Play Boy(Completed)
By pkchan1998
214K 15.4K 402
❣️❣️(6.8.2020) More
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20 (final)
Extra( warning pisi😋)
Part 1
38.9K 1.3K 11
By pkchan1998
💝Play Boy💝
"ကိုကို"
"ကိုကို"
"ကိုကို"
"ကိုကို…လို့"
"ဆိုင်သွားမလို့ပေါ့"
"ဘာလဲ"
တက်သစ်စမော်ဒယ်"
"သိတယ်လေ ဘာဖြစ်လို့လဲ"
"အံ့"
"ပြော"
အံ့ ဆိုတာသူ့နာမည်။
"ကျောင်းကိုလား"
အံ့ ပြန်ထွက်သွားမှ ပိုင်လဲ အကျီ င်္လဲပြီးဆိုင်သွားဖို့ အောက်ဆင်းလာခဲ့သည်။
"ဒီကောင်လေးကတော့လေ"
"သား"
"ဗျာဖေဖေ"
"ဟုတ်ဖေဖေ"
အံ့ကထိုင်ရာကနေထာပြီ
"အင်း"
"Coffeeလာသောက်တာလား"
"ဒီတစ်ယောက်ကအတည်လား"
"ဟုတ်ဘူး😁"
"သရဖီက သိတယ်ပေါ့"
"ရေပန်းစားတယ် ဘယ်လိုမျိုးလဲ"
အထူးသဖြင့် ကိုကိုလုပ်နေတဲ့ ဖက်ရှင်ဘာညာတွေပေါ့။
"အဲ့လောက်တောင်ပဲလား"
ပြန်ရအောင်လေ သရဖီ"
"omm"
ဘာလို့လဲဆို အံ့ ကိုမွေးထားတဲ့သူကလဲ အံ့တွဲနေတဲ့ မိန်းကလေးတွေလို အမျိုးသမီးတစ်ယောက်ပဲလေ။
ဇွဲညီ စီမှ အပြစ်တင်သံ။
အံ့လောက် ရည်းစားမများပေမဲ့လဲ ဂျို ကုပ်ရှိရာဂျို ကုပ်ပဲလာတာမို့ သူတို့လဲ အံ့နဲ့မခြားဘူးလေ။
"အခုအတန်းသွားမယ်လေ"
"Let go"
1……2……3 start!
"ကိုကို"
အချိန်ကိုက်ပဲ။
"သေပါပြီကွာ"
"ကိုကို"
"ပြော"
"ဟုတ်တယ်လေ"
"အံ့ ဘယ်လိုဖြစ်တာ"
ဟုတ်တယ်မို့လား baby"
နေနွယ်က ကိုကို့……"
"အင်း"
"ရပါတယ် babyရဲ့"
ရှေ့ကနှစ်ကောင်ခမျာတော့ အံ့ကိုကြည့်ကာ တံတွေးတမျို မျို နှင့်ပေါ့။
ဂျို ပေးနေလို့ အံ့ မသိချင်ယောင်ဆောင်ထားရသည်။
အံ့ ဆိုတာလိုချင်တာရှိရင် သူ့လိုလိုဦးညွှတ်ပြီး ရောက်လာအောင် လုပ်တက်တဲ့လူမျိုး။
❣️
သားလိမ်မာလေးမို့လေ။
"ok နောက်မကျစေနဲ့"
"အေးပါဟ"
သာတာပါပဲ။
စတွေကတည်းက ကိုကို့ကို ကိုကိုလို့ပဲခေါ်တာမို့ အခုထိနှုတ်ကျိုးနေတော့သည်။
❤️❤️❤️❤️❤️❤️❤️
T.B.C
#HoneyChan
💝Play Boy💝
"ကိုကို"
"ကိုကို"
လာပါပြီ စောစောစီးစီး လူအရင်မမြင်ရ ငှက်ဆိုးထိုးသံကို အရင်ကြားရပြီ။
ဒီကောင်လေးက ဘယ်တော့မဆို အိမ်ထဲမရောက်ခင်က နာမည်အော်ခေါ်လာတာ။
"ကိုကို"
"အခန်းထဲရှိနေတာကို ခေါ်တာကြားရဲ့သားနဲ့ ဆင်းမလာဘူး"
