The Legendary Master's Wife (...

By Sailor_Moon_94

783K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... More

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 246
CHAPTER 247
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 287
CHAPTER 288
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 295
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 237

8.8K 1.5K 76
By Sailor_Moon_94




Zawgyi ver...







အမွတ္စုေဆာင္းရန္ ဗ်ဴဟာႀကီး ေလးခု .. ..📕















" တစ္ဆိတ္ေလာက္, အကိုႀကီး  ဒီေနရာမွာ ဘာေတြျဖစ္ေနတာလဲဗ်? "


ယူေရႇာင္မိုသည္ ယခုအေျခအေနအား အၾကမ္းဖ်င္း ခန္႔မွန္းမိေသာ္လည္း တစ္စံုတစ္ေယာက္အား ေမးျမန္းလိုက္ပါက ဤျပသနာ၏ အရင္းအျမစ္ကိုပါ သိႏိုင္လိမ့္မည္ ျဖစ္ေသာေၾကာင့္ နံေဘးတြင္႐ွိေသာ လူငယ္တစ္ေယာက္အား ေမးျမန္းလိုက္၏၊ ထိုလူငယ္သည္အသက္ ႏွစ္ဆယ့္ငါး , ႏွစ္ဆယ့္ေျခာက္ႏွစ္ခန့္ ႐ွိမည္ဟု ထင္ရၿပီး ၿပိဳင္ပြဲစင္ေပၚ႐ွိ လူႏွစ္ေယာက္အား လက္ပိုက္၍ စိတ္ဝင္တစား ျကည့္႐ႈေနေလသည္၊ ၿပိဳင္ပြဲကြင္း၏ ပတ္ပတ္လည္၌ လူေပါင္းမ်ားစြာ တိုးေဝွ့ေနၾကေသာ္လည္း အလြန္ထူးဆန္းစြာပင္ ထုိလူငယ္အား မည္သူမ်ွဝင္မတိုးရဲၾကပဲ ႐ွိေလ၏။




ယူေရွာင္မို၏ ေမးခြန္းအားၾကားေသာအခါ ထိုလူငယ္သည္ အံ့ျသသြားဟန္ျဖင့္ ယူေ႐ွာင္မိုအား အကဲခတ္သလို လွည့္ၾကည့္လာကာ  မ်က္ႏွာေပၚတြင္လည္း အျပံဳးခပ္ေရးေရးတစ္ခုျဖင့္ ျပန္ေမးေလ၏။


" မင္း.. ငါ့ကိုေမးတာလား? "

ယူေ႐ွာင္မို ေခါင္းၿငိမ့္ျပလိုက္သည္။

ထိုလူငယ္သည္ ယူေ႐ွာင္မိုအတြက္ သာမာန္မဟုတ္ေသာ အေငြ႔အသက္မ်ား ခံစားရေစ၏၊ ထိုလူငယ္သည္ ေခ်ာေမာေသာမ်က္ႏွာႏွင့္ ဖီးနစ္ငွက္ကဲ့သို႔ စူး႐ွေသာမ်က္ဝန္းမ်ား ပိုင္ဆိုင္ထားသည္၊ သူ၏ ကိုယ္ဟန္အမူအယာအားလံုးသည္ နတ္ဆိုးတစ္ေကာင္ကဲ့သို႔ အေငြ႔အသက္မ်ား လႊမ္းမိုးလ်က္႐ွိၿပီး ရန္သြားစရန္ မသင့္ေလ်ာ္ေသာ လူစားမ်ိဳးထဲတြင္ ပါဝင္ေလ၏။


ယူေ႐ွာင္မို ေခါင္းၿငိမ့္လိုက္သည္ကို ျမင္ေသာအခါ ထိုလူ၏ ႏႈတ္ခမ္းေထာင့္စြန္းတစ္ဖက္သည္ ေကြးတက္သြားျပီး  ယူေ႐ွာင္မိုအား စိတ္ဝင္စားဟန္ျဖင့္ ...


" မင္းက တန္းခြဲ တစ္ကလား, ႏွစ္ကလား?  နာမည္ကေရာ? "


"ကြၽန္ေတာ္က တန္းခြဲႏွစ္ကပါ ကြၽန္ေတာ့နာမည္က ေ႐ွာင္ေဟး.. "

" ေ႐ွာင္ေဟး?
အဲ့နာမည္ မင္းနဲ႔တကယ္လိုက္တယ္ "


သိပါတယ္ မင္းေျပာစရာမလိုဘူး!    

" အဲ့ဒါ က်ြန္ေတာ့ မိဘေတြေပးထားတာ "



" ေအာ္.. ဟုတ္မွာပါေလ.. "




ထို႔ေနာက္ လူငယ္သည္ စင္ေပၚ႐ွိ လူႏွစ္ေယာက္ထံသို႔ အၾကည့္လႊဲေျပာင္းလိုက္ၿပီး...

" မင္းက ဘာလို႔ သူတို႔ႏွစ္ေယာက္ ခ်ေနလဲသိခ်င္တာေနာ္? "

" ဟုတ္တယ္ ဘာလို႔လဲ? သိရင္ ေျပာျပပါလား.. "




" ေကာင္းၿပီေလ.. ..

အက်ီအျပာဝတ္ထားတဲ့ တစ္ေယာက္ရဲ႕နာမည္က စြန္းက်ဲ တဲ့.. တန္းခြဲတစ္ရဲ႕ ထိပ္ဆံုးဆယ္ေရာက္စာရင္းမွာ အဆင့္ကိုး.. သူ႔အတြင္းအား အဆင့္က ၾကယ္ခုႏွစ္ပြင့္ လအဆင့္ အထြတ္အထိပ္ပဲ.. အခုဆို ၾကယ္အဆင့္ကိုေတာင္ တက္ရင္ တက္သြားေလာက္ၿပီ ထင္တယ္၊ အျဖဴေရာင္ဝတ္ထားတဲ့ တစ္ေယာက္ကေတာ့........"






လင္းေ႐ွာင္အၾကာင္း ေျပာခါနီးတြင္ ယူေ႐ွာင္မို ႐ုတ္တရက္ စိတ္လႈပ္႐ွားလာၿပီး မ်က္လံုးမ်ား ပုတ္ခတ္ပုတ္ခတ္လုပ္ကာ နားစြင့္ထားေလ၏။




" အဲ့တစ္ေယာက္ကေရာ? "

" သူက လင္းေ႐ွာင္တဲ့.. ဒီေန႔မွ ေက်ာင္းကိုေရာက္လာတဲ့ ေက်ာင္းသားသစ္ပဲ.. ေတာ္ေတာ္႐ိုင္းတယ္၊ လူေတြေျပာၾကတာေတာ့ သူက ေနအဆင့္ပဲ႐ွိေသးတယ္တဲ့ ငါေတာ့မထင္ပါဘူး.. အဲ့လိုမွမဟုတ္ရင္ သူ႔ထက္အဆင့္ျမင့္တဲ့ စြန္းက်ဲလိုလူမ်ိဳးကို ဘယ္စိန္ေခၚရဲပါ့မလဲ.. ဟုတ္တယ္မလား? "



သူ၏စကားသံထဲ၌ အထင္ႀကီးေလးစားမႈမ်ား ဝင္ေရာက္ေနေလ၏။



ဟြန္း ...

