💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book. : 39
Chapter. : 9 - 16
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••
စာစဥ္ ၃၉ ၊ အခန္း ၉ ။ ေဘဘီ ဂြတ္ေမာနင္း
[အမည္မရွိေသာနန္ ။ အမ္…တန္တန္က ယံုရဲ့လား]
[ရီ၀မ္၀မ္ ။ ယံုတာေပါ့ ။ သူ ့ကို ရွင့္လုိ ငတံုးမ်ား မွတ္ေနလား]
[အမည္မရွိေသာနန္ ။ ေက်ာ္ၾကားေသာရီ…မင္းက အရမ္းကုိ စိတ္ခ်ရတာပဲ ။ အိမ္ကေန ထြက္ေၿပးသြားတဲ့ ငါ့ညီမေလးနဲ ့
သားရွိလုိ ့ရွိမွန္းေတာင္ မသိတဲ့ ဟုိေယာက္ဖထက္စာရင္
မင္းကမွ အမ်ားၾကီးပိုစိတ္ခ်ရေသးတယ္]
ရီ၀မ္၀မ္ ဆြံ ့အသြားသည္ ။ “…”
သူမ်ားအေၾကာင္း သြားမေၿပာစမ္းပါနဲ့ ။
ရွင့္တစ္မိသားစုလံုးကသာ စိတ္မခ်ရတာပါ ၊ ဟုတ္ပီလား ။
ထိုုိသို ့ေၿပာၿပီးသြားၾကသည့္ေနာက္တြင္ ရီ၀မ္၀မ္သည္ ဆံုးၿဖတ္ခ်က္ ၿပတ္ၿပတ္သားသားခ်လုိက္ၿပီး အမည္မရွိေသာနန္၏နာမည္ေၿပာင္ကို [နန္ခ်ီးေကာင္] ဟု ေၿပာင္းေပးပစ္လုိက္၏ ။
ထုိစဥ္အခ်ိန္…
ေၿမာက္ဥေရာပတြင္ ရွိေနသည့္ ၿမိဳ့တစ္ၿမိဳ ့က ေၿမေအာက္ဘား တစ္ခုတြင္ ။
အမည္မရွိေသာနန္သည္ တန္တန္၏ပံုကို ၾကည့္ေနသည္ ။ ေကာင္ငယ္ေလးသည္ ေကာင္းေကာင္းမြန္မြန္ေနေနရသည္ကုိ ၿမင္ရသၿဖင့္ သက္ၿပင္းခ်လုိက္မိသြားသည္ ။ ထုိသည္မွာ သူ ့အတြက္ ေနာက္ထပ္ အသက္ကယ္ေဆးတစ္ခု ရလုိက္သလုိပင္ ။
အမည္မရွိေသာနန္သည္ ခ်က္ခ်င္းပင္ ထုိပံုကို သူ ့အေဖဆီ
ေမးလ္ ပို ့ေပးလုိက္၏ ။
ပံုပို ့ၿပီးသြားသည့္ေနာက္ သူ ့ဖုန္း ခ်က္ခ်င္းၿမည္လာသည္ ။
WeChat ေပၚတြင္ သူ ့မိသားစုတို ့ကုိယ္တိုင္ပင္လ်ွင္
သူ ့အား လာအပ္ထားၾကၿခင္းပင္ ။
အမည္မရွိေသာနန္မွာ ရင္ထဲ ဒိန္းခနဲၿဖစ္သြားၿပီး လက္တုိ ့ တုန္ရီလာ သည္ ။ ၿမန္ၿမန္ဆန္ဆန္ပင္ လက္ခံသည္ကုိ နွိပ္ေပးလုိက္ရ၏ ။
သူ ့WeChat အေကာင့္ကို ဘေလာ့သြားခဲ့ၿပီးသည့္ေနာက္
သူသည္ ၿပန္အပ္ၿခင္းမရွိေတာ့ေပ ။ သို ့ေသာ္ အခုေတာ့ ဘုရင္မၾကီးကိုယ္တုိင္ပင္ သူ ့အား ၿပန္လာအပ္ေနေခ်ၿပီ ။
[အမည္မရွိေသာနန္ ။ အေမ…ေတြ ့လား ။ တန္တန္က အ့ဲဒီမွာ လံုး၀ကို အဆင္ေၿပေနပါတယ္ဆုိ ။ ေကာင္းေကာင္းစားတယ္…ေကာင္းေကာင္းအိပ္တယ္ ။ က်ြန္ေတာ္ ရွာေတြ ့ထားတဲ့သူက အရမး္ကို စိတ္ခ်ရပါတယ္လုိ ့ က်ြန္ေတာ္ ေၿပာသားပဲ ။ အဲ့ဒီစံုတဲြက အရမ္းကို သေဘာေကာင္းတယ္]
အမည္မရွိေသာနန္မွာ ထုိစာကုိ မနဲအားတင္းၿပီး
ပုိ ့ေပးလုိက္ၿခင္းပင္ ။
အၾကာၾကီးၾကာေအာင္ တိတ္ဆိတ္ေနၿပီးသည့္ေနာက္
တစ္ဖက္က စာၿပန္ပို ့လာသည္ ။
[အဲ့မိန္းကေလးပံု ရွိလား]
သူ ့အေမ၏ၿပန္စာကို ၿမင္လုိက္ရသည့္အခ်ိန္
အမည္မရွိေသာနန္ အံ့အားသင့္သြားသည္ ။
အေမက ရီ၀မ္၀မ္ရဲ့ပံုကို လုိခ်င္ေနတာလား ။
ထိုသုိ ့ေတြးလုိက္မိၿပီးေနာက္ အမည္မရွိေသာနန္မွာ ေမးၾကည့္ဖုိ ့ ဆံုးၿဖတ္လိုက္၏ ။
[အေမ…မိန္းကေလး ရီ ရဲ့ပံုကို ဘာလုပ္ဖို ့လဲ]
ထိုသုိ ့စာပို ့လုိက္သည့္ေနာက္တြင္ အမည္မရွိေသာနန္၏
ဖုန္း ၿမည္လာေတာ့သည္ ။ သူ ့မိသားစု၏ဘုရင္မၾကီးမွ ဖုန္းေခၚလာၿခင္းပါတည္း။
သူ ့စိတ္ထဲ ခ်ီတံုခ်တံုၿဖစ္ရင္း ဖုန္းကိုင္လုိက္၏…
အမည္မရွိေသာနန္က သတိၾကီးၾကီးထားၿပီး ဖုန္းကိုင္လုိက္သည္ ။
[ဟယ္လို…အေမ…ဘာကိစၥရွိလုိ ့လဲ]
“အဲ့ဒီမိန္းကေလးက ငါတုိ ့ရဲ့ စုိးရိမ္ၿခင္းကင္းေသာနဲ ့ အရမ္းဆင္တယ္ ္လုိ ့ မင္း မထင္ဘူးလား” ဖုန္းတစ္ဖက္ကသူသည္ အေလာတၾကီးသံ ံၿဖင့္ ေၿပာလာသည္ ။
အမည္မရွိေသာနန္ အံ့ၿသသြားသည္ ။
သုိ ့ေသာ္ သူ ၿပန္ေၿဖလုိက္သည ္။
“ဒါက…နဲနဲေတာ့ တူပါတယ္ ။ က်ြန္ေတာ္ သူမကို
စေတြ ့မိတုန္းကဆုိ ခနခနမၾကည့္ဘဲကို မေနနုိင္ဘူး ။ ဒါေပမယ့္လည္း ရုိးရုိးသားသား ေၿပာရရင္ အဲ့ဒီမိန္းကေလးက က်ြန္ေတာ္တို ့ရဲ့ စုိးရိမ္ၿခင္းကင္းေသာ ထက္ ပိုေခ်ာတာကလြဲၿပီး လံုး၀ကို မတူပါဘူး”
“ၿပီးေတာ့ အေမ…က်ြန္ေတာ့္ အဲ့ဒီမိန္းကေလးနဲ ့ပတ္သက္ၿပီးေတာ့ ေသေသခ်ာခ်ာစံုစမ္းထားၿပီးသြားၿပီ ။ သူမက အင္ပါရီယာၿမိဳ့ေတာ္က
ရီ မိသားစုရဲ့ ဒုတိယသခင္မေလး ။ သူမမွာ မိဘေတြရွိတယ္ ၊ အစ္ကုိ တစ္ေယာက္ ရွိတယ္ ။ အရမ္းကုိ ေကာင္းတဲ့ ခ်စ္သူတစ္ေယာက္ေတာင္ ရွိေသးတယ္ ။ ဒီေတာ့ ဘယ္လုိမွ စိုးရိမ္ၿခင္းကင္းေသာ မၿဖစ္နုိင္ဘူး…”
ေၿပာရမည္ဆုိပါလ်ွင္ သူသည္လည္း စုိးရိမ္ၿခင္းကင္းေသာကို ရွာေတြ ့ဖုိ ့ ေမွ်ာ္လင့္ေနသူပင္ ၿဖစ္ေလသည္ ။
သုိ ့ေသာ္လည္း သူ ့အေနၿဖင့္
သူ ့ညီမေလးနွင့္ ရုပ္ခ်င္းဆင္တူသည့္ေတြ ့ကရာလူကို ေကာက္ယူၿပီး သူ ့ညီမေလးအၿဖစ္ ဟန္ေဆာင္ခုိင္းဖုိ ့ မၿဖစ္နုိင္ဘူးမဟုတ္ပါလား…
ဖုန္းသည္ တိတ္က်သြားသည္ ။
ထုိ ့ေနာက္ သခင္မၾကီး နန္ က စေၿပာလာသည္ ။
“တန္တန္ ့ကို ေစာင့္ေရွာက္ေပးတဲ့အတြက္ အေမက ေက်းဇူးတင္ေနတယ္ ဆုိတဲ့အေၾကာင္းကုိ ေၿပာေပးဦး”
အမည္မရွိေသာနန္ ။ “အင္းပါ၊ ေၿပာလုိက္မယ္..စိတ္ခ် ။ ညီမေလးက ငယ္ငယ္ေလးကတည္းက အၿမဲေလ်ွာက္ပတ္သြားေနတတ္တာပဲဟာ ။ တစ္ေနရာထဲမွာပဲ ေၿခၿငိမ္တတ္တဲ့သူမ်ိဳး မဟုတ္ဘူး ။ ဒီေတာ့ တစ္ေနရာရာမွာ ေပ်ာ္လုိ ့၀သြားတာနဲ ့ သူမ ၿပန္လာမွာပါ…”
သခင္မၾကီး နန္ သည္ သူမ၏စိတ္မသက္သာမႈတုိ ့ကို ဖံုးလုိက္ရင္း သက္ၿပင္းရွည္ၾကီး ခ်လုိက္၏ ။
“အဲ့လုိၿဖစ္ပါေစလုိ ့ပဲ ေမွ်ာ္လင့္ရမွာပဲ…”
တရုတ္နုိင္ငံ ၊ နွင္းဆီအိမ္ေတာ္ေလးတြင္ ။
ကေလးငယ္သည္ မ်က္လံုးတို ့ တေၿဖးေၿဖးခ်င္း ဖြင့္လာခ်ိန္တြင္
ရင္ခြင္ထဲ တင္းတင္းက်ပ္က်ပ္အဖက္ခံထားရသည္ကို
ေတြ ့သြား၏ ။
ထိုရင္ခြင္မွာ သူ ့မာမီလုိမ်ိဳး မဟုတ္ေနဘဲ ေနရာက်ယ္က်ယ္၀န္း၀န္း ရွိေပသည္…
သူ ့လက္ေမာင္းေပၚက လႈပ္လႈပ္ရွားရွားၿဖစ္လာမႈကို
စီရီဟန္ သတိၿပဳမိသြားဟန္တူသည္ ။ သူပါ နုိးလာ၏ ။
“နွစ္ေယာက္လံုး နုိးလာၿပီလား”
အေရွ့ေလးကမွ နုိးလာသည့္ ရီ၀မ္၀မ္က ေပ်ာ္ရႊင္ၿမဴးတူးစြာ ေၿပာလာသည္ ။
“ေဘဘီ…ဂြတ္ ေမာနင္း…”
ဂြတ္ေမာနင္းဟု ရီ၀မ္၀မ္ ေၿပာလုိက္ၿပီးသည့္ေနာက္…
ရုတ္တရက္ၾကီး ေလထုသည္ တိတ္က်သြားၿပီး
စတင္ကာ သိပ္သည္းလာသည္ကုိ သူမ ခံစားမိလုိက္၏ ။
အခုနကမွ အိပ္ရာနုိးလာသည့္ ကေလးေလးနွင့္ စီရီဟန္ မွာ
သူမေလးအား တည္တည္ၿငိမ္ၿငိမ္ၿဖင့္ ေငးစုိက္ၾကည့္ေနၾကေလသည္…
…………………………………………………
စာစဥ္ ၃၉၊ အခန္း ၁၀ ။ မေကာင္းဆုိး၀ါးၾကီး အေအးနန္းေတာ္ထဲ ကန္ထုတ္ခံလုိက္ရၿပီ
“ဂြတ္ ေမာနင္း” ဟု ႏႈတ္ဆက္လုိက္သည့္ ရီ၀မ္၀မ္ခမ်ာ အူေၾကာင္ေၾကာင္ ၿဖစ္သြားသည္ ။
အေၾကာင္းမူ ကေလးေလးနွင့္ လူၾကီးနွစ္ေယာက္စလံုးသည္
သူမအား စူးစူးစုိက္စုိက္ စုိက္ၾကည့္ေနၾကၿခင္းေၾကာင့္ပင္ ။
တန္တန္သည္ ေဘဘီ ၿဖစ္သည္မွာ ထင္ရွားေပသည္ ။
သုိ ့ေသာ္ စီရီဟန္ အား သူမ ေပးထားသည့္ ခ်စ္စနုိးနာမည္မွာလည္း ေဘဘီ ပင္ ၿဖစ္သည္ မဟုတ္ေလာ…
ရီ၀မ္၀မ္သည္ အခုမွ အိပ္ရာနုိးလာသည့္ ၿဖဴၿဖဴစြတ္စြတ္
မုန္ ့လံုးေလး ကို အရင္ၾကည့္လုိက္၏ ။
အိုး…ေဘဘီက အရမ္းကို ခ်စ္ဖုိ ့ေကာင္းလုိက္တာ ။ ငါ့အသည္းေတြ ေၾကြက်ပါၿပီေနာ္…
ထို ့ေနာက္ စီရီဟန္ အား ၾကည့္လုိက္သည္…
ဘုရားေရ…အိပ္ရာနုိးခါစ အလွေလးကလည္း ေခ်ာလုိက္တာ ။ ငါ ေသလုိ ့ရပါၿပီေနာ္ ။
သုိ ့ေသာ္ ထိုနွစ္ဦးစလံုးသည္ အေစာနက သူမ ေၿပာလုိက္သည့္နာမ္စား တစ္ခုကို အသည္းအသန္ ေခါင္းထဲထည့္ေနၾကေလၿပီ…
နာမည္ေလးတစ္ခုပဲဟာကုိ…သူတို ့ရုပ္က ဘာလို ့ အဲ့လုိမ်ိဳး ၿဖစ္ေနၾကတာလဲ ။
ဒီလိုဟာမ်ိဳးအေပၚမွာက်ေတာ့ သူတုိ ့ရဲ့ၿပဳမူလာတဲ့ပံုစံက ပုိၿပီးေတာ့ေတာင္ တူေနေသးတာပါလား ။
သူမစိတ္ထဲက ၿငင္းခုန္ေနမႈၾကီး ၿပီးသြားသည့္ေနာက္တြင္ ရီ၀မ္၀မ္သည္ ခ်စ္စရာေကာင္းသည့္ မုန္ ့လံုးေလးကို ေရြးခ်ယ္ဖို ့ ဆုံးၿဖတ္လိုက္ၿပီး ေကာင္ငယ္ေလး၏ဆံပင္တုိ ့ကို ဖြဖြေလး ထုိးဖြပစ္လိုက္ရင္း ေၿပာလုိက္၏ ။
“ေဘဘီ…ဂြတ္ေမာနင္း ။
ညက ေကာင္းေကာငး္အိပ္ေပ်ာ္ရဲ့လား”
ခ်က္ခ်င္းပင္ ေကာင္ငယ္ေလးမွာ ေနၾကာပန္းအလားနွယ္ ရႊန္းစားသြားေလၿပီ ။ သူ ့မ်က္၀န္းတြင္ ေပ်ာ္ရႊင္မႈတုိ ့ ၿပည့္လ်ွမ္းတက္လာရသည္ ။
ထုိကေလးေလးသည္ သူ ့ေခါင္းေလးၿဖင့္ ရီ၀မ္၀မ္၏လက္ကို တုိးေ၀ွ ့၀င္လုိက္ၿပီး ေခါင္းညိတ္ၿပလာသည္ ။
“ဟုတ္…တန္တန္ ေကာင္းေကာင္းအိပ္ေပ်ာ္ပါတယ္ ။
မာမီ…ဂြတ္ေမာနင္း”
တစ္ခ်က္ေလးပဲ မတြန္ ့ဆုတ္ပဲ မုန္ ့လံုးေလးအား ေရြးခ်ယ္သြားသည့္ ရီ၀မ္၀မ္အား ၾကည့္ေနသည့္ စီရီဟန္ ။ “…”
အခုလက္ရွိအခ်ိန္တြင္ သူ၏အၾကီးမားဆံုးေသာ ေပ်ာ္ရႊင္မႈၾကီးမွာ
ထိုမုန္ ့လံုးေလးသည္ သူတို ့ကေလး မဟုတ္ေနၿခင္းပင္ ။
မေန့ညက သူ၏ မိသားစုတစ္ခုဖန္တီးမည္ဆိုသည့္အေတြးတုိ ့သည္ပင္ အခုလက္ရွိအခ်ိန္တြင္ ေလထဲလြင့္ၿပယ္သြားရေလၿပီ…
“ေဘဘီ…မာမီ အက်ီၤကူ၀တ္ေပးရဦးမလား”
ရီ၀မ္၀မ္ နွစ္လုိစြာ ေမးလုိက္၏ ။
ထိုကေလးငယ္မွာ သူ ့ဘာသာ ၀တ္နိုင္သည္ဟု ဆုိကာ သူမ၏အေမးကို ကန္ ့ကြက္ခ်င္ဟန္ ေပၚေလသည္ ။
သုိ ့ေသာ္ တစ္ခုကို ေတြးလုိက္မိသည့္ေနာက္ သူ ေခါင္းညိတ္ၿပလာသည္ ။
ရီ၀မ္၀မ္ ။ “ဒါနဲ့…သား ဒီေန ့ မာမီ ၀ယ္ေပးထားတဲ့ အက်ီၤသစ္ေလး ၀တ္မလား”
ေကာင္ငယ္ေလးသည္ လိမ္မာစြာၿဖင့္ သေဘာတူလာသည္ ။
“ဟုတ္ကဲ့”
ရီ၀မ္၀မ္သည္ တန္တန္ အတြက္ အ၀တ္အစားအသစ္ေတြ အမ်ားၾကီး ၀ယ္လာခဲ့၏ ။ မိသားစု၀တ္စံုေလးေတြ အမ်ားၾကီးပါ ပါလာၿခင္းၿဖစ္ၿပီး ထိုထဲက တစ္စံုကုိ သူမ စိတ္လႈပ္ရွားစြာၿဖင့္ ထုတ္ယူလုိက္သည္ ။
၀တ္စံုေလးမွာ အၿဖဴေရာင္တီရွပ္ေလးနွင့္ ဂ်င္းေဘာင္းဘီ ၿဖစ္သည္ ။ တီရွပ္ေပၚတြင္ ခ်စ္စရာေကာင္းလွသည့္ ပန္းေရာင္၀က္ပံုကာတြန္း ရွိေနသည္ ။
“ၿမန္ၿမန္ေလး…ဒီကုိလာ ။ မာမီ ကူ၀တ္ေပးမယ္ေနာ္”
ေကာင္ငယ္ေလးသည္ ဆင္တူမိန္းကေလး၀တ္စံုကို ၾကည့္လုိက္၏ ။
“မာမီလည္း သားနဲ့ဆင္တူ၀တ္မလို ့လား”
ရီ၀မ္၀မ္ တခစ္ခစ္ရယ္လာသည္ ။
“မာမီလည္း ၀တ္မွာေပါ့”
ေကာင္ငယ္ေလးသည္ အၿပံဳးေရးေရးေလး ၿပံဳးလာေလရာ သူူ၏နီေထြးေနသည့္ပါးေလးနွစ္ဖက္တြင္ ခ်စ္စရာေကာင္းသည့္ ပါးခ်ိဳင့္ေလးတုိ္ ့လည္း ေပၚထြက္လာေလသည္ ။
မနက္ေစာေစာစီးစီး အိပ္ရာနုိးေနၾကၿခင္းၿဖစ္ၿပီး သားအမိနွစ္ေယာက္သည္ ေႏြးေထြးၿပီး ခ်စ္စရာေကာင္းလွသည့္ ပန္းခ်ီကားေလးတစ္ခ်ပ္အလားနွယ္ ေအာက္ေမ့မိေစသည္…
သို့ေသာ္ သူတို ့ စီရီဟန္ကိုမူ လံုး၀ကို အေမ့အေလ်ာ့ၿဖစ္ေနၾက ေလၿပီ….
