Systemက ကြၽန္ေတာ့္ကို Novelထဲ...

By Neko_san_ZP

1.1M 153K 8.5K

Title: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date:... More

Chapter -1
Chapter -2
Chapter - 3
အကြောင်းအရာ
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter. 8.1
Chapter - 9
Chapter - 10
Chapter -11
Chapter - 12
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
လက်နက်(12)မျိုး-လကျနကျ(12)မြိုး
Chapter - 20
Chapter - 21
Chapter - 22
Chapter- 23
Chapter -24
Chapter-25
Chapter -26
Chapter -27
Chapter - 28.1
Chapter - 28.2
Chapter - 29
Chapter - 30
Chapter -31
Chapter -32
Chapter -33
Chapter - 34.1
Chapter - 34.2
Chapter -35
Chapter -36
Chapter -37
Chapter -38
Chapter-39
Chapter -40
Chapter -41
Chapter -42
Chapter - 43
Chapter - 44
characters intro
Chapter - 45
Chapter -46
Chapter - 47
Chapter-48
Chapter - 49
Chpater - 50
Chapter -51
Chapter -52
Chapter-53
Chapter -54
Chapter-55
Chapter-56
Chapter-57
Chapter - 58
Chapter - 59
chapter -60
Chapter-61
Chapter-62
Chapter -63
Chapter-64
Chapter-65
Chapter -66
Chapter -67
Chapter -68
Chapter -69
Chapter-70
*About Book*
Chapter-71
Chapter -72
*Hello*
Chapter-73
Chapter-74
Chapter-75
Chapter -76
Chapter -77
Chapter -78
Chapter -79
Chapter-80
about Vol-2

Chapter - 13

17.2K 2.4K 172
By Neko_san_ZP


Zawgyi



'....'













ရီယွမ်ရှန့်ဟာ အသက်ပြင်းပြင်းရှူးရင်း နောက်ဆုံးစကားကို တိုးညှင်းစွာပြောလိုက်တော့သည်၊ဝမ်ဖေးရန်ဟာ ရီယွမ်ရှန်ပြောပြနေသည့် ဒဏ္ဍာရီပုံပြင်ကိုနားထောင်နေရင်း မျက်မှောင်ကြုတ်သွားပြီး















'WTF!!!!"





"ဘယ်သူလဲ!"


















-*-*-*-*-*-*-*-*-*-*-*-*-*-

Chapter - 14

"ဘာ!! ရှောင်ဝေ့ရန်နဲ့ပါလာတဲ့သူက ဒဏ္ဍာရီတစ်ခုလိုကျော်ကြားတဲ့ ဂိုဏ်းငါးဂိုဏ်းထဲက အန့်ရှကောင်းကင်ဂိုဏ်းက အကြီးအကဲပေါ့!!"

ရှောင်ချင်းလင်မနာလိုမှုကြောင့် အင်္ကျီကိုဆုပ်ကိုင်ထားရင်း အကြံတစ်ခုရသွားကာ


"ပွဲပြီးပြီပဲ "

-*-*-*-*-*-*-*-*

Unicode

" ဟေး... လွှတ်အုံး... ကျွန်တော်က ဘယ်လိုလုပ် ခင်ဗျားရဲ့ ကြင်ယာတော် ဖြစ်ရမှာလဲ!"

"ဖေးရန် မင်း နဂါးခုနှစ်ဖော်ရဲ့ကြင်ယာတော် အကြောင်းကြားဖူးလား" ရီယွမ်ရှန့်ဟာ အမှောင်ထဲမှာပင် လင်းလက်နေသလားထင်ရသည့် နက်ပြာရောင်ဆံနွယ်ဖျားလေးကို ဆွဲယူရင်း မေးလိုက်သည်၊

'....'

ငါ့ရုပ်က ဗဟုသုတတွေနဲ့ ပြည့်စုံနေတဲ့ရုပ်ပေါက်နေလား၊ ဟိုနေ့တစ်နေ့ကမှ ငါက Piao Yuနဂါးရဲ့ဝိညာဉ်ဆက်ခံတဲ့သူဖြစ်တာသိပြီး၊စွမ်းအင်ကျင့်ရင် ပေါ်လာတဲ့နတ်ဘုရားမအကြောင်းတောင် မသိသေးဘူး! အခု ဘာအကြောင်းတွေ ပါလာပြန်ရတာလဲ!

