ငါမင်းကို ဒီအတိုင်း လွှတ်ပေးလိမ့်မှာ မဟုတ်ဘူး "



ထိုအခါ ချိုင်ကျွင်းမှ အထင်သေးဟန်ဖြင့်..

" ပိုင်လီရှောင်ယွီရာ.. ဒီနေရာမှာ အဲ့လိုကြီးတော့ အထင်မလွဲနဲ့လေကွာ.. ငါ့တံခါးဝကို အရင်ရောက်လာခဲ့တာ သူပဲမလား.. ပီးတော့ ပြိုင်ပွဲစင်ပေါ်မှာဆိုရင် ဘယ်ဓားမှ မျက်စိမပါဘူးကွ.. အဲ့ဒါကြောင့် သူ တစ်ခုခုထိခိုက်သွားခဲ့တယ်ဆိုရင် အပြစ်တင်ချင်ရင်တောင် သူ့ရဲ့ စွမ်းရည်ကိုပဲ အပြစ်တင်ရလိမ့်မှာပေါ့.. "

ထိုစကားအား ပြောပြီးနောက် ချိုင်ကျွင်းသည် ပြိုင်ပွဲစင်ပေါ်သို့ ပြန်တက်သွားခဲ့လေသည် ။

ပိုင်လီရှောင်ယွီသည် ချိုင်ကျွင်းအား ကြည့်လိုက်ပြီးနောက် ပင့်သက်ပြင်းပြင်း ရှိုက်နေလေ၏၊ ထို့ကြောင့် ယူရှောင်မိုသည် စိတ်သက်သာရာ ရစေရန်အလို့ငှါ ၎င်း၏ ပခုံးအား ပုတ်ကာ နှစ့်သိမ့်လေ၏။

" ရှောင်ယွီ စိတ်ချပါ ငါအဆင်ပြေပါတယ် "

" ဒါပေမယ့် သူ.."

ပိုင်လီသည် မည်သို့မျှ စိတ်မအေးနိုင်ပါချေ။

" ငါက အဆင်ပြေတယ်လို့ပြောရင် အဲ့ဒါ တကယ် အဆင်ပြေလို့ပဲ.. ငါ့အတွက် စိတ်ပူနေစရာ မလိုပါဘူး ငါအရင်က ပြောခဲ့သလိုပဲ ချိုင်ကျွင်းကို ဝက်ခေါင်းရိုက်သလို ရိုက်ချခဲ့မယ် မင်းက ဒီအတိုင်း စောင့်ကြည့်နေပေး ဟုတ်ပီလား "

ယူရှောင်မိုသည် ထိတ်လန့်မှုအရိပ်အယောင် တစ်စက်မှမပြပဲ ရဲရင့်စွ ဆိုလေ၏။

ပိုင်လီရှောင်ယွီသည် နားမလည်နိုင်စွာ ကြည့်နေရင်း..

" ဘာလို့ အဲ့လောက်တောင် သေချာနေရတာလဲ? "

ထိုအခါ ယူရှောင်မိုသည် သူ၏ နားနားသို့ ကပ်ကာ..

" ဘာလို့ဆို ငါ့မှာလဲ ဆက်နွယ် မှော်ဝင်သားရဲတစ်ကောင် ရှိတယ်လေ "



" အမ်? "

ပိုင်လီသည် မျက်လုံးများ ပြူးကျယ်သွားကာ ယူရှောင်မိုအား သူ့နားသို့ ပြန်ဆွဲလိုက်ရင်း..

" တကယ်ပြောနေတာလား ငါ့ကို ညာနေတာတော့ မဟုတ်ပါဘူးနော် "

" ငါက ဘာလို့ လိမ်ရမှာလဲကွ အဲ့လိုလုပ်လို့ရော ဘာရမှာလဲ.. ပီးတော့ ငါ့မှာ ရှိတဲ့ ဆက်နွယ်သားရဲက တစ်ကောင်တည်း မဟုတ်ဘူး "

ကောင်းပြီလေ .. ငါ့ရဲ့ချိုအသင်းကို အနာဂါတ်မှာ လူတွေရှေ့ ချပြရမယ့်အတူတူ ပိုင်လီ့ကို အခုတည်းက ပြောပြထားတာ ပြသနာကြီးကြီးမားမားတော့ မရှိလောက်ပါဘူး။

" ကောင်းတယ် ကောင်းတယ်! အဲ့ဒါဆို ငါ့ကို ကူညီတဲ့အနေနဲ့ အဲ့အကောင်ကို ငရဲရောက်သွားအောင် ရိုက်ချခဲ့ပေး ရှောင်မို.. "

ပိုင်လီသည် စိတ်လှုပ်ရှားစွာ ပြောလာလေ၏။

" သေချာပေါက်ပေါ့ကွ "

ယူရှောင်မိုလည်း ခိုင်မာစွာ ကတိပေးလိုက်လေ၏။




...............