အဲ့ဒါကို ႐ိုင္းတယ္လို႔ေခၚတာလား?

ဒီလူက လင္းေ႐ွာင္တကယ္ ႐ိုင္းရင္ ဘယ္လိုပံုစံမ်ိဳးလဲဆိုတာ မျမင္ဖူးေသးလို႔ပဲျဖစ္မယ္!
 







ယူေ႐ွာင္မိုဆက္ေမးေလ၏..



" သူတို႔ ဘယ္ကေန ျပႆနာ စျဖစ္ၾကတာလဲ? "



" စြန္းက်ဲက လူသစ္ေတြကို သြားၿပီး ျပသနာ႐ွာတယ္ေလ၊ သူတို႔ကို စာရင္းသြင္းျကဖို့ အတင္းအၾကပ္ခိုင္းတယ္တဲ့.. အဲ့ဒါနဲ႔ ဟိုလူသစ္က သူ႔ကိုဆန္႔က်င္တယ္ ၿပီးေတာ့ ဒီလိုျဖစ္လာတာပဲ "

ယူေ႐ွာင္မို ".........."



ထိုဓားစာခံေလးမ်ားသည္ လင္းေ႐ွာင္အတြက္ ေစတနာ့ဝန္ထမ္း လူစြမ္းေကာင္းလုပ္ရန္ အေၾကာင္းျပခ်က္ေကာင္း ျဖစ္သြားခဲ့သည္ ဆိုသည့္အခ်က္အား ယူေရွာင္မို သေဘာေပါက္သြားခဲ့ေလ၏။




" ဒါမယ့္ ဒီလူသစ္ လင္းေ႐ွာင္က ေတာ္ေတာ္ပါးတယ္၊ လူအမ်ားစုအတြက္ဆိုရင္ အမွတ္ ႏွစ္ရာဆိုတာ အေတာ္မ်ားတယ္ေလ..  စြန္းက်ဲရဲ႕အမွတ္ေတြကလဲ စုစုေပါင္းမွ သံုးရာ ေက်ာ္ေက်ာ္ေလာက္ပဲ႐ွိမွာကို.. အဲ့ေတာ့သူသာ အမွတ္ႏွစ္ရာဆံုး႐ွံုးသြားရင္ ေတာ္ေတာ္ ယူၾကံဳးမရ ျဖစ္ေနရေတာ့မွာပဲ.. အ ဟား ဟား ဟား "






သူကဘာလို႔ လင္းေ႐ွာင္ႏိုင္မယ္လို႔ ေသခ်ာေပါက္သိေနသလို ေျပာေနရတာလဲ ?!



ယူေ႐ွာင္မိုသည္ ထိုလူငယ္အား သံသယမ်က္လံုးမ်ားျဖင့္ ၾကည့္လိုက္ၿပီး မေနႏိုင္ေတာ့ပဲ ထပ္ေမးလိုက္ေလ၏။



" သူႏိုင္မယ္ဆိုတာ ဘာလို႔ အဲ့ေလာက္ေတာင္ ေသခ်ာေနရတာလဲ? "

ထိုအခါ ၎လူငယ္သည္ မေကာင္းဆိုးရြာဆန္စြာ ျပံဳးလိုက္ၿပီး...


" ဘာလို႔လဲဆိုေတာ့.......

ငါက သူႏိုင္မယ္လို႔ေျပာရင္ ေသခ်ာေပါက္ ႏိုင္မွာမိ့ုလို႔ပဲကြ "
















.......... ......














ယူေ႐ွာင္မို မ်က္ႏွာ မဲ့ရြဲ႔သြားေလ၏။

ေနာက္ထပ္ဘဝင္႐ူးတစ္ေကာင္နဲ႔ လာေတြ႔ေနျပန္ပီ!



ထိုသို႔ေတြးၿပီးေသာအခါမွ ေနာက္ထပ္ေမးခြန္းတစ္ခု ထပ္ေမးလိုက္၏။





" အမွတ္၂၀၀ဆိုတာ သီးသန္႔ခန္းတစ္ခန္းငွါးဖို႔ လံုေလာက္ရဲ႕လား ? "







လူငယ္၏မ်က္လံုးမ်ားသည္ ၿပိဳင္ပြဲစင္အား စိတ္ဝင္တစားၾကည့္႐ွဴေနရာမွ ယူေ႐ွာင္မိုဆီသို႔ ျပန္လည္ေရြ႔လ်ားလာ၏။






" မင္းက လူသစ္လား ? "







ယူေ႐ွာင္မို သူ၏ႏွာေခါင္းကို သူျပန္ပြတ္လိုက္၏၊ သူအစကတည္းက သိေလသည္! ထိုေမးခြန္းအားေမးလိုက္လ်ွင္ သူလူသစ္ျဖစ္ေၾကာင္းသိသာသြားမည္အား...၊ ထို႔ေၾကာင့္ မတတ္သာပဲ ဝန္ခံလိုက္ရေတာ့၏။









" အံျသစရာေတာ့မ႐ွိပါဘူး.. ဒီလို႐ူးေၾကာင္ေၾကာင္ေမးခြန္းကို ေမးတယ္ဆိုကတည္းက "










ယူေ႐ွာင္မိုသည္ ထိုစကားေၾကာင့္ အထူးတလည္ စိတ္ဆိုးမေနေတာ့ေပ.. အဘယ္ေျကာင့္ဆိုေသာ္ လင္းေ႐ွာင္သည္လည္း သူ႔အား အ႐ူးဟု ေန႔တိုင္းေခၚေနက်ပင္ ျဖစ္သည္..။







" အမွတ္ႏွစ္ရာဆိုတာ သီးသန္႔ခန္း ငွါးလို႔ရရံုတင္မကဘူး.. လံုးခ်င္းအေဆာင္ငယ္ တစ္ခုကိုေတာင္ လဝက္ေလာက္အထိ ငွါးထားႏိုင္တယ္၊ အဲ့အေဆာင္ေတြမွာ ပါဝင္တဲ့ စိတ္စြမ္းအင္ပမာဏက သီးသန္႔ခန္းကထက္ေတာင္ ပိုမ်ားေသးတယ္ "




အမွတ္၂၀၀ ကေတာင္ လဝက္ပဲရတယ္ဆိုေတာ့ ၾကည့္ရတာ လံုးခ်င္းအေဆာင္ငယ္ေတြက ဒီမွာ အျမင့္ဆံုးပဲျဖစ္မယ္ ထင္တယ္၊ ပိုင္လီေ႐ွာင္ယြီနဲ႔ ထံုယြဲ႔႐ွဴတို႔ကိုလည္း ႏွစ္ေယာက္အတူေနႏိုင္ေအာင္ သူတို႔အကိုႀကီးက အဲ့ဒီလို အေဆာင္ငယ္ ငွါးေပးထားတာ ျဖစ္ႏိုင္တယ္...