သူသည္ကား ေနာင္တြင္ သူတို ့ ကေလးရလာပါက မည္သို ့ ့ၿဖစ္လာလိမ့္မည္ကိုပင္ ၾကိဳတင္မ်က္ၿမင္ခံစားမိေနေလၿပီ…
“အိုေကၿပီ…သြား..အရင္ဆံုး မ်က္နွာသစ္၊ ကိုယ္လက္ေဆးလုိက္ ။
ၿပီးရင္ မာမီတုိ ့ ေအာက္ထပ္ကို ဆင္းၿပီး မနက္စာသြားစားၾကမယ္”
ရီ၀မ္၀မ္သည္ ထုိေကာင္ငယ္ေလးအား အက်ီၤကူ၀တ္ေပးေနရင္း ဆုိလာသည္ ။
မေန ့က ရင္ထဲတြင္ စိတ္မသက္မသာၿဖစ္ေနခဲ့သည့္ ေကာင္ငယ္ေလးမွာ အခုတြင္မူ ေ၀ဒနာအရွင္းေပ်ာက္သြားေလ သည့္နွယ္ ။
သူ ့မ်က္နွာေလးမွာ ေပ်ာ္ရႊင္မႈတုိ ့ၿဖင့္ ၿပည့္လ်ွမ္းေနၿပီး မ်က္နွာသစ္ကုိယ္လက္သန္ ့စင္ၿပီးသည့္ ေနာက္ ေအာက္ထပ္ကို ဆင္းသြားေလသည္ ။
တန္တန္ ထြက္သြားသည့္ေနာက္ ရီ၀မ္၀မ္သည္ ေခ်ာင္းအသာဟမ့္လုိက္ၿပီး စီရီဟန္အား ၾကည့္လုိက္သည္ ။
“*အဟမ္း*…အားက်ိဳ…”
အခုခ်ိန္တြင္ စီရီဟန္၏အမူအရာမွာ မည္သုိ ့ၿဖစ္ေနမည္ကုိ
သူမ မွန္းစၾကည့္ေနစရာပင္ မလုိေပ ။
အေရွ့အာရွ၏ သ၀န္တုိၿခင္းေနရာတြင္ ဘုရင္တစ္ဆူၿဖစ္ေသာ စီရီဟန္ ။ က်ားတစ္ေကာင္ကိုပင္ လုိက္အူတုိၿပီး သက္ရွိလူသားဆိုလ်ွင္ ပိုဆုိးေပသည့္ စီရီဟန္ မဟုတ္ပါေလာ ။
သို ့ေသာ္ အခုခ်ိန္တြင္ သူ ့၏ၿပိဳင္ဘက္မွာ သူ ့သားအရင္း ၿဖစ္ေနေသာေၾကာင့္ ၊ သူ ့ခမ်ာ က်ိတ္ၿမိဳသိပ္ေနရေလ သည္…
အေအးနန္းေတာ္ထဲ ကန္ထုတ္ခံထားရသည့္ စီရီဟန္ခမ်ာ
အခုေတာ့ အိပ္ရာေပၚတြင္ တည္တည္ၿငိမ္ၿငိမ္ၿဖင့္ ထုိင္ေနၿပီး
သူမေလးအား အကဲခတ္ေနသည္ ။
“တစ္ခုခု ေၿပာစရာမရွိဘူးလား”
ရီ၀မ္၀မ္မွာ ထုိမေကာင္းဆုိး၀ါးၾကီး၏ဆူနာမီ ထန္ေနသည့္အမူအရာ ေၾကာင့္ ငိုရမည္ေလာ၊ ရယ္ရမည္ေလာပင္ မသိေတာ့ ။
သူမ သက္ၿပင္းခ်လုိက္ၿပီး သူ ့ဆီသုိ ့ ေလွ်ာက္သြားလုိက္၏ ။ ထို ့ေနာက္ ကိုယ္ကို ကိုင္းခ်လုိက္ၿပီး သူ၏ႏႈတ္ခမ္းထက္ ခပ္ဖြဖြေလး နမ္းရိႈက္လုိက္ရင္း တုိးတုိးညင္းညင္းေလး ေၿပာလုိက္သည္ကား…
“ဂြတ္ ေမာနင္း…ေယာက်ာ္း”
……………………………………………………
စာစဥ္ ၃၉၊ အခန္း ၁၁ ။ ၿပီးၿပည့္စံုသည့္ မိသားစုသံုးေယာက္
သူ ့နားနားကပ္ၿပီး ေၿပာလုိက္သည့္ “ေယာက်ာ္း” ဆုိသည့္ စကားသံေႏြးေႏြးေလးေၾကာင့္ စီရီဟန္ ေၾကာင္အမ္းသြား သည္ ။
ေနာက္တစ္စကၠန္ ့တြင္ က်ယ္ေၿပာလွသည့္လက္ဖ၀ါးၾကီးသည္ ထိုမိန္းကေလး၏ေခါင္းကေန ဖိထားလုိက္ၿပီး
သူ စြဲစြဲမက္မက္ နမ္းရိႈက္ေတာ့သည္…
ေၿမေခြးေလး ရီ၀မ္၀မ္ မွာ ခိုးခုိးခစ္ခစ္ရယ္ေမာလာသည္ ။
“အခုဆုိ က်ြန္မတို ့မွာ ေဘဘီေလး ရွိေနၿပီ ။ ဒီေတာ့ ဒီနာမ္စားေလးက ရွင့္အတြက္ပဲ ။ ဒီနာမည္ေလးကို ရွင္ သေဘာက်တယ္မလား”
စီရီဟန္သည္ သူမ၏ေမးခြန္းကို ေၿဖလာရမည့္အစား သူမေလး၏ႏႈတ္ခမ္း ကို ကိုက္လုိက္ၿပီး အေၿဖေပးလာသည္ ။
ရီ၀မ္၀မ္ ရုတ္တရက္ တစ္ခုကို ေတြးမိသြားၿပီး စိတ္လႈပ္ရွားစြာၿဖင့္ မတ္တပ္ထလုိက္၏ ။
“အဲ..ဟုတ္သားပဲ ။ မိသားစု၀တ္စံုကို သံုးစံု၀ယ္လာတယ္ ။
တန္တန္ ရယ္၊ က်ြန္မ ရယ္ ၿပီးေတာ့ ရွင့္အတြက္ရယ္ ။ အ့ဲ့ဒီမိသားစု၀တ္စံုေလးကိုသာ ၀တ္လုိက္ရင္ က်ြန္မတုိ ့ေတာ့ မိသားစုေလးတစ္ခုနဲ ့ တူသြားမွာပဲေနာ္”
မိသားစု…
စီရီဟန္ ။ “…”
ရီ၀မ္၀မ္သည္ အလြန္ပင္ လူၾကီးဆန္လာလွေပသည္ ။
သူမသည္ ၿပသနာထုပ္မွန္သမ်ွကို မုန္းတီးၿပီး ကေလးေတြကို မခ်စ္မနွစ္သက္သည္မွာလည္း အထင္အရွားပင္ ။
သုိ ့ၿဖစ္ေလရာ သူမသည္ ကေလးတစ္ေယာက္ကို အခုလုိမ်ိဳး ေကာင္းေကာင္းၾကီးတန္ဖုိးထားေနလိမ့္မည္ဟု သူ လံုး၀ မေမ်ွာ္လင့္ထားမိခဲ့ေပ ။
အသစ္အဆန္းေတြ ၍့ ခနတာစိတ္၀င္စားၿခင္းမ်ိဳးေပလား ။ ထိုကေလးေလးအား သူမ စိတ္၀င္စားေနသည့္အဓိကအခ်က္မွာ ထိုကေလး၏ရုပ္ရည္ေခ်ာေမာေနၿခင္းေၾကာင့္ေပလား ။
ရီ၀မ္၀မ္သည္ အ၀တ္အစားလဲကာ ၿပန္လာၿပီးသည့္ေနာက္တြင္
စီရီဟန္ အတြက္ အ၀တ္အစားတုိ ့ကို ေပးလာသည္ ။
ရီ၀မ္၀မ္က တန္တန္ ၀တ္ထားသလုိပင္ တစ္ကိုယ္လံုးကို ဆင္တူ၀တ္ဆင္ထား၏ ။ ဂ်င္းေဘာင္းဘီဆင္တူ နွင့္ ပန္းေရာင္ ၀က္ကာတြန္းပံုေလးပါသည့္ ရွပ္အက်ၤီဆင္တူကို ၀တ္ဆင္ထားသည္ ။
သူမေလးမွာ အထက္တန္းေက်ာင္းသူေလးနွင့္ပင္ တူလွေခ်သည္ ။
“အားက်ိဳ…ၿမန္ၿမန္ေလး ၀တ္လုိက္ ။ မိသားစုတစ္စုဆုိတာက စည္းစည္းလံုးလံုးနဲ ့ ၿပီးၿပည့္စံုေနရမယ္ေလေနာ္”
ရီ၀မ္၀မ္က စိတ္လႈပ္ရွားစြာၿဖင့္ သူ ့အား ေလာေဆာ္လာသည္ ။
စီရီဟန္သည္ သူ ့လက္ထဲ ေရာက္ေနသည့္ ပန္းေရာင္ ၀က္ကာတြန္းပံု ပါသည့္ ရွပ္အက်ီၤကို ၾကည့္လုိက္၏ ။ “…”
အသိသာပင္ ၊ တစ္စံုတစ္ေယာက္ေသာသူသည္
သူ ့ဘ၀တြင္
ထုိသုိ ့ကေလးဆန္သည့္အ၀တ္အစားမ်ိဳးကုိ ဘယ္တုန္းကမွ မ၀တ္စားခဲ့ဖူးေပ….
ရီ၀မ္၀မ္ ။ “ေယာက်ာ္း…ေယာက်ာ္း…ေနာ္လို့”
စီရီဟန္ ။ “အင္း”
တခနၾကာၿပီးသည္တြင္ ။
ရီ၀မ္၀မ္နွင့္ စီရီဟန္တုိ့ အ၀တ္အစားလဲၿပီးသြားၾကသၿဖင့္
ေအာက္ထပ္သုိ ့ ဆင္းလာၾကသည္ ။
ပုန္းလ်ိဳးကြယ္လ်ိဳးၿဖင့္ ထိုမိသားစုအား ေခ်ာင္းၾကည့္လုိက္မိၾကခ်ိန္ မိသားစုသံုးေယာက္မွာ ဆင္တူ၀တ္ထားသည္ကုိ ၿမင္လုိက္ၾကသည့္ ထိုငါးေယာက္အဖြဲ ့ခမ်ာ ပါးစပ္အေဟာင္းသား ၿဖစ္သြားၾကသည္ ။ “…”
ေယာက်ာ္းေလးအသံုးေတာ္ခံေတြ မေရမတြက္နုိင္ေအာင္ ရွိသည္ဟု နာမည္ၾကီးသည့္ အနက္ေရာင္မုဆုိးမ မဟုတ္ေလာ ။
ဘယ္မိန္းမကုိမွ တစ္စက္ေလးပင္ စိတ္၀င္စားၿခင္းမရွိသူဟု သတင္းေက်ာ္ေနသည့္ ဒီမြန္းမိသားစုေခါင္ၾကီး မဟုတ္ေလာ ။ ထုိအေက်ာ္ေဇယ်နွစ္ေယာက္သည္ သူတို ့သားနွင့္ ဆင္တူေအာင္
ထုိသုိ ့ကေလးဆန္လွသည့္ မိသားစု ဆင္တူ၀တ္စံုကုိ ၀တ္ထားေနၾက ေလၿပီ…
ဤၿမင္ကြငး္…သူတုိ ့သာ သူတုိ ့မ်က္လံုးၾကီးနွစ္လံုးၿဖင့္ ဤၿမင္ကြင္းကို မၿမင္ေတြ ့ခဲ့ရဘူးဆုိပါလ်ွင္…မည္သုိ ့မွ ယံုၾကည္နုိင္လိမ့္မည္မဟုတ္…
ထိုငါးေယာက္အဖြဲ ့ထက္ ပိုလုိ ့ေရွာ့ရေနသူတစ္ဦးလည္း ရွိေနသည္ ။
ရႊီရီ….။
သူ ့သခင္ေလး တစ္ခုခုၿဖစ္သြားမည္ကို စုိးလ်က္ တစ္ညလံုးလံုး နွင္းဆီအိမ္ေတာ္ေလးကေန ထြက္သြားရဲၿခင္းမရွိခဲ့ဘဲ နုိးနုိးၾကားၾကားနွင့္ သူ ့ကို လွမ္းေခၚမည့္အသံကို ေစာင့္ေနခဲ့သည့္ ရႊီရီ…။
ေနေရာင္ၿခည္ၿဖာထြက္လာၿပီး မနက္ခင္းခ်ိန္ ေရာက္လာသည့္ ့္တုိင္ေအာင္ အၿပင္ဘက္ကေန ေစာင့္စားေနခဲ့သည့္ ရႊီရီခမ်ာ…
အဆံုးသတ္တြင္ ဤအံ့ၿသဘနန္း ဆန္းၾကယ္လွသည့္ ပန္းခ်ီကားတစ္ခ်ပ္ကုိ ေတြ ့လုိက္ရေလသည္ ။
ဒါက…ဒါက ဘယ္လုိအေၿခအေနမ်ိဳးလဲ…
ဧည့္ခန္းထဲတြင္ ေရာက္ေနသည့္ ရႊီရီကုိ ရီ၀မ္၀မ္ သတိၿပဳမိသြားၿပီး အံ့အားသင့္စြာၿဖင့္ ေမးလာသည္ ။
“အဲ…အိမ္ေတာ္ထိန္း ရႊီ…ရွင္ အခုထိ ဒီမွာ ရွိေနေသးတာလား”
ရႊီရီ ။ “…”
က်ြန္ေတာ္ ဒီမွာပဲ တစ္ခ်ိန္လံုး ရွိေနတာပါဗ်…ဟုတ္ပီလား ။
မေန ့ညက အေၿခအေနက ဒီေလာက္ေတာင္ ေၾကာက္စရာေကာင္း တဲ့ဟာ ။ က်ြန္ေတာ္ ဘယ္လုိလုပ္ၿပီးေတာ့ ဒီတုိင္း ထားသြားနုိင္မွာလဲ ။
ရႊီရီ၏အမူအရာကို ၿမင္ေတြ ့လုိက္ၿပီး မေန ့က အားလံုး အေလာတၾကီး နုိင္ခဲ့ၿခင္းကုိ ရီ၀မ္၀မ္ သေဘာေပါက္မိသြားသည္ ။ သူမသည္ သူ ့ကို ရွင္းရွင္းလင္းလင္း ရွင္းမၿပထားရေသးေပ ။ ထုိ ့ေၾကာင့္
သူ ့ဆီကို သြားလုိက္ၿပီး ၿဖစ္ေၾကာင္းကုန္စင္ကို တုိးတိုးေလးေၿပာၿပလုိက္၏ ။
ရႊီရီ ။ “…”
ဘယ္လုိ…။
က်ြန္ေတာ့္မွာၿဖင့္ တစ္ညလံုး စိတ္ပူလုိက္ရတာ ။ တကယ္တမ္းက်ေတာ့ သူတုိ ့နွစ္ေယာက္က တၿခားသူရဲ့ကေလးကုိ ေစာင့္ေရွာက္ေပးေနၿပီး မိဘေတြလို ဟန္ေဆာင္ေပးေနၾကတာတဲ့လား ။
သူသည္ ၿဖစ္နုိင္ေခ်အကုန္လံုးကုိ လုိက္ေတြးၾကည့္ၿပီးသည့္တုိင္ေအာင္ ထုိကဲ့သုိ ့ ၿဖစ္နုိင္ေခ်ကုိမူ တစ္စက္ေလးပင္ မေတြးထားမိခဲ့ပါေပ ။
သူ ၀န္ခံရေပမည္…ငါ ရႈံးတယ္ ။
ကေလးတစ္ေယာက္ - သူ ့သခင္ေလးသည္ မည္သုိ ့မ်ား ထုိသည္ကို လြယ္လြယ္ေလး လက္သင့္ခံေပးလုိက္ရသည္နည္း ။
ရႊီရီသည္ ပါးစပ္အေဟာင္းသားၿဖင့္ သူ ့သခင္ေလးအား ၾကည့္လုိက္သည္ ။
ထုိခုိက္ သူေတြ ့လုိက္ရသည္မွာ လူၾကီးနွင့္ ကေလးပိစိေလးသည္ ထမင္းစားပြဲေပၚတြင္ တစ္ေယာက္ကုိတစ္ေယာက္ မ်က္နွာမူကာ ထုိင္ေနၾကၿပီး ဆင္တူ၀တ္ဆင္ထားၾကေလသည္ ။
စီရီဟန္သည္ ေပါ့ေပါ့ပါးပါးဟန္ၿဖင့္ မနက္စာစားေနရင္း ထုိေကာင္ငယ္ေလးအား ၾကက္ဥေၾကာ္မက်က္တက်က္ေလးကို ထည့္ေပးေနသည္ ။
သူတုိ့ပံုစံေလးမွာ အလြန္အမင္းပင္…အံ၀င္ခြင္က်ရွိေနၾကေလသည္…
အစကေန အဆံုးအထိတုိင္ စိတ္တုိ ့ေယာက္ယက္ခတ္ကာ ဘာမွမဟုတ္သည္ကို ေတြးပူေနခဲ့မိသူမွာ သူတစ္ေယာက္တည္းသာ ပါလား…
....................................................................
စာစဥ္ ၃၉ ၊ အခန္း ၁၂ ။ အထူးဒိတ္ၿခင္း
ရီ၀မ္၀မ္သည္ ရႊီရီအား ၿဖစ္ေၾကာင္းကုန္စင္ကုိ ရွင္းၿပေပးၿပီးသည့္ေနာက္ မနက္စာစားဖုိ ့ရာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ၿဖင့္ သြားေတာ့သည္ ။
စီရီဟန္၏ တန္တန္အား ဟင္းထည့္ေပးေနၿခင္းတုိ ့ကို
ရီ၀မ္၀မ္ ၾကည့္ေနမိ၏ ။ တန္တန္သည္ စီရီဟန္အား အရမ္းပူးပူးကပ္ကပ္မေနေသာ္လည္း သူ ့ကို ၿငင္းဆန္ၿခင္းမ်ိဳး မရွိပါေခ် ။ ေက်းဇူးတင္စြာၿဖင့္ပင္ ေၿပာလုိက္ေလသည္ ။ “ေက်းဇူးတင္ပါတယ္”
အရာအားလံုးမွာ ရီ၀မ္၀မ္ ေမ်ွာ္လင့္ထားသည္ထက္ပင္ ပိုလုိ ့ ့ေကာင္းမြန္ေနသည္ ။ ထို ့ေၾကာင့္ ရီ၀မ္၀မ္ စိတ္ေအးလက္ေအး ၿဖစ္သြား၏ ။
ဒီေန ့တြင္ စီရီဟန္သည္ အလုပ္ကို သြားစရာမလုိသလို ရီ၀မ္၀မ္သည္လည္း နားရက္ၿဖစ္၏ ။
ရီ၀မ္၀မ္ အရင္က ခ်ထားခဲ့သည့္စည္းမ်ဥ္းစည္းကမ္းအရ နွစ္ေယာက္စလံုး အားလပ္ပါက အနဲဆံုး တစ္ပတ္ကိုတစ္ၾကိမ္ အၿပင္ထြက္လည္ပတ္ကာ ဒိတ္လုပ္ရမည္ၿဖစ္၏ ။
သုိ ့ေသာ္လည္း ဒီေန ့တြင္ေတာ့ ေနာက္ထပ္လူတစ္ေယာက္ပါ ကပ္ပါလာမည့္ဟန္ ရွိေပသည္…
ရီ၀မ္၀မ္ စီရီဟန္အား မ်က္ေတာင္မွိတ္ၿပလုိက္သည္ ။
သူမ၏အခ်က္ၿပသည့္အၾကည့္ကို ရသည့္တုိင္ စီရီဟန္မွာ စကားတစ္ခြန္းပင္ ေၿပာမလာ ။ “…”
လုပ္ပါေနာ္…ေယာက်ာ္း…
ရီ၀မ္၀မ္သည္ တမင္သက္သက္ပင္ နာမည္အသစ္ေလးကို ထုတ္ေၿပာလုိက္ရာ…
စီရီဟန္သည္ သူမေလးအား အလုိလုိက္ထားခ်င္စိတ္တုိ့ ထိန္းမနုိင္ေလာက္ေအာင္ကို တဖြားဖြားေပၚလာေလၿပီ။
သုိ ့နွင့္ ေကာင္ငယ္ေလးဘက္သုိ ့ ၾကည့္လုိက္ၿပီး ေမးလုိက္သည္ ။
“မင္း ဘယ္ကုိ သြားကစားခ်င္လဲ”
ကေလးေလးသည္ စကားတစ္ခြန္းပင္ ေၿပာမလာ ။
အနည္းငယ္ စိတ္ေပါ့ေပါ့ပါးပါးၿဖစ္သည့္ဟန္ၿဖင့္ ေခါင္းေမာ့လာကာ…
“ကစားတာ…လား”
ရီ၀မ္၀မ္ ခ်က္ခ်င္းပင္ ၿပန္ေၿဖလုိက္သည္ ။
“ဟုတ္တယ္..။ ဒီေန ့ ဒက္ဒီ နဲ ့မာမီ အားေနတယ္ဆုိေတာ့ သားကုိ ကစားဖုိ ့ေခၚသြားေပးမယ္ေနာ္ ။ ေဘဘီ…ဘယ္ကုိ သြားခ်င္လဲ ။ တိရစၧာန္ရံုလား...ၿပည္သူ ့ရင္ၿပင္လား…ဒါမွမဟုတ္ ေတာင္တက္သြား ခ်င္လား ။ သား သြားခ်င္တဲ့ေနရာကို လုိက္ပုိ ့ေပးမယ္”
ဤေမးခြန္းမ်ိဳးကုိ တၿခားကေလးတစ္ေယာက္သာ ဆုိပါလွ်င္ ဘာလုပ္ခ်င္ပါသည္ဟု ေပ်ာ္ေပ်ာ္ၾကီး ၿပန္ေၿဖၿပီးေနေလာက္ေပၿပီ ။
သို ့ေသာ္ တန္တန္သည္ သူ ့မိဘမ်ားနွင့္ မည္သုိ ့ဆက္ဆံရမည္ကို သိဖုိ ့ေ၀းလုိ ့ ကစားရမည့္အေၾကာင္းကိုပင္ ဘယ္တုန္းကမွ ေတြးေတာဖူးဟန္ ရွိမေနေပ ။
သူသည္ တသီးတသန္ ့ထဲ ကြဲထြက္ေနေလသည္ ။
ရီ၀မ္၀မ္ ထုိသည္ကုိ ၿမင္လုိက္ရသၿဖင့္ ရင္ထဲ နာက်င္ကုိက္ခဲသြား၏ ။
သူမ ၿမန္ၿမန္ဆန္ဆန္ ဆက္ေၿပာလာသည္ ။
“မာမီ စဥ္းစားၾကည့္မယ္ ။ ၿပည္သူ ့ရင္ၿပင္ကို သြားၾကရေအာင္၊ အုိေကလား”
ေကာင္ငယ္ေလးက ခ်က္ခ်င္းပင္ ေခါင္းညိတ္လာသည္ ။
“အိုေက”
ရီ၀မ္၀မ္ ၿပဳံးၿပလုိက္သည္ ။
“ဒါၿဖင့္ ဆံုးၿဖတ္လုိက္ၿပီ ။ မနက္စာစားၿပီးတာနဲ ့ မာမီတုိ ့ ထြက္ၾကမယ္”
…..
