The Legendary Master's Wife (...

By Sailor_Moon_94

786K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... More

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 246
CHAPTER 247
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 287
CHAPTER 288
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 295
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 240

9.1K 1.5K 92
By Sailor_Moon_94

Zawgyi ver...



လာဘ္တိတ္ေစေသာ အထင္ကရ ဆိုင္ခန္းေနရာ ေလးခု ....












တစ္ေယာက္ခန္းသို႔ ေျပာင္းေရႊ႔ၿပီးၿပီးခ်င္းပင္ ယူေ႐ွာင္မိုတစ္ေယာက္ အခန္းအတြင္း႐ွိ ထူးျခားမႈအား စတင္ ခံစားရေလ၏။








အခမဲ့အခန္းသည္ ယခုအခန္းႏွင့္ ယွဥ္လို႔ပင္မရေပ.. အခန္းအတြင္းသို႔ ဝင္လိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ အားေကာင္းေသာ အေငြ႔အသက္တစ္ခုမွ သူ၏မ်က္ႏွာအား လာေရာက္႐ိုက္ခတ္သည္ကို ခံစားရေလ၏၊ ထို႔ေၾကာင့္ ယူေ႐ွာင္မိုသည္ ဤအခန္းအတြင္း႐ွိ စိတ္စြမ္းအင္ပမာဏသည္ သူ၏နယ္ေျမအတြင္း႐ွိ စြမ္းအင္ပမာဏႏွင့္ ႏိႈင္းယွဥ္လ်ွင္ အတူတူေလာက္ပင္ ျဖစ္ေပလိမ့္မည္ဟု ခန္႔မွန္းလိုက္ေလသည္။





အကယ္၍ တစ္ေယာက္ခန္းတြင္း႐ွိ စြမ္းအင္အေငြ႔အသက္သည္ ဤမ်ွသိပ္သည္းေနပါက လံုးခ်င္းအေဆာင္မ်ားအတြင္း႐ွိ စိတ္စြမ္းအင္ပမာဏသည္ မည္မ်ွသိပ္သည္းမည္မွာ ခန္႔မွန္းစရာေနပင္ မလိုေတာ့ေပ ။

လူအမ်ားသည္ အဘယ္ေၾကာင့္ အမွတ္မ်ားရရန္ ျပင္းျပင္းထန္ထန္ ျကိဳးစားေနၾကသည္ကို ယူေ႐ွာင္မို ႐ုတ္တရက္ သေဘာေပါက္သြားေလ၏၊ ေက်ာင္းသားမ်ားသည္ ဤသို႔ေသာ အခန္းမ်ိဳး၌သာ က်င့္ၾကံမည္ဆိုပါက တစ္ဝက္ခန္႔အားစိုက္ထုတ္လ်ွင္ပင္ ပံုမွန္ထက္ႏွစ္ဆ အက်ိဳးမ်ားႏိုင္ေပ၏။


မည္သို႔ပင္ဆိုေစကာမူ ဤတစ္ေယာက္ခန္းသည္ ယူေ႐ွာင္မိုအတြက္ အက်ိဳးမ႐ွိေပ၊ ယူေရွာင္မိုသည္ က်င့္ၾကံလိုလ်ွင္ သူ၏ နယ္ေျမထဲသို႔ ဝင္သြားလိုက္ရံုပင္ ျဖစ္၏၊ ထို႔ေၾကာင့္ သူသည္ ပို၍ေကာင္းေသာ လံုးခ်င္းအေဆာင္သို႔ ေျပာင္းေရႊ႕ႏိုင္ရန္အတြက္ အမွတ္မ်ား ထပ္မံရ႐ွိေအာင္ ႀကိဳးစားရမည္ဟု ေတးထားလိုက္၏။

ပစၥည္းမ်ား ေနရာခ်ၿပီးေသာအခါ ယူေ႐ွာင္မိုသည္ သူ၏နယ္ေျမတြင္းသို႔ ဝင္သြားေလ၏၊ ယခုမူ သူတစ္ေယာက္တည္းသာ ႐ွိေနေသာေၾကာင့္ သူ၏ ခ်ိဳအသင္းအား အျပင္ထုတ္၍ စိတ္ေျပလက္ေပ်ာက္ ေလ့က်င့္ခန္းလုပ္ခိုင္းရန္ အၾကံရေပသည္၊ သို႔ေသာ္ အဖြဲ႔ဝင္ေလးေယာက္အနက္ အျပင္ထြက္လိုသူမွာ ဖီခ်ိဳတစ္ေကာင္တည္းသာ ႐ွိ၏။

ယခုအခ်ိန္တြင္ ဖီခ်ိဳသည္ သူတာဝန္ယူထားရေသာ ေဆးပင္ေရေလာင္းရသည့္ အလုပ္မ်ား ျပီးဆံုးကာစ အခ်ိန္ ျဖစ္၏၊ သူသည္ အျခားသူမ်ားထက္ လြန္စြာတက္ႂကြေနၿပီး နယ္ေျမအတြင္း ေနထိုင္ရသည္မွာလည္း အလြန္ပင္ ၿငီးေငြ႔ေနၿပီျဖစ္ေသာေၾကာင့္ အျပင္သို႔ထြက္ရန္ ခြင့္ေတာင္းေလ၏၊ ထို႔ေၾကာင့္ ယူေ႐ွာင္မိုမွ ၎အား အျပင္ထုတ္ေပးလိုက္ေသာအခါ ဖီခ်ိဳသည္ ၎၏နာမည္ 'ရာဘာေဘာလံုး' ဆိုသည္အတိုင္း ေလ်ွာက္လွိမ့္ေနေလေတာ့၏၊ အခန္းတစ္ပတ္လွိမ့္သည္၊ အိပ္ယာေအာက္ လွိမ့္သည္၊ ဟိုမွသည္မွ စသည္ျဖင့္ အဆံုးမ႐ွိ ေလ်ွာက္လွိမ့္ေနေလေတာ့သည္။


ယူေ႐ွာင္မို ေဆးလံုးေဖာ္ခ်င္ေသာ္ျငား တတပ္တပ္ ျမည္ေနေသာအသံေၾကာင့္ အာရံုစိုက္၍မရေပ၊ တစ္ခါတစ္ရံ ဖီခ်ိဳသည္ သူ႔ေျခေထာက္ေပၚသို႔ပင္ ျဖတ္၍ လွိမ့္ေနလိုက္ေသး၏၊ ထိုအေျခအေနမ်ိဳး၌ ယူေ႐ွာင္မိုတစ္ေယာက္ စိတ္ေအးလက္ေအးျဖင့္ ေဆးေဖာ္ႏိုင္လိမ့္မည္ မဟုတ္ေပ ။






ေနာက္ဆံုးတြင္ ယူေ႐ွာင္မိုသည္ ဖီခ်ိဳအား မ၍ သူ႔အေ႐ွ႕၌ခ်ေလ၏၊ ထိုအခါ ဖီခ်ိဳသည္ အႏၱရာယ္အေငြ႔အသက္အား ခံစားမိေနသေယာင္ ယူေ႐ွာင္မို သူ႔အား မလိုက္သည့္ အခ်ိန္ကတည္းက သူ၏မူလပံုစံ ေသြးျပာဝံပုေလြ အေသးစားေလးအျဖစ္ ျပန္ေျပာင္းၿပီးႏွင့္ၿပီ ျဖစ္သည္၊ ထို႔ေနာက္ ယူေ႐ွာင္မိုေ႐ွ႕တြင္ မိေထြးေ႐ွ႕၌ အဆူခံရန္ ရပ္ေနရေသာ ေမြးစားသမီးေလးအသြင္ျဖင့္ ရပ္ေနေလ၏။



" ငါမင္းကို ေရြးခ်ယ္စရာႏွစ္ခု ေပးလိုက္မယ္!

တစ္ခုက မင္းကို နယ္ေျမထဲျပန္ပို႔ပစ္ဖို႔နဲ႔.. ေနာက္တစ္ခုက မင္း တိတ္တိတ္ေနဖို႔..