ပိုင် ဆင်းမလာလို့ ဒီကောင်လေး အခန်းထဲအထိလိုက်လာတာပါ။
သူ့အမြင်ကပ်လို့ ထွက်မတွေ့တာကို အခန်းထဲထိ အလိုက်ကမ်းဆိုးမသိဝင်လာသေးသည်။
ဘယ်လို ကောင်လေးမှန်းမသိ။
"ကိုကို…လို့"
"ဘာတုန်း မြင်ရဲ့သားနဲ့ခေါ်မနေနဲ့ ပြောစရာရှိတာပြော ငါမအားဘူး"
"မအားရင် ဘယ်သွားမလို့လဲ"
"ဆိုင်သွားမလို့ပေါ့"
"အင်းပါ အခုတိုင်ပင်စရာရှိလို့"
"ဘာလဲ"
"ဒီမှာ ဒါကျနော်အခုလိုက်မဲ့ ကောင်မလေး
တက်သစ်စမော်ဒယ်"
သူပြတဲ့ ပုံကို ပိုင် ယူကြည့်လိုက်သည်။
ဒီကောင်မလေးကို ပိုင် သိတာပေါ့။
ပိုင့်စီမှာ အဝတ်စားတွေလာအပ်နေကျ။
ပိုင် ကဖက်ရှင်ဒီဇိုင်နာမို့ အနုပညာလောကသားတွေနဲ့ ရင်းနီးကျွမ်းဝင်သည်။
အဲ့ဒါကြောင့် အားလုံးကို ပိုင် သိနေတာ။
"သိတယ်လေ ဘာဖြစ်လို့လဲ"
"ကျနော်သူ့ကို လိုက်ရမလား"
"အံ့"
"ပြော"
အံ့ ဆိုတာသူ့နာမည်။
အပြည့်အစုံက 'အံ့ဖွယ်ပိုင်စိုး'။
"မင်းကျောင်းစာကို နည်းနည်းအာရုံစိုက်ပါလားအချိန်ပြည့် ရည်းစားထားဖို့ပဲ တွေးနေမှာလား"
"တော်ပြီကိုကိုရာ အမြဲဆုံးမစကားတွေပဲ နားထောင်ရတာ ကျနော်ရိုးနေပြီ ကိုကိုကကျနော့်ထက် 2နှစ်ပဲကြီးတာနော် သိပ်ပြီးဆရာမလုပ်နဲ့"
"ဆရာလုပ်တာမဟုတ်ဘူး အံ့
ကိုကိုမင်းကိုစေတနာနဲ့ပြောတာ မင်းကျောင်းပြီးဖို့လဲ 2နှစ်ပဲကျန်တော့တာ ဒီကြားထဲစာမေးပွဲကျမှာစိုးလို့ ကိုကိုကပြောတာ ရည်းစားဆိုတာ နောက်ဘယ်အချိန်ထားထားရနေတာပဲ"
"ဘယ်အချိန်ထားထားဆိုလို့ အခုကတည်းကထားနေတာ ထားလိုက်တော့ အခုကိုကိုဆိုင်သွားမှာမို့လား ကျနော်လိုက်ပို့မယ်"
"ရတယ် ကိုကိုအိမ်ကကားနဲ့ပဲသွားမှာ"
"ကိုယ်တိုင်မောင်းမလို့လား"
"မဟုတ်ပါဘူး ဒရိုင်ဘာလိုက်ပို့မှာ"
"အော် ဒါဆိုလဲ ကျနော်သွားပြီ"
"ကျောင်းကိုလား"
"အင်း ကျနော့်ကောင်မလေးစောင့်နေလို့ သွားကိုသွားရမှာ"
"ကောင်းလိုက်တဲ့ဆွဲအား"
အံ့ ပြန်ထွက်သွားမှ ပိုင်လဲ အကျီ ၤလဲပြီးဆိုင်သွားဖို့ အောက်ဆင်းလာခဲ့သည်။
"သူ့ပိုင် အံ့ကဘာလာလုပ်တာလဲ မေမေမေးတာဘာမှဖြေမသွားဘူး"
မေ့နေတာ ပိုင့်နာမည်အပြည့်အစုံက သူ့ပိုင်လျှမ်း။
"ထုံးစံအတိုင်း သူနောက်ထားမဲ့ရည်းစားကိုလာပြတာ သားက စာကြိုးစားဖို့ပြောလို့ စူပုတ်ပြီးပြန်သွားတာလေ"
"ဒီကောင်လေးကတော့လေ"