မနက္စာစားၿပီးသည့္ေနာက္ မိသားစုသံုးေယာက္သား အင္ပါရီယာၿမိဳ့ေတာ္ထဲက အၾကီးမားဆံုးေသာ ၿပည္သူ ့ရင္ၿပင္ၾကီးကုိ ေမာင္းသြားၾကသည္ ။
ဒီေန ့ သံုးေယာက္သား၏ဆင္တူ ကာတြန္း၀တ္စံုတုိ ့မွာ ဤေနရာမ်ိဳးနွင့္ အလြန္ပင္ သင့္ေလ်ာ္လွေပသည္ ။
ရီ၀မ္၀မ္သည္ ကေလးေလး၏လက္ကို ကိုင္ထား၏ ။
“တန္တန္…ဒီမွာ လူေတြ အရမ္းမ်ားတယ္ ။
ဒက္ဒီ နဲ ့မာမီ့ရဲ့လက္ကုိ ေသခ်ာကိုင္ထားေနာ္”
ေကာင္ငယ္ေလးသည္ သူ ့နံေဘးတြင္ ရွိေနသည့္ ထုိအရပ္ရွည္ရွည္ေယာက်ာ္းအား တစ္ခ်က္ခုိးၾကည့္လုိက္၏ ။
စီရီဟန္လည္း ၿပန္ၾကည့္လာၿပီး လက္ထုတ္ေပးလာသည္ ။
ထုိကေလးသည္ တြန္ ့ဆုတ္ေန၏ ။ သုိ ့ေသာ္ ေနာက္ဆံုးတြင္ သူလည္း လက္ကုိ ထုတ္လုိက္ၿပီး စီရီဟန္၏လက္ကုိ ကိုင္လုိက္၏ ။
သူတို ့ အ၀င္၀ကို ေရာက္သြားၾကသည့္အခုိက္
ရီ၀မ္၀မ္သည္ ငွက္သုိက္လွလွေလးကို ေတြ ့သြားသည္ ။
“ေ၀ါင္း…အားက်ိဳ - ၀ုိး ။ အားက်ိဳ…”
စီရီဟန္သည္ ရီ၀မ္၀မ္ နွင့္ အၿပင္ထြက္ေလ်ွာက္လည္ခဲ့သည္မွစၿပီး
စံုတြဲေတြ ၿပဳမူေလ့ရွိသည့္သေဘာသဘာ၀တုိ ့ကို တစတစ သိလာခဲ့ရ၏ ။ အရင္တုန္းကဆိုလ်ွင္ သူသည္ ဘာဆုိဘာမွ သိမေနခဲ့ပါေခ် ။
သူသည္ ေစာေစာစီးစီးကပင္ ၾကိဳတင္ၿပီး ရႊီရီအား ေငြသားထုတ္ခုိင္းထားခဲ့သည္ ။
ရီ၀မ္၀မ္ မေမးရေသးခင္မွာပင္
သူသည္ ပိုက္ဆံအိတ္ဖြင့္ၿပီး ေငြရွင္းထားၿပီးသား ၿဖစ္ေနေလၿပီ ။
“ဘယ္နွခု လုိခ်င္လဲ”
ရီ၀မ္၀မ္ ။ “ဒီတစ္ခုက အရမ္းၾကီးတယ္ …ဒီဟာ ယူမယ္”
အေရာင္စံုသည့္ အသည္းပံုငွက္သုိက္ၾကီးတစ္ခု သူတုိ ့ေရွ့တြင္ အလ်င္အၿမန္ ေပၚထြက္လာသည္ ။
“ေရာ့…တန္တန္..စားၾကည့္”
ရီ၀မ္၀မ္သည္ ငွက္သုိက္ၾကီးကို တန္တန္ေရွ့ ထိုးေပးလုိက္သည္ ။
တန္တန္သည္ ခံစားခ်က္ေပါင္းစံု ေရာယွက္ေနသည့္အမူအရာၿဖင့္ ထိုဘာမွန္းမသိရသည့္ အေရာင္စံုဟာၾကီးအား စုိက္ၾကည့္ေနသည္ ။ ထုိ ့ေနာက္ သိခ်င္စိတ္ၿပင္းၿပလာဟန္ၿဖင့္ ေခါင္းေလးကို တိမ္းလိုက္ကာ…
“ဒါက…စားလုိ ့ေရာ ရရဲ့လား”
စီရီဟန္က အမူအရာကင္းမဲ့စြာၿဖင့္ သူ ့သားအား ရွင္းၿပလာသည္ ။
“ရတယ္..ဒါက ငွက္သုိက္လုိ ့ေခၚတယ္”
ထိုသားအဖအား ၾကည့္ေနရင္း ရီ၀မ္၀မ္ မွာ ရယ္ခ်င္ပက္က်ိ ၿဖစ္လာေလၿပီ ။
စီရီဟန္သည္လည္း အစတုန္းက ငွက္သုိက္ ဘာဆုိသည္ကို မသိခဲ့ဘူး မဟုတ္ပါလား ။ သုိ ့ေသာ္ အခုေတာ့
သူ ့သားကုိပင္ ၿပန္သင္ေပးေန ေလၿပီ ။
ရီ၀မ္၀မ္ က တန္တန္အား ၾကည့္လာသည္ ။
“ဟုတ္တယ္…အ့ဲဒါက ငွက္သုိက္လုိ ့ေခၚတယ္ ။
အရမ္း အရသာရွိတယ္ ။ စားၾကည့္ၾကည့္”
ေကာင္ငယ္ေလးမွာ သတိၾကီးၾကီးၿဖင့္ တစ္ကိုက္ကိုက္လုိက္၏ ။ ခ်က္ခ်င္းပင္ သူ ့မ်က္လံုးတုိ ့ ၀င္းပသြားၿပီး ထုိအရာၾကီးမွာ
သူ ့ပါးစပ္ထဲတြင္ အရည္ေပ်ာ္သြားေလသည္ ။ ခ်ိဳလုိက္တာ…
………………………………………………………
စာစဥ္ ၃၉ ၊ အခန္း ၁၃ ။ မ်က္လွည့္
ထိုလူၾကီးနွင့္ လူငယ္နွစ္ေယာက္သည္ကား မည္သုိ ့ ေပ်ာ္ရမည္ကုိပင္ မသိတတ္ၾက ။ ရီ၀မ္၀မ္ ပါသြား၍ ေတာ္ေပေသးသည္ ။
“ေ၀ါင္း…က်ြန္မတုိ ့ေတြ ဒီေန ့ အရမ္းကံေကာင္းတာပဲ ။
ဒီေန ့ ပန္းအလွၿပပြဲရွိတယ္ ။ မီးရွဴးမီးပန္းလႊတ္ပြဲလည္း ရွိတယ္”
“၀ုိး…ဒီေခါင္းစြပ္ေလးက ခ်စ္ဖုိ ့ေကာင္းလုိက္တာ ။ ဒါေလး ၀ယ္ရမယ္”
“၀ါး…ဒီခ်ိဳလိမ္ေလးက အရသာရွိမဲ့ပံုပဲ ။ ဒါကိုလည္း ၀ယ္ရမယ္”
“ဒီပူေဖာင္းေလးလည္း လိုခ်င္လုိက္တာ…”
ကေလးထက္ပင္ ရီ၀မ္၀မ္က ပို၍ေပ်ာ္ရႊင္ၿမဴးတူးေနေလသည္ ။ ထုိလူၾကီးနွင့္ ကေလးနွစ္ေယာက္သားမွာ သူမ ဆြဲေခၚရေနာက္ တေကာက္ေကာက္လုိက္ သြားၾကၿခင္း ၿဖစ္ၿပီး သူမသည္ကေတာ့ ေပ်ာ္ရႊင္ၿမဴးတူးေနေလသည္ ။ အေရာင္းတန္းတြင္ ရွိေနသည့္ တစ္ခုမက်န္နီးနီးပင္ သူမ ၀ယ္ယူထားၿပီး ၿဖစ္ေနေလၿပီ ။ ရီ၀မ္၀မ္သည္ အေရွ့ကေန ကဆုန္ေပါက္ကာ လုိခ်င္သမ်ွ လုိက္၀ယ္ေနၿခင္းေၾကာင့္ ထိုသားအမိကို လူအုပ္ထဲ လူစုကြဲမသြားေစဖုိ ့ရာ အတြက္ စီရီဟန္မွာ အေနာက္ကေန လုိက္လံကာေပးေနရ၏ ။
တခနေလးအတြင္း တန္တန္၏လက္ထဲတြင္ ရီ၀မ္၀မ္ ၀ယ္ထားသမ်ွနွင့္ ၿပည့္သြားခဲ့သည္ ။ သူ၏ဘယ္လက္ထဲတြင္ သက္တန္ ့ခ်ိဳလိမ္ၾကီးကို ကိုင္ထားၿပီး ညာဘက္လက္တြင္ ပူေဖာင္းတစ္လံုးကို ကုိင္ထားသည္ ။ သူ ့ေခါင္းထက္တြင္ ေၾကာင္နားရြက္တပ္ထားၿပီး လည္ပင္းတြင္ ပန္းကုံးလွလွေလး စြပ္ထားသည္ ။
ရီ၀မ္၀မ္ နွင့္ စီရီဟန္တုိ ့သည္လည္း ပန္းကံုးဆင္တူ စြပ္ထားၾက၏ ။
သို ့ေသာ္ ရီ၀မ္၀မ္သည္ ယုန္နားရြက္ကို တပ္ထားၿပီး
စီရီဟန္မွာ ေၿမေခြးနားရြက္ နွင့္ ရီ၀မ္၀မ္တပ္ခုိင္းသည့္ အနက္ေရာင္မ်က္နွာဖံုးစြပ္ကိုပါ တပ္ထားရ၏ ။
သံုးေယာက္သား ဓာတ္ပံုဆုိင္ဘက္ကို ေရာက္သြားၾကခ်ိန္တြင္ ရီ၀မ္၀မ္သည္ ထုိသားအဖအား ဆြဲေခၚသြားၿပီး ဓာတ္ပံုတဖ်တ္ဖ်တ္ ရုိက္ေတာ့သည္ ။ ထိုပံုတိ့ုမွာ အဖိုးမၿဖတ္နုိင္သည့္ရတနာမ်ား ၿဖစ္ၾက၏။
ရီ၀မ္၀မ္သည္ ရယ္ကာေမာကာၿဖင့္ ပံုေတြအမ်ားၾကီး ရုိက္ၿပီးသည့္ေနာက္တြင္ ထိုပံုတုိ ့ကို တန္တန္အား ေပးလုိက္၏ ။
“ေရာ့..တန္တန္…ဒီဓာတ္ပံုေတြကုိ သား ေကာင္းေကာင္းသိမ္းထား ေနာ္”
ေကာင္ငယ္ေလးသည္ ဂရုတစိုက္ေလး ယူလုိက္သည္ ။ ထုိဓာတ္ပံုမ်ားကို အဖိုးတန္ရတနာမ်ားနွယ္ တယုတယကိုင္ရင္း ၀ိုင္းစက္ေနသည့္ မ်က္လံုး ေလးမ်ားၿဖင့္ ထုိပံုတုိ ့ကုိ ၾကည့္ေနကာ…
“အင္း”
အခ်ိန္ကုန္သည္ကား ၿမန္၏ ။ ၿမန္ၿမန္ဆန္ဆန္ပင္ ညေရာက္လာခဲ့သည္ ။ ပန္းအလွၿပပြဲမွာ စတင္လာခဲ့ၿပီ ။ လူေတြလည္း မ်ားသထက္မ်ားလာၾကၿပီး လူစည္သထက္စည္လာၾကေလၿပီ ။ ေနရာအနွံ ့အၿပားတြင္ အုန္းအုန္းဖ်ဖ် ေအာ္ဟစ္အားေပးသံတုိ ့ ညံေ၀လာၾကေလၿပီ ။
တန္တန္သည္ ကေလးေသးေသးေလးၿဖစ္ေနသၿဖင့္ သူ၏ၿမင္ကြင္းတုိ ့ကို လူအမ်ားၾကီးက ၿမန္ၿမန္ဆန္ဆန္ပင္ ကာဆီးသြားၾကေလၿပီ ။
စီရီဟန္က ထိုသားအမိအား ၾကည့္လုိက္ၿပီး သူ့လက္ထဲမွာ ကိုင္ထားသည့္ မုန္ ့ထုပ္ေတြကုိ ရီ၀မ္၀မ္ လက္ထဲသို ့ ထုိးေပးလုိက္သည္ ။ “ကိုင္ထား”
“ဟမ္…ေအာ္…” ရီ၀မ္၀မ္ မုန္ ့ထုပ္တုိ ့ကို ယူလုိက္၏ ။
ထို့ေနာက္ စီရီဟန္သည္ ခါးကိုကိုင္းလုိက္ေတာ့သည္ ။ လက္တစ္ဖက္က တန္တန္အား ေပြ ့ခ်ီလုိက္ေတာ့ၿပီး ေနာက္လက္တစ္ဖက္ၿဖင့္ ရီ၀မ္၀မ္အား သူ ့ရင္ခြင္ထဲသုိ ့ ဆြဲသြင္းလုိက္ကာ သားအမိနွစ္ေယာက္အား လူအုပ္ၾကီးဆီကေန ခြဲထုတ္ပစ္လုိက္၏…
ရီ၀မ္၀မ္သည္ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ လုပ္လာသည္ ။ သူမ၏နွလံုးသားမွာ ရူးခါေလာက္မတတ္ကို ၀ုန္းဒိုင္းၾကဲခုန္လာသည္ ။
စီရီဟန္သည္ တန္တန္ေလးကို ေပြ ့ခ်ီလုိက္သည့္အခ်ိန္သည္ ခါတိုင္းထက္ပင္ အမ်ားၾကီးအမ်ားၾကီး ေခ်ာေမာခန္ ့ညားလာ
သလုိလုိပင္ ။
အစတြင္ ကေလးသာ ရွိလာပါလ်ွင္ စီရီဟန္ ၿဖစ္လာမည့္အေဖပံုစံကို သူမ မွန္းဆၾကည့္ေသာ္ၿငား မရခဲ့ပါေခ် ။ သို ့ေသာ္ ၊ အခုေတာ့ စီရီဟန္သည္ တကယ္ၾကီး အေဖအရာ ပီသေနၿပီး အလြန္အမင္း ႏူးည့ံသိမ္ေမြ ့ေနသည္…
တၿဖည္းၿဖည္းခ်င္း ေနမင္းၾကီးက ေကာင္းကင္ၾကီးထဲ ၿပန္၀င္သြားေလၿပီ ။ ၿပည္သူ ့ရင္ၿပင္ကို သူတုိ ့ လည္ပတ္ေနသည္မွာလည္း ၿပီးဆံုးလာခ့ဲေလၿပီ ။ လူအုပ္ၾကီးသည္လည္း ရွဲသြားၾကေလၿပီ ။
ရီ၀မ္၀မ္သည္ အမွတ္တရလက္ေဆာင္ကို အေၿပးအလႊားသြား၀ယ္ေန သၿဖင့္ စီရီဟန္သည္ တန္တန္၏လက္ကုိ ဆြဲကာ ေနရာတြင္ ေစာင့္ဆုိင္း ေနရသည္။
ရီ၀မ္၀မ္ ၿပန္ေရာက္လာခ်ိန္တြင္ ထိုသားအဖနွစ္ေယာက္အား ၾကည့္ရင္း အသည္းတယားယားၿဖင့္ သူမဖုန္းကို ထုတ္ကာ ဓာတ္ပံုရုိက္ယူလုိက္၏။
ညဘက္ေရာက္ေနၿပီၿဖစ္၍ စီရီဟန္သည္ တသီးတသန္ ့အေပ်ာ္စီး သေဘာၤ တြင္ ရွိေနသည့္နာမည္ၾကီး စားေသာက္ဆုိင္ၾကီးတစ္ခုတြင္ ၾကိဳတင္ စာရင္းသြင္းထားလုိက္သည္ ။ ထုိ ့ေနာက္ မိသားစုသံုးေယာက္သား ၿပည္သူ ့ရင္ၿပင္ကေန ထြက္လာၿပီး ထိုစားေသာက္ဆုိင္ဆီသုိ ့ တန္းသြားၾကသည္ ။
သားအမိ၊ သားအဖသံုးေယာက္မွာ ၿပည္သူ ့ရင္ၿပင္သြားတုန္းက ၀တ္စံုဆင္တူကို ၀တ္ဆင္ထားၾကဆဲ ။ ထိုလုိက္ဖက္ၾကသည့္ ၀တ္စံုတုိ ့အၿပင္ သၾကားလံုး ၊ ပန္းကံုးတို ့နွင့္ လက္ေဆာင္ပစၥည္း
တုိ ့ကို ကုိင္ထားၾကေလသည္ ။
ဤဇိမ္ခံသေဘာၤစားေသာက္ဆုိင္ၾကီးသည္ အင္ပါရီယာၿမိဳ့ေတာ္တြင္ အလြန္ပင္ နာမည္ေက်ာ္ၾကားလွ၏။ တစ္ေန ့ကို စားပြဲ၀ုိုင္းဆယ္၀ုိင္းသာလ်ွင္ လက္ခံၿပီး သာမန္လူတစ္ေယာက္က ထုိေနရာတြင္ သြားစားေသာက္လုိပါက လေပါင္းမ်ားစြာၾကိဳတင္ကာ စာရင္းသြင္းေပးထားရသည္သာ ။
ရီ၀မ္၀မ္၊ တန္တန္ နွင့္ စီရီဟန္တို့သည္ စားေသာက္ဆုိင္ထဲသုိ ့ ၀င္လာၾကခ်ိန္ ရင္းနွီးေနၿပီးသည့္မ်က္နွာေတြကို ေတြ ့လုိက္ေလၿပီ ။
လင္းေခ်ြ ့သည္ ရွဲ ့က်ဲ ့က်ီ နွင့္ စကားေၿပာဆုိေနၿခင္းၿဖစ္ၿပီး
သူတုိ ့သံုးေယာက္သားအား ေတြ ့သြားၿခင္းၿဖစ္သည္ ။ တစ္ေယာက္ေယာက္က သူ ့အား အပ္စုိက္ထိုးလုိက္သည့္နွယ္
ေနရာတြင္ ပါးစပ္အေဟာင္းသားၾကီးၿဖင့္ မတ္တပ္ရပ္လုိက္မိၿပီး
စီရီဟန္အား စိုက္ၾကည့္ေနေလသည္ ။
“ငါ…ငါ ၿမင္ေနတာ ဘယ္သူၾကီးလဲ…”
ရွဲ ့က်ဲ ့က်ီသည္လည္း စိတ္၀င္တစားၿဖင့္ စီရီဟန္အား အကဲခတ္ေန သည္ ။ သူ ့အ၀တ္အစားေပၚက ပန္းေရာင္ကာတြန္း၀က္ပံုကုိ ၾကည့္သည္ ၊ ထုိ ့ေနာက္ ရီ၀မ္၀မ္၏လက္ကုိ ကိုင္ထားသည့္
ထုိမုန္ ့လံုးေလးအား ၾကည့္လုိက္သည္ ။ သူ ေသာ့ေသာ့ေလး ရယ္လာၿပီး ေၿပာလာသည္ ။
“အင္း…ၾကည့္ရတာ…ငါတုိ ့ေတာ့…မ်က္လွည့္တစ္ခုနဲ ့…ကို္ယ္တုိင္ေတြ ့လုိက္ရၿပီနဲ ့တူတယ္”
……………………………………………………
စာစဥ္ ၃၉ ၊ အခန္း ၁၄ ။ အားက်ိဳနဲ ့ရထားတာ
လင္းေခ်ြ ့ေခါင္းထိပ္တည့္တည့္ မိုးၾကိဳးတုိ ့ဆယ္ခါၿပန္ပစ္ခ်ခံလုိက္ရ သလုိ ၿဖစ္သြားသည္ ။ အလြန္အမင္း အံ့ၿသထိတ္လန္ ့လြန္းစြာၿဖင့္
သူ ေမးလာသည္ ။
“ငါ အနာဂတ္ကိုမ်ား ၾကိဳေရာက္သြားတာလား ။ ဒါမွမဟုတ္ရင္ တၿခား ပံုရိပ္ေယာင္ကမ႓ာတစ္ခုကိုမ်ား ေရာက္ေနတာလား ။ အစ္ကုိ ၉ မွာ ဘယ္လုိလုပ္ၿပီး သားတစ္ေယာက္ ရွိေနတာလဲ ။ ဒါ မၿဖစ္နုိင္ဘူး ။ သူက ငါ့ရဲ့အစ္ကုိ ၉ မဟုတ္ဘူး ။ ငါ့ရဲ့အစ္ကုိ ၉ က ဒီလုိမ်ိဳး ၀တ္စားထားမယ့္သူ မဟုတ္ဘူး…”
ရီ၀မ္၀မ္ ရုတ္ၿခည္းပင္ လက္ေၿမွာက္ၿပီး ၿပန္ေၿဖလာသည္ ။
“ဒါေတာ့ နဲနဲမလြန္လြန္းဘူးလား”
“အမ္…နဲနဲလြန္တယ္..ဟုတ္လား ။ ေသေလ…အဲ့ဒါက အဓိက မဟုတ္ဘူး၊ ဟုတ္ပီလား”
လင္းေခ်ြ ့ ပိုလုိ ့ပင္ စိတ္ရႈပ္ေထြးလာသည္ ။
ရီ၀မ္၀မ္သည္ ရယ္ကာေမာကာၿဖင့္ သူတုိ ့နွစ္ေယာက္အား လက္ေ၀ွ့ၿပလုိက္သည္ ။
“ရွင္တုိ ့နွစ္ေယာက္နဲ ့ မေတြ ့ၿဖစ္တာေတာင္ ေတာ္ေတ္ာၾကာေနၿပီ”
ရွဲ ့က်ဲ ့က်ီက မိသားစုသံုးေယာက္အား ဟန္ပါပါၾကည့္လာသည္ ။
“အခု မင္းတုိ ့ကုိ ၾကည့္ရတာ ကေလးတစ္ေယာက္ေတာင္ ရေနၿပီဆုိေတာ့….ေတာ္ေတာ္ၾကာၿပီေပါ့ဗ်ာ…”
သူ ့ရဲ့စကားတုိ ့ကို ၾကားလုိက္ရခ်ိန္ ရီ၀မ္၀မ္၏မ်က္ခံုးတုိ ့ ပင့္တက္သြားသည္ ။ သူမသည္ လင္းေခ်ြ ့နွင့္ မေတြ ့ၿဖစ္သည္မွာ အခ်ိန္အၾကာၾကီးရွိေနသည္မွာ အမွန္ပင္ ။
သုိ ့ေသာ္ ၊ ရွဲ ့က်ဲ ့က်ီနွင့္ ဆုိလ်ွင္မူ စီမင္းလိ သူမအား အနက္ေရာင္စခန္းကုိ ေခၚသြားၿပီး အက်ဥ္းခ်စဥ္အခ်ိန္တုန္းက သူ ့အား ခနခနေတြ ့ထားခဲ့ရ၏ ။
သူမ၏အတိတ္ဘ၀တုန္းက စီရီဟန္သည္ မည္သည့္သူူငယ္ခ်င္း အေပါင္းအသင္းမွ မရွိသည့္ အထီးက်န္ဆန္လွေသာ၀ံပုေလြၾကီး ၿဖစ္သည္ ။ သူသည္ မည္သူ ့ကုိမွ ယံုၾကည္ၿခင္းမရွိေပ ။
ရႊီရီ ကိုပင္လ်ွင္ မယံုၾကည္ေပ ။
အတိတ္တုန္းက လင္းေခ်ြ ့နွင့္ ရွဲ ့က်ဲ ့က်ီတုိ ့နွစ္ေယာက္သာ ခ်ြင္းခ်က္အေနၿဖင့္ က်င္းဥယ်ာဥ္သို ့ အလည္လာနုိင္သူမ်ား ၿဖစ္ၾကသည္ ။ သုိ ့ေသာ္ သူတို ့ အလည္လာၾကသည္မွာလည္း တခါတေလမ်ွသာ ။
ထို ့ေၾကာင့္ သူတုိ ့သာ အေပၚယံသူငယ္ခ်င္း အေပါင္းအသင္းဆုိတာထက္ အလုပ္က ရဲေဘာ္ရဲဘက္မ်ားသာ ၿဖစ္ရမည္ဟု သူမ ယူဆထားခဲ့၏ ။
အထူးသၿဖင့္ ရွဲ ့က်ဲ ့က်ီ ပင္ ၿဖစ္သည္ ။ သူသည္ အနုပညာေလာက ထဲက သရုပ္ေဆာင္တစ္ေယာက္ ၿဖစ္ေနၿပီး မိန္းကေလးမ်ားအတြက္ ေကာင္းကင္ဘံုကေန ဆင္းသက္လာသည့္ နတ္သားေလးသဖြယ္ ၿဖစ္ေပ သည္ ။ သူ ့ကို ဘယ္လုိပဲ ၾကည့္ၾကည့္ပါေစ ၊ စီရီဟန္နွင့္ အခ်ိန္အၾကာၾကီး သူူငယ္ခ်င္းဆက္ဆံေရးရွိေနဖုိ ့ဆုိသည္မွာ ဆီေလ်ာ္မႈမရွိလြန္း ။
လင္းေခ်ြ ့သည္လည္း အမ်ားၾကီးလိုေနေသးသည္ပင္ ။
သူသည္ အတင္းမေၿပာရဘဲ မေနတတ္သူ ၿဖစ္ေလသည္ ။
သုိ ့ေသာ္ ေပါင္းသင္းဆက္ဆံတတ္သည့္ေနရာတြင္ေတာ့ မည္သည့္ေနရာေရာက္ေရာက္ သူသည္ ေတာ္ေတာ့္ကို ထူးခ်ြန္လွသည္ ။ စီရီဟန္နွင့္ လင္းေခ်ြ ့တုိ ့ ရင္းနွီးေနသည္ဆုိတာက ပုိလုိ ့ အဓိပၸာယ္ ရွိေပသည္ မဟုတ္လား ။
သို့ေသာ္လည္း သူမအား ကယ္ဆယ္ေပးခဲ့သူမွာ ရွဲ ့က်ဲ ့က်ီ ၿဖစ္ေနေလ သည္။
လင္းေခ်ြ ့ ပါးစပ္အေဟာင္းသားၿဖစ္ေနသည္ ။
“ေအာင္မေလး…ငါတုိ ့ တစ္ေယာက္နဲ ့တစ္ေယာက္
မေတြ ့ၿဖစ္တာ ၾကာေနၿပီဆုိရင္ေတာင္မွ မင္းဆီမွာ ဒီေလာက္အရြယ္သားမ်ိဳး ရွိေနဖို ့ မၿဖစ္နုိင္ဘူး ။
ရီ၀မ္၀မ္…လာေနာက္မေနနဲ ့ ။ မင္း ဒီကေလးကို ဘယ္က သြားခုိးလာတာလဲ”
လင္းေခ်ြ ့၏စကားကုိ ၾကားလုိက္ရသည့္အခ်ိန္ နန္တန္ေရွာင္၏မ်က္နွာမွာ ခ်က္ခ်င္းပင္ မည္းပုတ္လာသည္ ။
ရီ၀မ္၀မ္က ခ်က္ခ်င္း လင္းေခ်ြ ့အား ၾကည့္လာသည္ ။
“ေခြး၀ဲစား လင္း…ရွင္ကသာ သြားခုိးတဲ့သူ ။
ဒီကေလးကုိ က်ြန္မ ဗိုက္နဲ ့လြယ္ၿပီး ေမြးထားတာ ဟုတ္ပီလား”
လင္းေခ်ြ ့၏မ်က္လံုးတို ့ ၿပဴးထြက္လာၿပီး
သူ ့မ်က္နွာမွာ လံုး၀ကုိ မယံုနုိင္ၿဖစ္ေနသည္ ။
“မင္း…မင္း ေမြးထားတာ…ဟုတ္လား”
ရီ၀မ္၀မ္ ေၿပာလာသည္ ။
“ဟုတ္တယ္ ။ က်ြန္မကိုယ္တုိင္ ေမြးထားတာ ။
သူ ့ကုိ အားက်ိဳနဲ ့ ရထားတာ”
လင္းေခ်ြ ့၏ႏႈတ္ခမ္းတို ့ မဲ့ရြဲ ့သြားသည္ ။
“မင္း င့ါကို ေနာက္ေနတာပါ..ဟုတ္တယ္မလား”
ရီ၀မ္၀မ္က ဆက္ေၿပာလာသည္ ။
“သူ ့ကုိ ၾကည့္ၾကည့္လုိက္ေလ ။ ဒီေလာက္ထိ ခ်စ္ဖုိ ့ေကာင္းတဲ့ ကေလးကုိ ေမြးေပးနုိင္တာက အားက်ိဳကလြဲရင္ ဘယ္သူရွိနုိင္မွာလဲ ။ ရွင္ကမ်ား သူ ့ကို က်ြန္မကေလး မဟုတ္ဘူးလုိ ့ ေၿပာရဲေသးတယ္.. ဟုတ္လား”
လင္းေခ်ြ ့သည္ စီရီဟန္တုိ ့၏လက္ကို ကိုင္ဆြဲထားသည့္
မုန္ ့လံုးေလးကို ေသေသခ်ာခ်ာအကဲခတ္ေနသည္ ။
“ဒါက..မင္းတုိ ့…မိသားစုတစ္ခုနဲ ့ တူတာကေတာ့…အမွန္ပဲ..”
