Hate is Love { Complete }
By yoon_085
860K 51.7K 2.1K
အမုန်းဆိုတာ အချစ်ကနေအစပြုတာမို့ ကိုယ်ချစ်တဲ့သူကို မနာကျည်းနိုင်သရွေ့ ချစ်နေမိဦးမှာလဲ လူတိုင်းလဲ ကိုယ်ချစ်တဲ့... More
Part -1 ~ Beginning of story
Part -2 ~ First Meet
Part -3 ~ Wedding Day (🚨🔞)
Part -4 ~ Marriage life (🔞🚨)
Part - 5 ~ Losing Family
Part 6 ~ Love House 🔞🚨
Part -7 ~ Diary Book
Part -8 ~ Cuz of Love (🔞🚨)
Part -9 ~ Miss u but don't want remember
Part -10 ~ Reasons for problem
Part -11 ~ Can't let you go 🔞🚨
Part -12 ~ Good Bye My love
Part- 13 ~ Everytime I miss u
Part 14 ~ Love is hurt
Part - 15 ~ Miss U 🔞🚨
Part -16 ~ That's you 🔞🚨
Part - 17 ~ About Past
Part -18 ~ Greedy Love
Part -19 ~ Forgiveness 🔞🚨
Part -20 ~ Painful Love
Part-21 ~White Tulips
Part-23~New life 🔞🚨
Part-23~New Life 🔞🚨 (2)
Part-24~Being a daddy
Announcements💖
Part-25~Husband Material
Part-26 ~About baby
Part -27~Precious Things
Part-28 ~Baby born 👶🏻
Part -29 ~ Daddy Wang
Part-30~ Lion& rabbit(🔞🚨)
Part-31~Wang MinYu's Bd
Part-32~ Dark Night 🔞🚨
Part-33~Believe U
Part-34~ Ice cream
Part-35~Jealous Daddy
Part-36~Beauty daughter
Part-37~Parent ( Final)
Extra ~ I 🔞🚨
Extra ~ II
Part-22~Red Spider lily
17.4K 1.2K 96
By yoon_085
Hate is Love
Zawgyi
" အခုသူကရော ''
" ဘယ်သူပေးတာလဲ ''
' Red Spider Lily ပနျးအဓိပ်ပါယျကိုသိလား အဲ့ပန်းတွေက သေခြင်းကိုကိုယ်စားပြုတယ်တဲ့ မင်းလုပ်ခဲ့တဲ့အရာအားလုံးကို ပြန်ပေးဆပ်ဖို့ ငရဲကစောင့်နေတယ် Hell Lo ကဲငရဲကိုသွားပေတော့..'
" ဘာကိစ္စဝင်လာတာလဲ ''
မို့လို့လဲ ''
" အဟွတ် ဟွတ်''
လဲကျသွားသည် ။
" ကောဘာဖြစ်တာလဲ ကော ''
"ရတယ် ကောကိုသူ့ယောက်ျားကစောင့်ရှောက်လိမ့်မယ် ဒါနဲ့ အရာရှိချန်ကကောနဲ့အရင်ထဲကသိတာလား ''
'' ကောမှာသူယောက်ျားရှိတယ် ကျွန်မလိုက်သွားလဲဘာမှထူးမှာမဟုတ်ဘူး ဘယ်လိုလဲကျွန်မနဲ့ bar သွားရအောင် ''
" ဘာဖြစ်လို့လဲ ဆရာ''
လွှဲပေးလိုက်ပါ့မယ် ''
" ကျန့် အဆင်ပြေရဲ့လား ''
".....''
" ကြိုက်လား ''
" ဟမ်..''
"ချစ်လားလို့ ''
"အိမ်ပြန်မယ် ''
"ဆေးမကုန်သေးဘူးလေ ''
"အိမ် ပြန် မယ် လို့ ''
"ဟင်..''
" အ့...''
edaz
3:52a.m.
