အချိန်တွေကုန်ဆုံးတာ အရမ်းမြန်၏။ စုရီနိုးလာချိန်တွင် နေကခေါင်းကိုပင်ကျော်နေပေပြီ။ သူရဲ့ နည်းနည်းလေး ဟိုရွေ့ဒီရွေ့လုပ်ခြင်းက အသည်းခိုက်အောင်နာကျင်နေစေပြီး အခုတော့ သူ့တစ်ကိုယ်လုံးမနာတဲ့နေရာမရှိလောက်အောင်ပင်ခံစားနေရသည်။ အိပ်ရာပေါ်ကထဖို့အတင်းကြိုးစားနေစဥ်တွင်ပင် ကျီနုန်၀င်လာပြီး သူ့ကိုသာသာယာယာပင်ပြန်လဲစေကာ
"ကြင်ယာတော် ခနလောက်နားပါဦး မထခင် ကြင်ယာတော်ရဲ့ကြွက်သားနာကျင်မှုတွေလျော့အောင် ကျီနုန်လုပ်ပေးပါရစေ"
စုရီ သူမကို တောင်းပန်တိုးလျိုးသည့်အကြည့်များဖြင့်
"မိန်းကလေးကျီနုန် ကျတော့်ကို သခင်လေးလို့ပဲခေါ်ပါ "
ကျီနုန် ဒိတ်ခနဲဖြစ်သွားရင်း စုရီအခုထိထိုအမည်နာမနှင့်အသားမကျသေးမှန်းနားလည်သွားသဖြင့် ရင်လေးမိသွား၏။
"ကောင်းပါပြီ အခုက ကျမတို့ရဲ ကြင်... ကျမသခင်လေးအမိန့်တိုင်းလိုက်နာပါ့မယ် အချိန်အကြာကြီးသခင်လေးလို့ခေါ်လာတော့ ချက်ချင်းကြီးပြောင်းခေါ်တာလည်း ကျမအတွက်အသားမကျလှဘူး"
ပြောပြီး အစေခံတစ်ချို့ခေါ်လိုက်ပြီး စုရီကို ကိုယ်လက်သန့်စင်ပေးကာ မနက်စာပါပြင်ပေး၏။ မနက်စာစားအပြီး ကျီနုန်က
"သခင်လေး ဘာများခိုင်းစရာရှိသေးလဲ?"
"ကျတော်.....အကျဥ်းထောင်ဆီ သွား...သွားလည်ချင်.."
သူ့စကားပင်အဆုံးမခံပဲ ကျီနုန်ချက်ချင်းငြင်းလိုက်၏။
"အဲ့မှာ ဘာမှစိတ်၀င်စားစရာမရှိပါဘူး သခင်လေးရယ်"
ထို့နောက် စုရီ၏ ဇေ၀ဇ၀ါအကြည့်တို့ကြောင့် ပျာယာခတ်သွားသည့်အမူအရာကို တည်ငြိမ်အောင်လုပ်လိုက်ပြီး အိပ်ယာကိုပြန့်အောင်ပြန်ဖြန့်နေရင်းမှ
"ကျတော်မျိုးမပြောချင်တာက သခင်လေးကိုယ်ကကောင်းကောင်းမကောင်းသေးတော့ မဟုတ်သေးဘူး တကယ်လို့ကောင်းနေရင်တောင် အကျဥ်းထောင်က သွားလည်လို့ကောင်းတဲ့နေရာမဟုတ်ပါဘူး ပြီးတော့ ဟိုလူတွေလည်းအခုလောက်ဆိုအိမ်ပြန်ရောက်လောက်ပါပြီ ကျတော်မျိုးမ မနေ့က အရှင်မင်းကြီး အကျဥ်းသားတွေပြန်လွတ်ပေးဖို့ အမိန့်ပေးတာကြားခဲ့တယ်"
စုရီ ကျီနုန်၏ မငြိမ်မသက်အမူအရာတို့နှင့် ေ၀့လည်ကြောင်ပတ်စကားတို့ကြား သံသယစိတ်တို့ပိုကြီးထွားလာသော်လည်း မျက်နှာထက်မဖော်ပြပဲ အေးအေးဆေးဆေးပင်ပြောလိုက်သည်။
"ဒါဆိုလည်း ထားလိုက်တော့ အခုတော့ စာဖတ်ချင်လို့စာအုပ်နည်းနည်းလောက်ယူလာပေး"
"အခုချက်ချင်းသွားယူလိုက်ပါ့မယ်"
ကျီနုန်သွားပြီးမကြာမီတွင်ပင် ကျီလျို့အခန်းထဲ၀င်လာရင်းဟိုဟိုဒီဒီကြည့်ကာ
"သခင်လေး ကျီနုန်ဒီမလာဘူးလား?"