လင္းေခ်ြ ့ အက်ယ္ၾကီးေၿပာမိလုိက္ရင္း စိတ္ထဲမွာ တစ္ခုခုထူးဆန္းေနသည္ကုိပါ ခံစားေနမိသည္ ။
“လခြမ္း…ဒါေတာ့ မဟုတ္ေသးဘူး”
ရီ၀မ္၀မ္၊ ဒီေကာင္မစုတ္ေလးက အခုမွ ဘယ္နွနွစ္ရွိေသးလုိ ့လဲ ။ အသက္ ၂၀ ေတာင္ ၿပည့္ေသးလုိ ့လား ။
လင္းေခ်ြ ့ ရုတ္တရက္ၾကီးအ့ံအားသင့္သြားသည္ ။
“မင္းက ငယ္ငယ္ေလးပဲ ရွိေသးတယ္ ။
ဒါကုိေတာင္ ဒီေလာက္အရြယ္သား ရွိေနၿပီဆုိရင္
ငါ့ရဲ့အစ္ကုိ ၉ က တကယ့္အထန္ေကာင္ၾကီး ၿဖစ္သြားမွာေပါ့”
ရီ၀မ္၀မ္ တုိးတုိးေၿပာလာသည္ ။
“ဒါဆုိရင္ေတာ့ အမွန္တရားက တစ္ခုပဲ ရွိေတာ့တယ္”
လင္းေခ်ြ ့ ။ “ဘာလဲ”
ရီ၀မ္၀မ္ ။ “ရွင့္ရဲ့အစ္ကုိ ၉ က တကယ့္ကို အထန္ေကာင္ၾကီးပဲ”
သူမ ဆက္သရုပ္ေဆာင္နုိင္ဖုိ ့ရာအတြက္ စီရီဟန္ကို အနစ္နာခံခုိင္းဖုိ ့ သူမ ဆံုးၿဖတ္လုိက္၏…
စီရီဟန္ ။ “…”
လင္းေခ်ြ ့ ။ “…”
လင္းေခ်ြ ့မွာ တခနေလာက္ ပါးစပ္အေဟာင္းသား ၿဖစ္သြားသည္ ။
“ခ်ီးစကားေတြ….ထန္တဲ့သူ ရွိခ်င္းရွိရင္ အဲ့ဒီလူက မင္းပဲ ၿဖစ္မွာ”
ရီ၀မ္၀မ္သည္ သူ ့အား မ်က္လံုးလွန္ၾကည့္လာသည္ ။
“ဘာထူးၿခားသြားလုိ ့လဲ ။ ဘာပဲေၿပာေၿပာ က်ြန္မဆီမွာ အားက်ိဳနဲ ့ ရတဲ့ကေလး ရွိေနၿပီးသားပဲဟာ”
……………………………………………………
စာစဥ္ ၃၉ ၊ အခန္း ၁၅ ။ ႏႈတ္ဆက္လက္ေဆာင္
လင္းေခ်ြ ့၏မ်က္လံုးတုိ ့ လင္းလက္လာကာ စီရီဟန္အား ၾကည့္လာသည္ ။
“အစ္ကုိ ၉..အစ္ကုိ ၉…က်ြန္ေတာ္တုိ ့ဆီမွာ လာထိုင္ ။
က်ြန္ေတာ္တုိ ့ ဒီလုိမ်ိဳး တုိက္တုိက္ဆုိင္ဆုိင္ၾကီး လာေတြ ့
ရတာဆုိေတာ့ အတူတူစားၾကရင္ မေကာင္းဘူးလား”
ရီ၀မ္၀မ္ ။ “…”
ညစာအတူစားခ်င္တယ္ဆုိတဲ့ အေၾကာင္းၿပခ်က္အတုၾကီးက ငါတုိ ့ကုိ အကဲခတ္ၾကည့္ခ်င္ေနတာကို ဖုံးထားတာနဲ ့ တူလုိက္တာ ။
လင္းေခ်ြ ့၏မ်က္လံုးတုိ ့မွာ သူ ့အား ရႊန္းရႊန္းစားစား စုိက္ၾကည့္ေနသည္ ။
စီရီဟန္က အမူအရာကင္းမဲ့စြာၿဖင့္ သူ ့အား ၾကည့္လာသည္ ။
“စိတ္မ၀င္စားဘူး”
လင္းေခ်ြ ့ ခ်က္ခ်င္းပင္ အသည္းကြဲသြားရသည္ ။
“အရမ္း ကပ္ေစးမနွဲပါနဲ ့ဗ်ာ ။
အတူတူစားေတာ့ ပုိၿပီးေပ်ာ္ေပ်ာ္ပါးပါးၿဖစ္သြားရတာေပါ့”
ရွဲ ့က်ဲ ့က်ီက ေခ်ာင္းအသာဟမ့္လာၿပီး ရီ၀မ္၀မ္အား ေၿပာလာသည္ ။
“ေဘာ့စ္ ရီ…တုိက္တုိက္ဆုိင္ဆုိင္ဗ်ာ က်ြန္ေတာ့္ဆီမွာ မင္းနဲ ့ ေဆြးေႏြးစရာ အလုပ္ကိစၥေလးေတြ ရွိေနတယ္”
ရွဲ ့က်ဲ ့က်ီ နွင့္ လင္းေခ်ြ ့၏ဥာဏ္ရည္မွာ မတူညီေၾကာင္း သိသာလွေပ သည္။ ရွဲ ့က်ဲ ့က်ီသည္ ဤမိသားစုထဲတြင္ မည္သူက ဆံုးၿဖတ္နုိင္ သည့္အာဏာကို ကိုင္ထားေၾကာင္းကို ဒက္ခနဲ သိနုိင္ေလသည္…
ရီ၀မ္၀မ္ တိတ္ဆိတ္သြားသည္ ။
အလုပ္ကိစၥလား…
ရွဲ ့က်ဲ ့က်ီ နွင့္ သူမတုိ ့ နွစ္ေယာက္စလံုးသည္ အနုပညာေလာက တစ္ခုထဲတြင္ လုပ္ေနၾကၿခင္းၿဖစ္ေသာ္လည္း ထုိသူ၏တည္ရွိမႈမွာ နတ္ဘုရားတစ္ပါးထက္ပင္ ပိုေလသည္ ။
သူမတုိ ့နွစ္ေယာက္မွာ ပတ္သက္စရာပင္ မရွိေလရာ
သူ သူမနွင့္ ေဆြးေႏြးစရာဟူ၍ ဘာရွိလိမ့္မည္နည္း ။
ရီ၀မ္၀မ္သည္ တြန္ ့ဆုတ္တြန္ ့ဆုတ္ၿဖစ္ေနသၿဖင့္
ရွဲ ့က်ဲ ့က်ီက ရုတ္တရက္ သူ ့ဖုန္ုးကို ထုတ္လုိက္သည္ ။
ထိုအခုိက္ ရီ၀မ္၀မ္၏ဖုန္း တီခနဲ ၿမည္လာသည္ ။
ရွဲ ့က်ဲ ့က်ီဆီမွ မက္ေဆ့ခ်္ ေရာက္လာၿခင္းပင္ ။
သူမသည္ ရွဲ ့က်ဲ ့က်ီအား အပ္ထားၿဖစ္သည္မွာ ေတာ္ေတာ္ၾကီး ၾကာလွၿပီဆုိေပမည့္ သူမတုိ ့နွစ္ေယာက္သည္ ဘယ္တုန္းကမွ စကားစၿမည္ေၿပာဆုိခဲ့ဖူးၿခင္းမရွိသည္ကို သူမ အမွတ္ရမိလုိက္၏ ။
ဖြင့္ၾကည့္လုိက္သည္တြင္ ရွဲ ့က်ဲ ့က်ီသည္ သူမအား အနီေရာင္စာအိတ္ တစ္အိတ္ ပို ့ေပးထားၿခင္းကို
ေတြ ့လုိက္ရသည္ ။
ဒါက ဘာသေဘာလဲ ။
ရွဲ ့က်ဲ ့က်ီ ေၿပာလာသည္ ။
“မင္းရဲ့သားကုိ အခုမွ ပထမဆံုး ေတြ ့ရတာဆိုေတာ့
သူ ့အတြက္ ႏႈတ္ဆက္လက္ေဆာင္ေလးပါ”
ရီ၀မ္၀မ္၏မ်က္လံုးတို ့ ရႊန္းစားသြားသည္ ။
သားတစ္ေယာက္ ရွိၿခင္းသည္ ထုိကဲ့သုိ ့ အက်ိဳးေက်းဇူးၾကီး ရလာလိမ့္မည္ ဟု သူမ ဘယ္တုန္းကမွ စိတ္ကူူးမထားခဲ့ဖူးပါေခ် ။
သူမ အန္ေပါင္းတုိ ့ပင္ ရလာနုိင္သည္တဲ့လား ။
တခ်ိဳ ့ေသာလူေတြက ရွဲ ့က်ဲ့က်ီဆီကေန သင္ယူတတ္ရင္ ဘယ္ေလာက္ ေကာင္းလုိက္မည္နည္း ။
ရီ၀မ္၀မ္ စာအိတ္ကို ဖြင့္ၾကည့္လုိက္သည့္အခ်ိန္ သူမအား ပိုလုိ ့ပင္ စိတ္ေပ်ာ္ရႊင္သြားေစမည့္ ပုိက္ဆံပမာဏကို
ေတြ ့လုိက္ရေလၿပီ ။
အေစာနကပင္ ထိုေယာက္်ားနွစ္ေယာက္ထံကေန တန္တန္အား အသည္းအသန္ ကာကြယ္ေပးေနပါသည့္ ရီ၀မ္၀မ္ မွာ ရုတ္တရက္ၾကီး သေဘာထားေၿပာင္းသြားေလၿပီ ။
“တန္တန္…ဒီဦးေလးကို ေက်းဇူးတင္တယ္လုိ ့ ၿမန္ၿမန္ေလးေၿပာလုိက္”
တန္တန္က နာနာခံခံၿဖင့္ ေက်းဇူးတင္စကားဆုိလာသည္ ။
“ေက်းဇူးတင္ပါတယ္..ဦးေလး”
ရွဲ ့က်ဲ့က်ီက ၿပံဳးၿပလာသည္ ။
“ရပါတယ္ဗ်ာ”
ရီ၀မ္၀မ္ ။ “ဒီလုိဆုိမွေတာ့ ဆရာ ရွဲ ့..အတူတူ ညစာစားၾကတာေပါ့”
လင္းေခ်ြ ့ အံ့အားသင့္သြား၏ ။
“ငါကေရာ…ငါကေရာ”
ရီ၀မ္၀မ္ ။ “ေနပါဦး…ရွင္က က်ြန္မ မိသားစုရဲ့ေဘဘီေလးအတြက္ ဘယ္သူမ်ားလဲ”
ငါလ…ခြမ္း
လင္းေခ်ြ ့ ခ်က္ခ်င္းပင္ ဟုိဟုိဒီဒီ စမ္းကာ ေငြသားတစ္ထပ္ၾကီး ထုတ္ယူလုိက္ေတာ့သည္ ။
“ဟားဟား…က်ြန္ေတာ္ မေကာင္းတာပါ ၊ က်ြန္ေတာ္ မေကာင္းတာပါ ။ ဒီလိုေပါက္တတ္ကရေတြ က်ြန္ေတာ္ ေလ်ွာက္မေၿပာခဲ့သင့္တာပါ ။ က်ြန္ေတာ့္ရဲ့ လိမ္မာတဲ့တူေလးအတြက္ အန္ေပါင္း ေပးရမွာေပါ့”
ထိုတံုးအလွသည့္ လင္းေခ်ြ ့သည္ ေနာက္ဆံုးေတာ့ အလင္း၀င္သြား သၿဖင့္ ရီ၀မ္၀မ္၏မ်က္ခံုးတို ့ ပင့္တက္သြားေလသည္ ။ ဒီလုိမွေပါ့…
ရီ၀မ္၀မ္က စီရီဟန္အား ၾကည့္လာကာ ေၿပာလုိက္သည္ ။
“အားက်ိဳ…က်ြန္မတုိ ့ အတူတူစားၾကရေအာင္ ။
ဒါဆုိ ပိုၿပီးေတာ့ ေပ်ာ္ေပ်ာ္ပါးပါးၿဖစ္သြားတာေပါ့”
စီရီဟန္ ။ “အင္း”
လင္းေခ်ြ ့ ။ “…”
ငါလခြမ္း…အဲ့ဒီစကားကုိ ငါ ေၿပာတုန္းကက်ေတာ့ ဘာလုိ ့ အဖက္မလုပ္တာလဲ ။
အဆံုးသတ္တြင္ ရွဲက်ဲ ့က်ီနွင့္ လင္းေခ်ြ ့တုိ ့ ေအာင္ေအာင္ၿမင္ၿမင္ ေပါင္းစားနုိင္ေလၿပီ ။
ရီ၀မ္၀မ္ ၊ တန္တန္ နွင့္ စီရီဟန္တုိ ့မိသားစုသံုးေယာက္သားမွာ တစ္ဖက္တြင္ ထုိင္ၾကၿပီး မ်က္နွာခ်င္းဆုိင္ဖက္ၿခမ္းတြင္ ရွဲ့က်ဲ့က်ီ နွင့္ လင္းေခ်ြ ့တုိ ့ ထုိင္ေနၾကသည္ ။
စီရီဟန္ ။ “မင္း ဘာစားခ်င္လဲ”
ရီ၀မ္၀မ္ ။ “ရွင္ပဲ ေရြးလုိက္ ။ က်ြန္မ ဘာၾကိဳက္လဲ ရွင္ သိေနတာပဲ”
စီရီဟန္ ၿမန္ၿမန္ဆန္ဆန္ပင္ စားစရာတခ်ိဳ ့ မွာလုိက္ေလၿပီ။ ထို ့ေနာက္ သူ ့နံေဘးတြင္ ထုိင္ေနသည့္ တန္တန္အား ၾကည့္လုိက္ကာ..
“မင္းေရာ ဘာစားခ်င္လဲ”
နန္တန္ေရွာင္က မ်က္နွာခ်င္းဆုိင္တြင္ ထိုင္ေနၾကသည့္ ထိုသေကာင့္သား နွစ္ေယာက္အား ၾကည့္လုိက္၏ ။ ထို ့ေနာက္ စီရီဟန္အား ၿပန္ၾကည့္လိုက္ၿပီး ၿပန္ေၿဖလာသည္ ။
“ဒက္ဒီ…တန္တန္က ဘာၿဖစ္ၿဖစ္စားပါတယ္”
သူ ့အား “ဒက္ဒီ” ဟု ေခၚလုိက္သၿဖင့္ စီရီဟန္ စိတ္ထဲ ဘ၀င္ေခြ ့သြား ေတာ့သည္ ။
မေန ့ညကတည္းက ၊ ဒီေန ့တစ္ေန ့လံုးလံုး အတူတူသြားကစား ေပ်ာ္ပါးၾကကတည္းက နန္တန္ေရွာင္သည္ သူ ့အား “ဒက္ဒီ” ဟူ၍ ေခၚလာၿခင္း တစ္ၾကိမ္ေလးပင္ မရွိပါေခ် ။ ဤသည္မွာ ပထမဆံုး အၾကိမ္ပင္ ၿဖစ္သည္ ။
“ဖြီးးးးး---”
“ဒက္ဒီ” ဆုိေသာစကားကုိ လင္းေခ်ြ ့ၾကားလုိက္ၿပီး သံပုရာရည္တုိ ့ ဖြီးခနဲ အန္ထြက္ကုန္၏…
သူ ့အေရွ့မွ ၿမင္ကြင္းသည္ အင္မတန္ပင္ လက္သင့္မခံနုိင္စရာ ေကာင္းလြန္းေပသည္…
……………………………………………………
စာစဥ္ ၃၉၊ အခန္း ၁၆ ။ က်ြန္ေတာ္နဲ ့ စာခ်ဳပ္ခ်ဳပ္ပါ
“ဒက္ဒီ” ဆုိေသာစကားကုိ ရီ၀မ္၀မ္ ၾကားလုိက္သည့္အခုိက္ သူမ၏နွလံုးသားေလး အရည္ေပ်ာ္က်လာသည္ ။
အိုး မုိင္…တန္တန္ေလးက ေနာက္ဆံုးေတာ့ စီရီဟန္ကို ဒက္ဒီ လုိ ့ ေခၚလုိက္ၿပီလား…။
ငါ ဘာလုိ ့ ဂုဏ္ယူမိသြားသလို ခံစားေနမိရတာလဲ ။
ထိုမိသားစုသံုးေယာက္သား၏ ေႏြးေထြးဆြတ္ပ်ံ့ေနသည့္ အၿပန္အလွန္ၿပဳမူပံုတို ့ကို ၾကည့္ေနသည့္ လင္းေခ်ြ ့ခမ်ာ
သူ ဘာလုိ ့မ်ား ဒီေနရာမွာ ရွိေနရသည္နည္းဟုပင္ ေမးခြန္းထုတ္လာမိေလၿပီ ။
ငါ ဒီကို ေပ်ာ္ရေအာင္လာတာ မဟုတ္ဘူးလား…
ဒီကေလးက ဘယ္ကေန ထြက္လာတာလဲ…။
လင္းေခ်ြ ့မွာ ထိုအခ်က္ကို သိခ်င္ေနၿခင္းေၾကာင့္ပင္ သူတုိ ့အား ကပ္ေနၿခင္း ၿဖစ္ေပသည္ ။ သို ့ေသာ္ အခုေတာ့
သူ ့ခမ်ာ ေမးပင္ေမးမထြက္နုိင္ေတာ့ ။ အခုလက္ရွိအခ်ိန္တြင္ ထိုင္ခံု၏အစြန္နားကပ္ၿပီး ၿပဳတ္မက်ရံုတမယ္ ထုိင္ေနမိေလၿပီ ။
ထုိကေလးထက္ ပိုအေရးၾကီးသည့္ကိစၥပင္ ရွိေန၏ ။
ဒါနဲ ့ အစ္ကုိ ၉ က ဘာလုိ ့ ဒီလိုအ၀တ္အစားၾကီး ၀တ္ထားရတာလဲ ။
က်ြန္ေတာ့္ရင္ထဲမွာ ရွိေနတဲ့ အစ္ကုိ ့ရဲ့တည္တည္တံ့တံ့ပံုရိပ္ေတြေတာ့ ကုန္ပါၿပီဗ်ာ…
ရုပ္အၾကီးအက်ယ္ ပ်က္ယြင္းေနသည့္ လင္းေခ်ြ ့အား
ရီ၀မ္၀မ္မွာ စကားစ ရွာမရနုိင္စြာ ၾကည့္ေနမိေလသည္ ။
“အစ္ကုိ ၉…သူက တကယ္ၾကီး အစ္ကုိ ့ရဲ့သားလား”
လင္းေခ်ြ ့မွာ ထိုသားအဖနွစ္ေယာက္အား
အၿပန္ၿပန္အလွန္လွန္ ၾကည့္ေနသည္ ။
စီရီဟန္သည္ ေအးစက္စြာၿဖင့္ သူ ့အား ေမာ့ၾကည့္လာကာ..
