💝Play Boy💝
"ရွင္းၾကစမ္းပါအံုး မင္းတို႔ကဘယ္ကဘယ္လိုတြဲျဖစ္သြားၾကတာလဲ"
ROျပေနေသာအတြဲကို ဆက္မၾကည့္နိုင္တာေၾကာင့္ အ့ံေမးလိုက္ေတာ့သည္။
"မင္းကလဲ ငါေနႏြယ္ကိုအစထဲကၾကိဳက္ေနတာေလ ငါလိုက္မလို႔ခ်ိန္တုန္းရွိေသး မင္းကစြဲစိသြားေတာ့ ငါကဟက္ေကာ့ၾကီးက်န္ခဲ့ရတာေလ"
"အဲ့လိုလား ငါမသိလို႔ကြာ ေဆာတီးသယ္ရင္း
ဆက္ေျပာ……"
"အေထြအထူးမရွိပါဘူး သူေျခေထာက္ဒဏ္ရာရျပီး ေက်ာင္းဆက္မေတာ့ဘူးေလ
အစေတာ့ငါလဲ သူ႔အိမ္မသြားပါဘူး ေနာက္ေတာ့ မေနနိုင္တာနဲ႔အရဲစြန္႔ျပီးသြားလိုက္တာ
ေတာ္ေသးတယ္ ကိုမင္းထက္ေက်ာ္ကဘာမွမေျပာလို႔ တေျဖးေျဖးေနႏြယ္ကငါ့ကိုခ်စ္လာတာေပါ့ကြာ ဟဲ ဟဲ"
"ေအာ္ ေနႏြယ္နင္ကေရာ ဒီကိစၥငါ့ကိုဘာလို႔မေျပာတာလဲ"
"ကိုကိုကေမးလို႔လား အိမ္ကကိုကိုကေတာ့ေမးလို႔ ေျပာျပထားတယ္"
"မေမးမိတာငါ့အမွားေပါ့ေလ
အခုေရာေက်ာင္းကိုနင့္အကိုလိုက္ပို႔တာလား"
"ဟုတ္တယ္ ကိုကိုကျပန္သြားျပီ
ကိုဇြဲစာေမးပြဲျပီး ရုပ္ရွင္သြားၾကည့္မလို႔ေလ
ကိုကိုေရာလိုက္မလား"
"မလိုက္ပါဘူး မ်က္စိေနာက္ေအာင္"
"ေနပါ့ဒါဆိုလဲ"
"ငါကလဲမေခၚခ်င္ပါဘူး
မင္းပါရင္ မလြတ္လပ္ဘူး ဒါေတြလဲသိမွာမဟုတ္ပါဘူး မင္းလိုတစ္ကိုယ္ထဲသမားက"
"ေအးပါကြာ ငါ့ကိုကိုျပန္လာမွအားက်မခံ ROျပအံုးမယ္"
"ဆုေတာင္းေပးပါတယ္ ျပန္လာပါေစလို႔"
"မင္းတို႔လဲ ရုပ္ရွင္သြားၾကည့္မွာဆိုသြားၾကေတာ့ေလ ငါလဲအိမ္ျပန္ေတာ့မယ္"
"ေအး ေနာက္ရက္မွအိမ္လာခဲ့မယ္"
"မလာပါနဲ႔ကြာ အက်ိဴးမျပဳတဲ့လူေတြ ငါ့အိမ္မေခၚဘူး"
ဇြဲညီနဲ႔ေနႏြယ္ canteenကထြက္သြားျပီးမွ အ့ံလဲအိမ္ျပန္လာခဲ့သည္။
ေက်ာင္းေတာ္ၾကီးကို တစ္ခ်က္ျပန္ၾကည့္လိုက္သည္။
First year နဲ႔ Second yearတုန္းက ႏွစ္ေယာက္အတူေက်ာင္းတက္ခဲ့ဖူးတာပဲ။
ဒါလဲအမွတ္တရမမည္တဲ့ အမွတ္တရတစ္ခု။
~
တစ္ပတ္ေလာက္အိမ္မွာေနျပီး ေဖေဖကားကုမၼဏီမွာ အ့ံအလုပ္ဝင္သည္။
ကားေတြအေၾကာင္း ေဖေဖကေျပာျပေပးသလို
ကိုမင္းထက္ေက်ာ္နဲ႔ေတြ႔တဲ့အခါလဲ ေျပာျပေပးသည္။ အရင္ကအျပိဳင္အဆိုင္ေတြဆိုေပမဲ့ အ့ံနဲ႔မင္းထက္ေက်ာ္ ခင္မင္သြားသည့္ေနာက္ ျပိဳင္ဆိုင္တာေတြမရွိၾကေတာ့။
တခါတေလ ကိုကို႔အေဖရဲ႕ေဆာက္လုပ္ေရးဘက္ကိုလဲေရာက္သည္။
ကိုကို႔ဆိုင္ကိုလဲ ညေနတိုင္းသြားသည္။
ျပန္ေရာက္ေနမလားဆိုတဲ့ေမ်ွာ္လင့္ခ်က္ေလးနဲ႔ဆိုပိုမွန္သည္။
"ဟူး……လြမ္းလိုက္တာ ကိုကိုရယ္"
"သား"
အိမ္ေရွ႕ကဒန္းမွာထိုင္ေနတုန္းေမေမအနားေရာက္လာသည္။
"ေအာ္ ေမေမေျပာစရာရွိလို႔လား"
"အင္း သားအရမ္းပင္ပန္းေနျပီလား"
"မပင္ပန္းပါဘူးေမေမ အလုပ္ေတြကအားလံုးအဆင္ေျပပါတယ္"
"ေမေမကအလုပ္အေၾကာင္းေမးတာမဟုတ္ဘူးသား"
"ဗ်ာ ဒါဆို……"
"ဘယ္အခ်ိန္ျပန္လာမယ္မွန္းမသိတဲ့သူကို
သားေစာင့္ေနအံုးမွာလား"
"ေမေမရယ္"
"2ႏွစ္ေတာင္ရွိျပီေလ သားပိုင္ထြက္သြားတာ
သူသားကိုတကယ္ကြာရွင္းခ်င္လို႔ပဲျဖစ္မွာပါ
သားစာခ်ဴပ္မွာလက္မွတ္ထိုးျပီး က်န္တဲ့အခ်ိန္ေတြကို လြတ္လြတ္လပ္လပ္ျဖတ္သန္းပါလား"
"သားအဲ့လိုမေနခ်င္ဘူးေမေမ"
"အရင္လိုပဲ ေပ်ာ္ေပ်ာ္ပါးပါးေနပါလားကြယ္
မင္းၾကိဳက္တဲ့သူထပ္ရွိလာမွာပါ ေမေမကေတာ့ ၾကိဳးစားၾကည့္ေစခ်င္တယ္"
"ဟင့္အင္းေမေမ က်ေနာ္ကိုကိုကလြဲျပီးဘယ္သူ႔ကိုမွထပ္မခ်စ္နိုင္ေတာ့ဘူး ဟိုးကတည္းက ကိုကို႔ကိုပဲခ်စ္ခဲ့တာ ကိုကိုျပန္မလာတာ 2ႏွစ္ပဲရွိပါေသးတယ္
သားေစာင့္နိုင္တယ္ 10ႏွစ္ အႏွစ္20 ဘယ္ေလာက္ထိၾကာပါေစ ကိုကိုတေန႔ေတာ့ျပန္လာမွာပါ"
"ျပန္လာလို႔ သူကသားကိုမခ်စ္ေတာ့ဘူးဆိုရင္ေရာ သားဘယ္လိုလုပ္မလဲ"
"ခ်စ္မွာပါ ကိုကိုလဲသားကိုအရမ္းခ်စ္တာပဲေလ
လံုးဝၾကီးသံေယာဇဥ္ပ်က္သြားတာမ်ိဴးေတာ့မျဖစ္ေလာက္ပါဘူး တကယ္လို႔မ်ား ကိုကိုကသားကိုမခ်စ္ေတာ့ရင္လဲ သားပဲကိုကို႔ကိုဆက္ခ်စ္မွာ"
"ေနာင္တမရဘူးလား သားသူ႔ကိုခ်စ္ေနရတာကို"
"ေသခ်ာပါတယ္ ကိုကိုနဲ႔ပတ္သက္ျပီးရွိခဲ့တဲ့ေနာင္တက
ကိုကို႔စိတ္ကိုမျမင္ဘဲ စိတ္ညစ္ေအာင္လုပ္ခဲ့မိတာပဲရွိမွာ ကိုကို႔သိကၡာကိုေစာ္ကားခဲ့မိတဲ့ေနာင္တပဲရွိမွာ တျခားဘာကိုမွသားေနာင္တရမွာမဟုတ္ဘူး"
ေပါ့ေပါ့ေန ေပါ့ေပါ့စား ေပါ့ပ်က္ပ်က္သာ ဘဝကိုျဖတ္သန္းခဲ့ေသာ အ့ံ။ အခုက်ေလးနက္လြန္းေသာစကားေတြကိုမိခင္ထံဖြင့္ဟေနသည္။
သက္ဆိုင္သူသာသိမယ္ဆိုရင္~~~။
❣️
"ကိုဇြဲ"
"ေျပာေလေနႏြယ္"
"ကိုကို႔ကုမၼဏီသြားလည္ရေအာင္"
"ဘယ္ကိုကိုလဲ"
"ကိုကိုအ့ံ"
"အင္းသြားမယ္ေလ ေနႏြယ္အတန္းရွိေသးတယ္မဟုတ္ဘူးလား"
"တစ္ခ်ိန္ပဲရွိတာ မတက္ေတာ့ဘူး ကိုဇြဲလာတုန္း
ကိုကို႔စီသြားလည္မယ္ေလေနာ္"
"အင္း အင္း ကိုယ္လဲအဲ့ေကာင္ကိုသတင္းေကာင္းေျပာစရာရွိေနတာ"
"ဒါဆိုလဲ သြားမယ္"
ဇြဲညီ ေနႏြယ္ေက်ာင္းကိုလာေတြ႔ရင္းနဲ႔ အ့ံစီပါေရာက္သြားသည္။
"ငါ့သူငယ္ခ်င္းၾကီး အလုပ္ေတြၾကိဳးစားေနပါ့လား
ဘယ္သူ႔အတြက္အဲ့ေလာက္ၾကိဳးစားေနတာလဲ"
"အနာဂတ္ရဲ႕သားငယ္သမီးငယ္ေလးေတြအတြက္ေပါ့ကြာ ထိုင္ၾကအံုး ဘယ္ကသေဝထိုးလာၾကတာလဲ"
"ဘယ္ကမွသေဝမထိုးဘူး ေနႏြယ္ကမင္းစီအလည္လာခ်င္တယ္ဆိုလို႔လိုက္ပို႔တာ"
"ေနႏြယ္ကလာခ်င္တာဆိုေတာ့ မင္းကေတာ့မလာခ်င္ဘူးလား"
"မလာခ်င္ပါဘူး မင္းလုိတစ္ကိုယ္တည္းသမားေရွ႕လာ RO ျပရတာအားနာလို႔ ေနာ့ ေနႏြယ္"
"ကိုဇြဲကေတာ့ ေပါက္ကရေတြေျပာေနျပန္ျပီ
ဟိုမယ္ ကိုကို႔မ်က္ႏွာကဇီးရြက္ေလာက္ရွိေတာ့တယ္"
ဟုတ္ပါသည္။ အ့ံမ်က္ႏွာၾကီးငံု႔ေနတာ စားပြဲေစာင္းနဲ႔ပင္တိုက္ေတာ့မည္။
တစ္ေယာက္ထဲသမားလို႔ဇြဲညီက စေနာက္တိုင္း ႏွလံုးသားကနာက်င္ရျပန္သည္။
ကိုယ့္ကိုကိုယ္လဲအျပစ္တင္မိသည္။
ကိုကိုထြက္သြားေအာင္အ့ံပဲလုပ္ခဲ့တာေလ။
အ့ံကအထင္လြဲခဲ့မိတာကို။
"ကိုကို ကိုဇြဲေျပာတာယံုမေနနဲ႔
သူလဲကိုကို႔ကိုေျပာစရာရွိတယ္ဆိုျပီးလာတာ"
"ေအာ္ အင္းဘာေျပာစရာရွိလို႔လဲဇြဲညီ"
"သူရျပန္လာေတာ့မယ္တဲ့"
"ဟုတ္လား ဘယ္ေတာ့လဲ "
"ေနာက္တစ္ပတ္ထဲ ဒီေကာင္ျပန္ေရာက္တာနဲ႔လက္ထပ္မယ္ဆိုလား"
"ဟ တယ္စြံပါလား နိုင္ငံျခားကေန ၾကင္ယာပါေခၚလာနိုင္တာပဲ"
"သူ႔ေကာင္ေလးကနိုင္ငံျခားသူေတာ့မဟုတ္ဘူးေျပာတာပဲ ဒီေရာက္မွမိတ္ဆက္ေပးမယ္ဆိုလို႔ ဘာမွမေမးလိုက္ရဘူး"
"ဟ သူလက္ထပ္မွာေယာက်ာ္းေလးလား"
"ေအး သူလဲမင္းလိုပဲ"
"ေအာ္ ဒီေကာင္လာမဲ့ရက္သြားၾကိဳတာေပါ့ကြာ"
"သူငယ္ခ်င္းေတြကမဂၤလာေဆာင္မဲ့သူနဲ႔
အိမ္ေထာင္က်ျပီးသားသူနဲ႔ ငါပဲက်န္ေတာ့တယ္"
"မင္းလဲ ေနႏြယ္ကိုအပူကပ္ေပါ့ကြာ"
"အပူဒဏ္မခံနိုင္ပါဘူး
ေက်ာင္းျပီးထိေစာင့္နိုင္ေစာင့္ မေစာင့္နိုင္ရင္ ေဂ်ာင္း"
ေနႏြယ္က တံခါးကိုေမးဆက္ျပရင္းေျပာသည္။
"ငင့္ ေတြ႔လားအ့ံ မင္းရဲ႕ေမြးစားညီမကငါ့ကိုအဲ့လိုနိုင္စားတာ"
"မင္းလဲအရင္ေကာင္မေလးေတြတုန္းကနိုင္စားတာပဲေလ"
"ဟာ…အဲ့ဒါမေျပာနဲ႔ေလ"
"လုပ္မေနနဲ႔ မင္းအေၾကာင္းေနႏြယ္မသိတာမဟုတ္ဘူး"
"ဟုတ္တယ္ကိုကိုေျပာတာမွန္တယ္ ကိုဇြဲရႈပ္ခဲ့တာေတြ ေနႏြယ္အကုန္သိတယ္ ထပ္ျပီး ရုတ္ရုတ္ ယုတ္ယုတ္လုပ္လို႔ကေတာ့ေနာ္ တခါထဲပြဲသိမ္းပစ္မွာ"
"အမေလးဗ်ာ ေၾကာက္ပါတယ္အခ်စ္ရယ္
တကယ္ပါပဲ သူ႔အကိုေတြအားကိုးနဲ႔လူကိုခ်ိန္းေျခာက္ေနတာ"
"ဟား……ဟား……မင္းတို႔ဘာေသာက္မလဲ ငါမွာေပးမယ္ စကားေျပာေနတာနဲ႔ေမးဖို႔ေမ့ေနတာ"
"ေတာ္စမ္းပါကြာအပိုလုပ္မေနနဲ႔ ေစတနာပါရင္ ညက်မွလိုက္ေက်ြး အခုေတာ့ျပန္ေတာ့မယ္
ေနႏြယ္ကိုအိမ္လိုက္ပို႔ရအံုးမွာ"
"ေအးပါ ညအားရင္ဖုန္းဆက္လိုက္မယ္"
"အင္း ဒါဆိုျပန္ျပီ"
"ကိုကို bye ျပန္ျပီ"
"အင္း ေနႏြယ္ ေျခေထာက္လဲဂရုစိုက္အံုး မရွပ္ျပာမလုပ္နဲ႔"
"ဟုတ္ကဲ့ပါေယာကၡမေလာင္းၾကီး"
"ဟာ………ဘယ္မွန္းမသိေသးတဲ့ငါ့သားကိုပစ္မွားေနတယ္ ဇြဲညီေရ မင္းေတာ့ဘုန္းၾကီးဝတ္ရေတာ့မယ္ထင္တယ္"
"ဟား……ဟား……"
ဇြဲညီတို႔အတြဲေလးရယ္ေမာကာျပန္သြားၾကသည္။
ေအာ္~~အ့ံသူငယ္ခ်င္းေတြလဲ အခ်စ္ကိုယ္စီနဲ႔ေပ်ာ္ရႊင္ေနၾကျပီပဲ။
အ့ံလဲသူတို႔လိုပ်ာ္ခ်င္လိုက္တာ။
ျပန္လာပါေတာ့ ကိုကိုရယ္။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
2ႏွစ္ရွိသြားျပီ။
ပိုင္ႏွလံုးသားကိုထားခဲ့ျပီး ဂ်ပန္ကိုေရာက္ေနတာ2ႏွစ္။
ဒဏ္ရာေတြကေတာ့ မက်က္ေသးဘဲအရင္အတိုင္း။ မယံုၾကည္ခ်င္းေတြနဲ႔ၾကည့္တဲ့အၾကည့္ေတြ။