'သူများတွေ ကိုယ့်ရေးတဲ့ဇာတ်လမ်းထဲဝင်သွားရင် မဟုတ်ဘူး အခြားသူတွေ သူများရေးတဲ့ဇာတ်လမ်းထဲဝင်သွားရင်တောင် အကြားမြင်ဆရာကြီးတွေကျပြီး လူတကာရဲ့အထင်ကြီးခံရသေးတယ်! ငါဆိုတဲ့ဝမ်ဖေးရန်ကတော့ ကိုယ်ရေးတဲ့ဇာတ်လမ်းထဲမှာတောင် မျက်စိသူငယ်နားသူငယ်လေးနဲ့ ဆိုးဝါးလိုက်တဲ့ဘဝ'

[System: ညီးမနေနဲ့ နင့်ဇာတ်လမ်းက စုတ်ပြတ်သတ်နေပြီး သုံးစားလို့မှ မရတာကိုး] သူရဲ့ချစ်ရစွာသောSystemက အမြဲအနာပေါ် ဆားသိပ်တာပဲ၊

'.....' စကားတစ်ခွန်းနဲ့ သွေးအန်အောင် လုပ်နိုင်တဲ့ဥမ

ဝမ်ဖေးရန်ဟာ အူကြောင်ကြောင်လေးဖြင့် ခေါင်းလေးခါယမ်းလိုက်ပြီး မသိကြောင်းပြောပြလိုက်သည်၊ထိုအခါ ယွမ်ရှန့်လည်း ချောင်းတစ်ချက်ဟန့်ကာ ရှင်းပြလာတော့သည်၊

တစ်ချိန်တစ်ခါတုန်းက နဂါးတွေရဲ့ခေါင်းဆောင် မှော်သားရဲတွေကို အုပ်စိုးတဲ့ဘုရင်ဖြစ်တဲ့ မဟူရာနဂါးကြီးဟာ ကမ္ဘာ့ပထဝီချော်ရည်ကနေ ဖွားမြင်လာခဲ့သည်၊

ခေါင်းဆောင်အော်ရာနဲ့အတူမွေးဖွားလာသည့် နဂါးဘုရင်ကြီးကို လောကရဲ့သဘာဝကိုစောင့်ရှောက်သည့်နဂါးမလေး နဲ့ ချစ်ခြင်းမေတ္တာနဲ့ကျိန်စာကိုကိုယ်စားပြုသည့်သက်တံ့ရောင်အဆင်းရှိတဲ့ဖီးနစ်မလေးတို့ဟာ ပြိုင်တူချစ်ကျွမ်းဝင်ခဲ့သည်၊ဒါပေမယ့် မဟူရာနဂါးကြီးဟာ သဘာဝကိုစောင့်ရှောက်သည့်နဂါးမလေးကိုသာ ရွေးချယ်ခဲ့သည်၊

ဒါကြောင့် နာကျဉ်းချက်တွေနဲ့ပြည့်နှက်နေတဲ့ဖီးနစ်ငှက်မလေးဟာ နဂါးဘုရင်ပေါ် ကျိန်စာတိုက်ခဲ့သည်၊အစွမ်းရောက်သွားတဲ့အချစ်တစ်ခုဟာ အမုန်းအဖြစ်အလွယ်တကူပြောင်းလဲနိုင်သလိုပဲ၊မဟူရာနဂါးကို ချစ်ခဲ့သည့်ဖီးနစ်ငှက်မလေးရဲ့အချစ်ဟာ နားကြည်းမှုတွေအဖြင့် ပြောင်းလဲခဲ့တယ်၊ထိုချိန်က နဂါးမလေးဟာ Piao Yuကို ကိုယ်ဝန်ဆောင်ထားချိန်ဖြစ်ပြီး ဖီးနစ်မလေးရဲ့ပစ်မှတ်သည်လည်း အပြစ်ကင်းမဲ့Piao Yuဆီသာ ဦးတည်ခဲ့သည်၊

