Black Memory(U+Z)(Completed )

naykyihtun

1.1M 75.2K 2.9K

ဘုန္းထြဋ္ေခါင္လ်ွံ ႏိႈင္းသုတလ်ွံ ေဆာင္းရာသီေတြကုန္ဆံုးျပီးသြားရင္ ေႏြရာသီကိုေရာက္လာ မွာပဲ။ ငိုခ်င္ေနရင္ငိုခ်လ... Еще

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
Part-23
part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part- 51
Part-52
Part -53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day
18.11 Day..end
For Extra
Interviews Part-1
Interview Part-2
အသိပေးခြင်း /အသိေပးျခင္း
Order Time
Author Heart
Hello
Extra 🛑

Interview part-3(end)

7.6K 466 58
naykyihtun

Unicode

"ကိုကိုနဲ့ကိုနှိုင်းက မေးခွန်းတွေများလို့... ပြီးတော့ တစ်ယောက်ချင်းစီမေးမှအဆင်ပြေမယ့်မေးခွန်းတွေပါလို့ သပ်သပ်စီခေါ်လိုက်တာပါ...အခု ကိုကြီးရဲဇော် တို့ကိုတော့ မေးခွန်းလည်းသိပ်မများတာနဲ့... အတွဲလိုက်ပဲ
အတူတူခေါ်လိုက်ပါ့မယ်...ကဲ ကိုကြီးရဲဇော်နဲ့
ကိုကိုခန့်ပိုင်တို့ရေ အားလုံးကတွေ့ချင်နေပြီ
ဝင်လာခဲ့ပေးကြပါ"

ရဲဇော်နဲ့ခန့်ပိုင်သည် စိုင်လျန်ခေါ်သည်နှင့် အထဲဝင်လာကာ စိုင်လျန်ဘေးကထိုင်ခုံတွင် ဝင်ထိုင်လိုက်ကြပါ၏။

"ပရိတ်သတ်တွေကိုနှုတ်ဆတ်လိုက်ပါဦး"

"မင်္ဂလာပါ ခင်ဗျ ကျွန်တော့်နာမည် ကျော်ခန့်ပိုင်ပါ"

"မင်္ဂလာပါ ကျွန်တော်ကတော့ နောင်ရဲဇော်ပါခင်ဗျ"

"ရဲဇော်ပဲလေ...နောင်ကကျွန်တော်တစ်ယောက်ထဲကိုပဲပြောတာဆို..."

Live စတင်ဖို့ရန်အစီအစဉ်ဆွဲနေတုန်းရှိသေး
ငဂျစ်လေးကရစ်လေပြီ။ ရဲဇော်သည် ဖျော့ဖျော့ တော့တော့ မျက်ခုံးလေးတွေကိုတွန့်ချိုးပြီး....ရစ်ပြန်ပြီဟူသော မျက်ဝန်မျိုးဖြင့်ကြည့်၍ မသိချင်ယောင်ဆောင်ကာ
Cameraရှေ့တည့်တည့်ကြည့်လိုက်ပါသည်။
အခုနေများ live က်ိုကြည့်နေသူတွေတော့ သူနဲ့ Eye contantရသကဲ့သို့ဖြစ်နေမှာသေချာလေသည်။

"ကျွန်တော် မေးခွန်းစမေးလို့ရပြီလား"

စိုင်လျန်သည်... မကျေမနပ် ဖြင့် နှုတ်ခမ်းတွေပွစိပွစိ ရွတ်နေသော ခန့်ပိုင်နှင့်စိတ်ပြန်ကောက်ချင်ယောင်ဆောက်နေသောရဲဇော်တို့ကို မျက်ခုံးလေးတွေပင့်ကာ ကြည့်နေရင်း ရွဲ့ကာမေးလေသည်။ဘယ်နှယ့် အစီအစဉ် မှာ အချစ်လာစမ်းနေကြတယ်လို့။

"မေး...မေးလို့ရပြီ"

ရဲဇော်က မျက်နှာလေးပြင်ကာဖြေသော်လည်း ခန့်ပိုင်ကမူ ဘယ်သူမှဂရုမစိုက်သလို ပေကပ်ကပ်လေး ထိုင်နေလေ၏၊ထိုအခါစိုင်လျန်သည် မိုးဇေအား မျက်ဝန်းဖြင့် စကားလှမ်းပြောကာ တစ်ခုခုလုပ်ခိုင်းလိုက်လေသည်။ မိုးဇေသည် စိုင်လျန်ဘာပြောသည်လဲ ချက်ချင်းနားမလည်
...မျက်လုံးလေးစွေပြတော့မှ.. သဘောပေါက်သွားကာ ခန့်ပိုင်အား လက်သီးထောင်ပြလိုက်လေသည်။

ခန့်ပိုင်သည် မိုးဇေလက်သီးမြင်မှ ကောင်းကောင်းထိုင်၍မျက်နှာလေးပြုံး၏။ ခန့်ပိုင်က ဘယ်သူ့ကိုမှမကြောက်
သော်ငြား မိမိမျက်စိရှေ့တွင် ကိုလေးသည်  လူသုံးလေး ယောက်လောက်ကို အချိန်မဆိုင်းပဲလျှပ်တစ်ပြတ်အတွင်း သတ်ပစ်လိုက်တာ မြင်ဖူးထားသဖြင့် လန့်လေသည်။
ထို့အပြင် သူနောက်ထပ်ကြောက်သည်က ခေါင်လေးဖြစ် သည်။အရင်က ဘယ်လောက်ပဲ ပြိုင်မယ်ဆိုင်မယ်တွေ အလျှော့မပေးဘူးတွေ လုပ်ခဲ့ပေမယ့်.. ခေါင်လေးသည်
လူသတ် ၊ ပစ္စည်းလု...နားပမ်းသမာပါလုပ်ခဲ့ဖူး သည်ကို ပြန်သိပြီး နောက်... နဲနဲရှိန်နေတာဖြစ်သည်။

မျက်လုံးလေး ကလယ်ကလယ်နှင့် ဖြူစင်သည့် ကလေးပုံဖမ်းသွားသော ခန့်ပိုင်ကိုကြည့်၍ သူတ်ို့သုံးယောက်လုံး မတိုင်ပင်ပါပဲပြုံးမိသွားကြသည်။ ခန့်ပိုင်၏ထူးခြားချက်တစ်ခုကိုပြောရပါမည်ဆိုလျှင်တော့
ရုပ်ပြောင်း ရုပ်လွဲမြန်ကာ...ဟန်ဆောင် ပန်ဆောင် လုပ်တတ်ခြင်းဖြစ်သည်။

"အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့ မေးခွန်းလေးတွေ..စမေးမယ်နော်...ပထမဦးဆုံး မေးချင်တာကတော့..ရဲဇော်ရဲ့အချစ်မျိုးကိုမှင်သက်မိတယ်တဲ့...ဘယ်လိုဖြစ်လို့... အဲ့လိုအချစ်မျိုးနဲ့ ချစ်နိုင်ရတာလဲ.. တဲ့။
..ကိုကိုခန့်ပိုင်ကိုအားနာပေမယ့်..ဒီမေးခွန်းကို ကျွန်တော် လည်းအရမ်းသိချင်လို့ မေးလိုက်တာ ...ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်မေးခွန်းတွေစစ်ရင်းနဲ့ တစ်ခုတွေ့
လိုက်တယ်...စိုင်လျန်ရဲ့စိတ်ရင်းကဘယ်လိုရှိလဲတဲ့။ ကိုနှိုင်းကို ကိုကို့မျက်နှာကြောင့် ကောင်းပေးနေ တာလားတဲ့..... ကျွန်တော်အဲ့ဒီမှာတစ်ချက်တွေသွား တယ်..ကိုကြီးရဲဇော်သာဆိုဘယ်လိုဖြေမှာလဲဟင်...ဒါကဖြေဖို့နဲနဲခက်တယ်မလား...ကျွန်တော်ကတော့
စိတ်ထဲမှာအဖြေရှိနေပေမယ့် ထုတ်မပြောတတ်ဘူး ဖြစ်နေတယ်"

ရဲဇော်သည် မဖြေခင် ခန့်ပိုင်အား မျက်လုံးလေးတစ်ချက် စွေကြည့်လိုက်ပြီး...အသက်ခပ်ပြင်းပြင်းတစ်ချက်ရှူသွင်း ထုတ်လိုက်ပါ၏။ ကဗျာတွေ ၊စာတွေစီပြီးဖြေရမယ့်အချိန်မှ မဟုတ်တာ...အနာအဆာတွေရှိတဲ့ သူ့ဘဝကိုထေးမပေးတဲ့ ဘေးကကောင်လေး စိတ်မဆင်းရဲဖို့က အရေးကြီးတာမဟုတ်လား။

"ဘာကြောင့် အဲ့လိုမျိုးချစ်နိုင်ရတာလဲဆိုရင်တော့...ခေါင် က...ချောတယ်လေ...သူ့လိုလူမျိူးကိုမှ မချစ်ဘူးလိုငြင်းရင်.. ကျွန်တော်ရူးနေလို့နေမှာပေါ့။ ဒါပေမယ့် အချစ်ရဲ့အသွားအပြန်တွေမှမတူတာ။ ဖူးစာပါတာမပါတာတွေလည်း ရှိသေးတယ်မလား။
ကျွန်တော်အထင်တော့ အရင်ဘဝက ခေါင့်အပေါ် ဝဋ်ကြွေးရှိခဲ့လို့ ပြန်ပေးဆပ်နေရတာပဲ ဖြစ်မှာပါ"

ဖြေချလိုက်သော စကားလုံးဟာ....တုံးတိပေမယ့် ဘယ်သူမှအနေရမခက်စေသောအခြေအနေကို ရောက်စေသည်။ ရဲဇော်သည် ဆက်လက်၍ မပြည့်စုံသေးသောမေးခွန်းကိုဖြေလေသည်။

"ကျွန်တော် ခေါင့်ကိုချစ်ခဲ့တယ်....ခေါင်က ကိုနှိုင်းကို ချစ်တယ်။ ခေါင် ကျွန်တော့်ကိုပြန်မချစ်တာ ကိုနှိုင်းကြောင့်လည်းမဟုတ်ဘူး။ ဘယ်သူ့ကြောင့်မှလည်း မဟုတ်ဘူး။သူ့စိတ်နဲ့သူ မချစ်ချင်လို့ကိုမချစ်တာ။ အဲ့လိုပဲ ကျွန်တော် ခေါင့်ကိုစွန့်လွှတ်ခဲ့တာလဲ..
ဘယ်သူ့တိုက်တွန်းချက်မှမပါပဲ ကိုယ့်သဘောနဲ့ကိုယ် လက်လွှတ်အဆုံးရှုံးခံလိုက်တာမို့... ကိုနှိုင်းကို ခေါင့်ကြောင့်ကောင်းပေးနေတာလားဆိုတဲ့မေးခွန်းမှာ... ကျွန်တော်ဖြေစရာတစ်ခုပဲရှိတယ်။ကိုနှိုင်းသာ...
ကောင်းတဲ့လူမဟုတ်ရင် ကျွန်တော်တို့လည်း
အနစ်နာတွေခံ...စိတ်ညစ်ညူးခံပြီး...ကောင်းပေးနေမှာ မဟုတ်ပါဘူး"

ထိုအခါ စိုင်လျန်သည် ထောက်ခံသော မျက်နှာလေးဖြင့်.....

"တစ်လက်စတည်း ကျွန်တော်လည်း မေးခွန်းတစ်ခုကိုဖြေပေးချင်တယ်....အဲ့ဒါက..."

စာရွက်လေးကို တစ်ချက်ပြန်ကြည့်လိုက်ပြီးနောက်...

"စိုင်လျန်ရဲ့ စိတ်ကရော ခေါင်လေးအပေါ်မှာ
ပြတ်သားသွားတာသေချာလား တဲ့....
ဒီမေးခွန်းကိုဖြေရမယ်ဆိုရင်တော့... ကျွန်တော် ကိုကို့ ကို အရမ်းချစ်တာလေ...ကိုကြီးရဲဇော်ပြောသလို ကိုကိုကအရမ်းချောတယ်ပြီးတော့ မိုက်လည်းမိုက်တယ်။ ကန့်သတ်ချက်တွေများတယ်။နားလည်ရခက်တယ်။ အဲ့လိုလူကို ကျွန်တော် အရမ်းပိုင်ဆိုင်ချင်တယ်....ဒါပေမယ့်ပေါ့ဗျာ... ကိုကိုမှမပျော်တာ....ကျွန်တော့်အနားမှာနေရရင် ပိုပိုပြီး အေးခဲလာတဲ့ကိုကို့မျက်နှာ။
ကြောက်စရာပိုပိုပြီး ကောင်းလာတဲ့ကိုကို့ပုံစံကို ကျွန်တော်ဘယ်လိုစိတ်နဲ့ထိုင်ကြည့်နေရမလဲ....။ အဲ့ချိန်မှာ ကျွန်တော် ကိုကြီးရဲဇော်ကို တွေ့ခဲ့တယ်...သူလည်း ကိုကို့ကိုချစ်တာပဲ....ဒါပေမယ့် သူက မပူလောင်ဘူး... ဘေးကနေကြည့်နေပေးတယ်...လိုအပ်တာအကုန်လုပ်ပေးတယ်... ကျွန်တော်တစ်ခါ
မေးခဲ့ဖူးတယ်...ဘာလို့အဲ့လိုနေနိုင်ရတာလဲပေါ့။ သူကဖြေတယ်...'အပင်မှာပွင့်နေတဲ့ ပန်းက သဘာဝအတိုင်း လှတယ်တဲ့။ ခူးလိုက်လို့ ကိုယ့်လက်ထဲ မှာ လှအောင်မထားနိုင်ပဲ ညိုးသွားရင် နှမြောစရာ ကောင်းလွန်း မနေဘူးလား ' ..တဲ့ ။... နောက်ပိုင်း ကျွန်တော်သဘောပေါက်လာတယ်... ကျွန်တော်ကိုကို့ကို မလိုချင်တော့ဘူး...ကိုကိုချစ်တဲ့ သူကိုရှာပေးချင်တယ်။ ကိုကိုပျော်နေတာကို မြင်ချင်လာတယ်...အဲ့ဒါကြောင့် ကျွန်တော် လားရှိုးကို မိန်းကလေးလိုဝတ်ပြီး စွန့်စွန့်စားစားကိုပြန်လာခဲ့တာ.... ကိုကို့ချစ်တဲ့သူက
ဘယ်သူမှန်းတောင်သေချာမသိပေမယ့်...
ကိုကိုချစ်တဲ့သူက... ကောင်းတဲ့လူတစ်ယောက်ဖြစ်ပြီး ကိုကို့ကို ပျော်အောင်လုပ်ပေးနိုင်တဲ့သူဆိုတဲ့ယုံကြည်ချက်တစ်ခုထဲနဲ့ပေါ့....ကျွန်တော့်ယုံကြည်ချက် တွေက တကယ်ကိုမှန်ကန်ခဲ့ပါတယ်။ ကိုနှိုင်းက
ကိုကို့အတွက်အသင့်တော်ဆုံးပဲလေ။ကျွန်တော်...ပျော်ပါတယ်... ကိုနှိုင်းလို ချစ်ဖို့ကောင်းတဲ့ အစ်ကို တစ်ယောက်ထပ်ရခဲ့တဲ့အတွက်... ကျွန်တော့်ကိုလည်း
ညီလေးတစ်ယောက်လို ချစ်ပေးပါလို့ ...ကိုနှိုင်းကို ကျွန်တော် တောင်းဆိုချင်ပါတယ်"

နှိုင်း၏ မျက်ဝန်းအိမ်တို့သည့် မျက်ရည်တို့ဖြင့် ဝေ့သီးလို့နေခဲ့ပါ၏။ခေါင်လေးသည် နှိုင်း၏ လက်အေးအေးလေးအား ညှင်ညှင်သာသာ ဆုပ်ကိုင်ပြီး မငိုဖို့ရန် အပြုံးတို့ဖြင့်နှစ်သိမ့်လေသည်။ ကျွန်တော် ဒီတစ်ခါ ကျလုဆဲဆဲမျက်ရည်ကိုတော့ အရမ်းချစ်တာ
ပါလေ။

"ကျွန်တော့် ကို စိတ်ဆိုးသွားလာဟင်"

စိုင်လျန်သည် liveအစီအစဉ်ကြည့်နေရင်း
မိုးဇေမျက်နှာအား ရင်မဆိုင်ရဲစွာ မေးလေသည်။ မိုးဇေသည် စိုင်လျန်၏ပုခုံးလေးအား သိုင်းဖတ်၍...ခေါင်းလုံးလုံးလေးကို ပွတ်ကာ...

"ဟင့်အင့်...ကလေးက သတ္တိအရမ်းရှိတယ်...ပြီးတော့ အရမ်းတော်တယ် "

"ဒါဆို....သား ကို အများကြီးချစ်ပေးမှာလားဟင်"

"ဒါပေါ့"

"ကိုကြီး စိတ်နဲ့ကိုကြီးလားဟင်း... ကိုကြီးဆက်ဟေး မှာခဲ့လိုလားဟင်"

ခပ်ပြုံးပြုံးဖြေတဲ့ မိုးဇေသည် သိမ်ငယ်သောမျက်ဝန်းအိမ်လေး ဖြစ်ပေါ်နေသည့် စိုင်လျန်းမျက်ဝန်းတွေထဲ နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ပြီး....

"က်ိုကြီးစိတ်နဲ့ကိုကြီးပါ...ကလေးရဲ့..."

"တကယ်လားဟင် "

"တကယ်ပေါ့... ဒီလောက်သတ္တိရှိတဲ့ကလေးကိုဘယ်လိုလုပ် မချစ်ပဲနေနိုင်မှာလဲ... "

မိုးဇေစကာကြောင့် စိုင်လျန်သည် ပြန်လည်ရွှင်လန်းလာပါ၏။

"ကိုကြီးကိုရော... သတ္တိရှိရှိ ချစ်မယ်မဟုတ်လား"

"ဟုတ်"

ဆံပင်တွေလှုပ်ခါသွားအောင် ခေါင်ငြိမ့်ပြီး သူ့ကို ပြန်မော့ကြည့်နေသော ကလေးကြောင့် မိုးဇေသည်...စိုင်လျန်အား အိပ်ယာပေါ်လှဲချကာ.... လည်တိုင်သေးသေးလေးကို ခြင်ကိုက်ရာများထင်အောင် စုတ်ယူလိုက်လေသည်။

"အား... ကိုကြီး...သား... ယားတယ်လို့...ခစ်ခစ် "

လုံးထွေးသွားသောအခြေအနေကြားမှာ.. live အစီအစဉ်က ဘာတွေဆက်လာနေသည်လဲ သူတို့မသိတော့ပေ။ သုညဒီဂရီအောက်အထိရောက်ရှိ သွားခဲ့ဖူးသော သူတို့ရဲ့အချစ်တွေကို တစ်ရာဒီဂရီပြည့် တဲ့အထိ...အားပြန်ဖြည့်ခွင့်ရနေချိန်လေးကို လက်လွှတ်ခံလို့ မဖြစ်နိုင်တော့သဖြင့်  အချစ်ရေစီးမှာ
စုန်ဆန်မျှောဖို့ ဆုံးဖြတ်လိုက်ကြတာ... သူတို့မှန်တယ်မဟုတ်လား။

.............

"ဆက်လက်ပြီး မေးချင်တာကတော့ ကိုကိုခန့်ပိုင် ကွမ်းယာ ပြတ်သွားပါပြီလားတဲ့ "

"ဟုတ် ကျွန်တော်ပြတ်သွားပြီ"

"ဘာပြတ်တာလဲ...ဟိုနေ့ကတောင်စားသေးတယ်မလား"

"မစားပါဘူး "

"ဘာမစားတာလဲ...ကွမ်းယာခိုးစားပြီးငါ့ကိုလာနမ်းတာ ငါမသိဘူးထင်နေတာလား "

"ကျွန်တော်မစားပါဘူးဆို...ကိုနောင် ပေးတဲ့
PKပဲစားတာ "

"လူလိမ်"

ချက်ချင်ရာချက် pageရဲ့...မေးချင်တာမေး
အစီအစဉ်လေးမှာ ရန်ဖြစ်ရင်းအဆုံးသတ်ပေးသွားတဲ့ ကောင်လေးနှစ်ယောက်။လိုက်ဖက်လွန်းစွာ...နှစ်ယောက်
လုံးက လူလည်ကျသည့် နေရာတွင် တော်ကြသည်။သူတို့နှစ်​​ယောက်​ ရဲ့နာမ်စားတွေမှာ ကိုနောင်၊ခန့်ပိုင်အပြင်.. လူလိမ်လူညာ ဆိုသည်က အဆစ်ပါလာတတ်သည်။

ကိုနောင်တို့ရဲ့လတ်တလော အချစ်ရေးလေးကို သိချင်ပါတယ်ရှင့်....။

ကျွန်တော်တို့ရဲ့ အချစ်ရေးလေးကတော့ ရန်ဖြစ်လိုက်..ရန်ဖြစ်လိုက်...အချစ်တွေနှစ်ဆ...သုံးဆတိုးသွားလိုက်ပါပဲ။

"ဘာတွေပြုံးနေတာလဲကိုနောင်"

ဘုရားအား ဦးသုံးကြိမ်ချပြီး ကြည်လင်စွာ ပြုံးနေသည့် ကိုနောင်ကို ခန့်ပိုင်က တပျင်ခွေထိုင်ပြီး ပေါင်ပေါ်တံတောင်ဆစ်ထား၍ မေးထောက်ကာ အချစ်ကို ရှူ့စားမဝသူလို ကြည့်ရင်းမေးလေသည်။

ရဲဇော်သည်... မျက်လုံးလေးပြန်ဖွင့်လာပြီး...
ခန့်ပိုင်ဘက်လှည့်ကာ...

"ကျေးဇူးပါပဲ "

"စိတ်မပူပါနဲ့...တစ်သက်လုံးကျေအောင်ဆပ်ခွင့် ပေးပြီးသားပါ"

"အဟင်း..."

ရဲဇော်သည် နှစ်သက်စွာ ရယ်မိလျက်...

"ဘုရားလာဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးဘူး....ဒီနေ့ဘုရားကိုလာခဲ့ဖို့ခေါ်ခဲ့ပေးတဲ့အတွက်ရော...ဘိုးဘွားရိပ်သာကဖိုးဖိုးဖွားဖွားတွေကို လှူဒါန်းခွင့် ရခဲ့တဲ့အတွက်ရော...တကယ်ကျေးဇူးတင်တယ်။
ပီတိ ဆိုတာ... ဒါမျိုးကိုဆိုလိုတာလား....ငါဒီက အဘိုးအဘွားတွေအတွက် ရာသက်ပန်အလှူရှင်အဖြစ် ခံယူလိုက်ရင်ကောင်းမလား"

ဘဝတစ်လျှောက်လုံး မိမဲ့ဖမဲ့နေခဲ့ရတဲ့ ကိုယ့်ကိုယ့်ကိုယ်... အဖြစ်ဆိုးလှပြီလို့ထင်ခဲ့ပေမယ့်...အသက်ကြီးမှ နေစရာမရှိ... စားစရာမရှိ...သားသမီးတွေရဲ့စွန့်ပစ်ခြင်း
ခံခဲ့ရတဲ့မိဘတွေကိုမြင်လိုက်ရတဲ့အချိန်မှာ...
သူ..တကယ်ရင်ထဲမကောင်းဖြစ်သွားခဲ့ရသည်။ 'ကွမ်းယာဖြတ်မယ်....ဘိုးဘွားရိပ်သာရှိတဲ့ရန်အောင်မြင်ဘုရားကို လိုက်ခဲ့ပေး 'လို့ဆိုတဲ့ ခန့်ပိုင်ကိုသူ ဒီတစ်ခါ တော့ သိပ်ကျေးဇူးတင်သည်။

ရဲဇော်ကိုမေးချင်ပါတယ်ဗျို့.. တစ်နေ့မှာ ခန့်ပိုင်နဲ့ မကောင်းတဲ့အလုပ် ရွေးရမယ်လို့ပြောလာရင် ဘယ်ဟာကိုရွေးမလဲ...သိချင်ပါတယ်။

ဒီမေးခွန်းအတွက်ကတော့......

ကျွန်တော်ဒုစရိုက်အလုပ်တွေ ကို မစွန့်လွှတ်နိုင်ဘူး ဆိုပေမယ့်လည်း... တစ်နေ့မှာ ခန့်ပိုင်နဲ့ မကောင်းတဲ့ အလုပ် ရွေးချယ်ဖို့ လိုအပ်လာခဲ့ရင်... တစ်သက်လုံး ဇာတ်မြုပ်ပြီး...ချို့တဲ့ တဲ့ ရွာလေးတစ်ရွာကိုသွားနေမယ်။
ခန့်ပိုင်က ..ကလေးတွေကိုအခမဲ့ပညာဒါနပြုရင်... ကျွန်တော်က ကလေးဗိုလ်လုပ်ပြီး...လောက်စလုံးပစ်မယ်။ ကြက်တိုက်မယ်... ပေသီပစ်တိုင်းဆော့မယ်။
ဂျင်ပေါက်မယ်... ။

"အဟား "

"ရယ်ပြန်ပြီနော်...ကိုနောင် "

ခန့်ပိုင် က သူဘာအတွက်ရယ်နေမှန်းမသိသဖြင့် မကျေမနပ်ဖြစ်ကာ....ဆူပုတ်ပုတ်လေးပြောလျှင်...အူယားစွာသောသူဟာ... ရှည်လွန်းသည့်ခန့်ပိုင် အရပ်ကို မှီအောင် ခြေဖျားထောက်လိုက်ပြီး...ရှည်မျောမျောဖြင့်ရှင်းလင်းဖွေးဥနေသောလည်တိုင်
လေးကို သူ့ဘက်စောင်းလာအောင်ဆွဲလိုက်ပြီး နှာခေါင်းလေး နစ်သွားသည်အထိပင် မွေးကြူလိုက်ပါသည်။

ခန့်ပိုင်သည် ကိုနောင်၏အမှတ်မထင်လုပ်ရပ်လေးကြောင့် မျက်လုံးလေးတွေဝ်ိုင်းစက်ကာ ပျော်မြူးသွားလျက်....သူ့လက်တွေဟာ အလိုလိုပင်ကိုနောင့်လက်ကို ဆွဲမိသွားပြီး ဘုရားနှင့်ဝေးရာတောင်ပေါ်လမ်းလေး
အတိုင်း ဆွဲပြေးဆင်းလိုက်မိသည်။

"နေဦး...လေ...ဆိုင်ကယ်ကျန်ခဲ့ပြီ"

"ဟုတ်သား... "

နားထင်လေးကို လက်ညိုးလေးနှင့်ကုပ်လို့အရှက်ပြေ ရယ်သောကောင်လေးသည် သွားတွင် ကွမ်းဂျိူအနဲငယ် ရှိနေသေးသည့်တိုင် စတိုင်တစ်မျိုးဖြစ်ကာ ကြည့်ကောင်းလွန်းနေသည်။ ရဲဇော်သည် ခန့်ပိုင်အတင်း
ဝတ်ခိုင်းထားသောပုဆိုးလေးကို မနိုင့်တနိုင်မကာ တောင်ပေါ်လမ်းကိုပြန်တတ်ပြေးပြီး အနောက်က လိုက်ပြေးတတ်လာသော ခန့်ပိုင်ကို မောနေသည့်ကြားက လှည့်ကြည့်မိသည်။အရပ်ရှည်ရှည်ပိန်ပိန်သွယ်သွယ်ရှိသည့်
ကောင်ချောလေးကို..အဆုံးမခံချင်တော့သည်မို့.... သူ အမိအရ သူ ဖမ်းဆုပ်ထားဖို့...ကြိုးစားတော့မှာပင်။

ဒီမှာပရိတ်သတ်တစ်ယောက်က ပြော ထားပါသေးတယ်။ ကိုကြီးရဲဇော်ကိုပြောပေးပါဦး... အရမ်းအရမ်းချစ်ပါတယ် လို့....အားလုံးထဲမှာ...အချစ်ဆုံးပါပဲလို့...။ ပျော်ရွှင်မူတွေနဲ့ ထိုက်တန်တာမို့ အများကြီး ပျော်ပါလို့။

"ဆိုင်ကယ်မောင်းနေတယ်လေ...ဘာလို့ကလိယားထိုး နေတာလဲ...ဟားဟာ..မလုပ်ပါနဲ့ဆို..ကိုနောင်!"

"ဟားဟား...ဟားဟား"

ကျွန်တော့်ကိုအချစ်ဆုံးတဲ့လား။နောက်ဆုံးတော့ ကျွန်တော်ကအချစ်နဲ့ထိုက်တန်သွားပြီပေါ့နော်။ ကျေးဇူးပါပဲဗျာ....ကျွန်တော်အများကြီးပျော်အောင် နေပါ့မယ်။

လေနုအေးသည်က လှပသော ရောင်ခြည်ပက်ဖြန်းလို့ ညနေဆည်းဆာကိုပုံဖော်လျက် ရှိနေသည်။

"ကိုကြီး ရဲဇော်တို့ပြီးသွားပြီဆိုတော့ နာက်ဆုံးအနေနဲ့မမနွေးနွေးကို မေးခွန်းမေးချင်ပါတယ်...လူကိုယ်တိုင်လာရတာအဆင်မပြေသေးတဲ့အတွက် ဖုန်းဆက်ပြီးပဲမေးလိုက်ပါ့မယ်....ဟဲလို....မမနွေးလား"

"ဟုတ်တယ်မောင်လေးရ...ဘာလိုလို့လဲ...ပြောလေကလေး"

"ကျွန်တော် အစီအစဉ် တစ်ခုလွင့်ဖို့လုပ်နေတာ...ပရိတ်သတ်တစ်ယောက်က မေးခွန်းလေးမေးထားလို့..မမဖြေပေးနော်"

"ဟုတ်လား...အင်...မေးလေ"

"မမနွေး ရင်ဘတ်ရဲ့အနက်ရှိုင်းဆုံးနေရာမှာ ရှိခဲ့တာ ဘယ်သူလဲတဲ့...."

အနက်ရှိုင်းဆုံး ရင်ထဲမှာ...သိုဝှက်ထားမိတဲ့တစ်ဦးတည်း သောလူ။နာကျည်းတယ်...မုန်းတယ်ဆိုပေမယ့်....ဒဏ်ရာတွေ ပေးသူကိုမှပိုချစ်မိတဲ့နှလုံးသား။သို့ပေမယ့်...

ဖြေသံဟာ ချက်ချင်းထွက်ပေါ်မလာခဲ့ပဲ စက္ကန့်များစွာ ငြိမ်သက်လို့သွားခဲ့သည်။

လမင်းသည် နားလည်သူမျက်ဝန်းများနှင့် နွေးနွေးလက်ကို ဆုပ်ကိုင်ပေးခဲ့ကာ အားအင်ပေး၍ မှန်ကန်စွာဖြေဖို့ခေါင်းငြိမ့်ပြုံးပြခဲ့သည်။ နွေးသည် လမင်း၏ ကြိုးစား
အားထုတ်မူတွေအား....လျစ်လျူ မရှူ့နိုင်အောင် ဖြစ်သွားခဲ့ရလေသဖြင့်.....

"လမင်း ပါ "

ဖြေသံအဆုံး အံ့သြ သွားတဲ့မျက်ဝန်းလေးကို သူမ လွဲချော်သွားမည်စိုး၍ မျက်တောင်မခတ်စတမ်း ကြည့်နေဖြစ်ခဲ့သည်။တန်ဖိုးထားပေးသူလက်ထဲ တန်ဖိုးရှိစွာ ပွင့်လန်းဖို့ပန်းလေးတွေဟာ အဆင်သင့်ဖြစ်နေခဲ့ပေပြီ။

တမလွန်အရပ်မှာ ကြည်နူးစရာဤမြင်ကွင်းကို နှစ်သက်စွာ ငုံ့ကြည့်နေသည့် တိမ်ဖြူလေးကတော့ချစ်မိသူအား ကျေကျေနပ်နပ် ကြီးပင် ပြုံးကြည့်ရင်းမျက်ရည်ဝဲလေသည်။နောင်ဘဝများရှိခဲ့ရင်..မင်းကိုရိုးသာစွာချစ်ခွင့်ရချင်ပါတယ် နွေးရယ်ဟု တိုင်တည်ကာ သစ္စာဆိုနေမည်လား?။ ဝေခွဲမရစွာ
ကောင်ကင်တစ်ခွင် နေသာလျက်ပင်
မိုးပေါက်တို့က တဖျောက်ဖျောက်ကျသည်။

ထိုစဉ် ရင်ထဲမှာအမြဲတမ်းရှိနေမှာပါဟူသော လူတစ်ချို့ရဲ့အမှတ်တရတန်ဖိုးထားမူလေးတွေကို မြတ်နိုးနေမိရင်း..စံပယ်ပင်လေးတွေဟာ လေယူရာတိမ်းလို့ယိမ်းနွှဲကာ ကနေကြသည်။ ဖွဲတဲတဲကျနေသော မိုးပေါက်တို့စဲ
သွားတဲ့အခါ....ပျံလွှားငှက်တစ်သိုက်က စည်းစည်းလုံးလုံး ညီညီညာညာဖြင့် ကောင်းကင်မှာဝဲပျံလျက်.... ရှိနေသည်။

နောက်ဆုံးမေးခွန်းလေးကတော့ မိုးဇေက
သူ့ညီလေးခန့်ပိုင်နဲ့ခေါင်လေးကိုချစ်တဲ့ပုံလေး မြင်ချင်သေးတယ်။ပြီးတော့ ဘယ်သူ့ကိုပိုချစ်လဲ?

"ဖိုးကျော်...ဖိုးကျော်..ဖိုးကျော်"

"ဖိုးခေါင်...ဖိုးခေါင်...ဖိုးခေါင်"

"One short...one short...one short"

"ဒုန်း...ဒုန်း...ဒုန်း"

စားပွဲကို ထုပြီး အရက်ဘယ်သူအများဆုံးသောက်နိုင်လည်း ပြိုင်နေကြသော သူတို့...ဝိုင်အကြောင်းပြပြီး အရက်ပုလင်း
ထောင်ကာ ပျော်မြူးလို့နေကြသည်။ မူးပြဲအောင် သောက်နေခြင်းမဟုတ်ပဲ.... အပျော်သဘောပေမို့ စံပယ်ပွင့်လေးတွေက ကြည်ဖြူကြပါ၏။

တစ်မျိုးစီ ဆိုသွမ်းကြသော်ငြား ချစ်ဖို့ကောင်းသော တဇွတ်ထိုးဆန်သည့် ငဂျစ်နှစ်ကောင်ကိုကြည့်ရင်း မိုးဇေသည် ရောင်ခြည်ဖြာကိုငေးလို့ ရယ်နေ၏။ ဘယ်သူ့ကိုအချစ်ဆုံးလဲဆိုတာထက်....သူတို့နှစ်ယောက်ထဲက ကျွန်တော့်ကို ဘယ်သူအချစ်ဆုံးလဲ
ဆိုတာ ... ပြိုင်ရွေးခိုင်းလိုက်ရင် ပိုမကောင်းဘူးလား။

ဟေ့ဟေ့ ကောင်းကင်မှာဝဲနေတဲ့ပျံလွှားငှက်လေးတွေ မင်းတို့ကိုတစ်ခုမေးချင်တယ်...မင်းတို့ခွင့်လွှတ်မူကို ဘယ်လိုပုံစံမျိုး နဲ့ တိုင်းတာကြသလဲ။

အချုပ်အနှောင်တွေကြားက လွတ်လပ်ခြင်းတစ်ခုကို ရှာဖွေတွေ့သလိုပေါ့။ ကိုယ့်ဘက်သူ့ဘက်ပြန်တွေတော လိုက်ရင်...လူတိုင်းဟာ ဒဏ်ရာတွေအပြည့်နဲ့ကြီး မဟုတ်လား။မင်းရော မုန်းနေတဲ့သူကို ခွင့်မလွှတ်နိုင်
သေးရင် ငါတို့နဲ့အတူတူ ဝေဟင်မှာ ပျံသန်းမလားဟင်။

.......................

Interview အပိုင်းလေးတွေပြီးပါပြီ။ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကွယ်။

မေးခွန်းအကုန်လုံးပါအောင် ရေးပေးထားပါတယ်။ မပါတဲ့သူတွေများရှိခဲ့ရင်လည်း....ကိုယ်မျက်စိလျှံတာ ဖြစ်မှာပါ...ခွင့်လွှတ်ပေးနော်။အားလုံးကိုချစ်တယ်။😘

Love you all💚💚💚

............................................................. . .....

Zawgyi

"ကိုကိုနဲ႕ကိုႏိႈင္းက ေမးခြန္းေတြမ်ားလို႔... ၿပီးေတာ့
တစ္ေယာက္ခ်င္းစီေမးမွအဆင္ေျပမယ့္ေမးခြန္းေတြပါလို႔
သပ္သပ္စီေခၚလိုက္တာပါ...အခု ကိုျကီးရဲေဇာ္
တို႔ကိုေတာ့ ေမးခြန္းလည္းသိပ္မမ်ားတာနဲ႔... အတြဲလိုက္ပဲ
အတူတူေခၚလိုက္ပါ့မယ္...ကဲ ကိုႀကီးရဲေဇာ္နဲ႕
ကိုကိုခန္႕ပိုင္တို႔ေရ အားလံုးကေတြ႔ခ်င္ေနၿပီ
ဝင္လာခဲ့ေပးၾကပါ"

ရဲေဇာ္နဲ႕ခန္႔ပိုင္သည္ စိုင္လ်န္ေခၚသည္ႏွင့္ အထဲဝင္လာကာ
စိုင္လ်န္ေဘးကထိုင္ခံုတြင္ ဝင္ထိုင္လိုက္ၾကပါ၏။

"ပရိတ္သတ္ေတြကိုႏႈတ္ဆတ္လိုက္ပါဦး"

"မဂၤလာပါ ခင္ဗ် ကြၽန္ေတာ့္နာမည္ ေက်ာ္ခန္႔ပိုင္ပါ"

"မဂၤလာပါ ကြၽန္ေတာ္ကေတာ့ ေနာင္ရဲေဇာ္ပါခင္ဗ်"

"ရဲေဇာ္ပဲေလ...ေနာင္ကကြၽန္ေတာ္တစ္ေယာက္ထဲကို
ပဲေျပာတာဆို..."

Live စတင္ဖို႔ရန္အစီအစဥ္ဆြဲေနတုန္းရိွေသး
ငဂ်စ္ေလးကရစ္ေလၿပီ။ ရဲေဇာ္သည္ ေဖ်ာ႔ေဖ်ာ႔ ေတာ႔ေတာ႔
မ်က္ခံုးေလးေတြကိုတြန္႔ခ်ိဳးၿပီး....ရစ္ျပန္ၿပီဟူေသာ
မ်က္ဝန္မ်ိဳးျဖင့္ၾကည့္၍ မသိခ်င္ေယာင္ေဆာင္ကာ
Cameraေ႐ွ႕တည့္တည့္ၾကည့္လိုက္ပါသည္။
အခုေနမ်ား live က္ုိၾကည့္ေနသူေတြေတာ့ သူနဲ႔
Eye contantရသကဲ့သို႔ျဖစ္ေနမွာေသခ်ာေလသည္။

"ကြၽန္ေတာ္ ေမးခြန္းစေမးလို႔ရၿပီလား"

စိုင္လ်န္သည္... မေက်မနပ္ ျဖင့္ ႏႈတ္ခမ္းေတြပြစိပြစိ
ရြတ္ေနေသာ ခန္႔ပိုင္ႏွင့္စိတ္ျပန္ေကာက္ခ်င္ေယာင္
ေဆာက္ေနေသာရဲေဇာ္တို႔ကို မ်က္ခံုးေလးေတြပင့္ကာ
ၾကည့္ေနရင္း ရြဲ႕ကာေမးေလသည္။ဘယ္ႏွယ့္
အစီအစဥ္ မွာ အခ်စ္လာစမ္းေနၾကတယ္လို႔။

"ေမး...ေမးလို႔ရၿပီ"

ရဲေဇာ္က မ်က္ႏွာေလးျပင္ကာေျဖေသာ္လည္း
ခန္႔ပိုင္ကမူ ဘယ္သူမွဂ႐ုမစိုက္သလို ေပကပ္ကပ္ေလး
ထိုင္ေနေလ၏၊ထိုအခါစိုင္လ်န္သည္ မိုးေဇအား မ်က္ဝန္းျဖင့္
စကားလွမ္းေျပာကာ တစ္ခုခုလုပ္ခိုင္းလိုက္ေလသည္။
မိုးေဇသည္ စိုင္လ်န္ဘာေျပာသည္လဲ ခ်က္ခ်င္းနားမလည္
...မ်က္လံုးေလးေစြျပေတာ့မွ.. သေဘာေပါက္သြားကာ
ခန္႔ပိုင္အား လက္သီးေထာင္ျပလိုက္ေလသည္။

ခန္႔ပိုင္သည္ မိုးေဇလက္သီးျမင္မွ ေကာင္းေကာင္းထိုင္၍
မ်က္ႏွာေလးျပံဳး၏။ ခန္႔ပိုင္က ဘယ္သူ႔ကိုမွမေၾကာက္
ေသာ္ျငား မိမိမ်က္စိေ႐ွ႕တြင္ ကိုေလးသည္  လူသံုးေလး
ေယာက္ေလာက္ကို အခ်ိန္မဆိုင္းပဲလ်ွပ္တစ္ျပတ္အတြင္း
သတ္ပစ္လိုက္တာ ျမင္ဖူးထားသျဖင့္ လန္႔ေလသည္။
ထို႔အျပင္ သူေနာက္ထပ္ေၾကာက္သည္က ေခါင္ေလးျဖစ္
သည္။အရင္က ဘယ္ေလာက္ပဲ ျပိဳင္မယ္ဆိုင္မယ္ေတြ
အေလ်ွာ့မေပးဘူးေတြ လုပ္ခဲ့ေပမယ့္.. ေခါင္ေလးသည္
လူသတ္ ၊ ပစၥည္းလု...နားပမ္းသမာပါလုပ္ခဲ့ဖူး
သည္ကို ျပန္သိၿပီး ေနာက္... နဲနဲရိွန္ေနတာျဖစ္သည္။

မ်က္လံုးေလး ကလယ္ကလယ္ႏွင့္ ျဖဴစင္သည့္
ကေလးပံုဖမ္းသြားေသာ ခန္႔ပိုင္ကိုၾကည့္၍ သူတ္ို႔
သံုးေယာက္လံုး မတိုင္ပင္ပါပဲျပံဳးမိသြားၾကသည္။
ခန္႔ပိုင္၏ထူးျခားခ်က္တစ္ခုကိုေျပာရပါမည္ဆိုလ်ွင္ေတာ့
႐ုပ္ေျပာင္း ႐ုပ္လြဲျမန္ကာ...ဟန္ေဆာင္ ပန္ေဆာင္
လုပ္တတ္ျခင္းျဖစ္သည္။

"အားလံုးအဆင္သင့္ျဖစ္ၿပီဆိုေတာ့ ေမးခြန္းေလးေတြ..
စေမးမယ္ေနာ္...ပထမဦးဆုံး ေမးခ်င္တာကေတာ့..
ရဲေဇာ္ရဲ႕အခ်စ္မ်ိဳးကိုမွင္သက္မိတယ္တဲ့...
ဘယ္လိုျဖစ္လို႔... အဲ့လိုအခ်စ္မ်ိဳးနဲ႔ ခ်စ္ႏိုင္ရတာလဲ.. တဲ့။
..ကိုကိုခန္႔ပိုင္ကိုအားနာေပမယ့္..ဒီေမးခြန္းကို ကြၽန္ေတာ္
လည္းအရမ္းသိခ်င္လို႔ ေမးလိုက္တာ ...ဘာျဖစ္လို႔လဲ
ဆိုေတာ့ ကြၽန္ေတာ္ေမးခြန္းေတြစစ္ရင္းနဲ႔ တစ္ခုေတြ႔
လိုက္တယ္...စိုင္လ်န္ရဲ႕စိတ္ရင္းကဘယ္လိုရိွလဲတဲ့။
ကိုႏိႈင္းကို ကိုကို႔မ်က္ႏွာေၾကာင့္ ေကာင္းေပးေန
တာလားတဲ့..... ကြၽန္ေတာ္အဲ့ဒီမွာတစ္ခ်က္ေတြသြား
တယ္..ကိုႀကီးရဲေဇာ္သာဆိုဘယ္လိုေျဖမွာလဲဟင္...
ဒါကေျဖဖို႔နဲနဲခက္တယ္မလား...ကြၽန္ေတာ္ကေတာ့
စိတ္ထဲမွာအေျဖရိွေနေပမယ့္ ထုတ္မေျပာတတ္ဘူး
ျဖစ္ေနတယ္"

ရဲေဇာ္သည္ မေျဖခင္ ခန္႔ပိုင္အား မ်က္လံုးေလးတစ္ခ်က္
ေစြၾကည့္လိုက္ၿပီး...အသက္ခပ္ျပင္းျပင္းတစ္ခ်က္႐ွဴသြင္း
ထုတ္လိုက္ပါ၏။ ကဗ်ာေတြ ၊စာေတြစီၿပီးေျဖရမယ့္အခ်ိန္မွ
မဟုတ္တာ...အနာအဆာေတြရိွတဲ့ သူ႔ဘဝကို
ေဖးမေပးတဲ့ ေဘးကေကာင္ေလး စိတ္မဆင္းရဲဖို႔က
အေရးႀကီးတာမဟုတ္လား။

"ဘာေၾကာင့္ အဲ့လိုမ်ိဳးခ်စ္ႏိုင္ရတာလဲဆိုရင္ေတာ့...
ေခါင္ က...ေခ်ာတယ္ေလ...သူ႔လိုလူမ်ိဴးကိုမွ
မခ်စ္ဘူးလိုျငင္းရင္.. ကြၽန္ေတာ္႐ူးေနလို႔ေနမွာေပါ့။
ဒါေပမယ့္ အခ်စ္ရဲ႕အသြားအျပန္ေတြမွမတူတာ။
ဖူးစာပါတာမပါတာေတြလည္း ရိွေသးတယ္မလား။
ကြၽန္ေတာ္အထင္ေတာ့ အရင္ဘဝက ေခါင့္အေပၚ
ဝဋ္ေႂကြးရိွခဲ႔လို႔ ျပန္ေပးဆပ္ေနရတာပဲ ျဖစ္မွာပါ"

ေျဖခ်လိုက္ေသာ စကားလံုးဟာ....တံုးတိေပမယ့္
ဘယ္သူမွအေနရမခက္ေစေသာအေျခအေနကို
ေရာက္ေစသည္။ ရဲေဇာ္သည္ ဆက္လက္၍
မျပည့္စံုေသးေသာေမးခြန္းကိုေျဖေလသည္။

"ကြၽန္ေတာ္ ေခါင့္ကိုခ်စ္ခဲ့တယ္....ေခါင္က ကိုႏိႈင္းကို
ခ်စ္တယ္။ ေခါင္ ကြၽန္ေတာ့္ကိုျပန္မခ်စ္တာ
ကိုႏိႈင္းေၾကာင့္လည္းမဟုတ္ဘူး။ ဘယ္သူ႕ေၾကာင့္မွလည္း
မဟုတ္ဘူး။သူ႕စိတ္နဲ႕သူ မခ်စ္ခ်င္လို႔ကိုမခ်စ္တာ။
အဲ့လိုပဲ ကြၽန္ေတာ္ ေခါင့္ကိုစြန္႔လႊတ္ခဲ့တာလဲ..
ဘယ္သူ႔တိုက္တြန္းခ်က္မွမပါပဲ ကိုယ့္သေဘာနဲ႔ကိုယ္
လက္လႊတ္အဆံုး႐ွံုးခံလိုက္တာမို႔... ကိုႏိႈင္းကို
ေခါင့္ေၾကာင့္ေကာင္းေပးေနတာလားဆိုတဲ့ေမးခြန္းမွာ...
ကြၽန္ေတာ္ေျဖစရာတစ္ခုပဲရိွတယ္။ကိုႏိႈင္းသာ...
ေကာင္းတဲ့လူမဟုတ္ရင္ ကြၽန္ေတာ္တို႔လည္း
အနစ္နာေတြခံ...စိတ္ညစ္ညဴးခံၿပီး...ေကာင္းေပးေနမွာ
မဟုတ္ပါဘူး"

ထိုအခါ စိုင္လ်န္သည္ ေထာက္ခံေသာ မ်က္ႏွာေလးျဖင့္.....

"တစ္လက္စတည္း ကြၽန္ေတာ္လည္း ေမးခြန္းတစ္ခုကို
ေျဖေပးခ်င္တယ္....အဲ့ဒါက..."

စာရြက္ေလးကို တစ္ခ်က္ျပန္ၾကည့္လိုက္ၿပီးေနာက္...

"စိုင္လ်န္ရဲ႕ စိတ္ကေရာ ေခါင္ေလးအေပၚမွာ
ျပတ္သားသြားတာေသခ်ာလား တဲ့....
ဒီေမးခြန္းကိုေျဖရမယ္ဆိုရင္ေတာ့... ကြၽန္ေတာ္
ကိုကို႔ ကို အရမ္းခ်စ္တာေလ...ကိုျကီးရဲေဇာ္ေျပာသလို
ကိုကိုကအရမ္းေခ်ာတယ္ၿပီးေတာ့ မိုက္လည္းမိုက္တယ္။ ကန္႔သတ္ခ်က္ေတြမ်ားတယ္။နားလည္ရခက္တယ္။
အဲ့လိုလူကို ကြၽန္ေတာ္ အရမ္းပိုင္ဆိုင္ခ်င္တယ္....
ဒါေပမယ့္ေပါ့ဗ်ာ... ကိုကိုမွမေပ်ာ္တာ....ကြၽန္ေတာ့္အနား
မွာေနရရင္ ပိုပိုၿပီး ေအးခဲလာတဲ့ကိုကို႔မ်က္ႏွာ။
ေၾကာက္စရာပိုပိုၿပီး ေကာင္းလာတဲ့ကိုကို႔ပံုစံကို
ကြၽန္ေတာ္ဘယ္လိုစိတ္နဲ႔ထိုင္ၾကည့္ေနရမလဲ....။
အဲ့ခ်ိန္မွာ ကြၽန္ေတာ္ ကိုႀကီးရဲေဇာ္ကို ေတြ႕ခဲ့တယ္...
သူလည္း ကိုကို႔ကိုခ်စ္တာပဲ....ဒါေပမယ့္ သူက
မပူေလာင္ဘူး... ေဘးကေနၾကည့္ေနေပးတယ္...
လိုအပ္တာအကုန္လုပ္ေပးတယ္... ကြၽန္ေတာ္တစ္ခါ
ေမးခဲ့ဖူးတယ္...ဘာလို႔အဲ့လိုေနႏိုင္ရတာလဲေပါ့။
သူကေျဖတယ္...'အပင္မွာပြင့္ေနတဲ့ ပန္းက
သဘာဝအတိုင္း လွတယ္တဲ့။ ခူးလိုက္လို႔ ကိုယ့္လက္ထဲ
မွာ လွေအာင္မထားႏိုင္ပဲ ညိဳးသြားရင္ ႏွေျမာစရာ
ေကာင္းလြန္း မေနဘူးလား ' ..တဲ့ ။... ေနာက္ပိုင္း
ကြၽန္ေတာ္သေဘာေပါက္လာတယ္... ကြၽန္ေတာ္ကိုကို႔ကို
မလိုခ်င္ေတာ့ဘူး...ကိုကိုခ်စ္တဲ့ သူကို႐ွာေပးခ်င္တယ္။
ကိုကိုေပ်ာ္ေနတာကို ျမင္ခ်င္လာတယ္...အဲ့ဒါေၾကာင့္
ကြၽန္ေတာ္ လားရိွဳးကို မိန္းကေလးလိုဝတ္ၿပီး
စြန္႔စြန္႔စားစားကိုျပန္လာခဲ့တာ.... ကိုကို႔ခ်စ္တဲ့သူက
ဘယ္သူမွန္းေတာင္ေသခ်ာမသိေပမယ့္...
ကိုကိုခ်စ္တဲ့သူက... ေကာင္းတဲ့လူတစ္ေယာက္ျဖစ္ၿပီး
ကိုကို႔ကို ေပ်ာ္ေအာင္လုပ္ေပးႏိုင္တဲ့သူဆိုတဲ့
ယံုၾကည္ခ်က္တစ္ခုထဲနဲ႔ေပါ့....ကြၽန္ေတာ့္ယံုၾကည္ခ်က္
ေတြက တကယ္ကိုမွန္ကန္ခဲ့ပါတယ္။ ကိုႏိႈင္းက
ကိုကို႔အတြက္အသင့္ေတာ္ဆံုးပဲေလ။ကြၽန္ေတာ္...
ေပ်ာ္ပါတယ္... ကိုႏိႈင္းလို ခ်စ္ဖို႔ေကာင္းတဲ့ အစ္ကို
တစ္ေယာက္ထပ္ရခဲ့တဲ့အတြက္... ကြၽန္ေတာ့္ကိုလည္း
ညီေလးတစ္ေယာက္လို ခ်စ္ေပးပါလို႔ ...ကိုႏိႈင္းကို
ကြၽန္ေတာ္ ေတာင္းဆိုခ်င္ပါတယ္"

ႏိႈင္း၏ မ်က္ဝန္းအိမ္တို႔သည့္ မ်က္ရည္တို႔ျဖင့္
ေဝ့သီးလို႔ေနခဲ့ပါ၏။ေခါင္ေလးသည္ ႏိႈင္း၏
လက္ေအးေအးေလးအား ညႇင္ညႇင္သာသာ ဆုပ္ကိုင္ၿပီး
မငိုဖို႔ရန္ အျပံဳးတို႔ျဖင့္ႏွစ္သိမ့္ေလသည္။ ကြၽန္ေတာ္
ဒီတစ္ခါ က်လုဆဲဆဲမ်က္ရည္ကိုေတာ့ အရမ္းခ်စ္တာ
ပါေလ။

"ကြၽန္ေတာ့္ ကို စိတ္ဆိုးသြားလာဟင္"

စိုင္လ်န္သည္ liveအစီအစဥ္ၾကည့္ေနရင္း
မိုးေဇမ်က္ႏွာအား ရင္မဆိုင္ရဲစြာ ေမးေလသည္။
မိုးေဇသည္ စိုင္လ်န္၏ပုခံုးေလးအား သိုင္းဖတ္၍...
ေခါင္းလံုးလံုးေလးကို ပြတ္ကာ...

"ဟင့္အင့္...ကေလးက သတၱိအရမ္းရိွတယ္...ၿပီးေတာ့
အရမ္းေတာ္တယ္ "

"ဒါဆို....သား ကို အမ်ားႀကီးခ်စ္ေပးမွာလားဟင္"

"ဒါေပါ့"

"ကိုႀကီး စိတ္နဲ႔ကိုႀကီးလားဟင္း... ကိုႀကီးဆက္ေဟး
မွာခဲ့လိုလားဟင္"

ခပ္ျပံဳးျပံဳးေျဖတဲ့ မိုးေဇသည္ သိမ္ငယ္ေသာမ်က္ဝန္းအိမ္ေလး
ျဖစ္ေပၚေနသည့္ စိုင္လ်န္းမ်က္ဝန္းေတြထဲ နက္ရိွဳင္းစြာ
စိုက္ၾကည့္လိုက္ၿပီး....

"က္ိုႀကီးစိတ္နဲ႔ကိုႀကီးပါ...ကေလးရဲ႕..."

"တကယ္လားဟင္ "

"တကယ္ေပါ့... ဒီေလာက္သတိၱရိွတဲ့ကေလးကို
ဘယ္လိုလုပ္ မခ်စ္ပဲေနႏိုင္မွာလဲ... "

မိုးေဇစကာေၾကာင့္ စိုင္လ်န္သည္ ျပန္လည္ရႊင္လန္း
လာပါ၏။

"ကိုႀကီးကိုေရာ... သတိၱရိွရိွ ခ်စ္မယ္မဟုတ္လား"

"ဟုတ္"

ဆံပင္ေတြလႈပ္ခါသြားေအာင္ ေခါင္ၿငိမ့္ၿပီး သူ႔ကို
ျပန္ေမာ့ၾကည့္ေနေသာ ကေလးေၾကာင့္ မိုးေဇသည္...
စိုင္လ်န္အား အိပ္ယာေပၚလွဲခ်ကာ.... လည္တိုင္ေသးေသး
ေလးကို ျခင္ကိုက္ရာမ်ားထင္ေအာင္ စုတ္ယူလိုက္ေလသည္။

"အား... ကိုႀကီး...သား... ယားတယ္လို႔...ခစ္ခစ္ "

လံုးေထြးသြားေသာအေျခအေနၾကားမွာ.. live
အစီအစဥ္က ဘာေတြဆက္လာေနသည္လဲ
သူတို႔မသိေတာ့ေပ။ သုညဒီဂရီေအာက္အထိေရာက္ရိွ
သြားခဲ့ဖူးေသာ သူတို႔ရဲ႕အခ်စ္ေတြကို တစ္ရာဒီဂရီျပည့္
တဲ့အထိ...အားျပန္ျဖည့္ခြင့္ရေနခ်ိန္ေလးကို
လက္လႊတ္ခံလို႔ မျဖစ္ႏိုင္ေတာ့သျဖင့္  အခ်စ္ေရစီးမွာ
စုန္ဆန္ေမ်ွာဖို႔ ဆံုးျဖတ္လိုက္ၾကတာ... သူတို႔မွန္တယ္
မဟုတ္လား။

.............

"ဆက္လက္ၿပီး ေမးခ်င္တာကေတာ့ ကိုကိုခန္႔ပိုင္
ကြမ္းယာ ျပတ္သြားပါၿပီလားတဲ့ "

"ဟုတ္ ကြၽန္ေတာ္ျပတ္သြားၿပီ"

"ဘာျပတ္တာလဲ...ဟိုေန႔ကေတာင္စားေသးတယ္မလား"

"မစားပါဘူး "

"ဘာမစားတာလဲ...ကြမ္းယာခိုးစားၿပီးငါ့ကိုလာနမ္းတာ
ငါမသိဘူးထင္ေနတာလား "

"ကြၽန္ေတာ္မစားပါဘူးဆို...ကိုေနာင္ ေပးတဲ့
PKပဲစားတာ "

"လူလိမ္"

ခ်က္ခ်င္ရာခ်က္ pageရဲ႕...ေမးခ်င္တာေမး
အစီအစဥ္ေလးမွာ ရန္ျဖစ္ရင္းအဆံုးသတ္ေပးသြားတဲ့
ေကာင္ေလးႏွစ္ေယာက္။လိုက္ဖက္လြန္းစြာ...ႏွစ္ေယာက္
လံုးက လူလည္က်သည့္ ေနရာတြင္ ေတာ္ၾကသည္။
သူတို႔ႏွစ္​​ေယာက္​ ရဲ႕နာမ္စားေတြမွာ ကိုေနာင္၊ခန္႔ပိုင္အျပင္.. လူလိမ္လူညာ ဆိုသည္က အဆစ္ပါလာတတ္သည္။

ကိုေနာင္တို႔ရဲ႕လတ္တေလာ အခ်စ္ေရးေလးကို
သိခ်င္ပါတယ္႐ွင့္....။

ကြၽန္ေတာ္တို႔ရဲ႕ အခ်စ္ေရးေလးကေတာ့ ရန္ျဖစ္လိုက္..
ရန္ျဖစ္လိုက္...အခ်စ္ေတြႏွစ္ဆ...သံုးဆတိုးသြားလိုက္ပါပဲ။

"ဘာေတြျပံဳးေနတာလဲကိုေနာင္"

ဘုရားအား ဦးသံုးႀကိမ္ခ်ၿပီး ၾကည္လင္စြာ ျပံဳးေနသည့္
ကိုေနာင္ကို ခန္႔ပိုင္က တပ်င္ေခြထိုင္ၿပီး ေပါင္ေပၚ
တံေတာင္ဆစ္ထား၍ ေမးေထာက္ကာ အခ်စ္ကို
႐ွဴ႕စားမဝသူလို ၾကည့္ရင္းေမးေလသည္။

ရဲေဇာ္သည္... မ်က္လံုးေလးျပန္ဖြင့္လာၿပီး...
ခန္႔ပိုင္ဘက္လွည့္ကာ...

"ေက်းဇူးပါပဲ "

"စိတ္မပူပါနဲ႔...တစ္သက္လံုးေက်ေအာင္ဆပ္ခြင့္
ေပးၿပီးသားပါ"

"အဟင္း..."

ရဲေဇာ္သည္ ႏွစ္သက္စြာ ရယ္မိလ်က္...

"ဘုရားလာဖို႔ ဘယ္တုန္းကမွ စိတ္မကူးခဲ့ဖူးဘူး....
ဒီေန႔ဘုရားကိုလာခဲ့ဖို႔ေခၚခဲ့ေပးတဲ့အတြက္ေရာ...
ဘိုးဘြားရိပ္သာကဖိုးဖိုးဖြားဖြားေတြကို လွဴဒါန္းခြင့္
ရခဲ့တဲ့အတြက္ေရာ...တကယ္ေက်းဇူးတင္တယ္။
ပီတိ ဆိုတာ... ဒါမ်ိဳးကိုဆိုလိုတာလား....ငါဒီက
အဘိုးအဘြားေတြအတြက္ ရာသက္ပန္အလွဴ႐ွင္အျဖစ္
ခံယူလိုက္ရင္ေကာင္းမလား"

ဘဝတစ္ေလ်ွာက္လံုး မိမဲ့ဖမဲ့ေနခဲ့ရတဲ့ ကိုယ့္ကိုယ့္ကိုယ္...
အျဖစ္ဆိုးလွၿပီလို႔ထင္ခဲ့ေပမယ့္...အသက္ႀကီးမွ
ေနစရာမရိွ... စားစရာမရိွ...သားသမီးေတြရဲ႕စြန္႔ပစ္ျခင္း
ခံခဲ့ရတဲ့မိဘေတြကိုျမင္လိုက္ရတဲ့အခ်ိန္မွာ...
သူ..တကယ္ရင္ထဲမေကာင္းျဖစ္သြားခဲ့ရသည္။
'ကြမ္းယာျဖတ္မယ္....ဘိုးဘြားရိပ္သာရိွတဲ့
ရန္ေအာင္ျမင္ဘုရားကို လိုက္ခဲ့ေပး 'လို႔ဆိုတဲ့ ခန္႔ပိုင္ကို
သူ ဒီတစ္ခါ ေတာ့ သိပ္ေက်းဇူးတင္သည္။

ရဲေဇာ္ကိုေမးခ်င္ပါတယ္ဗ်ိဳ႕.. တစ္ေန႔မွာ ခန္႔ပိုင္နဲ႕
မေကာင္းတဲ့အလုပ္ ေရြးရမယ္လို႔ေျပာလာရင္
ဘယ္ဟာကိုေရြးမလဲ...သိခ်င္ပါတယ္။

ဒီေမးခြန္းအတြက္ကေတာ့......

ကြၽန္ေတာ္ဒုစ႐ိုက္အလုပ္ေတြ ကို မစြန္႔လႊတ္ႏိုင္ဘူး
ဆိုေပမယ့္လည္း... တစ္ေန႔မွာ ခန္႔ပိုင္နဲ႔ မေကာင္းတဲ့
အလုပ္ ေရြးခ်ယ္ဖို႔ လိုအပ္လာခဲ့ရင္... တစ္သက္လံုး
ဇာတ္ျမဳပ္ၿပီး...ခ်ိဳ႕တဲ့ တဲ့ ရြာေလးတစ္ရြာကိုသြားေနမယ္။
ခန္႔ပိုင္က ..ကေလးေတြကိုအခမဲ့ပညာဒါနျပဳရင္...
ကြၽန္ေတာ္က ကေလးဗိုလ္လုပ္ၿပီး...ေလာက္စလံုးပစ္မယ္။
ျကက္တိုက္မယ္... ေပသီပစ္တိုင္းေဆာ့မယ္။
ဂ်င္ေပါက္မယ္... ။

"အဟား "

"ရယ္ျပန္ၿပီေနာ္...ကိုေနာင္ "

ခန္႔ပိုင္ က သူဘာအတြက္ရယ္ေနမွန္းမသိသျဖင့္
မေက်မနပ္ျဖစ္ကာ....ဆူပုတ္ပုတ္ေလးေျပာလ်ွင္...
အူယားစြာေသာသူဟာ... ႐ွည္လြန္းသည့္ခန္႔ပိုင္
အရပ္ကို မွီေအာင္ ေျခဖ်ားေထာက္လိုက္ၿပီး...
႐ွည္ေမ်ာေမ်ာျဖင့္႐ွင္းလင္းေဖြးဥေနေသာလည္တိုင္
ေလးကို သူ႔ဘက္ေစာင္းလာေအာင္ဆြဲလိုက္ၿပီး
ႏွာေခါင္းေလး နစ္သြားသည္အထိပင္ ေမြးၾကဴလိုက္ပါ
သည္။

ခန္႔ပိုင္သည္ ကိုေနာင္၏အမွတ္မထင္လုပ္ရပ္ေလးေၾကာင့္
မ်က္လံုးေလးေတြဝ္ိုင္းစက္ကာ ေပ်ာ္ျမဴးသြားလ်က္....
သူ႔လက္ေတြဟာ အလိုလိုပင္ကိုေနာင့္လက္ကို
ဆြဲမိသြားၿပီး ဘုရားႏွင့္ေဝးရာေတာင္ေပၚလမ္းေလး
အတိုင္း ဆြဲေျပးဆင္းလိုက္မိသည္။

"ေနဦး...ေလ...ဆိုင္ကယ္က်န္ခဲ့ၿပီ"

"ဟုတ္သား... "

နားထင္ေလးကို လက္ညိဳးေလးႏွင့္ကုပ္လို႔အ႐ွက္ေျပ
ရယ္ေသာေကာင္ေလးသည္ သြားတြင္ ကြမ္းဂ်ဴိအနဲငယ္
ရိွေနေသးသည့္တိုင္ စတိုင္တစ္မ်ိဳးျဖစ္ကာ
ၾကည့္ေကာင္းလြန္းေနသည္။ ရဲေဇာ္သည္ ခန္႔ပိုင္အတင္း
ဝတ္ခိုင္းထားေသာပုဆိုးေလးကို မႏိုင့္တႏိုင္မကာ
ေတာင္ေပၚလမ္းကိုျပန္တတ္ေျပးၿပီး အေနာက္က
လိုက္ေျပးတတ္လာေသာ ခန္႔ပိုင္ကို ေမာေနသည့္ၾကားက
လွည့္ၾကည့္မိသည္။အရပ္႐ွည္႐ွည္ပိန္ပိန္သြယ္သြယ္ရိွသည့္
ေကာင္ေခ်ာေလးကို..အဆံုးမခံခ်င္ေတာ့သည္မို႔.... သူ
အမိအရ သူ ဖမ္းဆုပ္ထားဖို႔...ႀကိဳးစားေတာ့မွာပင္။

ဒီမွာပရိတ္သတ္တစ္ေယာက္က ေျပာ ထားပါေသးတယ္။
ကိုႀကီးရဲေဇာ္ကိုေျပာေပးပါဦး... အရမ္းအရမ္းခ်စ္ပါတယ္
လို႔....အားလံုးထဲမွာ...အခ်စ္ဆံုးပါပဲလို႔...။
ေပ်ာ္ရႊင္မူေတြနဲ႔ ထိုက္တန္တာမို႔ အမ်ားႀကီး ေပ်ာ္ပါလို႔။

"ဆုိင္ကယ္ေမာင္းေနတယ္ေလ...ဘာလို႔ကလိယားထိုး
ေနတာလဲ...ဟားဟာ..မလုပ္ပါနဲ႔ဆို..ကိုေနာင္!"

"ဟားဟား...ဟားဟား"

ကြၽန္ေတာ့္ကိုအခ်စ္ဆံုးတဲ့လား။ေနာက္ဆံုးေတာ့
ကြၽန္ေတာ္ကအခ်စ္နဲ႔ထိုက္တန္သြားၿပီေပါ့ေနာ္။
ေက်းဇူးပါပဲဗ်ာ....ကြၽန္ေတာ္အမ်ားႀကီးေပ်ာ္ေအာင္
ေနပါ့မယ္။

ေလႏုေအးသည္က လွပေသာ ေရာင္ျခည္ပက္ျဖန္းလို႔
ညေနဆည္းဆာကိုပံုေဖာ္လ်က္ ရိွေနသည္။

"ကိုျကီး ရဲေဇာ္တို႔ၿပီးသြားၿပီဆိုေတာ့ နာက္ဆံုးအေနနဲ႔
မမေႏြးေႏြးကို ေမးခြန္းေမးခ်င္ပါတယ္...
လူကိုယ္တိုင္လာရတာအဆင္မေျပေသးတဲ့အတြက္
ဖုန္းဆက္ၿပီးပဲေမးလိုက္ပါ့မယ္....ဟဲလို....မမေႏြးလား"

"ဟုတ္တယ္ေမာင္ေလးရ...ဘာလိုလို႔လဲ...ေျပာေလ
ကေလး"

"ကြၽန္ေတာ္ အစီအစဥ္ တစ္ခုလြင့္ဖို႔လုပ္ေနတာ...
ပရိတ္သတ္တစ္ေယာက္က ေမးခြန္းေလးေမးထားလို႔..
မမေျဖေပးေနာ္"

"ဟုတ္လား...အင္...ေမးေလ"

"မမေႏြး ရင္ဘတ္ရဲ႕အနက္ရိွဳင္းဆံုးေနရာမွာ ရိွခဲ့တာ
ဘယ္သူလဲတဲ့...."

အနက္ရိွဳင္းဆံုး ရင္ထဲမွာ...သိုဝွက္ထားမိတဲ့တစ္ဦးတည္း
ေသာလူ။နာက်ည္းတယ္...မုန္းတယ္ဆိုေပမယ့္....
ဒဏ္ရာေတြ ေပးသူကိုမွပိုခ်စ္မိတဲ့ႏွလံုးသား။သို႔ေပမယ့္...

ေျဖသံဟာ ခ်က္ခ်င္းထြက္ေပၚမလာခဲ့ပဲ စကၠန္႔မ်ားစြာ
ၿငိမ္သက္လို႔သြားခဲ့သည္။

လမင္းသည္ နားလည္သူမ်က္ဝန္းမ်ားႏွင့္ ေႏြးေႏြးလက္ကို
ဆုပ္ကိုင္ေပးခဲ့ကာ အားအင္ေပး၍ မွန္ကန္စြာေျဖဖို႔
ေခါင္းၿငိမ့္ျပံဳးျပခဲ့သည္။ ေႏြးသည္ လမင္း၏ ႀကိဳးစား
အားထုတ္မူေတြအား....လ်စ္လ်ဴ မ႐ွဴ႕ႏိုင္ေအာင္
ျဖစ္သြားခဲ့ရေလသျဖင့္.....

"လမင္း ပါ "

ေျဖသံအဆံုး အံ့ျသ သြားတဲ့မ်က္ဝန္းေလးကို သူမ
လြဲေခ်ာ္သြားမည္စိုး၍ မ်က္ေတာင္မခတ္စတမ္း
ၾကည့္ေနျဖစ္ခဲ့သည္။တန္ဖိုးထားေပးသူလက္ထဲ
တန္ဖိုးရိွစြာ ပြင့္လန္းဖို႔ပန္းေလးေတြဟာ အဆင္သင့္
ျဖစ္ေနခဲ့ေပၿပီ။

တမလြန္အရပ္မွာ ၾကည္ႏူးစရာဤျမင္ကြင္းကို
ႏွစ္သက္စြာ ငံု႔ၾကည့္ေနသည့္ တိမ္ျဖဴေလးကေတာ့
ခ်စ္မိသူအား ေက်ေက်နပ္နပ္ ႀကီးပင္
ျပံဳးၾကည့္ရင္းမ်က္ရည္ဝဲေလသည္။ေနာင္ဘဝမ်ားရိွခဲ့ရင္..
မင္းကို႐ိုးသာစြာခ်စ္ခြင့္ရခ်င္ပါတယ္ ေႏြးရယ္ဟု
တိုင္တည္ကာ သစၥာဆိုေနမည္လား?။ ေဝခြဲမရစြာ
ေကာင္ကင္တစ္ခြင္ ေနသာလ်က္ပင္
မိုးေပါက္တို႔က တေဖ်ာက္ေဖ်ာက္က်သည္။

ထိုစဥ္ ရင္ထဲမွာအျမဲတမ္းရိွေနမွာပါဟူေသာ လူတစ္ခ်ိဳ႕ရဲ႕
အမွတ္တရတန္ဖိုးထားမူေလးေတြကို ျမတ္ႏိုးေနမိရင္း..
စံပယ္ပင္ေလးေတြဟာ ေလယူရာတိမ္းလို႔ယိမ္းႏႊဲကာ
ကေနၾကသည္။ ဖြဲတဲတဲက်ေနေသာ မိုးေပါက္တို႔စဲ
သြားတဲ့အခါ....ပ်ံလႊားငွက္တစ္သိုက္က စည္းစည္းလုံးလုံး
ညီညီညာညာျဖင့္ ေကာင္းကင္မွာဝဲပ်ံလ်က္.... ရိွေနသည္။

ေနာက္ဆံုးေမးခြန္းေလးကေတာ့ မိုးေဇက
သူ႔ညီေလးခန္႔ပိုင္နဲ႔ေခါင္ေလးကိုခ်စ္တဲ့ပံုေလး
ျမင္ခ်င္ေသးတယ္။ၿပီးေတာ့ ဘယ္သူ႔ကိုပိုခ်စ္လဲ?

"ဖိုးေက်ာ္...ဖိုးေက်ာ္..ဖိုးေက်ာ္"

"ဖိုးေခါင္...ဖိုးေခါင္...ဖိုးေခါင္"

"One short...one short...one short"

"ဒုန္း...ဒုန္း...ဒုန္း"

စားပြဲကို ထုၿပီး အရက္ဘယ္သူအမ်ားဆံုးေသာက္ႏိုင္လည္း
ၿပိဳင္ေနၾကေသာ သူတို႔...ဝိုင္အေၾကာင္းျပၿပီး အရက္ပုလင္း
ေထာင္ကာ ေပ်ာ္ျမဴးလို႕ေနၾကသည္။ မူးျပဲေအာင္
ေသာက္ေနျခင္းမဟုတ္ပဲ.... အေပ်ာ္သေဘာေပမို႔
စံပယ္ပြင့္ေလးေတြက ၾကည္ျဖဴၾကပါ၏။

တစ္မ်ိဳးစီ ဆိုသြမ္းၾကေသာ္ျငား ခ်စ္ဖို႔ေကာင္းေသာ
တဇြတ္ထိုးဆန္သည့္ ငဂ်စ္ႏွစ္ေကာင္ကိုၾကည့္ရင္း
မိုးေဇသည္ ေရာင္ျခည္ျဖာကိုေငးလို႔ ရယ္ေန၏။
ဘယ္သူ႔ကိုအခ်စ္ဆံုးလဲဆိုတာထက္....
သူတို့ႏွစ္ေယာက္ထဲက ကြၽန္ေတာ့္ကို ဘယ္သူအခ်စ္ဆံုးလဲ
ဆိုတာ ... ၿပိဳင္ေရြးခိုင္းလိုက္ရင္ ပိုမေကာင္းဘူးလား။

ေဟ့ေဟ့ ေကာင္းကင္မွာဝဲေနတဲ့ပ်ံလႊားငွက္ေလးေတြ
မင္းတို႔ကိုတစ္ခုေမးခ်င္တယ္...မင္းတို႔ခြင့္လႊတ္မူကို
ဘယ္လိုပံုစံမ်ိဳး နဲ႔ တိုင္းတာၾကသလဲ။

အခ်ဳပ္အေႏွာင္ေတြၾကားက လြတ္လပ္ျခင္းတစ္ခုကို
႐ွာေဖြေတြ႕သလိုေပါ့။ ကိုယ့္ဘက္သူ႔ဘက္ျပန္ေတြေတာ
လိုက္ရင္...လူတိုင္းဟာ ဒဏ္ရာေတြအျပည့္နဲ႔ႀကီး
မဟုတ္လား။မင္းေရာ မုန္းေနတဲ့သူကို ခြင့္မလႊတ္ႏိုင္
ေသးရင္ ငါတို႔နဲ႔အတူတူ ေဝဟင္မွာ ပ်ံသန္းမလားဟင္။

.......................

Interview အပိုင္းေလးေတြၿပီးပါၿပီ။ ကိုယ္စိတ္ႏွစ္ျဖာ
က်န္းမာခ်မ္းသာၾကပါေစကြယ္။

ေမးခြန္းအကုန္လံုုးပါေအာင္ ေရးေပးထားပါတယ္။
မပါတဲ့သူေတြမ်ားရိွခဲ့ရင္လည္း....ကိုယ္မ်က္စိလ်ွံတာ
ျဖစ္မွာပါ...ခြင့္လႊတ္ေပးေနာ္။အားလံုးကိုခ်စ္တယ္။😘

Love you all💚💚💚





Продолжить чтение

Вам также понравится

1.1M 66.4K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
Penchant Mochi

Любовные романы

142K 7.9K 42
Cover by _ nong_thelea ❤ မႈိင္းညိႇဳ႕သြင္ ရွင္း
I Found My Prince Charming [Season-1] A_Nine

Любовные романы

520K 43.8K 61
ဘဝမှာအချစ်နဲ့တူသောအရာများစွာ ကြုံတွေ့ရနိုင်သည်။ သို့သော် အချစ်စစ်ကတော့ အရာအာလုံးထက်သာလွန်သည်။ ထို့အတူပင် ရည်းစားပေါင်းများစွာကြုံဆုံရနိုင်သည် သို့သော...
710K 41.5K 38
#Unicode ကောင်းကင်ထက်ပိုင် -ကျွန်တော့်ထက် အသက်ကြီးလဲ ကျွန်တော် အကိုလို့မခေါ် နိုင်ဘူး ကျွန်တော် အကို့ကိုချစ်တာ ချစ်သူတစ်ယောက်လို ချစ်တာမို့ ပိစိလေးလိ...