Hate is Love { Complete }
By yoon_085
860K 51.7K 2.1K
အမုန်းဆိုတာ အချစ်ကနေအစပြုတာမို့ ကိုယ်ချစ်တဲ့သူကို မနာကျည်းနိုင်သရွေ့ ချစ်နေမိဦးမှာလဲ လူတိုင်းလဲ ကိုယ်ချစ်တဲ့... More
Part -1 ~ Beginning of story
Part -2 ~ First Meet
Part -3 ~ Wedding Day (🚨🔞)
Part -4 ~ Marriage life (🔞🚨)
Part - 5 ~ Losing Family
Part 6 ~ Love House 🔞🚨
Part -7 ~ Diary Book
Part -8 ~ Cuz of Love (🔞🚨)
Part -9 ~ Miss u but don't want remember
Part -10 ~ Reasons for problem
Part -11 ~ Can't let you go 🔞🚨
Part -12 ~ Good Bye My love
Part- 13 ~ Everytime I miss u
Part 14 ~ Love is hurt
Part - 15 ~ Miss U 🔞🚨
Part -16 ~ That's you 🔞🚨
Part - 17 ~ About Past
Part -18 ~ Greedy Love
Part -19 ~ Forgiveness 🔞🚨
Part -20 ~ Painful Love
Part-21 ~White Tulips
Part-22~Red Spider lily
Part-23~New life 🔞🚨
Part-23~New Life 🔞🚨 (2)
Part-24~Being a daddy
Announcements💖
Part-25~Husband Material
Part-26 ~About baby
Part -27~Precious Things
Part-28 ~Baby born 👶🏻
Part -29 ~ Daddy Wang
Part-30~ Lion& rabbit(🔞🚨)
Part-31~Wang MinYu's Bd
Part-32~ Dark Night 🔞🚨
Part-33~Believe U
Part-34~ Ice cream
Part-35~Jealous Daddy
Part-37~Parent ( Final)
Extra ~ I 🔞🚨
Extra ~ II
Part-36~Beauty daughter
11.5K 943 69
By yoon_085
Hate is Love
Zawgyi
" ကျန့်ဘယ်သွားမလို့လဲ ''
" နိုင်လဲမချီရဘူး ''
" မရပါဘူး ဒျီအရှယျထဲက,ကလန်ကဆန်လုပ်ချင်နေတာ ''
ရိပေါ်ကသားကို အတင်းဆွဲခေါ်သွားတော့ သားကသည်းကြီးမဲကြီးကိုငိုတော့သည် ရိပေါ်လဲအငိုတိတ်လိုတိတ်ငြား နို့ဗူးတိုက်လိုက် ကျောလေးကိုဖွဖွလေးပုတ်ပြီး ချော့လိုက်လုပ်ပေမယ့် အငိုမတိတ်တဲ့ အပြင်ရိုက်ပါရိုက်လာသည် ။
ရှောင်ကျန့်လက်ထဲမင်ယူရောက်မှ အငျိုနဲနဲတိတျသှားသညျ ။
ညစ်ပတ်နေတာ ''
" ရိပေါ် ဘာလုပ်တာလဲ ''
" ငါ့ညီရေ.... ''
" ဘာလာလုပ်တာလဲ ''
" ဘာလာလုပ်တာလဲလို့ ''
" ၆လ ရှိပြီကျိုးချန် ''
" ဒီခွေး.....''
ရှောင်ကျန့်မှာကျိုးချန်တို့စားဖို့ သွားပြင်ဆင်ပေးမလို့
မသဲကွဲတော့ဘူး ။
တာပဲလား ''
" သမီးလေးတဲ့ ''
" ယောက်ျား...ယောက်ျား ဒီမှာကြည့် ဒီမှာကြည့် ''
" ဝါး...လှုပ်နေတယ် ''
" သူလဲဗိုက်ထဲမှာပျင်းနေပြီထင်တယ်နော် ယောက်ျား ''
" ခစ်...ခစ် ''
" ယောက်ျားရယ် သားကမသျိလို့ဟာ '' ရှောင်ကျန့်ကရိပေါ် ပါးလေးကိုနမ်းလိုက်တော့ ရိပေါ်မျက်နှာလဲစပ်ဖြီးဖြီးဖြစ်သွားပြီး ရှေ့ကိုကပ်ကာ ရှောင်ကျန့်ပါးကိုလက်နဲ့ကိုင်လိုက်ပြီယ နှုတ်ခမ်းချင်းထိကပ်ကာနမ်းလိုက်သည် ။
'' ဒယ်... ဒယ်... ဒယ် ဘူး.. ''
'' ရိပေါ် ရိပေါ် ''
'' အင်းကျန့်ပြော ''
'' ဒယ်...ဒယ် ''
'' ဒယ်...ဒယ် ''
'' ပ ပါး... ''
'' ပ ပါး...ပ ပါး...''
'' ဘူး...ဘူး....ဘူး..''
သည်းသည်းလှုပ်လေပဲ ။
လွှတ်ထားလိုက်ရသည် ။
" ငါးကင်စားမယ် ''
"အဲ့ဒါကြောင့် ယောက်ျားကခွံကျွေးလေနော်...နော် ''
နားလညျလို့လားမသျိ ရှောင်ကျန့်ကိုသိပ်မကပ်တော့ဘဲ ရိပေါ် ရိပေါ်ဆီပဲ အတင်းကပ်သည် ဆေးရုံမှာလဲ အထူးခန်းယူထားတာမို့ မွေးဖို့ရက်နီးတော့ ရိပေါ်ရောသားရော အိမ်မပြန်တော့ဘဲ ဆေးရုံမှာပဲအိပ်သည် ။
" ယောက်ျား ''
"ဟင်...ကျန့်ပြော''
ကြောက်တယ် ''
လိုက်သည် ။
" ဖက်ထားပေး ''
'' အင်းဖက်ထားပေးမယ် ''
" ကျန့်ကိုလဲ အခုလိုမျိုးသစ္စာမဖောက်ဘဲချစ်ပေးလို့ ကျေးဇူးပါ ''
" ငါ့ယောက်ျားအိပ်နေတယ် တိုးတိုးလာ ''
အဲ့တော့မှကျိုးချန်လဲ သူ့ပါးစပ်သူပိတ်ပြီး ရိပေါ်ဆီလျှောက်လာသည် ။
" ငါ့သမီးကိုမထိနဲ့ ''
" ရပြီတိုက်တော့ကျန့်...''