“ၿပသနာရွိလား”
လင္းေခ်ြ ့ ။ “ၿပသနာမရွိဘူးလား”
ရီ၀မ္၀မ္သည္လည္း သူ ့အား မ်က္လံုးလွန္ၾကည့္လာေခ်ၿပီ ။
“အားက်ိဳနဲ့က်ြန္မမွာ သားရွိတာပဲဟာ ။
ရွင္ ဒီေလာက္ထိ ၿဖစ္ပ်က္ၿပေနစရာ လုိလုိ ့လား”
ထိုစကားနွစ္ခြန္းေၾကာင့္ လင္းေခ်ြ ့ ဆြံ ့အသြားၿပန္သည္ ။
“မလုိဘူးလား”
“ရွဲ ့က်ဲ့က်ီ ဆီကေန သင္ယူစမ္းပါ - ၾကည့္…သူ ဘယ္ေလာက္ေတာင္မွ တည္ၿငိမ္လုိက္သလဲ ။ ဟုတ္သားပဲ…ဆရာ ရွဲ ့…ရွင္ ေစာနက ေၿပာတာ.. က်ြန္မနဲ့ ေဆြးေႏြးစရာရွိလုိ ့ဆုိ”
ရီ၀မ္၀မ္သည္ လင္းေခ်ြ ့အား ေခါင္းထဲ ထည့္မေနေတာ့ဘဲ
ရွဲ ့က်ဲ ့က်ီဘက္သုိ ့ လွည့္လုိက္ေလသည္ ။
ရွဲ ့က်ဲ့က်ီက သူ ့လက္ထဲက ခြက္ကို ခ်ထားၿပီး ၿပန္ေၿဖလာသည္ ။
“က်ြန္ေတာ္ SG နဲ့ စာခ်ဳပ္ခ်ဳပ္ထားတာ ရက္ၿပည့္ေတာ့မယ္”
ရွဲ ့က်ဲ ့က်ီ စာခ်ဳပ္ခ်ဳပ္ထားသည့္ကုမၸဏီမွာ နုိုင္ငံၿခားကုမၸဏီတစ္ခု ၿဖစ္၏ ။ SG သည္ တုိင္းၿပည္ M တြင္ ထိပ္တန္းကုမၸဏီၾကီး သံုးခုထဲက တစ္ခုၿဖစ္၏ ။
“ေအာ္…” ရီ၀မ္၀မ္ ေခါင္းညိတ္ၿပလုိက္သည္ ။
ဒါက ငါနဲ့ ဘာပတ္သက္လုိ ့လဲ ။
“ဒါဆုိ စာခ်ဳပ္သက္တမ္းၿပည့္သြားရင္ ရွင့္ရဲ့ကုမၸဏီအသစ္ ဖြင့္ေတာ့မွာလား ။ ဒါမွမဟုတ္ ေနာက္ကုမၸဏီတစ္ခုဆီကို သြားမွာလား”
ရီ၀မ္၀မ္ ေပါ့ေပါ့ပါးပါးပင္ ေမးလုိက္သည္ ။
ရွဲ ့က်ဲ့က်ီ၏အရည္အခ်င္းနွင့္ဆုိပါလ်ွင္ သူသည္ ကိုယ့္ဘာသာကိုယ္ ရပ္တည္ေနနုိင္ေနၿပီၿဖစ္၏ ။ သို ့ေသာ္ သူ့တြင္ ထုိသုိ ့လုပ္ခ်င္သည့္စိတ္ ရွိမေနခဲ့ၿခင္းပင္ ။
“က်ြန္ေတာ့္ရဲ့ကုိယ္ပုိင္ကုမၸဏီေထာင္ဖုိ့ေတာ့ စိတ္မကူးပါဘူးဗ်ာ ။ တရုတ္မွာရွိေနတဲ့ ကုမၸဏီတစ္ခုနဲ ့ စာခ်ဳပ္ခ်ဳပ္ဖို ့ စဥ္းစားထားတယ္” ေၿပာၿပီးသည့္ေနာက္ ရွဲ့က်ဲ့က်ီသည္ ရီ၀မ္၀မ္အား ၿပံဳးၿပလာသည္ ။
“ဒီလုိဆုိရင္ေရာ…ေဘာ့စ္ ရီ ။ က်ြန္ေတာ္နဲ့ စာခ်ဳပ္ခ်ဳပ္ဖို ့ စဥ္းစားၾကည့္ပါလား”
“ဖြီးးးး----”
ဤတစ္ၾကိမ္တြင္ေတာ့ ရီ၀မ္၀မ္ လက္ဖက္ရည္သီးသြားေလၿပီ ။
ဘုရားေရ….။
ရွင္ က်ြန္မကို လာေနာက္ေနတာလား ။
ကမ႓ာေက်ာ္ကုမၸဏီၾကီးေတြကေတာင္မွ အလုိရွိေနၾကတဲ့ မီဂါစတားၾကီးက သူနဲ ့ စာခ်ဳပ္ခ်ဳပ္ဖုိ ့ ငါ့ကို လာေမးေနတယ္…ဟုတ္လား ။
ဒီလိုၿဖစ္လာလိမ့္မယ္လို ့ ငါေလး တခါမွ မစဥ္းစားဖူးပါဘူးေနာ္…ဟုတ္ပီလား
ရီ၀မ္၀မ္ အဆက္မၿပတ္ ေခ်ာင္းတဟြတ္ဟြတ္ဆုိးေနသည္ ။
တန္တန္သည္ ခ်က္ခ်င္းပင္ စိတ္ပူသြားၿပီး သူမအား တစ္ရွဴးလွမ္းေပး လာ၏။
စီရီဟန္သည္လည္း ထုိမိန္းကေလးအား ေနာက္ေက်ာကေန ပုတ္ေပးေနၿပီး ရွဲ ့က်ဲ ့က်ီအား ၾကည့္လာသည္ ။
စီရီဟန္၏အၾကည့္နွင့္ ဆံုလုိက္သည့္အခုိက္
ရွဲ ့က်ဲ ့က်ီ မွာ မေထ့တေထ့ၿပန္ၾကည့္ေပးလိုက္၏ ။
ရီ၀မ္၀မ္ ေနာက္ဆံုးတြင္ သက္သာသြားေလၿပီ ။
“ရွင္ ေနာက္ေနတာမလား ။ က်ြန္မရဲ့ကုမၸဏီက ရွင့္လုိနတ္ဘုရားၾကီးကုိ ေခၚထားဖုိ ့အတြက္ ေသးနုပ္လြန္းပါေသးတယ္”
မီဂါစတား ရွဲ ့သာ သူတုိ ့နုိင္ငံထဲမွာရွိေနသည့္ ကုမၸဏီတစ္ခုနွင့္ စာခ်ဳပ္ခ်ဳပ္ဆုိမည္ဆုိပါက
ရီ အုပ္စု၏ေအာက္တြင္ တုိက္ရုိက္ရွိေနသည့္ အင္ပါယာစကိုင္းအင္တာတိန္းမန္ ့ သို့မဟုတ္ အနုပညာစတုိင္ မီဒီယာ နွင့္ပင္ ခ်ဳပ္၍ရနုိင္သည္ ။
အင္ပါယာစကုိင္းအင္တာတိန္းမန္ ့ဆုိသည္မွာ ဤနုိင္ငံထဲတြင္ သက္တမ္းအရွည္ၾကာဆံုးေသာ အနုပညာကုမၸဏီၾကီးတစ္ခု ၿဖစ္၏ ။
ကမ႓ာ့အင္တာတိန္းမန္ ့သည္လည္း ထိပ္တန္းကုမၸဏီၾကီးမ်ားထဲတြင္ ဒုတိယသက္တမ္း အရွည္ၾကာဆံုး ကုမၸဏီၿဖစ္၏ ။ သုိ ့ေသာ္ သူသာ ရည္မွန္းခ်က္ၿမင့္ၿမင့္ထားပါက အနုပညာစတုိင္မီဒီယာသည္လည္း ေက်ာ္ၾကားမႈက မနိမ့္ပါေခ် ။ ထိုကုမၸဏီသည္လည္း အရည္အခ်င္းရွိသည့္ ၊ သရုပ္ေဆာင္မ်ားစြာကို ေမြးထုတ္ေပးနုိင္သည့္ ၊ အလြန္အလုပ္ၾကိဳးစားသည့္ ကုမၸဏီၾကီးတစ္ခု ၿဖစ္၏ ။
သူမ၏ကုမၸဏီသည္ကမူ အခုမွ ေၿခလွမ္းတစ္လွမ္းစလွမ္းမိရံုမ်ွသာ ။
သုိ ့ၿဖစ္ရာ မည္ကဲ့သုိ့မ်ား သူ ့အား စာခ်ဳပ္ခ်ဳပ္ဆုိ ေခၚယူထားနုိင္ပါ မည္နည္း။
ရွဲ့က်ဲ့က်ီက ခပ္ေသာ့ေသာ့ရယ္ေမာလာသည္ ။
“က်ြန္ေတာ္ အတည္ေၿပာေနတာပါဗ်ာ။
ေဘာ့စ္ ရီ အခ်ိန္ယူၿပီး စဥ္းစားၾကည့္ပါဦး”
ရီ၀မ္၀မ္ ။ “…”
ငါ့ဖင္ၾကီးကုိ စဥ္းစားၾကည့္…။
သူ ငါ့ကို လာေနာက္ေနတာပဲ…
ဒီေကာင္က ၿပီးခဲ့တဲ့တစ္ေခါက္ကကိစၥကုိ ၿပန္လက္စားေခ်ေနတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္ ။
……………………………………………………
တနလၤာ ေန႕ မွာ ျပန္ေတြ႕ၾကမယ္ေနာ္ အသဲတို႔ ။
စာစဥ္ကို ၀ယ္ဖတ္လိုတဲ့သူေတြက
09 402 842 937 ကို 500 လႊဲေပးေနာ္ ။
ဒါနဲ႔ အခ်စ္ေလျပည္တိုး၀င္လာခဲ့ေသာ္ ဆိုတဲ့
ဒုတိယေျမာက္ Novel ေလး စအပ္ေပးေနပါၿပီ ။ သူလည္း ၀မ္၀မ္ေလးလိုပဲ update ျမန္သြား ၊ မွန္သြားမွာပါ ။ ဖတ္လို႔လည္း တကယ္ေကာင္းတာမို႔ ဖတ္ေပးၾကဦးေနာ္ အသဲတို႔ 😘😘😘😘
...........
Unicode
💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book. : 39
Chapter. : 9 - 16
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၃၉ ၊ အခန်း ၉ ။ ဘေဘီ ဂွတ်မောနင်း
[အမည်မရှိသောနန် ။ အမ်…တန်တန်က ယုံရဲ့လား]
[ရီဝမ်ဝမ် ။ ယုံတာပေါ့ ။ သူ့ကို ရှင့်လို ငတုံးများ မှတ်နေလား]
[အမည်မရှိသောနန် ။ ကျော်ကြားသောရီ…မင်းက အရမ်းကို စိတ်ချရတာပဲ ။ အိမ်ကနေ ထွက်ပြေးသွားတဲ့ ငါ့ညီမလေးနဲ့
သားရှိလို့ရှိမှန်းတောင် မသိတဲ့ ဟိုယောက်ဖထက်စာရင်
မင်းကမှ အများကြီးပိုစိတ်ချရသေးတယ်]
ရီဝမ်ဝမ် ဆွံ့အသွားသည် ။ “…”
သူများအကြောင်း သွားမပြောစမ်းပါနဲ့ ။
ရှင့်တစ်မိသားစုလုံးကသာ စိတ်မချရတာပါ ၊ ဟုတ်ပီလား ။
ထိုသို့ပြောပြီးသွားကြသည့်နောက်တွင် ရီဝမ်ဝမ်သည် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချလိုက်ပြီး အမည်မရှိသောနန်၏နာမည်ပြောင်ကို [နန်ချီးကောင်] ဟု ပြောင်းပေးပစ်လိုက်၏ ။
ထိုစဉ်အချိန်…
မြောက်ဥရောပတွင် ရှိနေသည့် မြို့တစ်မြို့က မြေအောက်ဘား တစ်ခုတွင် ။
အမည်မရှိသောနန်သည် တန်တန်၏ပုံကို ကြည့်နေသည် ။ ကောင်ငယ်လေးသည် ကောင်းကောင်းမွန်မွန်နေနေရသည်ကို မြင်ရသဖြင့် သက်ပြင်းချလိုက်မိသွားသည် ။ ထိုသည်မှာ သူ့အတွက် နောက်ထပ် အသက်ကယ်ဆေးတစ်ခု ရလိုက်သလိုပင် ။
အမည်မရှိသောနန်သည် ချက်ချင်းပင် ထိုပုံကို သူ့အဖေဆီ
မေးလ် ပို့ပေးလိုက်၏ ။
ပုံပို့ပြီးသွားသည့်နောက် သူ့ဖုန်း ချက်ချင်းမြည်လာသည် ။
WeChat ပေါ်တွင် သူ့မိသားစုတို့ကိုယ်တိုင်ပင်လျှင်
သူ့အား လာအပ်ထားကြခြင်းပင် ။
အမည်မရှိသောနန်မှာ ရင်ထဲ ဒိန်းခနဲဖြစ်သွားပြီး လက်တို့ တုန်ရီလာ သည် ။ မြန်မြန်ဆန်ဆန်ပင် လက်ခံသည်ကို နှိပ်ပေးလိုက်ရ၏ ။
သူ့WeChat အကောင့်ကို ဘလော့သွားခဲ့ပြီးသည့်နောက်
သူသည် ပြန်အပ်ခြင်းမရှိတော့ပေ ။ သို့သော် အခုတော့ ဘုရင်မကြီးကိုယ်တိုင်ပင် သူ့အား ပြန်လာအပ်နေချေပြီ ။
[အမည်မရှိသောနန် ။ အမေ…တွေ့လား ။ တန်တန်က အဲ့ဒီမှာ လုံးဝကို အဆင်ပြေနေပါတယ်ဆို ။ ကောင်းကောင်းစားတယ်…ကောင်းကောင်းအိပ်တယ် ။ ကျွန်တော် ရှာတွေ့ထားတဲ့သူက အရမ်းကို စိတ်ချရပါတယ်လို့ ကျွန်တော် ပြောသားပဲ ။ အဲ့ဒီစုံတွဲက အရမ်းကို သဘောကောင်းတယ်]
အမည်မရှိသောနန်မှာ ထိုစာကို မနဲအားတင်းပြီး
ပို့ပေးလိုက်ခြင်းပင် ။
အကြာကြီးကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက်
တစ်ဖက်က စာပြန်ပို့လာသည် ။
[အဲ့မိန်းကလေးပုံ ရှိလား]
သူ့အမေ၏ပြန်စာကို မြင်လိုက်ရသည့်အချိန်
အမည်မရှိသောနန် အံ့အားသင့်သွားသည် ။
အမေက ရီဝမ်ဝမ်ရဲ့ပုံကို လိုချင်နေတာလား ။
ထိုသို့တွေးလိုက်မိပြီးနောက် အမည်မရှိသောနန်မှာ မေးကြည့်ဖို့ ဆုံးဖြတ်လိုက်၏ ။
[အမေ…မိန်းကလေး ရီ ရဲ့ပုံကို ဘာလုပ်ဖို့လဲ]
ထိုသို့စာပို့လိုက်သည့်နောက်တွင် အမည်မရှိသောနန်၏
ဖုန်း မြည်လာတော့သည် ။ သူ့မိသားစု၏ဘုရင်မကြီးမှ ဖုန်းခေါ်လာခြင်းပါတည်း။
သူ့စိတ်ထဲ ချီတုံချတုံဖြစ်ရင်း ဖုန်းကိုင်လိုက်၏…
အမည်မရှိသောနန်က သတိကြီးကြီးထားပြီး ဖုန်းကိုင်လိုက်သည် ။
[ဟယ်လို…အမေ…ဘာကိစ္စရှိလို့လဲ]
“အဲ့ဒီမိန်းကလေးက ငါတို့ရဲ့ စိုးရိမ်ခြင်းကင်းသောနဲ့ အရမ်းဆင်တယ် ်လို့ မင်း မထင်ဘူးလား” ဖုန်းတစ်ဖက်ကသူသည် အလောတကြီးသံ ံဖြင့် ပြောလာသည် ။
အမည်မရှိသောနန် အံ့သြသွားသည် ။
သို့သော် သူ ပြန်ဖြေလိုက်သည ်။
“ဒါက…နဲနဲတော့ တူပါတယ် ။ ကျွန်တော် သူမကို
စတွေ့မိတုန်းကဆို ခနခနမကြည့်ဘဲကို မနေနိုင်ဘူး ။ ဒါပေမယ့်လည်း ရိုးရိုးသားသား ပြောရရင် အဲ့ဒီမိန်းကလေးက ကျွန်တော်တို့ရဲ့ စိုးရိမ်ခြင်းကင်းသော ထက် ပိုချောတာကလွဲပြီး လုံးဝကို မတူပါဘူး”
“ပြီးတော့ အမေ…ကျွန်တော့် အဲ့ဒီမိန်းကလေးနဲ့ပတ်သက်ပြီးတော့ သေသေချာချာစုံစမ်းထားပြီးသွားပြီ ။ သူမက အင်ပါရီယာမြို့တော်က
ရီ မိသားစုရဲ့ ဒုတိယသခင်မလေး ။ သူမမှာ မိဘတွေရှိတယ် ၊ အစ်ကို တစ်ယောက် ရှိတယ် ။ အရမ်းကို ကောင်းတဲ့ ချစ်သူတစ်ယောက်တောင် ရှိသေးတယ် ။ ဒီတော့ ဘယ်လိုမှ စိုးရိမ်ခြင်းကင်းသော မဖြစ်နိုင်ဘူး…”
ပြောရမည်ဆိုပါလျှင် သူသည်လည်း စိုးရိမ်ခြင်းကင်းသောကို ရှာတွေ့ဖို့ မျှော်လင့်နေသူပင် ဖြစ်လေသည် ။
သို့သော်လည်း သူ့အနေဖြင့်
သူ့ညီမလေးနှင့် ရုပ်ချင်းဆင်တူသည့်တွေ့ကရာလူကို ကောက်ယူပြီး သူ့ညီမလေးအဖြစ် ဟန်ဆောင်ခိုင်းဖို့ မဖြစ်နိုင်ဘူးမဟုတ်ပါလား…
ဖုန်းသည် တိတ်ကျသွားသည် ။
ထို့နောက် သခင်မကြီး နန် က စပြောလာသည် ။
“တန်တန့်ကို စောင့်ရှောက်ပေးတဲ့အတွက် အမေက ကျေးဇူးတင်နေတယ် ဆိုတဲ့အကြောင်းကို ပြောပေးဦး”
အမည်မရှိသောနန် ။ “အင်းပါ၊ ပြောလိုက်မယ်..စိတ်ချ ။ ညီမလေးက ငယ်ငယ်လေးကတည်းက အမြဲလျှောက်ပတ်သွားနေတတ်တာပဲဟာ ။ တစ်နေရာထဲမှာပဲ ခြေငြိမ်တတ်တဲ့သူမျိုး မဟုတ်ဘူး ။ ဒီတော့ တစ်နေရာရာမှာ ပျော်လို့ဝသွားတာနဲ့ သူမ ပြန်လာမှာပါ…”
သခင်မကြီး နန် သည် သူမ၏စိတ်မသက်သာမှုတို့ကို ဖုံးလိုက်ရင်း သက်ပြင်းရှည်ကြီး ချလိုက်၏ ။
“အဲ့လိုဖြစ်ပါစေလို့ပဲ မျှော်လင့်ရမှာပဲ…”
တရုတ်နိုင်ငံ ၊ နှင်းဆီအိမ်တော်လေးတွင် ။
ကလေးငယ်သည် မျက်လုံးတို့ တဖြေးဖြေးချင်း ဖွင့်လာချိန်တွင်
ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ်အဖက်ခံထားရသည်ကို
တွေ့သွား၏ ။
ထိုရင်ခွင်မှာ သူ့မာမီလိုမျိုး မဟုတ်နေဘဲ နေရာကျယ်ကျယ်ဝန်းဝန်း ရှိပေသည်…
သူ့လက်မောင်းပေါ်က လှုပ်လှုပ်ရှားရှားဖြစ်လာမှုကို
စီရီဟန် သတိပြုမိသွားဟန်တူသည် ။ သူပါ နိုးလာ၏ ။
“နှစ်ယောက်လုံး နိုးလာပြီလား”
အရှေ့လေးကမှ နိုးလာသည့် ရီဝမ်ဝမ်က ပျော်ရွှင်မြူးတူးစွာ ပြောလာသည် ။
“ဘေဘီ…ဂွတ် မောနင်း…”
ဂွတ်မောနင်းဟု ရီဝမ်ဝမ် ပြောလိုက်ပြီးသည့်နောက်…
ရုတ်တရက်ကြီး လေထုသည် တိတ်ကျသွားပြီး
စတင်ကာ သိပ်သည်းလာသည်ကို သူမ ခံစားမိလိုက်၏ ။
အခုနကမှ အိပ်ရာနိုးလာသည့် ကလေးလေးနှင့် စီရီဟန် မှာ
သူမလေးအား တည်တည်ငြိမ်ငြိမ်ဖြင့် ငေးစိုက်ကြည့်နေကြလေသည်…
…………………………………………………
စာစဉ် ၃၉၊ အခန်း ၁၀ ။ မကောင်းဆိုးဝါးကြီး အအေးနန်းတော်ထဲ ကန်ထုတ်ခံလိုက်ရပြီ
“ဂွတ် မောနင်း” ဟု နှုတ်ဆက်လိုက်သည့် ရီဝမ်ဝမ်ခမျာ အူကြောင်ကြောင် ဖြစ်သွားသည် ။
အကြောင်းမူ ကလေးလေးနှင့် လူကြီးနှစ်ယောက်စလုံးသည်
သူမအား စူးစူးစိုက်စိုက် စိုက်ကြည့်နေကြခြင်းကြောင့်ပင် ။
တန်တန်သည် ဘေဘီ ဖြစ်သည်မှာ ထင်ရှားပေသည် ။
သို့သော် စီရီဟန် အား သူမ ပေးထားသည့် ချစ်စနိုးနာမည်မှာလည်း ဘေဘီ ပင် ဖြစ်သည် မဟုတ်လော…
ရီဝမ်ဝမ်သည် အခုမှ အိပ်ရာနိုးလာသည့် ဖြူဖြူစွတ်စွတ်
မုန့်လုံးလေး ကို အရင်ကြည့်လိုက်၏ ။
အိုး…ဘေဘီက အရမ်းကို ချစ်ဖို့ကောင်းလိုက်တာ ။ ငါ့အသည်းတွေ ကြွေကျပါပြီနော်…
ထို့နောက် စီရီဟန် အား ကြည့်လိုက်သည်…
ဘုရားရေ…အိပ်ရာနိုးခါစ အလှလေးကလည်း ချောလိုက်တာ ။ ငါ သေလို့ရပါပြီနော် ။
သို့သော် ထိုနှစ်ဦးစလုံးသည် အစောနက သူမ ပြောလိုက်သည့်နာမ်စား တစ်ခုကို အသည်းအသန် ခေါင်းထဲထည့်နေကြလေပြီ…
နာမည်လေးတစ်ခုပဲဟာကို…သူတို့ရုပ်က ဘာလို့ အဲ့လိုမျိုး ဖြစ်နေကြတာလဲ ။
ဒီလိုဟာမျိုးအပေါ်မှာကျတော့ သူတို့ရဲ့ပြုမူလာတဲ့ပုံစံက ပိုပြီးတော့တောင် တူနေသေးတာပါလား ။
သူမစိတ်ထဲက ငြင်းခုန်နေမှုကြီး ပြီးသွားသည့်နောက်တွင် ရီဝမ်ဝမ်သည် ချစ်စရာကောင်းသည့် မုန့်လုံးလေးကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပြီး ကောင်ငယ်လေး၏ဆံပင်တို့ကို ဖွဖွလေး ထိုးဖွပစ်လိုက်ရင်း ပြောလိုက်၏ ။
“ဘေဘီ…ဂွတ်မောနင်း ။
ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား”
ချက်ချင်းပင် ကောင်ငယ်လေးမှာ နေကြာပန်းအလားနှယ် ရွှန်းစားသွားလေပြီ ။ သူ့မျက်ဝန်းတွင် ပျော်ရွှင်မှုတို့ ပြည့်လျှမ်းတက်လာရသည် ။
ထိုကလေးလေးသည် သူ့ခေါင်းလေးဖြင့် ရီဝမ်ဝမ်၏လက်ကို တိုးဝှေ့ဝင်လိုက်ပြီး ခေါင်းညိတ်ပြလာသည် ။
“ဟုတ်…တန်တန် ကောင်းကောင်းအိပ်ပျော်ပါတယ် ။
မာမီ…ဂွတ်မောနင်း”
တစ်ချက်လေးပဲ မတွန့်ဆုတ်ပဲ မုန့်လုံးလေးအား ရွေးချယ်သွားသည့် ရီဝမ်ဝမ်အား ကြည့်နေသည့် စီရီဟန် ။ “…”
အခုလက်ရှိအချိန်တွင် သူ၏အကြီးမားဆုံးသော ပျော်ရွှင်မှုကြီးမှာ
ထိုမုန့်လုံးလေးသည် သူတို့ကလေး မဟုတ်နေခြင်းပင် ။
မနေ့ညက သူ၏ မိသားစုတစ်ခုဖန်တီးမည်ဆိုသည့်အတွေးတို့သည်ပင် အခုလက်ရှိအချိန်တွင် လေထဲလွင့်ပြယ်သွားရလေပြီ…
“ဘေဘီ…မာမီ အကျီၤကူဝတ်ပေးရဦးမလား”
ရီဝမ်ဝမ် နှစ်လိုစွာ မေးလိုက်၏ ။
ထိုကလေးငယ်မှာ သူ့ဘာသာ ဝတ်နိုင်သည်ဟု ဆိုကာ သူမ၏အမေးကို ကန့်ကွက်ချင်ဟန် ပေါ်လေသည် ။
သို့သော် တစ်ခုကို တွေးလိုက်မိသည့်နောက် သူ ခေါင်းညိတ်ပြလာသည် ။
ရီဝမ်ဝမ် ။ “ဒါနဲ့…သား ဒီနေ့ မာမီ ဝယ်ပေးထားတဲ့ အကျီၤသစ်လေး ဝတ်မလား”
ကောင်ငယ်လေးသည် လိမ်မာစွာဖြင့် သဘောတူလာသည် ။
“ဟုတ်ကဲ့”
ရီဝမ်ဝမ်သည် တန်တန် အတွက် အဝတ်အစားအသစ်တွေ အများကြီး ဝယ်လာခဲ့၏ ။ မိသားစုဝတ်စုံလေးတွေ အများကြီးပါ ပါလာခြင်းဖြစ်ပြီး ထိုထဲက တစ်စုံကို သူမ စိတ်လှုပ်ရှားစွာဖြင့် ထုတ်ယူလိုက်သည် ။
ဝတ်စုံလေးမှာ အဖြူရောင်တီရှပ်လေးနှင့် ဂျင်းဘောင်းဘီ ဖြစ်သည် ။ တီရှပ်ပေါ်တွင် ချစ်စရာကောင်းလှသည့် ပန်းရောင်ဝက်ပုံကာတွန်း ရှိနေသည် ။
“မြန်မြန်လေး…ဒီကိုလာ ။ မာမီ ကူဝတ်ပေးမယ်နော်”
ကောင်ငယ်လေးသည် ဆင်တူမိန်းကလေးဝတ်စုံကို ကြည့်လိုက်၏ ။
“မာမီလည်း သားနဲ့ဆင်တူဝတ်မလို့လား”
ရီဝမ်ဝမ် တခစ်ခစ်ရယ်လာသည် ။
“မာမီလည်း ဝတ်မှာပေါ့”
ကောင်ငယ်လေးသည် အပြုံးရေးရေးလေး ပြုံးလာလေရာ သူူ၏နီထွေးနေသည့်ပါးလေးနှစ်ဖက်တွင် ချစ်စရာကောင်းသည့် ပါးချိုင့်လေးတို့လည်း ပေါ်ထွက်လာလေသည် ။
မနက်စောစောစီးစီး အိပ်ရာနိုးနေကြခြင်းဖြစ်ပြီး သားအမိနှစ်ယောက်သည် နွေးထွေးပြီး ချစ်စရာကောင်းလှသည့် ပန်းချီကားလေးတစ်ချပ်အလားနှယ် အောက်မေ့မိစေသည်…
သို့သော် သူတို့ စီရီဟန်ကိုမူ လုံးဝကို အမေ့အလျော့ဖြစ်နေကြ လေပြီ….
