💝Play Boy💝
ကိုကိုေျပာတဲ့ ႐ိုက္ကြင္းစီကို အ့ံေရာက္လာခဲ့သည္။ ကားေပၚကဆင္းၿပီး ကိုကို႔ကို ရွာမိေတာ့ေတြ႕ပါၿပီ။ ေကာင္ေလးတစ္ေယာက္ကို နက္ခ္တိုင္ခ်ည္ေပးေနတာ။ ေသခ်ာၾကည့္မွ ထိုေကာင္ေလးသည္ မင္းသားမွန္း အံ့သိလိုက္သည္။
ေကာင္ေလးဆိုေပမဲ့ အံ့ထက္ႀကီးၿပီး ကိုကိုနဲ႔႐ြယ္တူေလာက္ပါ။
ထိုမင္းသားနဲ႔ကိုကိုသည္ တစ္မီတာေလာက္ပဲကြာၿပီး အရမ္းနီးကပ္လြန္းေနေသးသည္။
အံ့ဘယ္လိုမွဘဝင္မက်လွ။
မ်က္လုံးအၾကည့္က ေအာ္တို ရႈတည္တည္ျဖစ္သြားသည္။
တျခားလူေတြ အံ့အၾကည့္ကို မသိႏိုင္ေပမဲ့ ကိုကိုကေတာ့ ေကာင္းေကာင္းသိလိမ့္မည္။
အံအၾကည့္ကို မျပင္ဘဲ ကိုကို႔အနားလာခဲ့သည္။
အနားေရာက္တာနဲ႔ ကိုကိုႏွင့္ထိုမင္းသားၾကား ဇြတ္ဝင္တိုးပစ္လိုက္သည္။
မႀကိဳက္ဘူးကိုကိုတျခားသူနဲ႔နီးကပ္ေနတာကို။
"ဟ အံ့ ဘယ္လိုျဖစ္လာတာလဲ"
ကိုကိုလဲေနာက္ပလက္လန္လဲမလိုျဖစ္သြားသည္။
လဲက်သည္အထိေတာ့ျဖစ္မသြား။ အံ့ကကိုကို႔လက္ကိုတံေတာင္ဆစ္ကေနကိုင္ထားလို႔ေလ။
ဟိုမင္းသားကေတာ့ အံ့တြန္းလိုက္တာေၾကာင့္ ဖင္ထိုင္လဲသြားသည္။
ဒါ႐ိုက္တာဟုထင္ရေသာ လူအျပင္တျခားသူေတြပါ ထိုမင္းသားနဲ႔အံ့တို႔ရွိရာ အေျပးေရာက္လာၾကသည္။
ကိုကိုလဲ ထိုမင္းသားကိုထူဖို႔ျပင္ေနသည္။
ဘယ္ရမလဲ။ အံဖြယ္ပိုင္စိုးပဲေလ။ ကိုကို႔ေရွ႕ပိတ္ရပ္ထားတာေပါ့။
"အံ့ ဖယ္အုံးေလ ဟိုမွာထူေပးမလို႔"
"တျခားသူေတြထူလိမ့္မယ္
ဒီမွာ ၾကယ္သီးကတပ္မရလို႔ ကိုကို႔ဆိုင္ကအက်ီင္"
အံ့ထိုသို႔ေျပာလိုက္မွ ကိုကို႔မ်က္လုံးက အံ့စီေရာက္လာသည္။
လဲေနတဲ့မင္းသားကိုလဲ တျခားသူေတြ ထူကာေခၚသြားၾကသည္။
ေယာက်ာ္းေလးတန္မဲ့ ေပ်ာ့ညံ့လိုက္တာဟု အံ့ေတြးလိုက္သည္။
ဟုတ္တယ္ေလ။ အံ့တြန္းတာေတာင္ မခံႏိုင္ေလာက္ေအာင္ပဲ။ ေယာက်ာ္းေလးတစ္ေယာက္တြန္းတာကို ေယာက်ာ္းေလးတစ္ေယာက္အေနနဲ႔မလဲေအာင္ေတာ့ ထိန္းႏိုင္ရမွာေပါ့။
မထိန္းႏိုင္ရေအာင္ သူကအေျခာက္မို႔လို႔လား။
ခုနကေတာ့ ကိုကို႔မ်က္ႏွာကို မ်ိဴ ခ်မတက္စိုက္ၾကည့္ေနၿပီး😏😏။အခုမွ အားႏြဲ႕ျပေနလိုက္တာ။
အံ့ေတြးေကာင္းေနတုန္း ကိုကို႔လက္သြယ္သြယ္ေလး အံ့ရင္ဘတ္ကအက်ီ ၾကၤယ္သီးကိုလာကိုင္သည္။
ျပဳတ္ေနတဲ့ ၾကယ္သီးႏွစ္လုံးကို ေသခ်ာတပ္ေပးေနသည္။ဒါပဲေလ။တကယ္ေတာ့ အံ့ၾကယ္သီးကို ကားေပၚကမဆင္းခင္ကမွ ေသခ်ာျဖဳတ္လိုက္တာပါ။
ရွင္းရွင္းေျပာရရင္ sexy ဆန္ၿပီး ေယာက်ာ္းပီသတဲ့ ခႏၶာကိုယ္ေလးကို ႂကြားခ်င္တာေၾကာင့္ပါ။
တျခားသူကိုမဟုတ္ ရင္ဘတ္ထဲက ႏွလုံးသားငုတ္တုတ္ေလးကို တစ္ေယာက္ေသာသူျမင္ေစခ်င္လို႔ပါ။
ၾကယ္သီးျဖဳတ္တာ အသုံးဝင္သြားသည္။
ေစာေစာကမင္းသားကို နက္ခ္တိုင္ ခ်ည္ေပးေနတဲ့ ကိုကိုက အခု အံ့ကိုၾကယ္သီးတပ္ေပးေနရသည္ေလ။
ၾကယ္သီးတပ္ေပးေနတဲ့ ကိုကို႔မ်က္ႏွာကို ခုနကမင္းသားအၾကည့္ထက္သာတဲ့ ေလဆာမ်က္လုံးေတြနဲ႔ အံၾကည့္ပစ္လိုက္သည္။
ကိုကိုကေတာ့ ပါးစပ္ကပြစိပြစိေျပာေနသည္။
ေသခ်ာတာကေတာ့ အံကိုေမတၱာပို႔ေနတာပါ။
"အံ့"
ေလာကမွာရင္းနီးသူေတြသာေခၚေသာ နာမည္ကိုေခၚတာေၾကာင့္ အံေရာ ကိုကိုပါအသံလာရာလွမ္းၾကည့္လိုက္ၾကသည္။
လရိပ္။ အံ့ဆိုတာလဲ အသံေတာင္မမွတ္မိ။လွည့္ၾကည့္ရသည္အထိပါ။
အင္းေလ အံ့ကဘယ္တုန္းကသူမ်ားအသံကို စြဲေအာင္မွတ္ဖူးတာက်လို႔။
တစ္စုံတစ္ေယာက္အသံကလြဲရင္ေပါ့ေလ။
ပိုင္ကေတာ့ လရိပ္ကိုျမင္တာနဲ႔ အံ့နဲ႔သူမအနားကထြက္လာခဲ့သည္။
ပိုင္အေျခအေနကိုနားလည္ပါသည္။
ဟိုတခါက အံ့ဒီေမာ္ဒယ္မေလးကို လိုက္မယ္ေျပာထားတာေလ။ အခုအတြဲျဖစ္သြားပုံရသည္။
အံ့လာတာလဲ ပိုင့္ကိုအေၾကာင္းျပၿပီး သူမစီလာတာပဲျဖစ္မွာေပါ့။
ထြက္သြားတဲ့ ကိုကို႔ေက်ာျပင္ကိုၾကည့္ၿပီး အံ့မသိမသာသက္ျပင္းခ်မိသည္။
"အံ့"
"မင္းနားမလည္တာလား အဲ့ဒီလိုေခၚတာငါမႀကိဳက္ဘူးလို႔ေျပာထားတယ္ေလ"
"လရိပ္ႀကိဳက္တယ္ေလအံ့ရဲ႕
