ကုန္ဆံုးသြားတဲ့ အခ်ိန္ေတြက ျပန္မရႏိုင္ေတာ့ဘူးတဲ့
ကိုယ္လိုခ်င္တာ အခ်ိန္ေတြမွ မဟုတ္တာ။
မင္းကိုပဲ လိုခ်င္မိတာေလ...ဘာလို္႔ျပန္မရႏိုင္တာလဲ။
မင္းမ႐ွိေတာ့ဘူးဆိုတဲ့ အသိနဲ႔ ျဖတ္သန္းရတဲ့ေန႔ရက္
ေတြက အက်ည္းတန္တယ္။ အႀကိမ္ႀကိမ္ ေဝးကြာခဲ့ရ
ျခင္းေတြမွာ ဒီတစ္ခါကေတာ့ တစ္သက္စာ။
ႏႈတ္ဆက္ခြင့္ေလး ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ရမွာလား။ ဟင့္အင္း...ကိုယ္က အနားမွာပဲ တစ္ခ်ိန္လံုး ႐ွိေနေစခ်င္တာ။
ဒီအေတာအတြင္း အဆင္ေျပရဲ႕လား လို႔ေမးရင္
အင္း.....အသက္႐ွင္ေနတုန္းပဲေပါ့။
ေပ်ာ္ရႊင္မႈလား...မေမးပါနဲ႔။ မင္းနဲ႔အတူ တစ္ခါတည္း
ယူသြားခဲ့ၿပီပဲ။
မင္းမ႐ွိတဲ့ေနာက္ ကိုယ္တစ္ေယာက္တည္းေတာ့
မဟုတ္ဘူး။က်ိဳးခ်န္က အျမဲ အရိပ္တၾကည့္ၾကည့္႐ွိေန
ေပးတယ္။ လူေကာင္းေတြနဲ႔ ေတြ႔ခဲ့တာပဲဆိုတဲ့ မင္းစကားက သိပ္မွန္တယ္ သိလား။ ကိ္ုယ္တကယ္ကို
လူေကာင္းေတြနဲ႔ ေတြ႔ခဲ့တာ။
ေမလင္းကေတာ့ တ႐ုတ္ျပည္ ျပန္သြားၿပီေျပာတယ္။
သူမလည္း အေတာ္ခံစားေနရပံုပဲ။ မင္းရက္စက္ခဲ့တာ ကိုယ္တစ္ေယာက္တည္းအေပၚကို မဟုတ္ခဲ့ဘူး။ မင္းကိုမခ်စ္ပါဘူးလို႔ မင္းထင္ေနတဲ့ မင္းရဲ႕အေဖ
ကလည္း ယူၾကံဳးမရျဖစ္ေနခဲ့တယ္။ သူမင္းကိုခ်စ္ခဲ့
ပါတယ္။ မင္းသိေအာင္ မေျပာႏိုင္ခဲ့တာပါ။
မင္းကေတာ့ ခုခ်ိန္ေလာက္ဆို ေအးခ်မ္းေနေရာေပါ့
က်န္ခဲ့တဲ့ကိုယ့္မွာသာ ပူလို္ေလာင္လို႔...
ျပန္မလာႏိုင္မွန္း သိလ်က္နဲ႔လည္း ေမ်ွာ္ရပါေသးတယ္။
မဆံုခဲ့သင့္ၾကဘူးဆိုတဲ့ အေတြးမ်ိဳးေတာ့ ဘယ္ေတာ့မွ
ေတြးမိမွာမဟုတ္ဘူး။ လွပတဲ့ေတြ႔ဆံုမႈေလးနဲ႔အတူ
သိမ္းဆည္းထားခ်င္တဲ့ အမွတ္တရေလးေတြ ႐ွိေနခဲ႔
ေသးတာမို႔။
Lizzyဆီလည္း ေရာက္ျဖစ္ေသးတယ္။ မင္းကို
ေမးတဲ့အခါက်ရင္ေတာ့ ခရီးသြားေနတယ္လို႔ပဲ ေျဖခဲ့
လိုက္တယ္။ ျပန္မလာေတာ့မယ့္ ခရီး႐ွည္ႀကီး...
က်ိဳးခ်န္ကေျပာတယ္။ Chinaကိုျပန္ရေအာင္တဲ့။
မင္းအေငြ႔အသက္ေတြ႐ွိတဲ့ ဒီေနရာကိုထားၿပီး ကိုယ္က ဘယ္ကို ထြက္သြားရဦးမွာလဲ။
ကိ္ုယ္ကတိေပးခဲ့တယ္မဟုတ္လား။ ဒီေနရာေလးမွာပဲ ေစာင့္ေနမယ္လို႔ေလ။ ကိုယ္အခုအခ်ိန္ထိ ကတိတည္ေနတုန္းပဲ။
မင္းမႀကိဳက္တဲ့ ေကာ္ဖီခါးခါးေတြ မေသာက္ျဖစ္ေတာ့ဘူး။ အဲ့ဒီအစား Hot chocolateတစ္ခြက္ပဲ မွာ
ျဖစ္တယ္။ လိုအပ္ေနတာကေတာ့ မင္းရယ္သံခ်ိဳခ်ိဳေလးေတြေပါ့။
တစ္ခါတစ္ေလေတာ့ မင္းေကြၽးဖူးတဲ့ ခ်ိဳခ်ဥ္ေလးေတြ
ကို လြမ္းမိသား။ ခ်ိဳၿမိန္ျခင္းေတြကို လိုအပ္ေနၿပီ ေကာင္ေလးေရ... မင္းေပးတဲ့ခ်ိဳၿမိန္ျခင္းေတြေပါ့။
လြမ္းတဲ့စိတ္ကို ေျဖေဖ်ာက္ဖို႔ ႀကိဳးစားေတာ့မွ ပိုလြမ္း
လာတယ္။ ကဲ...ၾကည့္..မင္းက ကိုယ့္အေပၚ ဘယ္ေလာက္ေတာင္ စိုးမိုးထားလိုက္သလဲ။
သိပ္လြမ္းတဲ့အခါမ်ိဳးဆိုရင္ မင္းေျပာသလို မ်က္လံုးေလးမွိတ္ၿပီး ေလျပည္ေလးေတြကို ခံစားၾကည့္တယ္။
ေလျပည္ေလးေတြက မင္းလိုမေႏြးေထြးေစပါဘူး။
ဒီတစ္ခါလည္း ဝမ္ရိေပၚက လိမ္ခဲ့ျပန္ပါၿပီ။
က်ိဳးခ်န္ကို ေမးၾကည့္ေသးတယ္။ ေကာင္းကင္ႀကီးက
ဘာအေရာင္လဲလို႔ေလ။ သူကေျပာတယ္။ အျပာေရာင္တဲ့။ မဟုတ္ဘူး အစိမ္းေရာင္လို႔ ႐ွင္းျပလည္းလက္မခံဘူး။ ကိုယ္က ေကာင္ေလးကိုပဲ ယံုတာ။
စြဲစြဲလမ္းလမ္း ႐ူးသြပ္မိသူမို႔ တမ္းတမ္းတတ လြမ္းရပါတယ္။ ျပန္လာမယ္ဆိုတဲ့ အလိမ္အညာတစ္ခုကို
႐ူး႐ူးမိုက္မိုက္ ယံုၾကည္ရင္း....ဒီလိုနဲ႔ပဲ အသက္ဆက္ရပါတယ္။
_______________________________
ရိေပၚဆံုးသြားၿပီဆိုတဲ့ သတင္းကို ၾကားၾကားခ်င္း
က်ိဳးခ်န္ Parisကို လိုက္လာခဲ့သည္။
က်ိဳးခ်န္ေရာက္ေတာ့ အားလံုးက လုပ္စရာ႐ွိတာေတြ အကုန္လုပ္ၿပီးေနၿပီ ျဖစ္တယ္။
တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မွာ ဒါမ်ိဳးျဖစ္လာမယ္လို႔ ႀကိဳသိခဲ့
ေပမယ့္ ဒီေလာက္ ျမန္ျမန္ဆန္ဆန္ ျဖစ္သြားလိမ့္မယ္လို႔ မထင္ခဲ့မိဘူး။
အထူးဆန္းဆံုးကေတာ့ ေ႐ွာင္းက်န္႔ပဲ။ ဒီလိုအေျခအေနမွာေတာင္မွ ေ႐ွာင္းက်န္႔ပံုစံက ေအးေဆးတည္
ၿငိမ္လြန္းတယ္။ ဘာမွမျဖစ္ခဲ့သလိုမ်ိဳး။ အဲ့ဒါကပဲ က်ိဳးခ်န္ကို ပိုၿပီးစိတ္ပူေစတယ္။
ေန႔တိုင္း အရိပ္တၾကည့္ၾကည့္နဲ႔ ေနခဲ့တာေတာင္
ေ႐ွာင္းက်န္႔က ဘာမွမူမမွန္တာမ႐ွိ။ အရင္လိုပဲ မေျပာင္းမလဲ။ အလုပ္ကိုလည္း ေန႔တိုင္းသြားတယ္။
အျပဳအမူေတြကလည္း အရင္အတိုင္းပဲ။ တကယ္ကို
ဘာမွမျဖစ္ခဲ့သလို။
ရိေပၚဆံုးၿပီးကတည္းက ခုခ်ိန္ထိ ေ႐ွာင္းက်န္႔ငိုတာကို
က်ိဳးခ်န္မေတြ႔ဖူးေသးဘူး။ အရမ္းမြန္းၾကပ္ေနမွာစိုးလို႔
ငိုေစခ်င္ေပမယ့္ ေ႐ွာင္းက်န္႔ကေတာ့ မ်က္ရည္တစ္ေပါက္ မက်ခဲ့ဘူး။ သူမ႐ွိေတာ့တဲ့အခါ မငိုပါနဲ႔လို႔ ေကာင္ေလးက မွာထားခဲ့တယ္တဲ့။ အခ်စ္ႀကီးလြန္းပါေရာလား
ေ႐ွာင္းက်န္႔ရာ..။
အခုတေလာ ေ႐ွာင္းက်န္႔ပံုစံကို အားမရဘူး။ ျဖဴဖပ္ျဖဴ
ေလ်ာ္နဲ႔ အားမ႐ွိဘူးလို႔ ထင္ရတယ္။
ေ႐ွာင္းက်န္႔က ငယ္ငယ္ကတည္းက က်န္းမာေရးခ်ဴခ်ာတာမို႔ က်ိဳးခ်န္ကပဲ မ်က္ေျခမျပတ္ ေစာင့္ၾကည့္ေနရသည္။
တစ္ေန႔ေတာ့ ေ႐ွာင္းက်န္႔က ထူးထူးဆန္းဆန္း စကားတစ္ခြန္းေျပာလာသည္။
ပန္းခ်ီဆြဲခ်င္လို႔ ကူညီေပးပါတဲ့။ အေရာင္ပါတဲ့ ပန္းခ်ီကားတစ္ခ်ပ္ ဆြဲခ်င္တယ္ဆိုၿပီး ေျပာလာေတာ့ က်ိဳးခ်န္ေတာင္ အံ့ဩသြားမိတယ္။
ဘာပဲျဖစ္ျဖစ္ ပန္းခ်ီဆြဲေနေတာ့ စိတ္သက္သာရာ
ရတာေပါ့ ဆိုၿပီး ေ႐ွာင္းက်န္႔ သေဘာက် ဆြဲေစခဲ့သည္။
ေ႐ွာင္းက်န္႔ ဆြဲတဲ့ပံုက ေကာင္းကင္တဲ့။ အစိမ္းေရာင္
ေကာင္းကင္။ မွတ္မွတ္ရရ တစ္ခါက ေ႐ွာင္းက်န္႔ သူ႔ကိုေမးဖူးတယ္။ ေကာင္းကင္က ဘာအေရာင္လဲ
သိလားတဲ့။ အျပာေရာင္ေလလို႔ ေျပာေတာ့ လက္မခံဘဲ အစိမ္းေရာင္လို္႔ ဇြတ္ျငင္းခဲ့ေသးတာ။ တစ္ခါတစ္ခါေတာ့ ေ႐ွာင္းက်န္႔ရဲ႕ ထူးထူးဆန္းဆန္း အျပဳအမူ
ေတြကို က်ိဳးခ်န္လည္း နားမလည္ႏိုင္ဘူး။
ဥပမာ...ဝရံတာမွာ တစ္ေယာက္တည္း အခ်ိန္အၾကာ
ႀကီး ရပ္ေနတတ္တာမ်ိဳး၊ ညဖက္ေတြဆိုရင္လည္း
တစ္ေယာက္တည္း သီခ်င္းညည္းေနတတ္တာမ်ိဳး၊
စိတ္ပူရေလာက္တဲ့ အေျခအေနမဟုတ္ေပမယ့္
က်ိဳးခ်န္အတြက္ေတာ့ စိတ္မသက္မသာျဖစ္ေစတယ္။
စိတ္ေထာင္းလို႔ ကိုယ္ေၾကတယ္ေျပာရမလား...
ေ႐ွာင္းက်န္႔က အခုတေလာ အရမ္းပိန္သြားတယ္။
လူပံုစံၾကည့္ရတာလည္း အားမ႐ွိသလို။ တစ္ခါတစ္ခါက်ရင္ ရင္ဘတ္ထဲက စူးၿပီးေအာင့္လာတတ္တယ္လို႔
ေျပာလာတာမို႔ ေဆးခန္းသြားျပၾကည့္ေတာ့ ငယ္ငယ္ကတည္းက ႏွလံုးအားနည္းတဲ့ ေ႐ွာင္းက်န္႔က
ႏွလံုးေရာဂါ အစပ်ိဳးေနတာတဲ့။ ေဆးကုသမႈခံယူရင္
ေပ်ာက္ကင္းႏိုင္တယ္ဆိုေပမယ့္ ေ႐ွာင္းက်န္႔ရဲ႕ စိတ္
အေျခအေနေၾကာင့္ ေဆးဝါးေတြကလည္း ထင္သေလာက္ မသက္ေရာက္ခဲ့ဘူး။
ႏွစ္ေတြ ဒီေလာက္ၾကာသြားတာေတာင္ ေ႐ွာင္းက်န္႔က ဝမ္ရိေပၚကို သတိရေနတုန္းပဲ။
တစ္စံုတစ္ေယာက္ကို ခ်စ္ရျခင္းမွာ အဆံုးသတ္ဆို
တာ မ႐ွိဘူးထင္ပါရဲ႕။
မဆံုစည္းႏိုင္ခဲ့တဲ့ ခ်စ္ျခင္းတရားေတြက ႐ွင္သန္ေနတုန္းပါပဲ။
______________________________
ေပ်ာက္ေသာသူ႐ွာရင္ေတြ႔၊ ေသေသာသူ ၾကာရင္ေမ့တဲ့။ ေကာင္ေလးကိုေတာ့ ေ႐ွာင္းက်န္႔ ႐ွာမေတြ႔ခဲ့သလို ေမ့လည္းမေမ့ႏိုင္ခဲ့ဘူး။
မင္းအေၾကာင္းေတြးရင္ ဝဲဘက္ရင္အံုက စူးခနဲေအာင့္လာတတ္တယ္။ မြန္းၾကပ္လွၿပီ ေကာင္ေလးေရ...
ကိုယ့္ကို ဘယ္ေတာ့မ်ားမွ လြတ္ေျမာက္ခြင့္ေပးမလဲ။
ေျခာက္ႏွစ္ေတာင္ ေက်ာ္သြားခဲ့ၿပီေလ......