_____________ <<<<<<<<_____________
Hate is Love
Unicode
Stella ကချန်ခေါ်လာလို့ကုမ္ပဏီနားက cafe မှာထိုင်နေကြသည် ချန်ကအာရုံလွဲဖို့သာခေါ်လာတာ ဘာပြောရမှန်းမသိ ။
" ချန် အရမ်းကြီးစိုးရိမ်သွားတယ်မလား ညကကိစ္စအတွက်သိပ်လဲမစိုးရိမ်ပါနဲ့ Johnက ဒါမျိုးတော်တယ် ''
" အခုသူကရော ''
" မြို့ထဲကဟိုတယ်တစ်ခုမှာ Stellaနာမည်နဲ့ ဘိုကင်တင်ထားတော့ သူအဲ့မှာအေးဆေးနေနေတယ် ''
" အာ အဲ့လိုလား ခဏနော်ကျွန်တော်toliet သွားလိုက်ဦးမယ်''
ချန်,သူ့ရဲ့အဖွဲ့စီမြန်မြန်ဆက်သွယ်လိုက်ပြီး မြို့ထဲက ဟိုတယ်ကြီးမှာ Stella နာမည်နဲ့တည်းနေတဲ့ Johnကိုရှာဖို့သတင်းပို့လိုက်သည် ပြီးတော့Stellaရှေ့ ဟန်မပြတ်ပြန်နေလိုက်ပြီး ကော်ဖီသောက်ကာ အခြားအကြောင်းများအာရုံလွှဲနေလိုက်သည် Stella ကိုကြည့်ရတာအေးဆေးပင် ဒီလိုမျိုးပဲခဏခဏလွတ်နေကြဖြစ်လို့ထင်ပါရဲ့ ဒီတစ်ခေါက်တော့မလွတ်တော့မှာမို့ အပြင်မှာရှိနေတုန်းလေး ပျော်ပျော်နေလိုက်ပါဦးStella....
Stella ရုံးခန်းထဲကိုပြန်ရောက်တော့ သူ့ရဲ့အတွင်းရေးမှူးကပန်းစီးတစ်စည်းလာပေးသည် ။
" ဘယ်သူပေးတာလဲ ''
" မသိဘူးရှင့်၊ deliနဲ့အပ်ထားတာ Stellaဆိုတဲ့ နာမည်နဲ့ဆိုလို့လာပေးတာပါ ''
Stella ပန်းကိုကြည့်လိုက်တော့ပင့်ကူနီပန်း (Red spider lily )ပန်းနီနီတွေကိုအမည်းရောင်warp နဲ့စည်းထားတာမို့ အထဲကအနီရောင်ပန်းများက အထင်းသား ဘယ်သူကများဒီလောက်ဈေးကြီးတဲ့ပန်း ကိုလာပေးတာလဲ သူပန်းစည်းထဲကိုကြည့်လိုက်တော့ post card တစ်ခုတွေ့တာမို့ဖတ်ကြည့်လိုက်သည် ။
' Red Spider Lily ပန်းအဓိပ္ပါယ်ကိုသိလား အဲ့ပန်းတွေက သေခြင်းကိုကိုယ်စားပြုတယ်တဲ့ မင်းလုပ်ခဲ့တဲ့အရာအားလုံးကို ပြန်ပေးဆပ်ဖို့ ငရဲကစောင့်နေတယ် Hell Lo ကဲငရဲကိုသွားပေတော့..'
{ T /N - အပေါ်ကပုံထဲကလိုပန်းပါ တချို့သူတွေက အဲ့ပန်းကိုသေခြင်းရှင်ခြင်းနိမိတ်ပန်းလို့ခေါ်တယ် Hell လို့လဲအဓိပ္ပါယ်ဆောင်ပါတယ် ကိုယ်လဲသိပ်မသိပေမယ့် ဂလူးဂလူးမှာရေးတဲ့အတိုင်းဘာသာပြန်ပေး
လိုက်တာပါ ဂျပန်မှာဆိုရင်တော့ Higanbana လို့ခေါ်ပြီး သေဆုံးပြီးနောက်ဘဝကို ကိုယ်စားပြုတယ်လို့ဖော်ပြထားတာပါ ကိုယ်လဲသိသလောက်ပြန်ပြောပြတာပါအမှားပါရင် ဝမ်ရိပေါ်လွှတ်လိုက်အဲ‌လေခွင့်လွှတ်ပါရှင် }
Stella ပန်းစည်းကိုအလန့်တကြားလွင့်ပစ်လိုက်သည် ။