ဒါနဲ႔အံ့ကဒီကိုဘာလာလုပ္တာတာလဲ"
"အဲ့ဒါငါ့ကိစၥ" အံ့ထိုမွ်သာေျပာၿပီး လရိပ္အနားကသြားဖို႔ျပင္လိုက္သည္။
"အံ့က သူ႔ပိုင္လွ်မ္းကို တကယ္ပဲလား"
"ဘာ……"
"အဲ့လိုဆိုရင္ အံ့ေနာက္က်သြားၿပီ
သူ႔ပိုင္လွ်မ္းက ခုနကမင္းသားနဲ႔ ဟိုလိုဒီလိုေပါ့"
"အဟက္ လရိပ္ငါကမင္းကို ျဖဴ ျဖဴ စင္စင္ေလးေအာက္ေမ့ေနတာ တကယ္တမ္းက် မင္းက အနက္ထည္ႀကီးပဲ စိတ္ေတာ့မရွိနဲ႔ ငါကသူမ်ားေျပာတာမယုံတက္လို႔……ေအာ္ ေမ့လို႔ ငါအခုဒီကိုေရာက္လာတာ မင္းရွိမွန္းမသိလို႔ေနာ္
စိတ္ႀကီးဝင္ေနမွာစိုးလို႔ ငါလာတာကိုကို႔စီကို
ကိုကိုနဲ႔ငါ့ၾကားမင္းဝင္ပါစရာမလိုဘူး"
မတက္ႏိုင္ဘူးေလ။ အံ့ကေျပာစရာရွိရင္ အားနာတက္တဲ့လူစားမ်ိဴးမဟုတ္ဘူး။
သူမို႔ေျပာရက္တယ္။ ကိုကို႔ကိုမ်ား ဟိုငေဖာင္႐ိုးမင္းသားနဲ႔ဘာလိုလိုတဲ့။ မသကာ ကိုကိုႀကိဳက္တဲ့ Idol Kim Jongin ေလာက္ဆိုေတာ္ေသး။
အဲ့ဒါဆို အံံ့ကသေဘာတူေပးမွာပါ။ ေယာက်ာ္းခ်င္းေပမဲကိုကိုစိတ္ခ်မ္းသာေအာင္လို႔ေလ။ ကိုကိုက အဲ့ဒီ Kim Jonginဆိုလား Kim Kai ဆိုလား သူ႔ကိုအသဲစြဲေလ။
လုံးဝသူ႔idal typeတဲ့။
ကိုကို႔ေနာက္ကိုလိုက္လာခါမွ ေတြ႕ရျပန္ၿပီ။
ဟိုငေဖာင္႐ိုးမင္းသားအနားမွာ။
ခုနက အံ့လုပ္လိုက္တာကိုေတာင္းပန္ေနပုံရသည္။ မ်က္ႏွာေလးက မန္က်ည္းေစ့ေလာက္ျဖစ္တာကို ၾကည့္ၿပီး အံ့မွန္းလိုက္တာပါ။
"ကိုကို က်ေနာ့္ကိုအခ်ိန္ခဏေပးမလား"
"ဘာလဲငါမအားေသးဘူး"
"ေအာ္ ဒီရႉ တင္ကဘယ္ခ်ိန္ၿပီးမွာလဲ"
"ေန႔လည္ေလာက္မွထင္တယ္
ဘာလို႔လဲေျပာ မင္းကိစၥရွိလို႔လား"
"ဟင့္အင္း မရွိပါဘူး က်ေနာ္ကိုကိုၿပီးတဲ့အထိေစာင့္မယ္ေလ ရလား"
"သေဘာပဲေလ ငါမင္းသားကိုအဝတ္စားသြားေပးလိုက္အုံးမယ္"
"အင္း"
ကိုကိုကဟိုမင္းသားကိုေခၚၿပီးထသြားသည္။
အံ့ စိတ္ထဲသေဘာမေတြ႕တာေတာ့အမွန္။
"အံ့ ခဏလာ……"
"ဘာလဲ"
"မင္းသားကိုေတာင္းပန္လိုက္ပါလား"
"ဘာအတြက္လဲ"
"ခုနကမင္းတမင္တြန္းလိုက္တာကိုကိုသိတယ္
ေတာင္းပန္လိုက္ပါ ငါမ်က္ႏွာမပ်က္ခ်င္ဘူး"
"က်ေနာ္တမင္မလုပ္ပါဘူး သူ႔ကိုကိုကို႔အနားအရမ္းမကပ္ေစခ်င္လို႔ စိတ္ခ်ပါ ကိုကို႔အလုပ္ကိုမထိခိုက္ေစရဘူး က်ေနာ္မေတာင္းပန္ခ်င္တာကိုေတာ့ ဇြတ္မလုပ္ခိုင္းနဲ႔ ကားနားကပဲသြားေစာင့္ေနမယ္"
အံ့မ်က္ႏွာကပ်က္ေနတာကို ပိုင္သတိထားမိသည္။ ပိုင္ေျပာတာကိုလဲ စိတ္မပါသလိုပဲျပန္ေျပာသြားသည္။
ဧကန္န သူ႔ေကာင္မေလးနဲ႔မ်ား စကားမ်ားလာတာလား။
အံ့ကို ခဏထားၿပီး ပိုင္အလုပ္ကိုျပန္အာ႐ုံစိုက္လိုက္ရသည္။
"ကိုသူ႔ပိုင္လွ်မ္း"
"ေအာ္လရိပ္ အံ့ ကကားစီသြားၿပီ"
အံ့ ကိုလာေမးတယ္ထင္လိုေျပာလိုက္ျခင္း။
"ရွင္လဲ အံ့ကို အံ့လို႔ေခၚတာလား"
"ဟမ္ အင္း ဒီလိုပါပဲ"
"အံ့က လရိပ္ကိုပဲ အဲ့ လိုေခၚခိုင္းတာ
သူတျခားသူကိုေခၚခြင့္မျပဳဘူးတဲ့
ရွင္တျခားနာမည္ေျပာင္းေခၚလိုက္ပါလား
အံ့ဆိုတဲ့နာမည္ေလး လရိပ္ပဲေခၚခ်င္လို႔ပါ
ေနာ္ "
"ေအာ္ အင္း က်ေနာ္က တခါတေလမွေခၚတာပါ ညီေလးဆိုေတာ့ေလ လရိပ္မေခၚေစခ်င္ရင္ က်ေနာ္ မေခၚေတာ့ဘူး"
"ဟုတ္ ေက်းဇူးတင္ပါတယ္ ေတာ္ၾကာအံ့စိတ္ဆိုးမွာစိုးလို႔ပါ"
"ရပါတယ္ လရိပ္"
"အံ့က လရိပ္ကို အရမ္းခ်စ္တာေလ
လရိပ္ကလြဲၿပီး တျခားရည္းစား မထားေတာ့ဘူးတဲ့ေလ"
"ဟုတ္လား ဂုဏ္ယူပါတယ္ လရိပ္အတြက္
က်ေနာ္သူ႔ကိုေျပာပါတယ္ အတည္တက်တြဲဖို႔ေလ အခုေတာ့လရိပ္ရွိလာၿပီမို႔က်ေနာ္ေျပာစရာမလိုေတာ့ဘူးေပါ့"
"ဟုတ္စိတ္မပူနဲ႔ အံ့ကို လရိပ္ထိန္းပါ့မယ္"
"အင္း က်ေနာ့္ကိုခြင့္ျပဳပါအုံး"
"ဟုတ္"
သူ႔ပိုင္လွ်မ္းထြက္သြားသည္ႏွင့္ အခန္းထဲက်န္ခဲ့ေသာ လရိပ္စီတြင္ မဲ့ၿပဳံးတစ္ခုေပၚလာေလသည္။
❣❣❣❣❣❣❣❣❣❣❣❣
မနက္ကတည္းကဘာမွ မစားရေသးေတာ့
အံ့ဗိုက္တခြင္ ၿဗဲၿဗဲစင္ေအာင္ ဆူညံေနသည္။
ဗိုက္ဆာေသာ္လည္း ကိုကိုႏွင့္အတူစားခ်င္တာမို႔ သီးခံၿပီးေစာင့္ေနမိသည္။
