နန္းတြင္းအ႐ွင့္ မိဖုရားမ်ား စုေဝးေနၾကသည္..။
မိဖုရားေခါင္သည္ မိဖုရားငယ္မ်ားႏွင့္ မ်က္ႏွာခ်င္းဆိုင္ ပလႅင္တြင္ထိုင္ေနသည္..။
ဂိုေလ်ာမင္းသမီးအႀကီး မိဖုရားဂီသည္လည္း မိဖုရားေခါင္ႀကီးေ႐ွ႕တြင္ တစ္ျခားမိဖုရားမ်ားႏွင့္အတူ မိဖုရားေခါင္မယ္မယ္အား ဂါရဝျပဳလ်က္႐ွိသည္..။
အစည္းအေဝးတြင္ မိဖုရားမ်ားအျပင္ အခ်စ္ေတာ္၊ကိုယ္လုပ္ေတာ္မ်ားသည္လည္း အစံုအညီ်ရာက္႐ွိေနၾကသည္..။
"မယ္မယ္ အခ်စ္ေတာ္ကင္မ္ ႏွင့္ ကိုယ္လုပ္ေတာ္ကင္မ္ မေရာက္ေသးေၾကာင္းပါ"
"ဘာ မေန႔တစ္ေန႔ကမွ အ႐ွင္တင္ေျမႇာက္လို႔ ၾကင္ယာျဖစ္ထားတဲ့ဟာေတြက ငါ့ကို မေလးစားတာလား "
မိဖုရားေခါင္မယ္မယ္သည္ ေက်ာက္စိမ္းတံဆိပ္တံုးအား ခံုးတြင္ေဆာင့္ခ်ရင္း မတ္တပ္ရပ္သည္..။
မိဖုရားေခါင္ မတ္တပ္ရပ္ေသာ ခန္းမ႐ွိက်န္ေသာ ၾကင္ယာေတာ္မ်ားကပါ မတ္တပ္ရပ္ၾကရသည္..။
"သြားဆင့္ေခၚစမ္း"
"မွန္လွပါမယ္မယ္"
ကိုယ္ရံေတာ္မင္းမႈထမ္းမ်ားသည္ မိဖုရားေခါင္မယ္မယ္ရဲ႕ အမိန္႔ေၾကာင့္ အစည္းအေဝးနန္းေဆာင္အျပင္သို႔ထြက္ၿပီး ထယ္ေယာင္းႏွင့္ ေဆာ့ဂ်င္ကို သြား႐ွာၾကသည္..။
နန္းတြင္းပိုင္းတြင္ မိဖုရားေခါင္သည္ အာဏာအႀကီးဆံုးျဖစ္သည္..။အ႐ွင္ကိုယ္တိုင္ခန္႔အပ္ထားသည္အျပင္ အ႐ွင့္မ်က္ႏွာသာေပးသည္ကိုပါ ခံရသည္ေၾကာင့္ျဖစ္သည္..။
"စိတ္ေလွ်ာ့ပါ မယ္မယ္"
ေဘးနား႐ွိ အထိန္းေတာ္မွ ေရခြက္တစ္ခြက္ကိုကမ္းေပးရေတာ့သည္..။
ထိုအခါမွ မိဖုရားေခါင္သည္ ထိုင္ခံုထက္ထိုင္ကာ ေရကိုေမာ့ခ်သည္..။
နီရဲေနေသာ မ်က္ဝန္းစူးစူးတို႔ေၾကာင့္ သူမေဒါသအလြန္ထြက္ေနသည္မွာ သိသာသည္..။
မိဖုရားေခါင္ ေဒါသႀကီးလြန္းသည္ကို အကုန္သိၾကသည္..။
ဒါေၾကာင့္လည္း ၾကင္ယာေတာ္မ်ားမွာ မလႈပ္မ႐ွပ္ႏွင့္ရပ္ေနၾကရေတာ့သည္...။
______________________
ထယ္ေယာင္း မိုးေရထဲတြင္လဲေနသည္မွာၾကာၿပီျဖစ္သည္..။
ၾကင္ယာေတာ္အစည္းအေဝးအျပင္ ဘုရင့္ညီလာခံပါ ႐ွိေသးတာမို႔ ေလသာေဆာင္ဘက္ မည္သူမွ်မေရာက္ျဖစ္၍ပင္...။