သူသည်ကား နောင်တွင် သူတို့ ကလေးရလာပါက မည်သို့ဖြစ်လာလိမ့်မည်ကိုပင် ကြိုတင်မျက်မြင်ခံစားမိနေလေပြီ…
“အိုကေပြီ…သွား..အရင်ဆုံး မျက်နှာသစ်၊ ကိုယ်လက်ဆေးလိုက် ။
ပြီးရင် မာမီတို့ အောက်ထပ်ကို ဆင်းပြီး မနက်စာသွားစားကြမယ်”
ရီဝမ်ဝမ်သည် ထိုကောင်ငယ်လေးအား အကျီၤကူဝတ်ပေးနေရင်း ဆိုလာသည် ။
မနေ့က ရင်ထဲတွင် စိတ်မသက်မသာဖြစ်နေခဲ့သည့် ကောင်ငယ်လေးမှာ အခုတွင်မူ ဝေဒနာအရှင်းပျောက်သွားလေ သည့်နှယ် ။
သူ့မျက်နှာလေးမှာ ပျော်ရွှင်မှုတို့ဖြင့် ပြည့်လျှမ်းနေပြီး မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးသည့် နောက် အောက်ထပ်ကို ဆင်းသွားလေသည် ။
တန်တန် ထွက်သွားသည့်နောက် ရီဝမ်ဝမ်သည် ချောင်းအသာဟမ့်လိုက်ပြီး စီရီဟန်အား ကြည့်လိုက်သည် ။
“*အဟမ်း*…အားကျို…”
အခုချိန်တွင် စီရီဟန်၏အမူအရာမှာ မည်သို့ဖြစ်နေမည်ကို
သူမ မှန်းစကြည့်နေစရာပင် မလိုပေ ။
အရှေ့အာရှ၏ သဝန်တိုခြင်းနေရာတွင် ဘုရင်တစ်ဆူဖြစ်သော စီရီဟန် ။ ကျားတစ်ကောင်ကိုပင် လိုက်အူတိုပြီး သက်ရှိလူသားဆိုလျှင် ပိုဆိုးပေသည့် စီရီဟန် မဟုတ်ပါလော ။
သို့သော် အခုချိန်တွင် သူ့၏ပြိုင်ဘက်မှာ သူ့သားအရင်း ဖြစ်နေသောကြောင့် ၊ သူ့ခမျာ ကျိတ်မြိုသိပ်နေရလေ သည်…
အအေးနန်းတော်ထဲ ကန်ထုတ်ခံထားရသည့် စီရီဟန်ခမျာ
အခုတော့ အိပ်ရာပေါ်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ထိုင်နေပြီး
သူမလေးအား အကဲခတ်နေသည် ။
“တစ်ခုခု ပြောစရာမရှိဘူးလား”
ရီဝမ်ဝမ်မှာ ထိုမကောင်းဆိုးဝါးကြီး၏ဆူနာမီ ထန်နေသည့်အမူအရာ ကြောင့် ငိုရမည်လော၊ ရယ်ရမည်လောပင် မသိတော့ ။
သူမ သက်ပြင်းချလိုက်ပြီး သူ့ဆီသို့ လျှောက်သွားလိုက်၏ ။ ထို့နောက် ကိုယ်ကို ကိုင်းချလိုက်ပြီး သူ၏နှုတ်ခမ်းထက် ခပ်ဖွဖွလေး နမ်းရှိုက်လိုက်ရင်း တိုးတိုးညင်းညင်းလေး ပြောလိုက်သည်ကား…
“ဂွတ် မောနင်း…ယောကျာ်း”
……………………………………………………
စာစဉ် ၃၉၊ အခန်း ၁၁ ။ ပြီးပြည့်စုံသည့် မိသားစုသုံးယောက်
သူ့နားနားကပ်ပြီး ပြောလိုက်သည့် “ယောကျာ်း” ဆိုသည့် စကားသံနွေးနွေးလေးကြောင့် စီရီဟန် ကြောင်အမ်းသွား သည် ။
နောက်တစ်စက္ကန့်တွင် ကျယ်ပြောလှသည့်လက်ဖဝါးကြီးသည် ထိုမိန်းကလေး၏ခေါင်းကနေ ဖိထားလိုက်ပြီး
သူ စွဲစွဲမက်မက် နမ်းရှိုက်တော့သည်…
မြေခွေးလေး ရီဝမ်ဝမ် မှာ ခိုးခိုးခစ်ခစ်ရယ်မောလာသည် ။
“အခုဆို ကျွန်မတို့မှာ ဘေဘီလေး ရှိနေပြီ ။ ဒီတော့ ဒီနာမ်စားလေးက ရှင့်အတွက်ပဲ ။ ဒီနာမည်လေးကို ရှင် သဘောကျတယ်မလား”
စီရီဟန်သည် သူမ၏မေးခွန်းကို ဖြေလာရမည့်အစား သူမလေး၏နှုတ်ခမ်း ကို ကိုက်လိုက်ပြီး အဖြေပေးလာသည် ။
ရီဝမ်ဝမ် ရုတ်တရက် တစ်ခုကို တွေးမိသွားပြီး စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ထလိုက်၏ ။
“အဲ..ဟုတ်သားပဲ ။ မိသားစုဝတ်စုံကို သုံးစုံဝယ်လာတယ် ။
တန်တန် ရယ်၊ ကျွန်မ ရယ် ပြီးတော့ ရှင့်အတွက်ရယ် ။ အဲ့ဒီမိသားစုဝတ်စုံလေးကိုသာ ဝတ်လိုက်ရင် ကျွန်မတို့တော့ မိသားစုလေးတစ်ခုနဲ့ တူသွားမှာပဲနော်”
မိသားစု…
စီရီဟန် ။ “…”
ရီဝမ်ဝမ်သည် အလွန်ပင် လူကြီးဆန်လာလှပေသည် ။
သူမသည် ပြသနာထုပ်မှန်သမျှကို မုန်းတီးပြီး ကလေးတွေကို မချစ်မနှစ်သက်သည်မှာလည်း အထင်အရှားပင် ။
သို့ဖြစ်လေရာ သူမသည် ကလေးတစ်ယောက်ကို အခုလိုမျိုး ကောင်းကောင်းကြီးတန်ဖိုးထားနေလိမ့်မည်ဟု သူ လုံး၀ မမျှော်လင့်ထားမိခဲ့ပေ ။
အသစ်အဆန်းတွေ ၍့ ခနတာစိတ်ဝင်စားခြင်းမျိုးပေလား ။ ထိုကလေးလေးအား သူမ စိတ်ဝင်စားနေသည့်အဓိကအချက်မှာ ထိုကလေး၏ရုပ်ရည်ချောမောနေခြင်းကြောင့်ပေလား ။
ရီဝမ်ဝမ်သည် အဝတ်အစားလဲကာ ပြန်လာပြီးသည့်နောက်တွင်
စီရီဟန် အတွက် အဝတ်အစားတို့ကို ပေးလာသည် ။
ရီဝမ်ဝမ်က တန်တန် ဝတ်ထားသလိုပင် တစ်ကိုယ်လုံးကို ဆင်တူဝတ်ဆင်ထား၏ ။ ဂျင်းဘောင်းဘီဆင်တူ နှင့် ပန်းရောင် ဝက်ကာတွန်းပုံလေးပါသည့် ရှပ်အင်္ကျီဆင်တူကို ဝတ်ဆင်ထားသည် ။
သူမလေးမှာ အထက်တန်းကျောင်းသူလေးနှင့်ပင် တူလှချေသည် ။
“အားကျို…မြန်မြန်လေး ဝတ်လိုက် ။ မိသားစုတစ်စုဆိုတာက စည်းစည်းလုံးလုံးနဲ့ ပြီးပြည့်စုံနေရမယ်လေနော်”
ရီဝမ်ဝမ်က စိတ်လှုပ်ရှားစွာဖြင့် သူ့အား လောဆော်လာသည် ။
စီရီဟန်သည် သူ့လက်ထဲ ရောက်နေသည့် ပန်းရောင် ဝက်ကာတွန်းပုံ ပါသည့် ရှပ်အကျီၤကို ကြည့်လိုက်၏ ။ “…”
အသိသာပင် ၊ တစ်စုံတစ်ယောက်သောသူသည်
သူ့ဘဝတွင်
ထိုသို့ကလေးဆန်သည့်အဝတ်အစားမျိုးကို ဘယ်တုန်းကမှ မဝတ်စားခဲ့ဖူးပေ….
ရီဝမ်ဝမ် ။ “ယောကျာ်း…ယောကျာ်း…နော်လို့”
စီရီဟန် ။ “အင်း”
တခနကြာပြီးသည်တွင် ။
ရီဝမ်ဝမ်နှင့် စီရီဟန်တို့ အဝတ်အစားလဲပြီးသွားကြသဖြင့်
အောက်ထပ်သို့ ဆင်းလာကြသည် ။
ပုန်းလျိုးကွယ်လျိုးဖြင့် ထိုမိသားစုအား ချောင်းကြည့်လိုက်မိကြချိန် မိသားစုသုံးယောက်မှာ ဆင်တူဝတ်ထားသည်ကို မြင်လိုက်ကြသည့် ထိုငါးယောက်အဖွဲ့ခမျာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည် ။ “…”
ယောကျာ်းလေးအသုံးတော်ခံတွေ မရေမတွက်နိုင်အောင် ရှိသည်ဟု နာမည်ကြီးသည့် အနက်ရောင်မုဆိုးမ မဟုတ်လော ။
ဘယ်မိန်းမကိုမှ တစ်စက်လေးပင် စိတ်ဝင်စားခြင်းမရှိသူဟု သတင်းကျော်နေသည့် ဒီမွန်းမိသားစုခေါင်ကြီး မဟုတ်လော ။ ထိုအကျော်ဇေယျနှစ်ယောက်သည် သူတို့သားနှင့် ဆင်တူအောင်
ထိုသို့ကလေးဆန်လှသည့် မိသားစု ဆင်တူဝတ်စုံကို ဝတ်ထားနေကြ လေပြီ…
ဤမြင်ကွင်း…သူတို့သာ သူတို့မျက်လုံးကြီးနှစ်လုံးဖြင့် ဤမြင်ကွင်းကို မမြင်တွေ့ခဲ့ရဘူးဆိုပါလျှင်…မည်သို့မှ ယုံကြည်နိုင်လိမ့်မည်မဟုတ်…
ထိုငါးယောက်အဖွဲ့ထက် ပိုလို့ရှော့ရနေသူတစ်ဦးလည်း ရှိနေသည် ။
ရွှီရီ….။
သူ့သခင်လေး တစ်ခုခုဖြစ်သွားမည်ကို စိုးလျက် တစ်ညလုံးလုံး နှင်းဆီအိမ်တော်လေးကနေ ထွက်သွားရဲခြင်းမရှိခဲ့ဘဲ နိုးနိုးကြားကြားနှင့် သူ့ကို လှမ်းခေါ်မည့်အသံကို စောင့်နေခဲ့သည့် ရွှီရီ…။
နေရောင်ခြည်ဖြာထွက်လာပြီး မနက်ခင်းချိန် ရောက်လာသည့့််တိုင်အောင် အပြင်ဘက်ကနေ စောင့်စားနေခဲ့သည့် ရွှီရီခမျာ…
အဆုံးသတ်တွင် ဤအံ့သြဘနန်း ဆန်းကြယ်လှသည့် ပန်းချီကားတစ်ချပ်ကို တွေ့လိုက်ရလေသည် ။
ဒါက…ဒါက ဘယ်လိုအခြေအနေမျိုးလဲ…
ဧည့်ခန်းထဲတွင် ရောက်နေသည့် ရွှီရီကို ရီဝမ်ဝမ် သတိပြုမိသွားပြီး အံ့အားသင့်စွာဖြင့် မေးလာသည် ။
“အဲ…အိမ်တော်ထိန်း ရွှီ…ရှင် အခုထိ ဒီမှာ ရှိနေသေးတာလား”
ရွှီရီ ။ “…”
ကျွန်တော် ဒီမှာပဲ တစ်ချိန်လုံး ရှိနေတာပါဗျ…ဟုတ်ပီလား ။
မနေ့ညက အခြေအနေက ဒီလောက်တောင် ကြောက်စရာကောင်း တဲ့ဟာ ။ ကျွန်တော် ဘယ်လိုလုပ်ပြီးတော့ ဒီတိုင်း ထားသွားနိုင်မှာလဲ ။
ရွှီရီ၏အမူအရာကို မြင်တွေ့လိုက်ပြီး မနေ့က အားလုံး အလောတကြီး နိုင်ခဲ့ခြင်းကို ရီဝမ်ဝမ် သဘောပေါက်မိသွားသည် ။ သူမသည် သူ့ကို ရှင်းရှင်းလင်းလင်း ရှင်းမပြထားရသေးပေ ။ ထို့ကြောင့်
သူ့ဆီကို သွားလိုက်ပြီး ဖြစ်ကြောင်းကုန်စင်ကို တိုးတိုးလေးပြောပြလိုက်၏ ။
ရွှီရီ ။ “…”
ဘယ်လို…။
ကျွန်တော့်မှာဖြင့် တစ်ညလုံး စိတ်ပူလိုက်ရတာ ။ တကယ်တမ်းကျတော့ သူတို့နှစ်ယောက်က တခြားသူရဲ့ကလေးကို စောင့်ရှောက်ပေးနေပြီး မိဘတွေလို ဟန်ဆောင်ပေးနေကြတာတဲ့လား ။
သူသည် ဖြစ်နိုင်ချေအကုန်လုံးကို လိုက်တွေးကြည့်ပြီးသည့်တိုင်အောင် ထိုကဲ့သို့ ဖြစ်နိုင်ချေကိုမူ တစ်စက်လေးပင် မတွေးထားမိခဲ့ပါပေ ။
သူ ဝန်ခံရပေမည်…ငါ ရှုံးတယ် ။
ကလေးတစ်ယောက် - သူ့သခင်လေးသည် မည်သို့များ ထိုသည်ကို လွယ်လွယ်လေး လက်သင့်ခံပေးလိုက်ရသည်နည်း ။
ရွှီရီသည် ပါးစပ်အဟောင်းသားဖြင့် သူ့သခင်လေးအား ကြည့်လိုက်သည် ။
ထိုခိုက် သူတွေ့လိုက်ရသည်မှာ လူကြီးနှင့် ကလေးပိစိလေးသည် ထမင်းစားပွဲပေါ်တွင် တစ်ယောက်ကိုတစ်ယောက် မျက်နှာမူကာ ထိုင်နေကြပြီး ဆင်တူဝတ်ဆင်ထားကြလေသည် ။
စီရီဟန်သည် ပေါ့ပေါ့ပါးပါးဟန်ဖြင့် မနက်စာစားနေရင်း ထိုကောင်ငယ်လေးအား ကြက်ဥကြော်မကျက်တကျက်လေးကို ထည့်ပေးနေသည် ။
သူတို့ပုံစံလေးမှာ အလွန်အမင်းပင်…အံဝင်ခွင်ကျရှိနေကြလေသည်…
အစကနေ အဆုံးအထိတိုင် စိတ်တို့ယောက်ယက်ခတ်ကာ ဘာမှမဟုတ်သည်ကို တွေးပူနေခဲ့မိသူမှာ သူတစ်ယောက်တည်းသာ ပါလား…
....................................................................
စာစဉ် ၃၉ ၊ အခန်း ၁၂ ။ အထူးဒိတ်ခြင်း
ရီဝမ်ဝမ်သည် ရွှီရီအား ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြပေးပြီးသည့်နောက် မနက်စာစားဖို့ရာ ပျော်ပျော်ရွှင်ရွှင်ဖြင့် သွားတော့သည် ။
စီရီဟန်၏ တန်တန်အား ဟင်းထည့်ပေးနေခြင်းတို့ကို
ရီဝမ်ဝမ် ကြည့်နေမိ၏ ။ တန်တန်သည် စီရီဟန်အား အရမ်းပူးပူးကပ်ကပ်မနေသော်လည်း သူ့ကို ငြင်းဆန်ခြင်းမျိုး မရှိပါချေ ။ ကျေးဇူးတင်စွာဖြင့်ပင် ပြောလိုက်လေသည် ။ “ကျေးဇူးတင်ပါတယ်”
အရာအားလုံးမှာ ရီဝမ်ဝမ် မျှော်လင့်ထားသည်ထက်ပင် ပိုလို့ကောင်းမွန်နေသည် ။ ထို့ကြောင့် ရီဝမ်ဝမ် စိတ်အေးလက်အေး ဖြစ်သွား၏ ။
ဒီနေ့တွင် စီရီဟန်သည် အလုပ်ကို သွားစရာမလိုသလို ရီဝမ်ဝမ်သည်လည်း နားရက်ဖြစ်၏ ။
ရီဝမ်ဝမ် အရင်က ချထားခဲ့သည့်စည်းမျဉ်းစည်းကမ်းအရ နှစ်ယောက်စလုံး အားလပ်ပါက အနဲဆုံး တစ်ပတ်ကိုတစ်ကြိမ် အပြင်ထွက်လည်ပတ်ကာ ဒိတ်လုပ်ရမည်ဖြစ်၏ ။
သို့သော်လည်း ဒီနေ့တွင်တော့ နောက်ထပ်လူတစ်ယောက်ပါ ကပ်ပါလာမည့်ဟန် ရှိပေသည်…
ရီဝမ်ဝမ် စီရီဟန်အား မျက်တောင်မှိတ်ပြလိုက်သည် ။
သူမ၏အချက်ပြသည့်အကြည့်ကို ရသည့်တိုင် စီရီဟန်မှာ စကားတစ်ခွန်းပင် ပြောမလာ ။ “…”
လုပ်ပါနော်…ယောကျာ်း…
ရီဝမ်ဝမ်သည် တမင်သက်သက်ပင် နာမည်အသစ်လေးကို ထုတ်ပြောလိုက်ရာ…
စီရီဟန်သည် သူမလေးအား အလိုလိုက်ထားချင်စိတ်တို့ ထိန်းမနိုင်လောက်အောင်ကို တဖွားဖွားပေါ်လာလေပြီ။
သို့နှင့် ကောင်ငယ်လေးဘက်သို့ ကြည့်လိုက်ပြီး မေးလိုက်သည် ။
“မင်း ဘယ်ကို သွားကစားချင်လဲ”
ကလေးလေးသည် စကားတစ်ခွန်းပင် ပြောမလာ ။
အနည်းငယ် စိတ်ပေါ့ပေါ့ပါးပါးဖြစ်သည့်ဟန်ဖြင့် ခေါင်းမော့လာကာ…
“ကစားတာ…လား”
ရီဝမ်ဝမ် ချက်ချင်းပင် ပြန်ဖြေလိုက်သည် ။
“ဟုတ်တယ်..။ ဒီနေ့ ဒက်ဒီ နဲ့မာမီ အားနေတယ်ဆိုတော့ သားကို ကစားဖို့ခေါ်သွားပေးမယ်နော် ။ ဘေဘီ…ဘယ်ကို သွားချင်လဲ ။ တိရစ္ဆာန်ရုံလား...ပြည်သူ့ရင်ပြင်လား…ဒါမှမဟုတ် တောင်တက်သွား ချင်လား ။ သား သွားချင်တဲ့နေရာကို လိုက်ပို့ပေးမယ်”
ဤမေးခွန်းမျိုးကို တခြားကလေးတစ်ယောက်သာ ဆိုပါလျှင် ဘာလုပ်ချင်ပါသည်ဟု ပျော်ပျော်ကြီး ပြန်ဖြေပြီးနေလောက်ပေပြီ ။
သို့သော် တန်တန်သည် သူ့မိဘများနှင့် မည်သို့ဆက်ဆံရမည်ကို သိဖို့ဝေးလို့ ကစားရမည့်အကြောင်းကိုပင် ဘယ်တုန်းကမှ တွေးတောဖူးဟန် ရှိမနေပေ ။
သူသည် တသီးတသန့်ထဲ ကွဲထွက်နေလေသည် ။
ရီဝမ်ဝမ် ထိုသည်ကို မြင်လိုက်ရသဖြင့် ရင်ထဲ နာကျင်ကိုက်ခဲသွား၏ ။
သူမ မြန်မြန်ဆန်ဆန် ဆက်ပြောလာသည် ။
“မာမီ စဉ်းစားကြည့်မယ် ။ ပြည်သူ့ရင်ပြင်ကို သွားကြရအောင်၊ အိုကေလား”
ကောင်ငယ်လေးက ချက်ချင်းပင် ခေါင်းညိတ်လာသည် ။
“အိုကေ”
ရီဝမ်ဝမ် ပြုံးပြလိုက်သည် ။
“ဒါဖြင့် ဆုံးဖြတ်လိုက်ပြီ ။ မနက်စာစားပြီးတာနဲ့ မာမီတို့ ထွက်ကြမယ်”
…..
