Black Memory(U+Z)(Completed )

By naykyihtun

1.1M 75.2K 2.9K

ဘုန္းထြဋ္ေခါင္လ်ွံ ႏိႈင္းသုတလ်ွံ ေဆာင္းရာသီေတြကုန္ဆံုးျပီးသြားရင္ ေႏြရာသီကိုေရာက္လာ မွာပဲ။ ငိုခ်င္ေနရင္ငိုခ်လ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
Part-23
part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part- 51
Part-52
Part -53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day
18.11 Day..end
For Extra
Interviews Part-1
Interview part-3(end)
အသိပေးခြင်း /အသိေပးျခင္း
Order Time
Author Heart
Hello
Extra 🛑

Interview Part-2

6.1K 515 54
By naykyihtun

Unicode

"တစ်ချို့တွေကတော့ ခေါင်လေးနဲ့နှိုင်းရဲ့ အချစ် ကပြီးပြည့်စုံတယ် နှစ်ယောက်စလုံးကအရမ်းလိုက်တယ်။ အဲ့ဒါကြောင့် နှစ်ယောက်လုံးကို ချစ်နေရတာနဲ့တင်
မေးခွန်တွေက ထွက်မလာပါဘူးတဲ့ "

"ကျွန်တော်တို့ကိုချစ်ပေးလို့ ကျေးဇူးပါ..."

စိုင်လျန်သည် မေးခွန်စာရွက်လေးအား ဆက်ကိုင်ထားရင်း...

"ဒီစာလေးကတော်တော်ရှည်တယ်...ကိုကို့ကို
ဖတ်ပြချင်တယ် ကိုကိုဖြေဖို့လိုအပ်တယ်။ အစီအစဉ်လေး ပြန်လွှင့်တဲ့အခါ ကိုနှိုင်းလည်း နားထောင်လို့ရတာပေါ့။ ကိုကို ကိုနှိုင်းကို ပြောမပြဖြစ်ခဲ့တဲ့အကြောင်းကိုတွေကို
ဒီကနေ တစ်ဆင့် ပြောပြပေးချင်တယ်"

ခေါင်လေးသည် စိုင်လျန်းအား တစ်ချက်ကြည့်ပြီး မေးဆတ်ပြပါ၏။ ထိုအခါ စိုင်လျန်သည် စာရွက်လေး ကိုကြည့်ပြီး စာချွန်လွှာလေးကို ...စတင်ဖတ်လေသည်။

"မတွေ့ဖြစ်တဲ့နေ့တွေ အကြာကြီးမှာ တစ်ယောက်ကို တစ်ယောက်ရင်ထဲထားပြီး ဘယ်လိုများချစ်နိုင် ရတာလဲခေါင်လေးနဲ့ နှိုင်းတို့ရယ်...ပြန်တွေ့တဲ့အခါ မခေါ်မပြော
နိုင်မဖြစ်ရအောင် အားလုံးအပေါ်ကောင်းမွန်စွာ နှုတ်ဆတ် လက်ပြတတ်ခဲ့တဲ့ ခေါင်လေးရေ မင်းလေးဟာ ကိုယ့်အတွက်တော့ Idea Personပါပဲ "

ခေါင်လေးသည် နာထောင်နေရင်း မျက်ခွံလေးတွေ တဖျက်ဖျက်လှုပ်ရှားနေကာ လက်လေးနှစ်ဖက် သွယ်ယှက်လို့ငြိမ်သက်စွာနားထောင်နေလေသည်။

"နှိုင်းရဲ့ အိပ်ခန်းလေးကို လာငေးကြည့်ပြီး
ပြန်သွားတတ်တဲ့ ကောင်လေး တစ်ယောက်အကြောင်းဟာ ကိုယ့်အတွက် Shockပါ။ "

ထိုစာသာအဆုံးမှာတော့ liveကြည့်နေသည့် နှိုင်းက ခေါင်လေးကို မော့ကြည့်လာပြီး... အစီအစဉ် ကို ဆက်ကြည့်နေလေသည်။ရင်ထဲတွင်တော့မေးခွန်းပေါင်း များစွာအစပျိုးလို့နေလေပြီဖြစ်သည်။

"အချစ်ကို အချစ်အတိုင်းမြင်ပြီး တစ်ယောက်စီအပေါ် ရှင်းလင်းစွာရှိတဲ့ မေတ္တာတွေအကြောင်း သေချာချပြသွား
နိုင်တဲ့ ခေါင်လေးရဲ့စိတ်ဟာ တကယ့်ကို realityဆန်တယ် ။ အလိမ်အညာမပါပဲ ဘယ်သူ့ကိုတော့ ဘယ်လိုချစ်တယ် သူရဲရင့်စွာပြောတယ် ။ နှိုင်းရဲ့နားလည်
တတ်တဲ့စိတ်မျိုး ကိုယ်လေးစားလိုက်တာ... အဲ့ ဒီလို ယုံကြည်နားလည်သွားတဲ့အဆင့်ထိရောက်အောင် ဖြတ်ကျော်သွားခဲ့ရတဲ့ သူတို့ နေ့တွေညတွေတိုင်းမှာ ကိုယ်အတူ လိုက်ပါ ငိုကြွေးခဲ့ရတာပါ ။ ခေါင်လေးနဲ့ နှိုင်းလေး နာကျင်ရင် ကိုယ်ပါ နင့်နေအောင် ခံစားရတယ် ။ ထာဝရပျော်စေချင်တယ် နွေး ကိုလည်း ခေါင်လေးသိပ်ချစ်တာကို သိတယ်....
နှိုင်းသဝန်တိုစရာမလိုကြောင်း အချစ်ဟာ ဖြူစင် သန့် ရှင်းစွာ သူ့နေရာနဲ့သူ မြင့်မြတ်နေတတ်ကြောင်း ခေါင်လေးက ပြသွားခဲ့တယ်။ ယုံကြည်စွာ သူ့အပေါ်ပ်နှင်းနိုင်အောင် နှိုင်း အပေါ် သူရိုးသားလွန်းတာ ကိုယ်တို့သိတယ်။ ခေါင်လေးလို ရဲရင့်စွာချစ်တတ်သူ ...
သူငယ်ချင်းအပေါ်လည်း လိုတိုင်းအသင့်ရှိသူ...ချစ်သူအတွက်လည်း အချိန်မရွေးလုံခြုံမှုပေးနိုင်တဲ့သူမျိုး ကိုယ်ဖြစ်ချင်မိပါတယ်....အဲ့ဒီအခါမှာ နှိုင်းလေးလို
နားလည်ပေးသူတစ်ယောက် ဆုလာဘ်အဖြစ်
ကိုယ့်အနားပိုင်ဆိုင်ခွင့်ရပါစေလို့ ဆုတောင်းမိတယ် အချစ်ထက်အရေးကြီးတဲ့အရာတွေကို အရင် ရင်ဆိုင်ဖို့ကြုံလာတဲ့အခါ... အချစ်ကို ထားပြီး ထွက်သွားမိ တဲ့နေ့တွေမှာ ထွက်သွားရသူလည်း နာကျင်တတ်တဲ့ အကြောင်း ကျန်ရစ်ခဲ့သူလေးကို ပြောပြပေးချင်မိတဲ့ အချိန်တွေ ကိုယ့်မှာရှိခဲ့ပါတယ် ။
အခုတော့ စိတ်အေးရပါပြီ ။အဲလိုဝေးနေချိန်မှာ နှစ်ခုပဲရှိတယ် ထာဝရဝေးသွားမလား
ပိုပြီးခိုင်မြဲစွာ ချစ်မလား?။ခေါင်လေးတို့က ပိုပြီး နားလည်စွာချစ်သွားခဲ့တယ်နော် ။ဘယ်တော့မှဘာကြောင့် မှတော့ နှိုင်းလေးကို မထားခဲ့နဲ့တော့နော် ဘာလုပ်လုပ် အသိပေးပါ ဘယ်သွားသွားခေါ်သွားပေးပါ နှိုင်းလေးက သိပ်ကို နူးညံ့သိမ်မွေ့လွန်းလို့ပါ ခေါင်လေးကြောင့်သာသူ့မှာ သတ္တိတွေရှိနေရတာ"

ခေါင်လေးသည် နားထောင်နေရင်း မာသောအသည်က မခိုင်စွာပဲ မျက်ရည်လေးဝေ့ဝဲမိသည်။ အတိတ်အကြောင်း တွေနဲ့ပတ်သတ်ရင်ဘယ်လောက်ပဲ မေ့ဖို့ကြိုးစားကြိုးစား
နဲနဲလေးပြန်အစဖော်လိုက်မိတာနဲ့ ရင်ထဲနင့်နေအောင် ခံစားတတ်ရမြဲလေသည်။

"ကျွန်တော်က ခင်ဗျားရဲ့ Idea Person လား?"

