Yibo pov(12)
ကျင်လည်နေတုန်းပဲ။
ကိုယ့်ကိုယ်ကိုယိပဲ အပြစ်တင်ရမလားတောင် မသိတော့။
"နင်တကယ်မသွားဘူးလား"
ငါတကယ်သေမှာဟ"
"......."
"ရှောင်းကျန့်ကို လိမ်တယ်လို့ စွပ်စွဲရအောင် နင်ကရော
"ဟင့်အင်း"
မဟုတ်လား"
ရမှာစိုးလို့"
"မဟုတ်..ငါ..."
"......"
မေလင်းစကားတွေကို ကြားတော့မှ ရိပေါ် တဖြည်းဖြည်း ညပန်ကြားယောင်လာမိတာက သူလည်း အစ်ကို့ကို
အထင်မှားခဲ့မိတယ်။ သူဘာတွေလုပ်မိနေတာလဲ။
ပြောလိုက်မိတာလဲ"
ရှောင်းကျန့်ကောလည်း ခံစားခဲ့ရမှာပဲ"
"အခုသိပြီမလား"
"တတ်လည်းတတ်နိုင်တယ်။အမျိုးမျိုးပဲ"
_________________________________
ကြည့်ပြီး ရိပေါ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။
နိုးလာပုံရတဲ့ အစ်ကိုက ရိပေါ်အသံကြားတာနဲ့
"ရိပေါ်..."
"......."
မကောင်းလို့တဲ့"
"......"
"......"
ကျွန်တော့လိုလူအတွက် ကိုယ့်ကိုယ်ကိုယ် အထိခိုက်ခံ
နေလို့လဲ။ မတန်ပါဘူး။ ကျွန်တော်က ခင်ဗျားရဲ့ အနစ်နာခံမှုတွေနဲ့ မတန်ဘူး ရှောင်းကျန့်ရဲ့။
"......"
စေချင်နေတာလား"
"ဟင့်အင်း။အဲ့လိုမဟုတ်ပါဘူး"
"ဒါဆိုဘာလဲ!!။ပြောစမ်းပါ ရှောင်းကျန့်ရာ!!!"
"ကိုယ်တောင်းပန်ပါတယ်"
"......"
"......"
ကိုယ့်ကိုခွင့်လွတ်ပေးရင်ရပါပြီ"
"ရိပေါ်က ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာအကောင်းဆုံးလူသားတစ်ယောက်ပါ"
တည်းတူနေတာပဲ"
"ထားလိုက်ပါ။အခုဆေးသောက်ရမှာမလား။ဘာစား
ချင်လဲ"
"ချိုချဉ်..."
"......."
ရှောင်းကျန့်ကုတင်နားကိုရောက်နေပြီ။
"ပါးစပ်ဟ"
"အင်း။ရိပေါ်...."
"ပြောလေ"
"....."
"ရိပေါ်..."
"....."
"ဒါပေမယ့်....အစ်ကိုဖြစ်နေလို့ပဲကျွန်တော်နောက်တစ်ကြိမ်အခွင့်အရေးပေးကြည့်ချင်တယ်။ကျွန်တော့ကို
ကတိပေးပါတယ်"
_________________________________
"ပြောလေ"
"......"
"ရှောင်းကျန့် မင်းအပေါ်ကို ဘယ်လောက် သံယောဇဉ်
"........"
"အခုအချိန်မှာ မင်းကရှောင်းကျန့်အတွက် အရေးပါတဲ့
"......"
အကယ်၍ ရှောင်းကျန့်ကို အခုလိုထပ်ပြီး ပင်ပန်းခက်ခဲစေမယ်ဆိုရင် ငါမင်းကိုခွင့်လွတ်မှာမဟုတ်ဘူး"
_________________________________
"အစ်ကို...ဆန်ပြုတ်သောက်ပြီးရင်ဆေးသောက်ရမယ်"
"အင်း"
"လိမ္မာပြနေပါလား"
"ဟင့်အင်း။ရိပေါ်မလွန်ပါဘူး"
ပေးလို့ကျေးဇူးပါ"
"ကျိုးချန်..."
"သိရင်ပြီးရော"
"ဘာ!!!!ဝမ်ရိပေါ်!!"
