အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It...

By Zayarminhtut17

24.6K 1.9K 181

မထင်မှတ်ဘဲ လိုင်းပေါ်မှာတွေ့ခဲ့ကြပြီး ချစ်ကြိုက်သွားကြတဲ့ ဇေယျာနှင့် ဇာမဏီတို့ နှစ်ယောက်။ လိုင်းပေါ်ကနေ အပြင်... More

Author Note(ဖတ်ပေးကြပါ)
မိတ်ဆက်
မိတ်ဆက်
EP 1(Uni+Zaw)
EP 2(Uni+Zaw)
EP 3(Uni+Zaw)
Ep 4(Uni+Zaw)
Ep 5(Uni+Zaw)
Ep 6(Uni+Zaw)
Ep 7(Uni+Zaw)
Ep 8(Uni+Zaw)
Ep 9(Uni+Zaw)
Ep 10(Uni+Zaw)
Ep 11(Uni+Zaw)
Ep 12(Uni+Zaw)
သီပေါမြေမှ အလှတရားများ
Ep 14(Uni+Zaw)
Ep 15(Uni+Zaw)
Ep 16(Uni+Zaw)
Ep 17(Uni+Zaw)
Ep 18(Uni+Zaw)
Ep 19(Uni+Zaw)
Ep 20(Uni+Zaw)
Ep 21(Uni+Zaw)
Ep 22(Uni+Zaw)
Ep 23(Uni+Zaw)
Ep 24(Uni+Zaw)
Ep 25(Uni+Zaw)
Ep 26(Uni+Zaw)
Ep 27(Uni+Zaw)
Ep 28(Uni+Zaw)
Ep 29(Uni+Zaw)
Ep 30(Uni+Zaw)
Ep 31(Uni+Zaw)
Ep 32(Uni+Zaw)
Ep 33(Final)
ကျေးဇူးတင်လွှာ

Ep 13(Uni+Zaw)

273 26 1
By Zayarminhtut17

#Unicode#

ဇေယျာ တစ်ယောက် သက်ပျင်းချလိုက်ကာ အပြင်ဘက်ကို ငေးကြည့်နေတော့သည်။ ဘာလို့များ ငါ့ကို တစ်ယောက်ထဲ ထားသွားရတာပါလိမ့် ဆိုပြီး စိတ်ထဲ တွေးကာ တွေးပူနေလေသည်။ စိတ်ထဲမှာလဲ အကြောင်းအမျိုးမျိုး ပလုံစီအောင် ရောက်လာတော့၏။ အလုပ်စာရင်းမှားတာတို့၊ တစ်ခြားကုမ္မဏီနဲ့ အစည်းအဝေးလုပ်တာတို့ ဆိုပြီး အတွေးပေါင်းစုံက ဇေယျာရဲ့ခေါင်းထဲသို့ မဖိတ်ခေါ်ဘဲ ၀င်ရောက်လာလေသည်။ အပြင်ဘက်ကို ငေးနေရင်းမှ ကော်ဖီနဲ့ sandwichထုတ်လေး ကိုင်ကာ ဆိုင်ကိုပြန်လာနေသည့် မိုးထက်ကို ဇေယျာ တွေ့လိုက်ရလေသည်။

ဇေယျာ တစ်ယောက် ခဏလို မှိုင်မှိုင်တွေတွေ ဖြစ်မနေရအောင် ကိုယ်ကို မတ်လိုက်သည်။ ဇေယျာ မတ်မတ်လေး ထိုင်ပြီးတာနဲ့ တစ်ပြိုင်နက် မိုးထက် ဆိုင်တံခါးကို ဖွင့်ပြီး ၀င်လာတော့သည်။ မျက်နှာကလည်း ဆူပုတ်ပြီးတော့ ဇေယျာ့ဆီ လာနေလေသည်။

ပြီးတော့ ကော်ဖီနဲ့ sandwichထုတ်ကိုဆောင့်ကြီး အောင့်ကြီးဖြင့် စားပွဲပေါ် တင်လာတော့သည်။ ဇေယျာလည်း ကော်ဖီခွက် တစ်ခွက်နဲ့ sandwichထုတ် တစ်ထုတ်ကို ကိုယ့်ရှေ့သို့ အရင် ယူထားလိုက်လေသည်။

ပြောရပေအုန်းမည်။ ကော်ဖီဆိုင်ကို မိုးထက်နဲ့ ကိုဟိဏ်းအကိုနဲ့က အတူတူ သွားခဲ့ကြတာလေ။ ဇေယျာ လိုက်မယ်ပြောလည်း ကိုဟိဏ်းအကိုက အတင်း ဆိုင်မှာဘဲ နေခဲ့ခိုင်းတော့တာ။ ခုလည်း ဘာတွေ ဖြစ်လာ ကြပြန်ပြီလဲ မသိပြန်ပါဘူး။

ဇေယျာ sandwich ထုတ် အခွံကို ဆွဲဖယ်နေရင်း မိုးထက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ပြောရရင် ဇေယျာ့ ပုံစံက စိတ်တိုနေတဲ့ အမေ့ကို မုန့်ထပ်စားလို့ရသေးလား ဆိုပြီး မေးမယ့် ကလေးလေးနဲ့ တူနေလေသည်။

ဇေယျာ တစ်ယောက် မိုးထက်ရဲ့ အရိပ်အကဲကို ကြည့်နေတာကို မိုးထက် သတိထား မိသွားတယ်နှင့် တူသည်။ ဇေယျာဘက်ကို လှည့်ကာ ဇေယျာ့ကို စိုက်ကြည့်လာတော့သည်။
ဇေယျာလည်း နေရခက်လာတော့ ဘာဘဲဖြစ်ဖြစ် မေးမယ် ဆိုပြီး ချောင်းဟန့်လိုက်ပါလေသည်။

"အဟမ်း.......အဟမ်း"

ဇေယျာ ချောင်းဟန့်ရင်း မိုးထက်ကို ကြည့်လိုက်သည်။
sandwichအထုတ်ကိုသာ အခွံဖယ်ထုတ်နေတော့သည်။
ဒါ‌နဲ့ ဇေယျာ နောက်တစ်ခါ ချောင်းဟန့်လိုက်ပြန်သည်။ ဒီတစ်ခါ အသံကျယ်သွားလို့ တူပါရဲ့။ မိုးထက် ခေါင်းချက်ချင်း ထောင်လာပြီး ဇေယျာကို ကြည့်လာသည်။ ပြီးနောက် မျက်မှောင်ကြီး ကြုတ်ပြီးတော့ ဇေယျာ့ကို ပြောတော့သည်။

"အကို ဘာမေးမှာလဲ မေး"

မိုးထက်မှာ ပြောပြီးသည်နှင့် မုန့်ထုတ်ကိုဘဲ အာရုံစိုက်ပြန်‌ နေလိုက်သည်။

"အော် ဘာများဖြစ်လာတာလဲလို့ မေးမလို့ပါ"

ဇေယျာ မိုးထက်ကို ကြည့်နေရင်း ပြန်ပြောလိုက်သည်။

"ပြောကို မပြောချင်ပါဘူး အကိုရေ"

မိုးထက်က ပြောပြီး တစ်ဖက်ကို လှည့်သွားပြန်သည်။

"မပြောချင်ရင်လည်း မပြောနဲ့တော့ဟေ။ အကောင်းမေးတာကို" ဆိုပြီး ဇေယျာ အော်‌ငေါက်သည့် လေသံဖြင့် ပြောလိုက်တော့သည်။

ဇေယျာ အော်ပြောလိုက်လို့ ထင်သည်။ မိုးထက် တစ်‌ယောက်
ဇေယျာ့ကို မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့် လာကြည့်နေတော့သည်။ အခြေအနေက ခဏကနဲ့ မတူတော့။ ပြောင်းပြန် ဖြစ်ကုန်လေပြီ။

ခုက ဇေယျာက စိတ်တိုနေတဲ့သူ မိုးထက်ကတော့ အရိပ်အကဲ ပြန်ကြည့်နေရတဲ့သူ ဖြစ်နေပြီ။ အမှန်တော့ ဇေယျာ တစ်ကယ် စိတ်မတိုပါ။ ဒီအတိုင်း မျက်နှာကို တင်းထားလိုက်တော့တာ ဖြစ်သည်။

"အဲ့လိုတော့ စိတ်မတိုလိုက်ပါနဲ့ အကိုကလည်း....ပြောပြပါ့မယ်" ဆိုပြီး မိုးထက်ကနေမှ ရုတ်တရက်ကြီး ပြောလာပါ လေသည်။

ဒါပေမယ့်လို့ ဇေယျာ မျက်နှာကို တင်းထားဆဲ။ ပြီးတော့ မုန့်ထုတ်ရဲ့ ထိပ်က အခွံကို ခွာလို့ရတော့ တစ်ကိုက်ကိုက်လိုက်သည်။ ပြီးမှ မိုးထက်ကို ပြန်ကြည့်သည်။ ပြောဆိုတဲ့ မျက်နှာထားနဲ့ပေါ့။ ဒီတော့မှ မိုးထက်က စပြောတော့သည်။

"ဒီလို အကိုရေ......ဒီလို။ မနက်တုန်းက အကို့ကို ဆိုင်မှာထားခဲ့တယ်မလား"

ဇေယျာ မိုးထက်ကို ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။ ပါးစပ်ထဲမှာလဲ မုန့်တွေနဲ့ အပြည့်ဆိုတော့ ပြောလို့မရဘူးလေ။ ‌ဇေယျာက ဟုတ်တယ်လို့ ပုံစံလုပ်ပြတော့ မိုးထက်က ဆက်ပြောသည်။

"အဲ့တာ cafeဆိုင်ကို ရောက်သွားတယ်ကွာ၊ မိုးထက်က coffeeနဲ့ sandwichမှာလိုက်ပြီးတော့ သူ့ဆီသွားလိုက်တယ်"

မိုးထက် စကားရပ်လိုက်သည်။ ဇေယျာကတော့ ဘာမှ ၀င်မပြောဘဲ ဒီအတိုင်း sandwichစားရင်း မိုးထက်ကို ကြည့်နေလိုက်သည်။ ဘာဆက်ဖြစ်လဲ ဆိုပြီးတော့ပေါ့။
မိုးထက်ကလည်း သူ့ကို ကြည့်နေတာသိတော့ စကား ပြန်ဆက်တော့သည်။

"အဲ့တာ စောင့်နေတုန်းမှာ မိုးထက်တို့ အိမ်နားက အသိအကို တစ်ယောက် ရောက်လာတယ်။ ဒါနဲ့ဘဲ မိုးထက်လည်း အဲ့အကိုနဲ့ စကားပြောနေလိုက်တာပေါ့။ စကားပြောနေတုန်းမှာ အဲ့စိုင်းဝီလျံဟိဏ်းကလေ မိုးထက်လက်ကို ဆွဲပြီး အပြင်ကို ခေါ်သွားတော့တာ"

မိုးထက် ထပ်ပြီး ပြောနေတာကို ရပ်လိုက်ပြန်လေသည်။ ကြည့်ရတာ မောသွားလို့ နေမယ်။ ကော်ဖီ တစ်ငုံသောက်နေတော့တာ။ ဇေယျာလည်း ကော်ဖီတစ်ခွက် သောက်ရင်း မိုးထက်ကို ပြန်ပြောလိုက်သည်။

"အပြင်ကို ဆွဲခေါ်သွားတာများ စိတ်တိုစရာ မရှိပါဘူး" ဆိုပြီးတော့ပေါ့။

ဇေယျာ ပြောလိုက်တော့ မိုးထက်က မျက်လုံးပြူးပြီး ပြန်ကြည့်လာသည်။ ပြီးတော့ သူပြောတာ မပြီးသေးဘူး ဆက်ပြောမယ် ဆိုသည့် ပုံစံဖြင့် ဆက်ပြောတော့သည်။

"အပြင်ကိုဘဲ ခေါ်ထုတ်သွားတာ မဟုတ်ဘူး။ မိုးထက်နဲ့ စကားပြောနေတဲ့ ‌အကိုကို မပေါင်းနဲ့၊ စကားလည်း မပြောနဲ့တဲ့လေ။ ပြီးတော့ သူ့ဆီက ဖုန်းလာလို့ ဖုန်းသွားပြောတယ်။ နောက်တော့ ပေါ်မလာတော့ဘူး အဲ့သေနာကြီးက"

မိုးထက် ပြောလိုက်တော့ ဇေယျာ ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ ဟက်ဟက်ပက်ပက် ရယ်မိသွားသည်။ မိုးထက်ကတော့ ဇေယျာ့ကို မျက်စောင်းထိုးပြီး ကြည့်နေလေသည်။

"အဲ့တော့ coffeeဖိုးက မိုးထက် ရှင်းလိုက်ရတယ် ဆိုပါတော့" ဆိုကာ ဇေယျာ ရုပ်ကို မနဲတည်ထားရင်း ပြောလိုက်ရသည်။

"ဟုတ်တယ်....ပိုက်ဆံရှင်းခဲ့ ရုံတင်မဟုတ်ဘူး လမ်းလျှောက်ပြီးတော့ပါ ပြန်လာခဲ့ရတာ"

မိုးထက် ပြောပြီးတော့ ဇေယျာ ပိုလို့တောင် ရယ်ချင်သွားသည်။ ဒါကြောင့်လည်း ရယ်လိုက်တာ ဗိုက်အောင့်မတတ်ဘဲ။ မိုးထက် ကတော့ ဇေယျာ့ကို စိုက်ကြည့်နေမှာ အမှန်ပင်။ ဒါနဲ့ ဇေယျာ မိုးထက်ကို ပြန်ချော့လိုက်ရသည်။

"ဟုတ်ပြီ နေ့လည်ကျရင် နေ့လည်စာ အကို ၀ယ်ကျွေးပါ့မယ် ဟုတ်ပြီလား....."

"တစ်ကယ်လား" ‌ဆိုပြီး မိုးထက်က မယုံသလိုနဲ့ ပြန်မေးသည်။

"တစ်ကယ်ပေါ့ အလုပ်ရှင်က လိမ်ပါ့မလားလို့"

"ရေးဟုတ်ပြီ......ပြီးမှ ဟိုသေနာကြီး စိုင်းဝီလျံဟိဏ်းလို မလုပ်နဲ့နော်" ဆိုကာ မိုးထက်က ဆူပုတ်ပြီး ဇေယျာ့ကို ပြောလာသည်။

မိုးထက် စကားကြောင့် ထပ်ရယ်ရပြန်ပြီ။ ဒီလိုနဲ့ ရယ်နေတုန်းမှာ ဆိုင်ကို ဧည့်သည်ရောက်လာတော့သည်။ ထိုဧည့်သည်က ဆိုင်ထဲကို ၀င်လည်း ၀င်လာရင်း စကားတွေ ပြောနေတော့သည်။

"မောင်လေးရေ အစ်မမနေ့က လာခဲ့တာ မောင်လေးတို့ဆိုင်က ပိတ်ထားလို့လေ"

"ဟုတ်တယ် ကျွန်တော်တို့ အပျော်ခရီး ထွက်နေလို့ပါ"

ဇေယျာ ပြောလိုက်ရင်း ထိုဧည့်သည်အစ်မကို ဇေယျာတို့နား လာထိုင်ဖို့ ပြလိုက်သည်။ မိုးထက်ကတော့ ဘယ်အချိန်က ထွက်သွားမှန်းမသိ။ ဧည့်သည် ထိုင်ပြီးတော့ မိုးထက်က ပန်းစည်းပုံ albumကို ကိုင်ပြီး ရောက်လာတော့သည်။ စားပွဲပေါ်မှာလည်း ခဏက စားထားတဲ့ မုန့်တွေ coffeeတွေ ရှိမနေတော့ဘူးလေ။ ဇေယျာ ထိုဧည့်သည်ကို ပြုံးပြရင်း albumကို ရှေ့သို့ တိုးပေးလိုက်သည်။ ဒါပေမယ့် ထိုဧည့်သည်က albumကို မကြည့်ဘဲ ပြောသည်။

"ဟိုလေ အစ်မ ပန်းခြင်းလေးမှာချင်တာ၊ ပန်းစည်းတော့ မဟုတ်ဘူး"

"ဟုတ် ဒီalbumထဲမှာ ပန်းခြင်း ပုံစံ မျိုးစုံ ရှိတယ်အစ်မ"

ဇေယျာ ထိုalbumကို ညွှန်ပြရင်း ပြောလိုက်သည်။
ဒါပေမယ့် ထိုအစ်မက albumကို ဘေးသို့ ရွေ့လိုက်သည်။
ပြီးတော့လည်း ဆက်ပြောသေးသည်။

"အစ်မက အစ်မကောင်လေးကို surpriseပန်းခြင်းလေး ပေးချင်တာ။ သူ့မွေးနေ့ကလည်း ရောက်တော့မယ်လေ"

"ဟုတ်လား"

ဇေယျာ ပြုံးရင်း ပြောလိုက်သည်။ ထိုဧည့်သည့်ကတော့
ဇေယျာပြောတာကို နားမထောင်ဘဲ ဆက်ပြောပြန်သည်။

"ကောင်လေးကို ပေးမှာဆိုတော့ ပန်းဆိုရင် တစ်မျိုးဖြစ်နေမှာပေါ့။ အဲ့တာကြောင့် အရက်တို့၊ ဘီယာတို့ ပြီးရင် ဆေးလိပ်တို့ vapeတို့ပါတဲ့ ပန်းခြင်းလေး ပေးချင်တာ။ ပြီးတော့ surprise giftလေးကောလေ"

"ဟုတ်ရပါတယ်....ပန်းခြင်းကတော့ ဈေးတော့များလိမ့်မယ်။ surprise giftကတော့ အစ်မ ပေးချင်တဲ့ လက်ဆောင်ကို လာပေးထားရုံပါဘဲ။ ကျွန်တော်တို့က အဆင်ပြေသလို၊ သို့မဟုတ် အစ်မလိုချင်တဲ့ ပုံစံမျိုး ထုတ်ပေးမှာပါ"

ဇေယျာ အတတ်နိုင်ဆုံး ပြုံးကာ ပြောလိုက်တော့သည်။

"ရတယ် မောင်လေး ဈေးဘယ်လောက်များများရတယ်၊ အလှဆုံးသာ လုပ်ပေး"

"ဟုတ်"

ဇေယျာ ပြောရင်း ထပ်ပြုံးလိုက်ပြန်သည်။

ဒီလိုနဲ့ ထိုဧည့်သည်လည်း သူလိုချင်တဲ့ ပုံစံကို ပြောပြပြီး ပြန်သွားလေတော့သည်။

ဇေယျာ ဖုန်းကို ကြည့်လိုက်မိသည်။

"ဆယ့်တစ်နာရီတောင် ခွဲတော့မှာပါလား" လို့ ဇေယျာ တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုချိန် မိုးထက်တစ်ယောက် နှင်းဆီပန်းပုံးနဲ့ ပန်းခြင်းအလွတ်နဲ့ သယ်ရင်း ရောက်လာတော့သည်။

