##UNICODE ##
Never.....[[ ဘယ်သောအခါမှ ]]
****************************
တစ်နှစ်ဟူသော အချိန်လေးအတွင်းမှာ ခြံထဲမှ မြက်ရိုင်းတွေက ဒူးလယ်လောက်ခန့် ရှိနေကြပြီ..။ ပန်းအိုးအောက်က သော့တံလေးကို အသာဆွဲယူရင်း အိမ်တံခါးကို တွန်းဖွင့်လိုက်သည်..။ ကျွန်တော်တို့မောင်နှမ နှစ်ယောက်ကြီးပြင်းခဲ့တယ့် ေနရာလေးလေ..။
အရေးကြုံမှ နေရာဟောင်းကို သတိရတယ်လို့ပဲ ဆိုရမလား? ဆေးရုံက ပြေးထွက်လာပြီးတယ့် နောက်မှာ ခြေလှမ်းတွေက ဒီအိမ်လေးသို့သာ ဦးတည်သည်.။
ရှုပ်ပွေနေသော အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ ဒီနေ့မှ အဖြစ်မှန်တွေ ပေါ်ပေါက်လာခြင်း..။
*ကိုယ်မြင်မြင်ချင်းချစ်ခဲ့တာ တိတိလေးကို*
*ငယ် အမှတ်နဲ့ တိတိလေး စိတ်ဝိညာဥ်နဲ့ ကိုယ်အိပ်စက်ခဲ့ဖူးတယ်*
မဖိတ်ခေါ်ပါပဲ နောက်တစ်ဖန် တိုးဝင်လာတယ့် အစ်ကို့အသံ ညက်ညက်လေးက မျက်ရည်ဥတို့ကို ဖိတ်ခေါ်နေပြန်သည်..။
တကယ်ဆိုရင် ကျွန်တော် တစ်ယောက်တည်း ပင်ပန်းတာ မဟုတ်ခဲ့ဘူးပဲ..။
အဖြစ်မှန်တွေ သိပြီးတယ့် နောက်မှာ ပြောင်းလဲခဲ့တယ့် နာမ်စားက ရှောင်ငယ်တဲ့လား?
အတိတ်တွေကို မတူဆွပဲ အနာဂတ်အတွက်ကျွန်တော်တို့ ရှင်သန်ရအောင်..။
"ရှောင်ငယ်..."
Sofa ပေါ်တစ်သိမ့်သိမ့် ရှိုက်ငိုနေသော မိန်းမငယ်လေးကို သူ အတော်ကြာ စိုက်ကြည့်နေမိတယ်..။ တကယ်ဆို ကိုယ့်ရဲ့လွဲမှားမှုကြောင့် ဒီမောင်နှမ နှစ်ယောက်ရဲ့အသည်းတွေ ကြွေပြုန်းခဲ့ရတာမလား?
"အစ်ကို*Sob "
ကိုကို ဟူသော ခေါ်သံအစား
အစ်ကို ဆိုသော နာမ်စားက အစားထိုးဝင်ရောက်လာခဲ့သည်..။
တသိမ့်သိမ့် တုန်နေသော ကျောပြင်လေးကို ခပ်ဖွဖွပုတ်ရင်း နှစ်သိမ့်စကား ဆိုချင်သော်လည်း လက်တွေ့တွင် မိမိပါ ရောငိုမိသောအခါ..
