Hate is Love { Complete }

By yoon_085

860K 51.7K 2.1K

အမုန္းဆိုတာ အခ်စ္ကေနအစျပဳတာမို႔ ကိုယ္ခ်စ္တဲ့သူကို မနာက်ည္းႏိုင္သေရြ႔ ခ်စ္ေနမိဦးမွာလဲ လူတိုင္းလဲ ကိုယ္ခ်စ္တဲ့... More

Part -1 ~ Beginning of story
Part -2 ~ First Meet
Part -3 ~ Wedding Day (🚨🔞)
Part -4 ~ Marriage life (🔞🚨)
Part - 5 ~ Losing Family
Part 6 ~ Love House 🔞🚨
Part -7 ~ Diary Book
Part -8 ~ Cuz of Love (🔞🚨)
Part -9 ~ Miss u but don't want remember
Part -10 ~ Reasons for problem
Part -11 ~ Can't let you go 🔞🚨
Part -12 ~ Good Bye My love
Part- 13 ~ Everytime I miss u
Part 14 ~ Love is hurt
Part - 15 ~ Miss U 🔞🚨
Part -16 ~ That's you 🔞🚨
Part - 17 ~ About Past
Part -18 ~ Greedy Love
Part -19 ~ Forgiveness 🔞🚨
Part -20 ~ Painful Love
Part-21 ~White Tulips
Part-22~Red Spider lily
Part-23~New life 🔞🚨
Part-23~New Life 🔞🚨 (2)
Part-24~Being a daddy
Announcements💖
Part-25~Husband Material
Part-26 ~About baby
Part -27~Precious Things
Part-28 ~Baby born 👶🏻
Part -29 ~ Daddy Wang
Part-30~ Lion& rabbit(🔞🚨)
Part-31~Wang MinYu's Bd
Part-32~ Dark Night 🔞🚨
Part-33~Believe U
Part-34~ Ice cream
Part-36~Beauty daughter
Part-37~Parent ( Final)
Extra ~ I 🔞🚨
Extra ~ II

Part-35~Jealous Daddy

11.8K 995 68
By yoon_085

Hate is Love

Zawgyi

ရိေပၚမနက္နိုးလာေတာ့ လက္ကေဘးကိုစမ္းၾကည့္ေတာ့ ေအးစက္စက္အိပ္ရာခင္းတစ္ခုသာမို႔ သူ႕ေယာက်္ားအိပ္ရာထသြားတာၾကာမွန္းသိေတာ့သည္ သူ႕ရင္ဘတ္ေပၚမွာေမွာက္ယက္ေလးအိပ္ေနတဲ့ သားကိုၾကည့္ၿပီး ရိေပၚၿပဳံးလိုက္မိသည္ ဝမ္ရိေပၚရဲ႕သားဟာ ဝမ္ရိေပၚနဲ႕တပုံစံတည္း ။

သားမနိုးေအာင္ကုတင္ေပၚကို အသာေလးခ်ခဲ့ၿပီး ႐ုံးသြားဖို႔ျပင္ဆင္ရသည္ သူအဝတ္စားလဲေရမိုးခ်ိဳး ၿပီးေတာ့သားက ကုတင္ေပၚမွာတဘူးဘူး အသံျပဳၿပီး လူးလြန႔္ေနၿပီ

ရိေပၚကသားကို ဒိုင္ဗာတစ္ခုလဲေပးၿပီး သားကိုခ်ီကာေအာက္ဆင္းလာသည္ သူေအာက္ထပ္ေရာက္ေတာ့ မီးဖိုေခ်ာင္ထဲမွာ အလုပ္မ်ားေနတဲ့ ခ်စ္ရသူကိုေတြ႕တာမို႔အနားသြားၿပီး ပါးေလးကိုသြားနမ္းလိုက္သည္ ။

" ရိေပၚ ဒီနားမလာနဲ႕ေလ သားကိုအပူေလာင္မယ္ ''

" ဟုတ္ပါၿပီဗ်ာ ''

သားကိုဧည့္ခန္းက ဝက္ၿခံလိုကစားစရာေတြ ထည့္ထားတဲ့ ေနရာထဲသြားထည့္လိုက္ေတာ့ သားကေဆာ့ေတာ့တာပဲ ။

" ေယာက်္ားနို႔ဗူးကို ထမင္းစားပြဲေပၚတင္ထားတယ္ သားကိုနို႔အရင္တိုက္ထားလိုက္ ''
ေနာက္ေဖးကေနလွမ္းေအာ္တဲ့ ေရွာင္က်န႔္စကားကို ၾကားျပ ရိေပၚကေလးကိုခ်ီကာနို႔ဗူးတိုက္လိုက္သည္ ။

နို႔တိုက္တာကို ရိေပၚလက္ထဲမွာေကာ့ျပန္ထိုးေနတာပဲ ရိေပၚကလဲအတင္းတိုက္သည္ ေနာက္ဆုံး အေပးအယူမမွ်တဲ့သားအဖႏွစ္ေယာက္ ငိုရသူကမင္ယူပဲ မင္ယူကရိေပၚလက္ထဲ သည္းႀကီးမည္းႀကီးငိုေတာ့ ေနာက္ေဖးကေရွာင္က်န႔္ကထြက္လာၿပီး မင္ယူ႕ကို နို႔တိုက္လိုက္ေတာ့မွ အငိုတိတ္သြားသည္ ။

" မင္းကေလ.... ''
ရိေပၚမွာ မင္ယူကိုေဒါသထြက္လို႔အေနာက္ကေန က်ိန္းျပေနေပမယ့္ မင္ယူကေတာ့ေရွာင္က်န႔္လက္ထဲမွာ နို႔ဗူးကိုအေသခ်ာေသာက္လို႔ ။

" ငါ့ေယာက်္ားကိုမင္းပဲ ကပ္ေနသိလား ''

" ရိေပၚကလဲ ကေလးနဲ႕ၿပိဳင္ေနျပန္ၿပီ မီးဖိုေခ်ာင္ထဲမွာ
ေယာက်္ားအတြက္ ေခါက္ဆြဲလုပ္ထားတယ္
သြားယူလိုက္ဦး ''

" ညက အစာမေၾကတာသက္သာလားက်န႔္ ''

" အင္း သက္သာသြားပါၿပီ မေန႕ကအစားမ်ားသြားလို႔ထင္တယ္ ''

" ဂ႐ုစိုက္ဦးေနာ္ က်န႔္ ''

မသြားခင္ရိေပၚက သူ႕လက္ႏွစ္ေခ်ာင္းကို မ်က္စိေရွ႕ထိုးၿပီး မင္ယူ႕မ်က္ႏွာနား လက္ႏွစ္ေခ်ာင္းထိုးျပလိုက္သည္ သေဘာက I watching u....