ရင္ထဲကအခ်စ္ကိုမျမင္ဘဲ ေပ်ာ္ရႊင္မႈကိုဦးစားေပးတက္တဲ့သူ။
အခုဆိုရင္ သူလဲသူ႔အခ်စ္စစ္နဲ႔ဘဝသစ္စေနျပီလား။ သူ႔အေၾကာင္းေတြ မစံုစမ္းျဖစ္ေပမဲ့ သတင္းသဲ့သဲ့ကိုေတာ့ၾကားရပါသည္။
တိုက္ဆိုင္မႈေတြနဲ႔သူ႔အေၾကာင္းတခ်ိဳ႕သိခဲ့ရတာပါ။
ကိုမင္းထက္ေက်ာ္ကိုေတာ့ သူအလုပ္ကိစၥလာရင္းေတြ႔ျဖစ္သည္။
သူလဲပိုင့္ကိုသူ႔ညီေလးလို ဂရုစိုက္ေပးသည္။
ျပန္လာခဲ့ဖို႔လဲ မၾကာခဏနားခ်ေသးသည္။
သူ႔ညီကိုငဲ့ေပးပါတဲ့ေလ။
သူ႔အေပၚေရာ ပိုင့္ကိုပါ အထင္အျမင္လြဲတဲ့သူကို မင္းထက္ေက်ာ္က သေဘာထားၾကီးေပးေနေသးသည္။
ကိုမင္းထက္ေက်ာ္လာတိုင္း အျမဲေျပာတာကေတာ့~
အ့ံကအခ်စ္သစ္မရွိေသးဘူးတဲ့ေလ။
ေသခ်ာပါ့မလား။ သူ႔အခ်စ္စစ္ကိုေတြ႔လို႔ ပိုင့္ကိုေတာင္ကြာရွင္းမယ္ေျပာတဲ့လူက အခုထိတစ္ေယာက္ထဲဆိုတာ ျဖစ္နိုင္ပါ့မလား။
ခ်စ္တယ္တဲ့။ အ့ံက ပိုင့္ကိုခ်စ္ေနတယ္တဲ့။
အ့ံေျပာတာမဟုတ္ရင္ ပိုင္မယံုခ်င္ဘူး။
ပိုင့္ေၾကာင့္သူအမ်ားၾကီးေျပာင္းလဲသြားတယ္ဆိုတာေတြေရာ သူ႔ေဖေဖကုမၼဏီမွာပါ အေတာ္အသင့္ဦးစီးနိုင္ေနျပီဆိုတာေတြပါ စံုေနေအာင္ေျပာျပသည္။
အ့ံခဏခဏရင္ဖြင့္လို႔ သူလဲနားပူေအာင္နားေထာင္ရတယ္ဆိုတာပါေျပာေသးသည္။
အ့ံလိုလူက ပိုင့္အေၾကာင္း အထူးတလည္ရင္ဖြင့္မဲ့သူမွမဟုတ္တာ။
အ့ံအတြက္အခ်စ္က ကစားစရာတစ္ခုပဲေလ။
ပ်င္းလာတဲ့အခါအသစ္တစ္ခုေျပာင္းခ်စ္နိုင္တဲ့လူစားမ်ိဳး။
ပိုင့္ကိုပဲ စြဲလမ္းျပီးခ်စ္ေနတယ္ဆိုရင္ အိပ္မက္ဆန္လြန္းသြားလိမ့္မည္။
သူသာခ်စ္ခဲ့ရင္ အခုလိုေဝးေနစရာမွမလိုတာ။
ထြက္လာျပီးကတည္းက မိဘေတြကိုပါအဆက္အသြယ္မလုပ္ျဖစ္ခဲ့။
ဆိုင္ကိုသာဆက္သြယ္ျဖစ္သည္။
ေဖေဖနဲ႔ေမေမကိုဆက္သြယ္ရင္ အ့ံသိသြားမွာလဲစိုးရိမ္သည္။
ေဖေဖကျပန္လာခဲ့လို႔ေျပာရင္ ပိုင္ျငင္းနိုင္မွာမဟုတ္။
ပိုင္ရွိတဲ့ေနရာကိုသိေပမဲ့ ေဖေဖလိုက္မေခၚတာကိုပဲေက်းဇူးတင္ရမည္။
အခုေတာ့ ကိုယ့္ဆံုးျဖတ္ခ်က္နဲ႔ကိုယ္ျပန္ဖို႔ဆံုးျဖတ္ထားသည္မို႔ ေမေမတို႔စီဆက္သြယ္ရမည္။
"ေမေမလား"
"သားလား "
"ဟုတ္ပါတယ္ေမေမ သားပါ"
"သားရယ္ အခုမွပဲေမေမတို႔ကိုဆက္သြယ္ေတာ့တယ္ ေမေမဘယ္ေလာက္စိတ္ပူေနတယ္မွတ္လဲ လူဆိုးေလးရဲ႕"
"စိတ္မပူပါနဲ႔ေမေမ သားအားလံုးအဆင္ေျပပါတယ္ ဒီမွာ ဒီဇိုင္းပညာေတြေလ့လာေနတာပါ
ေမေမတို႔ကို မဆက္သြယ္ဘဲေနမိတာ တကယ္ေတာင္းပန္ပါတယ္"
"သားအဆင္ေျပတယ္ဆို ေမေမေက်နပ္ပါတယ္ သားျပန္လာပါေတာ့လား ဒီမွာအံ႔ေလးက~~~"
"သူ႔အေၾကာင္း သားမသိခ်င္ဘူးေမေမ
သားဆက္သြယ္တာကိုလဲ အဲ့ေကာင္ကိုမေျပာပါနဲ႔
မဟုတ္ရင္သာူထပ္ျပီး ဒီမွာဘဲေနရလိမ့္မယ္"
"မေျပာေစခ်င္ရင္ ေမေမမေျပာပါဘူးသားရယ္
ျဖစ္နိုင္ရင္သားျပန္လာပါေတာ့လား
ေမေမလဲသညးကိုအေဝးမွာ ထားရတာစိတ္မခ်ဘူး"
"ျပန္လာေတာ့မွာပါေမေမ
ဒါေပမဲ့……"
"ဒါေပမဲ့ ဘာျဖစ္လဲသား"
"ဒီတခါသားဘဝကိုကိုယ္တိုင္ဆံုးျဖတ္ခြင့္ေပးပါေမေမ"
"သားေျပာတာေမေမနားမလည္ဘူး"
"သားျပန္လာတာ လက္ထပ္မလို႔ပါ"
"ေဟ……လက္ထပ္မယ္ သားကဘယ္သူနဲ႔လဲ အံ႔ေလးနဲ႔လား"
"ကြာရွင္ျပီးသား လူတစ္ေယာက္ကိုသားကဘာလို႔ျပန္လက္ထပ္ရမွာလဲေမေမရယ္ အခုကသားကိုယ္တိုင္ေရြးခ်ယ္ထားတဲ့သူပါ"
"သားရယ္ ေသခ်ာစဥ္းစားပါအံုး
ဒီကိစၥကို သားေဖေဖသေဘာတူမွာမဟုတ္ဘူးေနာ္ ျပီးေတာ့ အ့ံေလးကလဲလက္ခံမွာမဟုတ္ဘူး"
"သူလက္ခံတာမခံတာအေရးမွမၾကီးတာ
သူနဲ႔သားကကြာရွင္းထားျပီးသားမို႔ ဒီကိစၥကလဲသူနဲ႔မဆိုင္ဘူးေမေမ"
"အ့ံေလးက သားကိုသိပ္ခ်စ္တာပါကြယ္
သူ႔ဘက္ကိုနည္းနည္းေလးေတာ့ ငဲ့ပါအံုးလား
သူ႔မိဘေတြကိုလဲ အားနာစရာေကာင္းပါတယ္"
"သားကိုသံယေတြနဲ႔အျမဲၾကည့္ေနမဲ့သူကို
သားမငဲ့ပါရေစနဲ႔ေမေမ ဒါပဲေနာ္ေမေမ သားျပန္လာမဲ့ရက္က်မွ ဖုန္းထပ္ဆက္လိုက္ပါ့မယ္"
ပိုင္ ေမေမေျပာတဲ့စကားေတြကိုဆက္နားမေထာင္ခ်င္တာမို႔ ဖုန္းခ်လိုက္သည္။
အ့ံကကိုသိပ္ခ်စ္တယ္ဆိုလဲ ပိုင္သူ႔ကိုငဲ့မၾကည့္ခ်င္ေတာ့ဘူး။
မေရရာတဲ့သူ႔အခ်စ္ကိုေမ်ွာ္လင့္ရတာလဲပင္ပန္းေနျပီ။
ျပန္လာမွပဲ မင္းနဲ႔ကိုကိုအျပတ္သားဆံုး ရွင္းၾကတာေပါ့အ့ံ။
❣️
"သား ေမေမေျပာစရာရွိလို႔ လာအံုး"
"သားပင္ပန္းေနျပီေမေမ မနက္ျဖန္မွေျပာေတာ့
သားနားေတာ့မယ္ ညစာအျပင္ကစားခဲ့ျပီ လာမေခၚနဲ႔ေတာ့ေမေမ"
အျပင္ကေရာက္ေရာက္ခ်င္း ေမေမေခၚတာလဲ အ့ံမသြားနိုင္။
လူကတကယ္ပင္ပန္းေနသည္။
အနားယူခ်င္တာေၾကာင့္ အခန္းထဲတန္းဝင္ခဲ့သည္။ အဝတ္စားပင္မလဲနိုင္ဘဲ ခုတင္ေပၚပစ္လွဲခ်လိုက္သည္။
အ့ံအခန္းငယ္ကလဲ အျမဲေျခာက္ကပ္ေနသည္။
ေဘးကေနရာလြတ္ေလးက ပင္ပန္းေနတဲ့အ့ံကိုေလွာင္ေျပာင္ေနျပန္သည္။
ဒီကြက္လပ္ေလး ဘယ္ေတာ့ျပည့္မွာလဲ။
ေအးစက္ေနတဲ့ ကိုကို႔ေနရာေလး ဘယ္ေတာ့
ေႏြးေထြးလာမွာလဲ။
မအိပ္စက္ခ်င္ေတာ့ဘူးကိုကိုရယ္။
က်ေနာ္အရမ္းအထီးက်န္ဆန္လြန္းေနျပီ။
~~~~~~~~
"ေဖေဖနဲ႔ေမေမ ေစာေစာစီးစီး အဝတ္စားသစ္ေတြနဲ႔ ဘယ္သြားၾကမလို႔လဲ"
"ေလယာဥ္ကြင္းသြားမလို႔ေလ"
"ေဖေဖတို႔ဘယ္ခရီးထြက္ၾကမလို႔လဲ
သားလဲမေျပာၾကဘူး"
"ဟ ေလယာဥ္ကြင္းသြားတိုင္း ခရီးထြက္ရမွာလား"
"ဒါဆိုဘာလုပ္သြားမလို႔လဲေဖေဖ"
"ငါ့သမက္သြားၾကိဳမလို႔ေဟ့"
"ငါ့သမက္……ငါ့သမက္……ဟင္ ေဖေဖ သူ……သူ……ကိုကို ျပန္လာတာလား"
"ဟုတ္တယ္ေလ အဲ့ဒါသြားၾကိဳမလို႔"
"ဟာဗ်ာ သားကိုဘာလို႔မေျပာၾကတာလဲ"
"မင္းကိုမေန႔ကေမေမေျပာဖို႔ေခၚသားပဲ
မင္းပဲပင္ပန္းလို႔နားမယ္ဆိုျပီး အခန္းထဲဝင္သြားတာေလ"
"ေမေမကလဲ သားကတျခားအေၾကာင္းထင္လို႔ေပါ့ဗ်"
"အခုမွ ျပာယာခပ္ျပမေနနဲ႔ လိုက္မွာဆိုအဝတ္စားသြားလဲ"
"ေလယာဥ္ကဘယ္ခ်ိန္ဆိုက္မွာလဲေမေမ"
"9နာရီ"
"ဗ်ာ……အခုေတာင္ 8နာရီေက်ာ္ေနျပီ သားမွီပါ့မလား"
အ့ံအခန္းထဲအေျပးအလႊားျပန္ေရာက္လာသည္။
ဘီဒိုဖြင့္ကာ ေတြ႔ရာအက်ီ ၤေဘာင္းဘီေကာက္စြပ္လိုက္သည္။
ေဖေဖနဲ႔ေမေမကေတာ့ ကားနဲ႔အိမ္အျပင္ထြက္သြားၾကသည္။
အ့ံလဲကားေပၚတက္ကာေမာင္းထြက္ခဲ့သည္။
ျခံေရွ႕မွာ ကိုကို႔မိဘေတြလဲကားတစ္စီးႏွင့္။
ကားေလးသံုးစီေလယာဥ္ကြင္းသို႔ဦးတည္သြားေနသည္။
အ့ံကေတာ့ ကားေမာင္းရတာ လက္ေတြပါတုန္ေနသည္။
ဘယ္လိုလုပ္ထင္မွာလဲ။ ကိုကိုကျဗဳန္းစားၾကီးျပန္ေရာက္လာမယ္လို႔။
ရင္ဘတ္ထဲကတဒုန္းဒုန္းျမည္ေနသည္။
လမ္းေပၚကကားသံေတြထက္ပင္ အ့ံရင္ဘတ္ထဲကအသံကပိုက်ယ္ေနသလားမွတ္ရသည္။
အျပည္ျပည္ဆိုင္ရာေလဆိပ္ဟူသည့္ အေဆာက္အအံုေရွ႕ကားရပ္လိုက္သည္။
မိဘေတြကေတာ့ အ့ံကိုပါမွန္းေတာင္သတိထားမိပံုမရ။ အထဲဝင္သြားၾကသည္။
အ့ံမွာသာ အထဲဝင္ဖို႔အေရးခ်ီတံုခ်တံု။
အခုမွပိုျပီးေၾကာက္ေနမိသည္။
ကိုိကုိ႔ကိုဘယ္လိုရင္ဆုိုင္ရမလဲ။
ကိုကိုကေရာ အ့ံကိုလုိလိုလားလားရွိပါ့မလား။
ေသမင္းနဲ႔ထိပ္တိုက္ေတြ႔ရင္ေတာင္ အ့ံအခုလိုေၾကာက္မိမယ္မထင္။
အတက္နိုင္ဆံုး စိတ္ကိုတည္ျငိမ္ကာ အထဲဝင္လာခဲ့သည္။
ေမေမတို႔ေဘးနားမွာပဲ ဟိုဒီၾကည့္ကာ ကိုကို႔ကိုရွာေနလိုက္သည္။
ေခ်ာရက္လိုက္တာ။
အ့ံနတ္သားေလးက လူအမ်ားၾကီးအလည္မွာထင္ထင္ရွားရွားကိုေပၚလြင္ေနသည္။ အ့ံစိတ္တို႔သည္ ထိန္းခ်ဴပ္မရနိုင္ေတာ့ဘဲ ေျခလွမ္းတို႔က ကုိကိုရွိရာ အေျပးတပိုင္းေရာက္ရွိသြားရသည္။
အ့ံၾသေနသည့္မ်က္ဝန္းေလးေတြနဲ႔ကိုကို႔ကို
ရင္ခြင္ထဲဆြဲသြင္းထားလိုက္သည္။
"လြမ္းေနတာ ကိုကို
က်ေနာ္အရမ္းလြမ္းေနခဲ့တာ"
"ျပန္မလာေတာ့ဘူးထင္ေနခဲ့တာ
ေက်းဇူးတင္ပါတယ္ က်ေနာ့္စီျပန္လာေပးလို႔
အမ်ားၾကီးေက်းဇူးတင္ပါတယ္ကိုကိုရယ္"
"တကယ္ေတာင္းပန္ပါတယ္
ကိုကို႔ကို က်ေနာ္မယံုၾကည္သလိုျဖစ္ခဲ့တယ္
ခြင့္လြတ္ေပးပါကိုကို
ျပီးေတာ့က်ေနာ္ ကိုကို႔ကို အရမ္းခ်စ္တယ္"
ပိုင္ဘာမွျပန္မေျပာနိုင္။
သူတစ္ေယာက္ထဲသာ တရစပ္ေျပာေနသည္။
ဖက္ထားတာေၾကာင့္ ပိုင္မြန္းက်ပ္လာသည္။
ရင္ဘတ္ကိုတြန္းဖယ္မွ လႊတ္ေပးသည္။
အ့ံမ်က္ရည္ေတြက်ေနတာလား။
ေတာင္းပန္တိုးလ်ိဴးသည့္သူ႔မ်က္ဝန္းေတြ။
"ကိုကို က်ေနာ့္စီျပန္လာေပးလို႔ေက်းဇူးတင္ပါတယ္"
"ငါလက္ထပ္ဖို႔ျပန္လာတာအ့ံ
ငါမင္းစီျပန္လာတာမဟုတ္ဘူး"
"ဗ်ာ……ဘယ္လိုကိုကို"
❣️❣️❣️❣️❣️❣️❣️❣️❣️
T.B.C
#HoneyChan
💝Play Boy💝
"ရှင်းကြစမ်းပါအုံး မင်းတို့ကဘယ်ကဘယ်လိုတွဲဖြစ်သွားကြတာလဲ"