မိဖုရားေခါင္ရဲ႕ ကိုယ္ရံေတာ္မ်ားသည္ ထယ္ေယာငိးကို ႐ွာရန္ အေဆာင္တြင္မေတြ႔၍ ေလသာေဆာင္ဘက္ေရာက္လာေတာ့ မိုးေရေတြစိုရႊဲၿပီး လဲေနတဲ့ ထယ္ေယာင္းကို ေတြ႔လိုက္ရသည္
ဘုရင့္ၾကင္ယာေတာ္မို႔ အမိန္႔မပါဘဲ မလုပ္ရဲေပမယ့္ မိဖုရားေခါင္မယ္မယ္ ခိုင္းတာမို႔ ထယ္ေယာင္းကို တစ္ေယာက္တစ္ဖက္ ခ်ီပိုးေတာ့ ထယ္ေယာင္းတစ္ကိုယ္လံုး မီးခဲလံုး ပူက်စ္ေတာက္ေနသည္..။
သူတို႔ သနားမိေသာ္လည္း မတတ္ႏိုင္ အစည္းအေဝး႐ွိရာ နန္းေဆာင္ဆီသာ ေလာ္သြားၾကရသည္...။
သူတို႔သည္ မိဖုရားေခါင္မယ္မယ္၏ ကိုယ္ရံေတာ္ေတြျဖစ္တာေၾကာင့္ေပါ....။
____________________
"ကိုယ္လုပ္ေတာ္ကင္မ္ အေဆာင္တံခါးဖြင့္ မိဖုရားေခါင္မယ္မယ္ အမိန္႔ပါလာတယ္ "
မိဖုရားေခါင္မယ္္၏အျခားကိုယ္ရံေတာ္မ်ားသည္ ေဆာ့ဂ်င္ အေဆာင္ေ႐ွ႕သို႔လာေရာက္ေသာင္းက်န္းေနၾကျခင္း....။
"အ႐ွင့္အမိန္႔႐ွိပါတယ္ ကိုယ္လုပ္ေတာ္ကင္မ္ကို အေဆာင္အျပင္ထြက္ခြင့္မျပဳသလို ဘယ္သူမွလည္း ကိုယ္လုပ္ေတာ္ကင္မ္ရဲ႕အေဆာင္အတြင္း ဝင္ခြင့္မ႐ွိပါဘူး လာရာလမ္းအတိုင္းျပန္သြားၿပီး မယ္မယ္ကို အ႐ွင့္အမိန္႕႐ွိေၾကာင္း ေလွ်ာက္ၾကားလိုက္ၾကပါ "
အ႐ွင့္အမႈထမ္းမ်ားသည္ မယ္မယ္၏ ကိုယ္ရံေတာ္မ်ားအား ႏွင္ထုတ္ၾကေတာ့ ကိုယ္ရံေတာ္မ်ားသည္လည္း အ႐ွင္အမိန္႔ျဖစ္တာေၾကာင့္ မတတ္ႏိုင္ေတာ္သာေၾကာင့္ အစည္းအေဝးနန္းေဆာင္ကိုသာ ျပန္ၾကရေတာ့သည္...။
အေဆာင္တြင္းမွ ေဆာ့ဂ်င္သည္လည္း မႈးမတ္တို္အသံၾကားသည္ႏွင့္တစ္ၿပိဳင္နက္ ၿပိဳလဲေနသည့္ ခႏၶာကိုယ္ကို အတင္းကုန္းထကာ တံခါးဆီသို႔ေျပးသည္..။
*ေဒါက္ ေဒါက္ ေဒါက္*
"ငါ့ကို အျပင္ထုတ္ေပးပါ ေက်းဇူးျပဳၿပီး ငါမင္းတို႔ရဲ႕ေက်းဇူးကို လံုးဝ မေမ့ပါဘူး"
ေဆာ့ဂ်သ္ လည္ေခ်ာင္းမွနာေနေသာ္လည္း တံခါးကို တစ္ဒံုးဒံုးထုကာ ေအာ္ဟစ္ေသာင္းက်န္းေနမိသည္..။