" ရိပေါ်ရယ် ကလေးနှစ်ယောက်အဖေတောင်ဖြစ်နေပြီ ပြီးတော့ယောက်ျားချင်းဘယ်သူကကြည့်မှာလဲ ''
ကျန့်ရယ် ''
" ယောက်ျားရယ် သမီးကအခုမှတစ်ရက်တောင်
မပြည့်သေးဘူး''
" သမီးအတွက်နာမည်စဉ်းစားပြီးပြီလားယောက်ျား ''
edaz
4:30 a.m.
______________<<<<<<<_____________
Hate is Love
Unicode
ရှောင်ကျန့်ဗိုက်က တဖြေးဖြေးလရင့်လာလေ ရိပေါ်မှာစိတ်မချနိုင်လေဖြစ်နေရသည် ပထမဗိုက်မွေးတုန်းကသူအလုပ်လုပ်နေတုန်း ချော်လဲသွားတာမို့အခုတော့ ဒယ်ဒီဝမ်က ဗိုက်စောင့်နတ်လုပ်နေရသည် ။
ရိပေါ်ကအားရင်အားသလို မင်ယူ့ကိုထိန်းလိုက် ရှောင်ကျန့်စားချင်တာတွေပြေးဝယ်ပေးလိုက်နဲ့ အလုပ်ကိုရူပ်နေရောပဲ ရှောင်ကျန့်ဗိုက်လရင့်လတည်းက အလုပ်တွေအကုန်လုံးကိုအိမ်ကိုပဲသယ်လာပြီးသာ အလုပ်လုပ်တော့သည် ။
" ကျန့်ဘယ်သွားမလို့လဲ ''
"နွားနို့သွားထည့်မလို့လေ ''
" ထိုင်နေကိုယ်သွားယူပေးမယ် ''
တစ်ချိန်လုံးဆိုဖာပေါ်မှာထိုင်နေပြီး အခုမှထကာ နို့လေးသွားယူမို့ကို အထကိုမခံ ။
" သားလာပါဦး ပါးပါးဆီ ပါးပါးသားလေးက လိမ္မာနေပြီပဲ ''
ရှောင်ကျန့်က သားလေးကိုချီပြီး မျက်နှာအနှံနမ်းတော့ မင်ယူလေးကပြုံးလို့ ရိပေါ်ကနွားနို့ယူပြီးပြန်လာတော့ သားကိုမြှောက်ချီထားတဲ့ရှောင်ကျန့်ဆီအပြေးသွားသည်။
" ကျန့်ရယ် ဂရုစိုက်ပါဆို ဗိုက်ထဲမှာသမီးလေးရှိသေး
တယ်လေမင်ယူ့ကိုချီမနေနဲ့ဦး သူကတဖြေးဖြေးနဲ့ ကြီးလာတာကျန့်နိုင်မှာမဟုတ်ဘူး ''
" ရိပေါ်ရယ် ကိုယ့်သားကိုယ်တော့နိုင်ပါတယ် ''
" နိုင်လဲမချီရဘူး ''
ရိပေါ်ကရှောင်ကျန့်ဆီက မင်ယူလေးကိုလက်လွှဲပြီး ယူလိုက်တော့ မင်ယူလေးကရိပေါ်ဆီမလိုက်ချင်တာမို့ အတင်းကိုရုန်းကန်နေသည် ရိပေါ်ကလဲမလျော့ဘူး အတင်းခေါ်တာမို့ မင်ယူကရိပေါ်မျက်နှာကို အတင်းရုန်းပြီးကန်တော့သည် ။
" ရိပေါ်ရယ်သားကိုသူနေချင်သလိုထားလိုက်ပါ ''
" မရပါဘူး ဒ်ီအရွယ်ထဲက,ကလန်ကဆန်လုပ်ချင်နေတာ ''
ရိပေါ်ကသားကို အတင်းဆွဲခေါ်သွားတော့ သားကသည်းကြီးမဲကြီးကိုငိုတော့သည် ရိပေါ်လဲအငိုတိတ်လိုတိတ်ငြား နို့ဗူးတိုက်လိုက် ကျောလေးကိုဖွဖွလေးပုတ်ပြီး ချော့လိုက်လုပ်ပေမယ့် အငိုမတိတ်တဲ့ အပြင်ရိူက်ပါရိူက်လာသည် ။
" ဝမ်ရိပေါ် သားကိုငါ့ဆီပဲလာပေးတော့ပေးလေ ''
ရှောင်ကျန့်ကအော်လိုက်မှရိပေါ်လဲမင်ယူကို ကျန့်ဆီသွားပေးလိုက်သည် ။
ရှောင်ကျန့်လက်ထဲမင်ယူရောက်မှ အင်ိုနဲနဲတိတ်သွားသည် ။
" တွေ့လား အဲ့ကောင်က ကျန့်ကိုပဲကပ်နေတာ ''
" ရိပေါ်ရယ် အဲ့ဒါမင်း သားလေဘာလို့သားနဲ့တောင် လိုက်တွယ်ကပ်နေတာလဲ ''
" မဟုတ်ဘူး မဟုတ်ဘူး အဲ့ကောင်တမင်သက်သက်ကို
ညစ်ပတ်နေတာ ''
ကလေးနဲ့အပြိုင်လုနေတဲ့ဝမ်ရိပေါ်ကြီးကို ရှောင်ကျန့်မှာပြောစရာစကားပင်မရှိတော့ ရိပေါ်ကနောက်ဖေးကိုဝင်သွားပြီး ပြန်ထွက်လာတော့ရေဇလုံကြီးကိုင်ကာ ကျန့်တို့သားအဖနားရောင်လာသည် ။
" ရိပေါ် ဘာလုပ်တာလဲ ''
" ကျန့်ခြေထောက်တွေ နာနေတယ်မလား ကိုယ်နှိပ်ပေးမလို့''
