The Legendary Master's Wife (...

By Sailor_Moon_94

786K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... More

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 246
CHAPTER 247
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 287
CHAPTER 288
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 295
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 245

8.9K 1.6K 260
By Sailor_Moon_94



Zawgyi ver...




ဒုကၡက တံခါးဝ ေရာက္လာျပီ ...





လုယြီအား အေျခအေနတည္ၿငိမ္သြားေအာင္ ကူညီေပးၿပီးေနာက္ ပိုင္လီေ႐ွာင္ယြီႏွင့္ ယူေ႐ွာင္မိုတို႔သည္ ခ်ိဳင္ကြၽင္းအား ႐ွာေဖြရန္ အေလာတႀကီး ထြက္လာၾကေလ၏ ။



ထိုအခ်ိန္တြင္ ခ်ိဳင္ကြၽင္းသည္ ၎ထံသို႔ အႏၲရာယ္အေငြ႔အသက္မ်ား ခ်ည္းကပ္လာေနသည္အား သတိမထားမိေသးပါေခ်၊ ထို႔ျပင္ သူသည္ ယူေ႐ွာင္မို၏ အလားအလာမွာ ထန္းဇီ႐ွင္းထက္ မ်ားစြာျမင့္မားေၾကာင္း မ်က္ျမင္သက္ေသ ျမင္ေတြ႔ခဲ့ရၿပီးခ်ိန္ကတည္းက ယူေ႐ွာင္မို႔အေပၚ လက္စားေခ်ရန္ အၾကံအစည္အမ်ားအားလည္း လံုးဝ စြန္႔လႊတ္ခဲ့ၿပီးသား ျဖစ္ေလ၏ ။

ထိုကဲ့သို႔ အလားအလာေကာင္းမ်ိဳးႏွင့္ ေက်ာင္းသားသစ္မ်ားအေပၚ ဤေက်ာင္းေတာ္မွ ေသခ်ာေပါက္ မ်က္စိေဒါက္ေထာက္ ေစာင့္ၾကည့္ေနလိမ့္မည္ ျဖစ္ေသာေၾကာင့္ သူသည္ ခ်ိဳင္အိမ္ေတာ္၏ တတိယသခင္ေလးတစ္ဦး ျဖစ္ေနပါေစဦးေတာ့ ေတာက္႐ွင္းအကယ္ဒမီ၏ စုန္းျပဴးေလးအား မ်က္ႏွာခ်င္းဆိုင္ စိန္ေခၚဖို႔ သတၱိမ႐ွိပါေခ် ။




ထို႔ေၾကာင့္လည္း ခ်ိဳင္ကြၽင္းသည္ သူ၏ ရည္ရြယ္ခ်က္မ်ားအား ဖ်က္သိမ္းထားၿပီး ယူေ႐ွာင္မိုႏွင့္ ထိပ္တိုက္ မေတြ႔ေစရန္ အတတ္ႏိုင္ဆံုး ေ႐ွာင္က်ဥ္ေနထိုင္ဖို႔လည္း စိတ္ကူးထားေလသည္။


သို႔ေသာ္လည္း သူ႔ဘဝ၌ စိတ္မကူးခဲ့မိသည္မွာ သူ႔ဘက္က ယူေ႐ွာင္မိုႏွင့္ ကင္းကင္း႐ွင္း႐ွင္း ေနခ်င္လာေသာ အခ်ိန္မွ ထိုလူသားကိုယ္တိုင္ သူ၏ တံခါးဝသို႔ ေရာက္လာလိမ့္မည္ဟူ၍.. ၊ အပိုေဆာင္းအေနျဖင့္ အျခားသူမ်ားထက္ ပို၍ပင္ သြားမထိသင့္ေသာ ပိုင္လီေ႐ွာင္ယြီဟု ေခၚတြင္ေသာ အေပါင္းအေဖာ္တစ္ေယာက္ပါ အဆစ္ပါလာေသးေတာ့၏။




၎တို႔ အခန္းေျပာင္းေရႊ႔ၿပီး မၾကာမီပင္ ခ်ိဳင္ကြၽင္းသည္လည္း ေလးေယာက္ခန္းမွ ေျပာင္းေရႊ႕သြားသည္အား သတင္းရထားေသာေၾကာင့္ ၎အား ႐ွာေဖြရန္မွာ ထင္သေလာက္ မခဲယဥ္းပါေခ်။



ခ်ိဳင္ကြၽင္းသည္ ထင္ေပၚေက်ာ္ျကားရျခင္းအား ႏွစ္သက္သူပီပီ သူလုပ္သမ်ွကိစၥတိုင္းအား လူအျမင္ကပ္ေလာက္ေအာင္ ႂကြားဝါတတ္ရကား ၎အခန္းေျပာင္းသည့္ကိစၥမွာ လူတိုင္းလိုလို သိ႐ွိေနၿပီးသား ကိစၥတစ္ရပ္သာ ျဖစ္ေနေတာ့၏၊ ထို႔ေၾကာင့္ ယူေ႐ွာင္မိုတို႔သည္ ေမးခြန္းအနည္းငယ္မ်ွျဖင့္ပင္ ၎၏တည္ေနရာအား အတိအက် သိလာရေလ၏ ။

ေနရာအတိအက် သိၿပီးေသာအခါ ယူေ႐ွာင္မိုႏွင့္ ပိုင္လီေ႐ွာင္ယြီတို႔သည္ ခ်ိဳင္က်ြင္းေနထိုင္ရာ အခန္းတံခါးဝသို႔ ၎အား ႏုတ္ႏုတ္စဥ္းရန္ ဆိုက္ေရာက္လာၾကေလ၏။

ထိုအခ်ိန္တြင္ ၎ျခံဝင္းအတြင္း၌ အတန္းခ်ိန္ၿပီးဆံုး၍ အခန္းျပန္လာၾကေသာ ေက်ာင္းသားမ်ားျဖင့္ အေတာ္ေလး စည္ကားေနခ်ိန္ ျဖစ္ကာ ၎တို႔သည္ လူအမ်ားၾကားမွ အေတာ္ေလး ေဒါသတႀကီးျဖစ္လ်က္ ရန္လိုေနပံုရေသာ အမူအယာျဖင့္ ပထမေႏြဦးျခံဝင္းဆီသို႔ အလင္းအလ်င္မ်ိဳးျဖင့္ ခ်ီတက္ေနေသာ လူႏွစ္ဦးအား ပေဟဠိဆန္စြာ ေတြ႔လိုက္ၾကရ၏၊ တစ္ခ်က္ၾကည့္ရံုမ်ွျဖင့္ပင္ ပြဲႀကီးပြဲေကာင္း ျဖစ္လာေတာ့မည္အား သိလိုက္ၾကေသာသူမ်ားသည္ ၎တို႔၏ စပ္စုခ်င္စိတ္အား မထိန္းႏိုင္ၾကပဲ ေနာက္မွ အသာေလး လိုက္လာၾကေလ၏၊ ၎တို႔ႏွစ္ေယာက္ ရပ္တန္႔သြားသည္ အခန္းအား ျမင္လိုက္ၾကရေသာအခါ ၎တို႔သည္ ခ်ိဳင္အိမ္ေတာ္၏ တတိယသခင္ေလး ခ်ိဳင္ကြၽင္းအား လာ႐ွာၾကျခင္းျဖစ္ေၾကာင္း သိလိုက္ရေလ၏။

ခ်ိဳင္ကြၽင္းသည္ နာမည္ဆိုးျဖင့္ ေက်ာ္ေစာသူ ျဖစ္ရကား ပထမေႏြဦး ျခံဝင္းအတြင္း၌ ၎အား မသိသူမ႐ွိေပ၊ ထို႔ေၾကာင့္ ၎အေဆာင္သည္ ခ်ိဳင္ကြၽင္း၏ အေဆာင္ျဖစ္ေၾကာင္း လူတိုင္း သိၾကေလသည္၊ စိတ္ဝင္စားစရာ ဇာတ္ဝင္ခန္းအခ်ိဳ႕ ၾကည့္ရေတာ့မည္ျဖစ္ေသာေၾကာင့္ လူအမ်ား စုေဝးေနၾကၿပီး အခ်ိဳ႕ဆိုလ်ွင္ အခန္းေအာင္းေနရာမွပင္ ထြက္လာၾကေတာ့၏။














" ခ်ိဳင္ကြၽင္း! အမ်ိဳးယုတ္ မိမစစ္ဖမစစ္ေကာင္, အခုခ်က္ခ်င္း ထြက္လာခဲ့စမ္း! "

ယူေ႐ွာင္မိုသည္ အေဆာင္တြင္းထိ ၾကားေအာင္ ခပ္ျပင္းျပင္း ေအာ္ထုတ္လိုက္ေလသည္။



လံုးခ်င္းအေဆာင္ အမ်ားစု၏ တံခါးဝ၌ အကာအကြယ္စည္းတစ္ခု ခ်ထားေလ့႐ွိေသာ္ျငား ခ်ိဳင္ကြၽင္းအေဆာင္မွာ တမူထူးေလ၏၊ သူသည္ လူအမ်ားၾကား လႊမ္းမိုးႏိုင္စြမ္း႐ွိသည္ဟု ကိုယ့္ကိုကိုယ္ ခံစားရေစေသာေၾကာင့္ ဧည့္သည္အဝင္အထြက္ မ်ားစြာအား လက္ခံေလသည္၊ ထို႔အျပင္ ဤကဲ့သို႔ျပဳလုပ္ျခင္းသည္ လူအခ်ိဳ႕ထက္ အင္အားႀကီးေၾကာင္း ေဖာ္ျပရာေရာက္သည္ဟုလည္း ခံယူထား၏၊ ထို႔ေၾကာင့္ သူသည္ အႀကီးအကဲေကာင္း ေပးေသာ ေက်ာက္စိမ္းျပားအား အေဆာင္တံခါးဝ၌ ခ်ိတ္ဆြဲထားေလ၏၊ ဤသို႔ျဖင့္ လူတိုင္းသည္ ၎အေဆာင္အတြင္းသို႔ အတားအဆီးမ႐ွိ ဝင္ထြက္ႏိုင္ၾကေပ၏ ။