ရိေပၚမနက္စာစားၿပီး ေရွာင္က်န႔္ကိုမနက္ခင္း အနမ္းေပးကာ႐ုံးသြားဖို႔ထြက္သြားေတာ့သည္ ခါတိုင္းဆိုကားနားထိေရွာင္က်န႔္ကလိုက္ပို႔ေပမယ့္ အခုေတာ့သားကိုနို႔တိုက္ေနရတာမို႔ လိုက္မပို႔နိုင္ ။

ရိေပၚ႐ုံးသြားေတာ့ ေရွာင္က်န႔္လဲမင္ယူကို နို႔တိုက္တာထားၿပီး မင်ယူ့အတွက်အသ်ီးလေးတွေ ေကြၽးေတာ့ထြက္ေနတဲ့သြားေလး အနည္းငယ္နဲ႕ဝါးသည္ ။

မင္ယူ႕ကိုကေလးထိုင္တဲ့ထိုင္ခုံေပၚမွာထားၿပီး မနက္စာစားဖို႔လုပ္သည္ ေရွာင္က်န႔္မွာနို႔ တစ္ခြက္ပဲေသာက္ရေသးေသာ္လည္း ရင္ဘတ္ထဲမွာ အစာမေၾကသလိုမ်ိိုး ပ်ိဳ႕အန္လာတာေၾကာင့္ ေဘစင္မွာသြားအန္ရျပန္သည္ ။

" ဟဲ့..ဟဲ့ သားရရဲ႕လား ဘာျဖစ္တာလဲ ''

" မသိဘူးမား ရင္ျပည့္ေနလို႔ထင္တယ္ ''

" ဟဲ့ ေနာက္တစ္ဗိုက္မ်ားလား ''

" ဗ်ာ အေမကလဲမျဖစ္နိုင္တာ သားညကအမ်ားႀကီးစား
လိုက္လို႔ အစာမေၾကတာထင္တယ္ ''

" အခုမနက္ ဘာမွမစားရေသးဘဲအန္တာမလား မားကေတာ့ ကိုယ္ဝန္ထင္တယ္ ''

" မားကလဲ မျဖစ္နိုင္တာမင္ယူေတာင္ အခုမွ တစ္ႏွစ္ျပည့္တာ လပိုင္းပဲရွိေသးတာကို ''

"ေသခ်ာေအာင္ ေဆး႐ုံသြားျပၾကည့္ပါလား ''
မားရဲ႕စကားေၾကာင့္ ေရွာင္က်န႔္လဲေတြေဝသြားသည္ ဒါေပမယ့္လဲေသခ်ာေအာင္ေဆး႐ုံသြားျပရမယ္ေလ ။

ေရွာင္က်န႔္အဝတ္စားလဲၿပီး ေဆး႐ုံသြားဖို႔ျပင္လိုက္သည္
" မား မင္ယူ႕ကိုသားေခၚသြားလိုက္ရမလား ''

" ေဆး႐ုံသြားမွာကေလးကိုေခၚသြားစရာလား ကိုယ့္ဘာသာပဲသြားပါ မင္ယူ႕ကိုမားထိန္းနိုင္ပါတယ္ ''

ေရွာင္က်န႔္မင္ယူ႕ကို သူ႕အဖြားနဲ႕ထားခဲ့ၿပီးေဆး႐ုံသြားဖို႔
ထြက္လာခဲ့သည္ အိမ္မာက်န္ခဲ့တဲ့မားကရိေပၚကို ဖုန္းဆက္ဖို႔လဲမေမ့ ။

ေရွာင္က်န႔္ လူနာ,နာမည္ေခၚတာကို ေစာင့္ေနတုန္း ခပ္လွမ္းလွမ္းက လူတစ္ေယာက္ကသူ႕ဆီလာေနတာကို
ေတြ႕ေသာ္လည္း မ်က္မွန္မပါတာမို႔ သိပ္မျမင္ရတာေၾကာင့္ မ်က္ေမွာင္ႀကဳံၿပီး အေတာ္ၾကည့္ယူရသည္ ။

" ဟိုဟာငါ့ေယာက်္ားနဲ႕တူသလိုပဲ မျဖစ္နိုင္တာ ရိေပၚကအခုခ်ိန္႐ုံးမွာပဲရွိမွာေပါ့ ဘာလို႔ေဆး႐ုံမွာရွိမွာလဲ ''
ထိုလူကေရွာင္က်န႔္နားနီးလာေလ ပိုသဲသဲကြဲကြဲျမင္ရေလ

" ဖာခ့္...တူတာမဟုတ္ဘဲ တကယ္ႀကီးငါ့ေယာက်္ားဟ

ရိေပၚဘာလို႔ေဆး႐ုံလာတာလဲ ''

" မားဖုန္းဆက္တယ္ ေနာက္တစ္ဗိုက္ဆိုဟုတ္လား ''

" အခုထိမသ်ိသေးဘူး ဆရာဝန္နဲ႕ျပမွသိမွာ ''

"ေကာင္းတာေပါ့ က်န႔္ရယ္ ေနာက္တစ္ဗိုက္ဆိုရင္ေတာ့ မင္ယူလဲအေဖာ္ရတာေပါ့ ''

" သားေတာင္အခုမွ တစ္ႏွစ္ျပည့္တာမၾကာေသးဘူးေလ ေနာက္ကေလးရွိလာရင္သားကို ဂ႐ုစိုက္နိုင္ပါ့မလား ''

" က်န႔္ရယ္ ကိုယ္ကသားကို ဂ႐ုစိုက္မွာေပါ့ ''

"မနက္ကေတာင္သားနဲ႕ ရန္ျဖစ္လာတာမဟုတ္ဘူးလား ''

" က်န႔္ရယ္ ကိုယ္ကအေဖပါသားကိုဂ႐ုစိုက္ေပးမွာပါ ''

" လူနာေရွာင္က်န႔္ ဝင္လို႔ရပါၿပီ ''
သူနာျပဳဆရာမရဲ႕ေခၚသံေၾကာင့္ ႏွစ္ေယာက္သား စကားျပတ္သြားၿပီး ဆရာဝန္အခန္းထဲဝင္လိုက္သည္ ။

" အာ...မေတြ႕တာၾကာၿပီေနာ္ ''

ဆရာဝန္ေလးကႏႈတ္ဆက္လိုက္ေတာ့ ေရွာင္က်န႔္တို႔လဲ ျပန္ႏႈတ္ဆက္လိုက္ၾကသည္ ။

" ေနာက္တစ္ဗိုက္ထင္တယ္ ဗိုက္ေတာင္နဲနဲထြက္ေနၿပီ ''
ဆရာဝန္က ေရွာင္က်န႔္ဗိုက္ကိုေမးဆက္ျပလိုက္ေတာ့မွ ရိေပၚနဲ႕ေရွာင္က်န႔္ႏွစ္ေယာက္သား ဗိုက္ကိုသတိထားမိေတာ့သည္ ။

" ကြၽန္ေတာ္က ကေလးေမြးၿပီးလို႔ ဗိုက္ပူတာထင္လို႔ ''

" ေသခ်ာေအာင္စစ္ၾကည့္တာေပါ့ ''

ဆရာဝန္က ရှောင်ကျန့်က်ိုသွေးပေါင်ချိန်တွေတိုင်းသည် ၿပီးေတာ့ ဗိုက္ကိုႏွိပ္ၾကည့္ၿပီး စမ္းသပ္လိုက္သည္ ။

" ဂုဏ္ျပဳပါတယ္ ကေလးရွိေနၿပီ အနည္းဆုံး
9ပတ္ေလာက္ရွိၿပီ morning sickness ျပတာက ေနာက္က်တယ္ ကေလးပုံကိုဒီေန႕တစ္ခါတည္း ultrasound ရိုက္သြားမယ္မလား ''

"ဟုတ္ကဲ့ ''

ေရွာင္က်န္ရဲ႕ ဗိုက္ကို ultrasoundရိုက္တာေလးနဲ႕ ပြတ္ဆြဲလိုက္ေတာ့ monitorေပၚမွာ အျဖဴအမည္း အရိပ္ေလးေပၚလာသည္ ။

" ဒီဘက္မွေပၚေနတဲ့ ပဲေစ့လိုဟာေလးေတြ႕လား အဲ့ဒါက,ကေလးပါ ''

ဗိုက္ကိုေသခ်ာခ်ဲ့ကာ မိန္းကေလးလား ေယာက်္ားေလးလားစစ္ဖို႔ၾကည့္လိုက္သည္ ။

" ဒီဘက္က ဘယ္ဘက္မွာကပ္ေနတာေလးၾကည့္ရတာ မိန္းကေလး ျဖစ္မယ္ထင္တယ္ ''

" မိန္းကေလး ''
ရိေပၚေရာေရွာင္က်န႔္ေရာ ႏွစ္ေယာက္လုံးေရ႐ြတ္မိသည္ ။

"တကယ္ မိန္းကေလးလားဆရာ ''