12နာရီပင္ထိုးေတာ့မည္။
ဘာလို႔ အခုခ်ိန္ထိမၿပီးေသးပါလိမ့္။
ေဘးကေကာင္ေလးကို စကားေျပာရင္း ကားစီေလွ်ာက္လာေနသည့္ ကိုကို႔ေၾကာင့္ အံ့ေပ်ာ္သြားရသည္။ကိုကိုကေတာ့ အံ့ကိုျမင္တာေတာင္ အၾကည့္လႊဲသြားသည္။
အံ့ကားစီမလာဘဲ သူ႔ကားေပၚတက္ဖို႔ျပင္ေနတဲ့ ကိုကို႔ေၾကာင့္ အံ့ကားေပၚကအျမန္ဆင္းခဲ့သည္။
"ကိုကို"
"ငါမအားဘူးအံ့ ကိစၥရွိရင္ ေနာက္မွေျပာေတာ့"
ပိုင္တကယ္လဲ မအားပါ။
အလုပ္ကိစၥေတာ့မဟုတ္။ ေဖေဖေတြ႔ခိုင္းသည့္ သူ႔သူငယ္ခ်င္းသားကိုသြားေတြ႕ရအုံးမည္။
အခုေတာင္ ေနာက္က်ေနတာ။
သြားမေတြ႕ရင္လဲ ေဖေဖဆူတာခံရအုံးမည္။
အံ့စိတ္ဆိုးလဲ ေနာက္မွေခ်ာ့မည္ဟုေတြးလိုက္ရသည္။
အံ့နဲ႔အတူလိုက္ခဲ့တဲ့သန္႔ဇင္ကိုလဲ taxiငွားၿပီး ဆိုင္ျပန္ဖို႔မွာထားခဲ့ရသည္။
ပိုင္ေဖေဖ့သူငယ္ခ်င္းသားနဲ႔ခ်ိန္းထားသည့္coffeeဆိုင္သို႔လာခဲ့သည္။
ပိုင့္ေနာက္ကို အံ့လိုက္လာတာေတာ့ ပိုင္မသိလိုက္။
"ဟို…ဒီက ကိုမင္းထက္ေက်ာ္လားဗ်"
"ဟုတ္ ထိုင္ပါသူ႔ပိုင္လ်ွမ္း"
"ဟုတ္ က်ေနာ့္ကိုသိေနတာလား"
"Fashion ေလာကရဲ႕နာမည္ႀကီးကိုမသိရေအာင္ က်ေနာ္က ေခတ္ေနာက္က်ေနတဲ့သူမွမဟုတ္တာဗ်ာ
တစ္ခုခုမွာလိုက္ေလ"
"ေနပါေစ က်ေနာ္ မေသာက္ေတာ့ဘူး
ေစာင့္ခိုင္းသလိုျဖစ္သြားတာ ေတာင္းပန္ပါတယ္
က်ေနာ္အလုပ္ေလး မၿပီးလို႔ပါ"
"ရပါတယ္ က်ေနာ္နားလည္ပါတယ္
မင္းကအလုပ္မ်ားတဲ့သူပဲဟာ"
"အခ်ိန္ေပးၿပီးေစာင့္ေနတာေက်းဇူးတင္ပါတယ္
ဒါနဲ႔……"
"က်ေနာ္နဲ႔လူႀကီးေတြ စီစဥ္ထားတဲ့ကိစၥ မင္းဘက္ကဘယ္လိုသေဘာရလဲ"
"က်ေနာ္ပြင့္ပြင့္လင္းလင္းပဲေျပာပါရေစ"
"ရပါတယ္ေျပာပါ"
"ခင္ဗ်ားကအားလုံးျပည့္စုံတဲ့လူတစ္ေယာက္ပါ
႐ုပ္ရည္႐ူပကာ ေနာက္ခံပစၥည္းဥစၥာ ဘယ္မိန္းကေလးမွ မျငင္းႏိုင္တဲ့လူမ်ိဴးဆိုတာက်ေနာ္သိပါတယ္"
"မင္းကလဲ မိန္းကေလးတိုင္း လိုခ်င္တဲ့လူတစ္ေယာက္ပါပဲ"
"ခ်ီးက်ဴးေပးတာေက်းဇူးတင္ပါတယ္
က်ေနာ့္အေနနဲ႔ ခင္ဗ်ားကိုလက္ထပ္ဖို႔ ျငင္းဆန္ခ်င္ပါတယ္ အဲ့ဒါကလဲ ခင္ဗ်ားမွာလိုအပ္ခ်က္ရွိေနလို႔မဟုတ္ပါဘူး ေစာေစာကေျပာသလို အရမ္းျပည့္စုံပါတယ္ က်ေနာ္ကသာလိုအပ္ခ်က္ေတြရွိေနေသးလို႔ လက္ထပ္ဖို႔ျငင္းခ်င္တာပါ ၿပီးေတာ့ အခ်စ္မပါဘဲ က်ေနာ္လက္မထပ္ခ်င္လို႔ပါ"
"က်ေနာ့္ဘက္ကအမွန္တိုင္းေျပာရရင္
သူ႔ပိုင္လ်မ္းကို သေဘာက်ပါတယ္ လက္ထပ္ဖို႔လဲ က်ေနာ္သေဘာတူထားတယ္ ဒါေပမဲ့ မင္းအေနနဲ႔ အခ်စ္မပါဘဲ လက္မထပ္ခ်င္ဘူးဆိုတဲ့စကားေၾကာင့္ က်ေနာ္ထပ္စဥ္းစားလိုက္ပါ့မယ္"
"ေက်းဇူးတင္ပါတယ္ ကိုမင္းထက္ေက်ာ္"
"အနည္းဆုံး က်ေနာ့္ကို အခြင့္အေရးတစ္ခုေလာက္ေပးလို႔ရမလား"
"ဟုတ္ ဘာမ်ားလဲေျပာပါ က်ေနာ္အဆင္ေျပတာဆို သေဘာတူေပးပါ့မယ္"
"က်ေနာ့္အေနနဲ႔ မင္းစီကအခ်စ္ကိုရဖို႔ ႀကိဳးစားလို႔ရမလား"
"ဗ်ာ……ဟို……အဲ့ဒါကနည္းနည္း"
"မင္းမွာ ခ်စ္သူရွိေနလို႔လား"
"မရွိပါဘူး"
"ဒါဆိုက်ေနာ့္ကိုႀကိဳးစားခြင့္ေပးပါ"
"အာ ဟုတ္……ဟုတ္"
ဘယ့္နဲ႔ မိဘသေဘာတူတဲ့လူကို လက္မခံခ်င္ပါဘူးဆိုမွ သူကပိုင့္အခ်စ္ကို ရဖို႔ႀကိဳးစားအုံးမည္တဲ့ေလ။
ဒါက်ေနာ့္ခ်စ္သူပါလို႔ အျပတ္ျငင္းပစ္ရေအာင္လဲလက္ဆုပ္လက္ကိုင္ျပစရာ ခ်စ္သူရည္းစားဟူ၍မရွိေတာ့ ခက္သည္။
"က်ေနာ့္ေရွ႕မွာ အေနမခက္ပါနဲ႔
က်ေနာ့္ကို မိဘသေဘာတူထားတဲ့လူတစ္ေယာက္အေနနဲ႔မျမင္ဘဲ သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ပဲ ျမင္ေပးပါ အဲ့လိုအဆင္ေျပမလား"
"ဟုတ္ ေျပပါတယ္"
ထိုစကားကိုေတာ့ ပိုင္ၿပဳံးၿပီးေျပာလိုက္သည္။
သူ႔ဘက္ကဒီေလာက္လိုက္ေလ်ာေပးေနတာ ပိုင့္အေနနဲ႔လက္ခံသင့္တယ္ထင္လို႔ပါ။
သူကသာ ခ်က္ခ်င္းလက္ထပ္ခ်င္ပါတယ္ဆို ပိုင္ဘာမွတက္ႏိုင္မည္မဟုတ္။ ေဖေဖ့စကားကို ပိုင္မလြန္ဆန္ႏိုင္။ အခုဒီလူ႔ေက်းဇူးေၾကာင့္ လက္ထပ္ရက္ေဝးေသး၏ဟုသတ္မွတ္လို႔ရသည္။