ရိပေါ်ကရှောင်ကျန့်ခြေထောက်နှစ်ဖက်ကို သေချာလက်နဲ့ ပွတ်ဆေးပြီးနှိပ်ပေးသည် ။
" ဘယ်လိုလဲ အညောင်းပြေလား ''
" အင်း ဘယ်တုန်းကလုပ်တက်သွားတာလဲ ''
" ကိုယ်ကကျန့်အတွက် အမြဲလေ့လာနေတာပါ ''
ရှောင်ကျန့်ကပေါင်ပေါ်မှာ မင်ယူလေးကိုနို့ဗူးတိုက်နေပြီး ရိပေါ်ကတော့ရှောင်ကျန့်ရဲ့ခြေထောက်ကိုနှိပ်နယ်ပေးသည် ဒီမိသားစုမြင်ကွင်းလေးကပန်းချီကား​လေးတစ်ချပ်လိုပဲ ။
အိမ်မှာဆိုရိပေါ်က ရှောင်ကျန့်ကိုဘာအလုပ်မှ မလုပ်ခိုင်းဘဲ ဒီတိုင်းပဲထိုင်နေရတာကြောင့် ရှောင်ကျန့်မှာပျင်းလာရသည်
ရိပေါ်နဲ့သားကအိမ်ထဲမှာဆော့နေတာမို့ ရှောင်ကျန့်လဲ သားအဖနှစ်ယောက်ရဲ့ ရှားရှားပါးပါးတည့်တဲ့ အချိန်လေးကို ထိုင်ကြည့်နေလိုက်သည် ။
အိမ်ထဲမှာငြီးငွေ့လာတာကြောင့် ခြံထဲကိုထွက်လာတော့ Teddy ကသူ့ကိုပြေးကြိုတာမို့ ရှောင်ကျန့်လဲ Teddy နဲ့ကစားနေလိုက်သည် ။
" မင်းလဲပျင်းနေမှာပေါ့ စိတ်မပူနဲ့နောက်နှစ်လောက်ဆိုရင် မင်းနဲ့အတူဆော့ဖို့ အဖော်နှစ်ယောက်ရပြီ ''
Teddy ကရှောင်ကျန့်ပေါ်ကိုခုန်တက်တာမို့ သားကိုချီရင်းအိမ်ရှေ့ရောက်လာတဲ့ ရိပေါ်က Teddy ကိုလှမ်းဆွဲသည် ။
" Teddy မင်းရဲ့ပါးကဗိုက်နဲ့လေ နောက်တစ်ခါအဲ့ လိုခုန်တက်ရင်ဒယ်ဒီအပြစ်ပေးမှာနော် ''
ဝမ်ရိပေါ်ကတော့ခွေးတောင်အလွှတ်မပေးဘဲဆူတာပဲ အဆူခံလိုက်ရတဲ့ Teddy လေးက ရှောင်ကျန့်ကိုအသနားခံတဲ့ မျက်လုံးနဲ့ကြည့်နေလေရဲ့ ။
"ငါလဲမတက်နိုင်ဘူး Teddy ရေ မင်းဒယ်ဒီကိုက အဖြစ်သည်းနေတာ ''
" သည်းရမယ် မသည်းလို့မရဘူး ''
ရှောင်ကျန့်လဲရိပေါ်နဲ့ပြိုင်မပြောနိုင်တော့လို့ လွှတ်ထားလိုက်ရသည် သူတို့ခြံထဲမှာရှိနေတုန်း ဝမ်ကျိုးချန်ကအထုပ်တွေဆွဲပြီး ရောက်လာတာမို့ ရိပေါ်ရောရှောင်ကျန့်ရော သူ့ကိုကြည့်လိုက်မိသည် ။
" ငါ့ညီရေ.... ''
အသံပြဲကြီးနဲ့ခြံထဲအော်ပြီး ယွီပင်းနဲ့ရောက်လာကြသည် ။
" ဘာလာလုပ်တာလဲ ''
"မင်းကလဲကွာ ကိုယ့်ညီအိမ်ကိုယ်လာတာပဲ
မရီးအဲလေ ယောက်ဖ Congratulations နောက်တစ်ဗိုက်အတွက် ''
" ဘာလာလုပ်တာလဲလို့ ''
" မင်းကလဲကွာ ကုမ္ပဏီအလုပ်တွေကျ ငါတို့နဲ့လွှဲထားပြီး မင်းတို့ဆီညစာလာစားတာတောင်နှင်ထုတ်မို့လား ငါနဲ့ယွီပင်းကလဲ ကိုယ့်စရိတ်နဲ့ကိုယ်ညစာဝယ် ပြီးလာစားတာပါနော် ''
" အင်းလေ ရိပေါ်ကလဲ လာတဲ့သူကိုအားနာစရာ ''
" ပေးပေး မင်ယူ့ကိုငါချီမယ် ငါ့တူလေး ဒါနဲ့ ယောက်ဖက နောက်တစ်ဗိုက်က ဘယ်လောက်ရပြီလဲ ''
" ၆လ ရှိပြီကျိုးချန် ''
" ဝမ်ရိပေါ်တို့များလက်သွက်ချက်နော် ငါတို့လဲနည်းလေးဘာလေးပြောပါဦး ''
" နည်းလမ်းပြောတော့ရောမင်းက အိမ်ထောင်ရှိတာကျလို့ ''
ဝမ်ရိပေါ်ရဲ့စကားတခွန်းနဲ့တင်အကြိမ်ကြိမ်သတ်ချတယ် ဝမ်ကျိုးချန်မှာပြောစရာစကားပင်မရှိတော့ ။
" မင်းကလဲကွာ အခုတော့အိမ်ထောင်မရှိသေးပေမယ့် နောက်အသုံးဝင်ရင်လဲဝင်လာမှာပေါ့ ''
" မင်းမိန်းမရမှစကားဆက်ပြောမယ် ''
" ဒီခွေး.....''