မေးခွန်းမမည်သောမေးခွန်းဖြစ်သည့် ထိုတစ်ခွန်းကိုသာ သူပြောပြီး နီရဲတတ်လာသောမျက်ရည်ကိုပြန်လည် သိမ်းဆည်းကာ....

"ကျေးဇူးပါပဲ ...ကျွန်တော့်ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ လူတစ်ယောက်ရဲ့ idea Person ဖြစ်လာဖို့ပေါ့။ အခုလိုသတ်မှတ်ပေးတာ ကျေးဇူးပါပဲ။ ကျွန်တော်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို လိုက်ပါစီးမျောပေးတဲ့အတွက် တကယ် ထပ်ပြီးတော့ကျေးဇူးတင်ပါတယ်။ နှိုင်းကို ကျွန်တော် ဘယ်တော့မှဘာအကြောင်းနဲ့မှ မထားခဲ့တော့ပါဘူး။ နှိုင်းမျက်ရည်တစ်ပေါက်ကျရင် ကျွန်တော့်နှလုံးသားလည်းတူနဲ့အထုခံရသလိုပဲ
နာကျင်ရပါတယ်။.... ဘာလုပ်လုပ် အသိပေးဖို့ကျတော့ အင်...အဲ့တာတော့ ကတိမပေးနိုင်သေးဘူး။တစ်ခါတလေ နှိုင်းကအရမ်းစိုးရိမ်တတ်တော့... တစ်ခုခုဖြစ်မှာ ကျွန်တော်ကြောက်တယ်။ဒါပေမယ့် ကျွန်တော်
ဘယ်သွားသွားနှိုင်းကို ခေါ်သွားပါတယ်။ အခုတောင် အပြင်မှာပါတယ်...ကျွန်တော်ပြီးရင် သူလာလိမ့်မယ်"

ခေါင်လေးသည် စကားပြောခဏရပ်သွားပြီး....

"ခင်ဗျားလည်း  သူငယ်ချင်းတွေ...မိသားစုတွေအပေါ်မှာ လုံခြုံမူပေးနိုင်တဲ့သူ ဖြစ်ပါစေ.....ကျွန်တော်ဆုတောင်း ပေးပါတယ်။ ကျွန်တော့်လိုပဲနားလည်မူအပြည့်
ပေးနိုင်တဲ့ ချစ်သူကောင်းကိုတွေတဲ့အခါ
ရှောင်မပြေးပဲ ရဲရဲရင့်ရင့် ချစ်လိုက်ပါ....
ကျွန်တော်ကတော့.. အခုနှိုင်းလက်ကိုမလွတ်တမ်း ဆုပ်ကိုင်ထားပြီး ရှိသမျှအချစ်တွေအကုန်ပုံပေးထား ပါတယ်။နှိုင်းပျော်အောင်လည်း ကျွန်တော် လုပ်ပေး နိုင်လာပြီ။အဲ့ဒီအတွက်... ကျွန်တော့်ကို ခင်ဗျားတို့
စိတ်ချလို့ရပါတယ်"

နှိုင်းသည် မျက်ရည်လေးဝေ့နေရင်း ငိုသံလေး တစ်ချက် ရှိုက်ကာ... မောင့်လက်မောင်းကို ကိုက်ပြစ်လိုက်ပါသည်။
ထိုအခါ ကျိတ်ခံရင် သွားလေးတွေစိကာရယ်ပြနေသည့် မောင်ကြောင့် မျက်စောင်းသေးသေးလေးထိုးမိပါ၏။ ဒီရင်မှာ အချစ်တွေ.. မသိမမြင်ခဲ့ရသမျှ...သူများပြောလို့
ပြန်ကြားရလျှင် နှိုင်းစိတ်မကောင်းဖြစ်ရသည်။ အရင်က မောင်မချစ်ဖူးထင်ခဲ့သောမိမိစိတ်တွေအတွက် လည်း အားနာစိတ်ဝင်မိတာ အမှန်ပင်။

"မောင်အရမ်းချစ်တာ...ယုံတယ်မလာ"

"ယုံတယ် "

ချက်ချင်း နှုတ်ခမ်းလေးမဲ့ပြီးဖြေလာတဲ့ နှိုင်းက ဖြူစင်လွန်းနေကာ...စကား၌ဘာအရောင်မှစွန်းထင်းမနေတော့ပေ။ ခေါင်လေးသည်နှုတ်ခမ်းလေးတွေပြုံးရင်း နှိုင်းကို ရင်ခွင်ထဲပြောင်းထိုင်စေကာ...

"မောင်ပြီးရင် နှိုင်းဖြေတာလာတော့မယ်မဟုတ်လား။ အူယားရင်ကိုက်မလို့ "

သူဆိုလေတော့ မျက်စောင်းလှလှလေးကို လက်ခံရရှိ လိုက်သည်။ချစ်သည်...ချစ်တာထက်ပိုသည့်စကားလုံး လေးများရှိသေးသလား ပြောချင်စမ်းပါဘိအချစ်ရယ်။

"နောက်ဆုံးမေးခွန်းပဲ...ဒီတစ်ခါတကယ်နောက်ဆုံးပဲ"

စိုင်လျန်သည် လက်ညိုးလေးတစ်ချောင်းထောင်ပြပြီး...ကျန်နေသည့်မေးခွန်းကိုဆက်ဖတ်ပြလေသည်။

"ကော်ရီးခေါင့် ကို မေးချင်လို့ပါတဲ့။ကော်ရီးတို့လက်ရှိ အိမ်မှာ အိမ်ငှါးတင်ဖို့အစီအစဉ်ရှိမရှိ... ရှိတယ်ဆို သမီးကကြိုတင်စာရင်းပေးချင်လို့ပါတဲ့.. အဟဲ"

ခေါင်လေးသည် သဘောကျစွာ ဟက်ခနဲရယ်မိပြီး....

"အိမ်ငှါးတင်ဖို့တော့ အစီအစဉ် မရှိပါဘူး။ဒါပေမယ့် ကျွန်တော်ပရိဘောဂလုပ်နေတယ်....လှောင်အိမ်လေးတွေ စင်လေးတွေပေါ့...မှာချင်ရင် Double လျှံ'House
လေးကိုလာခဲ့နော်...နှိုင်းရဲ့ Wine Shopလေးမှာပဲ ရှိပါတယ်။အဲ့ဒီမှာ ကျွန်တော်ကိုယ်တိုင်နှိုင်းအတွက် စင်လေးတွေလုပ်ပေးထားတာ....လာလည်ကြဖို့ဖိတ်ခေါ်ပါတယ်...ကျွန်တော်ဧည့်မခံတတ်ပေမယ့်
နှိုင်းတော့စကားပြောအရမ်းကောင်းပါတယ်"

"မေးခွန်းတွေ အားလုံးပြီသွာပြီ။ အခုလိုစိတ်ရှည်ရှည်နဲ့ဖြေပေးတဲ့ကိုကို့ကို ကျေးဇူးပါလို့....မသွားခင်နှုတ်ဆတ်သွားဦး လေ"

ခေါင်လေးသည် ပြီးပြီဆို၍ ဝမ်းသာအားရထထွက် သွားမလို လုပ်ပြီးမှ ပြန်လှည့်ကာ တာ့တာပြပြီး Cameraရှေ့မှ အမြန်ထွက်သွားလေတော့သည်။ ထိုအခါ စိုင်လျန်သည် မပြီးသေးသော အစီအစဉ် ကို ရှေ့ဆက်ရန်... cameraရှေ့ပြန်လှည့်လျက်..

"ကဲ ကိုက်ို့ကိုမေးစရာရှိတာတွေမေးပြီးသွားပြီဆိုတော့ ကျေနပ်ကြမယ်လို့ထင်ပါတယ်။ အခုတစ်ခါတော့စကားပြောအရမ်းကောင်းတယ် ဆိုတဲ့ ခေါင်လေးရဲ့အသဲလေးကို ဖိတ်ခေါ်လိုက်ကြရအောင် ...ကိုနှိုင်းရေ
ကြွပါခင်ဗျ"

"လာပြီ လာပြီ "

ခေါင်လေးသည် နှိုင်းကိုပေါင်ပေါ်တင်ထားရင်း စိတ်လှုပ်ရှားစွာ ဆိုပါ၏။ နှိုင်းကတော့ သူ့အလှည့်မို့ ရှက်သလိုလိုဖြစ်နေလေသည်။

"မင်္ဂလာပါခင်ဗျ ကျွန်တော့်နာမည် နှိုင်းသုတလျှံ ပါ..."

"ကိုနှ်ိုင်းတို့ကတော့ တစ်နေ့တခြားအသက်ကြီးမသွားပဲ ငယ်များသွားလေသလား...ကျွန်တော်နဲ့တောင် ရွယ်တူလို့ထင်ရတယ်"

"မြောက်မနေနဲ့....မဟုတ်လည်းမင်းတို့ကို ဝ်ိုင်အလကား တိုက်နေရတာ"

"ဟီး....ကိုနှိုင်းတို့နှစ်ယောက်တည်းပျင်းနေမှာစိုးလို့ ကျွန်တော်တို့က တစ်ပတ်တစ်ခါလာဖျော်ဖြေပေးတာနော့... "

စိုင်လျန်သည် နှိုင်းကိုပြောနေရင်း camera ကို မေးထိုးပြကာ ထောက်ခံချက်ယူလေ၏။ ကြည့်ရှူ့သူ တွေကတော့ ရှေ့မှာဘယ်သူရှိနေလဲမသိကြပေမယ့်...တကယ်တမ်းတော့ထိုရှေ့တွင် video ရိုက်ပေး နေသည့်မိုးဇေရှိနေလေသည်။ မိုးဇေသည် စိုင်လျန်အား
လက်မလေးထောင်ပြပြီး အစီအစဉ် ကိုဆက်လက်ရိုက် ကူးပေးနေပါ၏။

"ကိုနှိုင်းက အရမ်းချစ်ဖို့ကောင်တော့ ချစ်တဲ့သူတွေအရမ်း များတယ်။မေးခွန်းတွေကသိပ်မများဘူး။ဒါပေမယ့် သူတို့ အားလုံးဖြစ်စေချင်တဲ့ဆန္ဒတစ်ခုရှိတယ် အဲ့တာက... ကိုနှိုင်းကို အရမ်းပျော်စေချင်ကြတာပဲ။ နှိုင်းလေးအရမ်းပျော်မယ့်အချိန်တွေကို မျှော်နေပါတယ်တဲ့"

နှိုင်းသည် ချိုမြိန်စွာ ပြုံးရင်း....

"ကျွန်တော်အခုအရမ်းပျော်နေပါတယ်။ မောင်လည်း ကျွန်တော့်ကိုအရမ်းချစ်ပေးပါတယ်...အဲ့ဒီအပြင်...မောင့်သူငယ်ချင်းတွေကရော မောင့်ပတ်ဝန်းကျင်ကရော ကျွန်တော့်ကိုမိသားစုဝင် တစ်ယောက်လိုချစ်ပေးကြတဲ့
အတွက်...ကျွန်တော် ...အတော်လေးကိုပျော်နေပါတယ်"

"ဟုတ်ပါပြီဗျာ.... ကိုနှိုင်းတို့ကိုကြည့်ပြီး ကျွန်တော်တော့ လူတစ်ယောက် ကို ဆွဲထိုးချင်စိတ်ပေါက်ပါတယ်"

ထပ်မံ၍ မချစ်ပြတတ်သူတစ်ဦးတွင်ပါဝင်လာသူ မိုးဇေသည် စိုင်လျန်စကားကြောင့် လည်ချောင်း နင်သွားမိပါသည်။သူတော့ စီနီယာ ခေါင်လေးနားက ရိုနည်းတွေသင်ဖို့လိုလေပြီ...။

"ဒီမှာ တစ်ယောက်က ကိုနှိုင်းအတွက် စာပို့ထားပါတယ်။ နှိုင်လေးရေ... ခေါင်လေးရဲ့အချစ်ရဆုံးမဟုတ်ဘူးလို့ မထင်လိုက်ပါနဲ့နော်...နှိုင်းလေးအတွက်ဆို အရင်းနှီးဆုံး
ဖြစ်ခဲ့တဲ့သူတွေနဲ့ အဆက်အသွယ် ဖြတ်ဖို့ ဝန်မလေးပါဘူး တဲ့နော်.... တဲ့.... "

"ဟုတ်ကဲ့ပါ.... ကျွန်တော်အခု အားလုံးကိုနားလည်နေပါပြီ။ မောင်က သူ့ငယ်သူငယ်ချင်းတွေနဲ့ အဆက်သွယ်
ဖြတ်မယ်ဆိုရင်တောင် ကျွန်တော်မဖြတ်ခိုင်းပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေက ကျွန်တော့်ထက်အရင် မောင့်က်ိုတွေ့ခဲ့ကြတယ်...မောင့်ကိုချစ်ပေးခဲ့ကြတယ်။
အဲ့ဒီအပြင်ကို ကျွန်တော့်လက်ထဲ မောင့်ကို
ချစ်ပေးပါလို့ ယုံယုံကြည်ကြည်ပြန်ထည့်ပေးကြတယ်။ အချိန်တွေကြာလာလေ သူတို့အားလုံးက ကျွန်တော်ကို သူငယ်ချင်းရဲ့ချစ်သူအနေနဲ့အပြင် မိသားစုဝင်တစ်ယောက်
လို ဆက်ဆံပေးလာကြတယ်။ ကျွန်တော်အခုအထီးကျန် တယ် ဆိုတာ ဘာမှန်းမသိလောက်အောင်ဖြစ်နေပြီ...တစ်ယောက်တည်းလည်းလျှောက်တွေးမနေတတ်တော့ပါဘူး"

ခန့်ပိုင်သည် ရဲဇော်အား liveကိုကြည့်နေရင်း
မျက်ခုံးလေးပင့်ပြပါ၏။

"ဘယ်လိုခံစားရနေလဲ "

"စွန့်လွှတ်လိုက်ရလို့... လုံးဝနောင်တမရဘူး...
အဲ့ဒီအစား မင်းရောက်လာပေးတဲ့အတွက်...
ငါလည်း အားလုံးကိုမေ့လုလုပါပဲ "

ထိုအခါ ခန့်ပိုင်သည် ရဲဇော်၏ ပါးလေးအား အသဲယားစွာ တစ်ချက်မွေးကြူးလိုက်ပါ၏။

"ဘုရားပေါ်မှာကို ဘယ်လိုဖြစ်နေတာလဲ"

"ပါးလေးပဲနမ်းတာ ဘယ်သူမှမမြင်ဘူး "

"ဟွန့် "

စတစ်ကော်လံအကျႌလက်ရှည်လေးဖြင့်
အရင်လိုရှုပ်ရှုပ်ယှက်ယှက်တွေ ဝတ်မထားသော ရဲဇော်က ကြည်လင်သန့်ပြန်လို့နေပါ၏။ခန့်ပိုင်သည် ပြုံးတုံ့တုံ့လေးဖြင့် live အား ဆက်ကြည့်လိုက်ပါ၏။

"နောက်မေးခွန်းက နှိုင်းကို မေးပေးပါ..ဘာလို့များ ခေါင်လေးအပေါ်ပေးဆပ်ပြီးတော့ အရမ်းချစ်ပေးနိုင်တာလဲတဲ့ "

နှိုင်းသည် ပြည့်ပြည့်အိအိပါးလေးဖောင်သွားအောင် နှုတ်ခမ်းလေးတွေဖိလို့စဉ်းစားပြီး....

"အချစ်ဆိုတာက အဖြေထုတ်ရခက်သားဗျ။ ကျွန်တော် မောင့်အပေါ်ချစ်တဲ့အချစ်က အကြည့်တစ်ချက်ကြောင့် လည်းဖြစ်နိုင်တယ်။ မြင်မြင်ချင်း စွဲလန်းမိပြီး တစ်သက်လုံး အထိစွဲလန်းသွားတာကြောင့်လည်းဖြစ်မယ်။အဓိကကတော့ ကျွန်တော့်နှလုံးသားက တောင့်တတဲ့သူက မောင်ဖြစ်နေလို့ကို အရမ်းချစ်ပေးနိုင်မိသွားတာထင်တယ်"

"ဒါဖြင့်ရင် ခေါင်လေးကရော နှိုင်းကိုနှိုင်းချစ်တာထက် ပိုချစ်ရဲ့လားတဲ့ "

"အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ကျွန်တော်တို့အခုထိ ငြင်းနေကြတုန်းပါပဲ...အဖြေထွက်တဲ့နေ ပြန်ပြောပြပေးပါ့မယ်"

နှိုင်းက ရယ်ကျဲကျဲလေးနှင့်ဖြေ၏။ ခေါင်လေးသည်Liveကြည့်နေရင်းပင်... မောင်ပိုချစ်တာဟု ပြောနေပါသေး၏။

"ဒီမေးခွန်းက ကိုကို့ကိုလဲမေးထားသေးတယ်...ကိုနှိုင်းကိုလည်းပြန်မေးဦးမယ်....ခေါင်နဲ့နှိုင်းရေ သတိရနေပါတယ်...ပိစိလေးတွေမလိုချင်ကြဘူးလားတဲ့"

"အဲ့တာက.... လိုချင်ပါတယ်...မောင့်က်ိုယ်ပွားလေးဆို။ ဘယ်လောက်တောင်ဂျစ်တစ်တစ်လေးနဲ့ချစ်စရာကောင်း လိုက်မလဲနော်"

နှိုင်းဖြေသံဆုံးတော့ ခေါင်လေးက နှိုင်းမျက်နှာလေးကို မော့ကြည့်ကာ...

"ကလေးရချင်တာလား နှိုင်း..."

"အင် မောင့်ကိုယ်ပွားလေးရချင်တာ"

"မောင်က နှိုင်းကိုယ်ပွားလေးရချင်တာ "

"ဒါဖြင့်နှစ်ယောက်မွေးကြမလား "

"အဟင်းဟင်း... "

နှစ်ယောက်လုံးရဲ့ရယ်သံလေးကတလွင့်လွင့်ရှိလှသည်။ ကလေးယူဖို့အိမ်မက်ကတော့ သူတို့နှစ်ယောက် အတွက် နဲနဲထပ်ပြီးတိုင်ပင်ဖို့လိုအပ် ပါလိမ့်ဦးမည်။

"နောက်ထပ်မေးခွန်းလေးတစ်ခုသွားမယ်နော်...ဒီမှာမေးထားတာက နှိုင်းကိုဘိုဘိုအပေါ်မုန်းနေသလား။ ခွင့်လွှတ်သလား... ဘယ်လိုခံစားရလဲ သိချင်ပါတယ်တဲ့"

နှိုင်းသည် ဖြေရခက်စွာ...ခေါင်လေးငုံ့သွားပြီးနောက်......

"အရိုးသားဆုံး ဝန်ခံရရင် ကျွန်တော် ကိုဘိုဘ်ို့ ကို မုန်းခဲ့ပါတယ်။မောင်သာသတိပြန်မရလာခဲ့ရင် သေပြီးသွားတယ်ဆိုရင်တောင် ကိုဘိုဘိုကို ကျွန်တော်ထပ်သတ်မိဦးမှာပါ.... ဒါပေမယ့် အိမ်ပြန်ရောက်တော့ ကိုဘိုဘို ကျွန်တော်အပေါ် ကောင်းခဲ့တာတွေပြန်မြင်ယောင်မိတယ်။ကျွန်တော်တို့ အမှတ်တရ ဓာတ်ပုံတွေရိုက်ဖူးခဲ့ကြတယ်....အဲ့ဒီအချိန်မှာ ကျွန်တော့်အမုန်းတွေလျော့လာခဲ့တယ်လို့
ဆိုရမလား... နောက်ပိုင်းတော့ မောင်နဲ့အတူတူနေရင်း ကိုဘိုဘ်ိုကို မေ့ပြီးခွင့်လွှတ်နိုင်ခဲ့ပါတယ်... ကျွန်တော့်ဘေးနာမှာ မောင်ရှိနေသရွေ့ ကျွန်တော်မှာ ရှေ့ဆက်လျှောက်ဖို့လမ်းအတွက် သတိ္တတွေအပြည့်
ရှိပါတယ်...ကျွန်တော် မောင့်ကိုအရမ်းချစ်တာမို့ တစ်ခါတစ်လေ ကျွန်တော်ချစ်တဲ့ဒဏ်ကို မောင်မခံ နိုင်မှာတောင် ကြောက်မိပါတယ် "

"အမလေးနော်...ကိုကိုလား ကြောက်နေဦးမယ်။ ပျော်လွန်းလို့ပြုံးဖြီးနေဦးမယ်"

စိုင်လျန်... စသည့်အတိုင်းပင် ခေါင်လေးကပြုံးဖြီးလို့ နှိုင်း၏အသားနုနုလေးတွေအား အိထွေးထွေးနှုတ်ခမ်း တို့ဖြင့် နမ်းရှိုက် လို့မဝဖြစ်နေပါ၏။

"နောက်ဆုံးတစ်ခုကတော့... အခုကိုယ့်ရဲ့နှိုင်းလေး စိတ်ရှင်းရှင်းနဲ့ပျော်နေရဲ့လား... ခေါင်ကရော နှိုင်းကို အရင်ထက်ပိုပြီး ဂရုစိုက်ပြီးချစ်ပေးရဲ့လား...အဓိကက တော့ကိုယ့်ကလေးလေးနှိုင်း စိတ်ရင်းနဲ့ ပျော်ရွှင်ပြီး
အချစ်ခံရတဲ့ အလိုလိုက်ခံရတဲ့ ကလေးလေးဖြစ်နေဖို့ပါပဲတဲ့"

"ဟုတ်ကဲ့ ကျွန်တော်အခုစိတ်ရင်းနဲ့ အရမ်းပျော်နေပါတယ်။ မောင်က ကျွန်တော့်အတွက် သစ်လုံးလေတွေနဲ့ စံပယ်ဥယျာဉ်လေးတစ်ခုလုပ်ထားပေးတယ်...
အချိန်ရရင်လာလည်ကြပါနော်... "

"ကျွန်တော်တော့ အမြဲတမ်းသွားကစားတယ်...အဲ့နားလေးက အနံ့မွှေးမွှေးလေးနဲ့လေညှင်းခံပြီး ဝိုင်သောက်ရင် အရမ်းမိုက်တာ...လုံးဝဖီလ်အပြည့်ပဲ "

"Live လွှင့်နေတာနော်...သတိထားဦး "

မိုးဇေလှမ်းအော်ကာသတိပေးလျှင် Liveပြီးမှ တွေ့မည်ဟူသည့်သဘောဖြင့် စိုင်လျန်ကဂြိုလ်ခုတ်ပါ ၏။ ထို့နောက်မျက်နှာထက်အပြုံးပန်းလေး ပန်ဆင်ကာ...

"အခုဆိုရင်တော့ ကိုနှိုင်းကို မေးခွန်းတွေမေးပြီးသွားပါပြီ။ ကျေနပ်ကြလိမ့်မယ်လိုထင်ပါတယ်....ခဏနေကြရင် ကိုကိုခန့်ပိုင်နဲ့ကိုကြီးရဲဇော်ကိုဖိတ်ခေါ်ပေးမယ်နော်...ကိုနှိုင်းရေ မသွားခင် ပရိတ်သတ် တွေက်ို နှုတ်ဆတ်
သွားပါဦး "

နှိုင်းသည် လက်အုပ်လေးနှစ်ဖက်ချီပြီး ဦညွတ်ဟန်ပြု ပြီးနောက်...

"ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရလို့ဝမ်းသာပါတယ်။ ကျွန်တော်တို့ကိုချစ်ပေးကြလို့အားလုံးကိုကျေးဇူး တင်ပါတယ်နော်... တာ့တာ့ "

....................

Love you all💚💚💚

...........................................................

Zawgyi

"တစ္ခ်ိဳ႕ေတြကေတာ့ ေခါင္ေလးနဲ႔ႏိႈင္းရဲ့ အခ်စ္
ကၿပီးျပည့္စံုတယ္ ႏွစ္ေယာက္စလံုးကအရမ္းလိုက္တယ္။
အဲ့ဒါေၾကာင့္ ႏွစ္ေယာက္လံုးကို ခ်စ္ေနရတာနဲ႔တင္
ေမးခြန္ေတြက ထြက္မလာပါဘူးတဲ့ "

"ကြၽန္ေတာ္တို႔ကိုခ်စ္ေပးလို႔ ေက်းဇူးပါ..."

စိုင္လ်န္သည္ ေမးခြန္စာရြက္ေလးအား ဆက္ကိုင္ထားရင္း...

"ဒီစာေလးကေတာ္ေတာ္႐ွည္တယ္...ကိုကို႔ကို
ဖတ္ျပခ်င္တယ္ ကိုကိုေျဖဖို႕လိုအပ္တယ္။ အစီအစဥ္ေလး
ျပန္လႊင့္တဲ့အခါ ကိုႏိႈင္းလည္း နားေထာင္လို႔ရတာေပါ့။
ကိုကို ကိုႏိႈင္းကို ေျပာမျပျဖစ္ခဲ့တဲ့အေၾကာင္းကိုေတြကို
ဒီကေန တစ္ဆင့္ ေျပာျပေပးခ်င္တယ္"

ေခါင္ေလးသည္ စိုင္လ်န္းအား တစ္ခ်က္ၾကည့္ၿပီး
ေမးဆတ္ျပပါ၏။ ထိုအခါ စိုင္လ်န္သည္ စာရြက္ေလး
ကိုၾကည့္ၿပီး စာခြၽန္လႊာေလးကို ...စတင္ဖတ္ေလသည္။

"မေတြ႕ျဖစ္တဲ့ေန႕ေတြ အၾကာႀကီးမွာ တစ္ေယာက္ကို
တစ္ေယာက္ရင္ထဲထားၿပီး ဘယ္လိုမ်ားခ်စ္ႏိုင္ ရတာလဲ
ေခါင္ေလးနဲ႕ ႏွိုင္းတို႔ရယ္...ျပန္ေတြ႕တဲ့အခါ မေခၚမေျပာ
ႏိုင္မျဖစ္ရေအာင္ အားလံုးအေပၚေကာင္းမြန္စြာ
ႏႈတ္ဆတ္ လက္ျပတတ္ခဲ့တဲ့ ေခါင္ေလးေရ မင္းေလးဟာ
ကိုယ့္အတြက္ေတာ့ Idea Personပါပဲ "

ေခါင္ေလးသည္ နာေထာင္ေနရင္း မ်က္ခြံေလးေတြ
တဖ်က္ဖ်က္လႈပ္႐ွားေနကာ လက္ေလးႏွစ္ဖက္
သြယ္ယွက္လို႔ၿငိမ္သက္စြာနားေထာင္ေနေလသည္။

"ႏွိုင္းရဲ႕ အိပ္ခန္းေလးကို လာေငးၾကည့္ၿပီး
ျပန္သြားတတ္တဲ့ ေကာင္ေလး တစ္ေယာက္အေၾကာင္းဟာ ကိုယ့္အတြက္ Shockပါ။ "

ထိုစာသာအဆံုးမွာေတာ့ liveၾကည့္ေနသည့္ ႏိႈင္းက
ေခါင္ေလးကို ေမာ့ၾကည့္လာၿပီး... အစီအစဥ္ ကို
ဆက္ၾကည့္ေနေလသည္။ရင္ထဲတြင္ေတာ့ေမးခြန္းေပါင္း
မ်ားစြာအစပ်ိဳးလို႔ေနေလၿပီျဖစ္သည္။

"အခ်စ္ကို အခ်စ္အတိုင္းျမင္ၿပီး တစ္ေယာက္စီအေပၚ
ရွင္းလင္းစြာရွိတဲ့ ေမတၱာေတြအေၾကာင္း ေသခ်ာခ်ျပသြား
နိုင္တဲ့ ေခါင္ေလးရဲ႕စိတ္ဟာ တကယ့္ကို reality
ဆန္တယ္ ။ အလိမ္အညာမပါပဲ ဘယ္သူ႕ကိုေတာ့
ဘယ္လိုခ်စ္တယ္ သူရဲရင့္စြာေျပာတယ္ ။ ႏွိုင္းရဲ႕နားလည္
တတ္တဲ့စိတ္မ်ိဳး ကိုယ္ေလးစားလိုက္တာ... အဲ့ ဒီလို
ယုံၾကည္နားလည္သြားတဲ့အဆင့္ထိေရာက္ေအာင္
ျဖတ္ေက်ာ္သြားခဲ့ရတဲ့ သူတို႔ ေန႕ေတြညေတြတိုင္းမွာ
ကိုယ္အတူ လိုက္ပါ ငိုေႂကြးခဲ့ရတာပါ ။
ေခါင္ေလးနဲ႕ ႏွိုင္းေလး နာက်င္ရင္ ကိုယ္ပါ နင့္ေနေအာင္ ခံစားရတယ္ ။ ထာဝရေပ်ာ္ေစခ်င္တယ္ ေႏြး ကိုလည္း
ေခါင္ေလးသိပ္ခ်စ္တာကို သိတယ္....
ႏွိုင္းသဝန္တိုစရာမလိုေၾကာင္း အခ်စ္ဟာ ျဖဴစင္
သန္႔ ရွင္းစြာ သူ႕ေနရာနဲ႕သူ ျမင့္ျမတ္ေနတတ္ေၾကာင္း
ေခါင္ေလးက ျပသြားခဲ့တယ္။ ယုံၾကည္စြာ သူ႕အေပၚ
အပ္ႏွင္းနိုင္ေအာင္ ႏိႈင္း အေပၚ သူရိုးသားလြန္းတာ
ကိုယ္တို႔သိတယ္။ ေခါင္ေလးလို ရဲရင့္စြာခ်စ္တတ္သူ ...
သူငယ္ခ်င္းအေပၚလည္း လိုတိုင္းအသင့္ရွိသူ...
ခ်စ္သူအတြက္လည္း အခ်ိန္မေ႐ြးလုံၿခဳံမႈေပးနိုင္တဲ့သူမ်ိဳး
ကိုယ္ျဖစ္ခ်င္မိပါတယ္....အဲ့ဒီအခါမွာ ႏွိုင္းေလးလို
နားလည္ေပးသူတစ္ေယာက္ ဆုလာဘ္အျဖစ္
ကိုယ့္အနားပိုင္ဆိုင္ခြင့္ရပါေစလို႔ ဆုေတာင္းမိတယ္
အခ်စ္ထက္အေရးႀကီးတဲ့အရာေတြကို အရင္
ရင္ဆိုင္ဖို႔ႀကဳံလာတဲ့အခါ... အခ်စ္ကို ထားၿပီး
ထြက္သြားမိ တဲ့ေန႕ေတြမွာ ထြက္သြားရသူလည္း
နာက်င္တတ္တဲ့ အေၾကာင္း က်န္ရစ္ခဲ့သူေလးကို
ေျပာျပေပးခ်င္မိတဲ့ အခ်ိန္ေတြ ကိုယ့္မွာရွိခဲ့ပါတယ္ ။
အခုေတာ့ စိတ္ေအးရပါၿပီ ။အဲလိုေဝးေနခ်ိန္မွာ
ႏွစ္ခုပဲရွိတယ္ ထာဝရေဝးသြားမလား
ပိုၿပီးခိုင္ၿမဲစြာ ခ်စ္မလား?။ေခါင္ေလးတို႔က ပိုၿပီး
နားလည္စြာခ်စ္သြားခဲ့တယ္ေနာ္ ။ဘယ္ေတာ့မွဘာေၾကာင့္
မွေတာ့ ႏွိုင္းေလးကို မထားခဲ့နဲ႕ေတာ့ေနာ္ ဘာလုပ္လုပ္ အသိေပးပါ ဘယ္သြားသြားေခၚသြားေပးပါ ႏွိုင္းေလးက သိပ္ကို ႏူးညံ့သိမ္ေမြ႕လြန္းလို႔ပါ ေခါင္ေလးေၾကာင့္သာသူ႕မွာ
သတၱိေတြရွိေနရတာ"

ေခါင္ေလးသည္ နားေထာင္ေနရင္း မာေသာအသည္က
မခိုင္စြာပဲ မ်က္ရည္ေလးေဝ့ဝဲမိသည္။ အတိတ္အေၾကာင္း
ေတြနဲ႔ပတ္သတ္ရင္ဘယ္ေလာက္ပဲ ေမ့ဖို႔ႀကိဳးစားႀကိဳးစား
နဲနဲေလးျပန္အစေဖာ္လိုက္မိတာနဲ႔ ရင္ထဲနင့္ေနေအာင္
ခံစားတတ္ရျမဲေလသည္။

"ကြၽန္ေတာ္က ခင္ဗ်ားရဲ႕ Idea Person လား?"

ေမးခြန္းမမည္ေသာေမးခြန္းျဖစ္သည့္ ထိုတစ္ခြန္းကိုသာ
သူေျပာၿပီး နီရဲတတ္လာေသာမ်က္ရည္ကိုျပန္လည္
သိမ္းဆည္းကာ....

"ေက်းဇူးပါပဲ ...ကြၽန္ေတာ့္ဘယ္တုန္းကမွ မထင္ခဲ့ဘူး။
လူတစ္ေယာက္ရဲ႕ idea Person ျဖစ္လာဖို႔ေပါ့။
အခုလိုသတ္မွတ္ေပးတာ ေက်းဇူးပါပဲ။ ကြၽန္ေတာ္တို႔ရဲ႕
အခ်စ္ဇာတ္လမ္းေလးကို လိုက္ပါစီးေမ်ာေပးတဲ့အတြက္
တကယ္ ထပ္ၿပီးေတာ့ေက်းဇူးတင္ပါတယ္။ ႏိႈင္းကို
ကြၽန္ေတာ္ ဘယ္ေတာ့မွဘာအေၾကာင္းနဲ႔မွ
မထားခဲ့ေတာ့ပါဘူး။ ႏိႈင္းမ်က္ရည္တစ္ေပါက္က်ရင္
ကြၽန္ေတာ့္ႏွလံုးသားလည္းတူနဲ႔အထုခံရသလိုပဲ
နာက်င္ရပါတယ္။.... ဘာလုပ္လုပ္ အသိေပးဖို႔က်ေတာ့
အင္...အဲ့တာေတာ့ ကတိမေပးႏိုင္ေသးဘူး။တစ္ခါတေလ
ႏိႈင္းကအရမ္းစိုးရိမ္တတ္ေတာ့... တစ္ခုခုျဖစ္မွာ
ကြၽန္ေတာ္ေၾကာက္တယ္။ဒါေပမယ့္ ကြၽန္ေတာ္
ဘယ္သြားသြားႏိႈင္းကို ေခၚသြားပါတယ္။ အခုေတာင္
အျပင္မွာပါတယ္...ကြၽန္ေတာ္ၿပီးရင္ သူလာလိမ့္မယ္"

ေခါင္ေလးသည္ စကားေျပာခဏရပ္သြားၿပီး....