ပထမလာတဲ့ အစ်မနဲ့ တိုင်ပင်ပြီးသွားတော့ နောက်တစ်ယောက် ထပ်ရောက်လာသည်။ Birthday present အတွက် ပန်းခြင်းလေး လုပ်ပေးပါတဲ့လေ။ ထိုပန်းခြင်းထဲမှာလည်း လက်ဆောင် ထည့်မယ်ဆိုပြီး လက်ဆောင်ပါ ပေးသွားတော့တာ။ ပြီးတော့ ညနေ လာယူမယ်ဆိုပြီးတော့လဲ ချိန်းသွားသေးသည်။ ဒါကြောင့် မိုးထက်က ပန်းခြင်းလုပ်ဖို့ ပစ္စည်းတွေ သယ်လာနေတော့တာပေါ့။

ဇေယျာ ဖုန်းကို ထပ်ကြည့်လိုက်ပြန်သည်။ ဘာဖုန်းဆက်ထားတာမှ မရှိ၊ ဘာmessageမရှိ ဖြစ်နေလေသည်။ မနက် အစောကြီး ကတည်းက ခုချိန်ထိအောင် ဖုန်းမခေါ်သေးဘူး။ ဖုန်းမခေါ်တဲ့ အပြင် messageပါ မပို့ထားဘူး။ အဆိုးဆုံးကတော့ လိုင်းပေါ် ရှိမနေတာဘဲ။ ဘေးက မိုးထက်က
ဇေယျာ ဖုန်းတစ်ကြည့်ကြည့်နဲ့ လုပ်နေတာကို မြင်ပြင်းကပ်လာပြီနှင့် တူသည်။ ဇေယျာ့ကို ကြည့်ပြီး ပွစိပွစိ လုပ်နေတော့၏။

ဇေယျာ နှင်းဆီပန်း တစ်ပွင့်ကို ယူလိုက်သည်။ ပြီးနောက် သူ့ရဲ့ အရိုးရှည်ရှည်မှာ တွယ်ကပ်နေတဲ့ အစိမ်းရောင် အရွက်တွေကို ချွေနေတော့သည်။ ချွေနေရင်းကနေလဲ တွေးနေမိသည်။ အရင်လို ထားခဲ့ပြန်ပြီလား ဆိုပြီးတော့ပေါ့။ ထိုချိန် ဖုန်းလေးက message၀င်လာတော့သည်။ ဇေယျာ ဖုန်းကို အလောတကြီး ကောက်ကိုင်ပြီး ကြည့်လိုက်သည်။ Telenorက လက်ကျန်ငွေ ဘယ်လောက်ကျန်သလဲ ပို့တဲ့စာ ဖြစ်လို့နေသည်။ ဇာမဏီဟိဏ်းဆီက စာမဟုတ်တော့
ဇေယျာ တစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်လို့ သွား‌
လေသည်။

မိုးထက်ကတော့ ဇေယျာ့ကိုကြည့်ပြီး ခေါင်းခါနေလေသည်။
ပြီးတော့လည်း ဇေယျာ့ကို စောင်းပြောလိုက်သေးသည်။

"ဘယ်သူလဲ မသိဘူးနော် ပန်းခြင်းလည်း ကူမလုပ်ဘဲနဲ့ ဖုန်းကို ကြည့်ပြီး messageမျှော်နေတာ"

မိုးထက် သူ့ဘာသာပြောရင်း တခိခိနဲ့ ရယ်နေတော့၏။
ဇေယျာလည်း မိုးထက်ကို တစ်ချက် ကြည့်လိုက်ပြီး နှင်းဆီပန်း အရွက်တွေ ပြန်ချွေနေလိုက်သည်။ ထိုချိန်မှာ မိုးထက်က ပြန်ပြောလာပြန်သည်။

"အကိုရယ် မနက်တုန်းကလို ပျော်ပျော်လေး နေလိုက်ပါ။ အကိုဇာမဏီဟိဏ်းက အလုပ်များနေလို့ နေမှာပါ"

"အလုပ်များနေတယ်ဆိုလဲ အလုပ်များနေကြောင်း messageလေးတော့ ပို့ထားရမှာပေါ့။ မဟုတ်ရင်လည်း messengerမှာ ပြောထားရမှာပေါ့လို့"
ဇေယျာ စိတ်ပူတဲ့ အသံ အပြည့်နဲ့ ပြန်ပြောလိုက်သည်။

"မေ့နေလို့ ဒါမှမဟုတ် သတိမရလို့ နေမှာပေါ့" ဆိုကာ
မိုးထက်က ပြန်ဖြေသည်။

"မဟုတ်လောက်ဘူး"

ဇေယျာ ပြန်ဖြေလိုက်တော့ မိုးထက်က ဇေယျာ့ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဟုတ်တော့လည်း ဟုတ်တာဘဲလေ။ မိုးထက်က စိတ်မပူရအောင် ပြောပေမယ့်လည်း
ဇေယျာက ဘူးခံပြီး ငြင်းနေလို့ဘဲလေ။ ဇေယျာသာ တစ်ခြားတစ်ယောက်နဲ့ ပြောနေတယ် ဆိုရင်လည်း တစ်ခြားတစ်ယောက်လဲ မိုးထက်လို လုပ်မှာ အမှန်ပင်။

"တစ်ကယ် ထားသွားပြီလား"

ဇေယျာ ရုတ်တရက် ပြောထွက်သွားသည်။ မိုးထက်ကတော့ ကြောင်ပြီး ဇေယျာကို ကြည့်နေလေသည်။

"ထားသွားခဲ့တာလား၊ မထားသွားခဲ့ဘူးလားဆိုတာကတော့ အကိုဇာမဏီဟိဏ်းရှိတဲ့ နေရာသာ လိုက်တာသွားကြည့်တော့ အကိုရေ"

မိုးထက်က နှင်းဆီပန်းတစ်ခုကို ယူလိုက်ပြီး စိတ်မရှည်တဲ့ အသံဖြင့် ဇေယျာ့ကို ပြောလိုက်တော့သည်။

ဇေယျာ ထိုင်နေရာကနေ ရုတ်တရက် ထရပ်လိုက်သည်။ မိုးထက်က လန့်သွားတာနေမယ်၊ ဇေယျာ့ကို ကြောင်ကြည့်နေတော့‌သည်။ ဇေယျာ မိုးထက်ဘက် လှည့်ပြီး သူ့ပါးကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်ကာ ပြောလိုက်သည်။

"မိုးထက်ရေ တော်လိုက်တာ၊ ဘာလို့ အဲ့လို မစဉ်းစားမိပါလိမ့်"

ဇေယျာ ပြောနေတဲ့ စကားကို မိုးထက်က နားမလည်သလို ပုံစံဖြင့် ကြည့်နေသည်။ ဇေယျာလည်း မိုးထက် ပါးကို ကိုင်ထားတာ သတိရတော့မှ လွတ်လိုက်‌တော့သည်။ ပြီးတော့ ကောင်တာ နားသွားကာ အိမ်သော့ကို ယူလိုက်သည်။ သော့ယူပြီး မိုးထက်နားကို ပြန်လာသည်။ မိုးထက်ကို ပြုံးပြပြီး ပျာပျာသလဲဖြင့် ဆိုင်ပြင် ထွက်သွားလေတော့သည်။ ပြီးနောက် ဇေယျာ တစ်ယောက် ဆိုင်ထဲကို ပြန်ရောက်လာတော့သည်။

မိုးထက်မှာတော့ မျက်စိ နောက်လို့နေလေပြီ။ ဇေယျာမှာ မိုးထက်ကို ထပ်ပြုံးပြပြီး ကောင်တာနားက လွယ်အိတ်လေးကို ကောက်ယူလိုက်သည်။ ဇေယျာ ဆိုင်ပြင်ကို ထွက်မည့်ဆဲဆဲတွင် မိုးထက်က လှမ်းမေးသည်။

"အကို ဘယ်သွားမလို့လဲ"

"မိုးထက်ဘဲ ထားသွားလား၊ မထားသွားဘူးလား ဆိုတာကို သိအောင်လုပ်ဆို"

ဇေယျာ နောက်လှည့်ကာ ဖြေလိုက်သည်။ ပြီးတော့ ပြန်ထွက်သွားသည်။ မိုးထက်မှာတော့ ဇေယျာထွက်သွားတော့မှသာ သက်ပျင်းချလိုက်ရလေသည်။ ထို့နောက် ဇေယျာ ပြန်ရောက်လာ ပြန်သည်။ ဒီတစ်ခါတော့ ဆိုင်ထဲ မ၀င်တော့။ တံခါးကနေ ဇေယျာ့ခေါင်းက ပြူထွက်နေလေသည်။ ပြီးနောက် မိုးထက်ကို လှမ်းခေါ်လိုက်သည်။

"မိုးထက်"

မိုးထက် လန့်သွားသည်။ နားရွက်ကို ကိုင်ကာ တစ်ခုခု ရွတ်လိုက်တော့သည်။ ပြီးမှ ဇေယျာ့ကို ကြည့်လိုက်လေသည်။
ဇေယျာလည်း မိုးထက်ကို အားနာတဲ့ အပြုံးလေး ပြုံးလိုက်သည်။ ပြီးမှ မိုးထက်ကို မှာစရာရှိတာ မှာရတော့သည်။

"မိုးထက် အကို ဆိုင်ကို ပြန်လာမှာလား၊ မလာဘူးလားဆိုတာ သေချာ မသိသေးဘူး။ အကို မလာဘူးဆိုရင် ဆိုင်ပိတ်ပြီးတော့ သော့သာ ယူထားလိုက်တော့နော်။ ပြီးတော့ နေ့လည်စာ အကို၀ယ်ကျွေးမယ် ပြောထားတယ်မလား။ စားချင်သာတာ မှာပြီး စားလိုက်တော့နော်"

"ဟုတ် အကို"

မိုးထက် ဖြေပြီးသည်နှင့် ဇေယျာ တံခါးပိတ်လိုက်သည်။ ပြီး‌နောက် ပြုံးလိုက်ပြီး အိမ်ကိုသာ အမြန်ဆုံးသော ခြေလှမ်းဖြင့် လျှောက်သွား လိုက်တော့သည်။ အိမ်ရောက်တော့
ဇေယျာ ရေချိုးဖို့ ရေချိုးခန်းထဲ အရင်၀င်လိုက်သည်။ ပြီးနောက် တံပတ်လေးကို အောက်ပိုင်းမှာ ပတ်ထားလိုက်ပြီး အ၀တ်အစား ရွေးနေလေသည်။ အချိန်အတော် ကြာ ရွေးနေပြီးမှ ခု၀တ်ဖို့ အကျီနဲ့ ဘောင်းဘီကို ထုတ်လိုက်ကာ ဝတ်လိုက်တော့သည်။ အဝတ်အစား ဝတ်ပြီးသည်နှင့် မှန်တင်ခုံနား သွားကာ မျက်နှာလိမ်း ပစ္စည်းတွေနဲ့ အလုပ်ရှုပ်နေပေသည်။

အားလုံးပြင်ဆင်ပြီးသည်နှင့် ဇေယျာ တစ်ယောက် ဇာမဏီဟိဏ်း ဆီသွားဖို့ အခန်းထဲနေ ထွက်လိုက်လေသည်။ လှေကား တစ်ထစ်ချင်းဆီ ဆင်းပြီး ကားနားသို့ သွားလိုက်သည်။ ကားလေးဟာ ရပ်နေရာမှ တရွေ့ရွေ့ဖြင့် လှုပ်လာတော့သည်။
ဇေယျာ အစကတော့ ဇာမဏီဟိဏ်းဆီ တန်းတန်းမတ်မတ် သွားဖို့ စဉ်းစားထားလေသည်။ ပြီးကာမှ ကားကို ကြေးအိုးဆိုင်သို့ ဘက်ပြောင်းလိုက်လေတော့သည်။ ကြေးအိုးဆိုင်မှာ လူများနေတာနဲ့ ခဏ စောင့်လိုက်ရသည်။ ဆယ့်ငါးမိနစ်ကြာတော့မှ ကြေးအိုး နှစ်ပွဲ ပါဆယ်ကို waiterက ဇေယျာကို လာပေးတော့သည်။

ဒီတော့ ဇေယျာလည်း ကြေးအိုးဆိုင်က ထွက်ခဲ့လိုက်လေသည်။ ပြီးနောက် ကားကို cafe ဆိုင်သို့ ဦးတည်လိုက်ပြန်သည်။ Cafe ကနေ ကော်ဖီခါးခါးလေး နှစ်ခွက် ၀ယ်လာခဲ့လိုက်သည်။ ပြီးတော့မှ ကားကို ဇာမဏီဟိဏ်း ကုမ္ပဏီသို့ ဦးတည်လိုက်တော့သည်။

ဇေယျာ တစ်ယောက် ကားမောင်းနေရင်း ၀ယ်လာတဲ့ ကြေးအိုးနဲ့ ကော်ဖီကို ကြည့်ကာ ကြည်နူးနေတဲ့ အပြုံးဖြင့် ပြုံးလိုက်သည်။ ကားလေးဟာ "Shine Company" ဆိုသည့် တိုက်ကြီးရှေ့မှာ ရပ်သွားပါလေသည်။

ဇေယျာ ကားပေါ်က ဆင်းကာ ကြေးအိုးထုပ်နဲ့ ကော်ဖီခွက်ကို ယူလိုက်သည်။ ပြီးနောက် ကုမ္ပဏီ ရှေ့မှာ ခဏ ရပ်ကာ အသက်ကို ပြင်းပြင်း ရှုရှိုက်လိုက်သည်။ ဆောင်းရာသီဆိုပေမယ့် နေ့လည်ခင်းမှာ နေကျစ်ကျစ်တောက် ပူနေပေသည်။ ဇေယျာ နေပူထဲမှာ ရပ်နေမိတာကြောင့် ပူသလိုဖြစ်လာသည်။ အနွေးထည်ကုတ်ကိုလည်း ၀တ်ထားသေးတာ ဆိုတော့။ ဇေယျာ ချက်ချင်းဘဲ ကုမ္မဏီထဲ ၀င်သွားလိုက်သည်။

အထဲ ၀င်သွားလိုက်တာနဲ့ airconက ထွက်တဲ့ လေပူလေးတွေ ခံစားလိုက်ရသည်။ ဇေယျာ ကောင်တာနား သွားကာ
ဇာမဏီဟိဏ်း နာမည်ကို အပြည့်အစုံဘဲ ပြောရသေးသည်။ ကောင်တာမှာ ထိုင်နေတဲ့ ကောင်မလေးက အပေါ်ထပ်ကို သွားဖို့ လမ်းညွှန်လာပါတော့သည်။ ဇေယျာလည်း ဘာမှမေးမနေတော့ဘဲ အပေါ်ထပ်ကို တက်သွားလိုက်လေသည်။

အပေါ်ထပ်ကိုရောက်တော့ ဇာမဏီဟိဏ်းရဲ့ အတွင်းရေးမှူက ရှိမနေဘူးလေ။ ခါတိုင်းဆို ဇာမဏီဟိဏ်း ရုံးခန်းရဲ့ တံခါး အနီးက ကောင်တာမှာ ရှိနေကြလေ။ အတွင်းရေးမှူးလည်း မရှိဘူးဆိုတော့ ဇေယျာ ဒီအတိုင်းဘဲ ၀င်သွားလိုက်သည်။ ရုံးခန်းထဲလည်း ရောက်ရော ဇာမဏီဟိဏ်း ရှိမနေတာကို ဇေယျာ သတိထားမိလိုက်လေသည်။ ဒါနဲ့ ဇေယျာ တစ်ယောက် အောက်ထပ်ဆင်းပြီးတော့ ဘယ်သွားလဲဆိုတာ မေးမလို့ စဉ်းစားလိုက်သည်။ ပြီးကာမှ အစည်းအဝေးသွားနေတာ နေပါလို့ ဇေယျာ ကိုယ့်ဘာသာ ဖြည့်တွေးလိုက်သည်။ ဒါနဲ့ဘဲ
ဇေယျာ ရုံးခန်းထဲ ၀င်သွားပြီးတော့ ကြေးအိုးနဲ့ ကော်ဖီကို စားပွဲပေါ် တင်ထားလိုက်သည်။ ပြီးတော့ ဆိုဖာမှာ ထိုင်လိုက်တော့သည်။ airconက လေပူတွေထွက်နေတာမလို့ ဇေယျာ အပေါ်ထပ် ကုတ်ကို ချွတ်ထားလိုက်ရသည်။

ဇေယျာ ထိုင်စောင့်နေတာ နာရီ၀က်တောင် ရှိလုနီးပါးဖြစ်နေလေပြီ။ ဒါပေမယ့်လည်း ဇေယျာ ထပ်စောင့်လိုက်သည်။ စောင့်နေရင်းမှ ဇေယျာ နာရီကို တစ်ချက် ပြန်ကြည့်လိုက် ပြန်လေသည်။ ပြီးတော့ ကြေးအိုးကို လက်ကလေးနဲ့ အသာလေး စမ်းကြည့်လိုက်သည်။

"ပူနေသေးပါလား" ဆိုကာ ဇေယျာ တီးတိုး ရွတ်ဆိုလိုက်သည်။

စောင့်နေရာတာ ကြာလာတော့ ဇေယျာလည်း ပျင်းလို့လာလေသည်။ ဒါနဲ့ ဆိုဖာမှာ ထိုင်နေရာကနေ ထပြီးတော့ အညောင်းဆန့်သည်။ ပြီးနောက် ဟိုကြည့်ဒီကြည့်ဖြင့် လုပ်နေတော့သည်။ ဟိုဟိုဒီဒီ ကြည့်နေရင်းမှ ဇေယျာ နာရီကို ထပ်ကြည့်မိလိုက်ပြန်သည်။ ၁နာရီတောင် ထိုးသွားချေပြီ။
ဇေယျာ ရောက်တုန်းက ၁၂အတိလေ။ ဒီတော့ ဇေယျာလည်း ဆိုဖာမှာ ပြန်သွားထိုင်လိုက်လေသည်။

ဇေယျာ ထိုင်ရုံခါစသာ ရှိသေးသည် တံခါးက ရုတ်တရက်ကြီး ဖွင့်လာတော့သည်။ ဇေယျာလည်း ထိုင်ခါစကနေ ချက်ချင်း ရပ်ကာ နောက်ကို ကြည့်လိုက်သည်။ နောက်ကို လှည့်နေတုန်းမှာလဲ မျက်စိမှိတ်ထားတော့သည်။ စိတ်ထဲတွင်လည်း ကိုဟိဏ်း ဖြစ်ပါစေဟု ဇေယျာ တွေးနေမိလေသည်။ ဇေယျာ အတော်ကြာ မျက်စိမှိတ်ထားရာကကို ဖွင့်ကြည့်လိုက်တော့ ဇာမဏီဟိဏ်း ရပ်နေတာကို တွေ့လိုက်ရ‌လေသည်။ ဒါကြောင့် ၀မ်းသာအားရဖြင့် ဇေယျာ တစ်ယောက် ဇာမဏီဟိဏ်းနား သွားကာ အားရပါးရ ဖက်လိုက်ပါလေသည်။