မေမေကထိုးလက်စပန်းအိုးလေးကိုသာပြန်အာရုံစိုက်နေသည်။
"သား"
သတင်းစာဖတ်နေသည့် ဖေဖေကခေါ်သည်။
"ဗျာဖေဖေ"
"အံ့ကိုသိပ်အရောမဝင်နဲ့
သူ့ကြောင့်သားပျက်စီးမှာဖေဖေမလိုချင်ဘူး"
ဖေဖေဆိုလိုတာကို ပိုင် နားလည်သည်။
"ဟုတ် ဖေဖေ သားဆင်ခြင်ပါ့မယ်"
"အေးအေး ဆိုင်သွားမှာမဟုတ်လား သွားတော့လေသား"
"ဟုတ်ဖေဖေ"
"သားမနက်စာရော မစားတော့ဘူးလား"
"မစားတော့ဘူးမေမေ ဆိုင်ရောက်မှ စားလိုက်တော့မယ်"
ဖေဖေနဲ့မေမေကို နှုတ်ဆက်ပြီး ပိုင်ဆိုင်ကိုထွက်လာခဲ့သည်။
ဆိုင်သွားတိုင်း အိမ်ကပဲလိုက်ပို့နေကြဖြစ်သည်။
ိုပိုင်ကကိုယ်တိုင်ကားမမောင်းရဲဘူးလေ။
မမောင်းတက်လို့တော့မဟုတ်ပါဘူး ကားတွေအရမ်းများတော့ ပိုင်က စိတ်မရှည်တက်လို့ပါ။
Fashion Star ဆိုသည့်ဆိုင်ရှေ့တွင်ကားရပ်သည်။ ထိုဆိုင်သည် ပိုင်ကိုယ်တိုင်ကြိုးစားမှုနှင့်တည်ဆောက်ထားသောဆိုင်ဖြစ်သည်။
ဖက်ရှင်ဒီဇိုင်နာ သူ့ပိုင်လျှမ်း  ဟုလူသိများကြသည်။
ပိုင် ဆိုင်ထဲရောက်တော့ customer တော်တော်များနေသည်။
ဝန်ထမ်းကောင်လေးတွေပင် ပိုင့် ကိုနှုတ်မဆက်နိုင်။
ပိုင်လဲ ဒီဇိုင်းအပ်ဖို့စောင့်နေတဲ့သူတွေကို အချိန်ပေးဖြစ်သည်။
မနက်စာကိုဆိုင်ရောက်မှစားမည်ဆိုပြီး စားပင်မစားလိုက်ရ။ နေ့လည်စာစားချိန်ရောက်မှ ဆိုင်မှာလူပါးသွားသည်။
ပိုင်ကတော့ အလုပ်ကိစ္စကမ်းလှမ်းထားတာရှိသည်မို့ နေ့လည်စာဖြစ်သလိုစားပြီး ဆိုင်ကကောင်လေးတစ်ယောက်နဲ့ အပြင်ထွက်ခဲ့ရသည်။
L.O.V.E ဆိုသည့် coffee ဆိုင်တွင် အလုပ်ကိစ္စကမ်းလှမ်းထားသူတွေနဲ့စကားပြောဖြစ်သည်။
ကမ်းလှမ်းတဲ့သူက မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်သည်။
ဇာတ်ကားတစ်ကားအတွက်သူကမင်းသားမင်းသမီးကို မိတ်ကပ်လိမ်းပေးရမှာဖြစ်ပြီး
ဖက်ရှင်ပိုင်းအတွက် ပိုင့်ကိုယုံကြည်တာမို့ ကမ်းလှမ်းခြင်းဖြစ်သည်။
ယုံကြည်မှုနဲ့ကမ်းလှမ်းတာမို့ ပိုင်လဲလက်ခံဖြစ်သည်။
ပိုင်တို့ပြန်ခါနီးတွင် coffee ဆိုင်ထဲသို့ အတွဲတစ်တွဲဝင်လာသည်။
အစက ပိုင် သတိမထားမိပေမဲ့ ပိုင်တို့ထိုင်နေတဲ့စားပွဲနားကနေ အဖြတ် ရလိုက်တဲ့ ရေမွေးနံ့ကြောင့် မော့ကြည့်လိုက်မိသည်။
အံ့နဲ့ကောင်မလေးတစ်ယောက်။
အံ့ကတော့ ပိုင့်ကိုမမြင်။
