Play Boy(Completed)
By pkchan1998
214K 15.4K 402
❣️❣️(6.8.2020) More
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20 (final)
Extra( warning pisi😋)
Part 8
7.5K 666 5
By pkchan1998
💝Play Boy💝
"ဘာဆက်လုပ်မှာလဲ အံ့
"ဘယ်ဗေဒင်ဆရာကဟောတာလဲ"
"လွယ်လွယ်လေး ဒီလို…...."
"ဟျောင့်"
"လန့်ပြမနေနဲ့ အဲ့ဒါမျိုးတွေ မင်းအကိုစီမှာပေါတယ်"
"ချီး……ဖျင်ကြိမ်းတာကွာ
"ပြော အဆင်ပြေမှာလား"
အခြေအနေသွားမေးရင်း"
အံ့ အပေါ်ဝတ်အကျီ င်္ကိုပုခုံးပေါ်ကောက်တင်ပြီး ကားသော့လှမ်းယူလိုက်သည်။
"နေအုံး အံ့"
"ဘာလဲ"
"ဆိုပါအုံး"
"မင်းဖြတ်လိုက်တဲ့ first yearကကောင်မလေးလေ"
"ဘယ်သူလဲ"
"နေနွယ်လွမ်း"
"အင်း ဘာဖြစ်လဲ"
"သူကဘယ်သူလဲမင်းသိလား"
"မသိဘူးလေ သူ့ဘာသူဘယ်သူဖြစ်ဖြစ် အခုငါနဲ့ပျက်သွားပြီလေ ငါ့ကိစ္စမဟုတ်တော့ဘူး"
"သူက အခုသူ့ပိုင်လျှမ်းနဲ့လက်ထပ်မဲ့ ဘဲကြီးရဲ့ညီမ
MHK ကုမ္မဏီရဲ့သမီး"
"ဘာ……"
"ငါနဲ့"
"အေးလေ မင်းကသူ့ကိုဖြတ်လိုက်တော့……"
"ငါဖြတ်လိုက်လို့ သူ့ကိုယ်သူတစ်ခုခုလုပ်တယ်
"အင်း"
"ရူးမနေနဲ့ ငါနဲ့ပြတ်သွားတိုင်း အဲ့လိုလုပ်မယ်ဆို
❣️
ဖေဖေရော……"
"မစားရသေးဘူးမေမေ
"သားသိတယ်လေ"
"ကိုကိုကလား"
"ဟုတ်တယ်သား"
"ဘယ်လိုသား"
"တမျိုးမတွေးပါနဲ့မေမေရဲ့
"မလုပ်ချင်ဘူးမေမေ
"အင်းပေါ့သားရဲ့
"ယုံပေးမယ် သားစကားကို"
"တကယ်ပါဆို မေမေကလဲ"
ကိုကို့မျှော်လင့်ချက်တွေကို ကျနော်ရိုက်ချိုးမိမှာကိုတော့
ကိုကိုမသိဘူးမို့လား။
"ဟား……ဟား……"
အောက်ဆင်းလာခဲ့သည်။
"တောက်"
"ဘာလာလုပ်တာလဲ"
ဘာလို့လဲ"
မင်းထက်ကျော်က အံ့ကိုယောကျာ်းချင်းနားလည်သောအကြည့်မျိုးနဲ့ကြည့်ကာ အိမ်ထဲဝင်သွားသည်။
"နှင်တာလား"
"မေတ္တာရပ်ခံတာ"
"ပြွတ်စ်"  လူမှုရေးခေါင်းပါးလွန်းသူကို အံ့ငုံ့နမ်းပစ်လိုက်သည်။
သွားပြီ ကိုကို"
"သူ့ပိုင်လျှမ်း"
"ဟင် ဗျာ"
❣️
"Ring……ring……"
အံ့ကိုင်လိုက်သည်။
"ပြော ကိုကို"
"…………"
"လာခဲ့မယ် ဒါပဲလား"
"………"
"လိုက်တယ်!
ဒါပဲနော်"
"ပျော်လို့"
"ဘာလို့ပျော်တာ"
"ဟင်"
တဖက်တွင်~
"ဟူး……အံ့ရာ တကယ်ပါပဲကွာ"
"Ok"
"ဟင် 😳😳"
❣️❣️❣️❣️❣️❣️❣️❣️
T.B.C
#HoneyChan
💝Play Boy💝
အံ့ မွေးနေ့ပြီးနောက်ပိုင်း အရင်ကထက်အပြင်မှာအနေများလာသည်။
စာမေးပွဲပြီးကတည်းက အိမ်သိပ်မပြန်ဖြစ်။
သူငယ်ချင်းတွေအိမ်လိုက်နေသည်။
ညဆို clubသွားမူးရူးနေတက်သည်။
မိဘတွေက ခေါ်လဲအံ့အရေးမလုပ်။
အိမ်ပြန်ရင် ကိုကို့ကိုသွားပြီ ပြသနာရှာမိမှာလဲစိုးသည်။
ကိုယ့်စိတ်ကို အံ့သိနေတာမို့ အတက်နိုင်ဆုံးထိန်းချူပ်နေရသည်
ဇွဲညီကတော့ အိမ်ပြန်ဖို့ခဏခဏတိုက်တွန်းသည်။
မနေနိုင်ရင်လဲ ကိုကို့ကိုဖွင့်ပြောလိုက်တဲ့လေ။
အံ့မှပြောမထွက်တာ။ချစ်သူအဖြစ်လက်ခံပေးဖို့ပြောနိုင်ပေမဲ့ ချစ်တယ်ဆိုတာကို အံ့မပြောချင်။
"အံ့ ဒီမှာသတင်းကိုကြည့်လိုက်အုံး"
ဇွဲညီကသူ့ဖုန်းကို အံ့စီပစ်ပေးသည်။
အံ့စိတ်ပျက်စွာပဲ ကြည့်လိုက်ရသည်။
"အဟက် တကယ်လက်ထပ်မယ်ပေါ့လေ"
"ဘာဆက်လုပ်မှာလဲ အံ့
ဒီတိုင်းဆို မင်းကိုကိုက အဲ့ဘဲနဲ့သေချာပေါက်ညားတော့မှာ"
"ဘယ်ဗေဒင်ဆရာကဟောတာလဲ"
"ငနာလာမဲ့ 30ရက်လက်ထပ်မယ်ဆိုတာကြီးမြင်နေတာတောင် ဗေဒင်ဆရာကလိုသေးလို့လား"
"အဲ့လက်ထပ်ပွဲကသတို့သားပြောင်းရင်ပြောင်းသွားနိုင်တာပဲလေကွာ"
"မင်းဘာလုပ်ဖို့စိတ်ကူးနေတာလဲ"
"အထွေအထူးမဟုတ်ပါဘူးကွာ
လက်ထပ်ပွဲမတိုင်ခင် ကိုကို့ကိုအပိုင်သိမ်းယုံပဲ"
"ရူးနေလား ချစ်တယ်မပြောဘဲ အပိုင်ကြံလို့ ဟိုကထိုးလွှတ်မှာပေါ့ လဒကောင်ရဲ့"
"ငါအပိုင်သိမ်းမယ်ပြောတာမဟုတ်ဘူး
သူကိုယ်တိုင်လိုလိုလားလား ငါ့ကိုပေးအောင်လုပ်မှာ"
"ဟျောင့် မင်းဥပဒေဘောင်အတွင်းကပဲလုပ်နော်"
"ငါ့များ လူမိုက်ထင်နေတာလား"
"မင်းစိတ်ကပြောရတာမဟုတ်ဘူးလေ
တော်ကြာ သူ့ပိုင်လျှမ်းက မင်းကိုမုန်းသွားမှဖြင့်"
"သူကိုငါပိုင်ဆိုင်ရပြီးမှ မုန်းလဲမုန်းပေါ့
ဂရုမစိုက်ဘူး အခုတော့ ငါမင်းကိုအကူအညီတောင်းရအုံးမယ်"
"ငါမျက်ခုံးလှုပ်နေတာ မင်းကြောင့်"
"ဟ……ဟ……ကိုယ့်သူငယ်ချင်းကိုကူညီကောင်းပါတယ်ကွာ မင်းအလှည့်ရောက်ရင်လဲ ငါကူညီမှာပါ"
"အေးပါကွာ ပြောငါကဘာကူညီရမှာလဲ"
"လွယ်လွယ်လေး ဒီလို…...."