" ဟုတ္ပါတယ္ တကယ္မိန္းကေလးပါ ကေလးရဲ႕ ႏွလုံးခုန္သံေလးနားေထာင္ၾကည့္ၾကတာေပါ့ ''

ေနာက္တစ္ခါထပ္ၾကားရျပန္တဲ့ ဒီႏွလုံးခုန္သံေလးက သူတို့နှစ်ယောက်က်ိုမျက်ရည်ဝဲတဲ့ အထိခံစားရေစသည္။

ေရွာင္က်န႔္မွာလဲကေလးပုံ ultrasound ေလးၾကည့္ၿပီး ပီတိေတြကိုျဖာလို႔ ။

" ကဲ အသြားတုန္းကေတာ့ႏွစ္ေယာက္ပဲ အျပန္က်ေတာ့ သုံးေယာက္ေပါ့ ''
ရိေပၚကေရွာင္က်န႔္ဗိုက္ကေလးကိုပြတ္ၿပီး ေျပာလိုက္သည္ ။

ဒီလိုနဲ႕သူတို႔ရဲ႕ဘဝေလးထဲေနာက္ထပ္မိသားစုဝင္ အသစ္ေလးကေရာက္လာသည္ ရိေပၚက႐ုံးကိုမျပန္ေတာ့ဘဲ ေရွာင္က်န႔္ကိုအိမ္လိုက္ပို႔သည္ ။

" သား...ဘာတဲ့ေနာက္ကေလးဟုတ္လား ''

"ဟုတ္တယ္တဲ့ မား ေနာက္တစ္ေယာက္ေတာင္မွ မိန္းကေလးတဲ့ ''

" ဟယ္... ေကာင္းတာေပါ့ ''

" အဟင့္...စားခ်င္တာမစားရျပန္ဘူး ကေလးနို႔တိုက္တုန္းကလဲ နို့တ်ိုက်လို့အစားရှောင်ရ အခုမင္ယူနို႔ျပတ္တာေတာင္လပိုင္းပဲရွိေသးတယ္ ေနာက္တစ္ဗိုက္တဲ့လား ''

"က်န႔္ရယ္ က်န႔္ကအခု ဘာစားခ်င္လို႔လဲ ''

ရိေပၚကေမးလိုက္ေတာ့ေရွာင္က်န႔္မ်က္လုံးေတြ ဘလင္းဘလင္းျဖစ္သြားၿပီး

" ၾကက္ေၾကာ္ ၿပီးေတာ့ ဂ်ပန္ဆာရွီမီ ''

"အင္းပါ ကိုယ္သြားဝယ္ေပးမယ္ေနာ္ ''

ရိေပၚမွာေနာက္တစ္ေခါက္အျပင္ထြက္ၿပီး ဝယ္ရျပန္သည္
ကစားစရာေလးေတြနဲ႕ေဆာ့ေနတဲ့ မင္ယူကို ေရွာင္က်န႔္ကခ်ီလိုက္သည္ ။

" သားလာပါဦး သားကအခုဆိုအကိုႀကီးျဖစ္ၿပီသိရဲ႕လား
ပါးပါးရဲ႕ဗိုက္ထဲမွာ သားအတြက္ညီမေလးရွိေနၿပီ ''

မင္ယူေလးကေတာ့ ေရွာင္က်န႔္ေျပာတာေတြကို ျပဴးတူးၿပဲတဲေလးနဲ႕ လိုက္ၾကည့္သည္ အနည္းဆုံးေတာ့သူနဲ႕ကစားဖို႔ အေဖာ္ရၿပီေလ ။

ညႏွစ္နာရီထိုးေလာက္ႀကီး ေရွာင္က်န႔္တစ္ေယာက္ အိပ္မေပ်ာ္နိုင္ဘူး ေဘးကသူ႕ေယာက်္ားကိုၾကည့္ေတာ့ ႏွစ္ႏွစ္ခ်ိဳက္ခ်ိိုက္ အိပ္ေပ်ာ္ေနတာမွ ေဟာက္ေတာင္ေဟာက္ေနေသး ။

" ေယာက်္ား...ေယာက်္ားလို႔ ''

ေရွာင္က်န႔္ကရိေပၚကိုလႈပ္ႏွိုးလိုက္ေတာ့ ရိေပၚလဲ အိပ္ခ်င္မူးတူးနဲ႕ ေခါက္ခနဲထထိုင္လိုက္သည္ ။

" အင္း..ဘာလို႔လဲက်န႔္ ဗိုက္နာလို႔လား ''

"ဟင့္အင္း ဗိုက္ဆာလို႔ ''

"ဘာစားမလဲ ကိုယ္ဘာသြားလုပ္ေပးရမလဲ ''

"ဖရဲသီး ''

"ဟင္အိမ္မွာဖရဲသီးမွမရွိတာ ''

" ဖရဲသီးစားခ်င္တာလို႔ အခုဝယ္ေပး ''

"ေအာ္...အင္းအင္း ''

ရိေပၚလဲကုန္း႐ုံးထၿပီး ညႏွစ္နာရီႀကီး ဖရဲသီးဝယ္ဖို႔သြားရသည္ ။
" ေယာက်္ား အက်ီဝတ္ဦးေလ ''

ညဘက္အိပ္ရင္ boxer တစ္ခုပဲ ဝတ္အိပ္တက္တဲ့ ရိေပၚကဒီတိုင္းႀကီး အခန္းျပင္ထြက္သြားတာမို႔ ေရွာင္က်န႔္မွာလွမ္းေအာ္ရေသး ။

ရိေပၚမွာညႀကီးမင္းႀကီး ဗိုက္ႀကီးသည္ေလးေတာင္းဆိုတဲ့ ဖရဲသီးရွာပုံေတာ္ဖြင့္ရသည္ ။
" က်န႔္...ရၿပီ ဖရဲသီးကေတာ္ေတာ္ရွာယူရတယ္ ေနဦးကိုယ္ခြဲေပးမယ္ ''

"ရတယ္ ဖရဲသီးကိုတစ္ဝက္ဝက္ၿပီး ဇြန္းပဲတပ္လိုက္ ''

ရိေပၚကဖရဲသီးတစ္ဝက္ကိုဇြန္းတက္ၿပီး ေရွာင္က်န႔္ကိုေပးေတာ့ အားရပါးရကိုစားတာ ရိပေါ်ကဖရဲသ်ီးအစေ့တွေထွေးဖို့
သူ႕လက္ကိုခံေပးသည္ ေရွာင္က်န႔္ကတကယ္ပဲ ဗိုက်ဆာလို့လားမသ်ိ ဖရဲသီးတစ္ဝက္ကခဏေလးနဲ႕ ကုန္သြားသည္ ။

ၿပီးေတာသူမဟုတ္သလိုပဲ ခဏေလးနဲ႕အိပ္ေပ်ာ္သြားသည္
ရိေပၚမွာလဲေရွာင္က်န႔္ကိုၾကည့္ၿပီး အံၾသေနရသည္ ေရွာင္က်န႔္ေနာက္တစ္ဗိုက္ရွိမွန္းသိေတာ့ အစားအေသာက္ေတြကိုမားကိုယ္တိုင္ပဲခ်က္ေကြၽးသည္။

" ဝါး ဒီေန႕ ဖက္ထုပ္လား ''
မနက္စာထမင္းဝိုင္းကိုၾကည့္ၿပီး ေရွာင္က်န႔္ကေပ်ာ္ေနေသာ္လဲ ရိေပၚကေတာ့ ေရွာင္က်န႔္ပင္ပန္းမွာစိုးလို႔ သားအတြက္မနက္စာေကြၽး နို႔တိုက္ၿပီးမွ႐ုံးကိုသြားသည္ သားကိုသူ႕ေပါင္ေပၚတင္ၿပီး နို႔တိုက္ေနတုန္းေရွာင္က်န႔္က မနက္စာေတာင္စားေနၿပီ ။

ဖက္ထုပ္ကို တစ္ခါတည္းသုံးေလးခုစားသည္ ခါတိုင္းအစားကို နဲနဲပဲစားတဲ့ေရွာင္က်န႔္ကတထိုင္ထဲနဲ႕ ဖက္ထုပ္ကိုအမ်ားႀကီး ထိုင္စားေနေတာ့သည္ ။

" မား....ထပ္ထည့္ေပးဦး ''

" က်န႔္....ဒါနဲ႕ဆိုသုံးပြဲ..''