အံ့ကိုကောင်မလေးတွေနဲ့ တွဲမြင်ရတာ မဆန်းတာမို့ ပိုင်လဲ စကားပြောနေတာကိုသာ အဆုံးသတ်လိုက်သည်။
ပြန်ဖို့ထတော့မှ အံ့အကြည့်ကပိုင့်စီရောက်လာသည်။
သူထိုင်နေရာကနေ ပိုင့်ကိုလက်လှမ်းပြသည်။
အံ့ကလက်ပြတော့ ပိုင့်ကိုကျောပေးထိုင်နေတဲ့ သူ့ကောင်မလေးက လှည့်ကြည့်သည်။
ပိုင် ကတော့ ယဉ်ကျေးမှုအရပြုံးပြလိုက်သည်။
အံ့ကထိုင်ရာကနေထာပြီ
"ပြန်တော့မလို့လား ကိုကို"
"အင်း"
"Coffeeလာသောက်တာလား"
"ကိုကိုအဲ့လောက်မအားဘူး အံ့
အလုပ်ကိစ္စလာတာ သွားတော့မယ်"
"နေပါအုံး ကျနော့်ကောင်မလေးနဲ့မိတ်ဆက်ပေးမယ်"
"ဒီတစ်ယောက်ကအတည်လား"
"ဟုတ်ဘူး😁"
"အဲ့ဒါဆို no ပဲ အတည်တွဲတဲ့ ကောင်မလေးကျမှ မိတ်ဆက်ပေး မင်းအကိုဆိုပြီး သိက္ခာကျမခံနိုင်ဘူး"
ထိုင်နေတဲ့ ကောင်မလေးကို တစ်ချက်လှမ်းကြည့်ပြီး ပိုင်ပြန်လာခဲ့သည်။
အံ့ကတော့ ရယ်ကျဲကျဲနဲ့သာ သူ့ကောင်မလေးနားပြန်ရောက်သွားသည်။
"မောင် ခုနကတစ်ယောက်က Fashion Starပိုင်ရှင်
သူ့ပိုင်လျှမ်း မဟုတ်လား"
"သရဖီက သိတယ်ပေါ့"
"မောင်ရယ် သူ့ပိုင်လျှမ်းလို ရေပန်းစားနေတဲ့သူကို သရဖီကသိတာပေါ့"
"ရေပန်းစားတယ် ဘယ်လိုမျိူ းလဲ"
အံ့ကတခြားနေရာမှာသာ နာမည်ကြီးတာ။
ကိုကို့လို စီးပွားရေးဘက်မှာဆို ဘာမှမသိ။
အထူူးသဖြင့် ကိုကိုလုပ်နေတဲ့ ဖက်ရှင်ဘာညာတွေပေါ့။
အံ့သိတာ ကျောင်းတက်ပြီး ရည်းစားမှိုလိုပေါက်အောင်ထားဖို့နဲ့ လူငယ်ပီပီပျော်ပျော်ပါးပါးနေဖို့သာ။
"ဒီလိုလေမောင်ရဲ့ Fashion Star သူ့ပိုင်လျှမ်း ဆိုပြီး သရဖီတို့တက္ကသိုလ်ကျောင်းတစ်ခွင်မှာရော
အနုပညာရှင်တွေကြားမှာရော စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာရော ဟိုးလေးတကျော်ကျော်ပဲ"
"အဲ့လောက်တောင်ပဲလား"
"အင်း သူကဖက်ရှင်လောကထဲမှာမကြာသေးပေမဲ့ သူ့ဒီဇိုင်းတွေက အရမ်းမိုက်လို့ နာမည်ကြီးတာလို့ပြောကြတယ် သရဖီလဲ တခါတလေ သူ့ဆိုင်သွားဝယ်ဖြစ်တယ် တကယ်လဲမိုက်ပါတယ် သရဖီကတော့ သူ့ကိုလေးစားတယ်"
သရဖီပြောတဲ့စကားတွေကြောင့် အံ့ ရင်ပူမိတာတော့အမှန်။
ကိုယ့်အကိုကိုဒီလောက်လူတွေသိနေမှတော့ စိတ်မချနိုင်။
ပါးစပ်ကသာသိပ်မတည့်တာ ကိုကို့ ခင်တွယ်မိတာတော့ အံ့ ဝန်ခံပါသည်။
