Hate is Love { Complete }
By yoon_085
860K 51.7K 2.1K
အမုန်းဆိုတာ အချစ်ကနေအစပြုတာမို့ ကိုယ်ချစ်တဲ့သူကို မနာကျည်းနိုင်သရွေ့ ချစ်နေမိဦးမှာလဲ လူတိုင်းလဲ ကိုယ်ချစ်တဲ့... More
Part -1 ~ Beginning of story
Part -2 ~ First Meet
Part -3 ~ Wedding Day (🚨🔞)
Part -4 ~ Marriage life (🔞🚨)
Part - 5 ~ Losing Family
Part 6 ~ Love House 🔞🚨
Part -7 ~ Diary Book
Part -8 ~ Cuz of Love (🔞🚨)
Part -9 ~ Miss u but don't want remember
Part -10 ~ Reasons for problem
Part -11 ~ Can't let you go 🔞🚨
Part -12 ~ Good Bye My love
Part- 13 ~ Everytime I miss u
Part 14 ~ Love is hurt
Part - 15 ~ Miss U 🔞🚨
Part -16 ~ That's you 🔞🚨
Part - 17 ~ About Past
Part -18 ~ Greedy Love
Part -19 ~ Forgiveness 🔞🚨
Part -20 ~ Painful Love
Part-21 ~White Tulips
Part-22~Red Spider lily
Part-23~New life 🔞🚨
Part-23~New Life 🔞🚨 (2)
Part-24~Being a daddy
Announcements💖
Part-25~Husband Material
Part-26 ~About baby
Part -27~Precious Things
Part-28 ~Baby born 👶🏻
Part -29 ~ Daddy Wang
Part-30~ Lion& rabbit(🔞🚨)
Part-31~Wang MinYu's Bd
Part-32~ Dark Night 🔞🚨
Part-33~Believe U
Part-34~ Ice cream
Part-35~Jealous Daddy
Part-36~Beauty daughter
Extra ~ I 🔞🚨
Extra ~ II
Part-37~Parent ( Final)
15.6K 1K 91
By yoon_085
Hate is Love
Zawgyi
ကောက်နေရတယ်
မိုးလင်းထဲကဖုန်းနဲ့ ''
" အေးအေး လာပြီ ''
" မင်အာဆော့မယ်လို့ ''
" ထွက်သွား ''
" ဒယ်ဒီ? ''
"ဟုတ် ဒယ်ဒီ ''
" ယောက်ျားဘာလို့ငိုနေတာလဲကလေးနှစ်ယောက်
အဖေကြီးရဲ့ ''
" ရိပေါ်ရယ် သူတို့လေးတွေအိမ်ထောင်ပြုပြီး ထွက်သွားလဲ ကျန့်တို့နှစ်ယောက်တစ်ယောက်ကို တစ်ယောက်အဖော်ပြုပြီး နေကြမယ်လို့ရိပေါ်ပဲ ပြောထားတယ်လေ ပြီးတော့ယောက်ျားက အစိုးရိမ်လွန်နေလို့ပါ သားနဲ့သမီးကဘယ်လောက် လိမ္မာလိုက်လဲ ကျန့်တို့ကိုခြေစုံကန်ပြီး ပစ်မသွားလောက်ပါဘူး ''
____________<<<<<<<_________
" ယောက်ျားကသမီးကိုစိတ်ပူတုန်းလား ''
" ယောက်ျား ဒီနေ့ကျန့်ကရိပေါ်အကြိုက် သက်ရှည်ခေါက်ဆွဲလုပ်လာတယ်ရှာလကာရည် များများနဲ့ ''
" ရိပေါ် ဘာဖြစ်နေတာလဲ ''
" ယောက်ျား မဟုတ်မှလွဲရော... ''
" ကျန့်...ဘာလို့လဲ ''
" ယောက်ျားရယ်...ယောက်ျားအဲ့လောက်တောင်ခံစား နေရလားဟင် ဘယ်လိုလုပ်မလဲပန်းသေသွားတာလား ''
" ဟမ်...''
" အခုလိုဖြစ်နေတာဘာလို့မပြောတာလဲ ယောက်ျားရယ် သနားဖို့ကောင်းလိုက်တဲ့ငါ့ယောက်ျား အဲ့ဒါကြောင့် ပေါင်ပေါ်တက်ထိုင်တာတောင်ဘာမှမတုံပြန်လို့ ထူးဆန်းတယ် ထင်နေတာ ဘယ်လိုလုပ်မလဲ ''
"ညနေရုံးကညစာစားပွဲရှိတာတက်ဖို့မမေ့နဲ့ဦးနော် ယောက်ျား ''
ရှောင်ကျန့်ရယ်ပါ ။
_____________<<<<<<<_____________
ရိပေါ်သားနဲ့သမီး ကျောင်းဆင်းချိန်ရောက်တော့ သူကိုယ်တိုင်သွားကြိုသည် ရိပေါ်မှာသူ့သားနဲ့ သမီးကိုကွညျ့ပွီိး ကျေနပ်နေရသည် ။
" ဝေး...သားက ပီဇာ..ပီဇာ ''
" ဆန်ပြုတ် ''
ပေးမယ်နော် အိမ်မှာအဖွားကိုအနှောင့်ယှက်မပေးပဲ ငြိမ်ငြိမ်နေရမ်ာနော် ဒီနေ့ဒယ်ဒီတို့ကနောက်ကျမှာမို့ ''
" ဟုတ်...''
" ယောက်ျား သွားကြမယ်လေ ''
" ဝါး...ကိုယ့်ယောက်ျားကကိုယ်ယူလာပေးတဲ့ အကျီနဲ့ တကယ်လိုက်တာပဲ ''
ကုမ္ပဏီညစာစားပွဲမှာ ရိပေါ်တို့လင်မယာနှစ်ယောက်ကတော့ ညစာစားပွဲမှာ နာမည်ကြီးပဲ ရိပေါ်မှာလဲသူ့ယောက်ျားရဲ့ ဒီဇိုင်းတွေကြောင့် သူတို့ကုမ္ပဏီကနာမည်ကြီးရင်း နာမည်ရလာသည် ။
"အမလေးငါ့ခေါင်း ''
" အဲ့ဒါဘာဖြစ်နေကြတာလဲ ''
" ပြောခဲ့တယ် ''
" ကျန့်....ကျန့်..''
" ယောက်ျားထအကျီလဲဦးလေ ''
" အင်း...''
edaz
4.8.2020
4:30 a.m.
___________<<<<<<<<_______________
Hate is Love
Unicode
အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာတာနဲ့အမျှ မင်ယူလေးလဲ ကျောင်းတက်နေရပြီ မူလတန်းတက်နေပြီဖြစ်တဲ့မင်ယူလေးနဲ့ တစ်အိမ်လုံးကိုဗိုလ်စီးထားတဲ့မင်အာတို့နှစ်ယောက်က ရှောင်ကျန့်တို့အိမ်မှာဆည်းလည်းသံလေးတွေပဲ ။
" ဝမ်ရိပေါ် အကျီတွေကိုလျှော်မယ့်ခြင်းထဲထည့်ပါလို့ မပြောဘူးလား အကုန်လုံးကိုကောက်ရိတ်သလိုလိုက်
ကောက်နေရတယ်
ဝမ်မင်ယူ အစားစားရင်ညစ်ပတ်အောင်မစားနဲ့လို့ ပါး ဘယ်နှခါပြောရမလဲအငယ်မဖုန်းကိုပဲကြည့်မနေနဲ့လို့ ပြောထားတယ်လေ အခုမှငယ်ငယ်လေးရှိသေးတယ်
မိုးလင်းထဲကဖုန်းနဲ့ ''
မနက်မိုးလင်းကို ရှောင်ပါးပါးရဲ့ဆူဆူပူပူအသံလေးတွေနဲ့ အစပြုသည် ။
မောင်နှမနှစ်ယောက်လုံးကိုအိမ်မှာ အဖွားနဲ့ထားခဲ့ပြီး ရှောင်ကျန့်လဲရုံးပြန်တက်နေသည် ရိပေါ်ကအိမ်မှာအေးဆေးနေခိုင်းလဲမရ ဒီနေ့က ပိတ်ရက်ဖြစ်တော့ ရှောင်ကျန့်မှာအိမ်အလုပ်တွေရော သားနဲ့သမီးကိစ္စတွေကိုပါလိုက်လုပ်ပေးနေရသည် ။
" ကျန့်ရယ် ကလေးတွေပဲ ထားလိုက်ပါ သူတို့နေချင်သလိုနေပါစေ ''
" ရမလား မွေးပြီးဒီတိုင်းထားရမှာလား စည်းမရှိကမ်းမရှိ မင်းကလဲကြည့်ကြပ်အလိုလိုက်သလား အကြီးကောင်ကျ လူလေးကလက်တောက်လောက်နဲ့ ဂျပိုးဖြစ်နေပြီ အငယ်ကျတော့လဲအိမ်ပြင်မထွက်ရအောင် ဖုန်းတွေပဲပေးသုံးထား ဟိုကကန်းတော့မယ် ''
" သားကျစိတ်ချရတယ်လေ သမီးကျစိုးရိမ်ရတာကို ''
ဝမ်ရိပေါ်သမီးကိုအူတိုတာကလဲ လွန်လွန်းပါတယ် သမီးကို အိမ်ထဲကအိမ်ပြင်ကိုမထုတ်ဘဲ ငြိမ်အောင်ဆိုပြီး Tablet ဝယ်ပေးလိုက်ဖုန်းဝယ်ပေးလိုက်ပဲ ။
မင်ယူကတော့ မနက်ဖြန်မူလတန်းတက်နေရပြီမို့ သူငယ်ချင်းများနှင့်ကျောင်းမှာပျော်နေသည် ရိပေါ်ကတော့သူ့သားကျောင်းတက်ရတဲ့အနေနဲ့ စက်ဘီးအသေးလေးတစ်စီးဝယ်ပေးထားသေးသည် မိုးလင်းကတည်းက သားအဖနှစ်ယောက်ခြံထဲမှာ စက်ဘီးစီးသင်နေကြသည်။
" ပါးပါး မင်အာနဲ့အတူ စာလုပ်ပေး ''
" အေးအေး လာပြီ ''
ဝမ်မင်အာလေးက ဝမ်ရိပေါ်ပုံသွင်းထားတဲ့ အတိုင်းစာဂျပိုးပုံစံလေးလို့ အိမ်ပြင်ထွက်ခိုင်းရင်တောင်
သိပ်မထွက်ချင်တော့ဘူး ။
" မင်အာ....မင်အာ လာကိုကိုတို့နဲ့ ဆော့ရအောင် ''
ဘောလုံးပိုက်ပြီး အိမ်ထဲကိုဝင်လာတဲ့မင်ယူ့ကို မင်အာကတစ်ချက်ကြည့်လိုက်ပြီး နှာခေါင်းရူံကာ သူလုပ်စရာရှိတာသာလုပ်နေသည် ရုပ်ကသာ ပါးပါးနဲ့တူတာချေချက်ကတော့ ဝမ်ရိပေါ်သမီးလို့ပြောစရာမလိုအောင်ကိုချေတာ ။
" မင်အာဆော့မယ်လို့ ''
" ထွက်သွား ''
မင်ယူကမင်အာ့ကိုဆော့ဖို့အတင်းဆွဲခေါ်သည် မင်အာက သူ့ဘေးမှာရှိတဲ့စာအုပ်နဲ့ပြန်ထုသည် ဒါလဲမင်ယူက မဖြုံဘူး ဝမ်ရိပေါ်အိမ်ထဲဝင်လာတော့မှ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ သားနဲ့သမီးကိုဆွဲဖယ်ရသည်။
" မင်လေး ဒယ်ဒီတို့နဲ့အတူဆော့ပါလားမင်လေးရဲ့ ''
" ဒယ်ဒီပဲ အိမ်ထဲမှာနေတာကစမတ်ပ်ိုဖြစ်တယ်ဆို မင်လေးက ဒယ်ဒီ့လိုဖြစ်ချင်တာ ''
" ဒယ်ဒီလိုဖြစ်ရမှာပေါ့ ဒါပေမယ့်လဲတစ်ခါတစ်လေ
ဆော့ပေးရတယ် လာဒယ်ဒီတို့နဲ့သွားဆော့မယ် ''
အသန့်ကြိုက်တဲ့မင်အာ့ကိုဝမ်ရိပေါ်ကခြံထဲအထိချီသွားရသည် သားအဖသုံးယောက်ခြံထဲမှာ ဘောလုံးကန်ပြီး ဆော့နေကြသည် ။
" ဒယ်ဒီ ဒယ်ဒီ ဒီနေ့သားသူငယ်ချင်းတွေလဲလာမယ်တဲ့ ''
"ဟုတ်လား ကောင်းတာပေါ့ဒယ်ဒီတို့ကစားဖော်
အများကြီးရှိတော့ကောင်းတာပေါ့ ''
သိပ်မကြာဘူး မင်ယူလေးရဲ့သူငယ်ချင်းနှစ်ယောက်က သူတို့မိဘတွေကလာပို့ကြတော့ မင်ယူလဲအဖော်မက်ပြီး ကစားနေကြသည် မင်အာလေးကလဲ ကစားရတာပျော်သွားတာမို့ရိပေါ်လဲ ဝင်မဆော့ပေးတော့ဘဲ ဘေးကနေပဲကြည့်နေလိုက်သည် ။
" သူဌေးဝမ်ရဲ့ သားရော သမီးရောကချစ်ဖို့ကောင်းတယ်နော်''
" ဒါပေါ့အဖေတွေကချောတာကို ''
ဂုဏ်ဆာတဲ့အပြုံးကြီးနဲ့ပြောလိုက်တော့ တစ်ဖက်ကပြောတဲ့သူ ပင်နင်သွားရသည် ။
ကလေးတွေခြံထဲကစားနေတာကို ထိုင်ကြည့်ပြီး မိဘချင်းလဲ စကားကြနေကြသည် ကစားနေရင်းမင်အာလေးနဲ့ အခြားကောင်လေးကရပ်ပြီး စကားပြောနေရင်း ထိုကောင်လေးကမင်အာ့ကို နမ်းမလို့လုပ်တော့ ဝမ်ရိပေါ်ပြောနေတဲ့စကားတွေ ပါရပ်သွားပြီး အမြန်ပဲမင်အာ့ဆီကိုပြေးသွားသည် ထိုကောင်လေးမနမ်းခင် ရိပေါ်ကသူ့သမီးကိုပြေး ချီလိုက်သည် ။
" ဒယ်ဒီ? ''
" မင်အာ သမီးခုနကဟိုကောင်လေးနဲ့ နမ်းဖို့လုပ်လိုက်တာလား ''
" ဟုတ်တယ် ကိုကိုက မင်အာကစားတာတော်လို့ဆုချ မလို့တဲ့ ဟီး မင်လေးတော်တယ်မလား ''
" မရဘူး! မင်အာနောက်တစ်ခါဆိုဒယ်ဒီနဲ့ပါးပါးကလွဲပြီး မင်အာ့ကိုလာနမ်းမယ်ဆိုရင် ဒူးနဲ့ပေါင်ကြားကို သာကန်လိုက် ''
"ပါးပါးပြောတော့ရန်မဖြစ်ရဘူးဆို ပြီးတော့ကိုကိုမင်ယူ့ကိုရောမနမ်းရဘူးလား ''
" အဲ့ဒါကရန်ဖြစ်တာမဟုတ်ဘူး ကာကွယ်တာ သမီးရဲ့ပထမဆုံးအနမ်းက ဒယ်ဒီပဲ ဟုတ်ပြီလား
ပြီးတော့ဒယ်ဒီ,ပါးပါးနဲ့သမီးအကို မင်ယူကလွဲရင်
အရွယ်ရောက်တဲ့အထိ ဘယ်သူ့ကိုမှမနမ်းရဘူး ကြားလား ''
"ဟုတ် ဒယ်ဒီ ''
ဝမ်ရိပေါ် မှာသူ့သမီးကို သူများနမ်းမှာစိုးလို့ ခေါ်လာတော့ ရှောင်ကျန့်မှာပဲ ဧည့်သည်တွေကိုအားနာနေရသည်
သမီးနဲ့ပတ်သတ်ရင် အကဲပိုလွန်းတဲ့ ဝမ်ရိပေါ်ကဘယ်သူ့ကိုမှလဲအားမနာတက်တော့ဘူး ။
ဧည့်သည်တွေပြန်သွားတဲ့အထိ ဝမ်ရိပေါ်ဟာသူ့သမီးကို သူ့ဘေးကနေတဖွားမှမခွာခိုင်းတော့ဘူး ရှောင်ကျန့်မှာတော့ ကြားထဲကဧည့်သည်တွေပဲ အားနာနေရသည် ။
" ရိပေါ် ဘယ်လိုဖြစ်နေတာလဲ ဧည့်သည်တွေအရှေ့မှာ ''
" မအားနာနိုင်ပါဘူး သူများအဖိုးတန်သမီးလေးရဲ့ first kissကို အဲ့လိုအဆုံးရူံးခံရမှာလား ''
" ဒါဆိုဒယ်ဒီက ပါးပါးကိုနမ်းနေတာကရော ဘာလို့နမ်းတာလဲ ''
ရိပေါ်ကသူ့သမီးကိုအူတိုနေတုန်း
မင်ယူကဖြတ်မေးလိုက်သည် ။
" အဲ့ဒါကဒယ်ဒီတို့လိုအသက်ရွယ်ရောက်မှ ကိုယ်ချစ်တဲ့ သူနဲ့တွေ့မှနမ်းရမယ် ကြားလားသားရော သမီးရောနော် ''
ဝမ်ရိပေါ်မှာ သူ့သားရောသမီးရောကိုစိတ်ပူနေချက်က တကယ်ကိုအောချလောက်ရသည် ။
ညမအိပ်ခင်သားနဲ့သမီးကိုပုံပြင်ပြောပြရတာဝမ်ရိပေါ်ရဲ့ တာဝန် သူ့သားနဲ့သမီးကို သူ့ထိန်းချုပ်မှုအောက်မှာပဲ ကြီးပြင်းစေချင်လို့တဲ့ ။
သားနဲ့သမီးကိုပုံပြင်ပြောပြပြီး ရိပေါ်အခန်းထဲဝင်လာတော့ စာအုပ်ထိုင်ဖတ်နေသေးတဲ့ ရှောင်ကျန့်ကိုမြင်တော့ရိပေါ်ကရှောင်ကျန့်ရင်ခွင်ထဲတိုးဝေ့ကာဖတ်လိုက်သည် ရှောင်ကျန့်ရင်ခွင်ကို မျက်နှာအပ်ကာဖက်ထားပြီး သိပ်မကြာ ရှောင်ကျန့်အကျီစတွေအနည်းငယ်စိုစွတ်လာတာမို့ ရိပေါ်ငိုနေမှန်းသိလ်ိုက်ရသည် ။
" ယောကျ်ားဘာလို့ငိုနေတာလဲကလေးနှစ်ယောက်
အဖေကြီးရဲ့ ''
" ကိုယ်စဉ်းစားမိတာရှိတယ် သားနဲ့သမီး
တစ်နေ့သူတို့အိမ်ထောင်ဖက်တွေနဲ့ ဒီရင်ကိုခြေစုံကန်ပြီး ထွက်သွားရင်ခံနိုင်ရည်ရှိပါ့မလားလို့ ''
" ရိပေါ်ရယ် သူတို့လေးတွေအိမ်ထောင်ပြုပြီး ထွက်သွားလဲ ကျန့်တို့နှစ်ယောက်တစ်ယောက်ကို တစ်ယောက်အဖော်ပြုပြီး နေကြမယ်လို့ရိပေါ်ပဲ ပြောထားတယ်လေ ပြီးတော့ယောကျ်ားက အစိုးရိမ်လွန်နေလို့ပါ သားနဲ့သမီးကဘယ်လောက် လိမ္မာလိုက်လဲ ကျန့်တို့ကိုခြေစုံကန်ပြီး ပစ်မသွားလောက်ပါဘူး ''
____________<<<<<<<_________
ဝမ်မင်အာလေးမူကြိုစတက်ရတော့မှာမို့လို့ ကျောင်းသွားဖို့ပြင်ဆင်ပေးနေရတာနဲ့တင် အိမ်မှာအလုပ်ရူပ်နေကြသည် မင်အာလေးအတွက် ထမင်းဗူးကိုရှောင်ကျန့်ကပြင်ပေးနေတာကြောင့် ရိပေါ်ကသမီးလေးကို ကျောင်းသွားဖို့ပြင်ဆင်ပေးရသည် ။
ကျောင်းကိုလိုက်ပို့တော့လဲ ရိပေါ်ကိုယ်တိုင်သမီးနဲ့သားကို ကိုယ်တိုင်လိုက်ပို့သည် ကျောင်းရှေ့နားထိရိပေါ်ကသမီးကို ဆရာမတွေလက်ထဲလိုက်ပို့သည် အရွယ်နဲ့မလိုက်အောင် ရင့်ကျက်လွန်းတဲ့ သမီးကအခြားကလေးတွေလိုမငိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ ဆရာမတွေလက်ထဲ လိုက်သွားသည်။
ရှောင်ကျန့်ကတော့ကျောင်းရှေ့မှာကားကိုမှီပြီး သူတို့သားအဖ ကျောင်းလိုက်ပို့တာကိုကြည့်နေသည် ။
" ယောကျ်ားကသမီးကိုစိတ်ပူတုန်းလား ''
" ဒါပေါ့သမီးကငယ်သေးတာကို ''
"ရိပေါ်ရယ် သမီးကမင်းသင်ပေးထားလို့ သူ့ကိုတစ်ခုခုလာလုပ်ဖို့မပြောနဲ့ သူ့ကိုထိဖို့တောင်မလွယ်ဘူး ''
ရိပေါ်ကတော့ သမီးကိုစိတ်မချမှုများနဲ့ ကျောင်းမှာထားခဲ့ပြီး ရုံးကိုထွက်လာရသည် ရှောင်ကျန့်ကလဲ ရိပေါ်သမီးကိုစိတ်ပူနေတာသိလို့ ဘာမှမပြောဘဲငြိမ်ငြိမ်လေးနေနေလိုက်သည် ။
" ယောကျ်ား ဒီနေ့ကျန့်ကရိပေါ်အကြိုက် သက်ရှည်ခေါက်ဆွဲလုပ်လာတယ်ရှာလကာရည် များများနဲ့ ''
ရှောင်ကျန့်ကထမင်းဗူးတွေယူလာပြီး ရိပေါ် အခန်းထဲရောက်လာသည် သို့သော်လည်းရိပေါ်က မှိုင်နေတာမို့ ရှောင်ကျန့်တောင်စိတ်ပူသွားရသည် ။
ရိပေါ်ကိုအာရုံလွှဲအောင် ရိပေါ်ရဲ့ပေါင်ပေါ်ကို တက်ထိုင်ပြီး ရိပေါ်ရဲ့လည်ပင်းမှာ လက်ကိုချိတ်လိုက်သည် ဒါပေမယ့်လဲရိပေါ်က ရှောင်ကျန့်ကိုပြန်လည်တုံပြန်ခြင်းမရှိဘဲ ငူငူကြီးထိုင်နေတုန်းပဲ ။
" ရိပေါ် ဘာဖြစ်နေတာလဲ ''
ရှောင်ကျန့်ဒီလိုမြူစွယ်တိုင်းကျရူံးနေကျ ဝမ်ရိပေါ်ကြီးက သူ့ကိုဘာမှပြန်မတုံပြန်လို့ ရှောင်ကျန့်မှာအံအားသင့်ပြီးရင်းသင့်နေရသည် ။
သမီးပူမိနေတဲ့ဝမ်ရိပေါ်ကြီးက ရှောင်ကျန့်မြူစွယ်တာလဲ အာရုံမစိုက်နိုင်တော့ပေ ။
" ယောကျ်ား မဟုတ်မှလွဲရော... ''
ရှောင်ကျန့်ကသူ့ပါစပ်ကို လက်နဲ့အုပ်လိုက်ကာအံသြ သွားသည် ။
" ကျန့်...ဘာလို့လဲ ''
" ယောကျ်ားရယ်...ယောကျ်ားအဲ့လောက်တောင်ခံစား နေရလားဟင် ဘယ်လိုလုပ်မလဲပန်းသေသွားတာလား ''
" ဟမ်...''
ဒီတစ်ခေါက်အံအားသင့်ရတဲ့သူကတော့ ရိပေါ်ပါ
ရှောင်ကျန့်ရဲ့စကားအဆုံးမှာ ရိပေါ် မျက်လုံးပါပြူးသွားပြီး နားမလည်မှုများနှင့် ကြည့်လိုက်သည် ။
" အခုလိုဖြစ်နေတာဘာလို့မပြောတာလဲ ယောကျ်ားရယ် သနားဖို့ကောင်းလိုက်တဲ့ငါ့ယောကျ်ား အဲ့ဒါကြောင့် ပေါင်ပေါ်တက်ထိုင်တာတောင်ဘာမှမတုံပြန်လို့ ထူးဆန်းတယ် ထင်နေတာ ဘယ်လိုလုပ်မလဲ ''
" မဟုတ်ဘူး ကျန့် တစ်ခုခုမှားနေပြီ ကိုယ်ဘာမှမဖြစ်... ''
ရိပေါ်မှာစကားကိုဆုံးအောင်တောင်မပြောရသေးဘူး ရှောင်ကျန့်ကရိပေါ်ရဲ့နှုတ်ခမ်းကိုနမ်းပြီး ရုံးခန်းထဲကနေ ပြန်ထွက်သွားသည် ။
"ညနေရုံးကညစာစားပွဲရှိတာတက်ဖို့မမေ့နဲ့ဦးနော် ယောကျ်ား ''
ပြောချင်ရာပြောပြီး အခန်းထဲကထွက်သွားတဲ့
ရှောင်ကျန့်ရယ်ပါ ။
_____________<<<<<<<_____________
ရိပေါ်သားနဲ့သမီး ကျောင်းဆင်းချိန်ရောက်တော့ သူကိုယ်တိုင်သွားကြိုသည် ရိပေါ်မှာသူ့သားနဲ့ သမီးကိုကြည့်ပြီိး ကျေနပ်နေရသည် ။
" ဒီနေ့မင်းတို့ ပါးပါးကညနေထိအလုပ်ကိစ္စနဲ့
အပြင်သွားရမှာမို့လို့ သားတို့ဘာစားကြမလဲ ဒယ်ဒီမှာပေးမယ် ''
" ဝေး...သားက ပီဇာ..ပီဇာ ''
"ဒယ်ဒီ ပါးကအပြင်စာတွေမစားရဘူးမှာထားတယ်လေ ''
"အာ...အဲ့ဒါကတစ်ခါတစ်လေရတယ် ''
" မင်အာမစားချင်ရင် ကိုကိုက,စားပေးမယ်လေ ''
မင်အာရဲ့မျက်စောင်းက မင်ယူ့ဆီကိုရောက်လာတယ် မကြာခင် ထကိုက်တော့မယ့်အရိပ်ယောင်တွေ မြင်နေရတာမို့ ဝမ်ရိပေါ်မှာကြားထဲကဆွဲထားရသည် ။
" ကောင်းပြီ ကောင်းပြီ သမီးကပီဇာမစားရင် ဘာစားမှာလဲ ဒယ်ဒီသမီးစားချင်တာမှာပေးမယ်လေ ''
" ဆန်ပြုတ် ''
မင်အာကတော့ ရှောင်ကျန့်ပုံစံသွင်းထားတဲ့အတိုင်း အပြင်စာလဲသိပ်မစားတက်တော့ပေ ။
"အာ...အေးပါ အေးပါ ဒယ်ဒီကသမီးတို့စားချင်တာမှာ
ပေးမယ်နော် အိမ်မှာအဖွားကိုအနှောင့်ယှက်မပေးပဲ ငြိမ်ငြိမ်နေရမာ်နော် ဒီနေ့ဒယ်ဒီတို့ကနောက်ကျမှာမို့ ''
" ဟုတ်...''
မောင်နှမ နှစ်ယောက်လုံးတက်ညီလက်ညီနဲ့ ပြန်ဖြေကြသည် ရိပေါ်မှာမောင်နှမ နှစ်ယောက်စားချင်တာမှာပေးပြီး ရုံးကိုတစ်ခေါက်ပြန်သွားရသေးသည် ။
အကျင့်စရိုက်မတူကြတဲ့မောင်နှမနှစ်ယောက်လုံးက တကျက်ကျက်ရန်ဖြစ်တက်ကြလို့်စိတ်မချပေမယ့်လဲ ထားခဲ့လိုက်ရသည် ။
" ယောကျ်ား သွားကြမယ်လေ ''
" ဝါး...ကိုယ့်ယောကျ်ားကကိုယ်ယူလာပေးတဲ့ အကျီနဲ့ တကယ်လိုက်တာပဲ ''
" အိမ်မှာသားနဲ့သမီးရောအဆင်ပြေရဲ့လား ''
" အာ...ဒါပေါ့ ကိုယ် ဟင်းချက်ပေးခဲ့တယ် ကြက်ဥကြော်လေး ''
" ဟုတ်လား ချက်တက်လို့လား သားက ကြက်ဥကြော်ရင်အနှစ်မကြိုက်ဘူး သမီးကငရုတ်ကောင်းမစားဘူးနော်သေချာ လုပ်ပေးခဲ့ရဲ့လား ''
" ဒါပေါ့...သေချာလုပ်ပေးခဲ့တာပေါ့ လာပါ ညစာစားပွဲသွားရအောင်အရေးကြီးတယ် ''
ရိပေါ်ဆက်ပြောနေရင်အလိမ်ပေါ်သွားမှာစိုးလို့အမြန်ပဲ လမ်းကြောင်းလွှဲလိုက်ရတယ် ။
ကုမ္ပဏီညစာစားပွဲမှာ ရိပေါ်တို့လင်မယာနှစ်ယောက်ကတော့ ညစာစားပွဲမှာ နာမည်ကြီးပဲ ရိပေါ်မှာလဲသူ့ယောကျ်ားရဲ့ ဒီဇိုင်းတွေကြောင့် သူတို့ကုမ္ပဏီကနာမည်ကြီးရင်း နာမည်ရလာသည် ။
" မစ္စတာရှောင်ရဲ့ဒီဇိုင်းတွေကတော့ နာမည်ကြီးရင်း ကြီးတာပဲ သူဌေးဝမ်ကတော့ ဂုဏ်ယူနေမှာပဲ ဒီလိုအိမ်ထောင်ဖက်မျိုးရထားလို့ ''
ပါတီမှာညအတော်ကြာတဲ့အထိမနေကြဘဲ ရှောင်ကျန့်က သားနဲ့သမီးကိုစိတ်မချလို့ စောစောပြန်ခဲ့လိုက်သည် ။
" နင်လွှတ်လို့ပြောနေတယ်လေ ''
" ကိုကိုကအရင်လုပ်တာလေ ကိုကိုအရင်လွှတ် ''
ရှောင်ကျန့်တို့အိမ်ထဲမဝင်ခင် ဝမ်မောင်နှမနှစ်ယောက်ရဲ့ အသံကိုအရင်ကြားရတာမို့လို့ ရှောင်ကျန့်အိမ်ထဲကို ပြေးဝင်ကြည့်တော့ အရုပ်တွေနဲ့ ခဲတံတွေဟိုပစ်ဒီနဲ့ရူပ်ပွ နေတဲ့ဧည့်ခန်းကို မြင်လိုက်ရပြီးသွေးတောင်လုနီးပါး ဖြစ်သွားသည် ။
"အမလေးငါ့ခေါင်း ''
ဧည့်ခန်းအခြေနေကြိုမြင်ပြီး ရှောင်ကျန့်မှာ သူ့ခေါင်းကိုလက်နဲ့ဖိလိုက်ရတယ် ထို့အပြင်မောင်နှမက တစ်ယောက်ဆံပင်တစ်ယောက်ဆွဲပြီး ရန်ဖြစ်နေကြသည်။
" အဲ့ဒါဘာဖြစ်နေကြတာလဲ ''
ရှောင်ကျန့်အော်တဲ့အထိ ဝမ်မောင်နှမနှစ်ယောက်လုံး ရန်ဖြစ်တာကမလွှတ်သေး ။
" ဝမ်မင်ယူ၊ဝမ်မင်အာ ပြောနေတာကို မလွှတ်သေးဘူးလား''
"ပါးပါး ကိုကို့ကို အရင်လွှတ်ခိုင်းသူအရင်စတာ ''
" မဟုတ်ဘူး ပါးပါး မင်အာအရင်လုပ်တာ ''
"ငါ တစ် နှစ် သုံး ရေလို့မလွှတ်သေးရင် ပါးပါးအကြောင်းမဆိုနဲ့နော် ''
ရှောင်ကျန့်စိတ်တိုတိုနဲ့ အော်တော့မှ မောင်နှမနှစ်ယောက်လုံးလွှတ်လိုက်ကြသည် မင်ယူ့မျက်နှာတစ်ခုလုံးလဲ ကုတ်ရာတွေချည်းပဲ မင်အာကတော့ဆံပင်ဘယ်လောက်ထိ အဆွဲခံလိုက်ရလဲမသိ မင်ယူ့လက်ထဲဆံပင်တွေအပြည့်ပဲ
" မောင်နှမ နှစ်ယောက်လုံးရန်မဖြစ်ဖို့ ပါးပါးပြောခဲ့လား မပြောခဲ့ဖူးလား ''
" ပြောခဲ့တယ် ''
နှစ်ယောက်လုံးက မျက်နှာငယ်လေးတွေနဲ့ ပြန်ဖြေကြသည် ။
" အဲ့မှာဒူးထောက်ပြီး အပြစ်ကိုသုံးသပ်နေ ပြန်ထွက်လာလို့မှ ဒူးမထောက်ဘဲနေရင် တကယ်ရိုက်မှာနော်''
ရိပေါ်ကတော့အိမ်ပြန်လာပြီးတည်းက မူးလာတာမို့ အခန်းထဲကိုတန်းဝင်သွားတော့သည် ။
ရှောင်ကျန့်ကလေးတွေကိုဆူပြီး အခန်းခဲဝင်လာတော့ အိပ်ရာပေါ်မှာကန့်လန့်ကြီးအိပ်နေတဲ့ ရိပေါ်ကိုမြင်ပြီး စိတ်ဆိုးရပြန်သည် ။
" မင်းကလဲကလေးနှစ်ယောက် အဖေဖြစ်နေတာတောင် မရင့်ကျက်နိုင်သေးဘူး ''
" ကျန့်....ကျန့်..''
ရိပေါ်ကအိပ်နေတာတောင်မှရှောင်ကျန့်ရဲ့နာမည်ကို ယောင်နေတာမို့ ဆူမယ့်ရှောင်ကျန့်လဲ သိပ်မဆူတော့ဘဲ ကျေနပ်သွားသည် ။
" ယောကျ်ားထအကျီလဲဦးလေ ''
" အင်း...''
ရှောင်ကျန့်ကရိပေါ်ကိုအကျီလဲခိုင်းဖို့ ဆွဲထူလိုက်ပေမယ့် ရိပေါ်ကရှောင်ကျန့်ကိုဆွဲဖက်လိုက်တာကြောင့် ရှောင်ကျန့်ကရိပေါ် ရင်ခွင်ထဲရောက်သွားသည် ။
မူးနေတဲ့ဝမ်ရိပေါ်က မူးလာရင်သွေးဆိုးတက်တဲ့အတိုင်း ထိုနေ့ညက ရှောင်ကျန့်တစ်ယောက် ရိပေါ်ရဲ့စားသုံးခြင်းကို ခံလိုက်ရပါတော့သည် ။
အပြင်မှာအပြစ်လုပ်ထားလို့် ဒူးထောက်နေရတဲ့ ဝမ်မောင်နှမနှစ်ယောက်ကလဲ အခြားအချိန်တွေ သာသတ်ကြတာအပြစ်ပေးခံရတဲ့အချိန်တွေဆို တည့်လို့ ရှောင်ကျန့်အခန်းထဲဝင်သွားကတည်းက သူတို့အခန်းထဲပြေးဝင်သွားတာကြာပေါ့ ။
ဒီလိုနဲ့ ဝမ်မိသားစုအိမ်လေးက ရှောင်ကျန့်ရဲ့ပူညံပူညံ အသံလေးရယ် မောင်နှမနှစ်ယောက်ရဲ့တကျက်ကျက် ရန်ဖြစ်တဲ့ ဆည်းလည်းသံလေးတွေနဲ့ပြည့်နှက်နေပြီး ပျော်ရွှင်စရာအိမ်လေးဖြစ်နေခဲ့တာတော့ အမှန်ပဲ ။
အချစ်တွေနဲ့တည်ဆောက်ထားတဲ့ ဒီအိမ်လေးက ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေတာကတော့ ငြင်းလို့မရအောင်အသေချာပါပဲ ။
အချစ်တွေအမုန်းတွေက အစပြုခဲ့ပေမယ့် အမုန်းတွေဖယ်လိုက်တော့ပျော်ရွှင်စရာဇာတ်သိမ်းလေး ဖြစ်သွားသလိုပဲ လူတိုင်းကတော့ကိုယ်ချစ်တဲ့သူကို မမုန်းနိုင်သ၍ကတော့ဆက်ပြီးချစ်နေကြဦးမယ် ထင်ပါရဲ့...
edaz
4.8.2020
4:30 a.m.
ဒီfic လေးကတော့ဒီမှာပဲပြီးသွားပါပြီ လိုအပ်ချက်တွေရှိနေတဲ့ ဒီficလေးကိုဖတ်ပေးခဲ့ကြတဲ့ reader တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင် ယော်ရောဘွန်း ဆာဒါဟဲ
Mysterious Love မှာပြန်ဆုံကြပါမယ်နော်
___________<<<<<<<<_______________
Continue Reading
You'll Also Like
336K 18.3K 56
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
368K 16.9K 65
Love is a thing that if you'll find, never can see it but you will meet this nearly or by chance.
38.3K 4.7K 30