" နောက်ဆုံးတော့ ပွဲကောင်းကောင်း ကြည့်ရတော့မယ်ကွ.. ချိုင်အိမ်တော်ရဲ့ တတိယသခင်လေး ချိုင်ကျွင်းနဲ့ စူပါတက်သစ်စ ပါရမီရှင် ယူရှောင်မို! အဆုံးမှာ ဘယ်သူများ နိုင်သွားမလဲ ငါတော့ မစောင့်နိုင်တော့ဘူးကွာ .."


" ချိုင်အိမ်တော်ရဲ့ တတိယသခင်လေးက အဆင့်၄ အလယ်အလတ်အဆင့်.. ယူရှောင်မိုက အဆင့်၄ အမြင့်ဆုံးအဆင့်.. ဘယ်သူနိုင်မယ် ဘယ်သူရှုံးမယ် သိသာနေတာပဲမဟုတ်လား? "


" မင်း နားမလည်ပါဘူးကွာ.. တတိယသခင်လေးချိုင်မှာ ဝှက်ဖဲတစ်ခုခုရှိမနေဘူးဆိုရင် ယူရှောင်မို စိန်ခေါ်တာကို ဘယ်လိုလုပ် အလွယ်လေး လက်ခံရဲမှာလဲကွ "








ထိုတီးတိုးသံများ အားလုံးအား လျစ်လျူရှုကာ ယူရှောင်မိုသည် ပြိုင်ပွဲစင်ပေါ်ရှိ ချိုင်ကျွင်းရှေ့သို့ တက်လာလေ၏၊ ယခုတိုက်ပွဲသည် ယူရှောင်မို၏ လူအများရှေ့မှ ပထမဆုံးတိုက်ပွဲ ဖြစ်သည်၊ သူ၏ ပိန်သေးသေးခန္ဓာကိုယ်သည် သူ၏ အားနည်းချက်ဟု ထင်ရသော်ငြား လူအများအား သူ့အပေါ် အထင်သေးခြင်းငှါ မစွမ်းနိုင်ပါချေ ။

" ယူရှောင်မို ငါကမင်းမှာ ဒီကိုတက်လာဖို့ သတ္တိရော ရှိသေးရဲ့လားလို့ တွေးနေတာကွ "

ယူရှောင်မို တက်လာသည်အား မြင်သောအခါ သူ့အား စောင့်နေသော ချိုင်ကျွင်းမှ စတင် ပြက်ရယ်ပြုလေ၏ ။






ထိုအခါ ယူရှောင်မိုသည် သူ့နှာခေါင်းသူ ပြန်ပွတ်လိုက်ရင်း..

" မင်းက အများကြီး လျှောက်တွေးနေတာပဲကွ "






ထိုစကားတစ်ခွန်းသည် ချိုင်ကျွင်း၏ ဂနာမငြိမ်အတွေးများအား ပေါ်လွင်သွားစေပြီး လူအများအတွက် လှောင်ရယ်စရာ ဖြစ်သွားလေတော့၏၊ ယူရှောင်မို၏ စကားများသည် အမှန်ပင် အရှိက်ထိစေလေသည် ။

ထိုအခါ ချိုင်ကျွင်းသည် သူ၏ အကျီလက် နှစ်ဖက်အား အနောက်သို့ ဟန်ပါပါ ခါချလိုက်ရင်း ..