ပိုင္စိတ္ေအးေအးေနလို႔ရေသးသည္။
"သူငယ္ခ်င္းျဖစ္တဲ့အေနနဲ႔တစ္ခုခုေသာက္ေလ"
"ဟုတ္"
"waiter "
သူကလွမ္းေခၚလိုက္သည္။
"အကိုတို႔ဘာေပးရမလဲဗ်"
"စေတာ္ဘယ္ရီေဖ်ာ္ရည္"
"စေတာ္ဘယ္ရီေဖ်ာ္ရည္"
"ဟား……အဟက္"
ႏွစ္ေယာက္ၿပိဳင္တူေျပာမိသြားသည္မို႔ ၿပဳံးလိုက္မိျပန္သည္။
ထိုအခ်ိန္မိုးေပၚက ဝုန္းခနဲျပဳတ္က်လာသလို
အံ့ တစ္ေယာက္ ပိုင့္အနားေရာက္ခ်လာသည္။
"ကိုကို" နာမည္ေခၚရင္း လက္ကိုပါေစာင့္ဆြဲပစ္လိုက္သည္။
"အာ့ အံ့ ဘာျဖစ္"
"ေတာက္ ကိုကိုဒီမွာဘာလုပ္ေနတာလဲ"
"ငါ့မိတ္ေဆြနဲ႔လာေတြ႕တာေလ"
"ဘာမိတ္ေဆြလဲ ဒါကိုကို႔ဘဲမဟုတ္လား
ကိုကိုဗ်ာ က်ေနာ့္ကိုေျပာဖို႔ငါမွာထားတယ္ေလ
ေတာက္ မိန္းကေလးရည္းစားထားမယ္ထင္ခဲ့တာ"
"အံ့မင္းဘာေတြေျပာေနျပန္ၿပီလဲ"
"ဒီကညီ မင္းက အံ့ဖြယ္ပိုင္စိုးလား"
ကိုကိုနဲ႔ထိုင္ေနတဲ့သူက ထိုင္ရာကထၿပီး အံ့ကိုေမးသည္။
"အင္း" အင္းတစ္လုံးပဲေျဖၿပီး ကိုကို႔လက္ကိုတရၾကမ္းဆြဲကာ ေကာ္ဖီဆိုင္ထဲကထြက္ခဲ့သည္။
"အံ့ ေနအုံး ငါေျပာတာနားေထာင္အုံး"
"နားမေထာင္ခ်င္ဘူး ပါးစပ္ပိတ္ၿပီးလိုက္ခဲ့"
"ေနအုံးလို႔ ငါ့လက္နာလွၿပီ လႊတ္စမ္း"
ပိုင့္လက္ကိုမလႊတ္တမ္းဆြဲေခၚၿပီး ေရွ႕ကေျခလွမ္းက်ဲေတြနဲ႔သြားေနသည့္အံ့က ပိုင္ေစာင့္႐ုန္းလိုက္သည္ႏွင့္ လဲက်သြားသည္။
"အံ့"
ပိုင္တစ္ကိုယ္လုံးပူထူသြားရသည္။
လဲက်သြားတဲ့ အံ့ခႏၶာကိုယ္ကို ရင္ခြင္ထဲဆြဲေပြ႕လိုက္သည္။ဒီေကာင္ေလးဘာျဖစ္သြားတာလဲ။
"အံ့…… အံ့……သတိထားအုံးေလ"
"အံ့ ကိုကိုေခၚေနတာၾကားလား"
ပိုင္ဘာလုပ္ရမွန္းပင္မသိေတာ့။
ေဘးနားလာရပ္သည့္လူေၾကာင့္ ေမာ့ၾကည့္ေတာ့ မင္းထက္ေက်ာ္။
"ေဆး႐ုံလိုက္ပို႔ေပးမယ္"
"ဟုတ္ ေက်းဇူးပါပဲ"
ေကာ္ဖီဆိုင္ထဲက waiterေကာင္ေလးႏွစ္ေယာက္က အံ့ ကိုကားထဲပို႔ေပးသည္။
ပိုင့္ကားေရာ အံ့ကားေရာ ထားခဲ့ကာ မင္းထက္ေက်ာ္ကားနဲ႔ေဆး႐ုံလာခဲ့ရသည္။
❤️
"အဆာလြန္ၿပီး မူးလဲသြားတာပါ
သူဘာမွမစားရေသးဘူးလား
ေတာ္ေတာ္အားနည္းသြားတယ္"
"ဟုတ္ ေဒါက္တာ သူစားလားမစားဘူးလား က်ေနာ္လဲေသခ်ာမသိရဘူး ဒီတိုင္းလဲသြားလို႔"
"သူႏိုးလာမွ တစ္ခုခုေကြၽးလိုက္ရင္ အဆင္ေျပပါတယ္ နဂိုကအစာအိမ္ေအာင့္တာဘာညာျဖစ္ဖူးတယ္ထင္တယ္"
"ဟုတ္ျဖစ္ဖူးတယ္ေဒါက္တာ
သူကအဆာခံလို႔မရဘူးဗ်"
အံ့ပထမႏွစ္တုန္းက ပိုင့္ကိုစိတ္ဆိုးၿပီး ေန႔လည္စာမစားလို႔ ေက်ာင္းမွာမူးလဲသြားဖူးတာကို ပိုင္သတိရသြားသည္။
အဲ့တုန္းကလဲ ပိုင့္ေၾကာင့္ အခုလဲ ပိုင့္ေၾကာင့္ပဲလားအံ့ရာ။
"နည္းနည္းေတာ့ ဂ႐ုစိုက္ေပးေပါ့
ခဏခဏအခုလိုျဖစ္ရင္မေကာင္းဘူး"
"ဟုတ္ကဲ့ပါေဒါက္တာ"
ေဒါက္တာထြက္သြားမွ ပိုင္လဲအံ့အနားသြားလိုက္သည္။ႏႈတ္ခမ္းေတြေတာင္ေခ်ာက္ေနသေယာင္။
"အဟမ္း……က်ေနာ္ျပန္ေတာ့မယ္"
"ေအာ္ ကိုမင္းထက္ေက်ာ္"
ပိုင္သူ႔ကိုေမ့ေနတာအမွန္ပါ။
အခန္းထဲရွိေနတာကို တကယ္မျမင္မိ။
"လိုက္ပို႔ေပးတာ ေက်းဇူးတင္ပါတယ္"
"ရပါတယ္ သူငယ္ခ်င္းေတြပဲ"
"ျပန္မွာဆိုေတာ့ ကားနားအထိက်ေနာ္လိုက္ပို႔ေပးပါ့မယ္"
"ေနပါေစ အံ့ဖြယ္ပိုင္စိုး အနားမွာပဲေနလိုက္ပါ"
"က်ေနာ္သူ႔အတြက္ စားဖို႔တစ္ခုခုဝယ္ရင္းနဲ႔ပါ"
"ဟုတ္"
မင္းထက္ေက်ာ္ကိုကားနားအထိလိုက္ပို႔ၿပီး
အံ့အတြက္ ၾကက္သားဆန္ျပဳတ္ဝယ္ခဲ့လိုက္သည္။ အံ့က ၾကက္သားဆန္ျပဳတ္ေတာ့ႀကိဳက္သည္။ တျခားဟာဆို ဂဂ်ီဂေဂ်ာင္လုပ္မွာစိုးလို႔ သူႀကိဳက္တာပဲဝယ္လာခဲ့ရသည္။
ေဆး႐ုံအခန္းထဲဝင္လာေတာ့အ့ံႏိုးေနၿပီျဖစ္သည္။
ပိုင့္ကိုျမင္ေတာ့ ကိုယ္ကိုတဖက္ေစာင္းလွည့္သြားသည္။ သေဘာကသူစိတ္ဆိုးေနတယ္ေပါ့ေလ။
ဒီေကာင္ေလး အခုခ်ိန္ထိ ကေလးလုပ္ခ်င္ေနတုန္း။
❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️
T.B.C
#HoneyChan
💝Play Boy💝
