Play Boy(Completed)
By pkchan1998
214K 15.4K 402
❣️❣️(6.8.2020) More
Part 1
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20 (final)
Extra( warning pisi😋)
Part 2
10.8K 940 11
By pkchan1998
💝Play Boy💝
ဖေဖေလဲ အလုပ်ကအပြန်ရေချိုးပြီးလို့ အခန်းထဲကထွက်လာသည်။
❤️
"clubသွားမလို့မေမေ"
"ညနေစာစားသွားလေ"
"ဟုတ်မေမေ
ဖေဖေသားသွားပြီ"
"ဟုတ်ကဲ့ပါဖေဖေရဲ့"
ကျောင်းအပြန်အကျီ င်္လေးလဲပြီး ကားသော့လေးရမ်းကာ အိမ်ကပြန်ထွက်လာခဲ့သည်။
ဒါဘာအချိုးလဲ။ဘယ်လိုအပြုအမူလဲ။
တွေ့မယ် ကိုကို။ ကျနော့်ကိုဒီပုံစံလာချိုးလို့မရဘူး။
"တောက်"
"ဘယ်တစ်ယောက်လဲ"
"ကိုကို"
အံ့လဲ အတူတူပါပဲ။
"မင်းကဘာလုပ်ချင်တာလဲ"
"နည်းနည်းပါကွာ"
DJ သံဆူဆူညံညံကြားမှာ အံ့ sexy ကျကျကနေလိုက်သည်။
"အဟက်"
❤️
မျက်နှာသစ်နေတုန်း ဖုန်းဝင်လာတာကြောင့် ရေချိုးခန်းကပြန်ထွက်ခဲ့ရသည်။
"အံ့ ဘာကိစ္စလဲ"
"clubမှာ"
"ဟုတ်ပါတယ်ဗျ"
"ဘယ်နေရာမှာလဲ clubက"
"………"
ဒီနေရာမျိုးက ပိုင်နဲ့ရင်းနီးတဲ့နေရာမဟုတ်။
"ဟ ဟ……"
"အံ့"
"ဟိုက်"
ခဏကြာတော့~
"ဟိုလူသွားပြီ"
"ငါ…ငါ…ဝါသနာမပါဘူး
လိုက်မှ"
တချို့ မျက်လုံးတွေ ပိုင့်ကိုသတိထားကြည့်နေကြသည်မို့ ကျောထဲပင်စိမ့်လာရသည်။
" အဲ့ဒါမင်းကြောင့်"
"ဘာကိုလဲ"
"မသွားပါဘူး"
"ဒါဆို ကျနော်နဲ့"
"ဟင့်အင်း"
"ရတယ်လေ"
"ဟ……ဟ……"
ခပ်ဟဟ အံ့ရယ်သံနဲ့အတူ
"ပြန်ကြစို့"
"ဟင် အေး"
"အော် အင်း ရပါတယ်
"အင်း သဘော"
"ညနေကဘယ်သူလဲ"
"ဘယ်သူလဲ"
"အခုမှပြန်တွေ့လို့"
"ပြောတော့ ရိုးရိုးဆို"
"အဟမ်း……မြောက်ဘူးလေ
"ဘာလို့ပြောရမှာလဲ"
"ငါဘာပြောမိလို့လဲ"
"မပြောဘူး"
"နစ်နာနေအုံးမယ်"
"အင်း ရတယ်"
"ဗျာ"
"သေချာလား သူ့ပိုင်"
"ဟုတ်"
"ဟုတ်"
❤️❤️❤️❤️❤️❤️
T.B.C
#HoneyChan
💝Play Boy💝
အံ့ ကားလေးသူ့တို့ခြံထဲ ဝင်သွားမှ ပိုင်လဲခြံတံခါးအကွယ်ကထွက်ခဲ့သည်။
ခြံရှေ့လည်တဆန့်ဆန့်နဲ့ လူတစ်ယောက်အလာစောင့်နေမိသည်။
မလာသေးတာမို့ အိမ်ထဲမှာအလုပ်ရှုပ်နေတဲ့
မေမေ့ကိုကူညီဖို့ ပြန်ဝင်လာခဲ့သည်။
ညနေစာအတွက် မေမေကအားလုံးပြင်ဆင်ပြီးနေပြီဖြစ်သည်။