" အားရှောင်ရှောင်ကျန့် နင်ကပဲငါ့ကိုခြိမ်းခြောက်ရဲတယ် ပေါ့လေ ''
ခုံပေါ်ကပစ္စည်းတွေကိုစိတ်တိုတိုနဲ့အကုန်လွင့်ပစ်လိုက်ပြီး အခန်းထဲမှာစိတ်ရှိတိုင်းပေါက်ကွဲနေသည် အခန်းထဲကိုဝင်လာတဲ့ အတွင်းရေးမှူးကပါ လန့်သွားပေမယ့် Stellaကဒေါသပြေတဲ့ပုံမပေါ်သေး ။
" ဘာကိစ္စဝင်လာတာလဲ ''
" ဟို ဟို သူဌေးဝမ်ကအစည်းဝေးကိုတက်ရမယ်
လာပြောခိုင်းလိုက်လို့ပါ ''
"ခဏနေမှလာမယ်ပြောလိုက် ''
" အရေးပေါ် အစည်းဝေးမို့အခုလာခိုင်းတာတဲ့ ''
" အား ကျစ် စိတ်ရူပ်စရာတွေချည်းပဲ ''
Stellaကအခန်းထဲကနေဝုန်းဒိုင်းထွက်လာပြီး အစည်းဝေးခန်းထဲသွားလိုက်သည် သုံးနာရီလောက် ဆွေးနွေးနေတဲ့အစည်းဝေးခန်းထဲကနေ ခုချိန်ထိရိပေါ်မထွက်ရသေးပေ ။
Stella အခန်းထဲဝင်လာတော့ ရိပေါ်ကStella ရဲ့ရှေ့ကိုဖိုင်တစ်ခုပစ်ချလိုက်သည် ။
" ဒါတွေကိုရှင်းပြပေးလို့ရမလား Stella''
သူစာရွက်တွေကိုလှန်လိုက်တော့ ရန်ပုံငွေကိုင်တဲ့စာရင်းတွေကသူ့ဆီမှာရပ်သွားသည် အထုတ်စာရင်းတော့မရှိပေမယ့် သူ့ဆီမှာရပ်သွားတာမို့ အနည်းနဲ့အများတော့သံသယဝင်ခံရတာပေါ့ ။
" ဘာကိုပြောချင်တာလဲ သူဌေးဝမ်ဒီစာရင်းတွေ ကျွန်မကိုင်ပေမယ့် ကျွန်မသုံးတယ်ဆိုတဲ့ အထောက်အထားမှမရှိဘဲ ဘယ်လိုများစွပ်စွဲလိုက်တာလဲ အဟက် ''
ရိပေါ်စိတ်ရူပ်စွာနဲ့ သူ့ဆံပင်တွေကိုဖွလိုက်သည် သူ့လုပ်မှန်းသိပေမယ့်သက်သေက ဘယ်လိုမှဆွဲထုတ်လို့ မရဘူးဖြစ်နေတာခက်နေတာ ။
"အဲ့အတွက် စိတ်မပူပါနဲ့လုံလောက်တဲ့ သက်သေအထောက်ထားကဒီမှာရှိတယ် ''
ရှောင်ကျန့် အစည်းဝေးခန်းထဲကို ဖိုင်တစ်ခုထောင်ပြကာဝင်လာပြီး အစည်းဝေခန်းအလယ်က projecter မှာstick ထိုးလိုက်သည် ။
" ဒီမှာကုမ္ပဏီကငွေတွေထုတ်ထားတဲ့ စာရင်းတွေသုညတွေ နည်းတာမဟုတ်ဘူးနော် ဒီမှာက ခင်ဗျားရဲ့ဆေးမှုစာရွက်တွေ ရန်ပုံငွေအလွဲသုံးစားလုပ်တာကိုပဲရှာပေမယ့် မထင်မှတ်စွာပဲ မင်းရဲ့အခြားအမှုတွေပါရှိနေသေးတာပဲ Stella ''
ရှောင်ကျန့်ကမင်းပြေးပေါက်မလွတ်ပါဘူးဆိုတဲ့ အကြည့်နဲ့ မျက်ခုံးတစ်ဖက်ပင့်ပြီးကြည့်လိုက်သည် ။
" မဟုတ်ဘူး ရှင်တို့ကျွန်မကိုချောက်တွန်းနေတာ ဒီကုမ္ပဏီမှာကျွန်မရဲ့ရှယ်ယာကဘယ်လောက်တောင်
မို့လို့လဲ ''
" မင်းလက်ထဲမှာရှိတဲ့ 0.4 လောက်ပဲရှိတဲ့ ရှယ်ယာကအဲ့လောက်တောင်မှများတယ်ပေါ့ ''
" မဟုတ်ဘူး ရှောင်ရှောင်ကျန့် နင်ငါ့ကိုလာလိမ်မနေနဲ့ ''