"သူအခုပဲထွက်သွားတာ ကိစ္စရှိလို့လား?"
"ဟုတ်တယ် သူ့ဆီက ပိုက်စံတောင်းစရာရှိလို့"
ပြောပြီးမှ ထိုစကားက နည်းနည်းလေးအထူးအဆန်းဖြစ်နေမှန်း သတိထားမိသွားရင်း စုရီကိုကြည့်လျက် ချက်ချင်းအဓိပ္ပါယ်ရှင်းတန်းဖော်လိုက်ရ၏။
"ကျီနုန်က ကျမတို့လေးယောက်ထဲမှာ နန်းတော်ရဲ့ ဘဏ္ဍာထိန်းလေ ဘုရင့်ကိုယ်လှုပ်တော်တွေ ဒီကိစ္စတွေမှာပါရလေ့မရှိပေမယ့် သခင်လေး မဟုတ်သေးဘူး ကြင်ယာတော်ကတော့ နောက်ကျ ဒီကိစ္စတွေလုပ်ချင်တယ်ဆိုရင် ချက်ချင်းလွှဲပေးပါ့မယ်"
စုရီသူ့ကို စိတ်ပျက်သလိုကြည့်နေမှ သူစကားအများကြီးရှင်းတန်းလုပ်လိုက်မိမှန် းရိပ်မိပြီး ခြောက်ကပ်ကပ်ရယ်လျက်
"ကြင်ယာတော် ကျတော်မျိုးမမှာ တစ်ခြားလုပ်စရာရှိသေးလို့ ခိုင်းစရာမရှိရင်သွားခွင့်ပြုပါ"
စုရီ ဒီရက်တော်တော်လေးထူးခြားနေသည်ထင်ရ၏။ ကျီလျို့က ဘာမဟုတ်သည့်စကားလေးတွေကို ဆင်ဆင်ခြင်ခြင်ပြောနေသလို ကျီနုန်ကလည်း ကပျာကယာတွေဖြစ်နေသဖြင့် ဒီမှာ တကယ်တန်းဘာတွေဖြစ်နေမှန်းမသိသော်ငြား သူ့ကိုမသိစေချင်တာတော့သေချာ၏။ ကျီနုန် စာအုပ်တစ်ချို့နှင့်ပြန်လာသဖြင့် စုရီစာဖတ်လိုက်သော်လည်း သန်းဝေရင်းငိုက်မြည်းလျက် အတွေးတို့က ကျီနုန် ကျီလျို့တို့၏ ထူးဆန်းနေသည့်အမူအရာမှသည် အကျဥ်းထောင်ဆီသို့ပြန့်လွင့်လျက်။
၀မ့်ရန်ရွီးများအကျဥ်းသားအားလုံးသတ်လိုက်ပြီး သူ့ကိုအမှန်မပြောပဲထိန်ချန်ခြင်းလော?ထိုသို့စဥ်းစားမိသည်နှင့် မဖြစ်နိုင်ကြောင်းသာ စုရီခေါင်းထဲရောက်လာ၏။ အကယ်၍များသတ်ခဲ့သော် စုရီကိုထပ်ခြိမ်းခြောက်နိုင်တော့မည်မဟုတ်။ တကယ်လို့ စုရီသာ ၀မ့်ရန်ရွီးကတိတည်မတည် အကျဥ်းသားတွေခေါ်ပြခိုင်းလျင် ၀မ့်ရန်ရွီးအတွက် ထိုသူတို့ကိုသတ်ပစ်လိုက်သည်က