ဖေဖေလဲ အလုပ်ကအပြန်ရေချိူ းပြီးလို့ အခန်းထဲကထွက်လာသည်။
အိမ်ရှေ့ကကားဟွန်းသံကြောင့် ပိုင်မီးဖိုခန်းထဲကနေထွက်လာခဲ့သည်။
❤️
"သား အပြင်ပြန်ထွက်အုံးမလို့လား"
"clubသွားမလို့မေမေ"
"ညနေစာစားသွားလေ"
"မစားတော့ဘူး အပြင်မှာပဲစားလိုက်မယ်
ဖေဖေနဲ့မေမေပဲစားလိုက်တော့နော်"
"အေးပါ ညည့်မနက်စေနဲ့နော်သား"
"ဟုတ်မေမေ
ဖေဖေသားသွားပြီ"
တစ်ခွန်းမှမပြောသော ဖေဖေ့ကို လှမ်းကြည့်ရင်းနှုတ်ဆက်လိုက်သည်။
"ပြသနာရှာမလာနဲ့နော် အံ့ဖွယ်ပိုင်စိုး"
"ဟုတ်ကဲ့ပါဖေဖေရဲ့"
ကျောင်းအပြန်အကျီ ၤလေးလဲပြီး ကားသော့လေးရမ်းကာ အိမ်ကပြန်ထွက်လာခဲ့သည်။
ခြံထဲကအထွက် တဖက်ခြံပေါက်တွင် ကိုကိုနဲ့လူတစ်ယောက်ရယ်မောနေတာတွေ့လိုက်ရသည်။
ကြည့်နေတုန်း ထိုလူက ကိုကို့နဖူးကိုခပ်ဖွဖွထုကာ ပြုံးနေသေးသည်။
အံ့ကားစတီယာတိုင်ကို လက်နဲ့တင်းခနဲ ဆုပ်မိလျှက်သား။
မြင်ကွင်းထဲ ကန့်လန့်ဖြစ်နေတာမို့ ကားဟွန်းကို သံရှည်ဆွဲတီးပြစ်လိုက်သည်။
ကိုကိုရော ထိုလူပါ အံ့ ကားစီလှည့်ကြည့်ကြသည်။
ကိုကိုက ပုခုံးတွန့်ပြပြီး ထိုလူကိုအိမ်ထဲဆွဲခေါ်သွားသည်။
အံ့စိတ်ထဲ ကိုကိုကိုစိတ်တိုမိသည်။
ဒါဘာအချိူးလဲ။ဘယ်လိုအပြုအမူလဲ။
တွေ့မယ် ကိုကို။ ကျနော့်ကိုဒီပုံစံလာချိူ းလို့မရဘူး။
သူ့ပိုင်လျှန်းဆိုတဲ့ကိုကိုက အံ့ကိုဘယ်တော့မှ မျက်နှာလွဲလို့မရစေရဘူး။
အံ့ပိုင်ကားလေးကို တရကြမ်းမောင်းထွက်လာခဲ့သည်။
Clubရောက်တော့ ဇွဲညီရော သူရပါ အရင်ရောက်နေကြသည်။
အချိန်ကစောသေးတာမို့ လူအရမ်းမစည်သေး။
ဇွဲညီလက်ထဲက သောက်လက်စ ဘီယာဗူးကိုယူပြီး အံ့အကုန်သောက်ပစ်လိုက်သည်။
"ဟ……ဟ ဟေကောင်ရာ ဖြေးဖြေးလုပ်ပါကွာ
ဘယ်ဘဝကငတ်လာလို့ အသက်တောင်မရှုရတာလဲ"
"တောက်"
"အယ်ဗျာ ငါမေးတာ ဒေါသထွက်စရာပါလို့လား"
"မင်းကိုမဟုတ်ဘူး ဟိုတစ်ယောက်ကိုဒေါသထွက်လာတာ"
"ဘယ်တစ်ယောက်လဲ"
"ကိုကို"
"သူ့ပိုင်လျှမ်းလား ဘာဖြစ်လာကြပြန်တာလဲ မင်းတို့ညီကိုကတော့"
အများစုက ကိုကိုနဲ့အံ့ကို ညီကိုလို့ပဲသိကြသည်။ ကိုကိုကလဲ တခါတလေသူ့အပေါင်းအသင်းတွေနဲ့ အံ့နဲ့တွေ့တဲ့အခါ သူ့ညီလေးဆိုပြီး မိတ်ဆက်ပေးတက်သည်။
အံ့လဲ အတူတူပါပဲ။
အကိုဆိုပြီးသိထားကြတော့ တခါတလေ ခယ်အိုလေးဆိုပြီးလာဖားတဲ့လူတွေကလဲ အောတိုက်။
အဲ့ဒီအခါမျိူးဆို အံ့ဒေါသထွက်တာမှ မနည်းထိန်းထားရတာ။ စိတ်ရှိတိုင်း မျက်ခွက်တွေကို ရိုက်ပစ်ချင်တာ။
"ကိုကို ဘဲရနေပြီထင်တယ်"
"ငင့် စော်ရနေပြီလဲမဟုတ်ဘူးကွာ"
"ငါဒီကိုလာတော့ အိမ်ရှေ့မှာတွေ့ခဲ့တာ
ဘဲတစ်ကောင်နဲ့ ငါ့ကိုတောင်မမြင်ချင်ယောင်ဆောင်သွားသေးတာ"
"အဲ့ဒါနဲ့မင်း တင်းလာတယ်ပေါ့
ယောကျာ်းလေးချင်းစကားပြောတာကို"
"ဘာဖြစ်ဖြစ် ငါမကျေနပ်ဘူး ကိုကိုငါ့ကိုပလစ်တာသီးမခံနိုင်ဘူး"
"မင်းကဘာလုပ်ချင်တာလဲ"
"စောင့်ကြည့် ကိုကို့ကိုငါ့စီရောက်လာအောင်ခေါ်ပြမယ်"
"ကိုယ့်အကိုကို ပြန်ဒုက္ခပေးမလို့လား"
"နည်းနည်းပါကွာ"
စားပွဲပေါ်ကဘီယာဗူး အသစ်တစ်လုံးဖောက်သောက်ပြီး dance floor သို့ဆင်းလာခဲ့သည်။
DJ သံဆူဆူညံညံကြားမှာ အ့ံ sexy ကျကျကနေလိုက်သည်။
ခဏကြာတော့ အံ့ဘးနား မဒီတစ်သိုက်အုံလာကြသည်။
"အဟက်"
အံ့ ခပ်ထေ့ထေ့ပြုံးရင်း ရင်ဘတ်ကကြယ်သီးနှစ်လုံးလောက်ဖြုတ်ပစ်လိုက်သည်။
အံ့ရဲ့ခပ်လှမ်းလှမ်းတွင် ဇွဲညီနဲ့သူရလဲ ရေချိန်ကိုက်နေကြသည်။
မဒီတစ်သိုက်စီက ဝိုင်ခွက်လေးတွေကို အံ့တစ်ငုံစီလိုက်သောက်လိုက်သည်။
နီးရာကကောင်မလေး ခါးကိုဆွဲဖက်လိုက်ပြီး လည်ပင်းကို ထိတယ်ပြောယုံနမ်းလိုက်သည်။
ကရတာမောလာတော့မှ စားပွဲစီပြန်လာခဲ့သည်။
အသင့်ရှိနေတဲ့ ဗူးလေးတွေကိုတန်းစီသောက်နေလိုက်သည်။
clubပိုင်ရှင် ဇွဲညီရဲ့ အကိုကိုခေါ်လိုက်ပြီးဖုန်းနံပါတ်တစ်ခုကိုခေါ်ခိုင်းလိုက်သည်။
❤️
ဧည့်သည်ပြန်သွားမှ ပိုင်လဲလဲ မေမေကိုပန်ကန်းတွေကူဆေးပြီး အနားယူဖို့အခန်းထဲဝင်ခဲ့သည်။
အနားယူမယ်ဆိုပေမဲ့လဲ ထုံးစံအတိုင်း ပိုင်ကတော့ ဒီဇိုင်းစာအုပ်ကိုင်ပြီး အလုပ်ရှုပ်တော့တာပေါ့။ 10နာရီလောက်အထိ ဖက်ရှင်တွေလေ့လာပြီးမှ အိပ်ယာဝင်ဖို့ပြင်ဆင်လိုက်သည်။
မျက်နှာသစ်နေတုန်း ဖုန်းဝင်လာတာကြောင့် ရေချိူးခန်းကပြန်ထွက်ခဲ့ရသည်။
"အံ့"ဆိုသည့် နာမည်ကြောင့် မျက်မှောင်ကျူံ့လိုက်မိသည်။ ဘာရစ်အုံးမယ်မသိ။အချိန်မတော်ဖုန်းခေါ်ပြီဆိုမှတော့ အံ့ရစ်တော့မယ်ဆိုတာ ပိုင်သိနေသည်။
မကိုင်ပြန်ရင်လဲ တစ်ညလုံးခေါ်နေမှာမို့ ပိုင် ဖုန်းကိုင်လိုက်ရသည်။
"အံ့ ဘာကိစ္စလဲ"
"ဖုန်းပိုင်ရှင် clubမှာ မူးပြီးအိပ်ပျော်နေလို့ လာခေါ်ပေးလို့ရမလားဗျ သူ့ဖုန်းထဲကဒီနံ့ပါတ်ကထိပ်ဆုံးတွေ့လို့ပါ"
"clubမှာ"
"ဟုတ်ပါတယ်ဗျ"
"သူ့သူငယ်ချင်းတွေမပါဘူးလားဗျ"
"သူ့သူငယ်ချင်းတွေလဲ မူးနေကြလို့ပါ
သူတို့အိမ်တွေကတော့ လာခေါ်မယ်ပြောပါတယ်"
"ဘယ်နေရာမှာလဲ clubက"
"………"
"ဟုတ်ကဲ့ ဒါဆိုကျနော်လာခဲ့ပါ့မယ်"
ပိုင်ဖုန်းချ ပြီး ဘီဒိုထဲက လက်ရှည်တစ်ထည်ထုပ်ယူပြီး ထပ်ဝတ်လိုက်သည်။
အောက်ကိုဆင်းလာတော့ ဖေဖေနဲ့မေမေကို မတွေ့ရ။ အိပ်နေလောက်ပြီမို့ ပိုင် ကားကိုအသာလေးထုတ်ကာ မောင်းထွက်ခဲ့သည်။
တော်သေးတာပေါ့။ အိမ်ကကားစက်သံကအရမ်းမကျယ်လို့။
ကိုယ်တိုင်ကားမမောင်းချင်တဲ့ ပိုင်လဲ အရှုပ်ကောင်ကြောင့် ကားမောင်းနေရပြန်သည်။
အတော်ဒုက္ခပေးတဲ့ကောင်။
စောစောကလိပ်စာအတိုင်း clubသို့ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာခဲ့သည်။
အထဲဝင်ဖို့အရေး ပိုင့်မှာချီတုံချတုံဖြစ်နေရသည်။
ဒီနေရာမျိူးက ပိုင္နဲ့ရင်းနီးတဲ့နေရာမဟုတ်။
ပိုင်ကခေတ်လူငယ်ပေမဲ့ တခါမှ clubမတက်ဘူးပါ။ အခုမှ အမူးသမားကိုလာခေါ်ရသည့်အဖြစ်။
စိတ်ကိုတင်းကာ clubထဲဝင်ဖို့ဆုံးဖြတ်လိုက်ရသည်။
အထဲရောက်သည်နှင့် ရောင်စုံမီးရောင်တွေကြောင့် မျက်လုံးတွေပင်ပြာသွားရသည်။
ကျင့်သားရအောင် မနည်းလိုက်ကြည့်နေရသည်။
နားတွေအူလိုက်တာဆိုလဲ ကွဲထွက်မတက်ပါပဲ။
"ဟ ဟ……"
လမ်းလျှောက်တာတောင် မမြင်တော့သည့် ကောင်လေးနှစ်ယောက်ကြောင့် ပိုင်လဲကျတော့မလို။
ကိုယ့်ကိုကိုယ်ပြန်ထိန်းရင်း အံ့ ကိုသာလိုက်ရှာကြည့်လိုက်သည်။
လူတိုင်းက ကိုယ့်အာရုံနဲ့ကိုယ်မို့ ရရဘယ်သူ့မေးရမှန်းမသိ။
Dance floor တွင် ကနေကြသည့် မိန်းကလေးတွေကြား အရပ်ထောင်ထောင်နှင့် ကောင်လေးကြောင့် အံ့မျက်လုံးပြူ းရသည်။
မူးပြီးမှောက်နေတဲ့ လူကကောင်မလေးတွေကြားမှာ က နိုင်သေးတာပဲ။
ကောင်မလေးတွေကလဲ အံ့ခါးကိုဖက်ထားတဲ့သူနဲ့ လက်မောင်းကိုတွဲထားတဲ့သူနဲ့
အဆိုးဆုံးကတော့ ကြယ်သီးမရှိသည့် အံ့ရင်ဘတ်ပေါ်ကို ကောင်မလေးတစ်ယောက်လက်က နေရာယူထားခြင်းပါပဲ။
အံ့စီကိုအရောက်သွားဖို့အရေး ပိုင့်မှာ မီးပင်လယ်ဖြတ်ရမှာထက်ကြောက်နေမိသည်။
သွားမခေါ်ရင်လဲ အခြေအနေကပိုဆိုးမည်မို့
က နေသည့်လူတွေကြားတိုးလာခဲ့ရသည်။
ရုတ်တရက်ခါးကိုလာထိသည့် လက်တစ်စုံကြောင့် ပိုင်ရှေ့ကိုရောက်အောင်မနည်းတိုးနေရသည်။
အရက်နံ့စူးစူးကြောင့် ခေါင်းတွေပင်မူးချင်လာသည်။ ပိုင်တို့အနားရောက်သည်အထိ နောက်ကလူကကပ်ပါနေဆဲ။
အံ့မျက်လုံးအကြည့်က ပိုင့်စီရောက်လာတာမို့~
"အံ့"
တီးလုံးသံမြူးမြူးကြောင့် အံ့ကကြားပုံမရ။
ရီဝေဝေမျက်လုံးတွေနဲ့သာ ကြည့်နေသည်။
သူ့ဘေးနားကကောင်မလေးတွေကို တွန်းဖယ်ပြီးပိုင်ရှိတဲ့အနားလာနေတာမို့ ပိုင် အားတက်သွားရသည်။
လူကြားထဲညှပ်နေတာကို အခွင့်အရေးယူကာ နောက်ကလူက ပိုင့်နောက်စေ့ကိုနမ်းနေသေးသည်။
ယောကျာ်းလေးတစ်ယောက်ကိုဘာထင်နေလဲမသိတော့။
ထိုလူအနားမရောက်ခင် ပိုင့်လက်ကိုလှမ်းဆွဲလိုက်သည့်
အံ့ကြောင့် သူ့ရင်ခွင်ထဲ မျက်နှာအပ်မိလျှက်သား။
ပိုင် မော့ကြည့်တော့ အံ့ကဟိုလူကို သွားတော့ဆိုသည့်အမူအယာနှင့်လုပ်ပြနေသည်။
ဒါကို ဟိုလူက မသွားချင်သလိုလုပ်နေသေးသည်။
"ဟိုက်"
အံ့က ပိုင့်ခါးကိုဆွဲဖက်လိုက်တာမို့ လန့်ဖျတ်သွားရသည်။
အံ့မျက်နှာက ပိုင့်စီငုံ့မိုးလာသည်မို့ ယောင်ယမ်းကာ မျက်လုံးမှိတ်ထားမိသည်။
ခဏကြာတော့~
"ဟိုလူသွားပြီ"
"ဟင်……အင်း ပြန်…ပြန်ရအောင် အံ့"
"နေအုံး ရောက်လက်စနဲ့ မကတော့ဘူးလားကိုကို"
"ငါ…ငါ…ဝါသနာမပါဘူး
မင်းမူးနေပြီမို့လား ပြန်ကြရအောင်"
"ကိုကိုမကရင်ကိုကို့ကို ဟိုဘက်ကလူအုပ်ထဲတွန်း
လိုက်မှ"
ပိုင်လှည့်ကြည့်တော့ ယောကျာ်းလေးအုပ်စုနဲ့မိန်းကလေးအုပ်စုကိုတွေ့လိုက်ရသည်။
တချိူ့မျက်လုံးတွေ ပိုင့်ကိုသတိထားကြည့်နေကြသည်မို့ ကျောထဲပင်စိမ့်လာရသည်။
အဲ့ဒီကြားသာ ပိုင်ရာက်သွားရင်~
အတွေးနဲ့တင် ကျောချမ်းလာရသည်။
ဒီကိုလာမိတာလဲ နောင်တမိသည်။
" အဲ့ဒါမင်းကြောင့်"
"ဘာကိုလဲ"
"မင်းမူးပြီးမှောက်နေတယ်ဆိုလို့ ငါလိုက်လာရတာ"
"မူးတာတော့ ဟုတ်တယ် မမှောက်သေးဘူး
ဘယ်လိုလဲ ဟိုဘက်သွားမလား"
"မသွားပါဘူး"
"ဒါဆို ကျနော်နဲ့"
"ဟင့်အင်း"
"ရတယ်လေ"
ပြောပြီး နောက်ကျောဘက်ကကောင်မလေးခါးကိုဖက်ကာ လည်ပင်းကို နမ်းနေသည့် အံ့ကြောင့် ပိုင် ထူပူသွားရသည်။
ဒီကောင်ရူးများသွားတာလား။
အံ့အခုလိုလုပ်နေတာ ပိုင်တကယ်သဘောမကျပါ။
အံ့လက်ကိုစောင့်ဆွဲပစ်လိုက်သည်။
"ငါ ကမယ် မင်းသူတို့နားမကပ်နဲ့တော့"
"အစောထဲကပြောရင်ပြီးနေတာ"
လိုချင်တာရသွားသည့် အံ့မျက်နှာပေးကြောင့် ပိုင်လက်သီးထောင်ပြလိုက်သည်။
အဆက်မပျက်ထွက်ပေါ်နေသည့် တီးလုံးသံနဲ့ အံ့ကတော့ ပိုင့်လက်ကိုဆွဲကာ ကွေးအောင်ကနေသည်။
ပိုင်ကတော့ဟန်ဆွဲထားသည့်လက်ကလွဲပြီးကျန်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကငြိမ်နေမြဲ။
နောက်ကနေခါးကို ဖက်ထားပြီး ပုခုံးပေါ်မေးတင်ထားသည့် အံ့ကြောင့် ပိုင်မနေတက်။ပုခုံးကို အလိုလိုကျူံ့လိုက်မိသည်။
"ဟ……ဟ……"
ခပ်ဟဟ အံ့ရယ်သံနဲ့အတူ
နားရွက်အဖျားလေးကို လာနမ်းသည့် ခပ်နွေးနွေးနှုတ်ခမ်းတစ်စုံ။
နမ်းလိုက်တာလား။ အံ့က ပိုင့်ကိုနမ်းလိုက်တယ်ပေါ့။ ပိုင်မျက်လုံးပြူ းနေတာတော့အမှန်ပါ။
"ပြန်ကြစို့"
"ဟင် အေး"
အံ့လက်ဆွဲခေါ်တဲ့အတိုင်း ပိုင်လိုက်လာခဲ့သည်။ clubအပြင်ရောက်မှ လက်ကိုလွှတ်ပေးသည်။
"ခုနက နမ်းလိုက်တာ sorry ကိုကို ဘဲတစ်ပွေက ကိုကို့ကို အရမ်းငမ်းနေလို့ ကျနော်လုပ်လိုက်တာ"
"အော် အင်း ရပါတယ်
မင်းငါ့ကားနဲ့လိုက်မှာလား
ကိုယ့်ကားနဲ့ကိုယ်ပြန်မလား"
"ကိုကိုကားနဲ့လိုက်မှာ ကျနော်မာင်းမယ်"
"အင်း သဘော"
အံ့ကားမောင်းတဲ့ဘက်ကဝင်ထိုင်လိုက်သည်။
ပိုင်လဲ တဖက်မှာထိုင်သည်။
အံ့ကားစထွက်သည်နှင့်စကားလဲစဖြစ်သည်။
"ညနေကဘယ်သူလဲ"
"ဘယ်သူလဲ"
"ကိုကိုနဲ့အိမ်ထဲဝင်သွားတဲ့သူ"
"မင်းကဘာလုပ်ဖို့မေးတာလဲ"
"သိချင်လို့ ကိုကိုနဲ့ဘယ်လိုပတ်သက်လဲ"
"ရိုးရိုးပဲ ယောကျာ်းလေးချင်းပြသနာရှိလို့လား"
"ဒါဆိုသူကကိုကို့နှဖူးကိုဘာလို့ထုတာလဲ"
"အခုမှပြန်တွေ့လို့"
"ပြောတော့ ရိုးရိုးဆို"
"အေးလေ ငါ့အကိုဝမ်းကွဲ နိုင်ငံခြားကပြန်လာတာမကြာသေးဘူး ကိုယ့်အကိုနဲ့ရင်းရင်းနီးနီးတောပဲ ပြစ်မှုမြောက်လို့လား"
"အဟမ်း……မြောက်ဘူးလေ
ကျနော်ကဒီတိုင်းစိုးရိမ်လို့"
ကိုကိုကိုလှည့်ကြည့်ပြီး ရယ်ပြလိုက်ရသည်။
သူ့အကိုဝမ်းကွဲမှန်းမသိဘဲ အံ့ကဒေါသတွေဖြစ်နေမိတာလေ။
"ငါ့ကိုဘာလို့ ဖုန်းဆက်ခေါ်တာလဲအံ့ မင်းတကယ်မူးနေတာလဲမဟုတ်ဘဲနဲ့"
"အင်း ခုနကလူအကြောင်းသိချင်လို့ တမင်ခေါ်လိုက်တာပါ ကိုကိုရည်းစားထားရင် ကျနော့်ကိုပြောနော်"
"ဘာလို့ပြောရမှာလဲ"
"ကိုကိုကလဲ ကျနော်ရည်းစားထားတာလဲကိုကို့ကိုပြောတယ်လေ အဲ့တော့ အပြန်အလှန်ပေါ့"
"မက်းရည်းစားတွေအကြောင်း ငါကသိချင်တယ်လို့ ပြောဖူးလို့လား မင်းဘာသာလာပြောတာလေ ငါကတော့ မပြောနိုင်ဘူး"
"ကိုကို"  အံ့ကားကို မပြောမဆိုရပ်ပစ်လိုက်တာမို့ ပိုင် ရှေ့စိုက်ကျသွားရသည်။
"နာလိုက်တာကွာ ဘာလို့ကားရပ်တာလဲ"
"ကိုကိုဘာလို့ ကျနော့်ကိုဒေါသထွက်အောင်လုပ်နေတာလဲ"
"ငါဘာပြောမိလို့လဲ"
"တခါထဲပြောထားမယ် ကိုကိုရည်းစားထားတာ ကျနော်ကိုမပြောရင် အသေပဲ"
"ဒါကတော့ ငါ့ကိုယ်ရေးကိုယ်တာလေ"
"မလိုချင်ဘူး ကိုကိုကိုယ်ရေးကိုယ်တာလဲကျနော်သိသင့်တယ် ပြောမှာလား မပြောဘူးလား"
"မပြောဘူး"
"ရတယ် ကျနော်လဲကားကိုဒီတိုင်းရပ်ထားမှ အိမ်မပြန်ဘူး"
"အံ့ အရမ်းနောက်ကျနေပြီ မင်းကအပြင်ထွက်နေကျမို့ဘာမှမဖြစ်ပေမဲ့ ငါကဖေဖေဆူခံရမှာ"
"အဖေဆူရင်ကျနော့်စီပြေးခဲ့ပေါ့"
ပိုက်မျက်စောင်းထိုးပစ်လိုက်သည်။
"မျက်စောင်းပဲ ထိုးမနေနဲ့
ပြော ကိုကိုသာရည်းစားထားရင်ကျနော့်ကိုပြောမှာလား"
"အေးအေး ပြောမယ် ရပြီလား မောင်းတော့"
"အင်း လိမ်မာစမ်းပါကိုကိုရယ် လိမ်မာရင် အားလုံးကကျနော့်အတွက် ချည်းပဲ😁"
"နစ်နာနေအုံးမယ်"
"ကိစ္စမရှိဘူး ကိုကိုအတွက် ကျနော်အနစ်နာခံပေးရလဲ"
အံ့တစ်ယောက်ကတော့ သူဖြစ်ချင်တာဖြစ်ရပြီမို့ ကားမောင်းရင်း သီချင်းတအေးအေး။
ပိုင်ကတော့ အိမ်ကိုသာအမြန်ရောက်ချင်နေမိသည်။ ပိုင်အိမ်မှာ မရှိတာ ဖေဖေနဲ့မေမေသိရင်ဆူခံရမည်။
မေမေဆူမှာထက် ဖေဖေ့ကိုပိုကြောက်ရသည်။
ဖေဖေက အံ့ကို သိပ်ကြည့်မရဘူးလေ။
"ကိုကိုအိမ်ထဲထိမမောင်းတော့ဘူး ရလား"
"အင်း ရတယ်"
"ကျေးဇူးပဲ ကိုကို ကျနော့်ကိုလာခေါ်ပေးလို့"
နောက်ပြန်လက်ပြပြီး သူ့ခြံထဲဝင်သွားသည်မို့ ပိုင်လဲခြံတံခါးဖွင့်ပြီး ကားကိုအိမ်ထဲမောင်းဝင်ခဲ့သည်။
အိမ်ထဲဝင်လာတော့ ဧည့်ခန်းတွင်ထိုင်နေသည့် ဖေဖေနဲ့မေမေကြောင့် လန့်သွားရသည်။
ကိုယ်ကအပြစ်လုပ်ထားသူမို့ လန့်တာကို ဖေဖေနဲ့မေမေကသိနေပုံရသည်။
မေမေမျက်လုံးတွေက စိတ်ပူနေသလိုပေမဲ့ ဖေဖေကတော့ အနည်းငယ်ဒေါသထွက်နေပုံပါ။
"ဖေဖေနဲ့မေမေ တရေးနိုးတာလား"
"သူခိုးဖမ်းနေတာ" ဖေဖေ့စီကအသံ။
"ဗျာ"
"ဘယ်သွားတာလဲ သူ့ပိုင် ညကြီးအချိန်မတော်မှာ
တခါမှအပြင်မထွက်ဘူးဘဲ အိမ်ကခိုးထွက်တာ ဖေဖေတို့ဘယ်လိုနားလည်ပေးရမလဲ"
"သားတောင်းပန်ပါတယ်ဖေဖေ သားဆိုင်ကဝန်ထမ်းတစ်ယောက် အခက်အခဲဖြစ်နေလို့ သွားကူညီပေးတာပါ ဖေဖေနဲ့မေမေလဲ အိပ်နေပြီမို့ သားမပြောတာပါ"
"သေချာလား သူ့ပိုင်"
"ဟုတ် သေချပါတယ်ဖေဖေ သားမညာပါဘူး"
ပိုင်လိမ်နေတာကိုဖေဖေက မယုံသလိုရှိသည်။
မေမေကတော့ ပိုင့်အကြောင်းသိနေသည့် အကြည့်နဲ့ပဲ ကြည့်နေသည်။
"သွားအိပ်တော့ ညည့်နက်နေပြီ"
"ဟုတ်"
"လာမဲ့စနေနေ့ ဖေဖေသူငယ်ချင်းမိသားစုနဲ့သွားတွေ့ဖို့ စဉ်းစားထား ဘာအကြောင်းပြချက်မှ ဖေဖေမလိုချင်ဘူး"
"ဟုတ်"
ယခုအချိန်သည် အထွန့်တက်နေရမည့်အချိန်မဟုတ်တာမို့ ဖေဖေပြောသမျှခေါင်းသာညိမ့်နေရသည်။
ခွေးကောင်လေး အဲ့ဒါမင်းကြောင့်။
သူ့ကြောင့်ပဲ ပိုင်မစီမဆိုင် အိမ်ထောင်ပြုရအုံးတော့မည်။
ရည်းစားထားရင်တောင် ပြောခိုင်းတဲ့သူက ပိုင်အိမ်ထောင်ဖက်ကိုသွားတွေ့ရမယ်ဆိုတာသိရင် ဘယ်လိုတွေဂျစ်တိုက်အုံးမည်မသိ။
❤️❤️❤️❤️❤️❤️
T.B.C
#HoneyChan
Continue Reading
You'll Also Like
11.1K 700 6
" ကျွန်တော် ကလေးမဟုတ်တော့ဘူး ယာယာ ၊ ငယ်ငယ်ကသာ ကျွန်တော့်ကို ဖယောင်းရုပ်လေးလိုပုံသွင်းလို့ရမယ် ၊ အခု ကျွန်တော် လူကြီးဖြစ်နေပြီ " " ဆိုးတဲ့ ကလေးတွေကို...
282K 24.2K 40
မင်းလိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ငါကမင်းရဲ့အပိုင်ပဲ..
581K 57.4K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
491K 33.7K 31
story description>>>>> start-5/10/2021 end-1/1/2022