ကိုယ္အေကာင္းဆံုး ႐ွင္သန္ခဲ့ၿပီးၿပီမို႔ ဒီေလာက္ဆို
လံုေလာက္ၿပီမဟုတ္လား။
ဒီေနရာေလးမွာပဲ ေစာင့္ေနမယ္ဆိုတဲ့ ကတိကို
မတည္ႏိုင္ေတာ့ဘူးထင္ပါရဲ႕။
ကိုယ္လြမ္းလွၿပီ ေကာင္ေလးရဲ႕။
မင္းက ျပန္မလာႏိုင္ေတာ့တဲ့အခါ ကိုယ္ကလိုက္လာခဲ့ရံုေပါ့။
ကုန္ဆံုးသြားတဲ့ အတိတ္ကို ျပန္ၾကည့္တဲ့အခါ
သိပ္ခ်စ္ခဲ့ၾကတဲ့ ေကာင္ေလးႏွစ္ေယာက္က ထာဝရ ႐ွင္သန္ေနမွာပါ...
________________________________
ဒိုင္ယာရီစာအုပ္ေလးရဲ႕ေနာက္ဆံုးစာမ်က္ႏွာေလး
ေပၚကိုက်သြားတဲ့မ်က္ရည္စက္ေလးေတြ။
မလွပခဲ့တဲ့ဇာတ္လမ္းေလးတစ္ပုဒ္ရဲ႕အဆံုးသတ္ကို
ၾကားရအၿပီးမွာSeanရင္ထဲမွာမြန္းၾကပ္လာတဲ့ခံစား
ခ်က္နဲ႔အတူနားထဲမွာၾကားေနရတဲ့အသံေတြ။
ဒီအျဖစ္အပ်က္ေတြကိုသူကိုယ္တိုင္ၾကံဳခဲ့ရသလို
ခံစားေနရသည္။တစ္စံုတစ္ေယာက္ကိုဆံုး႐ွံုးလိုက္ရတဲ့ခံစားခ်က္၊ျပန္မလာႏိုင္မွန္းသိရင္နဲ႔ေစာင့္ေမ်ွာ္ေန
တဲ့ခံစားခ်က္...။တစ္စတစ္စေပၚလာတဲ့မွတ္ဥာဏ္ေတြထဲမွာရယ္သံခ်ိဳခ်ိဳေလးေတြကအဓိကပါဝင္တယ္။
စာမ်က္ႏွာတစ္ခုခ်င္းစီမွာ ေဟာင္းႏြမ္းေနတဲ့ polaroidဓာတ္ပံုေလးေတြ တစ္ပံုစီညႇပ္ထားတယ္။ဓာတ္ပံုတစ္ပံုခ်င္းစီတိုင္းမွာ တစ္စံုတစ္ေယာက္ရဲ႕ ေသးငယ္တဲ့ လႈပ္႐ွားမႈေတြအဆံုး မွတ္တမ္းယူထားတယ္။ ဆန္ေခါက္ဆြဲလုပ္ေနတဲ့ပံု၊ cotton candyစားေနတဲ့ပံု၊ ပန္းခ်ီဆြဲေနတဲ့ပံု၊
သီခ်င္းဆိုေနတဲ့ပံု၊ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနတဲ့
ပံုကေလးကအစ စာအုပ္ေလးထဲမွာ အေရးတယူ႐ွိေနခဲ့တယ္။
ဓာတ္ပံုတိုင္းမွာ ပါဝင္ေနတဲ့သူကေတာ့ တစ္ေယာက္တည္းသာ။ေဆးေရာင္အခ်ိဳ႕ ျပယ္ေနတဲ့ ဓာတ္ပံုေလးထဲမွာ အျပာႏုေရာင္ ဆြယ္တာပြပြေလးထဲ ျမႇဳပ္ေနတဲဲ့ လူငယ္ေလးတစ္ေယာက္က ဆာကူရာပြင့္ဖတ္ေတြၾကားထဲမွာ ၿငိမ္ၿငိ္မ္ကေလး ရပ္ေနခဲ့ၿပီး သိပ္ကိုလွတဲ့ အျပာေရာင္႐ႈခင္းေလး ျဖစ္တယ္။
လက္မခံႏိုင္ေလာက္စရာဆိုေပမယ့္ Seanဟာ
ေ႐ွာင္းက်န္႔ပါပဲ ဆိုတဲ့ အသိတစ္ခုက ခ်က္ခ်င္းတိုးဝင္
လာတယ္။ ဓာတ္ပံုေလးေတြထဲက တစ္ေယာက္ေသာသူဟာ သူနဲ႔ခြၽတ္စြတ္တူေနခဲ့ပါတယ္။
ေသခ်ာပါတယ္....သူဟာ ေ႐ွာင္းက်န္႔ပဲ။
သူ႐ွာေဖြေနခဲ့တဲ့ ပံုျပင္ေလးထဲမွာ သူဟာတိုက္႐ိုက္
ပါဝင္ပတ္သတ္ေနခဲ့တာပဲ။
"ဒီေလာက္ဆို..မင္းသိခ်င္တာေတြအကုန္သိေလာက္ၿပီထင္ပါရဲ႕"
"ကြၽန္ေတာ္....ကြၽန္ေတာ္က ေ႐ွာင္းက်န္႔လား"
"အဲ့တာကေတာ့ မင္းကိုယ္တိုင္စဥ္းစားရမယ့္အပိုင္းပဲ။ကာယကံ႐ွင္ျဖစ္တဲ့ မင္းကအသိဆံုးျဖစ္မွာပါ"
ေနာက္ဆံုးေတာ့ သူအရာအားလံုးကိုမွတ္မိခဲ့ၿပီ။
ငယ္ငယ္ေလးကတည္းက အိပ္မက္ထဲမွာ ၾကားေနခဲ့ရတဲ့ ႐ွတတ အသံပိုင္႐ွင္ေလးကို သူျပန္မွတ္မိခဲ့ၿပီ။
မ်က္ႏွာကိုမျမင္ခဲ့ရေပမယ့္ အိပ္မက္တိုင္းမွာ ေႏြးေထြးတဲ့ အသံေလးနဲ႔ ရင္းႏွီးေနတဲ့ အေငြ႔အသက္ေတြအရ Seanဟာ ေ႐ွာင္းက်န္႔ပါဆိုတဲ့ အမွန္တရားကို လက္ခံဖို႔ လံုေလာက္ေနခဲ့ၿပီး ျဖစ္သည္။
"ေက်းဇူးတင္ပါတယ္ ဝမ္က်ိဳးခ်န္။ဒီအခ်ိ္န္ထိ ထိန္းသိမ္းထားေပးခဲ့လို႔"
"မလိုပါဘူး။ကိုယ္ကေက်းဇူးတင္ရမွာပါ။ေရာက္လာေပးလို႔ေက်းဇူးတင္ပါတယ္"
က်ိုးခ်န္ေရာ၊ Seanေရာ ဘာဆက္ေျပာရမလဲ မသိေတာ့ဘဲ ႏွစ္ေယာက္လံုး တိတ္ဆိတ္သြားေတာ့သည္။
Seanအေနနဲ႔ သူဟာ ေ႐ွာင္းက်န္႔ပါပဲဆိုတာကို လက္ခံလိုက္တဲ့အခ်ိန္မွာ ဘာပဲျဖစ္ျဖစ္ ဝမ္က်ိဳးခ်န္ဆိုတာလည္း ေ႐ွာင္းက်န္႔ဘဝတုန္းက သူ႔အတြက္ အေရးပါတဲ့သူ မဟုတ္လား။ အခုလို သူနဲ႔ျပန္ဆံုတဲ့အခ်ိ္န္မွာ ေျပာစရာစကားလံုးေတြ ေပ်ာက္႐ွေနခဲ့တယ္။
"ကြၽန္ေတာ္..."