"ငါရဲ့ အချစ်ကိုလိမ်လည်လှည့်စားခဲ့ပြီး နင်ရဲ့ချစ်ဇနီးအတွက် ငါ့အမြူတေကို ခိုးယူခဲ့တဲ့နင်ကိုငါကျိန်စာတိုက်ပြမယ်! နင့်ချစ်ရတဲ့ဇနီးလွယ်ထားတဲ့ကိုယ်ဝန်ဟာ ယောကျာ်းလေးအဖြစ်မွေးဖွားလာပြီး ထိုသားတော်ဟာ တလောကလုံးမှာ တုနှိုင်းယှဉ်လို့မရအောင်လှပါစေ၊ မြင်သူတိုင်းချစ်မြတ်နိုးခံရပါစေ ဒီဆုမွန်က နင်အပေါ်ချစ်မိတဲ့ငါရဲ့ဆုမွန်ပဲ ဒါပေမယ့်...ထိုသားတော်ကြောင့် နင်ရဲ့ကျန်သားတွေဟာ မှားယွင်းတဲ့အချစ်နဲ့ချစ်မိကျပြီး အချင်းချင်းတိုက်ခိုက်လိမ့်မယ် နဂါးမျိုးနွယ်စု ပျက်သုန်းသွားတဲ့အထိ သူတို့က ထိုသားတော်ကို ရဖို့ ညီအစ်ကိုချင်းတောင် မမှတ်မိစေနိုင်တဲ့အထိ အသေအကြေတိုက်ခိုက်လိမ့်မယ် ကျိန်စာကို ပြန်ဖြေဖျောက်နည်းက လက်ရှိ ငါဖြစ်ခဲ့သလိုပဲ"

ပျက်စီးပျောက်ကွယ်သွားသည့် ဖီးနစ်ငှက်မလေးကို မဟူရာနဂါးကြီးဟာ အေးစက်စက်သာကြည့်နေခဲ့သည်၊သူရဲ့ပုံစံစိုးရိမ်မှုတစက်မှပင် မရှိပေ၊
ထိုကစပြီး ထူးချွန်ထက်မြက်သည့် နဂါးသားတော်လေး ခုနှစ်ပါးမွေးဖွားလာခဲ့ပြီး ဖီးနစ်ဌက်မလေးကျိန်စာတိုက်ခြင်းခံရတဲ့အငယ်ဆုံးသားတော်သည်လည်း အရွယ်ရောက်လာတော့သည်၊နွေဦးနတ်ဘုရားမနီးပါး သိပ်လှပလွန်းတာကြောင့် ကြီးလာသည်နှင့်အမျှ မဟူရာနဂါးကြီးဟာ စိတ်မချဖြစ်လာသည်၊ နောက်ဆုံး သူရဲ့အကြီးဆုံးသားတော်ကို အရိုက်အရာဆက်ခံကာ ညီတော်တွေကိုစောင့်ရှောက်ရန် မှာတမ်းချွေခဲ့ပြီး မဟူရာနဂါးကြီးနဲ့သဘာဝမိခင်နဂါးတို့ဟာ ပျောက်ကွယ်သွားတော့သည်၊

ထိုချိန်ကစပြီး အငယ်ဆုံးသားတော်လေးဟာ သူရဲ့အစ်ကိုတော်တွေနဲ့ပထမဆုံးတွေ့ဆုံခွင့်ရတော့သည်၊ အစ်ကိုတော် ခုနှစ်ပါးဟာ လှပတဲ့ညီတော်လေးကိုမြင်တွေ့သည့်အချိန်မှာ ထူးဆန်းစွာ သူတို့ရဲ့ချစ်ခြင်းတရားဟာ ပေါက်ဖွားလာပြီး ညီတော်လေးကို အပြင်လူတွေမတွေ့အောင်ပိတ်ပင်ထားခဲ့ရင်း တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ပိုးပန်းရင်း နောက်ဆုံးရန်သူတွေဖြစ်လာခဲ့သည်၊ဒါပေမယ့် နောက်ဆုံး ညီတော်အငယ်ဆုံးလေးဟာ အစ်ကိုတော် တပါးကိုရွေးချယ်ခဲ့သည်၊ ဒါပေမယ့် ဒီခေတ်၊ဒီချိန်ထိ ယင်နဂါးရွေးချယ်လိုက်သည့် နဂါးဟာဘယ်သူဆိုတာဖော်မထုတ်နိုင်ခဲ့ချေ၊

"ဇာတ်လမ်းလေးရဲ့အဆုံးသတ်ကိုဘယ်သူမှ မသိပေ....ကိုယ်ကတော့ ဆဋ္ဌမနဂါးလို့ထင်တာပဲ...."