ယူေ႐ွာင္မိုႏွင့္ ပိုင္လီေ႐ွာင္ယြီတို႔သည္ ထိုအခ်က္အား ေမ့ေနၾကေသာေၾကာင့္ အေဆာင္တြင္းသို႔ ေျခခ်ၿပီးသည့္တိုင္ မည္သည့္ထူးဆန္းမႈကိုမ်ွ မခံစားမိၾကေပ ။

ခ်ိဳင္ကြၽင္း၏ အမူအက်င့္ႏွင့္ဆိုလ်ွင္ တစ္စံုတစ္ေယာက္မွ ၎အား ထိုေလသံမ်ိဳးျဖင့္ လာေရာက္စိန္ေခၚပါက ဘာစကားမ်ွဆိုမေနပဲ အျပင္သို႔ေျပးထြက္လာကာ လာေရာက္ရင္ဆိုင္လိမ့္မည္မွာ ဧကန္မလြဲ .. ၊ ထို႔ေနာက္ ၾကာၾကာမေစာင့္လိုက္ရပဲ ေလွကားဆီမွ ဆင္းလာေသာ ေျခသံမ်ားအား ၾကားရလိုက္ရေလသည္၊ ေမွာ္မွန္းထားသလိုပင္ ခ်ိဳင္ကြၽင္း၏ ေဒါသမ်ားျပည့္နွက္ေနေသာ မ်က္ႏွာသည္ ၎တို႔၏ေ႐ွ႕၌ ေပၚထြက္လာေလ၏ ။


သို႔ေသာ္ ၎သည္ ယူေ႐ွာင္မိုအား ျမင္ေသာအခါ ကိုယ္႐ွိန္သတ္သြားၿပီး အံ့ျသမႈမ်ားက အစားထိုးဝင္ေရာက္လာေလ၏၊ ယူေ႐ွာင္မိုက သူ႔အား လာ႐ွာစရာ အဘယ္ကိစၥမ်ား ႐ွိပါအံ့နည္း။


၎သည္ ယူေ႐ွာင္မိုအား ရန္သြားမစရန္ ဆံုးျဖတ္ထားေသာ္ျငား ယခုကဲ့သို႔ အၾကည့္ေပါင္းမ်ားစြာ ေအာက္တြင္ေတာ့ သူ၏ဂုဏ္သိကၡာအား ငဲ့ကြက္ေသာအားျဖင့္ ဘယ္နည္းႏွင့္မ်ွ ေအာက္က်မခံႏိုင္ေပ၊ ထို႔ေၾကာင့္လည္း ေအးစက္ေသာ မ်က္ႏွာထားအား ဆက္လက္ထိန္းသိမ္းကာ ..

" ယူေ႐ွာင္မို, ဘာကိစၥ ငါ့အေဆာင္မွာ လာေသာင္းက်န္းေနရတာလဲ? "

ထိုအခါ ယူေ႐ွာင္မိုသည္ နဂိုထက္ ဆယ္ဆက်ယ္ေသာေလသံျဖင့္

" မင္းရဲ႕ စိတ္ပ်က္စရာ ဖင္ကို ေဆာင့္ကန္မလို႔ လာတာကြ . . . !! "

ထိုစကားေၾကာင့္ ခ်ိဳင္ကြၽင္း၏ မ်က္ႏွာေပၚ႐ွိ ႂကြက္သားတိုင္း တြန္႔လိမ္ေကာက္ေကြးကုန္ၾက၏၊ ဒီေကာင္ ဦးေႏွာက္လြတ္ေနတာေတာ့ မဟုတ္ပါဘူးေနာ္?

ထို႔ေနာက္ ခ်ိဳင္ကြၽင္းသည္ လူအမ်ားေ႐ွ႕၌ အေစာ္ကားမခံလိုေသာေၾကာင့္ အလြန္အမင္း စိတ္ဆိုးေဒါသထြက္ဟန္ျဖင့္

" ယူေ႐ွာင္မို, မင္း ဘာေစာက္စကားေျပာလိုက္တာလဲ ဆိုတာေရာ သိရဲ႕လားကြ?

ခ်ိဳင္အိမ္ေတာ္ရဲ႕ တစ္ဦးတည္းေသာ တတိယသခင္ေလး ခ်ိဳင္ကြၽင္းကိုေလ..?

မင္းကိုမင္း ဘာေကာင္မ်ား ထင္ေနလဲကြ!!.. ငါ့ကို ယွဥ္ႏိုင္မယ္မ်ား ထင္ေနတာလား?

ေအး.. ငါသတိေပးလိုက္မယ္ေနာ္ မင္း အခုခ်ိန္ ထြက္မသြားဘူးဆိုရင္ ငါကေတာ့မင္းကို လြယ္လြယ္နဲ႔ ျပန္လႊတ္ေပးလိုက္လိမ့္မယ္ မထင္နဲ႔ "

" ဘယ္သူမွန္တယ္ ဘယ္သူမွားတယ္ဆိုတာ အခုထိ မဆံုးျဖတ္ရေသးပါဘူး "

ပိုင္လီေ႐ွာင္ယြီက အေ႐ွ႕ထြက္ကာ ခ်ိဳင္ကြၽင္းအား တည့္တည့္ၾကည့္၍ ေျပာဆိုလိုက္ေလ၏။


" ပိုင္လီေ႐ွာင္ယြီ မင္းဘာေတြ လာ႐ူးေနတာလဲ? "

ခ်ိဳင္က်ြင္းတစ္ေယာက္ ပိုင္လီေ႐ွာင္ယြီ၏ ဝင္ေရာက္စြက္ဖက္မႈေၾကာင့္ ပို၍ပင္ ေသြး႐ူးေသြးတန္း ျဖစ္သြားေလေတာ့၏။

" မင္းတို႔ႏွစ္ေယာက္က ငါ့ပိုင္နက္ထဲလဲ လာေသးတယ္.. အေၾကာင္းရင္းမ႐ွိပဲလဲ ေစာက္ျပႆနာ လာ႐ွာၾကေသးတယ္! မင္းတို႔ႏွစ္ေကာင္က ငါ့ကို မင္းတို႔အ႐ွက္ခြဲခ်င္တိုင္း လာခြဲလို႔ရတဲ့ ျမက္စားသတၱဝါမ်ား ထင္ေနၾကလား ဟမ္? "

" အေၾကာင္းအရင္းမ႐ွိပဲ လာတယ္လို႔ မင္းကို ဘယ္သူေျပာလဲ? "

ယူေ႐ွာင္မိုသည္ ခ်ိဳင္ကြၽင္း၏ ႏွာေခါင္းတည့္တည့္သို႔ လက္ညႇိဳးထိုးကာ ေျပာလိုက္ေလ၏။

" မင္းက မင္းရဲ႕လူေတြကို ငါ့လူကို ႐ိုက္ႏွက္ညႇင္းပမ္းဖို႔ အမိန္႔ေပးခဲ့တယ္ေလ.. ဘယ္လိုလဲ .. ေသြးေႂကြးကို ေသြးနဲ႔ပဲ ဆပ္သင့္တယ္လို႔ မထင္ဘူးလား? "

"ဘာ ေစာက္အဓိပၸါယ္မ႐ွိတာေတြ လာေျပာေနတာလဲ? ငါ ဘယ္တုန္းကမ်ား .. ငါ . . ငါ . . "

ခ်ိဳင္ကြၽင္းသည္ အစက ျငင္းဆန္ရန္ ဆံုးျဖတ္ထားေသာ္ျငား တစ္စံုတစ္ရာအား သတိရသြားေလ၏၊ ဤေက်ာင္းေတာ္သို႔ မဝင္ရေသးမွီက သူ၏လက္အား ခ်ိဳးပစ္ခဲ့သူမွာ ဤေက်ာင္းေတာ္သို႔ ဝင္ခြင့္ရေၾကာင္း ျမင္လိုက္ရေသာအခါ သူ၏လူမ်ားအား ထိုလူအား ေစာင့္ၾကည့္ထား၍ အေျခအေနေပးလ်ွင္ သင္ခန္းစာေပးရန္ မွာၾကားထားခဲ့ဖူးေလ၏။


ခ်ိဳင္ကြၽင္းဆီမွ စကားသံမ်ား ဆက္ထြက္မလာေတာ့ေသာအခါ ၎အတိတ္အား မွတ္မိသြားေၾကာင္း ခန္႔မွန္းမိေလ၏၊ ထို႔ေၾကာင့္ ယူေ႐ွာင္မိုသည္ လူမိုက္သံျဖင့္...

" ခ်ိဳင္ကြၽင္း မင္းက ငါ႔လူကိုရိုက္ဖို့အတြက္ မင္းလူေတြကို အမိန္႔ေပးခဲ့တာဆိုေတာ့ . . . မင္းအျပစ္အတြက္ ေပးဆပ္ဖို႔သာ ျပင္ထားေပေတာ့! "

လုယြီသည္ ယူေ႐ွာင္မို၏ အေစာင့္ေ႐ွာက္ခံ မဟုတ္ေသာ္လည္း ယူေ႐ွာင္မိုမွာ ကာကြယ္ေပးတတ္ေသာ မိဘကဲ႕သို႕ပံုစံမ်ိဳး ျဖစ္ေနေလ၏၊ လုယြီႏွင့္ ၎တို႔ ခဏတာ ပတ္သက္ခဲ့ဖူးေသာ အခ်ိန္မ်ားတြင္ လုယြီ၏ လုပ္ေဆာင္ခ်က္မ်ားသည္ ခ်ီးက်ဴးဖို႔ရာ ထိုက္တန္ေပသည္၊ ယူေ႐ွာင္မိုသည္ လုယြီအား အျပည့္အဝ အသိမွတ္ မျပဳေသာ္လည္း ၎အား လူတကာ အႏိုင္က်င့္ခံျဖစ္ေအာင္ လြတ္ထားရေလာက္သည္ အထိေတာ့ မဟုတ္ေသးေပ ။

ဤျပႆနာထဲတြင္ လုယြီပါဝင္လာရသည္မွာ သူႏွင့္ လင္းေ႐ွာင္ေၾကာင့္ ျဖစ္သည္ကိုေတာ့ ထည့္ေျပာစရာပင္ လိုမေနေတာ့ေခ် ။




ခ်ိဳင္ကြၽင္း၏ မ်က္လံုးမ်ားသည္ ေဒါသေၾကာင့္ ျပဴးက်ယ္ေနေလ၏၊

ဒင္းတို႔က ငါ့ကို ဒင္းတို႔ အႏိုင္က်င့္ခ်င္တဲ့အခ်ိန္တိုင္း လြယ္လြယ္ေလး လာအႏိုင္က်င့္လို႔ရတယ္မ်ား မွတ္ေနၾကလား? ငါ ယူေ႐ွာင္မိုကို ရန္မစေတာ့ဘူးဆိုတာ သူ႔ကိုေၾကာက္ေနလို႔မွမဟုတ္တာ!!

လူအမ်ားေ႐ွ႕၌ အေျပာဆိုခံလိုက္ရေသာေၾကာင့္ ခ်ိဳင္ကြၽင္း၏ ေဒါသမ်ား တျဖည္းျဖည္း ေလာင္ၿမိဳက္လာေနေလသည္။



" အဲ့ကိစၥက ငါလုပ္တာပါလို႔ သက္ေသျပႏိုင္လို႔လား? မင္းတို႔ ဒီလိုေရာ ေတြးဖူးရဲ႕လား.. မင္းတို႔လူက သူမ်ားတကာကို အရင္ရန္သြားစၿပီး အခု လက္စားျပန္ေခ်တာ ခံေနရတယ္လို႔ေလ.. ဟမ္?

မင္းတို႔ ငါ့အေပၚ မေကာင္းတာေတြ လာပံုခ်ပီး ငါ့နာမည္ကို ဖ်က္ခ်င္ေနတာဆိုရင္ေတာ့ လစ္လိုက္ေတာ့.. ငါဆိုတဲ့ေကာင္က မင္းတို႔ လြယ္လြယ္လာ႐ႈပ္လို႔ရတဲ့ အစားထဲက မဟုတ္ဘူး "

ထိုစကားအား ေျပာၿပီးေသာအခါ ယူေ႐ွာင္မိုႏွင့္ ပိုင္လီတို႔သည္ အ႐ူးတစ္ေကာင္အား ျကည္႔ေနရသကဲ့သို႔ ၎အား စိုက္ၾကည့္ေနၾကသည္ကို ေတြ႔လိုက္ရေလ၏ ။









" အဲ့လိုမ်ိဳး ေစာက္ပိန္းစကားကို ေျပာထြက္ရေလာက္ေအာင္အထိ အသိဥာဏ္မဲ့တဲ့ ခ်ီးဦးေႏွာက္ပါလား!

မင္းခိုင္းလိုက္တဲ့လူေတြက မင္းလုပ္ခိုင္းတာဆိုတာကို အားလံုးဝန္ခံၿပီးသြားၿပီကြ! မဟုတ္ရင္ ငါတို႔က ဒီကို ဘာကိစၥနဲ႔ လာရမွာလဲ?

ဘာလဲ! ဒီေတာက္႐ွင္းအကယ္ဒမီထဲမွာ ေနာက္ထပ္ ခ်ိဳင္အိမ္ေတာ္ရဲ႕ တတိယသခင္ေလးတစ္ေယာက္ ထပ္႐ွိေနတာေတာ့ မဟုတ္ပါဘူးေနာ္!

အဓိပၸါယ္မ႐ွိတဲ့စကားေတြ ေလ်ွာက္ေျပာေနတာ မင္း မ႐ွက္ဘူးလားကြ? "



ပိုင္လီေ႐ွာင္ယြီလည္း ဝင္ေရာက္ေထာက္ခံေလ၏။

" ေစာက္ပိန္းေကာင္! "


ခ်ိဳင္ကြၽင္း၏ မ်က္ႏွာသည္ အနီေရာင္သို့ ေျပာင္းလဲေနကာ ၎၏လက္ညႇိဳးသည္လည္း ဦးတည္ရာမ႐ွိ ေလ်ွာက္ထိုးလ်က္

" မင္း . . မင္း . . "

" မင္း. . မင္း . . မင္း . . မင္းဖင္ေလ "

ယူေ႐ွာင္မိုသည္ ဆက္တိုက္ အာဏာျပ ႏွိပ္ကြပ္ေနေလ၏။

" အခု ငါသာ မင္းကို ငရဲထိေရာက္ေအာင္ မ႐ိုက္မိဘူးဆိုရင္ ငါ့မ်ိဳး႐ိုးနာမည္က ယူ မဟုတ္သင္႔ေတာ့ဘူး "



" လံုးဝကို မွန္တယ္! "

ပိုင္လီေ႐ွာင္ယြီသည္ အျပတ္အသတ္ကို ေခါင္းၿငိမ့္ေထာက္ခံေလ၏၊ သူသည္ ခ်ိဳင္ကြၽင္းေၾကာင့္ စိတ္မသက္မသာျဖစ္ခဲ့ရသည္မွာ ၾကာလွျပီျဖစ္ၿပီး ယခုမူ ၎သည္ ေဘာ့စ္၏လူကိုပင္ ႐ိုက္ရဲေသး၏၊ ဒီေကာင့္အား သင္ခန္းစာေကာင္းေကာင္း ေပးဖို႔ အခ်ိန္က်ေရာက္လာၿပီပင္ ျဖစ္သည္။

(ေ႐ွာင္ယြီက တကယ္ႀကီး ေဘာ့စ္လို႔ ေခၚပလိုက္တာေနာ္ ဟားဟား... )













" ေနၾကဦး!!! "



၎တို႔ႏွစ္ေယာက္ ခ်ိဳင္ကြၽင္းထံသို႔ ပစ္ဝင္ကာ အျပတ္လံုးေတာ့မည့္ အခ်ိန္မွာမွ တံခါးဝဆီမွ ၎တို႔အား တားဆီးရန္ ေအာ္သံတစ္ခု ထြက္လာေလ၏၊ ယူေ႐ွာင္မိုႏွင့္ ပိုင္လီေ႐ွာင္ယြီတို႔သည္ ထိုအသံေၾကာင့္ ၎တို႔၏ စိတ္အား ျပန္လည္ေလ်ွာ့ခ်လိုက္ကာ ဝင္ေပါက္ဆီသို႔ လွည့္သြားၾက၏၊ ၎တို႔သည္ အျပာေရာင္ဝတ္စံု ဝတ္ဆင္ထားေသာ လူတစ္ေယာက္ ဝင္လာသည္အား ေတြ႔လိုက္ရၿပီး ထိုလူ၏ မ်က္ႏွာအမူအရာသည္ အလြန္ပင္ သမား႐ိုးက်ျဖစ္ကာ လူအုပ္အတြင္းမွ ကြဲထြက္ေနေလ၏၊ ထိုလူေရာက္လာသည္ႏွင့္ တစ္ၿပိဳင္နက္ လူအုပ္အတြင္းမွ ေၾကာက္ရြံ႕ဟန္ အၾကည့္မ်ားႏွင့္ တီးတိုးသံမ်ားအား စတင္ၾကားရေလသည္ ။


" အကိုႀကီး 'က်ံဳး' "

(တစ္မ်ိဳးဖတ္ေနၾကမွာစိုးလို႔ '..' နဲ႔ လုပ္ေပးထားတယ္ )

ခ်ိဳင္ကြၽင္းသည္ ထိုလူအားျမင္ေသာ္ အလြန္အမငး္ အံ့ျသေပ်ာ္ရႊင္သြားဟန္ျဖင့္ ထေအာ္ေလေတာ့၏ ။

ထိုေလသံသည္ ယူေ႐ွာင္မိုႏွင့္ ပိုင္လီတို႔အား ၎တို႔ႏွစ္ေယာက္၏ ဆံဆက္ေရးသည္ ေပါ့ေသးေသးမဟုတ္ေၾကာင္း သတိထားမိသြားေစ၏။

ယူေ႐ွာင္မိုသည္ မ်က္ေမွာင္ၾကဳပ္၍ ..

" မင္းက ဘယ္သူလဲ? "

ထိုအခါ က်ံဳးက်င္း႐ွန္သည္ တခစ္ခစ္ရယ္လ်ွက္ ..

" ကြၽန္ေတာ္က ဒီပထမေႏြဦး ျခံဝင္းရဲ႕ ႀကီးၾကပ္သူ က်ံဳးက်င္း႐ွန္ပါ..

ခင္ဗ်ားတို႔ႏွစ္ေယာက္ ကြၽန္ေတာ့္ကို မ်က္ႏွာသာေပးေသာအားျဖင့္ ဒီေနရာမွာ တစ္ခုခု မလုပ္ၾကပါနဲ႔လား.. မဟုတ္ရင္ ကြၽန္ေတာ္ အခက္ေတြ႔လိမ့္မယ္ဗ် "


ျခံဝင္းတစ္ခုစီတိုင္း၌ ႀကီးၾကပ္သူႏွစ္ဦးစီ ႐ွိတတ္ေသာေၾကာင့္ ထိုလူ၏ ဆိုလိုရင္းအား ယူေ႐ွာင္မို သေဘာေပါက္ေလသည္၊ မ်ားေသာအားျဖင့္ ယူေ႐ွာင္မိုသည္ စကားနားေထာင္တတ္ေသာ္ျငား ယခုမူ ခ်ိဳင္ကြၽင္း၏ပါးစပ္မွ ထိုလူ႔နာမည္ထြက္လာေသာေၾကာင့္ ၎တို႔ႏွစ္ေယာက္၏ ဆက္ဆံေရးမွာ သာမာန္မဟုတ္ေၾကာင္း ထင္႐ွားေလသည္၊ သို႔ေသာ္ ယခုမူ ထင္တိုင္းၾကဲဖို႔ရာမွာ ထိုမ်ွေလာက္ မလြယ္ကူေတာ့.. ၊ အေၾကာင္းမွာ ထိုလူသည္ ျဖစ္သမ်ွအျပစ္မ်ားအား ၎တို႔ႏွစ္ေယာက္အေပၚ ပံုခ်ရန္ ၾကံစည္ေနသည္ဟု အေၾကာင္းအရင္းမ႐ွိ ခံစားေနရေသာေျကာင့္ ျဖစ္ေလ၏ ။


" အဲ့ဒါဆိုရင္ေတာ့ ခင္ဗ်ားကသာ ကြၽန္ေတာ္တို႔ကို မ်က္ႏွာသာ ေပးသင့္တာဗ်..

ခ်ိဳင္ကြၽင္းက ကြၽန္ေတာ့လူကို ႐ိုက္ထားတယ္ေလ.. အဲ့ဒါေတာင္မွ ကြၽန္ေတာ္တို႔က သူ႔ကို ဒီတိုင္း လႊတ္ေပးထားရမယ္လို႔ ခင္ဗ်ားထင္တာလား?

ေျပာၾကည့္ပါဦးဗ် .. ခင္ဗ်ားအေမကို သူ႐ိုက္ထားရင္ေကာ ခင္ဗ်ား သူ႔ကို လႊတ္ေပးထားဦးမွာလား? "

ယူေ႐ွာင္မိုမွ ယဥ္ေက်းစြာ ေျပာေလ၏။

" ဟုတ္တယ္ဗ်! "

ေ႐ွာင္ယြီမွ ခ်က္ခ်င္းေထာက္ခံေလသည္၊ ထို႔ေနာက္ ယူေ႐ွာင္မိုဘက္သို႔ လွည့္ကာ ..

" ေ႐ွာင္မို, လုယြီက မင္းအေမလား? "


(A/N အလိုက္တာ ေ႐ွာင္ယြီရာ နာမည္အတိုင္းပဲ..

ေ႐ွာင္ယြီဆိုတာ ငါးကေလးပါတဲ့ ငါးကေလးဆိုေတာ့ ဥာဏ္ရည္က.. သိတယ္ဟုတ္ >.<)


ထိုအခါ ယူေ႐ွာင္မိုသည္ အံကိုႀကိတ္ကာျဖင့္..

" မဟုတ္ဘူးေလကြာ ငါကဥပမာသက္သက္ ေပးလိုက္တာ.. အဲ့ဒါမွ သူနည္းနည္း ကိုယ္ခ်င္းစာေပးပီး ငါတို႔အတြက္ စဥ္းစားေပးလို႔ရမယ္မလား "

" အိုး "

ေ႐ွာင္ယြီသည္ နားလည္သည္ဟု ထင္ရေသာ္လည္း နားမလည္ေပ၊ သို႔ေသာ္ ေခါင္းေတာ့ ၿငိမ့္ျပလိုက္ပါ၏။


သို႔ေသာ္ မ်က္ေတာင္တစ္ခတ္မ်ွ အခ်ိန္အတြင္း၌ က်ံဳးက်င္း႐ွန္၏ အမူအယာ ေျပာင္းလဲသြားသည္အား မည္သူမွ် သတိမျပဳမိလိုက္ၾကေပ၊ ထို႔ေနာက္ သူသည္ မ်ွတစြာ အေလးအနက္ ေတြးေပးဟန္ ေဆာင္၍..

" မင္းတို႔က ဒီကိစၥကို က်ိန္းေသေပါက္ လုပ္ရမွဆိုရင္ ေျဖ႐ွင္းဖို႔ နည္းလမ္းတစ္ခုေတာ့ ႐ွိတယ္.. "


" ေတာက္႐ွင္းမွာ တိုက္ခိုက္တာနဲ႔ ပတ္သက္ၿပီးေတာ့ ေတာ္ေတာ္ ကြဲျပားၿပီး တင္းၾကပ္တဲ့ စည္းမ်ဥ္းေတြ႐ွိတယ္.. ၿပိဳင္ပြဲစဥ္ေပၚမွာမွ မဟုတ္ဘူးဆိုရင္ ဘယ္ေနရာမွမဆို တိုက္ခိုက္ျခင္းကို လံုးဝပိတ္ပင္ထားတယ္.. အနည္းဆံုးျပစ္ဒဏ္ဆို သတိေပးခံရၿပီး အမ်ားဆံုးဆို ေက်ာင္းေတာင္ အထုတ္ခံရႏိုင္တယ္.. အဲ့ဒါေၾကာင့္ ခ်ိဳင္ကြၽင္းနဲ႔ ျပသနာ႐ွင္းခ်င္တယ္ဆိုရင္ ငါအၾကံျပဳခ်င္တာက ၿပိဳင္ပြဲစင္ေပၚေရာက္မွ ခ်ၾက၊ ႏိုင္တာ႐ွံုးတာ ရလာဒ္ကို အသာထားဦး ရန္ၿငိဳးေတြ အကုန္ တစ္ခါတည္း႐ွင္းၿပီးသား ျဖစ္သြားတာေပါ့ "


ယူေ႐ွာင္မို ေခတၱမ်ွ ခ်င့္ခ်ိန္ေနေလသည္။

ၿပိဳင္ပြဲစင္ေပၚမွာပဲ နည္းလမ္းက႐ွိတယ္၊ ပီးေတာ့ ခ်ိဳင္ကြၽင္းကိုသာ လက္စားေခ်ရမယ္ဆိုရင္ ဘယ္ေနရာျဖစ္ျဖစ္ အေရးမႀကီးဘူး ။

" ေကာင္းၿပီေလ.. ခ်က္ခ်င္းလုပ္လိုက္တာက ေန့ေတြရက္ေတြေရြးေနရတာထက္ ပိုေကာင္းတယ္မလား?!.. အခုပဲသြားၾကတာေပါ့! "





ထိုစကားအား ၾကားေသာ္ က်ံဳးက်င္း႐ွန္သည္ ေကာက္က်စ္ေသာ ရယ္သံတစ္ခုအား မပီဝိုးတဝါးျပဳလိုက္၏၊ အခုခ်က္ခ်င္းဆိုလို႔ ေၾကာက္မယ္ထင္ေနတာလား? ပိုင္လီေ႐ွာင္ယြီေၾကာင့္သာ မဟုတ္ရင္ ဒီဟာေလးေတြကို အခုလို ႐ို႐ိုေသေသ ဆက္ဆံေနစရာေတာင္ မလိုဘူး!

ထို႔ေနာက္ ခ်ိဳင္ကြၽင္းဘက္သို႔လွည့္ကာ..

" ခ်ိဳင္ကြၽင္း, ယူေ႐ွာင္မိုရဲ႕ စိန္ေခၚမႈကို လက္ခံမယ္မလား? "


ခ်ိဳင္ကြၽင္းသည္ က်ံဳးက်င္း႐ွန္၏ မ်က္လံုးမ်ားထဲမွ ပုန္းကြယ္ေနေသာ အစကားဝွက္အား လက္ခံရ႐ွိလိုက္သျဖင့္ ေမွာင္ခိုျပံဳးႀကီးတစ္ခုအား ျပံဳးကာ ယူေ႐ွာင္မိုအား ေမွာင္မည္းစြာ ၾကည့္လိုက္ရင္း..

" ဒါေပါ့ ငါ လက္ခံတာေပါ့! အခု လက္မခံလိုက္ဘူးဆိုရင္.. ငါ.. ေနာင္မွ ေနာင္တရေနမိလိမ့္မယ္ ထင္တယ္ "

၎တို႔ ၿပိဳင္ပြဲစင္ေပၚ၌ ရင္ဆိုင္ၾကမည္ဆိုလ်ွင္ ဆန္႔က်င္ဖက္အေနျဖင့္ ယူေ႐ွာင္မိုအား ေပၚတင္႐ိုက္ႏွက္ရန္ အခြင့္အေရးရေပေတာ့မည္ ျဖစ္သည္၊ ဘုရားသခင္ေတာင္မွ သူ႔ဘက္တြင္ ႐ွိေနေသာအခါ သူ့အေနျဖင့္ ထိုအခြင့္အေရးအား လက္မခံႏိုင္စရာအေၾကာင္း အဘယ္မွာ ႐ွိပါလိမ္မည္နည္း ။















# 9.8.2020

စာလံုးေပါင္းေလးေတြ ကူစစ္ေပးၾကပါေနာ္ ^.^

ေယာက္်ားေလးေတြ ရန္ျဖစ္ရင္ ဘယ္လိုစကားလံုးေတြ သံုးၾကလဲဆိုတာ သိပ္မရင္းႏွီးေတာ့ dialogueေတြ ေပါကားဆန္ေနရင္ မီအာနဲ :(

ပီးေတာ့ ကိုယ့္ဒါဒါေလးေတြ ဟိုwarေတြထဲ ဝင္မပါၾကဘူးမလား!?
မပါၾကနဲ႔ေနာ္ ဘယ္လိုေအာ္သာပဲျဖစ္ျဖစ္ ဘယ္လိုဝတၳဳမ်ိဳးပဲျဖစ္ျဖစ္ သူတို႔ရဲ႕ ႀကိဳးစားမႈကို အသိအမွတ္ျပဳၾကရမယ္မလား? မခ်ီးက်ဴးရင္ေတာင္ အဆိပ္ေတြသြားမခပ္တာအေကာင္းဆံုးပါပဲ..

ေအာ္သာေတြအေတာ္မ်ားမ်ား အနားယူကုန္ၾကတာျမင္ေတာ့ ကိုယ့္မွာ စိတ္မေကာင္းဘူး.. သူတို႔မွာ အခ်ိန္ေတြအမ်ားႀကီး ႏွစ္ပီးႀကိဳးစားထားရတာကို အျပစ္႐ွာတဲ့လူေတြေၾကာင့္ စိတ္ထိခိုက္ကုန္ၾကတာ T.T

အဲ့ဒါမ်ိဳးေတြ လံုးဝမလုပ္ၾကပါနဲ႔ေနာ္ ေတြ႔ရင္ ဒုတ္နဲ႔လိုက္႐ိုက္မယ္!


_________________










Unicode ver...




ဒုက္ခက တံခါးဝ ရောက်လာပြီ ...





လုယွီအား အခြေအနေတည်ငြိမ်သွားအောင် ကူညီပေးပြီးနောက် ပိုင်လီရှောင်ယွီနှင့် ယူရှောင်မိုတို့သည် ချိုင်ကျွင်းအား ရှာဖွေရန် အလောတကြီး ထွက်လာကြလေ၏ ။



ထိုအချိန်တွင် ချိုင်ကျွင်းသည် ၎င်းထံသို့ အန္တရာယ်အငွေ့အသက်များ ချည်းကပ်လာနေသည်အား သတိမထားမိသေးပါချေ၊ ထို့ပြင် သူသည် ယူရှောင်မို၏ အလားအလာမှာ ထန်းဇီရှင်းထက် များစွာမြင့်မားကြောင်း မျက်မြင်သက်သေ မြင်တွေ့ခဲ့ရပြီးချိန်ကတည်းက ယူရှောင်မို့အပေါ် လက်စားချေရန် အကြံအစည်အများအားလည်း လုံးဝ စွန့်လွှတ်ခဲ့ပြီးသား ဖြစ်လေ၏ ။

ထိုကဲ့သို့ အလားအလာကောင်းမျိုးနှင့် ကျောင်းသားသစ်များအပေါ် ဤကျောင်းတော်မှ သေချာပေါက် မျက်စိဒေါက်ထောက် စောင့်ကြည့်နေလိမ့်မည် ဖြစ်သောကြောင့် သူသည် ချိုင်အိမ်တော်၏ တတိယသခင်လေးတစ်ဦး ဖြစ်နေပါစေဦးတော့ တောက်ရှင်းအကယ်ဒမီ၏ စုန်းပြူးလေးအား မျက်နှာချင်းဆိုင် စိန်ခေါ်ဖို့ သတ္တိမရှိပါချေ ။




ထို့ကြောင့်လည်း ချိုင်ကျွင်းသည် သူ၏ ရည်ရွယ်ချက်များအား ဖျက်သိမ်းထားပြီး ယူရှောင်မိုနှင့် ထိပ်တိုက် မတွေ့စေရန် အတတ်နိုင်ဆုံး ရှောင်ကျဉ်နေထိုင်ဖို့လည်း စိတ်ကူးထားလေသည်။


သို့သော်လည်း သူ့ဘဝ၌ စိတ်မကူးခဲ့မိသည်မှာ သူ့ဘက်က ယူရှောင်မိုနှင့် ကင်းကင်းရှင်းရှင်း နေချင်လာသော အချိန်မှ ထိုလူသားကိုယ်တိုင် သူ၏ တံခါးဝသို့ ရောက်လာလိမ့်မည်ဟူ၍.. ၊ အပိုဆောင်းအနေဖြင့် အခြားသူများထက် ပို၍ပင် သွားမထိသင့်သော ပိုင်လီရှောင်ယွီဟု ခေါ်တွင်သော အပေါင်းအဖော်တစ်ယောက်ပါ အဆစ်ပါလာသေးတော့၏။




၎င်းတို့ အခန်းပြောင်းရွှေ့ပြီး မကြာမီပင် ချိုင်ကျွင်းသည်လည်း လေးယောက်ခန်းမှ ပြောင်းရွှေ့သွားသည်အား သတင်းရထားသောကြောင့် ၎င်းအား ရှာဖွေရန်မှာ ထင်သလောက် မခဲယဉ်းပါချေ။



ချိုင်ကျွင်းသည် ထင်ပေါ်ကျော်ကြားရခြင်းအား နှစ်သက်သူပီပီ သူလုပ်သမျှကိစ္စတိုင်းအား လူအမြင်ကပ်လောက်အောင် ကြွားဝါတတ်ရကား ၎င်းအခန်းပြောင်းသည့်ကိစ္စမှာ လူတိုင်းလိုလို သိရှိနေပြီးသား ကိစ္စတစ်ရပ်သာ ဖြစ်နေတော့၏၊ ထို့ကြောင့် ယူရှောင်မိုတို့သည် မေးခွန်းအနည်းငယ်မျှဖြင့်ပင် ၎င်း၏တည်နေရာအား အတိအကျ သိလာရလေ၏ ။

နေရာအတိအကျ သိပြီးသောအခါ ယူရှောင်မိုနှင့် ပိုင်လီရှောင်ယွီတို့သည် ချိုင်ကျွင်းနေထိုင်ရာ အခန်းတံခါးဝသို့ ၎င်းအား နုတ်နုတ်စဉ်းရန် ဆိုက်ရောက်လာကြလေ၏။

ထိုအချိန်တွင် ၎င်းခြံဝင်းအတွင်း၌ အတန်းချိန်ပြီးဆုံး၍ အခန်းပြန်လာကြသော ကျောင်းသားများဖြင့် အတော်လေး စည်ကားနေချိန် ဖြစ်ကာ ၎င်းတို့သည် လူအများကြားမှ အတော်လေး ဒေါသတကြီးဖြစ်လျက် ရန်လိုနေပုံရသော အမူအယာဖြင့် ပထမနွေဦးခြံဝင်းဆီသို့ အလင်းအလျင်မျိုးဖြင့် ချီတက်နေသော လူနှစ်ဦးအား ပဟေဠိဆန်စွာ တွေ့လိုက်ကြရ၏၊ တစ်ချက်ကြည့်ရုံမျှဖြင့်ပင် ပွဲကြီးပွဲကောင်း ဖြစ်လာတော့မည်အား သိလိုက်ကြသောသူများသည် ၎င်းတို့၏ စပ်စုချင်စိတ်အား မထိန်းနိုင်ကြပဲ နောက်မှ အသာလေး လိုက်လာကြလေ၏၊ ၎င်းတို့နှစ်ယောက် ရပ်တန့်သွားသည် အခန်းအား မြင်လိုက်ကြရသောအခါ ၎င်းတို့သည် ချိုင်အိမ်တော်၏ တတိယသခင်လေး ချိုင်ကျွင်းအား လာရှာကြခြင်းဖြစ်ကြောင်း သိလိုက်ရလေ၏။

ချိုင်ကျွင်းသည် နာမည်ဆိုးဖြင့် ကျော်စောသူ ဖြစ်ရကား ပထမနွေဦး ခြံဝင်းအတွင်း၌ ၎င်းအား မသိသူမရှိပေ၊ ထို့ကြောင့် ၎င်းအဆောင်သည် ချိုင်ကျွင်း၏ အဆောင်ဖြစ်ကြောင်း လူတိုင်း သိကြလေသည်၊ စိတ်ဝင်စားစရာ ဇာတ်ဝင်ခန်းအချို့ ကြည့်ရတော့မည်ဖြစ်သောကြောင့် လူအများ စုဝေးနေကြပြီး အချို့ဆိုလျှင် အခန်းအောင်းနေရာမှပင် ထွက်လာကြတော့၏။














" ချိုင်ကျွင်း! အမျိုးယုတ် မိမစစ်ဖမစစ်ကောင်, အခုချက်ချင်း ထွက်လာခဲ့စမ်း! "

ယူရှောင်မိုသည် အဆောင်တွင်းထိ ကြားအောင် ခပ်ပြင်းပြင်း အော်ထုတ်လိုက်လေသည်။



လုံးချင်းအဆောင် အများစု၏ တံခါးဝ၌ အကာအကွယ်စည်းတစ်ခု ချထားလေ့ရှိသော်ငြား ချိုင်ကျွင်းအဆောင်မှာ တမူထူးလေ၏၊ သူသည် လူအများကြား လွှမ်းမိုးနိုင်စွမ်းရှိသည်ဟု ကိုယ့်ကိုကိုယ် ခံစားရစေသောကြောင့် ဧည့်သည်အဝင်အထွက် များစွာအား လက်ခံလေသည်၊ ထို့အပြင် ဤကဲ့သို့ပြုလုပ်ခြင်းသည် လူအချို့ထက် အင်အားကြီးကြောင်း ဖော်ပြရာရောက်သည်ဟုလည်း ခံယူထား၏၊ ထို့ကြောင့် သူသည် အကြီးအကဲကောင်း ပေးသော ကျောက်စိမ်းပြားအား အဆောင်တံခါးဝ၌ ချိတ်ဆွဲထားလေ၏၊ ဤသို့ဖြင့် လူတိုင်းသည် ၎င်းအဆောင်အတွင်းသို့ အတားအဆီးမရှိ ဝင်ထွက်နိုင်ကြပေ၏ ။







ယူရှောင်မိုနှင့် ပိုင်လီရှောင်ယွီတို့သည် ထိုအချက်အား မေ့နေကြသောကြောင့် အဆောင်တွင်းသို့ ခြေချပြီးသည့်တိုင် မည်သည့်ထူးဆန်းမှုကိုမျှ မခံစားမိကြပေ ။

ချိုင်ကျွင်း၏ အမူအကျင့်နှင့်ဆိုလျှင် တစ်စုံတစ်ယောက်မှ ၎င်းအား ထိုလေသံမျိုးဖြင့် လာရောက်စိန်ခေါ်ပါက ဘာစကားမျှဆိုမနေပဲ အပြင်သို့ပြေးထွက်လာကာ လာရောက်ရင်ဆိုင်လိမ့်မည်မှာ ဧကန်မလွဲ .. ၊ ထို့နောက် ကြာကြာမစောင့်လိုက်ရပဲ လှေကားဆီမှ ဆင်းလာသော ခြေသံများအား ကြားရလိုက်ရလေသည်၊ မှော်မှန်းထားသလိုပင် ချိုင်ကျွင်း၏ ဒေါသများပြည့်နှက်နေသော မျက်နှာသည် ၎င်းတို့၏ရှေ့၌ ပေါ်ထွက်လာလေ၏ ။


သို့သော် ၎င်းသည် ယူရှောင်မိုအား မြင်သောအခါ ကိုယ်ရှိန်သတ်သွားပြီး အံ့သြမှုများက အစားထိုးဝင်ရောက်လာလေ၏၊ ယူရှောင်မိုက သူ့အား လာရှာစရာ အဘယ်ကိစ္စများ ရှိပါအံ့နည်း။


၎င်းသည် ယူရှောင်မိုအား ရန်သွားမစရန် ဆုံးဖြတ်ထားသော်ငြား ယခုကဲ့သို့ အကြည့်ပေါင်းများစွာ အောက်တွင်တော့ သူ၏ဂုဏ်သိက္ခာအား ငဲ့ကွက်သောအားဖြင့် ဘယ်နည်းနှင့်မျှ အောက်ကျမခံနိုင်ပေ၊ ထို့ကြောင့်လည်း အေးစက်သော မျက်နှာထားအား ဆက်လက်ထိန်းသိမ်းကာ ..

" ယူရှောင်မို, ဘာကိစ္စ ငါ့အဆောင်မှာ လာသောင်းကျန်းနေရတာလဲ? "

ထိုအခါ ယူရှောင်မိုသည် နဂိုထက် ဆယ်ဆကျယ်သောလေသံဖြင့်

" မင်းရဲ့ စိတ်ပျက်စရာ ဖင်ကို ဆောင့်ကန်မလို့ လာတာကွ . . . !! "

ထိုစကားကြောင့် ချိုင်ကျွင်း၏ မျက်နှာပေါ်ရှိ ကြွက်သားတိုင်း တွန့်လိမ်ကောက်ကွေးကုန်ကြ၏၊ ဒီကောင် ဦးနှောက်လွတ်နေတာတော့ မဟုတ်ပါဘူးနော်?

ထို့နောက် ချိုင်ကျွင်းသည် လူအများရှေ့၌ အစော်ကားမခံလိုသောကြောင့် အလွန်အမင်း စိတ်ဆိုးဒေါသထွက်ဟန်ဖြင့်

" ယူရှောင်မို, မင်း ဘာစောက်စကားပြောလိုက်တာလဲ ဆိုတာရော သိရဲ့လားကွ?

ချိုင်အိမ်တော်ရဲ့ တစ်ဦးတည်းသော တတိယသခင်လေး ချိုင်ကျွင်းကိုလေ..?

မင်းကိုမင်း ဘာကောင်များ ထင်နေလဲကွ!!.. ငါ့ကို ယှဉ်နိုင်မယ်များ ထင်နေတာလား?

အေး.. ငါသတိပေးလိုက်မယ်နော် မင်း အခုချိန် ထွက်မသွားဘူးဆိုရင် ငါကတော့မင်းကို လွယ်လွယ်နဲ့ ပြန်လွှတ်ပေးလိုက်လိမ့်မယ် မထင်နဲ့ "

" ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ အခုထိ မဆုံးဖြတ်ရသေးပါဘူး "

ပိုင်လီရှောင်ယွီက အရှေ့ထွက်ကာ ချိုင်ကျွင်းအား တည့်တည့်ကြည့်၍ ပြောဆိုလိုက်လေ၏။


" ပိုင်လီရှောင်ယွီ မင်းဘာတွေ လာရူးနေတာလဲ? "

ချိုင်ကျွင်းတစ်ယောက် ပိုင်လီရှောင်ယွီ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ပို၍ပင် သွေးရူးသွေးတန်း ဖြစ်သွားလေတော့၏။

" မင်းတို့နှစ်ယောက်က ငါ့ပိုင်နက်ထဲလဲ လာသေးတယ်.. အကြောင်းရင်းမရှိပဲလဲ စောက်ပြဿနာ လာရှာကြသေးတယ်! မင်းတို့နှစ်ကောင်က ငါ့ကို မင်းတို့အရှက်ခွဲချင်တိုင်း လာခွဲလို့ရတဲ့ မြက်စားသတ္တဝါများ ထင်နေကြလား ဟမ်? "

" အကြောင်းအရင်းမရှိပဲ လာတယ်လို့ မင်းကို ဘယ်သူပြောလဲ? "

ယူရှောင်မိုသည် ချိုင်ကျွင်း၏ နှာခေါင်းတည့်တည့်သို့ လက်ညှိုးထိုးကာ ပြောလိုက်လေ၏။

" မင်းက မင်းရဲ့လူတွေကို ငါ့လူကို ရိုက်နှက်ညှင်းပမ်းဖို့ အမိန့်ပေးခဲ့တယ်လေ.. ဘယ်လိုလဲ .. သွေးကြွေးကို သွေးနဲ့ပဲ ဆပ်သင့်တယ်လို့ မထင်ဘူးလား? "

"ဘာ စောက်အဓိပ္ပါယ်မရှိတာတွေ လာပြောနေတာလဲ? ငါ ဘယ်တုန်းကများ .. ငါ . . ငါ . . "

ချိုင်ကျွင်းသည် အစက ငြင်းဆန်ရန် ဆုံးဖြတ်ထားသော်ငြား တစ်စုံတစ်ရာအား သတိရသွားလေ၏၊ ဤကျောင်းတော်သို့ မဝင်ရသေးမှီက သူ၏လက်အား ချိုးပစ်ခဲ့သူမှာ ဤကျောင်းတော်သို့ ဝင်ခွင့်ရကြောင်း မြင်လိုက်ရသောအခါ သူ၏လူများအား ထိုလူအား စောင့်ကြည့်ထား၍ အခြေအနေပေးလျှင် သင်ခန်းစာပေးရန် မှာကြားထားခဲ့ဖူးလေ၏။


ချိုင်ကျွင်းဆီမှ စကားသံများ ဆက်ထွက်မလာတော့သောအခါ ၎င်းအတိတ်အား မှတ်မိသွားကြောင်း ခန့်မှန်းမိလေ၏၊ ထို့ကြောင့် ယူရှောင်မိုသည် လူမိုက်သံဖြင့်...

" ချိုင်ကျွင်း မင်းက ငါ့လူကိုရိုက်ဖို့အတွက် မင်းလူတွေကို အမိန့်ပေးခဲ့တာဆိုတော့ . . . မင်းအပြစ်အတွက် ပေးဆပ်ဖို့သာ ပြင်ထားပေတော့! "

လုယွီသည် ယူရှောင်မို၏ အစောင့်ရှောက်ခံ မဟုတ်သော်လည်း ယူရှောင်မိုမှာ ကာကွယ်ပေးတတ်သော မိဘကဲ့သို့ပုံစံမျိုး ဖြစ်နေလေ၏၊ လုယွီနှင့် ၎င်းတို့ ခဏတာ ပတ်သက်ခဲ့ဖူးသော အချိန်များတွင် လုယွီ၏ လုပ်ဆောင်ချက်များသည် ချီးကျူးဖို့ရာ ထိုက်တန်ပေသည်၊ ယူရှောင်မိုသည် လုယွီအား အပြည့်အဝ အသိမှတ် မပြုသော်လည်း ၎င်းအား လူတကာ အနိုင်ကျင့်ခံဖြစ်အောင် လွတ်ထားရလောက်သည် အထိတော့ မဟုတ်သေးပေ ။

ဤပြဿနာထဲတွင် လုယွီပါဝင်လာရသည်မှာ သူနှင့် လင်းရှောင်ကြောင့် ဖြစ်သည်ကိုတော့ ထည့်ပြောစရာပင် လိုမနေတော့ချေ ။




ချိုင်ကျွင်း၏ မျက်လုံးများသည် ဒေါသကြောင့် ပြူးကျယ်နေလေ၏၊

ဒင်းတို့က ငါ့ကို ဒင်းတို့ အနိုင်ကျင့်ချင်တဲ့အချိန်တိုင်း လွယ်လွယ်လေး လာအနိုင်ကျင့်လို့ရတယ်များ မှတ်နေကြလား? ငါ ယူရှောင်မိုကို ရန်မစတော့ဘူးဆိုတာ သူ့ကိုကြောက်နေလို့မှမဟုတ်တာ!!

လူအများရှေ့၌ အပြောဆိုခံလိုက်ရသောကြောင့် ချိုင်ကျွင်း၏ ဒေါသများ တဖြည်းဖြည်း လောင်မြိုက်လာနေလေသည်။



" အဲ့ကိစ္စက ငါလုပ်တာပါလို့ သက်သေပြနိုင်လို့လား? မင်းတို့ ဒီလိုရော တွေးဖူးရဲ့လား.. မင်းတို့လူက သူများတကာကို အရင်ရန်သွားစပြီး အခု လက်စားပြန်ချေတာ ခံနေရတယ်လို့လေ.. ဟမ်?

မင်းတို့ ငါ့အပေါ် မကောင်းတာတွေ လာပုံချပီး ငါ့နာမည်ကို ဖျက်ချင်နေတာဆိုရင်တော့ လစ်လိုက်တော့.. ငါဆိုတဲ့ကောင်က မင်းတို့ လွယ်လွယ်လာရှုပ်လို့ရတဲ့ အစားထဲက မဟုတ်ဘူး "

ထိုစကားအား ပြောပြီးသောအခါ ယူရှောင်မိုနှင့် ပိုင်လီတို့သည် အရူးတစ်ကောင်အား ကြည့်နေရသကဲ့သို့ ၎င်းအား စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရလေ၏ ။









" အဲ့လိုမျိုး စောက်ပိန်းစကားကို ပြောထွက်ရလောက်အောင်အထိ အသိဉာဏ်မဲ့တဲ့ ချီးဦးနှောက်ပါလား!

မင်းခိုင်းလိုက်တဲ့လူတွေက မင်းလုပ်ခိုင်းတာဆိုတာကို အားလုံးဝန်ခံပြီးသွားပြီကွ! မဟုတ်ရင် ငါတို့က ဒီကို ဘာကိစ္စနဲ့ လာရမှာလဲ?

ဘာလဲ! ဒီတောက်ရှင်းအကယ်ဒမီထဲမှာ နောက်ထပ် ချိုင်အိမ်တော်ရဲ့ တတိယသခင်လေးတစ်ယောက် ထပ်ရှိနေတာတော့ မဟုတ်ပါဘူးနော်!

အဓိပ္ပါယ်မရှိတဲ့စကားတွေ လျှောက်ပြောနေတာ မင်း မရှက်ဘူးလားကွ? "



ပိုင်လီရှောင်ယွီလည်း ဝင်ရောက်ထောက်ခံလေ၏။

" စောက်ပိန်းကောင်! "


ချိုင်ကျွင်း၏ မျက်နှာသည် အနီရောင်သို့ ပြောင်းလဲနေကာ ၎င်း၏လက်ညှိုးသည်လည်း ဦးတည်ရာမရှိ လျှောက်ထိုးလျက်

" မင်း . . မင်း . . "

" မင်း. . မင်း . . မင်း . . မင်းဖင်လေ "

ယူရှောင်မိုသည် ဆက်တိုက် အာဏာပြ နှိပ်ကွပ်နေလေ၏။

" အခု ငါသာ မင်းကို ငရဲထိရောက်အောင် မရိုက်မိဘူးဆိုရင် ငါ့မျိုးရိုးနာမည်က ယူ မဟုတ်သင့်တော့ဘူး "



" လုံးဝကို မှန်တယ်! "

ပိုင်လီရှောင်ယွီသည် အပြတ်အသတ်ကို ခေါင်းငြိမ့်ထောက်ခံလေ၏၊ သူသည် ချိုင်ကျွင်းကြောင့် စိတ်မသက်မသာဖြစ်ခဲ့ရသည်မှာ ကြာလှပြီဖြစ်ပြီး ယခုမူ ၎င်းသည် ဘော့စ်၏လူကိုပင် ရိုက်ရဲသေး၏၊ ဒီကောင့်အား သင်ခန်းစာကောင်းကောင်း ပေးဖို့ အချိန်ကျရောက်လာပြီပင် ဖြစ်သည်။

(ရှောင်ယွီက တကယ်ကြီး ဘော့စ်လို့ ခေါ်ပလိုက်တာနော် ဟားဟား... )













" နေကြဦး!!! "



၎င်းတို့နှစ်ယောက် ချိုင်ကျွင်းထံသို့ ပစ်ဝင်ကာ အပြတ်လုံးတော့မည့် အချိန်မှာမှ တံခါးဝဆီမှ ၎င်းတို့အား တားဆီးရန် အော်သံတစ်ခု ထွက်လာလေ၏၊ ယူရှောင်မိုနှင့် ပိုင်လီရှောင်ယွီတို့သည် ထိုအသံကြောင့် ၎င်းတို့၏ စိတ်အား ပြန်လည်လျှော့ချလိုက်ကာ ဝင်ပေါက်ဆီသို့ လှည့်သွားကြ၏၊ ၎င်းတို့သည် အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက် ဝင်လာသည်အား တွေ့လိုက်ရပြီး ထိုလူ၏ မျက်နှာအမူအရာသည် အလွန်ပင် သမားရိုးကျဖြစ်ကာ လူအုပ်အတွင်းမှ ကွဲထွက်နေလေ၏၊ ထိုလူရောက်လာသည်နှင့် တစ်ပြိုင်နက် လူအုပ်အတွင်းမှ ကြောက်ရွံ့ဟန် အကြည့်များနှင့် တီးတိုးသံများအား စတင်ကြားရလေသည် ။


" အကိုကြီး 'ကျုံး' "

(တစ်မျိုးဖတ်နေကြမှာစိုးလို့ '..' နဲ့ လုပ်ပေးထားတယ် )

ချိုင်ကျွင်းသည် ထိုလူအားမြင်သော် အလွန်အမငး် အံ့သြပျော်ရွှင်သွားဟန်ဖြင့် ထအော်လေတော့၏ ။

ထိုလေသံသည် ယူရှောင်မိုနှင့် ပိုင်လီတို့အား ၎င်းတို့နှစ်ယောက်၏ ဆံဆက်ရေးသည် ပေါ့သေးသေးမဟုတ်ကြောင်း သတိထားမိသွားစေ၏။

ယူရှောင်မိုသည် မျက်မှောင်ကြုပ်၍ ..

" မင်းက ဘယ်သူလဲ? "

ထိုအခါ ကျုံးကျင်းရှန်သည် တခစ်ခစ်ရယ်လျှက် ..

" ကျွန်တော်က ဒီပထမနွေဦး ခြံဝင်းရဲ့ ကြီးကြပ်သူ ကျုံးကျင်းရှန်ပါ..

ခင်ဗျားတို့နှစ်ယောက် ကျွန်တော့်ကို မျက်နှာသာပေးသောအားဖြင့် ဒီနေရာမှာ တစ်ခုခု မလုပ်ကြပါနဲ့လား.. မဟုတ်ရင် ကျွန်တော် အခက်တွေ့လိမ့်မယ်ဗျ "


ခြံဝင်းတစ်ခုစီတိုင်း၌ ကြီးကြပ်သူနှစ်ဦးစီ ရှိတတ်သောကြောင့် ထိုလူ၏ ဆိုလိုရင်းအား ယူရှောင်မို သဘောပေါက်လေသည်၊ များသောအားဖြင့် ယူရှောင်မိုသည် စကားနားထောင်တတ်သော်ငြား ယခုမူ ချိုင်ကျွင်း၏ပါးစပ်မှ ထိုလူ့နာမည်ထွက်လာသောကြောင့် ၎င်းတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ သာမာန်မဟုတ်ကြောင်း ထင်ရှားလေသည်၊ သို့သော် ယခုမူ ထင်တိုင်းကြဲဖို့ရာမှာ ထိုမျှလောက် မလွယ်ကူတော့.. ၊ အကြောင်းမှာ ထိုလူသည် ဖြစ်သမျှအပြစ်များအား ၎င်းတို့နှစ်ယောက်အပေါ် ပုံချရန် ကြံစည်နေသည်ဟု အကြောင်းအရင်းမရှိ ခံစားနေရသောကြောင့် ဖြစ်လေ၏ ။


" အဲ့ဒါဆိုရင်တော့ ခင်ဗျားကသာ ကျွန်တော်တို့ကို မျက်နှာသာ ပေးသင့်တာဗျ..

ချိုင်ကျွင်းက ကျွန်တော့လူကို ရိုက်ထားတယ်လေ.. အဲ့ဒါတောင်မှ ကျွန်တော်တို့က သူ့ကို ဒီတိုင်း လွှတ်ပေးထားရမယ်လို့ ခင်ဗျားထင်တာလား?

ပြောကြည့်ပါဦးဗျ .. ခင်ဗျားအမေကို သူရိုက်ထားရင်ကော ခင်ဗျား သူ့ကို လွှတ်ပေးထားဦးမှာလား? "

ယူရှောင်မိုမှ ယဉ်ကျေးစွာ ပြောလေ၏။

" ဟုတ်တယ်ဗျ! "

ရှောင်ယွီမှ ချက်ချင်းထောက်ခံလေသည်၊ ထို့နောက် ယူရှောင်မိုဘက်သို့ လှည့်ကာ ..

" ရှောင်မို, လုယွီက မင်းအမေလား? "


(A/N အလိုက်တာ ရှောင်ယွီရာ နာမည်အတိုင်းပဲ..

ရှောင်ယွီဆိုတာ ငါးကလေးပါတဲ့ ငါးကလေးဆိုတော့ ဉာဏ်ရည်က.. သိတယ်ဟုတ် >.<)


ထိုအခါ ယူရှောင်မိုသည် အံကိုကြိတ်ကာဖြင့်..

" မဟုတ်ဘူးလေကွာ ငါကဥပမာသက်သက် ပေးလိုက်တာ.. အဲ့ဒါမှ သူနည်းနည်း ကိုယ်ချင်းစာပေးပီး ငါတို့အတွက် စဉ်းစားပေးလို့ရမယ်မလား "

" အိုး "

ရှောင်ယွီသည် နားလည်သည်ဟု ထင်ရသော်လည်း နားမလည်ပေ၊ သို့သော် ခေါင်းတော့ ငြိမ့်ပြလိုက်ပါ၏။


သို့သော် မျက်တောင်တစ်ခတ်မျှ အချိန်အတွင်း၌ ကျုံးကျင်းရှန်၏ အမူအယာ ပြောင်းလဲသွားသည်အား မည်သူမျှ သတိမပြုမိလိုက်ကြပေ၊ ထို့နောက် သူသည် မျှတစွာ အလေးအနက် တွေးပေးဟန် ဆောင်၍..

" မင်းတို့က ဒီကိစ္စကို ကျိန်းသေပေါက် လုပ်ရမှဆိုရင် ဖြေရှင်းဖို့ နည်းလမ်းတစ်ခုတော့ ရှိတယ်.. "


" တောက်ရှင်းမှာ တိုက်ခိုက်တာနဲ့ ပတ်သက်ပြီးတော့ တော်တော် ကွဲပြားပြီး တင်းကြပ်တဲ့ စည်းမျဉ်းတွေရှိတယ်.. ပြိုင်ပွဲစဉ်ပေါ်မှာမှ မဟုတ်ဘူးဆိုရင် ဘယ်နေရာမှမဆို တိုက်ခိုက်ခြင်းကို လုံးဝပိတ်ပင်ထားတယ်.. အနည်းဆုံးပြစ်ဒဏ်ဆို သတိပေးခံရပြီး အများဆုံးဆို ကျောင်းတောင် အထုတ်ခံရနိုင်တယ်.. အဲ့ဒါကြောင့် ချိုင်ကျွင်းနဲ့ ပြသနာရှင်းချင်တယ်ဆိုရင် ငါအကြံပြုချင်တာက ပြိုင်ပွဲစင်ပေါ်ရောက်မှ ချကြ၊ နိုင်တာရှုံးတာ ရလာဒ်ကို အသာထားဦး ရန်ငြိုးတွေ အကုန် တစ်ခါတည်းရှင်းပြီးသား ဖြစ်သွားတာပေါ့ "


ယူရှောင်မို ခေတ္တမျှ ချင့်ချိန်နေလေသည်။

ပြိုင်ပွဲစင်ပေါ်မှာပဲ နည်းလမ်းကရှိတယ်၊ ပီးတော့ ချိုင်ကျွင်းကိုသာ လက်စားချေရမယ်ဆိုရင် ဘယ်နေရာဖြစ်ဖြစ် အရေးမကြီးဘူး ။

" ကောင်းပြီလေ.. ချက်ချင်းလုပ်လိုက်တာက နေ့တွေရက်တွေရွေးနေရတာထက် ပိုကောင်းတယ်မလား?!.. အခုပဲသွားကြတာပေါ့! "





ထိုစကားအား ကြားသော် ကျုံးကျင်းရှန်သည် ကောက်ကျစ်သော ရယ်သံတစ်ခုအား မပီဝိုးတဝါးပြုလိုက်၏၊ အခုချက်ချင်းဆိုလို့ ကြောက်မယ်ထင်နေတာလား? ပိုင်လီရှောင်ယွီကြောင့်သာ မဟုတ်ရင် ဒီဟာလေးတွေကို အခုလို ရိုရိုသေသေ ဆက်ဆံနေစရာတောင် မလိုဘူး!

ထို့နောက် ချိုင်ကျွင်းဘက်သို့လှည့်ကာ..

" ချိုင်ကျွင်း, ယူရှောင်မိုရဲ့ စိန်ခေါ်မှုကို လက်ခံမယ်မလား? "


ချိုင်ကျွင်းသည် ကျုံးကျင်းရှန်၏ မျက်လုံးများထဲမှ ပုန်းကွယ်နေသော အစကားဝှက်အား လက်ခံရရှိလိုက်သဖြင့် မှောင်ခိုပြုံးကြီးတစ်ခုအား ပြုံးကာ ယူရှောင်မိုအား မှောင်မည်းစွာ ကြည့်လိုက်ရင်း..

" ဒါပေါ့ ငါ လက်ခံတာပေါ့! အခု လက်မခံလိုက်ဘူးဆိုရင်.. ငါ.. နောင်မှ နောင်တရနေမိလိမ့်မယ် ထင်တယ် "

၎င်းတို့ ပြိုင်ပွဲစင်ပေါ်၌ ရင်ဆိုင်ကြမည်ဆိုလျှင် ဆန့်ကျင်ဖက်အနေဖြင့် ယူရှောင်မိုအား ပေါ်တင်ရိုက်နှက်ရန် အခွင့်အရေးရပေတော့မည် ဖြစ်သည်၊ ဘုရားသခင်တောင်မှ သူ့ဘက်တွင် ရှိနေသောအခါ သူ့အနေဖြင့် ထိုအခွင့်အရေးအား လက်မခံနိုင်စရာအကြောင်း အဘယ်မှာ ရှိပါလိမ်မည်နည်း ။















# 9.8.2020

စာလုံးပေါင်းလေးတွေ ကူစစ်ပေးကြပါနော် ^.^

ယောက်ျားလေးတွေ ရန်ဖြစ်ရင် ဘယ်လိုစကားလုံးတွေ သုံးကြလဲဆိုတာ သိပ်မရင်းနှီးတော့ dialogueတွေ ပေါကားဆန်နေရင် မီအာနဲ :(

ပီးတော့ ကိုယ့်ဒါဒါလေးတွေ ဟိုwarတွေထဲ ဝင်မပါကြဘူးမလား!?
မပါကြနဲ့နော် ဘယ်လိုအော်သာပဲဖြစ်ဖြစ် ဘယ်လိုဝတၳုမျိုးပဲဖြစ်ဖြစ် သူတို့ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုကြရမယ်မလား? မချီးကျူးရင်တောင် အဆိပ်တွေသွားမခပ်တာအကောင်းဆုံးပါပဲ..

အော်သာတွေအတော်များများ အနားယူကုန်ကြတာမြင်တော့ ကိုယ့်မှာ စိတ်မကောင်းဘူး.. သူတို့မှာ အချိန်တွေအများကြီး နှစ်ပီးကြိုးစားထားရတာကို အပြစ်ရှာတဲ့လူတွေကြောင့် စိတ်ထိခိုက်ကုန်ကြတာ T.T

အဲ့ဒါမျိုးတွေ လုံးဝမလုပ်ကြပါနဲ့နော် တွေ့ရင် ဒုတ်နဲ့လိုက်ရိုက်မယ်!


_________________

Continue Reading

You'll Also Like

1.6M 201K 162
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
267K 21.7K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
7.9K 1.4K 43
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
704K 30.5K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန္မင္းတေခတ္ × ခြန္းေနွာင္ႀကိဳး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...