" အတွေးများနေတာ ဘယ်သူလဲဆိုတာ အခုထိ မဆုံးဖြတ်ရသေးပါဘူးကွ.. ဆန့်ကျင်ဖက်အနေနဲ့ နောက်ကျရင် မင်းအခုလိုပဲ အသံထွက်နိုင်ဦးမလား ဆိုတာကိုလဲ စောင့်ကြည့်ကြသေးတာပေါ့ "

တိုက်ပွဲစခါနီးအချိန်တွင် အဖိုးအိုတစ်ဦးသည် လူအုပ်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာ၏၊ ၎င်းသည် ပြိုင်ပွဲစင်ပေါ်သို့ တန်းတန်းမတ်မတ်တက်သွားကာ လူအပေါင်း၏ အာရုံအား ခိုးယူဖမ်းစားလိုက်ပေသည်၊ လူအပေါင်းသည် ထိုအဖိုးအိုအား လေးစားမှုနှင့် အံ့သြမှုတို့ ရောယှက်ပါဝင်နေသော အကြည့်များစွာဖြင့် ငေးကြည့်နေကြ၏၊ များသောအားဖြင့် နေ့စဉ် ပြိုင်ပွဲကွင်းအတွင်း၌ ယခုကဲ့သို့ စိန်ခေါ်ယှဉ်ပြိုင်ပွဲများ အလွန်များပြားလေရာ ပွဲတစ်ခုစီတိုင်းအတွက် ကျောင်းတော်မှ ကြီးကြပ်သူများ စီစဉ်ပေးထားလေ့ရှိပြီး ယခု ပြိုင်ပွဲအတွက် တာဝန်ကျသူမှာ အကြီးအကဲ လျို ဖြစ်လေသည် ။

မည်သို့ပင်ဆိုစေကာမူ စိန်ခေါ်ယှဉ်ပြိုင်ပွဲများသည် နေ့စဉ်နေ့တိုင်း များပြားလွန်းသောကြောင့် အကြီးအကဲလျိုသည် အမြဲတမ်း လာရောက် မစောင့်ကြပ်နိုင်ပဲ အခြားတပည့်များကိုသာ စေလွှတ်လေ့ရှိသည်၊ ထို့ကြောင့် လူအများသည် အကြီးအကဲကိုယ်တိုင် လာရောက်သည်အား မြင်ကြသောအခါ အံ့သြသွားကြခြင်း ဖြစ်သည် ။



" လူတိုင်းလူတိုင်း ဒီပြိုင်ပွဲကွင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို သိပြီးကြလောက်ပြီ ထင်ပါတယ် ဒါပေမယ့် လူသစ်ကလေးတွေက မသိလောက်သေးတာမို့လို့ နောက်တစ်ခေါက် ထပ်ပြောပါ့မယ်နော်

ပြိုင်ပွဲစင်ပေါ်မှာ ယှဉ်ပြိုင်တိုက်ခိုက်တယ်ဆိုတာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု တစ်ခုပါပဲ ပြီးတော့ ဘယ်လိုနည်းလမ်းနဲ့ တိုက်ခိုက်ရမလဲဆိုတာကိုတော့ မသတ်မှတ်ထားပါဘူး..

ဒါပေမယ့် တစ်ခါမှတ်ထားရမှာက တစ်ဖက်လူကို သေစေနိုင်လိုက်တဲ့အထိတော့ လုံးဝ(လုံးဝ) တိုက်ခိုက်လို့ မဖြစ်ပါဘူး

ကဲ.. နားလည်ပြီဆိုရင် ကျွန်ုပ် ဒီနေရာကနေပြီးတော့ လူအများကို တရားဝင် ပြိုင်ပွဲ စတင်ပြီဖြစ်ကြောင်း ကြေငြာလိုက်ပါပြီခင်ဗျား  "


လူအပေါင်းသည် ပွဲကြီးပွဲကောင်းအား အလွန့်အလွန်ကို ကြည့်ချင်နေကြပြီဖြစ်သောကြောင့် အကြီးအကဲသည် လိုရင်းတိုရှင်းကိုသာ ပြော၍ နိဂုံးချုပ်လေသည်။


ထို့နောက် သူသည် ပြိုင်ပွဲစင်ပေါ်၌ ချိုင်ကျွင်းနှင့် ယူရှောင်မိုတို့ နှစ်ဦးတည်းကိုသာ ချန်၍ အောက်သို့ ဆင်းသွားလေ၏ ။


ချိုင်ကျွင်းသည် ၎င်းအခါသမယကို စောင့်ဆိုင်းနေသူဖြစ်ရကား သူ၏ မျက်ဝန်းများသည် ယူရှောင်မိုအား အထင်သေးသော ဒုက္ခပေးလိုသော အကြည့်များဖြင့် ပြည့်နှက်နေလေ၏၊ ထို့နောက် သူသည် မှောင်မိုက်နေသော အငွေ့အသက်များ လွှမ်းခြုံကာဖြင့်...