"ေအာ္ သူခံတြင္းလိုက္တုန္းေလးစားပါေစ ''

ရိေပၚမွာဖက္ထုပ္ပန္းကန္တစ္ဝက္မက်ိဳးေသးဘူး ေရွာင္က်န႔္ကသုံးပန္းကန္ေလာက္စားၿပီးေနၿပီ ။

" ရ်ိပေါ် သားကိုက်န႔္နဲ႕ထားခဲ့ ႐ုံးသြားမွာမလားသြားေလ ''

ရိေပၚလဲ သားကိုက်န႔္ဆီေပးခဲ့ၿပီး ႐ုံးသြားဖို႔ထြက္လာခဲ့သည္ ။

" ေယာက်္ား႐ုံးဆင္းရင္ေဆး႐ုံသြားရမွာေနာ္ ''
႐ုံးသြားခါနီးရိေပၚေမ့သြားမွာစိုး၍ သတိလွမ္းေပးလိုက္သည္ တေျဖးေျဖးနဲ႕လရလာတဲ့ ဗိုက္ႀကီးသည္ေလးက အေသအလဲကိုလဲစားပါသည္ ။

ရိေပၚတို႔သားကိုေခၚၿပီး ေဆး႐ုံသြားျပၾကသည္ ေရွာင္က်န႔္ရဲ႕ဒုတိယဗိုက္မို႔လို႔လား အစားပဲအမ်ားႀကီးစားလို႔ ဗိုက္ပူတာလား မကြဲရေအာင္ကို ဗိုက္လုံးလုံးေလးကထြက္လို႔

"ရိေပၚ က်န႔္...ဟမ္ဘာဂါ စားခ်င္တယ္''

"ကိုယ္သြားဝယ္လိုက္မယ္ေလ ''

" ဟင့္အင္း ဆိုင္မွာထိုင္စားမယ္ ''

ေရွာင္က်န႔္ကစားခ်င္တယ္ဆိုလို႔ starbucksကို လိုက္ပို႔ရသည္ ရိေပၚမွာေရွာင္က်န႔္မွာတဲ့ ဘာဂါနဲ႕ကိုလာရယ္ သားအတြက္ေရခဲမုန႔္ရယ္ သြားဝယ္ၿပီးျပန္လာရသည္ ။

သားကိုေရခဲမုန႔္ေကြၽးေနတုန္းပဲရွိေသး ေရွာင္က်န႔္လက္ထဲကဘာဂါကအစနပင္မရွိေတာ့ ။

" ေယာက်္ား...ဟို sandwichေလး စားေကာင္းမယ္ထင္တယ္ သြားမွာေပးပါဦး ''

ရိေပၚလဲေရွာင္က်န႔္ စိတ္ခ်မ္းသာပါေစဆိုၿပီး သူစားခ်င္တာေတြထထမွာေပးရသည္ ေနာက္ဆုံးမွာေတာ့ ဘာဂါ၃ခုနဲ႕ ဆန္းဒစ္၄ခုစားအၿပီးမွာ ရပ္ေတာ့သည္ ။

" ဝါး ဗိုက္ျပည့္သြားၿပီ ''

' အင္း....ျပည့္လဲျပည့္ဦးမွေလ စားထားတာလဲ ၾကည့္ပါဦး'
ရိေပၚစိတ္ထဲကအသံတိတ္ပဲေျပာလိုက္သည္ မဟုတ္ရင္ ေရွာင္က်န႔္လက္ဆစ္နဲ႕ ရိေပၚေခါင္းညားေတာ့မယ္ေလ
ဗိုက္ထဲက,ကေလးကလဲ ဘယ္တုန္းထဲကငတ္ျပတ္လာလဲ မသိ ။

ရိေပၚကေတာ့ေနာက္တစ္ဗိုက္ရတာေတာင္စိုးရိမ္တုန္း ေရွာင္က်န႔္ကိုလဲမင္ယူ႕ကိုလုံးဝေပးမခ်ီခိုင္းေတာ့ေပ မင္ယူကလဲ အရင္ကရိေပၚနဲ႕ဆို တက်က္က်က္ျဖစ္ေပမယ့္ အခုေတာ့ရိေပၚနဲ႕တည့္လို႔ လိုက္လဲလိုက္တဲ့သားအဖ ။

မင္ယူ႕ကို ကုတင္ေပၚတင္ထားၿပီး ကုတင္ေအာက္နားမွာ ရိေပၚက ကုတင္ကိုမွီၿပီးထိုင္ေနသည္ ။
" ေယာက်္ား ေျခေထာက္ဆန႔္ ''

"ဘာလို႔လဲ က်န႔္ ''

"ေယာက်္ားေပၚအိပ္မလို႔ ''
ရိေပၚေျခေထာက္ဆန႔္လိုက္ေတာ့ ေရွာင္က်န႔္ကရိေပၚေပါင္ေပၚလွဲအိပ္လိုက္သည္ ရိေပၚကေရွာင္က်န႔္ဆံပင္ေလးကို သပ္ေပးလိုက္ေတာ့ ေရွာင္က်န႔္က သူ႕ဗိုက္ပူပူေလးကိုပြတ္သပ္သည္ ။

" ရိေပၚသိလား သူမ်ားေတြေျပာတယ္ ေယာက်္ားေလးဗိုက္ဆိုခြၽန္တယ္ မိန္းကေလးဗိုက္ဆို လုံးတယ္တဲ့ အခုလိုဗိုက္ကလုံးလုံးေလးျဖစ္ေနေတာ့ အထဲမွာသမီးေလးက ေကာင္းေကာင္းရွိေနလို႔နဲ႕
တူတယ္ေနာ္''

" အင္းဟုတ္တယ္ ဟိုေကာင္နဲ႕တုန္းကမ်ားကြာပါ့ ဟိုေကာင္တုန္းက အားေနကန္ေနတာ အခုသမီးေလးကေတာ့လိမၼာမယ့္ပုံပဲ ''

"ရိေပၚကလဲ သားကလဲလိမၼာပါတယ္ ''

"အင္းပါ အင္းပါ ''

မင္ယူေလးက သူ႕အေၾကာင္းေျပာတာသိလို႔နဲ႕တူတယ္ ရိေပၚတို႔အနားေရာက္လာၿပီး ရိေပၚေခါင္းေပၚကို အတင္းကုတ္ကပ္ေတာ့သည္ ။

" ဝမ္မင္ယူေရ ၿငိမ္ၿငိမ္ေနစမ္း ျပဳတ္က်မယ္ ''
ရိေပၚေျပာတာကိုမေက်နပ္တဲ့ မင္ယူက ရိေပၚရဲ႕နားကို အနည္းငယ္ထြက္စျပဳေနတဲ့ သြားေလးနဲ႕ကိုက္သည္ ။

" အ့...အ့..အား ဝမ္မင္ယူ ဘာလို႔ကိုက္ေနတာလဲ ''
အားရသြားဟန္ျပဳသြားတဲ့ မင္ယူကအဝကိုက္ၿပီးမွ လႊတ္လိုက္သည္ ရိေပၚကေတာ့မင္ယူကိုက္လို႔ နာသြားတဲ့သူ႕နား႐ြက္ေလးကိုပြတ္ဆြဲလို႔ ။

"ေတြ႕လား က်န႔္ရဲ႕သားလား လိမၼာတာ ''

" ရိေပၚရယ္ သားကသြားထြက္ခါနီးဆိုေတာ့ သြားယားလို႔ေနမွာပါ အုံဖြ ငါ့ေယာက်္ားနား႐ြက္ေလး''