" ကြၽန္ေတာ္သိခ်င္တာေတြကို ႐ွင္းျပေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ဗ်... ဟုတ္သားပဲ! ဒါနဲ႔ ဒီကအကိုနာမည္က ဘယ္သူမ်ားလဲ? "


" ငါလား ? "

အျပံဳးမမည္ေသာ အျပံဳးတစ္ခုႏွင့္အတူ ထိုလူငယ္မွ ျပန္ေျဖေလ၏။


" ေနာက္က်ရင္ မင္းဘာသာမင္း သိလာပါလိမ့္မယ္..."






ထိုကဲ့သို႔ေသာေလသံမ်ိဳးျဖင့္ ေျပာႏိုင္ဆိုႏိုင္သည္မွာ ထင္႐ွားေက်ာ္ၾကားေသာ ေနာက္ခံအသိုင္းအဝိုင္း ႐ွိသူမ်ားထဲမွ တစ္ဦးပင္ျဖစ္ေပလိမ့္မည္၊ အံျသစရာမ႐ွိပါေပ။

သူမေျပာလိုလ်ွင္ ဆက္ေမးစရာအေၾကာင္းမ႐ွိ!






သို႔ေသာ္ျငားလည္း ထိုလူငယ္အား အားနာေသာအားျဖင့္ ယူေ႐ွာင္မိုသည္ ဟန္ေဆာင္ပန္ေဆာင္ျပဳကာ အံ့ျသသည့္အမူအယာမ်ား ျပေပးလိုက္ပါ၏၊ ထိုအခါ လူငယ္သည္ လြန္စြာမွ စိတ္ေက်နပ္သြားဟန္႐ွိၿပီး ယူေ႐ွာင္မိုအား ဆက္ၾကည့္မေနေတာ့ပဲ ဟန္ပါပါျဖင့္ လွည့္ထြက္သြားေလေတာ့သည္တည့္ .. ။








၎တို႔စကားေျပာေနစဥ္ အခ်ိန္တြင္းမွာပင္ စင္ေပၚမွလူႏွစ္ဦး၏ တိုက္ပြဲသည္လည္း စတင္ခဲ့ေလ၏၊  လူထုအေပါင္း၏ အားေပးေႂကြးေၾကာ္သံမ်ားသည္ အေဆာက္အအံုအတြင္း ပဲ့တင္ပ်ံႏွံ႔လ်ွက္႐ွိေပသည္..။



ဟိုလူငယ္ေျပာခဲ့သည့္အတိုင္း အႏိုင္အ႐ွံုးမွာ ယူေ႐ွာင္မိုအတြက္ လြန္စြာမွ သိသာထင္႐ွားေနေသာေၾကာင့္ ထိုပြဲအားစိတ္မဝင္စားေတာ့ပဲ လူအုပ္အတြင္းမွ ထြက္လာခဲ့ေလေတာ့၏။




အျပင္သို႔ေရာက္ေသာ္ သူႏွင့္အတူထြက္လာခဲ့ေသာ က်န္းေ႐ွာင္ဖန္းအား လွည့္ပတ္႐ွာၾကည့္ပါေသာ္ျငား မေတြ႔...။ လူအုပ္ၾကားထဲ ညႇပ္ပါသြားသည္ထင္သည္၊ ထို႔ေၾကာင့္ ဆက္႐ွာမေနေတာ့ပဲ သိလိုသည္မ်ားအား ဆက္လက္စံုစမ္းရန္ တစ္ေယာက္တည္း ထြက္လာခဲ့ေလ၏။




နာရီဝက္မ်ွၾကာေသာအခါ အခ်က္အလက္အခ်ိဳ႕ သိလာရေလသည္။
ယူေ႐ွာင္မို စံုစမ္းလာသည္မ်ားမွာ အေဆာင္မ်ားႏွင့္ အခန္းငွါးခမ်ား အေၾကာင္းပင္ျဖစ္၏၊ ယခုလက္႐ွိ သူႏွင့္ က်န္းေ႐ွာင္ဖန္းေနေသာ အခန္းမွာ အခန္းခေပးရန္မလိုေပ၊ ထို့ေၾကာင့္လည္း အခန္းမ်ားမွာ တန္းခြဲႏွစ္၌ အေျခအေန အဆိုးရြားဆံုးမ်ား ျဖစ္ေနရျခင္းပင္ .... ။


ထို႔ျပင္ အခန္းတြင္း၌ ပါဝင္ေသာ စိတ္စြမ္းအင္ပမာဏႏွင့္ အျခား အသံုးအေဆာင္ ပစၥည္းမ်ားသည္ အခန္းငွါးခေပၚ လိုက္၍ ကြာျခားေသး၏၊ အခန္းမ်ားမွာ သံုးေယာက္ခန္း၊ ႏွစ္ေယာက္ခန္း၊ တစ္ေယာက္ခန္း စသည္ျဖင့္ရွိပီး ႏွစ္မွတ္၊ ေလးမွတ္၊ ေျခာက္မွတ္ အသီးသီးျဖင့္ တစ္ရက္ခ်င္း အခန္းခကုန္က်စရိတ္ သတ္မွတ္ထားေလသည္။




ထို႔ျပင္ လံုးခ်င္းအေဆာင္ငယ္မ်ားလည္း ႐ွိေသး၏၊ ထိုအေဆာင္ငယ္မ်ားအား ႏွစ္ေယာက္ေနအေဆာင္  ႏွင့္ သီးသန္႔တစ္ဦးခ်င္းအေဆာင္ ဟု ခြဲထားသည္၊ တစ္ရက္လ်ွင္ ႏွစ္ေယာက္ေနအေဆာင္ငယ္အတြက္ အမွတ္၂၀ ႏွင့္ တစ္ဦးခ်င္းအေဆာင္အတြက္ ၁၂မွတ္ က်သင့္မည္ျဖစ္သည္။ ထို႔ေၾကာင့္ လင္းေ႐ွာင္ ေလာင္းေၾကးထပ္ထားေသာ အမွတ္၂၀၀သည္ အေဆာင္ငွါးရန္ လဝက္မ်ွသာခံသည္ဟု ထိုလူငယ္မွ ေျပာသြားျခင္းျဖစ္သည္။




