Systemက ကြၽန္ေတာ့္ကို Novelထဲ...

By Neko_san_ZP

1M 152K 8.5K

Title: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date:... More

Chapter -1
Chapter -2
Chapter - 3
အကြောင်းအရာ
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter. 8.1
Chapter - 9
Chapter - 10
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
လက်နက်(12)မျိုး-လကျနကျ(12)မြိုး
Chapter - 20
Chapter - 21
Chapter - 22
Chapter- 23
Chapter -24
Chapter-25
Chapter -26
Chapter -27
Chapter - 28.1
Chapter - 28.2
Chapter - 29
Chapter - 30
Chapter -31
Chapter -32
Chapter -33
Chapter - 34.1
Chapter - 34.2
Chapter -35
Chapter -36
Chapter -37
Chapter -38
Chapter-39
Chapter -40
Chapter -41
Chapter -42
Chapter - 43
Chapter - 44
characters intro
Chapter - 45
Chapter -46
Chapter - 47
Chapter-48
Chapter - 49
Chpater - 50
Chapter -51
Chapter -52
Chapter-53
Chapter -54
Chapter-55
Chapter-56
Chapter-57
Chapter - 58
Chapter - 59
chapter -60
Chapter-61
Chapter-62
Chapter -63
Chapter-64
Chapter-65
Chapter -66
Chapter -67
Chapter -68
Chapter -69
Chapter-70
*About Book*
Chapter-71
Chapter -72
*Hello*
Chapter-73
Chapter-74
Chapter-75
Chapter -76
Chapter -77
Chapter -78
Chapter -79
Chapter-80
about Vol-2

Chapter -11

17.9K 2.4K 162
By Neko_san_ZP


Zawgyi





















*ဖျောက်* ဘေးနားက သစ်ကိုင်းခြောက်နင်းသံကြောင့် ကြောင်အသွားပြီး ကြည့်လိုက်တော့ အင်္ကျီအနားစတွင် ရွှေရောင်နဂါး ရေးဆွဲထားသည့်အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်၊ ထိုလူဟာလည်း သူကိုမော့ကြည့်နေတာကြောင့် ထိုလူမျက်နှာကိုရှင်းရှင်းလင်းလင်းမြင်ရသည်၊






"ကိုယ်ပေါ့"

'ငါ အဲ့ကောင်ကို သတ်မယ်!!!'






"ကိုယ်ကလား... ?"










"ဟုတ်...."


"ဆောင်ကြာမြိုင်လား???"











"ယွမ်ရှန့် ဘာဖြစ်တာလဲ!!"


"ဘာ...."အခုမှ သတိထားမိတယ် ယွမ်ရှန့်ရဲ့အင်္ကျီလက်မောင်းတွေသွေးထွက်နေတာကို၊ အဆိပ်ထုတ်ရမယ်၊ဒါပေမယ့် အခုသူရောက်နေသည့်နေရာကို သူပင်မသိချေ၊ အနီးအနားမှာ ယာယီအနားလို့ရမဲ့ဂူတွေရှိလားမသိဘူး။




"အွန်း..."

ယွမ်ရှန့်ကို တွဲထူလိုက်ပြီး အနီးအနားဝန်းကျင်ကို ရှာဖွေကြည့်ရင်း နာရီဝက်လောက်ကြာတော့ အနည်းငယ်ညစ်ပတ်နေတဲ့ဂူတစ်လုံးကို တွေ့လိုက်ရသည်၊ သူရဲ့သိုလှောင်ဆွဲကြိုးထဲက အဝတ်အစားအချို့ထုတ်ကာ မြေပေါ်ခင်းလိုက်ပြီး ယွမ်ရှန့်ကို ထိုပေါ်လှဲခိုင်းလိုက်ကာ...