သို႔ေသာ္ ဘာတံု႔ျပန္မႈမွျပန္မၾကားရသလို တံခါးသည္လည္း ပိတ္ျမဲပိတ္ေနေလသည္...။
"လြမ္းတယ္ ဂြၽန္းရာ မင္းကို ေတြ႔ ခ်င္ တယ္ အဟင့္ "
ေဆာ့ဂ်င္ တံခါးကိုမွီကာ ထိုင္ခ်ၿပီး ႐ိႈက္ငိုေနမိသည္...။
ငါလာေတြ႔မွာ မင္းကိုငါရေအာင္လာေတြမွာ ဂြၽန္း...။
____________________
"မယ္မယ္ အခ်စ္ေတာ္ကင္မ္ကို ေခၚေဆာင္လာခဲ့ပါၿပီ"
"အျပစ္စီရင္တဲ့ေနရာမွာသြားထားလိုက္"
မိဖုရားေခါင္မယ္မယ္သည္ မတ္တပ္ရပ္ထၿပီး အမိန္႔ေပးသည္
"ဒါေပမယ့္ မယ္မယ္"
ကိုယ္ရံေတာ္ရဲ႕စကားေၾကာင့္ မိဖုရားေခါင္ရဲ႕ မ်က္ႏွာသည္ ခက္ထန္သြားသည္...။
"ဒါေပမယ့္ ဘာျဖစ္လည္း "
"အခ်စ္ေတာ္ကင္မ္က သတိလစ္ေနေၾကာင္းပါ"
ကိုယ္ရံေတာ္စကားေၾကာင့္ မိဖုရားေခါင္သည္ ခပ္ေထ့ေထ့ရယ္ကာ..။
"ငါကို အာခံေနတာလား "
"မဟုတ္ရပါဘူးမယ္မယ္ မယ္မယ့္အမိန္႔အတိုင္းပါ"
ကိုယ္ရံေတာ္တို႔သည္ မိဖုရားေခါင္မယ္မယ္ကို အ႐ိုအေသေပးၿပီးေနာက္ ထယ္ေယာင္းအား အျပစ္စီရင္ရာသို႔ ေခၚေဆာင္သြားၾကသည္..။
"အစည္းအေဝးျဖတ္သိမ္းတယ္"
မိဖုရားေခါင္သည္ အမိန္႔ေပးၿပီးသည္ႏွင့္ နန္းေဆာင္အျပင္ထြက္သြားၿပီး ထယ္ေယာင္းေနာက္သို႔လိုက္သြားသည္..။
နန္းေဆာင္အတြင္းက်န္ခဲ့သည့္ သူမ်ားကေတာ့ ထယ္ေယာင္းအတြက္သာဆုေတာင္းေပးၾကရေတာ့သည္..။
မိဖုရားေခါင္ မည္မွ်ရက္စက္ေၾကာင္း သူတို႔သာ အသိဆံုး..။
__________________
ထယ္ေယာင္းအား လက္ႏွစ္ဖက္ကို ႀကိဳးျဖင့္စီးေျမႇာက္ထားၿပီး
တြဲေလာင္းအေနအထားခ်ထားသည္..။
မိဖုရားေခါင္ ဝင္ေရာက္လာသည္ႏွင့္ ကိုယ္ရံေတာ္တို႔သည္ မိဖုရားေခါင္အား ၾကာပြတ္တို႔ကမ္းေပးသည္..။
ေရေအးေအးတို႔ျဖင့္ ထယ္ေယာင္းမ်က္ႏွာႏုႏုအား ေလာင္းကာ သတိျပန္လည္လာေအာင္လုပ္ေဆာင္ၾကသည္..။
ထယ္ေယာင္းကိုယ္လံုးအား မိဖုရားေခါင္သည္ ၾကာပြတ္တို႔ျဖင့္ ၾကမ္းၾကမ္း ႐ိုက္မွ ထယ္ေယာင္းႏိုးထလာေတာ့သည္..။
"ကင္မ္ထယ္ေယာင္း မေန႔တေန႔ကမွ အခ်စ္ေတာ္တင္ေျမႇာက္ခံရၿပီး ငါ့ကို လြန္ဆန္ခ်င္တာလား"