"မင္းအခုဘာဆက္လုပ္မလဲ"
"ကြၽန္ေတာ္ ဝမ္ရိေပၚကို႐ွာမယ္။ သူလည္းေသခ်ာေပါက္႐ွိေနမယ္လို႔ ကြၽန္ေတာ္ယံုၾကည္တယ္"
"မင္းျမန္ျမန္႐ွာေတြ႔ပါေစလို႔ ငါဆုေတာင္းေပးလိုက္ပါတယ္"
"ေက်းဇူးပါ။ဒါဆို..ကြၽန္ေတာ့ကိုခြင့္ျပဳပါဦး"
Seanထျပန္မယ္အလုပ္မွာ က်ိဳးခ်န္ကလွမ္းတားလိုက္တယ္။
"ခနေနပါဦး။ပန္းခ်ီကားကိုမင္းပဲယူလိုက္ပါ"
"ဗ်ာ..."
"ပိုင္႐ွင္ကိုျပန္ေပးဖို႔ အခ်္ိန္ေရာက္လာခဲ့ၿပီေလ။
ကိုယ့္တစ္ဘဝလံုး ဒီအခ်ိန္ေရာက္လာဖို႔ ေစာင့္ေနခဲ့တာ"
ျပံဳးေနတဲ့ ဝမ္က်ိဳးခ်န္မ်က္ႏွာက ေႏြးေထြးလြန္းတယ္။
ေ႐ွာင္းက်န္႔အျဖစ္နဲ႔ သူ႔ဘဝက တကယ္ကို ေႏြးေထြး
တဲ့သူေတြနဲ႔ ဆံုခဲ့ရတာပဲ။
Seanအနားကို တိုးလာၿပီး ေပြ႔ဖက္လိုက္တဲ့ ဝမ္က်ိဳးခ်န္ကို Seanလည္း ျပန္လည္ ေပြ႔ဖက္ထားလိုက္တယ္။
"ျပန္လာေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ေ႐ွာင္းက်န္႔..."
အမ်ားႀကီးမမွတ္မိေပမယ့္ မင္းေပးခဲ့တဲ့ေႏြးေထြးမႈ
ေတြ အတြက္လည္း ေက်းဇူးတင္ပါတယ္ က်ိဳးခ်န္။
မင္းနဲ႔ ဆံုေတြ႔ခြင့္ရခဲ့တာကို အျမဲေက်းဇူးတင္ေနမိမွာပါ။ ေ႐ွာင္းက်န္႔အျဖစ္နဲ႔ေရာ..Seanအျဖစ္နဲ႔ေရာ။
________________________________
ဝမ္ရိေပၚကို ႐ွာမယ္တဲ့....ေျပာေတာ့ လြယ္လိုက္တာ။
တကယ့္လက္ေတြ႔မွာေတာ့ ခက္ခဲလြန္းတယ္။ တစ္ခါ
မွ မျမင္ဖူးတဲ့သူတစ္ေယာက္ကို သူဘယ္လို႐ွာမလဲ။
သူမွတ္မိတဲ့ ဝမ္ရိေပၚဟာ ရယ္သံခ်ိဳခ်ိဳေလးေတြ ပိုင္ဆိုင္ထားတဲ့ လူငယ္ေလးတစ္ေယာက္။ အဲ့တာကလြဲၿပီး
Seanသိတာ ဘာမွမ႐ွိဘူး။ ဒိုင္ယာရီစာအုပ္ထဲမွာလည္း ေ႐ွာင္းက်န္႔ရဲ႕ဓာတ္ပံုကလြဲရင္ ဝမ္ရိေပၚရဲ႕
ဓာတ္ပံုက တစ္ပံုေတာင္ ႐ွိမေနခဲ့ဘူး။
ဝမ္ရိေပၚဟာ အရင္ကဝမ္ရိေပၚမဟုတ္ဘဲ တျခားတစ္ေယာက္ပံုစံမ်ိုးျဖစ္ေနခဲ့မယ္ဆိုရင္
ေတာင္ သူမွတ္မိႏိုင္ပါ့မလား။
အေျဖမ႐ွိတဲ့ ေမးခြန္းေတြပါပဲ
သူကိုယ္တိုင္ေတာင္ မေရရာတဲ့ဘဝ..
တစ္စံုတစ္ေယာက္ကို လြယ္လြယ္႐ွာလို႔ရေအာင္
ကမၻာႀကီးက က်ဥ္းက်ဥ္းေလးမွမဟုတ္တာ။
အေတြးေပါင္းမ်ားစြာနဲ႔ ေနာက္ဆံုးဦးတည္မိတာက
Parisကို။
အတိတ္ကို ျပန္လည္႐ွာေဖြရေအာင္..
မင္းကိုလည္း ေတြ႔ေကာင္းေတြ႔ႏိုင္ပါရဲ႕.....
ဆယ္စုႏွစ္ၾကာၾကာ ေက်ာ္လြန္သြားတာနဲ႔အမ်ွ Paris
ရဲ႕ လမ္းေတြက ေျပာင္းလဲသြားတယ္။ အေတာ္ခက္ခက္ခဲခဲ ႐ွာေဖြၿပီးမွေရာက္လာခဲ့တာက သူေ႐ွာင္းက်န္႔
ဘဝတုန္းက သေဘာက်ခဲ့ရတဲ့ ေနရာေလး။
ေတာ္ေတာ္မ်ားမ်ား ေျပာင္းလဲသြားေပမယ့္ ဒီေနရာ
ေလးကေတာ့ ထူးဆန္းစြာပဲ အရင္အတိုင္း ႐ွိေနတယ္လို႔ ခံစားရတယ္။ ဆာကူရာပင္ေတြက သက္ေသေပါ့။ ပတ္ဝန္းက်င္ကို ၾကည့္မိေတာ့...သိပ္လွတဲ့ ႐ႈခင္းပါပဲ။ ေရွာင္းက်န္႔ဟာ ဒီေနရာေလးမွာပဲ ဝမ္ရိေပၚနဲ႔ ေတြ႔ဆံုခဲ့တယ္။
ေစာင့္ေမ်ွာ္ေနဆဲပါပဲ..။ ေကာင္ေလးက သူဘယ္ေနရာ
ေရာက္ေနေန သူ႔ကိုေတြ႔ေအာင္႐ွာမယ္လို႔ ကတိေပး
ခဲ့ဖူးတယ္ မဟုတ္လား။
Seanမ်က္လံုးေတြကို မွိတ္လို႔ တိုက္ခတ္လာတဲ့ေလ
ေျပေလးေတြကို ခံစားၾကည့္ရင္း ႐ုတ္တရက္ ႏွာေခါင္းထဲ တိုးဝင္လာတဲ့ Marshmellowနံ႔ေလး။
မ်က္လံုးေတြကို ဖြင့္လိုက္ရင္း ေသခ်ာေအာင္ ထပ္မံ
႐ႈ႐ိႈက္ၾကည့္လိုက္ေတာ့ ေလျပည္ေလးေတြ သယ္
ေဆာင္လာတဲ့ သူနဲ႔ အရင္းႏွီးဆံုးအနံ႔ေလး။
ထိုစဥ္...အေနာက္က ေျခသံၾကားတာမို႔ လွည့္ၾကည့္လိုက္မိေတာ့......
Seanနဲ႔ မလွမ္းမကမ္းမွာ ရပ္ေနတဲ့ ေကာင္ေလး
တစ္ေယာက္။ နဖူးေပၚဝဲက်ေနတဲ့ ဆံပင္အုပ္အုပ္ကေလး၊ မ်က္လံုးလွလွေလးေတြ၊ ႏွာေခါင္းလံုးလံုးေလး၊ မထူမပါးႏႈတ္ခမ္းေလးနဲ႔ ပါးေဖာင္းေဖာင္းေလး အစိတ္အပိုင္းတစ္ခုခ်င္းစီတိုင္းကို Sean ေသခ်ာ ေငးၾကည့္ေနမိသည္။ ခ်ိဳခ်ဥ္ေလးငံုထားတဲ့ ေကာင္ေလးဟာ Seanကို မ်က္လံုးျပဴးေလးနဲ႔ ၾကည့္ေန႐ွာတယ္။
Seanရဲ႕ ဝဲဘက္ရင္အံုထဲက ႏွလံုးသားဟာ ပိုင္႐ွင္ကို
႐ွာေတြ႔သြားသည့္အလား ခုန္ေပါက္ေနခဲ့သည္။
ဒီေကာင္ေလးဟာ ဝမ္ရိေပၚဆိုတာကို Seanခံစား
မိသည္။ေ႐ွာင္းက်န္႔ရဲ႕ဝမ္ရိေပၚ...။
"အာ....အေႏွာက္အယွက္ေပးသလိုျဖစ္သြားရင္
ေတာင္းပန္ပါတယ္"
ဒီအသံေလး....ေ႐ွာင္းက်န္႔ အျမဲလြမ္းေနခဲ့ရတဲ့
အသံေလး။ Seanအျဖစ္နဲ႔လည္း အိပ္မက္ေတြထဲမွာ ရင္းႏွီးေနခဲ့ရတဲ့အသံေလး။ ေကာင္ေလးက တကယ္ကို ဘာမွ မေျပာင္းလဲသြားခဲ့ဘူးပဲ။ ျပန္လာေပးလို႔
ေက်းဇူးတင္ပါတယ္။ဒီတစ္ခါေတာ့ ကိုယ္မင္းကို
လံုးဝလက္လြတ္မွာ မဟုတ္ေတာ့ဘူး။
သူ႔ကိုပဲ မမွိတ္မသုန္ စိုက္ၾကည့္ေနတဲ့ ေကာင္ေလးရဲ႕
မ်က္ႏွာကို ေစ့ေစ့ၾကည့္လို႔ ျပံဳးျပလိုက္ၿပီး စကားတစ္ခြန္း ေျပာလိုက္တယ္။
"ကိုယ္တို႔..သူငယ္ခ်င္းလုပ္ၾကမလား"
အရာအားလံုးကို ေနာက္တစ္ႀကိမ္ ျပန္စတင္ရေအာင္
အခ်စ္ေရ....။ ဒီတစ္ခါ အဆံုးသတ္မွာေတာ့
ေပ်ာ္ရႊင္စြာ ေပါင္းဖက္သြားၾကေလသတည္းေပါ့....
THE END.....
________________________________
Unicode
Final Chapter
ကုန်ဆုံးသွားတဲ့ အချိန်တွေက ပြန်မရနိုင်တော့ဘူးတဲ့
ကိုယ်လိုချင်တာ အချိန်တွေမှ မဟုတ်တာ။
မင်းကိုပဲ လိုချင်မိတာလေ...ဘာလို့်ပြန်မရနိုင်တာလဲ။
မင်းမရှိတော့ဘူးဆိုတဲ့ အသိနဲ့ ဖြတ်သန်းရတဲ့နေ့ရက်
တွေက အကျည်းတန်တယ်။ အကြိမ်ကြိမ်ဝေးကွာခဲ့ရ
ခြင်းတွေမှာ ဒီတစ်ခါကတော့ တစ်သက်စာ။
နှုတ်ဆက်ခွင့်လေးပေးခဲ့တဲ့အတွက်ကျေးဇူးတင်ရမှာလား။ ဟင့်အင်း...ကိုယ်က အနားမှာပဲ တစ်ချိန်လုံး ရှိနေစေချင်တာ။
ဒီအတောအတွင်း အဆင်ပြေရဲ့လား လို့မေးရင်
အင်း.....အသက်ရှင်နေတုန်းပဲပေါ့။
ပျော်ရွှင်မှုလား...မမေးပါနဲ့။ မင်းနဲ့အတူ တစ်ခါတည်း
ယူသွားခဲ့ပြီပဲ။
မင်းမရှိတဲ့နောက် ကိုယ်တစ်ယောက်တည်းတော့
မဟုတ်ဘူး။ကျိုးချန်က အမြဲ အရိပ်တကြည့်ကြည့်ရှိနေ
ပေးတယ်။ လူကောင်းတွေနဲ့တွေ့ခဲ့တာပဲဆိုတဲ့ မင်းစကားက သိပ်မှန်တယ် သိလား။ ကိုယ်တကယ်ကို
လူကောင်းတွေနဲ့တွေ့ခဲ့တာ။
မေလင်းကတော့ တရုတ်ပြည် ပြန်သွားပြီပြောတယ်။
သူမလည်း အတော်ခံစားနေရပုံပဲ။ မင်းရက်စက်ခဲ့တာ ကိုယ်တစ်ယောက်တည်းအပေါ်ကို မဟုတ်ခဲ့ဘူး။ မင်းကိုမချစ်ပါဘူးလို့ မင်းထင်နေတဲ့ မင်းရဲ့အဖေ
ကလည်း ယူကြုံးမရဖြစ်နေခဲ့တယ်။ သူမင်းကိုချစ်ခဲ့
ပါတယ်။ မင်းသိအောင် မပြောနိုင်ခဲ့တာပါ။
မင်းကတော့ ခုချိန်လောက်ဆို အေးချမ်းနေရောပေါ့
ကျန်ခဲ့တဲ့ကိုယ့်မှာသာ ပူလို႔ လောင်လို့...
ပြန်မလာနိုင်မှန်း သိလျက်နဲ့လည်း မျှော်ရပါသေးတယ်။
မဆုံခဲ့သင့်ကြဘူးဆိုတဲ့ အတွေးမျိုးတော့ ဘယ်တော့မှ
တွေးမိမှာမဟုတ်ဘူး။ လှပတဲ့တွေ့ဆုံမှုလေးနဲ့အတူ
သိမ်းဆည်းထားချင်တဲ့ အမှတ်တရလေးတွေ ရှိနေခဲ့
သေးတာမို့။
Lizzyဆီလည်းရောက်ဖြစ်သေးတယ်။ မင်းကို
မေးတဲ့အခါကျရင်တော့ ခရီးသွားနေတယ်လို့ပဲဖြေခဲ့
လိုက်တယ်။ ပြန်မလာတော့မယ့် ခရီးရှည်ကြီး...