ရီယွမ်ရှန့်ဟာ အသက်ပြင်းပြင်းရှူးရင်း နောက်ဆုံးစကားကို တိုးညှင်းစွာပြောလိုက်တော့သည်၊ဝမ်ဖေးရန်ဟာ ရီယွမ်ရှန်ပြောပြနေသည့် ဒဏ္႑ာရီပုံပြင်ကိုနားထောင်နေရင်း မျက်မှောင်ကြုတ်သွားပြီး

"နေဦး ဘယ်သူနဲ့ ညားသွားလဲမပါပဲ ကျွန်တော်က ခင်ဗျားရဲ့ကြင်ယာတော်ဖြစ်ရမှာလဲ" မကျေမနပ်တချက်ကြည့်ရင်း ပြောလိုက်သည်၊

' ဟုတ်ပြီ သူတို့နဂါးတွေဘာသာဘယ်သူရွေးရွေးလေ၊ကျွန်တော်ကဘာလို့ခင်ဗျားရဲ့ ကြင်ယာတော်ဖြစ်ပေးရမှာလဲ! ပြီးတော့ ဖီးနစ်ငှက်မက ဟိုနဂါးတွေကိုကျိန်စာတိုက်တာလေ ဒီဝမ်ဖေးရန်နဲ့ဘာဆိုင်လို့လဲ' သူက ကြားထဲက နေရင်းထိုင်းရင်း ယောကျာ်းရအုံးမယ်၊

"သိသာနေတာပဲ ကိုယ်ရဲ့ ဆဋ္ဌမနဂါးက သမာသမတ်ရှိသလို၊တရားမျှတပြီး အင်အားကြီးမားတဲ့ သူတော်ကောင်းနဂါးကြီးလေ ထိုလိုနဂါးမျိုးကိုမှမရွေးချယ်ရင် ဘယ်နဂါးကိုရွေးချယ်အုန်းမှာလဲ"

"ခင်ဗျားက ရိုးမလိုလိုနဲ့ တကယ်တော့လိပ်မျိုးပဲ... အဲ့တာ နဂါးတွေကိစ္စလေ ကျွန်တော်နဲ့ဘာဆိုင်လို့လဲ"

"ရွေးချယ်ခံရသူတွေမှာလည်း ကျိန်စာသက်ရောက်တယ်လေ...ဥပမာ..."
ဝမ်းဖေးရန်ရဲ့ ပုဝါလေးကိုဖယ်ကျလိုက်ပြီး ပေါ်လာသည့်မျက်နှာလှလှလေးကို တအံ့တသြငမ်းမောကြည့်ရင်း ရီယွမ်ရှန့် စိတ်ကို ပြန်ထိန်းချုပ်လိုက်ပြီး

"ကျိန်စာသင့်စေတဲ့ ဒီလိုလှပတဲ့မျက်နှာလေးလိုပေါ့" ပြောလိုက်ပြီး အနည်းငယ်ပွင့်ဟနေတဲ့နူတ်ခမ်းဖူးလေးကို တစ်ချက်ဖိကာနမ်းလိုက်တော့ တစ်ဖက်က အမျိုးသားဟာ တုန်သွားပြီး သူ့ကိုတွန်းထုတ်ကာ မျက်နှာဖုံးလေးကိုဆွဲထုတ်ပြီး မျက်နှာတွေစွတ်သွားတော့သည်၊ကြည့်ရတာ ထိုအမျိုးသားလေးရဲ့လည်ပင်းပေါ်က ဆွဲကြိုးက သိုလှောင်ရေးပစ္စည်းပဲ၊

"ဘာ...လုပ်ဖို့ ကြိုးစားနေတာလဲ"ဝမ်ဖေးရန် သူရဲ့သိုလှောင်ရေးဆွဲကြိုးကနေ မျက်နှာဖုံးကို အလောတကြီးဆွဲထုတ်လိုက်ပြီး သူ့ကို ကြည့်နေတဲ့ ယောကျာ်းကို ဒေါသတကြီစိုက်ကြည့်လိုက်သည်၊

