ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၃၇ ( ၇ - ၁၂ )

7K 1K 58
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :   37
Chapter.          :  7 - 12
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၃၇၊ အခန္း ၇ ။ မာမီ့ဆီကုိ အလည္လာမယ္

မာ-မာမီ…။

မုိးၾကိးၾကီးကုိးခ်က္ တစ္ၿပိဳင္တည္းအပစ္ခံလုိက္ရသလုိ
ရီ၀မ္၀မ္ ခံစားလိုက္ရသည္ ။

တစ္ခ်ိန္တည္းမွာပင္ ဦးေနွာက္ကေန အခ်ိတ္အဆက္တုိ ့ကို စဥ္းစားေနမိ၏…

ဒီကေလးရဲ့မိ်ဳးရုိးက နန္ လို ့ေၿပာတယ္ ။

ရီ၀မ္၀မ္သည္ သူ ့အား ၿမင္ၿမင္ခ်င္း အလြန္တရာရင္းနွီးေနမိသလို ခံစားမိခဲ့၏ ။ အခုတြင္ သူသည္ သူမ၏သားပါဟု ရုတ္တရက္ၾကီး ေၿပာလာေခ်ၿပီ…

ငါ့မွာ တကယ္ကို သားမရွိပါဘူး ။

ဒါဆုိ…

ဒီ…ဒီကေလးက…အမည္မရွိေသာနန္ရဲ့တူေလး…မ်ားလား…။

ထုိအခ်ိန္က အရာအားလံုးသည္ ရႈပ္ယွက္ခတ္ေနသၿဖင့္
သူမ မ်ားမ်ားစားစားမေတြးေတာမိခဲ့ပါေခ် ။

ထုိစဥ္က သူမသည္ ထုိကေလးကို ဗြီဒီယုိေကာကေန ၿမင္ေတြ ့ခဲ့ခ်ိန္
သူ ့မ်က္နွာကို ရွင္းရွင္းလင္းလင္းမေတြ ့ခဲ့ရပါေခ် ။ ထုိ ့အၿပင္ ၊ ဤကေလး၏၀တ္ထားပံုတုိ ့သည္ ထုိဗြီဒီယိုေကာလ္ထဲက ကေလး၏ ၀တ္ပံုစားပံုနွင့္ ကြဲၿပားလွေခ်သည္ -
ထိုစဥ္က ၀တ္စားထားသည္မွာ တစ္ကိုယ္လံုးအနက္ ၿဖစ္၏ ။ ထုိ ့ေၾကာင့္ အခုခ်ိန္တြင္ သူ ့အား အလြန္အမင္းရင္းနွီးသည္ ဟုုသာ ခံစားမိခဲ့ၿပီး မည္သူမည္၀ါမွန္းကုိ
သူမ လံုး၀ ပံုေဖာ္လုိ ့မရခဲ့ၿခင္းပင္ ၿဖစ္၏ ။

အေရးၾကီးဆံုးေသာအခ်က္မွာ သူမကုိယ္သူမ ၾကိဳတင္ၿပင္ဆင္ခ်ိန္ရေအာင္ အမည္မရိွေသာနန္က အဘယ္ေၾကာင့္မ်ား သူမကုိ ၾကိဳတင္အေၾကာင္း မၾကားထားေလသနည္း ။

ထုိ့ေၾကာင့္ပင္ ဒီကေလးသည္ အမည္မရွိေသာနန္၏တူေလး ၿဖစ္ေၾကာင္း ကုိ သူမ လံုး၀မေတြးမိခဲ့ၿခင္းၿဖစ္၏ ။

ထုိအခုိက္အတန္ ့တြင္ သူမအေရွ့ကကေလးအား ဗလာဟင္းလင္းအသိၿဖင့္ စူးစုိက္ၾကည့္ေနမိၿပီး
ရီ၀မ္၀မ္ ရူးမတတ္ၿဖစ္ေနမိေခ်ၿပီ ။

အဲ့ဒီအရူးေကာင္ အမည္မရွိေသာနန္ ေတာ့လား ။ ဘယ္လုိလုပ္ၿပီး ငါ့ကို လံုး၀ၾကိဳမေၿပာထားတာလဲ ။ ငါ့စိတ္ကုိ လံုး၀ကုိ မၿပင္ထားရေသးဘူး ။
ဒီမွာ ဘာေတြၿဖစ္ေနသလဲ တစ္ေယာက္ေလာက္ ငါ့ကို ေၿပာၿပၾကပါလား ။ ငါ အခု ဘာလုပ္ရမလဲ ။

မယံုနုိင္စရာေကာင္းလြန္းအားၾကီးတယ္ ။
ငါ ဒီတုိင္းတိတ္တိတ္ေလးေနၿပီး ဘာမွမလုပ္ဘဲေနလုိက္ရမလား ။

ထိုကေလးသည္ကား အခုထိတုိင္ လက္ေလးကို ကမ္းေပးထားဆဲ ။ သူ၏ေခါင္းေသးေသးေလးနွင့္ သူမေလးအား ၾကည့္ေနဆဲပင္ ။

ထုိကေလး၏လက္ဗလာေလးကို ၿမင္လုိက္ရသည့္အခ်ိန္
ရီ၀မ္၀မ္ အသိၿပန္ကပ္လာၿပီး စိတ္တုိ ့ႏူးည့ံလာရ၏ ။
သူမလက္ကို ဆန္ ့ထုတ္ေပးလုိက္ၿပီး ထိုကေလးေလး၏
လက္ေသးေသးေလးကို ႏူးညံ့စြာ ဆြဲႏႈတ္ဆက္လုိက္ရင္း ။
“မဂၤလာပါ…”

ကေလးေလးသည္ ရီ၀မ္၀မ္ ဆြဲကိုင္ထားသည့္သူ ့လက္ေလး အား စုိက္ၾကည့္ေနၿပီး ႏႈတ္ခမ္းကို ဖိကိုက္လာသည္ ။
သူ ့ပံုစံေလးမွာ အရင္ကထက္ပင္ ပိုလုိ ့ခ်စ္ဖုိ ့ေကာင္းလာေခ် သည္ ။

တစ္ခ်ိန္တည္းမွာပင္ သူ ့အေနာက္က ကုိယ္ရံေတာ္နွစ္ေယာက္သည္ တစ္ေယာက္ကိုတစ္ေယာက္ တအံ့တၾသၾကည့္ေနၾကေလၿပီ ။
သခင္ငယ္ေလးက တကယ္ပဲ…သူ ့ကုိ ထိခြင့္ေပးလုိက္ တယ္…

တန္ဘင္းနွင့္ စုန္ ့ခ်န္းသည္လည္း စိတ္လႈပ္ရွားေနရာကေန
အခုမွ စိတ္တည္ၿငိမ္သြားရံုရွိေသး၊ ေနာက္ထပ္တစ္ဖန္ စိတ္လႈပ္ရွားလာၾကၿပန္သည္ - အခုတြင္ေတာ့ သူတို ့မွာ
လုံး၀ကုိ ပါးစပ္အေဟာင္းသားၿဖစ္သြားၾကၿခင္းပင္ ။

၀ုိး…ဒီကေလးက တကယ္ပဲ..တကယ္ပဲ သခင္မရဲ့သား လား…

သခင္မမွာ ဒီေလာက္အရြယ္သားေလးေတာင္ ရွိေနၿပီလား ။

ၾကည့္ရတာ သခင္မက သူ့သားအရင္းကိုေတာင္ မမွတ္မိတဲ့ပံုပဲ ။

သခင္မကေတာ့ တကယ့္ကို သခင္မပါပဲေလ…အရမ္းကုိ မုိက္တယ္…

သခင္မနဲ ့ဘယ္လုိမ်ား ပတ္သက္ေနသလဲလုိ ့ ငါ ေတြးေနတာ…ဟီး..

“မဂၤလာပါ” ဟု ေၿပာၿပီးသြားသည့္ေနာက္ ရီ၀မ္၀မ္မွာ ေၿပာစရာစကား ကုန္သြားၿပီး ဘာဆက္ေၿပာရမလဲဟု အခ်ိန္အၾကာၾကီးၾကာေအာင္ အေၿပးအလႊားစဥ္းစားေန၏ ။ သုိ ့တုိင္ ၊ စကားတစ္ခြန္းမွပင္ စဥ္းစားလုိ ့ မရေခ်ၿပီ ။

ရီ၀မ္၀မ္ ။  “အဟမ္း…နန္တန္ေရွာင္၊ ဟုတ္တယ္ေနာ္…တန္တန္လုိ ့ ေခၚမယ္ေနာ္ ၊ ရလား”

ေကာင္ငယ္ေလးက ေခါင္းညိတ္ၿပလာသည္ ။  “ဟုတ္ကဲ့”

ရီ၀မ္၀မ္ ေခါင္းကိုက္စြာၿဖင့္ အသက္ကို ၿပင္းၿပင္းရွဴရိႈက္လုိက္သည္ - အမည္မရွိေသာနန္ နွင့္ ၾကိဳတင္ၿပင္ဆင္ထားခြင့္မရခဲ့သၿဖင့္
အခုခ်ိန္တြင္ သူမဘာသာသာ လႈပ္ရွားရေပေတာ့မည္ ။

ထုိ ့ေၾကာင့္ ၊ ရီ၀မ္၀မ္ ေၿပာလာသည္ ။
“ဒါဆုိ တန္တန္…တကယ့္ကုိ စိတ္မေကာင္းပါဘူး ။ မာမီ အခုနက သားကို မမွတ္မိခဲ့ဘူး ။ သားဦးေလးနဲ ့ အရင္က ေၿပာဖူးပါတယ္ ။ သားဆီကိုလည္း လာလည္ခ်င္ေနတာ၊ ဒါေပမယ့္ အခုတေလာ မာမီ အရမး္ကုိ အလုပ္ရႈပ္ေနလုိ ့ အလည္လာဖုိ ့ကိစၥက ၾကန္ ့ၾကာ သြားတယ္…”

ေကာင္ေလး ။  “ရပါတယ္…မာမီက အလုပ္မ်ားတယ္ ။ သားပဲ မာမီ့ဆီကုိ လာလည္ပါ့မယ္”

ရီ၀မ္၀မ္ ထိုစကားကုိ ၾကားလုိက္သည့္အခုိက္ သူမ၏နွလံုးသားထဲ အမည္ေဖာ္စြမ္းမရနုိင္ေအာင္ အရည္ေပ်ာ္က်လာေတာ့သည္ ။

လိမ္မာလုိက္တဲ့ကေလးေလးပါလား….။
ဒီေလာက္လိမ္မာတာကိုမ်ား အမည္မရွိေသာနန္က
သူ ့မေကာင္းေၾကာင္းေတြခ်ည္း ဆက္တုိက္ေၿပာၿပီးေတာ့ မေကာင္းဆုိး၀ါးေလးလုိ ့ပါ ေခၚေနရတယ္လုိ ့ ။

အမည္မရွိေသာနန္ အေၾကာင္း ေတြးမိသၿဖင့္
ရီ၀မ္၀မ္ ခ်က္ခ်င္းပင္ အံၾကိတ္သြားေခ်ၿပီ ။
“ဒါနဲ ့ သားဦးေလး ဘယ္မွာလဲ ။ အတူတူ ပါမလာဘူးလား”

အဲ့ဒီေခြးသေတာင္းစား အမည္မရွိေသာနန္ ေတာ့လား ။
ဘယ္ေတြ ေလ်ွာက္သြားေနတာလဲ ။
ငါတစ္ေယာက္ထဲ ဒါကုိ ဘယ္လုိလုပ္ကိုင္တြယ္ရမွာလဲ ။

ကေလးေလးက ၿပန္ေၿဖလာသည္ ။
“ဦးေလးက သားကို လုိက္ပုိ ့ၿပီးေတာ့ ၿပန္သြားပါၿပီ”

ရီ၀မ္၀မ္ ေခါင္းညိတ္ၿပလုိက္၏ ။ 
“ေအာ္..ေအာ္..မာမီ သိၿပီ…”

……………………………………………………

စာစဥ္ ၃၇၊ အခန္း ၈ ။ သူ ့အေဖအတုိင္း တစ္ပံုစံတည္းပဲ

သုိ ့ၿဖင့္ ရီ၀မ္၀မ္သည္ ထုိကေလးအား နွင္းဆီအိမ္ေတာ္ေလးဆီကုိ ေခၚသြားရ၏ ။ လမ္းတစ္ေလ်ွာက္လံုး လံုး၀ကို အံ့ၿသေနေလသည္ ။

ရီ၀မ္၀မ္၏စိတ္ထဲတြင္ တစ္ခ်ိန္လံုးရွိေနသည္မွာ အေတြးတစ္ခုထဲသာ ။
ငါ ဒီကေလးကုိ ဘယ္လုိေစာင့္ေရွာက္ရမွာလဲ ။

ငါ့မွာ လံုး၀ကုိ အေတြ ့အၾကံဳမရွိဘူးေလ ။

၀င္ေပါက္၀တြင္ ေရာက္သည့္အခ်ိန္ ရီ၀မ္၀မ္၏မ်က္လံုးတုိ ့ ခ်က္ခ်င္း ၀င္းပသြားၿပီး ကုိယ္ရံေတာ္နွစ္ေယာက္အား ၾကည့္လာသည္ ။

ဟုတ္သားပဲ…ဒီနွစ္ေယာက္ ရွိေသးတာပဲ ။
သူတို ့ကေတာ့ နန္တန္ေရွာင္ရဲ့ေဘးမွာ တစ္ခ်ိန္လံုးအတူတူေန လာခဲ့ရမွာ ေသခ်ာတယ္ ။
သူ ့ရဲ့စားပံုေသာက္ပံု၊ အက်င့္ေတြနဲ ့ ေနပံုထုိင္ပံုတုိ ့ကုိ ေကာင္းေကာင္းသိၾကမွာပဲ ။

“ဒါၿဖင့္ ရွင္တုိ ့နွစ္ေယာက္…”

ရီ၀မ္၀မ္ မေၿပာရေသးခင္မွာပင္ နန္တန္ေရွာင္က ကိုယ္ရံေတာ္နွစ္ေယာက္ဘက္ လွည့္လုိက္ၿပီး
ကေလးသံေလးၿဖင့္ ေၿပာလာသည္ ။
“မင္းတုိ ့နွစ္ေယာက္ ၿပန္သြားလုိ ့ရၿပီ ။
က်ြန္ေတာ့္ကို မာမီ ေစာင့္ေရွာက္ေပးလိမ့္မယ္”

သူ ့အမိန္ ့ကို ၾကားလုိက္ရသည့္သူတို့ကား
လံုး၀တြန္ ့ဆုတ္ၿခင္းမရွိၾကဘဲ ။
“ဟုတ္ကဲ့”

သူတုိ ့နွစ္ဦးသည္ လွစ္ခနဲ ထြက္သြားၾကေတာ့ၿပီး
လံုး၀ကုိ ေပ်ာက္ကြယ္သြားၾကေတာ့ၿပီ…

ရီ၀မ္၀မ္ သူမလက္ကုိ ဆန္ ့ထုတ္လုိက္မိ၏…

ေဟး…မသြားနဲ ့ေလ ။

တကယ္ၾကီး သြားၾကေတာ့မလုိ ့လား ။

ရွင္တုိ ့ေတြ တကယ္ၾကီးလား ။

ဒီေလာက္ငယ္တဲ့ကေလးေလးတစ္ေယာက္ထဲကို ငါနဲ့ ဒီလုိမ်ိဳး ထားပစ္ရက္ၾကတယ္လား ။ ဒီကေလးကုိ ဘယ္လုိေစာင့္ေရွာက္ရလဲ ငါ တကယ္မသိဘူးေနာ္ ။

ရီ၀မ္၀မ္သည္ သူမအေရွ့က ထုိေပါက္စီလံုးေလးအား စုိက္ၾကည့္ေနရင္း မ်က္ရည္အၿဖိဳင္ၿဖိဳင္ၿပိဳလဲက်လုမတတ္ ၿဖစ္ေနေခ်ၿပီ ။

ေနာက္ဆံုးတြင္မွ ကံၾကမၼာေပၚသာ ပံုအပ္လုိက္ဖို ့ ဆံုးၿဖတ္လုိက္ေတာ့၏…

ရီ၀မ္၀မ္သည္ သူမအေနာက္ကထုိေယာက္်ား နွစ္ေယာက္ဘက္ လွည့္လုိက္ၿပီး…
“တန္ဘင္း..စုန္ ့ခ်န္း၊ ေက်ာက္ေက်ာက္နဲ ့တၿခားသူေတြကို သြားရွာၾက”

တန္လံုသည္ သူတုိ ့အား ထိခုိက္ေအာင္မလုပ္ဟု ကတိေပးထားခဲ့သၿဖင့္ သူတို ့ ဘာမွၿဖစ္မည္မဟုတ္ေပ ။

“ဟုတ္ကဲ့”

နွစ္ေယာက္သား ခ်က္ခ်င္းပင္ တၿခားသူမ်ားကို သြားရွာၾကေတာ့သည္ ။ ေနာက္ဆံုးတြင္
ထုိသံုးေယာက္အား ထပ္ခုိးေပၚတြင္ ေတြ ့လုိက္ၾက၏ ။

သံုးေယာက္သားသည္ အေကာင္းပကတိၾကီးပင္ ။
ၾကိဳးနဲ ့ခ်ည္ခံထားရၿပီး ထပ္ခုိးတြင္ ပစ္ထားခံရရံုသာၿဖစ္၏ ။