"ကိုယ်တောင်းပန်ပါတယ် ရှောင်ငယ် အားလုံး ကိုယ့်အပြစ်တွေပါ "
မော့ကြည့်လာတယ့် မျက်ဝန်းတွေက သူ့နှလုံးသားကို ခြွေချနေသလို.. တဒိတ်ဒိတ်ခုန်နေသော ရင်ဘတ်ဟာ မကြာခင်ပေါက်ကွဲတော့မည့်အလား..၊ ရင်ခုန်သံတွေ ဟာ တကယ့်ကို ရှုပ်ပွေလို့နေတယ်..။
ကျွန်တော် ငယ့် ကို ချစ်တယ်..။
ဒါပေမယ့် ရှောင်းငယ် ကိုလဲချစ်တယ်..။
အချိန်တွေသာ နောက်ပြန်ဆုတ်လို့ ရရင်လေ ဒီလိုအမှားမျိုးကို ကျူးလွန်ခဲ့မှာ မဟုတ်ဘူး..။ ခဏလေးဖြစ်ဖြစ် မင်းကိုထွေးပွေ့ထားပါရစေ.. ရှောင်ငယ်..။
ကိုယ် မင်း ကို ချစ်ပါတယ်..။
ဒါပေမယ့် မပြောပြတော့ဘူး..။
လွဲမှားခဲ့တယ့် ဖြစ်ရပ်တွေကြားမှာ Oမ်ရိချန်း ဆိုတယ့် မင်းအစ်မကလဲ အပြစ်မဲ့သူတစ်ယောက်ပါ..။
ဒါကြောင့် အပြစ်မဲ့တယ့် ငယ့်ကို ကိုယ်အဆုံးစွန်းထိ တာဝန်ယူရလိမ့်မယ်..။ ဒါကို မင်းလဲ နားလည်မှာပါ..
သူ့ကို စွန့်လွှတ်ပြီး မင်းကိုပွေ့ဖက်ဖို့က ငါတို့နှစ်ယောက်အတွက် ခက်ခဲလွန်းတယ်လေ..။
ရှောင်းကျန့်ရဲ့ ရင်တွင်းစကားတွေကို ရိပေါ်မှာ နားလည်နေသည့်အလား..
ဒီရင်ခွင်ထဲမှာ အမြဲတမ်းခိုလှုံချင်တယ် ၊ Oမ်ရိပေါ် မှန်းသိရက်နဲ့ အစ်ကို တယုတယထွေးပွေ့တာ ဒါ ပထမဆုံးအကြိမ်ပဲ..။ ဒါပေမယ့် အစ်ကို ကျွန်တော့်ကို ရွေးချယ်လို့မရဘူး..၊ Oမ်ရိချန်း ဆိုတယ့် မမကိုပဲရွေးချယ်ရမယ်..၊
မမက ကျွန်တော့်အတွက် စွန့်လွတ်ခဲ့တယ့်အရာတွေ သိပ်များနေပြီလေ..၊ သူမရဲ့ ငယ်ရွယ်မှုတွေနဲ့ ပျော်ရွှင်မှုတွေ ၊ ကျောင်းမှာ မျက်နှာမငယ်ပဲ အများတန်းတူနေနိုင်ခဲ့တာ မမရဲ့ချွေးစက်တွေကြောင့်..၊ သူမအပေါ် ကျွန်တော် မရက်စက်နိုင်ဘူး..။
အသိစိတ်ကိုချုပ်ထိန်းပြီး.. ရင်ခွင်ထဲက ရုန်းကန်ထွက်ကာ ဆန့်ကျင်ဘက် စကားကိုသာ ပြောလိုက်မိတယ်၊ ရင်တွေလဲ နာရပါတယ် အစ်ကို..။
"ဟင့်အင်း
မတောင်းပန်နဲ့
အစ်ကို့ကို ကျွန်တော် မချစ်တော့တာကြာပြီ၊ **Sob စွန့်လွှတ်လိုက်တာကြာပြီ ၊ အစ်ကို့ကို ကျွန်တော်မုန်းတယ်..ဟင့်..၊ အရမ်းကိုမုန်းတာ **Sob "
"အင်း ပါ
ကိုယ် နားလည်ပါတယ် "
မျက်ရည်များကြား ရှောင်းကျန့်ပြုံးပြမိတယ် မင်းဒီလိုစကားတွေ ပြောလာမယ်မှန်း ကိုယ်သိတာပေါ့..။
သုတ်မနိုင်အောင် ကျနေတယ့် မျက်ရည်ဥတွေက ကိုယ့်ကိုမချစ်တော့လို့တဲ့လား?
တစ်ဆတ်ဆတ် တုန်နေတယ့် နှုတ်ခမ်းပါးတွေက ကိုယ့်ကိုမုန်းလို့တဲ့..။
ွဟုတ်ပါပြီ ရှောင်ငယ်..
တကယ်ဆို လိမ်ညာပြီးမမုန်းပဲ ကိုယ့်လိုကောင်ကို အတည် မုန်းလိုက်သင့်တာပါ..။
"ကိုယ်တို့ ပြန်ကြရအောင် ရှောင်ငယ်.. မျက်ရည်တွေကို သုတ်လိုက်ပါဦး.."