ေရွာင္က်န႔္ကရယ္ၿပီး ရိေပၚနား႐ြက္ေလးကိုင္ကာ အုံဖြလုပ္ေပးေတာ့ရိေပၚမွာသြားႀကီးၿဖီးလို႔ ။

"ဒါေလးကသမီးေလးဆိုေတာ့ မင္ယူေလးနဲ႕ အဆင္ေျပပါ့မလား ''

" ေျပမွာပါ ေျပရမွာေပါ့ သူကအကိုႀကီးပဲဟာ ၿပီးေတာ့သမီးေလးကို ေယာက်္ားေလးေတြနဲ႕ ေက်ာင္းအတူမထားဘူး ''

" ဟင္ဘာလို႔လဲ ေယာက်္ားရဲ႕ ''

"ေမြးထားကမိန္းကေလးေလ ေယာက်္ားေလးေတြနဲ႕အတူ
ေက်ာင္းထားစရာလား မထားဘူး မိန္းကေလးေက်ာင္းပဲ ထားမယ္ ''

"ဒါဆိုေမာင္ႏွမ ႏွစ္ေယာက္ေက်ာင္းမတူဘဲေနမွာေပါ့ ''

"မတူလဲေနပါေစ သမီးကိုဥထားရမာပဲ ဒီေခတ္ေယာက်္ားေလးေတြက စိတ္ခ်ရတာမဟုတ္ဘူး ''

" ေအာ္... ရိေပၚရယ္ ''
ေရွာင္က်န႔္မွာရိေပၚကိုၾကည့္ၿပီး ရယ္မိျပန္သည္ မေမြးရေသးတဲ့သမီးရဲ႕ေရွ႕ေရးအတြက္ပါႀကိဳေတြးပူေနတဲ့ ေရွာင္က်န႔္ေယာက်္ားက သဝန္တိုစရာတစ္ခုတိုးလာၿပီတဲ့လား ။

edaz
4:55 a.m.

__________<<<<<___________

Hate is Love

Unicode

ရိပေါ်မနက်နိုးလာတော့ လက်ကဘေးကိုစမ်းကြည့်တော့ အေးစက်စက်အိပ်ရာခင်းတစ်ခုသာမို့ သူ့ယောကျ်ားအိပ်ရာထသွားတာကြာမှန်းသိတော့သည် သူ့ရင်ဘတ်ပေါ်မှာမှောက်ယက်လေးအိပ်နေတဲ့ သားကိုကြည့်ပြီး ရိပေါ်ပြုံးလိုက်မိသည် ဝမ်ရိပေါ်ရဲ့သားဟာ ဝမ်ရိပေါ်နဲ့တပုံစံတည်း ။

သားမနိုးအောင်ကုတင်ပေါ်ကို အသာလေးချခဲ့ပြီး ရုံးသွားဖို့ပြင်ဆင်ရသည် သူအဝတ်စားလဲရေမိုးချိုး ပြီးတော့သားက ကုတင်ပေါ်မှာတဘူးဘူး အသံပြုပြီး လူးလွန့်နေပြီ

ရိပေါ်ကသားကို ဒိုင်ဗာတစ်ခုလဲပေးပြီး သားကိုချီကာအောက်ဆင်းလာသည် သူအောက်ထပ်ရောက်တော့ မီးဖိုချောင်ထဲမှာ အလုပ်များနေတဲ့ ချစ်ရသူကိုတွေ့တာမို့အနားသွားပြီး ပါးလေးကိုသွားနမ်းလိုက်သည် ။

" ရိပေါ် ဒီနားမလာနဲ့လေ သားကိုအပူလောင်မယ် ''

" ဟုတ်ပါပြီဗျာ ''

သားကိုဧည့်ခန်းက ဝက်ခြံလိုကစားစရာတွေ ထည့်ထားတဲ့ နေရာထဲသွားထည့်လိုက်တော့ သားကဆော့တော့တာပဲ ။

" ယောကျ်ားနို့ဗူးကို ထမင်းစားပွဲပေါ်တင်ထားတယ် သားကိုနို့အရင်တိုက်ထားလိုက် ''
နောက်ဖေးကနေလှမ်းအော်တဲ့ ရှောင်ကျန့်စကားကို ကြားပြ ရိပေါ်ကလေးကိုချီကာနို့ဗူးတိုက်လိုက်သည် ။

နို့တိုက်တာကို ရိပေါ်လက်ထဲမှာကော့ပြန်ထိုးနေတာပဲ ရိပေါ်ကလဲအတင်းတိုက်သည် နောက်ဆုံး အပေးအယူမမျှတဲ့သားအဖနှစ်ယောက် ငိုရသူကမင်ယူပဲ မင်ယူကရိပေါ်လက်ထဲ သည်းကြီးမည်းကြီးငိုတော့ နောက်ဖေးကရှောင်ကျန့်ကထွက်လာပြီး မင်ယူ့ကို နို့တိုက်လိုက်တော့မှ အငိုတိတ်သွားသည် ။

" မင်းကလေ.... ''
ရိပေါ်မှာ မင်ယူကိုဒေါသထွက်လို့အနောက်ကနေ ကျိန်းပြနေပေမယ့် မင်ယူကတော့ရှောင်ကျန့်လက်ထဲမှာ နို့ဗူးကိုအသေချာသောက်လို့ ။

" ငါ့ယောကျ်ားကိုမင်းပဲ ကပ်နေသိလား ''

" ရိပေါ်ကလဲ ကလေးနဲ့ပြိုင်နေပြန်ပြီ မီးဖိုချောင်ထဲမှာ
ယောကျ်ားအတွက် ခေါက်ဆွဲလုပ်ထားတယ်
သွားယူလိုက်ဦး ''

" ညက အစာမကြေတာသက်သာလားကျန့် ''

" အင်း သက်သာသွားပါပြီ မနေ့ကအစားများသွားလို့ထင်တယ် ''

" ဂရုစိုက်ဦးနော် ကျန့် ''

မသွားခင်ရိပေါ်က သူ့လက်နှစ်ချောင်းကို မျက်စိရှေ့ထိုးပြီး မင်ယူ့မျက်နှာနား လက်နှစ်ချောင်းထိုးပြလိုက်သည် သဘောက I watching u....

ရိပေါ်မနက်စာစားပြီး ရှောင်ကျန့်ကိုမနက်ခင်း အနမ်းပေးကာရုံးသွားဖို့ထွက်သွားတော့သည် ခါတိုင်းဆိုကားနားထိရှောင်ကျန့်ကလိုက်ပို့ပေမယ့် အခုတော့သားကိုနို့တိုက်နေရတာမို့ လိုက်မပို့နိုင် ။

ရိပေါ်ရုံးသွားတော့ ရှောင်ကျန့်လဲမင်ယူကို နို့တိုက်တာထားပြီး မင်ယူ့အတွက်အသ်ီးလေးတွေ ကျွေးတော့ထွက်နေတဲ့သွားလေး အနည်းငယ်နဲ့ဝါးသည် ။

မင်ယူ့ကိုကလေးထိုင်တဲ့ထိုင်ခုံပေါ်မှာထားပြီး မနက်စာစားဖို့လုပ်သည် ရှောင်ကျန့်မှာနို့ တစ်ခွက်ပဲသောက်ရသေးသော်လည်း ရင်ဘတ်ထဲမှာ အစာမကြေသလိုမျိိုး ပျို့အန်လာတာကြောင့် ဘေစင်မှာသွားအန်ရပြန်သည် ။

" ဟဲ့..ဟဲ့ သားရရဲ့လား ဘာဖြစ်တာလဲ ''

" မသိဘူးမား ရင်ပြည့်နေလို့ထင်တယ် ''

" ဟဲ့ နောက်တစ်ဗိုက်များလား ''