ဇေယျာ ဘယ်လောက်တောင် ဖက်ထားမိတယ် မသိပါဘူး။ ဇာမဏီဟိဏ်းက ချောင်းဟန့်တော့မှ ဇေယျာလည်း ဖက်ထားတာကနေ လွတ်လိုက်ရသည်။ ဇေယျာလွတ်လည်း ပြီးရော ဇာမဏီဟိဏ်းဘေးနားက အတွင်းရေမှူး ကောင်မလေးက "ဆရာ"ဆိုပြီး လှမ်းခေါ်လာလေသည်။ အဲ့နောက်မှာ ဇာနဏီဟိဏ်းရဲ့ ကမ္ဘောဒီးယား၊ မြန်မာ ကပြားအသံဖြစ်သည့် အသံဩဩက ထွက်လာတော့သည်။

"ခဏ နားကြတာပေါ့"

ဇာမဏီဟိဏ်းလည်း ပြောပြီးရော နောက်မှာ ရပ်နေတဲ့သူတွေက အသီးသီး ထွက်ခွာသွားကြတော့သည်။ ဇာမဏီဟိဏ်းရဲ့ အတွင်းရေမှူးလည်း ကိုယ့်နေရာကို ပြန်သွားလေသည်။ တံခါး၀ရှေ့တွင် ဇေယျာနဲ့ ဇာမဏီဟိဏ်း နှစ်ယောက်သာ ရှိကြလေတော့သည်။ ဇေယျာ ဇာမဏီဟိဏ်းကို ဘေးကနေ ရပ်ကြည့်နေတော့သည်။ ထိုအချိန်မှာ ဇာမဏီဟိဏ်း ‌တစ်ယောက် ဇေယျာ့လက်ကို ဆွဲကာ အခန်းထဲ ခေါ်သွားပါလေတော့၏။

ဇာမဏီဟိဏ်းရဲ့ အားနဲ့မလို့ ဇေယျာ ဒီအတိုင်းလေး ပါသွား‌ လေသည်။ တံခါးတောင် ပိတ်ချိန်မရလိုက်ပေ။ ဒါပေမယ့် ဇာမဏီဟိဏ်းရဲ့ အတွင်းရေးမှူးက လာပြီး ပိတ်ပေးသွားတော့သည်။ ဇာမဏီဟိဏ်းက လက်ကို ဆွဲထားတော့ ဇေယျာလည်း စိတ်ဆိုးသွားတယ်လို့ ထင်မိသွားသည်။ ဒါနဲ့ဘဲ ဇေယျာ ရှင်းပြဖို့ ပြင်လိုက်သည်။

"ဇေယျာ......မသိလိုက်......."

စကားပင် မဆုံးလိုက် ဇေယျာ့ကို ရင်ခွင်ထဲ ထည့်ကာ ထွေးပွေ့ထားတော့သည်။ ဇေယျာမှာ ရုတ်တရက်ဆိုတော့ လန့်သွားရတော့သည်။ ပြီးတော့လည်း ဖက်ထားရင်းနဲ့ ဇာမဏီဟိဏ်း တစ်ယောက် တိုးတိုးတိုးတိုးနဲ့ ပြောနေသေး၏။

"လွမ်းနေတာ....အရမ်းကို လွမ်းနေမိတာ"

ဇေယျာ့ရဲ့ ကိုယ်ကို ခွာပြီး ထပ်ပြောပြန်သည်။

"ကို အရမ်းလွမ်းနေတာ ချစ်ကို အရမ်းလွမ်းတာဘဲ"

ပြောလည်း ပြောပြီးရော့ ဇေယျာ့ကို ရင်ခွင်ထဲထည့်ကာ ပြန်ဖက်ထားဖို့ ပြင်သည်။ ဒါနဲ့ ဇေယျာလည်း လက်ဖြင့် ဇာမဏီဟိဏ်း ရင်ဘက်ကို ထောက်ပြီး ဟန့်တားလိုက်သည်။ ဇာမဏီဟိဏ်းကတော့ ဇေယျာ့ကို အံ့ဩသလို ကြည့်လာတော့တာပေါ့။ ဇေယျာ ချက်ချင်းဘဲ ဇာမဏီဟိဏ်း ရင်ဘက်ကို ရိုက်လိုက်သည်။ တစ်ခါဘဲ ရိုက်တာမဟုတ်။ အထပ်ထပ်အခါခါ ရိုက်လိုက်သည်။ ရိုက်နေရင်းနဲ့လည်း ပြောလိုက်သေးသည်။

"လွမ်းတယ်ဆို ဘာလို့ တစ်ယောက်ထဲ ထားခဲ့လဲ။ ပြီးတော့ ဘာလို့ ဖုန်းမဆက်တာလဲ။ messageလေး တစ်စောင်တောင် မပို့ဘူး.... မုန်းတယ်"

ဇေယျာ ရိုက်ပြီး ဆိုဖာနား ပြန်လာထိုင်လိုက်သည်။ ဇာမဏီဟိဏ်းကတော့ သူ့ရင်ဘက်ကို ပွတ်နေလေသည်။ ဇေယျာ မျက်စောင်းထိုး ကြည့်နေတယ် ဆိုတော့မှ ဇာမဏီဟိဏ်းလည်း ဆိုဖာနားလာထိုင်တော့သည်။

"တစ်ကယ် ကိုဟိဏ်းကို မုန်းနေပြီလား"

ဇာမဏီက စိတ်ပူတဲ့ လေသံဖြင့် ဇေယျာကို မေးလိုက်သည်။

"မုန်းမလား.....မုန်းလို့ရှိရင် ဒီလို အစားအသောက်တွေ ယူလာပေးပါ့မလား စဉ်းစားကြည့်လေ" ဆိုကာ
ဇေယျာ ပြောပြီး တစ်ဖက်သို့ လှည့်လိုက်သည်။

ထိုမှ ဇာမဏီဟိဏ်း ဟိုဘက် ဆိုဖာကနေ ဇေယျာနား ရောက်လာသည်။ ပြီးတော့ ဇေယျာ့ ပခုံးလေးကို အသာလေးကိုင်ပြီး လှုပ်ကာ ပြောသည်။

"ချစ်ကလည်း ကိုမေ့သွားလို့ပါ။ အစည်းအဝေးတွေကလည်း ဆက်တိုက်ရှိနေတော့ ဖုန်းကို ကြည့်မအားလို့ပါ နော်....နော်....နော်"

"ဟွန့်"

ဇေယျာ ဇာမဏီကို မကြည့်ဘဲ တစ်ဖက်သို့ လှည့်နေတုန်းပင်။

"ချစ်ကလည်း နော်လို့ နော်........"

ဇာမဏီ အသံက တစ်ဖြည်းဖြည့်ဖြင့် ချွဲပျစ်လို့လာလေသည်။

"ဗိုက်ဆာပြီ ကြေးအိုးစားမယ်"

ဇေယျာ ရယ်ချင်စိတ်ကို မနည်းထိန်းပြီး ပြောလိုက်ရသည်။

"ဟုတ်ပြီ စားကြမယ်လေ"

ဇာမဏီဟိဏ်း ပြောရင်း အပြင်ပြန်ထွက်သွားသည်။ ပြီးနောက် ပန်းကန်လုံးတွေ ကိုင်ရင်း ပြန်ရောက်ချလာသည်။ ကြေးအိုး နှစ်ထုတ်ကို ပန်းကန်သပ်သပ်စီ ခွဲလိုက်ကြသည်။ ဇေယျာမှာ ဇာမဏီဟိဏ်းကို ကြည့်ရင်း စချင်လာသည်။

"ချစ်ကလည်း နော်လို့ နော်....."

ဇေယျာ တစ်ယောက် ဇာမဏီဟိဏ်းနှင့် အသံတူအောင် လုပ်ပြီး ပြောလိုက်သည်။

"ဘာလဲ စနေတာလား၊ အင်းပါ အလုပ်တွေပြီးမှ မစနိုင်အောင် လုပ်ပစ်မယ်" ဟု ဇာမဏီဟိဏ်း ပြုံးရင်း ပြောလိုက်တော့သည်။

ဒီလိုနဲ့ ဇေယျာတို့နှစ်ယောက် ကြေးအိုး စားကြလေသည်။ မ၀မှာစိုးလို့တဲ့ ကိုဟိဏ်းက ဖက်ထုပ်ကြော် ထပ်မှာတော့တာ။ ခု ကြေးအိုးကော၊ ဖက်ထုပ်ကြော်ကော စားပြီး ဗိုက်ကားလို့နေလေပြီ။ ဇေယျာ တစ်‌ယောက် ထပ်ပြီး မစားနိုင်တော့ပါ။ ကော်ဖီတောင် ၀င်အုန်းမလား မသိ။ ဇေယျာ မအီမသာ မျက်နှာဖြင့် ဇာမဏီဟိဏ်းကို ကြည့်လိုက်သည်။ ကြေးအိုးကော ဖက်ထုပ်ကြော်ကော စားနေလိုက်တာ မြိန်ရေယှက်ရေဘဲ။ ဇေယျာ့ ကြေးအိုးကတော့ ပြောင်သလင်းခါသွားပြီ။ ဖက်ထုပ်ကတော့ တစ်ခုနှစ်ခုလောက်ဘဲ စားတာလေ။

ဇေယျာ ဇာမဏီဟိဏ်းကို ဒီအတိုင်းလေး ကြည့်နေမိတော့သည်။ ပြောရရင် ဇာမဏီဟိဏ်း စားနေတာက ဗိုက်ဆာလို့ စားနေတဲ့ပုံစံ ဖြစ်နေလို့ဘဲလေ။ ဒါပေမယ့် ဇေယျာတို့လို ပလုတ်ပလောင်းကြီး စားနေတာ မဟုတ်။ သူ့ကိုကြည့်လိုက်ရင် မင်္ဂလာပွဲမှာ စားနေတဲ့ အတိုင်းဘဲ။ ဇေယျာတို့လို ဘဲများပြီး စားနေသည့် အတိုင်းပင်။ ဇေယျာ ကြည့်နေမိတော့ ဇာမဏီဟိဏ်းက ရိပ်မိသွားတော့သည်။ ဇေယျာ့ကို ပြုံးပြလာသည်။ ပြီးတော့ အသံဩဩဖြင့် ပြောလိုက်သေးတာ။

"မနက်စာ မစားရသေးလို့လေ"

"ဖြေးဖြေးစားပါ နင်နေအုန်းမယ် ကိုဟိဏ်းရယ်"

ဇေယျာ ကော်ဖီ အေးအေး တစ်ငုံ သောက်လိုက်ပြီး ပြောလိုက်သည်။

"ဟုတ်ကဲ့ပါဗျ"

ဇာမဏီဟိဏ်းလည်း ဇေယျာ့ကို ပြန်ပြောပြီး ဆက်စားနေ လေသည်။

ဇေယျာလည်း ကော်ဖီသောက်ရင်း ဇာမဏီဟိဏ်းကို ဆက်ကြည့်နေလိုက်တော့တာပေါ့။ ဒီလိုနဲ့ ကိုဟိဏ်းလည်း စားလို့သောက်လို့ပြီးလို့ အလုပ်စားပွဲက ထိုင်ခုံပေါ်မှာ ရောက်ပြီး အလုပ်လုပ်နေလေပြီ။ ဇေယျာကတော့ ဆိုဖာပေါ်မှာ လှဲလျောင်းရင်း ဖုန်းကလိနေတော့တာပေါ့။ ဇေယျာ့ကို ဆိုင်ပြန်လိုက်ပို့မယ်လို့ ပြောပေမယ့် ဇေယျာက အပို့မခံပါ။ ဒီအတိုင်း ငြိမ်ငြိမ်လေး နေမယ်ဆိုပြီး နေနေတာ ဖြစ်သည်။ ဆိုဖာပေါ် လဲရင်း ဖုန်းသုံးနေတာ ပျင်းလာတော့သည်။ ဇေယျာ နာရီကို ကြည့်လိုက်မိသည်။ ၄နာရီခွဲတောင် ရှိလို့နေလေပြီ။ ဇေယျာ ဇာမဏီဟိဏ်းကို တစ်ချက် ကြည့်လိုက်သည်။ laptopကို အားစိုက်ကာ ကြည့်နေတော့သည်။ ဇေယျာ ကြည့်နေရင်းမှ တစ်ချက် သန်းလိုက်သည်။

လူက အရမ်းကို အိပ်ချင်နေပြီဘဲ ဖြစ်သည်။ မနက်က အစောကြီး ထရတာကိုး။ ဇေယျာ မျက်လုံတွေ လေးလေးပင်ပင် ဖြစ်လာသည်။ ပြီးနောက် အိပ်ပျော်သွားတော့သည်။ နောက်ဆုံး ဇေယျာရဲ့ မျက်လုံးထဲမှာ ဇာမဏီဟိဏ်းကို ပြုံးပြီး စကားပြောနေတာကိုဘဲ မြင်ယောင်မိတော့သည်။

ဇေယျာ အလင်းစူးစူးကြီးကြောင့် နေရခက်လာသည်။ ပြီးတော့ ဟင်းနံ့နဲ့တူတဲ့ အနံ့ကလည်း ဇေယျာကို ထလာဖို့ ဆွဲဆောင်နေလို့ပင်။ ဇေယျာ တစ်ယောက် ပျင်းကြောဆွဲကာ ထလာသည်။ မျက်လုံးကို လက်ဖြင့် သာသာလေး ပွတ်လိုက်ပြီးနောက် ဘေးဘီကို လှည့်ကြည့်လိုက်သည်။ ပြီးတော့ ပတ်၀န်းကျင်ကလည်း ဇေယျာ့အတွက် ရင်းနှီးလို့ နေလေသည်။
ဇေယျာ ဆိုဖာကနေ ထလိုက်ကာ အနီးအနားကို ကြည့်လိုက်မိတော့သည်။ ပြီးကာမှ ဒါ ကိုဟိဏ်းနဲ့ ငါနဲ့ တူတူနေခဲ့တဲ့ အိမ်ပါလား ဆိုပြီး ဇေယျာ သတိရတော့သည်။

ထို့နောက် ဇေယျာ ဟင်းနံ့လေးလာရာ မီးဖိုဘက်ကို ချက်ချင်း သွားလိုက်လေသည်။ မီးဖိုဘက်ကို ရောက်ရောက်ချင်း ဒယ်အိုး တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ချစ်ရသူ ဇာမဏီဟိဏ်းကို ဇေယျာ တွေ့တော့သည်။ ဒါနဲ့ ဇေယျာ အနားသွားလိုက်သည်။ ဇာမဏီဟိဏ်းကတော့ အလုပ်ရှုပ်နေတော့ ဇေယျာ့ကို ကြည့်မအား။ ဒီအတိုင်း ဟင်းချက်နေရင်း ပြောလာသည်။

"နိုးပြီလား"

"အင်း....အဲ့တာ ဘာလုပ်နေတာလဲ"

ဇေယျာ ကြောင်တောင်တောင်ရုပ်လေးဖြင့် မေးလိုက်သည်။

"အော်....ဂျုံခေါက်ဆွဲကို ဆီချက်လုပ်မလို့လေ"

ထုံးစံအတိုင်း ဇာမဏီဟိဏ်းက မအားတဲ့လေသံဖြင့် ပြန်ဖြေသည်။

"ခဏက မွှေးမွှေးလေးနဲ့ ဟင်းနံ့ကရော"

ဇေယျာ တစ်ခြားဟင်းများ ချက်ထားလေမလား အထင်နှင့် မေးလိုက်သည်။

"အော် အဲ့တာလား ငရုတ်သီးနဲ့ ကြက်သွန်ဖြူ ဆီသက်တာလေ"

ဇာမဏီဟိဏ်း ပြော‌လိုက်တော့ ဇေယျာ မျက်နှာမှာ ပြုံး နေရာကနေ မဲ့ကျသွားသည်။ ပြီးတော့ စားပွဲဝိုင်းမှာ သွားထိုင်လိုက်သည်။ မကြာပါဘူး ဇာမဏီဟိဏ်းကနေပြီးဆီချက်ခေါက်ဆွဲ ပန်းကန်ကို စားပွဲပေါ် တင်လာတော့သည်။ ပြီးတော့လည်း ပြောသေးတာ။

"ဒါက ကိုတို့ ငယ်ငယ်တုန်းက ကိုတို့အမေ လုပ်ကျွေးနေကြလေ။ အမေ့လောက်တော့ လက်ရာမကောင်းပေမယ့်လို့ စားကောင်းမယ်လို့တော့ အာမခံတယ်"

"ဟုတ်ပါပြီ"

ဇေယျာ ဇာမဏီဟိဏ်းကို ပြုံးပြရင်း ဖြေလိုက်သည်။

ခေါက်ဆွဲကို စားမလို့ ပြင်လိုက်ရင်းမှ ဒီကို ဘယ်လိုရောက်လာရသလဲ ဆိုတာ သတိရတော့သည်။
ဒါကြောင့် ဇေယျာ တူကို ဘေးမှာချလိုက်ပြီး မေးလိုက်‌လေသည်။

"ဒါနဲ့လေ ဇေယျာ ဒီကို ဘယ်လိုရောက်လာတာလဲ"

"ဒီကိုလား"

ဇာမဏီဟိဏ်းမှာ ခေါက်ဆွဲ တစ်လုပ်စားရင်း ‌ပြန်ပြောသည်။

"ဟုတ်တယ်လေ"

"ဒီလိုလေး ပွေ့လာတာလေ"

ဇာမဏီဟိဏ်း တစ်ယောက် ပြောလည်းပြောရင်း ကိုယ်ဟန်အမူအရာပါ လုပ်ပြတော့သည်။

"ကုမ္မဏီကနေ ပွေ့လာတာ ရှက်စရာကြီး"

ဇေယျာ တစ်ယောက် မျက်နှာကို လက်ဖြင့်အုပ်ပြီး ရှက်သွေးဖြာနေလေသည်။

"ခုမှရှက်မနေနဲ့ ကုမ္မဏီမှာ ကို့ကို ဖက်တုန်းကရော ရှက်စရာလို့ တွေးခဲ့လို့လား" ဆိုကယ ဇာမဏီဟိဏ်း ပြုံးရင်း ပြောလိုက်သည်။

"အဲ့တုန်းကတော့ အဲ့လိုပေါ့"