မနက်စာစားပြီးသည့်နောက် မိသားစုသုံးယောက်သား အင်ပါရီယာမြို့တော်ထဲက အကြီးမားဆုံးသော ပြည်သူ့ရင်ပြင်ကြီးကို မောင်းသွားကြသည် ။
ဒီနေ့ သုံးယောက်သား၏ဆင်တူ ကာတွန်းဝတ်စုံတို့မှာ ဤနေရာမျိုးနှင့် အလွန်ပင် သင့်လျော်လှပေသည် ။
ရီဝမ်ဝမ်သည် ကလေးလေး၏လက်ကို ကိုင်ထား၏ ။
“တန်တန်…ဒီမှာ လူတွေ အရမ်းများတယ် ။
ဒက်ဒီ နဲ့မာမီ့ရဲ့လက်ကို သေချာကိုင်ထားနော်”
ကောင်ငယ်လေးသည် သူ့နံဘေးတွင် ရှိနေသည့် ထိုအရပ်ရှည်ရှည်ယောကျာ်းအား တစ်ချက်ခိုးကြည့်လိုက်၏ ။
စီရီဟန်လည်း ပြန်ကြည့်လာပြီး လက်ထုတ်ပေးလာသည် ။
ထိုကလေးသည် တွန့်ဆုတ်နေ၏ ။ သို့သော် နောက်ဆုံးတွင် သူလည်း လက်ကို ထုတ်လိုက်ပြီး စီရီဟန်၏လက်ကို ကိုင်လိုက်၏ ။
သူတို့ အဝင်ဝကို ရောက်သွားကြသည့်အခိုက်
ရီဝမ်ဝမ်သည် ငှက်သိုက်လှလှလေးကို တွေ့သွားသည် ။
“ဝေါင်း…အားကျို - ဝိုး ။ အားကျို…”
စီရီဟန်သည် ရီဝမ်ဝမ် နှင့် အပြင်ထွက်လျှောက်လည်ခဲ့သည်မှစပြီး
စုံတွဲတွေ ပြုမူလေ့ရှိသည့်သဘောသဘာဝတို့ကို တစတစ သိလာခဲ့ရ၏ ။ အရင်တုန်းကဆိုလျှင် သူသည် ဘာဆိုဘာမှ သိမနေခဲ့ပါချေ ။
သူသည် စောစောစီးစီးကပင် ကြိုတင်ပြီး ရွှီရီအား ငွေသားထုတ်ခိုင်းထားခဲ့သည် ။
ရီဝမ်ဝမ် မမေးရသေးခင်မှာပင်
သူသည် ပိုက်ဆံအိတ်ဖွင့်ပြီး ငွေရှင်းထားပြီးသား ဖြစ်နေလေပြီ ။
“ဘယ်နှခု လိုချင်လဲ”
ရီဝမ်ဝမ် ။ “ဒီတစ်ခုက အရမ်းကြီးတယ် …ဒီဟာ ယူမယ်”
အရောင်စုံသည့် အသည်းပုံငှက်သိုက်ကြီးတစ်ခု သူတို့ရှေ့တွင် အလျင်အမြန် ပေါ်ထွက်လာသည် ။
“ရော့…တန်တန်..စားကြည့်”
ရီဝမ်ဝမ်သည် ငှက်သိုက်ကြီးကို တန်တန်ရှေ့ ထိုးပေးလိုက်သည် ။
တန်တန်သည် ခံစားချက်ပေါင်းစုံ ရောယှက်နေသည့်အမူအရာဖြင့် ထိုဘာမှန်းမသိရသည့် အရောင်စုံဟာကြီးအား စိုက်ကြည့်နေသည် ။ ထို့နောက် သိချင်စိတ်ပြင်းပြလာဟန်ဖြင့် ခေါင်းလေးကို တိမ်းလိုက်ကာ…
“ဒါက…စားလို့ရော ရရဲ့လား”
စီရီဟန်က အမူအရာကင်းမဲ့စွာဖြင့် သူ့သားအား ရှင်းပြလာသည် ။
“ရတယ်..ဒါက ငှက်သိုက်လို့ခေါ်တယ်”
ထိုသားအဖအား ကြည့်နေရင်း ရီဝမ်ဝမ် မှာ ရယ်ချင်ပက်ကျိ ဖြစ်လာလေပြီ ။
စီရီဟန်သည်လည်း အစတုန်းက ငှက်သိုက် ဘာဆိုသည်ကို မသိခဲ့ဘူး မဟုတ်ပါလား ။ သို့သော် အခုတော့
သူ့သားကိုပင် ပြန်သင်ပေးနေ လေပြီ ။
ရီဝမ်ဝမ် က တန်တန်အား ကြည့်လာသည် ။
“ဟုတ်တယ်…အဲ့ဒါက ငှက်သိုက်လို့ခေါ်တယ် ။
အရမ်း အရသာရှိတယ် ။ စားကြည့်ကြည့်”
ကောင်ငယ်လေးမှာ သတိကြီးကြီးဖြင့် တစ်ကိုက်ကိုက်လိုက်၏ ။ ချက်ချင်းပင် သူ့မျက်လုံးတို့ ဝင်းပသွားပြီး ထိုအရာကြီးမှာ
သူ့ပါးစပ်ထဲတွင် အရည်ပျော်သွားလေသည် ။ ချိုလိုက်တာ…
………………………………………………………
စာစဉ် ၃၉ ၊ အခန်း ၁၃ ။ မျက်လှည့်
ထိုလူကြီးနှင့် လူငယ်နှစ်ယောက်သည်ကား မည်သို့ ပျော်ရမည်ကိုပင် မသိတတ်ကြ ။ ရီဝမ်ဝမ် ပါသွား၍ တော်ပေသေးသည် ။
“ဝေါင်း…ကျွန်မတို့တွေ ဒီနေ့ အရမ်းကံကောင်းတာပဲ ။
ဒီနေ့ ပန်းအလှပြပွဲရှိတယ် ။ မီးရှူးမီးပန်းလွှတ်ပွဲလည်း ရှိတယ်”
“ဝိုး…ဒီခေါင်းစွပ်လေးက ချစ်ဖို့ကောင်းလိုက်တာ ။ ဒါလေး ဝယ်ရမယ်”
“ဝါး…ဒီချိုလိမ်လေးက အရသာရှိမဲ့ပုံပဲ ။ ဒါကိုလည်း ဝယ်ရမယ်”
“ဒီပူဖောင်းလေးလည်း လိုချင်လိုက်တာ…”
ကလေးထက်ပင် ရီဝမ်ဝမ်က ပို၍ပျော်ရွှင်မြူးတူးနေလေသည် ။ ထိုလူကြီးနှင့် ကလေးနှစ်ယောက်သားမှာ သူမ ဆွဲခေါ်ရနောက် တကောက်ကောက်လိုက် သွားကြခြင်း ဖြစ်ပြီး သူမသည်ကတော့ ပျော်ရွှင်မြူးတူးနေလေသည် ။ အရောင်းတန်းတွင် ရှိနေသည့် တစ်ခုမကျန်နီးနီးပင် သူမ ဝယ်ယူထားပြီး ဖြစ်နေလေပြီ ။ ရီဝမ်ဝမ်သည် အရှေ့ကနေ ကဆုန်ပေါက်ကာ လိုချင်သမျှ လိုက်ဝယ်နေခြင်းကြောင့် ထိုသားအမိကို လူအုပ်ထဲ လူစုကွဲမသွားစေဖို့ရာ အတွက် စီရီဟန်မှာ အနောက်ကနေ လိုက်လံကာပေးနေရ၏ ။
တခနလေးအတွင်း တန်တန်၏လက်ထဲတွင် ရီဝမ်ဝမ် ဝယ်ထားသမျှနှင့် ပြည့်သွားခဲ့သည် ။ သူ၏ဘယ်လက်ထဲတွင် သက်တန့်ချိုလိမ်ကြီးကို ကိုင်ထားပြီး ညာဘက်လက်တွင် ပူဖောင်းတစ်လုံးကို ကိုင်ထားသည် ။ သူ့ခေါင်းထက်တွင် ကြောင်နားရွက်တပ်ထားပြီး လည်ပင်းတွင် ပန်းကုံးလှလှလေး စွပ်ထားသည် ။
ရီဝမ်ဝမ် နှင့် စီရီဟန်တို့သည်လည်း ပန်းကုံးဆင်တူ စွပ်ထားကြ၏ ။
သို့သော် ရီဝမ်ဝမ်သည် ယုန်နားရွက်ကို တပ်ထားပြီး
စီရီဟန်မှာ မြေခွေးနားရွက် နှင့် ရီဝမ်ဝမ်တပ်ခိုင်းသည့် အနက်ရောင်မျက်နှာဖုံးစွပ်ကိုပါ တပ်ထားရ၏ ။
သုံးယောက်သား ဓာတ်ပုံဆိုင်ဘက်ကို ရောက်သွားကြချိန်တွင် ရီဝမ်ဝမ်သည် ထိုသားအဖအား ဆွဲခေါ်သွားပြီး ဓာတ်ပုံတဖျတ်ဖျတ် ရိုက်တော့သည် ။ ထိုပုံတိ့ုမှာ အဖိုးမဖြတ်နိုင်သည့်ရတနာများ ဖြစ်ကြ၏။
ရီဝမ်ဝမ်သည် ရယ်ကာမောကာဖြင့် ပုံတွေအများကြီး ရိုက်ပြီးသည့်နောက်တွင် ထိုပုံတို့ကို တန်တန်အား ပေးလိုက်၏ ။
“ရော့..တန်တန်…ဒီဓာတ်ပုံတွေကို သား ကောင်းကောင်းသိမ်းထား နော်”
ကောင်ငယ်လေးသည် ဂရုတစိုက်လေး ယူလိုက်သည် ။ ထိုဓာတ်ပုံများကို အဖိုးတန်ရတနာများနှယ် တယုတယကိုင်ရင်း ဝိုင်းစက်နေသည့် မျက်လုံး လေးများဖြင့် ထိုပုံတို့ကို ကြည့်နေကာ…
“အင်း”
အချိန်ကုန်သည်ကား မြန်၏ ။ မြန်မြန်ဆန်ဆန်ပင် ညရောက်လာခဲ့သည် ။ ပန်းအလှပြပွဲမှာ စတင်လာခဲ့ပြီ ။ လူတွေလည်း များသထက်များလာကြပြီး လူစည်သထက်စည်လာကြလေပြီ ။ နေရာအနှံ့အပြားတွင် အုန်းအုန်းဖျဖျ အော်ဟစ်အားပေးသံတို့ ညံဝေလာကြလေပြီ ။
တန်တန်သည် ကလေးသေးသေးလေးဖြစ်နေသဖြင့် သူ၏မြင်ကွင်းတို့ကို လူအများကြီးက မြန်မြန်ဆန်ဆန်ပင် ကာဆီးသွားကြလေပြီ ။
စီရီဟန်က ထိုသားအမိအား ကြည့်လိုက်ပြီး သူ့လက်ထဲမှာ ကိုင်ထားသည့် မုန့်ထုပ်တွေကို ရီဝမ်ဝမ် လက်ထဲသို့ ထိုးပေးလိုက်သည် ။ “ကိုင်ထား”
“ဟမ်…အော်…” ရီဝမ်ဝမ် မုန့်ထုပ်တို့ကို ယူလိုက်၏ ။
ထို့နောက် စီရီဟန်သည် ခါးကိုကိုင်းလိုက်တော့သည် ။ လက်တစ်ဖက်က တန်တန်အား ပွေ့ချီလိုက်တော့ပြီး နောက်လက်တစ်ဖက်ဖြင့် ရီဝမ်ဝမ်အား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ သားအမိနှစ်ယောက်အား လူအုပ်ကြီးဆီကနေ ခွဲထုတ်ပစ်လိုက်၏…
ရီဝမ်ဝမ်သည် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လာသည် ။ သူမ၏နှလုံးသားမှာ ရူးခါလောက်မတတ်ကို ဝုန်းဒိုင်းကြဲခုန်လာသည် ။
စီရီဟန်သည် တန်တန်လေးကို ပွေ့ချီလိုက်သည့်အချိန်သည် ခါတိုင်းထက်ပင် အများကြီးအများကြီး ချောမောခန့်ညားလာ
သလိုလိုပင် ။
အစတွင် ကလေးသာ ရှိလာပါလျှင် စီရီဟန် ဖြစ်လာမည့်အဖေပုံစံကို သူမ မှန်းဆကြည့်သော်ငြား မရခဲ့ပါချေ ။ သို့သော် ၊ အခုတော့ စီရီဟန်သည် တကယ်ကြီး အဖေအရာ ပီသနေပြီး အလွန်အမင်း နူးညံ့သိမ်မွေ့နေသည်…
တဖြည်းဖြည်းချင်း နေမင်းကြီးက ကောင်းကင်ကြီးထဲ ပြန်ဝင်သွားလေပြီ ။ ပြည်သူ့ရင်ပြင်ကို သူတို့ လည်ပတ်နေသည်မှာလည်း ပြီးဆုံးလာခဲ့လေပြီ ။ လူအုပ်ကြီးသည်လည်း ရှဲသွားကြလေပြီ ။
ရီဝမ်ဝမ်သည် အမှတ်တရလက်ဆောင်ကို အပြေးအလွှားသွားဝယ်နေ သဖြင့် စီရီဟန်သည် တန်တန်၏လက်ကို ဆွဲကာ နေရာတွင် စောင့်ဆိုင်း နေရသည်။
ရီဝမ်ဝမ် ပြန်ရောက်လာချိန်တွင် ထိုသားအဖနှစ်ယောက်အား ကြည့်ရင်း အသည်းတယားယားဖြင့် သူမဖုန်းကို ထုတ်ကာ ဓာတ်ပုံရိုက်ယူလိုက်၏။
ညဘက်ရောက်နေပြီဖြစ်၍ စီရီဟန်သည် တသီးတသန့်အပျော်စီး သဘောၤ တွင် ရှိနေသည့်နာမည်ကြီး စားသောက်ဆိုင်ကြီးတစ်ခုတွင် ကြိုတင် စာရင်းသွင်းထားလိုက်သည် ။ ထို့နောက် မိသားစုသုံးယောက်သား ပြည်သူ့ရင်ပြင်ကနေ ထွက်လာပြီး ထိုစားသောက်ဆိုင်ဆီသို့ တန်းသွားကြသည် ။
သားအမိ၊ သားအဖသုံးယောက်မှာ ပြည်သူ့ရင်ပြင်သွားတုန်းက ဝတ်စုံဆင်တူကို ဝတ်ဆင်ထားကြဆဲ ။ ထိုလိုက်ဖက်ကြသည့် ဝတ်စုံတို့အပြင် သကြားလုံး ၊ ပန်းကုံးတို့နှင့် လက်ဆောင်ပစ္စည်း
တို့ကို ကိုင်ထားကြလေသည် ။
ဤဇိမ်ခံသဘောၤစားသောက်ဆိုင်ကြီးသည် အင်ပါရီယာမြို့တော်တွင် အလွန်ပင် နာမည်ကျော်ကြားလှ၏။ တစ်နေ့ကို စားပွဲဝိုင်းဆယ်ဝိုင်းသာလျှင် လက်ခံပြီး သာမန်လူတစ်ယောက်က ထိုနေရာတွင် သွားစားသောက်လိုပါက လပေါင်းများစွာကြိုတင်ကာ စာရင်းသွင်းပေးထားရသည်သာ ။
ရီဝမ်ဝမ်၊ တန်တန် နှင့် စီရီဟန်တို့သည် စားသောက်ဆိုင်ထဲသို့ ဝင်လာကြချိန် ရင်းနှီးနေပြီးသည့်မျက်နှာတွေကို တွေ့လိုက်လေပြီ ။
လင်းချွေ့သည် ရှဲ့ကျဲ့ကျီ နှင့် စကားပြောဆိုနေခြင်းဖြစ်ပြီး
သူတို့သုံးယောက်သားအား တွေ့သွားခြင်းဖြစ်သည် ။ တစ်ယောက်ယောက်က သူ့အား အပ်စိုက်ထိုးလိုက်သည့်နှယ်
နေရာတွင် ပါးစပ်အဟောင်းသားကြီးဖြင့် မတ်တပ်ရပ်လိုက်မိပြီး
စီရီဟန်အား စိုက်ကြည့်နေလေသည် ။
“ငါ…ငါ မြင်နေတာ ဘယ်သူကြီးလဲ…”
ရှဲ့ကျဲ့ကျီသည်လည်း စိတ်ဝင်တစားဖြင့် စီရီဟန်အား အကဲခတ်နေ သည် ။ သူ့အဝတ်အစားပေါ်က ပန်းရောင်ကာတွန်းဝက်ပုံကို ကြည့်သည် ၊ ထို့နောက် ရီဝမ်ဝမ်၏လက်ကို ကိုင်ထားသည့်
ထိုမုန့်လုံးလေးအား ကြည့်လိုက်သည် ။ သူ သော့သော့လေး ရယ်လာပြီး ပြောလာသည် ။
“အင်း…ကြည့်ရတာ…ငါတို့တော့…မျက်လှည့်တစ်ခုနဲ့…ကိုယ်တိုင်တွေ့လိုက်ရပြီနဲ့တူတယ်”
……………………………………………………
စာစဉ် ၃၉ ၊ အခန်း ၁၄ ။ အားကျိုနဲ့ရထားတာ
လင်းချွေ့ခေါင်းထိပ်တည့်တည့် မိုးကြိုးတို့ဆယ်ခါပြန်ပစ်ချခံလိုက်ရ သလို ဖြစ်သွားသည် ။ အလွန်အမင်း အံ့သြထိတ်လန့်လွန်းစွာဖြင့်
သူ မေးလာသည် ။
“ငါ အနာဂတ်ကိုများ ကြိုရောက်သွားတာလား ။ ဒါမှမဟုတ်ရင် တခြား ပုံရိပ်ယောင်ကမ္ဘာတစ်ခုကိုများ ရောက်နေတာလား ။ အစ်ကို ၉ မှာ ဘယ်လိုလုပ်ပြီး သားတစ်ယောက် ရှိနေတာလဲ ။ ဒါ မဖြစ်နိုင်ဘူး ။ သူက ငါ့ရဲ့အစ်ကို ၉ မဟုတ်ဘူး ။ ငါ့ရဲ့အစ်ကို ၉ က ဒီလိုမျိုး ဝတ်စားထားမယ့်သူ မဟုတ်ဘူး…”
ရီဝမ်ဝမ် ရုတ်ခြည်းပင် လက်မြှောက်ပြီး ပြန်ဖြေလာသည် ။
“ဒါတော့ နဲနဲမလွန်လွန်းဘူးလား”
“အမ်…နဲနဲလွန်တယ်..ဟုတ်လား ။ သေလေ…အဲ့ဒါက အဓိက မဟုတ်ဘူး၊ ဟုတ်ပီလား”
လင်းချွေ့ ပိုလို့ပင် စိတ်ရှုပ်ထွေးလာသည် ။
ရီဝမ်ဝမ်သည် ရယ်ကာမောကာဖြင့် သူတို့နှစ်ယောက်အား လက်ဝှေ့ပြလိုက်သည် ။
“ရှင်တို့နှစ်ယောက်နဲ့ မတွေ့ဖြစ်တာတောင် တော်တေ်ာကြာနေပြီ”
ရှဲ့ကျဲ့ကျီက မိသားစုသုံးယောက်အား ဟန်ပါပါကြည့်လာသည် ။
“အခု မင်းတို့ကို ကြည့်ရတာ ကလေးတစ်ယောက်တောင် ရနေပြီဆိုတော့….တော်တော်ကြာပြီပေါ့ဗျာ…”
သူ့ရဲ့စကားတို့ကို ကြားလိုက်ရချိန် ရီဝမ်ဝမ်၏မျက်ခုံးတို့ ပင့်တက်သွားသည် ။ သူမသည် လင်းချွေ့နှင့် မတွေ့ဖြစ်သည်မှာ အချိန်အကြာကြီးရှိနေသည်မှာ အမှန်ပင် ။
သို့သော် ၊ ရှဲ့ကျဲ့ကျီနှင့် ဆိုလျှင်မူ စီမင်းလိ သူမအား အနက်ရောင်စခန်းကို ခေါ်သွားပြီး အကျဉ်းချစဉ်အချိန်တုန်းက သူ့အား ခနခနတွေ့ထားခဲ့ရ၏ ။
သူမ၏အတိတ်ဘဝတုန်းက စီရီဟန်သည် မည်သည့်သူူငယ်ချင်း အပေါင်းအသင်းမှ မရှိသည့် အထီးကျန်ဆန်လှသောဝံပုလွေကြီး ဖြစ်သည် ။ သူသည် မည်သူ့ကိုမှ ယုံကြည်ခြင်းမရှိပေ ။
ရွှီရီ ကိုပင်လျှင် မယုံကြည်ပေ ။
အတိတ်တုန်းက လင်းချွေ့နှင့် ရှဲ့ကျဲ့ကျီတို့နှစ်ယောက်သာ ချွင်းချက်အနေဖြင့် ကျင်းဥယျာဉ်သို့ အလည်လာနိုင်သူများ ဖြစ်ကြသည် ။ သို့သော် သူတို့ အလည်လာကြသည်မှာလည်း တခါတလေမျှသာ ။
ထို့ကြောင့် သူတို့သာ အပေါ်ယံသူငယ်ချင်း အပေါင်းအသင်းဆိုတာထက် အလုပ်က ရဲဘော်ရဲဘက်များသာ ဖြစ်ရမည်ဟု သူမ ယူဆထားခဲ့၏ ။
အထူးသဖြင့် ရှဲ့ကျဲ့ကျီ ပင် ဖြစ်သည် ။ သူသည် အနုပညာလောက ထဲက သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီး မိန်းကလေးများအတွက် ကောင်းကင်ဘုံကနေ ဆင်းသက်လာသည့် နတ်သားလေးသဖွယ် ဖြစ်ပေ သည် ။ သူ့ကို ဘယ်လိုပဲ ကြည့်ကြည့်ပါစေ ၊ စီရီဟန်နှင့် အချိန်အကြာကြီး သူူငယ်ချင်းဆက်ဆံရေးရှိနေဖို့ဆိုသည်မှာ ဆီလျော်မှုမရှိလွန်း ။
လင်းချွေ့သည်လည်း အများကြီးလိုနေသေးသည်ပင် ။
သူသည် အတင်းမပြောရဘဲ မနေတတ်သူ ဖြစ်လေသည် ။
သို့သော် ပေါင်းသင်းဆက်ဆံတတ်သည့်နေရာတွင်တော့ မည်သည့်နေရာရောက်ရောက် သူသည် တော်တော့်ကို ထူးချွန်လှသည် ။ စီရီဟန်နှင့် လင်းချွေ့တို့ ရင်းနှီးနေသည်ဆိုတာက ပိုလို့ အဓိပ္ပာယ် ရှိပေသည် မဟုတ်လား ။
သို့သော်လည်း သူမအား ကယ်ဆယ်ပေးခဲ့သူမှာ ရှဲ့ကျဲ့ကျီ ဖြစ်နေလေ သည်။
လင်းချွေ့ ပါးစပ်အဟောင်းသားဖြစ်နေသည် ။
“အောင်မလေး…ငါတို့ တစ်ယောက်နဲ့တစ်ယောက်
မတွေ့ဖြစ်တာ ကြာနေပြီဆိုရင်တောင်မှ မင်းဆီမှာ ဒီလောက်အရွယ်သားမျိုး ရှိနေဖို့ မဖြစ်နိုင်ဘူး ။
ရီဝမ်ဝမ်…လာနောက်မနေနဲ့ ။ မင်း ဒီကလေးကို ဘယ်က သွားခိုးလာတာလဲ”
လင်းချွေ့၏စကားကို ကြားလိုက်ရသည့်အချိန် နန်တန်ရှောင်၏မျက်နှာမှာ ချက်ချင်းပင် မည်းပုတ်လာသည် ။
ရီဝမ်ဝမ်က ချက်ချင်း လင်းချွေ့အား ကြည့်လာသည် ။
“ခွေးဝဲစား လင်း…ရှင်ကသာ သွားခိုးတဲ့သူ ။
ဒီကလေးကို ကျွန်မ ဗိုက်နဲ့လွယ်ပြီး မွေးထားတာ ဟုတ်ပီလား”
လင်းချွေ့၏မျက်လုံးတို့ ပြူးထွက်လာပြီး
သူ့မျက်နှာမှာ လုံးဝကို မယုံနိုင်ဖြစ်နေသည် ။
“မင်း…မင်း မွေးထားတာ…ဟုတ်လား”
ရီဝမ်ဝမ် ပြောလာသည် ။
“ဟုတ်တယ် ။ ကျွန်မကိုယ်တိုင် မွေးထားတာ ။
သူ့ကို အားကျိုနဲ့ ရထားတာ”
လင်းချွေ့၏နှုတ်ခမ်းတို့ မဲ့ရွဲ့သွားသည် ။
“မင်း င့ါကို နောက်နေတာပါ..ဟုတ်တယ်မလား”
ရီဝမ်ဝမ်က ဆက်ပြောလာသည် ။
“သူ့ကို ကြည့်ကြည့်လိုက်လေ ။ ဒီလောက်ထိ ချစ်ဖို့ကောင်းတဲ့ ကလေးကို မွေးပေးနိုင်တာက အားကျိုကလွဲရင် ဘယ်သူရှိနိုင်မှာလဲ ။ ရှင်ကများ သူ့ကို ကျွန်မကလေး မဟုတ်ဘူးလို့ ပြောရဲသေးတယ်.. ဟုတ်လား”
လင်းချွေ့သည် စီရီဟန်တို့၏လက်ကို ကိုင်ဆွဲထားသည့်
မုန့်လုံးလေးကို သေသေချာချာအကဲခတ်နေသည် ။
“ဒါက..မင်းတို့…မိသားစုတစ်ခုနဲ့ တူတာကတော့…အမှန်ပဲ..”