အသက်ကလေး 2နှစ်ကွာတာကို လူကြီးလို အမြဲဆုံးမတက်သေးတာ။
တခါတခါ အဖိုးကြီးလို့ ခေါ်ရင်စိတ်ဆိုးတက်သေးတာ။
အံ့ ကိုကိုစိတ်ဆိုးတဲ့မျက်နှာကိုမြင်ယောင်ကာပြုံးလိုက်မိသေးသည်။
"မောင်ဘာတွေပြုံးနေတာလဲ"
"ဘာမှမဟုတ်ပါဘူး ဒီတိုင်းပြုံးလိုက်တာ
ပြန်ရအောင်လေ သရဖီ"
"ကုမ္မဏီအထိပြန်လိုက်ပို့မှာလား"
"လိုက်ပို့စေချင်တာလား"
"ကိုယ့်ချစ်သူပဲ လိုက်ပို့စေချင်တာပေါ့"
"ဘယ်လိုလုပ်မလဲ ကိုယ်မအားဘူး
အတန်းပြန်တက်ရအုံးမယ်"
"ရပါတယ် ဒါဆိုလဲ သရဖီ ကုမ္မဏီကကားလာခေါ်ခိုင်းလိုက်မယ်"
"ဒါဆိုကိုယ်စောင့်မနေတော့ဘူး သွားပြီ"
"အင်း အံ့ ညကျဖုန်းဆက်အုံး"
"omm"
သေချာပါတယ်။ အံ့ဖုန်းဆက်ဖြစ်မှာမဟုတ်ဘူး။ အပျော်ရည်းစားတစ်ယောက်ကို အံ့ ဘယ်တုန်းကမှ ဖုန်းဆက်ပြီး အလွမ်းသယ်လေ့မရှိပါ။
ဒါကိုလဲ မိန်းကလေးတော်တော်များများသိကြသည်။ ခပ်ချောချော play boy ကောင်လေး အံ့ဖွယ်ပိုင်စိုး ဆိုတာ မိန်းကလေးများကြား ရေပန်းစားတဲ့သူပဲလေ။ အံ့ အကြောင်းကို တစ်ယောက်စကား တစ်ယောက်နားက ကြားကြတော့ အံ့ရဲ့ ပုံစံကိုလဲ သိနေကြပြီးသားဖြစ်သည်။
ဒါပေမဲ့ ဘယ်မိန်းကလေးမဆို အံ့ကလိုက်ရင် နှစ်ရက်တောင်မကြာ ရည်းစားဖြစ်သွားတာပါပဲ။
အများဆုံး ကြာရင်တစ်ပတ်ပဲ။ အဲ့ဒါတောင် မော်ဒယ်တွေ မင်းသမီးတွေနဲ့ သူဌေးသမီးတွေလောက်သာ။
သာမန် အပြင်မိန်းကလေး တက္ကသိုလ်ကျောင်းသူတွေဆို ခဏလေးနဲ့ရသည်။
သို့ပေမဲ့လဲ အံ့ သူတို့ကို အထင်သေးတဲ့စိတ်တော့လုံးဝမရှိ။ အပျော်ရည်းစားတွေထားပေမဲ့ အထင်သေးစိတ်မရှိတာကိုတော့ ကိုယ့်ကိုကိုယ်တောင် ဂုဏ်ယူမိသေးသည်။
ဘာလို့လဲဆို အံ့ ကိုမွေးထားတဲ့သူကလဲ အံ့တွဲနေတဲ့ မိန်းကလေးတွေလို အမျိူ းသမီးတစ်ယောက်ပဲလေ။
မေမေ့မျက်နှာကိုထောက်သောအားဖြင့် အံ့မိန်းကလေးတွေကို အထင်မသေးပါ။
ပွေရှုပ်တာ အံ့အကျင့်မို့ မပြင်နိုင်တာကတော့ ချွင်းချက်ပေါ့လေ။
"ဟျောင့်အံ့ မင်းစောင့်ရတာနဲ့ အတန်းချိန်တစ်ချိန်လွတ်သွားပြီ"
ဇွဲညီ စီမှ အပြစ်တင်သံ။
"အေးလေကွာ ထွက်သွားတာ ခဏဆိုပြီး
တော်တော်နဲ့ပေါ်မလာဘူး"
သူရ စီမှခပ်ဂျစ်ဂျစ်အသံ။
အံ့တို့ကသူငယ်ချင်းသုံးယောက်။
အံ့ဖွယ်ပိုင်စိုး ဇွဲညီလင်း သူရထက်ကျော်။
ဇွဲညီနဲ့သူရကလဲ အံ့လိုပဲ Play boyဆိုပါတော့။