ROပြနေသောအတွဲကို ဆက်မကြည့်နိုင်တာကြောင့် အံ့မေးလိုက်တော့သည်။
"မင်းကလဲ ငါနေနွယ်ကိုအစထဲကကြိုက်နေတာလေ ငါလိုက်မလို့ချိန်တုန်းရှိသေး မင်းကစွဲစိသွားတော့ ငါကဟက်ကော့ကြီးကျန်ခဲ့ရတာလေ"
"အဲ့လိုလား ငါမသိလို့ကွာ ဆောတီးသယ်ရင်း
ဆက်ပြော……"
"အထွေအထူးမရှိပါဘူး သူခြေထောက်ဒဏ်ရာရပြီး ကျောင်းဆက်မတော့ဘူးလေ
အစတော့ငါလဲ သူ့အိမ်မသွားပါဘူး နောက်တော့ မနေနိုင်တာနဲ့အရဲစွန့်ပြီးသွားလိုက်တာ
တော်သေးတယ် ကိုမင်းထက်ကျော်ကဘာမှမပြောလို့ တဖြေးဖြေးနေနွယ်ကငါ့ကိုချစ်လာတာပေါ့ကွာ ဟဲ ဟဲ"
"အော် နေနွယ်နင်ကရော ဒီကိစ္စငါ့ကိုဘာလို့မပြောတာလဲ"
"ကိုကိုကမေးလို့လား အိမ်ကကိုကိုကတော့မေးလို့ ပြောပြထားတယ်"
"မမေးမိတာငါ့အမှားပေါ့လေ
အခုရောကျောင်းကိုနင့်အကိုလိုက်ပို့တာလား"
"ဟုတ်တယ် ကိုကိုကပြန်သွားပြီ
ကိုဇွဲစာမေးပွဲပြီး ရုပ်ရှင်သွားကြည့်မလို့လေ
ကိုကိုရောလိုက်မလား"
"မလိုက်ပါဘူး မျက်စိနောက်အောင်"
"နေပါ့ဒါဆိုလဲ"
"ငါကလဲမခေါ်ချင်ပါဘူး
မင်းပါရင် မလွတ်လပ်ဘူး ဒါတွေလဲသိမှာမဟုတ်ပါဘူး မင်းလိုတစ်ကိုယ်ထဲသမားက"
"အေးပါကွာ ငါ့ကိုကိုပြန်လာမှအားကျမခံ ROပြအုံးမယ်"
"ဆုတောင်းပေးပါတယ် ပြန်လာပါစေလို့"
"မင်းတို့လဲ ရုပ်ရှင်သွားကြည့်မှာဆိုသွားကြတော့လေ ငါလဲအိမ်ပြန်တော့မယ်"
"အေး နောက်ရက်မှအိမ်လာခဲ့မယ်"
"မလာပါနဲ့ကွာ အကျိူးမပြုတဲ့လူတွေ ငါ့အိမ်မခေါ်ဘူး"
ဇွဲညီနဲ့နေနွယ် canteenကထွက်သွားပြီးမှ အံ့လဲအိမ်ပြန်လာခဲ့သည်။
ကျောင်းတော်ကြီးကို တစ်ချက်ပြန်ကြည့်လိုက်သည်။
First year နဲ့ Second yearတုန်းက နှစ်ယောက်အတူကျောင်းတက်ခဲ့ဖူးတာပဲ။
ဒါလဲအမှတ်တရမမည်တဲ့ အမှတ်တရတစ်ခု။
~
တစ်ပတ်လောက်အိမ်မှာနေပြီး ဖေဖေကားကုမ္မဏီမှာ အံ့အလုပ်ဝင်သည်။
ကားတွေအကြောင်း ဖေဖေကပြောပြပေးသလို
ကိုမင်းထက်ကျော်နဲ့တွေ့တဲ့အခါလဲ ပြောပြပေးသည်။ အရင်ကအပြိုင်အဆိုင်တွေဆိုပေမဲ့ အံ့နဲ့မင်းထက်ကျော် ခင်မင်သွားသည့်နောက် ပြိုင်ဆိုင်တာတွေမရှိကြတော့။
တခါတလေ ကိုကို့အဖေရဲ့ဆောက်လုပ်ရေးဘက်ကိုလဲရောက်သည်။
ကိုကို့ဆိုင်ကိုလဲ ညနေတိုင်းသွားသည်။
ပြန်ရောက်နေမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့ဆိုပိုမှန်သည်။
"ဟူး……လွမ်းလိုက်တာ ကိုကိုရယ်"
"သား"
အိမ်ရှေ့ကဒန်းမှာထိုင်နေတုန်းမေမေအနားရောက်လာသည်။
"အော် မေမေပြောစရာရှိလို့လား"
"အင်း သားအရမ်းပင်ပန်းနေပြီလား"
"မပင်ပန်းပါဘူးမေမေ အလုပ်တွေကအားလုံးအဆင်ပြေပါတယ်"
"မေမေကအလုပ်အကြောင်းမေးတာမဟုတ်ဘူးသား"
"ဗျာ ဒါဆို……"
"ဘယ်အချိန်ပြန်လာမယ်မှန်းမသိတဲ့သူကို
သားစောင့်နေအုံးမှာလား"
"မေမေရယ်"
"2နှစ်တောင်ရှိပြီလေ သားပိုင်ထွက်သွားတာ
သူသားကိုတကယ်ကွာရှင်းချင်လို့ပဲဖြစ်မှာပါ
သားစာချူပ်မှာလက်မှတ်ထိုးပြီး ကျန်တဲ့အချိန်တွေကို လွတ်လွတ်လပ်လပ်ဖြတ်သန်းပါလား"
"သားအဲ့လိုမနေချင်ဘူးမေမေ"
"အရင်လိုပဲ ပျော်ပျော်ပါးပါးနေပါလားကွယ်
မင်းကြိုက်တဲ့သူထပ်ရှိလာမှာပါ မေမေကတော့ ကြိုးစားကြည့်စေချင်တယ်"
"ဟင့်အင်းမေမေ ကျနော်ကိုကိုကလွဲပြီးဘယ်သူ့ကိုမှထပ်မချစ်နိုင်တော့ဘူး ဟိုးကတည်းက ကိုကို့ကိုပဲချစ်ခဲ့တာ ကိုကိုပြန်မလာတာ 2နှစ်ပဲရှိပါသေးတယ်
သားစောင့်နိုင်တယ် 10နှစ် အနှစ်20 ဘယ်လောက်ထိကြာပါစေ ကိုကိုတနေ့တော့ပြန်လာမှာပါ"
"ပြန်လာလို့ သူကသားကိုမချစ်တော့ဘူးဆိုရင်ရော သားဘယ်လိုလုပ်မလဲ"
"ချစ်မှာပါ ကိုကိုလဲသားကိုအရမ်းချစ်တာပဲလေ
လုံးဝကြီးသံယောဇဉ်ပျက်သွားတာမျိူးတော့မဖြစ်လောက်ပါဘူး တကယ်လို့များ ကိုကိုကသားကိုမချစ်တော့ရင်လဲ သားပဲကိုကို့ကိုဆက်ချစ်မှာ"
"နောင်တမရဘူးလား သားသူ့ကိုချစ်နေရတာကို"
"သေချာပါတယ် ကိုကိုနဲ့ပတ်သက်ပြီးရှိခဲ့တဲ့နောင်တက
ကိုကို့စိတ်ကိုမမြင်ဘဲ စိတ်ညစ်အောင်လုပ်ခဲ့မိတာပဲရှိမှာ ကိုကို့သိက္ခာကိုစော်ကားခဲ့မိတဲ့နောင်တပဲရှိမှာ တခြားဘာကိုမှသားနောင်တရမှာမဟုတ်ဘူး"
ပေါ့ပေါ့နေ ပေါ့ပေါ့စား ပေါ့ပျက်ပျက်သာ ဘဝကိုဖြတ်သန်းခဲ့သော အံ့။ အခုကျလေးနက်လွန်းသောစကားတွေကိုမိခင်ထံဖွင့်ဟနေသည်။
သက်ဆိုင်သူသာသိမယ်ဆိုရင်~~~။
❣️
"ကိုဇွဲ"
"ပြောလေနေနွယ်"
"ကိုကို့ကုမ္မဏီသွားလည်ရအောင်"
"ဘယ်ကိုကိုလဲ"
"ကိုကိုအံ့"
"အင်းသွားမယ်လေ နေနွယ်အတန်းရှိသေးတယ်မဟုတ်ဘူးလား"
"တစ်ချိန်ပဲရှိတာ မတက်တော့ဘူး ကိုဇွဲလာတုန်း
ကိုကို့စီသွားလည်မယ်လေနော်"
"အင်း အင်း ကိုယ်လဲအဲ့ကောင်ကိုသတင်းကောင်းပြောစရာရှိနေတာ"
"ဒါဆိုလဲ သွားမယ်"
ဇွဲညီ နေနွယ်ကျောင်းကိုလာတွေ့ရင်းနဲ့ အံ့စီပါရောက်သွားသည်။
"ငါ့သူငယ်ချင်းကြီး အလုပ်တွေကြိုးစားနေပါ့လား
ဘယ်သူ့အတွက်အဲ့လောက်ကြိုးစားနေတာလဲ"
"အနာဂတ်ရဲ့သားငယ်သမီးငယ်လေးတွေအတွက်ပေါ့ကွာ ထိုင်ကြအုံး ဘယ်ကသဝေထိုးလာကြတာလဲ"
"ဘယ်ကမှသဝေမထိုးဘူး နေနွယ်ကမင်းစီအလည်လာချင်တယ်ဆိုလို့လိုက်ပို့တာ"
"နေနွယ်ကလာချင်တာဆိုတော့ မင်းကတော့မလာချင်ဘူးလား"
"မလာချင်ပါဘူး မင်းလိုတစ်ကိုယ်တည်းသမားရှေ့လာ RO ပြရတာအားနာလို့ နော့ နေနွယ်"
"ကိုဇွဲကတော့ ပေါက်ကရတွေပြောနေပြန်ပြီ
ဟိုမယ် ကိုကို့မျက်နှာကဇီးရွက်လောက်ရှိတော့တယ်"
ဟုတ်ပါသည်။ အံ့မျက်နှာကြီးငုံ့နေတာ စားပွဲစောင်းနဲ့ပင်တိုက်တော့မည်။
တစ်ယောက်ထဲသမားလို့ဇွဲညီက စနောက်တိုင်း နှလုံးသားကနာကျင်ရပြန်သည်။
ကိုယ့်ကိုကိုယ်လဲအပြစ်တင်မိသည်။
ကိုကိုထွက်သွားအောင်အံ့ပဲလုပ်ခဲ့တာလေ။
အံ့ကအထင်လွဲခဲ့မိတာကို။
"ကိုကို ကိုဇွဲပြောတာယုံမနေနဲ့
သူလဲကိုကို့ကိုပြောစရာရှိတယ်ဆိုပြီးလာတာ"
"အော် အင်းဘာပြောစရာရှိလို့လဲဇွဲညီ"
"သူရပြန်လာတော့မယ်တဲ့"
"ဟုတ်လား ဘယ်တော့လဲ "
"နောက်တစ်ပတ်ထဲ ဒီကောင်ပြန်ရောက်တာနဲ့လက်ထပ်မယ်ဆိုလား"
"ဟ တယ်စွံပါလား နိုင်ငံခြားကနေ ကြင်ယာပါခေါ်လာနိုင်တာပဲ"
"သူ့ကောင်လေးကနိုင်ငံခြားသူတော့မဟုတ်ဘူးပြောတာပဲ ဒီရောက်မှမိတ်ဆက်ပေးမယ်ဆိုလို့ ဘာမှမမေးလိုက်ရဘူး"
"ဟ သူလက်ထပ်မှာယောကျာ်းလေးလား"
"အေး သူလဲမင်းလိုပဲ"
"အော် ဒီကောင်လာမဲ့ရက်သွားကြိုတာပေါ့ကွာ"
"သူငယ်ချင်းတွေကမင်္ဂလာဆောင်မဲ့သူနဲ့
အိမ်ထောင်ကျပြီးသားသူနဲ့ ငါပဲကျန်တော့တယ်"
"မင်းလဲ နေနွယ်ကိုအပူကပ်ပေါ့ကွာ"
"အပူဒဏ်မခံနိုင်ပါဘူး
ကျောင်းပြီးထိစောင့်နိုင်စောင့် မစောင့်နိုင်ရင် ဂျောင်း"
နေနွယ်က တံခါးကိုမေးဆက်ပြရင်းပြောသည်။
"ငင့် တွေ့လားအံ့ မင်းရဲ့မွေးစားညီမကငါ့ကိုအဲ့လိုနိုင်စားတာ"
"မင်းလဲအရင်ကောင်မလေးတွေတုန်းကနိုင်စားတာပဲလေ"
"ဟာ…အဲ့ဒါမပြောနဲ့လေ"
"လုပ်မနေနဲ့ မင်းအကြောင်းနေနွယ်မသိတာမဟုတ်ဘူး"
"ဟုတ်တယ်ကိုကိုပြောတာမှန်တယ် ကိုဇွဲရှုပ်ခဲ့တာတွေ နေနွယ်အကုန်သိတယ် ထပ်ပြီး ရုတ်ရုတ် ယုတ်ယုတ်လုပ်လို့ကတော့နော် တခါထဲပွဲသိမ်းပစ်မှာ"
"အမလေးဗျာ ကြောက်ပါတယ်အချစ်ရယ်
တကယ်ပါပဲ သူ့အကိုတွေအားကိုးနဲ့လူကိုချိန်းခြောက်နေတာ"
"ဟား……ဟား……မင်းတို့ဘာသောက်မလဲ ငါမှာပေးမယ် စကားပြောနေတာနဲ့မေးဖို့မေ့နေတာ"
"တော်စမ်းပါကွာအပိုလုပ်မနေနဲ့ စေတနာပါရင် ညကျမှလိုက်ကျွေး အခုတော့ပြန်တော့မယ်
နေနွယ်ကိုအိမ်လိုက်ပို့ရအုံးမှာ"
"အေးပါ ညအားရင်ဖုန်းဆက်လိုက်မယ်"
"အင်း ဒါဆိုပြန်ပြီ"
"ကိုကို bye ပြန်ပြီ"
"အင်း နေနွယ် ခြေထောက်လဲဂရုစိုက်အုံး မရှပ်ပြာမလုပ်နဲ့"
"ဟုတ်ကဲ့ပါယောက္ခမလောင်းကြီး"
"ဟာ………ဘယ်မှန်းမသိသေးတဲ့ငါ့သားကိုပစ်မှားနေတယ် ဇွဲညီရေ မင်းတော့ဘုန်းကြီးဝတ်ရတော့မယ်ထင်တယ်"
"ဟား……ဟား……"
ဇွဲညီတို့အတွဲလေးရယ်မောကာပြန်သွားကြသည်။
အော်~~အံ့သူငယ်ချင်းတွေလဲ အချစ်ကိုယ်စီနဲ့ပျော်ရွှင်နေကြပြီပဲ။
အံ့လဲသူတို့လိုပျာ်ချင်လိုက်တာ။
ပြန်လာပါတော့ ကိုကိုရယ်။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
2နှစ်ရှိသွားပြီ။
ပိုင်နှလုံးသားကိုထားခဲ့ပြီး ဂျပန်ကိုရောက်နေတာ2နှစ်။
ဒဏ်ရာတွေကတော့ မကျက်သေးဘဲအရင်အတိုင်း။ မယုံကြည်ချင်းတွေနဲ့ကြည့်တဲ့အကြည့်တွေ။
ရင်ထဲကအချစ်ကိုမမြင်ဘဲ ပျော်ရွှင်မှုကိုဦးစားပေးတက်တဲ့သူ။
အခုဆိုရင် သူလဲသူ့အချစ်စစ်နဲ့ဘဝသစ်စနေပြီလား။ သူ့အကြောင်းတွေ မစုံစမ်းဖြစ်ပေမဲ့ သတင်းသဲ့သဲ့ကိုတော့ကြားရပါသည်။
တိုက်ဆိုင်မှုတွေနဲ့သူ့အကြောင်းတချို့သိခဲ့ရတာပါ။
ကိုမင်းထက်ကျော်ကိုတော့ သူအလုပ်ကိစ္စလာရင်းတွေ့ဖြစ်သည်။
သူလဲပိုင့်ကိုသူ့ညီလေးလို ဂရုစိုက်ပေးသည်။
ပြန်လာခဲ့ဖို့လဲ မကြာခဏနားချသေးသည်။
သူ့ညီကိုငဲ့ပေးပါတဲ့လေ။
သူ့အပေါ်ရော ပိုင့်ကိုပါ အထင်အမြင်လွဲတဲ့သူကို မင်းထက်ကျော်က သဘောထားကြီးပေးနေသေးသည်။
ကိုမင်းထက်ကျော်လာတိုင်း အမြဲပြောတာကတော့~
အံ့ကအချစ်သစ်မရှိသေးဘူးတဲ့လေ။
သေချာပါ့မလား။ သူ့အချစ်စစ်ကိုတွေ့လို့ ပိုင့်ကိုတောင်ကွာရှင်းမယ်ပြောတဲ့လူက အခုထိတစ်ယောက်ထဲဆိုတာ ဖြစ်နိုင်ပါ့မလား။
ချစ်တယ်တဲ့။ အံ့က ပိုင့်ကိုချစ်နေတယ်တဲ့။
အံ့ပြောတာမဟုတ်ရင် ပိုင်မယုံချင်ဘူး။
ပိုင့်ကြောင့်သူအများကြီးပြောင်းလဲသွားတယ်ဆိုတာတွေရော သူ့ဖေဖေကုမ္မဏီမှာပါ အတော်အသင့်ဦးစီးနိုင်နေပြီဆိုတာတွေပါ စုံနေအောင်ပြောပြသည်။
အံ့ခဏခဏရင်ဖွင့်လို့ သူလဲနားပူအောင်နားထောင်ရတယ်ဆိုတာပါပြောသေးသည်။
အံ့လိုလူက ပိုင့်အကြောင်း အထူးတလည်ရင်ဖွင့်မဲ့သူမှမဟုတ်တာ။
အံ့အတွက်အချစ်က ကစားစရာတစ်ခုပဲလေ။
ပျင်းလာတဲ့အခါအသစ်တစ်ခုပြောင်းချစ်နိုင်တဲ့လူစားမျိုး။
ပိုင့်ကိုပဲ စွဲလမ်းပြီးချစ်နေတယ်ဆိုရင် အိပ်မက်ဆန်လွန်းသွားလိမ့်မည်။
သူသာချစ်ခဲ့ရင် အခုလိုဝေးနေစရာမှမလိုတာ။
ထွက်လာပြီးကတည်းက မိဘတွေကိုပါအဆက်အသွယ်မလုပ်ဖြစ်ခဲ့။
ဆိုင်ကိုသာဆက်သွယ်ဖြစ်သည်။
ဖေဖေနဲ့မေမေကိုဆက်သွယ်ရင် အံ့သိသွားမှာလဲစိုးရိမ်သည်။
ဖေဖေကပြန်လာခဲ့လို့ပြောရင် ပိုင်ငြင်းနိုင်မှာမဟုတ်။
ပိုင်ရှိတဲ့နေရာကိုသိပေမဲ့ ဖေဖေလိုက်မခေါ်တာကိုပဲကျေးဇူးတင်ရမည်။
အခုတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပြန်ဖို့ဆုံးဖြတ်ထားသည်မို့ မေမေတို့စီဆက်သွယ်ရမည်။
"မေမေလား"
"သားလား "
"ဟုတ်ပါတယ်မေမေ သားပါ"
"သားရယ် အခုမှပဲမေမေတို့ကိုဆက်သွယ်တော့တယ် မေမေဘယ်လောက်စိတ်ပူနေတယ်မှတ်လဲ လူဆိုးလေးရဲ့"
"စိတ်မပူပါနဲ့မေမေ သားအားလုံးအဆင်ပြေပါတယ် ဒီမှာ ဒီဇိုင်းပညာတွေလေ့လာနေတာပါ
မေမေတို့ကို မဆက်သွယ်ဘဲနေမိတာ တကယ်တောင်းပန်ပါတယ်"
"သားအဆင်ပြေတယ်ဆို မေမေကျေနပ်ပါတယ် သားပြန်လာပါတော့လား ဒီမှာအံ့လေးက~~~"
"သူ့အကြောင်း သားမသိချင်ဘူးမေမေ
သားဆက်သွယ်တာကိုလဲ အဲ့ကောင်ကိုမပြောပါနဲ့
မဟုတ်ရင်သာူထပ်ပြီး ဒီမှာဘဲနေရလိမ့်မယ်"
"မပြောစေချင်ရင် မေမေမပြောပါဘူးသားရယ်
ဖြစ်နိုင်ရင်သားပြန်လာပါတော့လား
မေမေလဲသညးကိုအဝေးမှာ ထားရတာစိတ်မချဘူး"
"ပြန်လာတော့မှာပါမေမေ
ဒါပေမဲ့……"
"ဒါပေမဲ့ ဘာဖြစ်လဲသား"
"ဒီတခါသားဘဝကိုကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးပါမေမေ"
"သားပြောတာမေမေနားမလည်ဘူး"
"သားပြန်လာတာ လက်ထပ်မလို့ပါ"
"ဟေ……လက်ထပ်မယ် သားကဘယ်သူနဲ့လဲ အံ့လေးနဲ့လား"
"ကွာရှင်ပြီးသား လူတစ်ယောက်ကိုသားကဘာလို့ပြန်လက်ထပ်ရမှာလဲမေမေရယ် အခုကသားကိုယ်တိုင်ရွေးချယ်ထားတဲ့သူပါ"
"သားရယ် သေချာစဉ်းစားပါအုံး
ဒီကိစ္စကို သားဖေဖေသဘောတူမှာမဟုတ်ဘူးနော် ပြီးတော့ အံ့လေးကလဲလက်ခံမှာမဟုတ်ဘူး"
"သူလက်ခံတာမခံတာအရေးမှမကြီးတာ
သူနဲ့သားကကွာရှင်းထားပြီးသားမို့ ဒီကိစ္စကလဲသူနဲ့မဆိုင်ဘူးမေမေ"
"အံ့လေးက သားကိုသိပ်ချစ်တာပါကွယ်
သူ့ဘက်ကိုနည်းနည်းလေးတော့ ငဲ့ပါအုံးလား
သူ့မိဘတွေကိုလဲ အားနာစရာကောင်းပါတယ်"
"သားကိုသံယတွေနဲ့အမြဲကြည့်နေမဲ့သူကို
သားမငဲ့ပါရစေနဲ့မေမေ ဒါပဲနော်မေမေ သားပြန်လာမဲ့ရက်ကျမှ ဖုန်းထပ်ဆက်လိုက်ပါ့မယ်"
ပိုင် မေမေပြောတဲ့စကားတွေကိုဆက်နားမထောင်ချင်တာမို့ ဖုန်းချလိုက်သည်။
အံ့ကကိုသိပ်ချစ်တယ်ဆိုလဲ ပိုင်သူ့ကိုငဲ့မကြည့်ချင်တော့ဘူး။
မရေရာတဲ့သူ့အချစ်ကိုမျှော်လင့်ရတာလဲပင်ပန်းနေပြီ။
ပြန်လာမှပဲ မင်းနဲ့ကိုကိုအပြတ်သားဆုံး ရှင်းကြတာပေါ့အံ့။
❣️
"သား မေမေပြောစရာရှိလို့ လာအုံး"
"သားပင်ပန်းနေပြီမေမေ မနက်ဖြန်မှပြောတော့
သားနားတော့မယ် ညစာအပြင်ကစားခဲ့ပြီ လာမခေါ်နဲ့တော့မေမေ"
အပြင်ကရောက်ရောက်ချင်း မေမေခေါ်တာလဲ အံ့မသွားနိုင်။
လူကတကယ်ပင်ပန်းနေသည်။
အနားယူချင်တာကြောင့် အခန်းထဲတန်းဝင်ခဲ့သည်။ အဝတ်စားပင်မလဲနိုင်ဘဲ ခုတင်ပေါ်ပစ်လှဲချလိုက်သည်။
အံ့အခန်းငယ်ကလဲ အမြဲခြောက်ကပ်နေသည်။
ဘေးကနေရာလွတ်လေးက ပင်ပန်းနေတဲ့အံ့ကိုလှောင်ပြောင်နေပြန်သည်။
ဒီကွက်လပ်လေး ဘယ်တော့ပြည့်မှာလဲ။
အေးစက်နေတဲ့ ကိုကို့နေရာလေး ဘယ်တော့
နွေးထွေးလာမှာလဲ။
မအိပ်စက်ချင်တော့ဘူးကိုကိုရယ်။
ကျနော်အရမ်းအထီးကျန်ဆန်လွန်းနေပြီ။
~~~~~~~~
"ဖေဖေနဲ့မေမေ စောစောစီးစီး အဝတ်စားသစ်တွေနဲ့ ဘယ်သွားကြမလို့လဲ"
"လေယာဉ်ကွင်းသွားမလို့လေ"
"ဖေဖေတို့ဘယ်ခရီးထွက်ကြမလို့လဲ
သားလဲမပြောကြဘူး"
"ဟ လေယာဉ်ကွင်းသွားတိုင်း ခရီးထွက်ရမှာလား"
"ဒါဆိုဘာလုပ်သွားမလို့လဲဖေဖေ"
"ငါ့သမက်သွားကြိုမလို့ဟေ့"
"ငါ့သမက်……ငါ့သမက်……ဟင် ဖေဖေ သူ……သူ……ကိုကို ပြန်လာတာလား"
"ဟုတ်တယ်လေ အဲ့ဒါသွားကြိုမလို့"
"ဟာဗျာ သားကိုဘာလို့မပြောကြတာလဲ"
"မင်းကိုမနေ့ကမေမေပြောဖို့ခေါ်သားပဲ
မင်းပဲပင်ပန်းလို့နားမယ်ဆိုပြီး အခန်းထဲဝင်သွားတာလေ"
"မေမေကလဲ သားကတခြားအကြောင်းထင်လို့ပေါ့ဗျ"
"အခုမှ ပြာယာခပ်ပြမနေနဲ့ လိုက်မှာဆိုအဝတ်စားသွားလဲ"
"လေယာဉ်ကဘယ်ချိန်ဆိုက်မှာလဲမေမေ"
"9နာရီ"
"ဗျာ……အခုတောင် 8နာရီကျော်နေပြီ သားမှီပါ့မလား"
အံ့အခန်းထဲအပြေးအလွှားပြန်ရောက်လာသည်။
ဘီဒိုဖွင့်ကာ တွေ့ရာအကျီ ၤဘောင်းဘီကောက်စွပ်လိုက်သည်။
ဖေဖေနဲ့မေမေကတော့ ကားနဲ့အိမ်အပြင်ထွက်သွားကြသည်။
အံ့လဲကားပေါ်တက်ကာမောင်းထွက်ခဲ့သည်။
ခြံရှေ့မှာ ကိုကို့မိဘတွေလဲကားတစ်စီးနှင့်။
ကားလေးသုံးစီလေယာဉ်ကွင်းသို့ဦးတည်သွားနေသည်။
အံ့ကတော့ ကားမောင်းရတာ လက်တွေပါတုန်နေသည်။
ဘယ်လိုလုပ်ထင်မှာလဲ။ ကိုကိုကဗြုန်းစားကြီးပြန်ရောက်လာမယ်လို့။
ရင်ဘတ်ထဲကတဒုန်းဒုန်းမြည်နေသည်။
လမ်းပေါ်ကကားသံတွေထက်ပင် အံ့ရင်ဘတ်ထဲကအသံကပိုကျယ်နေသလားမှတ်ရသည်။
အပြည်ပြည်ဆိုင်ရာလေဆိပ်ဟူသည့် အဆောက်အအုံရှေ့ကားရပ်လိုက်သည်။
မိဘတွေကတော့ အံ့ကိုပါမှန်းတောင်သတိထားမိပုံမရ။ အထဲဝင်သွားကြသည်။
အံ့မှာသာ အထဲဝင်ဖို့အရေးချီတုံချတုံ။
အခုမှပိုပြီးကြောက်နေမိသည်။
ကိုကို့ကိုဘယ်လိုရင်ဆိုင်ရမလဲ။
ကိုကိုကရော အံ့ကိုလိုလိုလားလားရှိပါ့မလား။
သေမင်းနဲ့ထိပ်တိုက်တွေ့ရင်တောင် အံ့အခုလိုကြောက်မိမယ်မထင်။
အတက်နိုင်ဆုံး စိတ်ကိုတည်ငြိမ်ကာ အထဲဝင်လာခဲ့သည်။
မေမေတို့ဘေးနားမှာပဲ ဟိုဒီကြည့်ကာ ကိုကို့ကိုရှာနေလိုက်သည်။
ချောရက်လိုက်တာ။
အံ့နတ်သားလေးက လူအများကြီးအလည်မှာထင်ထင်ရှားရှားကိုပေါ်လွင်နေသည်။ အံ့စိတ်တို့သည် ထိန်းချူပ်မရနိုင်တော့ဘဲ ခြေလှမ်းတို့က ကိုကိုရှိရာ အပြေးတပိုင်းရောက်ရှိသွားရသည်။
အံ့သြနေသည့်မျက်ဝန်းလေးတွေနဲ့ကိုကို့ကို
ရင်ခွင်ထဲဆွဲသွင်းထားလိုက်သည်။
"လွမ်းနေတာ ကိုကို
ကျနော်အရမ်းလွမ်းနေခဲ့တာ"
"ပြန်မလာတော့ဘူးထင်နေခဲ့တာ
ကျေးဇူးတင်ပါတယ် ကျနော့်စီပြန်လာပေးလို့
အများကြီးကျေးဇူးတင်ပါတယ်ကိုကိုရယ်"
"တကယ်တောင်းပန်ပါတယ်
ကိုကို့ကို ကျနော်မယုံကြည်သလိုဖြစ်ခဲ့တယ်
ခွင့်လွတ်ပေးပါကိုကို
ပြီးတော့ကျနော် ကိုကို့ကို အရမ်းချစ်တယ်"
ပိုင်ဘာမှပြန်မပြောနိုင်။
သူတစ်ယောက်ထဲသာ တရစပ်ပြောနေသည်။
ဖက်ထားတာကြောင့် ပိုင်မွန်းကျပ်လာသည်။
ရင်ဘတ်ကိုတွန်းဖယ်မှ လွှတ်ပေးသည်။
အံ့မျက်ရည်တွေကျနေတာလား။
တောင်းပန်တိုးလျိူးသည့်သူ့မျက်ဝန်းတွေ။
"ကိုကို ကျနော့်စီပြန်လာပေးလို့ကျေးဇူးတင်ပါတယ်"
"ငါလက်ထပ်ဖို့ပြန်လာတာအံ့
ငါမင်းစီပြန်လာတာမဟုတ်ဘူး"
"ဗျာ……ဘယ်လိုကိုကို"
❣️❣️❣️❣️❣️❣️❣️❣️❣️
T.B.C
#HoneyChan