" ဗျာ အမေကလဲမဖြစ်နိုင်တာ သားညကအများကြီးစား
လိုက်လို့ အစာမကြေတာထင်တယ် ''

" အခုမနက် ဘာမှမစားရသေးဘဲအန်တာမလား မားကတော့ ကိုယ်ဝန်ထင်တယ် ''

" မားကလဲ မဖြစ်နိုင်တာမင်ယူတောင် အခုမှ တစ်နှစ်ပြည့်တာ လပိုင်းပဲရှိသေးတာကို ''

"သေချာအောင် ဆေးရုံသွားပြကြည့်ပါလား ''
မားရဲ့စကားကြောင့် ရှောင်ကျန့်လဲတွေဝေသွားသည် ဒါပေမယ့်လဲသေချာအောင်ဆေးရုံသွားပြရမယ်လေ ။

ရှောင်ကျန့်အဝတ်စားလဲပြီး ဆေးရုံသွားဖို့ပြင်လိုက်သည်
" မား မင်ယူ့ကိုသားခေါ်သွားလိုက်ရမလား ''

" ဆေးရုံသွားမှာကလေးကိုခေါ်သွားစရာလား ကိုယ့်ဘာသာပဲသွားပါ မင်ယူ့ကိုမားထိန်းနိုင်ပါတယ် ''

ရှောင်ကျန့်မင်ယူ့ကို သူ့အဖွားနဲ့ထားခဲ့ပြီးဆေးရုံသွားဖို့
ထွက်လာခဲ့သည် အိမ်မာကျန်ခဲ့တဲ့မားကရိပေါ်ကို ဖုန်းဆက်ဖို့လဲမမေ့ ။

ရှောင်ကျန့် လူနာ,နာမည်ခေါ်တာကို စောင့်နေတုန်း ခပ်လှမ်းလှမ်းက လူတစ်ယောက်ကသူ့ဆီလာနေတာကို
တွေ့သော်လည်း မျက်မှန်မပါတာမို့ သိပ်မမြင်ရတာကြောင့် မျက်မှောင်ကြုံပြီး အတော်ကြည့်ယူရသည် ။

" ဟိုဟာငါ့ယောကျ်ားနဲ့တူသလိုပဲ မဖြစ်နိုင်တာ ရိပေါ်ကအခုချိန်ရုံးမှာပဲရှိမှာပေါ့ ဘာလို့ဆေးရုံမှာရှိမှာလဲ ''
ထိုလူကရှောင်ကျန့်နားနီးလာလေ ပိုသဲသဲကွဲကွဲမြင်ရလေ

" ဖာခ့်...တူတာမဟုတ်ဘဲ တကယ်ကြီးငါ့ယောကျ်ားဟ

ရိပေါ်ဘာလို့ဆေးရုံလာတာလဲ ''

" မားဖုန်းဆက်တယ် နောက်တစ်ဗိုက်ဆိုဟုတ်လား ''

" အခုထိမသ်ိသေးဘူး ဆရာဝန်နဲ့ပြမှသိမှာ ''

"ကောင်းတာပေါ့ ကျန့်ရယ် နောက်တစ်ဗိုက်ဆိုရင်တော့ မင်ယူလဲအဖော်ရတာပေါ့ ''

" သားတောင်အခုမှ တစ်နှစ်ပြည့်တာမကြာသေးဘူးလေ နောက်ကလေးရှိလာရင်သားကို ဂရုစိုက်နိုင်ပါ့မလား ''

" ကျန့်ရယ် ကိုယ်ကသားကို ဂရုစိုက်မှာပေါ့ ''

"မနက်ကတောင်သားနဲ့ ရန်ဖြစ်လာတာမဟုတ်ဘူးလား ''

" ကျန့်ရယ် ကိုယ်ကအဖေပါသားကိုဂရုစိုက်ပေးမှာပါ ''

" လူနာရှောင်ကျန့် ဝင်လို့ရပါပြီ ''
သူနာပြုဆရာမရဲ့ခေါ်သံကြောင့် နှစ်ယောက်သား စကားပြတ်သွားပြီး ဆရာဝန်အခန်းထဲဝင်လိုက်သည် ။

" အာ...မတွေ့တာကြာပြီနော် ''

ဆရာဝန်လေးကနှုတ်ဆက်လိုက်တော့ ရှောင်ကျန့်တို့လဲ ပြန်နှုတ်ဆက်လိုက်ကြသည် ။

" နောက်တစ်ဗိုက်ထင်တယ် ဗိုက်တောင်နဲနဲထွက်နေပြီ ''
ဆရာဝန်က ရှောင်ကျန့်ဗိုက်ကိုမေးဆက်ပြလိုက်တော့မှ ရိပေါ်နဲ့ရှောင်ကျန့်နှစ်ယောက်သား ဗိုက်ကိုသတိထားမိတော့သည် ။

" ကျွန်တော်က ကလေးမွေးပြီးလို့ ဗိုက်ပူတာထင်လို့ ''

" သေချာအောင်စစ်ကြည့်တာပေါ့ ''

ဆရာဝန်က ရှောင်ကျန့်က်ိုသွေးပေါင်ချိန်တွေတိုင်းသည် ပြီးတော့ ဗိုက်ကိုနှိပ်ကြည့်ပြီး စမ်းသပ်လိုက်သည် ။

" ဂုဏ်ပြုပါတယ် ကလေးရှိနေပြီ အနည်းဆုံး
9ပတ်လောက်ရှိပြီ morning sickness ပြတာက နောက်ကျတယ် ကလေးပုံကိုဒီနေ့တစ်ခါတည်း ultrasound ရိုက်သွားမယ်မလား ''

"ဟုတ်ကဲ့ ''

ရှောင်ကျန်ရဲ့ ဗိုက်ကို ultrasoundရိုက်တာလေးနဲ့ ပွတ်ဆွဲလိုက်တော့ monitorပေါ်မှာ အဖြူအမည်း အရိပ်လေးပေါ်လာသည် ။

" ဒီဘက်မှပေါ်နေတဲ့ ပဲစေ့လိုဟာလေးတွေ့လား အဲ့ဒါက,ကလေးပါ ''

ဗိုက်ကိုသေချာချဲ့ကာ မိန်းကလေးလား ယောကျ်ားလေးလားစစ်ဖို့ကြည့်လိုက်သည် ။

" ဒီဘက်က ဘယ်ဘက်မှာကပ်နေတာလေးကြည့်ရတာ မိန်းကလေး ဖြစ်မယ်ထင်တယ် ''

" မိန်းကလေး ''
ရိပေါ်ရောရှောင်ကျန့်ရော နှစ်ယောက်လုံးရေရွတ်မိသည် ။

"တကယ် မိန်းကလေးလားဆရာ ''

" ဟုတ်ပါတယ် တကယ်မိန်းကလေးပါ ကလေးရဲ့ နှလုံးခုန်သံလေးနားထောင်ကြည့်ကြတာပေါ့ ''

နောက်တစ်ခါထပ်ကြားရပြန်တဲ့ ဒီနှလုံးခုန်သံလေးက သူတို့နှစ်ယောက်က်ိုမျက်ရည်ဝဲတဲ့ အထိခံစားရစေသည်။

ရှောင်ကျန့်မှာလဲကလေးပုံ ultrasound လေးကြည့်ပြီး ပီတိတွေကိုဖြာလို့ ။

" ကဲ အသွားတုန်းကတော့နှစ်ယောက်ပဲ အပြန်ကျတော့ သုံးယောက်ပေါ့ ''
ရိပေါ်ကရှောင်ကျန့်ဗိုက်ကလေးကိုပွတ်ပြီး ပြောလိုက်သည် ။

ဒီလိုနဲ့သူတို့ရဲ့ဘဝလေးထဲနောက်ထပ်မိသားစုဝင် အသစ်လေးကရောက်လာသည် ရိပေါ်ကရုံးကိုမပြန်တော့ဘဲ ရှောင်ကျန့်ကိုအိမ်လိုက်ပို့သည် ။