လင်းချွေ့ အကျယ်ကြီးပြောမိလိုက်ရင်း စိတ်ထဲမှာ တစ်ခုခုထူးဆန်းနေသည်ကိုပါ ခံစားနေမိသည် ။
“လခွမ်း…ဒါတော့ မဟုတ်သေးဘူး”
ရီဝမ်ဝမ်၊ ဒီကောင်မစုတ်လေးက အခုမှ ဘယ်နှနှစ်ရှိသေးလို့လဲ ။ အသက် ၂၀ တောင် ပြည့်သေးလို့လား ။
လင်းချွေ့ ရုတ်တရက်ကြီးအံ့အားသင့်သွားသည် ။
“မင်းက ငယ်ငယ်လေးပဲ ရှိသေးတယ် ။
ဒါကိုတောင် ဒီလောက်အရွယ်သား ရှိနေပြီဆိုရင်
ငါ့ရဲ့အစ်ကို ၉ က တကယ့်အထန်ကောင်ကြီး ဖြစ်သွားမှာပေါ့”
ရီဝမ်ဝမ် တိုးတိုးပြောလာသည် ။
“ဒါဆိုရင်တော့ အမှန်တရားက တစ်ခုပဲ ရှိတော့တယ်”
လင်းချွေ့ ။ “ဘာလဲ”
ရီဝမ်ဝမ် ။ “ရှင့်ရဲ့အစ်ကို ၉ က တကယ့်ကို အထန်ကောင်ကြီးပဲ”
သူမ ဆက်သရုပ်ဆောင်နိုင်ဖို့ရာအတွက် စီရီဟန်ကို အနစ်နာခံခိုင်းဖို့ သူမ ဆုံးဖြတ်လိုက်၏…
စီရီဟန် ။ “…”
လင်းချွေ့ ။ “…”
လင်းချွေ့မှာ တခနလောက် ပါးစပ်အဟောင်းသား ဖြစ်သွားသည် ။
“ချီးစကားတွေ….ထန်တဲ့သူ ရှိချင်းရှိရင် အဲ့ဒီလူက မင်းပဲ ဖြစ်မှာ”
ရီဝမ်ဝမ်သည် သူ့အား မျက်လုံးလှန်ကြည့်လာသည် ။
“ဘာထူးခြားသွားလို့လဲ ။ ဘာပဲပြောပြော ကျွန်မဆီမှာ အားကျိုနဲ့ ရတဲ့ကလေး ရှိနေပြီးသားပဲဟာ”
……………………………………………………
စာစဉ် ၃၉ ၊ အခန်း ၁၅ ။ နှုတ်ဆက်လက်ဆောင်
လင်းချွေ့၏မျက်လုံးတို့ လင်းလက်လာကာ စီရီဟန်အား ကြည့်လာသည် ။
“အစ်ကို ၉..အစ်ကို ၉…ကျွန်တော်တို့ဆီမှာ လာထိုင် ။
ကျွန်တော်တို့ ဒီလိုမျိုး တိုက်တိုက်ဆိုင်ဆိုင်ကြီး လာတွေ့
ရတာဆိုတော့ အတူတူစားကြရင် မကောင်းဘူးလား”
ရီဝမ်ဝမ် ။ “…”
ညစာအတူစားချင်တယ်ဆိုတဲ့ အကြောင်းပြချက်အတုကြီးက ငါတို့ကို အကဲခတ်ကြည့်ချင်နေတာကို ဖုံးထားတာနဲ့ တူလိုက်တာ ။
လင်းချွေ့၏မျက်လုံးတို့မှာ သူ့အား ရွှန်းရွှန်းစားစား စိုက်ကြည့်နေသည် ။
စီရီဟန်က အမူအရာကင်းမဲ့စွာဖြင့် သူ့အား ကြည့်လာသည် ။
“စိတ်မဝင်စားဘူး”
လင်းချွေ့ ချက်ချင်းပင် အသည်းကွဲသွားရသည် ။
“အရမ်း ကပ်စေးမနှဲပါနဲ့ဗျာ ။
အတူတူစားတော့ ပိုပြီးပျော်ပျော်ပါးပါးဖြစ်သွားရတာပေါ့”
ရှဲ့ကျဲ့ကျီက ချောင်းအသာဟမ့်လာပြီး ရီဝမ်ဝမ်အား ပြောလာသည် ။
“ဘော့စ် ရီ…တိုက်တိုက်ဆိုင်ဆိုင်ဗျာ ကျွန်တော့်ဆီမှာ မင်းနဲ့ ဆွေးနွေးစရာ အလုပ်ကိစ္စလေးတွေ ရှိနေတယ်”
ရှဲ့ကျဲ့ကျီ နှင့် လင်းချွေ့၏ဉာဏ်ရည်မှာ မတူညီကြောင်း သိသာလှပေ သည်။ ရှဲ့ကျဲ့ကျီသည် ဤမိသားစုထဲတွင် မည်သူက ဆုံးဖြတ်နိုင် သည့်အာဏာကို ကိုင်ထားကြောင်းကို ဒက်ခနဲ သိနိုင်လေသည်…
ရီဝမ်ဝမ် တိတ်ဆိတ်သွားသည် ။
အလုပ်ကိစ္စလား…
ရှဲ့ကျဲ့ကျီ နှင့် သူမတို့ နှစ်ယောက်စလုံးသည် အနုပညာလောက တစ်ခုထဲတွင် လုပ်နေကြခြင်းဖြစ်သော်လည်း ထိုသူ၏တည်ရှိမှုမှာ နတ်ဘုရားတစ်ပါးထက်ပင် ပိုလေသည် ။
သူမတို့နှစ်ယောက်မှာ ပတ်သက်စရာပင် မရှိလေရာ
သူ သူမနှင့် ဆွေးနွေးစရာဟူ၍ ဘာရှိလိမ့်မည်နည်း ။
ရီဝမ်ဝမ်သည် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသဖြင့်
ရှဲ့ကျဲ့ကျီက ရုတ်တရက် သူ့ဖုန်ုးကို ထုတ်လိုက်သည် ။
ထိုအခိုက် ရီဝမ်ဝမ်၏ဖုန်း တီခနဲ မြည်လာသည် ။
ရှဲ့ကျဲ့ကျီဆီမှ မက်ဆေ့ချ် ရောက်လာခြင်းပင် ။
သူမသည် ရှဲ့ကျဲ့ကျီအား အပ်ထားဖြစ်သည်မှာ တော်တော်ကြီး ကြာလှပြီဆိုပေမည့် သူမတို့နှစ်ယောက်သည် ဘယ်တုန်းကမှ စကားစမြည်ပြောဆိုခဲ့ဖူးခြင်းမရှိသည်ကို သူမ အမှတ်ရမိလိုက်၏ ။
ဖွင့်ကြည့်လိုက်သည်တွင် ရှဲ့ကျဲ့ကျီသည် သူမအား အနီရောင်စာအိတ် တစ်အိတ် ပို့ပေးထားခြင်းကို
တွေ့လိုက်ရသည် ။
ဒါက ဘာသဘောလဲ ။
ရှဲ့ကျဲ့ကျီ ပြောလာသည် ။
“မင်းရဲ့သားကို အခုမှ ပထမဆုံး တွေ့ရတာဆိုတော့
သူ့အတွက် နှုတ်ဆက်လက်ဆောင်လေးပါ”
ရီဝမ်ဝမ်၏မျက်လုံးတို့ ရွှန်းစားသွားသည် ။
သားတစ်ယောက် ရှိခြင်းသည် ထိုကဲ့သို့ အကျိုးကျေးဇူးကြီး ရလာလိမ့်မည် ဟု သူမ ဘယ်တုန်းကမှ စိတ်ကူူးမထားခဲ့ဖူးပါချေ ။
သူမ အန်ပေါင်းတို့ပင် ရလာနိုင်သည်တဲ့လား ။
တချို့သောလူတွေက ရှဲ့ကျဲ့ကျီဆီကနေ သင်ယူတတ်ရင် ဘယ်လောက် ကောင်းလိုက်မည်နည်း ။
ရီဝမ်ဝမ် စာအိတ်ကို ဖွင့်ကြည့်လိုက်သည့်အချိန် သူမအား ပိုလို့ပင် စိတ်ပျော်ရွှင်သွားစေမည့် ပိုက်ဆံပမာဏကို
တွေ့လိုက်ရလေပြီ ။
အစောနကပင် ထိုယောက်ျားနှစ်ယောက်ထံကနေ တန်တန်အား အသည်းအသန် ကာကွယ်ပေးနေပါသည့် ရီဝမ်ဝမ် မှာ ရုတ်တရက်ကြီး သဘောထားပြောင်းသွားလေပြီ ။
“တန်တန်…ဒီဦးလေးကို ကျေးဇူးတင်တယ်လို့ မြန်မြန်လေးပြောလိုက်”
တန်တန်က နာနာခံခံဖြင့် ကျေးဇူးတင်စကားဆိုလာသည် ။
“ကျေးဇူးတင်ပါတယ်..ဦးလေး”
ရှဲ့ကျဲ့ကျီက ပြုံးပြလာသည် ။
“ရပါတယ်ဗျာ”
ရီဝမ်ဝမ် ။ “ဒီလိုဆိုမှတော့ ဆရာ ရှဲ့..အတူတူ ညစာစားကြတာပေါ့”
လင်းချွေ့ အံ့အားသင့်သွား၏ ။
“ငါကရော…ငါကရော”
ရီဝမ်ဝမ် ။ “နေပါဦး…ရှင်က ကျွန်မ မိသားစုရဲ့ဘေဘီလေးအတွက် ဘယ်သူများလဲ”
ငါလ…ခွမ်း
လင်းချွေ့ ချက်ချင်းပင် ဟိုဟိုဒီဒီ စမ်းကာ ငွေသားတစ်ထပ်ကြီး ထုတ်ယူလိုက်တော့သည် ။
“ဟားဟား…ကျွန်တော် မကောင်းတာပါ ၊ ကျွန်တော် မကောင်းတာပါ ။ ဒီလိုပေါက်တတ်ကရတွေ ကျွန်တော် လျှောက်မပြောခဲ့သင့်တာပါ ။ ကျွန်တော့်ရဲ့ လိမ်မာတဲ့တူလေးအတွက် အန်ပေါင်း ပေးရမှာပေါ့”
ထိုတုံးအလှသည့် လင်းချွေ့သည် နောက်ဆုံးတော့ အလင်းဝင်သွား သဖြင့် ရီဝမ်ဝမ်၏မျက်ခုံးတို့ ပင့်တက်သွားလေသည် ။ ဒီလိုမှပေါ့…
ရီဝမ်ဝမ်က စီရီဟန်အား ကြည့်လာကာ ပြောလိုက်သည် ။
“အားကျို…ကျွန်မတို့ အတူတူစားကြရအောင် ။
ဒါဆို ပိုပြီးတော့ ပျော်ပျော်ပါးပါးဖြစ်သွားတာပေါ့”
စီရီဟန် ။ “အင်း”
လင်းချွေ့ ။ “…”
ငါလခွမ်း…အဲ့ဒီစကားကို ငါ ပြောတုန်းကကျတော့ ဘာလို့ အဖက်မလုပ်တာလဲ ။
အဆုံးသတ်တွင် ရှဲကျဲ့ကျီနှင့် လင်းချွေ့တို့ အောင်အောင်မြင်မြင် ပေါင်းစားနိုင်လေပြီ ။
ရီဝမ်ဝမ် ၊ တန်တန် နှင့် စီရီဟန်တို့မိသားစုသုံးယောက်သားမှာ တစ်ဖက်တွင် ထိုင်ကြပြီး မျက်နှာချင်းဆိုင်ဖက်ခြမ်းတွင် ရှဲ့ကျဲ့ကျီ နှင့် လင်းချွေ့တို့ ထိုင်နေကြသည် ။
စီရီဟန် ။ “မင်း ဘာစားချင်လဲ”
ရီဝမ်ဝမ် ။ “ရှင်ပဲ ရွေးလိုက် ။ ကျွန်မ ဘာကြိုက်လဲ ရှင် သိနေတာပဲ”
စီရီဟန် မြန်မြန်ဆန်ဆန်ပင် စားစရာတချို့ မှာလိုက်လေပြီ။ ထို့နောက် သူ့နံဘေးတွင် ထိုင်နေသည့် တန်တန်အား ကြည့်လိုက်ကာ..
“မင်းရော ဘာစားချင်လဲ”
နန်တန်ရှောင်က မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသည့် ထိုသကောင့်သား နှစ်ယောက်အား ကြည့်လိုက်၏ ။ ထို့နောက် စီရီဟန်အား ပြန်ကြည့်လိုက်ပြီး ပြန်ဖြေလာသည် ။
“ဒက်ဒီ…တန်တန်က ဘာဖြစ်ဖြစ်စားပါတယ်”
သူ့အား “ဒက်ဒီ” ဟု ခေါ်လိုက်သဖြင့် စီရီဟန် စိတ်ထဲ ဘဝင်ခွေ့သွား တော့သည် ။
မနေ့ညကတည်းက ၊ ဒီနေ့တစ်နေ့လုံးလုံး အတူတူသွားကစား ပျော်ပါးကြကတည်းက နန်တန်ရှောင်သည် သူ့အား “ဒက်ဒီ” ဟူ၍ ခေါ်လာခြင်း တစ်ကြိမ်လေးပင် မရှိပါချေ ။ ဤသည်မှာ ပထမဆုံး အကြိမ်ပင် ဖြစ်သည် ။
“ဖွီးးးးး---”
“ဒက်ဒီ” ဆိုသောစကားကို လင်းချွေ့ကြားလိုက်ပြီး သံပုရာရည်တို့ ဖွီးခနဲ အန်ထွက်ကုန်၏…
သူ့အရှေ့မှ မြင်ကွင်းသည် အင်မတန်ပင် လက်သင့်မခံနိုင်စရာ ကောင်းလွန်းပေသည်…
……………………………………………………
စာစဉ် ၃၉၊ အခန်း ၁၆ ။ ကျွန်တော်နဲ့ စာချုပ်ချုပ်ပါ
“ဒက်ဒီ” ဆိုသောစကားကို ရီဝမ်ဝမ် ကြားလိုက်သည့်အခိုက် သူမ၏နှလုံးသားလေး အရည်ပျော်ကျလာသည် ။
အိုး မိုင်…တန်တန်လေးက နောက်ဆုံးတော့ စီရီဟန်ကို ဒက်ဒီ လို့ ခေါ်လိုက်ပြီလား…။
ငါ ဘာလို့ ဂုဏ်ယူမိသွားသလို ခံစားနေမိရတာလဲ ။
ထိုမိသားစုသုံးယောက်သား၏ နွေးထွေးဆွတ်ပျံ့နေသည့် အပြန်အလှန်ပြုမူပုံတို့ကို ကြည့်နေသည့် လင်းချွေ့ခမျာ
သူ ဘာလို့များ ဒီနေရာမှာ ရှိနေရသည်နည်းဟုပင် မေးခွန်းထုတ်လာမိလေပြီ ။
ငါ ဒီကို ပျော်ရအောင်လာတာ မဟုတ်ဘူးလား…
ဒီကလေးက ဘယ်ကနေ ထွက်လာတာလဲ…။
လင်းချွေ့မှာ ထိုအချက်ကို သိချင်နေခြင်းကြောင့်ပင် သူတို့အား ကပ်နေခြင်း ဖြစ်ပေသည် ။ သို့သော် အခုတော့
သူ့ခမျာ မေးပင်မေးမထွက်နိုင်တော့ ။ အခုလက်ရှိအချိန်တွင် ထိုင်ခုံ၏အစွန်နားကပ်ပြီး ပြုတ်မကျရုံတမယ် ထိုင်နေမိလေပြီ ။
ထိုကလေးထက် ပိုအရေးကြီးသည့်ကိစ္စပင် ရှိနေ၏ ။
ဒါနဲ့ အစ်ကို ၉ က ဘာလို့ ဒီလိုအဝတ်အစားကြီး ဝတ်ထားရတာလဲ ။
ကျွန်တော့်ရင်ထဲမှာ ရှိနေတဲ့ အစ်ကို့ရဲ့တည်တည်တံ့တံ့ပုံရိပ်တွေတော့ ကုန်ပါပြီဗျာ…
ရုပ်အကြီးအကျယ် ပျက်ယွင်းနေသည့် လင်းချွေ့အား
ရီဝမ်ဝမ်မှာ စကားစ ရှာမရနိုင်စွာ ကြည့်နေမိလေသည် ။
“အစ်ကို ၉…သူက တကယ်ကြီး အစ်ကို့ရဲ့သားလား”
လင်းချွေ့မှာ ထိုသားအဖနှစ်ယောက်အား
အပြန်ပြန်အလှန်လှန် ကြည့်နေသည် ။
စီရီဟန်သည် အေးစက်စွာဖြင့် သူ့အား မော့ကြည့်လာကာ..
“ပြသနာရှိလား”
လင်းချွေ့ ။ “ပြသနာမရှိဘူးလား”
ရီဝမ်ဝမ်သည်လည်း သူ့အား မျက်လုံးလှန်ကြည့်လာချေပြီ ။
“အားကျိုနဲ့ကျွန်မမှာ သားရှိတာပဲဟာ ။
ရှင် ဒီလောက်ထိ ဖြစ်ပျက်ပြနေစရာ လိုလို့လား”
ထိုစကားနှစ်ခွန်းကြောင့် လင်းချွေ့ ဆွံ့အသွားပြန်သည် ။
“မလိုဘူးလား”
“ရှဲ့ကျဲ့ကျီ ဆီကနေ သင်ယူစမ်းပါ - ကြည့်…သူ ဘယ်လောက်တောင်မှ တည်ငြိမ်လိုက်သလဲ ။ ဟုတ်သားပဲ…ဆရာ ရှဲ့…ရှင် စောနက ပြောတာ.. ကျွန်မနဲ့ ဆွေးနွေးစရာရှိလို့ဆို”
ရီဝမ်ဝမ်သည် လင်းချွေ့အား ခေါင်းထဲ ထည့်မနေတော့ဘဲ
ရှဲ့ကျဲ့ကျီဘက်သို့ လှည့်လိုက်လေသည် ။
ရှဲ့ကျဲ့ကျီက သူ့လက်ထဲက ခွက်ကို ချထားပြီး ပြန်ဖြေလာသည် ။
“ကျွန်တော် SG နဲ့ စာချုပ်ချုပ်ထားတာ ရက်ပြည့်တော့မယ်”
ရှဲ့ကျဲ့ကျီ စာချုပ်ချုပ်ထားသည့်ကုမ္ပဏီမှာ နိုင်ငံခြားကုမ္ပဏီတစ်ခု ဖြစ်၏ ။ SG သည် တိုင်းပြည် M တွင် ထိပ်တန်းကုမ္ပဏီကြီး သုံးခုထဲက တစ်ခုဖြစ်၏ ။
“အော်…” ရီဝမ်ဝမ် ခေါင်းညိတ်ပြလိုက်သည် ။
ဒါက ငါနဲ့ ဘာပတ်သက်လို့လဲ ။
“ဒါဆို စာချုပ်သက်တမ်းပြည့်သွားရင် ရှင့်ရဲ့ကုမ္ပဏီအသစ် ဖွင့်တော့မှာလား ။ ဒါမှမဟုတ် နောက်ကုမ္ပဏီတစ်ခုဆီကို သွားမှာလား”
ရီဝမ်ဝမ် ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည် ။
ရှဲ့ကျဲ့ကျီ၏အရည်အချင်းနှင့်ဆိုပါလျှင် သူသည် ကိုယ့်ဘာသာကိုယ် ရပ်တည်နေနိုင်နေပြီဖြစ်၏ ။ သို့သော် သူ့တွင် ထိုသို့လုပ်ချင်သည့်စိတ် ရှိမနေခဲ့ခြင်းပင် ။
“ကျွန်တော့်ရဲ့ကိုယ်ပိုင်ကုမ္ပဏီထောင်ဖို့တော့ စိတ်မကူးပါဘူးဗျာ ။ တရုတ်မှာရှိနေတဲ့ ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်ဖို့ စဉ်းစားထားတယ်” ပြောပြီးသည့်နောက် ရှဲ့ကျဲ့ကျီသည် ရီဝမ်ဝမ်အား ပြုံးပြလာသည် ။
“ဒီလိုဆိုရင်ရော…ဘော့စ် ရီ ။ ကျွန်တော်နဲ့ စာချုပ်ချုပ်ဖို့ စဉ်းစားကြည့်ပါလား”
“ဖွီးးးး----”
ဤတစ်ကြိမ်တွင်တော့ ရီဝမ်ဝမ် လက်ဖက်ရည်သီးသွားလေပြီ ။
ဘုရားရေ….။
ရှင် ကျွန်မကို လာနောက်နေတာလား ။
ကမ္ဘာကျော်ကုမ္ပဏီကြီးတွေကတောင်မှ အလိုရှိနေကြတဲ့ မီဂါစတားကြီးက သူနဲ့ စာချုပ်ချုပ်ဖို့ ငါ့ကို လာမေးနေတယ်…ဟုတ်လား ။
ဒီလိုဖြစ်လာလိမ့်မယ်လို့ ငါလေး တခါမှ မစဉ်းစားဖူးပါဘူးနော်…ဟုတ်ပီလား
ရီဝမ်ဝမ် အဆက်မပြတ် ချောင်းတဟွတ်ဟွတ်ဆိုးနေသည် ။
တန်တန်သည် ချက်ချင်းပင် စိတ်ပူသွားပြီး သူမအား တစ်ရှူးလှမ်းပေး လာ၏။
စီရီဟန်သည်လည်း ထိုမိန်းကလေးအား နောက်ကျောကနေ ပုတ်ပေးနေပြီး ရှဲ့ကျဲ့ကျီအား ကြည့်လာသည် ။
စီရီဟန်၏အကြည့်နှင့် ဆုံလိုက်သည့်အခိုက်
ရှဲ့ကျဲ့ကျီ မှာ မထေ့တထေ့ပြန်ကြည့်ပေးလိုက်၏ ။
ရီဝမ်ဝမ် နောက်ဆုံးတွင် သက်သာသွားလေပြီ ။
“ရှင် နောက်နေတာမလား ။ ကျွန်မရဲ့ကုမ္ပဏီက ရှင့်လိုနတ်ဘုရားကြီးကို ခေါ်ထားဖို့အတွက် သေးနုပ်လွန်းပါသေးတယ်”
မီဂါစတား ရှဲ့သာ သူတို့နိုင်ငံထဲမှာရှိနေသည့် ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုမည်ဆိုပါက
ရီ အုပ်စု၏အောက်တွင် တိုက်ရိုက်ရှိနေသည့် အင်ပါယာစကိုင်းအင်တာတိန်းမန့် သို့မဟုတ် အနုပညာစတိုင် မီဒီယာ နှင့်ပင် ချုပ်၍ရနိုင်သည် ။
အင်ပါယာစကိုင်းအင်တာတိန်းမန့်ဆိုသည်မှာ ဤနိုင်ငံထဲတွင် သက်တမ်းအရှည်ကြာဆုံးသော အနုပညာကုမ္ပဏီကြီးတစ်ခု ဖြစ်၏ ။
ကမ္ဘာ့အင်တာတိန်းမန့်သည်လည်း ထိပ်တန်းကုမ္ပဏီကြီးများထဲတွင် ဒုတိယသက်တမ်း အရှည်ကြာဆုံး ကုမ္ပဏီဖြစ်၏ ။ သို့သော် သူသာ ရည်မှန်းချက်မြင့်မြင့်ထားပါက အနုပညာစတိုင်မီဒီယာသည်လည်း ကျော်ကြားမှုက မနိမ့်ပါချေ ။ ထိုကုမ္ပဏီသည်လည်း အရည်အချင်းရှိသည့် ၊ သရုပ်ဆောင်များစွာကို မွေးထုတ်ပေးနိုင်သည့် ၊ အလွန်အလုပ်ကြိုးစားသည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်၏ ။
သူမ၏ကုမ္ပဏီသည်ကမူ အခုမှ ခြေလှမ်းတစ်လှမ်းစလှမ်းမိရုံမျှသာ ။
သို့ဖြစ်ရာ မည်ကဲ့သို့များ သူ့အား စာချုပ်ချုပ်ဆို ခေါ်ယူထားနိုင်ပါ မည်နည်း။
ရှဲ့ကျဲ့ကျီက ခပ်သော့သော့ရယ်မောလာသည် ။
“ကျွန်တော် အတည်ပြောနေတာပါဗျာ။
ဘော့စ် ရီ အချိန်ယူပြီး စဉ်းစားကြည့်ပါဦး”
ရီဝမ်ဝမ် ။ “…”
ငါ့ဖင်ကြီးကို စဉ်းစားကြည့်…။
သူ ငါ့ကို လာနောက်နေတာပဲ…
ဒီကောင်က ပြီးခဲ့တဲ့တစ်ခေါက်ကကိစ္စကို ပြန်လက်စားချေနေတာတော့ မဟုတ်လောက်ပါဘူးနော် ။
……………………………………………………
တနင်္လာ နေ့ မှာ ပြန်တွေ့ကြမယ်နော် အသဲတို့ ။
စာစဉ်ကို ဝယ်ဖတ်လိုတဲ့သူတွေက
09 402 842 937 ကို 500 လွှဲပေးနော် ။
ဒါနဲ့ အချစ်လေပြည်တိုးဝင်လာခဲ့သော် ဆိုတဲ့
ဒုတိယမြောက် Novel လေး စအပ်ပေးနေပါပြီ ။ သူလည်း ဝမ်ဝမ်လေးလိုပဲ update မြန်သွား ၊ မှန်သွားမှာပါ ။ ဖတ်လို့လည်း တကယ်ကောင်းတာမို့ ဖတ်ပေးကြဦးနော် အသဲတို့ 😘😘😘😘