မိဖုရားေခါင္သည္ ထယ္ေယာင္းအား ၾကာပြတ္ျဖင့္႐ိုက္ကာ ေမးသည္..။
ထယ္ေယာင္းအတြက္ေျပာစရာ စကားလံုးမ႐ွိခဲ့..။
တစ္ကိုယ္လံုးလည္း အတိုင္းအဆမဲ့နာက်င္ေနသလို မူးေဝေနတဲ့ေခါင္းေၾကာင့္ ယခုအခ်ိန္ သတ္လွ်င္ေသရံုသာ..။
မိဖုရားေခါင္သည္ ထယ္ေယာင္းဆီမွ အေျဖမရမခ်င္း ၾကာပြတ္ျဖင့္ျပင္းထန္းစြာ ႐ိုက္ရင္းေမးသည္..။
ေဘးနားမ်ကိုယ္ရံေတာ္တို႔သည္လည္း သတိမလစ္သြားေအာင္ ေရတို႔ႏွင့္ပတ္ေနၾကသည္..။
ထယ္ေယာင္းတစ္ကိုယ္လံုးတစ္ဆက္ဆက္တုန္ယင္ၿပီး ပူက်စ္ေနၿပီျဖစ္ေသာ္လည္း မည္သူမွ် ဂ႐ုမစိုက္ၾက...။
ဝဋ္ေႂကြး႐ွ္ိရင္ ဒီဘဝမွာပဲ အဆံုးသတ္သြားခ်င္ပါတယ္ အ႐ွင္။
စိတ္ခ်ပါ အ႐ွင္..။
ကြၽန္ေတာ္က အ႐ွင္မသတ္ရင္ အေသမခံႏိုင္ပါ..။
အ႐ွင့္တစ္ေယာက္ထဲရဲ႕ မူပိုင္ ေက်းကြၽန္ျဖစ္တာမို႔..။
"မယ္္မယ္ ကိုယ္လုပ္ေတာ္ကင္မ္က အ႐ွင့္အမိန္႔ေၾကာင့္ အျပင္ထြက္လို႔မရေၾကာင္းပါ"
မိဖုရားေခါင္မယ္မယ္သည္ ၾကာပြတ္ကို လႊတ္ခ်ကာ ခပ္မဲ့မဲ့ရယ္သည္..။
"ဘာလည္း အ႐ွင္က အဲ့အေကာင္ကို ကာကြယ္ေပးတဲ့သေဘာလား"
"အဲ့တာေတာ့ ကြၽန္ေတာ္မ်ိဳးတို႔လည္း မသိေၾကာင္းပါ မယ္မယ္"
မိဖုရားေခါင္စကားေၾကာင့္ ထယ္ေယာင္းပါးျပင္ေပၚသို႔ မ်က္ရည္ပူပူက စီးက်လ်က္..။
အားက်လိုက္ပါ သခင္ေလးရယ္..။
"ထားပါ အ႐ွင့္အမိန္႔ဆိုေတာ့လည္းဘယ္တတ္ႏိုင္ပါမလည္း"
ေသြးေအးစြာျပံဳးၿပီး ထယ္ေယာင္းအား ၾကည့္လိုက္ပံုမွာ သူမ၏ မ်က္ႏွာေခ်ာေခ်ာ ႏွင့္လာလားမွ်မွ် မလိုက္ဖက္..။
ထယ္ေယာင္းအား တြဲေလာင္းခ်ည္ထားရာမွ လႊတ္ခ်လိုက္ရင္း
ကိုယ္ရံေတာ္တို႔အား ထယ္ေယာင္းကို ခ်ီမေစသည္..။
"သူ႔ကို ႀကိမ္ဒဏ္ငါးရာ "
မိဖုရားႀကီးက ေသြးေအးစြာအမိန္႔ေပးလိုက္ေသာ္လည္း ထယ္ေယာင္းမ်က္ႏွာသည္ ၾကက္ေသေသေနခဲ့သည္..။
ကြၽန္ေတာ္က အ႐ွင့္သတ္လို႔ ေသၿပီးသား လူသားပါ အ႐ွင္..။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili
Unicode~