ထိုေစ်းႏႈန္းမ်ားသည္ အရမ္းမမ်ားလြန္းဟု ဆိုႏိုင္ေသာ္လည္း ေက်ာင္းသားအမ်ားစု မတတ္ႏိုင္ေသာ ေစ်းမ်ား ျဖစ္ေနသည္၊ အဘယ္ေၾကာင့္ဆိုေသာ္ ေတာက္႐ွင္းအကယ္ဒမီ၏ တန္းခြဲတစ္ႏွင့္ တန္းခြဲႏွစ္ ႏွစ္ခုလံုးတြင္ အမွတ္မ်ားစုေဆာင္းရန္ အမွန္ပင္ ခက္ခဲေလသည္၊ ထို႔ေၾကာင့္ ယခုကဲ့သို႔ လင္းေ႐ွာင္ႏွင့္ စြန္းက်ဲတို႔၏ အမွတ္မ်ား ေလာင္းေၾကးထပ္၍ စိန္ေခၚေသာ ပြဲမ်ိဳးသည္လည္း အလြန္ပင္႐ွားပါးေလ၏။





အခန္းခမ်ားစံုစမ္းၿပီးေသာအခါ ယူေ႐ွာင္မိုအတြက္ အမွတ္မ်ားစုေဆာင္းရန္ နည္းလမ္းမ်ားကိုပါ စံုစမ္းရေလေတာ့သည္၊ ထိုေနရာတြင္ သူ႔အတြက္မူ တစ္ေယာက္ခန္းႏွင့္ သီးသန္႔အေဆာင္ ဟူ၍ ေရြးခ်ယ္စရာႏွစ္ခုသာ႐ွိေလရာ ေရ႐ွည္တြင္ သူသည္ အေဆာင္ငယ္အား ျကာ႐ွည္ငွါးရန္ မတတ္ႏိုင္ေလာက္ေပ၊ ထို႔ေၾကာင့္ တစ္ေန႔လ်ွင္ ေျခာက္မွတ္သာ က်သင့္ေသာ သီးသန္႔တစ္ေယာက္ခန္းကိုသာ ေရြးခ်ယ္ရေပမည္..၊ ထိုအခါ သူ႔တြင္ တစ္ေန႔ဝင္ေငြ ေျခာက္မွတ္ႏွင့္အထက္ ရ႐ွိရန္ ႀကိဳးပမ္းရေပေတာ့မည္၊ သို႔ေသာ္ ယူေ႐ွာင္မို အမွတ္မ်ားစုေဆာင္းရန္ နည္းလမ္းမ်ားအား စံုစမ္းၾကည့္ေသာအခါ လူသစ္တစ္ေယာက္အတြက္ တစ္ေန႔လ်ွင္ အမွတ္ေျခာက္မွတ္ႏွင့္အထက္ ရ႐ွိရန္မွာ အလြန္ခက္ခဲေသာ ကိစၥတစ္ခုအျဖစ္သာ ႐ွိေနေသးေတာ့၏..။










ထိုနည္းလမ္းမ်ားအနက္ ပထမနည္းလမ္းမွာ အတန္းတက္ရန္ျဖစ္သည္။

စာသင္ခ်ိန္မ်ား ေန႔စဥ္ပံုမွန္တက္ျခင္းျဖင့္ အမွတ္ႏွစ္မွတ္ရ႐ွိႏိုင္၏၊ မတက္လ်ွင္ ဘာမွမရ။

ေက်ာင္းသားအားလံုးအတြက္ တစ္ေန႔လ်ွင္အတန္းခ်ိန္ တစ္ခ်ိန္သာ႐ွိေသာေၾကာင့္ အမ်ားစုသည္ အတန္းတက္ရန္ ဆံုးျဖတ္ၾကေလ၏။ သို႔ေသာ္ သင့္ထံ၌ ပိုေကာင္းသည့္အစီအစဥ္ ႐ွိပါက အတန္းမတက္ရန္ ဆံုးျဖတ္၍လည္း ေနႏိုင္ေပသည္။







ဒုတိယနည္းလမ္းမွာ ေတာက္တိုမယ္ရလုပ္ရန္ ျဖစ္သည္။


ေက်ာင္းပတ္ဝန္းက်င္ သန္႔႐ွင္းေရးေသာ္လည္းေကာင္း...၊ ဆရာ ဆရာမမ်ားအား အႀကိဳအပို႔ေသာ္လည္းေကာင္း ျပဳလုပ္ႏိုင္သည္။

ဤနည္းလမ္းျဖင့္ တစ္ေန႔လ်ွင္ သံုးေလးမွတ္ ရ႐ွိႏိုင္၏။ သို႔ေသာ္ ဤအလုပ္အား ရ႐ွိၾကသူမ်ားမွာ အမ်ားအားျဖင့္ ေနာက္ခံေကာင္းေကာင္း႐ွိသူမ်ား သို႔မဟုတ္  ဆရာ ဆရာမမ်ား၏ အျမင္ၾကည္လင္မႈ ရ႐ွိသူမ်ားသာျဖစ္သည္။


ယူေ႐ွာင္မိုသည္ မ်က္ႏွာျမင္ခ်စ္ခင္ပါေစ ဟူေသာလူစားမ်ိဳးထဲ၌ မပါဝင္ေၾကာင္း မိမိကိုယ္ကိုသိသည္ ။ ထို႔ေၾကာင့္ ထိုေတာက္တိုမယ္ရအလုပ္ရရန္ စိတ္မကူးေတာ့ေပ။







တတိယနည္းလမ္းမွာ ယဥ္ၿပိဳင္ျခင္းျဖစ္သည္။

တန္းခြဲႏွစ္မွ ေက်ာင္းသားမ်ား၏ စိန္ေခၚယွဥ္ၿပိဳင္ပြဲစဥ္မ်ားမွာ
တန္းခြဲတစ္မွ ေက်ာင္းသားမ်ား အခ်င္းအခ်င္း စိန္ေခၚယွဥ္ၿပိဳင္ၾကသည္ႏွင့္တူေသာ္လည္း ၎တို႔ကဲ့သို႔ တိုက္ခိုက္ျခင္းနည္းလမ္းျဖင့္ မဟုတ္ပဲ ေမွာ္ေဆးဆရာမ်ား၏ အင္အားကို ေဆးပင္အညစ္အေျကး စစ္ထုတ္ျခင္း၊ ေပါင္းခံသန္႔စင္ျခင္း နည္းလမ္းမ်ားျဖင့္ ယွဥ္ၿပိဳင္ၾကျခင္း ျဖစ္သည္။