ဇေယျာ ပြောလိုက်ပေမယ့် မျက်နှာပေါ်က လက်ကမချသေး ပေ။

"ကဲပါ ခေါက်ဆွဲစားတော့ ကြာရင် အေးကုန်တော့မယ်"

ဇာမဏီဟိဏ်းလည်း ဇေယျာရဲ့လက်တွေကို လှမ်းဖယ်ရင်း ချော့တော့သည်။ အတော်ကြာမှ ဇေယျာ တစ်ယောက် လက်ကို ဖယ်လေသည်။ ပြီးတော့ ခေါက်ဆွဲစားဖို့ တူကို ကိုင်လိုက်တော့သည်။

ဒီလိုနဲ့ ခေါက်ဆွဲစားပြီးတော့ ဇေယျာက ပန်းကန်ဆေးဖို့ မီးဖိုချောင်မှာ ကျန်ခဲ့သည်။ ဇာမဏီဟိဏ်းကတော့ ရေချိုးမလို့ ဆိုပြီး အပေါ်တက်သွားလေရဲ့။ ဇေယျာ ပန်းကန် ဆေးပြီးတော့ အပေါ်ထပ်ကို တက်သွားလိုက်သည်။ ပြီးတော့ ခြေလှမ်းတွေက ဇာမဏီဟိဏ်း အခန်းဆီသို့ ဦးတည်ကာ သွားလိုက်တော့သည်။ အရင်ကလည်း နေခဲ့ဖူးတော့ ဒီအိမ်ကြီးက ဇေယျာ့ အတွက် သိပ်တော့မထူးဆန်းပါ။ တံခါးကို အသာလေး ဖွင့်ရင်း ၀င်သွားလိုက်သည်။ ဇာမဏီဟိဏ်း အခန်းကတော့ အရင်တိုင်းပါဘဲ။ ဇေယျာ အ၀တ်ဗီရိုတွေ၊ ခုတင်တွေကို လျှောက်ကြည့်နေမိသည်။ ပြီးတော့ စားပွဲ‌ခုံနား အကြည့် ရောက်သွားသည်။ ဇေယျာ စားပွဲခုံက ဓာတ်ပုံလေးကို ယူကြည့်လိုက်သည်။

အရင်တုန်းက ပုံလေးကို ခုထိ သိမ်းထားသေးတာဘဲလေ။
ဇေယျာ ပြန်ချထားလိုက်သည်။ ဓာတ်ပုံလေးကို စားပွဲပေါ် ချထားလိုက်တော့ ဆေးပုလင်းတွေ မြင်လိုက်ရတော့သည်။
ဆေးပုလင်းတွေက နည်းတာမဟုတ်ဘူး။ လေးငါးခြောက်ဘူး လောက်ရှိမည်။ သေးတဲ့ဘူးကသေး၊ ကြီးတဲ့ဘူးကကြီးနဲ့ ရှိနေတော့သည်။ ဇေယျာ ထိုဆေးဘူးထဲမှ တစ်ဘူးကို ယူကြည့်မလို့ လုပ်ရာတွင် ရေချိုးခန်းတံခါးက ဖွင့်လာတော့သည်။ ဒါနဲ့ဘဲ ဇေယျာ ဆေးဘူးတွေကို ယူမကြည့်လိုက်ရပေ။

ဇာမဏီဟိဏ်းမှာ အောက်ပိုင်းကို တပတ်လေးပတ်ထားပြီးတော့ ထွက်လာလေသည်။ ခေါင်းကို ရေခြောက်အောင် သုတ်နေရင်း ဇေယျာ့နားကို လာနေတော့သည်။ ဇေယျာ့နား တဖြည်းဖြည်း နီးလာတော့ ဇာမဏီဟိဏ်းရဲ့ ကိုယ်တိုက်ဆပ်ပြာနံ့ သင်းသင်းလေးကို ဇေယျာ ရလိုက်သည်။ ဇာမဏီဟိဏ်းရဲ့ ကိုယ်လုံးကြီးက ဇေယျာ့ကို အုပ်မိုးသွား‌တော့သည်။ ရေချိုးပြီးခါစဆိုတော့ ဆံပင်ပေါ်မှာ ရေစက်လေးတွေက တွဲလဲလေး ဖြစ်လို့နေသည်။

ဇေယျာ ပူသလို ခံစားလာရသည်။ အတွင်းထဲ အထဲထဲက ကလီဆာတွေကို အက်စစ်နဲ့ ပက်ထားသလို ပူတဲ့ ခံစားချက်မျိုး။ ဇေယျာ ဇာမဏီဟိဏ်းရဲ့ ရင်ဘက်လေးကို ကိုင်လိုက်သည်။ ဇယမဏီဟိဏ်းရဲ့ မျက်နှာကလည်း ဇေယျာနဲ့ နီးသထက် နီးလာလေသည်။

ဒါကြောင့် ဇေယျာ မျက်လုံး မှိတ်ထားလိုက်တော့၏။ နမ်းတော့မယ်လို့ ခံစားချက်မျိုးကို ခံစားလိုက်ရသည်။ ဒါပေမယ့် ထိုခံစားချက်က ပျောက်သွားရတော့သည်။ ဇေယျာ ချက်ချင်းပင် မှိတ်ထားတဲ့ မျက်လုံးတွေကို ဖွင့်ရင်း ဇာမဏီဟိဏ်းကို ကြည့်လိုက်သည်။ ဘာလို့မနမ်းတာလဲပေါ့။ ထိုချိန် ချောင်းဟန့်သံကို ကြားလိုက်ရသည်။

"အဟမ်း.....အဟမ်း"

ဇေယျာလည်း အသံလာရာကို လှည့်ကြည့်လိုက်သည်။ ဇာမဏီဟိဏ်းရဲ့ အကိုဖြစ်သူ စိုင်းဝီလျံဟိဏ်းကား အခန်း၀မှာ ခါးထောက်ပြီး ရပ်နေလေတော့သည်။ ပြီးတော့လည်း
ဇေယျာတို့ကို စိုက်ကြည့်ပြီး ပြောသေးတာ။

"ကောင်းခန်းရောက်မှ ဖျက်သလို ဖြစ်သွားတာနဲ့ တူပါတယ်"

"မဟုတ်ပါဘူး"

ဇေယျာကော ဇာမဏီဟိဏ်းပါ နှစ်ယောက်အတူတူ ပြိုင်တူ ဖြေမိသွားသည်။ စိုင်းဝီလျံဟိဏ်းမှာတော့ ခါးထောက်ထားရာကနေ လက်ပိုက်တဲ့ အနေအထားသို့ ဖြစ်လို့သွားလေသည်။

"အကို ပြန်လာတာ စောတယ်နော်" ဆိုကာ ဇာမဏီဟိဏ်းက ၀င်ပြောလိုက်သည်။

"ငါ့အထင် ငါ့ကို မရှိစေချင်ကြဘူး ထင်တယ်"

"မဟုတ်ပါဘူး အဲ့လိုမထင်လိုက်ပါနဲ့"

စိုင်းဝီလျံဟိဏ်း ထိုကဲ့သို့ ပြောလာတော့ ဇေယျာ ‌တစ်ယောက် ၀င်ရှင်းပြလိုက်ရသေးတာ။

"ဟိုကောင် အ၀တ်သွား၀တ်၊ ငါမလို့ပေါ့ တစ်ခြားသူဆို ဘယ်လိုထင်မလဲ"

စိုင်းဝီလျံဟိဏ်း ပြောတော့မှ ဇေယျာ ဇာမဏ္ဟိဏ်းကို ကြည့်လိုက်မိသည်။ ဇာမဏီဟိဏ်းကလည်း သူ့ကိုယ်သူ ပြန်ကြည့် လေသည်။

"အဲ့လို မဟုတ်ပါဘူးနော်"

ဒီတစ်ခါလည်း နှစ်ယောက် ပြိုင်တူ ဖြေမိသွားသည်။

ဒါနဲ့ဘဲ ဇေယျာလည်း ဇာမဏီဟိဏ်းကို အ၀တ်၀တ်ဖို့ ရိုက်လိုက်သည်။ ပြီးတော့ ဇေယျာ အခန်းထဲက ထွက်ကာ တံခါးပိတ်လိုက်သည်။ စိုင်းဝီလျံဟိဏ်းကတော့ ဇေယျာ့ကို စိုက်ကြည့်နေဆဲ။ ဇေယျာ ဒီအတိုင်းသာ ပြန်ပြုံးပြလိုက်ရသည်။ ဒါပေမယ့်လည်း စိုက်ကြည့်နေတုန်းပင်။ ဇေယျာလည်း နေရခက်လာတာကြောင့် အရင် စကားစလိုက်လေသည်။

"ပြန်ရောက်လာပြီလား ကိုစိုင်းဝီလျံဟိဏ်း"

ဇေယျာပြောလိုက် ပေမယ့်လည်း ဘာမှအကျိုးမထူး။ ဘာတစ်ခွန်းမှ ပြန်မပြောလာပေ။ ခဏလောက် ပတ်၀န်းကျင်က စိမ်းသက်သက် ဖြစ်လို့သွားလေသည်။ ခဏကြာတော့မှ
ဇေယျာ့ကို မေးလာတော့သည်။ မေးတာကလည်း တစ်ခြားမဟုတ်။ မိုးထက် အကြောင်းပင်။

"ဆိုင်မှာလုပ်တဲ့ မိုးထက်က ရည်းစားတွေ၊ ဘာတွေ ရှိလား"

"မရှိပါဘူး.....ဘာလို့လဲ"

ဇေယျာလည်း ပြန်ဖြေလိုက်သည်။ တစ်ဆက်ထဲမှာဘဲ ဘာကြောင့်မေးတာလဲ ဆိုကာ မေးခွန်း ပြန်ထုတ်လိုက်သည်။

"ဘာမှမဟုတ်တော့ဘူး" လို့ ပြောပြီး စိုင်းဝီလျံဟိဏ်းတစ်ဖက်ကို လှည့်သွားတော့သည်။ ပြီးတော့ သူ့အခန်းကို သွားလေတော့၏။

ဇေယျာလည်း ဇာမဏီဟိဏ်း အခန်းထဲ ပြန်၀င်မလို့ ပြင်နေဆဲမှာဘဲ မေးခွန်းထပ်မေးခံ လိုက်ရတော့သည်။

"ဒါနဲ့လေ မိုးထက်ကို မနက်ဖြန် တစ်ရက်လောက် ခေါ်သွားလို့ရမလား၊ အလုပ်ကိစ္စနဲ့ပါ"

"ရပါတယ် ခေါ်သွားလို့ရပါတယ်"

ဇေယျာ တစ်ယောက် စိုင်းဝီလျံဟိဏ်းဘက် ပြန်လှည့်ရင်း ဖြေလိုက်ရသည်။

ဒီည ဇေယျာတို့ စိုင်းဝီလျံဟိဏ်းကြောင့်နဲ့ အတူတူ မနေရပါ။ ဇာမဏီဟိဏ်းကို သူ့အကိုကိုယ်တိုင်က လာခေါ်သွားလို့ပင်။
ဇေယျာ တစ်ယောက် မကျေမနပ် ဖြစ်လို့နေလေသည်။ ဒါပေမယ့်လည်း ညကြီး တစ်ယောက်ထဲ ခဏကအကြောင်းကို တွေးနေရင်း ဇေယျာ တစ်ဟီးဟီးနဲ့ လုပ်နေတော့သည်။

မနက်ရောက်တော့ ဇေယျာ ဇာမဏီဟိဏ်းနဲ့အတူ ကုမ္မဏီ လိုက်သွားရတော့သည်။ ဇေယျာ့ကားကို ကားဂိုဒေါင်မှာ ထားထားခဲ့လို့တဲ့လေ။ ဇေယျာတို့ ကုမ္မဏီကို ၀င်လိုက်တာနဲ့ ၀န်ထမ်းတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ လုပ်နေကြတော့သည်။
ဇေယျာ့မှာ ရှက်ပြီး မျက်နှာပူလို့ သေတော့မည်။ ဒါကို
ဇာမဏီဟိဏ်း တစ်ယောက်ကတော့ ရင်ကော့လျက် ယုံကြည်ချက်ရှိရှိဖြင့် ရုံးခန်းသို့ လျှောက်သွားနေလေသည်။ ဒီကြားထဲ ဇေယျာ့လက်ကိုပါ ကိုင်လိုက်တော့ ၀န်ထမ်းတွေက ပါးစပ်အဟောင်းသားနဲ့ ဖြစ်ကုန်ကြ တော့တာပေါ့။ ဇေယျာ့မှာ ရှက်ရှက်နဲ့သာ နောက်ကနေ လိုက်ခံလိုက်ရသည်။

ဇာမဏီဟိဏ်း ရုံးခန်းကို ရောက်တော့မှ ဇေယျာ သက်ပြင်း ချနိုင်တော့သည်။ ဒါကို ဇာမဏီဟိဏ်းက ဇေယျာ့ နားကပ်ပြီးတော့

"ဘာတွေ သက်ပျင်းချနေတာလဲ ချစ်ကလေး‌" ဆိုပြီး မေးလာပါလေသည်။

"ခဏကလေ ၀န်ထမ်းတွေ ဒီလောက်ကြည့်နေတာ ရှက်လို့သေတော့မယ်"

ဇေယျာကို လက်ကလေးဖြင့် ကိုယ့်ကိုယ်ကို ယပ်ခတ်ရင်း ပြောလိုက်သည်။

"ဘာရှက်စရာ ရှိလို့လဲ၊ ချစ်နဲ့ ကိုနဲ့က ရည်းစားတွေဘဲကို"

"ရည်းစားတွေဆိုပေမယ့် ခုက ကုမ္မဏီမှာလေ"

"ဘာဆိုင်လဲ ခုတောင် နမ်းချင်နမ်းလို့ ရသေးတာဘဲ"
ဆိုကာ ဇာမဏီဟိဏ်း တစ်ယောက် ဇေယျာ့လက်ကို ဖမ်းဆွဲပြီး သူ့နားဆွဲယူလိုက်တော့သည်။

ဇေယျာ့ မျက်နှာမှာ ဇာမဏီဟိဏ်း မျက်နာနှင့် အရမ်း နီးကပ်လို့သွားလေသည်။ ဇေယျာ တံတွေး မြိုချမိသွားသည်။ ခု ဇာမဏီဟိဏ်းမျက်နှာက ရှေ့ကို တစ်ဖြည်းဖြည်း တိုးလာနေလေပြီ။ ဇေယျာလည်း မျက်လုံးသာ မှိတ်ထားလိုက်ရတော့သည်။

ကောင်လေးနှစ်ယောက် အချစ်တွေ ဖလှယ်မယ့် အချိန်မှာဘဲ ဇာမဏီဟိဏ်း စားပွဲပေါ်က ရုံးဖုန်းလေးကနေ အသံထွက်လာပါတော့သည်။

"ဆရာ ဥက္ကဌက ဆရာနဲ့ ပြောချင်လို့ပါတဲ့" ဆိုသည့်
ဖုန်းက‌ နေပြီး အသံထွက်လာတော့ ဇာမဏီကော ဇေယျာပါ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြလေတော့၏။

×××××××××××××××××××
ပြောထားတဲ့အတိုင်း တင်ပါပြီ။ ခုရေးခုတင်မလို့ စာလုံးမှားတာတွေ။ ဖတ်နေရင်း ထောက်သွားတာတွေပါခဲ့ရင် သည်းခံပြီး ဖတ်ပေးကြပါလို့။ ပြီးတော့လည်း ဇာမဏီနဲ့ ဇေယျာကိုလည်း အားပေးကြပါအုန်းလို့။ သူတို့နှစ်ယောက်က Tuesday coupleတွေပါ။

••••••••••••••••••••••••••••••••••••••••••••••••

#Zawgyi#

ေဇယ်ာ တစ္ေယာက္ သက္ပ်င္းခ်လိုက္ကာ အျပင္ဘက္ကို ေငးၾကည့္ေနေတာ့သည္။ ဘာလို႔မ်ား ငါ့ကို တစ္ေယာက္ထဲ ထားသြားရတာပါလိမ့္ ဆိုၿပီး စိတ္ထဲ ေတြးကာ ေတြးပူေနေလသည္။ စိတ္ထဲမွာလဲ အေၾကာင္းအမ်ိဳးမ်ိဳး ပလုံစီေအာင္ ေရာက္လာေတာ့၏။ အလုပ္စာရင္းမွားတာတို႔၊ တစ္ျခားကုမၼဏီနဲ႔ အစည္းအေဝးလုပ္တာတို႔ ဆိုၿပီး အေတြးေပါင္းစုံက ေဇယ်ာရဲ႕ေခါင္းထဲသို႔ မဖိတ္ေခၚဘဲ ၀င္ေရာက္လာေလသည္။ အျပင္ဘက္ကို ေငးေနရင္းမွ ေကာ္ဖီနဲ႔ sandwichထုတ္ေလး ကိုင္ကာ ဆိုင္ကိုျပန္လာေနသည့္ မိုးထက္ကို ေဇယ်ာ ေတြ႕လိုက္ရေလသည္။

ေဇယ်ာ တစ္ေယာက္ ခဏလို မႈိင္မႈိင္ေတြေတြ ျဖစ္မေနရေအာင္ ကိုယ္ကို မတ္လိုက္သည္။ ေဇယ်ာ မတ္မတ္ေလး ထိုင္ၿပီးတာနဲ႔ တစ္ၿပိဳင္နက္ မိုးထက္ ဆိုင္တံခါးကို ဖြင့္ၿပီး ၀င္လာေတာ့သည္။ မ်က္ႏွာကလည္း ဆူပုတ္ၿပီးေတာ့ ေဇယ်ာ့ဆီ လာေနေလသည္။

ၿပီးေတာ့ ေကာ္ဖီနဲ႔ sandwichထုတ္ကိုေဆာင့္ႀကီး ေအာင့္ႀကီးျဖင့္ စားပြဲေပၚ တင္လာေတာ့သည္။ ေဇယ်ာလည္း ေကာ္ဖီခြက္ တစ္ခြက္နဲ႔ sandwichထုတ္ တစ္ထုတ္ကို ကိုယ့္ေရွ႕သို႔ အရင္ ယူထားလိုက္ေလသည္။

ေျပာရေပအုန္းမည္။ ေကာ္ဖီဆိုင္ကို မိုးထက္နဲ႔ ကိုဟိဏ္းအကိုနဲ႔က အတူတူ သြားခဲ့ၾကတာေလ။ ေဇယ်ာ လိုက္မယ္ေျပာလည္း ကိုဟိဏ္းအကိုက အတင္း ဆိုင္မွာဘဲ ေနခဲ့ခိုင္းေတာ့တာ။ ခုလည္း ဘာေတြ ျဖစ္လာ ၾကျပန္ၿပီလဲ မသိျပန္ပါဘူး။