နန်းတွင်းအရှင့် မိဖုရားများ စုဝေးနေကြသည်..။
မိဖုရားခေါင်သည် မိဖုရားငယ်များနှင့် မျက်နှာချင်းဆိုင် ပလ္လင်တွင်ထိုင်နေသည်..။
ဂိုလျောမင်းသမီးအကြီး မိဖုရားဂီသည်လည်း မိဖုရားခေါင်ကြီးရှေ့တွင် တစ်ခြားမိဖုရားများနှင့်အတူ မိဖုရားခေါင်မယ်မယ်အား ဂါရဝပြုလျက်ရှိသည်..။
အစည်းအဝေးတွင် မိဖုရားများအပြင် အချစ်တော်၊ကိုယ်လုပ်တော်များသည်လည်း အစုံအညျီရာက်ရှိနေကြသည်..။
"မယ်မယ် အချစ်တော်ကင်မ် နှင့် ကိုယ်လုပ်တော်ကင်မ် မရောက်သေးကြောင်းပါ"
"ဘာ မနေ့တစ်နေ့ကမှ အရှင်တင်မြှောက်လို့ ကြင်ယာဖြစ်ထားတဲ့ဟာတွေက ငါ့ကို မလေးစားတာလား "
မိဖုရားခေါင်မယ်မယ်သည် ကျောက်စိမ်းတံဆိပ်တုံးအား ခုံးတွင်ဆောင့်ချရင်း မတ်တပ်ရပ်သည်..။
မိဖုရားခေါင် မတ်တပ်ရပ်သော ခန်းမရှိကျန်သော ကြင်ယာတော်များကပါ မတ်တပ်ရပ်ကြရသည်..။
"သွားဆင့်ခေါ်စမ်း"
"မှန်လှပါမယ်မယ်"
ကိုယ်ရံတော်မင်းမှုထမ်းများသည် မိဖုရားခေါင်မယ်မယ်ရဲ့ အမိန့်ကြောင့် အစည်းအဝေးနန်းဆောင်အပြင်သို့ထွက်ပြီး ထယ်ယောင်းနှင့် ဆော့ဂျင်ကို သွားရှာကြသည်..။
နန်းတွင်းပိုင်းတွင် မိဖုရားခေါင်သည် အာဏာအကြီးဆုံးဖြစ်သည်..။အရှင်ကိုယ်တိုင်ခန့်အပ်ထားသည်အပြင် အရှင့်မျက်နှာသာပေးသည်ကိုပါ ခံရသည်ကြောင့်ဖြစ်သည်..။
"စိတ်လျှော့ပါ မယ်မယ်"
ဘေးနားရှိ အထိန်းတော်မှ ရေခွက်တစ်ခွက်ကိုကမ်းပေးရတော့သည်..။
ထိုအခါမှ မိဖုရားခေါင်သည် ထိုင်ခုံထက်ထိုင်ကာ ရေကိုမော့ချသည်..။
နီရဲနေသော မျက်ဝန်းစူးစူးတို့ကြောင့် သူမဒေါသအလွန်ထွက်နေသည်မှာ သိသာသည်..။
မိဖုရားခေါင် ဒေါသကြီးလွန်းသည်ကို အကုန်သိကြသည်..။
ဒါကြောင့်လည်း ကြင်ယာတော်များမှာ မလှုပ်မရှပ်နှင့်ရပ်နေကြရတော့သည်...။
______________________
ထယ်ယောင်း မိုးရေထဲတွင်လဲနေသည်မှာကြာပြီဖြစ်သည်..။
ကြင်ယာတော်အစည်းအဝေးအပြင် ဘုရင့်ညီလာခံပါ ရှိသေးတာမို့ လေသာဆောင်ဘက် မည်သူမျှမရောက်ဖြစ်၍ပင်...။
မိဖုရားခေါင်ရဲ့ ကိုယ်ရံတော်များသည် ထယ်ယောငိးကို ရှာရန် အဆောင်တွင်မတွေ့၍ လေသာဆောင်ဘက်ရောက်လာတော့ မိုးရေတွေစိုရွှဲပြီး လဲနေတဲ့ ထယ်ယောင်းကို တွေ့လိုက်ရသည်
ဘုရင့်ကြင်ယာတော်မို့ အမိန့်မပါဘဲ မလုပ်ရဲပေမယ့် မိဖုရားခေါင်မယ်မယ် ခိုင်းတာမို့ ထယ်ယောင်းကို တစ်ယောက်တစ်ဖက် ချီပိုးတော့ ထယ်ယောင်းတစ်ကိုယ်လုံး မီးခဲလုံး ပူကျစ်တောက်နေသည်..။
သူတို့ သနားမိသော်လည်း မတတ်နိုင် အစည်းအဝေးရှိရာ နန်းဆောင်ဆီသာ လော်သွားကြရသည်...။
သူတို့သည် မိဖုရားခေါင်မယ်မယ်၏ ကိုယ်ရံတော်တွေဖြစ်တာကြောင့်ပေါ....။
____________________
"ကိုယ်လုပ်တော်ကင်မ် အဆောင်တံခါးဖွင့် မိဖုရားခေါင်မယ်မယ် အမိန့်ပါလာတယ် "
မိဖုရားခေါင်မယ််၏အခြားကိုယ်ရံတော်များသည် ဆော့ဂျင် အဆောင်ရှေ့သို့လာရောက်သောင်းကျန်းနေကြခြင်း....။
"အရှင့်အမိန့်ရှိပါတယ် ကိုယ်လုပ်တော်ကင်မ်ကို အဆောင်အပြင်ထွက်ခွင့်မပြုသလို ဘယ်သူမှလည်း ကိုယ်လုပ်တော်ကင်မ်ရဲ့အဆောင်အတွင်း ဝင်ခွင့်မရှိပါဘူး လာရာလမ်းအတိုင်းပြန်သွားပြီး မယ်မယ်ကို အရှင့်အမိန့်ရှိကြောင်း လျှောက်ကြားလိုက်ကြပါ "
အရှင့်အမှုထမ်းများသည် မယ်မယ်၏ ကိုယ်ရံတော်များအား နှင်ထုတ်ကြတော့ ကိုယ်ရံတော်များသည်လည်း အရှင်အမိန့်ဖြစ်တာကြောင့် မတတ်နိုင်တော်သာကြောင့် အစည်းအဝေးနန်းဆောင်ကိုသာ ပြန်ကြရတော့သည်...။
အဆောင်တွင်းမှ ဆော့ဂျင်သည်လည်း မှုးမတ်တ်ိုအသံကြားသည်နှင့်တစ်ပြိုင်နက် ပြိုလဲနေသည့် ခန္ဓာကိုယ်ကို အတင်းကုန်းထကာ တံခါးဆီသို့ပြေးသည်..။
*ဒေါက် ဒေါက် ဒေါက်*
"ငါ့ကို အပြင်ထုတ်ပေးပါ ကျေးဇူးပြုပြီး ငါမင်းတို့ရဲ့ကျေးဇူးကို လုံးဝ မမေ့ပါဘူး"
ဆော့ဂျသ် လည်ချောင်းမှနာနေသော်လည်း တံခါးကို တစ်ဒုံးဒုံးထုကာ အော်ဟစ်သောင်းကျန်းနေမိသည်..။