ရီယွမ်ရှန့် သူ့ကို ကြောင်ပေါက်လေးလို မာန်ဖီကာ ရန်စွာနေတဲ့ဝမ်ဖေးရန်ကို အသည်းယားစွာကြည့်လိုက်ပြီး ရင်ခွင်ထဲကနေလွှတ်ကာ ခေါင်းလေးကိုတစ်ချက်ပုတ်လိုက်ပြီး စိတ်အေးအေးထားရန် ပြောလိုက်သည်၊

"စိတ်မပူပါနဲ့ ကိုယ်က ထိန်းချုပ်နိုင်စွမ်းကြီးမားတယ်... ဒါကြောင့် မင်းခွင့်ပြုချက်မရမချင်း ကိုယ် ဘာမှ မလုပ်ပါဘူး"

[System: ပထမဆုံးသော သက်ရှိ ဥပုသ်စောင့်သည့်ကျားကို မြင်ဖူးပြီးသွားပြီ]

" ဘာပဲဖြစ်ဖြစ်...ခင်ဗျားရဲ့ ကြင်ယာတော် မဟုတ်ဘူး"
လေးစားချင်စိတ်တွေကို ချိုးနှိမ်လိုက်ပြီး ပြောချင်တာပြောချလိုက်သည်၊

"ဟုတ်ပါပြီ ဟုတ်ပါပြီ ဖြေးဖြေးချင်း ကြိုးစားကျတာပေါ့"

"ဘာကို ကြိုးစားရမှာလဲ!!! ကျွန်တော်က....ကျွန်တော်က " 'အကိတ်မကြီးတွေပဲ ကြိုက်တာဗျ!'
'....' ဘာလို့ ဆက်ပြောလို့မရတော့တာလဲ

[System: အထင်လွဲစရာကောင်းတဲ့ စကားတွေပြောခွင့်မရှိဘူး]

'WTF!!!!"

"ရှက်မနေပါနဲ့ ကိုယ်တို့ ဖြေးဖြေးချင်းကြိုးစားကျတာပေါ့"

"...." 'ဘယ်သူက ရှက်နေလို့လဲ!!! ခင်ဗျားလို ပြားချပ်ချပ်တွေမကြိုက်ဘူး!! အကိတ်မမတွေပဲ ကြိုက်တာ!!!'
[System: တရားနဲ့ဖြေပါဟာ... နင်ကွေးတာမှမဟုတ်တာ ရှောင်ဝေ့ရန်ကွေးတာလေ... အလိုက်သင့်လေး သရုပ်ဆောင်ပေးလိုက်လေ]

'.....' အော် အေးအေး တကယ်ခံရမှာ ငါလေ! မင်းရဲ့ရှောင်ဝေ့ရန်ကအခွံပဲရှိတာ အဆံကငါဝင်နေတာကွ

ထိုချိန်တွင် ဂူပေါက်ဝတွင် လူရိပ်ပေါ်လာတာကြောင့် ရီယွမ်ရှန့်ဟာ ချက်ချင်းမတ်တပ်ရပ်ကာ သူရဲ့လက်နက်ဖြစ်သည့်လှံကို ဆွဲထုတ်ကာ ဂူပေါက်ဝကို လှမ်းချိန်လိုက်ပြီး ရန်လိုသည့်အသံဖြင့် မေးလိုက်သည်၊

"ဘယ်သူလဲ!"

"နှောင့်ယှက်ရတာတော့ စိတ်မကောင်းဘူး...ဒါပေမယ့် ရန်အာက ငါရဲ့ကြင်ယာတော်ပဲ အကြီးအကဲယွမ်ရှန့်" နားဝင်ချိုအေးပြီးတည်ငြိမ်သြရှတဲ့အသံကြောင့် ဝမ်ဖေးရန်မျက်ဝန်းများတောက်ပသွားကာ ဂူပေါက်ဝရှိလူရိပ်ရှိရာကို အပြေးသွားတော့သည်၊

"လော့ကောကော... ပြန်လာပြီပေါ့! "

မင်လော့ဟာ သူဆီပြေးလာတဲ့ ရှောင်ဝေ့ရန်ကို ခါးလေးကနေ ချီလိုက်ပြီး တစ်ပတ်လည်လိုက်ပြီး မြေပေါ်ပြန်ချကာ သူရင်ခွင်ထဲ နှစ်ကာဖက်ထားပြီး ကလေးတစ်ယောက်ကို ချော့နေသည့်လေသံဖြင့် အေးဆေးလေးပြောလာတော့သည်၊

"ကိုယ် နည်းနည်းကြာသွားတယ်..."