" ယူရှောင်မို ငါမင်းကို ဖျက်ဆီးနင်းချေပစ်မယ့် အချိန်ထိ စောင့်နေလိုက် "

ချိုင်ကျွင်းသည် မည်သို့ပင် စဉ်းစားဆင်ခြင်ဉာဏ် ကင်းမဲ့သော်ငြား ချိုင်အိမ်တော်၏ သခင်လေးတစ်ဦးပင် ဖြစ်သည်၊ ထို့ကြောင့် သူသည် ငယ်စဉ်ကတည်းက ရက်စက်၍ သနားညှာတာစိတ် ကင်းမဲ့စွာ နေထိုင်လာခဲ့၏၊ ထို့နောက် ယူရှောင်မို၏ အလားအလာအား မြင်တွေ့လိုက်ရချိန်တွင် ၎င်းယူရှောင်မိုသည် တစ်ချိန်ချိန်၌ ထန်းဇီရှင်းအား ကျော်တက်သွားနိုင်သည်ကို သိလိုက်ရသောကြောင့် သူသည် သူ၏ ရန်သူအား ဤထက်ပို၍ သွားခွင့်မပြုနိုင်တော့ ။

သူ၏ ရက်စက်မှုများအတွက်တော့ အပြစ်မတင်စေလို..၊ သူ၏ မူလရည်ရွယ်ချက်ကိုက ယူရှောင်မိုနှင့် ရန်ငြိုးရန်စမထားပဲ ကင်းကင်းရှင်းရှင်းနေရန် ဖြစ်ခဲ့သည်၊ သို့သော် သူ၏ ရည်မှန်းချက်များနှင့် ဆန့်ကျင်စွာပင် ယူရှောင်မိုသည် စိန်ခေါ်ယှဉ်ပြိုင်ပွဲအား စတင်ခဲ့လေ၏၊ ထို့ကြောင့် သူ့အား အပြစ်မတင်သင့်ပါပေ ။

ချိုင်ကျွင်းသည် နည်းနည်းလေးမျှ မစောင့်နိုင်တော့ဟန်ဖြင့် မိုးကောင်းကင်သို့မော့ကာ ကျယ်လောင်စွာ ရယ်မောလိုက်လေ၏၊

" ထွက်လာခဲ့တော့ ငါ့ရဲ့ မှော်ဝင်သားရဲ 'ထုံးပေမျောက်ဝံလေး' ရေ "

(Tongbei apeလို့ ရေးထားပါတယ် အိုင်က တရုတ်စာရော ဘာရောတစ်လုံးမှမတတ်တာကြောင့် အသံဘယ်လိုထွက်လဲဆိုတာ လုံးဝမသိပါဘူး ဖတ်တတ်ရင်ကူညီကြပါ T.T )




ထိုသို့ ရေရွတ်ပြီးသောအခါ သူ၏ အကျီအတွင်းမှ အသေးစား မှော်ဝင်သားရဲလေးတစ်ကောင် ခုန်ထွက်လာပြီး သူ့ဘေး၌ ရပ်လေ၏၊ ထို့နောက် လူအပေါင်းမှ သဲသဲကွဲကွဲ မကြည့်ရှုရသေးခင်မှာပင် မျက်စိတစ်မှိတ်အတွင်း အဆမတန် ကြီးထွားလာလေ၏၊ နဂို လက်မအနည်းငယ်သာမြင့်သော အရွယ်အစားမှ ရုတ်တရက် ပြားချပ်သောမြေပြင်မှ တောင်ကြီးတစ်တောင် ချက်ချင်း ပေါ်ထွက်လာသကဲ့သို့ တဖြည်းဖြည်း ဆယ်မီတာ(၃၂ပေ)ခန့်  အမြင့်ရှိသော ထုံးပေမျောက်ဝံအဖြစ်သို့ ပြောင်းလဲသွားလေတော့၏ ။



ထို ထုံးပေမျောက်ဝံသည် အခြား မျောက်ဝံများထက် ပို၍ ကြီးမားမှုနှင့် သန်မာမှုသာ ပိုပြီး လက္ခဏာ သွင်ပြင်များမှာ အခြား သာမာန် မျောက်ဝံများနှင့် အတူတူသာ ဖြစ်သည်၊ ၎င်း၏ ခန္ဓာကိုယ်အား ထူးခြားသော အမွှေးအမျှင်များဖြင့် ဖုံးလွှမ်းထားပြီး ၎င်း၏ အရှိန်အဝါအား ကြည့်၍ ခန့်မှန်းရမည်ဆိုလျှင် ၎င်းသည် အပြည့်အဝ အရွယ်ရောက်သေးပုံ မပေါ်ပေ၊ ပိုင်လီရှောင်ယွီ ပြောခဲ့သလိုပင် ၎င်း၏ အဆင့်သည် အဆင့်၇ ကြယ်သုံးလုံး ဝန်းကျင်ခန့် ရှိမည်ဟု ခန်းမှန်းမိလေသည်။


လူအပေါင်းသည် ချိုင်ကျွင်းထံ၌ ဝှက်ဖဲတစ်ခုထက် ပို၍ ရှိလိမ့်မည်ဟု သိထားကြသော်လည်း ထုံးပေမျောက်ဝံ ထွက်ပေါ်လာမှုအား မြင်လိုက်ကြရသောအခါ ကြောက်ရွံ့ထိတ်လန့်ကုန်ကြလေ၏၊ ထိုထုံးပေမျောက်ဝံသည် အဆင့်၇သာ ရှိသေးသော်ငြား ၎င်းသည် အဆင့်မြင့် မှော်ဝင်သားရဲတစ်ကောင် ဖြစ်ပြီး  အနာဂါတ်တွင် ပို၍မြင့်မားသော အဆင့်တစ်ခုသို့  တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်၊ ချိုင်ကျွင်း၏ အဆင့်အတန်းအရဆိုလျှင် ၎င်းထံ၌ ဤကဲ့သို့ အဆင့်မြင့် မှော်ဝင်သားရဲတစ်ကောင် ပိုင်ဆိုင်ထားခြင်းသည် လျှော်ကန်သော ကိစ္စရပ်တစ်ခုသာ ဖြစ်ပေတော့၏ ။



" ယူရှောင်မို ဒီတစ်ကြိမ်တော့ မင်းကို ဘယ်သူကယ်နိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့ကွာ "

ထိုအခါ ယူရှောင်မိုသည် သူ၏ လက်နှစ်ဖက်အား ဖြေလျှော့လိုက်ပြီး



" ငါကဘာလို့ တစ်ယောက်ယောက် လာကယ်တာကို စောင့်ဖို့လိုမှာလဲ..
အဲ့လူက မင်းမဟုတ်ဘူးဆိုတာရော သေချာရဲ့လား "


ချိုင်ကျွင်းသည် ယူရှောင်မိုတစ်ယောက် ဆတ်ဆတ်ထိမခံ ပြန်ပြောနေခြင်းသာ ဖြစ်မည်ဟု တွေး၍ သူ၏ ပါးစပ်အား ဟရန်ပြင်လိုက်ချိန်တွင် ယူရှောင်မို့နှုတ်မှ စကားတစ်ခွန်း ထွက်ကျလာသည်အား ကြားလိုက်ရလေ၏။

" ရှောင်ဟေးရေ.. ဟောဒီက တတိယသခင်လေးကို ငါတို့တွေက မြက်စားသတ္တဝါတွေမဟုတ်ကြောင်း သိသွားအောင် လုပ်ပေးလိုက်ကြရအောင်ကွာ "















# 22.8.2020

အရင်အပါတ်ကတည်းက အခုထိ နေမကောင်းသေးပါ T.T

ဒါပေမယ့် သတိတရနဲ့ updateလာတောင်းပေးကြတဲ့ အချစ်ကလေးတွေရှိတာကြောင့် အားတင်းပြီးရေးလိုက်တာ တစ်ပါတ်ပြည့်ဖို့ တစ်ရက်တိတိအလိုမှ တစ်ပိုင်းပီးပါတယ် >.< တော်တယ်မလား

စာလုံးပေါင်း အမှားလေးတွေတွေ့ရင် ထောက်ပြပေးကြပါနော် ကျေးဇူးတင်ပါတယ် <3





_______________

Continue Reading

You'll Also Like

2M 161K 36
No descriptions here
220K 25.5K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
747K 30K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....