"ခင်ဗျား ထလိုက်...." ဝမ်ဖေးရန်ဘာလုပ်ခိုင်းမှန်း မသိတာကြောင့် ယွမ်ရှန့် ကြိုးစားထလိုက်ပြီး ဂူနံရံကိုမှီလိုက်သည်၊ဒါပေမယ့် ရုတ်တရက်သူဆီတိုးဝင်လာသည့် ဝမ်ဖေးရန်ကြောင့် ကြောင်အသွားတော့သည်၊ထိုသို့မပြီးသေးဘူး၊အပေါ်ဝတ်ရုံကိုချွတ်ကာ အောက်ခံအင်္ကျီအဖြူရောင်ကိုလည်း ဆွဲချလိုက်တော့ ကျောက်စိမ်းလိုဖြူဖွေးပြီး နူးညံ့ပုံရသည့် ပခုံးသားလေးဟာ ဆွဲဆောင်မှုရှိစွာပေါ်ထွက်လာတော့သည်၊

"ဖေး...ရန်... "


------------------------------------------------
Chapter-12မျှော်

-------------------
Unicode

Zawgyi

ရှောင်ချင်းလင်က ရှောင်ဝေ့ရန်ရဲ့မကောင်းသတင်းတွေလွင့်ကာ ဂုဏ်သိက္ခာညိုးပန်းအောင်လုပ်ပေမယ့် ထိုသတင်းများဟာ အပြင်ကိုမပြန့်နှံ့သွားပဲ ရှောင်အိမ်တော်မှာတင် သတင်းဆုံးသွားသည်၊ရှောင်ချင်းလင် ဘယ်လိုပဲ နှောက်ယှက်နေပါစေ ရှောင်ဝေ့ရန်ဟာ ဘာမှမဖြစ်ပဲအေးဆေးပင်၊ဘာလို့လဲဆိုတော့ မင်လော့ရဲ့သက်တော်စောင့်ဟာ နောက်ကွယ်ကနေ ကူညီဖြေရှင်းပေးခဲ့သည်၊ ဒါကြောင့် နောက်ကွယ်လူဟာ ဘယ်သူဘယ်ဝါလည်း ရိပ်မိသွားချိန်မှာ ရှောင်ချင်းလင်လုပ်ရပ်ကို ရွံရှာသွားတော့သည်၊တကယ်လို့ ထိုမကောင်းတဲ့သတင်းတွေသာ ပျံနှံ့သွားပြီး ပါရမီရှင်ကို လူတွေဟာ ရှုံ့ချခဲ့မယ်ဆိုရင် ရှောင်ဝေ့ရန်ရဲ့သိုင်းပညာလမ်းကြောင်းဟာ အမဲစက်ထင်ကာ နှောင့်နှေးသွားလိမ့်မည်၊

ကာယကံရှင်ဝမ်ဖေးရန်(ခ)ရှောင်ဝေ့ရန်ကတော့ ဆောင်ကြာမြိုင်ထဲကို သေသပ်စွာဝတ်ဆင်ပြီး ခပ်တည်တည်ဖြင့် ဝင်သွားတော့သည်၊သူဟာ မျက်နှာတစ်ဝက်ကို ပုဝါနဲ့အုပ်ထားပေမယ့် သွယ်လျသောခါး လုံးဝန်းသောတင်၊သေးငယ်သောခန္ဓာကိုယ်အနေအထား ထိုအရာအားလုံးဟာ သူ့အား အိုမီဂါတစ်ယောက်ဆိုတာ ပြသနေတော့သည်

ဒါကြောင့် ဝမ်ဖေးရန် ဝင်လာချိန်မှာတော့ တစ်ချို့ဟာ တပ်မက်စွာစိုက်ကြည့်နေပေမယ့် ဘယ်သူမှ မလှုပ်ရှားရဲကြပေ၊ထိုချိန်မှာ မပေါ်တပေါ်ဝတ်ဆင်ထားတဲ့အမျိုးသမီးကြီးတစ်ယောက်ဟာ ရောက်လာပြီး ဝမ်ဖေးရန်ကို နူတ်ဆက်လိုက်ပြီး ဧည့်ဝတ်ကျေသည့်အပြုံးဖြင့် ပြုံးလိုက်ပြီး

"လူကြီးမင်း ဒီနေရာက အိုမီဂါတွေ လာဖို့် မသင့်တော်ပါဘူး " အမျိုးသမီးကြီးဟာ သူရှေ့က လူငယ်ကို ပြောလိုက်ပေမယ့် ထိုလူငယ်ဟာ ခေါင်းမာစွာဖြင့် လက်တစ်ချက်ခါကာ ပြန်ပြောလာတော့သည်၊

"ကိစ္စမရှိဘူး ကျွန်တော် လူတစ်ယောက်ကို လာရှာတာ ခဏပဲ"

"မရဘူး" နောက်ထပ်အမျိုးသမီးတစ်ယောက်က တင်းမာနေတဲ့မျက်နှာထားနဲ့ပြောလိုက်တာကြောင့် ဝမ်ဖေးရန် စိတ်ညစ်သွားကာ ပြန်ထွက်လာတော့သည်၊

'တကယ်ပဲ ဆောင်ကြာမြိုင်ကို တခါတလေမြင်ချင်လို့ပါဆိုနေ... အထဲလေးပဲ ခြေချရသေးတယ်'

[System: နင်ကြိုးကြိုးစားစား သိုင်းလေ့ကျင့်နေပါလား]

'ကိစ္စမရှိဘူး... ဒီချိန်မှာ ငါသာအားကုန်တိုက်ခိုက်ရင် မင်လော့ကိုတောင် နိုင်တယ်... ဟက်'

[System: ငါရဲ့ အတွက်အချက်အရ နင်မင်လော့မပြောနဲ့ မင်းသားငါးချင်အိုရန်ကိုတောင် နိုင်နိုင်ချေ 10% ပဲ ရှိတယ်]

'အေးပါကွာ...'ဥမရဲ့အားနာမှုမရှိ နိမ်မှုများစွာ ဝမ်ဖေးရန် နားပိတ်ကာ အမြန်တစ်ခြားဘက်ကို လျှောက်သွားတော့သည်၊ပျင်းစရာကောင်းတဲ့ လမ်းမထက်ကို ဟိုကြည့်ဒီကြည့်ကြည့်ရင်း

"ကိုကို...ချစ်လေးတို့ ဟိုဘက်နားသွားရအောင်"

ဝမ်ဖေးရန်သူရှေ့ကနေဖြတ်သွားသော အတွဲကိုလိုက်ကြည့်၊ထိုအတွဲဟာ လူအနည်းငယ်ရှင်းသည့် ဘက်ကို ကော့ကော့နဲထွက်သွားတာကြောင့် သူပါ အနောက်ကနေ တိုးတိတ်စွာလိုက်သွားသည်၊အမှန်တော့ လိုက်ချင်လို့လိုက်တာမဟုတ်ပေ၊ ယောကျာ်းလေးစုံတွဲဖြစ်နေတာကြောင့်ဖြစ်သည်၊ဒီနေရာမှာ အိုမီဂါအမျိုးသားလေးတွေပါ တည်ရှိနေတာကြောင့် ယောကျာ်းချင်း ပူးကပ်စွာနေထိုင်သည်ဟာ မထူးဆန်းပေမယ့် ဝမ်ဖေးရန်ကြီးအတွက်ကတော့ ထူးခြားသည်၊

'သြော်...ဒီခေတ်မှာလည်း တည်းခိုခန်းမသွားပဲ... ချုံတိုးနေပြီပဲ'

[System: နင် ဘာလုပ်နေတာလဲ] အနောက်ကနေ အော်ပြောလာသည့် Systemကြောင့် ဝမ်ဖေးရန်တစ်ယောက် အမေ မတမိတာပင် ကျေးဇူးတင်ရမည်၊

'ချီး...လန့်လိုက်တာ အသံမပေးဘာမပေးပဲနဲ့'

[System: ငါအသံပေးပြီးမှ လာတာ...နင်ဘာလုပ်နေတာလဲ သစ်ပင်ပေါ်တက်ပြီး]

'တိုးတိုးနေ ငါချောင်းနေတာ'

[System: ဟက် ငါအော်ရင်တောင် ဘယ်သူမှမကြားဘူး....နင်ကဘာချောင်းနေတာလဲ]

ဥမပြောတာကို အရေးမစိုက်နိုင်ပေ၊တောထဲရှိတလှုပ်လှုပ်နေသော ချုံကိုသာ ပြူးပြဲကြည့်နေတော့သည်၊

*ဖျောက်* ဘေးနားက သစ်ကိုင်းခြောက်နင်းသံကြောင့် ကြောင်အသွားပြီး ကြည့်လိုက်တော့ အကျႌအနားစတွင် ရွှေရောင်နဂါး ရေးဆွဲထားသည့်အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်၊ ထိုလူဟာလည်း သူကိုမော့ကြည့်နေတာကြောင့် ထိုလူမျက်နှာကိုရှင်းရှင်းလင်းလင်းမြင်ရသည်၊

ထူပိန်းသောမျက်ခုံးမွှေး စူးရှသောမျက်ဝန်းတစ်စုံ၊ နှာတံချွန်ချွန် နဲ့တင်းတင်းစေ့ထားသောယောကျာ်းဆန်နူတ်ခမ်း၊.ထိုလူရဲ့မျက်နှာဟာ လုံးဝကိုပြည့်စုံသည်၊ဒါပေမယ့် ငယ်ရွယ်တဲ့ပုံတော့ပေါက်သည်၊ ထိုလိုယောကျာ်းဆန်တဲ့မျက်နှာကြောင့် ဝမ်ဖေးရန်စိတ်ထဲ မနာလိုအူတိုမိပြီး မျက်မှောင်ကြုတ်လိုက်ပြီး ထိုလူပဲ ကြားရရုံအသံဖြင့် ပြောလိုက်သည်၊

"ဟေ့လူ အဲ့နားမှာ ဘာရပ်လုပ်နေတာလဲ"

ထိုလူက အံ့သြသွားပြီး သူကိုယ်သူ လက်ညှိုးပြန်ထိုးပြလိုက်ပြီး...

"ကိုယ့်ကို ပြောတာလား"အူကြောင်ကြောင်ဖြင့် ပြန်မေးလာတော့သည်၊

"ဒီနားမှာ ခင်ဗျားအပြင် ဘယ်သူရှိသေးလို့လဲ" ဟိုလူနှစ်ယောက်ကြားမှာ ဆိုးလို့  အသံနိမ့်ပြောနေရပေမယ့် ဝမ်ဖေးရန်ဆိုတာ စိတ်ရှည်တဲ့အထဲမှာ မပါပေ၊ ထိုလူဟာ အနောက်ကိုပင် ပြန်လှည့်ကြည့်လိုက်ရုံသာမက ဘေးပင် ကြည့်ပြီး သူဘက်ပြန်လှည့်လာပြီး ပြောလာတော့သည်၊

"ကိုယ်ပေါ့"

'ငါ အဲ့ကောင်ကို သတ်မယ်!!!'

[System:-10pointsလျော့သည်]

'ဟမ်...ဘာကြောင့်လဲ...!' ထွက်နေတဲ့ဒေါသပင် ပျောက်သွားသလို၊

[System:နောက်ထပ်ပစ်မှတ် ဇာတ်လိုက်တစ်ယောက်ထပ်တွေ့ရှိသည်....ဇာတ်လိုက်ကို သတ်လို့မရပါ ကျန်တဲ့အချက်အလက်တွေ ကိုယ့်ဘာသာ စုံစမ်း]

'.....' ဆိုတော့ ရှေ့က သောက်ပိန်းက ဇာတ်လိုက်ခုနှစ်ယောက်ထဲက တစ်ယောက်ပေါ့၊ဒါကြောင့် ဝမ်ဖေးရန် သစ်ပင်ပေါ်ကနေ ခုန်ချကာ ဆင်းလိုက်ပြီး ထိုလူအနားသွားကာ

"ဒီမှာ ခင်ဗျားလည်း အတွဲချောင်းဖို့လာတာလား" ထိုလူက သူပြောတာကို နားမလည်စွာဖြင့်

"ကိုယ်ကလား... ?"

"ဒီမှာ ခင်ဗျားနဲ့ကျွန်တော်အပြင် ဘယ်သူရှိသေးလို့လဲ!" မကျေမနပ်ကြည့်ကာ ပြောလိုက်သည်၊ငါ့မျက်ဝန်းတွေမှာ ကျည်ဆံပါလို့ကတော့ ဒီကောင်သေတာဖြင့် ကြာပြီ၊

"ဟုတ်သား ဒီမှာ မင်းနဲ့ကိုယ်အပြင် ဘယ်သူမှမရှိဘူးပဲ...ဒါနဲ့ ကိုယ်က ဘယ်အတွဲကိုချောင်းရမှာလဲ"

"ရှူးးတိုးတိုး... လာသစ်ပင်ပေါ် လိုက်ခဲ့...ခင်ဗျား နာမည်က"

"ယွမ်ရှန့်... ရီယွမ်ရှန့် "

"ယွမ်ရှန့် ...ကျွန်တော်က ဝမ်ဖေးရန်" သူရဲ့မျက်လုံးများ  ကွေးသွားတဲ့အထိ ဝမ်ဖေးရန် ပြုံးလိုက်သည်၊