"အဲ့လိုမဟုတ်ပါဘူးကွာ။ရန်မဖြစ်ကြပါနဲ့"
မနေပါဘူး။မျက်စိနောက်လို့။နောက်တစ်ပတ်ကျရင်
ပြန်မှာ"
"မင်းအလုပ်ကိစ္စတွေက.."
"ပြီးပြီ။ပြီးလို့ပြန်မှာ"
"ပြန်သင့်တာကြာပြီ"
"ဝမ်ရိပေါ်..မင်း!!!"
ပျော်မွေ့ရတယ်။
_________________________________
A/N
ပျင်းနေကြပြီလားဟင်😣
_________________________________
Unicode
Yibo pov(12)
လွယ်လွယ်တွယ်ငြိခဲ့တဲ့သံယောဇဉ်တွေမဟုတ်တော့ ဖြတ်တောက်ဖို့ကထင်ထားတာထပ်ခက်တယ်။
စွန့်လွတ်လိုက်ပါပြီလို့ပါးစပ်ကအတွင်တွင်ပြောနေပေမယ့် စိတ်အစုံကတော့ ခင်ဗျားဆိုတဲ့သံသရာမှာ
ကျင်လည်နေတုန်းပဲ။
ဝမ်ကျိုးချန်ဆီကနေ ခင်ဗျားနေမကောင်းဘူးဆိုတဲ့
သတင်းကိုကြားကြားချင်း ခေါင်းမာလွန်းခဲ့တဲ့ခင်ဗျား
ကိုပဲအပြစ်တင်ရမလား၊အကြာကြီးပစ်ထားမိခဲ့တဲ့
ကိ်ုယ့်ကိုယ်ကိုပဲအပြစ်တင်ရမလားတောင်မသိတော့။
ဖြစ်ခဲ့သမျှအကုန်လုံးကခင်ဗျားအမှားလို့လွှဲချရအောင်
ကျွန်တော်ကလည်းအပြစ်ကင်းခဲ့တာမဟုတ်။
ဒီတစ်ခါမှခင်ဗျားကိုမစွန့်လွတ်နိုင်ရင် ကျွန်တော်ခင်ဗျားကိုဘယ်တော့မှစွန့်လွတ်နိုင်တော့မယ်မထင်ဘူး။
တွယ်ငြိခဲ့တဲ့သံယောဇဉ်ကြိုးတွေကိုတစ်မျှင်ချင်းဖြတ်မယ်။ခင်ဗျားရော၊ကျွန်တော်ရောလွတ်မြောက်ပါစေပေါ့..။
"နင်တကယ်မသွားဘူးလား"
"အင်း။ဆက်ပြီးတွယ်ကပ်နေရင်ငါရောသူရောနာကျင်ရလိမ့်မယ်"
"အခုလည်းနာကျင်နေရတာပဲမဟုတ်လား"
"ပိုတိုးလာမယ့်သံယောဇဉ်တွေကိုငါမလိုချင်တော့ဘူး။အရင်ကလိုအဖြစ်မျိုးနောက်တစ်ကြိမ်ကြုံရရင်
ငါတကယ်သေမှာဟ"
"ဒီကိစ္စမှာအဓိကတရားခံကနင်ပဲ။နင်ကရှောင်ကျန့်
ကိုနင့်အမနဲ့နှိုင်းယှဉ်ပြီးမြင်နေခဲ့တာ"
"......."
"ရှောင်ကျန့်ကိုလိမ်တယ်လို့စွပ်စွဲရအောင်နင်ကရော
ဘယ်လောက်ဖြူစင်နေလို့လဲ"
"နင့်ရောဂါအကြောင်းရှောင်ကျန့်သိလား"
"ဟင့်အင်း"
"တွေ့လား။နင်လည်းသူ့ကိုအပြည့်အဝမယုံကြည်ဘူး
မဟုတ္လား"
"အဲ့လိုမဟုတ်ဘူး။ငါအစ်ကို့ကိုငါ့ရောဂါအကြောင်း
ပြောမပြဘူးဆိုတာ ငါ့အတွက်နဲ့အစ်ကိုစိတ်ဆင်းရဲ
ရမှာစိုးလို့"
"သူများအတွက်ဆိုပြီးလွှဲမချစမ်းပါနဲ့။တကယ်တော့
နင်ကိုယ်တိုင်ကိုကသူ့ကိုမယုံလို့၊သူ့ကိုပြောပြလည်း
ဘာမှမှမထူးတာလို့်တွေးနေမိလို့မဟုတ်လား"
"မဟုတ်..ငါ..."