Stella ကထိုင်နေရာကနေရှောင်ကျန့်မတ်တပ်ရပ်နေတဲ့ နေရာကိုရောက်လာပြီး ရှောင်ကျန့်လည်ပင်းကို ညစ်လိုက်သည် ရှောင်ကျန့်လဲမထင်မှတ်ထားတဲ့ Stella ရဲ့အပြုမူကြောင့် မရှောင်လိုက်နိုင်ဖြစ်သွားသည် ။
" အဟွတ် ဟွတ်''
Stella ကရှောင်ကျန့်လည်ပင်းကိုညစ်တာမို့ ဘေးကJeana ကStella လက်ကိုဖယ်ဖို့လုပ်ပေမယ့် Stellaကတွန်းလိုက်တာမို့ Jeanaလည်း
လဲကျသွားသည် ။
ရိပေါ်ကStellaရဲ့လက်တွေကိုဖြုတ်ချလိုက်တော့ ရှောင်ကျန့်မှာ မေ့လဲသွားမလိုဖြစ်သွားတော့
ရိပေါ်ကလှမ်းထိန်းလိုက်သဖြင့် ရိပေါ်ရင်ခွင်ထဲပစ်ကျသွားသည် ။
ကြမ်းပြင်ပေါ် ဖင်ထိုင်လျက်ပြုတ်ကျကာ အရူးလိုရယ်နေတဲ့ Stellaကို အကုန်လုံးက ဝိုင်းကြည့်ကြသည်အစည်းဝေးခန်းမတံခါးကို လူငါးယောက်လောက်တံခါးဖွင့်ပြီးဝင်လာသည်မို့ ရှောင်ကျန့်လှည့်ကြည့်လိုက်သည် ။
"ကျွန်တော်တို့က ပေကျင်းရဲဌာနကပါ Stellaကို လွန်ခဲ့တဲ့၃နှစ်က ပေကျင်း-ရှန်ဟွာသွားတဲ့ အဝေးပြေးလမ်းမှာ ဖြစ်တဲ့တဲ့ယာဉ်တိုက်မှု ၊ပြီးခဲ့တဲ့လကရှောင်ရှောင်ကျန့်ကိုကားနဲ့ တိုက်ဖို့နောက်ကွယ်ကအမိန့်ပေးခိုင်းထားတဲ့အမှုရယ် ၊John နဲ့အတူမူးယစ်ဆေးရောင်းဝယ်မှုနဲ့ဖမ်းဝရမ်းနဲ့ ဖမ်းဆီးပါတယ်ရှေ့နေငှါးပြီး အမှုကိုပြန်လည်ချေပခွင့်ရှိတယ် ''
" မဟုတ်ဘူး ငါမလုပ်ဘူး ဘယ်လိုခွေးစကားတွေ လာပြောနေတာလဲ ငါမဟုတ်ဘူး ''
" ငြင်းနေလဲအပိုပါပဲ ခင်ဗျားခိုင်းထားတဲ့သူက အားလုံးကို ဖြောင့်ချက်ပေးပြီးပြီမို့ ဒီတိုင်းလိုက်ခဲ့ရင်ကောင်းမယ် ''
" မဟုတ်ဘူး ငါမလိုက်နိုင်ဘူး ငါမဟုတ်ဘူး ''
Stellaလက်ထိပ်ခတ်နေတဲ့ရဲတွေကိုရုန်းကန်ကာတွန်းနေသည် ချန့်ကိုမြင်တော့ချန့်ဆီကို အပြေးလွှားသွားကာ ချန့်လက်ကိုကိုင်ပြီး အကူညီတောင်းလိုက်သည် ။
" ချန် Stellaကိုကယ်ပါဦး Stellaကိုမတရားလာစွပ်စွဲနေတယ် ''
ချန်ကသူ့ရဲ့ ရဲတံဆိပ်ပြားကိုထုတ်ပြလိုက်သည် ။
" ကောင်းကောင်းသွားပါ Stella ''
" ချန် ရှင်က ရှင်ကပါ လှည့်စားခဲ့တာပေါ့ အားး ''
Stellaကရုန်းကန်ရင်း ရဲနှစ်ယောက်ရဲ့ လက်ထိပ်ခတ်ကာခေါ်ဆောင်ခြင်းကိုခံလိုက်ရသည် ။
ရိပေါ်ကမပြီးသတ်သေးတဲ့အစည်းဝေးကို အဆုံးသတ်ဖို့လုပ်ရ သေးတော့ရှောင်ကျန့်နား
ချက်ချင်းမသွားနိုင် ရှောင်ကျန့်ကိုJeanaက ခေါ်သွားတာမြင်ပေမယ့် ကုမ္ပဏီတစ်ခုလုံးကို ဦးစီးနေရတဲ့သူဌေးဖြစ်တာကြောင့် စိတ်သွားတိုင်းကိုယ်ကမသွားနိုင်ဘူး ။
" ကောအဆင်ပြေရဲ့လား ဒီမှာခဏထိုင်နေလိုက်နော် Jeana ရေသွားယူလိုက်ဦးမယ် ''