ဝမ်ဖေးရန်အပြုံးမှာ ယွန်ရှန့်မှင်သက်သွားတော့တယ်၊အမှန်တော့ သူလမ်းမှားပြီးရောက်လာခြင်းဖြစ်သည်၊လက်ရှိ ဘယ်နိုင်ငံမှာလဲတောင် သူမသိဘူး၊သူစီးလာတဲ့သားရဲက လေပေါ်ပင် ပြသာနာတစ်စုံတစ်ခုဖြစ်ကာ ရုတ်တရက်သေဆုံးပြီး မြေပြင်ပေါ်ကို အရှိန်နဲ့ပြုတ်ကျသွားခဲ့တယ်၊ သူတောင် ဂိုဏ်းကပေးထားသည့်အသက်ကယ်ပစ္စည်းကြောင့် မသေမပျောက်ဖြစ်ခဲ့ရတာ၊အဲ့တာနဲ့ပဲယောင်လည်လည်တောထဲသွားရင်းတောစပ်ရောက်လာခြင်းဖြစ်သည်၊ဒါကြောင့် သစ်ပင်ပေါ်တွင် မျက်ဝန်းများတောက်ပနေပြီး တစ်စုံတစ်ခုကို စိတ်အားထက်သန်စွာကြည့်နေတဲ့ ကောင်လေးကြောင့် သူလည်း မသိမသာအနောက်ကိုရောက်လာခြင်းဖြစ်သည်၊ထိုနောက် သစ်သားခြောက်တက်နင်းမိပြီး မိသွားခြင်းဖြစ်သည်၊

ထိုရှေ့ကကောင်လေးကတော့ သူကို ဒေါသတကြီးကြည့်လိုက်၊မကျေမနပ်ကြည့်လိုက်နဲ့ သူရဲ့ခံစားချက်တွေကို မဖုံးကွယ်ထားပဲ အပြာရောင်မျက်ဝန်းလေးများပေါ် ရင်ခုန်မိသွားသည်၊အခုလည်း သူကို တိုးတိုးတိတ်တိတ်နဲ့ခေါ်တော့ ဘာများလည်းကြည့်လိုက်တော့ ရီယွမ်ရှန့်တစ်ယောက် ဆယ်စက္ကန့်ဆွံအသွားသည်၊

"ကျွန်တော် အတွဲချောင်းနေတာ မဟုတ်ဘူးနော်...ဒါအတွေ့အကြုံလို့ခေါ်တယ် ပညာယူနေတာ..." မျက်နှာရဲရဲနဲ့သူကို တမန်းတတန်းရှင်းပြနေပုံကြည့်ပြီး သူပြုံးပဲပြုံးမိလိုက်သည်၊ဒါသူရဲ့ပထမဆုံး စိတ်လိုလက်ရပြုံးမိခြင်းဖြစ်သည်၊

ထိုကောင်လေးရဲ့ ခေါင်းကိုပုတ်လိုက်ပြီး အကိုကြီးတစ်ယောက်လေသံဖြင့်
"ဒါတွေက အတွေ့အကြုံယူဖို့ကြည့်တာသိပေမယ့် နောက်ခါ ထပ်မလုပ်နဲ့တော့ ကြားလား"

"ဟုတ်...."

"လာ ကိုယ်တို့ သွားရအောင်"

"ဆောင်ကြာမြိုင်လား???"

"အ...နာတယ်ဗျ" သူပဲမချောင်းရဘူးပြောပြီး စေတနာနဲ့များ ဆောင်ကြာမြိုင်ပို့ပေးမလို့လားမေးတာကို ယပ်တောင်နဲ့ခေါင်းကို ထုချရက်တယ်၊ငါဘာများ မေးတာမှားသွားလို့လဲ

"မင်း အိမ်ပေါ့ကွ အချိန်လည်းကြည့်ဦး "
အခုမှ နေဝင်ဆဲဆဲပဲရှိသေးတာလေး၊ဘာလုပ်ရမှာလဲ၊ပြီးတော့ အခုထိသူဘယ်မှာမှ မသွားရသေးတာ၊ပြီးတော့ ဒီဇာတ်လိုက်ကောင်ယွမ်ရှန့် သူကိုယ်သူအကိုကြီးဂိုဒ်နဲ့ ငါမွေးရင်ငါ့သားအရွယ်များ ဟွန့်