"......"
မေလင်းစကားတွေကိုကြားတော့မှရိပေါ်တဖြည်းဖြည်းပြန်ကြားယောင်လာမိတာကသူလည်းအစ်ကို့ကို
ဒီလိုတွေပြောခဲ့တာပဲ။အခုမေလင်းသူ့ကိုစွပ်စွဲနေသလိုမျိုး သူလည်းအစ်ကို့အပေါ်ကိုစွပ်စွဲခဲ့မိတယ်။
အထင်မှားခဲ့မိတယ်။သူဘာတွေလုပ်မိနေတာလဲ။
"ငါ..ငါမှားသွားပြီ။ငါအစ်ကို့ကိုဘယ်လိုတွေတောင်
ပြောလိုက်မိတာလဲ"
"တကယ်တော့ ဒီကိစ္စမှာနင်တို့နှစ်ယောက်လုံးက
တစ်ယောက်ကိုတစ်ယောက်မြင်အောင်မကြည့်နိုင်
ခဲ့ကြတာပဲ။လူဆိုတာ ကိုယ်တိုင်ခံစားဖူးမှသူများခံစားချက်ကိုနားလည်တာ။အခု နင်ခံစားနေရသလို
ရှောင်ကျန့်ကောလည်း ခံစားခဲ့ရမွာပဲ"
"အစ္ကိုက ငါ့ကိုသူ့အတွက်နဲ့စိတ်ဒုက္ခမရောက်စေချင်တာ။အစ်ကိုကအမြဲငါ့အတွက်ပဲစဉ်းစားပေးခဲ့တာ။ငါကသာမမြင်နိုင်ခဲ့တာ"
"အခုသိပြီမလား"
"ငါ့ကိုအိမ်ပြန်လိုက်ပို့ပေးပါ မေလင်း"
"တတ်လည်းတတ်နိုင်တယ်။အမျိုးမျိုးပဲ"
ခင်ဗျားဘက်ကိုမြင်အောင်မကြည့်ခဲ့တဲ့အတွက်တောင်းပန်ပါတယ်။တဇွတ်ထိုးဆန်လွန်းတဲ့ကျွန်တော့ကို
နောက်ဆုံးအကြိမ်ခွင့်လွတ်ပေးမယ်မဟုတ်လား။
_________________________________
အဖျားရှိန်နဲ့အိပ်ပျော်နေတဲ့ဖြူဖျော့ဖျော့မျက်နှာလေးကို
ကြည့်ပြီးရိပေါ်ကိုယ့်ကိုယ်ကိုအပြစ်တင်မိတယ်။
သူ့ရဲ့တစ်ယူသန်စိတ်ကြောင့်အစ်ကိုအခုလိုဖြစ်ရတာ။သူလိုလူကဘာတွေများကောင်းနေလို့အစ်ကို့ကိုအပြစ်တင်မိရတာလဲ။အားလုံးကသူ့အမှားတွေပဲ။
အေးချမ်းနေတဲ့အစ်ကို့ဘဝလေးထဲကိုမဖိတ်ခေါ်ပါဘဲလျက်သူကပဲဇွတ်အတင်းတိုးဝင်လာခဲ့တာ။အခုတော့ကျွန်တော့ရဲ့အတ္တတွေကခင်ဗျားကိုပူလောင်စေမိပြီ။
နိုးလာပုံရတဲ့အစ်ကိုကမျက်လုံးဖွင့်ဖွင့်ချင်းရိပေါ်ကိုမြင်တာနဲ့ချက်ချင်းထထိုင်လိုက်တယ်။
"ရိပေါ်..."
"ခင်ဗျားကတော်တော်ခေါင်းမာတာပဲ"
"ရိပေါ်..တကယ်ပဲရိပေါ်ပေါ့နော်။ရိပေါ်ပြန်လာတာလား"
"ခင်ဗျားသူငယ်ချင်းဖုန်းဆက်ပြီးခေါ်တာ။ခင်ဗျားနေ
မကောင်းလို့တဲ့"
"......"
"တကယ်ပဲတစ်နေ့လုံးရပ်နေခဲ့တာလား"
"......"
"ဘာလို့လဲ။ခင်ဗျားကတကယ်ပဲဘာဖြစ်ချင်နေတာလဲ!!!!ကျွန်တော့ကိုဘာဖြစ်စေချင်နေတာလဲလို့ ဟမ်!!!!"
ကျွန်တော့လိုလူအတွက်ကိုယ့်ကိုယ်ကိုအထိခိုက်ခံ
လောက်အောင်ကျွန်တော်ကဘာတွေများအရေးပါ
နေလို့လဲ။မတန်ပါဘူး။ကျွန်တော်ကခင်ဗျားရဲ့အနစ်နာခံမှုတွေနဲ့မတန်ဘူး ခင်ဗျားရဲ့။
"......"
"ဘာလဲ...သူများတွေအမြင်မှာခင်ဗျားကမှန်ပြီးကျွန်တော်ကတော့မကောင်းတဲ့ကောင်ပေါ့..အဲ့လိုဖြစ်
စေချင်နေတာလား"
"ဟင့်အင်း။အဲ့လိုမဟုတ်ပါဘူး"
"ဒါဆိုဘာလဲ!!။ပြောစမ်းပါ ရှောင်ကျန့်ရာ!!!"
မဟုတ်ဘူးလေ။သူဒီကိုလာတာအစ်ကို့ကိုတောင်းပန်ဖို့လာခဲ့တာလေ။သူဘာတွေပြောမိနေတာလဲ။အစ်ကို့ကိုဒုက္ခပေးမိတဲ့ကိုယ့်ကိုယ်ကိုဒေါသထွက်မိနေတာကိုဘာလို့အစ်ကို့အပေါ်လွှဲချနေမိတာလဲ။
"ကိုယ်တောင်းပန်ပါတယ်"
"ဘာလို့တောင်းပန်ရပြန်တာလဲ။ခင်ဗျားကဘာတွေများမှားနေလို့လဲ"
"......"
"တကယ်တမ်းမှားတာကကျွန်တော်လေ။အရမ်းတွေအတ္တကြီးပြီးခင်ဗျားအပေါ်အရာရာချုပ်ကိုင်ချင်နေတာကကျွန်တော်ပါ။တကယ်မကောင်းတဲ့သူကလည်းကျွန်တော်ပဲလေ။ဘာလို့....ဘာလို့ခင်ဗျားကတောင်းပန်ရတာလဲ"
"......"
ဟုတ်တယ်။ကျွန်တော်မှားတာ။အစ်ကို့ကိုအမြဲနာကျင်စေခဲ့တာကကျွန်တော်ပါ။အစ်ကို့ရဲ့ခံစားချက်တွေကိုလျစ်လျူရှုပြီးတစ်ကိုယ်ကောင်းဆန်ခဲ့တဲ့ကျွန်တော့
ကိုအစ်ကိုကဘာလို့တောင်းပန်နေတာလဲ။
"ရိပေါ်မမှားပါဘူး။အကယ်၍ကိုယ်တို့နှစ်ယောက်မှာ
တစ်ယောက်ယောက်ကမှားနေတယ်ဆိုရင်တောင်
ကိုယ်ကပဲအမြဲတောင်းပန်စကားပြောမှာမို့ ရိပေါ်က
ကိ်ုယ့်ကိုခွင့်လွတ်ပေးရင်ရပါပြီ"
"ဘာလို့လဲ....ဘာလို့ကျွန်တော့အပေါ်ဒီလောက်
သည်းခံနေရတာလဲ။ကျွန်တော်က...ကျွန်တော်က
ခင်ဗျားထင်နေသလိုလူကောင်းမဟုတ်ဘူး"
ကျွန်တော်ကကျွန်တော့ပျော်ရွှင်မှုအတွက်ပဲကြည့်ပြီး
ခင်ဗျားအနားမှာနေနေခဲ့တာ။ခင်ဗျားမသိအောင်ကျွန်တော်ဖုံးကွယ်ထားတာတွေအများကြီးပဲ။ကျွန်တော်ကခင်ဗျားကိုလှည့်စားနေတဲ့မကောင်းတဲ့ကောင်ပါ။
"ရိပေါ်ကကိုယ့်အတွက်တော့ကမ်ဘာပေါ်မှာအကောင်းဆုံးလူသားတစ်ယောက်ပါ"
"အဲ့တာဆိုရင်ဘာလို့ကျွန်တော့ကိုလိမ်ရတာလဲ။
လိမ်တာကိုကျွန်တော်ဘယ်လောက်မုန်းတယ်ဆိုတာကိုသိသိလျက်နဲ့ဘာလို့လဲ!!!"
ကျွန်တော်အတ္တကြီးမိပြန်ပြီ။ကိုယ်တိုင်တောင်ခင်ဗျား
ကိုလိမ်နေခဲ့ပြီးခင်ဗျားလိမ်တော့မှအပြစ်တင်နေတယ်တဲ့လား။ကိုယ့်ကိုယ်ကိုရွံလွန်းလို့ဘယ်လိုလုပ်ရမလဲ။
"ကိုယ်တောင်းပန်ပါတယ်။ကိုယ်ကမင်းကိုကာကွယ်ခဲ့ချင်ရုံလေးပါ"
သိတာပေါ့။ဒီအကြောင်းပြချက်နဲ့ပဲသူလည်းအစ်ကို့ကိုလိမ်နေခဲ့တာလေ။သူကတကယ်ကိုပဲအစ်ကို့
ဘက်ကိုမြင်အောင်မကြည့်နိုင်ခဲ့တာပဲ။သူ့ကိုယ်သူ
စိတ်ပျက်လိုက်တာ။သူ့ကြောင့်ဖြူစင်လွန်းတဲ့အစ်ကို့
ကိုပါအရောင်တွေစွန်းထင်းသွားခဲ့ပြီလား။
"စိတ်ပျက်စရာကောင်းလောက်အောင်ကိုတစ်ပုံစံ
တည်းတူနေတာပဲ"
ညိုးသွားတဲ့အစ်ကို့မျက်နှာကိုမြင်မှရိပေါ်အသိဝင်လာတယ်။သူအစ်ကို့ကိုဒဏ်ရာတွေပေးမိပြန်ပြီ။
လွတ်ထွက်သွားတတ်တဲ့သူ့စိတ်ကိုသူမုန်းလိုက်တာ။
မြတ်နိုးရပါတယ်လို့တဖွဖွပြောနေပြီးတကယ်တမ်း
ပေးနေမိတာကနာကျင်မှုတွေချည်းသာ။
"ထားလိုက်ပါ။အခုဆေးသောက်ရမှာမလား။ဘာစား
ချင်လဲ"
"ချိုချဉ်..."
"......."
"မင်းကျွေးတဲ့ချိုချဉ်စားချင်တာ"
"ကလေးကလားတွေလုပ်ပြန်ပြီ"
ပါးစပ်ကသာပြောနေပေမယ့် ရိပေါ်ခြေလှမ်းတွေက
ရှောင်ကျန့်ကုတင်နားကိုရောက်နေပြီ။
"ပါးစပ်ဟ"
မက်မွန်သီးချိုချဉ်လေးကိုပါးစပ်ထဲထည့်ပေးလိုက်တော့ပြုံးရိပ်သန်းလာတဲ့နှုတ်ခမ်းပါးလေးတွေ။
ကျွန်တော်မစွမ်းသာနိုင်တဲ့ချိုမြိန်ခြင်းလေးတွေကို
ချိုချဉ်လေးတွေကပဲပေးစွမ်းနိုင်မှာ။
"ရူးကြောင်ကြောင်တွေလျှောက်လုပ်မနေနဲ့တော့။
ကျိုးချန်ဆန်ပြုတ်ပြုတ်နေတာရပြီထင်တယ်။သွားယူ
လာခဲ့မယ်။စားပြီးဆေးသောက်ရမှာမို့"
"အင်း။ရိပေါ်...."