ငါ မင္းဆူဆူညံညံ အသံေတြ ထပ္လုပ္တာသာ ၾကားရဲၾကားၾကည့္.. မင္းကို ေ႐ွာင္ေဟးအခန္းထဲမွာ ဆယ္ရက္ကေန တစ္လခြဲေလာက္အထိ ပိတ္ထားပစ္မယ္

ေရြးလိုက္စမ္း! "






ထိုသို႔ေျပာဆိုၿပီးေနာက္ ယူေ႐ွာင္မိုသည္ အလြန္အမင္း စိတ္ေက်နပ္သြားရေလေတာ့၏၊ လင္းေ႐ွာင္သည္ သူ႔အား အျမဲတမ္းလိုလိုပင္ ေရြးခ်ယ္စရာႏွစ္ခုေပးရသည္ကို ႀကိဳက္ႏွစ္သက္သည္မွာ အ့ံျသစရာမ႐ွိေတာ့ေပ ၊ ထိုအရာသည္ တစ္စံုတစ္ေယာက္အား အလြန္႔အလြန္ပင္ စိတ္ေက်နပ္ေစေလ၏၊ မထင္မွတ္ပါပဲ... ယူေရွာင္မို၏ စိတ္ေက်နပ္မႈမ်ားသည္ ဖီခ်ိဳ၏ ခံစားရျခင္းမ်ားမွ ျမစ္ဖ်ားခံေနေလသည္ ။

(A/N: ေ႐ွာင္မိုမိုတစ္ေယာက္ ေနာက္ဆံုးေတာ့ သူ႔လင္လင္ရဲ႕အက်င့္ဆိုးေတြ ကူးစက္သြားပါၿပီ ။ Boss ကတကယ့္ကို လႊမ္းမိုးႏိုင္ေသာေနာ္ ^•^
ဒါကေတာ့ စံုတြဲေတြဟာ အေနၾကာလာေလ အမူအက်င့္ေတြ ဆင္တူလာေလ ဆိုတာကိုျပတဲ့ အေကာင္းဆံုးသက္ေသပါပဲ႐ွင္... )

ထိုအခါ ဖီခ်ိဳေလးသည္ မ်က္ရည္မ်ားဝဲတက္လာၿပီး ေခါင္းကိုအေ႐ွ႕သို႔ ငိုက္ကာ တ႐ွံု႔႐ွံု႕လုပ္ေနေလေတာ့၏။



စကားလံုးမ်ားမပါေသာ္လည္း ၎၏အေျဖမွာ ႐ွင္းလင္းေနျပီျဖစ္သည္။






ယူေ႐ွာင္မိုသည္ ၎၏ေခါင္းအား ပုတ္လိုက္ၿပီး ...

" ဖီခ်ိဳရား .. ေတာ္လိုက္တဲ့ေကာင္ေလး!

မင္းက တမင္ သနားစရာေကာင္းေအာင္ သ႐ုပ္ေဆာင္ျပေနတယ္ ဆိုရင္ေတာင္မွ ငါကအမွန္တရားကို ေဖာက္ထြင္းၿပီးေတာ့ မျမင္ရပါဘူးေနာ္ \0/ "




ဖီခ်ိဳ:" .............. "





______________


ဖီခ်ိဳအား ေဘးတြင္ထားလိုက္ျပီးေနာက္ ယူေ႐ွာင္မိုသည္ ေဆးေဖာ္ရန္ စတင္ျပင္ဆင္ေလ၏ ။


သူ႔ထံ၌ လင္းေ႐ွာင္အားေပးရန္ ခ်န္ထားသည့္ ယြန္ယန္ေဆးတစ္ပုလင္း က်န္ေနေသး၏၊ သူသည္ အရင္က ေဟာ့ရႊီ ႏွင့္ က်န္းယန္ေဆးတို႔၏ ေဖာ္စပ္နည္းမ်ားအား ေလ့လာခဲ့ဖူးေသာေၾကာင့္ ထိုေဆးနွစ္မ်ိဳးအား အရင္ေဖာ္ရန္ ဆံုးျဖတ္လိုက္ေလသည္။


ပထမဆံုးအေနျဖင့္ ယူေ႐ွာင္မိုသည္ က်န္းယန္ေဆးေဖာ္ရန္အတြက္ လိုအပ္ေသာ ကုန္ျကမ္းပစၥည္း ငါးစံုအား စားပြဲေပၚ၌ ျဖန္႔၍ တင္ထားလိုက္သည္၊ ယခုအခ်ိန္တြင္ ေဆးေဖာ္ရာ၌ ယူေ႐ွာင္မို၏ ေအာင္ျမင္မႈႏႈန္းမွာ တစ္ရာရာခိုင္ႏႈန္းအျပည့္ ျဖစ္ေပရာ ေဆးပင္မ်ား ေလလြင့္ဆံုး႐ွံုးမႈအား ထည့္သြင္းစဥ္းစားေနရန္ မလိုေတာ့ေပ ။





ဤေက်ာင္း၌ ေဆးေဖာ္သူမ်ား အမ်ားအျပား႐ွိၿပီး အေရာင္းအဝယ္ေကာင္းေသာ ဆိုင္ခန္းေနရာမ်ားလည္း မ်ားျပားေသာေၾကာင့္ ေဆးေဖာ္ေရာင္းသူ ေမွာ္ဆရာအသစ္ကေလးမ်ားမွာ ပို၍ပို၍သာ ၾကပ္တည္းလာေနၾကေတာ့သည္၊ ထိုအထဲမွ ေအာင္ျမင္သူမ်ားမွာ အနည္းငယ္သာ ႐ွိေလ၏၊ ထို႔ေၾကာင့္ ေမွာ္ဆရာမ်ားသည္ မိမိေဆးလံုးမ်ားအား ဝယ္သူမ်ား အႀကိဳက္ေတြ႔ေစရန္ အရည္အေသြး ပိုမိုေကာင္းမြန္လာေအာင္ ျပဳလုပ္ၾကရၿပီး အခ်ိန္ႏွင့္ အင္အားမ်ား ပို၍ စိုက္ထုတ္ၾကရေလ၏ ။



ထို႔ေၾကာင့္ ယူေ႐ွာင္မိုသည္ ေမွာ္ေဆးပင္မ်ားအား အႀကိမ္မ်ားစြာ သန္႔စင္ရန္ လိုအပ္သည္ဟု ေတြးမိေလ၏၊ ပံုမွန္ဆိုလ်ွင္ သူသည္ ေဆးပင္မ်ားအား ေလးငါးႀကိမ္သာ သန္႔စင္ေသာ္လည္း ယခုအခ်ိန္တြင္မူ ေျခာက္ႀကိမ္ခန္႔ သန္႔စင္ရန္ ဆံုးျဖတ္လိုက္ေလသည္၊ အလုပ္ျမန္ျမန္ ၿပီးေျမာက္ေစရန္အလို႔ငွါ ယူေ႐ွာင္မိုသည္ ေဆးပင္အေျမာက္အမ်ားအား တစ္ၿပိဳက္နက္တည္း သန္႔စင္ေလေတာ့၏ ။


ယခင္တုန္းက ယူေ႐ွာင္မိုသည္ ထိုအရာအား အခ်ိန္ေႁခြတာရန္ ျပဳလုပ္ခဲ့ဖူးေသာ္လည္း ေဆးပင္အေျမာက္အမ်ား ဆံုး႐ွံုးခဲ့ရေလ၏၊ သို႔ေသာ္ ထိုအခ်ိန္မွစ၍ သူ၏ က်႐ွံုးမႈႏႈန္းသည္ နည္းသထက္နည္းလာၿပီး ယခုမူ ေဆးပင္ ၈ ပင္ကိုပင္ တစ္ၿပိဳင္နက္တည္း သန္႔စင္ႏိုင္ေနၿပီျဖစ္သည္ ။

ဖီခ်ိဳသည္ နယ္ေျမထဲသို႔ ျပန္အပို့ မခံလိုေသာေၾကာင့္ စားပြဲေပၚ၌ ထိုင္ခ်လိုက္ၿပီး ယူေ႐ွာင္မို ေဆးေဖာ္ေနသည္ကိုသာ သူ၏မ်က္လံုးရြဲႀကီးမ်ားျဖင့္ မ်က္ေတာင္မခတ္ပဲ ထိုင္ၾကည့္ေနေလေတာ့၏၊ ထိုအခ်ိန္တြင္ သူ၏ သခင္ေလးသည္ ေဆးအိုးအတြင္းသို႔ ေဆးပင္တစ္စုအား ပစ္ထည့္ေနေလသည္၊ ထိုအခါ ဖီခ်ိဳသည္ ၾကမ္းျပင္ေပၚ႐ွိ သူ၏ေဆးပင္မ်ားအား ကူညီ ၾကည့္႐ႈေပးရန္ ဆံုးျဖတ္လိုက္ေလ၏၊ ဖီခ်ိဳသည္ ၎ေဆးပင္မ်ားထဲမွ တခ်ိဳ႕တေလ၏ အမည္ကို သိေသာ္လည္း ထိုေဆးပင္တို့၏ အသံုးဝင္ပံုကိုမူကား မသိေသးေပ ။


ေဆးပင္သန္႔စင္ရာ၌ ယူေ႐ွာင္မို၏ အ႐ွိန္ႏႈန္းသည္ အထူး ျမန္ဆန္ေပသည္၊ ေဆးပင္မ်ားအား ေျခာက္ႀကိမ္တိတိ သန္႔စင္ေသာ္လည္း သူ၏အေတြ႔အၾကံဳမ်ားအရဆိုလ်ွင္ အရွိန္ႏႈန္းမွာ တစ္ေခါက္ထပ္တစ္ေခါက္ ပို၍ ျမန္လာေလ၏၊ အခ်ိန္ႏွစ္နာရီခန္႔ ၾကာၿပီးေသာအခါ က်န္းယန္ေဆးငါးလံုးသည္ ေဆးအိုးအတြင္းမွ ထြက္ေပၚလာေလေတာ့သည္၊ မည္သည့္ ကုန္ၾကမ္းပစၥည္းမွ ေလလြင့္ပ်က္စီးသြားျခင္းမ႐ွိပါပဲ ေဆးလံုးမ်ားသည္ ပုလင္းအတြင္းသို႔ ေရာက္႐ွိသြားျကၿပီ ျဖစ္သည္၊ ထို႔ေနာက္ ယူေ႐ွာင္မိုသည္ ေဟာ့ရႊီေဆး ေဖာ္ရန္အတြက္ ကုန္ၾကမ္းပစၥည္း ဆယ္စံုအား ထုတ္ယူလိုက္ေလသည္ ။

ေဟာ့ရႊီေဆးေဖာ္ရန္ အဆင့္ဆင့္မွာ က်န္းယန္ေဆးထက္ ႐ိုး႐ွင္းလြယ္ကူေသာေၾကာင့္ ၎တို႔အား အၿပီးသတ္ရန္ ႏွစ္နာရီခြဲမ်ွသာ အခ်ိန္ယူရေလသည္၊ ထို႔ေနာက္သူသည္ ယြန္ယန္ေဆးဆယ္လံုးခန္႔ကိုလည္း ထပ္မံ၍ ျပဳလုပ္လိုက္ေသး၏ ။




အားလံုးၿပီးစီးသြားေသာအခ်ိန္၌ မိုးစင္စင္လင္းလုၿပီ ျဖစ္သည္၊ ထို႔ေၾကာင့္ ယူေ႐ွာင္မိုသည္ အိပ္မေနေတာ့ပဲ အေၾကာတစ္ခ်က္ ဆန္႔လိုက္ၿပီးေနာက္ ေမွာ္ေရကန္မွ ေရတစ္စက္အားေသာက္၍ သူ၏ ဝိဥာဥ္အား ျပန္လည္ အားျဖည့္လိုက္ကာ ထိုေဆးပုလင္းသံုးလံုးအား ယူ၍ အေဆာင္အျပင္သို႔ ထြက္လာခဲ့ေလ၏၊ ဖီခ်ိဳသည္ နယ္ေျမအတြင္းသို႔ ျပန္မဝင္လိုေပ၊ ထို႔အျပင္ ယူေ႐ွာင္မိုသည္လည္း သူ႔အား အခန္းထဲတြင္တစ္ေကာင္တည္း ထားခဲ့ရန္ စိတ္မခ်ေသာေၾကာင့္ သူ၏ အက်ီလက္အတြင္းသို႔ ထည့္၍ တစ္ပါတည္း ေခၚေဆာင္လာခဲ့ေလေတာ့၏ ။























........... .......



















မိုးေကာင္ကင္သည္ တိတိပပ ထြန္းလင္းဖို႔ရာ ေစာလြန္းေနေသးေသာ္ျငား လမ္းမေပၚ၌ လူအခ်ိဳ႕အား စတင္ေတြ႔႐ွိေနရၿပီ ျဖစ္သည္၊ ထို႔အျပင္ အမ်ားစုမွာ အုပ္စုလိုက္သြားလာေနၾကၿပီး တစ္ကိုယ္ေတာ္သြားလာေနျကသူမ်ားလည္း အနည္းငယ္ခန္႔ ႐ွိ၏၊ အမ်ားစုသည္ သတ္ျဖတ္လိုစိတ္မ်ား အျပည့္ လႊမ္းျခံဳေနေလသည္ ။





မနက္ေစာေစာပင္ျဖစ္ေသာ္လည္း ဆိုင္ခန္းမ်ား ငွါးရမ္းေပးရေသာ အႀကီးအကဲဝမ္သည္ ၎တာဝန္က်ရာေနရာ၌ ေရာက္ႏွင့္ေနၿပီးျဖစ္သည္၊ ၎တို႔၏ အသက္အရြယ္တြင္ က်င့္ၾကံသူမ်ားသည္ သာမာန္လူမ်ားကဲ့သို႔ အိပ္စက္အနားယူျခင္းတို႔ကို မျပဳလုပ္ၾကေတာ့ေပ၊ ထိုအစား က်င့္ၾကံျခင္း ေဆးလံုးေဖာ္ျခင္းတို႔ျဖင့္သာ အခ်ိန္ကုန္ဆံုးေလ့႐ွိၾကၿပီး ေနာက္တစ္ေန႔မနက္တြင္လည္း အားအင္ကုန္ခမ္းႏြမ္းနယ္ျခင္းမ႐ွိပဲ အေကာင္းပကတိအတိုင္း ေနနိုင္ျကေပသည္ ။

ယူေ႐ွာင္မိုသည္ မည္သူမ်ွ အလိုမ႐ွိေသာဆိုင္ခန္းအား ငွါးရမ္းလိုသည့္အေၾကာင္း ၾကားေသာအခါ အႀကီးအကဲဝမ္သည္ အလြန္ အံ့ျသသြားရေတာ့၏၊ တစ္စံုတစ္ေယာက္မွ ထိုေထာင့္ေနရာ႐ွိ ဆိုင္ခန္းမ်ားအား လာေရာက္ငွါးရမ္းခဲ့သည္မွာ အလြန္႔အလြန္ ၾကာျမင့္လွၿပီးျဖစ္ၿပီး ထိုေနရာမ်ားမွ အျမတ္အစြန္း တစ္စံုတစ္ရာ မရ႐ွိေတာ့သည္မွာ အလြန္ၾကာေညာင္းလွၿပီ ျဖစ္ေသာေၾကာင့္ အႀကီးအကဲဝမ္သည္ ၎ဆိုင္ခန္းမ်ားအား လက္လႊတ္ရေတာ့မလိုပင္ ျဖစ္ေနခဲ့၏၊ သို႕ျဖစ္ေသာေျကာင္႔ ယခု ထိုေနရာအား တစ္စံုတစ္ေယာက္မွ ငွါးရမ္းလိုသည္ဟု ေျပာလာသျဖင့္ အလြန္ အံ့ျသေနရျခင္း ျဖစ္ေပသည္ ။



သို႔ေသာ္လည္း အံ့ျသေျကာင္း စကားတစ္ခြန္းမ်ွ မဆိုပဲ ရယ္ေမာကာျဖင့္ သူ၏စုတ္တံအား ကိုင္ေျမႇာက္ကာ လိုအပ္သည္မ်ားအား ေမးျမန္းေလသည္ ။



"ေက်ာင္းသား နာမည္က ဘယ္လိုေခၚလဲ? ဆိုင္ခန္းကိုေရာ ဘယ္ႏွစ္ရက္ ငွါးရမ္း ခ်င္တာလဲ ? "



" ကြၽန္ေတာ့နာမည္က ယူေ႐ွာင္မိုပါ.. ဆိုင္ခန္းကို ဒီေန႔ကစၿပီး ငါးရက္ ငွါးပါ့မယ္ "



သူ႔ထံ၌ စုစုေပါင္း ၂၅မွတ္ က်န္ေနေသးေသာ္လည္း လိုရမယ္ရ ၁၅မွတ္ခန္႔ ခ်န္ထားလိုေသးသည္၊ ထို႔ျပင္ သူ႔ထံမွ ေဆးလံုးမ်ားဝယ္မည့္သူ ႐ွိမ႐ွိကိုလည္း မခန္႔မွန္းႏိုင္ေသးေသာေၾကာင့္ ဆိုင္ခန္းအား ၅ရက္အတြက္သာ ငွါးထားလိုက္ေလသည္ ။

စာရင္းေရးလုဆဲဆဲ အႀကီးအကဲဝမ္၏လက္သည္ ေလထဲ၌ရပ္တန္႔သြားၿပီးေနာက္ ယူေ႐ွာင္မိုအား စူးစမ္းလိုသည့္အၾကည့္မ်ားျဖင့္ ေမာ့ၾကည့္လာေလ၏၊ ထို႔ေနာက္ ေခတၱၾကာေသာအခါမွသာ ယူေ႐ွာင္မိုအား မွတ္မိသြားပံုရၿပီး ဆိုင္ခန္းနံပါတ္ေရးထိုးထားေသာ ေက်ာက္ျပားတစ္ခုအား ထုတ္ေပးေလ၏ ။


" ဒီပစၥည္းက ဆိုင္ခန္းရဲ႕နံပါတ္နဲ႔ ဆိုင္ခန္းငွါးထားတယ္ဆိုတဲ့ အမွတ္မသားပဲ.. ေနာက္ ၅ရက္ေနရင္ေတာ့ ျပန္အပ္ဖို႔ မေမ့ပါနဲ႔ "




ယူေ႐ွာင္မို ေက်ာက္ျပားအား ယူလိုက္ေသာအခါ နံပါတ္ ၂၃၄ ဟုေရးထိုးထားသည္ကို ျမင္ရေလသည္၊ မေန႔က လင္းေ႐ွာင္ႏွင့္ အတူ ဆိုင္ခန္းမ်ားအား လွည့္လည္ၾကည့္႐ႈခဲ့စဥ္ကလည္း ထိုကဲ့သို႔နံပါတ္မ်ားအား ဆိုင္ခန္းတိုင္းတြင္ ေရးထိုးထားသည္အား အမွတ္ရလိုက္ေပ၏ ။

ထို႔ေနာက္ သူ၏လက္မ်ားအား ရင္ဘတ္ေ႐ွ႕တြင္ယွက္လိုက္ၿပီး

" ေက်းဇူးမ်ားႀကီးတင္ပါတယ္ အႀကီးအကဲဝမ္... ဒီကေက်ာင္းသားကို သြားခြင့္ျပဳပါဦး .. "





ယူေ႐ွာင္မို ထြက္ခြာသြားသည့္အခါ အႀကီးအကဲဝမ္သည္ ၎၏ေနရာ၌ ေခတၱမ်ွ ရပ္ေနေသး၏၊ ထို႔ေနာက္ သူ၏ လက္ေထာက္အား အျမန္ လွမ္းေခၚလိုက္ၿပီး ၎အား မွာစရာ႐ွိသည္မ်ား မွာၾကားၿပီးေသာအခါ ကတိုက္က႐ိုက္ ထြက္ခြာသြားေလေတာ့သည္။




ထိုအခ်ိန္တြင္ ယူေ႐ွာင္မိုသည္ ေက်ာက္ျပားအား ယူေဆာင္ကာ ဆိုင္ခန္းဆီသို႔ ထြက္ခြာသြားၿပီ ျဖစ္သည္ ။

အတန္ျကာ လွည့္ပတ္႐ွာျပီးေနာက္ ဆိုင္ခန္းအား ေတြ႔ေသာအခါ ယူေ႐ွာင္မိုသည္ ၎ယူေဆာင္လာေသာ ေဆးပုလင္းသံုးပုလင္းအား စားပြဲေပၚ၌ တင္ထားလိုက္၏၊ ထို႔ေနာက္ ေဆးႏွစ္လံုးအား ထုတ္ယူကာ ဖန္ပုလင္းအၾကည္ထဲသို႔ ထည့္၍ အေ႐ွ႕၌ ခ်ထားလိုက္ေလသည္၊ သို႔မွသာ ျဖတ္သြားျဖတ္လာ ေစ်းဝယ္သူမ်ားသည္ ၎ေဆးလံုး၏ အရည္အေသြးအား အကဲျဖတ္ စူးစမ္းႏိုင္ျကမည္ျဖစ္သည္၊ ထို႔အျပင္ သူသည္ ယေန႔မွ ဆိုင္စဖြင့္သည့္အတြက္ ေစ်းေလ်ွာ့ေရာင္းရန္ ဆံုးျဖတ္ထားၿပီး ၎၏ ေဆးလံုးမ်ားအား အျခားဆိုင္မ်ားတြင္ ေရာင္းသည့္ ေစ်းႏႈန္းထက္ တစ္မွတ္စီမ်ွ ေလ်ွာ့ထားလိုက္ေလ၏ ။

အျခားဆိုင္မ်ားႏွင့္ယွဥ္လ်ွင္ ယူေ႐ွာင္မိုသတ္မွတ္ထားေသာ ေစ်းႏႈန္းသည္ အမွန္ပင္ နိမ့္ပါးေသာ္လည္း ၎အတြက္ အျမတ္အစြန္း အနည္းငယ္ က်န္ေနေပေသးသည္၊ ေစ်း၌ ၎နည္းတူ ေစ်းဝယ္သူမ်ားအား ဆြဲေဆာင္ရန္ အျခား ေစ်းေလ်ွာ့ေရာင္းေနသူ အမ်ားအျပားလည္း ႐ွိေပသည္၊ သို႔ေသာ္ ေစ်းေပါျခင္းသည္ အရည္အေသြးနိမ့္သည္ဟု ဆိုလိုရာေရာက္သျဖင့္ အျခားဆိုင္႐ွင္မ်ားႏွင့္ စီးပြားေရးေစ်းကြက္အေပၚ မ်ားစြာ သက္ေရာက္မႈ မ႐ွိႏိုင္ေပ ။

အေမႊးတိုင္တစ္ဝက္ထြန္းစာခန္႔ (နာရီဝက္ခန္႔) အခ်ိန္ျကာျပီးေသာအခါ
ယူေ႐ွာင္မိုသည္ သူကိုယ္တိုင္က အလြန္ စိတ္ေကာင္းဝင္လြန္းေနေၾကာင္း သတိထားမိလာရေလ၏၊ မနက္ပိုင္း၌ ေစ်းသို႔ လာေရာက္ၾကေသာလူဦးေရမွာ အလြန္မ်ားျပားေသာ္လည္း ေမွာ္ေဆးလံုးဝယ္ရန္ အစြန္ဆံုး ေထာင့္ေနရာသို႔ မည္သူမ်ွမလာၾကေပ၊ ထို႔ေၾကာင့္ ဆိုင္စဖြင့္စဥ္မွ ယခုအခ်ိန္အထိ ၎၏ဆိုင္ေ႐ွ႕သို႔ ျဖတ္သန္းသြားလာသူေပါင္း တစ္ေယာက္သာ ႐ွိေလ၏၊ ၎တစ္ေယာက္မွာလည္း ဒီအတိုင္း ျဖတ္သန္းသြားျခင္းသာျဖစ္ၿပီး သူ၏ေဆးလံုးမ်ားအား လွည့္၍ပင္မျကည့္၊ ၎သည္ တျခားဆိုင္ခန္းမ်ားသို႔ သြားေရာက္ကာ ေမွာ္ေဆးလံုးမ်ား ဝယ္၍ ျပန္သြားေလသည္ ။

ယူေ႐ွာင္မို သက္ျပင္းခ်မိေလသည္၊ သူ၏ရည္မွန္းခ်က္သည္ အစမျပဳရေသးမီပင္ ႐ိုက္ခ်ခံေနရေပ၏။

ထိုအခ်ိန္တြင္ သူ၏ေဘး၌ ဆိုင္ဖြင့္ထားေသာ ေမွာ္ဆရာသည္ ယူေ႐ွာင္မိုအား အကဲခတ္လိုက္ၿပီးေနာက္ စကားစလာေလ၏။

" အတန္းေဖာ္ေလး... မင္းရဲ႕ဆိုင္ေနရာက ဒီေမွာ္ေဆးဆိုင္တန္းရဲ႕ လာဘ္တိတ္ေစတဲ့ အထင္ကရေနရာ ေလးခုထဲက တစ္ခုဆိုတာ သိရဲ႕လား? ျပီးေတာ့ အဲ့ဒီေနရာကို တစံုတေယာက္က ေနာက္ဆံုးငွါးရမ္းခဲ့တာ ႏွစ္တစ္ဝက္ေလာက္ေတာင္ ႐ွိေနၿပီပဲ.. တကယ္လို႔ ေဆးလံုးေတြ ဆက္ေရာင္းခ်င္ေသးတယ္ဆိုရင္ေတာ့ ေနရာအရင္ေျပာင္းလိုက္တာ ပိုေကာင္းမယ္လို႔ အၾကံေပးလိုက္ခ်င္တယ္ "

" လာဘ္တိတ္ေစတဲ့ အထင္ကရ ေနရာေလးခု? "

ယူေ႐ွာင္မို မ်က္ခံုးမ်ား အံ့ျသမႈေၾကာင့္ ျမင့္တက္လ်က္႐ွိေပသည္။


" ဟုတ္တယ္ လာဘ္တိတ္ေစတဲ့ ေနရာေလးခု... အေပ်ာက္႐ွင္း ေနရာေလးခု လို႔လဲနာမည္ႀကီးတယ္... ဘယ္သူမွ အဲ့ေနရာမွာ သံုးရက္ထက္ ပိုမခံၾကဘူး.. ၿပီးေတာ့ မင္းစိတ္ကို ႀကိဳျပင္ဆင္ထားတာ ေကာင္းလိမ့္မယ္လို႔ ထင္တယ္..

ဘာလို႔လဲဆိုေတာ့ မင္းလဲ ေနာက္သံုးရက္အတြင္း ေဆးတစ္လံုးေတာင္မွ ေရာင္းထြက္လိမ့္မွာ မဟုတ္ဘူးေလ.. "


ထိုစကားအား ေျပာၿပီးၿပီးခ်င္းပင္ သူ၏အေ႐ွ႕၌ လူႏွစ္ေယာက္ လာရပ္ေလ၏။

ထိုလူႏွစ္ဦး၌ ခန္႔ညားထည္ဝါေသာ အေငြ႔အသက္မ်ား လႊမ္းျခံဳေနၿပီး တစ္ခ်က္ၾကည့္ရံုျဖင့္ပင္ ၎တို႔သည္ သိုင္းပညာ႐ွင္မ်ားျဖစ္ေၾကာင္း သိႏိုင္ေပ၏၊ သို႔ေသာ္ ၎တို႔အား သတိထားမိသြားရသည့္ အဓိကအခ်က္မွာ ၎တို႔သည္ ဤသဲကနၱာရကဲ့သို႔ေသာေနရာသို႔ ေရာက္လာျကေသာေၾကာင့္သာ၊ သိပ္မၾကာလိုက္... ေစ်းေရာင္းသူအေပါင္းထံမွ ဝယ္သူအား ဆြဲေဆာင္ဖ်ားေယာင္းေသာ အသံအမ်ိဳးမ်ိဳး တစ္မဟုတ္ခ်င္း ထြက္ေပၚလာေလေတာ့သည္ ။

ယူေ႐ွာင္မိုသည္ ထိုႏွစ္ေယာက္အား တစ္ခ်က္သာၾကည့္ၿပီး အၾကည့္မ်ားအား ျပန္႐ုတ္သိမ္းသြားေသာ တစ္ဦးတည္းေသာသူ ျဖစ္ေလ၏၊ ထိုအစား သူသည္ ေစာေစာက ဆိုင္႐ွင္မွ သူ႔အားေျပာခဲ့ေသာ အေၾကာင္းအရာမ်ားအား ျပန္လည္စဥ္းစားေနေလသည္၊ ၾကည့္ရသည္မွာ ၎သည္ ကိုယ့္ကိုကိုယ္ အထင္ႀကီးခဲ့ပံုပင္၊ အစတြင္ သူသည္ ဆိုင္ခန္းေနရာသည္ မည္မ်ွေခ်ာင္က်ေနေစဦးေတာ့၊ ေစ်းဝယ္သူ တစ္ဦးႏွစ္ဦးခန္႔ေတာ့ ႐ွိေပလိမ့္မည္၊ ထို တစ္ဦးႏွစ္ဦးသည္ ၎တို႔အတြက္ တြက္ေျခကိုက္ပါက ေသခ်ာေပါက္ျပန္လာဝယ္ေပလိမ့္မည္ဟု ေတြးထားခဲ့ေပသည္၊ သို႔ေသာ္ သူသည္ အေၾကာင္းအရာတစ္ခုကိုေတာ့ ေမ့ေနခဲ့ျခင္း ျဖစ္ေလ၏ ။


ယခုျပသနာသည္ ေစ်းဝယ္သူမ်ားမွ သူ႔အား သတိထားမိေစရန္ မဟုတ္ပဲ သူ၏ ေဆးလံုးမ်ား၏ အရည္အေသြးအား သတိထားမိေစရန္ ျပဳလုပ္ရမည္သာ ျဖစ္သည္။



ယူေ႐ွာင္မို ထိုအေၾကာင္းအရာမ်ားအား စဥ္းစားေနစဥ္တြင္ ေစ်းဝယ္သူႏွစ္ဦးသည္ မေမ်ွာ္လင့္ပဲ တျခားသူမ်ားအား လ်စ္လ်ဴ႐ႈကာ ယူေ႐ွာင္မို၏ ေစ်းဆိုင္သို႔ ေရာက္လာေလ၏။

" ဒီေဆးလံုးေတြကို ဘယ္ေလာက္ေစ်းနဲ႔ ေရာင္းခ်င္သလဲ ? "







# 25.7.2020



စာလံုးေပါင္း မွားေနတာေတြ႔ရင္ ျပင္ေပးပါေနာ္ ^.^

အားေပးၾကလို႔ ေက်းဇူးကမၻာပါ႐ွင္ <3








________________










Unicode ver...



လာဘ်တိတ်စေသော အထင်ကရ ဆိုင်ခန်းနေရာ လေးခု ....












တစ်ယောက်ခန်းသို့ ပြောင်းရွှေ့ပြီးပြီးချင်းပင် ယူရှောင်မိုတစ်ယောက် အခန်းအတွင်းရှိ ထူးခြားမှုအား စတင် ခံစားရလေ၏။








အခမဲ့အခန်းသည် ယခုအခန်းနှင့် ယှဉ်လို့ပင်မရပေ.. အခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အားကောင်းသော အငွေ့အသက်တစ်ခုမှ သူ၏မျက်နှာအား လာရောက်ရိုက်ခတ်သည်ကို ခံစားရလေ၏၊ ထို့ကြောင့် ယူရှောင်မိုသည် ဤအခန်းအတွင်းရှိ စိတ်စွမ်းအင်ပမာဏသည် သူ၏နယ်မြေအတွင်းရှိ စွမ်းအင်ပမာဏနှင့် နှိုင်းယှဉ်လျှင် အတူတူလောက်ပင် ဖြစ်ပေလိမ့်မည်ဟု ခန့်မှန်းလိုက်လေသည်။





အကယ်၍ တစ်ယောက်ခန်းတွင်းရှိ စွမ်းအင်အငွေ့အသက်သည် ဤမျှသိပ်သည်းနေပါက လုံးချင်းအဆောင်များအတွင်းရှိ စိတ်စွမ်းအင်ပမာဏသည် မည်မျှသိပ်သည်းမည်မှာ ခန့်မှန်းစရာနေပင် မလိုတော့ပေ ။

လူအများသည် အဘယ်ကြောင့် အမှတ်များရရန် ပြင်းပြင်းထန်ထန် ကြိုးစားနေကြသည်ကို ယူရှောင်မို ရုတ်တရက် သဘောပေါက်သွားလေ၏၊ ကျောင်းသားများသည် ဤသို့သော အခန်းမျိုး၌သာ ကျင့်ကြံမည်ဆိုပါက တစ်ဝက်ခန့်အားစိုက်ထုတ်လျှင်ပင် ပုံမှန်ထက်နှစ်ဆ အကျိုးများနိုင်ပေ၏။


မည်သို့ပင်ဆိုစေကာမူ ဤတစ်ယောက်ခန်းသည် ယူရှောင်မိုအတွက် အကျိုးမရှိပေ၊ ယူရှောင်မိုသည် ကျင့်ကြံလိုလျှင် သူ၏ နယ်မြေထဲသို့ ဝင်သွားလိုက်ရုံပင် ဖြစ်၏၊ ထို့ကြောင့် သူသည် ပို၍ကောင်းသော လုံးချင်းအဆောင်သို့ ပြောင်းရွှေ့နိုင်ရန်အတွက် အမှတ်များ ထပ်မံရရှိအောင် ကြိုးစားရမည်ဟု တေးထားလိုက်၏။

ပစ္စည်းများ နေရာချပြီးသောအခါ ယူရှောင်မိုသည် သူ၏နယ်မြေတွင်းသို့ ဝင်သွားလေ၏၊ ယခုမူ သူတစ်ယောက်တည်းသာ ရှိနေသောကြောင့် သူ၏ ချိုအသင်းအား အပြင်ထုတ်၍ စိတ်ပြေလက်ပျောက် လေ့ကျင့်ခန်းလုပ်ခိုင်းရန် အကြံရပေသည်၊ သို့သော် အဖွဲ့ဝင်လေးယောက်အနက် အပြင်ထွက်လိုသူမှာ ဖီချိုတစ်ကောင်တည်းသာ ရှိ၏။

ယခုအချိန်တွင် ဖီချိုသည် သူတာဝန်ယူထားရသော ဆေးပင်ရေလောင်းရသည့် အလုပ်များ ပြီးဆုံးကာစ အချိန် ဖြစ်၏၊ သူသည် အခြားသူများထက် လွန်စွာတက်ကြွနေပြီး နယ်မြေအတွင်း နေထိုင်ရသည်မှာလည်း အလွန်ပင် ငြီးငွေ့နေပြီဖြစ်သောကြောင့် အပြင်သို့ထွက်ရန် ခွင့်တောင်းလေ၏၊ ထို့ကြောင့် ယူရှောင်မိုမှ ၎င်းအား အပြင်ထုတ်ပေးလိုက်သောအခါ ဖီချိုသည် ၎င်း၏နာမည် 'ရာဘာဘောလုံး' ဆိုသည်အတိုင်း လျှောက်လှိမ့်နေလေတော့၏၊ အခန်းတစ်ပတ်လှိမ့်သည်၊ အိပ်ယာအောက် လှိမ့်သည်၊ ဟိုမှသည်မှ စသည်ဖြင့် အဆုံးမရှိ လျှောက်လှိမ့်နေလေတော့သည်။


ယူရှောင်မို ဆေးလုံးဖော်ချင်သော်ငြား တတပ်တပ် မြည်နေသောအသံကြောင့် အာရုံစိုက်၍မရပေ၊ တစ်ခါတစ်ရံ ဖီချိုသည် သူ့ခြေထောက်ပေါ်သို့ပင် ဖြတ်၍ လှိမ့်နေလိုက်သေး၏၊ ထိုအခြေအနေမျိုး၌ ယူရှောင်မိုတစ်ယောက် စိတ်အေးလက်အေးဖြင့် ဆေးဖော်နိုင်လိမ့်မည် မဟုတ်ပေ ။






နောက်ဆုံးတွင် ယူရှောင်မိုသည် ဖီချိုအား မ၍ သူ့အရှေ့၌ချလေ၏၊ ထိုအခါ ဖီချိုသည် အန္တရာယ်အငွေ့အသက်အား ခံစားမိနေသယောင် ယူရှောင်မို သူ့အား မလိုက်သည့် အချိန်ကတည်းက သူ၏မူလပုံစံ သွေးပြာဝံပုလွေ အသေးစားလေးအဖြစ် ပြန်ပြောင်းပြီးနှင့်ပြီ ဖြစ်သည်၊ ထို့နောက် ယူရှောင်မိုရှေ့တွင် မိထွေးရှေ့၌ အဆူခံရန် ရပ်နေရသော မွေးစားသမီးလေးအသွင်ဖြင့် ရပ်နေလေ၏။



" ငါမင်းကို ရွေးချယ်စရာနှစ်ခု ပေးလိုက်မယ်!

တစ်ခုက မင်းကို နယ်မြေထဲပြန်ပို့ပစ်ဖို့နဲ့.. နောက်တစ်ခုက မင်း တိတ်တိတ်နေဖို့..

ငါ မင်းဆူဆူညံညံ အသံတွေ ထပ်လုပ်တာသာ ကြားရဲကြားကြည့်.. မင်းကို ရှောင်ဟေးအခန်းထဲမှာ ဆယ်ရက်ကနေ တစ်လခွဲလောက်အထိ ပိတ်ထားပစ်မယ်

ရွေးလိုက်စမ်း! "






ထိုသို့ပြောဆိုပြီးနောက် ယူရှောင်မိုသည် အလွန်အမင်း စိတ်ကျေနပ်သွားရလေတော့၏၊ လင်းရှောင်သည် သူ့အား အမြဲတမ်းလိုလိုပင် ရွေးချယ်စရာနှစ်ခုပေးရသည်ကို ကြိုက်နှစ်သက်သည်မှာ အ့ံသြစရာမရှိတော့ပေ ၊ ထိုအရာသည် တစ်စုံတစ်ယောက်အား အလွန့်အလွန်ပင် စိတ်ကျေနပ်စေလေ၏၊ မထင်မှတ်ပါပဲ... ယူရှောင်မို၏ စိတ်ကျေနပ်မှုများသည် ဖီချို၏ ခံစားရခြင်းများမှ မြစ်ဖျားခံနေလေသည် ။

(A/N: ရှောင်မိုမိုတစ်ယောက် နောက်ဆုံးတော့ သူ့လင်လင်ရဲ့အကျင့်ဆိုးတွေ ကူးစက်သွားပါပြီ ။ Boss ကတကယ့်ကို လွှမ်းမိုးနိုင်သောနော် ^•^
ဒါကတော့ စုံတွဲတွေဟာ အနေကြာလာလေ အမူအကျင့်တွေ ဆင်တူလာလေ ဆိုတာကိုပြတဲ့ အကောင်းဆုံးသက်သေပါပဲရှင်... )

ထိုအခါ ဖီချိုလေးသည် မျက်ရည်များဝဲတက်လာပြီး ခေါင်းကိုအရှေ့သို့ ငိုက်ကာ တရှုံ့ရှုံ့လုပ်နေလေတော့၏။



စကားလုံးများမပါသော်လည်း ၎င်း၏အဖြေမှာ ရှင်းလင်းနေပြီဖြစ်သည်။






ယူရှောင်မိုသည် ၎င်း၏ခေါင်းအား ပုတ်လိုက်ပြီး ...

" ဖီချိုရား .. တော်လိုက်တဲ့ကောင်လေး!

မင်းက တမင် သနားစရာကောင်းအောင် သရုပ်ဆောင်ပြနေတယ် ဆိုရင်တောင်မှ ငါကအမှန်တရားကို ဖောက်ထွင်းပြီးတော့ မမြင်ရပါဘူးနော် \0/ "




ဖီချို:" .............. "





______________


ဖီချိုအား ဘေးတွင်ထားလိုက်ပြီးနောက် ယူရှောင်မိုသည် ဆေးဖော်ရန် စတင်ပြင်ဆင်လေ၏ ။


သူ့ထံ၌ လင်းရှောင်အားပေးရန် ချန်ထားသည့် ယွန်ယန်ဆေးတစ်ပုလင်း ကျန်နေသေး၏၊ သူသည် အရင်က ဟော့ရွှီ နှင့် ကျန်းယန်ဆေးတို့၏ ဖော်စပ်နည်းများအား လေ့လာခဲ့ဖူးသောကြောင့် ထိုဆေးနှစ်မျိုးအား အရင်ဖော်ရန် ဆုံးဖြတ်လိုက်လေသည်။


ပထမဆုံးအနေဖြင့် ယူရှောင်မိုသည် ကျန်းယန်ဆေးဖော်ရန်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်း ငါးစုံအား စားပွဲပေါ်၌ ဖြန့်၍ တင်ထားလိုက်သည်၊ ယခုအချိန်တွင် ဆေးဖော်ရာ၌ ယူရှောင်မို၏ အောင်မြင်မှုနှုန်းမှာ တစ်ရာရာခိုင်နှုန်းအပြည့် ဖြစ်ပေရာ ဆေးပင်များ လေလွင့်ဆုံးရှုံးမှုအား ထည့်သွင်းစဉ်းစားနေရန် မလိုတော့ပေ ။





ဤကျောင်း၌ ဆေးဖော်သူများ အများအပြားရှိပြီး အရောင်းအဝယ်ကောင်းသော ဆိုင်ခန်းနေရာများလည်း များပြားသောကြောင့် ဆေးဖော်ရောင်းသူ မှော်ဆရာအသစ်ကလေးများမှာ ပို၍ပို၍သာ ကြပ်တည်းလာနေကြတော့သည်၊ ထိုအထဲမှ အောင်မြင်သူများမှာ အနည်းငယ်သာ ရှိလေ၏၊ ထို့ကြောင့် မှော်ဆရာများသည် မိမိဆေးလုံးများအား ဝယ်သူများ အကြိုက်တွေ့စေရန် အရည်အသွေး ပိုမိုကောင်းမွန်လာအောင် ပြုလုပ်ကြရပြီး အချိန်နှင့် အင်အားများ ပို၍ စိုက်ထုတ်ကြရလေ၏ ။



ထို့ကြောင့် ယူရှောင်မိုသည် မှော်ဆေးပင်များအား အကြိမ်များစွာ သန့်စင်ရန် လိုအပ်သည်ဟု တွေးမိလေ၏၊ ပုံမှန်ဆိုလျှင် သူသည် ဆေးပင်များအား လေးငါးကြိမ်သာ သန့်စင်သော်လည်း ယခုအချိန်တွင်မူ ခြောက်ကြိမ်ခန့် သန့်စင်ရန် ဆုံးဖြတ်လိုက်လေသည်၊ အလုပ်မြန်မြန် ပြီးမြောက်စေရန်အလို့ငှါ ယူရှောင်မိုသည် ဆေးပင်အမြောက်အများအား တစ်ပြိုက်နက်တည်း သန့်စင်လေတော့၏ ။


ယခင်တုန်းက ယူရှောင်မိုသည် ထိုအရာအား အချိန်ခြွေတာရန် ပြုလုပ်ခဲ့ဖူးသော်လည်း ဆေးပင်အမြောက်အများ ဆုံးရှုံးခဲ့ရလေ၏၊ သို့သော် ထိုအချိန်မှစ၍ သူ၏ ကျရှုံးမှုနှုန်းသည် နည်းသထက်နည်းလာပြီး ယခုမူ ဆေးပင် ၈ ပင်ကိုပင် တစ်ပြိုင်နက်တည်း သန့်စင်နိုင်နေပြီဖြစ်သည် ။

ဖီချိုသည် နယ်မြေထဲသို့ ပြန်အပို့ မခံလိုသောကြောင့် စားပွဲပေါ်၌ ထိုင်ချလိုက်ပြီး ယူရှောင်မို ဆေးဖော်နေသည်ကိုသာ သူ၏မျက်လုံးရွဲကြီးများဖြင့် မျက်တောင်မခတ်ပဲ ထိုင်ကြည့်နေလေတော့၏၊ ထိုအချိန်တွင် သူ၏ သခင်လေးသည် ဆေးအိုးအတွင်းသို့ ဆေးပင်တစ်စုအား ပစ်ထည့်နေလေသည်၊ ထိုအခါ ဖီချိုသည် ကြမ်းပြင်ပေါ်ရှိ သူ၏ဆေးပင်များအား ကူညီ ကြည့်ရှုပေးရန် ဆုံးဖြတ်လိုက်လေ၏၊ ဖီချိုသည် ၎င်းဆေးပင်များထဲမှ တချို့တလေ၏ အမည်ကို သိသော်လည်း ထိုဆေးပင်တို့၏ အသုံးဝင်ပုံကိုမူကား မသိသေးပေ ။


ဆေးပင်သန့်စင်ရာ၌ ယူရှောင်မို၏ အရှိန်နှုန်းသည် အထူး မြန်ဆန်ပေသည်၊ ဆေးပင်များအား ခြောက်ကြိမ်တိတိ သန့်စင်သော်လည်း သူ၏အတွေ့အကြုံများအရဆိုလျှင် အရှိန်နှုန်းမှာ တစ်ခေါက်ထပ်တစ်ခေါက် ပို၍ မြန်လာလေ၏၊ အချိန်နှစ်နာရီခန့် ကြာပြီးသောအခါ ကျန်းယန်ဆေးငါးလုံးသည် ဆေးအိုးအတွင်းမှ ထွက်ပေါ်လာလေတော့သည်၊ မည်သည့် ကုန်ကြမ်းပစ္စည်းမှ လေလွင့်ပျက်စီးသွားခြင်းမရှိပါပဲ ဆေးလုံးများသည် ပုလင်းအတွင်းသို့ ရောက်ရှိသွားကြပြီ ဖြစ်သည်၊ ထို့နောက် ယူရှောင်မိုသည် ဟော့ရွှီဆေး ဖော်ရန်အတွက် ကုန်ကြမ်းပစ္စည်း ဆယ်စုံအား ထုတ်ယူလိုက်လေသည် ။

ဟော့ရွှီဆေးဖော်ရန် အဆင့်ဆင့်မှာ ကျန်းယန်ဆေးထက် ရိုးရှင်းလွယ်ကူသောကြောင့် ၎င်းတို့အား အပြီးသတ်ရန် နှစ်နာရီခွဲမျှသာ အချိန်ယူရလေသည်၊ ထို့နောက်သူသည် ယွန်ယန်ဆေးဆယ်လုံးခန့်ကိုလည်း ထပ်မံ၍ ပြုလုပ်လိုက်သေး၏ ။




အားလုံးပြီးစီးသွားသောအချိန်၌ မိုးစင်စင်လင်းလုပြီ ဖြစ်သည်၊ ထို့ကြောင့် ယူရှောင်မိုသည် အိပ်မနေတော့ပဲ အကြောတစ်ချက် ဆန့်လိုက်ပြီးနောက် မှော်ရေကန်မှ ရေတစ်စက်အားသောက်၍ သူ၏ ဝိဉာဉ်အား ပြန်လည် အားဖြည့်လိုက်ကာ ထိုဆေးပုလင်းသုံးလုံးအား ယူ၍ အဆောင်အပြင်သို့ ထွက်လာခဲ့လေ၏၊ ဖီချိုသည် နယ်မြေအတွင်းသို့ ပြန်မဝင်လိုပေ၊ ထို့အပြင် ယူရှောင်မိုသည်လည်း သူ့အား အခန်းထဲတွင်တစ်ကောင်တည်း ထားခဲ့ရန် စိတ်မချသောကြောင့် သူ၏ အကျီလက်အတွင်းသို့ ထည့်၍ တစ်ပါတည်း ခေါ်ဆောင်လာခဲ့လေတော့၏ ။























........... .......



















မိုးကောင်ကင်သည် တိတိပပ ထွန်းလင်းဖို့ရာ စောလွန်းနေသေးသော်ငြား လမ်းမပေါ်၌ လူအချို့အား စတင်တွေ့ရှိနေရပြီ ဖြစ်သည်၊ ထို့အပြင် အများစုမှာ အုပ်စုလိုက်သွားလာနေကြပြီး တစ်ကိုယ်တော်သွားလာနေကြသူများလည်း အနည်းငယ်ခန့် ရှိ၏၊ အများစုသည် သတ်ဖြတ်လိုစိတ်များ အပြည့် လွှမ်းခြုံနေလေသည် ။





မနက်စောစောပင်ဖြစ်သော်လည်း ဆိုင်ခန်းများ ငှါးရမ်းပေးရသော အကြီးအကဲဝမ်သည် ၎င်းတာဝန်ကျရာနေရာ၌ ရောက်နှင့်နေပြီးဖြစ်သည်၊ ၎င်းတို့၏ အသက်အရွယ်တွင် ကျင့်ကြံသူများသည် သာမာန်လူများကဲ့သို့ အိပ်စက်အနားယူခြင်းတို့ကို မပြုလုပ်ကြတော့ပေ၊ ထိုအစား ကျင့်ကြံခြင်း ဆေးလုံးဖော်ခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးလေ့ရှိကြပြီး နောက်တစ်နေ့မနက်တွင်လည်း အားအင်ကုန်ခမ်းနွမ်းနယ်ခြင်းမရှိပဲ အကောင်းပကတိအတိုင်း နေနိုင်ကြပေသည် ။

ယူရှောင်မိုသည် မည်သူမျှ အလိုမရှိသောဆိုင်ခန်းအား ငှါးရမ်းလိုသည့်အကြောင်း ကြားသောအခါ အကြီးအကဲဝမ်သည် အလွန် အံ့သြသွားရတော့၏၊ တစ်စုံတစ်ယောက်မှ ထိုထောင့်နေရာရှိ ဆိုင်ခန်းများအား လာရောက်ငှါးရမ်းခဲ့သည်မှာ အလွန့်အလွန် ကြာမြင့်လှပြီးဖြစ်ပြီး ထိုနေရာများမှ အမြတ်အစွန်း တစ်စုံတစ်ရာ မရရှိတော့သည်မှာ အလွန်ကြာညောင်းလှပြီ ဖြစ်သောကြောင့် အကြီးအကဲဝမ်သည် ၎င်းဆိုင်ခန်းများအား လက်လွှတ်ရတော့မလိုပင် ဖြစ်နေခဲ့၏၊ သို့ဖြစ်သောကြောင့် ယခု ထိုနေရာအား တစ်စုံတစ်ယောက်မှ ငှါးရမ်းလိုသည်ဟု ပြောလာသဖြင့် အလွန် အံ့သြနေရခြင်း ဖြစ်ပေသည် ။



သို့သော်လည်း အံ့သြကြောင်း စကားတစ်ခွန်းမျှ မဆိုပဲ ရယ်မောကာဖြင့် သူ၏စုတ်တံအား ကိုင်မြှောက်ကာ လိုအပ်သည်များအား မေးမြန်းလေသည် ။



"ကျောင်းသား နာမည်က ဘယ်လိုခေါ်လဲ? ဆိုင်ခန်းကိုရော ဘယ်နှစ်ရက် ငှါးရမ်း ချင်တာလဲ ? "



" ကျွန်တော့နာမည်က ယူရှောင်မိုပါ.. ဆိုင်ခန်းကို ဒီနေ့ကစပြီး ငါးရက် ငှါးပါ့မယ် "



သူ့ထံ၌ စုစုပေါင်း ၂၅မှတ် ကျန်နေသေးသော်လည်း လိုရမယ်ရ ၁၅မှတ်ခန့် ချန်ထားလိုသေးသည်၊ ထို့ပြင် သူ့ထံမှ ဆေးလုံးများဝယ်မည့်သူ ရှိမရှိကိုလည်း မခန့်မှန်းနိုင်သေးသောကြောင့် ဆိုင်ခန်းအား ၅ရက်အတွက်သာ ငှါးထားလိုက်လေသည် ။

စာရင်းရေးလုဆဲဆဲ အကြီးအကဲဝမ်၏လက်သည် လေထဲ၌ရပ်တန့်သွားပြီးနောက် ယူရှောင်မိုအား စူးစမ်းလိုသည့်အကြည့်များဖြင့် မော့ကြည့်လာလေ၏၊ ထို့နောက် ခေတ္တကြာသောအခါမှသာ ယူရှောင်မိုအား မှတ်မိသွားပုံရပြီး ဆိုင်ခန်းနံပါတ်ရေးထိုးထားသော ကျောက်ပြားတစ်ခုအား ထုတ်ပေးလေ၏ ။


" ဒီပစ္စည်းက ဆိုင်ခန်းရဲ့နံပါတ်နဲ့ ဆိုင်ခန်းငှါးထားတယ်ဆိုတဲ့ အမှတ်မသားပဲ.. နောက် ၅ရက်နေရင်တော့ ပြန်အပ်ဖို့ မမေ့ပါနဲ့ "




ယူရှောင်မို ကျောက်ပြားအား ယူလိုက်သောအခါ နံပါတ် ၂၃၄ ဟုရေးထိုးထားသည်ကို မြင်ရလေသည်၊ မနေ့က လင်းရှောင်နှင့် အတူ ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုခဲ့စဉ်ကလည်း ထိုကဲ့သို့နံပါတ်များအား ဆိုင်ခန်းတိုင်းတွင် ရေးထိုးထားသည်အား အမှတ်ရလိုက်ပေ၏ ။

ထို့နောက် သူ၏လက်များအား ရင်ဘတ်ရှေ့တွင်ယှက်လိုက်ပြီး

" ကျေးဇူးများကြီးတင်ပါတယ် အကြီးအကဲဝမ်... ဒီကကျောင်းသားကို သွားခွင့်ပြုပါဦး .. "





ယူရှောင်မို ထွက်ခွာသွားသည့်အခါ အကြီးအကဲဝမ်သည် ၎င်း၏နေရာ၌ ခေတ္တမျှ ရပ်နေသေး၏၊ ထို့နောက် သူ၏ လက်ထောက်အား အမြန် လှမ်းခေါ်လိုက်ပြီး ၎င်းအား မှာစရာရှိသည်များ မှာကြားပြီးသောအခါ ကတိုက်ကရိုက် ထွက်ခွာသွားလေတော့သည်။




ထိုအချိန်တွင် ယူရှောင်မိုသည် ကျောက်ပြားအား ယူဆောင်ကာ ဆိုင်ခန်းဆီသို့ ထွက်ခွာသွားပြီ ဖြစ်သည် ။

အတန်ကြာ လှည့်ပတ်ရှာပြီးနောက် ဆိုင်ခန်းအား တွေ့သောအခါ ယူရှောင်မိုသည် ၎င်းယူဆောင်လာသော ဆေးပုလင်းသုံးပုလင်းအား စားပွဲပေါ်၌ တင်ထားလိုက်၏၊ ထို့နောက် ဆေးနှစ်လုံးအား ထုတ်ယူကာ ဖန်ပုလင်းအကြည်ထဲသို့ ထည့်၍ အရှေ့၌ ချထားလိုက်လေသည်၊ သို့မှသာ ဖြတ်သွားဖြတ်လာ ဈေးဝယ်သူများသည် ၎င်းဆေးလုံး၏ အရည်အသွေးအား အကဲဖြတ် စူးစမ်းနိုင်ကြမည်ဖြစ်သည်၊ ထို့အပြင် သူသည် ယနေ့မှ ဆိုင်စဖွင့်သည့်အတွက် ဈေးလျှော့ရောင်းရန် ဆုံးဖြတ်ထားပြီး ၎င်း၏ ဆေးလုံးများအား အခြားဆိုင်များတွင် ရောင်းသည့် ဈေးနှုန်းထက် တစ်မှတ်စီမျှ လျှော့ထားလိုက်လေ၏ ။

အခြားဆိုင်များနှင့်ယှဉ်လျှင် ယူရှောင်မိုသတ်မှတ်ထားသော ဈေးနှုန်းသည် အမှန်ပင် နိမ့်ပါးသော်လည်း ၎င်းအတွက် အမြတ်အစွန်း အနည်းငယ် ကျန်နေပေသေးသည်၊ ဈေး၌ ၎င်းနည်းတူ ဈေးဝယ်သူများအား ဆွဲဆောင်ရန် အခြား ဈေးလျှော့ရောင်းနေသူ အများအပြားလည်း ရှိပေသည်၊ သို့သော် ဈေးပေါခြင်းသည် အရည်အသွေးနိမ့်သည်ဟု ဆိုလိုရာရောက်သဖြင့် အခြားဆိုင်ရှင်များနှင့် စီးပွားရေးဈေးကွက်အပေါ် များစွာ သက်ရောက်မှု မရှိနိုင်ပေ ။

အမွှေးတိုင်တစ်ဝက်ထွန်းစာခန့် (နာရီဝက်ခန့်) အချိန်ကြာပြီးသောအခါ
ယူရှောင်မိုသည် သူကိုယ်တိုင်က အလွန် စိတ်ကောင်းဝင်လွန်းနေကြောင်း သတိထားမိလာရလေ၏၊ မနက်ပိုင်း၌ ဈေးသို့ လာရောက်ကြသောလူဦးရေမှာ အလွန်များပြားသော်လည်း မှော်ဆေးလုံးဝယ်ရန် အစွန်ဆုံး ထောင့်နေရာသို့ မည်သူမျှမလာကြပေ၊ ထို့ကြောင့် ဆိုင်စဖွင့်စဉ်မှ ယခုအချိန်အထိ ၎င်း၏ဆိုင်ရှေ့သို့ ဖြတ်သန်းသွားလာသူပေါင်း တစ်ယောက်သာ ရှိလေ၏၊ ၎င်းတစ်ယောက်မှာလည်း ဒီအတိုင်း ဖြတ်သန်းသွားခြင်းသာဖြစ်ပြီး သူ၏ဆေးလုံးများအား လှည့်၍ပင်မကြည့်၊ ၎င်းသည် တခြားဆိုင်ခန်းများသို့ သွားရောက်ကာ မှော်ဆေးလုံးများ ဝယ်၍ ပြန်သွားလေသည် ။

ယူရှောင်မို သက်ပြင်းချမိလေသည်၊ သူ၏ရည်မှန်းချက်သည် အစမပြုရသေးမီပင် ရိုက်ချခံနေရပေ၏။

ထိုအချိန်တွင် သူ၏ဘေး၌ ဆိုင်ဖွင့်ထားသော မှော်ဆရာသည် ယူရှောင်မိုအား အကဲခတ်လိုက်ပြီးနောက် စကားစလာလေ၏။

" အတန်းဖော်လေး... မင်းရဲ့ဆိုင်နေရာက ဒီမှော်ဆေးဆိုင်တန်းရဲ့ လာဘ်တိတ်စေတဲ့ အထင်ကရနေရာ လေးခုထဲက တစ်ခုဆိုတာ သိရဲ့လား? ပြီးတော့ အဲ့ဒီနေရာကို တစုံတယောက်က နောက်ဆုံးငှါးရမ်းခဲ့တာ နှစ်တစ်ဝက်လောက်တောင် ရှိနေပြီပဲ.. တကယ်လို့ ဆေးလုံးတွေ ဆက်ရောင်းချင်သေးတယ်ဆိုရင်တော့ နေရာအရင်ပြောင်းလိုက်တာ ပိုကောင်းမယ်လို့ အကြံပေးလိုက်ချင်တယ် "

" လာဘ်တိတ်စေတဲ့ အထင်ကရ နေရာလေးခု? "

ယူရှောင်မို မျက်ခုံးများ အံ့သြမှုကြောင့် မြင့်တက်လျက်ရှိပေသည်။


" ဟုတ်တယ် လာဘ်တိတ်စေတဲ့ နေရာလေးခု... အပျောက်ရှင်း နေရာလေးခု လို့လဲနာမည်ကြီးတယ်... ဘယ်သူမှ အဲ့နေရာမှာ သုံးရက်ထက် ပိုမခံကြဘူး.. ပြီးတော့ မင်းစိတ်ကို ကြိုပြင်ဆင်ထားတာ ကောင်းလိမ့်မယ်လို့ ထင်တယ်..

ဘာလို့လဲဆိုတော့ မင်းလဲ နောက်သုံးရက်အတွင်း ဆေးတစ်လုံးတောင်မှ ရောင်းထွက်လိမ့်မှာ မဟုတ်ဘူးလေ.. "


ထိုစကားအား ပြောပြီးပြီးချင်းပင် သူ၏အရှေ့၌ လူနှစ်ယောက် လာရပ်လေ၏။

ထိုလူနှစ်ဦး၌ ခန့်ညားထည်ဝါသော အငွေ့အသက်များ လွှမ်းခြုံနေပြီး တစ်ချက်ကြည့်ရုံဖြင့်ပင် ၎င်းတို့သည် သိုင်းပညာရှင်များဖြစ်ကြောင်း သိနိုင်ပေ၏၊ သို့သော် ၎င်းတို့အား သတိထားမိသွားရသည့် အဓိကအချက်မှာ ၎င်းတို့သည် ဤသဲကန္တာရကဲ့သို့သောနေရာသို့ ရောက်လာကြသောကြောင့်သာ၊ သိပ်မကြာလိုက်... ဈေးရောင်းသူအပေါင်းထံမှ ဝယ်သူအား ဆွဲဆောင်ဖျားယောင်းသော အသံအမျိုးမျိုး တစ်မဟုတ်ချင်း ထွက်ပေါ်လာလေတော့သည် ။

ယူရှောင်မိုသည် ထိုနှစ်ယောက်အား တစ်ချက်သာကြည့်ပြီး အကြည့်များအား ပြန်ရုတ်သိမ်းသွားသော တစ်ဦးတည်းသောသူ ဖြစ်လေ၏၊ ထိုအစား သူသည် စောစောက ဆိုင်ရှင်မှ သူ့အားပြောခဲ့သော အကြောင်းအရာများအား ပြန်လည်စဉ်းစားနေလေသည်၊ ကြည့်ရသည်မှာ ၎င်းသည် ကိုယ့်ကိုကိုယ် အထင်ကြီးခဲ့ပုံပင်၊ အစတွင် သူသည် ဆိုင်ခန်းနေရာသည် မည်မျှချောင်ကျနေစေဦးတော့၊ ဈေးဝယ်သူ တစ်ဦးနှစ်ဦးခန့်တော့ ရှိပေလိမ့်မည်၊ ထို တစ်ဦးနှစ်ဦးသည် ၎င်းတို့အတွက် တွက်ခြေကိုက်ပါက သေချာပေါက်ပြန်လာဝယ်ပေလိမ့်မည်ဟု တွေးထားခဲ့ပေသည်၊ သို့သော် သူသည် အကြောင်းအရာတစ်ခုကိုတော့ မေ့နေခဲ့ခြင်း ဖြစ်လေ၏ ။


ယခုပြသနာသည် ဈေးဝယ်သူများမှ သူ့အား သတိထားမိစေရန် မဟုတ်ပဲ သူ၏ ဆေးလုံးများ၏ အရည်အသွေးအား သတိထားမိစေရန် ပြုလုပ်ရမည်သာ ဖြစ်သည်။



ယူရှောင်မို ထိုအကြောင်းအရာများအား စဉ်းစားနေစဉ်တွင် ဈေးဝယ်သူနှစ်ဦးသည် မမျှော်လင့်ပဲ တခြားသူများအား လျစ်လျူရှုကာ ယူရှောင်မို၏ ဈေးဆိုင်သို့ ရောက်လာလေ၏။

" ဒီဆေးလုံးတွေကို ဘယ်လောက်ဈေးနဲ့ ရောင်းချင်သလဲ ? "







# 25.7.2020



စာလုံးပေါင်း မှားနေတာတွေ့ရင် ပြင်ပေးပါနော် ^.^

အားပေးကြလို့ ကျေးဇူးကမ္ဘာပါရှင်<3








________________

Continue Reading

You'll Also Like

7.7K 1.4K 43
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
120K 5.3K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။