"ခင္ဗ်ားလည္း  သူငယ္ခ်င္းေတြ...မိသားစုေတြအေပၚမွာ
လံုျခံဳမူေပးႏိုင္တဲ့သူ ျဖစ္ပါေစ.....ကြၽန္ေတာ္ဆုေတာင္း
ေပးပါတယ္။ ကြၽန္ေတာ့္လိုပဲနားလည္မူအျပည့္
ေပးႏိုင္တဲ့ ခ်စ္သူေကာင္းကိုေတြတဲ့အခါ
ေ႐ွာင္မေျပးပဲ ရဲရဲရင့္ရင့္ ခ်စ္လိုက္ပါ....
ကြၽန္ေတာ္ကေတာ့.. အခုႏိႈင္းလက္ကိုမလြတ္တမ္း
ဆုပ္ကိုင္ထားၿပီး ရိွသမ်ွအခ်စ္ေတြအကုန္ပံုေပးထား
ပါတယ္။ႏိႈင္းေပ်ာ္ေအာင္လည္း ကြၽန္ေတာ္ လုပ္ေပး
ႏိုင္လာၿပီ။အဲ့ဒီအတြက္... ကြၽန္ေတာ့္ကို ခင္ဗ်ားတို႔
စိတ္ခ်လို႔ရပါတယ္"

ႏိႈင္းသည္ မ်က္ရည္ေလးေဝ့ေနရင္း ငိုသံေလး တစ္ခ်က္
ရိွဳက္ကာ... ေမာင့္လက္ေမာင္းကို ကိုက္ျပစ္လိုက္ပါသည္။
ထိုအခါ က်ိတ္ခံရင္ သြားေလးေတြစိကာရယ္ျပေနသည့္
ေမာင္ေၾကာင့္ မ်က္ေစာင္းေသးေသးေလးထိုးမိပါ၏။
ဒီရင္မွာ အခ်စ္ေတြ.. မသိမျမင္ခဲ့ရသမ်ွ...သူမ်ားေျပာလို႔
ျပန္ၾကားရလ်ွင္ ႏိႈင္းစိတ္မေကာင္းျဖစ္ရသည္။
အရင္က ေမာင္မခ်စ္ဖူးထင္ခဲ့ေသာမိမိစိတ္ေတြအတြက္
လည္း အားနာစိတ္ဝင္မိတာ အမွန္ပင္။

"ေမာင္အရမ္းခ်စ္တာ...ယံုတယ္မလာ"

"ယံုတယ္ "

ခ်က္ခ်င္း ႏႈတ္ခမ္းေလးမဲ့ၿပီးေျဖလာတဲ့ ႏိႈင္းက
ျဖဴစင္လြန္းေနကာ...စကား၌ဘာအေရာင္မွစြန္းထင္း
မေနေတာ့ေပ။ ေခါင္ေလးသည္ႏႈတ္ခမ္းေလးေတြျပံဳးရင္း
ႏိႈင္းကို ရင္ခြင္ထဲေျပာင္းထိုင္ေစကာ...

"ေမာင္ၿပီးရင္ ႏိႈင္းေျဖတာလာေတာ့မယ္မဟုတ္လား။
အူယားရင္ကိုက္မလို႔ "

သူဆိုေလေတာ့ မ်က္ေစာင္းလွလွေလးကို လက္ခံရရိွ
လိုက္သည္။ခ်စ္သည္...ခ်စ္တာထက္ပိုသည့္စကားလံုး
ေလးမ်ားရိွေသးသလား ေျပာခ်င္စမ္းပါဘိအခ်စ္ရယ္။

"ေနာက္ဆံုးေမးခြန္းပဲ...ဒီတစ္ခါတကယ္ေနာက္ဆံုးပဲ"

စိုင္လ်န္သည္ လက္ညိဳးေလးတစ္ေခ်ာင္းေထာင္ၿပၿပီး...
က်န္ေနသည့္ေမးခြန္းကိုဆက္ဖတ္ျပေလသည္။

"ေကာ္ရီးေခါင့္ ကို ေမးခ်င္လို႔ပါတဲ့။ေကာ္ရီးတို႔လက္ရိွ
အိမ္မွာ အိမ္ငွါးတင္ဖို႔အစီအစဥ္ရိွမရိွ... ရိွတယ္ဆို
သမီးကႀကိဳတင္စာရင္းေပးခ်င္လို႔ပါတဲ့.. အဟဲ"

ေခါင္ေလးသည္ သေဘာက်စြာ ဟက္ခနဲရယ္မိၿပီး....

"အိမ္ငွါးတင္ဖို႔ေတာ့ အစီအစဥ္ မရိွပါဘူး။ဒါေပမယ့္
ကြၽန္ေတာ္ပရိေဘာဂလုပ္ေနတယ္....ေလွာင္အိမ္ေလးေတြ
စင္ေလးေတြေပါ့...မွာခ်င္ရင္ Double လ်ွံ'House
ေလးကိုလာခဲ့ေနာ္...ႏိႈင္းရဲ႕ Wine Shopေလးမွာပဲ
ရိွပါတယ္။အဲ့ဒီမွာ ကြၽန္ေတာ္ကိုယ္တိုင္ႏိႈင္းအတြက္
စင္ေလးေတြလုပ္ေပးထားတာ....လာလည္ၾကဖို႔
ဖိတ္ေခၚပါတယ္...ကြၽန္ေတာ္ဧည့္မခံတတ္ေပမယ့္
ႏိႈင္းေတာ့စကားေျပာအရမ္းေကာင္းပါတယ္"

"ေမးခြန္းေတြ အားလံုးၿပီသြာၿပီ။ အခုလိုစိတ္႐ွည္႐ွည္နဲ႔
ေျဖေပးတဲ့ကိုကို႔ကို ေက်းဇူးပါလို႔....မသြားခင္
ႏႈတ္ဆတ္သြားဦး ေလ"

ေခါင္ေလးသည္ ၿပီးၿပီဆို၍ ဝမ္းသာအားရထထြက္
သြားမလို လုပ္ၿပီးမွ ျပန္လွည့္ကာ တာ့တာျပၿပီး
Cameraေ႐ွ႕မွ အျမန္ထြက္သြားေလေတာ့သည္။
ထိုအခါ စိုင္လ်န္သည္ မၿပီးေသးေသာ အစီအစဥ္ ကို
ေ႐ွ႕ဆက္ရန္... cameraေ႐ွ႕ျပန္လွည့္လ်က္..

"ကဲ ကိုက္ုိ႔ကိုေမးစရာရိွတာေတြေမးၿပီးသြားၿပီဆိုေတာ့
ေက်နပ္ၾကမယ္လို႔ထင္ပါတယ္။ အခုတစ္ခါေတာ့
စကားေျပာအရမ္းေကာင္းတယ္ ဆိုတဲ့ ေခါင္ေလးရဲ႕
အသဲေလးကို ဖိတ္ေခၚလိုက္ျကရေအာင္ ...ကိုႏိႈင္းေရ
ႂကြပါခင္ဗ်"

"လာၿပီ လာႁပီ "

ေခါင္ေလးသည္ ႏိႈင္းကိုေပါင္ေပၚတင္ထားရင္း
စိတ္လႈပ္႐ွားစြာ ဆိုပါ၏။ ႏိႈင္းကေတာ့ သူ႔အလွည့္မို႔
႐ွက္သလိုလိုျဖစ္ေနေလသည္။

"မဂၤလာပါခင္ဗ် ကြၽန္ေတာ့္နာမည္ ႏိႈင္းသုတလ်ွံ ပါ..."

"ကိုႏွ္ိုင္းတို႔ကေတာ့ တစ္ေန႔တျခားအသက္ႀကီးမသြားပဲ
ငယ္မ်ားသြားေလသလား...ကြၽန္ေတာ္နဲ႔ေတာင္
ရြယ္တူလို႔ထင္ရတယ္"

"ေျမာက္မေနနဲ႔....မဟုတ္လည္းမင္းတို႔ကို ဝ္ိုင္အလကား
တိုက္ေနရတာ"

"ဟီး....ကိုႏိႈင္းတို႔ႏွစ္ေယာက္တည္းပ်င္းေနမွာစိုးလို႔
ကြၽန္ေတာ္တို႔က တစ္ပတ္တစ္ခါလာေဖ်ာ္ေျဖေပးတာ
ေနာ့... "

စိုင္လ်န္သည္ ႏိႈင္းကိုေျပာေနရင္း camera ကို
ေမးထိုးျပကာ ေထာက္ခံခ်က္ယူေလ၏။ ၾကည့္႐ွဴ႕သူ
ေတြကေတာ့ ေ႐ွ႕မွာဘယ္သူရိွေနလဲမသိၾကေပမယ့္
...တကယ္တမ္းေတာ့ထိုေ႐ွ႕တြင္ video ႐ိုက္ေပး
ေနသည့္မိုးေဇရိွေနေလသည္။ မိုးေဇသည္ စိုင္လ်န္အား
လက္မေလးေထာင္ျပၿပီး အစီအစဥ္ ကိုဆက္လက္႐ိုက္
ကူးေပးေနပါ၏။

"ကိုႏိႈင္းက အရမ္းခ်စ္ဖို႔ေကာင္ေတာ့ ခ်စ္တဲ့သူေတြအရမ္း
မ်ားတယ္။ေမးခြန္းေတြကသိပ္မမ်ားဘူး။ဒါေပမယ့္
သူတို႔ အားလံုးျဖစ္ေစခ်င္တဲ့ဆႏၵတစ္ခုရိွတယ္
အဲ့တာက... ကိုႏိႈင္းကို အရမ္းေပ်ာ္ေစခ်င္ၾကတာပဲ။
ႏိႈင္းေလးအရမ္းေပ်ာ္မယ့္အခ်ိန္ေတြကို ေမ်ွာ္ေနပါတယ္တဲ့"

ႏိႈင္းသည္ ခ်ိဳၿမိန္စြာ ျပံဳးရင္း....

"ကြၽန္ေတာ္အခုအရမ္းေပ်ာ္ေနပါတယ္။ ေမာင္လည္း
ကြၽန္ေတာ့္ကိုအရမ္းခ်စ္ေပးပါတယ္...အဲ့ဒီအျပင္...
ေမာင့္သူငယ္ခ်င္းေတြကေရာ ေမာင့္ပတ္ဝန္းက်င္ကေရာ
ကြၽန္ေတာ့္ကိုမိသားစုဝင္ တစ္ေယာက္လိုခ်စ္ေပးၾကတဲ့
အတြက္...ကြၽန္ေတာ္ ...အေတာ္ေလးကိုေပ်ာ္ေနပါတယ္"

"ဟုတ္ပါၿပီဗ်ာ.... ကိုႏိႈင္းတို႔ကိုၾကည့္ၿပီး ကြၽန္ေတာ္ေတာ့
လူတစ္ေယာက္ ကို ဆြဲထိုးခ်င္စိတ္ေပါက္ပါတယ္"

ထပ္မံ၍ မခ်စ္ျပတတ္သူတစ္ဦးတြင္ပါဝင္လာသူ
မိုးေဇသည္ စိုင္လ်န္စကားေၾကာင့္ လည္ေခ်ာင္း
နင္သြားမိပါသည္။သူေတာ့ စီနီယာ ေခါင္ေလးနားက
႐ိုနည္းေတြသင္ဖို႔လိုေလၿပီ...။

"ဒီမွာ တစ္ေယာက္က ကိုႏိႈင္းအတြက္ စာပို႔ထားပါတယ္။
ႏိႈင္ေလးေရ... ေခါင္ေလးရဲ႕အခ်စ္ရဆံုးမဟုတ္ဘူးလို႔
မထင္လိုက္ပါနဲ႔ေနာ္...ႏိႈင္းေလးအတြက္ဆို အရင္းႏွီးဆုံး
ျဖစ္ခဲ့တဲ့သူေတြနဲ႔ အဆက္အသြယ္ ျဖတ္ဖို႔ ဝန္မေလးပါဘူး
တဲ့ေနာ္.... တဲ့.... "

"ဟုတ္ကဲ့ပါ.... ကြၽန္ေတာ္အခု အားလံုးကိုနားလည္ေနပါၿပီ။
ေမာင္က သူ႕ငယ္သူငယ္ခ်င္းေတြနဲ႔ အဆက္သြယ္
ျဖတ္မယ္ဆိုရင္ေတာင္ ကြၽန္ေတာ္မျဖတ္ခိုင္းပါဘူး။
ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက ကြၽန္ေတာ့္ထက္အရင္
ေမာင့္က္ုိေတြ႔ခဲ့ၾကတယ္...ေမာင့္ကိုခ်စ္ေပးခဲ့ၾကတယ္။
အဲ့ဒီအျပင္ကို ကြၽန္ေတာ့္လက္ထဲ ေမာင့္ကို
ခ်စ္ေပးပါလို႔ ယံုယံုၾကည္ၾကည္ျပန္ထည့္ေပးၾကတယ္။
အခ်ိန္ေတြၾကာလာေလ သူတို႔အားလံုးက ကြၽန္ေတာ္ကို
သူငယ္ခ်င္းရဲ႕ခ်စ္သူအေနနဲ႔အျပင္ မိသားစုဝင္တစ္ေယာက္
လို ဆက္ဆံေပးလာၾကတယ္။ ကြၽန္ေတာ္အခုအထီးက်န္
တယ္ ဆိုတာ ဘာမွန္းမသိေလာက္ေအာင္ျဖစ္ေနၿပီ...
တစ္ေယာက္တည္းလည္းေလ်ွာက္ေတြးမေနတတ္ေတာ့
ပါဘူး"

ခန္႔ပိုင္သည္ ရဲေဇာ္အား liveကိုၾကည့္ေနရင္း
မ်က္ခံုးေလးပင့္ျပပါ၏။

"ဘယ္လိုခံစားရေနလဲ "

"စြန္႔လႊတ္လိုက္ရလို႔... လံုးဝေနာင္တမရဘူး...
အဲ့ဒီအစား မင္းေရာက္လာေပးတဲ့အတြက္...
ငါလည္း အားလံုးကိုေမ့လုလုပါပဲ "

ထိုအခါ ခန္႔ပိုင္သည္ ရဲေဇာ္၏ ပါးေလးအား အသဲယားစြာ
တစ္ခ်က္ေမြးၾကဴးလိုက္ပါ၏။

"ဘုရားေပၚမွာကို ဘယ္လိုျဖစ္ေနတာလဲ"

"ပါးေလးပဲနမ္းတာ ဘယ္သူမွမျမင္ဘူး "

"ဟြန္႔ "

စတစ္ေကာ္လံအက်ႌလက္႐ွည္ေလးျဖင့္
အရင္လို႐ႈပ္႐ႈပ္ယွက္ယွက္ေတြ ဝတ္မထားေသာ
ရဲေဇာ္က ၾကည္လင္သန္႔ျပန္လို႔ေနပါ၏။ခန္႔ပိုင္သည္
ျပံဳးတံု႔တံု႔ေလးျဖင့္ live အား ဆက္ၾကည့္လိုက္ပါ၏။

"ေနာက္ေမးခြန္းက ႏိႈင္းကို ေမးေပးပါ..ဘာလို႔မ်ား
ေခါင္ေလးအေပၚေပးဆပ္ၿပီးေတာ့ အရမ္းခ်စ္ေပးႏိုင္
တာလဲတဲ့ "

ႏိႈင္းသည္ ျပည့္ျပည့္အိအိပါးေလးေဖာင္သြားေအာင္
ႏႈတ္ခမ္းေလးေတြဖိလို႔စဥ္းစားၿပီး....

"အခ်စ္ဆိုတာက အေျဖထုတ္ရခက္သားဗ်။ ကြၽန္ေတာ္
ေမာင့္အေပၚခ်စ္တဲ့အခ်စ္က အၾကည့္တစ္ခ်က္ေၾကာင့္
လည္းျဖစ္ႏိုင္တယ္။ ျမင္ျမင္ခ်င္း စြဲလန္းမိၿပီး တစ္သက္လံုး
အထိစြဲလန္းသြားတာေၾကာင့္လည္းျဖစ္မယ္။အဓိက
ကေတာ့ ကြၽန္ေတာ့္ႏွလံုးသားက ေတာင့္တတဲ့သူက
ေမာင္ျဖစ္ေနလို႔ကို အရမ္းခ်စ္ေပးႏိုင္မိသြားတာထင္တယ္"

"ဒါျဖင့္ရင္ ေခါင္ေလးကေရာ ႏိႈင္းကိုႏိႈင္းခ်စ္တာထက္
ပိုခ်စ္ရဲ႕လားတဲ့ "

"အဲ့ဒီကိစၥနဲ႔ပတ္သတ္ၿပီးေတာ့ ကြၽန္ေတာ္တို႔အခုထိ
ျငင္းေနၾကတုန္းပါပဲ...အေျဖထြက္တဲ့ေန ျပန္ေျပာျပ
ေပးပါ့မယ္"

ႏိႈင္းက ရယ္က်ဲက်ဲေလးႏွင့္ေျဖ၏။ ေခါင္ေလးသည္
Liveၾကည့္ေနရင္းပင္... ေမာင္ပိုခ်စ္တာဟု
ေျပာေနပါေသး၏။

"ဒီေမးခြန္းက ကိုကို႔ကိုလဲေမးထားေသးတယ္...
ကိုႏိႈင္းကိုလည္းျပန္ေမးဦးမယ္....ေခါင္နဲ႔ႏိႈင္းေရ
သတိရေနပါတယ္...ပိစိေလးေတြမလိုခ်င္ၾကဘူးလားတဲ့"

"အဲ့တာက.... လိုခ်င္ပါတယ္...ေမာင့္က္ုိယ္ပြားေလးဆို။
ဘယ္ေလာက္ေတာင္ဂ်စ္တစ္တစ္ေလးနဲ႔ခ်စ္စရာေကာင္း
လိုက္မလဲေနာ္"

ႏိႈင္းေျဖသံဆံုးေတာ့ ေခါင္ေလးက ႏိႈင္းမ်က္ႏွာေလးကို
ေမာ့ၾကည့္ကာ...

"ကေလးရခ်င္တာလား ႏိႈင္း..."

"အင္ ေမာင့္ကိုယ္ပြားေလးရခ်င္တာ"

"ေမာင္က ႏိႈင္းကိုယ္ပြားေလးရခ်င္တာ "

"ဒါျဖင့္ႏွစ္ေယာက္ေမြးၾကမလား "

"အဟင္းဟင္း... "

ႏွစ္ေယာက္လံုးရဲ႕ရယ္သံေလးကတလြင့္လြင့္ရိွလွသည္။
ကေလးယူဖို႔အိမ္မက္ကေတာ့ သူတို႔ႏွစ္ေယာက္ အတြက္
နဲနဲထပ္ၿပီးတိုင္ပင္ဖို႔လိုအပ္ ပါလိမ့္ဦးမည္။

"ေနာက္ထပ္ေမးခြန္းေလးတစ္ခုသြားမယ္ေနာ္...
ဒီမွာေမးထားတာက ႏိႈင္းကိုဘိုဘိုအေပၚမုန္းေနသလား။
ခြင့္လႊတ္သလား... ဘယ္လိုခံစားရလဲ သိခ်င္ပါတယ္တဲ့"

ႏိႈင္းသည္ ေျဖရခက္စြာ...ေခါင္ေလးငံု႔သြားၿပီးေနာက္
....

"အရိုးသားဆံုး ဝန္ခံရရင္ ကြၽန္ေတာ္ ကိုဘိုဘ္ုိ႕ ကို
မုန္းခဲ့ပါတယ္။ေမာင္သာသတိျပန္မရလာခဲ့ရင္
ေသၿပီးသြားတယ္ဆိုရင္ေတာင္ ကိုဘိုဘိုကို
ကြၽန္ေတာ္ထပ္သတ္မိဦးမွာပါ.... ဒါေပမယ့္
အိမ္ျပန္ေရာက္ေတာ့ ကိုဘိုဘို ကြၽန္ေတာ္အေပၚ
ေကာင္းခဲ့တာေတြျပန္ျမင္ေယာင္မိတယ္။က်ြန္ေတာ္တို႕
အမွတ္တရ ဓာတ္ပံုေတြ႐ိုက္ဖူးခဲ့ၾကတယ္....
အဲ့ဒီအခ်ိန္မွာ ကြၽန္ေတာ့္အမုန္းေတြေလ်ာ့လာခဲ့တယ္လို႔
ဆိုရမလား... ေနာက္ပိုင္းေတာ့ ေမာင္နဲ႔အတူတူေနရင္း
ကိုဘိုဘ္ုိကို ေမ့ၿပီးခြင့္လႊတ္ႏိုင္ခဲ့ပါတယ္...
ကြၽန္ေတာ့္ေဘးနာမွာ ေမာင္ရိွေနသေရြ႕ ကြၽန္ေတာ္မွာ
ေ႐ွ႕ဆက္ေလ်ွာက္ဖို႔လမ္းအတြက္ သတိၱေတြအျပည့္
ရိွပါတယ္...ကြၽန္ေတာ္ ေမာင့္ကိုအရမ္းခ်စ္တာမို႔
တစ္ခါတစ္ေလ ကြၽန္ေတာ္ခ်စ္တဲ့ဒဏ္ကို ေမာင္မခံ
ႏိုင္မွာေတာင္ ေၾကာက္မိပါတယ္ "

"အမေလးေနာ္...ကိုကိုလား ေၾကာက္ေနဦးမယ္။
ေပ်ာ္လြန္းလို႔ျပံဳးၿဖီးေနဦးမယ္"

စိုင္လ်န္... စသည့္အတိုင္းပင္ ေခါင္ေလးကျပံဳးၿဖီးလို႔
ႏိႈင္း၏အသားႏုႏုေလးေတြအား အိေထြးေထြးႏႈတ္ခမ္း
တို႔ျဖင့္ နမ္းရိွဳက္ လို႔မဝျဖစ္ေနပါ၏။

"ေနာက္ဆံုးတစ္ခုကေတာ့... အခုကိုယ့္ရဲ႕ႏိႈင္းေလး
စိတ္႐ွင္း႐ွင္းနဲ႔ေပ်ာ္ေနရဲ႕လား... ေခါင္ကေရာ ႏိႈင္းကို
အရင္ထက္ပိုၿပီး ဂ႐ုစိုက္ၿပီးခ်စ္ေပးရဲ႕လား...အဓိကက
ေတာ့ကိုယ့္ကေလးေလးႏိႈင္း စိတ္ရင္းနဲ႔ ေပ်ာ္ရႊင္ၿပီး
အခ်စ္ခံရတဲ့ အလိုလိုက္ခံရတဲ့ ကေလးေလးျဖစ္ေနဖို႔ပါပဲ
တဲ့"

"ဟုတ္ကဲ့ ကြၽန္ေတာ္အခုစိတ္ရင္းနဲ႕ အရမ္းေပ်ာ္ေနပါတယ္။
ေမာင္က ကြၽန္ေတာ့္အတြက္ သစ္လံုးေလေတြနဲ႔
စံပယ္ဥယ်ာဥ္ေလးတစ္ခုလုပ္ထားေပးတယ္...
အခ်ိန္ရရင္လာလည္ၾကပါေနာ္... "

"ကြၽန္ေတာ္ေတာ့ အျမဲတမ္းသြားကစားတယ္...
အဲ့နားေလးက အနံ႕ေမႊးေမႊးေလးနဲ႔ေလညႇင္းခံၿပီး
ဝိုင္ေသာက္ရင္ အရမ္းမိုက္တာ...လံုးဝဖီလ္အျပည့္ပဲ "

"Live လႊင့္ေနတာေနာ္...သတိထားဦး "

မိုးေဇလွမ္းေအာ္ကာသတိေပးလ်ွင္ Liveၿပီးမွ
ေတြ႔မည္ဟူသည့္သေဘာျဖင့္ စိုင္လ်န္ကၿဂိဳလ္ခုတ္ပါ
၏။ ထို႔ေနာက္မ်က္ႏွာထက္အျပံဳးပန္းေလး ပန္ဆင္ကာ...

"အခုဆိုရင္ေတာ့ ကိုႏိႈင္းကို ေမးခြန္းေတြေမးၿပီးသြားပါၿပီ။
ေက်နပ္ၾကလိမ့္မယ္လိုထင္ပါတယ္....ခဏေနၾကရင္
ကိုကိုခန္႔ပိုင္နဲ႔ကိုႀကီးရဲေဇာ္ကိုဖိတ္ေခၚေပးမယ္ေနာ္...
ကိုႏိႈင္းေရ မသြားခင္ ပရိတ္သတ္ ေတြက္ုိ ႏႈတ္ဆတ္
သြားပါဦး "

ႏိႈင္းသည္ လက္အုပ္ေလးႏွစ္ဖက္ခ်ီၿပီး ဦၫြတ္ဟန္ျပဳ
ၿပီးေနာက္...

"ဒီအစီအစဥ္မွာ ပါဝင္ခြင့္ရလို႔ဝမ္းသာပါတယ္။
ကြၽန္ေတာ္တို႔ကိုခ်စ္ေပးၾကလို႔အားလံုးကိုေက်းဇူး
တင္ပါတယ္ေနာ္... တာ့တာ့ "

....................

Love you all💚💚💚

Continue Reading

You'll Also Like

1.9M 131K 69
Under Editing !!! မှားယွင်းခဲ့တဲ့ ညတစ်ညအတွက် "တာဝန်ယူပါရစေ" ဆိုတဲ့စကားကို ကျန်ရှိနေတဲ့ ဘဝခရီးအတွက်လက်တွဲဖော် တစ်ယောက်အနေနဲ့ ဖြစ်ပေးပါ့မယ်လို့ ကျွန...
142K 7.9K 42
Cover by _ nong_thelea ❤ မႈိင္းညိႇဳ႕သြင္ ရွင္း
4.5K 367 40
အစ်ကို့ရဲ့မေတ္တာက ညီလေးတစ်ယောက်ထက်မပိုပါဘူးလို့ ဘုရားမှာသာကျိန်ပြရမယ်ဆို အစ်ကိုတော့ ကျမ်းဆူးပြီးတမလွန်မှာ မင်းကိုလွမ်းနေတော့မှာပဲ 🍀သက်ဝေအောင် ကျွန်တ...
227K 17.2K 15
ပေးဆပ်ခြင်းဆိုတဲ့ အရာကို ငါက ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတုန်းမှာ မင်းကတော့ ရယူခြင်းရဲ့ ဝေးရာကို ဆက်တိုက်သွားနေခဲ့တယ်... ဒါ့ကြောင့် ထင်ပါရဲ့.. တို့န...