" သား...ဘာတဲ့နောက်ကလေးဟုတ်လား ''

"ဟုတ်တယ်တဲ့ မား နောက်တစ်ယောက်တောင်မှ မိန်းကလေးတဲ့ ''

" ဟယ်... ကောင်းတာပေါ့ ''

" အဟင့်...စားချင်တာမစားရပြန်ဘူး ကလေးနို့တိုက်တုန်းကလဲ နို့တ်ိုက်လို့အစားရှောင်ရ အခုမင်ယူနို့ပြတ်တာတောင်လပိုင်းပဲရှိသေးတယ် နောက်တစ်ဗိုက်တဲ့လား ''

"ကျန့်ရယ် ကျန့်ကအခု ဘာစားချင်လို့လဲ ''

ရိပေါ်ကမေးလိုက်တော့ရှောင်ကျန့်မျက်လုံးတွေ ဘလင်းဘလင်းဖြစ်သွားပြီး

" ကြက်ကြော် ပြီးတော့ ဂျပန်ဆာရှီမီ ''

"အင်းပါ ကိုယ်သွားဝယ်ပေးမယ်နော် ''

ရိပေါ်မှာနောက်တစ်ခေါက်အပြင်ထွက်ပြီး ဝယ်ရပြန်သည်
ကစားစရာလေးတွေနဲ့ဆော့နေတဲ့ မင်ယူကို ရှောင်ကျန့်ကချီလိုက်သည် ။

" သားလာပါဦး သားကအခုဆိုအကိုကြီးဖြစ်ပြီသိရဲ့လား
ပါးပါးရဲ့ဗိုက်ထဲမှာ သားအတွက်ညီမလေးရှိနေပြီ ''

မင်ယူလေးကတော့ ရှောင်ကျန့်ပြောတာတွေကို ပြူးတူးပြဲတဲလေးနဲ့ လိုက်ကြည့်သည် အနည်းဆုံးတော့သူနဲ့ကစားဖို့ အဖော်ရပြီလေ ။

ညနှစ်နာရီထိုးလောက်ကြီး ရှောင်ကျန့်တစ်ယောက် အိပ်မပျော်နိုင်ဘူး ဘေးကသူ့ယောကျ်ားကိုကြည့်တော့ နှစ်နှစ်ချိုက်ချိိုက် အိပ်ပျော်နေတာမှ ဟောက်တောင်ဟောက်နေသေး ။

" ယောကျ်ား...ယောကျ်ားလို့ ''

ရှောင်ကျန့်ကရိပေါ်ကိုလှုပ်နှိုးလိုက်တော့ ရိပေါ်လဲ အိပ်ချင်မူးတူးနဲ့ ခေါက်ခနဲထထိုင်လိုက်သည် ။

" အင်း..ဘာလို့လဲကျန့် ဗိုက်နာလို့လား ''

"ဟင့်အင်း ဗိုက်ဆာလို့ ''

"ဘာစားမလဲ ကိုယ်ဘာသွားလုပ်ပေးရမလဲ ''

"ဖရဲသီး ''

"ဟင်အိမ်မှာဖရဲသီးမှမရှိတာ ''

" ဖရဲသီးစားချင်တာလို့ အခုဝယ်ပေး ''

"အော်...အင်းအင်း ''

ရိပေါ်လဲကုန်းရုံးထပြီး ညနှစ်နာရီကြီး ဖရဲသီးဝယ်ဖို့သွားရသည် ။
" ယောကျ်ား အကျီဝတ်ဦးလေ ''

ညဘက်အိပ်ရင် boxer တစ်ခုပဲ ဝတ်အိပ်တက်တဲ့ ရိပေါ်ကဒီတိုင်းကြီး အခန်းပြင်ထွက်သွားတာမို့ ရှောင်ကျန့်မှာလှမ်းအော်ရသေး ။

ရိပေါ်မှာညကြီးမင်းကြီး ဗိုက်ကြီးသည်လေးတောင်းဆိုတဲ့ ဖရဲသီးရှာပုံတော်ဖွင့်ရသည် ။
" ကျန့်...ရပြီ ဖရဲသီးကတော်တော်ရှာယူရတယ် နေဦးကိုယ်ခွဲပေးမယ် ''

"ရတယ် ဖရဲသီးကိုတစ်ဝက်ဝက်ပြီး ဇွန်းပဲတပ်လိုက် ''

ရိပေါ်ကဖရဲသီးတစ်ဝက်ကိုဇွန်းတက်ပြီး ရှောင်ကျန့်ကိုပေးတော့ အားရပါးရကိုစားတာ ရိပေါ်ကဖရဲသ်ီးအစေ့တွေထွေးဖို့
သူ့လက်ကိုခံပေးသည် ရှောင်ကျန့်ကတကယ်ပဲ ဗိုက်ဆာလို့လားမသ်ိ ဖရဲသီးတစ်ဝက်ကခဏလေးနဲ့ ကုန်သွားသည် ။

ပြီးတောသူမဟုတ်သလိုပဲ ခဏလေးနဲ့အိပ်ပျော်သွားသည်
ရိပေါ်မှာလဲရှောင်ကျန့်ကိုကြည့်ပြီး အံသြနေရသည် ရှောင်ကျန့်နောက်တစ်ဗိုက်ရှိမှန်းသိတော့ အစားအသောက်တွေကိုမားကိုယ်တိုင်ပဲချက်ကျွေးသည်။

" ဝါး ဒီနေ့ ဖက်ထုပ်လား ''
မနက်စာထမင်းဝိုင်းကိုကြည့်ပြီး ရှောင်ကျန့်ကပျော်နေသော်လဲ ရိပေါ်ကတော့ ရှောင်ကျန့်ပင်ပန်းမှာစိုးလို့ သားအတွက်မနက်စာကျွေး နို့တိုက်ပြီးမှရုံးကိုသွားသည် သားကိုသူ့ပေါင်ပေါ်တင်ပြီး နို့တိုက်နေတုန်းရှောင်ကျန့်က မနက်စာတောင်စားနေပြီ ။

ဖက်ထုပ်ကို တစ်ခါတည်းသုံးလေးခုစားသည် ခါတိုင်းအစားကို နဲနဲပဲစားတဲ့ရှောင်ကျန့်ကတထိုင်ထဲနဲ့ ဖက်ထုပ်ကိုအများကြီး ထိုင်စားနေတော့သည် ။

" မား....ထပ်ထည့်ပေးဦး ''

" ကျန့်....ဒါနဲ့ဆိုသုံးပွဲ..''

"အော် သူခံတွင်းလိုက်တုန်းလေးစားပါစေ ''

ရိပေါ်မှာဖက်ထုပ်ပန်းကန်တစ်ဝက်မကျိုးသေးဘူး ရှောင်ကျန့်ကသုံးပန်းကန်လောက်စားပြီးနေပြီ ။

" ရ်ိပေါ် သားကိုကျန့်နဲ့ထားခဲ့ ရုံးသွားမှာမလားသွားလေ ''

ရိပေါ်လဲ သားကိုကျန့်ဆီပေးခဲ့ပြီး ရုံးသွားဖို့ထွက်လာခဲ့သည် ။

" ယောကျ်ားရုံးဆင်းရင်ဆေးရုံသွားရမှာနော် ''
ရုံးသွားခါနီးရိပေါ်မေ့သွားမှာစိုး၍ သတိလှမ်းပေးလိုက်သည် တဖြေးဖြေးနဲ့လရလာတဲ့ ဗိုက်ကြီးသည်လေးက အသေအလဲကိုလဲစားပါသည် ။

ရိပေါ်တို့သားကိုခေါ်ပြီး ဆေးရုံသွားပြကြသည် ရှောင်ကျန့်ရဲ့ဒုတိယဗိုက်မို့လို့လား အစားပဲအများကြီးစားလို့ ဗိုက်ပူတာလား မကွဲရအောင်ကို ဗိုက်လုံးလုံးလေးကထွက်လို့