ဆွဲဆုပ်ခံလိုက်ရတယ့် လက်တစ်ဖက်ကို မရုန်းဖယ်မိဘူး..။ အပြာရောင် ပုဝါပါးလေးက အစ်ကို့ အင်္ကျီအိတ်ကပ်ထဲမှနေ၍ မိမိဆီကို ပြန်လည် ရောက်ရှိလာတယ်။ Babe...ငါ့မျက်ရည်တွေနဲ့ မင်းအသာကျနေပြီမလား?
****
အိမ်ကိုရောက်တော့ Uncle နဲ့ ယဲ့ဖေး ကိုတွေလိုက်ရတာကြောင့် ရှောင်းကျန့်နဲ့ ရိပေါ်မှာ ဧည့်ခန်းထဲ အသာဝင်ထိုင်လိုက်ပြီး...
"ဘာလို့လဲ?ယဲ့ဖေး
တိတိလေး တစ်ခုခုဖြစ်လို့လား?"
"အာ..မဟုတ်ပါဘူး Sir ခြေထောက်တွေကို လာကြည့်တာ ဒါနဲ့ ရိချန်း Happy Birthday နော်.. မွေ့နေ့လက်ဆောင်ကိုတော့ ကြုံမှယူတော့ဗျာ..ဟားးဟားး "
ရိပေါ်မှာ ပြုံးလျှက်သာ ခေါင်းညိမ့်ပြပြီး..
"ရပါတယ် တိတိလေးကို ဂရုစိုက်ပေးတာနဲ့ လုံလောက်နေပါပြီ ဒါနဲ့ ငယ် ပင်ပန်းနေလို့သွားနားတော့မယ်နော်.."
ရှောင်းကျန့်မှာ ရိပေါ့်လက်ကို တင်းခနဲ ဆွဲထားပြီး မျက်ဝန်းများကိုပါ စိုက်ကြည့်သည်..။ အဆင်ပြေလားဆိုတယ့် သဘော..။ပြီးနောက် ထိုင်ရာမှ အလျင်တဆော ထရပ်လိုက်ပြီး..
"ကိုယ်လိုက်ပို့ပေးမယ် ယဲ့ဖေး Uncle နဲ့ စကားပြောနှင့်နော် ခဏနေရင် ငါပြန်ဆင်းလာခဲ့မယ် "
ရှောင်းမုချီ နှင့် ယဲ့ဖေးမှာ အမူပိုနေသော ရှောင်းကျန့်ကြောင့် ပြုံးစိစိပင် ဖြစ်ကုန်သည်။
"အေးပါ မဆင်းလာလဲ ငါကအပြစ်မတင်ပါဘူး FA ပေမယ့်နားလည်ပါတယ်နော်.."
အရွှန်းဖောက်သော်လည်း ရိပေါ်ရော ရှောင်းကျန့်ပါမရယ်မိ..၊ အပေါ်ထပ်ကိုတတ်နေတယ့် ခြေလှမ်းတွေက ခဲဆွဲခံရသလို လေးလံလွန်းလှသည်..။
"တကယ်ပဲ ဒီကိစ္စတွေကို Uncle ကို လျှို့ဝှက်ထားမလို့လား?"
"အင်း ကျွန်တော်က ဒီရက်ပိုင်းအတွင်းအဆင်ပြေပြေနဲ့ ထွက်သွားနိုင်တော့မှာပဲ ပြောမနေပါနဲ့တော့.."
စကားပြောနေရင်းနှင့်ပင် အခန်းရှေ့သို့ရောက်လာသည်..။ ငယ် လို့မမြင်မိတော့တာမို့ ဗီရိုထဲက မိမိ Shirt အကျီနဲ့ Style pant တွေကိုထုတ်ပေးရင်း..
"ဂါဝန်တွေမဝတ်နဲ့တော့ ကိုယ့်အင်္ကျီတွေ ယူဝတ်နော် အဆင်ပြေတယ်မလားဟင်!! ဒါမှမဟုတ်.. "
သို့ပေမယ့် ငြင်းဆန်သံလေးက တိုးသဲ့စွာနှင့်..