"ပြောလေ"
"ကိုယ့်ကိုခွင့်လွတ်ပြီလားဟင်"
"....."
"ရိပေါ်..."
"ကျွန်တော်ကလိမ်တာကိုသိပ်မုန်းတာ။ကျွန်တော့ကိုလိမ်ရင်ခွင့်မလွတ်ဘူး။အကိုဖြစ်နေလို့ပိုပြီးခွင့်မလွတ်နိုင်ဘူး"
"....."
"ဒါပေမယ့်....အကိုဖြစ်နေလို့ပဲကျွန်တော်နောက်တစ်ကြိမ်အခွင့်အရေးပေးကြည့်ချင်တယ်။ကျွန်တော့ကို
နောက်တစ်ခါတော့မလိမ်ပါနဲ့"
"စိတ်ချပါ။နောက်တစ်ခါဆိုတာမရှိစေရဘူး။ကိုယ်
ကတိပေးပါတယ်"
"ကျွန်တော်ယုံချင်ပါတယ်"
တကယ်တမ်းတောင်းပန်ရမှာကကျွန်တော်ပါ။
ဒါပေမယ့်နောက်ဆုံးမှာအပြစ်မရှိတဲ့အစ်ကိုကပဲ
တောင်းပန်နေရပြန်တယ်။ကျွန်တော်ကဘယ်လိုတောင်သတ္တိကြောင်လိုက်သလဲ။
အစ်ကို့ကိုကျွန်တော့လိုမျိုးအလိမ်အညာတွေနဲ့
မရှင်သန်စေချင်ဘူး။အနည်းဆုံးတော့အစ်ကိုကပဲ
ဖြစ်ဖြစ် ဖြူစင်နေမှဖြစ်မှာ။
အဆုံးထိနာကျင်စေမိလို့ထပ်ပြီးတောင်းပန်ပါတယ်။
_________________________________
ရိပေါ်ဆန်ပြုတ်ယူဖို့အောက်ထပ်ဆင်းလာတော့
ဝမ်ကျိုးချန်နဲ့တွေ့တယ်။
"စကားနည်းနည်းပြောရအောင်"
"ပြောလေ"
"ရှောင်ကျန့်ကသိပ်အစွဲအလန်းကြီးတယ်။ငယ်ငယ်ကတည်းကသူကဘယ်သူ့ကိုမှလွယ်လွယ်သံယောဇဉ်မတွယ်တတ်ဘူး။သူသံယောဇဉ်တွယ်မိသွားရင်လည်းအဲ့လူကိုအဆုံးထိသူကတွယ်ကပ်နေတတ်တာ။ရှောင်ကျန့်ကအပေါ်ယံမှာမာကျောတယ်
ထင်ရပေမယ့်တကယ်တော့သိပ်ကိုခံစားလွယ်တယ်"
"......"
"ရှောင်ကျန့်မင်းအပေါ်ကိုဘယ်လောက်သံယောဇဉ်
ကြီးလဲဆိုတာမင်းသိမှာပါ။ဖြစ်နိုင်ရင်ရှောင်ကျန့်ကို
ဒဏ်ရာတွေပေးမယ့်အစားစောင့်ရှောက်ပေးပါ"
"........"
"အခုအချိန်မှာမင်းကရှောင်ကျန့်အတွက်အရေးပါတဲ့
သူတစ်ယောက်ဖြစ်နေပြီမို့ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်သူ့ကိုတစ်ယောက်တည်းထားမသွားပါနဲ့"
"......"