ကျိုးချန်မှာအနောက်ကအားရပါးရဆဲနေသော်လည်း ရိပေါ်မှာဂရုပင်မစိုက်ဘဲ ရှောင်ကျန့်ကိုခေါ်ကာ အိမ်ထဲဝင်သွားသည် ။
ရှောင်ကျန့်မှာကျိိုးချန်တို့စားဖို့ သွားပြင်ဆင်ပေးမလို့
လုပ်သော်လည်း ဝမ်ရ်ိပေါ်ကရှောင်ကျန့်ကို အရှေ့ကိုအတင်းဆွဲခေါ်လာသည် ။
" ကျန့်ရယ် ဟိုကောင်တွေစားမှာသူတို့ဘာသာလုပ်ပါစေ ''
" အော်အေးအေး ညစာတောင်ကိုယ့်စရိတ်နဲ့ကိုယ်
ဝယ်လာတာတောင်မှ ကိုယ့်ဘာသာပြင်စားနေရတုန်း ''
" ဧည့်သည်တွေအားနာစရာကြီးရိပေါ်ရယ် ''
"အဲ့ကောင်ကဧည့်သည်လား ကျန့်ရယ်ကိုယ့်ဘာသာနေပါ သူ့ကိုဂရုစိုက်မနေနဲ့ ''
ကျိုးချန်နဲ့ယွီပင်းမှာ ကိုယ့်စရိတ်နဲ့ကိုယ်ဝယ်လာပြီး ကိုယ့်ဘာသာပြင်စားနေရတဲ့အပြင် သူတို့အတွက်ပါပြင်ပေးနေရသေးသည် သူတို့ကအိမ်ရှင်လား ကိုယ်ကအိမ်ရှင်လားတောင်
မသဲကွဲတော့ဘူး ။
" ကျန့်အဲ့ဒါကစပ်တယ် ဒါစားကျန့် ဒါလေးက ကလေးအတွက်ကောင်းတယ် ဒါလေးစား''
ရိပေါ်မှာရှောင်ကျန့်ကိုကလေးတစ်ယောက်လိုလိုက်ကျွေး နေတော့ ရှောင်ကျန့်မှာအနေခက်ပေမယ့်ရိပေါ်က ဟိုနှစ်ယောက်ကိုဂရုတောင်မစိုက် ။
" ဟေ့ကောင် ယောက်ဖမှာလဲလက်ပါပါတယ်ကွာ ဟိုက ဗိုက်ကလေးပဲကြီးရုံပဲ မင်းကအကုန်လိုက်လုပ်ပေးနေ
တာပဲလား ''
" အိမ်ထောင်မရှိတဲ့ လူပျိုကြီးတွေက ဒါတွေနားမလည်ဘူး''
ပြောတိုင်းအဖဲ့ခံနေရတာမို့ ကျိုးချန်မှာဆက်ပင်မပြောရဲတော့ ။
" ဆရာရှောင့် ဗိုက်ကဘာလေးလဲ ''
" သမီးလေးတဲ့ ''
" ဝါး...သမီးလေးဆိုတော့ယောက်ဖနဲ့တူရင်တော်တော် ချောမှာ ''
ကျိုးချန်ကရှောင်ကျန့်ဗိုက်ကိုကိုင်လိုက်တော့ ရိပေါ်ကကျိုးချန်လက်ကို ဖြတ်ရိုက်လိုက်သည် ။
" ငါ့သမီးကို မင်းလက်ကြီးနဲ့မထိနဲ့ ''
" မင်း သမီးကမွေးတောင်မမွေးရသေးဘူးလေကွာ ''
ရှောင်ကျန့်မှာရိပေါ်ရဲ့သဝန်တိုမှုကို ဘာမှဝင်မပြောနိုင်တော့ဘူး ကျိုးချန်တို့ညစာ,စားပြီး ပြန်သွားတော့ရိပေါ်က သားကိုသန့်ရှင်းရေး လုပ်ပေးသည် ရှောင်ကျန့်ကတော့ဘာလုပ်စရာမှမရှိလို့ ဆိုဖာပေါ်ခြေထောက်တင်ပြီး အသီးပန်းကန်ကို ဗိုက်ပေါ်တင်ကာတီ​ဗီကြည့်နေသည် ။
ရှောင်ကျန့်ဗိုက်ကြီးတာကို ကြိုက်တဲ့အချိန်ဆိုလို့ ဒီတချိန်ပဲရှိသည်ဗိုက်ပေါ်ပန်းကန်တင်မလား စာအုပ်တင်ပြီးပဲဖတ်မလား အဆင်ကိုပြေနေတာပဲ ။
သားကအရင်လို သူ့ပုခက်ထဲမအိပ်တော့တာကြောင့် သားကိုကုတင်ပေါ်ထားကာ အတူတူသိပ်ရသည် ။ ရိပေါ်ကအခန်းခွဲအိပ်စေချင်ပေမယ့် ရှောင်ကျန့်ကသားကိုအခန်းခွဲသိပ်ဖို့ငယ်သေးတယ် ဆိုတာကြောင့်ရိပေါ်မှာသည်းခံနေရသည် ။
ရှောင်ကျန့်ဗိုက်ပေါ်စာအုပ်လေးတင်ပြီး ကလေးကိုဘယ်လိုစောင့်ရှောက်ရမယ်ဆိုတဲ့ နည်းလမ်းစာအုပ်လေးဖတ်နေသည် ရိပေါ်တို့သားအဖကတော့ အဆော့ကောင်းတုန်း ။
" ယောကျ်ား...ယောကျ်ား ဒီမှာကြည့် ဒီမှာကြည့် ''
ရှောင်ကျန့်ကသူရဲ့လှုပ်နေတဲ့ဗိုက်ကိုပြတော့ ရိပေါ်က
မင်ယူလေးကိုခေါ်ကာရှောင်ကျန့်အနားကို ရောက်လာသည် ။
" ဝါး...လှုပ်နေတယ် ''
" သူလဲဗိုက်ထဲမှာပျင်းနေပြီထင်တယ်နော် ယောကျ်ား ''
" သမီးလေးကမှလိမ္မာသေး မင်ယူ့တုန်းကကန်လိုက်တာ ကန်လိုက်တာဆိုတာ ဘေးကကြည့်နေတဲ့ကိုယ်တောင် အသည်းယားတယ် ''