ေဇယ်ာ sandwich ထုတ္ အခြံကို ဆြဲဖယ္ေနရင္း မိုးထက္ကို တစ္ခ်က္ လွမ္းၾကည့္လိုက္သည္။
ေျပာရရင္ ေဇယ်ာ့ ပုံစံက စိတ္တိုေနတဲ့ အေမ့ကို မုန႔္ထပ္စားလို႔ရေသးလား ဆိုၿပီး ေမးမယ့္ ကေလးေလးနဲ႔ တူေနေလသည္။

ေဇယ်ာ တစ္ေယာက္ မိုးထက္ရဲ႕ အရိပ္အကဲကို ၾကည့္ေနတာကို မိုးထက္ သတိထား မိသြားတယ္ႏွင့္ တူသည္။ ေဇယ်ာဘက္ကို လွည့္ကာ ေဇယ်ာ့ကို စိုက္ၾကည့္လာေတာ့သည္။
ေဇယ်ာလည္း ေနရခက္လာေတာ့ ဘာဘဲျဖစ္ျဖစ္ ေမးမယ္ ဆိုၿပီး ေခ်ာင္းဟန႔္လိုက္ပါေလသည္။

"အဟမ္း.......အဟမ္း"

ေဇယ်ာ ေခ်ာင္းဟန႔္ရင္း မိုးထက္ကို ၾကည့္လိုက္သည္။
sandwichအထုတ္ကိုသာ အခြံဖယ္ထုတ္ေနေတာ့သည္။
ဒါ‌နဲ႔ ေဇယ်ာ ေနာက္တစ္ခါ ေခ်ာင္းဟန႔္လိုက္ျပန္သည္။ ဒီတစ္ခါ အသံက်ယ္သြားလို႔ တူပါရဲ႕။ မိုးထက္ ေခါင္းခ်က္ခ်င္း ေထာင္လာၿပီး ေဇယ်ာကို ၾကည့္လာသည္။ ၿပီးေနာက္ မ်က္ေမွာင္ႀကီး ၾကဳတ္ၿပီးေတာ့ ေဇယ်ာ့ကို ေျပာေတာ့သည္။

"အကို ဘာေမးမွာလဲ ေမး"

မိုးထက္မွာ ေျပာၿပီးသည္ႏွင့္ မုန႔္ထုတ္ကိုဘဲ အာ႐ုံစိုက္ျပန္‌ ေနလိုက္သည္။

"ေအာ္ ဘာမ်ားျဖစ္လာတာလဲလို႔ ေမးမလို႔ပါ"

ေဇယ်ာ မိုးထက္ကို ၾကည့္ေနရင္း ျပန္ေျပာလိုက္သည္။

"ေျပာကို မေျပာခ်င္ပါဘူး အကိုေရ"

မိုးထက္က ေျပာၿပီး တစ္ဖက္ကို လွည့္သြားျပန္သည္။

"မေျပာခ်င္ရင္လည္း မေျပာနဲ႔ေတာ့ေဟ။ အေကာင္းေမးတာကို" ဆိုၿပီး ေဇယ်ာ ေအာ္‌ေငါက္သည့္ ေလသံျဖင့္ ေျပာလိုက္ေတာ့သည္။

ေဇယ်ာ ေအာ္ေျပာလိုက္လို႔ ထင္သည္။ မိုးထက္ တစ္‌ေယာက္
ေဇယ်ာ့ကို မ်က္လုံးေလး ေပကလပ္ ေပကလပ္ျဖင့္ လာၾကည့္ေနေတာ့သည္။ အေျခအေနက ခဏကနဲ႔ မတူေတာ့။ ေျပာင္းျပန္ ျဖစ္ကုန္ေလၿပီ။

ခုက ေဇယ်ာက စိတ္တိုေနတဲ့သူ မိုးထက္ကေတာ့ အရိပ္အကဲ ျပန္ၾကည့္ေနရတဲ့သူ ျဖစ္ေနၿပီ။ အမွန္ေတာ့ ေဇယ်ာ တစ္ကယ္ စိတ္မတိုပါ။ ဒီအတိုင္း မ်က္ႏွာကို တင္းထားလိုက္ေတာ့တာ ျဖစ္သည္။

"အဲ့လိုေတာ့ စိတ္မတိုလိုက္ပါနဲ႔ အကိုကလည္း....ေျပာျပပါ့မယ္" ဆိုၿပီး မိုးထက္ကေနမွ ႐ုတ္တရက္ႀကီး ေျပာလာပါ ေလသည္။

ဒါေပမယ့္လို႔ ေဇယ်ာ မ်က္ႏွာကို တင္းထားဆဲ။ ၿပီးေတာ့ မုန႔္ထုတ္ရဲ႕ ထိပ္က အခြံကို ခြာလို႔ရေတာ့ တစ္ကိုက္ကိုက္လိုက္သည္။ ၿပီးမွ မိုးထက္ကို ျပန္ၾကည့္သည္။ ေျပာဆိုတဲ့ မ်က္ႏွာထားနဲ႔ေပါ့။ ဒီေတာ့မွ မိုးထက္က စေျပာေတာ့သည္။

"ဒီလို အကိုေရ......ဒီလို။ မနက္တုန္းက အကို႔ကို ဆိုင္မွာထားခဲ့တယ္မလား"

ေဇယ်ာ မိုးထက္ကို ၾကည့္ရင္း ေခါင္းညိတ္ျပလိုက္သည္။ ပါးစပ္ထဲမွာလဲ မုန႔္ေတြနဲ႔ အျပည့္ဆိုေတာ့ ေျပာလို႔မရဘူးေလ။ ‌ေဇယ်ာက ဟုတ္တယ္လို႔ ပုံစံလုပ္ျပေတာ့ မိုးထက္က ဆက္ေျပာသည္။

"အဲ့တာ cafeဆိုင္ကို ေရာက္သြားတယ္ကြာ၊ မိုးထက္က coffeeနဲ႔ sandwichမွာလိုက္ၿပီးေတာ့ သူ႔ဆီသြားလိုက္တယ္"

မိုးထက္ စကားရပ္လိုက္သည္။ ေဇယ်ာကေတာ့ ဘာမွ ၀င္မေျပာဘဲ ဒီအတိုင္း sandwichစားရင္း မိုးထက္ကို ၾကည့္ေနလိုက္သည္။ ဘာဆက္ျဖစ္လဲ ဆိုၿပီးေတာ့ေပါ့။
မိုးထက္ကလည္း သူ႔ကို ၾကည့္ေနတာသိေတာ့ စကား ျပန္ဆက္ေတာ့သည္။

"အဲ့တာ ေစာင့္ေနတုန္းမွာ မိုးထက္တို႔ အိမ္နားက အသိအကို တစ္ေယာက္ ေရာက္လာတယ္။ ဒါနဲ႔ဘဲ မိုးထက္လည္း အဲ့အကိုနဲ႔ စကားေျပာေနလိုက္တာေပါ့။ စကားေျပာေနတုန္းမွာ အဲ့စိုင္းဝီလ်ံဟိဏ္းကေလ မိုးထက္လက္ကို ဆြဲၿပီး အျပင္ကို ေခၚသြားေတာ့တာ"

မိုးထက္ ထပ္ၿပီး ေျပာေနတာကို ရပ္လိုက္ျပန္ေလသည္။ ၾကည့္ရတာ ေမာသြားလို႔ ေနမယ္။ ေကာ္ဖီ တစ္ငုံေသာက္ေနေတာ့တာ။ ေဇယ်ာလည္း ေကာ္ဖီတစ္ခြက္ ေသာက္ရင္း မိုးထက္ကို ျပန္ေျပာလိုက္သည္။

"အျပင္ကို ဆြဲေခၚသြားတာမ်ား စိတ္တိုစရာ မရွိပါဘူး" ဆိုၿပီးေတာ့ေပါ့။

ေဇယ်ာ ေျပာလိုက္ေတာ့ မိုးထက္က မ်က္လုံးျပဴးၿပီး ျပန္ၾကည့္လာသည္။ ၿပီးေတာ့ သူေျပာတာ မၿပီးေသးဘူး ဆက္ေျပာမယ္ ဆိုသည့္ ပုံစံျဖင့္ ဆက္ေျပာေတာ့သည္။

"အျပင္ကိုဘဲ ေခၚထုတ္သြားတာ မဟုတ္ဘူး။ မိုးထက္နဲ႔ စကားေျပာေနတဲ့ ‌အကိုကို မေပါင္းနဲ႔၊ စကားလည္း မေျပာနဲ႔တဲ့ေလ။ ၿပီးေတာ့ သူ႔ဆီက ဖုန္းလာလို႔ ဖုန္းသြားေျပာတယ္။ ေနာက္ေတာ့ ေပၚမလာေတာ့ဘူး အဲ့ေသနာႀကီးက"

မိုးထက္ ေျပာလိုက္ေတာ့ ေဇယ်ာ ရယ္ခ်င္စိတ္ကို မထိန္းႏိုင္ဘဲ ဟက္ဟက္ပက္ပက္ ရယ္မိသြားသည္။ မိုးထက္ကေတာ့ ေဇယ်ာ့ကို မ်က္ေစာင္းထိုးၿပီး ၾကည့္ေနေလသည္။

"အဲ့ေတာ့ coffeeဖိုးက မိုးထက္ ရွင္းလိုက္ရတယ္ ဆိုပါေတာ့" ဆိုကာ ေဇယ်ာ ႐ုပ္ကို မနဲတည္ထားရင္း ေျပာလိုက္ရသည္။

"ဟုတ္တယ္....ပိုက္ဆံရွင္းခဲ့ ႐ုံတင္မဟုတ္ဘူး လမ္းေလွ်ာက္ၿပီးေတာ့ပါ ျပန္လာခဲ့ရတာ"

မိုးထက္ ေျပာၿပီးေတာ့ ေဇယ်ာ ပိုလို႔ေတာင္ ရယ္ခ်င္သြားသည္။ ဒါေၾကာင့္လည္း ရယ္လိုက္တာ ဗိုက္ေအာင့္မတတ္ဘဲ။ မိုးထက္ ကေတာ့ ေဇယ်ာ့ကို စိုက္ၾကည့္ေနမွာ အမွန္ပင္။ ဒါနဲ႔ ေဇယ်ာ မိုးထက္ကို ျပန္ေခ်ာ့လိုက္ရသည္။

"ဟုတ္ၿပီ ေန႔လည္က်ရင္ ေန႔လည္စာ အကို ၀ယ္ေကြၽးပါ့မယ္ ဟုတ္ၿပီလား....."

"တစ္ကယ္လား" ‌ဆိုၿပီး မိုးထက္က မယုံသလိုနဲ႔ ျပန္ေမးသည္။

"တစ္ကယ္ေပါ့ အလုပ္ရွင္က လိမ္ပါ့မလားလို႔"

"ေရးဟုတ္ၿပီ......ၿပီးမွ ဟိုေသနာႀကီး စိုင္းဝီလ်ံဟိဏ္းလို မလုပ္နဲ႔ေနာ္" ဆိုကာ မိုးထက္က ဆူပုတ္ၿပီး ေဇယ်ာ့ကို ေျပာလာသည္။

မိုးထက္ စကားေၾကာင့္ ထပ္ရယ္ရျပန္ၿပီ။ ဒီလိုနဲ႔ ရယ္ေနတုန္းမွာ ဆိုင္ကို ဧည့္သည္ေရာက္လာေတာ့သည္။ ထိုဧည့္သည္က ဆိုင္ထဲကို ၀င္လည္း ၀င္လာရင္း စကားေတြ ေျပာေနေတာ့သည္။

"ေမာင္ေလးေရ အစ္မမေန႔က လာခဲ့တာ ေမာင္ေလးတို႔ဆိုင္က ပိတ္ထားလို႔ေလ"

"ဟုတ္တယ္ ကြၽန္ေတာ္တို႔ အေပ်ာ္ခရီး ထြက္ေနလို႔ပါ"

ေဇယ်ာ ေျပာလိုက္ရင္း ထိုဧည့္သည္အစ္မကို ေဇယ်ာတို႔နား လာထိုင္ဖို႔ ျပလိုက္သည္။ မိုးထက္ကေတာ့ ဘယ္အခ်ိန္က ထြက္သြားမွန္းမသိ။ ဧည့္သည္ ထိုင္ၿပီးေတာ့ မိုးထက္က ပန္းစည္းပုံ albumကို ကိုင္ၿပီး ေရာက္လာေတာ့သည္။ စားပြဲေပၚမွာလည္း ခဏက စားထားတဲ့ မုန႔္ေတြ coffeeေတြ ရွိမေနေတာ့ဘူးေလ။ ေဇယ်ာ ထိုဧည့္သည္ကို ၿပဳံးျပရင္း albumကို ေရွ႕သို႔ တိုးေပးလိုက္သည္။ ဒါေပမယ့္ ထိုဧည့္သည္က albumကို မၾကည့္ဘဲ ေျပာသည္။

"ဟိုေလ အစ္မ ပန္းျခင္းေလးမွာခ်င္တာ၊ ပန္းစည္းေတာ့ မဟုတ္ဘူး"

"ဟုတ္ ဒီalbumထဲမွာ ပန္းျခင္း ပုံစံ မ်ိဳးစုံ ရွိတယ္အစ္မ"

ေဇယ်ာ ထိုalbumကို ၫႊန္ျပရင္း ေျပာလိုက္သည္။
ဒါေပမယ့္ ထိုအစ္မက albumကို ေဘးသို႔ ေ႐ြ႕လိုက္သည္။
ၿပီးေတာ့လည္း ဆက္ေျပာေသးသည္။

"အစ္မက အစ္မေကာင္ေလးကို surpriseပန္းျခင္းေလး ေပးခ်င္တာ။ သူ႔ေမြးေန႔ကလည္း ေရာက္ေတာ့မယ္ေလ"

"ဟုတ္လား"

ေဇယ်ာ ၿပဳံးရင္း ေျပာလိုက္သည္။ ထိုဧည့္သည့္ကေတာ့
ေဇယ်ာေျပာတာကို နားမေထာင္ဘဲ ဆက္ေျပာျပန္သည္။

"ေကာင္ေလးကို ေပးမွာဆိုေတာ့ ပန္းဆိုရင္ တစ္မ်ိဳးျဖစ္ေနမွာေပါ့။ အဲ့တာေၾကာင့္ အရက္တို႔၊ ဘီယာတို႔ ၿပီးရင္ ေဆးလိပ္တို႔ vapeတို႔ပါတဲ့ ပန္းျခင္းေလး ေပးခ်င္တာ။ ၿပီးေတာ့ surprise giftေလးေကာေလ"

"ဟုတ္ရပါတယ္....ပန္းျခင္းကေတာ့ ေဈးေတာ့မ်ားလိမ့္မယ္။ surprise giftကေတာ့ အစ္မ ေပးခ်င္တဲ့ လက္ေဆာင္ကို လာေပးထား႐ုံပါဘဲ။ ကြၽန္ေတာ္တို႔က အဆင္ေျပသလို၊ သို႔မဟုတ္ အစ္မလိုခ်င္တဲ့ ပုံစံမ်ိဳး ထုတ္ေပးမွာပါ"

ေဇယ်ာ အတတ္ႏိုင္ဆုံး ၿပဳံးကာ ေျပာလိုက္ေတာ့သည္။

"ရတယ္ ေမာင္ေလး ေဈးဘယ္ေလာက္မ်ားမ်ားရတယ္၊ အလွဆုံးသာ လုပ္ေပး"

"ဟုတ္"

ေဇယ်ာ ေျပာရင္း ထပ္ၿပဳံးလိုက္ျပန္သည္။

ဒီလိုနဲ႔ ထိုဧည့္သည္လည္း သူလိုခ်င္တဲ့ ပုံစံကို ေျပာျပၿပီး ျပန္သြားေလေတာ့သည္။

ေဇယ်ာ ဖုန္းကို ၾကည့္လိုက္မိသည္။

"ဆယ့္တစ္နာရီေတာင္ ခြဲေတာ့မွာပါလား" လို႔ ေဇယ်ာ တိုးတိုးေလး ေရ႐ြတ္လိုက္သည္။

ထိုခ်ိန္ မိုးထက္တစ္ေယာက္ ႏွင္းဆီပန္းပုံးနဲ႔ ပန္းျခင္းအလြတ္နဲ႔ သယ္ရင္း ေရာက္လာေတာ့သည္။

ပထမလာတဲ့ အစ္မနဲ႔ တိုင္ပင္ၿပီးသြားေတာ့ ေနာက္တစ္ေယာက္ ထပ္ေရာက္လာသည္။ Birthday present အတြက္ ပန္းျခင္းေလး လုပ္ေပးပါတဲ့ေလ။ ထိုပန္းျခင္းထဲမွာလည္း လက္ေဆာင္ ထည့္မယ္ဆိုၿပီး လက္ေဆာင္ပါ ေပးသြားေတာ့တာ။ ၿပီးေတာ့ ညေန လာယူမယ္ဆိုၿပီးေတာ့လဲ ခ်ိန္းသြားေသးသည္။ ဒါေၾကာင့္ မိုးထက္က ပန္းျခင္းလုပ္ဖို႔ ပစၥည္းေတြ သယ္လာေနေတာ့တာေပါ့။

ေဇယ်ာ ဖုန္းကို ထပ္ၾကည့္လိုက္ျပန္သည္။ ဘာဖုန္းဆက္ထားတာမွ မရွိ၊ ဘာmessageမရွိ ျဖစ္ေနေလသည္။ မနက္ အေစာႀကီး ကတည္းက ခုခ်ိန္ထိေအာင္ ဖုန္းမေခၚေသးဘူး။ ဖုန္းမေခၚတဲ့ အျပင္ messageပါ မပို႔ထားဘူး။ အဆိုးဆုံးကေတာ့ လိုင္းေပၚ ရွိမေနတာဘဲ။ ေဘးက မိုးထက္က
ေဇယ်ာ ဖုန္းတစ္ၾကည့္ၾကည့္နဲ႔ လုပ္ေနတာကို ျမင္ျပင္းကပ္လာၿပီႏွင့္ တူသည္။ ေဇယ်ာ့ကို ၾကည့္ၿပီး ပြစိပြစိ လုပ္ေနေတာ့၏။

ေဇယ်ာ ႏွင္းဆီပန္း တစ္ပြင့္ကို ယူလိုက္သည္။ ၿပီးေနာက္ သူ႔ရဲ႕ အ႐ိုးရွည္ရွည္မွာ တြယ္ကပ္ေနတဲ့ အစိမ္းေရာင္ အ႐ြက္ေတြကို ေခြၽေနေတာ့သည္။ ေခြၽေနရင္းကေနလဲ ေတြးေနမိသည္။ အရင္လို ထားခဲ့ျပန္ၿပီလား ဆိုၿပီးေတာ့ေပါ့။ ထိုခ်ိန္ ဖုန္းေလးက message၀င္လာေတာ့သည္။ ေဇယ်ာ ဖုန္းကို အေလာတႀကီး ေကာက္ကိုင္ၿပီး ၾကည့္လိုက္သည္။ Telenorက လက္က်န္ေငြ ဘယ္ေလာက္က်န္သလဲ ပို႔တဲ့စာ ျဖစ္လို႔ေနသည္။ ဇာမဏီဟိဏ္းဆီက စာမဟုတ္ေတာ့
ေဇယ်ာ တစ္ေယာက္ စိတ္ပ်က္လက္ပ်က္ ျဖစ္လို႔ သြား‌
ေလသည္။