ဘာမှအသုံး၀င်မည်မဟုတ်။ ထို့ပြင် ထိုနေ့က အဖြစ်အပျက်ဆီပြန်သွားကြည့်မည်ဆိုလျှင် ၀မ့်ရန်ရွီးက ဓားစာထံတစ်ယောက်ပြီးတစ်ယောက်ပေါ် ဓားသွားတို့တင်ခဲ့သော်လည်း သူ့ပုံစံက စုရီကို ကြင်ယာတော်လုပ်ဖို့အတင်းဖိအားပေးသည်မှလွှဲ၍ သတ်ရန်ဆန္ဒတစ်စုံတစ်ရာမပါခဲ့မှန်းသိသာ၏။ ထိုအကြောင်းသုံးသပ်မိတော့ ထိုအချိန်က သူအတင်းခေါင်းမာတင်းမခံခဲ့သည်ကို စုရီနောင်တအနည်းငယ်ရမိသွားသော်လည်း ထိုအချိန်ပြန်ရောက်ခဲ့သော်လည်းကောင်း ထိုအခြေနေမျိုးထပ်ဖြစ်ခဲ့လျှင်လည်းကောင်း စုရီကတော့ ဘာရလဒ်ပဲထွက်ထွက်လူ့အသက်တို့နှင့်ဘယ်တော့မှအလောင်းစားလုပ်မည်မဟုတ်။
ကျီလျို့အသံထွက်လာသည်ကိုသူကြားလိုက်ရ၏။
"ကြင်ယာတော် အိပ်မောကျသွားပြီလား သူခနက ငါ့ကိုတကယ်လန့်သွားစေတာဟ သူအိပ်တာမနှောင့်ယှက်ပဲ တစ်ခြားနေရာမှာသွားပြောရအောင်"
သူတို့ခြေသံတွေတစ်ဖြေးဖြေးေ၀းသွားသော်လည်း ကျီနုန်၏ အမိန့်ပေးသံကိုကြားရဆဲပင်။
"သွားပြီး နန်းတော်ကလူတိုင်းကိုသွားကြေညာထား ကြင်ယာတော်ကိုမြင်ရင် ကြင်ယာတော်လို့မခေါ်ပဲ သခင်လေးလို့သာ နှုတ်ဆက်ဖို့ပြောလိုက်"
စုရီ ကျီနုန်ကိုကျေးဇူးတင်လှစွာရှိနေပြီး သူတို့နှစ်ယောက်နောက် ပြတင်းပေါက်က တိတ်တဆိတ်ခုန်ပြီး လိုက်ချောင်းလိုက်၏။ အခုအခါ ကြင်ယာတော်ဖြစ်သည်နှင့်အညီ သူ့နောက်တွင်လိုက်နေမည့် အစောင့်တို့မရှိတော့။ ထိုနှစ်ယောက် တစ်နေရာတွင် ထိုင်ရင်းစကားပြောကြသဖြင့် စုရီကျောက်တုန်းကြီးတစ်ခုနောက်တွင်ကွယ်ရင်း ကျီလျို့၏ သက်ပင်းချသံနှင့်အသံကျယ်ကျယ်စကားတို့ကို နားထောင်နေလိုက်၏။
"အားရား...အခုမှပဲ လွတ်လွတ်လပ်လပ်ပြောလို့ရတော့တယ် နင်ဒီရက်သခင်လေးမိတ်ဆွေတွေအတွက်သရုပ်ဆောင်ခကိုအပြည့်ပြန်ပေးမယ်မဟုတ်လား?
သရုပ်ဆောင်ခ? စုရီ၏ သိချင်စိတ်တို့က ပိုပြင်းထန်လာလျက်ပင် ကျီနုန်ပြောစကားတို့ကိုသေချာနားစွင့်လိုက်၏။
"နင်ကလည်း ပြန်ရမှာပေါ့ဒီလောက်လေးနဲ့တွန့်တိုနေလိုက်တာ ကပ်စီးကိုနည်းတယ် တကယ်လို့ သခင်လေးသာ ငါတို့ပြောတာကြားရင် နင်မင်းကြီးကိုဘယ်လိုပြန်လျှောက်တင်မလဲသိချင်လိုက်တာ"
ကျီလျို့ကရယ်ရင်းနှင့်ပင်
"ငါက ကပ်စီးနည်းတာမဟုတ်ပါဘူး အိမ်ကစာလာတယ် အကိုမိန်းမယူတော့မှာမို့လို့ အိမ်အသစ်ဆောက်နေတယ်တဲ့ ငါမပြန်နိုင်ရင်တောင် မိသားစုကိုထောက်ပံ့ပေးသင့်တယ်မလား အဲ့ကြောင့်အခုငွေလိုနေလို့ ပြီးနင်လည်းသိသားနဲ့ မင်းကြီးက သခင်လေးမိတ်ဆွေနဲ့အမျိုးတွေကို သခင်လေးကြင်ယာတော်လုပ်အောင်ဖိအားပေးနိုင်ရင် တစ်ယောက်ငွေဆယ်တုံးစီပေးမယ်လို့ကတိပေးထားတာ နင်ပဲစဥ်းစားကြည့် အယောက်နှစ်ဆယ်ကျော်လောက်ဆိုတော့ ငါ့မှာဘာကျန်တော့မှာလဲ မြန်မြန်ပြန်ပေးစမ်းပါ ငါအခုငွေချေးပေးစရာတွေရှိသေးတယ်"
ကျီနုန် သူ့ရင်ပတ်နားမှ ချက်လက်မှတ်စာရွက်တစ်ရွက်ထုတ်ကာ ရေးပေးနေရင်းမှစနေပြန်၏။
"နင်အနှစ်နှစ်အလလစုထားတာလေးတွေကိုဖြုန်းပစ်တော့မယ်ပေါ့ငါတို့နဲ့စာရင်နင်က ငွေရပေါက်ပိုများပါတယ် အနည်းဆုံးတော့ ဆေးတွေရောင်းလို့ရသေးတာပဲ ငွေတုံးနှစ်ရာလေးကို နင့်မှာသူများကိုချေးဖို့တောင်ငွေရှိခဲ့သေးတာပဲ ဘယ်သူက နင်ငွေပြတ်နေတာကိုယုံမှာတဲ့လဲ နင်ငွေတွေကိုအဲ့မှာသုံး.. "
သူတို့စကားကိုအဆုံးမသတ်နိုင်သေးခင်တွင်ပင် တည်ငြိမ်အောင်အတင်းထိန်းချုပ်ထားသည့်အသံကိုရုတ်တရက်ကြားလိုက်ရ၏။
"ဟုတ်တယ် ကျတော်လည်း ငွေတုံးနှစ်ရာကျော်ကိုဘယ်လိုသုံးလိုက်တယ်ဆိုတာသိပ်သိချင်မိတယ် ကျီလျို့နဲ့ကျီနုန် မင်းတို့အစမရှိအဆုံးမရှိပြောခဲ့ကြလို့ အခုအစကနေအဆုံးထိပြောကြည့်ပါဦး"
ထိုအသံကြောင့် ကျီနှစ်ကျီ၏ လိပ်ပြာကလေးများပင်ကလူကလူနှင့် လေထုထဲပျံထွက်သွားရလေသည်။ သူတို့အသံလာရာကြည့်လိုက်ချိန်တွင်တော့ လူသတ်တော့မည့်မျက်နှာဆိုးနှင့် စုရီကိုတွေ့လိုက်ရလေသည်။
.Total:1630words
16.7.20
Sorry for spelling mistakes
Zawgyi
အခ်ိန္ေတြကုန္ဆံုးတာ အရမ္းျမန္၏။ စုရီႏိုးလာခ်ိန္တြင္ ေနကေခါင္းကိုပင္ေက်ာ္ေနေပၿပီ။ သူရဲ့ နည္းနည္းေလး ဟိုေရြ့ဒီေရြ့လုပ္ျခင္းက အသည္းခိုက္ေအာင္နာက်င္ေနေစၿပီး အခုေတာ့ သူ႔တစ္ကိုယ္လံုးမနာတဲ့ေနရာမရိွေလာက္ေအာင္ပင္ခံစားေနရသည္။ အိပ္ရာေပၚကထဖို႔အတင္းႀကိဳးစားေနစဥ္တြင္ပင္ က်ီႏုန္၀င္လာၿပီး သူ႔ကိုသာသာယာယာပင္ျပန္လဲေစကာ
"ၾကင္ယာေတာ္ ခနေလာက္နားပါၪီး မထခင္ ၾကင္ယာေတာ္ရဲ့ႂကြက္သားနာက်င္မႈေတြေလ်ာ့ေအာင္ က်ီႏုန္လုပ္ေပးပါရေစ"
စုရီ သူမကို ေတာင္းပန္တိုးလ်ိဳးသည့္အၾကည့္မ်ားျဖင့္
"မိန္းကေလးက်ီႏုန္ က်ေတာ့္ကို သခင္ေလးလို႔ပဲေခၚပါ "
က်ီႏုန္ ဒိတ္ခနဲျဖစ္သြားရင္း စုရီအခုထိထိုအမည္နာမႏွင့္အသားမက်ေသးမွန္းနားလည္သြားသျဖင့္ ရင္ေလးမိသြား၏။
"ေကာင္းပါၿပီ အခုက က်မတို႔ရဲ ၾကင္... က်မသခင္ေလးအမိန္႔တိုင္းလိုက္နာပါ့မယ္ အခ်ိန္အၾကာႀကီးသခင္ေလးလို႔ေခၚလာေတာ့ ခ်က္ခ်င္းႀကီးေျပာင္းေခၚတာလည္း က်မအတြက္အသားမက်လွဘူး"
ေျပာၿပီး အေစခံတစ္ခ်ိဳ႕ေခၚလိုက္ၿပီး စုရီကို ကိုယ္လက္သန္႔စင္ေပးကာ မနက္စာပါျပင္ေပး၏။ မနက္စာစားအၿပီး က်ီႏုန္က
"သခင္ေလး ဘာမ်ားခိုင္းစရာရိွေသးလဲ?"
"က်ေတာ္.....အက်ဥ္းေထာင္ဆီ သြား...သြားလည္ခ်င္.."
သူ႔စကားပင္အဆံုးမခံပဲ က်ီႏုန္ခ်က္ခ်င္းျငင္းလိုက္၏။
"အဲ့မွာ ဘာမွစိတ္၀င္စားစရာမရိွပါဘူး သခင္ေလးရယ္"
ထို႔ေနာက္ စုရီ၏ ဇေဝဇ၀ါအၾကည့္တို႔ေၾကာင့္ ပ်ာယာခတ္သြားသည့္အမူအရာကို တည္ၿငိမ္ေအာင္လုပ္လိုက္ၿပီး အိပ္ယာကိုျပန္႔ေအာင္ျပန္ျဖန္႔ေနရင္းမွ
"က်ေတာ္မ်ိဳးမေျပာခ်င္တာက သခင္ေလးကိုယ္ကေကာင္းေကာင္းမေကာင္းေသးေတာ့ မဟုတ္ေသးဘူး တကယ္လို႔ေကာင္းေနရင္ေတာင္ အက်ဥ္းေထာင္က သြားလည္လို႔ေကာင္းတဲ့ေနရာမဟုတ္ပါဘူး ၿပီးေတာ့ ဟိုလူေတြလည္းအခုေလာက္ဆိုအိမ္ျပန္ေရာက္ေလာက္ပါၿပီ က်ေတာ္မ်ိဳးမ မေန့က အရွင္မင္းႀကီး အက်ဥ္းသားေတျြပန္လြတ္ေပးဖို႔ အမိန္႔ေပးတာၾကားခဲ့တယ္"
စုရီ က်ီႏုန္၏ မၿငိမ္မသက္အမူအရာတို႔ႏွင့္ ေဝ့လည္ေၾကာင္ပတ္စကားတို႔ၾကား သံသယစိတ္တို႔ပိုႀကီးထြားလာေသာ္လည္း မ်က္ႏွာထက္မေဖာ္ျပပဲ ေအးေအးေဆးေဆးပင္ေျပာလိုက္သည္။
"ဒါဆိုလည္း ထားလိုက္ေတာ့ အခုေတာ့ စာဖတ္ခ်င္လို႔စာအုပ္နည္းနည္းေလာက္ယူလာေပး"
"အခုခ်က္ခ်င္းသြားယူလိုက္ပါ့မယ္"
က်ီႏုန္သြားၿပီးမၾကာမီတြင္ပင္ က်ီလ်ိဳ႕အခန္းထဲ၀င္လာရင္းဟိုဟိုဒီဒီၾကည့္ကာ
"သခင္ေလး က်ီႏုန္ဒီမလာဘူးလား?"
"သူအခုပဲထြက္သြားတာ ကိစၥရိွလို႔လား?"
"ဟုတ္တယ္ သူ႔ဆီက ပိုက္စံေတာင္းစရာရိွလို႔"
ေျပာၿပီးမွ ထိုစကားက နည္းနည္းေလးအထူးအဆန္းျဖစ္ေနမွန္း သတိထားမိသြားရင္း စုရီကိုၾကည့္လ်က္ ခ်က္ခ်င္းအဓိပၸါယ္ရွင္းတန္းေဖာ္လိုက္ရ၏။
"က်ီႏုန္က က်မတို႔ေလးေယာက္ထဲမွာ နန္းေတာ္ရဲ့ ဘ႑ာထိန္းေလ ဘုရင့္ကိုယ္လႈပ္ေတာ္ေတြ ဒီကိစၥေတြမွာပါရေလ့မရိွေပမယ့္ သခင္ေလး မဟုတ္ေသးဘူး ၾကင္ယာေတာ္ကေတာ့ ေနာက္က် ဒီကိစၥေတြလုပ္ခ်င္တယ္ဆိုရင္ ခ်က္ခ်င္းလႊဲေပးပါ့မယ္"
စုရီသူ႔ကို စိတ္ပ်က္သလိုၾကည့္ေနမွ သူစကားအမ်ားႀကီးရွင္းတန္းလုပ္လိုက္မိမွန္ းရိပ္မိၿပီး ေျခာက္ကပ္ကပ္ရယ္လ်က္
"ၾကင္ယာေတာ္ က်ေတာ္မ်ိဳးမမွာ တစ္ျခားလုပ္စရာရိွေသးလို႔ ခိုင္းစရာမရိွရင္သြားခြင့္ျပဳပါ"
စုရီ ဒီရက္ေတာ္ေတာ္ေလးထူးျခားေနသည္ထင္ရ၏။ က်ီလ်ိဳ႕က ဘာမဟုတ္သည့္စကားေလးေတြကို ဆင္ဆင္ျခင္ျခင္ေျပာေနသလို က်ီႏုန္ကလည္း ကပ်ာကယာေတျြဖစ္ေနသျဖင့္ ဒီမွာ တကယ္တန္းဘာေတျြဖစ္ေနမွန္းမသိေသာ္ျငား သူ႔ကိုမသိေစခ်င္တာေတာ့ေသခ်ာ၏။ က်ီႏုန္ စာအုပ္တစ္ခ်ိဳ႕ႏွင့္ျပန္လာသျဖင့္ စုရီစာဖတ္လိုက္ေသာ္လည္း သန္းေဝရင္းငိုက္ျမည္းလ်က္ အေတြးတို႔က က်ီႏုန္ က်ီလ်ိဳ႕တို႔၏ ထူးဆန္းေနသည့္အမူအရာမွသည္ အက်ဥ္းေထာင္ဆီသို႔ျပန္႔လြင့္လ်က္။
၀မ့္ရန္ရြီးမ်ားအက်ဥ္းသားအားလံုးသတ္လိုက္ၿပီး သူ႔ကိုအမွန္မေျပာပဲထိန္ခ်န္ျခင္းေလာ?ထိုသို႔စဥ္းစားမိသည္ႏွင့္ မျဖစ္ႏိုင္ေၾကာင္းသာ စုရီေခါင္းထဲေရာက္လာ၏။ အကယ္၍မ်ားသတ္ခဲ့ေသာ္ စုရီကိုထပ္ၿခိမ္းေျခာက္ႏိုင္ေတာ့မည္မဟုတ္။ တကယ္လို႔ စုရီသာ ၀မ့္ရန္ရြီးကတိတည္မတည္ အက်ဥ္းသားေတြေခၚျပခိုင္းလ်င္ ၀မ့္ရန္ရြီးအတြက္ ထိုသူတို႔ကိုသတ္ပစ္လိုက္သည္က ဘာမွအသံုး၀င္မည္မဟုတ္။ ထို႔ျပင္ ထိုေန့က အျဖစ္အပ်က္ဆီျပန္သြားၾကည့္မည္ဆိုလ်ွင္ ၀မ့္ရန္ရြီးက ဓားစာထံတစ္ေယာက္ၿပီးတစ္ေယာက္ေပၚ ဓားသြားတို႔တင္ခဲ့ေသာ္လည္း သူ႔ပံုစံက စုရီကို ၾကင္ယာေတာ္လုပ္ဖို႔အတင္းဖိအားေပးသည္မွလႊဲ၍ သတ္ရန္ဆႏၵတစ္စံုတစ္ရာမပါခဲ့မွန္းသိသာ၏။ ထိုအေၾကာင္းသံုးသပ္မိေတာ့ ထိုအခ်ိန္က သူအတင္းေခါင္းမာတင္းမခံခဲ့သည္ကို စုရီေနာင္တအနည္းငယ္ရမိသြားေသာ္လည္း ထိုအခ်ိန္ျပန္ေရာက္ခဲ့ေသာ္လည္းေကာင္း ထိုအေျခေနမ်ိဳးထပ္ျဖစ္ခဲ့လ်ွင္လည္းေကာင္း စုရီကေတာ့ ဘာရလဒ္ပဲထြက္ထြက္လူ႔အသက္တို႔ႏွင့္ဘယ္ေတာ့မွအေလာင္းစားလုပ္မည္မဟုတ္။
က်ီလ်ိဳ႕အသံထြက္လာသည္ကိုသူၾကားလိုက္ရ၏။
"ၾကင္ယာေတာ္ အိပ္ေမာက်သြားၿပီလား သူခနက ငါ့ကိုတကယ္လန္႔သြားေစတာဟ သူအိပ္တာမေနွာင့္ယွက္ပဲ တစ္ျခားေနရာမွာသြားေျပာရေအာင္"
သူတို႔ေျခသံေတြတစ္ေျဖးေျဖးေဝးသြားေသာ္လည္း က်ီႏုန္၏ အမိန္႔ေပးသံကိုၾကားရဆဲပင္။
"သြားၿပီး နန္းေတာ္ကလူတိုင္းကိုသြားေၾကညာထား ၾကင္ယာေတာ္ကိုျမင္ရင္ ၾကင္ယာေတာ္လို႔မေခၚပဲ သခင္ေလးလို႔သာ ႏႈတ္ဆက္ဖို႔ေျပာလိုက္"
စုရီ က်ီႏုန္ကိုေက်းဇူးတင္လွစြာရိွေနၿပီး သူတို႔ႏွစ္ေယာက္ေနာက္ ျပတင္းေပါက္က တိတ္တဆိတ္ခုန္ၿပီး လိုက္ေခ်ာင္းလိုက္၏။ အခုအခါ ၾကင္ယာေတာ္ျဖစ္သည္ႏွင့္အညီ သူ႔ေနာက္တြင္လိုက္ေနမည့္ အေစာင့္တို႔မရိွေတာ့။ ထိုႏွစ္ေယာက္ တစ္ေနရာတြင္ ထိုင္ရင္းစကားေျပာၾကသျဖင့္ စုရီေက်ာက္တုန္းႀကီးတစ္ခုေနာက္တြင္ကြယ္ရင္း က်ီလ်ိဳ႕၏ သက္ပင္းခ်သံႏွင့္အသံက်ယ္က်ယ္စကားတို႔ကို နားေထာင္ေနလိုက္၏။
"အားရား...အခုမွပဲ လြတ္လြတ္လပ္လပ္ေျပာလို႔ရေတာ့တယ္ နင္ဒီရက္သခင္ေလးမိတ္ေဆြေတြအတြက္သရုပ္ေဆာင္ခကိုအျပည့္ျပန္ေပးမယ္မဟုတ္လား?
သရုပ္ေဆာင္ခ? စုရီ၏ သိခ်င္စိတ္တို႔က ပိုျပင္းထန္လာလ်က္ပင္ က်ီႏုန္ေျပာစကားတို႔ကိုေသခ်ာနားစြင့္လိုက္၏။
"နင္ကလည္း ျပန္ရမွာေပါ့ဒီေလာက္ေလးနဲ႔တြန္႔တိုေနလိုက္တာ ကပ္စီးကိုနည္းတယ္ တကယ္လို႔ သခင္ေလးသာ ငါတို႔ေျပာတာၾကားရင္ နင္မင္းႀကီးကိုဘယ္လိုျပန္ေလ်ွာက္တင္မလဲသိခ်င္လိုက္တာ"
က်ီလ်ိဳ႕ကရယ္ရင္းႏွင့္ပင္
"ငါက ကပ္စီးနည္းတာမဟုတ္ပါဘူး အိမ္ကစာလာတယ္ အကိုမိန္းမယူေတာ့မွာမို႔လို႔ အိမ္အသစ္ေဆာက္ေနတယ္တဲ့ ငါမျပန္ႏိုင္ရင္ေတာင္ မိသားစုကိုေထာက္ပံ့ေပးသင့္တယ္မလား အဲ့ေၾကာင့္အခုေငြလိုေနလို႔ ၿပီးနင္လည္းသိသားနဲ႔ မင္းႀကီးက သခင္ေလးမိတ္ေဆြနဲ႔အမ်ိဳးေတြကို သခင္ေလးၾကင္ယာေတာ္လုပ္ေအာင္ဖိအားေပးႏိုင္ရင္ တစ္ေယာက္ေငြဆယ္တံုးစီေပးမယ္လို႔ကတိေပးထားတာ နင္ပဲစဥ္းစားၾကည့္ အေယာက္ႏွစ္ဆယ္ေက်ာ္ေလာက္ဆိုေတာ့ ငါ့မွာဘာက်န္ေတာ့မွာလဲ ျမန္ျမန္ျပန္ေပးစမ္းပါ ငါအခုေငြေခ်းေပးစရာေတြရိွေသးတယ္"
က်ီႏုန္ သူ႔ရင္ပတ္နားမွ ခ်က္လက္မွတ္စာရြက္တစ္ရြက္ထုတ္ကာ ေရးေပးေနရင္းမွစေနျပန္၏။
"နင္အႏွစ္ႏွစ္အလလစုထားတာေလးေတြကိုျဖဳန္းပစ္ေတာ့မယ္ေပါ့ငါတို႔နဲ႔စာရင္နင္က ေငြရေပါက္ပိုမ်ားပါတယ္ အနည္းဆံုးေတာ့ ေဆးေတြေရာင္းလို႔ရေသးတာပဲ ေငြတံုးႏွစ္ရာေလးကို နင့္မွာသူမ်ားကိုေခ်းဖို႔ေတာင္ေငြရိွခဲ့ေသးတာပဲ ဘယ္သူက နင္ေငျြပတ္ေနတာကိုယံုမွာတဲ့လဲ နင္ေငြေတြကိုအဲ့မွာသံုး.. "
သူတို႔စကားကိုအဆံုးမသတ္ႏိုင္ေသးခင္တြင္ပင္ တည္ၿငိမ္ေအာင္အတင္းထိန္းခ်ဳပ္ထားသည့္အသံကိုရုတ္တရက္ၾကားလိုက္ရ၏။
"ဟုတ္တယ္ က်ေတာ္လည္း ေငြတံုးႏွစ္ရာေက်ာ္ကိုဘယ္လိုသံုးလိုက္တယ္ဆိုတာသိပ္သိခ်င္မိတယ္ က်ီလ်ိဳ႕နဲ႔က်ီႏုန္ မင္းတို႔အစမရိွအဆံုးမရိွေျပာခဲ့ၾကလို႔ အခုအစကေနအဆံုးထိေျပာၾကည့္ပါၪီး"
ထိုအသံေၾကာင့္ က်ီႏွစ္က်ီ၏ လိပ္ျပာကေလးမ်ားပင္ကလူကလူႏွင့္ ေလထုထဲပ်ံထြက္သြားရေလသည္။ သူတို႔အသံလာရာၾကည့္လိုက္ခ်ိန္တြင္ေတာ့ လူသတ္ေတာ့မည့္မ်က္ႏွာဆိုးႏွင့္ စုရီကိုေတြ့လိုက္ရေလသည္။
.Total:1630words
16.7.20
Sorry for spelling mistakes