အံ့လောက် ရည်းစားမများပေမဲ့လဲ ဂျိူ ကုပ်ရှိရာဂျိူ ကုပ်ပဲလာတာမို့ သူတို့လဲ အံ့နဲ့မခြားဘူးလေ။
"အခုအတန်းသွားမယ်လေ"
"မင်းဂျီးတော်အချိန်က နောက်တစ်ချိန်ပြီးဖို့ 15မိနစ်ပဲလိုတော့တာလေ"
"အေးလေ ဒီအချိန်မှသွားရင် ဆရာမကအတန်းရှေ့ဒူးထောက်ခိုင်းမှာပေါ့😏"
"ဒါဆိုလဲ canteen သွားတာပေါ့"
"Let go"
"ငနာတွေ ဒါများငါ့ကြောင့် အတန်းနောက်ကျတယ်လေးဘာလေးနဲ့
canteenသွားချင် သွားချင်တယ်မပြောဘူး"
"first yearက စကီလေးတွေ လန်းတယ်ဆိုလို့ သွားစောင့်တာပါကွာ"
"ဒါဆိုလဲ သွားရှိုးတာပေါ့ကွာ"
သုံးယောက် အတိုင်အဖောက်ညီစွာ canteenရောက်လာခဲ့သည်။
အတန်းချိန်မဆင်းတာကြောင့် canteenမှာလူရှင်းနေသည်။
ထောင့်ကျကျစားပွဲမှာထိုင်လိုက်ကြသည်။
အအေးတစ်ဗူးစီမှာပြီး ဖုန်းနဲ့ Game ထိုင်ဆော့နေလိုက်ကြသည်။
တော်ရောပေါ့ကျောင်းလာရင် စာလုပ်နေပင်ပန်းတယ်လေ။ ဟုတ်ဘူးလား။ဦးနှောက်ဆေးတဲ့အနေနဲ့ MLတိုက်တာပေါ့။
သုံးယောက် gameထဲအာရုံရောက်နေတာနဲ့ canteen တစ်ခုလုံး ဆူညံသွားမှ သတိထားမိသည်။ အတန်းချိန်နားတုန်းမို့ ကျောင်းသားကျောင်းသူတွေ အပြေးရောက်လာကြသည်။
အံ့နှုတ်ခမ်းတစ်ဖက်ကွေးရုံပြုံးကာ
စိတ်ထဲက နံပါတ်စဉ်ရေလိုက်သည်။
1……2……3 start!
"ကိုကို"
အချိန်ကိုက်ပဲ။
ခေါ်သံအဆုံး အံ့ ဘေးမှာထိုင်နေတဲ့ ဇွဲညီ ထိုင်ခုံကတွန်းချခံလိုက်ရသည်။
"သေပါပြီကွာ"
"sorry" အသံပိုင်ရှင်က ဇွဲညီကို sorryပဲပြောလိုက်သည်။
"ကိုကို"
"ပြော"
အံ့ရှေ့က နှစ်ကောင်ကတော့ ကောင်မလေးကိုသာ ပြူ းပြဲကြည့်နေကြသည်။
"ဟိတ် မင်း first year ကHistory Queen  နေနွယ်လွမ်း မဟုတ်လား"
"ဟုတ်တယ်လေ"
နှစ်ကောင်လုံး အံ့ စီအကြည့်ပြန်ရောက်လာကြသည်။
"အံ့ ဘယ်လိုဖြစ်တာ"
"မနေ့ကပဲ ရည်းစားဖြစ်သွားတာ
ဟုတ်တယ်မို့လား baby"
အံ့ ဘေးက Queenပေါက်စမလေးပါးကို ဆွဲရင်းပြောလိုက်သည်။
"ဟုတ်တယ် ကိုကိုကနေနွယ်ချစ်သူ
နေနွယ်က ကိုကို့……"
"ရည်းစား babyက ကိုကို့ရည်းစား
ချစ်သူလို့ပြောဖို့ စောသေးတယ်လေ"
"ဟုတ် ကိုကိုရောက်နေတာကြာပြီလား"
"အင်း"
"sorryပါကိုကိုရယ် နေနွယ် အကြာကြီးစောင့်ခိုင်းသလိုဖြစ်သွားတယ်"
"ရပါတယ် babyရဲ့"
ကောင်မလေးက အံ့သူ့ကိုစောင့်နေတယ်ထင်သွားသည်။
တကယ်တော့ မနေ့က အံ့သူမကိုပြောခဲ့သည်။
မလာမချင်း canteenကစောင့်နေမယ်လို့လေ။
အံ့ကအဲ့ဒီစကား သတိပင်မရ။
သူမကထင်ရာတွေပြောနေလို့သာ ချော်လဲရောထိုင်လုပ်လိုက်ရသည်။
နေ့လည်စာစားနေတဲ့ တချိန်လုံး နေနွယ်လွမ်း ဆိုသည့် ကောင်မလေး အံ့ကိုခွံ့ကျွေးနေသည်။
ရှေ့ကနှစ်ကောင်ခမျာတော့ အံ့ကိုကြည့်ကာ တံတွေးတမျိူ မျိူ နှင့်ပေါ့။
ဟုတ်တယ်လေ။သူတို့ ငမ်းချင်နေတဲ့ first yearကစကီလေးဆိုတာ ဒီကောင်မလေးလေ။
သူတို့ငမ်းမဲ့ စကီလေးက အံ့နဲ့ရည်းစားတောင်ဖြစ်နေတော့ နှစ်ကောင်သား ကျေနပ်ပုံမရ။
ဂျိူ ပေးနေလို့ အံ့ မသိချင်ယောင်ဆောင်ထားရသည်။
သူတို့နှစ်ကောင်တင်မဟုတ် ကျောင်းကတခြားကောင်တွေပါ အံ့ကို မကျေနပ်သလိုကြည့်ကြသေးသည်။
ဒီကောင်မလေး ကျောင်းစတက်ကတည်းက ကောင်လေးတွေအများစု ငမ်းကြတာလေ။
ဒီကောင်မလေးကြောင့်  မေဂျာစုံ Queenကိုတောင် ဘယ်သူမှ သိပ်စိတ်မဝင်စားကြတော့။
ယောကျာ်းလေးတွေရဲ့ အသဲစိုင်လေးနဲ့ ရည်းစားဖြစ်နေတဲ့ အံ့ ကတော့ play boy သိပ်ပီသနေသည်။
အံ့ ဆိုတာလိုချင်တာရှိရင် သူ့လိုလိုဦးညွှတ်ပြီး ရောက်လာအောင် လုပ်တက်တဲ့လူမျိူ း။
❣️
ညနေကျောင်းဆင်းတော့ ကျောပိုးအိတ်ကို တစ်ဖက်ထဲလွယ်ရင်း ပြိုင်ကားအနက်လေးစီလျှောက်လာခဲ့သည်။
ကားက ပြီးခဲ့တဲ့အံ့မွေးနေ့တုန်းက ဖေဖေနဲ့မေမေ လက်ဆောင်ပေးထားတာပါ။
သားလိမ်မာလေးမို့လေ။
ပြိုင်ကားဝယ်မပေးရင် ကျောင်းမတက်ဘူးဆိုပြီး ဂျီကျလို့ဝယ်ပေးထားတာပါ။
အံ့ကားဘေးမှာ ဇွဲညီနဲ့သူရရဲ့ကားနှစ်စီး။
မာစီးဒီအနက်လေးနဲ့ လင့်ခရူဆာ မီးခိုးရောင်လေး။
"ဒိုးပြီ ငါ့ကောင်တို့ ညမှ club မှာတွေ့မယ်"
"ok နောက်မကျစေနဲ့"
"အေးပါဟ"
ဒီနေ့ည ဇွဲညီရဲ့ အကိုပိုင်တဲ့ club မှာ ကဲဖို့ချိန်းထားကြသည်။
တစ်ပတ်တစ်ခါလိုလို ပုံမှန်clubတက်ဖြစ်သည်။
သူငယ်ချင်းနှစ်ယောက် ကားတွေထွက်သွားမှ အံ့လဲ အိမ်ပြန်လာခဲ့သည်။
အိမ်ရှေ့ရောက်တော့ ခြံတံခါးလာဖွင့်တာ စောင့်ရင်း ကိုကို့အိမ်ဘက်လှမ်းကြည့်လိုက်သေးသည်။
ပြန်မရောက်သေးလို့လားမသိ လူရိပ်တောင်မမြင်ရ။
ကိုကိုတို့ အိမ်နဲ့ အံ့အိမ်က မျက်နှာချင်းဆိုင်ဖြစ်သည်။ အံ့တို့အိမ်ကို ကိုကို့အဖေကဆောက်ပေးတာလေ။ ကိုကို့အဖေက ဆောက်လုပ်ရေးအင်ဂျင်နီယာ ကိုယ်ပိုင်ဆောက်လုပ်ရေးကုမ္မဏီလဲထောင်ထားသေးသည်။
ကိုကိုတို့က ချမ်းသာသည်။ အံ့တို့မိသားစုလဲ ချမ်း
သာတာပါပဲ။
အံ့ဖေဖေက ကားကုမ္မဏီတစ်ခုပိုင်သည်။
အံ့မေမေက အသဲအထူးကုဆရာဝန်တစ်ယောက်။
အံ့တို့မိသားစု ရရတို့အိမ်နဲ့အိမ်နီးချင်းဖြစ်တာ
အံ့10တန်းနှစ်ကဖြစ်သည်။
အံ့10တန်းမှာ အရင်နေတဲ့ အိမ်ကိုအိမ်ငှားထားခဲ့ပြီး ဖေဖေကုမ္မဏီနဲ့နီးတဲ့  အခုနေရာကိုပြောင်းလိုက်တာဖြစ်သည်။
အံ့တို့ အိမ်ကို ကိုကိုအဖေကတာဝန်ယူဆောက်ပေးရင်း တစ်အိမ်နဲ့တစ်အိမ် ရင်းနီးသွားကြတာဖြစ်သည်။
အံ့လဲ စာနားမလည်တာတွေ မသိတာတွေ ကိုကို့ကိုသွားမေးရင်း ခင်တွယ်ခဲ့တာဖြစ်သည်။
စတွေကတည်းက ကိုကို့ကို ကိုကိုလို့ပဲခေါ်တာမို့ အခုထိနှုတ်ကျိူ းနေတော့သည်။
လူကြီးတွေ ဘယ်လောက်ပြောပြော ပြောင်းပြီးမခေါ်ခဲ့။
တက္ကသိုလ်ရောက်တော့ ကိုကိုနဲ့ 2နှစ်ပဲအတူတက်လိုက်ရသည်။
Third yearကျ အံ့တစ်ယောက်ထဲလေ။ကိုကိုကကျောင်းပြီးသွားလို့ ကျောင်းမပြီးခင်ကတည်းက အစပျိူ းထာသည့် သူ့ဆိုင်မှာ အုပ်ချူပ်ကာ
အံ့ ကိုဂရုပင်မစိုက်တော့။
ကျောင်းသွားတိုင်း ကိုကို့ကိုခေါ်ပြီး ကျောင်းသွားရတဲ့ အံ့ကတော့ တစ်ယောက်ထဲ ကျောင်းသွားနေရသည်။
အံ့မောင်းတဲ့ကားကို စီးရမှာသေလောက်အောင်ကြောက်တဲ့ ကိုကိုကတော့ သူတို့အိမ်ကဒရိုက်ဘာနဲ့ သူ့ဆိုင်ကို ကျော့ကျော့လေးသွားနေသည်။
အတွေးနဲ့တင် အံ့မျက်နှာကြီးကအလိုမကျဖြစ်လာတော့သည်။
ခြံတံခါးဟောင်းလောင်းကြီးမြင်မှ ကိုကို့အိမ်ဘက်ကအကြည့်လွဲကာမောင်းဝင်လာခဲ့သည်။
အံ့သိလိုက်တာက တဖက်ခြံရဲ့တံခါးနောက်မှာ အံ့မမြင်အောင် ပိုင်တစ်ယောက်ပုန်းနေတယ်ဆိုတာကိုပေါ့။
❤️❤️❤️❤️❤️❤️❤️
T.B.C
#HoneyChan
Continue Reading
You'll Also Like
78K 2.4K 29
unicode မောင့်မြတ်နိုးရာ fic လေးနဲ့ သူပြောသော ကြယ်ကြွေပုံပြင် fic လေးနှစ်ပုဒ်ကို တစ်စုတစ်စည်းတည်းနဲ့ဖတ်လို့ရအောင် စာပြန်စီလိုက်တဲ့ Fic လေးပါဗျ။ zawgy...
241K 26.4K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
819K 60.4K 52
347K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."