"ရိပေါ် ကျန့်...ဟမ်ဘာဂါ စားချင်တယ်''

"ကိုယ်​သွားဝယ်လိုက်မယ်လေ ''

" ဟင့်အင်း ဆိုင်မှာထိုင်စားမယ် ''

ရှောင်ကျန့်ကစားချင်တယ်ဆိုလို့ starbucksကို လိုက်ပို့ရသည် ရိပေါ်မှာရှောင်ကျန့်မှာတဲ့ ဘာဂါနဲ့ကိုလာရယ် သားအတွက်ရေခဲမုန့်ရယ် သွားဝယ်ပြီးပြန်လာရသည် ။

သားကိုရေခဲမုန့်ကျွေးနေတုန်းပဲရှိသေး ရှောင်ကျန့်လက်ထဲကဘာဂါကအစနပင်မရှိတော့ ။

" ယောကျ်ား...ဟို sandwichလေး စားကောင်းမယ်ထင်တယ် သွားမှာပေးပါဦး ''

ရိပေါ်လဲရှောင်ကျန့် စိတ်ချမ်းသာပါစေဆိုပြီး သူစားချင်တာတွေထထမှာပေးရသည် နောက်ဆုံးမှာတော့ ဘာဂါ၃ခုနဲ့ ဆန်းဒစ်၄ခုစားအပြီးမှာ ရပ်တော့သည် ။

" ဝါး ဗိုက်ပြည့်သွားပြီ ''

' အင်း....ပြည့်လဲပြည့်ဦးမှလေ စားထားတာလဲ ကြည့်ပါဦး'
ရိပေါ်စိတ်ထဲကအသံတိတ်ပဲပြောလိုက်သည် မဟုတ်ရင် ရှောင်ကျန့်လက်ဆစ်နဲ့ ရိပေါ်ခေါင်းညားတော့မယ်လေ
ဗိုက်ထဲက,ကလေးကလဲ ဘယ်တုန်းထဲကငတ်ပြတ်လာလဲ မသိ ။

ရိပေါ်ကတော့နောက်တစ်ဗိုက်ရတာတောင်စိုးရိမ်တုန်း ရှောင်ကျန့်ကိုလဲမင်ယူ့ကိုလုံးဝပေးမချီခိုင်းတော့ပေ မင်ယူကလဲ အရင်ကရိပေါ်နဲ့ဆို တကျက်ကျက်ဖြစ်ပေမယ့် အခုတော့ရိပေါ်နဲ့တည့်လို့ လိုက်လဲလိုက်တဲ့သားအဖ ။

မင်ယူ့ကို ကုတင်ပေါ်တင်ထားပြီး ကုတင်အောက်နားမှာ ရိပေါ်က ကုတင်ကိုမှီပြီးထိုင်နေသည် ။
" ယောကျ်ား ခြေထောက်ဆန့် ''

"ဘာလို့လဲ ကျန့် ''

"ယောကျ်ားပေါ်အိပ်မလို့ ''
ရိပေါ်ခြေထောက်ဆန့်လိုက်တော့ ရှောင်ကျန့်ကရိပေါ်ပေါင်ပေါ်လှဲအိပ်လိုက်သည် ရိပေါ်ကရှောင်ကျန့်ဆံပင်လေးကို သပ်ပေးလိုက်တော့ ရှောင်ကျန့်က သူ့ဗိုက်ပူပူလေးကိုပွတ်သပ်သည် ။

" ရိပေါ်သိလား သူများတွေပြောတယ် ယောကျ်ားလေးဗိုက်ဆိုချွန်တယ် မိန်းကလေးဗိုက်ဆို လုံးတယ်တဲ့ အခုလိုဗိုက်ကလုံးလုံးလေးဖြစ်နေတော့ အထဲမှာသမီးလေးက ကောင်းကောင်းရှိနေလို့နဲ့
တူတယ်နော်''

" အင်းဟုတ်တယ် ဟိုကောင်နဲ့တုန်းကများကွာပါ့ ဟိုကောင်တုန်းက အားနေကန်နေတာ အခုသမီးလေးကတော့လိမ္မာမယ့်ပုံပဲ ''

"ရိပေါ်ကလဲ သားကလဲလိမ္မာပါတယ် ''

"အင်းပါ အင်းပါ ''

မင်ယူလေးက သူ့အကြောင်းပြောတာသိလို့နဲ့တူတယ် ရိပေါ်တို့အနားရောက်လာပြီး ရိပေါ်ခေါင်းပေါ်ကို အတင်းကုတ်ကပ်တော့သည် ။

" ဝမ်မင်ယူရေ ငြိမ်ငြိမ်နေစမ်း ပြုတ်ကျမယ် ''
ရိပေါ်ပြောတာကိုမကျေနပ်တဲ့ မင်ယူက ရိပေါ်ရဲ့နားကို အနည်းငယ်ထွက်စပြုနေတဲ့ သွားလေးနဲ့ကိုက်သည် ။

" အ့...အ့..အား ဝမ်မင်ယူ ဘာလို့ကိုက်နေတာလဲ ''
အားရသွားဟန်ပြုသွားတဲ့ မင်ယူကအဝကိုက်ပြီးမှ လွှတ်လိုက်သည် ရိပေါ်ကတော့မင်ယူကိုက်လို့ နာသွားတဲ့သူ့နားရွက်လေးကိုပွတ်ဆွဲလို့ ။

"တွေ့လား ကျန့်ရဲ့သားလား လိမ္မာတာ ''

" ရိပေါ်ရယ် သားကသွားထွက်ခါနီးဆိုတော့ သွားယားလို့နေမှာပါ အုံဖွ ငါ့ယောကျ်ားနားရွက်လေး''

ရှောင်ကျန့်ကရယ်ပြီး ရိပေါ်နားရွက်လေးကိုင်ကာ အုံဖွလုပ်ပေးတော့ရိပေါ်မှာသွားကြီးဖြီးလို့ ။

"ဒါလေးကသမီးလေးဆိုတော့ မင်ယူလေးနဲ့ အဆင်ပြေပါ့မလား ''

" ပြေမှာပါ ပြေရမှာပေါ့ သူကအကိုကြီးပဲဟာ ပြီးတော့သမီးလေးကို ယောကျ်ားလေးတွေနဲ့ ကျောင်းအတူမထားဘူး ''

" ဟင်ဘာလို့လဲ ယောကျ်ားရဲ့ ''

"မွေးထားကမိန်းကလေးလေ ယောကျ်ားလေးတွေနဲ့အတူ
ကျောင်းထားစရာလား မထားဘူး မိန်းကလေးကျောင်းပဲ ထားမယ် ''

"ဒါဆိုမောင်နှမ နှစ်ယောက်ကျောင်းမတူဘဲနေမှာပေါ့ ''

"မတူလဲနေပါစေ သမီးကိုဥထားရမာပဲ ဒီခေတ်ယောကျ်ားလေးတွေက စိတ်ချရတာမဟုတ်ဘူး ''

" အော်... ရိပေါ်ရယ် ''
ရှောင်ကျန့်မှာရိပေါ်ကိုကြည့်ပြီး ရယ်မိပြန်သည် မမွေးရသေးတဲ့သမီးရဲ့ရှေ့ရေးအတွက်ပါကြိုတွေးပူနေတဲ့ ရှောင်ကျန့်ယောကျ်ားက သဝန်တိုစရာတစ်ခုတိုးလာပြီတဲ့လား ။

edaz
4:55 a.m.

_______________<<<<<______________

Continue Reading

You'll Also Like

338K 18.4K 56
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
372K 17.1K 65
Love is a thing that if you'll find, never can see it but you will meet this nearly or by chance.
434K 37.8K 39
Yizhan Historical Start Date-14.10.2021 End Date-22.11.2021 :The contents of this fiction are not intended to offend the idol: