Hate is Love { Complete }

By yoon_085

868K 51.9K 2.1K

အမုန္းဆိုတာ အခ်စ္ကေနအစျပဳတာမို႔ ကိုယ္ခ်စ္တဲ့သူကို မနာက်ည္းႏိုင္သေရြ႔ ခ်စ္ေနမိဦးမွာလဲ လူတိုင္းလဲ ကိုယ္ခ်စ္တဲ့... More

Part -1 ~ Beginning of story
Part -2 ~ First Meet
Part -3 ~ Wedding Day (🚨🔞)
Part -4 ~ Marriage life (🔞🚨)
Part - 5 ~ Losing Family
Part 6 ~ Love House 🔞🚨
Part -7 ~ Diary Book
Part -8 ~ Cuz of Love (🔞🚨)
Part -9 ~ Miss u but don't want remember
Part -10 ~ Reasons for problem
Part -11 ~ Can't let you go 🔞🚨
Part -12 ~ Good Bye My love
Part- 13 ~ Everytime I miss u
Part 14 ~ Love is hurt
Part - 15 ~ Miss U 🔞🚨
Part -16 ~ That's you 🔞🚨
Part - 17 ~ About Past
Part -18 ~ Greedy Love
Part -19 ~ Forgiveness 🔞🚨
Part -20 ~ Painful Love
Part-21 ~White Tulips
Part-22~Red Spider lily
Part-23~New life 🔞🚨
Part-23~New Life 🔞🚨 (2)
Part-24~Being a daddy
Announcements💖
Part-25~Husband Material
Part -27~Precious Things
Part-28 ~Baby born 👶🏻
Part -29 ~ Daddy Wang
Part-30~ Lion& rabbit(🔞🚨)
Part-31~Wang MinYu's Bd
Part-32~ Dark Night 🔞🚨
Part-33~Believe U
Part-34~ Ice cream
Part-35~Jealous Daddy
Part-36~Beauty daughter
Part-37~Parent ( Final)
Extra ~ I 🔞🚨
Extra ~ II

Part-26 ~About baby

16K 1.1K 67
By yoon_085

Hate is Love

Zawgyi

မနက္ခင္း႐ုံးသြားခါနီး ရိေပၚအတြက္အက်ီကို ေရွာင္က်န႔္ကထုတ္ေပးကာ ေသခ်ာျပင္ဆင္ေပးသည္ ။

" ဒီေန႕ေတာ့႐ုံးလာျဖစ္မယ္မထင္ေတာ့ဘူး က်ဲတို႔ကို သြားႀကိဳရမွာဆိုေတာ့ က်န႔္အတိတ္ေမ့ေနတုန္းက က်ဲတို႔ကအကူညီေပးထားတာဆိုေတာ့ သူတို႔ဒီလာတုန္းေသခ်ာဧည့္ဝတ္ခံရမယ္ ''

" အင္းပါ ဂ႐ုလဲစိုက္ဦးအေၾကာင္းတစ္ခုခုရွိရင္ ကိုယ့္ဆီဖုန္းဆက္လိုက္ေနာ္''

" သိပါၿပီ ေယာက်္ားရဲ႕ ''
ေရွာင္က်န႔္ရဲ႕ေယာက်္ားလို႔ေခၚတဲ့စကားတစ္ခြန္းမွာ ရိေပၚအႀကိမ္ႀကိမ္ေသပါသည္ ။

ရိေပၚကုမၸဏီကိုသြားေပမယ့္ ေရွာင္က်န႔္ကို စိတ္မခ်တာေၾကာင့္ ယြီပင္းကိုပါေရွာင္က်န႔္တို႔ သြားႀကိဳတဲ့ေလဆိပ္ကိုလႊတ္လိုက္သည္ ။

ေရွာင္က်န႔္နဲ႕ Jeanaတို႔ေဟာင္ေကာင္က လာမယ့္သူေတြကိုေစာင့္ေနရတာၾကာၿပီ ခုထိမလာေသးတာေၾကာင့္ ရပ္ေစာင့္ေနရတုန္း ။

" အကိုေလး ''
ေခၚသံၾကားလို႔အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ ယြီပင္းကိုေတြ႕လိုက္တာေၾကာင့္ ေရွာင္က်န႔္အံအားသင့္ သြားရသည္ ။

" ယြီပင္း ဘယ္လိုေရာက္လာတာလဲ ''

"ဆရာလႊတ္လိုက္တာ တစ္ခုခုျဖစ္မွာစိုးလို႔တဲ့ ကားကိုက်ေတာ္ေမာင္းေပးပါ့မယ္ ''

"ေအာ္ အင္းပါ ''
ခဏေနေတာ့ ႐ႊယ္လုက်ဲတို႔ေရာက္လာတာမို႔ ေရွာင္က်န႔္လဲ ႐ႊယ္လုက်ဲတို႔ဆီေျပးသြားကာ ႏႈတ္ဆက္လိုက္သည္ ။

" ငါ့ေမာင္ေလးကိုလြမ္းေနရတာ အဆင္ေျပရဲ႕လား ''

"ဟုတ္ကဲ့ေျပပါတယ္ က်ဲေရာဟိုမွာအဆင္ေျပလား ''

"ဟိုမွာကဘာမွလုပ္စရာသိပ္မရွိဘူးေလ ငါ့ေမာင္လဲမရွိေတာ့ပ်င္းေနရတာေပါ့ ''

"က်ဲပ်င္းေနရင္ေနာက္ဆို ကေလးထိန္းေပါ့ ''

"ကေလး ဘယ္က,ကေလးလဲ''

"ေကာ ဗိုက္ထဲကကေလးေလ ''

"ေဟ တကယ္လားေရွာင္ေလး ''

"အဟဲ ဟုတ္တယ္ က်ဲ''

"ဘယ္ႏွလတဲ့လဲ ကေလးအေဖကေရာ ခင္ပြန္းေဟာင္းပဲလား''

"က်ဲရယ္ေအးေဆးေမးလဲ ရပါတယ္ အခုေတာ့က်ဲတို႔ကိုေစာင့္ေနရတာဗိုက္ဆာၿပီ ''

'' ဟုတ္ပါၿပီငါ့ေမာင္ေလးဗိုက္ဆာတယ္ဆိုေတာ့လဲ အရင္သြားစားၾကတာေပါ့ ''
႐ႊယ္လုကေရွာင္က်န့္ရဲ႕ေခါင္းကိုဖြဖြေလးပုတ္လိုက္ေတာ့ ေရွာင္က်န့္ကမ်က္ႏွာခ်ိဳေသြးကာျပန္ၿပဳံးျပလိုက္သည္
႐ႊယ္လုတို႔အေရွ႕ကေနသြားေတာ့ Jeanaက ေရွာင္က်န႔္ရဲ႕လက္ကိုဆြဲၿပီး တိုးတိုးေလးကပ္ေျပာသည္ ။

"ေကာဒီေန႕ခ်န္အေၾကာင္းေျဖာင္းဖ်ေပးပါေနာ္ သေကာကသေဘာမတူရင္ဘယ္လိုလုပ္မလဲ ေနာ္...ေနာ္လို႔ ''

"အင္းပါ ေျပာေပးပါမယ္ ''

ေန႕လည္စာကို Jeanaကဟိုတယ္တစ္ခုမွာ ဘိုကင္တင္ထားတာမို႔ ႀကိဳတင္ယူထားတဲ့အခန္းထဲမွာ အားလုံးကစုလို႔ ။

" Jeanaရယ္lunchေလာက္ပဲကို ဘာလို႔skyview လဲညဘက္ဆိုေတာ္ေသး ''

"အာ ဒီlunchကို Jeana ဝယ္ေကြၽးမွာပါေနာ္ ''

"ၾကားသားမိုးႀကိဳးဘာေတြဖားမလို႔လဲ ''
ယြီခ်န္ကဝင္ေျပာေတာ့ Jeanaက မ်က္ခုံးခပ္လႈပ္လႈပ္ျဖစ္သြားသည္ ။

" ဘာလဲ Jeanaလဲကုမၸဏီမွာအလုပ္လုပ္ရင္း လစာရေနပါၿပီေနာ္ အဲ့လစာေလးနဲ႕ဝယ္ေကြၽးခ်င္တာကို ေစတနာကိုေစာ္ကားၾကတာလား ''

" အမယ္ ဟုတ္လို႔လား ငါကေတာ့နားရွိလို႔ သာယုံရတယ္''
ယြီခ်န္ရဲ႕စကားကိုေရွာင္က်န္နဲ႕႐ႊယ္လုက ရယ္က်ဲက်ဲနဲ႕ေထာက္ခံၾကသည္ ။

" အာ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္အလုပ္ေလး မၿပီးေသးလို႔ၾကာသြားတယ္ ''

"ရပါတယ္ ကြၽန္ေတာ္ကေဆာင္ယြီခ်န္ပါ ''

"ေတြ႕ရတာဝမ္းသာပါတယ္ ကြၽန္ေတာ္ကဝမ္ရိေပၚပါ ''
ရိေပၚလဲမိတ္ဆက္ၿပီးတာနဲ႕ ေရွာင္က်န႔္ေဘးမွာ ဝင္ထိုင္လိုက္သည္ ။

"Congratulationsပါေနာ္ အေဖျဖစ္ေတာ့မယ့္အတြက္ ''

" ဟုတ္ကဲ့ ေက်းဇူးပါဗ်ာၿပီးေတာ့ ကြၽန္ေတာ့္က်န႔္ကိုသုံးႏွစ္လုံး ေစာင့္ေရွာက္ေပးခဲ့လို႔ ေက်းဇူးပါ''

" သူေဌးဝမ္ေက်းဇူးေၾကာင့္ကြၽန္ေတာ္တို႔ ေဟာင္ေကာင္က႐ုံးေတာ္ေတာ္အဆင္ေျပတယ္ ''
ရိေပၚနဲ႕ယြီခ်န္တို႔အလုပ္အေၾကာင္းေျပာေနေတာ့ Jeanaက ေရွာင္က်န႔္ကိုသူ႕အေၾကာင္းေျပာေပးဖို႔ ေတာင္းပန္တဲ့အၾကည့္ေတြနဲ႕ ၾကည့္ကာအသံတိတ္ အကူညီေတာင္းေတာ့သည္ ။

" က်န႔္ အစားေသာက္ေတြအဆင္ေျပရဲ႕လား အန္ခ်င္တာေတြဘာေတြရွိလား ''

"အင္း ေလာေလာဆယ္ေတာ့ဘာမွမျဖစ္ေသးဘူး အဆင္ေျပပါတယ္ ''

"သူေဌးဝမ္ကေရွာင္ေလးကိုအေတာ္ခ်စ္ပုံပဲေနာ္ ''

" အာ ဟုတ္တယ္ ကြၽန္ေတာ္သူမရွိေတာ့ဘူးဆိုၿပီး သိသိခ်င္းတုန္းက အေတာ္တုန္လႈပ္ခဲ့ရတာ အခုလိုမ်ိဳးျပန္ေတြ႕ေတာ့အိမ္မက္လို႔လားေတာင္ ထင္မိတယ္ ''
ရိေပၚကေရွာင္က်န႔္ရဲ႕လက္ကိုကိုင္ၿပီးေျပာေတာ့ ေရွာင္က်န႔္မွာရွက္လြန္းလို႔ေခါင္းကိုငုံထားရသည္ ။

"ေကာ Jeanaေျပာစရာရွိတယ္ ''

"ေပက်င္းမွာေနၿပီး ဘာျပသနာေတြရွာထားျပန္ၿပီလဲ ''

"ဟာေကာကလဲ Jeanaကိုအၿမဲျပသနာရွာတဲ့သူပဲ ထင္ေနတာပဲလား ''

"မဟုတ္လို႔လားဟိုမွာဆိုတစ္ေန႕တစ္မ်ိဳးမရိုးရေအာင္ ျပသနာရွာေနၿပီးဘာေျပာမလို႔လဲ မိသားစုစားပြဲမွာ ေပါက္ကရေတာ့မလုပ္နဲ႕ေနာ္ ''

"ေကာကလဲ Jeanaကိုေျပာဖို႔ႀကီးပဲ Jeanaမွာ ရည္းစားရေနၿပီ ''
ယြီခ်န္က အဖက္မလုပ္ ။

"ခ်စ္သူရွိေနၿပီလို႔ ''
Jeana ေျပာတာကိုအေရးကိုမလုပ္ဘဲ အစားပဲဆက္စားေနသည္ ။

"Jeana သူနဲ႕လက္ထပ္မို႔ ''

"ဖြီး ''
ယြီခ်န္ေသာက္ေနတဲ့ဝိုင္ပါသီးသြားၿပီး သူ႕ေရွ႕ကJeanaရဲ႕ မ်က္ႏွာကိုဝိုင္ေတြစင္ကုန္သည္ ။

"ရရဲ႕လား Jeanaေပကုန္ၿပီ ရွင္ကလဲဘယ္လိုေတြေသာက္ေနတာလဲ''

" ေကာJeanaတို႔ကိုခြင့္ျပဳေပးပါလို႔ ''

" Jeana မင္းအသက္ဘယ္ေလာက္ရွိလို႔
လက္ထပ္ဖို႔ေျပာေနတာလဲ ပါးပါးကိုပါေသြးတက္ေအာင္ လုပ္မလို႔လား ''

"ေကာရယ္ခ်န္ကသာမန္မဟုတ္ပါဘူး ရဲမႉးပါ ငယ္ငယ္ေလးနဲ႕ ရဲမႉးျဖစ္တာေနာ္ ''

" ဒါပဲလား အသိုင္းဝိုင္းကေရာ''

" မိဘမဲ့ ''

"ဘာ! ''

"အာ ေကာယြီခ်န္ ကြၽန္ေတာ္တစ္ခုေလာက္ ဝင္ေျပာပါရေစ ခ်န္ကတကယ့္လူေကာင္းေလးပါ မိဘမဲ့ေပမယ့္ ငယ္ငယ္႐ြယ္႐ြယ္နဲ႕သူ႕ဘာသူရဲမႉးျဖစ္ေအာင္ ႀကိဳးစားခဲ့ရွာတာ ကြၽန္ေတာ္ကေတာ့ Jeanaေလးနဲ႕ လိုက္ဖက္မယ္ထင္တာပဲ ''

ေရွာင္က်န႔္ကဝင္ေျပာလိုက္ေတာ့မွယြီခ်န္က အနည္းငယ္စဥ္းစားသေယာင္ျဖစ္သြားသည္ ရိေပၚကေတာ့ သူတို႔ရဲ႕စကားဝိုင္းထဲကိုဝင္ပါျခင္း မရွိခဲ့ဘူး ဘာလို႔လဲဆိုေတာ့မိသားစုထမင္းစားပြဲမွာ သူေဌးဝမ္ႀကီးကသူ႕ရဲ႕အသည္းအသက္ေလးအတြက္ ပုစြန္ေတြအခြံခြာေပးရင္း အလုပ္႐ူပ္ေနတာမို႔လို႔ပါ ။

ေန႕လည္စာ,စားၿပီးသြားေတာ့ ေရွာင္က်န႔္ကရိေပၚနဲ႕အတူ႐ုံးကိုလိုက္လာခဲ့သည္
ရိေပၚ႐ုံးခန္းထဲကိုဝင္မလို႔လုပ္ေတာ့ ယြီပင္းကေရာက္လာသည္ ။

"ဆရာအထဲမွာမစၥတာလီရဲ႕သမီးေရာက္ေနတယ္ ဆရာနဲ႕စကားေျပာခ်င္လို႔တဲ့ ''

"အင္း ''

"ရိေပၚ အဲ့ဒါက်န႔္ရဲ႕အခန္းထဲသြားလိုက္ေတာ့မယ္ ''

"ဟင့္အင္းက်န႔္ပါလိုက္ခဲ့ေလ ''
ရိေပၚကေရွာင္က်န႔္လက္ကိုဆြဲကာ အခန္းထဲဝင္သြားသည္ ။

" ရိေပၚ အာ သူကဘယ္သူလဲ ''
ထိုမိန္းကေလးကရိေပၚကိုျမင္ေတာ့ေျပးလာၿပီး ေရွာင္က်န႔္ကိုျမင္ေတာ့အလိုမက်သြားတဲ့ပုံပဲ ။

" အင္း မေတြ႕တာၾကာၿပီ ဒါငါ့ေယာက်္ားေလ ''

"ေယာက်္ား အာ sex partner လား''

" မဟုတ္ဘူး ငါ့အိမ္ေထာင္ဘက္ပဲ ''
ရိေပၚရဲ႕စကားကိုၾကားၿပီး ထိုမိန္းကေလးမ်က္ေမွာင္ႀကဳံသြားသည္ ၿပီးတဲ့ေနာက္ ခပ္ဟဟရယ္လိုက္သည္ ။

" အာ အဲ့ဒါေၾကာင့္လား ေက်ာင္းတုန္းက မိန္းကေလးေတြစိတ္မဝင္စားခဲ့တာ နင္ကgayျဖစ္ ေနလို႔လား အဟက္ ''

" ဟင့္အင္း အဲ့တုန္းကေတာ့ ငါgayျဖစ္ခ်င္မွ ျဖစ္လိမ့္မယ္ အခုခ်ိန္မွာလဲgay မဟုတ္ဘူး ငါ့ေယာက်္ားတေယာက္တည္းကိုပဲခ်စ္တာ ေအးသူ႕ကိုခ်စ္လို႔ gayလို႔သတ္မွတ္မယ္ဆိုရင္ ဟုတ္တယ္ငါကgay ''

"ဝါး ဝါး cool guyႀကီးကgayတဲ့လား မယုံနိုင္စရာႀကီး ဒါနဲ႕ေယာက်္ားခ်င္းႀကိဳက္တာ
ဘာမ်ားေကာင္းတာမို႔လို႔လဲ ''

" ေကာင္းတဲ့အခ်က္ေတြကိုပဲေ႐ြးၾကည့္ၿပီး အိမ္ေထာင္ျပဳရမွာလား ဒါဆိုအိမ္ေထာင္ေရးႀကီးက အႆျပာအိမ္ေထာင္ေရးႀကီးျဖစ္သြားမွာေပါ့ ေဈးႀကီးေပးရတဲ့ျပည့္တန္ဆာကိုဝယ္ထားသလိုမ်ိဳး အိမ္ေထာင္ေရးႀကီးကိုငါေတာ့မလိုခ်င္ဘူး ''

"ဘာ ''

" ဟုတ္တယ္ေလ လူတစ္ေယာက္ရဲ႕ေကာင္းတဲ့ အခ်က္ေတြပဲၾကည့္ၿပီး မခ်စ္ဘဲယူရင္ အသျပာအိမ္ေထာင္ေရးႀကီးနဲ႕ဘာမ်ားျခားနာသြားမွာလဲ ငါကငါ့အိမ္ေထာင္ဖက္အေပၚဘာကိုၾကည့္ၿပီးယူလဲဆိုရင္ အခ်စ္ေၾကာင့္ပဲ ထားပါမင္းေျပာတဲ့ ပညက္ခ်က္ေတြနဲ႕ ယွဥ္ရင္ေတာင္ သူ႕နဲ႕ၿပိဳင္ရေလာက္တဲ့သူတစ္ေယာက္မွ ရွိမွာမဟုတ္ဘူး

ပထမအခ်က္မင္းေျပာတဲ့ေငြေၾကးခ်မ္းသာမႈနဲ႕တိုင္းရင္ သူကေရွာင္ကုမၸဏီတစ္ခုလုံးရဲ႕ပိုင္ရွင္
ဒုတိယအခ်က္ေခ်ာလွပါတယ္ဆိုတဲ့ မိန္းမေတြထက္ေတာင္သာလြန္ေနေသးတယ္
တတိယအခ်က္ သူကငါ့အတြက္အသက္ေတာင္ေပးၿပီး ခ်စ္နိုင္တာ ဒီအခ်က္ေတြနဲ႕လူကိုငါခ်စ္မိတာ အျပစ္ဆိုစရာအေၾကာင္းမရွိဘူး ''

" အာ အဲ့လိုလား ''

"မင္းလဲမင္းရဲ႕အိမ္ေထာင္ေရးကို ခ်မ္းသာတဲ့သူေတြကိုပဲ လိုက္ေ႐ြးခ်ယ္မေနဘဲ ႏွလုံးသားရဲ႕ခံစားမႈအတိုင္းသာ ေ႐ြးလိုက္ပါ အဲ့ဒါဆိုမင္းလဲေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးရမွာအေသခ်ာပဲ ငါတို႔ေက်ာင္းတုန္းက ခင္မင္ဖူးခဲ့တဲ့ သံေယာဇဥ္ကိုေထာက္ၿပီးငါအေကာင္းဆုံး အႀကံေပးလိုက္တာပါ ''

" ေအးပါ အႀကံဉာဏ္အတြက္ေက်းဇူး ဘာပဲျဖစ္ျဖစ္ congratulationsပါနင့္ရဲ႕အခ်စ္ကိုရွာေတြ႕သြားတဲ့ အတြက္ေပါ့ ''

ထိုမိန္းကေလးလဲ ရိေပၚကိုႏႈတ္ဆက္ၿပီးထြက္သြားသည္။

ေဘးကတစ္ခ်ိန္လုံးထိုင္ေနတဲ့ေရွာင္က်န႔္ကေတာ့ ရိေပၚကိုအံၾသမႈအတိုင္းသားနဲ႕ၾကည့္ေနသည္ ။

"က်န႔္ဘာျဖစ္လို႔လဲ ေနမေကာင္းလို႔လား''

"ဟင့္အင္း တကယ္လား ''

"ဘာကိုလဲက်န႔္ရဲ႕ ''

"ခုနကစကားေတြက တကယ္လားလို႔ ''

"ဒါေပါ့ က်န႔္ရဲ႕ ''

"အဟင့္ ရိေပၚ ''

ရိေပၚရဲ႕ရင္ခြင္ထဲကိုေရွာင္က်န့္ေခါင္းထိုးကာငိုေနျပန္သည္ ဒီကိုယ္ဝန္သည္ေလးကေတာ့ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အရမ္း emotionalျဖစ္လို႔လားမသိ အေသးအဖြဲ႕ေလးကအစဝမ္းနည္းေနတက္သည္ ။

" ရိေပၚညေနက်ရင္ေဆး႐ုံသြားျပရမွာေနာ္ ''

"ဟုတ္ကဲ့ က်ေတာ္ အလုပ္ျမန္ျမန္ၿပီးေအာင္ လုပ္လိုက္ပါ့မယ္ခဗ်ာ''

သူမ်ားေတြအေရွ႕မွာ ႐ုပ္တည္ႀကီးနဲ႕ဝန္ထမ္းေတြ ဖိတ့္ဖိတ့္တုန္ေအာင္ေၾကာက္ရတဲ့ သူေဌးကေတာ့ ေရွာင္က်န႔္အေရွ႕မွာဆိုရင္ေတာ့ေၾကာင္တေကာင္အလားပဲ ခြၽဲႏြဲ႕ေနတာကုမၸဏီတစ္ခုလုံးအုပ္ခ်ဳပ္တဲ့ သူေဌးဝမ္မွဟုတ္ရဲ႕လားေမးယူရမယ္ ။

ေဆး႐ုံမွာကေလးရဲ႕ႏွလုံးခုန္သံနားေထာင္ရမွာမို႔ ရိေပၚေရာ ေရွာင္က်န႔္ေရာစိတ္လႈပ္ရွားေနၾကသည္ ။

" အာ ဒီတစ္ေခါက္ေတာ့အမ်ိဳးသားပါ ပါလာၿပီေပါ့ ''

"ဟုတ္တယ္ ''

"ကဲ ဒါဆိုကြၽန္ေတာ္တို႔ baby ေလးကို ၾကည့္လိုက္ၾကမလား''

ေရွာင္က်န႔္ရဲ႕ဗိုက္ေပၚ ultrasoundရိုက္တဲ့ ဟာေလးနဲ႕ပြတ္လိုက္ေတာ့ မဲမဲအရိပ္ေလးေတြေပၚလာၿပီး သႏၶေသားပုံေလးေပၚလာသည္ ။

" ဒီဘက္ေထာင့္ေလးမွာရွိေနတာက ကေလးေပါ့ေနာ္
အခုကေလးကက်န္းက်န္းမာမာနဲဲ့ႀကီးထြားလာၿပီမို႔ စိုးရိမ္စရာေတာ့မရွိပါဘူး ေရွာင္က်န႔္ကေတာ့ အရင္အပတ္တုန္းကသိၿပီးျဖစ္ေပမယ့္ ကေလးအေဖကမသိေသးဘူးမလား ၿပီးရင္ကေလးရဲ႕ႏွလုံးခုန္သံေလးနားေထာင္ၾကည့္ ၾကတာေပါ့ ''

Monitor ေပၚမွာအသံလွိုင္းေလးျဖတ္ေျပးသြားတာနဲ႕ အတူ ' ဒုတ္..ဒုတ္..ဒုတ္...' အသံေလးက အခန္းထဲမွာပ်ံႏွံလ်က္ေပါ့ ရိေပၚကေတာ့ monitor ကိုၾကည့္ၿပီး အသံတိတ္မ်က္ရည္က်လိဳ႕ ေအာ္မိဘေမတၱာဆိုတာဒါမ်ိဳးကိုး သူရွိလာတုန္းကေရာ သူ႕မိဘေတြဒီလိုမ်ိိုးေပ်ာ္ခဲ့ၾကမွာပဲလား ေတြးမိသည္ ။

ေနာက္ထပ္ေန႕ရက္ေတြအတြက္ တစ္လျခားတစ္ခါရက္ခ်ိန္းျပရဖို႔ညွိယူၿပီး ႏွစ္ေယာက္သားမ်က္ႏွာေပၚမွာအၿပဳံးမ်ားဆင္ျမန္းလို႔ ေပ်ာ္႐ႊင္စြာထြက္လာခဲ့ၾကသည္ ။

"အာ ရိေပၚေရာက္လာလက္စနဲ႕ မားဆီဝင္ရေအာင္ေလ ''

" အင္းဝင္ၾကတာေပါ့ ''

ေရွာင္က်န႔္တို႔ႏွစ္ေယာက္မေရာက္တာၿပီျဖစ္တဲ့ မားဆီဝင္လာခဲ့ၾကသည္ မားကေတာ့ေအာက္ဆီဂ်င္ပိုက္ တန္းလန္းနဲ႕အခုထိသတိမရနိုင္ေသးဘူး အေကာင္းဘက္ကေတြးရင္ေတာ့လဲ အရင္ကျပသနာအ႐ူပ္ေတြကိုမားမခံစားရေတာ့ဘူးေပါ့ မဟုတ္ရင္အလကားသက္သက္မဲ့ မားကစိတ္ပူေနရဦးမည္ ။

"မားကြၽန္ေတာ္တို႔လာတယ္ မားမထင္ထားဘူးမလား မားတစ္သက္လုံးေစာင့္ေရွာက္ခဲ့တဲ့သားက မားရဲ႕သမက္ျဖစ္လိမ့္မယ္လို႔ အခုဆိုေလ မားရဲ႕ကအဖြားေတာင္ျဖစ္ေတာ့မယ္သိလား ရိေပၚမားကိုလဲတစ္ခုခုေျပာလိုက္ဦးေလ ''

" မားေက်းဇူးတင္ပါတယ္ အခုလိုလိမၼာလွတဲ့ မားရဲ႕သမက္ေလးကိုေမြးထားေပးခဲ့တဲ့အတြက္ မားသတိရရင္အရာအားလုံးအံၾသစရာေတြပဲျဖစ္ေနမယ္ ထင္တယ္ ဒါေပမယ့္လဲကြၽန္ေတာ္...ကြၽန္ေတာ္လဲ မားဆိုတာေလး တစ္ခါေလာက္ေခၚဖူးခ်င္လို႔ သတိရေပးပါ မား...''

ရိေပၚကေျပာရင္းမ်က္ရည္ေတြက်လာတာမို႔ ေရွာင္က်န႔္ကရိေပၚပခုံးကိုဖက္လိုက္ကာ ခပ္ဖြဖြပုတ္ေပးသည္ ။

___________<<<<<<<________

ရိေပၚေရခ်ိိုးၿပီးထြက္လာေတာ့ေရွာင္က်န႔္က အခန္းထဲမွာမရွိတာေၾကာင့္ေအာက္ထပ္ကို ဆင္းလာေတာ့ ၿခံထဲမွာမတ္တပ္ရပ္ေနတဲ့ ေရွာင္က်န့္ကိုေတြ႕လိုက္ရသည္ ။

ရိေပၚလဲကုတ္အက်ီတထည္ယူၿပီး ေရွာင္က်န႔္ကို
အေနာက္ကေနၿခဳံေပးလိုက္သည္ ။

"ရိေပၚၾကည့္ ႏွင္းေတြက်ေနတယ္ ဒါပထမဆုံးက်တဲ့ႏွင္းမလား ''

"အင္းဒီႏွစ္ႏွင္းေတြေစာေစာက်တယ္ေအးတယ္ ႏြေးႏြေးေထြးေထြးေလးဝတ္ ''

" လွလိုက္တာႏွင္းေတြက ''

" ဘာလို႔ႏွင္းေတြေစာေစာက်လဲသိလား ''

ရိေပၚရဲ႕အေမးကို ေရွာင္က်န႔္ကသိခ်င္စိတ္နဲ႕ လွည့္ၾကည့္ေတာ့ ရိေပၚကမ်က္လုံးခ်င္းစုံကာ ၾကည့္လိုက္ၿပီး ေရွာင္က်န႔္ရဲ႕လက္ကိုသူ႕ရဲ႕ ရင္ဘတ္ေပၚတင္လိုက္သည္ ။

" ေဟာ့ဒီကကိုယ့္ႏွလုံးသားထဲက ဘယ္သူမွအရည္မေဖ်ာ္နိုင္တဲ့ ႏွင္းေတာင္ႀကီးကက်န႔္ေၾကာင့္ အရည္ေတြေပ်ာ္က်သြားၿပီး အခုလိုႏွင္းေတြအျဖစ္ က်လာတာေလ ''

ရိေပၚရဲ႕စကားေၾကာင့္ ေရွာင္က်န႔္ကရယ္ေမာလိုက္သည္။

" အေကာင္းမွတ္လို႔နားေထာင္ေနတာ သူကလာအာ႐ႊီးေနတယ္ ''

" အာ႐ႊီးတာမဟုတ္ဘူး အမွန္ေျပာတာ ''
ရိေပၚကေရွာင္က်န႔္နဲ႕နဖူးခ်င္းထိကပ္လိုက္ၿပီး အေအးဒဏ္ေၾကာင့္နီရဲေနတဲ့ႏႈတ္ခမ္းေလးကို ဖိကိုက္လိုက္သည္ ။

" အ့ ဘာလို႔ကိုက္တာလဲ ေခြးလား ''

" အင္းဟုတ္တယ္ေခြး က်န႔္တစ္ေယာက္တည္းရဲ႕ အထူးသီးသန႔္ေခြး လာအျပင္မွာေအးတယ္သခင္ရဲ႕ ကြၽန္ေတာ္တို႔အထဲဝင္ရေအာင္ အထဲကသခင္ေလးပါ ေအးေနမယ္ ''

ရိေပၚရဲ႕ခပ္ေနာက္ေနာက္အေျပာေတြေၾကာင့္ စိတ္ညစ္သမွ်က ဘယ္ေရာက္ကုန္မွန္းမသိဘူး ။

တစ္ေန႕တစ္ေန႕ဒယ္ဒီဝမ္ရဲ႕ဂ႐ုစိုက္မႈေတြၾကားမွာ ေရွာင္က်န႔္တစ္ေယာက္ေျခေမႊးမီးမေလာင္
လက္ေမႊးမီးမေလာင္ဘဲေနရသည္ သူ႕အတြက္ပင္ပန္းမွာစိုးလို႔ အိမ္အလုပ္လုပ္တဲ့သူလဲ ေခၚထားေပးၿပီး ကုမၸဏီကိုလဲေပးမသြားေတာ့ေပ ဒီေတာ့ေရွာင္က်န႔္တစ္ေယာက္အိမ္မွာပဲ ေသာင္တင္ေနၿပီး ပ်င္းရင္ေခြးေလးနဲ႕ေဆာ့လိုက္ Tvၾကည့္လိုက္နဲ႕ အခ်ိန္ကာလ6 လေတာင္ေက်ာ္လာၿပီ ။

ဗိုက္ကလဲအေတာ္လဲထြက္လာၿပီမို႔ ေရွာင္က်န႔္တစ္ေယာက္ ထိုင္ရခက္ထရခက္နဲ႕ ဒါေၾကာင့္မို႔လို႔လဲ ရိေပၚကသူ႕ကိုဘယ္မွ ေပးမသြားခိုင္းတာေပါ့ သူတို႔ႏွစ္ေယာက္ေမြးထားတဲ့ golden retriever ေလးေတာင္ အေတာ္ႀကီးလာၿပီ ။

" Teddy ေရလာပါဦး ''

7လသားေလး Teddy ကမနက္ပိုင္းသတင္းစာယူတာ ေရွာင္က်န႔္တို႔ လမ္းေလွ်ာက္ထြက္ရင္ သူကပဲဦးေဆာင္ေခၚသြားတာမ်ိိုးအေဖာ္ရေနၿပီ ။

ဒီေန႕ကပိတ္ရက္မို႔ရိေပၚကအခန္းထဲျပင္ဆင္ေရးေတြ လုပ္ေနတာေၾကာင့္ ေရွာင္က်န႔္မွာၿခံထဲTeddy နဲ႕ အခ်ိန္ျဖဳန္းေနရတာ ကေလးကလဲသက္ဦးမို႔လို႔လားမသိ ဒယ္ဒီဝမ္ကေတာ့ အ႐ူးလိုပဲမျမင္ရေသးတဲ့ ကေလးအတြက္အက်ီေတြဝယ္လာလိုက္ စာေရးစားပြဲေတြဝယ္လိုက္ကုတင္ေတြဝယ္လိုက္နဲ႕ အလုပ္႐ူပ္ေနသည္ ။

အခုလဲကေလးအခန္းအတြက္ျပင္ဆင္ေနျပန္ၿပီ သက္ဦးအ႐ူးဆိုတဲ့စကားအတိုင္း ဒယ္ဒီဝမ္ကေတာ့ ကေလးနဲ႕ပတ္သတ္ၿပီး အ႐ူးမူးကိုျဖစ္လို႔ ။

အခုလဲေခြၽးသံတ႐ြဲ႐ြဲနဲ႕ အိမ္ထဲကထြက္လာျပန္ၿပီ ။

" ရိေပၚရယ္ ကေလးကေမြးဖို႔လိုပါေသးတယ္ ကေလးပစၥည္းေတြကေနာက္မွ ျဖည္းျဖည္းခ်င္းဝယ္ထည့္လဲရပါတယ္ ''

"အခုထဲကျပင္ထားမွေတာ္ခါက်မွာေပါ့က်န႔္ရဲ႕ လာကိုယ္ျပင္ထားတာေလးလာၾကည့္လိုက္ပါဦး ''

ရိေပၚကေရွာင္က်န႔္ရဲ႕လက္ကိုဆြဲကာ ျပင္ဆင္ထားတဲ့အခန္းထဲကိုလိုက္ျပသည္ တစ္ခန္းလုံးကိုကာတြန္း႐ုပ္အျပည့္နဲ႕ ကေလးပုခက္ေရာ ကစားစရာေတြေရာစုံေနတာပဲ ။

" ႀကိဳက္လား ''

"အင္းမဆိုးပါဘူး ''

"က်န႔္ကိုမဟုတ္ဘူး ကေလးကိုေမးတာ ''
ရိေပၚကေရွာင္က်န႔္ရဲ႕အေတာ္ပူေနတဲ့ဗိုက္ေလးကိုပြတ္ၿပီး ေမးေတာ့ေရွာင္က်န႔္ရဲ႕မ်က္ေစာင္းကေရာက္လာသည္ ။

" ကေလးကအခုခ်ိန္ျမင္ရမလား ေပါက္ကရေတြေမးျပန္ၿပီ ''
ေရွာင္က်န႔္ကရိေပၚကိုထုေတာ့ ရိေပၚကတၿပဳံးၿပဳံးနဲ႕ ေရွာင္က်န႔္ရိုက္တာကိုမေရွာင္ဘဲခံသည္ ။

ဧည့္ခန္းထဲမွာဗိုက္ေလးပြတ္ကာTv ၾကည့္ေနတဲ့အနား ရိေပၚကေရာက္လာျပန္သည္ ေရွာင္က်န႔္ေျခေထာက္ကို သူ႕ေပါင္ေပၚတင္လိုက္သည္ ။

" ဘာလုပ္ျပန္ၿပီလဲ ရိေပၚရယ္''

"ေျခသည္းညွပ္ရမယ္ေလ ေျခသည္းမညွပ္တာၾကာၿပီ မလား ဒီမွာၾကည့္ေျခသည္းေတြ ေတာင္ေတာ္ေတာ္ရွည္ေနၿပီ ''

ရ်ိပေါ်ကရှောင်ကျန့်ခြေထောက်ကို ေပါင္ေပၚတင္ၿပီ ေျခေခ်ာင္းတစ္ေခ်ာင္းခ်င္းစီကို က်က်နနညွပ္ေပးသည္ ဒါကေရွာင္က်န႔္ကိုယ္ဝန္ရွိကတည္းကရိေပၚလုပ္ေပးေနၾက အရာထဲကတစ္ခု ။

အိမ္ေနရင္းအက်ီပြပြနဲ႕ေရွာင္က်န႔္က တကယ္ကို ခ်စ္စဖြယ္အတိ ရိေပၚေျခသည္းေတြသြားလႊတ္ပစ္တုန္း ေရွာင္က်န႔္ဖုန္းသုံးေနရင္းျပဳတ္က်သြားတာမို႔ ဘယ္လိုမွကုန္းေကာက္လို႔မရ ဒီလိုအခ်ိန္မ်ိဳးဆို...

" ရိေပၚေရ ရိေပၚ ေယာက်္ားေရလာပါဦး''

"လာၿပီ က်န႔္ဘာလို႔လဲ ''

" ဟီး ဖုန္းေလးေအာက္က်သြားလို႔ေကာက္ေပးပါဦး ''

တစ္ေန႕တစ္ေန႕ေပါင္ခ်ိန္စက္ေပၚတက္ၿပီးဒီဝင္တက္ေသး။

" အဟင့္ ရိေပၚ ဝမ္ရိေပၚစုတ္ ''

"က်န႔္ဘာလို႔ငိုေနတာလား နာလို႔လား ''

"ဟင့္အင္း ဝိတ္တက္လာလို႔ အရင္က 58kgေလ အခု60kg ျဖစ္သြားၿပီ အဲ့ဒါမင္းေၾကာင့္ ''

"ဟမ္ ကိုယ္ကဘာလုပ္လို႔...''

"မင္းလုပ္လို႔ေလ မင္းေၾကာင့္ ''

"ဟမ္ အင္းပါ အင္းပါကိုယ့္ေၾကာင့္မငိုနဲ႕ေတာ့ေနာ္ ''

လရင့္လာတာနဲ႕အမွ်က်န႔္ရဲ႕စိတ္ကတအား ထိလြယ္ရွလြယ္ျဖစ္လာၿပီး ထစ္ခနဲရွိစိတ္တိုသည္ အေကာင္းတိုင္းေနေနရင္း ထထငိုတာမ်ိိုးေတြလဲ ျဖစ္တက္ေသးသည္ ဒါကေတာ့ ကြၽန္ေတာ္သည္းခံရမယ့္အရာေပါ့ ။

သူက,ကေလးေတာင္လြယ္ေပးထားရတာ ကြၽန္ေတာ္ကဒါေလးေလာက္ကိုသည္းခံေပးၿပီး လိုသမွ်လိုက္လုပ္ေပးရတာေပါ့ ။

"ကဲပါက်န႔္ရယ္ ဝိတ္တက္လာလဲ ကိုယ္ကခ်စ္တယ္ ဟုတ္ၿပီလား အရင္ကထက္ျပည့္ျပည့္ေဖာင္းေဖာင္းေလး ျဖစ္လာတဲ့ပါးေလးေတြရယ္ လက္ေဖာင္းေဖာင္းေလးရယ္ကနမ္းမဝဘူး ။

'' လာ ေရခ်ိဳးမယ္ ကိုယ္ေရခ်ိဳးေပးမယ္ ေနာက္ကဂ်ီးလဲတြန္းရမယ္ ''

ရိေပၚကေရပူေရႏြေးစပ္ၿပီး ေရွာင္က်န႔္ကို bathtubထဲဝင္ခိုင္းၿပီး သူက bathtub ထိပ္မွာထိုင္ကာ အေနာက္ကေနဂ်ီးေတြတြန္းေပး ေခါင္းေလွ်ာ္ေပးသည္ ။

" ရိေပၚ ''

"အင္း က်န႔္ေျပာေလ ''

"သိပ္မၾကာခင္ကေလးေလးေရာက္လာေတာ့မယ္ေနာ္ ''

"ဒါေပါ့ ဘေဘ်ီလေးရောက်လာရင်ကိုယ်တို့ဘဝအတွက် ၿပီးျပည့္စုံသြားၿပီ ''

"တကယ္လို႔ေလ က်န႔္က,ကေလးမရနိုင္ခဲ့ရင္ ရိေပၚအခုလိုေပ်ာ္႐ႊင္ပါ့မလားဟင္ ''

"က်န႔္ရယ္မဟုတ္တာေတြေတြးမေနပါနဲ႕ ကိုယ္ကက်န႔္မွာကေလးမရလဲ ကိုယ္ကက်န႔္ကို ခ်စ္ေနဦးမွာပဲ ကိုယ့္ရဲ႕ျဖစ္တည္မႈကေရွာင္က်န႔္ဆိုတဲ့ သူတစ္ေယာက္တည္းအတြက္ႏွလုံးခုန္တာျဖစ္လို႔ က်န္တာေတြကအေရမႀကီးပါဘူး ကေလးဆိုတာက ကိုယ္အရမ္းလိုခ်င္ေနတဲ့ ပစၥည္းေလးကိုone plus oneရလို႔ ေပ်ာ္တယ္ပဲသေဘာထားတယ္ ''

"ဟမ္ ဒါဆိုရိေပၚက က်န႔္နဲ႕ကေလးကိုone plus one ဆိုၿပီးအေခ်ာင္ရတယ္ေျပာခ်င္တာလား ''

" အာ႐ူပ္ကုန္ၿပီ အဲ့လိုမဟုတ္ဘူးေလ သေဘာေျပာျပတာ က်န႔္ကဒီေလာက္အေရးႀကီးတာအေခ်ာင္ရတာ ျဖစ္စရာလားက်န႔္ရဲ႕ ကိုယ့္ရဲ႕ဥပမာေပးမွားသြားတာပါ ''

ေရွာင္က်န႔္ရဲ႕အခုလိုရစ္တာေလးေတြခြၽဲႏြဲ႕တာေလးေတြကို
သေဘာက်သည္ သာမန္အခ်ိန္မွာမေတြ႕ရတဲ့ ေရွာင္က်န႔္ရဲ႕ကေလးဆန္တဲ့အျပဳမႈေလးေတြကို အခုခ်ိန္မွာပဲေတြ႕နိုင္လို႔ေလ အဲ့ဒါေၾကာင့္က်န႔္အၿမဲတမ္း ဗိုက္ႀကီးေနရင္ေကာင္းမယ္လို႔ေတြးမိေပမယ့္ ထုတ္ေတာ့မေျပာရဲဘူး သူ႕ကိုပဲအၿမဲဗိုက္ႀကီး ခိုင္းရေကာင္းလားဆိုၿပီး ေခါက္ေနမွျဖင့္ ေျပာမယ့္သာေျပာတာ ကြၽန္ေတာ့္ရဲ႕ ေယာက်္ားကလက္သံေျပာင္တယ္ ။

ညအိပ္ရင္လဲရွိသမွ်ေခါင္းအုံးေတြသူပဲ အပိုင္သိမ္းထားတက္ေသး အရင္လိုရိေပၚရဲ႕ရင္ခြင္ထဲ ဗိုက္ခံေနလို႔ဝင္ေနလို႔မရ ။

" က်န႔္အိပ္ေတာ့မယ္ေလကြာ ညနက္ေနၿပီ ''

"အင္းခဏ ရိေပၚအိပ္ခ်င္အိပ္လိုက္ က်န႔္ ကေလးအေၾကာင္းေတြဖတ္လိုက္ဦးမယ္ ''

ရိေပၚကေရွာင္က်န႔္ေျခေထာက္ဆင္းထားတာကို ႏွိပ္နယ္ေပးေနသည္ ။
" ေညာင္းေနလားက်န႔္ ''

"အင္း ဘာမွမလုပ္ဘဲထိုင္ေနရင္ေတာင္ဗိုက္ခံေနလို႔ ေျခထာက္ေတြဆိုေညာင္းကိုက္ေနတာပဲ ''

"အမ်ားပင္ပန္းသြားၿပီ ကိုယ့္ရဲ႕က်န႔္ ''

" ဟင့္အင္းေပ်ာ္တယ္ ရိေပၚက အခုလိုဂ႐ုစိုက္ေပးတာရယ္ ကေလးေလးရွိေနတယ္ဆိုတဲ့ အေတြးနဲ႕တင္ပင္ပန္းတာေတြေတာင္ ဘယ္ေရာက္သြားမွန္းမသိဘူး ''

ရိေပၚကေရွာင္က်န္ရဲ႕ေပါင္ေပၚကိုေမးေထာက္ကာ ဗိုက္ေလးကိုပြတ္သပ္ေနျပန္္သည္ ။

"က်န႔္ က်န႔္ ဒီမွာၾကည့္လႈပ္ေနတာလားလို႔ ''

ေရွာင္က်န႔္လဲစာအုပ္ကိုေဘးခ်ၿပီး ရိေပၚျပတဲ့ေနရာကို ၾကည့္လိုက္သည္ ။

"ၾကည့္ ၾကည့္ လႈပ္ေနတယ္ေတြ႕လား ''

အထဲကကေလးလႈပ္ရွားမႈေၾကာင့္ ရိေပၚ ေရွာင္က်န႔္ဗိုက္ကေလးကို အသည္းတယားယားလိုက္ၾကည့္သည္ ဗိုက္ကိုတြန္းၿပီးေပၚလာတဲ့ေျခရာေလးေတြၾကည့္ၿပီး ႏွစ္ေယာက္သားအသည္းတယားယား ။

" ကေလးမင္းသိပ္ကန္မေနနဲ႕ဦး မင္းရဲ႕ပါးပါးနာသြားရင္ ဘယ္လိုလုပ္မလဲ မင္းပါးပါးကိုနာေအာင္လုပ္လို႔ကေတာ့ ဒယ္ဒီက,ကေလးလဲမသိဘူးေနာ္ဆူမွာ ''

" ကေလးကိုေပါက္ကရေတြေျပာျပန္ၿပီ ''
ေရွာင္က်န႔္ရဲ႕လက္ဝါးစာက ရိေပၚေက်ာေပၚ ေရာက္လာျပန္သည္ ဒီလိုနဲ႕မိသားစုဝင္အသစ္ေလးကို ကြိုဆိုဖ်ို့ အေဖႏွစ္ေယာက္ကေတာ့ အဆင္သင့္ျဖစ္ေနၿပီ ထင္ပါရဲ႕ ။

edaz
4:26 a.m.

ဒီေန႕အပိုင္းကေလ ဗိုက္ႀကီးတဲ့အေၾကာင္းေရးတာရေတာ့ ကိုယ္ကဘာမွမသိတဲ့သူမို႔googleေခါက္ၿပီး မွန္းသမ္းေရးရတာေပါ့ေနာ္ အဲ့ေတာ့ကိုယ္ဝန္ေဆာင္အေၾကာင္းနဲ႕ပတ္သတ္ၿပီး အမွားပါသြားေကာင္းပါသြားနိုင္ပါတယ္ ပါသြားခဲ့ရင္လဲ ျဖည့္ပီးဖတ္ေပးၾကပါလို႔ မေန႕ကအပိုင္းမွာအမတစ္ေယာက္ေျပာထားတာေလးေလ ကိုယ္ဝန္ေဆာင္နဲ႕ပတ္သတ္ပီးေျပာျပေပးတာေက်းဇူးပါ ေနာက္ဆိုအမွားပါတာေတြ႕ရင္လဲ ေဝဖန္သုံးသပ္ေပးၾကပါဦးလို႔ ....

______________<<<<<<<____________

Hate is Love

Unicode

မနက်ခင်းရုံးသွားခါနီး ရိပေါ်အတွက်အကျီကို ရှောင်ကျန့်ကထုတ်ပေးကာ သေချာပြင်ဆင်ပေးသည် ။

" ဒီနေ့တော့ရုံးလာဖြစ်မယ်မထင်တော့ဘူး ကျဲတို့ကို သွားကြိုရမှာဆိုတော့ ကျန့်အတိတ်မေ့နေတုန်းက ကျဲတို့ကအကူညီပေးထားတာဆိုတော့ သူတို့ဒီလာတုန်းသေချာဧည့်ဝတ်ခံရမယ် ''

" အင်းပါ ဂရုလဲစိုက်ဦးအကြောင်းတစ်ခုခုရှိရင် ကိုယ့်ဆီဖုန်းဆက်လိုက်နော်''

" သိပါပြီ ယောကျ်ားရဲ့ ''
ရှောင်ကျန့်ရဲ့ယောကျ်ားလို့ခေါ်တဲ့စကားတစ်ခွန်းမှာ ရိပေါ်အကြိမ်ကြိမ်သေပါသည် ။

ရိပေါ်ကုမ္ပဏီကိုသွားပေမယ့် ရှောင်ကျန့်ကို စိတ်မချတာကြောင့် ယွီပင်းကိုပါရှောင်ကျန့်တို့ သွားကြိုတဲ့လေဆိပ်ကိုလွှတ်လိုက်သည် ။

ရှောင်ကျန့်နဲ့ Jeanaတို့ဟောင်ကောင်က လာမယ့်သူတွေကိုစောင့်နေရတာကြာပြီ ခုထိမလာသေးတာကြောင့် ရပ်စောင့်နေရတုန်း ။

" အကိုလေး ''
ခေါ်သံကြားလို့အနောက်ကိုလှည့်ကြည့်လိုက်တော့ ယွီပင်းကိုတွေ့လိုက်တာကြောင့် ရှောင်ကျန့်အံအားသင့် သွားရသည် ။

" ယွီပင်း ဘယ်လိုရောက်လာတာလဲ ''

"ဆရာလွှတ်လိုက်တာ တစ်ခုခုဖြစ်မှာစိုးလို့တဲ့ ကားကိုကျတော်မောင်းပေးပါ့မယ် ''

"အော် အင်းပါ ''
ခဏနေတော့ ရွှယ်လုကျဲတို့ရောက်လာတာမို့ ရှောင်ကျန့်လဲ ရွှယ်လုကျဲတို့ဆီပြေးသွားကာ နှုတ်ဆက်လိုက်သည် ။

" ငါ့မောင်လေးကိုလွမ်းနေရတာ အဆင်ပြေရဲ့လား ''

"ဟုတ်ကဲ့ပြေပါတယ် ကျဲရောဟိုမှာအဆင်ပြေလား ''

"ဟိုမှာကဘာမှလုပ်စရာသိပ်မရှိဘူးလေ ငါ့မောင်လဲမရှိတော့ပျင်းနေရတာပေါ့ ''

"ကျဲပျင်းနေရင်နောက်ဆို ကလေးထိန်းပေါ့ ''

"ကလေး ဘယ်က,ကလေးလဲ''

"ကော ဗိုက်ထဲကကလေးလေ ''

"ဟေ တကယ်လားရှောင်လေး ''

"အဟဲ ဟုတ်တယ် ကျဲ''

"ဘယ်နှလတဲ့လဲ ကလေးအဖေကရော ခင်ပွန်းဟောင်းပဲလား''

"ကျဲရယ်အေးဆေးမေးလဲ ရပါတယ် အခုတော့ကျဲတို့ကိုစောင့်နေရတာဗိုက်ဆာပြီ ''

'' ဟုတ်ပါပြီငါ့မောင်လေးဗိုက်ဆာတယ်ဆိုတော့လဲ အရင်သွားစားကြတာပေါ့ ''
ရွှယ်လုကရှောင်ကျန့်ရဲ့ခေါင်းကိုဖွဖွလေးပုတ်လိုက်တော့ ရှောင်ကျန့်ကမျက်နှာချိုသွေးကာပြန်ပြုံးပြလိုက်သည်
ရွှယ်လုတို့အရှေ့ကနေသွားတော့ Jeanaက ရှောင်ကျန့်ရဲ့လက်ကိုဆွဲပြီး တိုးတိုးလေးကပ်ပြောသည် ။

"ကောဒီနေ့ချန်အကြောင်းဖြောင်းဖျပေးပါနော် သကောကသဘောမတူရင်ဘယ်လိုလုပ်မလဲ နော်...နော်လို့ ''

"အင်းပါ ပြောပေးပါမယ် ''

နေ့လည်စာကို Jeanaကဟိုတယ်တစ်ခုမှာ ဘိုကင်တင်ထားတာမို့ ကြိုတင်ယူထားတဲ့အခန်းထဲမှာ အားလုံးကစုလို့ ။

" Jeanaရယ်lunchလောက်ပဲကို ဘာလို့skyview လဲညဘက်ဆိုတော်သေး ''

"အာ ဒီlunchကို Jeana ဝယ်ကျွေးမှာပါနော် ''

"ကြားသားမိုးကြိုးဘာတွေဖားမလို့လဲ ''
ယွီချန်ကဝင်ပြောတော့ Jeanaက မျက်ခုံးခပ်လှုပ်လှုပ်ဖြစ်သွားသည် ။

" ဘာလဲ Jeanaလဲကုမ္ပဏီမှာအလုပ်လုပ်ရင်း လစာရနေပါပြီနော် အဲ့လစာလေးနဲ့ဝယ်ကျွေးချင်တာကို စေတနာကိုစော်ကားကြတာလား ''

" အမယ် ဟုတ်လို့လား ငါကတော့နားရှိလို့ သာယုံရတယ်''
ယွီချန်ရဲ့စကားကိုရှောင်ကျန်နဲ့ရွှယ်လုက ရယ်ကျဲကျဲနဲ့ထောက်ခံကြသည် ။

" အာ တောင်းပန်ပါတယ် ကျွန်တော်အလုပ်လေး မပြီးသေးလို့ကြာသွားတယ် ''

"ရပါတယ် ကျွန်တော်ကဆောင်ယွီချန်ပါ ''

"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်ကဝမ်ရိပေါ်ပါ ''
ရိပေါ်လဲမိတ်ဆက်ပြီးတာနဲ့ ရှောင်ကျန့်ဘေးမှာ ဝင်ထိုင်လိုက်သည် ။

"Congratulationsပါနော် အဖေဖြစ်တော့မယ့်အတွက် ''

" ဟုတ်ကဲ့ ကျေးဇူးပါဗျာပြီးတော့ ကျွန်တော့်ကျန့်ကိုသုံးနှစ်လုံး စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးပါ''

" သူဌေးဝမ်ကျေးဇူးကြောင့်ကျွန်တော်တို့ ဟောင်ကောင်ကရုံးတော်တော်အဆင်ပြေတယ် ''
ရိပေါ်နဲ့ယွီချန်တို့အလုပ်အကြောင်းပြောနေတော့ Jeanaက ရှောင်ကျန့်ကိုသူ့အကြောင်းပြောပေးဖို့ တောင်းပန်တဲ့အကြည့်တွေနဲ့ ကြည့်ကာအသံတိတ် အကူညီတောင်းတော့သည် ။

" ကျန့် အစားသောက်တွေအဆင်ပြေရဲ့လား အန်ချင်တာတွေဘာတွေရှိလား ''

"အင်း လောလောဆယ်တော့ဘာမှမဖြစ်သေးဘူး အဆင်ပြေပါတယ် ''

"သူဌေးဝမ်ကရှောင်လေးကိုအတော်ချစ်ပုံပဲနော် ''

" အာ ဟုတ်တယ် ကျွန်တော်သူမရှိတော့ဘူးဆိုပြီး သိသိချင်းတုန်းက အတော်တုန်လှုပ်ခဲ့ရတာ အခုလိုမျိုးပြန်တွေ့တော့အိမ်မက်လို့လားတောင် ထင်မိတယ် ''
ရိပေါ်ကရှောင်ကျန့်ရဲ့လက်ကိုကိုင်ပြီးပြောတော့ ရှောင်ကျန့်မှာရှက်လွန်းလို့ခေါင်းကိုငုံထားရသည် ။

"ကော Jeanaပြောစရာရှိတယ် ''

"ပေကျင်းမှာနေပြီး ဘာပြသနာတွေရှာထားပြန်ပြီလဲ ''

"ဟာကောကလဲ Jeanaကိုအမြဲပြသနာရှာတဲ့သူပဲ ထင်နေတာပဲလား ''

"မဟုတ်လို့လားဟိုမှာဆိုတစ်နေ့တစ်မျိုးမရိုးရအောင် ပြသနာရှာနေပြီးဘာပြောမလို့လဲ မိသားစုစားပွဲမှာ ပေါက်ကရတော့မလုပ်နဲ့နော် ''

"ကောကလဲ Jeanaကိုပြောဖို့ကြီးပဲ Jeanaမှာ ရည်းစားရနေပြီ ''
ယွီချန်က အဖက်မလုပ် ။

"ချစ်သူရှိနေပြီလို့ ''
Jeana ပြောတာကိုအရေးကိုမလုပ်ဘဲ အစားပဲဆက်စားနေသည် ။

"Jeana သူနဲ့လက်ထပ်မို့ ''

"ဖွီး ''
ယွီချန်သောက်နေတဲ့ဝိုင်ပါသီးသွားပြီး သူ့ရှေ့ကJeanaရဲ့ မျက်နှာကိုဝိုင်တွေစင်ကုန်သည် ။

"ရရဲ့လား Jeanaပေကုန်ပြီ ရှင်ကလဲဘယ်လိုတွေသောက်နေတာလဲ''

" ကောJeanaတို့ကိုခွင့်ပြုပေးပါလို့ ''

" Jeana မင်းအသက်ဘယ်လောက်ရှိလို့
လက်ထပ်ဖို့ပြောနေတာလဲ ပါးပါးကိုပါသွေးတက်အောင် လုပ်မလို့လား ''

"ကောရယ်ချန်ကသာမန်မဟုတ်ပါဘူး ရဲမှူးပါ ငယ်ငယ်လေးနဲ့ ရဲမှူးဖြစ်တာနော် ''

" ဒါပဲလား ​အသိုင်းဝိုင်းကရော''

" မိဘမဲ့ ''

"ဘာ! ''

"အာ ကောယွီချန် ကျွန်တော်တစ်ခုလောက် ဝင်ပြောပါရစေ ချန်ကတကယ့်လူကောင်းလေးပါ မိဘမဲ့ပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့သူ့ဘာသူရဲမှူးဖြစ်အောင် ကြိုးစားခဲ့ရှာတာ ကျွန်တော်ကတော့ Jeanaလေးနဲ့ လိုက်ဖက်မယ်ထင်တာပဲ ''

ရှောင်ကျန့်ကဝင်ပြောလိုက်တော့မှယွီချန်က အနည်းငယ်စဉ်းစားသယောင်ဖြစ်သွားသည် ရိပေါ်ကတော့ သူတို့ရဲ့စကားဝိုင်းထဲကိုဝင်ပါခြင်း မရှိခဲ့ဘူး ဘာလို့လဲဆိုတော့မိသားစုထမင်းစားပွဲမှာ သူဌေးဝမ်ကြီးကသူ့ရဲ့အသည်းအသက်လေးအတွက် ပုစွန်တွေအခွံခွာပေးရင်း အလုပ်ရူပ်နေတာမို့လို့ပါ ။

နေ့လည်စာ,စားပြီးသွားတော့ ရှောင်ကျန့်ကရိပေါ်နဲ့အတူရုံးကိုလိုက်လာခဲ့သည်
ရိပေါ်ရုံးခန်းထဲကိုဝင်မလို့လုပ်တော့ ယွီပင်းကရောက်လာသည် ။

"ဆရာအထဲမှာမစ္စတာလီရဲ့သမီးရောက်နေတယ် ဆရာနဲ့စကားပြောချင်လို့တဲ့ ''

"အင်း ''

"ရိပေါ် အဲ့ဒါကျန့်ရဲ့အခန်းထဲသွားလိုက်တော့မယ် ''

"ဟင့်အင်း ကျန့်ပါလိုက်ခဲ့လေ ''
ရိပေါ်ကရှောင်ကျန့်လက်ကိုဆွဲကာ အခန်းထဲဝင်သွားသည် ။

" ရိပေါ် အာ သူကဘယ်သူလဲ ''
ထိုမိန်းကလေးကရိပေါ်ကိုမြင်တော့ပြေးလာပြီး ရှောင်ကျန့်ကိုမြင်တော့အလိုမကျသွားတဲ့ပုံပဲ ။

" အင်း မတွေ့တာကြာပြီ ဒါငါ့ယောကျ်ားလေ ''

"ယောကျ်ား အာ sex partner လား''

" မဟုတ်ဘူး ငါ့အိမ်ထောင်ဘက်ပဲ ''
ရိပေါ်ရဲ့စကားကိုကြားပြီး ထိုမိန်းကလေးမျက်မှောင်ကြုံသွားသည် ပြီးတဲ့နောက် ခပ်ဟဟရယ်လိုက်သည် ။

" အာ အဲ့ဒါကြောင့်လား ကျောင်းတုန်းက မိန်းကလေးတွေစိတ်မဝင်စားခဲ့တာ နင်ကgayဖြစ် နေလို့လား အဟက် ''

" ဟင့်အင်း အဲ့တုန်းကတော့ ငါgayဖြစ်ချင်မှ ဖြစ်လိမ့်မယ် အခုချိန်မှာလဲgay မဟုတ်ဘူး ငါ့ယောကျ်ားတယောက်တည်းကိုပဲချစ်တာ အေးသူ့ကိုချစ်လို့ gayလို့သတ်မှတ်မယ်ဆိုရင် ဟုတ်တယ်ငါကgay ''

"ဝါး ဝါး cool guyကြီးကgayတဲ့လား မယုံနိုင်စရာကြီး ဒါနဲ့ယောကျ်ားချင်းကြိုက်တာ
ဘာများကောင်းတာမို့လို့လဲ ''

" ကောင်းတဲ့အချက်တွေကိုပဲရွေးကြည့်ပြီး အိမ်ထောင်ပြုရမှာလား ဒါဆိုအိမ်ထောင်ရေးကြီးက အဿပြာအိမ်ထောင်ရေးကြီးဖြစ်သွားမှာပေါ့ ဈေးကြီးပေးရတဲ့ပြည့်တန်ဆာကိုဝယ်ထားသလိုမျိုး အိမ်ထောင်ရေးကြီးကိုငါတော့မလိုချင်ဘူး ''

"ဘာ ''

" ဟုတ်တယ်လေ လူတစ်ယောက်ရဲ့ကောင်းတဲ့ အချက်တွေပဲကြည့်ပြီး မချစ်ဘဲယူရင် အသပြာအိမ်ထောင်ရေးကြီးနဲ့ဘာများခြားနာသွားမှာလဲ ငါကငါ့အိမ်ထောင်ဖက်အပေါ်ဘာကိုကြည့်ပြီးယူလဲဆိုရင် အချစ်ကြောင့်ပဲ ထားပါမင်းပြောတဲ့ ပညက်ချက်တွေနဲ့ ယှဉ်ရင်တောင် သူ့နဲ့ပြိုင်ရလောက်တဲ့သူတစ်ယောက်မှ ရှိမှာမဟုတ်ဘူး

ပထမအချက်မင်းပြောတဲ့ငွေကြေးချမ်းသာမှုနဲ့တိုင်းရင် သူကရှောင်ကုမ္ပဏီတစ်ခုလုံးရဲ့ပိုင်ရှင်
ဒုတိယအချက်ချောလှပါတယ်ဆိုတဲ့ မိန်းမတွေထက်တောင်သာလွန်နေသေးတယ်
တတိယအချက် သူကငါ့အတွက်အသက်တောင်ပေးပြီး ချစ်နိုင်တာ ဒီအချက်တွေနဲ့လူကိုငါချစ်မိတာ အပြစ်ဆိုစရာအကြောင်းမရှိဘူး ''

" အာ အဲ့လိုလား ''

"မင်းလဲမင်းရဲ့အိမ်ထောင်ရေးကို ချမ်းသာတဲ့သူတွေကိုပဲ လိုက်ရွေးချယ်မနေဘဲ နှလုံးသားရဲ့ခံစားမှုအတိုင်းသာ ရွေးလိုက်ပါ အဲ့ဒါဆိုမင်းလဲပျော်ရွှင်တဲ့ အိမ်ထောင်ရေးရမှာအသေချာပဲ ငါတို့ကျောင်းတုန်းက ခင်မင်ဖူးခဲ့တဲ့ သံယောဇဉ်ကိုထောက်ပြီးငါအကောင်းဆုံး အကြံပေးလိုက်တာပါ ''

" အေးပါ အကြံဉာဏ်အတွက်ကျေးဇူး ဘာပဲဖြစ်ဖြစ် congratulationsပါနင့်ရဲ့အချစ်ကိုရှာတွေ့သွားတဲ့ အတွက်ပေါ့ ''

ထိုမိန်းကလေးလဲ ရိပေါ်ကိုနှုတ်ဆက်ပြီးထွက်သွားသည်။

ဘေးကတစ်ချိန်လုံးထိုင်နေတဲ့ရှောင်ကျန့်ကတော့ ရိပေါ်ကိုအံသြမှုအတိုင်းသားနဲ့ကြည့်နေသည် ။

"ကျန့်ဘာဖြစ်လို့လဲ နေမကောင်းလို့လား''

"ဟင့်အင်း တကယ်လား ''

"ဘာကိုလဲကျန့်ရဲ့ ''

"ခုနကစကားတွေက တကယ်လားလို့ ''

"ဒါပေါ့ ကျန့်ရဲ့ ''

"အဟင့် ရိပေါ် ''

ရိပေါ်ရဲ့ရင်ခွင်ထဲကိုရှောင်ကျန့်ခေါင်းထိုးကာငိုနေပြန်သည် ဒီကိုယ်ဝန်သည်လေးကတော့ကိုယ်ဝန်ဆောင်ချိန်မှာ အရမ်း emotionalဖြစ်လို့လားမသိ အသေးအဖွဲ့လေးကအစဝမ်းနည်းနေတက်သည် ။

" ရိပေါ်ညနေကျရင်ဆေးရုံသွားပြရမှာနော် ''

"ဟုတ်ကဲ့ ကျတော် အလုပ်မြန်မြန်ပြီးအောင် လုပ်လိုက်ပါ့မယ်ခဗျာ''

သူများတွေအရှေ့မှာ ရုပ်တည်ကြီးနဲ့ဝန်ထမ်းတွေ ဖိတ့်ဖိတ့်တုန်အောင်ကြောက်ရတဲ့ သူဌေးကတော့ ရှောင်ကျန့်အရှေ့မှာဆိုရင်တော့ကြောင်တကောင်အလားပဲ ချွဲနွဲ့နေတာကုမ္ပဏီတစ်ခုလုံးအုပ်ချုပ်တဲ့ သူဌေးဝမ်မှဟုတ်ရဲ့လားမေးယူရမယ် ။

ဆေးရုံမှာကလေးရဲ့နှလုံးခုန်သံနားထောင်ရမှာမို့ ရိပေါ်ရော ရှောင်ကျန့်ရောစိတ်လှုပ်ရှားနေကြသည် ။

" အာ ဒီတစ်ခေါက်တော့အမျိုးသားပါ ပါလာပြီပေါ့ ''

"ဟုတ်တယ် ''

"ကဲ ဒါဆိုကျွန်တော်တို့ baby လေးကို ကြည့်လိုက်ကြမလား''

ရှောင်ကျန့်ရဲ့ဗိုက်ပေါ် ultrasoundရိုက်တဲ့ ဟာလေးနဲ့ပွတ်လိုက်တော့ မဲမဲအရိပ်လေးတွေပေါ်လာပြီး သန္ဓေသားပုံလေးပေါ်လာသည် ။

" ဒီဘက်ထောင့်လေးမှာရှိနေတာက ကလေးပေါ့နော်
အခုကလေးကကျန်းကျန်းမာမာနဲဲ့ကြီးထွားလာပြီမို့ စိုးရိမ်စရာတော့မရှိပါဘူး ရှောင်ကျန့်ကတော့ အရင်အပတ်တုန်းကသိပြီးဖြစ်ပေမယ့် ကလေးအဖေကမသိသေးဘူးမလား ပြီးရင်ကလေးရဲ့နှလုံးခုန်သံလေးနားထောင်ကြည့် ကြတာပေါ့ ''

Monitor ပေါ်မှာအသံလှိုင်းလေးဖြတ်ပြေးသွားတာနဲ့ အတူ ' ဒုတ်..ဒုတ်..ဒုတ်...' အသံလေးက အခန်းထဲမှာပျံနှံလျက်ပေါ့ ရိပေါ်ကတော့ monitor ကိုကြည့်ပြီး အသံတိတ်မျက်ရည်ကျလို့ အော်မိဘမေတ္တာဆိုတာဒါမျိုးကိုး သူရှိလာတုန်းကရော သူ့မိဘတွေဒီလိုမျိိုးပျော်ခဲ့ကြမှာပဲလား တွေးမိသည် ။

နောက်ထပ်နေ့ရက်တွေအတွက် တစ်လခြားတစ်ခါရက်ချိန်းပြရဖို့ညှိယူပြီး နှစ်ယောက်သားမျက်နှာပေါ်မှာအပြုံးများဆင်မြန်းလို့ ပျော်ရွှင်စွာထွက်လာခဲ့ကြသည် ။

"အာ ရိပေါ်ရောက်လာလက်စနဲ့ မားဆီဝင်ရအောင်လေ ''

" အင်းဝင်ကြတာပေါ့ ''

ရှောင်ကျန့်တို့နှစ်ယောက်မရောက်တာပြီဖြစ်တဲ့ မားဆီဝင်လာခဲ့ကြသည် မားကတော့အောက်ဆီဂျင်ပိုက် တန်းလန်းနဲ့အခုထိသတိမရနိုင်သေးဘူး အကောင်းဘက်ကတွေးရင်တော့လဲ အရင်ကပြသနာအရူပ်တွေကိုမားမခံစားရတော့ဘူးပေါ့ မဟုတ်ရင်အလကားသက်သက်မဲ့ မားကစိတ်ပူနေရဦးမည် ။

"မားကျွန်တော်တို့လာတယ် မားမထင်ထားဘူးမလား မားတစ်သက်လုံးစောင့်ရှောက်ခဲ့တဲ့သားက မားရဲ့သမက်ဖြစ်လိမ့်မယ်လို့ အခုဆိုလေ မားရဲ့ကအဖွားတောင်ဖြစ်တော့မယ်သိလား ရိပေါ်မားကိုလဲတစ်ခုခုပြောလိုက်ဦးလေ ''

" မားကျေးဇူးတင်ပါတယ် အခုလိုလိမ္မာလှတဲ့ မားရဲ့သမက်လေးကိုမွေးထားပေးခဲ့တဲ့အတွက် မားသတိရရင်အရာအားလုံးအံသြစရာတွေပဲဖြစ်နေမယ် ထင်တယ် ဒါပေမယ့်လဲကျွန်တော်...ကျွန်တော်လဲ မားဆိုတာလေး တစ်ခါလောက်ခေါ်ဖူးချင်လို့ သတိရပေးပါ မား...''

ရိပေါ်ကပြောရင်းမျက်ရည်တွေကျလာတာမို့ ရှောင်ကျန့်ကရိပေါ်ပခုံးကိုဖက်လိုက်ကာ ခပ်ဖွဖွပုတ်ပေးသည် ။

___________<<<<<<<________

ရိပေါ်ရေချိိုးပြီးထွက်လာတော့ရှောင်ကျန့်က အခန်းထဲမှာမရှိတာကြောင့်အောက်ထပ်ကို ဆင်းလာတော့ ခြံထဲမှာမတ်တပ်ရပ်နေတဲ့ ရှောင်ကျန့်ကိုတွေ့လိုက်ရသည် ။

ရိပေါ်လဲကုတ်အကျီတထည်ယူပြီး ရှောင်ကျန့်ကို
အနောက်ကနေခြုံပေးလိုက်သည် ။

"ရိပေါ်ကြည့် နှင်းတွေကျနေတယ် ဒါပထမဆုံးကျတဲ့နှင်းမလား ''

"အင်းဒီနှစ်နှင်းတွေစောစောကျတယ်အေးတယ် နွေးနွေးထွေးထွေးလေးဝတ် ''

" လှလိုက်တာနှင်းတွေက ''

" ဘာလို့နှင်းတွေစောစောကျလဲသိလား ''

ရိပေါ်ရဲ့အမေးကို ရှောင်ကျန့်ကသိချင်စိတ်နဲ့ လှည့်ကြည့်တော့ ရိပေါ်ကမျက်လုံးချင်းစုံကာ ကြည့်လိုက်ပြီး ရှောင်ကျန့်ရဲ့လက်ကိုသူ့ရဲ့ ရင်ဘတ်ပေါ်တင်လိုက်သည် ။

" ဟော့ဒီကကိုယ့်နှလုံးသားထဲက ဘယ်သူမှအရည်မဖျော်နိုင်တဲ့ နှင်းတောင်ကြီးကကျန့်ကြောင့် အရည်တွေပျော်ကျသွားပြီး အခုလိုနှင်းတွေအဖြစ် ကျလာတာလေ ''

ရိပေါ်ရဲ့စကားကြောင့် ရှောင်ကျန့်ကရယ်မောလိုက်သည်။

" အကောင်းမှတ်လို့နားထောင်နေတာ သူကလာအာရွှီးနေတယ် ''

" အာရွှီးတာမဟုတ်ဘူး အမှန်ပြောတာ ''
ရိပေါ်ကရှောင်ကျန့်နဲ့နဖူးချင်းထိကပ်လိုက်ပြီး အအေးဒဏ်ကြောင့်နီရဲနေတဲ့နှုတ်ခမ်းလေးကို ဖိကိုက်လိုက်သည် ။

" အ့ ဘာလို့ကိုက်တာလဲ ခွေးလား ''

" အင်းဟုတ်တယ်ခွေး ကျန့်တစ်ယောက်တည်းရဲ့ အထူးသီးသန့်ခွေး လာအပြင်မှာအေးတယ်သခင်ရဲ့ ကျွန်တော်တို့အထဲဝင်ရအောင် အထဲကသခင်လေးပါ အေးနေမယ် ''

ရိပေါ်ရဲ့ခပ်နောက်နောက်အပြောတွေကြောင့် စိတ်ညစ်သမျှက ဘယ်ရောက်ကုန်မှန်းမသိဘူး ။

တစ်နေ့တစ်နေ့ဒယ်ဒီဝမ်ရဲ့ဂရုစိုက်မှုတွေကြားမှာ ရှောင်ကျန့်တစ်ယောက်ခြေမွှေးမီးမလောင်
လက်မွှေးမီးမလောင်ဘဲနေရသည် သူ့အတွက်ပင်ပန်းမှာစိုးလို့ အိမ်အလုပ်လုပ်တဲ့သူလဲ ခေါ်ထားပေးပြီး ကုမ္ပဏီကိုလဲပေးမသွားတော့ပေ ဒီတော့ရှောင်ကျန့်တစ်ယောက်အိမ်မှာပဲ သောင်တင်နေပြီး ပျင်းရင်ခွေးလေးနဲ့ဆော့လိုက် Tvကြည့်လိုက်နဲ့ အချိန်ကာလ6 လတောင်ကျော်လာပြီ ။

ဗိုက်ကလဲအတော်လဲထွက်လာပြီမို့ ရှောင်ကျန့်တစ်ယောက် ထိုင်ရခက်ထရခက်နဲ့ ဒါကြောင့်မို့လို့လဲ ရိပေါ်ကသူ့ကိုဘယ်မှ ပေးမသွားခိုင်းတာပေါ့ သူတို့နှစ်ယောက်မွေးထားတဲ့ golden retriever လေးတောင် အတော်ကြီးလာပြီ ။

" Teddy ရေလာပါဦး ''

7လသားလေး Teddy ကမနက်ပိုင်းသတင်းစာယူတာ ရှောင်ကျန့်တို့ လမ်းလျှောက်ထွက်ရင် သူကပဲဦးဆောင်ခေါ်သွားတာမျိိုးအဖော်ရနေပြီ ။

ဒီနေ့ကပိတ်ရက်မို့ရိပေါ်ကအခန်းထဲပြင်ဆင်ရေးတွေ လုပ်နေတာကြောင့် ရှောင်ကျန့်မှာခြံထဲTeddy နဲ့ အချိန်ဖြုန်းနေရတာ ကလေးကလဲသက်ဦးမို့လို့လားမသိ ဒယ်ဒီဝမ်ကတော့ အရူးလိုပဲမမြင်ရသေးတဲ့ ကလေးအတွက်အကျီတွေဝယ်လာလိုက် စာရေးစားပွဲတွေဝယ်လိုက်ကုတင်တွေဝယ်လိုက်နဲ့ အလုပ်ရူပ်နေသည် ။

အခုလဲကလေးအခန်းအတွက်ပြင်ဆင်နေပြန်ပြီ သက်ဦးအရူးဆိုတဲ့စကားအတိုင်း ဒယ်ဒီဝမ်ကတော့ ကလေးနဲ့ပတ်သတ်ပြီး အရူးမူးကိုဖြစ်လို့ ။

အခုလဲချွေးသံတရွဲရွဲနဲ့ အိမ်ထဲကထွက်လာပြန်ပြီ ။

" ရိပေါ်ရယ် ကလေးကမွေးဖို့လိုပါသေးတယ် ကလေးပစ္စည်းတွေကနောက်မှ ဖြည်းဖြည်းချင်းဝယ်ထည့်လဲရပါတယ် ''

"အခုထဲကပြင်ထားမှတော်ခါကျမှာပေါ့ကျန့်ရဲ့ လာကိုယ်ပြင်ထားတာလေးလာကြည့်လိုက်ပါဦး ''

ရိပေါ်ကရှောင်ကျန့်ရဲ့လက်ကိုဆွဲကာ ပြင်ဆင်ထားတဲ့အခန်းထဲကိုလိုက်ပြသည် တစ်ခန်းလုံးကိုကာတွန်းရုပ်အပြည့်နဲ့ ကလေးပုခက်ရော ကစားစရာတွေရောစုံနေတာပဲ ။

" ကြိုက်လား ''

"အင်းမဆိုးပါဘူး ''

"ကျန့်ကိုမဟုတ်ဘူး ကလေးကိုမေးတာ ''
ရိပေါ်ကရှောင်ကျန့်ရဲ့အတော်ပူနေတဲ့ဗိုက်လေးကိုပွတ်ပြီး မေးတော့ရှောင်ကျန့်ရဲ့မျက်စောင်းကရောက်လာသည် ။

" ကလေးကအခုချိန်မြင်ရမလား ပေါက်ကရတွေမေးပြန်ပြီ ''
ရှောင်ကျန့်ကရိပေါ်ကိုထုတော့ ရိပေါ်ကတပြုံးပြုံးနဲ့ ရှောင်ကျန့်ရိုက်တာကိုမရှောင်ဘဲခံသည် ။

ဧည့်ခန်းထဲမှာဗိုက်လေးပွတ်ကာTv ကြည့်နေတဲ့အနား ရိပေါ်ကရောက်လာပြန်သည် ရှောင်ကျန့်ခြေထောက်ကို သူ့ပေါင်ပေါ်တင်လိုက်သည် ။

" ဘာလုပ်ပြန်ပြီလဲ ရိပေါ်ရယ်''

"ခြေသည်းညှပ်ရမယ်လေ ခြေသည်းမညှပ်တာကြာပြီ မလား ဒီမှာကြည့်ခြေသည်းတွေ တောင်တော်တော်ရှည်နေပြီ ''

ရ်ိပေါ်ကရှောင်ကျန့်ခြေထောက်ကို ပေါင်ပေါ်တင်ပြီ ခြေချောင်းတစ်ချောင်းချင်းစီကို ကျကျနနညှပ်ပေးသည် ဒါကရှောင်ကျန့်ကိုယ်ဝန်ရှိကတည်းကရိပေါ်လုပ်ပေးနေကြ အရာထဲကတစ်ခု ။

အိမ်နေရင်းအကျီပွပွနဲ့ရှောင်ကျန့်က တကယ်ကို ချစ်စဖွယ်အတိ ရိပေါ်ခြေသည်းတွေသွားလွှတ်ပစ်တုန်း ရှောင်ကျန့်ဖုန်းသုံးနေရင်းပြုတ်ကျသွားတာမို့ ဘယ်လိုမှကုန်းကောက်လို့မရ ဒီလိုအချိန်မျိုးဆို...

" ရိပေါ်ရေ ရိပေါ် ယောကျ်ားရေလာပါဦး''

"လာပြီ ကျန့်ဘာလို့လဲ ''

" ဟီး ဖုန်းလေးအောက်ကျသွားလို့ကောက်ပေးပါဦး ''

တစ်နေ့တစ်နေ့ပေါင်ချိန်စက်ပေါ်တက်ပြီးဒီဝင်တက်သေး။

" အဟင့် ရိပေါ် ဝမ်ရိပေါ်စုတ် ''

"ကျန့်ဘာလို့ငိုနေတာလား နာလို့လား ''

"ဟင့်အင်း ဝိတ်တက်လာလို့ အရင်က 58kgလေ အခု60kg ဖြစ်သွားပြီ အဲ့ဒါမင်းကြောင့် ''

"ဟမ် ကိုယ်ကဘာလုပ်လို့...''

"မင်းလုပ်လို့လေ မင်းကြောင့် ''

"ဟမ် အင်းပါ အင်းပါကိုယ့်ကြောင့်မငိုနဲ့တော့နော် ''

လရင့်လာတာနဲ့အမျှကျန့်ရဲ့စိတ်ကတအား ထိလွယ်ရှလွယ်ဖြစ်လာပြီး ထစ်ခနဲရှိစိတ်တိုသည် အကောင်းတိုင်းနေနေရင်း ထထငိုတာမျိိုးတွေလဲ ဖြစ်တက်သေးသည် ဒါကတော့ ကျွန်တော်သည်းခံရမယ့်အရာပေါ့ ။

သူက,ကလေးတောင်လွယ်ပေးထားရတာ ကျွန်တော်ကဒါလေးလောက်ကိုသည်းခံပေးပြီး လိုသမျှလိုက်လုပ်ပေးရတာပေါ့ ။

"ကဲပါကျန့်ရယ် ဝိတ်တက်လာလဲ ကိုယ်ကချစ်တယ် ဟုတ်ပြီလား အရင်ကထက်ပြည့်ပြည့်ဖောင်းဖောင်းလေး ဖြစ်လာတဲ့ပါးလေးတွေရယ် လက်ဖောင်းဖောင်းလေးရယ်ကနမ်းမဝဘူး ။

'' လာ ရေချိုးမယ် ကိုယ်ရေချိုးပေးမယ် နောက်ကဂျီးလဲတွန်းရမယ် ''

ရိပေါ်ကရေပူရေနွေးစပ်ပြီး ရှောင်ကျန့်ကို bathtubထဲဝင်ခိုင်းပြီး သူက bathtub ထိပ်မှာထိုင်ကာ အနောက်ကနေဂျီးတွေတွန်းပေး ခေါင်းလျှော်ပေးသည် ။

" ရိပေါ် ''

"အင်း ကျန့်ပြောလေ ''

"သိပ်မကြာခင်ကလေးလေးရောက်လာတော့မယ်နော် ''

"ဒါပေါ့ ဘေဘ်ီလေးရောက်လာရင်ကိုယ်တို့ဘဝအတွက် ပြီးပြည့်စုံသွားပြီ ''

"တကယ်လို့လေ ကျန့်က,ကလေးမရနိုင်ခဲ့ရင် ရိပေါ်အခုလိုပျော်ရွှင်ပါ့မလားဟင် ''

"ကျန့်ရယ်မဟုတ်တာတွေတွေးမနေပါနဲ့ ကိုယ်ကကျန့်မှာကလေးမရလဲ ကိုယ်ကကျန့်ကို ချစ်နေဦးမှာပဲ ကိုယ့်ရဲ့ဖြစ်တည်မှုကရှောင်ကျန့်ဆိုတဲ့ သူတစ်ယောက်တည်းအတွက်နှလုံးခုန်တာဖြစ်လို့ ကျန်တာတွေကအရေမကြီးပါဘူး ကလေးဆိုတာက ကိုယ်အရမ်းလိုချင်နေတဲ့ ပစ္စည်းလေးကိုone plus oneရလို့ ပျော်တယ်ပဲသဘောထားတယ် ''

"ဟမ် ဒါဆိုရိပေါ်က ကျန့်နဲ့ကလေးကိုone plus one ဆိုပြီးအချောင်ရတယ်ပြောချင်တာလား ''

" အာရူပ်ကုန်ပြီ အဲ့လိုမဟုတ်ဘူးလေ သဘောပြောပြတာ ကျန့်ကဒီလောက်အရေးကြီးတာအချောင်ရတာ ဖြစ်စရာလားကျန့်ရဲ့ ကိုယ့်ရဲ့ဥပမာပေးမှားသွားတာပါ ''

ရှောင်ကျန့်ရဲ့အခုလိုရစ်တာလေးတွေချွဲနွဲ့တာလေးတွေကို
သဘောကျသည် သာမန်အချိန်မှာမတွေ့ရတဲ့ ရှောင်ကျန့်ရဲ့ကလေးဆန်တဲ့အပြုမှုလေးတွေကို အခုချိန်မှာပဲတွေ့နိုင်လို့လေ အဲ့ဒါကြောင့်ကျန့်အမြဲတမ်း ဗိုက်ကြီးနေရင်ကောင်းမယ်လို့တွေးမိပေမယ့် ထုတ်တော့မပြောရဲဘူး သူ့ကိုပဲအမြဲဗိုက်ကြီး ခိုင်းရကောင်းလားဆိုပြီး ခေါက်နေမှဖြင့် ပြောမယ့်သာပြောတာ ကျွန်တော့်ရဲ့ ယောကျ်ားကလက်သံပြောင်တယ် ။

ညအိပ်ရင်လဲရှိသမျှခေါင်းအုံးတွေသူပဲ အပိုင်သိမ်းထားတက်သေး အရင်လိုရိပေါ်ရဲ့ရင်ခွင်ထဲ ဗိုက်ခံနေလို့ဝင်နေလို့မရ ။

" ကျန့်အိပ်တော့မယ်လေကွာ ညနက်နေပြီ ''

"အင်းခဏ ရိပေါ်အိပ်ချင်အိပ်လိုက် ကျန့် ကလေးအကြောင်းတွေဖတ်လိုက်ဦးမယ် ''

ရိပေါ်ကရှောင်ကျန့်ခြေထောက်ဆင်းထားတာကို နှိပ်နယ်ပေးနေသည် ။
" ညောင်းနေလားကျန့် ''

"အင်း ဘာမှမလုပ်ဘဲထိုင်နေရင်တောင်ဗိုက်ခံနေလို့ ခြေထာက်တွေဆိုညောင်းကိုက်နေတာပဲ ''

"အများပင်ပန်းသွားပြီ ကိုယ့်ရဲ့ကျန့် ''

" ဟင့်အင်းပျော်တယ် ရိပေါ်က အခုလိုဂရုစိုက်ပေးတာရယ် ကလေးလေးရှိနေတယ်ဆိုတဲ့ အတွေးနဲ့တင်ပင်ပန်းတာတွေတောင် ဘယ်ရောက်သွားမှန်းမသိဘူး ''

ရိပေါ်ကရှောင်ကျန်ရဲ့ပေါင်ပေါ်ကိုမေးထောက်ကာ ဗိုက်လေးကိုပွတ်သပ်နေပြန််သည် ။

"ကျန့် ကျန့် ဒီမှာကြည့်လှုပ်နေတာလားလို့ ''

ရှောင်ကျန့်လဲစာအုပ်ကိုဘေးချပြီး ရိပေါ်ပြတဲ့နေရာကို ကြည့်လိုက်သည် ။

"ကြည့် ကြည့် လှုပ်နေတယ်တွေ့လား ''

အထဲကကလေးလှုပ်ရှားမှုကြောင့် ရိပေါ် ရှောင်ကျန့်ဗိုက်ကလေးကို အသည်းတယားယားလိုက်ကြည့်သည် ဗိုက်ကိုတွန်းပြီးပေါ်လာတဲ့ခြေရာလေးတွေကြည့်ပြီး နှစ်ယောက်သားအသည်းတယားယား ။

" ကလေးမင်းသိပ်ကန်မနေနဲ့ဦး မင်းရဲ့ပါးပါးနာသွားရင် ဘယ်လိုလုပ်မလဲ မင်းပါးပါးကိုနာအောင်လုပ်လို့ကတော့ ဒယ်ဒီက,ကလေးလဲမသိဘူးနော်ဆူမှာ ''

" ကလေးကိုပေါက်ကရတွေပြောပြန်ပြီ ''
ရှောင်ကျန့်ရဲ့လက်ဝါးစာက ရိပေါ်ကျောပေါ် ရောက်လာပြန်သည် ဒီလိုနဲ့မိသားစုဝင်အသစ်လေးကို ကြိုဆိုဖ်ို့ အဖေနှစ်ယောက်ကတော့ အဆင်သင့်ဖြစ်နေပြီ ထင်ပါရဲ့ ။

edaz
4:26 a.m.

ဒီနေ့အပိုင်းကလေ ဗိုက်ကြီးတဲ့အကြောင်းရေးတာရတော့ ကိုယ်ကဘာမှမသိတဲ့သူမို့googleခေါက်ပြီး မှန်းသမ်းရေးရတာပေါ့နော် အဲ့တော့ကိုယ်ဝန်ဆောင်အကြောင်းနဲ့ပတ်သတ်ပြီး အမှားပါသွားကောင်းပါသွားနိုင်ပါတယ် ပါသွားခဲ့ရင်လဲ ဖြည့်ပီးဖတ်ပေးကြပါလို့ မနေ့ကအပိုင်းမှာအမတစ်ယောက်ပြောထားတာလေးလေ ကိုယ်ဝန်ဆောင်နဲ့ပတ်သတ်ပီးပြောပြပေးတာကျေးဇူးပါ နောက်ဆိုအမှားပါတာတွေ့ရင်လဲ ဝေဖန်သုံးသပ်ပေးကြပါဦးလို့ ....

______________<<<<<<<____________

Continue Reading

You'll Also Like

255K 22K 28
Alpha and Omega Wolf🐺 Xiao Zhan and Wang Yibo
249K 26.6K 156
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
1.1M 120K 59
Things can't be normal anymore when I tempted my BFF's Dad who is 19 years older than me? Can he resist me or will I fail my temptation mission? Wel...