"ဟျောင့်"
"လန့်ပြမနေနဲ့ အဲ့ဒါမျိူးတွေ မင်းအကိုစီမှာပေါတယ်"
"ဒါပေမဲ့ကွာ မလုပ်သင့်ဘူးနော်"
"သူ့ကိုမလုပ်သင့်ရင် ငါကမင်းလုပ်ရမှာလားပြော"
"ချီး……ဖျင်ကြိမ်းတာကွာ
ကိုယ့်သူငယ်ချင်းကိုပြန်ပစ်မှားနေတဲ့အကောင်"
"ပြော အဆင်ပြေမှာလား"
"အေးကွာ ငါပြောထားလိုက်မယ်"
"ပြီးရော ဒါဆိုငါအိမ်လစ်လိုက်အုံးမယ်
အခြေအနေသွားမေးရင်း"
"သူ့ပိုင်လျှမ်းကိုသွားမေးမလို့လား"
"သူ့သွားမေးရင် ငါကွိသွားမှာပေါ့ဟ"
အံ့ အပေါ်ဝတ်အကျီ ၤကိုပုခုံးပေါ်ကောက်တင်ပြီး ကားသော့လှမ်းယူလိုက်သည်။
"နေအုံး အံ့"
"ဘာလဲ"
"ငါမင်းကို ပြောမယ်ဆိုပြီးမပြောဖြစ်တာရှိတယ်"
"ဆိုပါအုံး"
အံ့ အပေါက်ဝကနေရပ်ရင်းပြန်မေးလိုက်သည်။
"မင်းဖ်တ်လိုက်တဲ့ first yearကကောင်မလေးလေ"
"ဘယ်သူလဲ"
"နေနွယ်လွမ်း"
"အင်း ဘာဖြစ်လဲ"
"သူကဘယ်သူလဲမင်းသိလား"
"မသိဘူးလေ သူ့ဘာသူဘယ်သူဖြစ်ဖြစ် အခုငါနဲ့ပ်တ်သွားပြီလေ ငါ့ကိစ္စမဟုတ်တော့ဘူး"
"သူက အခုသူ့ပိုင်လျှမ်နဲ့လက်ထပ်မဲ့ ဘဲကြီးရဲ့ညီမ
MHK ကုမ္မဏီရဲ့သမီး"
"ဟုတ်လား ဒါဆိုသူလဲငါ့ရန်သူပဲပေါ့"
"ဘာဖြစ်လို့ အဲ့လိုပြောတာလဲအံ့"
"မင်းလဲသိနေတာပဲ သူတို့ဘက်က ငါ့အဖေကုမ္မဏီကို အမြဲအလဲထိုးဖို့ ကြံနေတာလေ
ကိုယ်ထက်သာမနာလိုပေါ့ကွာ"
"အဲ့ဒါထက်အခုအဲ့ကောင်မလေး
ဒုက္ခိတဖြစ်သွားတယ်ဆိုလား"
"ဘာ……"
"တလောကမှ အဲ့လိုကြားတာပဲ
ငါ့အထင်မင်းနဲ့များပတ်သက်မလားလို့"
"ငါနဲ့"
"အေးလေ မင်းကသူ့ကိုဖ်တ်လိုက်တော့……"
"ငါဖ်တ်လိုက်လို့ သူ့ကိုယ်သူတစ်ခုခုလုပ်တယ်
အဲ့လိုပြောချင်တာလား ဇွဲညီ"
"အင်း"
"ရူးမနေနဲ့ ငါနဲ့ပ်တ်သွားတိုင်း အဲ့လိုလုပ်မယ်ဆို
ဘယ်မိန်းကလေးမှ အကောင်းပကတိရှိနေမှာမဟုတ်ဘူး"
"ဒါပေမဲ့ သူကမင်းကိုတော်တော်လေးပစ်ကြွေထားတာလေ"
"မတက်နိုင်ဘူးဒါတော့ ငါကဘယ်လိုကောင်လဲသိသိကြီးနဲ့ သူတို့ဘက်ကပြန်ကြိုက်ကြတာလေ
ငါကတော့ ငါ့စတိုင်အတိုင်း အပျော်တွဲမယ် သူတို့ကိုလက်ဖျားနဲ့လဲမထိဘူး စိတ်နဲ့လဲမပစ်မှားဘူး အချိန်တန်လမ်းခွဲဒါပဲ သူတို့ဘက်ကသာ ငါ့ကိုတို့ထိနေကြတာလေ ငါကတော့ ငါမလွန်ဘူးလို့ထင်တာပဲ သွားပြီကွာ မင်းပဲအတွေးပေါင်းစုံတွေးနေတော့"
ဇွဲညီနဲ့စကားမဆက်တော့ဘဲ အံ့အိမ်ထဲကထွက်ခဲ့သည်။
ဇွဲညီကတော့ သူ့သူငယ်ချင်းအတွက် ခေါင်းတခါခါကျန်ခဲ့သည်။
ကိုယ့်သူငယ်ချင်းမို့မဟုတ် အံ့က စည်းဘောင်ရှိတယ်ဆိုတာ ဇွဲညီသိသည်။
သူပြောသွားတာတွေကလဲ အမှန်တွေပဲလေ။
သူရည်းစားရှုပ်ပေမဲ့ ဘယ်မိန်းကလေးကိုမှ နစ်နာအောင်သူမလုပ်ခဲ့။
လူကဂျစ်ကန်ကန်နိုင်ပေမဲ့ စိတ်ထားလေးကတော့ ဖြူ စင်သည်။
အဲ့ဒါကြောင့်လဲ မိန်းကလေးတွေက အံ့ကို စွဲလန်းကြတာဖြစ်မှာပေါ့။
ဖြူစင်တဲ့စိတ်ကအပြင်ရုပ်ကို အချစ်အဖြစ်မြင်ပြီးစွဲလမ်းမှုကိုဖြစ်စေတယ်လေ။
❣️
အံ့အိမ်ထဲဝင်ဝင်ချင်း မေမေကတအံ့တသြစီးကြိုသည်။
"သားရယ် မေမေဖြင့်သားအိမ်ပြန်မလာတော့ စိတ်ပူနေရတာ"
"မေမေကလဲ သားကလေးမှမဟုတ်တာ
ဖေဖေရော……"
"ကုမ္မဏီမှာပေါ့ သားနေ့လည်စာစားပြီးပြီလား
မစားရသေးရင် မေမေပြင်ပေးမယ်"
"မစားရသေးဘူးမေမေ
မေမေ့လက်ရာကိုလွမ်းလို့ပြန်လာတာ"
"ဟုတ်ပါပြီရှင် လာဒါဆို"
မေမေကအံ့အတွက် ထမင်းပြင်ပေးသည်။
အံ့အပြင်မှာ ဖြစ်သလိုစားတာမို့ မေမေလက်ရာကအရမ်းစားလို့ကောင်းသည်။
"သား မင်းကိုကိုလက်ထပ်တော့မယ်သိလား"
"သားသိတယ်လေ"
"မေမေကသားမသိသေးဘူးလားလို့"
"သားမွေးနေ့တုန်းက ကိုကိုပြောတယ်"
"အော် သားကိုသတို့သားအရံလုပ်စေချင်လို့တဲ့"
"ကိုကိုကလား"
"ဟုတ်တယ်သား"
"သတို့သားအရံနေရာကိုသားစိတ်မဝင်စားဘူးမေမေ သားစိတ်ဝင်စားတာ တကယ့်သတို့သားအစစ်နေရာကို"
"ဘယ်လိုသား"
"တမျိူးမတွေးပါနဲ့မေမေရဲ့
သားပြောတာ သားကိုယ်တိုင်မင်္ဂလာဆောင်မှ သတို့သားလုပ်မယ်ပြောတာ ဟီး……"
"ကောင်လေး နောက်နေသေးတယ်
သားကသတို့သားအရံမလုပ်ချင်ဘူးလား"
"မလုပ်ချင်ဘူးမေမေ
တခြားတစ်ယောက်ရှာလိုက်လို့ပြောပေး
သားလဲ သူငယ်ချင်းတွေနဲ့သွားနေတာကြောင့် ကိုကိုနဲ့မတွေ့ဖြစ်ဘူး နောက်မှ ဂုဏ်ပြုပေးရအုံးမယ်"
"အေးပါ စောစောကပဲ သူ့ကောင်လေးလာခေါ်လို့ မင်္ဂလာဝတ်စုံသွားရွေးကြတယ်တဲ့
သားပိုင်အမေအိမ်ဘက်ရောက်လာလို့ပြောသွားတာ"
"အော် ပျော်နေကြမှာပေါ့"
"အင်းပေါ့သားရဲ့
ကိုယ့်သားသမီးက လူကောင်းသူကောင်းပြည့်စုံတဲ့ယောကျာ်းတစ်ယောက်နဲ့လက်ထပ်မှာကို
မိဘတိုင်းပျော်ကြမှာပဲလေ"
"ဒါဆိုမေမေကရော သားလက်ထပ်ရင်ပျော်မှာလား"
"ယဉ်ကျေးသိမ့်မွေ့တဲ့မိန်းကလေးတစ်ယောက်နဲ့
ဘဝတစ်ခုတည်ဆောက်ရင် မေမေအတိုင်းမသိပျော်မှာပေါ့ကွယ် အခုတော့ မေမေ့သားက……"
"မေမေကလဲ သားကပျော်ပျော်နေတက်လို့ပါ
စိတ်ချ သားကြောင့်သူတပါးဘဝမထိခိုက်စေရပါဘူး အခုသားနည်းနည်းပြင်နေပါပြီ မေမေပြောသလိုမိန်းမကောင်းကိုမဟုတ်ရင်တောင်ကောင်းတဲ့ကို လက်ထပ်နိုင်အောင်ကြိုးစားပေးပါ့မယ်"
"ယုံပေးမယ် သားစကားကို"
"တကယ်ပါဆို မေမေကလဲ"
အံ့ထမင်းစားရင်း မေမေ့လက်မောင်းကို မှီကာကလေးတစ်ယောက်လို ချွဲလိုက်သည်။
နေ့လည်စာစားပြီး အံ့အခန်းထဲဝင်ကာ အတွေးများရင်း အိပ်ပျော်သွားသည်။
ညနေလောက်မှ ပြန်နိုးလာခဲ့သည်။
အိမ်ရှေ့ဝရံတာကနေ ကိုကိုတို့အိမ်ဘက်ကိုလှမ်းကြည့်တော့ ဘာအခြေအနေမှမထူး။
ကိုကိုပြန်မရောက်သေးတာလား။
လက်ထပ်ဖို့အတွက် အားယူနေတာနဲ့ ဆိုင်ကိုတောင် သိပ်မသွားဖြစ်ဘူးတဲ့လေ။
လက်ထပ်ဖို့ကို အရမ်းပျော်နေတာလားကိုကို။
အဲ့ဒီလူနဲ့အတူနေရဖို့ကို အရမ်းမျှော်လင့်ထားတာလား။
ကိုကို့မျှော်လင့်ချက်တွေကို ကျနော်ရိုက်ချိူးမိမှာကိုတော့
ကိုကိုမသိဘူးမို့လား။
"ဟား……ဟား……"
အံ့တစ်ယောက်ထဲ ခြောက်ကပ်စွာရယ်ပြီး
အောက်ဆင်းလာခဲ့သည်။
ခြံရှေ့ကအုတ်ခုံမှာသွားထိုင်နေလိုက်သည်။
ကိုကိုနဲ့သူ့ဘဲ ပြန်လာတာကို တစိမ့်စိမ့်ထိုင်ကြည့်ချင်လို့ တမင်ထွက်ခဲ့တာဖြစ်သည်။
ကိုကိုတကယ်ပျော်နေလားဆိုတာ အကဲခတ်ယုံပါ။
အံ့မြင်ကွင်းထဲသို့ ကားလေးတစ်စီးဝင်လာသည်။
ကားထဲကရယ်မောနေတဲ့ကိုကိုက အံ့ကိုမြင်တော့ မျက်နှာတည်ကာ ဘေးကလူဘက်ကိုလှည့်သွားသည်။
အံ့ကိုမကြည့်ချင်ဘူးဆိုတဲ့သဘောလား။
အံ့ရဲ့ဒေါသစိတ်က အနည်းငယ်ဝင်ရောက်လာပြန်သည်။
မျက်နှာလွဲသွားလို့ ဒေါသထွက်ချင်လာတာထက် ဟိုလူနဲ့ရယ်မောပြီး စကားပြောတာကို ပိုပြီးဒေါသထွက်မိသည်။
အံ့ပြောတာကိုတော့ အတည်မယူနိုင်ဘဲနဲ့ ဒီလူကိုကျမိဘသဘောတူတာနဲ့ခေါင်းညိမ့်တယ်တဲ့လား။
ကျနော်နဲ့ချစ်သူဖြစ်ဖို့ထက် အဲ့လူနဲ့လက်ထပ်ရဖို့ကို ကိုကိုကအားသာနေတာပဲ။
"တောက်"
အံ့တောက်ခေါက်သံကို ကိုကိုကြားလို့ထင်ပါရဲ့
ကားခြံထဲဝင်ခါနီး မျက်မှောင်ကျူံ့ကာလှည့်ကြည့်သွားသေးသည်။
အံ့ဘောင်းဘီအိတ်ထဲက စီးကရက်ဗူးကိုထုတ်ယူပြီး စီးကရက်တစ်လိပ်ကို နှုတ်ခမ်းမှာတေ့လိုက်သည်။
မီးဖြစ်ကိုလက်ကကိုင်ရင်း ကိုကို့ခြံထဲလိုက်ဝင်လာခဲ့သည်။
ကားပေါ်ကဆင်းနေတဲ့ ကိုကိုက ခြံထဲဝင်လာတဲ့ အံ့ကိုမြင်သွားသည်။
ကိုကိုမြင်သွားမှ အံ့လက်ထဲက မီးခြစ်ကို ဒေါက်ခနဲမြည်အောင်ခြစ်ကာ နှုတ်ခမ်းမှာကိုက်ထားတဲ့ဆေးလိပ်စီ မီးညှိပစ်လိုက်သည်။
ဒါကကိုကို မကြိုက်တဲ့ အပြုအမူတစ်ခုမို့ ကိုကို့ရှေ့မှာလုပ်ရတာ အံ့သဘောကျနေမိသည်။
မင်းထက်ကျော်ဆိုတဲ့လူခေါ်တာကို ဂရုမစိုက်ဘဲ
ကိုကိုအံ့ကိုသာ ဝါးစားမတက်ကြည့်နေသည်။
အံ့ကတော့ ကိုကို့စီလျှောက်လာရင်း မျက်လုံးအကြည့်ကို အဓိပ္ပာယ်ဖော်နေလိုက်သည်။
အဲ့ဒီအကြည့်ကအံ့အတွက်လုံလောက်နေပြီလေ။ အံ့ကိုစိုးရိမ်တက်ရဲ့သားနဲ့ ဂရုစိုက်ချင်ရဲ့သားနဲ့ ဘာလို့များ တခြားသူကို လက်ထပ်ဖို့သဘောတူလိုက်ရတာလဲ။
ဘယ်လိုမှနားလည်လို့မရဘူးကိုကို။
"အဟမ်း……လက်ထပ်ပွဲရက်သိပ်မလိုတော့ဘူးဆိုတော့ ပျော်နေကြမှာပေါ့"
"ဘာလာလုပ်တာလဲ"
အံ့မျှော်လင့်ထားတာ အဲ့ဒီလိုစကားမှမဟုတ်တာ။ ဒီမေးခွန်းက သူစိမ်းဆန်လွန်းသွားပြီကိုကို။
"ကျနော်က ဒီအိမ်ကိုလာလို့မရတော့ဘူးလား
ဘာလို့လဲ"
"ကိုမင်းထက်ကျော် အိမ်ထဲသွားနှင့်လိုက်ပါ
ကျနော်လိုက်လာခဲ့မယ် ဖေဖေနဲ့မေမေရှိတယ်"
အံ့မေးတာကိုမဖြေဘဲ ဘေးကလူကိုစကားလှည့်ပြောသည်။
"အင်း ကိုယ်စောင့်နေမယ်"
မင်းထက်ကျော်က အံ့ကိုယောကျာ်းချင်းနားလည်သောအကြည့်မျိူ းနဲ့ကြည့်ကာ အိမ်ထဲဝင်သွားသည်။
ချက်ချင်းဆိုသလို အံ့ နှုတ်ခမ်းပေါ်ကစီးကရက်လေး မြေပေါ်ပစ်ချခံလိုက်ရသည်။
အံ့လိုချင်တာ ဒီလိုအနေအထားပါ။
အံ့နှုတ်ခမ်းက စီးကရက်ကို ကိုကိုဆွဲယူပြီး ပစ်ချလိုက်တာလေ။
အံ့မျက်လုံးလေးတွေ ပျောက်ကွယ်သွားလောက်အောင် ပြုံးလိုက်သည်။
အရမ်းသဘောကျသွားလို့ပါ။
"မင်းသေချင်နေတာလား ငယ်ငယ်ရွယ်ရွယ်နဲ့"
"မသေချင်ပါဘူး လက်ထပ်အုံးမှာ"
"ပြောစရာမရှိရင် ပြန်တော့"
"နှင်တာလား"
"မေတ္တာရပ်ခံတာ"
"မေတ္တာရပ်ခံရင် ရတယ်ပေါ့"
"လူဆိုရင် လူမှုရေးနားလည်လေ"
"ဒါဆိုကျနော်လဲမေတ္တာရပ်ခံစရာရှိတယ်"
ဘာလဲဆိုသည့်အကြည့်နဲ့ကြည့်နေသည့်ကိုကို။
"ကျနော်နဲ့ချစ်သူဖြစ်ပေးပါ မေတ္တာရပ်ခံတာ
န်လူမှုရေးနားလည်ရင်ပေါ့လေ"
"sorry အံ့ဖွယ်ပိုင်စိုး ငါကလူမှုရေးခေါင်းပါးတယ် ရှုပ်ပွေနဲ့လူတွေနဲ့ပတ်သက်ရင်ပေါ့လေ"
"ပြွတ်စ်"  လူမှုရေးခေါင်းပါးလွန်းသူကို အံငုံ့နမ်းပစ်လိုက်သည်။
ကိုကိုကြောင်ပြီးရပ်နေဆဲ။
အံ့ကတော့ ပြုံးလိုက်ပြန်သည်။
"နာမည်အပြည့်ခေါ်လို့ အပြစ်ပေးတာ
စဉ်းစားပေးထား လက်မထပ်ခင်အချိန်ထိ
သွားပြီ ကိုကို"
နှဖူးကိုလက်နဲ့တောက်ရင်းပြောပြီး အံ့ကိုကိုတု့ခြံထဲကနေပြန်လာခဲ့သည်။
ခြံပေါက်ရောက်မှလှည့်ကြည့်တော့ ကိုကိုကျောက်ရုပ်ဖြစ်နေဆဲ။
ပထမဆုံးအကြိမ်လဲမဟုတ်ဘဲနဲ့ အဲ့လောက်ထိမှင်သက်နေဖို့လိုလို့လားကိုကိုရယ်။ချစ်စရာကောင်းလွန်းအောင်ကွာ။
မှင်သက်နေသောကောင်လေးနှင့် ခြံထဲကနေထွက်သွားသောကောင်လေးကိုကြည့်ကာ မင်းထက်ကျော် နာနာကျင်ကျင်ပြုံးလိုက်သည်။
တောင်းပန်ပါတယ်သူ့ပိုင်လျှမ်း။
မင်းချစ်တဲ့သူနဲ့ကိုယ်မခွဲချင်ပေမဲ့ အဲ့ဒီကောင်လေးက ကိုယ့်ညီမလေးအတွက်မို့လို့ပါ။
ကိုယ့်ညီမလေးပျော်ရွှင်ဖို့အတွက် မင်းနှလုံးသားကို ခုတုံးလုပ်လိုက်မိတာ တကယ်စိတ်မကောင်းပါဘူး။ ကိုယ်မင်းကို ကြင်ကြင်နာနာနဲ့ဂရုစိုက်ပေးမှာမို့ မင်းပျော်ရွှင်ပေးပါ။
မင်းကိုယ်မချစ်ပေမဲ့ ချစ်နိုင်အောင်ကိုယ်ကြိုးစားမှာပါ။ မင်းလဲ ကိုယ့်ကိုပြန်ချစ်ပေးပါ။
မင်းကောင်လေးကိုတော့မေ့ထားပေးပေါ့ကွာ။
မင်းထက်ကျော် ရင်ထဲကသာတောင်းပန်မိသည်။
"သူ့ပိုင်လျှမ်း"
"ဟင် ဗျာ"
"ကိုယ်ပြန်တော့မယ် မနက်ဖြန်မှ ဆိုင်ကိုလာခဲ့တော့မယ်"
"ဟုတ် ကျနော်အတွေးလွန်သွားလို့ တောင်းပန်ပါတယ်နော်"
"ရပါတယ် ပင်ပန်းသွားပြီမို့ အေးအေးဆေးဆေးနားလိုက်အုံးနော် တော်ကြာ မင်္ဂလာပွဲကျ ပိန်နေလိမ့်မယ်"
"အာ ဟုတ် နေနွယ်ကိုလဲမေးတယ်လို့ပြောပေးပါအုံး နောက်ရက်မှ လိုက်တွေ့တော့မယ်"
"ပြောလိုက်မယ် ညီမလေးကလဲ မင်းကိုတွေ့ချင်နေတာ အိမ်မှာကအဖော်မရှိတော့ သူပျင်းနေတာလေ နောက်ဆိုရင်တော့ သူ့ပိုင်လျှမ်းကသူ့အဖော်ဖြစ်တော့မှာမို့ မပျင်းလောက်တော့ဘူး"
"ကိုမင်းထက်ကျော်ကလဲဗျာ……"
ပိုင်မနေတက်စွာ ခေါင်းသာငုံ့ထားမိသည်။
အံ့ကြောင့် ပူရှိန်းရှိန်းဖြစ်နေတဲ့ မျက်နှာကအခုတော့ ရေနွေးအိုးတောင် တည်လို့ရလောက်အောင် ပူနေရသည်။
မင်းထက်ကျော်ကားလေး ထွက်သွားမှ လေပူတစ်ချက်မှုတ်ထုတ်ရင်း ပိုင်အိမ်ထဲဝင်ခဲ့သည်။
အံ့ကိုဘယ်လိုနားချရမလဲ။
ပိုင်ပြောတာကိုသူလက်ခံပါ့မလား။
အံ့ကိုသိပ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ကို အံ့ရဲ့ဘဝလက်တွဲဖော်ဖြစ်စေချင်သည်။
အဲ့ဒီမိန်းမကလေးကို အံ့ကရွေးချယ်ခဲ့ဖူးတာပဲလေ။ ဘာမှမပတ်သက်တဲ့ ပိုင်နဲ့စာရင် ချစ်သူရည်းစားဖြစ်ခဲ့ဖူးတဲ့ သူမက အံ့စိတ်ကိုပိုပြီး စိုးမိုးနိုင်မှာလေ။
ကိုကို့စေတနာကိုလက်ခံပေးပါအံ့ရယ်။
မင်းကိုချစ်တဲ့သူနဲ့ပဲ မင်းဘဝကိုသာယာစေချင်လို့ပါ။ တောင်းပန်ပါတယ် မင်းမဟုတ်တဲ့ တခြားသူကို လက်ထပ်ဖို့ ရွေးချယ်မိတဲ့အတွက်။