မိုးထက္ကေတာ့ ေဇယ်ာ့ကိုၾကည့္ၿပီး ေခါင္းခါေနေလသည္။
ၿပီးေတာ့လည္း ေဇယ်ာ့ကို ေစာင္းေျပာလိုက္ေသးသည္။

"ဘယ္သူလဲ မသိဘူးေနာ္ ပန္းျခင္းလည္း ကူမလုပ္ဘဲနဲ႔ ဖုန္းကို ၾကည့္ၿပီး messageေမွ်ာ္ေနတာ"

မိုးထက္ သူ႔ဘာသာေျပာရင္း တခိခိနဲ႔ ရယ္ေနေတာ့၏။
ေဇယ်ာလည္း မိုးထက္ကို တစ္ခ်က္ ၾကည့္လိုက္ၿပီး ႏွင္းဆီပန္း အ႐ြက္ေတြ ျပန္ေခြၽေနလိုက္သည္။ ထိုခ်ိန္မွာ မိုးထက္က ျပန္ေျပာလာျပန္သည္။

"အကိုရယ္ မနက္တုန္းကလို ေပ်ာ္ေပ်ာ္ေလး ေနလိုက္ပါ။ အကိုဇာမဏီဟိဏ္းက အလုပ္မ်ားေနလို႔ ေနမွာပါ"

"အလုပ္မ်ားေနတယ္ဆိုလဲ အလုပ္မ်ားေနေၾကာင္း messageေလးေတာ့ ပို႔ထားရမွာေပါ့။ မဟုတ္ရင္လည္း messengerမွာ ေျပာထားရမွာေပါ့လို႔"
ေဇယ်ာ စိတ္ပူတဲ့ အသံ အျပည့္နဲ႔ ျပန္ေျပာလိုက္သည္။

"ေမ့ေနလို႔ ဒါမွမဟုတ္ သတိမရလို႔ ေနမွာေပါ့" ဆိုကာ
မိုးထက္က ျပန္ေျဖသည္။

"မဟုတ္ေလာက္ဘူး"

ေဇယ်ာ ျပန္ေျဖလိုက္ေတာ့ မိုးထက္က ေဇယ်ာ့ကို ၾကည့္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဟုတ္ေတာ့လည္း ဟုတ္တာဘဲေလ။ မိုးထက္က စိတ္မပူရေအာင္ ေျပာေပမယ့္လည္း
ေဇယ်ာက ဘူးခံၿပီး ျငင္းေနလို႔ဘဲေလ။ ေဇယ်ာသာ တစ္ျခားတစ္ေယာက္နဲ႔ ေျပာေနတယ္ ဆိုရင္လည္း တစ္ျခားတစ္ေယာက္လဲ မိုးထက္လို လုပ္မွာ အမွန္ပင္။

"တစ္ကယ္ ထားသြားၿပီလား"

ေဇယ်ာ ႐ုတ္တရက္ ေျပာထြက္သြားသည္။ မိုးထက္ကေတာ့ ေၾကာင္ၿပီး ေဇယ်ာကို ၾကည့္ေနေလသည္။

"ထားသြားခဲ့တာလား၊ မထားသြားခဲ့ဘူးလားဆိုတာကေတာ့ အကိုဇာမဏီဟိဏ္းရွိတဲ့ ေနရာသာ လိုက္တာသြားၾကည့္ေတာ့ အကိုေရ"

မိုးထက္က ႏွင္းဆီပန္းတစ္ခုကို ယူလိုက္ၿပီး စိတ္မရွည္တဲ့ အသံျဖင့္ ေဇယ်ာ့ကို ေျပာလိုက္ေတာ့သည္။

ေဇယ်ာ ထိုင္ေနရာကေန ႐ုတ္တရက္ ထရပ္လိုက္သည္။ မိုးထက္က လန႔္သြားတာေနမယ္၊ ေဇယ်ာ့ကို ေၾကာင္ၾကည့္ေနေတာ့‌သည္။ ေဇယ်ာ မိုးထက္ဘက္ လွည့္ၿပီး သူ႔ပါးကို လက္ႏွစ္ဖက္ျဖင့္ ကိုင္လိုက္ကာ ေျပာလိုက္သည္။

"မိုးထက္ေရ ေတာ္လိုက္တာ၊ ဘာလို႔ အဲ့လို မစဥ္းစားမိပါလိမ့္"

ေဇယ်ာ ေျပာေနတဲ့ စကားကို မိုးထက္က နားမလည္သလို ပုံစံျဖင့္ ၾကည့္ေနသည္။ ေဇယ်ာလည္း မိုးထက္ ပါးကို ကိုင္ထားတာ သတိရေတာ့မွ လြတ္လိုက္‌ေတာ့သည္။ ၿပီးေတာ့ ေကာင္တာ နားသြားကာ အိမ္ေသာ့ကို ယူလိုက္သည္။ ေသာ့ယူၿပီး မိုးထက္နားကို ျပန္လာသည္။ မိုးထက္ကို ၿပဳံးျပၿပီး ပ်ာပ်ာသလဲျဖင့္ ဆိုင္ျပင္ ထြက္သြားေလေတာ့သည္။ ၿပီးေနာက္ ေဇယ်ာ တစ္ေယာက္ ဆိုင္ထဲကို ျပန္ေရာက္လာေတာ့သည္။

မိုးထက္မွာေတာ့ မ်က္စိ ေနာက္လို႔ေနေလၿပီ။ ေဇယ်ာမွာ မိုးထက္ကို ထပ္ၿပဳံးျပၿပီး ေကာင္တာနားက လြယ္အိတ္ေလးကို ေကာက္ယူလိုက္သည္။ ေဇယ်ာ ဆိုင္ျပင္ကို ထြက္မည့္ဆဲဆဲတြင္ မိုးထက္က လွမ္းေမးသည္။

"အကို ဘယ္သြားမလို႔လဲ"

"မိုးထက္ဘဲ ထားသြားလား၊ မထားသြားဘူးလား ဆိုတာကို သိေအာင္လုပ္ဆို"

ေဇယ်ာ ေနာက္လွည့္ကာ ေျဖလိုက္သည္။ ၿပီးေတာ့ ျပန္ထြက္သြားသည္။ မိုးထက္မွာေတာ့ ေဇယ်ာထြက္သြားေတာ့မွသာ သက္ပ်င္းခ်လိုက္ရေလသည္။ ထို႔ေနာက္ ေဇယ်ာ ျပန္ေရာက္လာ ျပန္သည္။ ဒီတစ္ခါေတာ့ ဆိုင္ထဲ မ၀င္ေတာ့။ တံခါးကေန ေဇယ်ာ့ေခါင္းက ျပဴထြက္ေနေလသည္။ ၿပီးေနာက္ မိုးထက္ကို လွမ္းေခၚလိုက္သည္။

"မိုးထက္"

မိုးထက္ လန႔္သြားသည္။ နား႐ြက္ကို ကိုင္ကာ တစ္ခုခု ႐ြတ္လိုက္ေတာ့သည္။ ၿပီးမွ ေဇယ်ာ့ကို ၾကည့္လိုက္ေလသည္။
ေဇယ်ာလည္း မိုးထက္ကို အားနာတဲ့ အၿပဳံးေလး ၿပဳံးလိုက္သည္။ ၿပီးမွ မိုးထက္ကို မွာစရာရွိတာ မွာရေတာ့သည္။

"မိုးထက္ အကို ဆိုင္ကို ျပန္လာမွာလား၊ မလာဘူးလားဆိုတာ ေသခ်ာ မသိေသးဘူး။ အကို မလာဘူးဆိုရင္ ဆိုင္ပိတ္ၿပီးေတာ့ ေသာ့သာ ယူထားလိုက္ေတာ့ေနာ္။ ၿပီးေတာ့ ေန႔လည္စာ အကို၀ယ္ေကြၽးမယ္ ေျပာထားတယ္မလား။ စားခ်င္သာတာ မွာၿပီး စားလိုက္ေတာ့ေနာ္"

"ဟုတ္ အကို"

မိုးထက္ ေျဖၿပီးသည္ႏွင့္ ေဇယ်ာ တံခါးပိတ္လိုက္သည္။ ၿပီး‌ေနာက္ ၿပဳံးလိုက္ၿပီး အိမ္ကိုသာ အျမန္ဆုံးေသာ ေျခလွမ္းျဖင့္ ေလွ်ာက္သြား လိုက္ေတာ့သည္။ အိမ္ေရာက္ေတာ့
ေဇယ်ာ ေရခ်ိဳးဖို႔ ေရခ်ိဳးခန္းထဲ အရင္၀င္လိုက္သည္။ ၿပီးေနာက္ တံပတ္ေလးကို ေအာက္ပိုင္းမွာ ပတ္ထားလိုက္ၿပီး အ၀တ္အစား ေ႐ြးေနေလသည္။ အခ်ိန္အေတာ္ ၾကာ ေ႐ြးေနၿပီးမွ ခု၀တ္ဖို႔ အက်ီနဲ႔ ေဘာင္းဘီကို ထုတ္လိုက္ကာ ဝတ္လိုက္ေတာ့သည္။ အဝတ္အစား ဝတ္ၿပီးသည္ႏွင့္ မွန္တင္ခုံနား သြားကာ မ်က္ႏွာလိမ္း ပစၥည္းေတြနဲ႔ အလုပ္ရႈပ္ေနေပသည္။

အားလုံးျပင္ဆင္ၿပီးသည္ႏွင့္ ေဇယ်ာ တစ္ေယာက္ ဇာမဏီဟိဏ္း ဆီသြားဖို႔ အခန္းထဲေန ထြက္လိုက္ေလသည္။ ေလွကား တစ္ထစ္ခ်င္းဆီ ဆင္းၿပီး ကားနားသို႔ သြားလိုက္သည္။ ကားေလးဟာ ရပ္ေနရာမွ တေ႐ြ႕ေ႐ြ႕ျဖင့္ လႈပ္လာေတာ့သည္။
ေဇယ်ာ အစကေတာ့ ဇာမဏီဟိဏ္းဆီ တန္းတန္းမတ္မတ္ သြားဖို႔ စဥ္းစားထားေလသည္။ ၿပီးကာမွ ကားကို ေၾကးအိုးဆိုင္သို႔ ဘက္ေျပာင္းလိုက္ေလေတာ့သည္။ ေၾကးအိုးဆိုင္မွာ လူမ်ားေနတာနဲ႔ ခဏ ေစာင့္လိုက္ရသည္။ ဆယ့္ငါးမိနစ္ၾကာေတာ့မွ ေၾကးအိုး ႏွစ္ပြဲ ပါဆယ္ကို waiterက ေဇယ်ာကို လာေပးေတာ့သည္။

ဒီေတာ့ ေဇယ်ာလည္း ေၾကးအိုးဆိုင္က ထြက္ခဲ့လိုက္ေလသည္။ ၿပီးေနာက္ ကားကို cafe ဆိုင္သို႔ ဦးတည္လိုက္ျပန္သည္။ Cafe ကေန ေကာ္ဖီခါးခါးေလး ႏွစ္ခြက္ ၀ယ္လာခဲ့လိုက္သည္။ ၿပီးေတာ့မွ ကားကို ဇာမဏီဟိဏ္း ကုမၸဏီသို႔ ဦးတည္လိုက္ေတာ့သည္။

ေဇယ်ာ တစ္ေယာက္ ကားေမာင္းေနရင္း ၀ယ္လာတဲ့ ေၾကးအိုးနဲ႔ ေကာ္ဖီကို ၾကည့္ကာ ၾကည္ႏူးေနတဲ့ အၿပဳံးျဖင့္ ၿပဳံးလိုက္သည္။ ကားေလးဟာ "Shine Company" ဆိုသည့္ တိုက္ႀကီးေရွ႕မွာ ရပ္သြားပါေလသည္။

ေဇယ်ာ ကားေပၚက ဆင္းကာ ေၾကးအိုးထုပ္နဲ႔ ေကာ္ဖီခြက္ကို ယူလိုက္သည္။ ၿပီးေနာက္ ကုမၸဏီ ေရွ႕မွာ ခဏ ရပ္ကာ အသက္ကို ျပင္းျပင္း ရႈရႈိက္လိုက္သည္။ ေဆာင္းရာသီဆိုေပမယ့္ ေန႔လည္ခင္းမွာ ေနက်စ္က်စ္ေတာက္ ပူေနေပသည္။ ေဇယ်ာ ေနပူထဲမွာ ရပ္ေနမိတာေၾကာင့္ ပူသလိုျဖစ္လာသည္။ အေႏြးထည္ကုတ္ကိုလည္း ၀တ္ထားေသးတာ ဆိုေတာ့။ ေဇယ်ာ ခ်က္ခ်င္းဘဲ ကုမၼဏီထဲ ၀င္သြားလိုက္သည္။

အထဲ ၀င္သြားလိုက္တာနဲ႔ airconက ထြက္တဲ့ ေလပူေလးေတြ ခံစားလိုက္ရသည္။ ေဇယ်ာ ေကာင္တာနား သြားကာ
ဇာမဏီဟိဏ္း နာမည္ကို အျပည့္အစုံဘဲ ေျပာရေသးသည္။ ေကာင္တာမွာ ထိုင္ေနတဲ့ ေကာင္မေလးက အေပၚထပ္ကို သြားဖို႔ လမ္းၫႊန္လာပါေတာ့သည္။ ေဇယ်ာလည္း ဘာမွေမးမေနေတာ့ဘဲ အေပၚထပ္ကို တက္သြားလိုက္ေလသည္။

အေပၚထပ္ကိုေရာက္ေတာ့ ဇာမဏီဟိဏ္းရဲ႕ အတြင္းေရးမႉက ရွိမေနဘူးေလ။ ခါတိုင္းဆို ဇာမဏီဟိဏ္း ႐ုံးခန္းရဲ႕ တံခါး အနီးက ေကာင္တာမွာ ရွိေနၾကေလ။ အတြင္းေရးမႉးလည္း မရွိဘူးဆိုေတာ့ ေဇယ်ာ ဒီအတိုင္းဘဲ ၀င္သြားလိုက္သည္။ ႐ုံးခန္းထဲလည္း ေရာက္ေရာ ဇာမဏီဟိဏ္း ရွိမေနတာကို ေဇယ်ာ သတိထားမိလိုက္ေလသည္။ ဒါနဲ႔ ေဇယ်ာ တစ္ေယာက္ ေအာက္ထပ္ဆင္းၿပီးေတာ့ ဘယ္သြားလဲဆိုတာ ေမးမလို႔ စဥ္းစားလိုက္သည္။ ၿပီးကာမွ အစည္းအေဝးသြားေနတာ ေနပါလို႔ ေဇယ်ာ ကိုယ့္ဘာသာ ျဖည့္ေတြးလိုက္သည္။ ဒါနဲ႔ဘဲ
ေဇယ်ာ ႐ုံးခန္းထဲ ၀င္သြားၿပီးေတာ့ ေၾကးအိုးနဲ႔ ေကာ္ဖီကို စားပြဲေပၚ တင္ထားလိုက္သည္။ ၿပီးေတာ့ ဆိုဖာမွာ ထိုင္လိုက္ေတာ့သည္။ airconက ေလပူေတြထြက္ေနတာမလို႔ ေဇယ်ာ အေပၚထပ္ ကုတ္ကို ခြၽတ္ထားလိုက္ရသည္။

ေဇယ်ာ ထိုင္ေစာင့္ေနတာ နာရီ၀က္ေတာင္ ရွိလုနီးပါးျဖစ္ေနေလၿပီ။ ဒါေပမယ့္လည္း ေဇယ်ာ ထပ္ေစာင့္လိုက္သည္။ ေစာင့္ေနရင္းမွ ေဇယ်ာ နာရီကို တစ္ခ်က္ ျပန္ၾကည့္လိုက္ ျပန္ေလသည္။ ၿပီးေတာ့ ေၾကးအိုးကို လက္ကေလးနဲ႔ အသာေလး စမ္းၾကည့္လိုက္သည္။

"ပူေနေသးပါလား" ဆိုကာ ေဇယ်ာ တီးတိုး ႐ြတ္ဆိုလိုက္သည္။

ေစာင့္ေနရာတာ ၾကာလာေတာ့ ေဇယ်ာလည္း ပ်င္းလို႔လာေလသည္။ ဒါနဲ႔ ဆိုဖာမွာ ထိုင္ေနရာကေန ထၿပီးေတာ့ အေညာင္းဆန႔္သည္။ ၿပီးေနာက္ ဟိုၾကည့္ဒီၾကည့္ျဖင့္ လုပ္ေနေတာ့သည္။ ဟိုဟိုဒီဒီ ၾကည့္ေနရင္းမွ ေဇယ်ာ နာရီကို ထပ္ၾကည့္မိလိုက္ျပန္သည္။ ၁နာရီေတာင္ ထိုးသြားေခ်ၿပီ။
ေဇယ်ာ ေရာက္တုန္းက ၁၂အတိေလ။ ဒီေတာ့ ေဇယ်ာလည္း ဆိုဖာမွာ ျပန္သြားထိုင္လိုက္ေလသည္။

ေဇယ်ာ ထိုင္႐ုံခါစသာ ရွိေသးသည္ တံခါးက ႐ုတ္တရက္ႀကီး ဖြင့္လာေတာ့သည္။ ေဇယ်ာလည္း ထိုင္ခါစကေန ခ်က္ခ်င္း ရပ္ကာ ေနာက္ကို ၾကည့္လိုက္သည္။ ေနာက္ကို လွည့္ေနတုန္းမွာလဲ မ်က္စိမွိတ္ထားေတာ့သည္။ စိတ္ထဲတြင္လည္း ကိုဟိဏ္း ျဖစ္ပါေစဟု ေဇယ်ာ ေတြးေနမိေလသည္။ ေဇယ်ာ အေတာ္ၾကာ မ်က္စိမွိတ္ထားရာကကို ဖြင့္ၾကည့္လိုက္ေတာ့ ဇာမဏီဟိဏ္း ရပ္ေနတာကို ေတြ႕လိုက္ရ‌ေလသည္။ ဒါေၾကာင့္ ၀မ္းသာအားရျဖင့္ ေဇယ်ာ တစ္ေယာက္ ဇာမဏီဟိဏ္းနား သြားကာ အားရပါးရ ဖက္လိုက္ပါေလသည္။

ေဇယ်ာ ဘယ္ေလာက္ေတာင္ ဖက္ထားမိတယ္ မသိပါဘူး။ ဇာမဏီဟိဏ္းက ေခ်ာင္းဟန႔္ေတာ့မွ ေဇယ်ာလည္း ဖက္ထားတာကေန လြတ္လိုက္ရသည္။ ေဇယ်ာလြတ္လည္း ၿပီးေရာ ဇာမဏီဟိဏ္းေဘးနားက အတြင္းေရမႉး ေကာင္မေလးက "ဆရာ"ဆိုၿပီး လွမ္းေခၚလာေလသည္။ အဲ့ေနာက္မွာ ဇာနဏီဟိဏ္းရဲ႕ ကေမာၻဒီးယား၊ ျမန္မာ ကျပားအသံျဖစ္သည့္ အသံဩဩက ထြက္လာေတာ့သည္။

"ခဏ နားၾကတာေပါ့"

ဇာမဏီဟိဏ္းလည္း ေျပာၿပီးေရာ ေနာက္မွာ ရပ္ေနတဲ့သူေတြက အသီးသီး ထြက္ခြာသြားၾကေတာ့သည္။ ဇာမဏီဟိဏ္းရဲ႕ အတြင္းေရမႉးလည္း ကိုယ့္ေနရာကို ျပန္သြားေလသည္။ တံခါး၀ေရွ႕တြင္ ေဇယ်ာနဲ႔ ဇာမဏီဟိဏ္း ႏွစ္ေယာက္သာ ရွိၾကေလေတာ့သည္။ ေဇယ်ာ ဇာမဏီဟိဏ္းကို ေဘးကေန ရပ္ၾကည့္ေနေတာ့သည္။ ထိုအခ်ိန္မွာ ဇာမဏီဟိဏ္း ‌တစ္ေယာက္ ေဇယ်ာ့လက္ကို ဆြဲကာ အခန္းထဲ ေခၚသြားပါေလေတာ့၏။

ဇာမဏီဟိဏ္းရဲ႕ အားနဲ႔မလို႔ ေဇယ်ာ ဒီအတိုင္းေလး ပါသြား‌ ေလသည္။ တံခါးေတာင္ ပိတ္ခ်ိန္မရလိုက္ေပ။ ဒါေပမယ့္ ဇာမဏီဟိဏ္းရဲ႕ အတြင္းေရးမႉးက လာၿပီး ပိတ္ေပးသြားေတာ့သည္။ ဇာမဏီဟိဏ္းက လက္ကို ဆြဲထားေတာ့ ေဇယ်ာလည္း စိတ္ဆိုးသြားတယ္လို႔ ထင္မိသြားသည္။ ဒါနဲ႔ဘဲ ေဇယ်ာ ရွင္းျပဖို႔ ျပင္လိုက္သည္။

"ေဇယ်ာ......မသိလိုက္......."