အနောက်ရှိယွမ်ရှန့်ရဲ့မဲမှောင်နေသောမျက်နှာကြီးကို လျစ်လျူရှုကာ ရှောင်ဝေ့ရန်ရဲ့ လက်လေးကို မြတ်နိုးစွာနမ်းရှိုက်ပြီး ပါးလေးကို ဖွဖွလေးပွတ်သပ်ရင်း သူချစ်ရတဲ့အမျိုးသားလေးမျက်နှာကို အဝစိုက်ကြည့်နေတော့သည်၊

"လော့ကောကောက ယွမ်ရှန့်ကို သိတယ်ပေါ့"

ဝမ်ဖေးရန်ရဲ့တရင်းတနှီးခေါ်ဝေါ်မှုကြောင့် မင်လော့မျက်မှောင်ကြုတ်သွားပေမယ့် ဟန်ဆောင်ပြုံးလိုက်ပြီး  ရီယွမ်ရှန့်ကို ပြုံးကာ စိုက်ကြည့်ရင်း

"မသိပဲနေမလား အန့်ရှကောင်းကင်ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင်ကြီးရီယွမ်ရှန့်ကို၊အကြီးအကဲယွမ်ရှန့်က ကြားရတဲ့သတင်းအတိုင်းပဲ တကယ်ကိုခန့်ညားချောမောတာပဲ "

ရီယွမ်ရှန့်ကလည်း ဟန်ဆောင်ပြုံးလိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ

" ဒီအကြီးအကဲကလည်း မင်အင်ပါယာရဲ့မင်းသားကို ဒီလိုနေရာမှာတွေ့မယ်မထင်ခဲ့ဘူး " နူတ်ဆက်ကာပြောလိုက်သည်၊

"မင်အင်ပါယာ.... အကြီးအကဲ????" ဝမ်ဖေးရန်ဟာ အူကြောင်ကြောင်လေးနဲ့ ရွတ်ဆိုလိုက်သည်၊ထိုနှစ်ဦးလုံးရဲ့ နောက်ခံကိုသိတာကြာပြီဆိုပေမယ့်ပေါ့၊

"ရန်အာကိုယ် ဖုံးကွယ်ထားဖို့ရည်ရွယ်ချက်မရှိပါဘူး အမှန်တော့ ကိုယ်က မင်အင်ပါယာရဲ့အိမ်ရှေ့စံမင်းသား မင်ထျန်းလော့ပါ ကိုယ့်ကို စိတ်မဆိုးနဲ့နော်..." မင်ထျန်းလော့ဟာ မျက်နှာငယ်နဲ့ ဝမ်ဖေးရန်ကို စိုက်ကြည့်ကာ ပြောလာတာကြောင့် 'ရပါတယ်'ဆိုတဲ့စကားတောင် မပြောရသေးဘူး ဘေးရှိ ရီယွမ်ရှန့်ဟာလည်း ဝင်ပြောလာတော့သည်၊

"ဖေးရန် ကိုယ်က အစထဲကပြောပြမလို့နော် ဒဏ်ရာကြောင့် သေချာမမိတ်ဆက်မိတာ... အခြားသူတွေလို ဖေးရန်ပေါ် ဖုံးကွယ်စရာအကြောင်းမရှိပါဘူး ကိုယ်က အန့်ရှကောင်းကင်ဂိုဏ်း၊ဂိုဏ်းချုပ်ကြီးရဲ့ တပည့်ရင်း၊ ပြီးတော့ အငယ်တန်းအကြီးအကဲ ရီယွမ်ရှန့် ၊ အခုထိ ရွေးချယ်ထားတဲ့အိမ်ထောင်ဖက်လည်းမရှိသလို၊စေ့စပ်ကမ်းလှမ်းထားတာတွေလည်းမရှိပါဘူး အကြိုက်ဆုံးက ရန်ထိုက်စားသောက်ဆိုင်က ပန်းရနံ့ငါးမျိုးဟင်းပါ... အကြိုက်ဆုံးသားရဲ...."