"သတိထား... " သူတို့ဆီ လာနေတဲ့မြားတစ်စင်းကြောင့် ယွမ်ရှန့် ဝမ်ဖေးရန်ကိုဆွဲဖမ်းကာ ရှောင်လိုက်သည်၊မြားပစ်တဲ့သူကိုကြည့်လိုက်တော့ ခုနကသူတို့ချောင်းနေတဲ့အတွဲထဲက တစ်ယောက်ဖြစ်နေသည်၊ဒါကြောင့် ပြသာနာမဖြစ်ချင်တာကြောင့် ဝမ်ဖေးရန်ကိုဆွဲကာ တောထဲထွက်ပြေးသွားတော့သည်၊

ဝမ်ဖေးရန် အူကြောင်ကြောင်ဖြင့် ယွမ်ရှန့်နောက်ပါသွားပေမယ့် ငြင်းဆန်တာမျိုးတော့ မလုပ်ပေ၊အနည်းငယ်ဝေးတဲ့နေရာရောက်မှ ယွမ်ရှန့်ဟာရပ်လိုက်ပြီး ...

"ဖေးရန် မင်းအဆင်ပြေရဲ့လား"

"ကိစ္စမရှိဘူး... အခု အရေးကြီးတာ ဘယ်နေရာရောက်နေတာလဲ" ပြေးတာပြေးလာရတာ သူတို့ဘယ်ရောက်နေလဲ ဝမ်ဖေးရန်မသိချေ၊ဥမကလည်းမရှိတာကြောင့် မေးလို့ရမည်မဟုတ်ပေ၊မေးလဲ ဖြေမှာလည်းမဟုတ်ပါဘူး

ယွမ်ရှန်လည်း သူတို့ရောက်နေတဲ့နေရာကိုကြည့်ပြီး ခေါင်းတစ်ချက်ကုတ်လိုက်ပြီး

"ကိုယ်လည်း....မသိဘူး " သူကို စပ်ဖြီးဖြီးပြုံးကာ ပြောလိုက်တဲ့ယွမ်ရှန့်ကြောင့် ...

'သည်းခံစမ်း...ဝမ်ဖေးရန်! ဇာတ်လိုက်တွေကို သတ်လို့မရဘူးတဲ့!'

"ဒါပေမယ့် စိတ်မပူပါနဲ့ အရင်နေ့ကလည်း ကိုယ်လျှောက်သွားရင်း တောစပ်ရောက်လာတာပဲလေ....အ.." ရုတ်တရက်အကောင်းကြီးကနေ ဒူးထောက်ကာ သွေးတစ်လုတ်အန်ချလိုက်သည့်ယွမ်ရှန့်ကြောင့် ဝမ်ဖေးရန်လန့်သွားကာ...

"ယွမ်ရှန့် ဘာဖြစ်တာလဲ!!"

"...ခုနက မြားက....အဆိပ် နဲ့...." လေးပင်စွာ ပြောလာသည့်အသံကြောင့် အဆိပ်ဟာ အရမ်းပြင်းထန်မှန်းနားလည်လိုက်သည်၊

"ဘာ...."အခုမှ သတိထားမိတယ် ယွမ်ရှန့်ရဲ့အကျႌလက်မောင်းတွေသွေးထွက်နေတာကို၊ အဆိပ်ထုတ်ရမယ်၊ဒါပေမယ့် အခုသူရောက်နေသည့်နေရာကို သူပင်မသိချေ၊ အနီးအနားမှာ ယာယီအနားလို့ရမဲ့ဂူတွေရှိလားမသိဘူး။

"ယွမ်ရှန့် မင်းလမ်းလျှောက်လို့တော့ ရသေးတယ်မလား"

"အေး...ရတယ် " ဖြူဖျော့နေတဲ့မျက်နှာကြောင့် ဝမ်ဖေးရန်စိုးရိမ်လာတော့သည်၊အမှန်ဆို ထိုအဆိပ်က သူမိမဲ့အဆိပ်ဖြစ်ပြီး သူကြောင့်!

"လာ ငါတွဲထူပေးမယ်...ငါတို့ အနီးအနားမှာ ခိုနားစရာတစ်ခုခုရှာရအောင်"

"အွန်း..."

ယွမ်ရှန့်ကို တွဲထူလိုက်ပြီး အနီးအနားဝန်းကျင်ကို ရှာဖွေကြည့်ရင်း နာရီဝက်လောက်ကြာတော့ အနည်းငယ်ညစ်ပတ်နေတဲ့ဂူတစ်လုံးကို တွေ့လိုက်ရသည်၊ သူရဲ့သိုလှောင်ဆွဲကြိုးထဲက အဝတ်အစားအချို့ထုတ်ကာ မြေပေါ်ခင်းလိုက်ပြီး ယွမ်ရှန့်ကို ထိုပေါ်လဲှခိုင်းလိုက်ကာ...

"ခင်ဗျား အဆိပ်ဖြေဆေးတွေမပါဘူးလား...."

"မပါ...လာဘူး...ကိုယ်က သန်မာပါတယ် မစိုးရိမ်ပါနဲ့"
မစိုးရိမ်နဲ့သာ ပြောနေပေမယ့် ယွမ်ရှန့်ရဲ့မျက်နှာဟာ သွေးရောင်ပင်သိပ်မရှိတော့ပေ၊ဝမ်ဖေးရန်တစ်ယောက် ဘာလုပ်ရမလဲမသိသည့်အခါမှာတော့ အကြံတစ်ခုသာ ရှိတော့သည်၊

"ခင်ဗျား....ခင်ဗျား....ယုံတော့ယုံရတယ်မလား"

"...."ယွမ်ရှန့်တစ်ယောက် ဝမ်ဖေးရန်ပြောတာကိုနားမလည်ပေ၊ဒါပေမယ့် ယုံကြည်မှုကို သက်သေပြခိုင်းသည်ထင်၍ သူရဲ့သိုလှောင်လက်စွပ်ထဲက ဓားဖြူလေးတစ်ချောင်းကို ထုတ်ကာ ဝမ်ဖေးရန်လက်ထဲထည့်လိုက်ပြီး...

"ဒါ ကိုယ်တို့မျိုးရိုးစဉ်ဆက် ကမ်းလှမ်းလာတဲ့ ဓားလေ..."
'ကိုယ့်ရဲ့ကြင်ယာဖက်ကို ပေးရတဲ့ဓားပေါ့' အဲ့တာကိုတော့ စိတ်ထဲမှာပြောလိုက်သည်၊

"ကျွန်တော်ပြောတာ အဲ့လိုမဟုတ်ဘူး...."

"မင်း ကိုယ့်ကို ယုံလို့ရပါတယ်... မင်းထိခိုက်စေမဲ့အရာတွေ ကိုယ်ဘယ်တော့မှ မလုပ်ဘူး"

"ခင်ဗျား ထလိုက်...." ဝမ်ဖေးရန်ဘာလုပ်ခိုင်းမှန်း မသိတာကြောင့် ယွမ်ရှန့် ကြိုးစားထလိုက်ပြီး ဂူနံရံကိုမှီလိုက်သည်၊ဒါပေမယ့် ရုတ်တရက်သူဆီတိုးဝင်လာသည့် ဝမ်ဖေးရန်ကြောင့် ကြောင်အသွားတော့သည်၊ထိုသို့မပြီးသေးဘူး၊အပေါ်ဝတ်ရုံကိုချွတ်ကာ အောက်ခံအကျႌအဖြူရောင်ကိုလည်း ဆွဲချလိုက်တော့ ကျောက်စိမ်းလိုဖြူဖွေးပြီး နူးညံ့ပုံရသည့် ပခုံးသားလေးဟာ ဆွဲဆောင်မှုရှိစွာပေါ်ထွက်လာတော့သည်၊

"ဖေး...ရန်... "

"အထင်မလွဲနဲ့.... ကျွန်တော့်ရဲ့ သွေးက အဆိပ်ပျောက်တယ်...ပခုံးကို ကိုက်"

[System: ......] နင်ရဲ့ လက်ကို ဒီမှာတွေ့လား အဲ့တာ ဓားတဲ့!အဲ့ဓားကို လက်နဲ့မိတ်ဆက်ပေးလိုက်ရင် နီနီရဲရဲဆိုတဲ့သွေးတွေ စီးကျလာမူရဲ့၊အဲ့သွေးတွေကို နင့်ကောင်ရဲ့ပါးစပ်ထဲ ထည့်ပေးရင် အဆိပ်ပျောက်တယ်!လဒကောင် ဝမ်ဖေးရန်ရဲ့!
------------------------------------------------
Chapter-12မျှော်

-------------------

Continue Reading

You'll Also Like

86.1K 9.7K 120
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင...
114K 17.1K 68
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
449K 47.9K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
630K 74.5K 199
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...