ကျိုးချန်ကပြောတယ်။ Chinaကိုပြန်ရအောင်တဲ့။
မင်းအငွေ့အသက်တွေရှိတဲ့ ဒီနေရာကိုထားပြီး ကိုယ်က ဘယ်ကို ထွက်သွားရဦးမှာလဲ။
ကိုယ်ကတိပေးခဲ့တယ်မဟုတ်လား။ ဒီနေရာလေးမှာပဲစောင့်နေမယ်လို့လေ။ ကိုယ်အခုအချိန်ထိ ကတိတည်နေတုန်းပဲ။
မင်းမကြိုက်တဲ့ကော်ဖီခါးခါးတွေ မသောက်ဖြစ်တော့ဘူး။ အဲ့ဒီအစား Hot chocolateတစ်ခွက်ပဲ မှာ
ဖြစ်တယ်။ လိုအပ်နေတာကတော့ မင်းရယ်သံချိုချိုလေးတွေပေါ့။
တစ်ခါတစ်လေတော့ မင်းကျွေးဖူးတဲ့ ချိုချဉ်လေးတွေ
ကို လွမ်းမိသား။ ချိုမြိန်ခြင်းတွေကို လိုအပ်နေပြီ ကောင်လေးရေ... မင်းပေးတဲ့ချိုမြိန်ခြင်းတွေပေါ့။
လွမ်းတဲ့စိတ်ကိုဖြေဖျောက်ဖို့ ကြိုးစားတော့မှ ပိုလွမ်း
လာတယ်။ ကဲ...ကြည့်..မင်းက ကိုယ့်အပေါ် ဘယ်လောက်တောင် စိုးမိုးထားလိုက်သလဲ။
သိပ်လွမ်းတဲ့အခါမျိုးဆိုရင် မင်းပြောသလို မျက်လုံးလေးမှိတ်ပြီးလေပြည်လေးတွေကို ခံစားကြည့်တယ်။
လေပြည်လေးတွေက မင်းလိုမနွေးထွေးစေပါဘူး။
ဒီတစ်ခါလည်း ဝမ်ရိပေါ်က လိမ်ခဲ့ပြန်ပါပြီ။
ကျိုးချန်ကိုမေးကြည့်သေးတယ်။ကောင်းကင်ကြီးက
ဘာအရောင်လဲလို့လေ။ သူကပြောတယ်။ အပြာရောင်တဲ့။ မဟုတ်ဘူး အစိမ်းရောင်လို့ ရှင်းပြလည်းလက်မခံဘူး။ ကိုယ်ကကောင်လေးကိုပဲ ယုံတာ။
စွဲစွဲလမ်းလမ်း ရူးသွပ်မိသူမို့ တမ်းတမ်းတတ လွမ်းရပါတယ်။ ပြန်လာမယ်ဆိုတဲ့ အလိမ်အညာတစ်ခုကို
ရူးရူးမိုက်မိုက် ယုံကြည်ရင်း....ဒီလိုနဲ့ပဲ အသက်ဆက်ရပါတယ်။
_______________________________
ရိပေါ်ဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားကြားချင်း
ကျိုးချန် Parisကို လိုက်လာခဲ့သည်။
ကျိုးချန်ရောက်တော့ အားလုံးက လုပ်စရာရှိတာတွေ အကုန်လုပ်ပြီးနေပြီ ဖြစ်တယ်။
တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒါမျိုးဖြစ်လာမယ်လို့ ကြိုသိခဲ့
ပေမယ့် ဒီလောက် မြန်မြန်ဆန်ဆန် ဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး။
အထူးဆန်းဆုံးကတော့ ရှောင်းကျန့်ပဲ။ ဒီလိုအခြေအနေမှာတောင်မှ ရှောင်းကျန့်ပုံစံကအေးဆေးတည်
ငြိမ်လွန်းတယ်။ ဘာမှမဖြစ်ခဲ့သလိုမျိုး။ အဲ့ဒါကပဲ ကျိုးချန်ကို ပိုပြီးစိတ်ပူစေတယ်။
နေ့တိုင်း အရိပ်တကြည့်ကြည့်နဲ့နေခဲ့တာတောင်
ရှောင်းကျန့်က ဘာမှမူမမှန်တာမရှိ။ အရင်လိုပဲ မပြောင်းမလဲ။ အလုပ်ကိုလည်းနေ့တိုင်းသွားတယ်။
အပြုအမူတွေကလည်း အရင်အတိုင်းပဲ။ တကယ်ကို
ဘာမှမဖြစ်ခဲ့သလို။
ရိပေါ်ဆုံးပြီးကတည်းက ခုချိန်ထိရှောင်းကျန့်ငိုတာကို
ကျိုးချန်မတွေ့ဖူးသေးဘူး။ အရမ်းမွန်းကြပ်နေမှာစိုးလို့
ငိုစေချင်ပေမယ့်ရှောင်းကျန့်ကတော့ မျက်ရည်တစ်ပေါက် မကျခဲ့ဘူး။ သူမရှိတော့တဲ့အခါ မငိုပါနဲ့လို့ကောင်လေးက မှာထားခဲ့တယ်တဲ့။ အချစ်ကြီးလွန်းပါရောလား
ရှောင်းကျန့်ရာ..။
အခုတလော ရှောင်းကျန့်ပုံစံကို အားမရဘူး။ ဖြူဖပ်ဖြူ
လျော်နဲ့ အားမရှိဘူးလို့ ထင်ရတယ်။
ရှောင်းကျန့်က ငယ်ငယ်ကတည်းက ကျန်းမာရေးချူချာတာမို့ ကျိုးချန်ကပဲ မျက်ခြေမပြတ်စောင့်ကြည့်နေရသည်။
တစ်နေ့တော့ရှောင်းကျန့်က ထူးထူးဆန်းဆန်း စကားတစ်ခွန်းပြောလာသည်။
ပန်းချီဆွဲချင်လို့ ကူညီပေးပါတဲ့။ အရောင်ပါတဲ့ ပန်းချီကားတစ်ချပ် ဆွဲချင်တယ်ဆိုပြီးပြောလာတော့ ကျိုးချန်တောင် အံ့ဩသွားမိတယ်။
ဘာပဲဖြစ်ဖြစ် ပန်းချီဆွဲနေတော့ စိတ်သက်သာရာ
ရတာပေါ့ ဆိုပြီးရှောင်းကျန့် သဘောကျ ဆွဲစေခဲ့သည်။
ရှောင်းကျန့် ဆွဲတဲ့ပုံက ကောင်းကင်တဲ့။ အစိမ်းရောင်
ကောင်းကင်။ မှတ်မှတ်ရရ တစ်ခါကရှောင်းကျန့် သူ့ကိုမေးဖူးတယ်။ကောင်းကင်က ဘာအရောင်လဲ
သိလားတဲ့။ အပြာရောင်လေလို့ပြောတော့ လက်မခံဘဲ အစိမ်းရောင်လို့် ဇွတ်ငြင်းခဲ့သေးတာ။ တစ်ခါတစ်ခါတော့ ရှောင်းကျန့်ရဲ့ ထူးထူးဆန်းဆန်း အပြုအမူ
တွေကို ကျိုးချန်လည်း နားမလည်နိုင်ဘူး။
ဥပမာ...ဝရံတာမှာ တစ်ယောက်တည်း အချိန်အကြာ
ကြီး ရပ်နေတတ်တာမျိုး၊ ညဖက်တွေဆိုရင်လည်း
တစ်ယောက်တည်း သီချင်းညည်းနေတတ်တာမျိုး၊
စိတ်ပူရလောက်တဲ့ အခြေအနေမဟုတ်ပေမယ့်
ကျိုးချန်အတွက်တော့ စိတ်မသက်မသာဖြစ်စေတယ်။
စိတ်ထောင်းလို့ ကိုယ်ကြေတယ်ပြောရမလား...
ရှောင်းကျန့်က အခုတလော အရမ်းပိန်သွားတယ်။
လူပုံစံကြည့်ရတာလည်း အားမရှိသလို။ တစ်ခါတစ်ခါကျရင် ရင်ဘတ်ထဲက စူးပြီးအောင့်လာတတ်တယ်လို့
ပြောလာတာမို့ ဆေးခန်းသွားပြကြည့်တော့ ငယ်ငယ်ကတည်းက နှလုံးအားနည်းတဲ့ရှောင်းကျန့်က
နှလုံးရောဂါ အစပျိုးနေတာတဲ့။ဆေးကုသမှုခံယူရင်
ပျောက်ကင်းနိုင်တယ်ဆိုပေမယ့် ရှောင်းကျန့်ရဲ့ စိတ်
အခြေအနေကြောင့်ဆေးဝါးတွေကလည်း ထင်သလောက် မသက်ရောက်ခဲ့ဘူး။
နှစ်တွေ ဒီလောက်ကြာသွားတာတောင် ရှောင်းကျန့်က ဝမ်ရိပေါ်ကို သတိရနေတုန်းပဲ။
တစ်စုံတစ်ယောက်ကို ချစ်ရခြင်းမှာ အဆုံးသတ်ဆို
တာ မရှိဘူးထင်ပါရဲ့။
မဆုံစည်းနိုင်ခဲ့တဲ့ ချစ်ခြင်းတရားတွေက ရှင်သန်နေတုန်းပါပဲ။
______________________________
ပျောက်သောသူရှာရင်တွေ့၊သေသောသူ ကြာရင်မေ့တဲ့။ကောင်လေးကိုတော့ ရှောင်းကျန့် ရှာမတွေ့ခဲ့သလို မေ့လည်းမမေ့နိုင်ခဲ့ဘူး။
မင်းအကြောင်းတွေးရင် ဝဲဘက်ရင်အုံက စူးခနဲအောင့်လာတတ်တယ်။ မွန်းကြပ်လှပြီ ကောင်လေးရေ...
ကိုယ့်ကို ဘယ်တော့များမှ လွတ်မြောက်ခွင့်ပေးမလဲ။
ခြောက်နှစ်တောင်ကျော်သွားခဲ့ပြီလေ......
ကိုယ်အကောင်းဆုံး ရှင်သန်ခဲ့ပြီးပြီမို့ ဒီလောက်ဆို
လုံလောက်ပြီမဟုတ်လား။
ဒီနေရာလေးမှာပဲစောင့်နေမယ်ဆိုတဲ့ ကတိကို
မတည်နိုင်တော့ဘူးထင်ပါရဲ့။
ကိုယ်လွမ်းလှပြီ ကောင်လေးရဲ့။
မင်းက ပြန်မလာနိုင်တော့တဲ့အခါ ကိုယ်ကလိုက်လာခဲ့ရုံပေါ့။
ကုန်ဆုံးသွားတဲ့ အတိတ်ကို ပြန်ကြည့်တဲ့အခါ
သိပ်ချစ်ခဲ့ကြတဲ့ကောင်လေးနှစ်ယောက်က ထာဝရ ရှင်သန်နေမှာပါ...
________________________________
ဒိုင်ယာရီစာအုပ်လေးရဲ့နောက်ဆုံးစာမျက်နှာလေး
ပေါ်ကိုကျသွားတဲ့မျက်ရည်စက်လေးတွေ။
မလှပခဲ့တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ရဲ့အဆုံးသတ်ကို
ကြားရအပြီးမှာSeanရင်ထဲမှာမွန်းကြပ်လာတဲ့ခံစား
ချက်နဲ့အတူနားထဲမှာကြားနေရတဲ့အသံတွေ။
ဒီအဖြစ်အပျက်တွေကိုသူကိုယ်တိုင်ကြုံခဲ့ရသလို
ခံစားနေရသည်။တစ်စုံတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်၊ပြန်မလာနိုင်မှန်းသိလျက်နဲ့စောင့်မျှော်နေ
တဲ့ခံစားချက်...။တစ်စတစ်စပေါ်လာတဲ့မှတ်ဥာဏ်တွေထဲမှာရယ်သံချိုချိုလေးတွေကအဓိကပါဝင်တယ်။
စာမျက်နှာတစ်ခုချင်းစီမှာ ဟောင်းနွမ်းနေတဲ့ polaroidဓာတ်ပုံလေးတွေ တစ်ပုံစီညှပ်ထားတယ်။ဓာတ်ပုံတစ်ပုံချင်းစီတိုင်းမှာ တစ်စုံတစ်ယောက်ရဲ့သေးငယ်တဲ့ လှုပ်ရှားမှုတွေအဆုံး မှတ်တမ်းယူထားတယ်။ ဆန်ခေါက်ဆွဲလုပ်နေတဲ့ပုံ၊ cotton candyစားနေတဲ့ပုံ၊ ပန်းချီဆွဲနေတဲ့ပုံ၊
သီချင်းဆိုနေတဲ့ပုံ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့
ပုံကလေးကအစ စာအုပ်လေးထဲမှာ အရေးတယူရှိနေခဲ့တယ်။
ဓာတ်ပုံတိုင်းမှာ ပါဝင်နေတဲ့သူကတော့ တစ်ယောက်တည်းသာ။ဆေးရောင်အချို့ ပြယ်နေတဲ့ ဓာတ်ပုံလေးထဲမှာ အပြာနုရောင် ဆွယ်တာပွပွလေးထဲ မြှုပ်နေတဲ့ လူငယ်လေးတစ်ယောက်က ဆာကူရာပွင့်ဖတ်တွေကြားထဲမှာ ငြိမ်ငြိ်မ်ကလေး ရပ်နေခဲ့ပြီး သိပ်ကိုလှတဲ့ အပြာရောင်ရှုခင်းလေး ဖြစ်တယ်။
လက်မခံနိုင်လောက်စရာဆိုပေမယ့် Seanဟာ
ရှောင်းကျန့်ပါပဲ ဆိုတဲ့ အသိတစ်ခုက ချက်ချင်းတိုးဝင်
လာတယ်။ ဓာတ်ပုံလေးတွေထဲက တစ်ယောက်သောသူဟာ သူနဲ့ချွတ်စွတ်တူနေခဲ့ပါတယ်။
သေချာပါတယ်....သူဟာ ရှောင်းကျန့်ပဲ။
သူရှာဖွေနေခဲ့တဲ့ ပုံပြင်လေးထဲမှာ သူဟာတိုက်ရိုက်
ပါဝင်ပတ်သတ်နေခဲ့တာပဲ။
"ဒီလောက်ဆို..မင်းသိချင်တာတွေအကုန်သိလောက်ပြီထင်ပါရဲ့"
"ကျွန်တော်....ကျွန်တော်က ရှောင်းကျန့်လား"
"အဲ့တာကတော့ မင်းကိုယ်တိုင်စဉ်းစားရမယ့်အပိုင်းပဲ။ကာယကံရှင်ဖြစ်တဲ့ မင်းကအသိဆုံးဖြစ်မှာပါ"
နောက်ဆုံးတော့ သူအရာအားလုံးကိုမှတ်မိခဲ့ပြီ။
ငယ်ငယ်လေးကတည်းက အိပ်မက်ထဲမှာ ကြားနေခဲ့ရတဲ့ ရှတတ အသံပိုင်ရှင်လေးကို သူပြန်မှတ်မိခဲ့ပြီ။
မျက်နှာကိုမမြင်ခဲ့ရပေမယ့် အိပ်မက်တိုင်းမှာနွေးထွေးတဲ့ အသံလေးနဲ့ ရင်းနှီးနေတဲ့ အငွေ့အသက်တွေအရ Seanဟာရှောင်းကျန့်ပါဆိုတဲ့ အမှန်တရားကို လက်ခံဖို့ လုံလောက်နေခဲ့ပြီး ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ဝမ်ကျိုးချန်။ဒီအချိန် ထိ ထိန်းသိမ်းထားပေးခဲ့လို့"
"မလိုပါဘူး။ကိုယ်ကကျေးဇူးတင်ရမှာပါ။ရောက်လာပေးလို့ကျေးဇူးတင်ပါတယ်"
ကျိုးချန်ရော၊ Seanရော ဘာဆက်ပြောရမလဲ မသိတော့ဘဲ နှစ်ယောက်လုံး တိတ်ဆိတ်သွားတော့သည်။
Seanအနေနဲ့ သူဟာရှောင်းကျန့်ပါပဲဆိုတာကို လက်ခံလိုက်တဲ့အချိန်မှာ ဘာပဲဖြစ်ဖြစ် ဝမ်ကျိုးချန်ဆိုတာလည်း ရှောင်းကျန့်ဘဝတုန်းက သူ့အတွက် အရေးပါတဲ့သူ မဟုတ်လား။ အခုလို သူနဲ့ပြန်ဆုံတဲ့အချိန်မှာ ပြောစရာစကားလုံးတွေ ပျောက်ရှနေခဲ့တယ်။
"ကျွန်တော်..."
"မင်းအခုဘာဆက်လုပ်မလဲ"
"ကျွန်တော် ဝမ်ရိပေါ်ကိုရှာမယ်။ သူလည်းသေချာပေါက်ရှိနေမယ်လို့ ကျွန်တော်ယုံကြည်တယ်"
"မင်းမြန်မြန်ရှာတွေ့ပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်"
"ကျေးဇူးပါ။ဒါဆို..ကျွန်တော့ကိုခွင့်ပြုပါဦး"
Seanထပြန်မယ်အလုပ်မှာ ကျိုးချန်ကလှမ်းတားလိုက်တယ်။
"ခနနေပါဦး။ပန်းချီကားကိုမင်းပဲယူလိုက်ပါ"
"ဗျာ..."
"ပိုင်ရှင်ကိုပြန်ပေးဖို့ အခ်ျိန်ရောက်လာခဲ့ပြီလေ။
ကိုယ့်တစ်ဘဝလုံး ဒီအချိန်ရောက်လာဖို့စောင့်နေခဲ့တာ"
ပြုံးနေတဲ့ ဝမ်ကျိုးချန်မျက်နှာကနွေးထွေးလွန်းတယ်။
ရှောင်းကျန့်အဖြစ်နဲ့ သူ့ဘဝက တကယ်ကိုနွေးထွေး
တဲ့သူတွေနဲ့ ဆုံခဲ့ရတာပဲ။
Seanအနားကို တိုးလာပြီးပွေ့ဖက်လိုက်တဲ့ ဝမ်ကျိုးချန်ကို Seanလည်း ပြန်လည်ပွေ့ဖက်ထားလိုက်တယ်။
"ပြန်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ရှောင်းကျန့်..."
အများကြီးမမှတ်မိပေမယ့် မင်းပေးခဲ့တဲ့နွေးထွေးမှု
တွေ အတွက်လည်းကျေးဇူးတင်ပါတယ် ကျိုးချန်။
မင်းနဲ့ ဆုံတွေ့ခွင့်ရခဲ့တာကို အမြဲကျေးဇူးတင်နေမိမှာပါ။ရှောင်းကျန့်အဖြစ်နဲ့ရော..Seanအဖြစ်နဲ့ရော။
________________________________
ဝမ်ရိပေါ်ကို ရှာမယ်တဲ့....ပြောတော့ လွယ်လိုက်တာ။
တကယ့်လက်တွေ့မှာတော့ ခက်ခဲလွန်းတယ်။ တစ်ခါ
မှ မမြင်ဖူးတဲ့သူတစ်ယောက်ကို သူဘယ်လိုရှာမလဲ။
သူမှတ်မိတဲ့ ဝမ်ရိပေါ်ဟာ ရယ်သံချိုချိုလေးတွေ ပိုင်ဆိုင်ထားတဲ့ လူငယ်လေးတစ်ယောက်။ အဲ့တာကလွဲပြီး
Seanသိတာ ဘာမှမရှိဘူး။ ဒိုင်ယာရီစာအုပ်ထဲမှာလည်း ရှောင်းကျန့်ရဲ့ဓာတ်ပုံကလွဲရင် ဝမ်ရိပေါ်ရဲ့
ဓာတ်ပုံက တစ်ပုံတောင် ရှိမနေခဲ့ဘူး။
ဝမ်ရိပေါ်ဟာ အရင်ကဝမ်ရိပေါ်မဟုတ်ဘဲ တခြားတစ်ယောက်ပုံစံမျိုးဖြစ်နေခဲ့မယ်ဆိုရင်
တောင် သူမှတ်မိနိုင်ပါ့မလား။
အဖြေမရှိတဲ့မေးခွန်းတွေပါပဲ
သူကိုယ်တိုင်တောင် မရေရာတဲ့ဘဝ..
တစ်စုံတစ်ယောက်ကို လွယ်လွယ်ရှာလို့ရအောင်
ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးမှမဟုတ်တာ။
အတွေးပေါင်းများစွာနဲ့နောက်ဆုံးဦးတည်မိတာက
Parisကို။
အတိတ်ကို ပြန်လည်ရှာဖွေရအောင်..
မင်းကိုလည်းတွေ့ကောင်းတွေ့နိုင်ပါရဲ့.....
ဆယ်စုနှစ်ကြာကြာကျော်လွန်သွားတာနဲ့အမျှ Paris
ရဲ့ လမ်းတွေကပြောင်းလဲသွားတယ်။ အတော်ခက်ခက်ခဲခဲ ရှာဖွေပြီးမှရောက်လာခဲ့တာက သူရှောင်းကျန့်
ဘဝတုန်းက သဘောကျခဲ့ရတဲ့ နေရာလေး။
တော်တော်များများပြောင်းလဲသွားပေမယ့် ဒီနေရာ
လေးကတော့ ထူးဆန်းစွာပဲ အရင်အတိုင်း ရှိနေတယ်လို့ ခံစားရတယ်။ ဆာကူရာပင်တွေက သက်သေပေါ့။ ပတ်ဝန်းကျင်ကို ကြည့်မိတော့...သိပ်လှတဲ့ ရှုခင်းပါပဲ။ရှောင်းကျန့်ဟာ ဒီနေရာလေးမှာပဲ ဝမ်ရိပေါ်နဲ့တွေ့ဆုံခဲ့တယ်။
စောင့်မျှော်နေဆဲပါပဲ..။ကောင်လေးက သူဘယ်နေရာ
ရောက်နေနေ သူ့ကိုတွေ့အောင်ရှာမယ်လို့ ကတိပေး
ခဲ့ဖူးတယ် မဟုတ်လား။
Seanမျက်လုံးတွေကို မှိတ်လို့ တိုက်ခတ်လာတဲ့လေ
ပြေလေးတွေကို ခံစားကြည့်ရင်း ရုတ်တရက် နှာခေါင်းထဲ တိုးဝင်လာတဲ့ Marshmellowနံ့လေး။
မျက်လုံးတွေကို ဖွင့်လိုက်ရင်းသေချာအောင် ထပ်မံ
ရှုရှိုက်ကြည့်လိုက်တော့ လေပြည်လေးတွေ သယ်
ဆောင်လာတဲ့ သူနဲ့ အရင်းနှီးဆုံးအနံ့လေး။
ထိုစဉ်...အနောက်ကခြေသံကြားတာမို့ လှည့်ကြည့်လိုက်မိတော့......
Seanနဲ့ မလှမ်းမကမ်းမှာ ရပ်နေတဲ့ကောင်လေး
တစ်ယောက်။ နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်အုပ်အုပ်ကလေး၊ မျက်လုံးလှလှလေးတွေ၊ နှာခေါင်းလုံးလုံးလေး၊ မထူမပါးနှုတ်ခမ်းလေးနဲ့ ပါးဖောင်းဖောင်းလေး အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို Seanသေချာငေးကြည့်နေမိသည်။ ချိုချဉ်လေးငုံထားတဲ့ကောင်လေးဟာ Seanကို မျက်လုံးပြူးလေးနဲ့ ကြည့်နေရှာတယ်။
Seanရဲ့ ဝဲဘက်ရင်အုံထဲက နှလုံးသားဟာ ပိုင်ရှင်ကို
ရှာတွေ့သွားသည့်အလား ခုန်ပေါက်နေခဲ့သည်။
ဒီကောင်လေးဟာ ဝမ်ရိပေါ်ဆိုတာကို Seanခံစား
မိသည်။ရှောင်းကျန့်ရဲ့ဝမ်ရိပေါ်...။
"အာ....အနှောက်အယှက်ပေးသလိုဖြစ်သွားရင်
တောင်းပန်ပါတယ်"
ဒီအသံလေး....ရှောင်းကျန့် အမြဲလွမ်းနေခဲ့ရတဲ့
အသံလေး။ Seanအဖြစ်နဲ့လည်း အိပ်မက်တွေထဲမှာ ရင်းနှီးနေခဲ့ရတဲ့အသံလေး။ကောင်လေးက တကယ်ကို ဘာမှ မပြောင်းလဲသွားခဲ့ဘူးပဲ။ ပြန်လာပေးလို့
ကျေးဇူးတင်ပါတယ်။ဒီတစ်ခါတော့ ကိုယ်မင်းကို
လုံးဝလက်လွတ်မှာ မဟုတ်တော့ဘူး။
သူ့ကိုပဲ မမှိတ်မသုန် စိုက်ကြည့်နေတဲ့ကောင်လေးရဲ့
မျက်နှာကိုစေ့စေ့ကြည့်လို့ ပြုံးပြလိုက်ပြီး စကားတစ်ခွန်းပြောလိုက်တယ်။
"ကိုယ်တို့..သူငယ်ချင်းလုပ်ကြမလား"
အရာအားလုံးကိုနောက်တစ်ကြိမ် ပြန်စတင်ရအောင်
အချစ်ရေ....။ ဒီတစ်ခါ အဆုံးသတ်မှာတော့
ပျော်ရွှင်စွာပေါင်းဖက်သွားကြလေသတည်းပေါ့....
THE END.....
________________________________