ကိုကိုပြောတဲ့ ရိုက်ကွင်းစီကို အံ့ရောက်လာခဲ့သည်။ ကားပေါ်ကဆင်းပြီး ကိုကို့ကို ရှာမိတော့တွေ့ပါပြီ။ ကောင်လေးတစ်ယောက်ကို နက်ခ်တိုင်ချည်ပေးနေတာ။ သေချာကြည့်မှ ထိုကောင်လေးသည် မင်းသားမှန်း အံ့သိလိုက်သည်။
ကောင်လေးဆိုပေမဲ့ အံ့ထက်ကြီးပြီး ကိုကိုနဲ့ရွယ်တူလောက်ပါ။
ထိုမင်းသားနဲ့ကိုကိုသည် တစ်မီတာလောက်ပဲကွာပြီး အရမ်းနီးကပ်လွန်းနေသေးသည်။
အံ့ဘယ်လိုမှဘဝင်မကျလှ။
မျက်လုံးအကြည့်က အော်တို ရှုတည်တည်ဖြစ်သွားသည်။
တခြားလူတွေ အံ့အကြည့်ကို မသိနိုင်ပေမဲ့ ကိုကိုကတော့ ကောင်းကောင်းသိလိမ့်မည်။
အံအကြည့်ကို မပြင်ဘဲ ကိုကို့အနားလာခဲ့သည်။
အနားရောက်တာနဲ့ ကိုကိုနှင့်ထိုမင်းသားကြား ဇွတ်ဝင်တိုးပစ်လိုက်သည်။
မကြိုက်ဘူးကိုကိုတခြားသူနဲ့နီးကပ်နေတာကို။
"ဟ အံ့ ဘယ်လိုဖြစ်လာတာလဲ"
ကိုကိုလဲနောက်ပလက်လန်လဲမလိုဖြစ်သွားသည်။
လဲကျသည်အထိတော့ဖြစ်မသွား။ အံ့ကကိုကိုဲလက်ကိုတံတောင်ဆစ်ကနေကိုင်ထားလို့လေ။
ဟိုမင်းသားကတော့ အံ့တွန်းလိုက်တာကြောင့် ဖင်ထိုင်လဲသွားသည်။
ဒါရိုက်တာဟုထင်ရသော လူအပြင်တခြားသူတွေပါ ထိုမင်းသားနဲ့အံ့တို့ရှိရာ အပြေးရောက်လာကြသည်။
ကိုကိုလဲ ထိုမင်းသားကိုထူဖို့ပြင်နေသည်။
ဘယ်ရမလဲ။ အံဖွယ်ပိုင်စိုးပဲလေ။ ကိုကို့ရှေ့ပိတ်ရပ်ထားတာပေါ့။
"အံ့ ဖယ်အုံးလေ ဟိုမှာထူပေးမလို့"
"တခြားသူတွေထူလိမ့်မယ်
ဒီမှာ ကြယ်သီးကတပ်မရလို့ ကိုကို့ဆိုင်ကအကျီင်"
အံ့ထိုသို့ပြောလိုက်မှ ကိုကို့မျက်လုံးက အံ့စီရောက်လာသည်။
လဲနေတဲ့မင်းသားကိုလဲ တခြားသူတွေ ထူကာခေါ်သွားကြသည်။
ယောကျာ်းလေးတန်မဲ့ ပျော့ညံ့လိုက်တာဟု အံ့တွေးလိုက်သည်။
ဟုတ်တယ်လေ။ အံ့တွန်းတာတောင် မခံနိုင်လောက်အောင်ပဲ။ ယောကျာ်းလေးတစ်ယောက်တွန်းတာကို ယောကျာ်းလေးတစ်ယောက်အနေနဲ့မလဲအောင်တော့ ထိန်းနိုင်ရမှာပေါ့။
မထိန်းနိုင်ရအောင် သူကအခြောက်မို့လို့လား။
ခုနကတော့ ကိုကို့မျက်နှာကို မျိူ ချမတက်စိုက်ကြည့်နေပြီး😏😏။အခုမှ အားနွဲ့ပြနေလိုက်တာ။
အံ့တွေးကောင်းနေတုန်း ကိုကို့လက်သွယ်သွယ်လေး အံ့ရင်ဘတ်ကအကျီ ြင်္ကယ်သီးကိုလာကိုင်သည်။
ပြုတ်နေတဲ့ ကြယ်သီးနှစ်လုံးကို သေချာတပ်ပေးနေသည်။ဒါပဲလေ။တကယ်တော့ အံ့ကြယ်သီးကို ကားပေါ်ကမဆင်းခင်ကမှ သေချာဖြုတ်လိုက်တာပါ။
ရှင်းရှင်းပြောရရင် sexy ဆန်ပြီး ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်လေးကို ကြွားချင်တာကြောင့်ပါ။
တခြားသူကိုမဟုတ် ရင်ဘတ်ထဲက နှလုံးသားငုတ်တုတ်လေးကို တစ်ယောက်သောသူမြင်စေချင်လို့ပါ။
ကြယ်သီးဖြုတ်တာ အသုံးဝင်သွားသည်။
စောစောကမင်းသားကို နက်ခ်တိုင် ချည်ပေးနေတဲ့ ကိုကိုက အခု အံ့ကိုကြယ်သီးတပ်ပေးနေရသည်လေ။
ကြယ်သီးတပ်ပေးနေတဲ့ ကိုကို့မျက်နှာကို ခုနကမင်းသားအကြည့်ထက်သာတဲ့ လေဆာမျက်လုံးတွေနဲ့ အံကြည့်ပစ်လိုက်သည်။
ကိုကိုကတော့ ပါးစပ်ကပွစိပွစိပြောနေသည်။
သေချာတာကတော့ အံကိုမေတ္တာပို့နေတာပါ။
"အံ့"
လောကမှာရင်းနီးသူတွေသာခေါ်သော နာမည်ကိုခေါ်တာကြောင့် အံ့ရော ကိုကိုပါအသံလာရာလှမ်းကြည့်လိုက်ကြသည်။
လရိပ်။ အံ့ဆိုတာလဲ အသံတောင်မမှတ်မိ။လှည့်ကြည့်ရသည်အထိပါ။
အင်းလေ အံ့ကဘယ်တုန်းကသူများအသံကို စွဲအောင်မှတ်ဖူးတာကျလို့။
တစ်စုံတစ်ယောက်အသံကလွဲရင်ပေါ့လေ။
ပိုင်ကတော့ လရိပ်ကိုမြင်တာနဲ့ အံ့နဲ့သူမအနားကထွက်လာခဲ့သည်။
ပိုင်အခြေအနေကိုနားလည်ပါသည်။
ဟိုတခါက အံ့ဒီမော်ဒယ်မလေးကို လိုက်မယ်ပြောထားတာလေ။ အခုအတွဲဖြစ်သွားပုံရသည်။
အံ့လာတာလဲ ပိုင့်ကိုအကြောင်းပြပြီး သူမစီလာတာပဲဖြစ်မှာပေါ့။
ထွက်သွားတဲ့ ကိုကို့ကျောပြင်ကိုကြည့်ပြီး အံ့မသိမသာသက်ပြင်းချမိသည်။
"အံ့"
"မင်းနားမလည်တာလား အဲ့ဒီလိုခေါ်တာငါမကြိုက်ဘူးလို့ပြောထားတယ်လေ"