စကားပင္ မဆုံးလိုက္ ေဇယ်ာ့ကို ရင္ခြင္ထဲ ထည့္ကာ ေထြးေပြ႕ထားေတာ့သည္။ ေဇယ်ာမွာ ႐ုတ္တရက္ဆိုေတာ့ လန႔္သြားရေတာ့သည္။ ၿပီးေတာ့လည္း ဖက္ထားရင္းနဲ႔ ဇာမဏီဟိဏ္း တစ္ေယာက္ တိုးတိုးတိုးတိုးနဲ႔ ေျပာေနေသး၏။

"လြမ္းေနတာ....အရမ္းကို လြမ္းေနမိတာ"

ေဇယ်ာ့ရဲ႕ ကိုယ္ကို ခြာၿပီး ထပ္ေျပာျပန္သည္။

"ကို အရမ္းလြမ္းေနတာ ခ်စ္ကို အရမ္းလြမ္းတာဘဲ"

ေျပာလည္း ေျပာၿပီးေရာ့ ေဇယ်ာ့ကို ရင္ခြင္ထဲထည့္ကာ ျပန္ဖက္ထားဖို႔ ျပင္သည္။ ဒါနဲ႔ ေဇယ်ာလည္း လက္ျဖင့္ ဇာမဏီဟိဏ္း ရင္ဘက္ကို ေထာက္ၿပီး ဟန႔္တားလိုက္သည္။ ဇာမဏီဟိဏ္းကေတာ့ ေဇယ်ာ့ကို အံ့ဩသလို ၾကည့္လာေတာ့တာေပါ့။ ေဇယ်ာ ခ်က္ခ်င္းဘဲ ဇာမဏီဟိဏ္း ရင္ဘက္ကို ႐ိုက္လိုက္သည္။ တစ္ခါဘဲ ႐ိုက္တာမဟုတ္။ အထပ္ထပ္အခါခါ ႐ိုက္လိုက္သည္။ ႐ိုက္ေနရင္းနဲ႔လည္း ေျပာလိုက္ေသးသည္။

"လြမ္းတယ္ဆို ဘာလို႔ တစ္ေယာက္ထဲ ထားခဲ့လဲ။ ၿပီးေတာ့ ဘာလို႔ ဖုန္းမဆက္တာလဲ။ messageေလး တစ္ေစာင္ေတာင္ မပို႔ဘူး.... မုန္းတယ္"

ေဇယ်ာ ႐ိုက္ၿပီး ဆိုဖာနား ျပန္လာထိုင္လိုက္သည္။ ဇာမဏီဟိဏ္းကေတာ့ သူ႔ရင္ဘက္ကို ပြတ္ေနေလသည္။ ေဇယ်ာ မ်က္ေစာင္းထိုး ၾကည့္ေနတယ္ ဆိုေတာ့မွ ဇာမဏီဟိဏ္းလည္း ဆိုဖာနားလာထိုင္ေတာ့သည္။

"တစ္ကယ္ ကိုဟိဏ္းကို မုန္းေနၿပီလား"

ဇာမဏီက စိတ္ပူတဲ့ ေလသံျဖင့္ ေဇယ်ာကို ေမးလိုက္သည္။

"မုန္းမလား.....မုန္းလို႔ရွိရင္ ဒီလို အစားအေသာက္ေတြ ယူလာေပးပါ့မလား စဥ္းစားၾကည့္ေလ" ဆိုကာ
ေဇယ်ာ ေျပာၿပီး တစ္ဖက္သို႔ လွည့္လိုက္သည္။

ထိုမွ ဇာမဏီဟိဏ္း ဟိုဘက္ ဆိုဖာကေန ေဇယ်ာနား ေရာက္လာသည္။ ၿပီးေတာ့ ေဇယ်ာ့ ပခုံးေလးကို အသာေလးကိုင္ၿပီး လႈပ္ကာ ေျပာသည္။

"ခ်စ္ကလည္း ကိုေမ့သြားလို႔ပါ။ အစည္းအေဝးေတြကလည္း ဆက္တိုက္ရွိေနေတာ့ ဖုန္းကို ၾကည့္မအားလို႔ပါ ေနာ္....ေနာ္....ေနာ္"

"ဟြန႔္"

ေဇယ်ာ ဇာမဏီကို မၾကည့္ဘဲ တစ္ဖက္သို႔ လွည့္ေနတုန္းပင္။

"ခ်စ္ကလည္း ေနာ္လို႔ ေနာ္........"

ဇာမဏီ အသံက တစ္ျဖည္းျဖည့္ျဖင့္ ခြၽဲပ်စ္လို႔လာေလသည္။

"ဗိုက္ဆာၿပီ ေၾကးအိုးစားမယ္"

ေဇယ်ာ ရယ္ခ်င္စိတ္ကို မနည္းထိန္းၿပီး ေျပာလိုက္ရသည္။

"ဟုတ္ၿပီ စားၾကမယ္ေလ"

ဇာမဏီဟိဏ္း ေျပာရင္း အျပင္ျပန္ထြက္သြားသည္။ ၿပီးေနာက္ ပန္းကန္လုံးေတြ ကိုင္ရင္း ျပန္ေရာက္ခ်လာသည္။ ေၾကးအိုး ႏွစ္ထုတ္ကို ပန္းကန္သပ္သပ္စီ ခြဲလိုက္ၾကသည္။ ေဇယ်ာမွာ ဇာမဏီဟိဏ္းကို ၾကည့္ရင္း စခ်င္လာသည္။

"ခ်စ္ကလည္း ေနာ္လို႔ ေနာ္....."

ေဇယ်ာ တစ္ေယာက္ ဇာမဏီဟိဏ္းႏွင့္ အသံတူေအာင္ လုပ္ၿပီး ေျပာလိုက္သည္။

"ဘာလဲ စေနတာလား၊ အင္းပါ အလုပ္ေတြၿပီးမွ မစႏိုင္ေအာင္ လုပ္ပစ္မယ္" ဟု ဇာမဏီဟိဏ္း ၿပဳံးရင္း ေျပာလိုက္ေတာ့သည္။

ဒီလိုနဲ႔ ေဇယ်ာတို႔ႏွစ္ေယာက္ ေၾကးအိုး စားၾကေလသည္။ မ၀မွာစိုးလို႔တဲ့ ကိုဟိဏ္းက ဖက္ထုပ္ေၾကာ္ ထပ္မွာေတာ့တာ။ ခု ေၾကးအိုးေကာ၊ ဖက္ထုပ္ေၾကာ္ေကာ စားၿပီး ဗိုက္ကားလို႔ေနေလၿပီ။ ေဇယ်ာ တစ္‌ေယာက္ ထပ္ၿပီး မစားႏိုင္ေတာ့ပါ။ ေကာ္ဖီေတာင္ ၀င္အုန္းမလား မသိ။ ေဇယ်ာ မအီမသာ မ်က္ႏွာျဖင့္ ဇာမဏီဟိဏ္းကို ၾကည့္လိုက္သည္။ ေၾကးအိုးေကာ ဖက္ထုပ္ေၾကာ္ေကာ စားေနလိုက္တာ ၿမိန္ေရယွက္ေရဘဲ။ ေဇယ်ာ့ ေၾကးအိုးကေတာ့ ေျပာင္သလင္းခါသြားၿပီ။ ဖက္ထုပ္ကေတာ့ တစ္ခုႏွစ္ခုေလာက္ဘဲ စားတာေလ။

ေဇယ်ာ ဇာမဏီဟိဏ္းကို ဒီအတိုင္းေလး ၾကည့္ေနမိေတာ့သည္။ ေျပာရရင္ ဇာမဏီဟိဏ္း စားေနတာက ဗိုက္ဆာလို႔ စားေနတဲ့ပုံစံ ျဖစ္ေနလို႔ဘဲေလ။ ဒါေပမယ့္ ေဇယ်ာတို႔လို ပလုတ္ပေလာင္းႀကီး စားေနတာ မဟုတ္။ သူ႔ကိုၾကည့္လိုက္ရင္ မဂၤလာပြဲမွာ စားေနတဲ့ အတိုင္းဘဲ။ ေဇယ်ာတို႔လို ဘဲမ်ားၿပီး စားေနသည့္ အတိုင္းပင္။ ေဇယ်ာ ၾကည့္ေနမိေတာ့ ဇာမဏီဟိဏ္းက ရိပ္မိသြားေတာ့သည္။ ေဇယ်ာ့ကို ၿပဳံးျပလာသည္။ ၿပီးေတာ့ အသံဩဩျဖင့္ ေျပာလိုက္ေသးတာ။

"မနက္စာ မစားရေသးလို႔ေလ"

"ေျဖးေျဖးစားပါ နင္ေနအုန္းမယ္ ကိုဟိဏ္းရယ္"

ေဇယ်ာ ေကာ္ဖီ ေအးေအး တစ္ငုံ ေသာက္လိုက္ၿပီး ေျပာလိုက္သည္။

"ဟုတ္ကဲ့ပါဗ်"

ဇာမဏီဟိဏ္းလည္း ေဇယ်ာ့ကို ျပန္ေျပာၿပီး ဆက္စားေန ေလသည္။

ေဇယ်ာလည္း ေကာ္ဖီေသာက္ရင္း ဇာမဏီဟိဏ္းကို ဆက္ၾကည့္ေနလိုက္ေတာ့တာေပါ့။ ဒီလိုနဲ႔ ကိုဟိဏ္းလည္း စားလို႔ေသာက္လို႔ၿပီးလို႔ အလုပ္စားပြဲက ထိုင္ခုံေပၚမွာ ေရာက္ၿပီး အလုပ္လုပ္ေနေလၿပီ။ ေဇယ်ာကေတာ့ ဆိုဖာေပၚမွာ လွဲေလ်ာင္းရင္း ဖုန္းကလိေနေတာ့တာေပါ့။ ေဇယ်ာ့ကို ဆိုင္ျပန္လိုက္ပို႔မယ္လို႔ ေျပာေပမယ့္ ေဇယ်ာက အပို႔မခံပါ။ ဒီအတိုင္း ၿငိမ္ၿငိမ္ေလး ေနမယ္ဆိုၿပီး ေနေနတာ ျဖစ္သည္။ ဆိုဖာေပၚ လဲရင္း ဖုန္းသုံးေနတာ ပ်င္းလာေတာ့သည္။ ေဇယ်ာ နာရီကို ၾကည့္လိုက္မိသည္။ ၄နာရီခြဲေတာင္ ရွိလို႔ေနေလၿပီ။ ေဇယ်ာ ဇာမဏီဟိဏ္းကို တစ္ခ်က္ ၾကည့္လိုက္သည္။ laptopကို အားစိုက္ကာ ၾကည့္ေနေတာ့သည္။ ေဇယ်ာ ၾကည့္ေနရင္းမွ တစ္ခ်က္ သန္းလိုက္သည္။

လူက အရမ္းကို အိပ္ခ်င္ေနၿပီဘဲ ျဖစ္သည္။ မနက္က အေစာႀကီး ထရတာကိုး။ ေဇယ်ာ မ်က္လုံေတြ ေလးေလးပင္ပင္ ျဖစ္လာသည္။ ၿပီးေနာက္ အိပ္ေပ်ာ္သြားေတာ့သည္။ ေနာက္ဆုံး ေဇယ်ာရဲ႕ မ်က္လုံးထဲမွာ ဇာမဏီဟိဏ္းကို ၿပဳံးၿပီး စကားေျပာေနတာကိုဘဲ ျမင္ေယာင္မိေတာ့သည္။

ေဇယ်ာ အလင္းစူးစူးႀကီးေၾကာင့္ ေနရခက္လာသည္။ ၿပီးေတာ့ ဟင္းနံ႔နဲ႔တူတဲ့ အနံ႔ကလည္း ေဇယ်ာကို ထလာဖို႔ ဆြဲေဆာင္ေနလို႔ပင္။ ေဇယ်ာ တစ္ေယာက္ ပ်င္းေၾကာဆြဲကာ ထလာသည္။ မ်က္လုံးကို လက္ျဖင့္ သာသာေလး ပြတ္လိုက္ၿပီးေနာက္ ေဘးဘီကို လွည့္ၾကည့္လိုက္သည္။ ၿပီးေတာ့ ပတ္၀န္းက်င္ကလည္း ေဇယ်ာ့အတြက္ ရင္းႏွီးလို႔ ေနေလသည္။
ေဇယ်ာ ဆိုဖာကေန ထလိုက္ကာ အနီးအနားကို ၾကည့္လိုက္မိေတာ့သည္။ ၿပီးကာမွ ဒါ ကိုဟိဏ္းနဲ႔ ငါနဲ႔ တူတူေနခဲ့တဲ့ အိမ္ပါလား ဆိုၿပီး ေဇယ်ာ သတိရေတာ့သည္။

ထို႔ေနာက္ ေဇယ်ာ ဟင္းနံ႔ေလးလာရာ မီးဖိုဘက္ကို ခ်က္ခ်င္း သြားလိုက္ေလသည္။ မီးဖိုဘက္ကို ေရာက္ေရာက္ခ်င္း ဒယ္အိုး တစ္လုံးနဲ႔ အလုပ္ရႈပ္ေနတဲ့ ခ်စ္ရသူ ဇာမဏီဟိဏ္းကို ေဇယ်ာ ေတြ႕ေတာ့သည္။ ဒါနဲ႔ ေဇယ်ာ အနားသြားလိုက္သည္။ ဇာမဏီဟိဏ္းကေတာ့ အလုပ္ရႈပ္ေနေတာ့ ေဇယ်ာ့ကို ၾကည့္မအား။ ဒီအတိုင္း ဟင္းခ်က္ေနရင္း ေျပာလာသည္။

"ႏိုးၿပီလား"

"အင္း....အဲ့တာ ဘာလုပ္ေနတာလဲ"

ေဇယ်ာ ေၾကာင္ေတာင္ေတာင္႐ုပ္ေလးျဖင့္ ေမးလိုက္သည္။

"ေအာ္....ဂ်ဳံေခါက္ဆြဲကို ဆီခ်က္လုပ္မလို႔ေလ"

ထုံးစံအတိုင္း ဇာမဏီဟိဏ္းက မအားတဲ့ေလသံျဖင့္ ျပန္ေျဖသည္။

"ခဏက ေမႊးေမႊးေလးနဲ႔ ဟင္းနံ႔ကေရာ"

ေဇယ်ာ တစ္ျခားဟင္းမ်ား ခ်က္ထားေလမလား အထင္ႏွင့္ ေမးလိုက္သည္။

"ေအာ္ အဲ့တာလား င႐ုတ္သီးနဲ႔ ၾကက္သြန္ျဖဴ ဆီသက္တာေလ"

ဇာမဏီဟိဏ္း ေျပာ‌လိုက္ေတာ့ ေဇယ်ာ မ်က္ႏွာမွာ ၿပဳံး ေနရာကေန မဲ့က်သြားသည္။ ၿပီးေတာ့ စားပြဲဝိုင္းမွာ သြားထိုင္လိုက္သည္။ မၾကာပါဘူး ဇာမဏီဟိဏ္းကေနၿပီးဆီခ်က္ေခါက္ဆြဲ ပန္းကန္ကို စားပြဲေပၚ တင္လာေတာ့သည္။ ၿပီးေတာ့လည္း ေျပာေသးတာ။

"ဒါက ကိုတို႔ ငယ္ငယ္တုန္းက ကိုတို႔အေမ လုပ္ေကြၽးေနၾကေလ။ အေမ့ေလာက္ေတာ့ လက္ရာမေကာင္းေပမယ့္လို႔ စားေကာင္းမယ္လို႔ေတာ့ အာမခံတယ္"

"ဟုတ္ပါၿပီ"

ေဇယ်ာ ဇာမဏီဟိဏ္းကို ၿပဳံးျပရင္း ေျဖလိုက္သည္။

ေခါက္ဆြဲကို စားမလို႔ ျပင္လိုက္ရင္းမွ ဒီကို ဘယ္လိုေရာက္လာရသလဲ ဆိုတာ သတိရေတာ့သည္။
ဒါေၾကာင့္ ေဇယ်ာ တူကို ေဘးမွာခ်လိုက္ၿပီး ေမးလိုက္‌ေလသည္။

"ဒါနဲ႔ေလ ေဇယ်ာ ဒီကို ဘယ္လိုေရာက္လာတာလဲ"

"ဒီကိုလား"

ဇာမဏီဟိဏ္းမွာ ေခါက္ဆြဲ တစ္လုပ္စားရင္း ‌ျပန္ေျပာသည္။

"ဟုတ္တယ္ေလ"

"ဒီလိုေလး ေပြ႕လာတာေလ"

ဇာမဏီဟိဏ္း တစ္ေယာက္ ေျပာလည္းေျပာရင္း ကိုယ္ဟန္အမူအရာပါ လုပ္ျပေတာ့သည္။

"ကုမၼဏီကေန ေပြ႕လာတာ ရွက္စရာႀကီး"

ေဇယ်ာ တစ္ေယာက္ မ်က္ႏွာကို လက္ျဖင့္အုပ္ၿပီး ရွက္ေသြးျဖာေနေလသည္။

"ခုမွရွက္မေနနဲ႔ ကုမၼဏီမွာ ကို႔ကို ဖက္တုန္းကေရာ ရွက္စရာလို႔ ေတြးခဲ့လို႔လား" ဆိုကယ ဇာမဏီဟိဏ္း ၿပဳံးရင္း ေျပာလိုက္သည္။

"အဲ့တုန္းကေတာ့ အဲ့လိုေပါ့"

ေဇယ်ာ ေျပာလိုက္ေပမယ့္ မ်က္ႏွာေပၚက လက္ကမခ်ေသး ေပ။

"ကဲပါ ေခါက္ဆြဲစားေတာ့ ၾကာရင္ ေအးကုန္ေတာ့မယ္"

ဇာမဏီဟိဏ္းလည္း ေဇယ်ာရဲ႕လက္ေတြကို လွမ္းဖယ္ရင္း ေခ်ာ့ေတာ့သည္။ အေတာ္ၾကာမွ ေဇယ်ာ တစ္ေယာက္ လက္ကို ဖယ္ေလသည္။ ၿပီးေတာ့ ေခါက္ဆြဲစားဖို႔ တူကို ကိုင္လိုက္ေတာ့သည္။

ဒီလိုနဲ႔ ေခါက္ဆြဲစားၿပီးေတာ့ ေဇယ်ာက ပန္းကန္ေဆးဖို႔ မီးဖိုေခ်ာင္မွာ က်န္ခဲ့သည္။ ဇာမဏီဟိဏ္းကေတာ့ ေရခ်ိဳးမလို႔ ဆိုၿပီး အေပၚတက္သြားေလရဲ႕။ ေဇယ်ာ ပန္းကန္ ေဆးၿပီးေတာ့ အေပၚထပ္ကို တက္သြားလိုက္သည္။ ၿပီးေတာ့ ေျခလွမ္းေတြက ဇာမဏီဟိဏ္း အခန္းဆီသို႔ ဦးတည္ကာ သြားလိုက္ေတာ့သည္။ အရင္ကလည္း ေနခဲ့ဖူးေတာ့ ဒီအိမ္ႀကီးက ေဇယ်ာ့ အတြက္ သိပ္ေတာ့မထူးဆန္းပါ။ တံခါးကို အသာေလး ဖြင့္ရင္း ၀င္သြားလိုက္သည္။ ဇာမဏီဟိဏ္း အခန္းကေတာ့ အရင္တိုင္းပါဘဲ။ ေဇယ်ာ အ၀တ္ဗီ႐ိုေတြ၊ ခုတင္ေတြကို ေလွ်ာက္ၾကည့္ေနမိသည္။ ၿပီးေတာ့ စားပြဲ‌ခုံနား အၾကည့္ ေရာက္သြားသည္။ ေဇယ်ာ စားပြဲခုံက ဓာတ္ပုံေလးကို ယူၾကည့္လိုက္သည္။

အရင္တုန္းက ပုံေလးကို ခုထိ သိမ္းထားေသးတာဘဲေလ။
ေဇယ်ာ ျပန္ခ်ထားလိုက္သည္။ ဓာတ္ပုံေလးကို စားပြဲေပၚ ခ်ထားလိုက္ေတာ့ ေဆးပုလင္းေတြ ျမင္လိုက္ရေတာ့သည္။
ေဆးပုလင္းေတြက နည္းတာမဟုတ္ဘူး။ ေလးငါးေျခာက္ဘူး ေလာက္ရွိမည္။ ေသးတဲ့ဘူးကေသး၊ ႀကီးတဲ့ဘူးကႀကီးနဲ႔ ရွိေနေတာ့သည္။ ေဇယ်ာ ထိုေဆးဘူးထဲမွ တစ္ဘူးကို ယူၾကည့္မလို႔ လုပ္ရာတြင္ ေရခ်ိဳးခန္းတံခါးက ဖြင့္လာေတာ့သည္။ ဒါနဲ႔ဘဲ ေဇယ်ာ ေဆးဘူးေတြကို ယူမၾကည့္လိုက္ရေပ။

ဇာမဏီဟိဏ္းမွာ ေအာက္ပိုင္းကို တပတ္ေလးပတ္ထားၿပီးေတာ့ ထြက္လာေလသည္။ ေခါင္းကို ေရေျခာက္ေအာင္ သုတ္ေနရင္း ေဇယ်ာ့နားကို လာေနေတာ့သည္။ ေဇယ်ာ့နား တျဖည္းျဖည္း နီးလာေတာ့ ဇာမဏီဟိဏ္းရဲ႕ ကိုယ္တိုက္ဆပ္ျပာနံ႔ သင္းသင္းေလးကို ေဇယ်ာ ရလိုက္သည္။ ဇာမဏီဟိဏ္းရဲ႕ ကိုယ္လုံးႀကီးက ေဇယ်ာ့ကို အုပ္မိုးသြား‌ေတာ့သည္။ ေရခ်ိဳးၿပီးခါစဆိုေတာ့ ဆံပင္ေပၚမွာ ေရစက္ေလးေတြက တြဲလဲေလး ျဖစ္လို႔ေနသည္။

ေဇယ်ာ ပူသလို ခံစားလာရသည္။ အတြင္းထဲ အထဲထဲက ကလီဆာေတြကို အက္စစ္နဲ႔ ပက္ထားသလို ပူတဲ့ ခံစားခ်က္မ်ိဳး။ ေဇယ်ာ ဇာမဏီဟိဏ္းရဲ႕ ရင္ဘက္ေလးကို ကိုင္လိုက္သည္။ ဇယမဏီဟိဏ္းရဲ႕ မ်က္ႏွာကလည္း ေဇယ်ာနဲ႔ နီးသထက္ နီးလာေလသည္။

ဒါေၾကာင့္ ေဇယ်ာ မ်က္လုံး မွိတ္ထားလိုက္ေတာ့၏။ နမ္းေတာ့မယ္လို႔ ခံစားခ်က္မ်ိဳးကို ခံစားလိုက္ရသည္။ ဒါေပမယ့္ ထိုခံစားခ်က္က ေပ်ာက္သြားရေတာ့သည္။ ေဇယ်ာ ခ်က္ခ်င္းပင္ မွိတ္ထားတဲ့ မ်က္လုံးေတြကို ဖြင့္ရင္း ဇာမဏီဟိဏ္းကို ၾကည့္လိုက္သည္။ ဘာလို႔မနမ္းတာလဲေပါ့။ ထိုခ်ိန္ ေခ်ာင္းဟန႔္သံကို ၾကားလိုက္ရသည္။

"အဟမ္း.....အဟမ္း"

ေဇယ်ာလည္း အသံလာရာကို လွည့္ၾကည့္လိုက္သည္။ ဇာမဏီဟိဏ္းရဲ႕ အကိုျဖစ္သူ စိုင္းဝီလ်ံဟိဏ္းကား အခန္း၀မွာ ခါးေထာက္ၿပီး ရပ္ေနေလေတာ့သည္။ ၿပီးေတာ့လည္း
ေဇယ်ာတို႔ကို စိုက္ၾကည့္ၿပီး ေျပာေသးတာ။

"ေကာင္းခန္းေရာက္မွ ဖ်က္သလို ျဖစ္သြားတာနဲ႔ တူပါတယ္"

"မဟုတ္ပါဘူး"

ေဇယ်ာေကာ ဇာမဏီဟိဏ္းပါ ႏွစ္ေယာက္အတူတူ ၿပိဳင္တူ ေျဖမိသြားသည္။ စိုင္းဝီလ်ံဟိဏ္းမွာေတာ့ ခါးေထာက္ထားရာကေန လက္ပိုက္တဲ့ အေနအထားသို႔ ျဖစ္လို႔သြားေလသည္။

"အကို ျပန္လာတာ ေစာတယ္ေနာ္" ဆိုကာ ဇာမဏီဟိဏ္းက ၀င္ေျပာလိုက္သည္။

"ငါ့အထင္ ငါ့ကို မရွိေစခ်င္ၾကဘူး ထင္တယ္"

"မဟုတ္ပါဘူး အဲ့လိုမထင္လိုက္ပါနဲ႔"

စိုင္းဝီလ်ံဟိဏ္း ထိုကဲ့သို႔ ေျပာလာေတာ့ ေဇယ်ာ ‌တစ္ေယာက္ ၀င္ရွင္းျပလိုက္ရေသးတာ။

"ဟိုေကာင္ အ၀တ္သြား၀တ္၊ ငါမလို႔ေပါ့ တစ္ျခားသူဆို ဘယ္လိုထင္မလဲ"

စိုင္းဝီလ်ံဟိဏ္း ေျပာေတာ့မွ ေဇယ်ာ ဇာမဏ္ဟိဏ္းကို ၾကည့္လိုက္မိသည္။ ဇာမဏီဟိဏ္းကလည္း သူ႔ကိုယ္သူ ျပန္ၾကည့္ ေလသည္။

"အဲ့လို မဟုတ္ပါဘူးေနာ္"

ဒီတစ္ခါလည္း ႏွစ္ေယာက္ ၿပိဳင္တူ ေျဖမိသြားသည္။

ဒါနဲ႔ဘဲ ေဇယ်ာလည္း ဇာမဏီဟိဏ္းကို အ၀တ္၀တ္ဖို႔ ႐ိုက္လိုက္သည္။ ၿပီးေတာ့ ေဇယ်ာ အခန္းထဲက ထြက္ကာ တံခါးပိတ္လိုက္သည္။ စိုင္းဝီလ်ံဟိဏ္းကေတာ့ ေဇယ်ာ့ကို စိုက္ၾကည့္ေနဆဲ။ ေဇယ်ာ ဒီအတိုင္းသာ ျပန္ၿပဳံးျပလိုက္ရသည္။ ဒါေပမယ့္လည္း စိုက္ၾကည့္ေနတုန္းပင္။ ေဇယ်ာလည္း ေနရခက္လာတာေၾကာင့္ အရင္ စကားစလိုက္ေလသည္။

"ျပန္ေရာက္လာၿပီလား ကိုစိုင္းဝီလ်ံဟိဏ္း"

ေဇယ်ာေျပာလိုက္ ေပမယ့္လည္း ဘာမွအက်ိဳးမထူး။ ဘာတစ္ခြန္းမွ ျပန္မေျပာလာေပ။ ခဏေလာက္ ပတ္၀န္းက်င္က စိမ္းသက္သက္ ျဖစ္လို႔သြားေလသည္။ ခဏၾကာေတာ့မွ
ေဇယ်ာ့ကို ေမးလာေတာ့သည္။ ေမးတာကလည္း တစ္ျခားမဟုတ္။ မိုးထက္ အေၾကာင္းပင္။

"ဆိုင္မွာလုပ္တဲ့ မိုးထက္က ရည္းစားေတြ၊ ဘာေတြ ရွိလား"

"မရွိပါဘူး.....ဘာလို႔လဲ"

ေဇယ်ာလည္း ျပန္ေျဖလိုက္သည္။ တစ္ဆက္ထဲမွာဘဲ ဘာေၾကာင့္ေမးတာလဲ ဆိုကာ ေမးခြန္း ျပန္ထုတ္လိုက္သည္။

"ဘာမွမဟုတ္ေတာ့ဘူး" လို႔ ေျပာၿပီး စိုင္းဝီလ်ံဟိဏ္းတစ္ဖက္ကို လွည့္သြားေတာ့သည္။ ၿပီးေတာ့ သူ႔အခန္းကို သြားေလေတာ့၏။

ေဇယ်ာလည္း ဇာမဏီဟိဏ္း အခန္းထဲ ျပန္၀င္မလို႔ ျပင္ေနဆဲမွာဘဲ ေမးခြန္းထပ္ေမးခံ လိုက္ရေတာ့သည္။

"ဒါနဲ႔ေလ မိုးထက္ကို မနက္ျဖန္ တစ္ရက္ေလာက္ ေခၚသြားလို႔ရမလား၊ အလုပ္ကိစၥနဲ႔ပါ"

"ရပါတယ္ ေခၚသြားလို႔ရပါတယ္"

ေဇယ်ာ တစ္ေယာက္ စိုင္းဝီလ်ံဟိဏ္းဘက္ ျပန္လွည့္ရင္း ေျဖလိုက္ရသည္။

ဒီည ေဇယ်ာတို႔ စိုင္းဝီလ်ံဟိဏ္းေၾကာင့္နဲ႔ အတူတူ မေနရပါ။ ဇာမဏီဟိဏ္းကို သူ႔အကိုကိုယ္တိုင္က လာေခၚသြားလို႔ပင္။
ေဇယ်ာ တစ္ေယာက္ မေက်မနပ္ ျဖစ္လို႔ေနေလသည္။ ဒါေပမယ့္လည္း ညႀကီး တစ္ေယာက္ထဲ ခဏကအေၾကာင္းကို ေတြးေနရင္း ေဇယ်ာ တစ္ဟီးဟီးနဲ႔ လုပ္ေနေတာ့သည္။

မနက္ေရာက္ေတာ့ ေဇယ်ာ ဇာမဏီဟိဏ္းနဲ႔အတူ ကုမၼဏီ လိုက္သြားရေတာ့သည္။ ေဇယ်ာ့ကားကို ကားဂိုေဒါင္မွာ ထားထားခဲ့လို႔တဲ့ေလ။ ေဇယ်ာတို႔ ကုမၼဏီကို ၀င္လိုက္တာနဲ႔ ၀န္ထမ္းေတြက ကြက္ၾကည့္ကြက္ၾကည့္နဲ႔ လုပ္ေနၾကေတာ့သည္။
ေဇယ်ာ့မွာ ရွက္ၿပီး မ်က္ႏွာပူလို႔ ေသေတာ့မည္။ ဒါကို
ဇာမဏီဟိဏ္း တစ္ေယာက္ကေတာ့ ရင္ေကာ့လ်က္ ယုံၾကည္ခ်က္ရွိရွိျဖင့္ ႐ုံးခန္းသို႔ ေလွ်ာက္သြားေနေလသည္။ ဒီၾကားထဲ ေဇယ်ာ့လက္ကိုပါ ကိုင္လိုက္ေတာ့ ၀န္ထမ္းေတြက ပါးစပ္အေဟာင္းသားနဲ႔ ျဖစ္ကုန္ၾက ေတာ့တာေပါ့။ ေဇယ်ာ့မွာ ရွက္ရွက္နဲ႔သာ ေနာက္ကေန လိုက္ခံလိုက္ရသည္။

ဇာမဏီဟိဏ္း ႐ုံးခန္းကို ေရာက္ေတာ့မွ ေဇယ်ာ သက္ျပင္း ခ်ႏိုင္ေတာ့သည္။ ဒါကို ဇာမဏီဟိဏ္းက ေဇယ်ာ့ နားကပ္ၿပီးေတာ့

"ဘာေတြ သက္ပ်င္းခ်ေနတာလဲ ခ်စ္ကေလး‌" ဆိုၿပီး ေမးလာပါေလသည္။

"ခဏကေလ ၀န္ထမ္းေတြ ဒီေလာက္ၾကည့္ေနတာ ရွက္လို႔ေသေတာ့မယ္"

ေဇယ်ာကို လက္ကေလးျဖင့္ ကိုယ့္ကိုယ္ကို ယပ္ခတ္ရင္း ေျပာလိုက္သည္။

"ဘာရွက္စရာ ရွိလို႔လဲ၊ ခ်စ္နဲ႔ ကိုနဲ႔က ရည္းစားေတြဘဲကို"

"ရည္းစားေတြဆိုေပမယ့္ ခုက ကုမၼဏီမွာေလ"

"ဘာဆိုင္လဲ ခုေတာင္ နမ္းခ်င္နမ္းလို႔ ရေသးတာဘဲ"
ဆိုကာ ဇာမဏီဟိဏ္း တစ္ေယာက္ ေဇယ်ာ့လက္ကို ဖမ္းဆြဲၿပီး သူ႔နားဆြဲယူလိုက္ေတာ့သည္။

ေဇယ်ာ့ မ်က္ႏွာမွာ ဇာမဏီဟိဏ္း မ်က္နာႏွင့္ အရမ္း နီးကပ္လို႔သြားေလသည္။ ေဇယ်ာ တံေတြး ၿမိဳခ်မိသြားသည္။ ခု ဇာမဏီဟိဏ္းမ်က္ႏွာက ေရွ႕ကို တစ္ျဖည္းျဖည္း တိုးလာေနေလၿပီ။ ေဇယ်ာလည္း မ်က္လုံးသာ မွိတ္ထားလိုက္ရေတာ့သည္။

ေကာင္ေလးႏွစ္ေယာက္ အခ်စ္ေတြ ဖလွယ္မယ့္ အခ်ိန္မွာဘဲ ဇာမဏီဟိဏ္း စားပြဲေပၚက ႐ုံးဖုန္းေလးကေန အသံထြက္လာပါေတာ့သည္။

"ဆရာ ဥကၠဌက ဆရာနဲ႔ ေျပာခ်င္လို႔ပါတဲ့" ဆိုသည့္
ဖုန္းက‌ ေနၿပီး အသံထြက္လာေတာ့ ဇာမဏီေကာ ေဇယ်ာပါ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္လိုက္ၾကေလေတာ့၏။

×××××××××××××××××××
ေျပာထားတဲ့အတိုင္း တင္ပါၿပီ။ ခုေရးခုတင္မလို႔ စာလုံးမွားတာေတြ။ ဖတ္ေနရင္း ေထာက္သြားတာေတြပါခဲ့ရင္ သည္းခံၿပီး ဖတ္ေပးၾကပါလို႔။ ၿပီးေတာ့လည္း ဇာမဏီနဲ႔ ေဇယ်ာကိုလည္း အားေပးၾကပါအုန္းလို႔။ သူတို႔ႏွစ္ေယာက္က Tuesday coupleေတြပါ။

Continue Reading

You'll Also Like

114K 11.3K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...
328K 8.1K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
205K 20.5K 79
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
48.2K 8K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...