တန္းခြဲႏွစ္မွ ေက်ာင္းသားမ်ားသည္ အခ်င္းခ်င္း မေက်မနပ္ျဖစ္ၾကျခင္း၊ အႏိုင္ယူလိုျခင္းတို႔ေၾကာင့္သာ စိန္ေခၚယွဥ္ၿပိဳင္ပြဲမ်ား အမ်ားဆံုး ျဖစ္ပြားေလ့႐ွိသည္၊ ထိုသို႔ယွဥ္ၿပိဳင္ၾကရာ၌ ၿပိဳင္ပြဲစင္ေပၚတြင္ ယွဥ္ၿပိဳင္ၾကျခင္းက အက်ိဳးသက္ေရာက္မႈ ႀကီးမားသည္၊ ေက်ာင္းသားသည္ ယွဥ္ၿပိဳင္ရာတြင္ ႐ွံုးနိမ့္သည္ေသာ္လည္းေကာင္း အႏိုင္ရသည္ေသာ္လည္းေကာင္း ျဖစ္ခဲ့ပါလ်ွင္ လူအမ်ားေ႐ွ႕တြင္ျဖစ္ေသာေၾကာင့္ လူအမ်ား၏ အာရံုစိုက္မႈအား ပို၍ ရရႇိလာလိမ့္မည္ ျဖစ္သည္။



ထိုသိလူသိမ်ားခံရေသာ ကိစၥမ်ားသည္ ယူေ႐ွာင္မိုႏွင့္ အဆင္မေျပလွေပ။



ထို႔ေၾကာင့္ သူသည္ စတုတၳနည္းလမ္းကိုသာ ေရြးခ်ယ္ရေတာ့မည္ ျဖစ္သည္။





ထိုသို႔ အေတြးထဲ နစ္ေျမာေနစဥ္၌ တစ္စံုတစ္ေယာက္မွ သူ႔အား လည္ပင္းမွေန၍ သိုင္းဖက္ျခင္းကို ခံလိုက္ရေလေတာ့၏။




















# 23.7.2020


" " မထည့္ထားတဲ့ တခ်ိဳ႕စာသားေလးေတြက စကားေျပာမဟုတ္ပဲ ယူေ႐ွာင္မိုရဲ႕ အေတြးေလးေတြပါေနာ္.. *ဘာညာမထည့္ထားေတာ့ စကားေျပာနဲ႔ေရာၿပီး ႐ႈပ္ကုန္မွာစိုးတယ္..


စာလံုးေပါင္း မွားေနတာျမင္ရင္လဲ ေျပာပါေနာ္ ^.^

Feedback ေလးေတြ ေမ်ွာ္ေနပါ့မယ္႐ွင့္ <3











_________________













Unicode ver...







အမှတ်စုဆောင်းရန် ဗျူဟာကြီး လေးခု .. ..📕















" တစ်ဆိတ်လောက်, အကိုကြီး  ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲဗျ? "


ယူရှောင်မိုသည် ယခုအခြေအနေအား အကြမ်းဖျင်း ခန့်မှန်းမိသော်လည်း တစ်စုံတစ်ယောက်အား မေးမြန်းလိုက်ပါက ဤပြသနာ၏ အရင်းအမြစ်ကိုပါ သိနိုင်လိမ့်မည် ဖြစ်သောကြောင့် နံဘေးတွင်ရှိသော လူငယ်တစ်ယောက်အား မေးမြန်းလိုက်၏၊ ထိုလူငယ်သည်အသက် နှစ်ဆယ့်ငါး , နှစ်ဆယ့်ခြောက်နှစ်ခန့် ရှိမည်ဟု ထင်ရပြီး ပြိုင်ပွဲစင်ပေါ်ရှိ လူနှစ်ယောက်အား လက်ပိုက်၍ စိတ်ဝင်တစား ကြည့်ရှုနေလေသည်၊ ပြိုင်ပွဲကွင်း၏ ပတ်ပတ်လည်၌ လူပေါင်းများစွာ တိုးဝှေ့နေကြသော်လည်း အလွန်ထူးဆန်းစွာပင် ထိုလူငယ်အား မည်သူမျှဝင်မတိုးရဲကြပဲ ရှိလေ၏။




ယူရှောင်မို၏ မေးခွန်းအားကြားသောအခါ ထိုလူငယ်သည် အံ့သြသွားဟန်ဖြင့် ယူရှောင်မိုအား အကဲခတ်သလို လှည့်ကြည့်လာကာ  မျက်နှာပေါ်တွင်လည်း အပြုံးခပ်ရေးရေးတစ်ခုဖြင့် ပြန်မေးလေ၏။


" မင်း.. ငါ့ကိုမေးတာလား? "

ယူရှောင်မို ခေါင်းငြိမ့်ပြလိုက်သည်။

ထိုလူငယ်သည် ယူရှောင်မိုအတွက် သာမာန်မဟုတ်သော အငွေ့အသက်များ ခံစားရစေ၏၊ ထိုလူငယ်သည် ချောမောသောမျက်နှာနှင့် ဖီးနစ်ငှက်ကဲ့သို့ စူးရှသောမျက်ဝန်းများ ပိုင်ဆိုင်ထားသည်၊ သူ၏ ကိုယ်ဟန်အမူအယာအားလုံးသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ အငွေ့အသက်များ လွှမ်းမိုးလျက်ရှိပြီး ရန်သွားစရန် မသင့်လျော်သော လူစားမျိုးထဲတွင် ပါဝင်လေ၏။


ယူရှောင်မို ခေါင်းငြိမ့်လိုက်သည်ကို မြင်သောအခါ ထိုလူ၏ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်သည် ကွေးတက်သွားပြီး  ယူရှောင်မိုအား စိတ်ဝင်စားဟန်ဖြင့် ...


" မင်းက တန်းခွဲ တစ်ကလား, နှစ်ကလား?  နာမည်ကရော? "


"ကျွန်တော်က တန်းခွဲနှစ်ကပါ ကျွန်တော့နာမည်က ရှောင်ဟေး.. "

" ရှောင်ဟေး?
အဲ့နာမည် မင်းနဲ့တကယ်လိုက်တယ် "


သိပါတယ် မင်းပြောစရာမလိုဘူး!    

" အဲ့ဒါ ကျွန်တော့ မိဘတွေပေးထားတာ "



" အော်.. ဟုတ်မှာပါလေ.. "




ထို့နောက် လူငယ်သည် စင်ပေါ်ရှိ လူနှစ်ယောက်ထံသို့ အကြည့်လွှဲပြောင်းလိုက်ပြီး...

" မင်းက ဘာလို့ သူတို့နှစ်ယောက် ချနေလဲသိချင်တာနော်? "

" ဟုတ်တယ် ဘာလို့လဲ? သိရင် ပြောပြပါလား.. "




" ကောင်းပြီလေ.. ..

အကျီအပြာဝတ်ထားတဲ့ တစ်ယောက်ရဲ့နာမည်က စွန်းကျဲ တဲ့.. တန်းခွဲတစ်ရဲ့ ထိပ်ဆုံးဆယ်ရောက်စာရင်းမှာ အဆင့်ကိုး.. သူ့အတွင်းအား အဆင့်က ကြယ်ခုနှစ်ပွင့် လအဆင့် အထွတ်အထိပ်ပဲ.. အခုဆို ကြယ်အဆင့်ကိုတောင် တက်ရင် တက်သွားလောက်ပြီ ထင်တယ်၊ အဖြူရောင်ဝတ်ထားတဲ့ တစ်ယောက်ကတော့........"