Stella ကလည်ပင်းကိုညစ်လိုက်တာကြောင့် ရှောင်ကျန့်မှာခုထိမူးနောက်နောက်ဖြစ်နေဆဲ ချန်က သူ့ဆီလမ်းလျှောက်လာနေတာမို့ ကျေးဇူးတင်စကားပြောဖို့ မတ်တပ်ထရပ်လိုက်သည် ။
" အရာရှိချန် ကိုကျေးဇူးတင်ပါတယ်ဗျာအရာရှိကြောင့်''
" မဟုတ်တာဗျာ ရှောင်ကျန့်ကသာ အမှုအတွက်သက်သေတွေစုဆောင်းပေးလို့ပါ မဟုတ်ရင် အဲ့မူးယစ်ရာဇာတွေကိုဖမ်းလို့မိမှာမဟုတ်ဘူး ''
ရှောင်ကျန့်အရာရှိချန် နဲ့စကားပြောပြီး တစ်ဖက်ကိုလှည့်လိုက်တော့ ခေါင်းကမူးကာအရှေ့ကို မမြင်ရဘဲ မှုန်ဝါးသွားတာမို့ဘေးမှာရှိတဲ့လက်ရန်းကို လှမ်းကိုင်လိုက်ပေမယ့် လက်ချော်သွားပြီး လှေကားကနေပြုတ်ကျမလိုဖြစ်သွားသည်။
ကုမ္ပဏီlobby ကနေဒုတိယအထပ်ကိုတက်ဖို့ အလှလှေကားလုပ်ထားတာမို့ ရှောင်ကျန့်ကထိုလှေကားပေါ်ကနေပြုတ်ကျတော့မလို့ ချန်ကနေလှမ်းဆွဲလိုက်တော့ ချန့်ရဲ့ရင်ခွင်ထဲမေ့မြောသွားတဲ့ရှောင်ကျန့် ။
ရိပေါ် အစည်းဝေးကိုမြန်မြန်လက်စသပ်ပြီး
အပြင်ကိုထွက်လာတော့ ရှောင်ကျန့်ကိုလှမ်းဆွဲလိုက်တဲ့ ရဲမှူးဆိုတဲ့တစ်ယောက် ။
ရှောင်ကျန့်ကထိုသူလက်ထဲမှာမေ့မြော သွားတာမို့ ရိပေါ်အပြေးသွားလိုက်ပြီး ချန့်ကိုတွန်းလိုက်ကာ ရှောင်ကျန့်ကိုမိမိရင်ခွင်ထဲပြောင်းယူလိုက်သည် ။
" ကျန့် ကျန့် သတိထားဦးလေ ''
Jeanaလဲရေသွားယူရာကနေအပြေးရောက်လာသည် ။
" ကောဘာဖြစ်တာလဲ ကော ''
"ကျွန်တော်ဆေးရုံခေါ်သွားလိုက်မှာမို့အနောက်ကနေလိုက်ခဲ့ပါ ''
ရိပေါ်ကJeanaကိုပြောပြီး ရှောင်ကျန့်ကိုပွေ့ချီကာ ထွက်သွားသည် အရာရှိချန်ကိုလည်း မျက်ထောင့်နီကြီးနဲ့ကြည့်ဖို့မမေ့ ။
Jeanaက ရှောင်ကျန့်ကိုပွေ့ချီသွားတဲ့ ရိပေါ်ကိုကြည့်နေပြီး ဒီတိုင်းသာရပ်ကြည့်နေမိသည် ။
" ဆေးရုံ လိုက်မသွားဘူးလား ''
'ကောကို သူ့လင်ကကြည့်လုပ်လိမ့်မယ် ကျွန်မမှာရှင့်ကိုရဖို့လုပ်ရဦးမယ် လိုက်သွားစရာလား '
"ရတယ် ကောကိုသူ့ယောကျ်ားကစောင့်ရှောက်လိမ့်မယ် ဒါနဲ့ အရာရှိချန်ကကောနဲ့အရင်ထဲကသိတာလား ''
" အာ အရင်ထဲကသိတာတော့မဟုတ်ပါဘူး ကောဖန်ရှင်းက အကူညီတောင်းလို့ အမှုလိုက်ပေးရင်းသိတာပါ ''
"ဒါဆို ကုမ္ပဏီမှာခဏခဏတွေ့တာကောဆီလာတာပေါ့ ''
" ဟုတ်ကဲ့ အမှုအကြောင်းဆွေးနွေးကြတာပါ ဘာလို့လဲခင်ဗျ ''
" အာ ကျေးဇူးတင်လို့ပါ ကောအစားကျေးဇူးတင်လို့ပါ ဒီညသွားသောက်ကြမလား ကောအမှုကိုလိုက်နိုင်တဲ့ အထိမ်းမှတ်နဲ့ ကျွန်မbar ကောင်းကောင်းတစ်ခု သိထားတယ်''
'' ဗျာ ဟို ဆေးရုံမလိုက်သွားဘူးလား ''
'' ကောမှာသူယောကျ်ားရှိတယ် ကျွန်မလိုက်သွားလဲဘာမှထူးမှာမဟုတ်ဘူး ဘယ်လိုလဲကျွန်မနဲ့ bar သွားရအောင် ''
"ဟုတ်ကဲ့သွားတာပေါ့ အခုတော့ကျွန်တော် အလုပ်ရှိသေးလို့သွားလိုက်ဦးမယ် ''
"ဟုတ်ကဲ့ ညဘက်ဆက်သွယ်လိုက်မယ်နော် ''
Jeanaမှာ အပျော်ကြီးပျော်နေရသည် သူကြိုက်နေတဲ့crush နဲ့ကောကြောင့်နီးစပ်ခွင့်ရသွားပြီ ။
မေ့လဲသွားတဲ့ရှောင်ကျန့်ကိုရိပေါ်အရေးပေါ်
ကုသဆောင်ထဲပွေ့ခေါ်လာသည် ။
"လူနာကစိုးရိမ်စရာတော့မရှိပါဘူး အားနည်းလို့မေ့လဲသွားရုံပါ ပြီးတော့ ဟို...''
" ဘာဖြစ်လို့လဲ ဆရာ''
" ကျွန်တော်လဲအတိကျမပြောနိုင်ပေမယ့် ဆရာဝန်ကြီးခေါ်ပေးပါ့မယ် ''
ရိပေါ်မှာ drip တန်းလန်းနဲ့ရှောင်ကျန့်ကိုကြည့်ပြီးစိတ် မကောင်းဘူး
' ဘယ်တုန်းကဒီဟာတွေကို တစ်ယောက်တည်းပြင်ဆင်နေတာလဲ တစ်ယောက်တည်းပင်ပန်းနေမှာပဲ ကျန့်ရယ် '
ရိပေါ်ကရှောင်ကျန့်ရဲ့ လက်ဖမိုးလေးကို ဖွဖွလေးနမ်းလိုက်တော့ မထင်မှတ်ဘဲလက်သူကြွယ်က လက်စွပ်လေးကိုမြင်မိသည် ။
'ဒါ ဒါ လက်ထပ်တုန်းကသူတို့ရဲ့ မဂ်လာလက်စွပ်လေး ရှောင်ကျန့်ဆီမှာရှိနေသေးတယ် '
" Sean Xiaoရဲ့လူနာရှင် ရှင့် ကောင်တာမှာစာရင်းလာသွင်းပေးပါ ''
သူနာပြုတစ်ယောက်ကလာခေါ်တော့ရိပေါ်
ရှောင်ကျန့်နဖူးလေးကိုနမ်းပြီး ထွက်သွားသည် ။
ရိပေါ် ထွက်သွားပြီးသိပ်မကြာဘူး ရှောင်ကျန့်သတိရ လာသည် ဆရာဝန်ကြီးတွေရောက်လာပြီး ရှောင်ကျန့်ကိုလာစမ်းသပ်တော့ သူအခန်းပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်တော့ ဆရာဝန်တွေကလွဲရင်ဘယ်သူမှရှိမနေ ။
" လူနာအရင်က အမျိုးသားကိုယ်ဝန်ဆောင်ကုထုံးတွေ ဘာတွေလုပ်ဖူးလား ''
"ဟုတ်ကဲ့ ကျွန်တော်လုပ်ဖူးပါတယ် ဘာလို့လဲပြသနာတစ်ခုခုများရှိလို့လား ''
" ဒါဆိုရင်တော့ဝမ်းသာစရာပဲဗျ
လူနာမှာကိုယ်ဝန်ရှိနေပြီ ခန့်မှန်းချေ ၆ပတ်ကျော်၇ပတ်လောက်ဖြစ်မယ် ကျွန်တော်တို့သားဖွားနဲ့မီးယပ်ဌာနကို
လွှဲပေးလိုက်ပါ့မယ် ''
"အာ ရတယ် ကျွန်တော်နောက်မှပဲပြလိုက်ပါမယ် အခုတော့မပြသေးဘူး ''
"ကောင်းပါပြီ OG အပ်ရင်တော့ကိုယ်ကြိုက်တဲ့ ဆရာဝန်နဲ့အပ်ထားတာပိုကောင်းမှာပါ ''
ဆရာဝန်တွေထွက်သွားတော့မှ ရှောင်ကျန့်သူ့ဗိုက်ကိုကိုင်ကာစမ်းမိသည် ကံကြမ္မာကနောက်တစ်ကြိမ်အခွင့်ရေးပေးပြန်ပြီ သူဒီအခွင့်ရေးကိုအမိရဆုပ်ကိုင်ချင်ပေမယ့် ကလေးအဖေကိုတော့ ပညာနည်းနည်းပေးချင်သေးသည်
ရိပေါ်ကောင်တာမှာစာရင်းပေးပြီးပြန်လာတော့ ကုတင်ကိုခေါင်းဦးခုကာမှီထိုင်နေတဲ့ရှောင်ကျန့်ကိုတွေ့တော့ စိုးရိမ်တကြီးပြေးသွားလိုက်သည် ။
" ကျန့် အဆင်ပြေရဲ့လား ''
" ကျွန်တော်တို့ကရင်းနှီးတဲ့ပတ်သတ်မှုမို့လို့လား သူဌေးဝမ်''
" ကျန့် ကိုယ်မှားပါတယ် ကိုယ်ကြောင့်ကျန့်ကိုထပ်ပြီး မထိခိုက်စေချင်လို့ အဝေးကိုတွန်းပို့မိရုံပါ ''
"ဒါဆိုလဲ တစ်သက်လုံးအဝေးမှာပဲနေနေလိုက်လေ ''
"ကျန့် ကိုယ့်ကိုအခွင့်ရေးမပေးတော့ဘူးလား ''
".....''
ရှောင်ကျန့်ကဘာမှမပြောဘဲအခြားဘက်ကို မျက်နှာလှည့်လိုက်တာကြောင့် ရိပေါ်ကကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်သည် ။
"ဝမ်ရိပေါ်ဘာလုပ်တာလဲ မြန်မြန်မထဘူးလား လူတွေဝိုင်းကြည့်ကုန်ပြီ''
" ကျန့်ကိုယ့်ကိုကြိုက်သလိုလုပ်နိုင်တယ် ကိုယ်ကမင်းနားကနေ တစ်ဖဝါးမှမခွာနိုင်တာကြောင့် ကြိုက်သလိုအပြစ်ပေးပါ ကြိုက်သလိုလုပ်ပါ ကျန့်ဘေးမှာတော့နေခွင့်ပေးပါ ''
" ကြိုက်လား ''
" ဟမ်..''
"ချစ်လားလို့ ''
" ချစ်တာပေါ့ ကျန့်ရဲ့ဖြစ်တည်မှုအားလုံးကိုချစ်တယ် အဲ့ဒါကြောင့်... ''
" စဉ်းစားပေးမယ် မြန်မြန်ထတော့လူတွေကြည့်နေပြီ သူဌေးဝမ်ရိပေါ်ကမရှက်ပေမယ့် ကျွန်တော်Sean Xiao ကရှက်တယ် ''
ရိပေါ်လဲဒူးထောင်ရာကထပြီး ရှောင်ကျန့်နားမှာ ထိုင်လိုက်သည် ။
"အိမ်ပြန်မယ် ''
"ဆေးမကုန်သေးဘူးလေ ''
"အိမ် ပြန် မယ် လို့ ''
ရှောင်ကျန့်ကတစ်ခွန်းချင်းပြောလိုက်တော့မှ ရိပေါ်လဲဘာမှဆက်မပြောတော့ဘဲ ရှောင်ကျန့်စကားအတိုင်း နာခံရတော့သည် ။
"ဘယ်ကိုမောင်းနေတာလဲ အိမ်ပြန်မယ်ပြောနေတယ်လေ ''
" အိမ်ကိုပဲမောင်းနေတာလေ ''
" မင်းအိမ်မဟုတ်ဘူး ငါ့အိမ် ''
"ကျန့်ရယ် အဲ့အိမ်မာကျန့်နဲ့Jeana နှစ်ယောက်တည်းလေ ''
ဒီတစ်ခါရှောင်ကျန့်ကဘာမှမပြောဘဲ အကြည့်တစ်ချက်သာကြည့်လိုက်တော့ ဝမ်ရိပေါ်လဲဘာမှအထွန့်မတက်တော့ဘဲ ပြောတဲ့အတိုင်းသာမောင်းလိုက်သည် ။
"ကျန့် ကိုယ့်ကိုတကယ်ပဲ ကျန့်အနားမှာမရှိစေချင်ဘူးလား ကိုယ့်ကိုအဲ့လောက်တောင်မုန်းသွားလား ''
ရိပေါ်ကမျက်လွှာကိုအောက်ချထားပြီး မေးခွန်းကိုမဝံမရဲမေးလိုက်သည် ။
'အရူးကောင် မူနေတာတောင်ဒင်းကမသိဘူးလား အဲ့လောက်တောင်ပဲတုံးရသလား ဝမ်ရိပေါ်ရယ် '
" မင်းငါ့ကိုတကယ်ချစ်တာရောဟုတ်လို့လား ''
"ဟင်..''
" မင်းကစစ်မရောက်ခင်ကတည်းကမြှားကကုန်နေပြီ''
ရှောင်ကျန့်က ကားပေါ်ကနေဆင်းသွားတော့ရိပေါ်လဲ အနောက်ကနေပြေးလိုက်သွားသည် ရှောင်ကျန့်ကတံခါးကိုဖွင့်ပြီးအထဲဝင်သွားတော့ရိပေါ်က တံခါးပြန်မပိတ်ခင် သူ့ခြေထောက်နဲ့ခံလိုက်ပြီး သူပါအိမ်ထဲဝင်လိုက်သည် ။
ရှောင်ကျန့်ရဲ့လက်ကိုဆွဲလိုက်ပြီး ရှောင်ကျန့်ကို နံရံမှာကပ်လိုက်ကာ နှုတ်ခမ်းနူးနူးညံညံလေးကို ဖိကပ်ကာနမ်းလိုက်သည် ရှောင်ကျန့်ရဲ့နှုတ်ခမ်းလေးတွေကို စုပ်ယူလိုက်ပေမယ့် ရှောင်ကျန့်ကတုံ့ပြန်မလာတာကြောင့် ရိပေါ်ကအောက်နှုတ်ခမ်းလေကို နာနာကိုက်ချလိုက်သည်။
" အ့...''
ရိပေါ်ကကိုက်လိုက်တော့ နှုတ်ခမ်းလွှာလေးပွင့်အသွားတော့မှ ရိပေါ်က ခံတွင်းထဲသူ့ရဲ့လျှာကိုအတင်းထိုသွင်းကာ ခံတွင်းတစ်ခုလုံးကိုမွှေနှောက်ကာ မကြမ်းတမ်းတဲ့အနမ်းတစ်ခုကိုအစပြုလို့ ။ရှောင်ကျန့်ကလည်း ရိပေါ်ရဲ့ဆံပင်ထဲ လက်ထိုးထည့်ကာဆံပင်ကိုဆုပ်ကိုင်ပြီး တုန့်ပြန်အနမ်းများပြန်ပေးလိုက်သည် ။
ဒီလိုနဲ့နှစ်ယောက်သားအနမ်းများကထပ်တူကျလို့ ။
edaz
3:52a.m.
ကောင်းခန်းရောက်မှမီးဖြတ်လိုက်ပါပြီရှင် 😝
_____________ <<<<<<<<_____________
Continue Reading
You'll Also Like
38.3K 4.7K 30
171K 12.7K 17
[Zawgyi] ဤ fan fic လေးသည် လန်ဝမ်ကျီနှင့်ဝေဝူရှင်းအား family type ရေးချင်သောကြောင့်ဖန်တီးမိခြင်းဖြစ်ပါသည် ရေးဖူးခဲ့သော သာသာများကိုလည်း Credit ပေးပါသည...
489K 30.8K 40
ဆိုးပေလွန်းတဲ့ ဝမ်လူဆိုးလေးတွင် 'မောင် ' လို့ခေါ်ပြီးချွဲတက်တဲ့ ရှောင်းအိမ်သားလေး တစ်ယောက်ရှိလေရဲ့...။ ဆိုးပေလွန်းတဲ့ ဝမ်လူဆိုးလေးတွင် 'မောင် ' လို့ေ...