မင်ယူလေးကရိပေါ်တို့နှစ်ယောက်ကြားရောက်လာပြီး ရှောင်ကျန့်ဗိုက်လေးကိုရိုက်လိုက်သည် ။
" အာ ဝမ်မင်ယူဘာလုပ်တာလဲ ''
ဘာမှမသိတဲ့မင်ယူလေးက သူ့ဘာသာရှောင်ကျန့်
ဗိုက်လေးကိုရိုက်ပြီးသဘောကျနေတွေ့နေသည် ရိပေါ်ဆူတာကိုသူ့မှာသဘောတွေကျလို့ ။
" အထဲမှာညီမလေးရှိတယ်လေ မရိုက်ရဘူး''
" ခစ်...ခစ် ''
ဝမ်ရိပေါ်ကမင်ယူ့ကိုဆူတယ် မင်ယူကရိပေါ်ပြောတာကို သဘောတွေကျပြီးရယ်တယ် လိုက်လဲလိုက်တဲ့သားအဖ ။
" ယောကျ်ားရယ် သားကမသ်ိလို့ဟာ '' ရှောင်ကျန့်ကရိပေါ် ပါးလေးကိုနမ်းလိုက်တော့ ရိပေါ်မျက်နှာလဲစပ်ဖြီးဖြီးဖြစ်သွားပြီး ရှေ့ကိုကပ်ကာ ရှောင်ကျန့်ပါးကိုလက်နဲ့ကိုင်လိုက်ပြီယ နှုတ်ခမ်းချင်းထိကပ်ကာနမ်းလိုက်သည် ။
ဘယ်ချိန်နမ်းနမ်း ချိုနေတဲ့ဒီနှုတ်ခမ်းတွေကို အချိန်တိုင်းနမ်းချင်နေတာသူ့အပြစ်လား ။
ရှောင်ကျန့်ရဲ့ နှုတ်ခမ်းတစ်လွှာချင်းဆီကိုစုပ်ယူပြီး နမ်းတော့ ရှောင်ကျန့်ကလဲရိပေါ်ကို တုန့်ပြန်အနမ်းများပေးလို့ လျှာချင်းလိမ်ဖယ်နေကြပြီး အနမ်းတွေကလဲ အပေးယူမှလို့....
ရိပေါ်နမ်းနေရင်းသူ့ပါးကိုလာရိုက်တာခံလိုက်ရလို့ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ အခြားမဟုတ် သူ့ရဲ့ချစ်လှစွာသော သားတော်မောင်ဝမ်မင်ယူပါ ။ အနမ်းတွေ တထပ်တည်းကျနေချိန်မှာ အနှောင့်ယှက်ခံလိုက်ရတဲ့ ဒယ်ဒီဝမ်ကြီးက မျက်နှာကြီးစူပုတ်ပုတ်နဲ့ သူ့သားကိုကြည့်တော့ မင်ယူက ရှောင်ကျန့်လည်ပင်းကိုဖက်တွယ်လို့ ရှောင်ကျန့်ရင်ခွင်ထဲ အတင်းတိုးဝေ့နေတယ် ။
ဝမ်မင်ယူရှေ့လာနမ်းလို့ကတော့ ဒီလိုအနှောင့်ယှက်ခံရမယ်ဆိုတာ ဝမ်ရိပေါ်မေ့သွားတယ်ထင်ပါရဲ့ ။
" ငါလုပ်လို့လူဖြစ်လာတဲ့ဟာလေးက ငါ့ကိုပြန်နိုင်စားသွားတယိပေါ့လေ ကြည့်နေသမီးလေးမွေးမှ သမီးကိုဖူးဖူးမှုတ်ထားမှာ ''
ဒယ်ဒီဝမ်နဲ့သူသားရဲ့သွေးအေးစစ်ပွဲကညတိုင်းနီးပါးပဲ ညအိပ်ရင် သားအဖနှစ်ယောက်တစ်ယောက်ကို
တစ်ယောက်ဖက်အိပ်လို့ရန်ဖြစ်ကြတာသူတို့ မဟုတ်ကြတဲ့အတိုင်း ။
'' ဒယ်... ဒယ်... ဒယ် ဘူး.. ''
'' ရိပေါ် ရိပေါ် ''
'' အင်းကျန့်ပြော ''
'' ခုနကသားပြောတာကြားလိုက်လား ဒယ် ဒယ်တဲ့ သားကစကားစပြောနေပြီ ကျန့်တို့သား စကားစပြောနေပြီ ''
ရှောင်ကျန့်ကမင်ယူကိုသူ့နားခေါ်လိုက်ပြီး သားကိုသေချာကြည့်လိုက်ကာ..
'' သား မင်ယူ ပြန်ခေါ်ပါဦး ဒယ်ဒယ်လို့ ''
'' ဒယ်...ဒယ် ''
မင်ယူရဲ့ပီပီသသခေါ်သံကြောင့် ရိပေါ်ရောရှောင်ကျန့်ရော အံအားသင့်သွားရသည် သားကိုသဘာဝအတိုင်းမွေးတာမဟုတ်လို့ တစ်နှစ်ကျော်တဲ့အထိစကားမပြောတဲ့မင်ယူကို နှစ်​ယောက်သားစိုးရိမ်ခဲ့ရတာ အခုတော့သားက စကားစပြောတော့သူတို့မှာဝမ်းသာလို့မဆုံးပေ ။
'' ဒယ်ဒီ့သားလေးစကားပြောပြီ ပြန်ခေါ်ပါဦး ဒယ်ဒယ်လို့ ''
'' ​ဒယ်...ဒယ် ''
'' ပါးရော ပါး ပါးလို့ခေါ်ပါဦး ပါးပါး ''
'' ပ ပါး... ''
'' သားကတကယ်စကားပြောနေပြီ ''
ရှောင်ကျန့်ကဝမ်းသာလွန်းလို့မျက်ရည်တွေပါကျလာတော့ ရိပေါ်ကရှောင်ကျန့်ကိုရောမင်ယူလေးကိုရော ဖက်လိုက်သည် ။
'' ပ ပါး...ပ ပါး...''
ရိပေါ်နဲ့ရှောင်ကျန့်ကြားက အသံလေးထွက်လာလို့ကြည့် လိုက်တော့ သူတို့နှစ်ယောက်ဖက်ထားတဲ့ကြားမှာ ညှပ်နေရှာတဲ့ မင်ယူလေး ။
'' ပါးပါးသားလေးအသက်ရူကြပ်သွားလား ပါးပါးတို့က ဝမ်းသာသွားတော့သားကိုမေ့သွားလို့ပါ ''
ရှောင်ကျန့်ကအသည်းယားစွာနဲ့ မင်ယူ့ပါးဖောင်းဖောင်းလေးကို နှာခေါင်းလေးနဲ့ပွတ်လိုက်တော့ မင်ယူလေးကအားရပါးရ ရယ်မောတော့သည် ။
မင်ယူလေးကကုတင်ပေါ်ကနေသူ့ဘာသာဆင်းသွားပြီး ကစားကွင်းထဲကိုသွားဆော့တော့ ရိပေါ်တို့နှစ်ယောက်လုံးသားကို ပီတိဖြစ်စွာနဲ့ကြည့်နေမိသည် ။
'' အခုမှပဲရင်ထဲကအလုံးကြီးကျသွားတော့တယ် ရိပေါ်ရယ် သားသာချို့ယွင်းချက်ပါလာရင် ဘယ်လိုလုပ်မလဲဆိုပြီးစိုးရိမ်လိုက်ရတာ ''
'' ကိုယ်ပြောသားပဲကိုယ်တို့သားက ဒီလောက်ဥာဏ်ကောင်းတာ ကိုယ်နဲ့ကျန့်ကိုဘယ်လိုလိုက်ခွဲရမလဲ သိတဲ့ကောင်လေးကချို့ယွင်းပါစရာမှ အ​ကြောင်းမှမရှိတာ ''
'' ဒါပေါ့ကျန့်တို့သားပဲဟာ ကျန့်တော့အရမ်းကိုပျော်တယ်သိလား ''
'' ဘူး...ဘူး....ဘူး..''
အသံကြားရာကိုလှည့်ကြည့်လိုက်တော့ ကားကိုကိုင်ပြီးဆော့ကာ ' ဘူး ဘူး ' လုပ်နေတဲ့မင်ယူ့ကို ရှောင်ကျန့်တို့နှစ်ယာက်ကြည်နူးစွာကြည့်နေလိုက်သည် ဘာမဟုတ်တဲ့ဒီတိုင်းချို့ယွင်းချက်မပါတာလေးကိုတောင် ဝမ်းသာနေရတာလေးကမိဘမေတ္တာဖြစ်မဲ့ပုံပါပဲ သူများတွေပြောတဲ့မိဘမေတ္တာဆိုတာဒါမျိုးကိုပြောတာ ထင်ပါရဲ့ ။
ရှောင်ကျန့်မွေးဖို့ရက်နီးလာလေ ရိပေါ်မှာ
သည်းသည်းလှုပ်လေပဲ ။
" ရိပေါ်ရယ်မွေးဖို့တစ်ပတ်တောင်လိုသေးတာ ဆေးရုံမတက်သေးလဲဖြစ်ပါတယ် ''
" မရဘူး မင်ယူ့တုန်းကမွေးဖို့ ၂ပတ်တောင်လို
သေးတာတောင် နမော်နမဲ့ဖြစ်ပြီးချော်လဲသေးတာ ဆေးရုံမှာကျစိတ်ချရတယ် ''
ရှောင်ကျန့်ပြိုင်ငြင်းလဲ ရိပေါ်ကိုနိုင်မှာမဟုတ်မှန်းသိလို့
လွှတ်ထားလိုက်ရသည် ။
" ကျန့် ဘာစားမလဲ ကိုယ်ဘာဝယ်ပေးရမလဲ ''
" ငါးကင်စားမယ် ''
"အရိုးစူးလိမ့်မယ် မရဘူး ''
"အဲ့ဒါကြောင့် ယောကျ်ားကခွံကျွေးလေနော်...နော် ''
ကလေးနှစ်ယောက်အဖေဖြစ်တော့ပေမယ့်လဲ ရှောင်ကျန့်ရဲ့အဲ့လိုချွဲမှုတွေမှာ ဝမ်ရိပေါ်က အကြိမ်ကြိမ်ကျရူံးရစမြဲပဲ ။
ရိပေါ်ကငါးကိုအရိုးသေချာရှာပြီးမှ ရှောင်ကျန့်ကိုကျွေးသည် တစ်နှစ်ကျော်ပြီမို့ အပြင်စာကို ဘာကျွေးကျွေးစားတဲ့ဝမ်မင်ယူ့ကိုလဲ ခွံကျွေးရသေး ။
ခွဲဖို့ရက်နီးလာတော့ မင်ယူလေးကပြောတာကို
နားလည်လို့လားမသ်ိ ရှောင်ကျန့်ကိုသိပ်မကပ်တော့ဘဲ ရိပေါ် ရိပေါ်ဆီပဲ အတင်းကပ်သည် ဆေးရုံမှာလဲ အထူးခန်းယူထားတာမို့ မွေးဖို့ရက်နီးတော့ ရိပေါ်ရောသားရော အိမ်မပြန်တော့ဘဲ ဆေးရုံမှာပဲအိပ်သည် ။
" ယောကျ်ား ''
"ဟင်...ကျန့်ပြော''
ဆိုဖာပေါ်မှာသားကိုသိပ်နေရင်း ရိပေါ်က လှမ်းထူးလိုက်သည် ။
" ကျန့်ကြောက်တယ် ဟ်ိုတစ်ခေါက်တုန်းက ချက်ချင်းကြီးမွေးလိုက်ရပေမယ့် အခုလိုစောင့်နေရတာ
ကြောက်တယ် ''
ရိပေါ်ကသားကို စောင်လေးပါခြုံပေးပြီး သူရှောင်ကျန့်အနားကိုလျှောက်လာသည် ရှောင်ကျန့်ရဲ့ဘေးမှာဝင်ထိုင်လိုက်ပြီး ဖွဖွလေးဖက်
လိုက်သည် ။
" မကြောက်ပါနဲ့ ကိုယ်တစ်ယောက်လုံးရှိတယ် ခွဲခန်းထဲခဏဝင်သွားပြီး သမီးကိုသွားခေါ်တယ်ပဲ မှတ်လိုက်နော် ''
" ဖက်ထားပေး ''
'' အင်းဖက်ထားပေးမယ် ''
'' တင်းနေအောင်ဖက်ထားပေး ''
ရိပေါ်ကရှောင်ကျန့်ကိုရင်ခွင်ထဲထည့်ကာ တင်းနေအောင်ဖက်ထားပေးပေမဲ့လဲ ဗိုက်ခံနေတာကြောင့် အရင်လိုရင်ဘတ်ချင်းထပ်တူကျအောင်ဖက်လို့မရ ။
" ကိုယ့်အတွက်အခုလို ကလေးတွေမွေးပေးလို့ ကျေးဇူးပါကျန့် ''
" ကျန့်ကိုလဲ အခုလိုမျိိုးသစ္စာမဖောက်ဘဲချစ်ပေးလို့ ကျေးဇူးပါ ''
ရိပေါ်ကရှောင်ကျန့်နဖူးလေးကိုဖွဖွလေးနမ်းလိုက်ပြီး ရင်ခွင်ထဲထည့်ကာအိပ်စေသည် သူကိုယ်တိုင်လဲ မနက်ဖြန်ခွဲစိတ်မှုအတွက် စိတ်ပူရသည် ။
နောက်နေ့မနက်ပိုင်းရှောင်ကျန့်ကိုခွဲစိတ်ဖို့အတွက် အခန်းထဲကိုဆရာဝန်တွေဝင်လာပြီး စစ်ဆေးမှုလုပ်တော့ ရိပေါ်ကရှောင်ကျန့်လက်ကိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပေးထားသည် ခွဲခန်းအရှေ့ထိ ရိပေါ်ကရှောင်ကျန့်လက်ကိုဆုပ်ကိုင်ပြီးလိုက်ပို့သည် ။
" ချစ်တယ်အန္တရယ်ကင်းကင်းနဲ့ပြန်ထွက်လာခဲ့နော် '' ရိပေါ်ကရှောင်ကျန့်နဖူးလေးကို နမ်းလိုက်တော့ ရှောင်ကျန့်ကလဲအသိမှတ်ပြုကြောင်း ခေါင်းလေးညိမ့်ပြလိုက်သည် ပြီးတဲ့နောက်မှာ လူနာတင်လှည်းလေးကခွဲစိတ်ခန်းထဲ တရွေ့ရွေ့ဝင်သွားလို့...
ရိပေါ်မှာအဖြူရောင်အနှီးထဲက နီတာရဲပေါက်စလေး
ကိုကြည့်ပြီးမထိရက်မကိုင်ရက် အသည်းတယားယား နီတာရဲလေးကပန်းသီးလေးကျနေတာပဲ နီရဲလို့ အသားလေးကလဲဖွေးဥပြီး လုံးဝကိုချစ်စဖွယ်အတိ ။
ရှောင်ကျန့်မှာတော့ခွဲမွေးထားရတာမို့ မေ့ဆေးအရှိန်နဲ့ ပင်ပန်းပြီးအိပ်ပျော်နေတုန်း ရိပေါ်ကသမီးလေးကို ချီထားပြ သားကိုပြတော့ သားကလဲသဘောကျဟန် တူတယ်ပြုံးလို့ သူနာပြုဆရာမတွေပြောတော့ သမီးကအသံအောင်တယ်တဲ့ မွေးတုန်းက အသံထွက်လာတာပြဲခနဲပဲ ။
သမီးလေးကတော့ နှင်းအလားအသားရည်ကဖြူဖွေးပြီး နှုတ်ခမ်းပါးပါးလေးနဲ့ သေချာတာကတော့ သူ့ပါးပါးနဲ့တူတာ သားအကြီးလေးကဝမ်ရိပေါ်ရဲ့သားလို့ ဆိုရလောက်အောင် အကျင့်ကအစမျက်နှာပါချွတ်စွတ် ။ သမီးလေးကတော့ ဖြူဖြူဥဥ နှုတ်ခမ်းပါးပါးလေးနဲ့ သူ့ရှောင်ပါးပါးနဲ့ ချွတ်စွတ် ။
"ဝမ်ရိပေါ် Congratulations ပါ''
အခန်းထဲကိုအသံအကျယ်ကြီးနဲ့ဝင်လာတဲ့ ဝမ်ကျိုးချန် ကြောင့် ရိပေါ်အနားမှာရှိတဲ့တသျူးဗူးနဲ့ ကောက်ပေါက်လိုက်သည် ။
" ငါ့ယောကျ်ားအိပ်နေတယ် တိုးတိုးလာ ''
အဲ့တော့မှကျိိုးချန်လဲ သူ့ပါးစပ်သူပိတ်ပြီး ရိပေါ်ဆီလျှောက်လာသည် ။
" သမီးလေးကချောလိုက်တာကွာ မျက်နှာဝိုင်းဝိုင်းနှုတ်ခမ်း ပါးပါးလေးနဲ့ နေပါဦး ငါ့တူမက ယောက်ဖနဲ့အတော်တူတာပဲ လှလိုက်တာ ''
" ငါ့သမီးကိုမထိနဲ့ ''
ရိပေါ်ကသမီးကိုကိုင်မယ့် ကျိုးချန်လက်ကို ရိုက်ချလိုက်တယ်
" မင်းကလဲကွာ ငါကဦးလေးပါကွ အဲ့လောက်တိုမနေနဲ့''
"တိုရမယ် ငါမွေးထားတာမိန်းကလေးကွ ''
ရိပေါ်နဲ့ ကျိုးချန်စကားများနေတုန်း ရှောင်ကျန့်နိုးလာတာမို့ ရိပေါ်ကရှောင်ကျန့်နား အမြန်သွားလိုက်သည် ။
" ကျန့်နိုးပြီလား....ထပ်အိပ်လိုက်ပါဦးလား ''
" ရတယ်မအိပ်တော့ဘူး သမီးရောရိပေါ် ''
ရိပေါ် ကသူ့လက်ထဲက သမီးလေးကိုရှောင်ကျန့်ဆီ ပေးလိုက်တော့ တအဲအဲအသံပြုပြီးနိုးလာသည် ။
" ကျွတ်...ကျွတ်...ပါးပါးသမီးလေးနိုးသွားပြီလား ''
ရှောင်ကျန့်က, ကလေးကိုမြူပေမယ့် အသံကျယ်ကြီးနဲ့ထငိုတော့သည် ။
" ကျန့်နို့ဆာလို့လားမသိဘူး '' ဘေးမှာနို့ဗူးလဲမရှိတာကြောင့်ရှောင်ကျန့်လဲ အကျီကြယ်သီးကိုအကုန်ဖြုတ်မလို့လုပ်တော့
" ဟေ့ကောင် သားကိုဆေးရုံပန်းခြံထဲခဏခေါ်သွား ''
"ငါကလူနာသတင်းလာမေးတာလေကွာ ကလေးထိန်းဖို့လာတာမှမဟုတ်တာ''
" မင်းပြောတော့ဦးလေးဆိုလုပ်စမ်းပါ မင်းတူကိုသွားထိန်းသွား ''
ကျိုးချန်လဲမင်ယူ့ကိုချီပြီး အခန်းပြင်ထွက်သွားသည် ။
" ရပြီတိုက်တော့ကျန့်...''
" ရိပေါ်ရယ် ကလေးနှစ်ယောက်အဖေတောင်ဖြစ်နေပြီ ပြီးတော့ယောကျ်ားချင်းဘယ်သူကကြည့်မှာလဲ ''
"မသိဘူး ကြည့်ကြည့်မကြည့်ကြည့် ကျန့်ကိုကိုယ်တစ်ယောက်ထဲပဲကြည့်မှာ ဒီဟာလေးတွေတောင်မလွှဲသာလို့ ''
ရှောင်ကျန့်လဲ အကျီကိုလှန်ပြီးနို့တိုက်တော့ သမီးကနို့ကိုအတင်းစို့သည် ။
"သမီးလေးက ကြီးလာရင်တော်တော်ချောမှာပဲနော် ဖြူဖွေးပြီးချစ်စရာကောင်းနေတာ ''
" အဲ့ဒါကြောင့် သမီးကိုသေချာထိန်းရမယ်ပြောတာပေါ့
ကျန့်ရယ် ''
" ယောကျ်ားရယ် သမီးကအခုမှတစ်ရက်တောင်
မပြည့်သေးဘူး''
" မပြည့်သေးဘဲတွေးပူရတယ် ကိုယ့်ရဲ့သမီးချောချောလေးအတွက် ''
" သမီးအတွက်နာမည်စဉ်းစားပြီးပြီလားယောကျ်ား ''
" အင်းစဉ်းစားပြီးပြီ သားကလဲကိုယ်တို့ရဲ့ ကံကောင်းစေတဲ့အရာလေးပဲ သမီးကလဲ lucky girl လေးမို့ ' မင် ' ဒုတိယမွေးတာမို့ ' အာ ' အဲ့တော့ ဝမ်မင်အာ ''
" လှတယ် ဝမ်မင်ယူ နဲ့ ဝမ်မင်အာပေါ့ ချစ်ဖို့ကောင်းလိုက်တာ ''
"ဒါနဲ့ ဒီလလဲနို့မှုန့်ဖိုးတော်တော့ကုန်ဦးမှာပေါ့ ''
" တစ်ယောက်ကလဲနို့ပြတ်ခါစရှိသေး နောက်တစ်ယောက်အတွက် နို့မှုန့်ဖိုးရှာရတော့မှာပေါ့ ''
ရိပေါ်လဲ ကလေးနှစ်ယောက်အတွက်နို့မှုန့်ဖိုးရှာဖို့ ရုံးပြန်တက်ရဦးမှာပါပဲ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ကံကောင်းတဲ့မိသားစုလေးအတွက် လာဘ်ကောင်လေးနောက်တစ်ယောက် ရောက်လာပြန်ပြီလေ ပါးပါးနဲ့တူပြီး ချစ်ဖို့လဲကောင်းလှလဲလှတဲ့ သူ့သမီးလေးကို ဒယ်ဒီဝမ်ကြီးသဝန်တိုတာကတော့ မဆန်းပါဘူးလေ ။
edaz
4:30 a.m.
______________<<<<<<<____________
Continue Reading
You'll Also Like
338K 18.4K 56
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
38.3K 4.7K 30
75.1K 403 1
"၃လပြည့်တဲ့နေ့မှာ ကျန့်ကျန့်က ကိုကို့ကို supriseပေးမလို့လုပ်ထားတာ ခုတော့ ကိုကို ပေးတဲ့ supriseက ကျန့်ကျန့်ရင်တစ်ခုလုံး ကွဲမတတ်ပါပဲ ကိုကိုရယ်"
29.6K 2.8K 26