လင်းရှောင်အကြာင်း ပြောခါနီးတွင် ယူရှောင်မို ရုတ်တရက် စိတ်လှုပ်ရှားလာပြီး မျက်လုံးများ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နားစွင့်ထားလေ၏။




" အဲ့တစ်ယောက်ကရော? "

" သူက လင်းရှောင်တဲ့.. ဒီနေ့မှ ကျောင်းကိုရောက်လာတဲ့ ကျောင်းသားသစ်ပဲ.. တော်တော်ရိုင်းတယ်၊ လူတွေပြောကြတာတော့ သူက နေအဆင့်ပဲရှိသေးတယ်တဲ့ ငါတော့မထင်ပါဘူး.. အဲ့လိုမှမဟုတ်ရင် သူ့ထက်အဆင့်မြင့်တဲ့ စွန်းကျဲလိုလူမျိုးကို ဘယ်စိန်ခေါ်ရဲပါ့မလဲ.. ဟုတ်တယ်မလား? "



သူ၏စကားသံထဲ၌ အထင်ကြီးလေးစားမှုများ ဝင်ရောက်နေလေ၏။



ဟွန်း ...

အဲ့ဒါကို ရိုင်းတယ်လို့ခေါ်တာလား?

ဒီလူက လင်းရှောင်တကယ် ရိုင်းရင် ဘယ်လိုပုံစံမျိုးလဲဆိုတာ မမြင်ဖူးသေးလို့ပဲဖြစ်မယ်!
 







ယူရှောင်မိုဆက်မေးလေ၏..



" သူတို့ ဘယ်ကနေ ပြဿနာ စဖြစ်ကြတာလဲ? "



" စွန်းကျဲက လူသစ်တွေကို သွားပြီး ပြသနာရှာတယ်လေ၊ သူတို့ကို စာရင်းသွင်းကြဖို့ အတင်းအကြပ်ခိုင်းတယ်တဲ့.. အဲ့ဒါနဲ့ ဟိုလူသစ်က သူ့ကိုဆန့်ကျင်တယ် ပြီးတော့ ဒီလိုဖြစ်လာတာပဲ "

ယူရှောင်မို ".........."



ထိုဓားစာခံလေးများသည် လင်းရှောင်အတွက် စေတနာ့ဝန်ထမ်း လူစွမ်းကောင်းလုပ်ရန် အကြောင်းပြချက်ကောင်း ဖြစ်သွားခဲ့သည် ဆိုသည့်အချက်အား ယူရှောင်မို သဘောပေါက်သွားခဲ့လေ၏။




" ဒါမယ့် ဒီလူသစ် လင်းရှောင်က တော်တော်ပါးတယ်၊ လူအများစုအတွက်ဆိုရင် အမှတ် နှစ်ရာဆိုတာ အတော်များတယ်လေ..  စွန်းကျဲရဲ့အမှတ်တွေကလဲ စုစုပေါင်းမှ သုံးရာ ကျော်ကျော်လောက်ပဲရှိမှာကို.. အဲ့တော့သူသာ အမှတ်နှစ်ရာဆုံးရှုံးသွားရင် တော်တော် ယူကြုံးမရ ဖြစ်နေရတော့မှာပဲ.. အ ဟား ဟား ဟား "






သူကဘာလို့ လင်းရှောင်နိုင်မယ်လို့ သေချာပေါက်သိနေသလို ပြောနေရတာလဲ ?!



ယူရှောင်မိုသည် ထိုလူငယ်အား သံသယမျက်လုံးများဖြင့် ကြည့်လိုက်ပြီး မနေနိုင်တော့ပဲ ထပ်မေးလိုက်လေ၏။



" သူနိုင်မယ်ဆိုတာ ဘာလို့ အဲ့လောက်တောင် သေချာနေရတာလဲ? "

ထိုအခါ ၎င်းလူငယ်သည် မကောင်းဆိုးရွာဆန်စွာ ပြုံးလိုက်ပြီး...


" ဘာလို့လဲဆိုတော့.......

ငါက သူနိုင်မယ်လို့ပြောရင် သေချာပေါက် နိုင်မှာမိ့ုလို့ပဲကွ "
















.......... ......














ယူရှောင်မို မျက်နှာ မဲ့ရွဲ့သွားလေ၏။

နောက်ထပ်ဘဝင်ရူးတစ်ကောင်နဲ့ လာတွေ့နေပြန်ပီ!



ထိုသို့တွေးပြီးသောအခါမှ နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်၏။





" အမှတ်၂၀၀ဆိုတာ သီးသန့်ခန်းတစ်ခန်းငှါးဖို့ လုံလောက်ရဲ့လား ? "







လူငယ်၏မျက်လုံးများသည် ပြိုင်ပွဲစင်အား စိတ်ဝင်တစားကြည့်ရှူနေရာမှ ယူရှောင်မိုဆီသို့ ပြန်လည်ရွေ့လျားလာ၏။






" မင်းက လူသစ်လား ? "







ယူရှောင်မို သူ၏နှာခေါင်းကို သူပြန်ပွတ်လိုက်၏၊ သူအစကတည်းက သိလေသည်! ထိုမေးခွန်းအားမေးလိုက်လျှင် သူလူသစ်ဖြစ်ကြောင်းသိသာသွားမည်အား...၊ ထို့ကြောင့် မတတ်သာပဲ ဝန်ခံလိုက်ရတော့၏။









" အံသြစရာတော့မရှိပါဘူး.. ဒီလိုရူးကြောင်ကြောင်မေးခွန်းကို မေးတယ်ဆိုကတည်းက "










ယူရှောင်မိုသည် ထိုစကားကြောင့် အထူးတလည် စိတ်ဆိုးမနေတော့ပေ.. အဘယ်ကြောင့်ဆိုသော် လင်းရှောင်သည်လည်း သူ့အား အရူးဟု နေ့တိုင်းခေါ်နေကျပင် ဖြစ်သည်..။







" အမှတ်နှစ်ရာဆိုတာ သီးသန့်ခန်း ငှါးလို့ရရုံတင်မကဘူး.. လုံးချင်းအဆောင်ငယ် တစ်ခုကိုတောင် လဝက်လောက်အထိ ငှါးထားနိုင်တယ်၊ အဲ့အဆောင်တွေမှာ ပါဝင်တဲ့ စိတ်စွမ်းအင်ပမာဏက သီးသန့်ခန်းကထက်တောင် ပိုများသေးတယ် "




အမှတ်၂၀၀ ကတောင် လဝက်ပဲရတယ်ဆိုတော့ ကြည့်ရတာ လုံးချင်းအဆောင်ငယ်တွေက ဒီမှာ အမြင့်ဆုံးပဲဖြစ်မယ် ထင်တယ်၊ ပိုင်လီရှောင်ယွီနဲ့ ထုံယွဲ့ရှူတို့ကိုလည်း နှစ်ယောက်အတူနေနိုင်အောင် သူတို့အကိုကြီးက အဲ့ဒီလို အဆောင်ငယ် ငှါးပေးထားတာ ဖြစ်နိုင်တယ်...


" ကျွန်တော်သိချင်တာတွေကို ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ... ဟုတ်သားပဲ! ဒါနဲ့ ဒီကအကိုနာမည်က ဘယ်သူများလဲ? "


" ငါလား ? "

အပြုံးမမည်သော အပြုံးတစ်ခုနှင့်အတူ ထိုလူငယ်မှ ပြန်ဖြေလေ၏။


" နောက်ကျရင် မင်းဘာသာမင်း သိလာပါလိမ့်မယ်..."






ထိုကဲ့သို့သောလေသံမျိုးဖြင့် ပြောနိုင်ဆိုနိုင်သည်မှာ ထင်ရှားကျော်ကြားသော နောက်ခံအသိုင်းအဝိုင်း ရှိသူများထဲမှ တစ်ဦးပင်ဖြစ်ပေလိမ့်မည်၊ အံသြစရာမရှိပါပေ။

သူမပြောလိုလျှင် ဆက်မေးစရာအကြောင်းမရှိ!






သို့သော်ငြားလည်း ထိုလူငယ်အား အားနာသောအားဖြင့် ယူရှောင်မိုသည် ဟန်ဆောင်ပန်ဆောင်ပြုကာ အံ့သြသည့်အမူအယာများ ပြပေးလိုက်ပါ၏၊ ထိုအခါ လူငယ်သည် လွန်စွာမှ စိတ်ကျေနပ်သွားဟန်ရှိပြီး ယူရှောင်မိုအား ဆက်ကြည့်မနေတော့ပဲ ဟန်ပါပါဖြင့် လှည့်ထွက်သွားလေတော့သည်တည့် .. ။








၎င်းတို့စကားပြောနေစဉ် အချိန်တွင်းမှာပင် စင်ပေါ်မှလူနှစ်ဦး၏ တိုက်ပွဲသည်လည်း စတင်ခဲ့လေ၏၊  လူထုအပေါင်း၏ အားပေးကြွေးကြော်သံများသည် အဆောက်အအုံအတွင်း ပဲ့တင်ပျံနှံ့လျှက်ရှိပေသည်..။



ဟိုလူငယ်ပြောခဲ့သည့်အတိုင်း အနိုင်အရှုံးမှာ ယူရှောင်မိုအတွက် လွန်စွာမှ သိသာထင်ရှားနေသောကြောင့် ထိုပွဲအားစိတ်မဝင်စားတော့ပဲ လူအုပ်အတွင်းမှ ထွက်လာခဲ့လေတော့၏။




အပြင်သို့ရောက်သော် သူနှင့်အတူထွက်လာခဲ့သော ကျန်းရှောင်ဖန်းအား လှည့်ပတ်ရှာကြည့်ပါသော်ငြား မတွေ့...။ လူအုပ်ကြားထဲ ညှပ်ပါသွားသည်ထင်သည်၊ ထို့ကြောင့် ဆက်ရှာမနေတော့ပဲ သိလိုသည်များအား ဆက်လက်စုံစမ်းရန် တစ်ယောက်တည်း ထွက်လာခဲ့လေ၏။




နာရီဝက်မျှကြာသောအခါ အချက်အလက်အချို့ သိလာရလေသည်။
ယူရှောင်မို စုံစမ်းလာသည်များမှာ အဆောင်များနှင့် အခန်းငှါးခများ အကြောင်းပင်ဖြစ်၏၊ ယခုလက်ရှိ သူနှင့် ကျန်းရှောင်ဖန်းနေသော အခန်းမှာ အခန်းခပေးရန်မလိုပေ၊ ထို့ကြောင့်လည်း အခန်းများမှာ တန်းခွဲနှစ်၌ အခြေအနေ အဆိုးရွားဆုံးများ ဖြစ်နေရခြင်းပင် .... ။


ထို့ပြင် အခန်းတွင်း၌ ပါဝင်သော စိတ်စွမ်းအင်ပမာဏနှင့် အခြား အသုံးအဆောင် ပစ္စည်းများသည် အခန်းငှါးခပေါ် လိုက်၍ ကွာခြားသေး၏၊ အခန်းများမှာ သုံးယောက်ခန်း၊ နှစ်ယောက်ခန်း၊ တစ်ယောက်ခန်း စသည်ဖြင့်ရှိပီး နှစ်မှတ်၊ လေးမှတ်၊ ခြောက်မှတ် အသီးသီးဖြင့် တစ်ရက်ချင်း အခန်းခကုန်ကျစရိတ် သတ်မှတ်ထားလေသည်။




ထို့ပြင် လုံးချင်းအဆောင်ငယ်များလည်း ရှိသေး၏၊ ထိုအဆောင်ငယ်များအား နှစ်ယောက်နေအဆောင်  နှင့် သီးသန့်တစ်ဦးချင်းအဆောင် ဟု ခွဲထားသည်၊ တစ်ရက်လျှင် နှစ်ယောက်နေအဆောင်ငယ်အတွက် အမှတ်၂၀ နှင့် တစ်ဦးချင်းအဆောင်အတွက် ၁၂မှတ် ကျသင့်မည်ဖြစ်သည်။ ထို့ကြောင့် လင်းရှောင် လောင်းကြေးထပ်ထားသော အမှတ်၂၀၀သည် အဆောင်ငှါးရန် လဝက်မျှသာခံသည်ဟု ထိုလူငယ်မှ ပြောသွားခြင်းဖြစ်သည်။




ထိုဈေးနှုန်းများသည် အရမ်းမများလွန်းဟု ဆိုနိုင်သော်လည်း ကျောင်းသားအများစု မတတ်နိုင်သော ဈေးများ ဖြစ်နေသည်၊ အဘယ်ကြောင့်ဆိုသော် တောက်ရှင်းအကယ်ဒမီ၏ တန်းခွဲတစ်နှင့် တန်းခွဲနှစ် နှစ်ခုလုံးတွင် အမှတ်များစုဆောင်းရန် အမှန်ပင် ခက်ခဲလေသည်၊ ထို့ကြောင့် ယခုကဲ့သို့ လင်းရှောင်နှင့် စွန်းကျဲတို့၏ အမှတ်များ လောင်းကြေးထပ်၍ စိန်ခေါ်သော ပွဲမျိုးသည်လည်း အလွန်ပင်ရှားပါးလေ၏။





အခန်းခများစုံစမ်းပြီးသောအခါ ယူရှောင်မိုအတွက် အမှတ်များစုဆောင်းရန် နည်းလမ်းများကိုပါ စုံစမ်းရလေတော့သည်၊ ထိုနေရာတွင် သူ့အတွက်မူ တစ်ယောက်ခန်းနှင့် သီးသန့်အဆောင် ဟူ၍ ရွေးချယ်စရာနှစ်ခုသာရှိလေရာ ရေရှည်တွင် သူသည် အဆောင်ငယ်အား ကြာရှည်ငှါးရန် မတတ်နိုင်လောက်ပေ၊ ထို့ကြောင့် တစ်နေ့လျှင် ခြောက်မှတ်သာ ကျသင့်သော သီးသန့်တစ်ယောက်ခန်းကိုသာ ရွေးချယ်ရပေမည်..၊ ထိုအခါ သူ့တွင် တစ်နေ့ဝင်ငွေ ခြောက်မှတ်နှင့်အထက် ရရှိရန် ကြိုးပမ်းရပေတော့မည်၊ သို့သော် ယူရှောင်မို အမှတ်များစုဆောင်းရန် နည်းလမ်းများအား စုံစမ်းကြည့်သောအခါ လူသစ်တစ်ယောက်အတွက် တစ်နေ့လျှင် အမှတ်ခြောက်မှတ်နှင့်အထက် ရရှိရန်မှာ အလွန်ခက်ခဲသော ကိစ္စတစ်ခုအဖြစ်သာ ရှိနေသေးတော့၏..။










ထိုနည်းလမ်းများအနက် ပထမနည်းလမ်းမှာ အတန်းတက်ရန်ဖြစ်သည်။

စာသင်ချိန်များ နေ့စဉ်ပုံမှန်တက်ခြင်းဖြင့် အမှတ်နှစ်မှတ်ရရှိနိုင်၏၊ မတက်လျှင် ဘာမှမရ။

ကျောင်းသားအားလုံးအတွက် တစ်နေ့လျှင်အတန်းချိန် တစ်ချိန်သာရှိသောကြောင့် အများစုသည် အတန်းတက်ရန် ဆုံးဖြတ်ကြလေ၏။ သို့သော် သင့်ထံ၌ ပိုကောင်းသည့်အစီအစဉ် ရှိပါက အတန်းမတက်ရန် ဆုံးဖြတ်၍လည်း နေနိုင်ပေသည်။







ဒုတိယနည်းလမ်းမှာ တောက်တိုမယ်ရလုပ်ရန် ဖြစ်သည်။


ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးသော်လည်းကောင်း...၊ ဆရာ ဆရာမများအား အကြိုအပို့သော်လည်းကောင်း ပြုလုပ်နိုင်သည်။

ဤနည်းလမ်းဖြင့် တစ်နေ့လျှင် သုံးလေးမှတ် ရရှိနိုင်၏။ သို့သော် ဤအလုပ်အား ရရှိကြသူများမှာ အများအားဖြင့် နောက်ခံကောင်းကောင်းရှိသူများ သို့မဟုတ်  ဆရာ ဆရာမများ၏ အမြင်ကြည်လင်မှု ရရှိသူများသာဖြစ်သည်။


ယူရှောင်မိုသည် မျက်နှာမြင်ချစ်ခင်ပါစေ ဟူသောလူစားမျိုးထဲ၌ မပါဝင်ကြောင်း မိမိကိုယ်ကိုသိသည် ။ ထို့ကြောင့် ထိုတောက်တိုမယ်ရအလုပ်ရရန် စိတ်မကူးတော့ပေ။







တတိယနည်းလမ်းမှာ ယဉ်ပြိုင်ခြင်းဖြစ်သည်။

တန်းခွဲနှစ်မှ ကျောင်းသားများ၏ စိန်ခေါ်ယှဉ်ပြိုင်ပွဲစဉ်များမှာ
တန်းခွဲတစ်မှ ကျောင်းသားများ အချင်းအချင်း စိန်ခေါ်ယှဉ်ပြိုင်ကြသည်နှင့်တူသော်လည်း ၎င်းတို့ကဲ့သို့ တိုက်ခိုက်ခြင်းနည်းလမ်းဖြင့် မဟုတ်ပဲ မှော်ဆေးဆရာများ၏ အင်အားကို ဆေးပင်အညစ်အကြေး စစ်ထုတ်ခြင်း၊ ပေါင်းခံသန့်စင်ခြင်း နည်းလမ်းများဖြင့် ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။


တန်းခွဲနှစ်မှ ကျောင်းသားများသည် အချင်းချင်း မကျေမနပ်ဖြစ်ကြခြင်း၊ အနိုင်ယူလိုခြင်းတို့ကြောင့်သာ စိန်ခေါ်ယှဉ်ပြိုင်ပွဲများ အများဆုံး ဖြစ်ပွားလေ့ရှိသည်၊ ထိုသို့ယှဉ်ပြိုင်ကြရာ၌ ပြိုင်ပွဲစင်ပေါ်တွင် ယှဉ်ပြိုင်ကြခြင်းက အကျိုးသက်ရောက်မှု ကြီးမားသည်၊ ကျောင်းသားသည် ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်သည်သော်လည်းကောင်း အနိုင်ရသည်သော်လည်းကောင်း ဖြစ်ခဲ့ပါလျှင် လူအများရှေ့တွင်ဖြစ်သောကြောင့် လူအများ၏ အာရုံစိုက်မှုအား ပို၍ ရရှိလာလိမ့်မည် ဖြစ်သည်။



ထိုသိလူသိများခံရသော ကိစ္စများသည် ယူရှောင်မိုနှင့် အဆင်မပြေလှပေ။



ထို့ကြောင့် သူသည် စတုတၳနည်းလမ်းကိုသာ ရွေးချယ်ရတော့မည် ဖြစ်သည်။





ထိုသို့ အတွေးထဲ နစ်မြောနေစဉ်၌ တစ်စုံတစ်ယောက်မှ သူ့အား လည်ပင်းမှနေ၍ သိုင်းဖက်ခြင်းကို ခံလိုက်ရလေတော့၏။




















# 23.7.2020


" " မထည့်ထားတဲ့ တချို့စာသားလေးတွေက စကားပြောမဟုတ်ပဲ ယူရှောင်မိုရဲ့ အတွေးလေးတွေပါနော်.. *ဘာညာမထည့်ထားတော့ စကားပြောနဲ့ရောပြီး ရှုပ်ကုန်မှာစိုးတယ်..


စာလုံးပေါင်း မှားနေတာမြင်ရင်လဲ ပြောပါနော် ^.^

Feedback လေးတွေ မျှော်နေပါ့မယ်ရှင့် <3

Continue Reading

You'll Also Like

3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
1.1M 61.8K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
2M 161K 36
No descriptions here