Uni
The Throne
အပိုင်း-၃
'ဒုန်း!!''
အမြန်ပိတ်လိုက်သော တံခါးဘောင်ဆီ အရှိန်ပြင်းပြင်းလွင့်ထွက်လာသော ကြွေပန်းကန်လုံးလေးတစ်လုံး……
ဝင်လာသော ရှန့်ကုန်းဆီ ထို ပန်းကန်လုံး မရောက်လာခင် တံခါးအမြန်ပိတ်လိုက်လို့တော်သေးသည်။
ဘယ်သူမှ ကြင်ယာတော် ဝမ်အွန်း အခန်းထဲ မဝင်ရဲကြ။နိုးလာကတည်းက အဖြူရောင်ပိုးသား ညဝတ်ဝတ်စုံကိုသာ ဝတ်ထားပြီး ဖြောင့်စင်းစွာကျနေသော ဆံပင်တို့ကိုလည်း စည်းနှောင်မထားဘဲ စိတ်တိုဒေါသထွက်နေသည်။
တစ်ချက်လှုပ်လိုက်တိုင်း အသည်းခိုက်မတတ် နာကျင်မှုကို ခံစားရတိုင်း ညကအဖြစ်အပျက်အတွက် စိတ်တိုသည်။ထို့ထက် ဝမ်ယောလ် ပြောသွားသော စကားတို့အား ပို၍စိတ်တိုစေသည်။
'အွန်းလေး ခန္ဓကိုယ်ကို လိုချင်တာထက် ဖျက်ဆီးပစ်ချင်တာ။အွန်းလေး က သိပ်တော် သိပ်ထက်မြက်လွန်းတော့ အနားမှာထားပြီး ကိုယ့်ကိုဒူးထောက်တတ်လာအောင် သင်ပေးချင်တာ။အဲ့လောက်အထိ အွန်းလေး က လွှမ်းမိုးလွန်းတယ်။သတိအလွတ်မခံနိုင်လောက်အောင် သတိကြီးကြီးနဲ့ ချိုးနှိမ်ထားချင်တာ။အဲ့ဒါက အွန်းလေး ကို အနားမှာခေါ်ထားတဲ့ ကိုယ့်ရဲ့ရည်ရွယ်ချက်ပဲ'
'ငါ့ကိုဖျက်ဆီးပစ်ချင်တာ?ဒူးထောက်တတ်အောင် သင်ပေးချင်တာ?ငါ့ကိုချိုးနှိမ်ထားချင်တာ?ဟက်………'
တစ်ချက်ရီလိုက်တော့ စပ်ဖျင်းဖျင်းဖြစ်သွားသော နှုတ်ခမ်းပါးလေး……
ညက ဝမ်ယောလ် အသေကိုက်ဖောက်သွားသည့်နေရာသည် သွေးပြန်ဆို့လာသည်။
ထို့အတူ ထပ်ပြီး မျက်ရည်တွေကျလာပြန်သည်။
တစ်မနက်လုံးငိုထားတာတောင် မကုန်ခမ်းနိုင်သေးဘူးထင်တယ်။ရက်ရက်စက်စက်စော်ကားခံရသော နာကျင်မှုကို လောလောလတ်လတ် ခံစားနေရသော ဝမ်အွန်း မဖြေဆည်နိုင်သေးပေ။သူ့ခေါင်းထဲ အရာအားလုံး ဗလာဖြစ်နေသည်။သူသိသည်မှာ လက်ရှိသူ့ကိုယ်သူ ရွံသည်။အရေပြားပေါ်တွင် ထင်ကျန်နေသေးသော အနီအကွက် နှင့် ခရမ်းသွေးရောင် အကွက်တို့အား ဓားထက်ထက်ဖြင့် လှီးထုတ်ပစ်ချင်သည်အထိ ရွံမုန်းလှသည်။ထိုင်နေတုန်းတောင် ခံစားနေရသော ဝေဒနာကြောင့် အခုချက်ချင်း သေပစ်လိုက်ချင်သည် အထိ ရှက်လွန်းသည်။
ထပ်ပြီး တံခါးဖွင့်သံကြားလိုက်တာကြောင့် ဝမ်အွန်း ကြွေပန်းကန်လုံးတစ်လုံးကို ဆတ်ခနဲယူလိုက်ပြီး ဝင်လာသောသူအား ပစ်ပေါက်ရန် ရည်ရွယ်ထားသည်။
ဝင်လာသည့်သူမှာ သူ့မယ်တော်ဖြစ်နေသောအခါ လက်ထဲက ကြွေပန်းကန်လုံးလေး လွတ်ကျသွားသည်။
'မယ်တော်'
တိုးညှင်းစွာခေါ်ဆိုမှုအပြီး မျက်နှာလွှဲလိုက်ပြီး အသံတိတ်မျက်ရည်ကျမိသည်။
ဒီအချိန်မှာ သူမတွေ့ချင်ဆုံး သူ့မယ်တော်ဖြစ်သည်။
သူ့ရဲ့သားက သူ့ထက်ရာထူးနိမ့်သော မိန်းမကမွေးသည့် သား၏ အရှက်ခွဲမှုကို ခံထားရသည်မဟုတ်လား။ကြင်ယာတော်ဆိုသည့် သူ မခံယူချင်သည့် ဂုဏ်ပုဒ်အပြင် ထို့ထက် မျက်နှာပူစရာကိစ္စတွေက ရှိနေသေးသည်။
မင်းမယ်တော်ကြီးမှာ အခန်းထဲဝင်ဝင်လာချင်း ဝမ်အွန်း ပုံစံကြည့်ပြီး ခွေလဲပစ်သွားချင်သည်။
ကံတရားဟာ သိပ်ကို လှည့်စားလွန်းသည်။လွန်ခဲ့သော တစ်ပတ်ကအထိ ရာဇာပုလ္လင်ပေါ်ထိုင်နေခဲ့သည့် သား၏ ကျဆုံးခန်းသည် တခြားသော နန်းကျမင်းတွေထက် ပိုပြီး ရှက်ရွံ့စရာကောင်းနေသောအခါ
'သားတော်'
အားတင်းပြီး ခေါ်လိုက်သည်။ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် သူ့ရဲ့သားဆိုသည်မှာ အမြဲတမ်းမာကျောနေရမည်။ဥာဏ်များနေရမည်။ထပ်ပြီး ဝမ်ယောလ် နှင့် သူ့အစ်ကိုတွေကို ရင်ဆိုဖို့အတွက် သန်မာနေရမည်။အဲ့လိုဖြစ်ဖို့အတွက် သူကပိုပြီးသန်မာရမည်။မင်းမယ်တော်ကြီးသည် ဝမ်အွန်း ရဲ့ အားနည်းချက်မဖြစ်စေရ။အခုတော့ သူ့ကြောင့် ဝမ်အွန်း အားနည်းချက်ရှိသွားပြီ။
'မယ်မယ် ဘာလို့လာရတာလဲ။သားကို……သားဘယ်လောက်ထိ……'
ဝမ်အွန်း ဆက်မပြောနိုင်တော့ပေ။
မယ်တော်ကြီး ဝမ်အွန်း ကို ရင်ခွင့်ထဲ ထည့်ပိုက်ထားပြီး
'သားက မယ်မယ့်ရဲ့ သားလေ။ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက ပြောင်းလဲသွားမှာမှမဟုတ်တာ'
'သားကိုမထိပါနဲ့ မယ်မယ်။သား ကိုယ့်ကိုကိုယ်တောင် မသတီလွန်းလို့'
'ပြီးခဲ့တာတွေအတွက် နောင်တရမနေနဲ့သား။လက်ရှိနဲ့ ဖြစ်လာမဲ့ အရာတွေပဲ အာရုံစိုက်'
ဝမ်အွန်း ခေါင်းခါသည်။
'မဖြစ်နိုင်တော့ဘူးထင်တယ်။သားက……'
'ဘာလို့မဖြစ်နိုင်ရမှာလဲ။ဒီမှာ သား……မယ်မယ့်ကိုကြည့်'
ဝမ်အွန်း မျက်နှာချင်းဆိုင်လိုက်တော့
'ဒါက သင်ခန်းစာပဲသား။သားကို သားရဲ့ ထီးနန်းက စောင့်နေပါတယ်။ပြန်ယူရမယ်သား။သူ့လက်ထဲမှာ ဆုံးရှုံးသွားတဲ့ သားရဲ့ အာဏာ၊ အရှက် နဲ့ ဂုဏ်သိက္ခာတွေ အဲ့ဒါတွေအားလုံးကို ပြန်ယူရမယ်။အဲ့ဒါတွေအတွက် သားစွန့်လွှတ်သင့်တာရှိရင် စွန့်လွှတ်ရမယ်။ရင်းနှီးသင့်တာရှိရင် ရင်းနှီးရမယ်။အဆိုးဆုံး သူနဲ့ ထပ်အိပ်ရမယ်ဆိုရင်တောင် ထပ်အိပ်လိုက်။မယ်မယ်ပြောတာနားလည်လား'
ဝမ်အွန်း တိတ်ဆိတ်နေသည်။
'သားက တော်ပါတယ်။သားက ဥာဏ်ကောင်းလွန်းတော့ သူတို့က ကြောက်နေတာ။အဲ့ဒါကြောင့် အားလုံးပေါင်းပြီး အနိုင်ယူတာ။မယ်မယ့် အွန်းလေး ကလည်း သူတို့အားလုံးကိုပြန်ပြီး အနိုင်ယူရမယ်။ဘာတွေဘယ်လိုလုပ်ရမယ်ဆိုတာကတော့ သားပဲ ဆုံးဖြတ်။သားရဲ့ ဆုံးဖြတ်ချက်တိုင်းကို မယ်မယ်လက်ခံမယ်။အရှင်ဆုံးပြောရရင် မယ့်မယ့်ကိုပါ သတ်သွားလိုက်။မယ်မယ်က သားရဲ့ အားနည်းချက် ထပ်ပြီးမဖြစ်စေရဘူး'
'သား နားလည်ပါပြီ'
ဝမ်အွန်း ပါးပြင်က မျက်ရည်တွေကို သုတ်လိုက်သည်။
'ဟုတ်တယ်………ဒါက အဆုံးသတ်မဟုတ်ဘူး။အခုမှစမှာ……။သားရဲ့ နေရာကို ပြန်ယူမယ်။ဆုံးရှုံးသွားတဲ့ သားရဲ့ အရာအားလုံးကို ပြန်ပြီး လုယူမယ်'
'ဒါမှ ဝမ်အွန်း……မယ်မယ့်ရဲ့သားလေး'
~~~~~~~
ဝမ်အွန်း အပျိုတော်တွေ ဝတ်စုံဝတ်ပေးနေသည်ကို အေးအေးဆေးဆေးငြိမ်နေသည်။ဒါပေမဲ့ သူ့ခေါင်းထဲတွင်တော့ တွေးစရာတွေများနေသည်။အရင်ဆုံးလုပ်ရမည့်အလုပ် ရှိနေသည်။အကြောင်းပြချက်ကောင်းကောင်းနဲ့ ဝမ်ယောလ် ရဲ့ လူတွေကို ရှင်းပစ်နိုင်မည့် အခွင့်အရေး။ထို့အတူ သူ့ရဲ့ ပြန်လည်ရယူရေးအစီအစဉ်ရဲ့ ပထမဆုံးခြေလှမ်း……
ဝမ်အွန်း ဝတ်စုံဝတ်ပြီးသွားတော့ သူ့ရှေ့တွင် ထောင်ထားသော ကြေးမုံချပ်ကို ကြည့်လိုက်သည်။
ပြင်ဆင်ထားပုံက ကြင်ယာတော်နဲ့လိုက်အောင် မိန်းကလေးဆန်ပေမဲ့ ခပ်နွဲ့နွဲ့ပုံစံမျိုးတော့မဟုတ်ပေ။
ကြက်သွေးရောင် ဝတ်ရုံရှည်နှင့်အတူ ဆံမင်တစ်ဝက်ကို အမြင့်ထုံးထားပြီး ကြင်ယာတော်ကို ကိုယ်စားပြုသည့် ရွှေခေါင်းဆောင်းကို ဆောင်းထားသည်။မိန်းကလေးမိဖုရားတွေ ဝတ်ဆင်သော ပုံစံပေမဲ့ ဝမ်အွန်း အသုံးပြုလိုက်သောအခါ မင်းကြီးနှင့်ပင် အထင်မှားလောက်သည်အထိ ဟိတ်ဟန်ကြီးသည်။
တရွတ်တိုက်ဆွဲသွားသော တံခါးရဲ့နောက်ကွယ်က ဝမ်အွန်း မျက်နှာပေါ်လာသည်နှင့် ရှိသမျှလူအားလုံး ခေါင်းငုံ့လိုက်ကြသည်။
'လက်ထက်ပွဲညက ရှိခဲ့တဲ့လူတွေအားလုံးကို ခေါ်လာခဲ့'
'ဘာလို့ပါလဲ ကြင်ယာတော်မင်းသား။အဲ့နေ့က တာဝန်ကျတဲ့သူတွေက အခုဒီမှာမရှိတော့ပါဘူး။တခြားတာဝန်ကျရာနေရာမှာ……'
'ကျစ်!……လျှာရှည်လိုက်တာ။ငါပြောတာနားမလည်ဘူးလား'
စိတ်မရှည်ဟန်ပြလာသည့် ဝမ်အွန်းကြောင့်
'အခုခေါ်လိုက်ပါ့မယ်'
အရိုအသေပြုပြီးနောက် ထွက်သွားသည့် ရှန့်ကုန်း အား ဝမ်အွန်းလိုက်ကြည့်မနေခဲ့။ကျန်နေခဲ့သည့် လူများကိုသာ ကြည့်နေသည်။
သူရဲ့ ရှေ့ဆက်ရမည့်လမ်း ဖြောင့်ဖြူးဖို့အတွက် အရင်ဆုံး အစောင့်တွေကို ကိုယ့်လူဖြစ်အောင်လုပ်ရမည်။
'အကုန်ရောက်ပါပြီ ကြင်ယာတော်မင်းသား'
'တံခါးစောင့်တွေကော'
'အကုန်ပါ ပါတယ်'
အားလုံးပေါင်း ဆယ့်ငါးယောက်လောက်ရှိမည်။
'ရှန့်ကုန်း ကော အဲ့နေ့က ရှိမနေဘူးလား'
'ရှိပါတယ်'
'နောက်ထပ် ဘယ်သူရှိသေးလဲ'
'ကိုယ်ရံတော် sehun ပါ'
'''sehun ပါရှိနေခဲ့တာပေါ့'''
ဝမ်အွန်း ထိုစကားကို စိတ်ထဲတွင်သာ ပြောပြီး သူ့ဘေးတွင်ရပ်နေသော အစောင့်လက်ထဲမှ ဓားကို ဆွဲထုတ်လိုက်သည်။အဲ့ဒီနောက် ဒူးထောက်နေသော လူတွေအားလုံးကို သတ်ပစ်လိုက်သည်။
'ကြင်ယာတော်မင်းသား'
ပါးပြင်ပေါ်က အနီရောင်သွေးစက်တို့ကို လက်ဖြင့်သုတ်ရင်း ပြုံးလိုက်သည်။ရှန့်ကုန်း မှာ တုန်တုန်ရီရီနဲ့ ဒူးထောက်တောင်းပန်တော့သည်။
'ခွင့်လွှတ်ပေးပါ ကြင်ယာတော်မင်းသား'
'ခွင့်လွှတ်ရမယ်?မင်းအသက်ဆက်ရှင်နိုင်မဲ့ အကြောင်းပြချက်တစ်ခုပေး။မင်းကိုချမ်းသာပေးမယ်'
တစ်ခွန်းတည်းသောစကားကသာ သူ့အသက်ကိုကယ်တင်နိုင်မည်ဖြစ်သောကြောင့် ရှန့်ကုန်းမှာ တောင်ကြည့်မြောက်ကြည့်ဖြင့် စဉ်းစားနေသည်။တစ်ခြားလူတွေအကုန်လုံးမှာလည်း ဒူးထောက်နေကာ အကုန်ကြောက်လန့်နေကြသည်။
'ကြင်ယာတော်မင်းသားရဲ့ လူ ဖြစ်ပေးပါ့မယ်'
ရှန့်ကုန်းရဲ့ စကားကြောင့် ဝမ်အွန်း မျက်ခုံးပင့်သွားသည်။ဒီလောက် အကင်းပါးနပ်လို့လည်း ရှန့်ကုန်းတွေထဲမှာမှ ဒုတိယ ရှန့်ကုန်းမယ်မယ် ရာထူးကိုရထားခြင်းဖြစ်သည်။
'သေချာလို့လား။ယောလ်လေး ရဲ့ သစ္စာတော်ခံက ယောလ်လေး ကိုသစ္စာဖောက်နိုင်လို့လား'
'ကြင်ယာတော်မင်းသားကို ခစားနေရပြီပဲ။ကိုယ်ခစားတဲ့သူက ကိုယ့်ရဲ့အရှင်သခင်ပါပဲ'
ဝမ်အွန်း ကျေနပ်သွားသည့် အပြုံးတို့ဖြင့်ပြုံးကာ
'ယောလ်လေး ကိုသစ္စာဖောက်စရာမလိုပါဘူး။အရင်အတိုင်းပဲဆက်ရှိနေပေး။တစ်ခုပဲ ငါ့ရဲ့လူအဖြစ်လည်းနေရမယ်'
ပဲလှော်ကြားဆားညှပ်သည်ထက် ပို၍ဆိုးသွားသော ရှန့်ကုန်းအတွက် စိတ်မကောင်းပေမဲ့ ဒါသည်သာ သူ့ရဲ့ အသက်ရှင်လမ်းတစ်ခုဖြစ်သည်။
'ဒီနေ့ ဒီနေရာမှာပြောတဲ့စကားတွေ အပြင်ကိုရောက်ကြည့် မင်းတို့ကိုမသတ်ဘူး။မင်းတို့ရဲ့ မိသားစုတွေကို အကုန်သတ်ပစ်မယ်။နားလည်လား'
ဝမ်အွန်း ကျန်တဲ့လူတွေအားလုံးကို ကြည့်ပြီးပြောလိုက်တော့
'ဟုတ်ကဲ့ ကြင်ယာတော်မင်းသား'
'အဲ့ဟာကြီးက ကြားရဆိုးလိုက်တာ'
ထို့နောက် ဝမ်အွန်း ညီလာခံရှိရာ ခန်းမဆောင်သို့ ထွက်လာခဲ့သည်။
~~~~~~~~~~THE THRONE~~~~~~~~~~
'ကြင်ယာတော်မင်းသားကို ဂါဝရပြုပါတယ်'
အနီ၊ အစိမ်း၊ အပြာ ၊ ခရမ်း ဝတ်စုံတွေကို ဝတ်ထားသော လူတွေရဲ့ ဒူးထောက်အရိုအသေပြုမှုကို ဝမ်အွန်း စိတ်ထဲသိပ်ဘဝင်မကျ။နည်းနည်း အိုဗာဖြစ်နေသလိုပဲ။
'မင်းကြီးကို ဂါဝရပြုပါတယ်'
'တစ်ပတ်တိတိ အခန်းထဲမှာ နေလို့ဝပြီဆိုတော့ အပြင်ထွက်လာပြီပေါ့။ကောင်းကောင်းအနားယူလိုက်ရဲ့လား အွန်းလေး'
'မင်းကြီးရဲ့ ဂရုစိုက်မှုတွေကြောင့် အွန်းလေး ကောင်ကောင်းအနားယူလိုက်ရပါတယ်'
နှစ်ယောက်လုံး ပြုံးပြုံးလေးဖြင့်သာပြောနေပေမဲ့ မျက်လုံးချင်းစစ်တိုက်နေကြသည်။
'''တန်ပြန်စစ်စပြီပေါ့ အွန်းလေး'''
'''ငါပြန်ယူမဲ့ အရာတွေထဲမှာ မင်းအသက်လည်းပါသွားပြီ ယောလ်လေး'''
ဝမ်ယောလ် ကပဲ အကြည့်တွေကို အရင်လွှဲလိုက်သည်။
'အားလုံး မတ်တပ်ပြန်ရပ်လို့ရပြီ'
ဝမ်ယောလ် ရဲ့ အမိန့်ပေးသံအဆုံး အမတ်တွေအားလုံး မတ်တပ်ပြန်ရပ်ကြပြီး လျှောက်တင်စရာရှိတာ လျှောက်တင်တော့သည်။
'မင်းကြီး ဘတ်ဂျယ်နိုင်ငံ နဲ့ ကုန်သွယ်မှုဖြတ်တောက်လိုက်တာကြောင့် ကုန်သည်တွေအခက်တွေ့နေရသလို တစ်ချို့နေရာတွေမှာလည်း ငတ်မွတ်မှုကို ခံနေရပါတယ်'
'ဘတ်ဂျယ် နဲ့ ကုန်သွယ်မှုဖြတ်တောက်တယ်?'
ဝမ်အွန်း ရဲ့ အမေးစကားအဆုံး အမတ်တွေ ခေါင်းငုံ့သွားသည်။
ဒီကုန်သွယ်ရေးအဆင်ပြေဖို့အတွက် သူနဲ့ အိမ်ရှေ့စံယူဆောင်း ဘတ်ဂျယ်မင်းကြီးကို ဘယ်လောက်တောင် ပြောထားလိုက်ရလဲ။
'မင်းဘာတွေလျှောက်လုပ်နေတာလဲ ယောလ်လေး။ဒီတိုင်းပြည်ရဲ့ပြည်သူတွေ သုံးပုံနှစ်ပုံက ဘတ်ဂျယ်က ရက္ခာတွေကိုပဲ မှီခိုနေရတာ'
လယ်ယာမြေ ထင်သလောက်မကောင်းသော သူတို့နိုင်ငံတွင် ဆားကသာ အဓိက ထွက်ကုန်ဖြစ်သည်။ပြီးတော့ ဆန်စပါးစိုက်လို့ရသည့်နေရာသည် လက်ချိုးရေလို့ရသည်။မိုးခေါင်သော နှစ်များတွင်တော့ ဘတ်ဂျယ်နိုင်ငံမှ ဆန် နှင့် ရှီလာမှ ဆားတို့ကို လှဲလှယ်ရသည်။ရှီလာ၊ ဘတ်ဂျယ်၊ ဂိုဂူလျော သုံးနိုင်ငံတွင် ရှီလာမှ ဆားသည် အသန့်စင်ဆုံးဖြစ်သည်။ထိုသို့ သန့်စင်သော နည်းကိုလည်း ဝမ်အွန်း ကသာ ရှာပေးခဲ့သည်။ထို့ကြောင့် ဝမ်အွန်း လက်ထက်တွင် ကုန်သွယ်မှုအခွင့်အလမ်းကောင်းသောကြောင့် ပြည်သူတွေ အဆင်ပြေပြေနေလာနိုင်ကြသည်။
'ရှီလာက ဆားတွေကို ဂိုဂူလျောကို တင်သွင်းမယ်။ဂိုဂူလျောက ဘတ်ဂျယ်ထက် ဈေးပိုရတယ်'
'ဒါပေမဲ့ ဂိုဂူလျောက ပြန်သွင်းမဲ့ ဆန်နဲ့ တခြားဆေးတွေကကော ပိုပြီး ဈေးများတယ်လေ'
'အဲ့အတွက် ကိုယ် ဂိုဂူလျော နဲ့ညှိပြီးသားပါ'
ဝမ်အွန်း ဆက်ပြီးပြောချင်ပေမဲ့ မပြောတော့ဘဲ စကားလုံးတွေကို သိမ်းထားလိုက်သည်။ဝမ်ယောလ် သာ ဘတ်ဂျယ်နဲ့ ရန်သူဖြစ်ရင် စစ်ပွဲတွေဖြစ်လာနိုင်သည်။ဒါက သူရဲ့ အခွင့်အရေးတစ်ခုပဲလေ။
ဝမ်အွန်း ရဲ့ အကြံကို ရိပ်မိနေသည့် ဝမ်ယောလ် က မသိမသာလေးပြုံးလိုက်သည်။
သူ့မှာ ဒီထက်မကသော အကြံဥာဏ်တွေ ရှိနေသေးသည်။
~~~~~~~~~
ဝမ်အွန်း အခန်းထဲမှာ ထိုင်နေရင်း ဂိုဂူလျောကိုသွားနေပြီဖြစ်တဲ့ ဆားကုန်သည် တွေအကြောင်းတွေးနေသည်။သူဘယ်လိုဖျက်ရမလဲ။ဆားတွေအကုန်ရောင်းထွက်ပြီး ပြန်ပါလာမဲ့ ဆန်တို့ကို ဖြတ်ယူရမည်။ပြီးရင် ဘတ်ဂျယ်ကို လွှဲချပြီး ရန်တိုက်ပေးမည်။ဘတ်ဂျယ်နဲ့သာ စစ်ဖြစ်ရင် ငတ်မွတ်နေသည့် ပြည်သူတွေက ဒီအတိုင်းတော့ငြိမ်နေမှာမဟုတ်။ထီးနန်းစတက်ကတည်းက ဆူပူမှုနဲ့ ကြုံတွေ့ပေးလိုက်ရင် ရှေ့လျှောက်လည်း ဝမ်ယောလ် မင်းကြီးရဲ့ လုပ်ငန်းဆောင်တာတွေကို ငြိမ်ပြီး နားထောင်နေမှာမဟုတ်ပေ။
'ရှန့်ကုန်း'
ဝမ်အွန်း ခေါ်လိုက်တော့ တံခါးနားတွင် ရပ်နေသည့် ရှန့်ကုန်းက အသံပြုလာသည်။
'ဟုတ်ကဲ့ ကြင်ယာတော်မင်းသား'
'မြို့တော်အနှံ့ အနီရောင်စာရွက်တွေလိုက်ကပ်ပေးပါ'
'ရှင်…'
'အခုချက်ချင်း အပြင်က အလုပ်သမားတွေငှါးပြီး ခိုင်းလိုက်ပါ။အချိန်ကြာနေလို့မဖြစ်ဘူး'
'နားလည်ပါပြီ ကြင်ယာတော်မင်းသား'
'ရပြီ။ဒီလောက်ဆိုရင် အဖြေကိုစောင့်ဖို့ပဲကျန်တော့တယ်'
နန်းတော်ထဲမှာ ဝမ်အွန်း ရဲ့ မရှိသလောက်ရှားသွားပေမဲ့ ဝမ်အွန်းရဲ့ သစ္စာတော်ခံတွေကတော့ နန်းပြင်မှာ သူ့အမိန့်ကို အချိန်တိုင်းစောင့်ဆိုင်းနေကြသည်။
တစ်ခဏအတွင်း မြို့တော်တွင် အနီရောင်စာရွက်တွေ ကပ်ပြီးသားဖြစ်သွားသည်။အဓိပ္ပါယ်ကို သိသူတွေကတော့ အချင်းချင်းအချက်ပြကာ ဂိုဂူလျောကို ထွက်သွားသည့် ဆားကုန်သည်တွေနောက် လိုက်သွားကြတော့သည်။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
Zaw
The Throne
အပိုင္း-၃
'ဒုန္း!!''