"အခုလည်းမင်းတို့ဘာဖြစ်ကြလဲငါမသိပေမယ့်
အကယ်၍ရှောင်ကျန့်ကိုအခုလိုထပ်ပြီးပင်ပန်းခက်ခဲစေမယ်ဆိုရင် ငါမင်းကိုခွင့်လွတ်မှာမဟုတ်ဘူး"
"စိတ်ချပါ။နောက်တစ်ကြိမ်ဆိုတာမရှိစေရပါဘူး။
ကျွန်တော်အစ်ကို့ကိုစောင့်ရှောက်မှာပါ"
"မင်းပြောသလိုသာဆိုရင်တော့ကောင်းတာပေါ့။
ကဲ ရော့ ဆန်ပြုတ်ယူသွားလိုက်။မင်းတိုက်မှ ဟိုအရူးကပိုကျေနပ်နေမှာ"
"ကျေးဇူးပါ ကျိုးချန်ကော"
ကျွန်တော်ပေးခဲ့မိတဲ့နာကျင်မှုတွေနဲ့ထပ်တူညီတဲ့
ပျော်ရွှင်မှုတွေနဲ့ပြန်ကုစားပေးမှာမို့နောက်ဆုံးအကြိမ်
အဖြစ်အခွင့်အရေးပေးပါ။
_________________________________
ရိပေါ်ဆန်ပြုတ်ပန်းကန်ယူပြီးအခန်းထဲဝင်လာတော့
ကုတင်ပေါ်မှာငြိမ်ငြိမ်လေးထိုင်နေတဲ့အစ်ကို။
"အစ္ကို...ဆန်ပြုတ်သောက်ပြီးရင်ဆေးသောက်ရမယ်"
"အင်း"
"လိမ္မာပြနေပါလား"
"ရိပေါ်စိတ်ဆိုးမှာစိုးလို့"
အစ်ကိုရယ်...ကျွန်တော်ကအစ်ကို့အပေါ်အဲ့လောက်တောင်အနိုင်ယူနေခဲ့မိတာလား။
"ကျွန်တော်....ကျွန်တော်တကယ်တောင်းပန်ပါတယ်။ကျွန်တော်လွန်သွားတယ်"
"ဟင့်အင်း။ရိပေါ်မလွန်ပါဘူး"
"ကျွန်တော့အပေါ်ကိုအခုလိုသည်းခံပြီးအကောင်း
မြင်ပေးတာအစ်ကိုကပထမဆုံးပဲ။ကျေးဇူးပါ"
"ကိုယ်ကသာကျေးဇူးတင်ရမှာပါ။ကိုယ့်ကိုခွင့်လွတ်
ပေးလို့ကျေးဇူးပါ"
"မင်းတို့တစ်ယောက်နဲ့တစ်ယောက်ကျေးဇူးတင်နေတာဘယ်တော့မှပြီးမှာလဲ။နားညီးနေပြီ"
"ကျိုးချန်..."
"အခုကျတော့လည်းသူတို့မဟုတ်တဲ့အတိုင်းပဲ။
ငါကလူပိုကြီးကိုဖြစ်လို့...."
"သိရင်ပြီးရော"
"ဘာ!!!!ဝမ်ရိပေါ်!!"
"အဲ့လိုမဟုတ်ပါဘူးကွာ။ရန်မဖြစ်ကြပါနဲ့"
"အေး...လုပ်နေလိုက်ကြ။ငါလည်းဒီအိမ်မှာကြာကြာ
မနေပါဘူး။မျက်စိနောက်လို့။နောက်တစ်ပတ်ကျရင်
ပြန်မှာ"
"မင်းအလုပ်ကိစ္စတွေက.."
"ပြီးပြီ။ပြီးလို့ပြန်မှာ"
"ပြန်သင့်တာကြာပြီ"
"ဝမ်ရိပေါ်..မင်း!!!"
အရာအားလုံးပြေလည်သွားတဲ့အခါ ရိပေါ်ကလည်း
အရင်လိုအစ်ကို့အနားမှာတွယ်ကပ်နေဆဲပဲ။
ထွက်သွားမယ်လို့ကြုံးဝါးခဲ့သမျှကဒီလူသားမရှိရင်
မဖြစ်ဘူးဆိုတဲ့အတွေးအောက်မှာအလဲလဲအပြိုပြို။
လှပစွာချုပ်နှောင်ထားခြင်းပါပဲ.....
အစ်ကိုဆိုတဲ့သံသရာလေးမှာပဲကျွန်တော်ဟာ
ပျော်မွေ့ရတယ်။
_________________________________
A/N
ဖတ်ပြီးသားအခန်းတွေပဲပြန်ဖတ်နေရလို့
ပျင်းနေကြပြီလားဟင်😣