Me and My Suspicious Partner(...

By HninAung913

39.9K 4.2K 463

Story Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန... More

Part 1 ( အမည်ပေးခြင်း)
Part 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Part 3 (စည်းကမ်းဖောက်မိပြီ)
Part 4 (ပြဿနာကို ဗုံးဖောက်ရှာ)
Part 5 ( ခွေးသူခိုး)
Part 6 ( PaPaPa ကဘာကြီးလဲ)
part 7 (မျက်နှာမြင် သတ်ချင်)
Part 8 ( ထမင်းအလကားမကျွေးပါ)
Part 9 (နှုတ်ဆက်ရတော့မယ်)
Part 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Part 11 (၀မ်းကွဲအကိုကတော့ လုပ်ပြီ)
Part 12 ( လင်နောက်လိုက်ခြင်း)
Part 13 (တောသားမြို့တက်)
Part 14 (စားပြီးနားမလည် ၀ါးပြီးမြိုချ)
Part 16 ( ငါတို့က ချစ်သူတွေ)
Part 17 ( သူ....ရက်စက်တယ်)
Part 18 (ခွင့်မလွှတ်နိုင်)
Part 19 (တစ်ခန်းရပ်ပြဇာတ်)
Part 20 (ကိုယ့်လမ်းကိုယ်လျှောက်ချိန်)
Part 21 ( ကိုယ်မင်းကိုချစ်တယ်) ဇာတ်သိမ်းပိုင်း
Art

Part 15 (လက်စားချေခြင်း အနုပညာ)

941 137 8
By HninAung913

"အကိုကြီး ဒီတိုင်တွေက သံတွေ။"

နန်ဖုန်းက အချုပ်ခန်းထဲမှနေ၍ သူတို့အား ကာထားသောထိုသံတိုင်များကို လက်နှစ်ဖက်ဖြသ့်ကိုင်ကာ လှုပ်နေရင်းမှ ချီရုန်ကိုလှမ်းပြောလာသည်။ ချီရုန်က ၏အနောက်ဘက်တွင် ပေါင်နှစ်ဖက်အား ကားကာခြေဆင်းလျက် ထိုင်နေသည်။ သူ့ဘေးတွင် ဖူယောင်က ထိုင်နေလေ၏။ နန်ဖုန်း၏အပြောကိုသိရတော့ ချီရုန်က လှမ်းကြည့်လိုက်ပြီး

"အဲ့တော့ ဘာဖြစ်တုန်း။"

နန်ဖုန်းက ချီရုန်အနားသို့ရောက်လာလိုက်ပြီး

"အကိုကြီး...ကျွန်တော်တို့အချုပ်ခန်းထဲ ခဏခဏရောက်ဖူးပေမဲ့ အချုပ်ခန်းတိုင်တွေကိုက အမြဲတမ်း သစ်သားတွေနဲ့လူပ်တာလေ။ ဒီအချုပ်ခန်းရဲ့ အကာတွေကိုက သံနဲ့လုပ်ထားတာ။ ကြည့်ရတာ ကျွင်းဝူကအတော်ချမ်းသာတဲ့ပုံပဲ။ ကျွန်တော်တို့ ထောင်ဖောက်ပြီးရင် လက်စားချေတာရော ဓားပြတိုက်တာပါ တစ်ခါတည်းလုပ်သွားရအောင်။ မကောင်းဘူးလား။"

"မင်း အရင်လွတ်အောင်ပဲလုပ်ပါအုန်း။ ငါတို့မကြာခင်သေတော့မဲ့ဟာ။"

"သေရအောင် ဘယ်သူကသေမှာလဲ။ ငါတိူ့သေရမယ်ဆိုရင်တောင် ကျွင်းဝူကိုပါ သတ်ပြီးမှသေမယ်။"

ချီရုန်က ရုတ်တရက်မတ်တပ်ကောက်ရပ်လိုက်ပြီး လက်သီးလက်မောင်းတန်းကာ ထအော်လိုက်သည်။

"ချီရုန်ဆိုတာ ဘယ်တစ်ယောက်လဲ။"

ရုတ်တရက် အချုပ်ခန်းအပြင်ဘက်တွင် လူတယောက်က ရပ်ပြီး သူတို့အားမေးလေ၏။ ချီရုန်က ဆုပ်ကာမြှောက်ထားသော လက်ကိုပင်ပြန်မချသေးပဲ ထိုလူအားကြောင်ကြည့်နေလေ၏။ အောက်ရှိ ထိုင်နေသော နန်ဖုန်းနှင့် ဖူယောင်က ပြိုင်တူပင် ချီရုန်အားလက်ညိုးထိုးကာ ပြိုင်တူပင်အော်ကြသည်။

"သူ...."

"သူပါ...."

ထိုရဲမက်က

"မင်းလား။ ဒါဆိုထွက်လာခဲ့။ စစ်သူကြီးက တွေ့ချင်လို့တဲ့။"

ထိုရဲမက်၏ပုံစံက ကျေနပ်နေသည့်ပုံစံမျိုးတော့ပေါ်မနေချေ။ သူက ပါးစပ်ကိုခပ်ဖွဖွလှုပ်ရင်း တရစပ်ပြောနေသည်။ သို့သော်လည်း ပလုံးပထွေးစကားများဖြစ်နေသည့်တိုင် သေချာလည်းမကြားရချေ။

"ထွက်လာခဲ့။"

"ငါလား။"

ချီရုန်ကကြောင်အ အနှင့်ပင်ရပ်နေဆဲ။ နန်ဖုန်းနှင့်ဖူယောင်က ချီရုန်အနားသို့ရောက်လာကြပြီး တဖက်တစ်ချပ်စီနေရာယူလျက်

"အကိုကြီးကို အရင်သတ်မှာလားမသိဘူး။ ခေါင်းဆောင်မှန်းသူတိူ့သိသွားတာထင်တယ်။ အဲ့တာကျွင်းဝူပြောလိုက်တာနေမှာ။ အကိုကြီးသူကို သေတာတောင်ခွင့်မလွှတ်နဲ့နော်။ "

"ဟုတ်တယ်။ တကယ်လို့အခွင့်အရေးရရင် ကျွန်တော်တို့ပြန်လက်စားချေပေးပါ့မယ်။

အကိုကြီး.....

ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။"

နှစ်ယောက်သား အော်သံပြဲကြီးဖြင့် ချက်ချင်းဒူးထောက်ကာ အော်လိုက်ကြသည်။ ချီရုန်က ဘာဖြစ်လို့ဖြစ်နေမှန်းကိုသိပုံမရချေ။ သူက မိမိကိုယ်ကိုလက်ညိုးထိုးလျက်

"ငါ သေတော့မှာလား။"

"ဘာတွေဖြစ်နေတာတုန်း။ ဧကရာဇ်ကို စောင့်ရအောင်လူပ်နေတာလား။ မြန်မြန်မလာပဲနဲ့။"

ရုတ်တရက် အထဲသို့ဝင်လာသော ဖုန်းရှင့်က ဆိုလေသည်။ ထိုအခါ ချီရုန်တို့သုံးဦးသား ဖုန်းရှင့်အား ပြူးကြောင်ကြောင်နှင့်ကြည့်နေပြီး ဘေးရှိရဲမက်က တအံ့တသြဆိုသည်။

"ဧကရာဇ်က ဘာ့ကြောင့်ဒီလိူ နိမ့်ကျတဲ့သူတွေကိုခေါ်တွေ့ရတာလဲဗျာ။"

"မင်း တွေးရမဲ့ကိစ္စမဟုတ်သလို မင်းနဲ့လည်းမသက်ဆိုင်ဘူး။ ရာထူးမပျောက်ချင်ရင် အပေါက်ပိတ်နေလိုက်။"

"......."

ထိုရဲမက်၏ အသံကချက်ချင်းပင် ပျောက်ကာသွားလေတော့သည်။ ချီရုန်က အပြင်သို့ထွက်ကာလာလေ၏။ အစိမ်းရင့်ရောင်နှင့် အနုတို့ရောစပ်ကာထားသော ဝတ်ရုံသည် ညစ်ပေနေသည့်အပြင် တစ်ချို့နေရာများတွင် အပေါ်ကရာလေးများပင်ရှိသေးသည်။ မျက်နှာ၏တစ်ချို့နေရာများသည်လည်း ပေကျံကာနေလေ၏။ ဖုန်းရှင့်က မျက်မှောင်ကိုကြုတ်လိုက်ရင်း

"အရင် ရေချိုးသင့်တယ်လို့ထင်တယ်။ လာလာ သွားရအောင်။

မင်းကသူတို့နှစ်ယောက်အတွက် အဆောင်တစ်နေရာရာကို စီစဥ်ပေးလိုက်။"

"ဗျာ..."

ဖုန်းရှင့်က ချီရုန်အားနောက်မှလိုက်စေလိုက်သည်။ ချီရုန်သည်လည်း သူ၏ ညစ်ပေနေသော ဝတ်ရုံအား ခါလိုက် နမ်းကြည့်လိုက် မျက်နှာကြီးမဲ့သွားလိုက်လုပ်ရင်းပါသွားလေတော့၏။

......................................

" သတ်ခါနီးတဲ့သူတွေကို ဒီလိုပဲ ရှယ်ပြင်ဆင်ပေးနေကြလား။ အင်းလေ ဖြစ်နိုင်တာပဲ။ ကျွင်းဝူတို့က အတော်ချမ်းသာတာဆိုတော့ မဖြစ်နိုင်တာဘယ်ရှိပါ့မလဲ။ ဒါနဲ့သူတကယ်ပဲ ငါ့ကိုသတ်တော့မှာလား။"

ချီရုန်က သူ့အားပြင်ဆင်ကာ ဝတ်ပေးထားသော အဝတ်အစားတစ်ချို့အား ငုံ့ကာ ငုံ့ကာကြည့်နေရင်း ခပ်တိူးတိုးရေရွတ်နေသည်။ သူ၏ရှေ့တွင် အတူလျောက်လာသော ဖုန်းရှင့်က

"ရောက်ပြီ။ ရှေ့က အဆောင်ပဲ။ တံခါးဖွင့်ပြီးဝင်သွားလိုက်။ အထဲမှာ ဧကရာဇ်စောင့်နေတယ်။"

"ကျွင်းဝူလား။ "

"ဟုတ်တယ်။"

ဖုန်းရှင့်က ခပ်ပြတ်ပြတ်ဖြေလိုက်ပြီးနောက် ထိုနေရာမှလှည့်ထွက်သွားတော့သည်။ ချီရုန်က မိမိရှေ့တင်ရှိနေသော ထိုအဆောင်အား ကြည့်ရင်း

"ငါ့ကိုတကယ်ပဲ သတ်တော့မှာလား။ အရင်တောအုပ်ကရေတံခွန်မှာတုန်းက သတ်လို​က်လည်း ဂရုမစိုက်ဘူး။ ဘလာ ဘလာ ဆိုတာတွေက အဲ့တုန်းကမလုပ်လောက်ဘူးထင်လို့ လေကျယ်မိတာ။ အခုသူက ဧကရာဇ် ၊ ချမ်းသာတဲ့သူဌေးကြီးဖြစ်ပြီဆိုတော့ အရင်က ငါသူ့ကိုနှိပ်စက်ထားတာတွေကိုပါ ပေါင်းပြီး ငါ့ကိုပြန်လက်စားချေနေရင်ရော။ နုတ်နုတ်စင်းပစ်ခံရမှာလား။"

ချီရုန်က ခေါင်းကိုအတွင်တွင်ခါပစ်လိုက်သည်။

"မဟုတ်ဘူး ။ မဟုတ်ဘူး ။ သူငါ့ကို သဘောကျတယ်လို့ပြောဖူးတယ်။ ဝမ်းကွဲအကိုနဲ့ ဟိုကောင်ဟွားချန်တို့ သဘောကျသလိုကျတာတဲ့။ ဒါဆို သူငါ့ကိုဘာမှမလုပ်လောက်ပါဘူး။

ပြီးတော့ငါတို့က ပါးစပ်ပိတ်တဲ့လေ့ကျင့်ခန်းလုပ်တာတောင် အတူလုပ်ဖူးတာပဲ။ သူအဲ့တာတွေမမေ့လောက်ပါဘူး။"

ချီရုန်က ခေါင်းကိုအဆက်မပြတ်ငြိမ့်ပြန်သည်။ သို့သော်လည်း နေ့လည်က ကျွင်းဝူကသူ့အားလျစ်လျူရှူသွားသည့်အဖြစ်ကိုပြန်တွေးလိုက်ရင်း သက်ပြင်းချကာ

"ဘာပဲဖြစ်ဖြစ် သူချရင်ပြန်ချမယ်။ ဒါပဲ။ အသေတော့မခံနိုင်ဘူး။ ဟုတ်တယ် ချီရုန်။ မင်းလုပ်နိုင်ပါတယ်။ မင်းကလူမိုက်ပဲ။ ပြီးတော့ ဓားပြ ခေါင်းဆောင်တယောက်။ ကမ္ဘာပေါ်မှာ မင်းလောက်တော်တဲ့သူမရှိဘူး။ သွားမယ်။"

ချီရုန်က ကိုယ့်ကိုယ်ကို အားတင်းစကားဆိုလိုက်ပြီးနောက် ထိုအဆောင်၏ တံခါးနားသို့သွားကာ တံခါးမကြီးအား တွန်းဖွင့်လိုက်တော့သည်။

သူက တံခါးကိုပြန်စိလိုက်ပြီးနောက် ထိုအခန်းကြီး၏ အတွင်းသို့ဝင်လာတော့သည်။ ညာဘက်ရှိ သူနှင့် မနီးမဝေးတွင် စားပွဲခုံတစ်လုံးရှိပြီး ထိုစားပွဲဘေးတွင် လူတစ်ယောက်က သူ့အားကျောပေးကာရပ်နေသည်။

"သူက တစ်ယောက်ယောက်နဲ့တူ....အား...ကျွင်းဝူ။"

ချီရုန်က လက်ညိုးထိုးကာအော်ချလိုက်လေတော့ ပိုင်ဝူရှန်သည်လည်း ချက်ချင်းပင် သူ့ဘက်သို့လှည့်ကာလာရင်း ရုတ်တရက်ချီရုန်ဆီသို့ ပြေးကာလာသည်။

"နေ...နေ...နေအုန်း။ အမလေးးးးးး။"

ရုတ်ရက်ပင် ကိုယ်ခန္တာတစ်ခုလုံးသိမ်းကြုံးကာအဖက်ခံလိုက်ရသည့် ချီရုန်က ပြူးကြောင်ကြောင့်နှင့်ပင် ငြိမ်နေမိ၏။ ပိုင်ဝူရှန့်က ချီရုန်အားဖတ်ထားလျက်ပင်

"ကိုယ် မင်းကိုအများကြီးသတိရနေတာ။ နောက်ဆုံးတော့မင်းကိူ ထွေးပွေ့ခွင့်ရပြီ။"

ချီရုန်ကလည်း ငြိမ်သက်နေမိသည်။ တခဏနေတော့မှာ သူ၏လက်နှစ်ဖက်ကိုအားကုန်သုံးရင် ကျွင်းဝူ၏ရင်ဘတ်မှနေ၍ အတင်းတွန်းထုတ်ပစ်လိုက်သည်။

"နေစမ်းပါအုန်း။ ဘာတွေလာသတိရနေတယ်။ ထွေးပွေ့ခွင့်ရပြီတွေလဲ။ လခွမ်းကိုထွေးပွေ့။ ချီးကို သတိရနေလိုက်။ "

ချီရုန်က ခါးတစ်ဖက်ထောက်ကာ ကျန်လက်တစ်ဖက်ကမူ လက်ညိုးထိုးလျက် ပိုင်ဝူရှန့်အားအော်လေတော့၏။

"ဘာတွေကိုလာလိမ်နေတာလဲ။ သဘောကျချင်ယောင်လာဆောင်ပြမနေနဲ့။ နှစ်လ...နှစ်လတိတိ စာမလာအကြောင်းမကြား။ ငါကိုယ်တိုင်လိုက်လာတော့လည်း မြင်ရက်သားနဲ့ လျစ်လျူရှုခြင်းကိုခံလိုက်ရတယ်။

အဲ့တာကြောင့်လည်း အခုငါမင်းကို ပြန်လက်စားချေဖို့လာတာ။ လက်တစ်ဖက်အတွက် လက်တစ်ဖက်။ မျက်လုံးတစ်လုံးအတွက်မျက်လူံးတစ်လုံးပဲ။ "

ထိုစကားကိုကြားတော့ ပိုင်ဝူရှန့်က ပြုံးလျက်ဆိုသည်။ ချီရုန်ကတော့ ဒေါသအိုးပေါက်ကွဲနေပုံရ၏။

"ဒါဆို ကျွန်တော်ပေးခဲ့တာအနမ်းနော်။ "

"......"

ချီရုန်၏ တစ်ကိုယ်လုံးကငြိမ်ကျသွား၏။ ပိုင်ဝူရှန်ကဆက်ပြောလာသည်။

"ခေါင်းဆောင်က ထပ်တူညီတဲ့လက်စားချေခြင်းမျိုးကိုလိုချင်တာဆိုတော့ ကျွန်တော်ကလည်း ခေါင်းဆောင်ကိုနမ်းခဲ့မိတဲ့ အမှားကရှိနေတယ်။ အဲ့တော့ လက်စားချေမယ်ဆိုရင် ခေါင်းဆောင်က ကျွန်တော့်ကိုပြန်နမ်းမှရမှာပေါ့နော်။

အပြင်မာ အော်နေတုန်းကလိုပေါ့။ ဘာတဲ့.....စားပြီးနားမလည်လုပ်တဲ့ ဧကရာဇ်ပိုင်ဝူရှန့်....ခွီး....အဲ့လိုမျိုးပဲ...."

ပိုင်ဝူရှန့်က ချီရုန်၏မျက်နှာနားသို့ သူ၏မျက်နှာအား နီးကပ်သည်အထိ ငုံ့လိုက်ရင်း

"ကျွန်တော်အခု ပြန်ပေးဆပ်ပါ့မယ်။ အဲ့လိုပြောလာမဲ့အတင်းအဖျင်းစကားသံတွေကို မကြားနိုင်တော့လို့လေ။ ကျေးဇူးပြုပြီးတော့ ခေါင်းဆောင်က ကျွန်တော့်ကိုပြန်နမ်းပါ။ ကျွန်တော် ကျေကျေနပ်နပ်ကြီးခံယူပါ့မယ်။"

ချီရုန်က ပိုင်ဝူရှန့်၏မျက်ဝန်းများကို သေချာစွာဆိုက်ကြည့်နေသည်။ ပိုင်ဝူရှန့်က သူ၏နှုတ်ခမ်းကိုပင် အနည်းငယ်ထော်သယောင်ဆူထားသေး၏။ ချီရုန်က

"လက်စားချေတာက ချေတာပဲ။ ငါအကုန်မင်းဆီကနေပြန်ယူပြမယ်။"

ချီရုန်က ပိုင်ဝူရှန့်၏ ပါးနှစ်ဖက်ကိုဆွဲကိုင်ပစ်လိုက်ပြီး နှုတ်ခမ်းချင်းထိကပ်ပစ်လိုက်သည်။ အတော်ကြာသည်အထိ ဖိကပ်ထားပစ်လိုက်ပြီးနောက် ပြန်ခွာရန်ပြင်လေတော့ ပိုင်ဝူရှန်ကသူ၏ လက်တစ်ဖက်ဖြင့် ချီရုန်၏ခါးကို ဆွဲသိမ်းကာ ကျန်လက်တစ်ဖက်ဖြင့် ချီရုန်၏မေးကိုကိုင်ရင်း ဆက်မော့ထားစေလိုက်သည်။ အနည်းငယ်ဟစိစိဖြစ်နေသော နှုတ်ခမ်းပါးအား သူ၏ နှုတ်ခမ်းတစ်စုံဖြင့် ပြန်လည်ပိတ်ဆို့ထားလိုက်ပြန်၏။

အနည်းငယ်ကြာတော့ ချီရုန်က အသက်ရှုကျပ်လာပုံပေါ်သည်။ သူ၏လက်များဖြင့် ပိုင်ဝူရှန့်၏ရင်ဘတ်အားစတင်ထုရိုက်လေတော့သည်။ ပိုင်ဝူရှန့်က ထိုလက်များကို သူ၏လက်တစ်ဖက်တည်းဖြင့် သိမ်းယူပစ်လိုက်ပြီး အနမ်းတို့ကို ဆက်ရှည်ကြာစေလိုက်သည်။ တခဏအကြာတွင် လွှတ်လိုက်လေတော့

"အဟွတ်...အဟွတ်..အဟွတ်...ငိုးမ။"

ချီရုန်ကသူ၏ နှုတ်ခမ်းကိုဖိသုတ်လိုက်ရင်း ချောင်းဆိုးနေသည့်ကြားမှပိုင်ဝူရှန့်အား ဆဲလိုက်သည်။ ပိုင်ဝူရှန့်က ပြုံးလျက်ပင်

"ကျွန်တော်က ခေါင်းဆောင်အစား ကိုယ့်ကိုယ်ကိုလက်စားချေလိုက်ယုံပါ။ ကျွန်တော်ဘယ်လောက်ထိသနားဖို့ကောင်းလဲတွေ့လား။"

"သွားသေလိုက်...."

*ဖုန်း...*

"အ့.....သေပါပြီ။"

ချီရုန်က ပိုင်ဝူရှန့်၏ ညာဘက်ခြေထောက်အား သူ၏ခြေထောက်ဖြင့် အားပါပါကန်ချလိူက်သည်။ ပိုင်ဝူရှန့်ပင် နာကျင့်သည့်အသံထွက်ကာ ခွေကျပြီး သူခြေထောက်သူပွတ်ကာနေလေတော့၏။ ထိုအခါချီရုန်က ဘေးနားရှိစားပွဲပေါ်တွင် တင်ကာထားသော ရေနွေးအိုးနှင့် ပန်းကန်လုံးအောက်ရှိ လင်ဗန်းအားဆွဲယူလိုက်ပြီး ထိုင်ကာခြေထောက်ကိုပွတ်နေသော ပိုင်ဝူရှန့်၏ ခေါင်းအား အသံမြည်သည်အထိ ရိုက်ချပစ်လိုက်လေတော့သည်။

~~~~~~~~~~~~~~~~~~~~~~

"အကိုႀကီး ဒီတိုင္ေတြက သံေတြ။"

နန္ဖုန္းက အခ်ဳပ္ခန္းထဲမွေန၍ သူတို႔အား ကာထားေသာထိုသံတိုင္မ်ားကို လက္ႏွစ္ဖက္ျဖသ့္ကိုင္ကာ လႈပ္ေနရင္းမွ ခ်ီ႐ုန္ကိုလွမ္းေျပာလာသည္။ ခ်ီ႐ုန္က ၏အေနာက္ဘက္တြင္ ေပါင္ႏွစ္ဖက္အား ကားကာေျခဆင္းလ်က္ ထိုင္ေနသည္။ သူ႕ေဘးတြင္ ဖူေယာင္က ထိုင္ေနေလ၏။ နန္ဖုန္း၏အေျပာကိုသိရေတာ့ ခ်ီ႐ုန္က လွမ္းၾကည့္လိုက္ၿပီး

"အဲ့ေတာ့ ဘာျဖစ္တုန္း။"

နန္ဖုန္းက ခ်ီ႐ုန္အနားသို႔ေရာက္လာလိုက္ၿပီး

"အကိုႀကီး...ကြၽန္ေတာ္တို႔အခ်ဳပ္ခန္းထဲ ခဏခဏေရာက္ဖူးေပမဲ့ အခ်ဳပ္ခန္းတိုင္ေတြကိုက အၿမဲတမ္း သစ္သားေတြနဲ႕လူပ္တာေလ။ ဒီအခ်ဳပ္ခန္းရဲ႕ အကာေတြကိုက သံနဲ႕လုပ္ထားတာ။ ၾကည့္ရတာ ကြၽင္းဝူကအေတာ္ခ်မ္းသာတဲ့ပုံပဲ။ ကြၽန္ေတာ္တို႔ ေထာင္ေဖာက္ၿပီးရင္ လက္စားေခ်တာေရာ ဓားျပတိုက္တာပါ တစ္ခါတည္းလုပ္သြားရေအာင္။ မေကာင္းဘူးလား။"

"မင္း အရင္လြတ္ေအာင္ပဲလုပ္ပါအုန္း။ ငါတို႔မၾကာခင္ေသေတာ့မဲ့ဟာ။"

"ေသရေအာင္ ဘယ္သူကေသမွာလဲ။ ငါတိူ႕ေသရမယ္ဆိုရင္ေတာင္ ကြၽင္းဝူကိုပါ သတ္ၿပီးမွေသမယ္။"

ခ်ီ႐ုန္က ႐ုတ္တရက္မတ္တပ္ေကာက္ရပ္လိုက္ၿပီး လက္သီးလက္ေမာင္းတန္းကာ ထေအာ္လိုက္သည္။

"ခ်ီ႐ုန္ဆိုတာ ဘယ္တစ္ေယာက္လဲ။"

႐ုတ္တရက္ အခ်ဳပ္ခန္းအျပင္ဘက္တြင္ လူတေယာက္က ရပ္ၿပီး သူတို႔အားေမးေလ၏။ ခ်ီ႐ုန္က ဆုပ္ကာျမႇောက္ထားေသာ လက္ကိုပင္ျပန္မခ်ေသးပဲ ထိုလူအားေၾကာင္ၾကည့္ေနေလ၏။ ေအာက္ရွိ ထိုင္ေနေသာ နန္ဖုန္းႏွင့္ ဖူေယာင္က ၿပိဳင္တူပင္ ခ်ီ႐ုန္အားလက္ညိုးထိုးကာ ၿပိဳင္တူပင္ေအာ္ၾကသည္။

"သူ...."

"သူပါ...."

ထိုရဲမက္က

"မင္းလား။ ဒါဆိုထြက္လာခဲ့။ စစ္သူႀကီးက ေတြ႕ခ်င္လို႔တဲ့။"

ထိုရဲမက္၏ပုံစံက ေက်နပ္ေနသည့္ပုံစံမ်ိဳးေတာ့ေပၚမေနေခ်။ သူက ပါးစပ္ကိုခပ္ဖြဖြလႈပ္ရင္း တရစပ္ေျပာေနသည္။ သို႔ေသာ္လည္း ပလုံးပေထြးစကားမ်ားျဖစ္ေနသည့္တိုင္ ေသခ်ာလည္းမၾကားရေခ်။

"ထြက္လာခဲ့။"

"ငါလား။"

ခ်ီ႐ုန္ကေၾကာင္အ အႏွင့္ပင္ရပ္ေနဆဲ။ နန္ဖုန္းႏွင့္ဖူေယာင္က ခ်ီ႐ုန္အနားသို႔ေရာက္လာၾကၿပီး တဖက္တစ္ခ်ပ္စီေနရာယူလ်က္

"အကိုႀကီးကို အရင္သတ္မွာလားမသိဘူး။ ေခါင္းေဆာင္မွန္းသူတိူ႕သိသြားတာထင္တယ္။ အဲ့တာကြၽင္းဝူေျပာလိုက္တာေနမွာ။ အကိုႀကီးသူကို ေသတာေတာင္ခြင့္မလႊတ္နဲ႕ေနာ္။ "

"ဟုတ္တယ္။ တကယ္လို႔အခြင့္အေရးရရင္ ကြၽန္ေတာ္တို႔ျပန္လက္စားေခ်ေပးပါ့မယ္။

အကိုႀကီး.....

ၿငိမ္းခ်မ္းစြာ အနားယူနိုင္ပါေစ။"

ႏွစ္ေယာက္သား ေအာ္သံၿပဲႀကီးျဖင့္ ခ်က္ခ်င္းဒူးေထာက္ကာ ေအာ္လိုက္ၾကသည္။ ခ်ီ႐ုန္က ဘာျဖစ္လို႔ျဖစ္ေနမွန္းကိုသိပုံမရေခ်။ သူက မိမိကိုယ္ကိုလက္ညိုးထိုးလ်က္

"ငါ ေသေတာ့မွာလား။"

"ဘာေတြျဖစ္ေနတာတုန္း။ ဧကရာဇ္ကို ေစာင့္ရေအာင္လူပ္ေနတာလား။ ျမန္ျမန္မလာပဲနဲ႕။"

႐ုတ္တရက္ အထဲသို႔ဝင္လာေသာ ဖုန္းရွင့္က ဆိုေလသည္။ ထိုအခါ ခ်ီ႐ုန္တို႔သုံးဦးသား ဖုန္းရွင့္အား ျပဴးေၾကာင္ေၾကာင္ႏွင့္ၾကည့္ေနၿပီး ေဘးရွိရဲမက္က တအံ့တၾသဆိုသည္။

"ဧကရာဇ္က ဘာ့ေၾကာင့္ဒီလိူ နိမ့္က်တဲ့သူေတြကိုေခၚေတြ႕ရတာလဲဗ်ာ။"

"မင္း ေတြးရမဲ့ကိစၥမဟုတ္သလို မင္းနဲ႕လည္းမသက္ဆိုင္ဘူး။ ရာထူးမေပ်ာက္ခ်င္ရင္ အေပါက္ပိတ္ေနလိုက္။"

"......."

ထိုရဲမက္၏ အသံကခ်က္ခ်င္းပင္ ေပ်ာက္ကာသြားေလေတာ့သည္။ ခ်ီ႐ုန္က အျပင္သို႔ထြက္ကာလာေလ၏။ အစိမ္းရင့္ေရာင္ႏွင့္ အႏုတို႔ေရာစပ္ကာထားေသာ ဝတ္႐ုံသည္ ညစ္ေပေနသည့္အျပင္ တစ္ခ်ိဳ႕ေနရာမ်ားတြင္ အေပၚကရာေလးမ်ားပင္ရွိေသးသည္။ မ်က္ႏွာ၏တစ္ခ်ိဳ႕ေနရာမ်ားသည္လည္း ေပက်ံကာေနေလ၏။ ဖုန္းရွင့္က မ်က္ေမွာင္ကိုၾကဳတ္လိုက္ရင္း

"အရင္ ေရခ်ိဳးသင့္တယ္လို႔ထင္တယ္။ လာလာ သြားရေအာင္။

မင္းကသူတို႔ႏွစ္ေယာက္အတြက္ အေဆာင္တစ္ေနရာရာကို စီစဥ္ေပးလိုက္။"

"ဗ်ာ..."

ဖုန္းရွင့္က ခ်ီ႐ုန္အားေနာက္မွလိုက္ေစလိုက္သည္။ ခ်ီ႐ုန္သည္လည္း သူ၏ ညစ္ေပေနေသာ ဝတ္႐ုံအား ခါလိုက္ နမ္းၾကည့္လိုက္ မ်က္ႏွာႀကီးမဲ့သြားလိုက္လုပ္ရင္းပါသြားေလေတာ့၏။

......................................

" သတ္ခါနီးတဲ့သူေတြကို ဒီလိုပဲ ရွယ္ျပင္ဆင္ေပးေနၾကလား။ အင္းေလ ျဖစ္နိုင္တာပဲ။ ကြၽင္းဝူတို႔က အေတာ္ခ်မ္းသာတာဆိုေတာ့ မျဖစ္နိုင္တာဘယ္ရွိပါ့မလဲ။ ဒါနဲ႕သူတကယ္ပဲ ငါ့ကိုသတ္ေတာ့မွာလား။"

ခ်ီ႐ုန္က သူ႕အားျပင္ဆင္ကာ ဝတ္ေပးထားေသာ အဝတ္အစားတစ္ခ်ိဳ႕အား ငုံ႕ကာ ငုံ႕ကာၾကည့္ေနရင္း ခပ္တိူးတိုးေရ႐ြတ္ေနသည္။ သူ၏ေရွ႕တြင္ အတူေလ်ာက္လာေသာ ဖုန္းရွင့္က

"ေရာက္ၿပီ။ ေရွ႕က အေဆာင္ပဲ။ တံခါးဖြင့္ၿပီးဝင္သြားလိုက္။ အထဲမွာ ဧကရာဇ္ေစာင့္ေနတယ္။"

"ကြၽင္းဝူလား။ "

"ဟုတ္တယ္။"

ဖုန္းရွင့္က ခပ္ျပတ္ျပတ္ေျဖလိုက္ၿပီးေနာက္ ထိုေနရာမွလွည့္ထြက္သြားေတာ့သည္။ ခ်ီ႐ုန္က မိမိေရွ႕တင္ရွိေနေသာ ထိုအေဆာင္အား ၾကည့္ရင္း

"ငါ့ကိုတကယ္ပဲ သတ္ေတာ့မွာလား။ အရင္ေတာအုပ္ကေရတံခြန္မွာတုန္းက သတ္လို​က္လည္း ဂ႐ုမစိုက္ဘူး။ ဘလာ ဘလာ ဆိုတာေတြက အဲ့တုန္းကမလုပ္ေလာက္ဘူးထင္လို႔ ေလက်ယ္မိတာ။ အခုသူက ဧကရာဇ္ ၊ ခ်မ္းသာတဲ့သူေဌးႀကီးျဖစ္ၿပီဆိုေတာ့ အရင္က ငါသူ႕ကိုႏွိပ္စက္ထားတာေတြကိုပါ ေပါင္းၿပီး ငါ့ကိုျပန္လက္စားေခ်ေနရင္ေရာ။ ႏုတ္ႏုတ္စင္းပစ္ခံရမွာလား။"

ခ်ီ႐ုန္က ေခါင္းကိုအတြင္တြင္ခါပစ္လိုက္သည္။

"မဟုတ္ဘူး ။ မဟုတ္ဘူး ။ သူငါ့ကို သေဘာက်တယ္လို႔ေျပာဖူးတယ္။ ဝမ္းကြဲအကိုနဲ႕ ဟိုေကာင္ဟြားခ်န္တို႔ သေဘာက်သလိုက်တာတဲ့။ ဒါဆို သူငါ့ကိုဘာမွမလုပ္ေလာက္ပါဘူး။

ၿပီးေတာ့ငါတို႔က ပါးစပ္ပိတ္တဲ့ေလ့က်င့္ခန္းလုပ္တာေတာင္ အတူလုပ္ဖူးတာပဲ။ သူအဲ့တာေတြမေမ့ေလာက္ပါဘူး။"

ခ်ီ႐ုန္က ေခါင္းကိုအဆက္မျပတ္ၿငိမ့္ျပန္သည္။ သို႔ေသာ္လည္း ေန႕လည္က ကြၽင္းဝူကသူ႕အားလ်စ္လ်ဴရႉသြားသည့္အျဖစ္ကိုျပန္ေတြးလိုက္ရင္း သက္ျပင္းခ်ကာ

"ဘာပဲျဖစ္ျဖစ္ သူခ်ရင္ျပန္ခ်မယ္။ ဒါပဲ။ အေသေတာ့မခံနိုင္ဘူး။ ဟုတ္တယ္ ခ်ီ႐ုန္။ မင္းလုပ္နိုင္ပါတယ္။ မင္းကလူမိုက္ပဲ။ ၿပီးေတာ့ ဓားျပ ေခါင္းေဆာင္တေယာက္။ ကမၻာေပၚမွာ မင္းေလာက္ေတာ္တဲ့သူမရွိဘူး။ သြားမယ္။"

ခ်ီ႐ုန္က ကိုယ့္ကိုယ္ကို အားတင္းစကားဆိုလိုက္ၿပီးေနာက္ ထိုအေဆာင္၏ တံခါးနားသို႔သြားကာ တံခါးမႀကီးအား တြန္းဖြင့္လိုက္ေတာ့သည္။

သူက တံခါးကိုျပန္စိလိုက္ၿပီးေနာက္ ထိုအခန္းႀကီး၏ အတြင္းသို႔ဝင္လာေတာ့သည္။ ညာဘက္ရွိ သူႏွင့္ မနီးမေဝးတြင္ စားပြဲခုံတစ္လုံးရွိၿပီး ထိုစားပြဲေဘးတြင္ လူတစ္ေယာက္က သူ႕အားေက်ာေပးကာရပ္ေနသည္။

"သူက တစ္ေယာက္ေယာက္နဲ႕တူ....အား...ကြၽင္းဝူ။"

ခ်ီ႐ုန္က လက္ညိုးထိုးကာေအာ္ခ်လိဳက္ေလေတာ့ ပိုင္ဝူရွန္သည္လည္း ခ်က္ခ်င္းပင္ သူ႕ဘက္သို႔လွည့္ကာလာရင္း ႐ုတ္တရက္ခ်ီ႐ုန္ဆီသို႔ ေျပးကာလာသည္။

"ေန...ေန...ေနအုန္း။ အမေလးးးးးး။"

႐ုတ္ရက္ပင္ ကိုယ္ခႏၱာတစ္ခုလုံးသိမ္းႀကဳံးကာအဖက္ခံလိုက္ရသည့္ ခ်ီ႐ုန္က ျပဴးေၾကာင္ေၾကာင့္ႏွင့္ပင္ ၿငိမ္ေနမိ၏။ ပိုင္ဝူရွန့္က ခ်ီ႐ုန္အားဖတ္ထားလ်က္ပင္

"ကိုယ္ မင္းကိုအမ်ားႀကီးသတိရေနတာ။ ေနာက္ဆုံးေတာ့မင္းကိူ ေထြးေပြ႕ခြင့္ရၿပီ။"

ခ်ီ႐ုန္ကလည္း ၿငိမ္သက္ေနမိသည္။ တခဏေနေတာ့မွာ သူ၏လက္ႏွစ္ဖက္ကိုအားကုန္သုံးရင္ ကြၽင္းဝူ၏ရင္ဘတ္မွေန၍ အတင္းတြန္းထုတ္ပစ္လိုက္သည္။

"ေနစမ္းပါအုန္း။ ဘာေတြလာသတိရေနတယ္။ ေထြးေပြ႕ခြင့္ရၿပီေတြလဲ။ လခြမ္းကိုေထြးေပြ႕။ ခ်ီးကို သတိရေနလိုက္။ "

ခ်ီ႐ုန္က ခါးတစ္ဖက္ေထာက္ကာ က်န္လက္တစ္ဖက္ကမူ လက္ညိုးထိုးလ်က္ ပိုင္ဝူရွန့္အားေအာ္ေလေတာ့၏။

"ဘာေတြကိုလာလိမ္ေနတာလဲ။ သေဘာက်ခ်င္ေယာင္လာေဆာင္ျပမေနနဲ႕။ ႏွစ္လ...ႏွစ္လတိတိ စာမလာအေၾကာင္းမၾကား။ ငါကိုယ္တိုင္လိုက္လာေတာ့လည္း ျမင္ရက္သားနဲ႕ လ်စ္လ်ဴရႈျခင္းကိုခံလိုက္ရတယ္။

အဲ့တာေၾကာင့္လည္း အခုငါမင္းကို ျပန္လက္စားေခ်ဖိဳ႕လာတာ။ လက္တစ္ဖက္အတြက္ လက္တစ္ဖက္။ မ်က္လုံးတစ္လုံးအတြက္မ်က္လူံးတစ္လုံးပဲ။ "

ထိုစကားကိုၾကားေတာ့ ပိုင္ဝူရွန့္က ၿပဳံးလ်က္ဆိုသည္။ ခ်ီ႐ုန္ကေတာ့ ေဒါသအိုးေပါက္ကြဲေနပုံရ၏။

"ဒါဆို ကြၽန္ေတာ္ေပးခဲ့တာအနမ္းေနာ္။ "

"......"

ခ်ီ႐ုန္၏ တစ္ကိုယ္လုံးကၿငိမ္က်သြား၏။ ပိုင္ဝူရွန္ကဆက္ေျပာလာသည္။

"ေခါင္းေဆာင္က ထပ္တူညီတဲ့လက္စားေခ်ျခင္းမ်ိဳးကိုလိုခ်င္တာဆိုေတာ့ ကြၽန္ေတာ္ကလည္း ေခါင္းေဆာင္ကိုနမ္းခဲ့မိတဲ့ အမွားကရွိေနတယ္။ အဲ့ေတာ့ လက္စားေခ်မယ္ဆိုရင္ ေခါင္းေဆာင္က ကြၽန္ေတာ့္ကိုျပန္နမ္းမွရမွာေပါ့ေနာ္။

အျပင္မာ ေအာ္ေနတုန္းကလိုေပါ့။ ဘာတဲ့.....စားၿပီးနားမလည္လုပ္တဲ့ ဧကရာဇ္ပိုင္ဝူရွန့္....ခြီး....အဲ့လိုမ်ိဳးပဲ...."

ပိုင္ဝူရွန့္က ခ်ီ႐ုန္၏မ်က္ႏွာနားသို႔ သူ၏မ်က္ႏွာအား နီးကပ္သည္အထိ ငုံ႕လိုက္ရင္း

"ကြၽန္ေတာ္အခု ျပန္ေပးဆပ္ပါ့မယ္။ အဲ့လိုေျပာလာမဲ့အတင္းအဖ်င္းစကားသံေတြကို မၾကားနိုင္ေတာ့လို႔ေလ။ ေက်းဇူးျပဳၿပီးေတာ့ ေခါင္းေဆာင္က ကြၽန္ေတာ့္ကိုျပန္နမ္းပါ။ ကြၽန္ေတာ္ ေက်ေက်နပ္နပ္ႀကီးခံယူပါ့မယ္။"

ခ်ီ႐ုန္က ပိုင္ဝူရွန့္၏မ်က္ဝန္းမ်ားကို ေသခ်ာစြာဆိုက္ၾကည့္ေနသည္။ ပိုင္ဝူရွန့္က သူ၏ႏႈတ္ခမ္းကိုပင္ အနည္းငယ္ေထာ္သေယာင္ဆူထားေသး၏။ ခ်ီ႐ုန္က

"လက္စားေခ်တာက ေခ်တာပဲ။ ငါအကုန္မင္းဆီကေနျပန္ယူျပမယ္။"

ခ်ီ႐ုန္က ပိုင္ဝူရွန့္၏ ပါးႏွစ္ဖက္ကိုဆြဲကိုင္ပစ္လိုက္ၿပီး ႏႈတ္ခမ္းခ်င္းထိကပ္ပစ္လိုက္သည္။ အေတာ္ၾကာသည္အထိ ဖိကပ္ထားပစ္လိုက္ၿပီးေနာက္ ျပန္ခြာရန္ျပင္ေလေတာ့ ပိုင္ဝူရွန္ကသူ၏ လက္တစ္ဖက္ျဖင့္ ခ်ီ႐ုန္၏ခါးကို ဆြဲသိမ္းကာ က်န္လက္တစ္ဖက္ျဖင့္ ခ်ီ႐ုန္၏ေမးကိုကိုင္ရင္း ဆက္ေမာ့ထားေစလိုက္သည္။ အနည္းငယ္ဟစိစိျဖစ္ေနေသာ ႏႈတ္ခမ္းပါးအား သူ၏ ႏႈတ္ခမ္းတစ္စုံျဖင့္ ျပန္လည္ပိတ္ဆို႔ထားလိုက္ျပန္၏။

အနည္းငယ္ၾကာေတာ့ ခ်ီ႐ုန္က အသက္ရႈက်ပ္လာပုံေပၚသည္။ သူ၏လက္မ်ားျဖင့္ ပိုင္ဝူရွန့္၏ရင္ဘတ္အားစတင္ထုရိုက္ေလေတာ့သည္။ ပိုင္ဝူရွန့္က ထိုလက္မ်ားကို သူ၏လက္တစ္ဖက္တည္းျဖင့္ သိမ္းယူပစ္လိုက္ၿပီး အနမ္းတို႔ကို ဆက္ရွည္ၾကာေစလိုက္သည္။ တခဏအၾကာတြင္ လႊတ္လိုက္ေလေတာ့

"အဟြတ္...အဟြတ္..အဟြတ္...ငိုးမ။"

ခ်ီ႐ုန္ကသူ၏ ႏႈတ္ခမ္းကိုဖိသုတ္လိုက္ရင္း ေခ်ာင္းဆိုးေနသည့္ၾကားမွပိုင္ဝူရွန့္အား ဆဲလိုက္သည္။ ပိုင္ဝူရွန့္က ၿပဳံးလ်က္ပင္

"ကြၽန္ေတာ္က ေခါင္းေဆာင္အစား ကိုယ့္ကိုယ္ကိုလက္စားေခ်လိဳက္ယုံပါ။ ကြၽန္ေတာ္ဘယ္ေလာက္ထိသနားဖို႔ေကာင္းလဲေတြ႕လား။"

"သြားေသလိုက္...."

*ဖုန္း...*

"အ့.....ေသပါၿပီ။"

ခ်ီ႐ုန္က ပိုင္ဝူရွန႔္၏ ညာဘက္ေျခေထာက္အား သူ၏ေျခေထာက္ျဖင့္ အားပါပါကန္ခ်လိဴက္သည္။ ပိုင္ဝူရွန့္ပင္ နာက်င့္သည့္အသံထြက္ကာ ေခြက်ၿပီး သူေျခေထာက္သူပြတ္ကာေနေလေတာ့၏။ ထိုအခါခ်ီ႐ုန္က ေဘးနားရွိစားပြဲေပၚတြင္ တင္ကာထားေသာ ေရႏြေးအိုးႏွင့္ ပန္းကန္လုံးေအာက္ရွိ လင္ဗန္းအားဆြဲယူလိုက္ၿပီး ထိုင္ကာေျခေထာက္ကိုပြတ္ေနေသာ ပိုင္ဝူရွန့္၏ ေခါင္းအား အသံျမည္သည္အထိ ရိုက္ခ်ပစ္လိုက္ေလေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~

Continue Reading

You'll Also Like

96.7K 4.6K 44
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
28.1K 6.3K 37
tk sinhala
42.8K 7.8K 42
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
1.5M 245K 163
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က သူ့ကိုဟောင်နေပြီး အန္တရာယ်ပေးဖို့ရန်ကြိ...