အျမန္ပိတ္လိုက္ေသာ တံခါးေဘာင္ဆီ အရွိန္ျပင္းျပင္းလြင့္ထြက္လာေသာ ေၾကြပန္းကန္လံုးေလးတစ္လံုး……
ဝင္လာေသာ ရွန္႔ကုန္းဆီ ထို ပန္းကန္လံုး မေရာက္လာခင္ တံခါးအျမန္ပိတ္လိုက္လို႔ေတာ္ေသးသည္။
ဘယ္သူမွ ၾကင္ယာေတာ္ ဝမ္အြန္း အခန္းထဲ မဝင္ရဲၾက။နိုးလာကတည္းက အျဖဴေရာင္ပိုးသား ညဝတ္ဝတ္စံုကိုသာ ဝတ္ထားျပီး ေျဖာင့္စင္းစြာက်ေနေသာ ဆံပင္တို႔ကိုလည္း စည္းေနွာင္မထားဘဲ စိတ္တိုေဒါသထြက္ေနသည္။
တစ္ခ်က္လႈပ္လိုက္တိုင္း အသည္းခိုက္မတတ္ နာက်င္မႈကို ခံစားရတိုင္း ညကအျဖစ္အပ်က္အတြက္ စိတ္တိုသည္။ထို႔ထက္ ဝမ္ေယာလ္ ေျပာသြားေသာ စကားတို႔အား ပို၍စိတ္တိုေစသည္။
'အြန္းေလး ခႏၶကိုယ္ကို လိုခ်င္တာထက္ ဖ်က္ဆီးပစ္ခ်င္တာ။အြန္းေလး က သိပ္ေတာ္ သိပ္ထက္ျမက္လြန္းေတာ့ အနားမွာထားျပီး ကိုယ့္ကိုဒူးေထာက္တတ္လာေအာင္ သင္ေပးခ်င္တာ။အဲ႔ေလာက္အထိ အြန္းေလး က လႊမ္းမိုးလြန္းတယ္။သတိအလြတ္မခံနိုင္ေလာက္ေအာင္ သတိႀကီးႀကီးနဲ႔ ခ်ိဳးႏွိမ္ထားခ်င္တာ။အဲ႔ဒါက အြန္းေလး ကို အနားမွာေခၚထားတဲ႔ ကိုယ့္ရဲ႕ရည္ရြယ္ခ်က္ပဲ'
'ငါ့ကိုဖ်က္ဆီးပစ္ခ်င္တာ?ဒူးေထာက္တတ္ေအာင္ သင္ေပးခ်င္တာ?ငါ့ကိုခ်ိဳးနိွမ္ထားခ်င္တာ?ဟက္………'
တစ္ခ်က္ရီလိုက္ေတာ့ စပ္ဖ်င္းဖ်င္းျဖစ္သြားေသာ ႏႈတ္ခမ္းပါးေလး……
ညက ဝမ္ေယာလ္ အေသကိုက္ေဖာက္သြားသည့္ေနရာသည္ ေသြးျပန္ဆို႕လာသည္။
ထို႔အတူ ထပ္ျပီး မ်က္ရည္ေတြက်လာျပန္သည္။
တစ္မနက္လံုးငိုထားတာေတာင္ မကုန္ခမ္းနိုင္ေသးဘူးထင္တယ္။ရက္ရက္စက္စက္ေစာ္ကားခံရေသာ နာက်င္မႈကို ေလာေလာလတ္လတ္ ခံစားေနရေသာ ဝမ္အြန္း မေျဖဆည္နိုင္ေသးေပ။သူ႔ေခါင္းထဲ အရာအားလံုး ဗလာျဖစ္ေနသည္။သူသိသည္မွာ လက္ရွိသူ႔ကိုယ္သူ ရြံသည္။အေရျပားေပၚတြင္ ထင္က်န္ေနေသးေသာ အနီအကြက္ နွင့္ ခရမ္းေသြးေရာင္ အကြက္တို႔အား ဓားထက္ထက္ျဖင့္ လွီးထုတ္ပစ္ခ်င္သည္အထိ ရြံမုန္းလွသည္။ထိုင္ေနတုန္းေတာင္ ခံစားေနရေသာ ေဝဒနာေၾကာင့္ အခုခ်က္ခ်င္း ေသပစ္လိုက္ခ်င္သည္ အထိ ရွက္လြန္းသည္။
ထပ္ျပီး တံခါးဖြင့္သံၾကားလိုက္တာေၾကာင့္ ဝမ္အြန္း ေၾကြပန္းကန္လံုးတစ္လံုးကို ဆတ္ခနဲယူလိုက္ျပီး ဝင္လာေသာသူအား ပစ္ေပါက္ရန္ ရည္ရြယ္ထားသည္။
ဝင္လာသည့္သူမွာ သူ႔မယ္ေတာ္ျဖစ္ေနေသာအခါ လက္ထဲက ေၾကြပန္းကန္လံုးေလး လြတ္က်သြားသည္။
'မယ္ေတာ္'
တိုးညွင္းစြာေခၚဆိုမႈအျပီး မ်က္နွာလဲႊလိုက္ျပီး အသံတိတ္မ်က္ရည္က်မိသည္။
ဒီအခ်ိန္မွာ သူမေတြ႔ခ်င္ဆံုး သူ႔မယ္ေတာ္ျဖစ္သည္။
သူ႔ရဲ႕သားက သူ႔ထက္ရာထူးနိမ့္ေသာ မိန္းမကေမြးသည့္ သား၏ အရွက္ခဲြမႈကို ခံထားရသည္မဟုတ္လား။ၾကင္ယာေတာ္ဆိုသည့္ သူ မခံယူခ်င္သည့္ ဂုဏ္ပုဒ္အျပင္ ထို႔ထက္ မ်က္နွာပူစရာကိစၥေတြက ရွိေနေသးသည္။
မင္းမယ္ေတာ္ႀကီးမွာ အခန္းထဲဝင္ဝင္လာခ်င္း ဝမ္အြန္း ပံုစံၾကည့္ျပီး ေခြလဲပစ္သြားခ်င္သည္။
ကံတရားဟာ သိပ္ကို လွည့္စားလြန္းသည္။လြန္ခဲ႔ေသာ တစ္ပတ္ကအထိ ရာဇာပုလႅင္ေပၚထိုင္ေနခဲ႔သည့္ သား၏ က်ဆံုးခန္းသည္ တျခားေသာ နန္းက်မင္းေတြထက္ ပိုျပီး ရွက္ရြံ႕စရာေကာင္းေနေသာအခါ
'သားေတာ္'
အားတင္းျပီး ေခၚလိုက္သည္။ဘယ္လိုအေျခအေနပဲျဖစ္ျဖစ္ သူ႔ရဲ႕သားဆိုသည္မွာ အျမဲတမ္းမာေက်ာေနရမည္။ဥာဏ္မ်ားေနရမည္။ထပ္ျပီး ဝမ္ေယာလ္ နွင့္ သူ႔အစ္ကိုေတြကို ရင္ဆိုဖို႔အတြက္ သန္မာေနရမည္။အဲ႔လိုျဖစ္ဖို႔အတြက္ သူကပိုျပီးသန္မာရမည္။မင္းမယ္ေတာ္ႀကီးသည္ ဝမ္အြန္း ရဲ႕ အားနည္းခ်က္မျဖစ္ေစရ။အခုေတာ့ သူ႔ေၾကာင့္ ဝမ္အြန္း အားနည္းခ်က္ရွိသြားျပီ။
'မယ္မယ္ ဘာလို႔လာရတာလဲ။သားကို……သားဘယ္ေလာက္ထိ……'
ဝမ္အြန္း ဆက္မေျပာနိုင္ေတာ့ေပ။
မယ္ေတာ္ႀကီး ဝမ္အြန္း ကို ရင္ခြင့္ထဲ ထည့္ပိုက္ထားျပီး
'သားက မယ္မယ့္ရဲ႕ သားေလ။ဘယ္လိုပဲျဖစ္ျဖစ္ အဲ႔ဒါက ေျပာင္းလဲသြားမွာမွမဟုတ္တာ'
'သားကိုမထိပါနဲ႔ မယ္မယ္။သား ကိုယ့္ကိုကိုယ္ေတာင္ မသတီလြန္းလို႕'
'ျပီးခဲ႔တာေတြအတြက္ ေနာင္တရမေနနဲ႔သား။လက္ရွိနဲ႔ ျဖစ္လာမဲ႔ အရာေတြပဲ အာရံုစိုက္'
ဝမ္အြန္း ေခါင္းခါသည္။
'မျဖစ္နိုင္ေတာ့ဘူးထင္တယ္။သားက……'
'ဘာလို႔မျဖစ္နိုင္ရမွာလဲ။ဒီမွာ သား……မယ္မယ့္ကိုၾကည့္'
ဝမ္အြန္း မ်က္နွာခ်င္းဆိုင္လိုက္ေတာ့
'ဒါက သင္ခန္းစာပဲသား။သားကို သားရဲ႕ ထီးနန္းက ေစာင့္ေနပါတယ္။ျပန္ယူရမယ္သား။သူ႔လက္ထဲမွာ ဆံုးရံႈးသြားတဲ႔ သားရဲ႕ အာဏာ၊ အရွက္ နဲ႔ ဂုဏ္သိကၡာေတြ အဲ႔ဒါေတြအားလံုးကို ျပန္ယူရမယ္။အဲ႔ဒါေတြအတြက္ သားစြန္႔လႊတ္သင့္တာရွိရင္ စြန္႔လႊတ္ရမယ္။ရင္းနီွးသင့္တာရွိရင္ ရင္းနီွးရမယ္။အဆိုးဆံုး သူနဲ႔ ထပ္အိပ္ရမယ္ဆိုရင္ေတာင္ ထပ္အိပ္လိုက္။မယ္မယ္ေျပာတာနားလည္လား'
ဝမ္အြန္း တိတ္ဆိတ္ေနသည္။
'သားက ေတာ္ပါတယ္။သားက ဥာဏ္ေကာင္းလြန္းေတာ့ သူတို႔က ေၾကာက္ေနတာ။အဲ႔ဒါေၾကာင့္ အားလံုးေပါင္းျပီး အနိုင္ယူတာ။မယ္မယ့္ အြန္းေလး ကလည္း သူတို႔အားလံုးကိုျပန္ျပီး အနိုင္ယူရမယ္။ဘာေတြဘယ္လိုလုပ္ရမယ္ဆိုတာကေတာ့ သားပဲ ဆံုးျဖတ္။သားရဲ႕ ဆံုးျဖတ္ခ်က္တိုင္းကို မယ္မယ္လက္ခံမယ္။အရွင္ဆံုးေျပာရရင္ မယ့္မယ့္ကိုပါ သတ္သြားလိုက္။မယ္မယ္က သားရဲ႕ အားနည္းခ်က္ ထပ္ျပီးမျဖစ္ေစရဘူး'
'သား နားလည္ပါျပီ'
ဝမ္အြန္း ပါးျပင္က မ်က္ရည္ေတြကို သုတ္လိုက္သည္။
'ဟုတ္တယ္………ဒါက အဆံုးသတ္မဟုတ္ဘူး။အခုမွစမွာ……။သားရဲ႕ ေနရာကို ျပန္ယူမယ္။ဆံုးရံႈးသြားတဲ႔ သားရဲ႕ အရာအားလံုးကို ျပန္ျပီး လုယူမယ္'
'ဒါမွ ဝမ္အြန္း……မယ္မယ့္ရဲ႕သားေလး'
~~~~~~~
ဝမ္အြန္း အပိ်ဳေတာ္ေတြ ဝတ္စံုဝတ္ေပးေနသည္ကို ေအးေအးေဆးေဆးျငိမ္ေနသည္။ဒါေပမဲ႔ သူ႔ေခါင္းထဲတြင္ေတာ့ ေတြးစရာေတြမ်ားေနသည္။အရင္ဆံုးလုပ္ရမည့္အလုပ္ ရွိေနသည္။အေၾကာင္းျပခ်က္ေကာင္းေကာင္းနဲ႔ ဝမ္ေယာလ္ ရဲ႕ လူေတြကို ရွင္းပစ္နိုင္မည့္ အခြင့္အေရး။ထို႔အတူ သူ႔ရဲ႕ ျပန္လည္ရယူေရးအစီအစဥ္ရဲ႕ ပထမဆံုးေျခလွမ္း……
ဝမ္အြန္း ဝတ္စံုဝတ္ျပီးသြားေတာ့ သူ႔ေရွ႕တြင္ ေထာင္ထားေသာ ေၾကးမံုခ်ပ္ကို ၾကည့္လိုက္သည္။
ျပင္ဆင္ထားပံုက ၾကင္ယာေတာ္နဲ႔လိုက္ေအာင္ မိန္းကေလးဆန္ေပမဲ႔ ခပ္ႏြဲ႕ႏြဲ႕ပံုစံမ်ိဳးေတာ့မဟုတ္ေပ။
ၾကက္ေသြးေရာင္ ဝတ္ရံုရွည္နွင့္အတူ ဆံမင္တစ္ဝက္ကို အျမင့္ထံုးထားျပီး ၾကင္ယာေတာ္ကို ကိုယ္စားျပဳသည့္ ေရႊေခါင္းေဆာင္းကို ေဆာင္းထားသည္။မိန္းကေလးမိဖုရားေတြ ဝတ္ဆင္ေသာ ပံုစံေပမဲ႔ ဝမ္အြန္း အသံုးျပဳလိုက္ေသာအခါ မင္းႀကီးနွင့္ပင္ အထင္မွားေလာက္သည္အထိ ဟိတ္ဟန္ႀကီးသည္။
တရြတ္တိုက္ဆဲြသြားေသာ တံခါးရဲ႕ေနာက္ကြယ္က ဝမ္အြန္း မ်က္နွာေပၚလာသည္နွင့္ ရွိသမ်ွလူအားလံုး ေခါင္းငံု႔လိုက္ၾကသည္။
'လက္ထက္ပဲြညက ရွိခဲ႔တဲ႕လူေတြအားလံုးကို ေခၚလာခဲ႔'
'ဘာလို႔ပါလဲ ၾကင္ယာေတာ္မင္းသား။အဲ႔ေန႔က တာဝန္က်တဲ႔သူေတြက အခုဒီမွာမရွိေတာ့ပါဘူး။တျခားတာဝန္က်ရာေနရာမွာ……'
'က်စ္!……လ်ွာရွည္လိုက္တာ။ငါေျပာတာနားမလည္ဘူးလား'
စိတ္မရွည္ဟန္ျပလာသည့္ ဝမ္အြန္းေၾကာင့္
'အခုေခၚလိုက္ပါ့မယ္'
အရိုအေသျပဳျပီးေနာက္ ထြက္သြားသည့္ ရွန္႔ကုန္း အား ဝမ္အြန္းလိုက္ၾကည့္မေနခဲ႔။က်န္ေနခဲ႔သည့္ လူမ်ားကိုသာ ၾကည့္ေနသည္။
သူရဲ႕ ေရွ႕ဆက္ရမည့္လမ္း ေျဖာင့္ျဖဴးဖို႔အတြက္ အရင္ဆံုး အေစာင့္ေတြကို ကိုယ့္လူျဖစ္ေအာင္လုပ္ရမည္။
'အကုန္ေရာက္ပါျပီ ၾကင္ယာေတာ္မင္းသား'
'တံခါးေစာင့္ေတြေကာ'
'အကုန္ပါ ပါတယ္'
အားလံုးေပါင္း ဆယ့္ငါးေယာက္ေလာက္ရွိမည္။
'ရွန္႔ကုန္း ေကာ အဲ႔ေန႔က ရွိမေနဘူးလား'
'ရွိပါတယ္'
'ေနာက္ထပ္ ဘယ္သူရွိေသးလဲ'
'ကိုယ္ရံေတာ္ sehun ပါ'
'''sehun ပါရွိေနခဲ႔တာေပါ့'''
ဝမ္အြန္း ထိုစကားကို စိတ္ထဲတြင္သာ ေျပာျပီး သူ႔ေဘးတြင္ရပ္ေနေသာ အေစာင့္လက္ထဲမွ ဓားကို ဆဲြထုတ္လိုက္သည္။အဲ႔ဒီေနာက္ ဒူးေထာက္ေနေသာ လူေတြအားလံုးကို သတ္ပစ္လိုက္သည္။
'ၾကင္ယာေတာ္မင္းသား'
ပါးျပင္ေပၚက အနီေရာင္ေသြးစက္တို႔ကို လက္ျဖင့္သုတ္ရင္း ျပံဳးလိုက္သည္။ရွန္႔ကုန္း မွာ တုန္တုန္ရီရီနဲ႔ ဒူးေထာက္ေတာင္းပန္ေတာ့သည္။
'ခြင့္လႊတ္ေပးပါ ၾကင္ယာေတာ္မင္းသား'
'ခြင့္လႊတ္ရမယ္?မင္းအသက္ဆက္ရွင္နိုင္မဲ႔ အေၾကာင္းျပခ်က္တစ္ခုေပး။မင္းကိုခ်မ္းသာေပးမယ္'
တစ္ခြန္းတည္းေသာစကားကသာ သူ႔အသက္ကိုကယ္တင္နိုင္မည္ျဖစ္ေသာေၾကာင့္ ရွန္႕ကုန္းမွာ ေတာင္ၾကည့္ေျမာက္ၾကည့္ျဖင့္ စဥ္းစားေနသည္။တစ္ျခားလူေတြအကုန္လံုးမွာလည္း ဒူးေထာက္ေနကာ အကုန္ေၾကာက္လန္႔ေနၾကသည္။
'ၾကင္ယာေတာ္မင္းသားရဲ႕ လူ ျဖစ္ေပးပါ့မယ္'
ရွန္႔ကုန္းရဲ႕ စကားေၾကာင့္ ဝမ္အြန္း မ်က္ခံုးပင့္သြားသည္။ဒီေလာက္ အကင္းပါးနပ္လို႔လည္း ရွန္႔ကုန္းေတြထဲမွာမွ ဒုတိယ ရွန္႔ကုန္းမယ္မယ္ ရာထူးကိုရထားျခင္းျဖစ္သည္။
'ေသခ်ာလို႔လား။ေယာလ္ေလး ရဲ႕ သစၥာေတာ္ခံက ေယာလ္ေလး ကိုသစၥာေဖာက္နိုင္လို႔လား'
'ၾကင္ယာေတာ္မင္းသားကို ခစားေနရျပီပဲ။ကိုယ္ခစားတဲ႔သူက ကိုယ့္ရဲ႕အရွင္သခင္ပါပဲ'
ဝမ္အြန္း ေက်နပ္သြားသည့္ အျပံဳးတို႔ျဖင့္ျပံဳးကာ
'ေယာလ္ေလး ကိုသစၥာေဖာက္စရာမလိုပါဘူး။အရင္အတိုင္းပဲဆက္ရွိေနေပး။တစ္ခုပဲ ငါ့ရဲ႕လူအျဖစ္လည္းေနရမယ္'
ပဲေလွာ္ၾကားဆားညွပ္သည္ထက္ ပို၍ဆိုးသြားေသာ ရွန္႔ကုန္းအတြက္ စိတ္မေကာင္းေပမဲ႔ ဒါသည္သာ သူ႔ရဲ႕ အသက္ရွင္လမ္းတစ္ခုျဖစ္သည္။
'ဒီေန႔ ဒီေနရာမွာေျပာတဲ႔စကားေတြ အျပင္ကိုေရာက္ၾကည့္ မင္းတို႔ကိုမသတ္ဘူး။မင္းတို႔ရဲ႕ မိသားစုေတြကို အကုန္သတ္ပစ္မယ္။နားလည္လား'
ဝမ္အြန္း က်န္တဲ႔လူေတြအားလံုးကို ၾကည့္ျပီးေျပာလိုက္ေတာ့
'ဟုတ္ကဲ႔ ၾကင္ယာေတာ္မင္းသား'
'အဲ႔ဟာႀကီးက ၾကားရဆိုးလိုက္တာ'
ထို႔ေနာက္ ဝမ္အြန္း ညီလာခံရွိရာ ခန္းမေဆာင္သို႔ ထြက္လာခဲ႔သည္။
~~~~~~~~~~THE THRONE~~~~~~~~~~
'ၾကင္ယာေတာ္မင္းသားကို ဂါဝရျပဳပါတယ္'
အနီ၊ အစိမ္း၊ အျပာ ၊ ခရမ္း ဝတ္စံုေတြကို ဝတ္ထားေသာ လူေတြရဲ႕ ဒူးေထာက္အရိုအေသျပဳမႈကို ဝမ္အြန္း စိတ္ထဲသိပ္ဘဝင္မက်။နည္းနည္း အိုဗာျဖစ္ေနသလိုပဲ။
'မင္းႀကီးကို ဂါဝရျပဳပါတယ္'
'တစ္ပတ္တိတိ အခန္းထဲမွာ ေနလို႔ဝျပီဆိုေတာ့ အျပင္ထြက္လာျပီေပါ့။ေကာင္းေကာင္းအနားယူလိုက္ရဲ႕လား အြန္းေလး'
'မင္းႀကီးရဲ႕ ဂရုစိုက္မႈေတြေၾကာင့္ အြန္းေလး ေကာင္ေကာင္းအနားယူလိုက္ရပါတယ္'
နွစ္ေယာက္လံုး ျပံဳးျပံဳးေလးျဖင့္သာေျပာေနေပမဲ႔ မ်က္လံုးခ်င္းစစ္တိုက္ေနၾကသည္။
'''တန္ျပန္စစ္စျပီေပါ့ အြန္းေလး'''
'''ငါျပန္ယူမဲ႔ အရာေတြထဲမွာ မင္းအသက္လည္းပါသြားျပီ ေယာလ္ေလး'''
ဝမ္ေယာလ္ ကပဲ အၾကည့္ေတြကို အရင္လဲႊလိုက္သည္။
'အားလံုး မတ္တပ္ျပန္ရပ္လို႔ရျပီ'
ဝမ္ေယာလ္ ရဲ႕ အမိန္႔ေပးသံအဆံုး အမတ္ေတြအားလံုး မတ္တပ္ျပန္ရပ္ၾကျပီး ေလ်ွာက္တင္စရာရွိတာ ေလ်ွာက္တင္ေတာ့သည္။
'မင္းႀကီး ဘတ္ဂ်ယ္နိုင္ငံ နဲ႔ ကုန္သြယ္မႈျဖတ္ေတာက္လိုက္တာေၾကာင့္ ကုန္သည္ေတြအခက္ေတြ႔ေနရသလို တစ္ခ်ိဳ႕ေနရာေတြမွာလည္း ငတ္မြတ္မႈကို ခံေနရပါတယ္'
'ဘတ္ဂ်ယ္ နဲ႔ ကုန္သြယ္မႈျဖတ္ေတာက္တယ္?'
ဝမ္အြန္း ရဲ႕ အေမးစကားအဆံုး အမတ္ေတြ ေခါင္းငံု႔သြားသည္။
ဒီကုန္သြယ္ေရးအဆင္ေျပဖို႔အတြက္ သူနဲ႔ အိမ္ေရွ႕စံယူေဆာင္း ဘတ္ဂ်ယ္မင္းႀကီးကို ဘယ္ေလာက္ေတာင္ ေျပာထားလိုက္ရလဲ။
'မင္းဘာေတြေလ်ွာက္လုပ္ေနတာလဲ ေယာလ္ေလး။ဒီတိုင္းျပည္ရဲ႕ျပည္သူေတြ သံုးပံုနွစ္ပုံက ဘတ္ဂ်ယ္က ရကၡာေတြကိုပဲ မီွခိုေနရတာ'
လယ္ယာေျမ ထင္သေလာက္မေကာင္းေသာ သူတို႔နိုင္ငံတြင္ ဆားကသာ အဓိက ထြက္ကုန္ျဖစ္သည္။ျပီးေတာ့ ဆန္စပါးစိုက္လို႔ရသည့္ေနရာသည္ လက္ခ်ိဳးေရလို႔ရသည္။မိုးေခါင္ေသာ နွစ္မ်ားတြင္ေတာ့ ဘတ္ဂ်ယ္နိုင္ငံမွ ဆန္ နွင့္ ရွီလာမွ ဆားတို႔ကို လွဲလွယ္ရသည္။ရွီလာ၊ ဘတ္ဂ်ယ္၊ ဂိုဂူေလ်ာ သံုးနိုင္ငံတြင္ ရွီလာမွ ဆားသည္ အသန္႔စင္ဆံုးျဖစ္သည္။ထိုသို႔ သန္႔စင္ေသာ နည္းကိုလည္း ဝမ္အြန္း ကသာ ရွာေပးခဲ႔သည္။ထို႔ေၾကာင့္ ဝမ္အြန္း လက္ထက္တြင္ ကုန္သြယ္မႈအခြင့္အလမ္းေကာင္းေသာေၾကာင့္ ျပည္သူေတြ အဆင္ေျပေျပေနလာနိုင္ၾကသည္။
'ရွီလာက ဆားေတြကို ဂိုဂူေလ်ာကို တင္သြင္းမယ္။ဂိုဂူေလ်ာက ဘတ္ဂ်ယ္ထက္ ေစ်းပိုရတယ္'
'ဒါေပမဲ႔ ဂိုဂူေလ်ာက ျပန္သြင္းမဲ႔ ဆန္နဲ႔ တျခားေဆးေတြကေကာ ပိုျပီး ေစ်းမ်ားတယ္ေလ'
'အဲ႔အတြက္ ကိုယ္ ဂိုဂူေလ်ာ နဲ႔ညွိျပီးသားပါ'
ဝမ္အြန္း ဆက္ျပီးေျပာခ်င္ေပမဲ႔ မေျပာေတာ့ဘဲ စကားလံုးေတြကို သိမ္းထားလိုက္သည္။ဝမ္ေယာလ္ သာ ဘတ္ဂ်ယ္နဲ႔ ရန္သူျဖစ္ရင္ စစ္ပဲြေတြျဖစ္လာနိုင္သည္။ဒါက သူရဲ႕ အခြင့္အေရးတစ္ခုပဲေလ။
ဝမ္အြန္း ရဲ႕ အႀကံကို ရိပ္မိေနသည့္ ဝမ္ေယာလ္ က မသိမသာေလးျပံဳးလိုက္သည္။
သူ႔မွာ ဒီထက္မကေသာ အႀကံဥာဏ္ေတြ ရွိေနေသးသည္။
~~~~~~~~~
ဝမ္အြန္း အခန္းထဲမွာ ထိုင္ေနရင္း ဂိုဂူေလ်ာကိုသြားေနျပီျဖစ္တဲ႔ ဆားကုန္သည္ ေတြအေၾကာင္းေတြးေနသည္။သူဘယ္လိုဖ်က္ရမလဲ။ဆားေတြအကုန္ေရာင္းထြက္ျပီး ျပန္ပါလာမဲ႔ ဆန္တို႔ကို ျဖတ္ယူရမည္။ျပီးရင္ ဘတ္ဂ်ယ္ကို လဲႊခ်ျပီး ရန္တိုက္ေပးမည္။ဘတ္ဂ်ယ္နဲ႔သာ စစ္ျဖစ္ရင္ ငတ္မြတ္ေနသည့္ ျပည္သူေတြက ဒီအတိုင္းေတာ့ျငိမ္ေနမွာမဟုတ္။ထိီးနန္းစတက္ကတည္းက ဆူပူမႈနဲ႔ ႀကံဳေတြ႔ေပးလိုက္ရင္ ေရွ႕ေလ်ွာက္လည္း ဝမ္ေယာလ္ မင္းႀကီးရဲ႕ လုပ္ငန္းေဆာင္တာေတြကို ျငိမ္ျပီး နားေထာင္ေနမွာမဟုတ္ေပ။
'ရွန္႔ကုန္း'
ဝမ္အြန္း ေခၚလိုက္ေတာ့ တံခါးနားတြင္ ရပ္ေနသည့္ ရွန္႔ကုန္းက အသံျပဳလာသည္။
'ဟုတ္ကဲ႔ ၾကင္ယာေတာ္မင္းသား'
'ျမိဳ႕ေတာ္အနွံ႔ အနီေရာင္စာရြက္ေတြလိုက္ကပ္ေပးပါ'
'ရွင္…'
'အခုခ်က္ခ်င္း အျပင္က အလုပ္သမားေတြငွါးျပီး ခိုင္းလိုက္ပါ။အခ်ိန္ၾကာေနလို႔မျဖစ္ဘူး'
'နားလည္ပါျပီ ၾကင္ယာေတာ္မင္းသား'
'ရျပီ။ဒီေလာက္ဆိုရင္ အေျဖကိုေစာင့္ဖို႔ပဲက်န္ေတာ့တယ္'
နန္းေတာ္ထဲမွာ ဝမ္အြန္း ရဲ႕ မရွိသေလာက္ရွားသြားေပမဲ႔ ဝမ္အြန္းရဲ႕ သစၥာေတာ္ခံေတြကေတာ့ နန္းျပင္မွာ သူ႔အမိန္႔ကို အခ်ိန္တိုင္းေစာင့္ဆိုင္းေနၾကသည္။
တစ္ခဏအတြင္း ျမိဳ႕ေတာ္တြင္ အနီေရာင္စာရြက္ေတြ ကပ္ျပီးသားျဖစ္သြားသည္။အဓိပၸါယ္ကို သိသူေတြကေတာ့ အခ်င္းခ်င္းအခ်က္ျပကာ ဂိုဂူေလ်ာကို ထြက္သြားသည့္ ဆားကုန္သည္ေတြေနာက္ လိုက္သြားၾကေတာ့သည္။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•