လက်ထပ်ဖို့ကလဲ တစ်ပတ်ပဲလိုတော့တာမို့
ဒီကြားထဲ အံ့နားဝင်အောင်ပြောဖို့သာ ပိုင်ကြိုးစားရမည်။
❣️
"Ring……ring……"
ပိုးဒါလီဆိုသည့် ရည်းစားသစ်နဲ့ ဈေးဝယ်နေတုန်း ဖုန်းဝင်လာတာမို့
အံ့ကိုင်လိုက်သည်။
မမျှော်လင့်ထားတဲ့သူစီကမို့ နှုတ်ခမ်းကအလိုလိုပြုံးမိသွားသည်။
"ပြော ကိုကို"
"…………"
"လာခဲ့မယ် ဒါပဲလား"
"………"
"ကိုကို ဒါလေး ဒါလီနဲ့လိုက်လားဟင်"
"လိုက်တယ်!
ဒါပဲနော်"
ဂါဝန်လေးတစ်ထည်ကိုင်ကာ အံ့ကိုမေးနေတဲ့ ဒါလီကိုပြန်ဖြေရင်း ဖုန်းချလိုက်သည်။
ထူးဆန်းစွာပဲ ကိုကိုကအံ့နဲ့တွေ့ချင်တယ်တဲ့လေ။
ညနေသူ့ဆိုင်ကိုလာခေါ်ပါတဲ့။
"ကိုကို ဘာတွေပြုံးနေတာလဲ"
"ပျော်လို့"
"ဘာလို့ပျော်တာ"
"ဒီနေ့တနင်္ဂနွေနေ့မို့"  (😂တင်းဂွေနေ့လေ ဘေးဘေး)
"ဟင်"
"ဘေဘီက တနင်္ဂနွေပဲအားတာလေ အဲ့ဒါကြောင့်ကိုကိုကပျော်တာ"
ဒါလီပါးကိုခပ်ဖွဖွလိမ်ဆွဲရင်းပြောလိုက်သည်။
တဖက်တွင်~
"ဟူး……အံ့ရာ တကယ်ပါပဲကွာ"
'ကိုကိုဒါလေးနဲ့လိုက်လား'ဆိုသည့် ကောင်မလေးအသံကြောင့် အံ့သူ့ရည်းစားနဲ့အတူရှိနေတာကို ပိုင်သိလိုက်ရသည်။
ဒီပုံအတိုင်းသားဆို ပြောလို့ရပါ့မလား။
တနေကုန်အလုပ်နဲ့လုံးထွေးနေပြီး
ညနေပိုင်းမှ အံ့အလာကိုစောင့်နေလိုက်သည်။
အသက်ရှည်အုံးမှာပါ။ မျှော်မိတဲ့အချိန်မှ ကိုယ်တော်ကဆိုင်ရှေ့ပေါ်လာသည်။
အံ့ဆိုင်ထဲဝင်မလာခင် ပိုင်အပြင်ထွက်လာခဲ့သည်။
"လာပြီလား ကျနော်ကဝင်ခေါ်မလို့"
"အင်း ကော်ဖီဆိုင်သွားရအောင်"
"Ok"
အံ့ကားလေး L.O.V.E ကော်ဖီဆိုင်သို့လာခဲ့သည်။
ကော်ဖီနှစ်ခွက်မှာလိုက်သည်။
ပိုင်ကကော်ဖီကိုငုံ့သောက်ပြီး~
"ကိုကိုမင်းကိုချစ်သူအဖြစ်လက်ခံတယ်အံ့"
"ဟင် 😳😳"
❣️❣️❣️❣️❣️❣️❣️❣️
T.B.C
#HoneyChan
Continue Reading
You'll Also Like
1.6M 87.8K 87
This is a work of fiction. Any names, characters or events are fictional.
896K 41.7K 51
Warning ( Included abusive content!!!) Total Episodes-43 (Completed) Start date-Oct 6.2021 End date-Feb 21.2022 To finish this story , I spent 4 mont...
2.9M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
354K 8.8K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."