သူတုိ ့အား ေတြ ့လုိက္ရၿပီးသည့္ေနာက္ တန္ဘင္းနွင့္
စုန္ ့ခ်န္းတို ့ ကပ်ာကယာ ၾကိဳးေၿဖေပးလုိက္ၾကသည္ ။

“မင္းတို ့ ဘယ္လုိၿပန္ေရာက္လာၾကတာလဲ ။
သခင္မေရာ…အသက္အႏၱရာယ္ရွိလား”

“သခင္မက အသက္အႏၱရာယ္ရွိစရာလား ။
ရွိမယ့္ရွိ တၿခားသူေတြပဲ ရွိမွာေပါ့”

သူတုိ ့သခင္မ၏ဖံုးကြယ္ထားသည့္အစြမ္းအစတို ့ ထြက္လာၿပီး သူတုိ ့အား ကယ္ၿခင္းဟု သူတုိ ့သံုးေယာက္ ေတြးထင္မိေနၾကၿခင္းပင္ ။

“အမွန္ပဲ ။ ဒီတစ္ေခါက္ ငါတုိ ့ေတြ လုပ္တာည့ံတယ္၊ ငါတုိ့ သခင္မကုိ ေကာင္းေကာင္းမကာကြယ္ေပးနုိင္ခဲ့ဘူး ။ သခင္မဆီက ခြင့္လႊတ္မႈရဖုိ ့ ေတာင္းပန္ရမယ္”
က်န္းၾကီးက ေၿပာလာၿခင္း ။
တၿခားသူေတြလည္း သေဘာတူၾကသည္ပင္ ။

သုိ ့ၿဖင့္ ၿမန္ၿမန္ဆန္ဆန္ပင္ ေအာက္ထပ္သုိ ့ ေၿပးဆင္းသြားၾက၏ ။
ေတာင္းပန္စကားဆုိေတာ့မည္အၿပဳ ဟုိးအေ၀းကေန လွမ္းၿမင္လုိက္ၾကသည္မွာ…သူတုိ ့သခင္မေဘးတြင္ ကေလးေလးတစ္ေယာက္ ရွိေနၿခင္း ။

“အမ္…သခင္မ ထြက္သြားတာ ခနေလးပါ ။
ဘယ္လုိလုပ္ၿပီးေတာ့ ကေလးတစ္ေယာက္ပါ ၿပန္ပါလာတာလဲ”
အ့ံအားသင့္စြာေၿပာလာသူကား ဖက္တီး ။

က်န္းၾကီးသည္လည္း သံသယ၀င္ေန၏ ။
“တန္ဘင္း၊ စုန္ ့ခ်န္း ၊ ဘာေတြၿဖစ္ခဲ့တာလဲ ။
မင္းတုိ ့ ဘယ္လုိလုပ္ၿပီး ၿပန္ေရာက္လာတာလဲ”

“အားးးး…ကေလးေလးက…အရမ္းကို ခ်စ္ဖို ့ေကာင္း လုိက္တာ ။ ဒီကေလးေလးက ဘယ္သူလဲ ။ ဘယ္ကေန ေရာက္လာတာလဲ” ေက်ာက္ေက်ာက္၏စိတ္အာရံုတုိ ့သည္ ထုိေကာင္ငယ္ေလးထံတြင္ ေကာ္ကပ္သလုိကပ္ေနေခ်ၿပီ ။

တန္ဘင္းနွင့္ စုန္ ့ခ်န္းတုိ ့သည္ တစ္ေယာက္ကိုတစ္ေယာက္ ကို ၾကည့္လုိက္ၾကၿပီး ေၿပာလာသည္ ။
“ငါတုိ ့ကေလး…။ အဲ့ဒီကေလးက…သခင္မရဲ့သားေလး ပါ…”

“ဘာရယ္…သခင္မရဲ့သား ဟုတ္လား”

ေက်ာက္ေက်ာက္သည္ ေရွာ့ရသြားၿပီး ပါးစပ္ကို အုပ္ထားမိေခ်ၿပီ ။

“ဘုရား ဘုရား”
ဖက္တီးသည္ အက်ယ္ၾကီးေအာ္ေၿပာလာ၏ ။
“ဘယ္လုိလုပ္ၿပီး ၿဖစ္နိုင္မွာလဲ”

“စပရုိက္စ္ ၿဖစ္သြားတယ္မလား ။ ငါတုိ ့ကို္ယ္တုိင္ နားနဲ့ဆတ္ဆတ္ ၾကားလာခဲ့တာ”

ဖက္တီးသည္ ထုိေကာင္ငယ္ေလးအား စိုက္ၾကည့္ေနသည္ ။ သူ ့ပံုစံမွာ အနည္းငယ္ အံ့အားသင့္ေနဟန္ေပၚရင္း…။
“လံုး၀ကို ခ်ြတ္စြတ္ပဲ…သူ….သူက သခင္မနဲ ့ တကယ္တူ တယ္ ။ သူ ့မ်က္နွာေလးက...ငါတုိ ့သခင္မနဲ ့ တစ္ပံုစံထဲပဲ ဟုတ္တယ္မလား”

တန္ဘင္းက သေဘာတူလာသည္ ။
“ဟုတ္တယ္ ဟုတ္တယ္ ၊ မင္းတုိ ့ေတာင္မွ အဲ့လုိေတြးမိ တယ္လား - အစ္ကုိ ခ်န္း နဲ ့ငါလည္းပဲ အဲ့လုိပဲ ၿမင္ေနတာ”

စုန္ ့ခ်န္းက ေမးေစ့ကုိ ပြတ္သပ္လ်က္ ေၿပာဆုိလာသည္ ။
“သခင္ေလးက သခင္မနဲ ့ဆင္ေတာ့ဆင္ပါတယ္ ။
ဒါမဲ့ သူ ့စရုိက္နဲ ့ စိတ္ထားကေတာ့ လံုး၀ကုိ မတူသလုိပဲ ။ ထူးဆန္းတယ္…”

ဖက္တီးက မ်က္လံုးကုိ လွန္ၾကည့္လာသည္ ။
“မင္းကေတာ့ကြာ ဒါကုိမ်ား ေရးၾကီးခြင္က်ယ္လုပ္ေနေသး တယ္ ။ ဘာမ်ား ထူးဆန္းလုိ ့လဲ ။ သူ ့စရုိက္က သခင္မနဲ ့မတူဘူးဆုိရင္ သူ ့အေဖနဲ ့ သြားတူတာၿဖစ္မွာေပါ့ကြ”

တန္ဘင္းနွင့္ စုန္ ့ခ်န္းတုိ ့ ေခါင္းညိတ္ၿပလာကာ…။
“အဓိပၸာယ္ရွိတယ္”

………………………………………………………

စာစဥ္ ၃၇၊ အခန္း ၉ ။ ၿပက္ရယ္ၿပဳၿခင္း

ရီ၀မ္၀မ္သည္ ထိုကေလးကိုသာလ်ွင္ အာရံုထဲေရာက္ေန သၿဖင့္ ထိုငါးေယာက္အား စိတ္၀င္စားနုိင္ၿခင္းမရွိေနေလရာ သူမနွင့္ ရုပ္ခ်င္းဆင္သည္ဟု ေၿပာေနၾကသည္ေလာက္ကိုသာ ၾကားလုိက္မိ၏။

ရီ၀မ္၀မ္ အခုမွ သတိၿပဳမိၿခင္းပင္ ။ စစခ်င္းက သူမ ထုိသုိ ့ခံစားမိခဲ့ပါ၏ ။ သုိ ့ေသာ္ အခု သူတို ့ေၿပာေတာ့မွသာလ်ွင္ ကေလးသည္ သူမနွင့္ နည္းနည္းေလးဆင္တူေနသည္ကို တိတိက်က်သတိၿပဳမိလာၿခင္းပင္ ။

သုိ ့ေသာ္လည္း သူမသည္ အမည္မရွိေသာနန္၏ ညီမေလးနွင့္ ရုပ္ခ်င္းဆင္သည္ဟု အေၿပာခံခဲ့ရဖူးသည္ မဟုတ္ေလာ ။ သို ့ၿဖစ္ရာ ဤကေလးက သူမနွင့္ ရုပ္ခ်င္းဆင္ေနၿခင္းမွာ ဆီေလ်ာ္မႈရွိေခ်သည္ ။

ရီ၀မ္၀မ္သည္ ထိုငါးေယာက္အား ခပ္မာမာၾကည့္ေပးလုိက္ၿပီး အလုပ္သြားလုပ္ဖို ့ အမိန္ ့ေပးလုိက္၏ ။
ထုိေတာ့မွ အတင္းတုပ္ေနၾကသည့္ ငါးေယာက္သားမွာ ငွက္ေတြသင္းအုပ္ကြဲသလုိ လူစုကြဲသြားၾကေတာ့သည္ ။

သခင္မသည္ သူတုိ ့အား စုိးရိမ္ေနခ်ိန္ပင္မရွိေပ ။

တစ္ခနအတြင္း ဧည့္ခန္းထဲတြင္ ရီ၀မ္၀မ္ နွင့္ နန္တန္ေရွာင္သာလွ်င္ ရွိက်န္ခဲ့ၾကသည္ ။

ရီ၀မ္၀မ္သည္ မုန္ ့တစ္ေပြ ့တစ္ပုိက္ၾကီးကို ယူခ်လာၿပီး၊ ထုိကေလးအတြက္ လိေမၼာ္ရည္ကုိပါ ေဖ်ာ္ေပးလာသည္ ။
ထို ့ေနာက္ ဧည့္ခန္းထဲကဆုိဖာေပၚ တြင္ သူနွင့္အတူ ထုိင္ခ်လုိက္သည္ ။

နန္တန္ေရွာင္သည္ ဆုိဖာေပၚတြင္ မတ္မတ္ထုိင္ေနလ်က္ ။ သူ၏မည္းနက္ေနသည့္မ်က္၀န္းတုိ ့သည္ ပတ္၀န္းက်င္အား စူးစမ္းအကဲခတ္ေနသည့္ေၾကာင္ေပါက္စေလးတစ္ေကာင္
နွယ္ ဧည့္ခန္းအား ေ၀့၀ုိက္ၾကည့္ေနသည္ ။

ကေလးတစ္ေယာက္နွင့္ မည္သုိ ့အဆင္ေၿပေအာင္ ဆက္ဆံရမည္ကို မသိပါသည့္ ရီ၀မ္၀မ္မွာ ဤကေလး၏အေရွ့တြင္ ေနရထုိင္ရက်ံဳ ့ေနၿပီး
ေၿပာဖုိ ့ရာစကားရွာလုိ ့ေနသည္ ။
“ဟဲဟဲ…တန္တန္…သားရဲ့နာမည္ေလးက လွလုိက္တာ ။ ဒီနာမည္ရဲ့ေနာက္မွာ အဓိပၸာယ္တစ္ခုခုမ်ား ရွိလား”

နန္တန္ေရွာင္ ။  “မာမီ…ေမ့သြားၿပီလား”

ကေလးေလး၏အၿပစ္ကင္းစင္သည့္အၿဖဴထည္မ်က္၀န္းေလးတုိ ့က စူးစမ္းေမးၿမန္းလာခ်ိန္တြင္ ခ်က္ခ်င္းပင္ ကုိယ့္ကုိယ္ကုိ အၿပစ္ရွိသလုိ ရီ၀မ္၀မ္ ခံစားသြားရ၏ ။
“အာ…ေတာင္းပန္ပါတယ္ ။ မာမီ အရင္က ဒဏ္ရာရၿပီး ေတာ့ ေတာ္ေတာ္မ်ားမ်ားကို မမွတ္မိေတာ့ဘူး…”

ရီ၀မ္၀မ္ ေၿပာလုိက္မိသလို ရုတ္တရက္ တစ္ခုခုလြဲေနသလို ခံစားမိသြား၏ ။

အာ…ငါက ဘာလုိ ့ အၿပစ္ရွိသလုိ ခံစားေနရတာလဲ ။
ငါက သူ ့အေမမွ မဟုတ္တာကို ။

နန္တန္ေရွာင္ ။  “ရပါတယ္…သား မာမ့ီကုိ ေၿပာၿပေပးမယ္”

ရီ၀မ္၀မ္ ၿမန္ၿမန္ဆန္ဆန္ပင္ ေၿပာလုိက္သည္ ။
“အင္း..အင္း…ဒါဆုိ မာမီ့ကုိ ေၿပာၿပေနာ္”

ေကာင္ငယ္ေလးက ၿပန္ေၿပာလာသည္ ။
“မာမီ သားကုိ လြယ္ထားရတုန္းက ၀က္ခ်ိဳခ်ဥ္ေလးေတြ စားရတာ ေတာ္ေတာ္ေလးသေဘာက်ခဲ့လုိ ့ သားကုိ ဒီနာမည္ေပးခဲ့တာပါ - ‘တန္ေရွာင္’ ဆုိတာက ၀က္ခ်ိဳခ်ဥ္နဲ ့ အသံဆင္တယ္ ။ ဒါေၾကာင့္ သားနာမည္ကုိ နန္တန္ေရွာင္ ဆုိၿပီးေတာ့ မာမီေပးခဲ့တာပါ”

ရီ၀မ္၀မ္ ။  “…”

ရီ၀မ္၀မ္ ပါးစပ္အေဟာင္းသားၿဖစ္သြားေခ်ၿပီ ။ အနည္းဆံုးဆယ္စကၠန္ ့ေလာက္ထိ မင္သက္သြားမိၿပီးေတာ့မွ
သူ ေၿပာလုိက္သည့္စကားကုိ ၿပန္တုန္ ့ၿပန္နုိင္ေလ၏ ။

ဘယ္လုိေသာက္က်ိဳးနည္းၾကီးလဲဟ…ဟမ္ ။

တန္ေရွာင္…။ ဒါဆုိ ကေလးကို ၀က္ကင္ လို ့ နာမည္ေပးထားတာေပါ့ ။ ဘယ္လိုမိဘကမ်ား ကိုယ့္ကေလးကိုယ္ ဒီလိုၿပက္ရယ္ၿပဳရဲတာလဲ ။

ထိုနာမည္၏ေနာက္ကြယ္တြင္ ထူးထူးၿခားၿခား အဓိပၸာယ္ရွိရမည္ဟု သူမ ေတြးထင္ထားမိခဲ့ၿခင္းပင္ ။
သုိ ့ေသာ္ အဆံုးသတ္တြင္ သူ ့မာမီသည္ ၀က္ခ်ိဳခ်ဥ္ကင္ကို စားရတာကိုနွစ္သက္ေနၿခင္း ေၾကာင့္တဲ့လား ။
သူမဆီမွာ ထံုးတမ္းစဥ္လာယဥ္ေက်းမႈတုိ ့ေရာ ရွိေသးရဲ့လား..ဟမ္ ။

*ဟြတ္ ဟြတ္*
“ေတာင္းပန္ပါတယ္ တန္တန္…မာမီ အဲ့ဒီနာမည္ေပးတုန္း က ေသခ်ာမေတြးမိသြားဘူးနဲ ့တူတယ္…”

ရီ၀မ္၀မ္သည္ သူ ့အေမအၿဖစ္ ဟန္ေဆာင္ေနရၿခင္းကိုပင္
ေၿခကုန္လက္ပန္းက်သလို ခံစားလာရေခ်ၿပီ - ထိုအၿပစ္ကုိ
သူမ လႊဲယူရေတာ့မည္ မဟုတ္ပါလား ။

နန္တန္ေရွာင္ ။  “ရပါတယ္”

ေကာင္ငယ္ေလးသည္ စိတ္ထဲလံုး၀ ထည့္ထားၿခင္းမရွိပါေခ် ။ သုိ ့ၿဖစ္ရာ အမည္မရွိေသာနန္ ေၿပာၿပခဲ့ဖူးေသာ ေၿပာရခက္သည့္မေကာင္းဆုိး၀ါးေလး မွာ ဤကေလး လံုး၀မၿဖစ္နုိင္ဟုပင္ တစ္ဖန္ၿပန္ေတြးမိလာၿပန္သည္ ။

အစတြင္ သူမသည္ အဆိုးဆံုးအတြက္ စိတ္ကို ၿပင္ဆင္ထားခဲ့ပါ၏…

သို ့ေသာ္ ထုိကေလး၏ထူးမၿခားနား၊ ေအးစက္ေနသည့္မ်က္နွာေလးနွင့္ အရြယ္နွင့္ မလုိက္ေအာင္ နားလည္နုိင္စြမ္းရွိေနၿခင္းတုိ ့ကုိ ၾကည့္ေနရင္း ရီ၀မ္၀မ္၏နွလံုးသားထဲ အနည္းငယ္ကိုက္ခဲလာရသည္ ။

ထိုကဲ့သုိ ့ တစ္ကိုယ္ထီးတည္းေနတတ္သည့္စိတ္ေနစိတ္ထားမွာ ငယ္ငယ္ေလးကတည္းက အနားတြင္ မိဘေတြ ရွိမေနခဲ့ၿခင္းေၾကာင့္ ၿဖစ္လိမ့္မည္ ။ ဤကေလးက ေပးစြမ္းေနသည့္ခံစားခ်က္သည္ကား သူတစ္ေယာက္တည္း သီးၿခားရွိေနသလုိလုိ ၊ ကေလးတစ္ေယာက္တြင္ ရွိေနသင့္သည့္ လြတ္လြတ္လပ္လပ္ေပါ့ေပါ့ပါးပါး ဟန္ပန္မ်ိဳး ရွိမေန ။

ရီ၀မ္၀မ္ တိတ္တိတ္ေလးသက္ၿပင္းခ်လုိက္ၿပီး ထုိကေလး
ေရွ့တြင္ ထုိင္ခ်လုိက္၏ ။ လက္ကို ဆန္ ့ထုတ္လုိက္ကာ
သူ ့ေခါင္းေသးေသးေလးကို ပြတ္သပ္လုိက္ရင္း ။
“တန္တန္…မာမီက အတိတ္ကို မမွတ္မိေတာ့ဘူး ဆုိေပမယ့္လဲ
သားကုိ မာမီရဲ့အၾကိဳက္ဆံုးအစားအေသာက္နာမည္ - ၀က္ခ်ိဳခ်ဥ္ေလးလုိ ့ နာမည္ေပးထားခဲ့တာဆုိေတာ့ မာမီ သားကုိ အရမ္း အရမ္း အရမ္းၾကီးကို ခ်စ္လုိ ့ပဲၿဖစ္ရမယ္”

ေကာင္ငယ္ေလး၏ၾကည္လဲ့ေနသည့္မ်က္၀န္းတုိ့မွာ ၾကယ္ပြင့္ေလးမ်ားလုိ ရႊန္းစားလာေခ်ၿပီ….