"အကြီးအကဲ ယွမ်ရှန့်!... မင်းပြောချင်တာက ဒီမင်းသားက စေ့စပ်ထားတဲ့သူသောက်ရမ်းပေါနေတယ်ပေါ့ "ရီ
ွမ်ရှန့်ကို မင်ထျန်းလော့ သတိပေးချင်သည့်အကြည့်တစ်ချက်ပေးရင်း ဟန်ဆောင်အပြုံးဖြင့်မေးလိုက်သည်၊

"မရည်ရွယ်ပါဘူး ဒါပေမယ့် ကိုယ်ကတော့ ဖေးရန်တစ်ယောက်ထဲကို ပေါင်းသင်းပြီး ကိုယ်လုပ်တော်တွေထားပြီး စိတ်မချမ်းသာအောင်မလုပ်ဘူး" အောင်နိုင်သူအပြုံးဖြစ် ယွမ်ရှန့်ပြုံးလိုက်ကာ စိတ်ကျေနပ်နေတဲ့အကြည့်နဲ့ မင်ထျန်းလော့ကိုကြည့်လိုက်သည်

"မင်း...! ဒီမင်းသားကလည်း ရန်အာတစ်ယောက်ထဲပဲ မိဖုရားခေါင်နေရာထားပြီး အနောက်ဆောင်မှာ လူမပြောနဲ့ခွေးတောင်မထည့်ပဲ ပေါင်းသင်းနိုင်တယ်!" အပြိုင်ပြောလာပြီးနောက်မှာ ထိုနှစ်ယောက်ဟာ ရန်ထဖြစ်တော့သည်၊

"တော်ကျပါတော့ မင်းတို့နှစ်ယောက်! "
'သောက်ကျိုးနည်း မင်းတို့ကို ယူမယ်ပြောမိခဲ့လား!!!!' ငါ့ကိုလုနေရအောင်...ငါဝမ်ဖေးရန် က စော်အကိတ်ကြီးတွေပဲ ကြိုက်တာ!!'

-*-*-*-*-*-*-*-*-*-*-*-*-*-

Chapter - 14

"ဘာ!! ရှောင်ဝေ့ရန်နဲ့ပါလာတဲ့သူက ဒဏ္႑ာရီတစ်ခုလိုကျော်ကြားတဲ့ ဂိုဏ်းငါးဂိုဏ်းထဲက အန့်ရှကောင်းကင်ဂိုဏ်းက အကြီးအကဲပေါ့!!"

ရှောင်ချင်းလင်မနာလိုမှုကြောင့် အကျႌကိုဆုပ်ကိုင်ထားရင်း အကြံတစ်ခုရသွားကာ

" တစ်ခုလိုချင်ရင် တစ်ခုစွန့်ပစ်ရမှာပဲလေ... အဲ့ရီယွမ်ရှန့်က မင်းသားငါးထက် အဆတစ်သောင်းလောက်သာတယ် တကယ်လို့ မင်းသားငါးရဲ့အခန်းထဲမှာ ရှောင်ဝေ့ရန်ကိုမြင်လိုက်တာနဲ့...."

"ပွဲပြီးပြီပဲ "

-*-*-*-*-*-*-*-*

Continue Reading

You'll Also Like

1.5M 188K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
74.3K 4.9K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
12.1K 645 23
တစ်ခါတစ်လေ အချစ်ကိုဦးနှောက်က မမှတ်မိတာတောင် နှလုံးသားကမှတ်မိနေမိတယ်။ ဒါပေမယ့် အချစ်က ကိုယ်ချစ်ရတဲ့လူ သေဆုံးသွားရင်တောင် ပျောက်ကွယ်သွားတဲ့ အရာမဟုတ်ဘူး...
357K 40.1K 122
အဟမ်း..ဇာတ်လမ်း​လေးအ​ကြောင်း​ပြောပြမယ်​​နော်😎 ဆုန်းဖန်းရှီဆိုတဲ့​ကောင်​လေးက နာမည်ကြီးဆိုင်တစ်ခုက မန်​နေဂျာတစ်​ယောက်!တစ်​နေ့ မ​မျှော်လင့်ပဲ ဘားမှာ သူ...