သို့သော် ဘာတုံ့ပြန်မှုမှပြန်မကြားရသလို တံခါးသည်လည်း ပိတ်မြဲပိတ်နေလေသည်...။
"လွမ်းတယ် ဂျွန်းရာ မင်းကို တွေ့ ချင် တယ် အဟင့် "
ဆော့ဂျင် တံခါးကိုမှီကာ ထိုင်ချပြီး ရှိုက်ငိုနေမိသည်...။
ငါလာတွေ့မှာ မင်းကိုငါရအောင်လာတွေမှာ ဂျွန်း...။
____________________
"မယ်မယ် အချစ်တော်ကင်မ်ကို ခေါ်ဆောင်လာခဲ့ပါပြီ"
"အပြစ်စီရင်တဲ့နေရာမှာသွားထားလိုက်"
မိဖုရားခေါင်မယ်မယ်သည် မတ်တပ်ရပ်ထပြီး အမိန့်ပေးသည်
"ဒါပေမယ့် မယ်မယ်"
ကိုယ်ရံတော်ရဲ့စကားကြောင့် မိဖုရားခေါင်ရဲ့ မျက်နှာသည် ခက်ထန်သွားသည်...။
"ဒါပေမယ့် ဘာဖြစ်လည်း "
"အချစ်တော်ကင်မ်က သတိလစ်နေကြောင်းပါ"
ကိုယ်ရံတော်စကားကြောင့် မိဖုရားခေါင်သည် ခပ်ထေ့ထေ့ရယ်ကာ..။
"ငါကို အာခံနေတာလား "
"မဟုတ်ရပါဘူးမယ်မယ် မယ်မယ့်အမိန့်အတိုင်းပါ"
ကိုယ်ရံတော်တို့သည် မိဖုရားခေါင်မယ်မယ်ကို အရိုအသေပေးပြီးနောက် ထယ်ယောင်းအား အပြစ်စီရင်ရာသို့ ခေါ်ဆောင်သွားကြသည်..။
"အစည်းအဝေးဖြတ်သိမ်းတယ်"
မိဖုရားခေါင်သည် အမိန့်ပေးပြီးသည်နှင့် နန်းဆောင်အပြင်ထွက်သွားပြီး ထယ်ယောင်းနောက်သို့လိုက်သွားသည်..။
နန်းဆောင်အတွင်းကျန်ခဲ့သည့် သူများကတော့ ထယ်ယောင်းအတွက်သာဆုတောင်းပေးကြရတော့သည်..။
မိဖုရားခေါင် မည်မျှရက်စက်ကြောင်း သူတို့သာ အသိဆုံး..။
__________________
ထယ်ယောင်းအား လက်နှစ်ဖက်ကို ကြိုးဖြင့်စီးမြှောက်ထားပြီး
တွဲလောင်းအနေအထားချထားသည်..။
မိဖုရားခေါင် ဝင်ရောက်လာသည်နှင့် ကိုယ်ရံတော်တို့သည် မိဖုရားခေါင်အား ကြာပွတ်တို့ကမ်းပေးသည်..။
ရေအေးအေးတို့ဖြင့် ထယ်ယောင်းမျက်နှာနုနုအား လောင်းကာ သတိပြန်လည်လာအောင်လုပ်ဆောင်ကြသည်..။
ထယ်ယောင်းကိုယ်လုံးအား မိဖုရားခေါင်သည် ကြာပွတ်တို့ဖြင့် ကြမ်းကြမ်း ရိုက်မှ ထယ်ယောင်းနိုးထလာတော့သည်..။
"ကင်မ်ထယ်ယောင်း မနေ့တနေ့ကမှ အချစ်တော်တင်မြှောက်ခံရပြီး ငါ့ကို လွန်ဆန်ချင်တာလား"
မိဖုရားခေါင်သည် ထယ်ယောင်းအား ကြာပွတ်ဖြင့်ရိုက်ကာ မေးသည်..။
ထယ်ယောင်းအတွက်ပြောစရာ စကားလုံးမရှိခဲ့..။
တစ်ကိုယ်လုံးလည်း အတိုင်းအဆမဲ့နာကျင်နေသလို မူးဝေနေတဲ့ခေါင်းကြောင့် ယခုအချိန် သတ်လျှင်သေရုံသာ..။
မိဖုရားခေါင်သည် ထယ်ယောင်းဆီမှ အဖြေမရမချင်း ကြာပွတ်ဖြင့်ပြင်းထန်းစွာ ရိုက်ရင်းမေးသည်..။
ဘေးနားမျကိုယ်ရံတော်တို့သည်လည်း သတိမလစ်သွားအောင် ရေတို့နှင့်ပတ်နေကြသည်..။
ထယ်ယောင်းတစ်ကိုယ်လုံးတစ်ဆက်ဆက်တုန်ယင်ပြီး ပူကျစ်နေပြီဖြစ်သော်လည်း မည်သူမျှ ဂရုမစိုက်ကြ...။
ဝဋ်ကြွေးရှ်ိရင် ဒီဘဝမှာပဲ အဆုံးသတ်သွားချင်ပါတယ် အရှင်။
စိတ်ချပါ အရှင်..။
ကျွန်တော်က အရှင်မသတ်ရင် အသေမခံနိုင်ပါ..။
အရှင့်တစ်ယောက်ထဲရဲ့ မူပိုင် ကျေးကျွန်ဖြစ်တာမို့..။
"မယ််မယ် ကိုယ်လုပ်တော်ကင်မ်က အရှင့်အမိန့်ကြောင့် အပြင်ထွက်လို့မရကြောင်းပါ"
မိဖုရားခေါင်မယ်မယ်သည် ကြာပွတ်ကို လွှတ်ချကာ ခပ်မဲ့မဲ့ရယ်သည်..။
"ဘာလည်း အရှင်က အဲ့အကောင်ကို ကာကွယ်ပေးတဲ့သဘောလား"
"အဲ့တာတော့ ကျွန်တော်မျိုးတို့လည်း မသိကြောင်းပါ မယ်မယ်"
မိဖုရားခေါင်စကားကြောင့် ထယ်ယောင်းပါးပြင်ပေါ်သို့ မျက်ရည်ပူပူက စီးကျလျက်..။
အားကျလိုက်ပါ သခင်လေးရယ်..။
"ထားပါ အရှင့်အမိန့်ဆိုတော့လည်းဘယ်တတ်နိုင်ပါမလည်း"
သွေးအေးစွာပြုံးပြီး ထယ်ယောင်းအား ကြည့်လိုက်ပုံမှာ သူမ၏ မျက်နှာချောချော နှင့်လာလားမျှမျှ မလိုက်ဖက်..။
ထယ်ယောင်းအား တွဲလောင်းချည်ထားရာမှ လွှတ်ချလိုက်ရင်း
ကိုယ်ရံတော်တို့အား ထယ်ယောင်းကို ချီမစေသည်..။
"သူ့ကို ကြိမ်ဒဏ်ငါးရာ "
မိဖုရားကြီးက သွေးအေးစွာအမိန့်ပေးလိုက်သော်လည်း ထယ်ယောင်းမျက်နှာသည် ကြက်သေသေနေခဲ့သည်..။
ကျွန်တော်က အရှင့်သတ်လို့ သေပြီးသား လူသားပါ အရှင်..။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili