One Bite of Food Blogger Boy...

By HeatheryYM_9395

132K 16.6K 2.5K

How to get a foodie boyfriend ?? #Yoonmin # Namjin More

Intro
[ 1 ]
[ 2 ]
[ 3 ]
[ 4 ]
[ 5 ]
[ 6 ]
[ 7 ]
[ 8 ]edited
[ 9 ]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25]
[27]
[28]
[29]
[30] Final

[26]

3.1K 453 46
By HeatheryYM_9395

[UNICODE]

Yoongiသူ့တိုက်ခန်း မှာရှိတဲ့ Studioမှာပဲ
သီချင်းရေးနေတုန်း တံခါးဖွင့်သံကြားလို့
လှည့်ကြည့်လိုက်တော့
လှစ်ခနဲပေါ်လာတဲ့ မျက်နှာဖောင်းဖောင်းလေး...
နေ့ခင်းတရေးအိပ်တာကနေ နိုးလာပြီထင်ပါရဲ့...

တစ်ကယ် ကလေးလေးနဲ့တူတယ်လို့ပြောရင်
မကြိုက်တဲ့ Park Jiminine ဟာ
ကလေးလေးတွေလို နေ့ခင်းဆို
တရေးအိပ်တတ်တဲ့ ချစ်စရာကလေးအကျင့်လေး
လည်းရှိနေပြန်ပါသေးတယ်။

**ကျွန်တော်လာလို့ Yoongi အလုပ်လုပ်နေတာ အနှောင့်အယှက်ဖြစ်သွားလား **

**ဟင့်အင်း ရပါတယ်**

အနားကိုလာရပ်ကာ
မျက်လုံးနှစ်ဖက်ကို
လက်သီးဆုပ် လေးတွေနဲ့ပွတ်ရင်း
မေးလာတဲ့ကောင်လေး...
ဟိုရှာဒီရှာ လုပ်ပြီးမှ ထိုင်ခုံအပို မတွေ့လို့နဲ့တူပါရဲ့...
Yoongi လည်ပင်းကို ဖက်ရင်း
ပေါင်ပေါ်ရောက်လာတယ်။

မနေ့ကပဲ သူထိုင်နေကျ
ထိုင်ခုံတစ်ခုံပဲချန်ကာ  ပိုနေတာတွေ ပစ်ထုတ်လိုက်တဲ့ Yoongi အပြုံးကြီးကြီးပြုံးလိုက်သည်။
တော်လိုက်တဲ့ငါ.... ။ ʢᵕᴗᵕʡ

Yoongiကတော့
နမော်နမဲ့ နိုင်လွန်းလှတဲ့ ကောင်လေးကို
ပြုတ်ကျမှာစိုးလို့
သေချာနေရာပြန်ချပေးရင်း
ခါးကိုဖက်ထားပေးရတော့တယ်။

သူ့ရင်ခွင်ထဲမှာ ငြိမ်နေတဲ့ ကလေးလေး
ကိုအသာငုံ့ကြည့်ရင်း
Yooongiတစ်ယောက် ချိုမြိန်စွာ ပြုံးမိပြန်သည်။

လူကြီးတွေဆို ချစ်စရာကလေးငယ်လေးတွေဆို
လက်ပေါ်ကမချတမ်း ချီထားတတ်ကြတယ်မလား

ချစ်လွန်းလို့ သူတို့လက်ပေါ်မှာပဲ
ကြီးပြင်းစေချင်သလိုမျိုး...

သူလည်း
ဒီ ရင်ခွင်ထဲက ရတနာထုပ်လေးကို
တစ်သက်လုံး သယ်ပိုးပြီး
သိမ်းထုပ်ထားချင်တော့တာပါပဲ....

Yoongi ရင်ခွင်ထဲမှာ အကျအန နေရာရသွားတဲ့
Jiminကတော့ သူ့ဖုန်းကို ဖွင့်ရင်း
လွန်ခဲ့သည့်တစ်ရက်က Seokjinတို့
ရိုက်ပေးထားတဲ့ စုံတွဲပုံတွေကိုကြည့်ကာ
ဘာတင်ရမလဲ ရွေးနေလေရဲ့... ။

သူ့စိတ်ကြိုက်သုံးလေးပုံရပြီးနောက်မှာတော့

#date with my boyfriend
#you all know that my boyfriend is so handsome
#u know?
#i khow

စသဖြင့် hashtag ပေါင်းများစွာဖြင့်
ခပ်ကြွားကြွားလေး Postတင်ပါတော့သည်။

Jimin postတင်ပြီး သိပ်မကြာ
Comment section တွင် ပေါ်လာသော comment တခု

@secondyoungmasterpark : boyfriend ???????????

ဆက်တိုက်ဆိုသလိုထပ်တက်လာတဲ့
Comment များ...

@secondyoungmasterpark : တော်တော်ပျော်နေလား?? Jimin hyung!

@sec... masterpark : ငါ့အကို ကိုလွှတ်စမ်း Min Yoongi!!

@sec..... masterpark : ကျွန်တော် လုံးဝသဘောမတူဘူး!!!

Jiminမေ့သွားတာပဲ
သူ့accကို Jihyunက လည်း followလုပ်ထားတာ... ဒီကောင်လေး စာမကျက်ပဲနဲ့
အကိုကိုများလာပြီးတော့ ဆူနေသေး...

**ဒါနဲ့ Yoongi .. ဘာလို့ Jihyun ကHyungကိုဆို ကြည့်မရတာပဲ နှစ်ယောက်သားတွေ့တိုင်း ရန်ဖြစ်နေကြတာပဲ**

**သြော် အဲ့ဒါက.. မှတ်မိ လား ဒုတိယ နှစ်ကျောင်းပိတ်ရက်ရှည်တုန်းက ငါ မင်းအိမ်လိုက်လည်တယ်လေ**

**အင်း**

**အဲ့တုန်းက မင်းအိပ်နေတုန်း ခိုးနမ်းနေတာ သူမိသွားလို့ ** ʢᵕᴗᵕʡ

**. . .  **(¬_¬) 

...............

ပထမတစ်ခေါက် သွားရာကမောင်းထုတ်ခံရပြီးနောက် ..

နောက်တစ်နေ့ညနေခင်း မှာလည်း
Kim မိသားစုအိမ်ကို Namjoon ရောက်ခဲ့ပြန်ပြီ.. ။

ဒီတစ်ခေါက်ကတော့တစ်ယောက်ထဲဖြစ်ကာ
ရိုက်ပေါက်တွေပဲ ပြောနေတဲ့
ကလေးဆိုးကြီးကိုတော့ ခေါ်မလာခဲ့ပေ။

Hyungအဖေနဲ့ အဖေကို
Seokjin hyungနဲ့ သူ့ရဲ့ ပထမဆုံးတွေ့ဆုံခြင်းက
စလို့ သက်ဆုံးတိုင်ရည်ရွယ်ပြီး ချစ်သူအဖြစ်အတူရှိနေခဲ့ရခြင်းအကြောင်းများထိ..
လေးနက်စွာရည်ရွယ်ကြောင်း ပြောပြပြီး နောက်
အစကနေ ပြန်ပြီး ခွင့်ပြုချက်တောင်းသည်။

သေချာစကားပြောပြီးနောက်တော့
မနေ့ကလိုတော့ စိတ်ချည်းပဲဆိုးနေတာမျိုး
မဟုတ်တော့ဘဲ
တည်ငြိမ်နေတဲ့ လူကြီးတွေ...

Namjoon အစောကြီးကတည်းကသိနေပြီးသားဖြစ်တဲ့
သူ့အဘိုးက ဥက္ကဋ္ဌ Kimရဲဲ့ ငယ်ငယ်က အရမ်းရင်းနှီးတဲ့ တက္ကသိုလ် က ဆရာ ဖြစ်ကြောင်းကို
တမင်တကာ. .. တိုက်ဆိုင်စွာ
ပြောပြပြီးသည့်နောက်မှာတော့

လူကြီးနှစ်ယောက်ရဲ့ ရာသီဥတု အခြေအနေက
အတော်သာယာနေခဲ့ပြီ.. ။

နောက်ဆုံး ညနေခင်းတစ်ပိုင်းကုန်ဆုံးပြီးချိန်မှာတော့
မင်္ဂလာပါ ဦးလေးနဲ့ အန်တီ ကနေ
ပြန်လိုက်ပါဦးမယ် အဖေနဲ့ အမေ လို့
နှုတ်ဆက်နိုင်ခဲ့ပြီး
အောင်မြင်စွာ ပြန်လာနိုင်ခဲ့သည်။

U.Sမှာ ရှိတဲ့  Namjoon မိဘတွေကိုတော့
အစောကြီးကတည်းက
ဖွင့်ပြောထားပြီးသားဖြစ်ကာ
Seokjin hyung အိမ်ကို ပြောပြီးကြောင်းသိတာနဲ့
သူတို့ဆီလည်း လာတွေ့စေချင်နေကြသည်။

Hyung နဲ့တိုင်ပင်ပြီး
နှစ်ယောက်လုံးအလုပ်မများတဲ့ရက်ကိုတိုင်ပင်ကာ
သွားဖို့ စီစဥ်ရမည်။

Namjoon အိမ်ပြန်ပြီး
မိဘတွေ သဘောတူလိုက်ပြီဖြစ်ကြောင်း
Hyungကို ပြောပြတော့
သူအမွေမရဘဲ မနေတော့ပါဘူး ရေရွတ် ပြီးတော့
ပျော်နေလေရဲ့....

Namjoonမိဘတွေကတွေ့ချင်နေတဲ့အကြောင်း
ကိုပြောပြတော့ သွားတွေ့ဖို့ကို Seokjin က အသာတကြည်ပဲ ခေါင်းငြိမ့်ကာ
သူ့ဆိုင်အလုပ်မများသည့်ရက်ရော Namjoon အချိန်ဇယား နည်းသည့်ရက်ပါ တူအောင်ညှိရင်း
စီစဥ်ရသည်။

**ဒါဆို သန်ဘက်ခါ ပဲသွားလိုက်ရအောင်**

**ဒါပေမဲ့ အရမ်းမြန်မနေဘူးလား **

**မဟုတ်လည်း တွေ့ရမှာပဲ မြန်တော့လည်း ဘာဖြစ်လဲ ဘာလို့လဲ ကြောက်လို့လား Hyung **

**နည်းနည်းကြောက်ပြီး.  စိတ်လှုပ်ရှား လို့**

**ဘာမှမဖြစ်ဘူး appaနဲ့ ommaက hyungကို သဘောကျမှာသေချာတယ်**

**အဲ့တာက မင်းအထင်လေ**

**ဟုတ်ပါတယ်ဆိုဗျာ... ကျွန်တော်ကပုံပို့တုန်းကတောင် ချောလို့ဆိုပြီး ချီးကျူးနေကြတာ **

**ဒါဆိုလည်း သွားကြတာပေါ့ **

ရက်ကပ်နေသည်မို့
နှစ်ယောက်သား နောက်နေ့မှာတော့
ယူသွားဖို့ လက်ဆောင်တွေပြင်ရင်း
တော်တော် အလုပ်များသွားပြန်သည်။

Namjoonမိဘတွေနေတာက
တောင်ဘက်ဖလော်ရီဒါ(Florida) ပြည်နယ်မှာရှိတဲ့
မိုင်ယာမီ(Miami) ဆိုတဲ့ မြို့လေးမှာ ဖြစ်သည်။
မြို့လေးက တက္ကသိုလ် တစ်ခုမှာ
စာသင်ကြတဲ့ ပါမောက္ခ များဖြစ်ကြသည်။
Namjoonညီမလေးကတော့ ကျောင်းတက်နေတုန်းပင်။

တစ်မိသားစုလုံးကတော့
ပထမဆုံးစတွေ့ထဲက ယဥ်ကျေးပြီး ချောမောတဲ့လူငယ်လေးကို သဘောကျနေကြတာပင်။

နောက်နေ့တွေမှာ
Namjoon ခဏခဏ ကြွားနေကျ
Seokjin ဘယ်လောက်ဟင်းချက်တော်ကြောင်း
ကို သိပြီး ချိန်မှာတော့
သူတို့ ရဲ့ သမက်လေးကို လုံးဝစိတ်တိုင်းကျသွားကြတော့သည်။

Koreaမှာလို ဘယ်သွားသွား mask တပ်စရာမလို
လူတွေသတိထားမိမှာ စိုးရိမ်စရာမလိုတာမို့
နှစ်ယောက်သား မြို့လေးမှာ
ပျော်ပျော်ပါးပါး dateလုပ်ပြီး
မိုင်ယာမီကမ်းခြေကိုလည်း သွားလည်ပတ်ကြသည်။

ထပ်နေချင်သေးပေမဲ့လည်း
တစ်ပတ်လောက် ပဲနေပြီးနောက်တော့
Namjoonအလုပ်ကြောင့် ပြန်လာရတော့သည်။

နှစ်ဘက်မိဘတွေရဲ့ သဘောတူမှုကြောင့်
လိုက်ဖက်တဲ့ စုံတွဲလေးရဲ့
ရှေ့ခရီးကတော့ ဖြောင့်ဖြူးစွာ
ပျော်ရွှင်မှုတို့ဖြင့် ...... ။

...........

ခရီးကပြန်ရောက်ပြီးနောက်
တိုက်ခန်းကို ရောက်စပင်ရှိသေး
Seokjinသို့ Yoongiဆီကဖုန်းဝင်လာသည်။

**Seokjin hyung ပြန်ရောက်ပြီလား**

**အင်း ခုပဲ **

**ဒါဆို. အဲ့ကိုကျွန်တော်လာခဲ့မယ် Namjoon တိုက်ခန်းမှာမလား **

**သြော် အေးအေး လာလေ  ဘာဖြစ်လို့လဲ အရေးကြီးကိစ္စ ရှိလို့လား**

**ဟုတ်.. ရောက်မှပြောတော့မယ်**

**အေးအေး**

Yoongiအသံက.. ပုံမှန်မဟုတ်သလိုပင်။

လွန်ခဲ့သည့်သုံးလေးရက်လောက်က
တခါဖုန်းဆက်သေးသည်ပဲ...

Jiminနဲ့ အဆက်အသွယ် ရသေးလား မေးတာပင်။

ဟင့်အင်း မရဘူး
Hyungက Namjoonမိဘတွေအိမ်ရောက်နေလို့ဆိုသည့်သူ့ရဲ့အဖြေကြောင့်
တိတ်ဆိတ်စွာ ဖုန်းချသွားခဲ့တာ.... ။

ထွက်ပေါ်လာတဲ့ တံခါးဘဲလ်သံကြောင့်
တံခါးသွားဖွင့်ပေးလိုက်တော့
မြင်လိုက်ရတဲ့ Yoongiရဲ့ပုံစံကြောင့်
Seokjin ကိုလန့်သွားစေသည်။

ပင်ကိုဖြူနေသည်ထက်
ဖြူဖျော့နွမ်းလျနေပုံနှင့် Yoongi...


**Yoongi နေမကောင်းဘူးလား**

**ဟင့်အင်း ဒီအတိုင်း အိပ်ရေးပျက်ထားလို့ပါ.... Hyung ကျွန်တော် Jiminနဲ့ အဆက်အသွယ် မရတာ တစ်ပတ်လောက်ရှိပြီ **

**ဘယ်လိုဖြစ်လို့လဲ **

**မသိဘူး... ရုတ်တရက်ကြီးပဲ ဖုန်းလည်းဆက်လို့မရတော့ဘူး**

**မင်းကိုစိတ်ကောက်နေလို့ ဖုန်းမကိုင်တာတို့ဘာတို့များဖြစ်နေမလား**

**မဟုတ်ဘူးHyung အဲ့လိုမဖြစ်နိုင်ဘူး.. **

**အရင်တစ်ပတ်လောက်က သူ့အိမ်က ဖုန်းဆက်တယ် အရေးကြီးလို့ဆိုတာနဲ့ အမြန်ပြန်သွားရတယ် ... လေဆိပ်ကိုလိုက်ပို့ပေးပြီးနောက်ပိုင်း ဖုန်းဆက်လို့တောင်မရတော့တာပဲ **

**သူ့ဖုန်းမရရင် အိမ်ဖုန်း??**

**ဆက်တယ် ဆက်ပြီးပြီ မသိတဲ့ကောင်လေးတစ်ယောက်တခါကိုင်တယ် Jimin မရှိဘူးတဲ့ ဖြေပြီး ချသွားတယ် **

**ဟုတ်လား .... စိတ်မပူပါနဲ့ ခဏနော် Hyungဆကိကြည့်ပေးမယ်**

Yoongiရှေ့မှာပဲ
သူ့အဒေါ်အိမ်ကဖုန်းကို ဆက်ကြည့်တော့
သုံးလေးခါမြည်ပြီးနောက်လာကိုင်သည်။

**ဟယ်လို... ဒေါ်လေး ကျွန်တော် Seokjin ပါ**

Speakerဖွင့်ထားသည်မို့
ဘေးကYoongiက ကြားနေရပါသည် ။

**သြော် အေး Seokjinလား ပြောလေ **

သေချာပေါက် သူအကြိမ်ကြိမ်ဆက်သည်နဲ့
မတူစွာရလိုက်သည့် ဖြေဆိုမှုကြောင့်
Yoongi မျက်နှာ ပျက်သွား ရသည်။

Seokjin Hyungနှင့် Jimin omma
ဆက်ပြောနေသည်များကို
Yoongiမှာ ငြိမ်ပြီး နားထောင်နေပြီးနောက်တော့..
သိလိုက်ရတာက...

ကျောင်း ပြီးဖို့ တစ်နှစ်လောက်လိုသေးသည့်
Park Jihyun  ပြန်ရောက်နေပြီး
Jimin က အိမ်ထဲ အိမ်ပြင်ထွက်ခွင့်မရ..... ။

ဒါကြောင့်
သူSejin hyungကို ဖုန်းဆက်မေးတော့
Jiminမလာ ဟုအဖြေပဲရသည်ကိုး... ။

အဲ့တော့ ဆိုလိုသည်က
Jiminနှင့် သူ့အကြောင်း အိမ်က သိသွားပြီပေါ့။

####

Namjin story က ဒီchapterလေးမှာပဲ
unofficially  the end ပါ❤️

Little one coupleကတော့.....

Btw.. Jihyunineကို မမုန်းရဘူးနော်
Jihyunineကိုထိရင် အိုင်နဲ့ငြိမယ် ဟဲဟဲ😎






[ZAWGYI]

Yoongiသူ႕တိုက္ခန္း မွာရွိတဲ့ Studioမွာပဲ
သီခ်င္းေရးေနတုန္း တံခါးဖြင့္သံၾကားလို႔
လွည့္ၾကည့္လိုက္ေတာ့
လွစ္ခနဲေပၚလာတဲ့ မ်က္ႏွာေဖာင္းေဖာင္းေလး...
ေန႕ခင္းတေရးအိပ္တာကေန နိုးလာၿပီထင္ပါရဲ႕...

တစ္ကယ္ ကေလးေလးနဲ႕တူတယ္လို႔ေျပာရင္
မႀကိဳက္တဲ့ Park Jiminine ဟာ
ကေလးေလးေတြလို ေန႕ခင္းဆို
တေရးအိပ္တတ္တဲ့ ခ်စ္စရာကေလးအက်င့္ေလး
လည္းရွိေနျပန္ပါေသးတယ္။

**ကြၽန္ေတာ္လာလို႔ Yoongi အလုပ္လုပ္ေနတာ အေႏွာင့္အယွက္ျဖစ္သြားလား **

**ဟင့္အင္း ရပါတယ္**

အနားကိုလာရပ္ကာ
မ်က္လုံးႏွစ္ဖက္ကို
လက္သီးဆုပ္ ေလးေတြနဲ႕ပြတ္ရင္း
ေမးလာတဲ့ေကာင္ေလး...
ဟိုရွာဒီရွာ လုပ္ၿပီးမွ ထိုင္ခုံအပို မေတြ႕လို႔နဲ႕တူပါရဲ႕...
Yoongi လည္ပင္းကို ဖက္ရင္း
ေပါင္ေပၚေရာက္လာတယ္။

မေန႕ကပဲ သူထိုင္ေနက်
ထိုင္ခုံတစ္ခုံပဲခ်န္ကာ  ပိုေနတာေတြ ပစ္ထုတ္လိုက္တဲ့ Yoongi အၿပဳံးႀကီးႀကီးၿပဳံးလိုက္သည္။
ေတာ္လိုက္တဲ့ငါ.... ။ ʢᵕᴗᵕʡ

Yoongiကေတာ့
နေမာ္နမဲ့ နိုင္လြန္းလွတဲ့ ေကာင္ေလးကို
ျပဳတ္က်မွာစိုးလို႔
ေသခ်ာေနရာျပန္ခ်ေပးရင္း
ခါးကိုဖက္ထားေပးရေတာ့တယ္။

သူ႕ရင္ခြင္ထဲမွာ ၿငိမ္ေနတဲ့ ကေလးေလး
ကိုအသာငုံ႕ၾကည့္ရင္း
Yooongiတစ္ေယာက္ ခ်ိဳၿမိန္စြာ ၿပဳံးမိျပန္သည္။

လူႀကီးေတြဆို ခ်စ္စရာကေလးငယ္ေလးေတြဆို
လက္ေပၚကမခ်တမ္း ခ်ီထားတတ္ၾကတယ္မလား

ခ်စ္လြန္းလို႔ သူတို႔လက္ေပၚမွာပဲ
ႀကီးျပင္းေစခ်င္သလိုမ်ိဳး...

သူလည္း
ဒီ ရင္ခြင္ထဲက ရတနာထုပ္ေလးကို
တစ္သက္လုံး သယ္ပိုးၿပီး
သိမ္းထုပ္ထားခ်င္ေတာ့တာပါပဲ....

Yoongi ရင္ခြင္ထဲမွာ အက်အန ေနရာရသြားတဲ့
Jiminကေတာ့ သူ႕ဖုန္းကို ဖြင့္ရင္း
လြန္ခဲ့သည့္တစ္ရက္က Seokjinတို႔
ရိုက္ေပးထားတဲ့ စုံတြဲပုံေတြကိုၾကည့္ကာ
ဘာတင္ရမလဲ ေ႐ြးေနေလရဲ႕... ။

သူ႕စိတ္ႀကိဳက္သုံးေလးပုံရၿပီးေနာက္မွာေတာ့

#date with my boyfriend
#you all know that my boyfriend is so handsome
#u know?
#i khow

စသျဖင့္ hashtag ေပါင္းမ်ားစြာျဖင့္
ခပ္ႂကြားႂကြားေလး Postတင္ပါေတာ့သည္။

Jimin postတင္ၿပီး သိပ္မၾကာ
Comment section တြင္ ေပၚလာေသာ comment တခု

@secondyoungmasterpark : boyfriend ???????????

ဆက္တိုက္ဆိုသလိုထပ္တက္လာတဲ့
Comment မ်ား...

@secondyoungmasterpark : ေတာ္ေတာ္ေပ်ာ္ေနလား?? Jimin hyung!

@sec... masterpark : ငါ့အကို ကိုလႊတ္စမ္း Min Yoongi!!

@sec..... masterpark : ကြၽန္ေတာ္ လုံးဝသေဘာမတူဘူး!!!

Jiminေမ့သြားတာပဲ
သူ႕accကို Jihyunက လည္း followလုပ္ထားတာ... ဒီေကာင္ေလး စာမက်က္ပဲနဲ႕
အကိုကိုမ်ားလာၿပီးေတာ့ ဆူေနေသး...

**ဒါနဲ႕ Yoongi .. ဘာလို႔ Jihyun ကHyungကိုဆို ၾကည့္မရတာပဲ ႏွစ္ေယာက္သားေတြ႕တိုင္း ရန္ျဖစ္ေနၾကတာပဲ**

**ေၾသာ္ အဲ့ဒါက.. မွတ္မိ လား ဒုတိယ ႏွစ္ေက်ာင္းပိတ္ရက္ရွည္တုန္းက ငါ မင္းအိမ္လိုက္လည္တယ္ေလ**

**အင္း**

**အဲ့တုန္းက မင္းအိပ္ေနတုန္း ခိုးနမ္းေနတာ သူမိသြားလို႔ ** ʢᵕᴗᵕʡ

**. . .  **(¬_¬) 

...............

ပထမတစ္ေခါက္ သြားရာကေမာင္းထုတ္ခံရၿပီးေနာက္ ..

ေနာက္တစ္ေန႕ညေနခင္း မွာလည္း
Kim မိသားစုအိမ္ကို Namjoon ေရာက္ခဲ့ျပန္ၿပီ.. ။

ဒီတစ္ေခါက္ကေတာ့တစ္ေယာက္ထဲျဖစ္ကာ
ရိုက္ေပါက္ေတြပဲ ေျပာေနတဲ့
ကေလးဆိုးႀကီးကိုေတာ့ ေခၚမလာခဲ့ေပ။

Hyungအေဖနဲ႕ အေဖကို
Seokjin hyungနဲ႕ သူ႕ရဲ႕ ပထမဆုံးေတြ႕ဆုံျခင္းက
စလို႔ သက္ဆုံးတိုင္ရည္႐ြယ္ၿပီး ခ်စ္သူအျဖစ္အတူရွိေနခဲ့ရျခင္းအေၾကာင္းမ်ားထိ..
ေလးနက္စြာရည္႐ြယ္ေၾကာင္း ေျပာျပၿပီး ေနာက္
အစကေန ျပန္ၿပီး ခြင့္ျပဳခ်က္ေတာင္းသည္။

ေသခ်ာစကားေျပာၿပီးေနာက္ေတာ့
မေန႕ကလိုေတာ့ စိတ္ခ်ည္းပဲဆိုးေနတာမ်ိဳး
မဟုတ္ေတာ့ဘဲ
တည္ၿငိမ္ေနတဲ့ လူႀကီးေတြ...

Namjoon အေစာႀကီးကတည္းကသိေနၿပီးသားျဖစ္တဲ့
သူ႕အဘိုးက ဥကၠ႒ Kimရဲဲ့ ငယ္ငယ္က အရမ္းရင္းႏွီးတဲ့ တကၠသိုလ္ က ဆရာ ျဖစ္ေၾကာင္းကို
တမင္တကာ. .. တိုက္ဆိုင္စြာ
ေျပာျပၿပီးသည့္ေနာက္မွာေတာ့

လူႀကီးႏွစ္ေယာက္ရဲ႕ ရာသီဥတု အေျခအေနက
အေတာ္သာယာေနခဲ့ၿပီ.. ။

ေနာက္ဆုံး ညေနခင္းတစ္ပိုင္းကုန္ဆုံးၿပီးခ်ိန္မွာေတာ့
မဂၤလာပါ ဦးေလးနဲ႕ အန္တီ ကေန
ျပန္လိုက္ပါဦးမယ္ အေဖနဲ႕ အေမ လို႔
ႏႈတ္ဆက္နိုင္ခဲ့ၿပီး
ေအာင္ျမင္စြာ ျပန္လာနိုင္ခဲ့သည္။

U.Sမွာ ရွိတဲ့  Namjoon မိဘေတြကိုေတာ့
အေစာႀကီးကတည္းက
ဖြင့္ေျပာထားၿပီးသားျဖစ္ကာ
Seokjin hyung အိမ္ကို ေျပာၿပီးေၾကာင္းသိတာနဲ႕
သူတို႔ဆီလည္း လာေတြ႕ေစခ်င္ေနၾကသည္။

Hyung နဲ႕တိုင္ပင္ၿပီး
ႏွစ္ေယာက္လုံးအလုပ္မမ်ားတဲ့ရက္ကိုတိုင္ပင္ကာ
သြားဖို႔ စီစဥ္ရမည္။

Namjoon အိမ္ျပန္ၿပီး
မိဘေတြ သေဘာတူလိုက္ၿပီျဖစ္ေၾကာင္း
Hyungကို ေျပာျပေတာ့
သူအေမြမရဘဲ မေနေတာ့ပါဘူး ေရ႐ြတ္ ၿပီးေတာ့
ေပ်ာ္ေနေလရဲ႕....

Namjoonမိဘေတြကေတြ႕ခ်င္ေနတဲ့အေၾကာင္း
ကိုေျပာျပေတာ့ သြားေတြ႕ဖို႔ကို Seokjin က အသာတၾကည္ပဲ ေခါင္းၿငိမ့္ကာ
သူ႕ဆိုင္အလုပ္မမ်ားသည့္ရက္ေရာ Namjoon အခ်ိန္ဇယား နည္းသည့္ရက္ပါ တူေအာင္ညွိရင္း
စီစဥ္ရသည္။

**ဒါဆို သန္ဘက္ခါ ပဲသြားလိုက္ရေအာင္**

**ဒါေပမဲ့ အရမ္းျမန္မေနဘူးလား **

**မဟုတ္လည္း ေတြ႕ရမွာပဲ ျမန္ေတာ့လည္း ဘာျဖစ္လဲ ဘာလို႔လဲ ေၾကာက္လို႔လား Hyung **

**နည္းနည္းေၾကာက္ၿပီး.  စိတ္လႈပ္ရွား လို႔**

**ဘာမွမျဖစ္ဘူး appaနဲ႕ ommaက hyungကို သေဘာက်မွာေသခ်ာတယ္**

**အဲ့တာက မင္းအထင္ေလ**

**ဟုတ္ပါတယ္ဆိုဗ်ာ... ကြၽန္ေတာ္ကပုံပို႔တုန္းကေတာင္ ေခ်ာလို႔ဆိုၿပီး ခ်ီးက်ဴးေနၾကတာ **

**ဒါဆိုလည္း သြားၾကတာေပါ့ **

ရက္ကပ္ေနသည္မို႔
ႏွစ္ေယာက္သား ေနာက္ေန႕မွာေတာ့
ယူသြားဖို႔ လက္ေဆာင္ေတြျပင္ရင္း
ေတာ္ေတာ္ အလုပ္မ်ားသြားျပန္သည္။

Namjoonမိဘေတြေနတာက
ေတာင္ဘက္ဖေလာ္ရီဒါ(Florida) ျပည္နယ္မွာရွိတဲ့
မိုင္ယာမီ(Miami) ဆိုတဲ့ ၿမိဳ႕ေလးမွာ ျဖစ္သည္။
ၿမိဳ႕ေလးက တကၠသိုလ္ တစ္ခုမွာ
စာသင္ၾကတဲ့ ပါေမာကၡ မ်ားျဖစ္ၾကသည္။
Namjoonညီမေလးကေတာ့ ေက်ာင္းတက္ေနတုန္းပင္။

တစ္မိသားစုလုံးကေတာ့
ပထမဆုံးစေတြ႕ထဲက ယဥ္ေက်းၿပီး ေခ်ာေမာတဲ့လူငယ္ေလးကို သေဘာက်ေနၾကတာပင္။

ေနာက္ေန႕ေတြမွာ
Namjoon ခဏခဏ ႂကြားေနက်
Seokjin ဘယ္ေလာက္ဟင္းခ်က္ေတာ္ေၾကာင္း
ကို သိၿပီး ခ်ိန္မွာေတာ့
သူတို႔ ရဲ႕ သမက္ေလးကို လုံးဝစိတ္တိုင္းက်သြားၾကေတာ့သည္။

Koreaမွာလို ဘယ္သြားသြား mask တပ္စရာမလို
လူေတြသတိထားမိမွာ စိုးရိမ္စရာမလိုတာမို႔
ႏွစ္ေယာက္သား ၿမိဳ႕ေလးမွာ
ေပ်ာ္ေပ်ာ္ပါးပါး dateလုပ္ၿပီး
မိုင္ယာမီကမ္းေျခကိုလည္း သြားလည္ပတ္ၾကသည္။

ထပ္ေနခ်င္ေသးေပမဲ့လည္း
တစ္ပတ္ေလာက္ ပဲေနၿပီးေနာက္ေတာ့
Namjoonအလုပ္ေၾကာင့္ ျပန္လာရေတာ့သည္။

ႏွစ္ဘက္မိဘေတြရဲ႕ သေဘာတူမႈေၾကာင့္
လိုက္ဖက္တဲ့ စုံတြဲေလးရဲ႕
ေရွ႕ခရီးကေတာ့ ေျဖာင့္ျဖဴးစြာ
ေပ်ာ္႐ႊင္မႈတို႔ျဖင့္ ...... ။

...........

ခရီးကျပန္ေရာက္ၿပီးေနာက္
တိုက္ခန္းကို ေရာက္စပင္ရွိေသး
Seokjinသို႔ Yoongiဆီကဖုန္းဝင္လာသည္။

**Seokjin hyung ျပန္ေရာက္ၿပီလား**

**အင္း ခုပဲ **

**ဒါဆို. အဲ့ကိုကြၽန္ေတာ္လာခဲ့မယ္ Namjoon တိုက္ခန္းမွာမလား **

**ေၾသာ္ ေအးေအး လာေလ  ဘာျဖစ္လို႔လဲ အေရးႀကီးကိစၥ ရွိလို႔လား**

**ဟုတ္.. ေရာက္မွေျပာေတာ့မယ္**

**ေအးေအး**

Yoongiအသံက.. ပုံမွန္မဟုတ္သလိုပင္။

လြန္ခဲ့သည့္သုံးေလးရက္ေလာက္က
တခါဖုန္းဆက္ေသးသည္ပဲ...

Jiminနဲ႕ အဆက္အသြယ္ ရေသးလား ေမးတာပင္။

ဟင့္အင္း မရဘူး
Hyungက Namjoonမိဘေတြအိမ္ေရာက္ေနလို႔ဆိုသည့္သူ႕ရဲ႕အေျဖေၾကာင့္
တိတ္ဆိတ္စြာ ဖုန္းခ်သြားခဲ့တာ.... ။

ထြက္ေပၚလာတဲ့ တံခါးဘဲလ္သံေၾကာင့္
တံခါးသြားဖြင့္ေပးလိုက္ေတာ့
ျမင္လိုက္ရတဲ့ Yoongiရဲ႕ပုံစံေၾကာင့္
Seokjin ကိုလန့္သြားေစသည္။

ပင္ကိုျဖဴေနသည္ထက္
ျဖဴေဖ်ာ့ႏြမ္းလ်ေနပုံႏွင့္ Yoongi...


**Yoongi ေနမေကာင္းဘူးလား**

**ဟင့္အင္း ဒီအတိုင္း အိပ္ေရးပ်က္ထားလို႔ပါ.... Hyung ကြၽန္ေတာ္ Jiminနဲ႕ အဆက္အသြယ္ မရတာ တစ္ပတ္ေလာက္ရွိၿပီ **

**ဘယ္လိုျဖစ္လို႔လဲ **

**မသိဘူး... ႐ုတ္တရက္ႀကီးပဲ ဖုန္းလည္းဆက္လို႔မရေတာ့ဘူး**

**မင္းကိုစိတ္ေကာက္ေနလို႔ ဖုန္းမကိုင္တာတို႔ဘာတို႔မ်ားျဖစ္ေနမလား**

**မဟုတ္ဘူးHyung အဲ့လိုမျဖစ္နိုင္ဘူး.. **

**အရင္တစ္ပတ္ေလာက္က သူ႕အိမ္က ဖုန္းဆက္တယ္ အေရးႀကီးလို႔ဆိုတာနဲ႕ အျမန္ျပန္သြားရတယ္ ... ေလဆိပ္ကိုလိုက္ပို႔ေပးၿပီးေနာက္ပိုင္း ဖုန္းဆက္လို႔ေတာင္မရေတာ့တာပဲ **

**သူ႕ဖုန္းမရရင္ အိမ္ဖုန္း??**

**ဆက္တယ္ ဆက္ၿပီးၿပီ မသိတဲ့ေကာင္ေလးတစ္ေယာက္တခါကိုင္တယ္ Jimin မရွိဘူးတဲ့ ေျဖၿပီး ခ်သြားတယ္ **

**ဟုတ္လား .... စိတ္မပူပါနဲ႕ ခဏေနာ္ Hyungဆကိၾကည့္ေပးမယ္**

Yoongiေရွ႕မွာပဲ
သူ႕အေဒၚအိမ္ကဖုန္းကို ဆက္ၾကည့္ေတာ့
သုံးေလးခါျမည္ၿပီးေနာက္လာကိုင္သည္။

**ဟယ္လို... ေဒၚေလး ကြၽန္ေတာ္ Seokjin ပါ**

Speakerဖြင့္ထားသည္မို႔
ေဘးကYoongiက ၾကားေနရပါသည္ ။

**ေၾသာ္ ေအး Seokjinလား ေျပာေလ **

ေသခ်ာေပါက္ သူအႀကိမ္ႀကိမ္ဆက္သည္နဲ႕
မတူစြာရလိုက္သည့္ ေျဖဆိုမႈေၾကာင့္
Yoongi မ်က္ႏွာ ပ်က္သြား ရသည္။

Seokjin Hyungႏွင့္ Jimin omma
ဆက္ေျပာေနသည္မ်ားကို
Yoongiမွာ ၿငိမ္ၿပီး နားေထာင္ေနၿပီးေနာက္ေတာ့..
သိလိုက္ရတာက...

ေက်ာင္း ၿပီးဖို႔ တစ္ႏွစ္ေလာက္လိုေသးသည့္
Park Jihyun  ျပန္ေရာက္ေနၿပီး
Jimin က အိမ္ထဲ အိမ္ျပင္ထြက္ခြင့္မရ..... ။

ဒါေၾကာင့္
သူSejin hyungကို ဖုန္းဆက္ေမးေတာ့
Jiminမလာ ဟုအေျဖပဲရသည္ကိုး... ။

အဲ့ေတာ့ ဆိုလိုသည္က
Jiminႏွင့္ သူ႕အေၾကာင္း အိမ္က သိသြားၿပီေပါ့။

####

Namjin story က ဒီchapterေလးမွာပဲ
unofficially  the end ပါ❤️

Little one coupleကေတာ့.....

Btw.. Jihyunineကို မမုန္းရဘူးေနာ္
Jihyunineကိုထိရင္ အိုင္နဲ႕ၿငိမယ္ ဟဲဟဲ😎

Continue Reading

You'll Also Like

1M 62.9K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1M 40.2K 93
๐—Ÿ๐—ผ๐˜ƒ๐—ถ๐—ป๐—ด ๐—ต๐—ฒ๐—ฟ ๐˜„๐—ฎ๐˜€ ๐—น๐—ถ๐—ธ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๐—ณ๐—ถ๐—ฟ๐—ฒ, ๐—น๐˜‚๐—ฐ๐—ธ๐—ถ๐—น๐˜† ๐—ณ๐—ผ๐—ฟ ๐—ต๐—ฒ๐—ฟ, ๐—”๐—ป๐˜๐—ฎ๐—ฟ๐—ฒ๐˜€ ๐—น๐—ผ๐˜ƒ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๏ฟฝ...
3.2K 264 9
แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€€Hyungแ€›แ€ฒแ€ทแ€œแ€ญแ€ฏแ€žแ€ฏแ€ถแ€ธแ€•แ€ซHyungแ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€€แ€ญแ€ฏแ€˜แ€šแ€บแ€แ€ฑแ€ฌแ€ทแ€™แ€พแ€œแ€พแ€Šแ€บแ€ทแ€™แ€€แ€ผแ€Šแ€บแ€ทแ€•แ€ซแ€”แ€ฒแ€ท
86.4K 4.6K 35
park Jiminแ€™แ€„แ€นแ€ธแ€€แ€„แ€ซแ€ทแ€กแ€•แ€ญแ€ฏแ€„แ€นแ€•แ€ฒ...แ‹