……………………………………………………

စာစဥ္ ၃၇၊ အခန္း ၁၀ ။  အခုခ်က္ခ်င္း ထြက္လာစမ္း

ညဘက္ေရာက္ေသာ္ ။

စီမင္းလိ၏မိသားစုသည္ နုိင္ငံၿခားသို ့ ထြက္ေၿပးသြားခဲ့ေခ်ၿပီ ။ စီရီဟန္ တစ္ဖက္ထဲနွင့္ပင္ သူတုိ ့အား အေသတြယ္ဖုိ ့ လံုေလာက္ေနၿပီၿဖစ္ေလရာ နန္ ကလန္ပါ ပါလာဦးမည္ဆုိပါက မလြယ္ေခ်ဘူး မဟုတ္ပါလား ။

ေက်းဇူးတင္စရာေကာင္းစြာၿဖင့္ သူတုိ ့ သတိၾကီးၾကီး ထားခဲ့ၾက၍သာ ။ အၿမဲတေစ ေနာက္ကြယ္ကေနသာ ေနၿပီး လူလံုးထြက္မၿပခဲ့၍သာ ။ မဟုတ္ပါက သူတုိ ့အတြက္ ေၿပးစရာေၿမပင္ ရွိေတာ့မည္မဟုတ္ေပ ။

“လခြမ္း…အဲ့ဒီမိန္းမက ကံေကာင္းလွခ်ည္လား”
စီမင္းလိ ေဒါသထြက္ေန၏။

“အေဖ…အေရးအၾကီးဆံုးက က်ြန္ေတာ္တုိ ့ အာဏာၿပန္ရဖုိ ့ပဲ ။ က်ြန္ေတာ္တုိ ့ဆီမွာ လူၾကီးမင္း အဲရစ္ ရွိေနသေရြ ့ အေနွးနဲ့အၿမန္ က်ြန္ေတာ္တုိ ့ ၿပန္လာလုိ ့ရတယ္”
စီရိခ်န္က ေၿဖာင္းဖ်ေနသည္ ။

“သြားမယ္” စီမင္းလိသည္ အံကိုတင္းေနေအာင္ ၾကိတ္ၿပီး စိတ္မပါလက္မပါၿဖင့္ ဟယ္လီေကာ္ပတာေပၚ တက္သြား၏ ။

သူတုိ ့ေအာက္က အင္ပါရီယာၿမိဳ့ေတာ္ၾကီးသည္ တစ္စတစ္စ ေ၀းသထက္ေ၀းလာသည္ကုိ ၾကည့္ေနမိရင္း သူ ့မ်က္လံုး ထဲတြင္ မည္းသထက္မည္းေမွာင္လုိ ့လာေခ်ၿပီ ။

စီရီဟန္ နဲ ့ အဲ့ဒီေခြးမ…ငါ ေသခ်ာေပါက္ကုိ ၿပန္လာမယ္ ။

….

တုိင္းၿပည္ M ။

အခန္းက်ယ္ၾကီးတစ္ခုတြင္ လံုး၀အတိ တိတ္ဆိတ္ၿငိမ္သက္ ေန၏ ။

ဆုိဖာေပၚတြင္ကား အလုိမက်မႈန္မိႈင္းသည့္အမူအရာၿဖင့္
စီရီဟန္ ထုိင္လုိ ့ေနသည္ ။

ထိုလူ၏အေရွ့တြင္ အနက္ေရာင္၀တ္စံုနွင့္ လူငယ္ေလးသည္ အေနၾကပ္သည့္ဟန္ၿဖင့္ တင္ၿပေနသည္ ။
“သခင္မေလးက အိမ္ေတာ္ေလးကို ၿပန္ေရာက္သြားပါၿပီ ။
က်ြန္ေတာ္တုိ ့လူေတြ ေရာက္မသြားခင္ ၿပန္သြားတာပါ ။ သခင္မေလးကို ကူညီေပးတဲ့ေနာက္ထပ္အင္အားၾကီးတစ္ဖြဲ ့ ေပၚလာပါတယ္ ။ အဲ့ဒီအဖြဲ ့ ဘယ္ကေန ေရာက္လာတာလဲ ဆုိတာကိုေတာ့ က်ြန္ေတာ္တုိ ့ စံုစမ္းလုိ ့ မရေသးပါဘူး ။ သိပ္မၾကာခင္မွာေတာ့ က်ြန္ေတာ္တုိ ့သိရေတာ့မွာပါ”

နွင္းဆီအိမ္ေတာ္ထဲက လူငါးေယာက္သည္ သိုင္းပညာရွင္မ်ား ၿဖစ္ၾကေသာ္လည္း သတိၾကီးၾကီးထားသည့္အေနၿဖင့္
စီရီဟန္သည္ သူ ့လူကုိ တိတ္တိတ္ေလး လႊတ္ထားခဲ့ပါ၏ ။

အေစာပိုင္းက သူ ့လူေတြ ေရွ့ထြက္မလာခဲ့ၿခင္းမွာ ေနာက္ကြယ္က ၾကိဳးကုိင္သူ မည္သူမည္၀ါဆုိသည္ကို စီရီဟန္ သိခ်င္ေနၿခင္းေၾကာင့္ ့္ၿဖစ္၏ ။ ထုိသို ့မဟုတ္ပါက ေပါင္းပင္တုိ ့ကို မရွင္းမိဘဲ ၿမက္တုိ ့ကိုသာ ခုတ္မိသကဲ့သုိ ့ ၿဖစ္ေပလိမ့္မည္  - ထုိသုိ ့ဆုိပါလ်ွင္ ေနာင္တြင္ ၿပသနာတုိ ့ မဆံုးနုိင္ေအာင္ ၿဖစ္လာေပလိမ့္္မည္ပင္ ။

သုိ ့ေသာ္ သူ ့လူေတြ မလႈပ္ရွားလုိက္ရခင္ ေနာက္ထပ္အဖြဲ ့တစ္ခုသည္ ဘယ္ကမွန္းမသိဘဲ ေပၚထြက္လာခဲ့ေလရာ…

စီရီဟန္သည္ စိတ္မသက္သာမႈကို ၿပလ်က္ ေအးစက္ေနသည့္ ေကာ္ဖီမွန္စားပြဲအား တေတာက္ေတာက္ ေခါက္ေနသည္ ။

သူမသည္ လံုး၀ကုိ ေဘးကင္းလံုၿခံဳေနသည္ကုိ
သူ သိေနေသာ္လည္း သူ ့ရင္ထဲတြင္မူ ေလးလံသည့္ခံစားခ်က္တုိ ့ၿဖင့္ ၿပည့္ေန၏…

....

ရီ၀မ္၀မ္သည္ ထုိကေလးအား ေခၚသြားၿပီးသည့္ေနာက္ ေနာက္ထပ္ၿပသနာတစ္ခုနွင့္ ရင္ဆုိင္ေနရ၏ ။ ဤသည္မွာ…

တန္တန္ ဘယ္မွာ ေနမွာလဲ ။

စီရီဟန္သည္ မၾကာခင္ ၿပန္လာေတာ့မည္ ။ သို ့ၿဖစ္၍
တန္တန္ သူမနွင့္ ေနပါက အဆင္ေၿပလိမ့္မည္မဟုတ္ေပ ။
စီရီဟန္သာ သူ ့ကို ၿမင္ေတြ ့သြားပါက…

သို ့ေသာ္လည္း သူမအေနၿဖင့္္ ဒီေလာက္ငယ္ရြယ္သည့္ကေလးေလး တစ္ေယာက္ကို တစ္ေယာက္ထဲ ပစ္မထားရက္ပါေခ် ။
ထုိ ့ၿပင္ သူသည္ သူ ့အေမကို ေတြ ့ဖုိ ့ရာအတြက္ ဒီကို ေရာက္ခ်လာခဲ့ၿခင္း မဟုတ္ပါလား ။

“တန္တန္…ထုိင္ေနဦးေနာ္ ။ မာမီ ကိစၥတစ္ခ်ိဳ ့ သြားေၿဖရွင္းလုိက္ဦးမယ္ ။ ခနေန ၿပန္လာမယ္ေနာ္”
ရီ၀မ္၀မ္သည္ ႏူးညံ့ၾကင္နာစြာ ေၿပာဆုိလိုက္လ်ွင္။

နန္တန္ေရွာင္ ။  “ဟုတ္ကဲ့”

ရီ၀မ္၀မ္သည္ သူမဖုန္းကို ထုတ္ယူလိုက္ၿပီး ၿခံထဲ ထြက္လုိက္၏ ။

သူမ၏အေနာက္တြင္မူ နန္တန္ေရွာင္သည္ အေလာသံုးဆယ္ ထြက္သြားသည့္မိန္းကေလး၏ေနာက္ေက်ာအား ၾကည့္ေနရင္း ေခါင္းငိုက္စုိက္က်သြားေခ်သည္ ။

ရီ၀မ္၀မ္ ၿခံ၀င္းထဲေရာက္သြားသည့္ေနာက္ ခ်က္ခ်င္းပင္
ထုိငါးေယာက္နွင့္ ဖြဲ ့ထားသည့္ WeChat ဂရုအား ဖြင့္လုိက္ၿပီး ေဒါသတၾကီး စာရုိက္လုိက္၏ -
[ေက်ာ္ၾကားေသာ ရီ ။ အ . မည္ . မ . ရွိ . ေသာ . နန္…အခုခ်က္ခ်င္း ထြက္လာစမ္း…]

အဖြဲ ့သည္ကား တိတ္ဆိတ္ေနၿမဲ ။
တစ္ေယာက္တစ္ေလမ်ွပင္ စကားၿပန္ေၿပာၿခင္း မရွိလာေပ ။

ရီ၀မ္၀မ္ထံတြင္ ေရြးခ်ယ္စရာမရွိေတာ့ ။
အံကို ၾကိတ္လုိက္ၿပီး အနီေရာင္စာအိတ္တစ္အိတ္ကို
ပို ့ေပးလုိက္၏ ။

အဆံုးထိတုိင္ မည္သူကမွ ထုိအနီေရာင္စာအိတ္ကို ယူၿခင္း မရွိခဲ့ေပ ။

မ်က္နွာမႈန္သုန္လာလ်က္ ေဒၚလာ တစ္ရာတန္ စာအိတ္တစ္အိတ္ကုိ ရီ၀မ္၀မ္ ထပ္ပို ့ေပးလုိက္ၿပန္သည္ ။

သို ့တုိင္ တစ္ေယာက္မွ မယူဆဲ ။

တိတိက်က်ေၿပာရပါလ်ွင္ မည္သူကမွ မယူ၀့ံၿခင္းပင္ ။

ဤအခုိက္အတန္ ့၊ အင္ပါရီယာၿမိဳ့ေတာ္က တစ္ခုေသာတံတားေအာက္တြင္ လူငါးေယာက္သည္ တိတ္တိတ္ေလးပြစိပြစိေၿပာဆိုေနၾကသည္ ။

WeChat ဂရုထဲက ထုိမက္ေဆ့တုိ ့ကို ဖတ္ၾကည့္ၿပီးသည့္ေနာက္ အမည္မရွိေသာနန္၏လက္တုိ ့မွာ တဆတ္ဆတ္တုန္ရီေနသည္ ။
သူ ့လူေတြကို ၾကည့္လုိက္ၿပီး…။
“မင္းတုိ ့ေတြ ေက်ာ္ၾကားေသာရီ ဆီကို ၿပန္သြားၾက”

အနီေရာင္စာအိတ္အား ယူလုိက္ေတာ့မည့္နီးနီးၿပဳေနသည့္ ပန္းစည္းမွာ ခ်က္ခ်င္းပင္ ေၾကာက္လန္ ့တၾကား လက္ကို ေနာက္ၿပန္ဆုတ္သြားၿပီး ေခါင္းကို ခါယမ္းၿပလာေတာ့သည္ ။
“ဘယ္လုိေၿပာလုိက္တယ္ ။ က်ြန္ေတာ္…က်ြန္ေတာ္ မသြားဘူးေနာ္ ။ နံေစာ္ေနတဲ့ သူေတာ္စင္…မင္း သြားလုိက္ ။ ၿမန္ၿမန္ေလး…ကပၸတိန္ မင္းကို ေခၚေနတယ္ ။ မင္းက ကပၸတိန္ရဲ့အားအကုိးရဆံုး လက္ရံုးပဲေလ…ဟဲဟဲ”

………………………………………………………

စာစဥ္ ၃၇၊ အခန္း ၁၁ ။ ေနာက္ေနတာပဲၿဖစ္ရမယ္

သူေတာ္စင္က သူ ့အား ၾကည့္လာသည္ ။
“မသြားဘူး..ငါက ဘာလုိ ့လဲ ။ ဘာလို ့ ငါက သြားရမွာလဲ ။ ေသာက္ေၿခာက္ေကာင္…မင္း ၿပန္သြားလုိက္ ။ မင္းကမွ ကပၸတိန္အေပၚ ကို သစၥာအရွိဆံုးနဲ ့ အခ်စ္ဆံုးမဟုတ္ဘူး လား ။ မင္း သူ ေသမွာကို မကယ္ဘဲ ထုိင္ၾကည့္ေနုနိုင္လို ့ ့လား”

ပန္းစည္းက တဟြတ္ဟြတ္ေခ်ာင္းဆုိးကာ ေၿပာလာသည္ ။
“ဘာလဲ…တရုတ္စကားပံုရွိတယ္ေလ…လင္မယားဆုိတာ က ကိႏၵရီ ကိႏၵရာေမာင္နွံလိုပဲ ဆုိေပမယ့္လုိ ့ အသက္ေသရင္ေတာ့ ကုိယ့္လမ္းကိုယ္ ပ်ံသန္းသြားၾကရမယ္ ဆုိတာေလ…”

သူေတာ္စင္က စိတ္ပ်က္သည့္အၾကည့္တို ့ကို ေပးလာရင္း ။
“ကပၸတိန္…အခု သူ့ရဲ့စိတ္ထားအစစ္ကို ၿမင္ၿပီလား”

အမည္မရွိေသာနန္က သူတုိ ့နွစ္ဦးအား ၾကည့္လာၿပီး၊ ေနာက္ အုတ္သယ္သည့္နုိင္ငံၿခားသားဘက္ လွည့္ၾကည့္လာသည္ ။
“ခ်စ္စရာေလး…ေက်ာ္ၾကားေသာရီ ဆီကို ၿပန္သြားလုိက္”

အုတ္သယ္သည့္နုိင္ငံၿခားသားက ခပ္ၿပတ္ၿပတ္ေၿပာလာသည္ ။
“ကပၸတိန္ရာ က်ြန္ေတ္ာ မကူညီခ်င္လုိ ့မဟုတ္ပါဘူး ။
ဒါေပမယ့္ က်ြန္ေတ္ာ့ရ့ဲတရုတ္စကားက သိပ္မေကာင္းဘူး ။
ကပၸတိန္ ခ်ီးစားခ်င္လား…က်ြန္ေတာ္ သြား၀ယ္ေပးမယ္”

ခ်စ္စရာေလးကား ေပ်ာက္ခ်င္းမလွေပ်ာက္သြားေခ်ၿပီ ။

ထို ့ေနာက္
“ဘုတ္” အသံတစ္သံ ထြက္လာသည္ ။
ေရခဲတံုးေယာက္်ားသည္ ထမ္းစင္ေပၚ ပစ္လွဲခ်လုိက္ၿခင္းပင္ ။

အမည္မရွိေသာနန္ ေဒါသထြက္လြန္း၍ ေသြးအန္လုနီးနီးၿဖစ္သြား၏ ။
“မင္းတုိ ့ေခြးေကာင္ေတြ…တစ္ေကာင္၊ နွစ္ေကာင္၊ သုံးေကာင္၊ ေလးေကာင္စလံုး - တစ္ေကာင္မွကို သံုးစားမရဘူး”

အေ၀းေရာက္ကာ အဆက္အသြယ္ၿပတ္ေနသည့္ ဖန္ရႊမ္းယီ သာလွ်င္ သူ ့အဖုိ ့ တစ္ေယာက္တည္းေသာ ယံုၾကည္စိတ္ခ်ရသည့္သူ ၿဖစ္ေခ် သည္…

ကပၸတိန္ၿဖစ္ရတာ ဘာလုိ ့အဲ့ေလာက္ေတာင္ ခက္ခဲရတာလဲ ။

အမည္မရွိေသာနန္ ၏ ေခါင္းတုိ ့ ပူထူေနခ်ိန္
WeChat  မက္ေဆ့သံတုိ ့ မရပ္တန္းၿမည္လာၿပန္သည္ ။

[ေက်ာ္ၾကားေသာရီ ။ အမည္မရွိေသာနန္…ဒါ ဘာသေဘာ လဲ ။ က်ြန္မက အားႏြဲ ့တဲ့မိန္းကေလးပါေနာ္၊ ဒါကိုေတာင္ အဲ့ဒီကေလးရဲ့အေမေနရာကေန ဟန္ေဆာင္ေပးဖုိ ့ သေဘာေကာင္းေကာင္းနဲ ့ ကူညီေပးခဲ့တယ္ ။
ရွင္ နဲနဲေလာက္ေတာ့ က်ြန္မနဲ ့ ေကာင္းေကာင္းေလး ပူးေပါင္းေပးပါလား…ဟမ္]

[ေက်ာ္ၾကားေသာရီ ။ အခုက်ေတာ့ ရွင့္တူက ေပၚခ်လာၿပီ.. ရွင္ကေတာ့ တစ္ခြန္းမွကို ၾကိဳေၿပာမထားဘူး ။ သူ ့ကို တစ္ေယာက္ထဲထားခဲ့ၿပီး ေတာ့ ထြက္ပါေၿပးသြားေသးတယ္ ။ ရုတ္တရက္ၾကီးေပၚခ်လာတဲ့သား ကုိ ေၾကာင္ၾကည့္ေနမိ ေအာင္ လုပ္တာ - က်ြန္မ စိတ္ကုိ မၿပင္ထားရ ေသးဘူး သိလား]

[ေက်ာ္ၾကားေသာရီ ။ က်ြန္မရဲ့ရည္းစားၿမင္သြားရင္ အၿပင္က လူရုိင္းၾကီး တစ္ေယာက္နဲ ့ရထားတဲ့ကေလးလုိ ့ ထင္သြားရင္ ဘယ့္နွယ့္လုပ္မလဲ. ဟမ္]

[ေက်ာ္ၾကားေသာရီ ။ အဲ့ဒါက အဓိကမဟုတ္ေသးဘူး ။
အဓိကအခ်က္က သူ ့ရဲ့ခ်စ္လွစြာေသာဦးေလးေတာ္က လံုး၀ကို ေပ်ာက္ေနတာပဲ ။ ရွင္ က်ြန္မကို လာေနာက္ေနတာ လား]

ရီ၀မ္၀မ္သည္ လံုး၀ကို ေဒါသထြက္ေနၿပီး ေပါက္ကြဲမတတ္ၿဖစ္ရင္း စာရုိက္ေနၿခင္းပင္ ။

အမည္မရွိေသာနန္နွင့္ တၿခားသူတို ့မွာ တုန္ရီေနၾကေခ်ၿပီ ။ တစ္ေယာက္ကမွ စာၿပန္ရဲၿခင္းမရွိၾက ။

[ေက်ာ္ၾကားေသာရီ ။ သံုးအထိ ေရလို ့မွ ရွင္တုိ ့ထြက္္မလာဘူးဆုိရင္ က်ြန္မအဆုိးမဆုိနဲ ့ေတာ့]

[ေက်ာ္ၾကားေသာရီ ။ ၃ ]

[ေက်ာ္ၾကားေသာရီ ။ ၂ ]

[ေက်ာ္ၾကားေသာရီ ။ ၁ ]

ပန္းစည္းနွင့္ သူေတာ္စင္သည္ကား ေနရာတြင္ ရွိမေနသေယာင္ အစြမ္းကုန္ၾကိဳးစားရင္း ေထာင့္နားတြင္ ၿငိမ္ကုပ္ေနၾကေခ်ၿပီ ။

အဲ့ဒီလူေသေကာင္ကုိ မနာလုိလုိက္တာ - ဒီလုိေနရာမွာက် ထမ္းစင္က အသံုး၀င္သားပဲ…

အမည္မရွိေသာနန္ အသက္ကုိ ၿပင္းၿပင္းရွဴရိႈက္လုိက္၏ ။
သူ ့တြင္ ေရြးခ်ယ္စရာမရွိေတာ့ ။ ကပၸတိန္တစ္ေယာက္အေနၿဖင့္ မေကာင္းဆုိး၀ါးေလး၏ ဦးေလးတစ္ေယာက္အေနၿဖင့္ ဒီၿပသနာကို ေၿဖရွင္းေပးဖို ့
သူ ့တြင္ တာ၀န္ရွိေခ်သည္…

ရီ၀မ္၀မ္ ဖုန္းကို စူးစူးစုိက္စုိက္ၾကည့္ေနသည္ ။

သူမ ေရၿပီးသြားသည့္ခ်ိန္ WeChat ဂရုထဲတြင္ မက္ေဆ့တစ္ေစာင္ ထြက္လာသည္ ။

[သင္၏သူငယ္ခ်င္း အမည္မရွိေသာနန္ WeChat ဂရုကေန ထြက္သြားပါၿပီ]

ရီ၀မ္၀မ္ ။  “…”

ေထာင့္နားတြင္ သြားကုပ္ေနၾကသည့္ ပန္းစည္း နွင့္ သူေတာ္စင္ ။  “…”

ေသာက္က်ိဳးနဲ…။

ကပၸတိန္က မ်က္နွာမေၿပာင္လြန္းဘူးလား ။
က်ြန္ေတာ္တုိ ့ကို ဒီလုိမ်ိဳး ၀ံပုေလြဂူထဲ ပစ္ထည့္သြားလုိ ့မရဘူးေလ…။

[သင့္ရဲ့သူငယ္ခ်င္း ပန္းစည္း WeChat ဂရုကေန ထြက္သြားပါၿပီ]

[သင့္ရဲ့သူငယ္ခ်င္း သူေတာ္စင္ WeChat ဂရုကေန ထြက္သြားပါၿပီ]

[သင့္ရဲ့သူငယ္ခ်င္း ခ်စ္စရာေလး ေအစင္ေဂ်ာ္ဒန္ WeChat ဂရုကေန ထြက္သြားပါၿပီ]

…..

အသိေပးခ်က္စာတုိ ့ တစ္ခုၿပီးတစ္ခု ေပၚထြက္လာၾကသည္ ။ ေနာက္ဆံုးတြင္ေတာ့ အသက္လုေၿပးဖုိ ့ပင္ ပ်င္းလွသည့္ ေနာက္ဆံုးအဆင့္ အပ်င္းကင္ဆာေရာဂါသမားသာလ်ွင္ က်န္ခဲ့ေတာ့သည္ ။

“အစုတ္ပလုတ္ေကာင္ေတြ…ငါ့ကို အဆံုးထိေရာက္ေအာင္
တြန္းပို ့ေနၾကတယ္ ။ နင္တုိ ့မွာ အသည္းနွလံုးမရွိဘူး ဆုိမွေတာ့
ငါ့ကို မၾကင္နာတတ္ဘူးလုိ ့ လာၿပီး အၿပစ္မတင္နဲ့”

ရီ၀မ္၀မ္ အံကုိတင္းေနေအာင္ ၾကိတ္ထားသည္ ။
ေဒါသတုိ ့ၿဖင့္ ၾကိတ္မနုိင္ခဲမရၿဖစ္လ်က္ ဧည့္ခန္းဆီသုိ ့ ေလ်ွာက္သြားေခ်ၿပီ ။

ငါ သူ ့အေမအၿဖစ္ကေန ၿပတ္ၿပီ ။

ရီ၀မ္၀မ္ ဧည့္ခန္းဆီသုိ ့ ေဒါနဲ့ေမာနဲ ့ ၿပန္သြားရင္း
နန္တန္္ေရွာင္ဆီသုိ ့ ေလ်ွာက္သြားကာ… ။
“တန္တန္…သားကုိ ေၿပာစရာရွိတယ္”

ရီ၀မ္၀မ္သည္ အၿပင္ထြက္သြားသည္မွာ အခ်ိန္ေတာ္ေတာ္ၾကာခဲ့၏ ။ ထုိကေလးေလးသည္ ဆုိဖာေပၚတြင္ ၿငိမ္ၿငိမ္သက္သက္ေလးထုိင္ကာ သူမအား ေစာင့္ေနခဲ့ၿခင္း ၿဖစ္ၿပီး သူမ အထဲကို ၿပန္လာေနသံကုိ ၾကားလုိက္သည္နွင့္ ခ်က္ခ်င္းပင္ ေခါင္းေလးလွည့္လာသည္။ အိပ္မႈန္စုန္၀ါး မ်က္၀န္းေလးမ်ားၿဖင့္လက္ေသးေသးေလးကို
ဆန္ ့ထုတ္လာကာ ကေလးသံေလးၿဖင့္  ၿပန္ေၿပာလာသည္ ကား…“မာမီ…”

“အင္း…”

ရီ၀မ္၀မ္ ေၿပာခ်င္ေနသည့္စကားလံုးတို ့မွာ ခ်က္ခ်င္းပင္ လည္ေခ်ာင္း၀၌ တစ္သြားရေတာ့၏ ။

………………………………………………………

စာစဥ္ ၃၇၊ အခန္း ၁၂ ။ ထပ္စြန္ ့ပစ္ဦးမွာလား

အိပ္ခ်င္မူးတူးၿဖင့္ မ်က္လံုးတို ့ကို ပြတ္သပ္ရင္း
သူမအား မာမီ ဟု ေခၚလာသည့္ ေပါက္စီေလးဟန္ရွိေသာ ဆုိဖာေပၚက ထုိေကာင္ေလးအား ၾကည့္ေနမိရင္း ရီ၀မ္၀မ္၏ေဒါသတုိ ့မွာ ခ်က္ခ်င္း ၿပယ္လြင့္သြားခဲ့ေခ်ၿပီ။ သူမ၏နွလံုးသားတစ္ခုလံုး ရႈပ္ယွက္ခတ္ေနသလုိ သူမ ခံစားေနမိ၏ ။

နန္တန္ေရွာင္က ေမးလာသည္ ။
“အေရးၾကီးလားဟင္”

ရီ၀မ္၀မ္၏လ်ွာဖ်ားထက္က စကားလံုးတုိ ့သည္
ခ်က္ခ်င္းပင္ ေၿပာင္းလဲသြားေတာ့ေခ်သည္ ။
“ဟုိေလ…မာမီ ေၿပာခ်င္တာက…အရြယ္ေရာက္တဲ့ကေလး တစ္ေယာက္ က အိပ္ရာ၀င္ေနာက္က်လုိ ့မရဘူး - ဒါက အရမ္းကို အေရးၾကီးတာေပါ့ ။ အိပ္ဖုိ ့အတြက္ မာမီ သားကုိ အေပၚထပ္ေခၚသြားေပးမယ္ေနာ္”

နန္တန္ေရွာင္ ။  “ဟုတ္”

သုိ ့ၿဖင့္ သူ ့အား ေမာင္းထုတ္ပစ္ခ်င္ခဲ့သည့္ ရီ၀မ္၀မ္မွာ ကေလးအား အိပ္စက္ဖုိ ့ရာအတြက္ အေပၚထပ္သို ့ ေခၚသြားေတာ့ေခ်သည္ ။

ဧည့္သည္အတြက္ ၾကိဳတင္မၿပင္ဆင္ထားခဲ့ရသၿဖင့္ နန္တန္ေရွာင္အား ဧည့္သည္ခန္းထဲတြင္သာ ေနရာခ်ေပး လိုက္၏ ။ ထို ့ၿပင္ သူတို ့သည္ ေတြ ့ဆံုခါစသာ ရွိေသးသၿဖင့္ အရမ္းၾကီး တရင္းတႏွီးေနမိလ်ွင္ ကေလးအတြက္ အသားမက်မည္ကုိ သူမ စိုးရိမ္ေနမိ၏ ။ သူ ့အတြက္ အသားက်ဖုိ ့ရာ အခ်ိန္တစ္ခု ေပးထားသည္က ပိုေကာင္းေပသည္ မဟုတ္ပါလား…

အဲ…ငါ ဘယ္လုိလုပ္ၿပီးေတာ့ သူ ့ကို ေနသားက်ေအာင္ လုပ္ေပးဖုိ ့ကို ေတာင္ စဥ္းစားေနမိတာလဲ ။ အခုနကပဲ ေမာင္းထုတ္ပစ္ဖုိ ့ စဥ္းစားထား တာမဟုတ္ဘူးလား ။

ရီ၀မ္၀မ္ ေကာင္ငယ္ေလးအား ေစာင္ၿခံဳေပးေနခ်ိန္ သူမဖုန္းကေန အသိေပးခ်က္သံ ထြက္လာသည္ ။ တစ္ေယာက္ေယာက္ သူမအား WeChat ကေန
စာပို ့လာသည့္ဟန္ပင္ ။

သူမနွင့္ ေရခဲတံုးေယာက်္ားသာလွ်င္ က်န္ခဲ့သည့္ဂရုအား ဖြင့္ၾကည့္လုိက္၏ ။ စာကား အနည္းငယ္သာ ရွိေနေခ် သည္…

[သင့္ရဲ့သူငယ္ခ်င္း လူေသေကာင္ က သင့္ရဲ့အနီေရာင္စာအိတ္ကို လက္ခံသြားပါၿပီ]

[သင့္ရဲ့သူငယ္ခ်င္း လူေသေကာင္က သင့္ရဲ့အနီေရာင္စာအိတ္ကုိ လက္ခံသြားပါၿပီ]

[သင့္ရ့ဲသူူငယ္ခ်င္း လူေသေကာင္ အဖြဲ ့ကေန ထြက္သြားပါၿပီ]

….

ရီ၀မ္၀မ္ ။  “…”

ေသာက္က်ိဳးနဲ…။

ဒီကမ႓ာေပၚမွာ ဒီေလာက္အရွက္မရွိတဲ့သူမ်ိဳး ရွိေသးတယ္လား ။
အဖြဲ ့ထဲကေန မထြက္သြားခင္ အနီေရာင္စာအိတ္ေတြအကုန္လံုးကုိပါ သမသြားေသးတယ္…။

သူမသည္ မတူညီသည့္ပိုက္ဆံပမာဏတုိ ့နွင့္ စာအိတ္နွစ္အိတ္ ပုိ ့ထားခဲ့ၿခင္း ၿဖစ္သည္ ။ ထုိေယာက်ာ္းသည္ တစ္ၿပားတစ္က်ပ္ပင္ မက်န္ေစရဘဲ အကုန္သမသြားခဲ့ေခ်ၿပီ ။

ရီ၀မ္၀မ္ ဖုန္းကို တင္းက်ပ္ေနေအာင္ ဆုပ္ကိုင္ထား၏ ။ သူမ၏ေဒါသေရဆူမွတ္မွာ ရုတ္ၿခည္းပင္ ၁၀၀ အထိ ေရာက္သြားခဲ့ေခ်ၿပီ ။

ေသာက္က်ိဳးနဲ…။ ငါ ဒါကို ၿငိမ္ခံေနမယ္ဆုိရင္
ငါ့မ်ိဳးရုိး ရီ မဟုတ္ေတာ့ဘူး ။

ေနာက္တစ္စကၠန္ ့တြင္ အိပ္ရာေဘာင္ေပၚ လက္ေလးက် ေနၿပီး ေစာင္ၿခံဳကာ လွဲေနသည့္ထုိကေလးေလးေပၚ မ်က္လံုးတို ့ က်ေရာက္သြား၏ ။

ခ်က္ခ်င္းပင္ သူမ၏မ်က္နွာေပၚက ေဒါသထြက္ေနသည့္အၾကည့္သည္ ႏူးညံ့ညင္သာသည့္အၾကည့္ဆီ ေၿပာင္းသြားခဲ့ေခ်ၿပီ ။ ထိုကေလးေလးကို လန္ ့ေအာင္ လုပ္မိသြားမွာပင္ စိုးေနမိ၏ ။

*အဟမ္း အဟမ္း*
“တန္တန္…အိပ္ေတာ့ေနာ္ ။ ဂြတ္နုိက္ ပါ”

“ဂြတ္နုိက္…မာမီ”

ရီ၀မ္၀မ္ သူ ့အား ေစာင္ၿခံဳေပးလုိက္ၿပီးေနာက္ မီးပိတ္ပစ္လုိက္၏ ။

ထြက္သြားေတာ့မည္အၿပဳ၊ သူမအေနာက္ဘက္က ေကာင္ငယ္ေလး သည္ ရုတ္တရက္ၾကီး သူမအား လွမ္းေခၚလာသည္ ။

“မာမီ”

ရီ၀မ္၀မ္ ေၿခလွမ္းရပ္သြား၏ ။  “တန္တန္…ဘာၿဖစ္လုိ ့လဲ”

အေမွာင္ထဲတြင္ ေကာင္ငယ္ေလး၏ငယ္ရြယ္ၿပီး မရင့္က်က္ေသး သည့္တုိင္ ေအးစက္ၿပီး ေ၀းကြာလွသည့္အသံကို သူမ ၾကားလုိ ့ရ၏ ။
“…မာမီ သားကို ထပ္စြန့္ပစ္ဦးမွာလား”

ထုိသည္ကို ၾကားလုိက္သည့္အခုိက္ ရီ၀မ္၀မ္၏နွလံုးသားေလး
ဒုတ္ခနဲ တစ္ခ်က္ခုန္တက္သြားၿပီး အတုိင္းထက္အလြန္ အၿပစ္ရွိသလုိ ခံစားမိသြား၏ ။

သူ တစ္ခုခုကို သိသြားတာမ်ားလား ။

ရီ၀မ္၀မ္ ။  “ဘယ္ကသာ…မစြန္ ့ပစ္ေတာ့ပါဘူး…”

ငါသာ မင္းအေမ ၿဖစ္လုိ့ကေတာ့ ဘယ္ေတာ့မွ ဘယ္ေတာ့မွကို မစြန္ ့ပစ္ေတာ့ဘူး ။

….

နန္တန္ေရွာင္၏အမူအရာေလးသည္ ရီ၀မ္၀မ္၏အစီအစဥ္မ်ားစြာကို ေမႊေနွာက္ပစ္နုိင္ခဲ့ေခ်သည္ပင္ ။

တစ္ေယာက္ေသာသူသည္ မယံုၾကည္စိတ္မခ်ရၿခင္းေၾကာင့္ သူမဘာသာ အြန္လိုင္းေပၚ တက္ၿပီး ကေလးေစာင့္ေရွာက္နည္းကုိ ေလ့လာကာ ေက်ာက္ေက်ာက္နွင့္ဖက္တီးအား လုိအပ္သည္မ်ား ၀ယ္ခုိင္းလိုက္ရ၏ ။

အြန္လိုင္းေပၚတြင္ ေလ့လာေနရင္း
သူမ တစ္ခုကို ေတြးမိသြားသၿဖင့္
နန္ ကလန္အေၾကာင္းကိုပါ ရွာေဖြၾကည့္လုိက္၏ ။ အမည္မရွိေသာနန္ ၏ နာမည္နွင့္ နန္တန္ေရွာင္၏ နာမည္ကိုပါ ရွာေဖြၾကည့္လုိက္သည္ ။

ထင္သကဲ့သို ့ပင္ သူမ ရရွိသည့္သတင္းတို ့သည္ကား အခ်ည္းနွီး ။

အမည္မရွိေသာ နန္ နွင့္ သူ ့အဖဲြ ့၏ ေနာက္ေၾကာင္းသည္ မရုိးရွင္းဟု သူမ မွန္းဆထားၿပီးသားပင္ ။ နန္တန္ေရွာင္၏ကိုယ္ရံေတာ္နွစ္ေယာက္က ကယ္ဆယ္သြားၿပီးသည့္ ေနာက္တြင္မူ သူမ၏သံသယတို ့မွာ ခုိင္ၿမဲသြားရ၏။

သူမသည္ ဒီလူေတြကို မေတ္ာတဆ ေတြ ့ဆံုခဲ့မိၿခင္းသာ ၿဖစ္၍ ထိုအေၾကာင္းကို မ်ားမ်ားစားစားမေတြးေတာမိခဲ့သလုိ သူတို ့နွင့္ အရမ္းရင္းရင္းနွီးနွီးမေနလုိပါေခ် ။ ဤကေလးနွင့္ ပတ္သက္ေနရသည္ ဆုိလွ်င္ေတာင္ အမည္မရွိေသာနန္သည္ သူ၏အေမအရင္းကို ရွာေတြ ့သြားၿပီးပါက
သူမတုိ ့တြင္ တစ္ေယာက္နွင့္တစ္ေယာက္ ပတ္သက္စရာ လုိေတာ့မည္မဟုတ္ေပ…

အေကာင္အထည္ေဖာ္မရသည့္အေၾကာင္းၿပခ်က္တခ်ိဳ ့ ့ေၾကာင့္ တန္တန္နွင့္ ေတြ ့ရၿပီးသည့္ေနာက္တြင္
သူမရင္ထဲ ထူးထူးဆန္းဆန္း စိတ္ရႈပ္ေထြးေနမိေခ်သည္…

………………………………………………………ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ vote and comment ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘

Goddess > စာစဥ္ ၃၇ တစ္ခုလံုးကို တစ္ခါတည္း အၿပီးဖတ္လိုပါက ၅၀၀ က်ပ္ ထဲနဲ႔ ဖတ္လို႔ရပါၿပီ ။

......

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :   37
Chapter.          :  7 - 12
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၇၊ အခန်း ၇ ။ မာမီ့ဆီကို အလည်လာမယ်

မာ-မာမီ…။

မိုးကြိးကြီးကိုးချက် တစ်ပြိုင်တည်းအပစ်ခံလိုက်ရသလို
ရီဝမ်ဝမ် ခံစားလိုက်ရသည် ။

တစ်ချိန်တည်းမှာပင် ဦးနှောက်ကနေ အချိတ်အဆက်တို့ကို စဉ်းစားနေမိ၏…

ဒီကလေးရဲ့မျိုးရိုးက နန် လို့ပြောတယ် ။

ရီဝမ်ဝမ်သည် သူ့အား မြင်မြင်ချင်း အလွန်တရာရင်းနှီးနေမိသလို ခံစားမိခဲ့၏ ။ အခုတွင် သူသည် သူမ၏သားပါဟု ရုတ်တရက်ကြီး ပြောလာချေပြီ…

ငါ့မှာ တကယ်ကို သားမရှိပါဘူး ။

ဒါဆို…

ဒီ…ဒီကလေးက…အမည်မရှိသောနန်ရဲ့တူလေး…များလား…။

ထိုအချိန်က အရာအားလုံးသည် ရှုပ်ယှက်ခတ်နေသဖြင့်
သူမ များများစားစားမတွေးတောမိခဲ့ပါချေ ။

ထိုစဉ်က သူမသည် ထိုကလေးကို ဗွီဒီယိုကောကနေ မြင်တွေ့ခဲ့ချိန်
သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမတွေ့ခဲ့ရပါချေ ။ ထို့အပြင် ၊ ဤကလေး၏ဝတ်ထားပုံတို့သည် ထိုဗွီဒီယိုကောလ်ထဲက ကလေး၏ ဝတ်ပုံစားပုံနှင့် ကွဲပြားလှချေသည် -
ထိုစဉ်က ဝတ်စားထားသည်မှာ တစ်ကိုယ်လုံးအနက် ဖြစ်၏ ။ ထို့ကြောင့် အခုချိန်တွင် သူ့အား အလွန်အမင်းရင်းနှီးသည် ဟုသာ ခံစားမိခဲ့ပြီး မည်သူမည်ဝါမှန်းကို
သူမ လုံး၀ ပုံဖော်လို့မရခဲ့ခြင်းပင် ဖြစ်၏ ။

အရေးကြီးဆုံးသောအချက်မှာ သူမကိုယ်သူမ ကြိုတင်ပြင်ဆင်ချိန်ရအောင် အမည်မရှိသောနန်က အဘယ်ကြောင့်များ သူမကို ကြိုတင်အကြောင်း မကြားထားလေသနည်း ။

ထို့ကြောင့်ပင် ဒီကလေးသည် အမည်မရှိသောနန်၏တူလေး ဖြစ်ကြောင်း ကို သူမ လုံးဝမတွေးမိခဲ့ခြင်းဖြစ်၏ ။

ထိုအခိုက်အတန့်တွင် သူမအရှေ့ကကလေးအား ဗလာဟင်းလင်းအသိဖြင့် စူးစိုက်ကြည့်နေမိပြီး
ရီဝမ်ဝမ် ရူးမတတ်ဖြစ်နေမိချေပြီ ။

အဲ့ဒီအရူးကောင် အမည်မရှိသောနန် တော့လား ။ ဘယ်လိုလုပ်ပြီး ငါ့ကို လုံးဝကြိုမပြောထားတာလဲ ။ ငါ့စိတ်ကို လုံးဝကို မပြင်ထားရသေးဘူး ။
ဒီမှာ ဘာတွေဖြစ်နေသလဲ တစ်ယောက်လောက် ငါ့ကို ပြောပြကြပါလား ။ ငါ အခု ဘာလုပ်ရမလဲ ။

မယုံနိုင်စရာကောင်းလွန်းအားကြီးတယ် ။
ငါ ဒီတိုင်းတိတ်တိတ်လေးနေပြီး ဘာမှမလုပ်ဘဲနေလိုက်ရမလား ။

ထိုကလေးသည်ကား အခုထိတိုင် လက်လေးကို ကမ်းပေးထားဆဲ ။ သူ၏ခေါင်းသေးသေးလေးနှင့် သူမလေးအား ကြည့်နေဆဲပင် ။

ထိုကလေး၏လက်ဗလာလေးကို မြင်လိုက်ရသည့်အချိန်
ရီဝမ်ဝမ် အသိပြန်ကပ်လာပြီး စိတ်တို့နူးညံ့လာရ၏ ။
သူမလက်ကို ဆန့်ထုတ်ပေးလိုက်ပြီး ထိုကလေးလေး၏
လက်သေးသေးလေးကို နူးညံ့စွာ ဆွဲနှုတ်ဆက်လိုက်ရင်း ။
“မင်္ဂလာပါ…”

ကလေးလေးသည် ရီဝမ်ဝမ် ဆွဲကိုင်ထားသည့်သူ့လက်လေး အား စိုက်ကြည့်နေပြီး နှုတ်ခမ်းကို ဖိကိုက်လာသည် ။
သူ့ပုံစံလေးမှာ အရင်ကထက်ပင် ပိုလို့ချစ်ဖို့ကောင်းလာချေ သည် ။

တစ်ချိန်တည်းမှာပင် သူ့အနောက်က ကိုယ်ရံတော်နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် တအံ့တသြကြည့်နေကြလေပြီ ။
သခင်ငယ်လေးက တကယ်ပဲ…သူ့ကို ထိခွင့်ပေးလိုက် တယ်…

တန်ဘင်းနှင့် စုန့်ချန်းသည်လည်း စိတ်လှုပ်ရှားနေရာကနေ
အခုမှ စိတ်တည်ငြိမ်သွားရုံရှိသေး၊ နောက်ထပ်တစ်ဖန် စိတ်လှုပ်ရှားလာကြပြန်သည် - အခုတွင်တော့ သူတို့မှာ
လုံးဝကို ပါးစပ်အဟောင်းသားဖြစ်သွားကြခြင်းပင် ။

ဝိုး…ဒီကလေးက တကယ်ပဲ..တကယ်ပဲ သခင်မရဲ့သား လား…

သခင်မမှာ ဒီလောက်အရွယ်သားလေးတောင် ရှိနေပြီလား ။

ကြည့်ရတာ သခင်မက သူ့သားအရင်းကိုတောင် မမှတ်မိတဲ့ပုံပဲ ။

သခင်မကတော့ တကယ့်ကို သခင်မပါပဲလေ…အရမ်းကို မိုက်တယ်…

သခင်မနဲ့ဘယ်လိုများ ပတ်သက်နေသလဲလို့ ငါ တွေးနေတာ…ဟီး..

“မင်္ဂလာပါ” ဟု ပြောပြီးသွားသည့်နောက် ရီဝမ်ဝမ်မှာ ပြောစရာစကား ကုန်သွားပြီး ဘာဆက်ပြောရမလဲဟု အချိန်အကြာကြီးကြာအောင် အပြေးအလွှားစဉ်းစားနေ၏ ။ သို့တိုင် ၊ စကားတစ်ခွန်းမှပင် စဉ်းစားလို့ မရချေပြီ ။

ရီဝမ်ဝမ် ။  “အဟမ်း…နန်တန်ရှောင်၊ ဟုတ်တယ်နော်…တန်တန်လို့ ခေါ်မယ်နော် ၊ ရလား”

ကောင်ငယ်လေးက ခေါင်းညိတ်ပြလာသည် ။  “ဟုတ်ကဲ့”

ရီဝမ်ဝမ် ခေါင်းကိုက်စွာဖြင့် အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်သည် - အမည်မရှိသောနန် နှင့် ကြိုတင်ပြင်ဆင်ထားခွင့်မရခဲ့သဖြင့်
အခုချိန်တွင် သူမဘာသာသာ လှုပ်ရှားရပေတော့မည် ။

ထို့ကြောင့် ၊ ရီဝမ်ဝမ် ပြောလာသည် ။
“ဒါဆို တန်တန်…တကယ့်ကို စိတ်မကောင်းပါဘူး ။ မာမီ အခုနက သားကို မမှတ်မိခဲ့ဘူး ။ သားဦးလေးနဲ့ အရင်က ပြောဖူးပါတယ် ။ သားဆီကိုလည်း လာလည်ချင်နေတာ၊ ဒါပေမယ့် အခုတလော မာမီ အရမ်းကို အလုပ်ရှုပ်နေလို့ အလည်လာဖို့ကိစ္စက ကြန့်ကြာ သွားတယ်…”

ကောင်လေး ။  “ရပါတယ်…မာမီက အလုပ်များတယ် ။ သားပဲ မာမီ့ဆီကို လာလည်ပါ့မယ်”

ရီဝမ်ဝမ် ထိုစကားကို ကြားလိုက်သည့်အခိုက် သူမ၏နှလုံးသားထဲ အမည်ဖော်စွမ်းမရနိုင်အောင် အရည်ပျော်ကျလာတော့သည် ။

လိမ်မာလိုက်တဲ့ကလေးလေးပါလား….။
ဒီလောက်လိမ်မာတာကိုများ အမည်မရှိသောနန်က
သူ့မကောင်းကြောင်းတွေချည်း ဆက်တိုက်ပြောပြီးတော့ မကောင်းဆိုးဝါးလေးလို့ပါ ခေါ်နေရတယ်လို့ ။

အမည်မရှိသောနန် အကြောင်း တွေးမိသဖြင့်
ရီဝမ်ဝမ် ချက်ချင်းပင် အံကြိတ်သွားချေပြီ ။
“ဒါနဲ့ သားဦးလေး ဘယ်မှာလဲ ။ အတူတူ ပါမလာဘူးလား”

အဲ့ဒီခွေးသတောင်းစား အမည်မရှိသောနန် တော့လား ။
ဘယ်တွေ လျှောက်သွားနေတာလဲ ။
ငါတစ်ယောက်ထဲ ဒါကို ဘယ်လိုလုပ်ကိုင်တွယ်ရမှာလဲ ။

ကလေးလေးက ပြန်ဖြေလာသည် ။
“ဦးလေးက သားကို လိုက်ပို့ပြီးတော့ ပြန်သွားပါပြီ”

ရီဝမ်ဝမ် ခေါင်းညိတ်ပြလိုက်၏ ။ 
“အော်..အော်..မာမီ သိပြီ…”

……………………………………………………

စာစဉ် ၃၇၊ အခန်း ၈ ။ သူ့အဖေအတိုင်း တစ်ပုံစံတည်းပဲ

သို့ဖြင့် ရီဝမ်ဝမ်သည် ထိုကလေးအား နှင်းဆီအိမ်တော်လေးဆီကို ခေါ်သွားရ၏ ။ လမ်းတစ်လျှောက်လုံး လုံးဝကို အံ့သြနေလေသည် ။

ရီဝမ်ဝမ်၏စိတ်ထဲတွင် တစ်ချိန်လုံးရှိနေသည်မှာ အတွေးတစ်ခုထဲသာ ။
ငါ ဒီကလေးကို ဘယ်လိုစောင့်ရှောက်ရမှာလဲ ။

ငါ့မှာ လုံးဝကို အတွေ့အကြုံမရှိဘူးလေ ။

ဝင်ပေါက်ဝတွင် ရောက်သည့်အချိန် ရီဝမ်ဝမ်၏မျက်လုံးတို့ ချက်ချင်း ဝင်းပသွားပြီး ကိုယ်ရံတော်နှစ်ယောက်အား ကြည့်လာသည် ။

ဟုတ်သားပဲ…ဒီနှစ်ယောက် ရှိသေးတာပဲ ။
သူတို့ကတော့ နန်တန်ရှောင်ရဲ့ဘေးမှာ တစ်ချိန်လုံးအတူတူနေ လာခဲ့ရမှာ သေချာတယ် ။
သူ့ရဲ့စားပုံသောက်ပုံ၊ အကျင့်တွေနဲ့ နေပုံထိုင်ပုံတို့ကို ကောင်းကောင်းသိကြမှာပဲ ။

“ဒါဖြင့် ရှင်တို့နှစ်ယောက်…”

ရီဝမ်ဝမ် မပြောရသေးခင်မှာပင် နန်တန်ရှောင်က ကိုယ်ရံတော်နှစ်ယောက်ဘက် လှည့်လိုက်ပြီး
ကလေးသံလေးဖြင့် ပြောလာသည် ။
“မင်းတို့နှစ်ယောက် ပြန်သွားလို့ရပြီ ။
ကျွန်တော့်ကို မာမီ စောင့်ရှောက်ပေးလိမ့်မယ်”

သူ့အမိန့်ကို ကြားလိုက်ရသည့်သူတို့ကား
လုံးဝတွန့်ဆုတ်ခြင်းမရှိကြဘဲ ။
“ဟုတ်ကဲ့”

သူတို့နှစ်ဦးသည် လှစ်ခနဲ ထွက်သွားကြတော့ပြီး
လုံးဝကို ပျောက်ကွယ်သွားကြတော့ပြီ…

ရီဝမ်ဝမ် သူမလက်ကို ဆန့်ထုတ်လိုက်မိ၏…

ဟေး…မသွားနဲ့လေ ။

တကယ်ကြီး သွားကြတော့မလို့လား ။

ရှင်တို့တွေ တကယ်ကြီးလား ။

ဒီလောက်ငယ်တဲ့ကလေးလေးတစ်ယောက်ထဲကို ငါနဲ့ ဒီလိုမျိုး ထားပစ်ရက်ကြတယ်လား ။ ဒီကလေးကို ဘယ်လိုစောင့်ရှောက်ရလဲ ငါ တကယ်မသိဘူးနော် ။

ရီဝမ်ဝမ်သည် သူမအရှေ့က ထိုပေါက်စီလုံးလေးအား စိုက်ကြည့်နေရင်း မျက်ရည်အဖြိုင်ဖြိုင်ပြိုလဲကျလုမတတ် ဖြစ်နေချေပြီ ။

နောက်ဆုံးတွင်မှ ကံကြမ္မာပေါ်သာ ပုံအပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တော့၏…

ရီဝမ်ဝမ်သည် သူမအနောက်ကထိုယောက်ျား နှစ်ယောက်ဘက် လှည့်လိုက်ပြီး…
“တန်ဘင်း..စုန့်ချန်း၊ ကျောက်ကျောက်နဲ့တခြားသူတွေကို သွားရှာကြ”

တန်လုံသည် သူတို့အား ထိခိုက်အောင်မလုပ်ဟု ကတိပေးထားခဲ့သဖြင့် သူတို့ ဘာမှဖြစ်မည်မဟုတ်ပေ ။

“ဟုတ်ကဲ့”

နှစ်ယောက်သား ချက်ချင်းပင် တခြားသူများကို သွားရှာကြတော့သည် ။ နောက်ဆုံးတွင်
ထိုသုံးယောက်အား ထပ်ခိုးပေါ်တွင် တွေ့လိုက်ကြ၏ ။

သုံးယောက်သားသည် အကောင်းပကတိကြီးပင် ။
ကြိုးနဲ့ချည်ခံထားရပြီး ထပ်ခိုးတွင် ပစ်ထားခံရရုံသာဖြစ်၏ ။

သူတို့အား တွေ့လိုက်ရပြီးသည့်နောက် တန်ဘင်းနှင့်
စုန့်ချန်းတို့ ကပျာကယာ ကြိုးဖြေပေးလိုက်ကြသည် ။

“မင်းတို့ ဘယ်လိုပြန်ရောက်လာကြတာလဲ ။
သခင်မရော…အသက်အန္တရာယ်ရှိလား”

“သခင်မက အသက်အန္တရာယ်ရှိစရာလား ။
ရှိမယ့်ရှိ တခြားသူတွေပဲ ရှိမှာပေါ့”

သူတို့သခင်မ၏ဖုံးကွယ်ထားသည့်အစွမ်းအစတို့ ထွက်လာပြီး သူတို့အား ကယ်ခြင်းဟု သူတို့သုံးယောက် တွေးထင်မိနေကြခြင်းပင် ။

“အမှန်ပဲ ။ ဒီတစ်ခေါက် ငါတို့တွေ လုပ်တာညံ့တယ်၊ ငါတို့ သခင်မကို ကောင်းကောင်းမကာကွယ်ပေးနိုင်ခဲ့ဘူး ။ သခင်မဆီက ခွင့်လွှတ်မှုရဖို့ တောင်းပန်ရမယ်”
ကျန်းကြီးက ပြောလာခြင်း ။
တခြားသူတွေလည်း သဘောတူကြသည်ပင် ။

သို့ဖြင့် မြန်မြန်ဆန်ဆန်ပင် အောက်ထပ်သို့ ပြေးဆင်းသွားကြ၏ ။
တောင်းပန်စကားဆိုတော့မည်အပြု ဟိုးအဝေးကနေ လှမ်းမြင်လိုက်ကြသည်မှာ…သူတို့သခင်မဘေးတွင် ကလေးလေးတစ်ယောက် ရှိနေခြင်း ။

“အမ်…သခင်မ ထွက်သွားတာ ခနလေးပါ ။
ဘယ်လိုလုပ်ပြီးတော့ ကလေးတစ်ယောက်ပါ ပြန်ပါလာတာလဲ”
အံ့အားသင့်စွာပြောလာသူကား ဖက်တီး ။

ကျန်းကြီးသည်လည်း သံသယဝင်နေ၏ ။
“တန်ဘင်း၊ စုန့်ချန်း ၊ ဘာတွေဖြစ်ခဲ့တာလဲ ။
မင်းတို့ ဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲ”

“အားးးး…ကလေးလေးက…အရမ်းကို ချစ်ဖို့ကောင်း လိုက်တာ ။ ဒီကလေးလေးက ဘယ်သူလဲ ။ ဘယ်ကနေ ရောက်လာတာလဲ” ကျောက်ကျောက်၏စိတ်အာရုံတို့သည် ထိုကောင်ငယ်လေးထံတွင် ကော်ကပ်သလိုကပ်နေချေပြီ ။

တန်ဘင်းနှင့် စုန့်ချန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကို ကြည့်လိုက်ကြပြီး ပြောလာသည် ။
“ငါတို့ကလေး…။ အဲ့ဒီကလေးက…သခင်မရဲ့သားလေး ပါ…”

“ဘာရယ်…သခင်မရဲ့သား ဟုတ်လား”

ကျောက်ကျောက်သည် ရှော့ရသွားပြီး ပါးစပ်ကို အုပ်ထားမိချေပြီ ။

“ဘုရား ဘုရား”
ဖက်တီးသည် အကျယ်ကြီးအော်ပြောလာ၏ ။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

“စပရိုက်စ် ဖြစ်သွားတယ်မလား ။ ငါတို့ကိုယ်တိုင် နားနဲ့ဆတ်ဆတ် ကြားလာခဲ့တာ”

ဖက်တီးသည် ထိုကောင်ငယ်လေးအား စိုက်ကြည့်နေသည် ။ သူ့ပုံစံမှာ အနည်းငယ် အံ့အားသင့်နေဟန်ပေါ်ရင်း…။
“လုံးဝကို ချွတ်စွတ်ပဲ…သူ….သူက သခင်မနဲ့ တကယ်တူ တယ် ။ သူ့မျက်နှာလေးက...ငါတို့သခင်မနဲ့ တစ်ပုံစံထဲပဲ ဟုတ်တယ်မလား”

တန်ဘင်းက သဘောတူလာသည် ။
“ဟုတ်တယ် ဟုတ်တယ် ၊ မင်းတို့တောင်မှ အဲ့လိုတွေးမိ တယ်လား - အစ်ကို ချန်း နဲ့ငါလည်းပဲ အဲ့လိုပဲ မြင်နေတာ”

စုန့်ချန်းက မေးစေ့ကို ပွတ်သပ်လျက် ပြောဆိုလာသည် ။
“သခင်လေးက သခင်မနဲ့ဆင်တော့ဆင်ပါတယ် ။
ဒါမဲ့ သူ့စရိုက်နဲ့ စိတ်ထားကတော့ လုံးဝကို မတူသလိုပဲ ။ ထူးဆန်းတယ်…”

ဖက်တီးက မျက်လုံးကို လှန်ကြည့်လာသည် ။
“မင်းကတော့ကွာ ဒါကိုများ ရေးကြီးခွင်ကျယ်လုပ်နေသေး တယ် ။ ဘာများ ထူးဆန်းလို့လဲ ။ သူ့စရိုက်က သခင်မနဲ့မတူဘူးဆိုရင် သူ့အဖေနဲ့ သွားတူတာဖြစ်မှာပေါ့ကွ”

တန်ဘင်းနှင့် စုန့်ချန်းတို့ ခေါင်းညိတ်ပြလာကာ…။
“အဓိပ္ပာယ်ရှိတယ်”

………………………………………………………

စာစဉ် ၃၇၊ အခန်း ၉ ။ ပြက်ရယ်ပြုခြင်း

ရီဝမ်ဝမ်သည် ထိုကလေးကိုသာလျှင် အာရုံထဲရောက်နေ သဖြင့် ထိုငါးယောက်အား စိတ်ဝင်စားနိုင်ခြင်းမရှိနေလေရာ သူမနှင့် ရုပ်ချင်းဆင်သည်ဟု ပြောနေကြသည်လောက်ကိုသာ ကြားလိုက်မိ၏။

ရီဝမ်ဝမ် အခုမှ သတိပြုမိခြင်းပင် ။ စစချင်းက သူမ ထိုသို့ခံစားမိခဲ့ပါ၏ ။ သို့သော် အခု သူတို့ပြောတော့မှသာလျှင် ကလေးသည် သူမနှင့် နည်းနည်းလေးဆင်တူနေသည်ကို တိတိကျကျသတိပြုမိလာခြင်းပင် ။

သို့သော်လည်း သူမသည် အမည်မရှိသောနန်၏ ညီမလေးနှင့် ရုပ်ချင်းဆင်သည်ဟု အပြောခံခဲ့ရဖူးသည် မဟုတ်လော ။ သို့ဖြစ်ရာ ဤကလေးက သူမနှင့် ရုပ်ချင်းဆင်နေခြင်းမှာ ဆီလျော်မှုရှိချေသည် ။

ရီဝမ်ဝမ်သည် ထိုငါးယောက်အား ခပ်မာမာကြည့်ပေးလိုက်ပြီး အလုပ်သွားလုပ်ဖို့ အမိန့်ပေးလိုက်၏ ။
ထိုတော့မှ အတင်းတုပ်နေကြသည့် ငါးယောက်သားမှာ ငှက်တွေသင်းအုပ်ကွဲသလို လူစုကွဲသွားကြတော့သည် ။

သခင်မသည် သူတို့အား စိုးရိမ်နေချိန်ပင်မရှိပေ ။

တစ်ခနအတွင်း ဧည့်ခန်းထဲတွင် ရီဝမ်ဝမ် နှင့် နန်တန်ရှောင်သာလျှင် ရှိကျန်ခဲ့ကြသည် ။

ရီဝမ်ဝမ်သည် မုန့်တစ်ပွေ့တစ်ပိုက်ကြီးကို ယူချလာပြီး၊ ထိုကလေးအတွက် လိမ္မော်ရည်ကိုပါ ဖျော်ပေးလာသည် ။
ထို့နောက် ဧည့်ခန်းထဲကဆိုဖာပေါ် တွင် သူနှင့်အတူ ထိုင်ချလိုက်သည် ။

နန်တန်ရှောင်သည် ဆိုဖာပေါ်တွင် မတ်မတ်ထိုင်နေလျက် ။ သူ၏မည်းနက်နေသည့်မျက်ဝန်းတို့သည် ပတ်ဝန်းကျင်အား စူးစမ်းအကဲခတ်နေသည့်ကြောင်ပေါက်စလေးတစ်ကောင်
နှယ် ဧည့်ခန်းအား ဝေ့ဝိုက်ကြည့်နေသည် ။

ကလေးတစ်ယောက်နှင့် မည်သို့အဆင်ပြေအောင် ဆက်ဆံရမည်ကို မသိပါသည့် ရီဝမ်ဝမ်မှာ ဤကလေး၏အရှေ့တွင် နေရထိုင်ရကျုံ့နေပြီး
ပြောဖို့ရာစကားရှာလို့နေသည် ။
“ဟဲဟဲ…တန်တန်…သားရဲ့နာမည်လေးက လှလိုက်တာ ။ ဒီနာမည်ရဲ့နောက်မှာ အဓိပ္ပာယ်တစ်ခုခုများ ရှိလား”

နန်တန်ရှောင် ။  “မာမီ…မေ့သွားပြီလား”

ကလေးလေး၏အပြစ်ကင်းစင်သည့်အဖြူထည်မျက်ဝန်းလေးတို့က စူးစမ်းမေးမြန်းလာချိန်တွင် ချက်ချင်းပင် ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ရီဝမ်ဝမ် ခံစားသွားရ၏ ။
“အာ…တောင်းပန်ပါတယ် ။ မာမီ အရင်က ဒဏ်ရာရပြီး တော့ တော်တော်များများကို မမှတ်မိတော့ဘူး…”

ရီဝမ်ဝမ် ပြောလိုက်မိသလို ရုတ်တရက် တစ်ခုခုလွဲနေသလို ခံစားမိသွား၏ ။

အာ…ငါက ဘာလို့ အပြစ်ရှိသလို ခံစားနေရတာလဲ ။
ငါက သူ့အမေမှ မဟုတ်တာကို ။

နန်တန်ရှောင် ။  “ရပါတယ်…သား မာမ့ီကို ပြောပြပေးမယ်”

ရီဝမ်ဝမ် မြန်မြန်ဆန်ဆန်ပင် ပြောလိုက်သည် ။
“အင်း..အင်း…ဒါဆို မာမီ့ကို ပြောပြနော်”

ကောင်ငယ်လေးက ပြန်ပြောလာသည် ။
“မာမီ သားကို လွယ်ထားရတုန်းက ဝက်ချိုချဉ်လေးတွေ စားရတာ တော်တော်လေးသဘောကျခဲ့လို့ သားကို ဒီနာမည်ပေးခဲ့တာပါ - ‘တန်ရှောင်’ ဆိုတာက ဝက်ချိုချဉ်နဲ့ အသံဆင်တယ် ။ ဒါကြောင့် သားနာမည်ကို နန်တန်ရှောင် ဆိုပြီးတော့ မာမီပေးခဲ့တာပါ”

ရီဝမ်ဝမ် ။  “…”

ရီဝမ်ဝမ် ပါးစပ်အဟောင်းသားဖြစ်သွားချေပြီ ။ အနည်းဆုံးဆယ်စက္ကန့်လောက်ထိ မင်သက်သွားမိပြီးတော့မှ
သူ ပြောလိုက်သည့်စကားကို ပြန်တုန့်ပြန်နိုင်လေ၏ ။

ဘယ်လိုသောက်ကျိုးနည်းကြီးလဲဟ…ဟမ် ။

တန်ရှောင်…။ ဒါဆို ကလေးကို ဝက်ကင် လို့ နာမည်ပေးထားတာပေါ့ ။ ဘယ်လိုမိဘကများ ကိုယ့်ကလေးကိုယ် ဒီလိုပြက်ရယ်ပြုရဲတာလဲ ။

ထိုနာမည်၏နောက်ကွယ်တွင် ထူးထူးခြားခြား အဓိပ္ပာယ်ရှိရမည်ဟု သူမ တွေးထင်ထားမိခဲ့ခြင်းပင် ။
သို့သော် အဆုံးသတ်တွင် သူ့မာမီသည် ဝက်ချိုချဉ်ကင်ကို စားရတာကိုနှစ်သက်နေခြင်း ကြောင့်တဲ့လား ။
သူမဆီမှာ ထုံးတမ်းစဉ်လာယဉ်ကျေးမှုတို့ရော ရှိသေးရဲ့လား..ဟမ် ။

*ဟွတ် ဟွတ်*
“တောင်းပန်ပါတယ် တန်တန်…မာမီ အဲ့ဒီနာမည်ပေးတုန်း က သေချာမတွေးမိသွားဘူးနဲ့တူတယ်…”

ရီဝမ်ဝမ်သည် သူ့အမေအဖြစ် ဟန်ဆောင်နေရခြင်းကိုပင်
ခြေကုန်လက်ပန်းကျသလို ခံစားလာရချေပြီ - ထိုအပြစ်ကို
သူမ လွှဲယူရတော့မည် မဟုတ်ပါလား ။

နန်တန်ရှောင် ။  “ရပါတယ်”

ကောင်ငယ်လေးသည် စိတ်ထဲလုံး၀ ထည့်ထားခြင်းမရှိပါချေ ။ သို့ဖြစ်ရာ အမည်မရှိသောနန် ပြောပြခဲ့ဖူးသော ပြောရခက်သည့်မကောင်းဆိုးဝါးလေး မှာ ဤကလေး လုံးဝမဖြစ်နိုင်ဟုပင် တစ်ဖန်ပြန်တွေးမိလာပြန်သည် ။

အစတွင် သူမသည် အဆိုးဆုံးအတွက် စိတ်ကို ပြင်ဆင်ထားခဲ့ပါ၏…

သို့သော် ထိုကလေး၏ထူးမခြားနား၊ အေးစက်နေသည့်မျက်နှာလေးနှင့် အရွယ်နှင့် မလိုက်အောင် နားလည်နိုင်စွမ်းရှိနေခြင်းတို့ကို ကြည့်နေရင်း ရီဝမ်ဝမ်၏နှလုံးသားထဲ အနည်းငယ်ကိုက်ခဲလာရသည် ။

ထိုကဲ့သို့ တစ်ကိုယ်ထီးတည်းနေတတ်သည့်စိတ်နေစိတ်ထားမှာ ငယ်ငယ်လေးကတည်းက အနားတွင် မိဘတွေ ရှိမနေခဲ့ခြင်းကြောင့် ဖြစ်လိမ့်မည် ။ ဤကလေးက ပေးစွမ်းနေသည့်ခံစားချက်သည်ကား သူတစ်ယောက်တည်း သီးခြားရှိနေသလိုလို ၊ ကလေးတစ်ယောက်တွင် ရှိနေသင့်သည့် လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး ဟန်ပန်မျိုး ရှိမနေ ။

ရီဝမ်ဝမ် တိတ်တိတ်လေးသက်ပြင်းချလိုက်ပြီး ထိုကလေး
ရှေ့တွင် ထိုင်ချလိုက်၏ ။ လက်ကို ဆန့်ထုတ်လိုက်ကာ
သူ့ခေါင်းသေးသေးလေးကို ပွတ်သပ်လိုက်ရင်း ။
“တန်တန်…မာမီက အတိတ်ကို မမှတ်မိတော့ဘူး ဆိုပေမယ့်လဲ
သားကို မာမီရဲ့အကြိုက်ဆုံးအစားအသောက်နာမည် - ဝက်ချိုချဉ်လေးလို့ နာမည်ပေးထားခဲ့တာဆိုတော့ မာမီ သားကို အရမ်း အရမ်း အရမ်းကြီးကို ချစ်လို့ပဲဖြစ်ရမယ်”

ကောင်ငယ်လေး၏ကြည်လဲ့နေသည့်မျက်ဝန်းတို့မှာ ကြယ်ပွင့်လေးများလို ရွှန်းစားလာချေပြီ….

……………………………………………………

စာစဉ် ၃၇၊ အခန်း ၁၀ ။  အခုချက်ချင်း ထွက်လာစမ်း

ညဘက်ရောက်သော် ။

စီမင်းလိ၏မိသားစုသည် နိုင်ငံခြားသို့ ထွက်ပြေးသွားခဲ့ချေပြီ ။ စီရီဟန် တစ်ဖက်ထဲနှင့်ပင် သူတို့အား အသေတွယ်ဖို့ လုံလောက်နေပြီဖြစ်လေရာ နန် ကလန်ပါ ပါလာဦးမည်ဆိုပါက မလွယ်ချေဘူး မဟုတ်ပါလား ။

ကျေးဇူးတင်စရာကောင်းစွာဖြင့် သူတို့ သတိကြီးကြီး ထားခဲ့ကြ၍သာ ။ အမြဲတစေ နောက်ကွယ်ကနေသာ နေပြီး လူလုံးထွက်မပြခဲ့၍သာ ။ မဟုတ်ပါက သူတို့အတွက် ပြေးစရာမြေပင် ရှိတော့မည်မဟုတ်ပေ ။

“လခွမ်း…အဲ့ဒီမိန်းမက ကံကောင်းလှချည်လား”
စီမင်းလိ ဒေါသထွက်နေ၏။

“အဖေ…အရေးအကြီးဆုံးက ကျွန်တော်တို့ အာဏာပြန်ရဖို့ပဲ ။ ကျွန်တော်တို့ဆီမှာ လူကြီးမင်း အဲရစ် ရှိနေသရွေ့ အနှေးနဲ့အမြန် ကျွန်တော်တို့ ပြန်လာလို့ရတယ်”
စီရိချန်က ဖြောင်းဖျနေသည် ။

“သွားမယ်” စီမင်းလိသည် အံကိုတင်းနေအောင် ကြိတ်ပြီး စိတ်မပါလက်မပါဖြင့် ဟယ်လီကော်ပတာပေါ် တက်သွား၏ ။

သူတို့အောက်က အင်ပါရီယာမြို့တော်ကြီးသည် တစ်စတစ်စ ဝေးသထက်ဝေးလာသည်ကို ကြည့်နေမိရင်း သူ့မျက်လုံး ထဲတွင် မည်းသထက်မည်းမှောင်လို့လာချေပြီ ။

စီရီဟန် နဲ့ အဲ့ဒီခွေးမ…ငါ သေချာပေါက်ကို ပြန်လာမယ် ။

….

တိုင်းပြည် M ။

အခန်းကျယ်ကြီးတစ်ခုတွင် လုံးဝအတိ တိတ်ဆိတ်ငြိမ်သက် နေ၏ ။

ဆိုဖာပေါ်တွင်ကား အလိုမကျမှုန်မှိုင်းသည့်အမူအရာဖြင့်
စီရီဟန် ထိုင်လို့နေသည် ။

ထိုလူ၏အရှေ့တွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးသည် အနေကြပ်သည့်ဟန်ဖြင့် တင်ပြနေသည် ။
“သခင်မလေးက အိမ်တော်လေးကို ပြန်ရောက်သွားပါပြီ ။
ကျွန်တော်တို့လူတွေ ရောက်မသွားခင် ပြန်သွားတာပါ ။ သခင်မလေးကို ကူညီပေးတဲ့နောက်ထပ်အင်အားကြီးတစ်ဖွဲ့ ပေါ်လာပါတယ် ။ အဲ့ဒီအဖွဲ့ ဘယ်ကနေ ရောက်လာတာလဲ ဆိုတာကိုတော့ ကျွန်တော်တို့ စုံစမ်းလို့ မရသေးပါဘူး ။ သိပ်မကြာခင်မှာတော့ ကျွန်တော်တို့သိရတော့မှာပါ”

နှင်းဆီအိမ်တော်ထဲက လူငါးယောက်သည် သိုင်းပညာရှင်များ ဖြစ်ကြသော်လည်း သတိကြီးကြီးထားသည့်အနေဖြင့်
စီရီဟန်သည် သူ့လူကို တိတ်တိတ်လေး လွှတ်ထားခဲ့ပါ၏ ။

အစောပိုင်းက သူ့လူတွေ ရှေ့ထွက်မလာခဲ့ခြင်းမှာ နောက်ကွယ်က ကြိုးကိုင်သူ မည်သူမည်ဝါဆိုသည်ကို စီရီဟန် သိချင်နေခြင်းကြောင့့််ဖြစ်၏ ။ ထိုသို့မဟုတ်ပါက ပေါင်းပင်တို့ကို မရှင်းမိဘဲ မြက်တို့ကိုသာ ခုတ်မိသကဲ့သို့ ဖြစ်ပေလိမ့်မည်  - ထိုသို့ဆိုပါလျှင် နောင်တွင် ပြသနာတို့ မဆုံးနိုင်အောင် ဖြစ်လာပေလိမ့်မည်ပင် ။

သို့သော် သူ့လူတွေ မလှုပ်ရှားလိုက်ရခင် နောက်ထပ်အဖွဲ့တစ်ခုသည် ဘယ်ကမှန်းမသိဘဲ ပေါ်ထွက်လာခဲ့လေရာ…

စီရီဟန်သည် စိတ်မသက်သာမှုကို ပြလျက် အေးစက်နေသည့် ကော်ဖီမှန်စားပွဲအား တတောက်တောက် ခေါက်နေသည် ။

သူမသည် လုံးဝကို ဘေးကင်းလုံခြုံနေသည်ကို
သူ သိနေသော်လည်း သူ့ရင်ထဲတွင်မူ လေးလံသည့်ခံစားချက်တို့ဖြင့် ပြည့်နေ၏…

....

ရီဝမ်ဝမ်သည် ထိုကလေးအား ခေါ်သွားပြီးသည့်နောက် နောက်ထပ်ပြသနာတစ်ခုနှင့် ရင်ဆိုင်နေရ၏ ။ ဤသည်မှာ…

တန်တန် ဘယ်မှာ နေမှာလဲ ။

စီရီဟန်သည် မကြာခင် ပြန်လာတော့မည် ။ သို့ဖြစ်၍
တန်တန် သူမနှင့် နေပါက အဆင်ပြေလိမ့်မည်မဟုတ်ပေ ။
စီရီဟန်သာ သူ့ကို မြင်တွေ့သွားပါက…

သို့သော်လည်း သူမအနေဖြင့်် ဒီလောက်ငယ်ရွယ်သည့်ကလေးလေး တစ်ယောက်ကို တစ်ယောက်ထဲ ပစ်မထားရက်ပါချေ ။
ထို့ပြင် သူသည် သူ့အမေကို တွေ့ဖို့ရာအတွက် ဒီကို ရောက်ချလာခဲ့ခြင်း မဟုတ်ပါလား ။

“တန်တန်…ထိုင်နေဦးနော် ။ မာမီ ကိစ္စတစ်ချို့ သွားဖြေရှင်းလိုက်ဦးမယ် ။ ခနနေ ပြန်လာမယ်နော်”
ရီဝမ်ဝမ်သည် နူးညံ့ကြင်နာစွာ ပြောဆိုလိုက်လျှင်။

နန်တန်ရှောင် ။  “ဟုတ်ကဲ့”

ရီဝမ်ဝမ်သည် သူမဖုန်းကို ထုတ်ယူလိုက်ပြီး ခြံထဲ ထွက်လိုက်၏ ။

သူမ၏အနောက်တွင်မူ နန်တန်ရှောင်သည် အလောသုံးဆယ် ထွက်သွားသည့်မိန်းကလေး၏နောက်ကျောအား ကြည့်နေရင်း ခေါင်းငိုက်စိုက်ကျသွားချေသည် ။

ရီဝမ်ဝမ် ခြံဝင်းထဲရောက်သွားသည့်နောက် ချက်ချင်းပင်
ထိုငါးယောက်နှင့် ဖွဲ့ထားသည့် WeChat ဂရုအား ဖွင့်လိုက်ပြီး ဒေါသတကြီး စာရိုက်လိုက်၏ -
[ကျော်ကြားသော ရီ ။ အ . မည် . မ . ရှိ . သော . နန်…အခုချက်ချင်း ထွက်လာစမ်း…]

အဖွဲ့သည်ကား တိတ်ဆိတ်နေမြဲ ။
တစ်ယောက်တစ်လေမျှပင် စကားပြန်ပြောခြင်း မရှိလာပေ ။

ရီဝမ်ဝမ်ထံတွင် ရွေးချယ်စရာမရှိတော့ ။
အံကို ကြိတ်လိုက်ပြီး အနီရောင်စာအိတ်တစ်အိတ်ကို
ပို့ပေးလိုက်၏ ။

အဆုံးထိတိုင် မည်သူကမှ ထိုအနီရောင်စာအိတ်ကို ယူခြင်း မရှိခဲ့ပေ ။

မျက်နှာမှုန်သုန်လာလျက် ဒေါ်လာ တစ်ရာတန် စာအိတ်တစ်အိတ်ကို ရီဝမ်ဝမ် ထပ်ပို့ပေးလိုက်ပြန်သည် ။

သို့တိုင် တစ်ယောက်မှ မယူဆဲ ။

တိတိကျကျပြောရပါလျှင် မည်သူကမှ မယူဝံ့ခြင်းပင် ။

ဤအခိုက်အတန့်၊ အင်ပါရီယာမြို့တော်က တစ်ခုသောတံတားအောက်တွင် လူငါးယောက်သည် တိတ်တိတ်လေးပွစိပွစိပြောဆိုနေကြသည် ။

WeChat ဂရုထဲက ထိုမက်ဆေ့တို့ကို ဖတ်ကြည့်ပြီးသည့်နောက် အမည်မရှိသောနန်၏လက်တို့မှာ တဆတ်ဆတ်တုန်ရီနေသည် ။
သူ့လူတွေကို ကြည့်လိုက်ပြီး…။
“မင်းတို့တွေ ကျော်ကြားသောရီ ဆီကို ပြန်သွားကြ”

အနီရောင်စာအိတ်အား ယူလိုက်တော့မည့်နီးနီးပြုနေသည့် ပန်းစည်းမှာ ချက်ချင်းပင် ကြောက်လန့်တကြား လက်ကို နောက်ပြန်ဆုတ်သွားပြီး ခေါင်းကို ခါယမ်းပြလာတော့သည် ။
“ဘယ်လိုပြောလိုက်တယ် ။ ကျွန်တော်…ကျွန်တော် မသွားဘူးနော် ။ နံစော်နေတဲ့ သူတော်စင်…မင်း သွားလိုက် ။ မြန်မြန်လေး…ကပ္ပတိန် မင်းကို ခေါ်နေတယ် ။ မင်းက ကပ္ပတိန်ရဲ့အားအကိုးရဆုံး လက်ရုံးပဲလေ…ဟဲဟဲ”

………………………………………………………

စာစဉ် ၃၇၊ အခန်း ၁၁ ။ နောက်နေတာပဲဖြစ်ရမယ်

သူတော်စင်က သူ့အား ကြည့်လာသည် ။
“မသွားဘူး..ငါက ဘာလို့လဲ ။ ဘာလို့ ငါက သွားရမှာလဲ ။ သောက်ခြောက်ကောင်…မင်း ပြန်သွားလိုက် ။ မင်းကမှ ကပ္ပတိန်အပေါ် ကို သစ္စာအရှိဆုံးနဲ့ အချစ်ဆုံးမဟုတ်ဘူး လား ။ မင်း သူ သေမှာကို မကယ်ဘဲ ထိုင်ကြည့်နေုနိုင်လို့လား”

ပန်းစည်းက တဟွတ်ဟွတ်ချောင်းဆိုးကာ ပြောလာသည် ။
“ဘာလဲ…တရုတ်စကားပုံရှိတယ်လေ…လင်မယားဆိုတာ က ကိန္ဒရီ ကိန္ဒရာမောင်နှံလိုပဲ ဆိုပေမယ့်လို့ အသက်သေရင်တော့ ကိုယ့်လမ်းကိုယ် ပျံသန်းသွားကြရမယ် ဆိုတာလေ…”

သူတော်စင်က စိတ်ပျက်သည့်အကြည့်တို့ကို ပေးလာရင်း ။
“ကပ္ပတိန်…အခု သူ့ရဲ့စိတ်ထားအစစ်ကို မြင်ပြီလား”

အမည်မရှိသောနန်က သူတို့နှစ်ဦးအား ကြည့်လာပြီး၊ နောက် အုတ်သယ်သည့်နိုင်ငံခြားသားဘက် လှည့်ကြည့်လာသည် ။
“ချစ်စရာလေး…ကျော်ကြားသောရီ ဆီကို ပြန်သွားလိုက်”

အုတ်သယ်သည့်နိုင်ငံခြားသားက ခပ်ပြတ်ပြတ်ပြောလာသည် ။
“ကပ္ပတိန်ရာ ကျွန်တေ်ာ မကူညီချင်လို့မဟုတ်ပါဘူး ။
ဒါပေမယ့် ကျွန်တေ်ာ့ရဲ့တရုတ်စကားက သိပ်မကောင်းဘူး ။
ကပ္ပတိန် ချီးစားချင်လား…ကျွန်တော် သွားဝယ်ပေးမယ်”

ချစ်စရာလေးကား ပျောက်ချင်းမလှပျောက်သွားချေပြီ ။

ထို့နောက်
“ဘုတ်” အသံတစ်သံ ထွက်လာသည် ။
ရေခဲတုံးယောက်ျားသည် ထမ်းစင်ပေါ် ပစ်လှဲချလိုက်ခြင်းပင် ။

အမည်မရှိသောနန် ဒေါသထွက်လွန်း၍ သွေးအန်လုနီးနီးဖြစ်သွား၏ ။
“မင်းတို့ခွေးကောင်တွေ…တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်၊ လေးကောင်စလုံး - တစ်ကောင်မှကို သုံးစားမရဘူး”

အဝေးရောက်ကာ အဆက်အသွယ်ပြတ်နေသည့် ဖန်ရွှမ်းယီ သာလျှင် သူ့အဖို့ တစ်ယောက်တည်းသော ယုံကြည်စိတ်ချရသည့်သူ ဖြစ်ချေ သည်…

ကပ္ပတိန်ဖြစ်ရတာ ဘာလို့အဲ့လောက်တောင် ခက်ခဲရတာလဲ ။

အမည်မရှိသောနန် ၏ ခေါင်းတို့ ပူထူနေချိန်
WeChat  မက်ဆေ့သံတို့ မရပ်တန်းမြည်လာပြန်သည် ။

[ကျော်ကြားသောရီ ။ အမည်မရှိသောနန်…ဒါ ဘာသဘော လဲ ။ ကျွန်မက အားနွဲ့တဲ့မိန်းကလေးပါနော်၊ ဒါကိုတောင် အဲ့ဒီကလေးရဲ့အမေနေရာကနေ ဟန်ဆောင်ပေးဖို့ သဘောကောင်းကောင်းနဲ့ ကူညီပေးခဲ့တယ် ။
ရှင် နဲနဲလောက်တော့ ကျွန်မနဲ့ ကောင်းကောင်းလေး ပူးပေါင်းပေးပါလား…ဟမ်]

[ကျော်ကြားသောရီ ။ အခုကျတော့ ရှင့်တူက ပေါ်ချလာပြီ.. ရှင်ကတော့ တစ်ခွန်းမှကို ကြိုပြောမထားဘူး ။ သူ့ကို တစ်ယောက်ထဲထားခဲ့ပြီး တော့ ထွက်ပါပြေးသွားသေးတယ် ။ ရုတ်တရက်ကြီးပေါ်ချလာတဲ့သား ကို ကြောင်ကြည့်နေမိ အောင် လုပ်တာ - ကျွန်မ စိတ်ကို မပြင်ထားရ သေးဘူး သိလား]

[ကျော်ကြားသောရီ ။ ကျွန်မရဲ့ရည်းစားမြင်သွားရင် အပြင်က လူရိုင်းကြီး တစ်ယောက်နဲ့ရထားတဲ့ကလေးလို့ ထင်သွားရင် ဘယ့်နှယ့်လုပ်မလဲ. ဟမ်]

[ကျော်ကြားသောရီ ။ အဲ့ဒါက အဓိကမဟုတ်သေးဘူး ။
အဓိကအချက်က သူ့ရဲ့ချစ်လှစွာသောဦးလေးတော်က လုံးဝကို ပျောက်နေတာပဲ ။ ရှင် ကျွန်မကို လာနောက်နေတာ လား]

ရီဝမ်ဝမ်သည် လုံးဝကို ဒေါသထွက်နေပြီး ပေါက်ကွဲမတတ်ဖြစ်ရင်း စာရိုက်နေခြင်းပင် ။

အမည်မရှိသောနန်နှင့် တခြားသူတို့မှာ တုန်ရီနေကြချေပြီ ။ တစ်ယောက်ကမှ စာပြန်ရဲခြင်းမရှိကြ ။

[ကျော်ကြားသောရီ ။ သုံးအထိ ရေလို့မှ ရှင်တို့ထွက်မလာဘူးဆိုရင် ကျွန်မအဆိုးမဆိုနဲ့တော့]

[ကျော်ကြားသောရီ ။ ၃ ]

[ကျော်ကြားသောရီ ။ ၂ ]

[ကျော်ကြားသောရီ ။ ၁ ]

ပန်းစည်းနှင့် သူတော်စင်သည်ကား နေရာတွင် ရှိမနေသယောင် အစွမ်းကုန်ကြိုးစားရင်း ထောင့်နားတွင် ငြိမ်ကုပ်နေကြချေပြီ ။

အဲ့ဒီလူသေကောင်ကို မနာလိုလိုက်တာ - ဒီလိုနေရာမှာကျ ထမ်းစင်က အသုံးဝင်သားပဲ…

အမည်မရှိသောနန် အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်၏ ။
သူ့တွင် ရွေးချယ်စရာမရှိတော့ ။ ကပ္ပတိန်တစ်ယောက်အနေဖြင့် မကောင်းဆိုးဝါးလေး၏ ဦးလေးတစ်ယောက်အနေဖြင့် ဒီပြသနာကို ဖြေရှင်းပေးဖို့
သူ့တွင် တာဝန်ရှိချေသည်…

ရီဝမ်ဝမ် ဖုန်းကို စူးစူးစိုက်စိုက်ကြည့်နေသည် ။

သူမ ရေပြီးသွားသည့်ချိန် WeChat ဂရုထဲတွင် မက်ဆေ့တစ်စောင် ထွက်လာသည် ။

[သင်၏သူငယ်ချင်း အမည်မရှိသောနန် WeChat ဂရုကနေ ထွက်သွားပါပြီ]

ရီဝမ်ဝမ် ။  “…”

ထောင့်နားတွင် သွားကုပ်နေကြသည့် ပန်းစည်း နှင့် သူတော်စင် ။  “…”

သောက်ကျိုးနဲ…။

ကပ္ပတိန်က မျက်နှာမပြောင်လွန်းဘူးလား ။
ကျွန်တော်တို့ကို ဒီလိုမျိုး ဝံပုလွေဂူထဲ ပစ်ထည့်သွားလို့မရဘူးလေ…။

[သင့်ရဲ့သူငယ်ချင်း ပန်းစည်း WeChat ဂရုကနေ ထွက်သွားပါပြီ]

[သင့်ရဲ့သူငယ်ချင်း သူတော်စင် WeChat ဂရုကနေ ထွက်သွားပါပြီ]

[သင့်ရဲ့သူငယ်ချင်း ချစ်စရာလေး အေစင်ဂျော်ဒန် WeChat ဂရုကနေ ထွက်သွားပါပြီ]

…..

အသိပေးချက်စာတို့ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကြသည် ။ နောက်ဆုံးတွင်တော့ အသက်လုပြေးဖို့ပင် ပျင်းလှသည့် နောက်ဆုံးအဆင့် အပျင်းကင်ဆာရောဂါသမားသာလျှင် ကျန်ခဲ့တော့သည် ။

“အစုတ်ပလုတ်ကောင်တွေ…ငါ့ကို အဆုံးထိရောက်အောင်
တွန်းပို့နေကြတယ် ။ နင်တို့မှာ အသည်းနှလုံးမရှိဘူး ဆိုမှတော့
ငါ့ကို မကြင်နာတတ်ဘူးလို့ လာပြီး အပြစ်မတင်နဲ့”

ရီဝမ်ဝမ် အံကိုတင်းနေအောင် ကြိတ်ထားသည် ။
ဒေါသတို့ဖြင့် ကြိတ်မနိုင်ခဲမရဖြစ်လျက် ဧည့်ခန်းဆီသို့ လျှောက်သွားချေပြီ ။

ငါ သူ့အမေအဖြစ်ကနေ ပြတ်ပြီ ။

ရီဝမ်ဝမ် ဧည့်ခန်းဆီသို့ ဒေါနဲ့မောနဲ့ ပြန်သွားရင်း
နန်တန်ရှောင်ဆီသို့ လျှောက်သွားကာ… ။
“တန်တန်…သားကို ပြောစရာရှိတယ်”

ရီဝမ်ဝမ်သည် အပြင်ထွက်သွားသည်မှာ အချိန်တော်တော်ကြာခဲ့၏ ။ ထိုကလေးလေးသည် ဆိုဖာပေါ်တွင် ငြိမ်ငြိမ်သက်သက်လေးထိုင်ကာ သူမအား စောင့်နေခဲ့ခြင်း ဖြစ်ပြီး သူမ အထဲကို ပြန်လာနေသံကို ကြားလိုက်သည်နှင့် ချက်ချင်းပင် ခေါင်းလေးလှည့်လာသည်။ အိပ်မှုန်စုန်ဝါး မျက်ဝန်းလေးများဖြင့်လက်သေးသေးလေးကို
ဆန့်ထုတ်လာကာ ကလေးသံလေးဖြင့်  ပြန်ပြောလာသည် ကား…“မာမီ…”

“အင်း…”

ရီဝမ်ဝမ် ပြောချင်နေသည့်စကားလုံးတို့မှာ ချက်ချင်းပင် လည်ချောင်းဝ၌ တစ်သွားရတော့၏ ။

………………………………………………………

စာစဉ် ၃၇၊ အခန်း ၁၂ ။ ထပ်စွန့်ပစ်ဦးမှာလား

အိပ်ချင်မူးတူးဖြင့် မျက်လုံးတို့ကို ပွတ်သပ်ရင်း
သူမအား မာမီ ဟု ခေါ်လာသည့် ပေါက်စီလေးဟန်ရှိသော ဆိုဖာပေါ်က ထိုကောင်လေးအား ကြည့်နေမိရင်း ရီဝမ်ဝမ်၏ဒေါသတို့မှာ ချက်ချင်း ပြယ်လွင့်သွားခဲ့ချေပြီ။ သူမ၏နှလုံးသားတစ်ခုလုံး ရှုပ်ယှက်ခတ်နေသလို သူမ ခံစားနေမိ၏ ။

နန်တန်ရှောင်က မေးလာသည် ။
“အရေးကြီးလားဟင်”

ရီဝမ်ဝမ်၏လျှာဖျားထက်က စကားလုံးတို့သည်
ချက်ချင်းပင် ပြောင်းလဲသွားတော့ချေသည် ။
“ဟိုလေ…မာမီ ပြောချင်တာက…အရွယ်ရောက်တဲ့ကလေး တစ်ယောက် က အိပ်ရာဝင်နောက်ကျလို့မရဘူး - ဒါက အရမ်းကို အရေးကြီးတာပေါ့ ။ အိပ်ဖို့အတွက် မာမီ သားကို အပေါ်ထပ်ခေါ်သွားပေးမယ်နော်”

နန်တန်ရှောင် ။  “ဟုတ်”

သို့ဖြင့် သူ့အား မောင်းထုတ်ပစ်ချင်ခဲ့သည့် ရီဝမ်ဝမ်မှာ ကလေးအား အိပ်စက်ဖို့ရာအတွက် အပေါ်ထပ်သို့ ခေါ်သွားတော့ချေသည် ။

ဧည့်သည်အတွက် ကြိုတင်မပြင်ဆင်ထားခဲ့ရသဖြင့် နန်တန်ရှောင်အား ဧည့်သည်ခန်းထဲတွင်သာ နေရာချပေး လိုက်၏ ။ ထို့ပြင် သူတို့သည် တွေ့ဆုံခါစသာ ရှိသေးသဖြင့် အရမ်းကြီး တရင်းတနှီးနေမိလျှင် ကလေးအတွက် အသားမကျမည်ကို သူမ စိုးရိမ်နေမိ၏ ။ သူ့အတွက် အသားကျဖို့ရာ အချိန်တစ်ခု ပေးထားသည်က ပိုကောင်းပေသည် မဟုတ်ပါလား…

အဲ…ငါ ဘယ်လိုလုပ်ပြီးတော့ သူ့ကို နေသားကျအောင် လုပ်ပေးဖို့ကို တောင် စဉ်းစားနေမိတာလဲ ။ အခုနကပဲ မောင်းထုတ်ပစ်ဖို့ စဉ်းစားထား တာမဟုတ်ဘူးလား ။

ရီဝမ်ဝမ် ကောင်ငယ်လေးအား စောင်ခြုံပေးနေချိန် သူမဖုန်းကနေ အသိပေးချက်သံ ထွက်လာသည် ။ တစ်ယောက်ယောက် သူမအား WeChat ကနေ
စာပို့လာသည့်ဟန်ပင် ။

သူမနှင့် ရေခဲတုံးယောကျ်ားသာလျှင် ကျန်ခဲ့သည့်ဂရုအား ဖွင့်ကြည့်လိုက်၏ ။ စာကား အနည်းငယ်သာ ရှိနေချေ သည်…

[သင့်ရဲ့သူငယ်ချင်း လူသေကောင် က သင့်ရဲ့အနီရောင်စာအိတ်ကို လက်ခံသွားပါပြီ]

[သင့်ရဲ့သူငယ်ချင်း လူသေကောင်က သင့်ရဲ့အနီရောင်စာအိတ်ကို လက်ခံသွားပါပြီ]

[သင့်ရဲ့သူူငယ်ချင်း လူသေကောင် အဖွဲ့ကနေ ထွက်သွားပါပြီ]

….

ရီဝမ်ဝမ် ။  “…”

သောက်ကျိုးနဲ…။

ဒီကမ္ဘာပေါ်မှာ ဒီလောက်အရှက်မရှိတဲ့သူမျိုး ရှိသေးတယ်လား ။
အဖွဲ့ထဲကနေ မထွက်သွားခင် အနီရောင်စာအိတ်တွေအကုန်လုံးကိုပါ သမသွားသေးတယ်…။

သူမသည် မတူညီသည့်ပိုက်ဆံပမာဏတို့နှင့် စာအိတ်နှစ်အိတ် ပို့ထားခဲ့ခြင်း ဖြစ်သည် ။ ထိုယောကျာ်းသည် တစ်ပြားတစ်ကျပ်ပင် မကျန်စေရဘဲ အကုန်သမသွားခဲ့ချေပြီ ။

ရီဝမ်ဝမ် ဖုန်းကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထား၏ ။ သူမ၏ဒေါသရေဆူမှတ်မှာ ရုတ်ခြည်းပင် ၁၀၀ အထိ ရောက်သွားခဲ့ချေပြီ ။

သောက်ကျိုးနဲ…။ ငါ ဒါကို ငြိမ်ခံနေမယ်ဆိုရင်
ငါ့မျိုးရိုး ရီ မဟုတ်တော့ဘူး ။

နောက်တစ်စက္ကန့်တွင် အိပ်ရာဘောင်ပေါ် လက်လေးကျ နေပြီး စောင်ခြုံကာ လှဲနေသည့်ထိုကလေးလေးပေါ် မျက်လုံးတို့ ကျရောက်သွား၏ ။

ချက်ချင်းပင် သူမ၏မျက်နှာပေါ်က ဒေါသထွက်နေသည့်အကြည့်သည် နူးညံ့ညင်သာသည့်အကြည့်ဆီ ပြောင်းသွားခဲ့ချေပြီ ။ ထိုကလေးလေးကို လန့်အောင် လုပ်မိသွားမှာပင် စိုးနေမိ၏ ။

*အဟမ်း အဟမ်း*
“တန်တန်…အိပ်တော့နော် ။ ဂွတ်နိုက် ပါ”

“ဂွတ်နိုက်…မာမီ”

ရီဝမ်ဝမ် သူ့အား စောင်ခြုံပေးလိုက်ပြီးနောက် မီးပိတ်ပစ်လိုက်၏ ။

ထွက်သွားတော့မည်အပြု၊ သူမအနောက်ဘက်က ကောင်ငယ်လေး သည် ရုတ်တရက်ကြီး သူမအား လှမ်းခေါ်လာသည် ။

“မာမီ”

ရီဝမ်ဝမ် ခြေလှမ်းရပ်သွား၏ ။  “တန်တန်…ဘာဖြစ်လို့လဲ”

အမှောင်ထဲတွင် ကောင်ငယ်လေး၏ငယ်ရွယ်ပြီး မရင့်ကျက်သေး သည့်တိုင် အေးစက်ပြီး ဝေးကွာလှသည့်အသံကို သူမ ကြားလို့ရ၏ ။
“…မာမီ သားကို ထပ်စွန့်ပစ်ဦးမှာလား”

ထိုသည်ကို ကြားလိုက်သည့်အခိုက် ရီဝမ်ဝမ်၏နှလုံးသားလေး
ဒုတ်ခနဲ တစ်ချက်ခုန်တက်သွားပြီး အတိုင်းထက်အလွန် အပြစ်ရှိသလို ခံစားမိသွား၏ ။

သူ တစ်ခုခုကို သိသွားတာများလား ။

ရီဝမ်ဝမ် ။  “ဘယ်ကသာ…မစွန့်ပစ်တော့ပါဘူး…”

ငါသာ မင်းအမေ ဖြစ်လို့ကတော့ ဘယ်တော့မှ ဘယ်တော့မှကို မစွန့်ပစ်တော့ဘူး ။

….

နန်တန်ရှောင်၏အမူအရာလေးသည် ရီဝမ်ဝမ်၏အစီအစဉ်များစွာကို မွှေနှောက်ပစ်နိုင်ခဲ့ချေသည်ပင် ။

တစ်ယောက်သောသူသည် မယုံကြည်စိတ်မချရခြင်းကြောင့် သူမဘာသာ အွန်လိုင်းပေါ် တက်ပြီး ကလေးစောင့်ရှောက်နည်းကို လေ့လာကာ ကျောက်ကျောက်နှင့်ဖက်တီးအား လိုအပ်သည်များ ဝယ်ခိုင်းလိုက်ရ၏ ။

အွန်လိုင်းပေါ်တွင် လေ့လာနေရင်း
သူမ တစ်ခုကို တွေးမိသွားသဖြင့်
နန် ကလန်အကြောင်းကိုပါ ရှာဖွေကြည့်လိုက်၏ ။ အမည်မရှိသောနန် ၏ နာမည်နှင့် နန်တန်ရှောင်၏ နာမည်ကိုပါ ရှာဖွေကြည့်လိုက်သည် ။

ထင်သကဲ့သို့ပင် သူမ ရရှိသည့်သတင်းတို့သည်ကား အချည်းနှီး ။

အမည်မရှိသော နန် နှင့် သူ့အဖွဲ့၏ နောက်ကြောင်းသည် မရိုးရှင်းဟု သူမ မှန်းဆထားပြီးသားပင် ။ နန်တန်ရှောင်၏ကိုယ်ရံတော်နှစ်ယောက်က ကယ်ဆယ်သွားပြီးသည့် နောက်တွင်မူ သူမ၏သံသယတို့မှာ ခိုင်မြဲသွားရ၏။

သူမသည် ဒီလူတွေကို မတေ်ာတဆ တွေ့ဆုံခဲ့မိခြင်းသာ ဖြစ်၍ ထိုအကြောင်းကို များများစားစားမတွေးတောမိခဲ့သလို သူတို့နှင့် အရမ်းရင်းရင်းနှီးနှီးမနေလိုပါချေ ။ ဤကလေးနှင့် ပတ်သက်နေရသည် ဆိုလျှင်တောင် အမည်မရှိသောနန်သည် သူ၏အမေအရင်းကို ရှာတွေ့သွားပြီးပါက
သူမတို့တွင် တစ်ယောက်နှင့်တစ်ယောက် ပတ်သက်စရာ လိုတော့မည်မဟုတ်ပေ…

အကောင်အထည်ဖော်မရသည့်အကြောင်းပြချက်တချို့ကြောင့် တန်တန်နှင့် တွေ့ရပြီးသည့်နောက်တွင်
သူမရင်ထဲ ထူးထူးဆန်းဆန်း စိတ်ရှုပ်ထွေးနေမိချေသည်…

………………………………………………………ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် vote and comment ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘

Goddess > စာစဉ် ၃၇ တစ်ခုလုံးကို တစ်ခါတည်း အပြီးဖတ်လိုပါက ၅၀၀ ကျပ် ထဲနဲ့ ဖတ်လို့ရပါပြီ ။

Continue Reading

You'll Also Like

3.5M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
2M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "က်ဳပ္နာမည္ ေတာ္ဝင္ေယာက္်ား...
157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...