"လရိပ်ကြိုက်တယ်လေအံ့ရဲ့
ဒါနဲ့အံ့ကဒီကိုဘာလာလုပ်တာတာလဲ"
"အဲ့ဒါငါ့ကိစ္စ" အံ့ထိုမျှသာပြောပြီး လရိပ်အနားသွားဖို့ပြင်လိုက်သည်။
"အံ့က သူ့ပိုင်လျှမ်းကို တကယ်ပဲလား"
"ဘာ……"
"အဲ့လိုဆိုရင် အံ့နောက်ကျသွားပြီ
သူ့ပိုင်လျှမ်းက ခုနကမင်းသားနဲ့ ဟိုလိုဒီလိုပေါ့"
"အဟက် လရိပ်ငါကမင်းကို ဖြူ ဖြူ စင်စင်လေးအောက်မေ့နေတာ တကယ်တမ်းကျ မင်းက အနက်ထည်ကြီးပဲ စိတ်တော့မရှိနဲ့ ငါကသူများပြောတာမယုံတက်လို့……အော် မေ့လို့ ငါအခုဒီကိုရောက်လာတာ မင်းရှိမှန်းမသိလို့နော်
စိတ်ကြီးဝင်နေမှာစိုးလို့ ငါလာတာကိုကို့စီကို
ကိုကိုနဲ့ငါ့ကြားမင်းဝင်ပါစရာမလိုဘူး"
မတက်နိုင်ဘူးလေ။ အံ့ကပြောစရာရှိရင် အားနာတက်တဲ့လူစားမျိူးမဟုတ်ဘူး။
သူမို့ပြောရက်တယ်။ ကိုကို့ကိုများ ဟိုငဖောင်ရိုးမင်းသားနဲ့ဘာလိုလိုတဲ့။ မသကာ ကိုကိုကြိုက်တဲ့ Idol Kim Jongin လောက်ဆိုတော်သေး။
အဲ့ဒါဆို အံ့ကသဘောတူပေးမှာပါ။ ယောကျာ်းချင်းပေမဲကိုကိုစိတ်ချမ်းသာအောင်လို့လေ။ ကိုကိုက အဲ့ဒီ Kim Jonginဆိုလား Kim Kai ဆိုလား သူ့ကိုအသဲစွဲလေ။
လုံးဝသူ့idal typeတဲ့။
ကိုကို့နောက်ကိုလိုက်လာခါမှ တွေ့ရပြန်ပြီ။
ဟိုငဖောင်ရိုးမင်းသားအနားမှာ။
ခုနက အံ့လုပ်လိုက်တာကိုတောင်းပန်နေပုံရသည်။ မျက်နှာလေးက မန်ကျည်းစေ့လောက်ဖြစ်တာကို ကြည့်ပြီး အံ့မှန်းလိုက်တာပါ။
"ကိုကို ကျနော့်အချိန်ခဏပေးမလား"
"ဘာလဲငါမအားသေးဘူး"
"အော် ဒီရှူ တင်ကဘယ်ချိန်ပြီးမှာလဲ"
"နေ့လည်လောက်မှထင်တယ်
ဘာလို့လဲပြော မင်းကိစ္စရှိလို့လား"
"ဟင့်အင်း မရှိပါဘူး ကျနော်ကိုကိုပြီးတဲ့အထိစောင့်မယ်လေ ရလား"
"သဘောပဲလေ ငါမင်းသားကိုအဝတ်စားသွားပေးလိုက်အုံးမယ်"
"အင်း"
ကိုကိုကဟိုမင်းသားကိုခေါ်ပြီးထသွားသည်။
အံ့ စိတ်ထဲသဘောမတွေ့တာတော့အမှန်။
"အံ့ ခဏလာ……"
"ဘာလဲ"
"မင်းသားကိုတောင်းပန်လိုက်ပါလား"
"ဘာအတွက်လဲ"
"ခုနကမင်းတမင်တွန်းလိုက်တာကိုကိုသိတယ်
တောင်းပန်လိုက်ပါ ငါမျက်နှာမပျက်ချင်ဘူး"
"ကျနော်တမင်မလုပ်ပါဘူး သူ့ကိုကိုကို့အနားအရမ်းမကပ်စေချင်လို့ စိတ်ချပါ ကိုကို့အလုပ်ကိုမထိခိုက်စေရဘူး ကျနော်မတောင်းပန်ချင်တာကိုတော့ ဇွတ်မလုပ်ခိုင်းနဲ့ ကားနားကပဲသွားစောင့်နေမယ်"
အံ့မျက်နှာကပျက်နေတာကို ပိုင်သတိထားမိသည်။ ပိုင်ပြောတာကိုလဲ စိတ်မပါသလိုပဲပြန်ပြောသွားသည်။
ဧကန်န သူ့ကောင်မလေးနဲ့များ စကားများလာတာလား။
အံ့ကို ခဏထားပြီး ပိုင်အလုပ်ကိုပြန်အာရုံစိုက်လိုက်ရသည်။
"ကိုသူ့ပိုင်လျှမ်း"
"အော်လရိပ် အံ့ ကကားစီသွားပြီ"
အံ့ ကိုလာမေးတယ်ထင်လိုပြောလိုက်ခြင်း။
"ရှင်လဲ အံ့ကို အံ့လို့ခေါ်တာလား"
"ဟမ် အင်း ဒီလိုပါပဲ"
"အံ့က လရိပ်ကိုပဲ အဲ့ လိုခေါ်ခိုင်းတာ
သူတခြားသူကိုခေါ်ခွင့်မပြုဘူးတဲ့
ရှင်တခြားနာမည်ပြောင်းခေါ်လိုက်ပါလား
အံ့ဆိုတဲ့နာမည်လေး လရိပ်ပဲခေါ်ချင်လို့ပါ
နော် "
"အော် အင်း ကျနော်က တခါတလေမှခေါ်တာပါ ညီလေးဆိုတော့လေ လရိပ်မခေါ်စေချင်ရင် ကျနော် မခေါ်တော့ဘူး"
"ဟုတ် ကျေးဇူးတင်ပါတယ် တော်ကြာအံ့စိတ်ဆိုးမှာစိုးလို့ပါ"
"ရပါတယ် လရိပ်"
"အံ့က လရိပ်ကို အရမ်းချစ်တာလေ
လရိပ်ကလွဲပြီး တခြားရည်းစား မထားတော့ဘူးတဲ့လေ"
"ဟုတ်လား ဂုဏ်ယူပါတယ် လရိပ်အတွက်
ကျနော်သူ့ကိုပြောပါတယ် အတည်တကျတွဲဖို့လေ အခုတော့လရိပ်ရှိလာပြီမို့ကျနော်ပြောစရာမလိုတော့ဘူးပေါ့"
"ဟုတ်စိတ်မပူနဲ့ အံ့ကို လရိပ်ထိန်းပါ့မယ်"
"အင်း ကျနော့်ကိုခွင့်ပြုပါအုံး"
"ဟုတ်"
သူ့ပိုင်လျှမ်းထွက်သွားသည်နှင့် အခန်းထဲကျန်ခဲ့သော လရိပ်စီတွင် မဲ့ပြုံးတစ်ခုပေါ်လာလေသည်။
❣❣❣❣❣❣❣❣❣❣❣❣
မနက်ကတည်းကဘာမှ မစားရသေးတော့
အံ့ဗိုက်တခွင် ဗြဲဗြဲစင်အောင် ဆူညံနေသည်။
ဗိုက်ဆာသော်လည်း ကိုကိုနှင့်အတူစားချင်တာမို့ သီးခံပြီးစောင့်နေမိသည်။
12နာရီပင်ထိုးတော့မည်။
ဘာလို့ အခုချိန်ထိမပြီးသေးပါလိမ့်။
ဘေးကကောင်လေးကို စကားပြောရင်း ကားစီလျှောက်လာနေသည့် ကိုကို့ကြောင့် အံ့ပျော်သွားရသည်။ကိုကိုကတော့ အံ့ကိုမြင်တာတောင် အကြည့်လွှဲသွားသည်။
အံံ့ကားစီမလာဘဲ သူ့ကားပေါ်တက်ဖို့ပြင်နေတဲ့ ကိုကို့ကြောင့် အံ့ကားပေါ်ကအမြန်ဆင်းခဲ့သည်။
"ကိုကို"
"ငါမအားဘူးအံ့ ကိစ္စရှိရင် နောက်မှပြောတော့"
ပိုင်တကယ်လဲ မအားပါ။
အလုပ်ကိစ္စတော့မဟုတ်။ ဖေဖေတွေခိုင်းသည့် သူ့သူငယ်ချင်းသားကိုသွားတွေ့ရအုံးမည်။
အခုတောင် နောက်ကျနေတာ။
သွားမတွေ့ရင်လဲ ဖေဖေဆူတာခံရအုံးမည်။
အံ့စိတ်ဆိုးလဲ နောက်မှချော့မည်ဟုတွေးလိုက်ရသည်။
အံ့နဲ့အတူလိုက်ခဲ့တဲ့သန့်ဇင်ကိုလဲ taxiငှားပြီး ဆိုင်ပြန်ဖို့မှာထားခဲ့ရသည်။
ပိုင်ဖေဖေ့သူငယ်ချင်းသားနဲ့ချိန်းထားသည့်coffeeဆိုင်သို့လာခဲ့သည်။
ပိုင့်နောက်ကို အံ့လိုက်လာတာတော့ ပိုင်မသိလိုက်။
"ဟိုဒီက ကိုမင်းထက်ကျော်လားဗျ"
"ဟုတ် ထိုင်ပါသူ့ပိုင်လျမ်း"
"ဟုတ် ကျနော့်ကိုသိနေတာလား"
"Fashion လောကရဲ့နာမည်ကြီးကိုမသိရအောင် ကျနော်က ခေတ်နောက်ျကနေတဲ့သူမှမဟုတ်တာဗျာ
တစ်ခုခုမှာလိုက်လေ"
"နေပါစေ ကျနော် မသောက်တော့ဘူး
စောင့်ခိုင်းသလိုဖြစ်သွားတာ တောင်းပန်ပါတယ်
ကျနော်အလုပ်လေး မပြီးလို့ပါ"
"ရပါတယ် ကျနော်နားလည်ပါတယ်
မင်းကအလုပ်များတဲ့သူပဲဟာ"
"အချိန်ပေးပြီးစောင့်နေတာကျေးဇူးတင်ပါတယ်
ဒါနဲ့……"
"ကျနော်နဲ့လူကြီးတွေ စီစဉ်ထားတဲ့ကိစ္စ မင်းဘက်ကဘယ်လိုသဘောရလဲ"
"ကျနော်ပွင့်ပွင့်လင်းလင်းပဲပြောပါရစေ"
"ရပါတယ်ပြောပါ"
"ခင်ဗျားကအားလုံးပြည့်စုံတဲ့လူတစ်ယောက်ပါ
ရုပ်ရည်ရူပကာ နောက်ခံပစ္စည်းဥစ္စာ ဘယ်မိန်းကလေးမှ မငြင်းနိုင်တဲ့လူမျိူးဆိုတာကျနော်သိပါတယ်"
"မင်းကလဲ မိန်းကလေးတိုင်း လိုချင်တဲ့လူတစ်ယောက်ပါပဲ"
"ချီးကျူးပေးတာကျေးဇူးတင်ပါတယ်
ကျနော့်အနေနဲ့ ခင်ဗျားကိုလက်ထပ်ဖို့ ငြင်းဆန်ချင်ပါတယ် အဲ့ဒါကလဲ ခင်ဗျားမှာလိုအပ်ချက်ရှိနေလို့မဟုတ်ပါဘူး စောစောကပြောသလို အရမ်းပြည့်စုံပါတယ် ကျနော်ကသာလိုအပ်ချက်တွေရှိနေသေးလို့ လက်ထပ်ဖို့ငြင်းချင်တာပါ ပြီးတော့ အချစ်မပါဘဲ ကျနော်လက်မထပ်ချင်လို့ပါ"
"ကျနော့်ဘက်ကအမှန်တိုင်းပြောရရင်
သူ့ပိုင်လျမ်းကို သဘောကျပါတယ် လက်ထပ်ဖို့လဲ ကျနော်သဘောတူထားတယ် ဒါပေမဲ့ မင်းအနေနဲ့ အချစ်မပါဘဲ လက်မထပ်ချင်ဘူးဆိုတဲ့စကားကြောင့် ကျနော်ထပ်စဉ်းစားလိုက်ပါ့မယ်"
"ကျေးဇူးတင်ပါတယ် ကိုမင်းထက်ကျော်"
"အနည်းဆုံး ကျနော့်ကို အခွင့်အရေးတစ်ခုလောက်ပေးလို့ရမလား"
"ဟုတ် ဘာများလဲပြောပါ ကျနော်အဆင်ပြေတာဆို သဘောတူပေးပါ့မယ်"
"ကျနော့်အနေနဲ့ မင်းစီကအချစ်ကိုရဖို့ ကြိုးစားလို့ရမလား"
"ဗျာ……ဟို……အဲ့ဒါကနည်းနည်း"
"မင်းမှာ ချစ်သူရှိနေလို့လား"
"မရှိပါဘူး"
"ဒါဆိုကျနော့်ကိုကြိုးစားခွင့်ပေးပါ"
"အာ ဟုတ်……ဟုတ်"
ဘယ်နဲ့ မိဘသဘောတူတဲ့လူကို လက်မခံချင်ပါဘူးဆိုမှ သူကပိုင့်အချစ်ကို ရဖို့ကြိုးစားအုံးမည်တဲ့လေ။
ဒါကျနော့်ချစ်သူပါလို့ အပြတ်ငြင်းပစ်ရအောင်လဲလက်ဆုပ်လက်ကိုင်ပြစရာ ချစ်သူရည်းစားဟူ၍မရှိတော့ ခက်သည်။
"ကျနော့်ရှေ့မှာ အနေမခက်ပါနဲ့
ကျနော့်ကို မိဘသဘောတူထားတဲ့လူတစ်ယောက်အနေနဲ့မမြင်ဘဲ သူငယ်ချင်းတစ်ယောက်အနေနဲ့ပဲ မြင်ပေးပါ အဲ့လိုအဆင်ပြေမလား"
"ဟုတ် ပြေပါတယ်"
ထိုစကားကိုတော့ ပိုင်ပြုံးပြီးပြောလိုက်သည်။
သူ့ဘက်ကဒီလောက်လိုက်လျောပေးနေတာ ပိုင့်အနေနဲ့လက်ခံသင့်တယ်ထင်လို့ပါ။
သူကသာ ချက်ချင်းလက်ထပ်ချင်ပါတယ်ဆို ပိုင်ဘာမှတက်နိုင်မည်မဟုတ်။ ဖေဖေ့စကားကို ပိုင်မလွန်ဆန်နိုင်။ အခုဒီလူ့ကျေးဇူးကြောင့် လက်ထပ်ရက်ဝေးသေး၏ဟုသတ်မှတ်လို့ရသည်။
ပိုင်စိတ်အေးအေးနေလို့ရသေးသည်။
"သူငယ်ချင်းဖြစ်တဲ့အနေနဲ့တစ်ခုခုသောက်လေ"
"ဟုတ်"
"waiter "
သူကလှမ်းခေါ်လိုက်သည်။
"အကိုတို့ဘာပေးရမလဲဗျ"
"စတော်ဘယ်ရီဖျော်ရည်"
"စတော်ဘယ်ရီဖျော်ရည်"
"ဟား……အဟက်"
နှစ်ယောက်ပြိုင်တူပြောမိသွားသည်မို့ ပြုံးလိုက်မိပြန်သည်။
ထိုအချိန်မိုးပေါ်က ဝုန်းခနဲပြုတ်ကျလာသလို
အံ့ တစ်ယောက် ပိုင့်အနားရောက်ချလာသည်။
"ကိုကို" နာမည်ခေါ်ရင်း လက်ကိုပါစောင့်ဆွဲပစ်လိုက်သည်။
"အာ့ အံ့ ဘာဖြစ်"
"တောက် ကိုကိုဒီမှာဘာလုပ်နေတာလဲ"
"ငါ့မိတ်ဆွေနဲ့လာတွေ့တာလေ"
"ဘာမိတ်ဆွေလဲ ဒါကိုကို့ဘဲမဟုတ်လား
ကိုကိုဗျာ ကျနော့်ကိုပြောဖို့ငါမှာထားတယ်လေ
တောက် မိန်းကလေးရည်းစားထားမယ်ထင်ခဲ့တာ"
"အံ့မင်းဘာတွေပြောနေပြန်ပြီလဲ"
"ဒီကညီ မင်းက အံ့ဖွယ်ပိုင်စိုးလား"
ကိုကိုနဲ့ထိုင်နေတဲ့သူက ထိုင်ရာကထပြီး အံ့ကိုမေးသည်။
"အင်း" အင်းတစ်လုံးပဲဖြေပြီး ကိုကို့လက်ကိုတရကြမ်းဆွဲကာ ကော်ဖီဆိုင်ထဲကထွက်ခဲ့သည်။
"အံ့ နေအုံး ငါပြောတာနားထောင်အုံး"
"နားမထောင်ချင်ဘူး ပါးစပ်ပိတ်ပြီးလိုက်ခဲ့"
"နေအုံးလို့ ငါ့လက်နာလှပြီ လွှတ်စမ်း"
ပိုင့်လက်ကိုမလွှတ်တမ်းဆွဲခေါ်ပြီး ရှေ့ကခြေလှမ်းကျဲတွေနဲ့သွားနေသည့်အံ့က ပိုင်စောင့်ရုန်းလိုက်သည်နှင့် လဲကျသွားသည်။
"အံ့"
ပိုင်တစ်ကိုယ်လုံးပူထူသွားရသည်။
လဲကျသွားတဲ့ အံ့ခန္ဓာကိုယ်ကို ရင်ခွင်ထဲဆွဲပွေ့လိုက်သည်။ဒီကောင်လေးဘာဖြစ်သွားတာလဲ။
"အံ့…… အံ့……သတိထားအုံးလေ"
"အံ့ ကိုကိုခေါ်နေတာကြားလား"
ပိုင်ဘာလုပ်ရမှန်းပင်မသိတော့။
ဘေးနားလာရပ်သည့်လူကြောင့် မော့ကြည့်တော့ မင်းထက်ကျော်။
"ဆေးရုံလိုက်ပို့ပေးမယ်"
"ဟုတ် ကျေးဇူးပါပဲ"
ကော်ဖီဆိုင်ထဲက waiterကောင်လေးနှစ်ယောက်က အံ့ ကိုကားထဲပို့ပေးသည်။
ပိုင့်ကားရော အံ့ကားရော ထားခဲ့ကာ မင်းထက်ကျော်ကားနဲ့ဆေးရုံလာခဲ့ရသည်။
❤️
"အဆာလွန်ပြီး မူးလဲသွားတာပါ
သူဘာမှမစားရသေးဘူးလား
တော်တော်အားနည်းသွားတယ်"
"ဟုတ် ဒေါက်တာ သူစားလားမစားဘူးလား ကျနော်လဲသေချာမသိရဘူး ဒီတိုင်းလဲသွားလို့"
"သူနိုးလာမှ တစ်ခုခုကျွေးလိုက်ရင် အဆင်ပြေပါတယ် နဂိုကအစာအိမ်အောင့်တာဘာညာဖြစ်ဖူးတယ်ထင်တယ်"
"ဟုတ်ဖြစ်ဖူးတယ်ဒေါက်တာ
သူကအဆာခံလို့မရဘူးဗျ"
အံ့ပထမနှစ်တုန်းက ပိုင့်ကိုစိတ်ဆိုးပြီး နေ့လည်စာမစားလို့ ကျောင်းမှာမူးလဲသွားဖူးတာကို ပိုင်သတိရသွားသည်။
အဲ့တုန်းကလဲ ပိုင့်ကြောင့် အခုလဲ ပိုင့်ကြောင့်ပဲလားအံ့ရာ။
"နည်းနည်းတော့ ဂရုစိုက်ပေးပေါ့
ခဏခဏအခုလိုဖြစ်ရင်မကောင်းဘူး"
"ဟုတ်ကဲ့ပါဒေါက်တာ"
ဒေါက်တာထွက်သွားမှ ပိုင်လဲအံ့အနားသွားလိုက်သည်။နှုတ်ခမ်းတွေတောင်ချောက်နေသယောင်။
"အဟမ်း……ကျနော်ပြန်တော့မယ်"
"အော် ကိုမင်းထက်ကျော်"
ပိုင်သူ့ကိုမေ့နေတာအမှန်ပါ။
အခန်းထဲရှိနေတာကို တကယ်မမြင်မိ။
"လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်"
"ရပါတယ် သူငယ်ချင်းတွေပဲ"
"ပြန်မှာဆိုတော့ ကားနားအထိကျနော်လိုက်ပို့ပေးပါ့မယ်"
"နေပါစေ အံ့ဖွယ်ပိုင်စိုး အနားမှာပဲနေလိုက်ပါ"
"ကျနော်သူ့အတွက် စားဖို့တစ်ခုခုဝယ်ရင်းနဲ့ပါ"
"ဟုတ်"
မင်းထက်ကျော်ကိုကားနားအထိလိုက်ပို့ပြီး
အံ့အတွက် ကြက်သားဆန်ပြုတ်ဝယ်ခဲ့လိုက်သည်။ အံ့က ကြက်သားဆန်ပြုတ်တော့ကြိုက်သည်။ တခြားဟာဆို ဂဂျီဂဂျောင်လုပ်မှာစိုးလို့ သူကြိုက်တာပဲဝယ်လာခဲ့ရသည်။
ဆေးရုံအခန်းထဲဝင်လာတော့အ့ံနိုးနေပြီဖြစ်သည်။
ပိုင့်ကိုမြင်တော့ ကိုယ်ကိုတဖက်စောင်းလှည့်သွားသည်။ သဘောကသူစိတ်ဆိုးနေတယ်ပေါ့လေ။
ဒီကောင်လေး အခုချိန်ထိ ကလေးလုပ်ချင်နေတုန်း။
❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️
T.B.C
#HoneyChan