"ဟင့်အင်း မလိုဘူး!
အစ်ကို့မျက်လုံးထဲမှာ ကျွန်တော်က Oမ်ရိပေါ်ဖြစ်နေပေမယ့် အများအမြင်မှာတော့ ဝမ်ရိချန်းပဲလေ "
ေရှာင်းကျန့်မှာ ခေါင်းတစ်ဆတ်ဆတ် ညိမ့်ရင်း သက်ပြင်းခိုးရှိုက်လိုက်တယ်..။ ပြီးနောက် အိပ်ယာကိုမေးဆတ်ပြပြီး..
"ကိုယ်တို့ ခွဲအိပ်ဖို့လိုသေးလား?"
"မလိုဘူး..ဒါပေမယ့် ကျွန်တော့်အသားကို လာမထိဖို့တော့ တောင်းဆိုချင်တယ်၊ အရင်က အစ်ကိုပြုသမျှ နုခဲ့ရတာက မမအမှတ်နဲ့အထင်လွဲနေလို့ ခု အရာအားလုံးသိသွားပြီဆိုတော့ လူကြားထဲမှာ မဟုတ်ရင် ကျွန်တော်တို့ ခပ်ခွာခွာနေရအောင်.."
ဒီလို ခွာနေတာတောင် ကျွန်တော့်ရင်ဘတ်က သေမတတ် တုန်ယင်နေတာမို့လို့ပါ..။
ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောနေတာမို့လို့ ရှောင်းကျန့်မှာ ခေါင်းညိမ့်ရုံမှအပ..၊ အစ်မ ကိုရော မောင် ဖြစ်သူအပေါ်မှာရော တိမ်းညွှတ်နေတယ့် သူ့စိတ်တွေကိုလဲ သူနားမလည်..။ နှစ်ယောက်စလုံးကို ချစ်ပေမယ့် တစ်ယောက်ကိုပဲ ရွေးချယ်ရမယ့်အခါ...
လုပ်သင့်လုပ်ထိုက်တာကိုပဲ ဆက်လုပ်ကြတာပေါ့.. ဒါမှ တရားမျှတမယ်မဟုတ်လား?
_______________________Never
1376 Words (23.8.2020) 6:50PM
Thank you for Reading
#Sanaymoeswe (စနေမိုးဆွေ)📝
Never.....[[ ဘယ်သောအခါမှ ]]
****************************
အဖြစ်မှန်တွေသိပြီးတယ့်နောက်မှာ ပြောင်းလဲခဲ့တယ့် နာမ်စားက ရှောင်းငယ်တဲ့လား??
"ရှောင်ငယ်..."
Sofa ပေါ်တစ်သိမ့်သိမ့်ရှိုက်ငိုနေသော မိန်းမငယ်လေးကို အတော်ကြာစိုက်ကြည့်နေမိတယ်၊ တကယ်ဆို ကိုယ့်ရဲ့လွဲမှားမှုကြောင့် ဒီမောင်နှမ နှစ်ယောက်ရဲ့အသည်းတွေ ကြွေပြုန်းခဲ့ရတာမလား??
"အစ်ကို...**Sob "
"ကိုယ်တောင်းပန်ပါတယ် ရှောင်းငယ် ၊ အားလုံး ကိုယ့်အပြစ်တွေပါ "
အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရရင်လေ ဒီလိုအမှားမျိုးကို ကျူးလွန်ခဲ့မှာမဟုတ်ဘူး..၊ ခဏလေးဖြစ်ဖြစ် မင်းကိုထွေးပွေ့ထားပါရစေ.. ရှောင်ငယ်..၊
လွဲမှားခဲ့တယ့် ဖြစ်ရပ်တွေကြားမှာ Oမ်ရီချန်း ဆိုတယ့် မင်းအစ်မကလဲ အပြစ်မဲ့သူတစ်ယောက်ပါ..။
ဒါကြောင့် အပြစ်မဲ့တယ့် ငယ့်ကို ကိုယ်အဆုံးစွန်းထိ တာဝန်ယူရလိမ့်မယ်..၊ ဒါကို မင်းလဲ နားလည်မှာပါ..
ရှောင်းကျန့်ရဲ့ ရင်တွင်းစကားတွေကို ရီပေါ်မှာနားလည်နေသည့်အလား..
ဒီရင်ခွင်ထဲမှာ အမြဲတမ်းခိုလှုံချင်တယ်၊ Oမ်ရီပေါ် မှန်းသိရက်နဲ့ အစ်ကို တယုတယထွေးပွေ့တာ ဒါ ပထမဆုံးအကြိမ်ပဲ..၊ ဒါပေမယ့် အစ်ကို ကျွန်တော့်ကိုရွေးချယ်လို့မရဘူး..၊ Oမ်ရီချန်း ဆိုတယ့် မမကိုပဲရွေးချယ်ရမယ်..၊
"ဟင့်အင်း
မတောင်းပန်နဲ့
"အင်း ပါ
ကိုယ် နားလည်ပါတယ် "
သုတ်မနိုင်အောင် ကျနေတယ့် မျက်ရည်ဥတွေက ကိုယ့်ကိုမချစ်တော့လို့တယ့်လား??
တစ်ဆတ်ဆတ် တုန်နေတယ့်နှုတ်ခမ်းပါးတွေက ကိုယ့်ကိုမုန်းလို့တယ့်..။
ွဟုတ်ပါပြီ ရှောင်းငယ်..၊
ဆွဲဆုပ်ခံလိုက်ရတယ့် လက်တစ်ဖက်ကို မရုန်းဖယ်မိဘူး..၊ အပြာရောင် ပုဝါပါးလေးက အစ်ကိုအကျီအိတ်ကပ်ထဲမှနေ၍ မိမိဆီကို ပြန်လည် ရောက်ရှိလာတယ်။ Bae...ငါ့မျက်ရည်တွေကို မင်းအသာကျနေပြီမလား?
***********
အိမ်ကိုရောက်တော့ Uncle နဲ့ ယဲ့ဖေး ကိုတွေလိုက်ရတာကြောင့် ရှောင်းကျန့်နဲ့ ရီပေါ်မှာ ဧည့်ခန်းထဲ အသာဝင်ထိုင်လိုက်ပြီး...
"ဘာလို့လဲ?? ယဲ့ဖေး
"အာ..မဟုတ်ပါဘူး၊ Sir ခြေထောက်တွေကို လာကြည့်တာ၊ ဒါနဲ့ ရီချန်း Happy Birthday နော်..၊ မွေ့နေ့လက်ဆောင်ကိုတော့ ကြုံမှယူတော့ဗျာ..ဟားးဟားး "
ရီပေါ်မှာ ပြုံးလျှက်သာ ခေါင်းညိမ့်ပြပြီး..
အရွှန်းဖောက်သော်လည်း ရီပေါ်ရော ၊ ရှောင်းကျန့်ပါမရယ်မိ..၊ အပေါ်ထပ်ကိုတတ်နေတယ့် ခြေလှမ်းတွေက ခဲဆွဲခံရသလို လေးလံလွန်းလှသည်..၊
စကားပြောနေရင်းနှင့်ပင် အခန်းရှေ့သို့ရောက်လာသည်..၊ ငယ် လို့မမြင်မိတော့တာမို့ ဗီရိုထဲက မိမိ Shirt အကျီနဲ့ Style pant တွေကိုထုတ်ပေးရင်း..
"ဂါဝန်တွေမဝတ်နဲ့တော့ ၊ ကိုယ့်အကျီတွေယူဝတ်နော်၊ အဆင်ပြေတယ်မလားဟင်!! ဒါမှမဟုတ်.. "
"ဟင့်အင်း မလိုဘူး!
အစ်ကို့မျက်လုံးထဲမှာ ကျွန်တော်က Oမ်ရီပေါ်ဖြစ်နေပေမယ့် အများအမြင်မှာတော့ ဝမ်ရီချန်းပဲလေ.."
ရှောငျးကနျြ့မှာ ခေါင်းတစ်ဆတ်ဆတ်ညိမ့်ရင်း သက်ပြင်းခိုးရှိုက်လိုက်တယ်..၊ ပြီးနောက် အိပ်ယာကိုမေးဆတ်ပြပြီး..
_______________________Never
Thanks you for Reading