Black Memory(U+Z)(Completed )
By naykyihtun
1.1M 75.2K 2.9K
ဘုန်းထွဋ်ခေါင်လျှံ နှိုင်းသုတလျှံ ဆောင်းရာသီတွေကုန်ဆုံးပြီးသွားရင် နွေရာသီကိုရောက်လာ မှာပဲ။ ငိုချင်နေရင်ငိုချလ... More
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
Part-23
part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part- 51
Part-52
Part -53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day
18.11 Day..end
For Extra
Interview Part-2
Interview part-3(end)
အသိပေးခွငျး /အသိပေးခြင်း
Order Time
Author Heart
Hello
Extra 🛑
Interviews Part-1
6.9K 451 23
By naykyihtun
Unicode
"တန်ဖိုးများ မရှိတော့ဘူးလို့ ငါထင်နေတဲ့ဘဝ
မင်းရဲ့လက်မှာငါ တစ်ခါပြန်လည်ကာ
အသက်ဝင်တောက်ပ...ဝိုး...
နင်ဟာအရှုံးတွေထဲမှာ မျောနေတဲ့သူငါ့ကိုဆယ်ရင်း
ပျော်ရွှင်ခြင်းက်ို ငါ့ရင်ဘတ်မှာ
တံဆိပ်လို ကပ်ရင်း...
နင်ဟာငါ့အတွက်တော့...
နင်ဟာငါ့အတွက်တော့...
ငွေလမင်း..........."
တငြိမ့်ငြိမ့်လေးထွက်ပေါ်နေတဲ့သီချင်းက နှိုင်းရဲ့ Double လျှံ လို့ခေါ်တဲ့ ဝိုင် ဆိုင်လေးကဖြစ်သည်။
"နှိုင်း အဲ့လိုကြည့်နေရင် မောင်လုပ်လို့မရဘူးလေ"
"ကြည့်ချင်တာကို မောင်ကလည်း "
ခေါင်လေးသည် မျက်ခုံးလေးတွေတွန့်ချိုးလို့ တပျင်ခွေထိုင် ရင်း ​မွှေးဖြူလေးကို ချီထားသည့် ချစ်ရသော ပိုးတုံးလုံးလေးအား ကြည့်လိုက်ပါသည်။ ရှေ့ဆံပင်အုပ်အုပ်လေးကို
ရှုပ်လို့ထင်ရဲ့ ကြက်တောင်စီးလေးလို ထိပ်မှာစီးထားပုံက ချစ်စရာကောင်းလွန်းနေသည်။
"နဲနဲနောက်ဆုတ်ကြည့်လေ"
"ဒီကပဲ ကြည့်မှာလို့ "
နှုတ်ခမ်းလေးဆူပြီး စိတ်ကောက်ပြနေသော
လူကြီးပေါက်စလေးက်ို သူဘယ်လိုနားဝင်အောင်ပြောရမည်လဲ မသိတော့။ မွေးနေ့တုန်းက ဆုတောင်း လိုက်တဲ့ ဆုတောင်းစကားတွေကို နှိုင်းက အပီအပြင်ကို ဖြည့်ပေးနေတာဖြစ်သည်။ ခေါင်လေးသည် နှိုင်းဆိုးပြနေသည့်ပုံလေးက ကလေးလေးနှင့်တူသဖြင့်
ချော့ပြောနေရသည်ကိုပင် ဘဝင်တွေ့လို့နေပါ၏။
"မျက်လုံးထိမှာစိုးလို့ မောင်က ပြောနေတာ... "
ဆိုတော့ စိတ်ကောက်ပြီး ထထွက်သွားဖို့ ပြင်နေတဲ့ ပိုးတုံးလုံး လေးကြောင့် သူ ခပ်မြန်မြန် ပင် ပြန်ဆွဲကာ ထိုင်စေလိုက်ပါ၏။
"ထိုင်...ထိုင်...နှိုင်းသဘောပဲ... ဟုတ်ပြီလား"
"အဲ့ဒါကြောင့် မောင့်ကိုချစ်တာ "
မျက်လုံးလေးတွေမှိတ်ကျသည်အထိ ရယ်ပြလာသော အလှလေးအား ခေါင်လေး သည် မျက်စောင်းလေးတစ်ခုတောင် မစေလွှတ်နိုင်လောက်အောင် ချစ်မြတ်နိုးနေခဲ့လေပြီ။
ဒုတ်...ဒုတ်...
အ!!
"မောင်ပြောတယ်မလား သစ်သားစ စင်မယ်နောက်ဆုတ်နေပါဆို... ပြဦး... "
"ငါက မောင်စာထွင်းနေတာက်ိုကြည့်ချင်တာလေ....အဲ့တာလေးကို အိမ်ရှေ့မှာချိတ်ဖို့ လုပ်ပေးမှာဆို..ကြည့်ချင်တာပေါ့လို့!"
ဆောက်နဲ့ထွင်းလိုက်သောကြောင့် ခုန်ထွက်လာသော သစ်သား စလေးက နှိုင်းမျက်လုံးကို စင်သွားသဖြင့် ခေါင်လေးသည် လုပ်လက်စအကုန်ချကာ နှိုင်းဆီတိုးသွား
လိုက်၏။ ထို့နောက် သူ ပြောသမျှတစ်ခွန်းမကျန် ချေပရင်း လက်ဖြင့် သစ်သားစစင်သွားသော မျက်လုံးလေးကို အတင်းပွတ်နေသော နှိုင်းလက်အား ဖယ်ချစေကာ....
"မပွတ်နဲ့ မပွတ်နဲ့... လက်ဖယ်နော်...မျက်လုံးဖွင့်ကြည့်"
ခေါင်လေးပြောတော့ အမှုန်သေးသေးလေးစင်သွားသော မျက်လုံးလေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နှိုင်းက ဖွင့်ကြည့်ဖို့ကြိုးစားလေသည်။ ခေါင်လေးသည်ှိုင်း၏ နီရဲသွားသောမျက်လုံးလေးကို လေဖြင့်
ညှင်ညှင်သာသာ မှုတ်ပေးပြီး shirt အကျီႌ ကို ချွတ်ကာ အနားစလေးကို ခံတွင်းထဲငုံ၍ အာငွေ့ပေးလိုက်၏။ ပြီးနောက် နှိုင်း၏ မျက်လုံးလေးကို ကျပ်ထုတ်ထိုးပေးကာ
သက်သာအောင်လုပ်ပေးလိုက်လေသည်။
"ဘယ်လိုနေသေးလဲဟင်... နာနေသေးလား"
နှိုင်းသည် မျက်လုံးလေးကို ဖြေးဖြေးလေးပြန်ဖွင့်ကြည့်ပြီး မျက်တောင်ရှည်လေးတွေကို ဖျတ်ဖျတ်လူးသွားအောင် ဆော့ကစားကာ..နှုတ်ခမ်းလေးတွေ ပြုံးသွားပါ၏။
"မနာတော့ဘူး... ပျောက်သွားပြီ"
ခေါင်လေးသည် နှိုင်းရဲ့မေးဖျားလေးမှကိုင်၍
မျက်လုံးလေးကိုသေချာကြည့်ပြီး စိတ်ချရပြီဆိုမှအင်္ကျီ ကိုပြန်ဝတ်လိုက်ကာ...
"အဲ့တာဆို မောင်ဒါကို ပြီးအောင် ဆက်လုပ်လိုက်မယ်။ နှိုင်း ..ဟို...ကောင်တာမှာသွားထိုင်နေနော်"
"မောင့်နားမှာပဲ နေချင်တာ "
"အာ... နှိုင်းကွာ"
ပြောရခက်လှသော နှိုင်းကို သူပြောချင်စိတ်ကုန်သွားကာ လုပ်ချင်တာလုပ်ဟုသာ စိတ်မရှည်စွာ အော်ပစ်လိုက် ချင်၏။သို့သော်လည်း...သူအော်လျှင်နေစရာမရှိအောင် ဖြစ်တတ်သွားသော ပိုးတုံးလုံးလေးကိုမအော်ရက်ပါပေ။ ဒီတော့လည်း လုပ်လက်စ သစ်သားပြားလေးပေါ်
စာထွင်းနေခြင်းကိုရပ်လိုက်ကာ...
"ပြောပါဦး... မောင့်နားနေပြီး... ဘာလုပ်ချင်လို့လဲ"
"ချစ်လို့...ချစ်ချင်လို့ "
ခေါင်လေးသည် နှုတ်ခမ်းလေးတွေတွန့်ကွေးလို့ပြုံး သွားပြီး ချစ်ပါတယ်ဆိုမှပိုချစ်အောင်လုပ်နေသည့် နှိုင်းရဲ့လည်တိုင်ဖွေးဖွေးဥဥလေးအား ငုံ့နမ်းကာ မလွတ်ပေးပဲ လျှာဖျားလေးနှင့်ထိုးလ်ို် ပိုပိုပြီးနက်ရှိုင်း အောင်လုပ်လေတော့သည်။ထိုအခါ နှိုင်းသည်
ပုခုံးလေးကျုံ့ကျုံ့သွားရပြီး လက်ထဲကမွှေးဖြူလေးမှာ တော့ သခင်နှစ်ယောက်ကြား လျှာတစ်လစ်လေးနှင့်ပြူးကြောင်ကြောင်လေးဖြစ်နေတော့သည်။
"Ring!"
ထိုစဉ် မြည်လာသောဖုန်းကလေး...မိုးဇေဆီမှ
ဖြစ်နေသဖြင့်...
"အင်...ကိုလေးပြော "
"Live လာနေပြီတဲ့ "
"ဟုတ်လား....နှိုင်း liveလာပြီတဲ့... "
ခေါင်လေးပြောသည်နှင့် နှိုင်းသည် laptopလေးကိုပြေးယူကာ စားပွဲပေါ်တင်၍ ဖွင့်လိုက်ပြီး wifiချိတ်၍ Live ထဲဝင်လိုက်ပါ၏။ ထိုအခါ ခေါင်လေးသည်လည်း
နှိုင်းဘေးနားဝင်ထိုင်ကာ သူတို့ကိုယ်တိုင် ပါဝင်ခဲ့သော Liveအစီအစဉ်လေးကို ဝင်ကြည့်လိုက်ပါသည်။
ထိုအစီအစဉ်လေးသည် Media တစ်ခုခုက လွင့်နေခြင်း မဟုတ်ပါပဲ... အစားအစာတစ်ခုခုချက်တိုင်း liveလွှင့် တတ်သည့် စိုင်လျန်ရဲ့Pageလေးက ဖြစ်ပါသည်။
အငယ်ဆုံးဖြစ်သည့် စိုင်လျန်သည် သူလျှောက်သွားနေရင် စိတ်မချဖြစ်ကြလွန်းလို့ စားသောက်ဆိုင်လေးဖွင့်ဖို့ ဟင်းချက်နည်းတွေကိုကောင်းကောင်းသင်ယူနေသည့်
အလိမ္မာတုံးလေးဖြစ်လို့လာလေပြီ။ တံငါနားနီးတံငါ မုဆိုးနားနီမုဆိုး...ဆိုသလိုခန့်ပိုင်၏ ဆုံးမစကားတွေကို နေ့တိုင်းကြားနေရသဖြင့်သူတို့တွေလည်းအကျင့်ဆိုးလေး
တွေ ပြင်နိုင်သမျှပြင်လာကြပြီဖြစ်လေသည်။
"မင်္ဂလာပါ ခင်ဗျ...အခုက Social Distancing ကာလမဟုတ်လား။အားလုံးလဲအိမ်ထဲမှာပဲနေရလွန်းလို့ ပျင်းနေကြမယ်ထင်တယ်နော်။အခုကျွန်တော်က အားလုံးမပျင်းရအောင် အစီအစဉ်လေးတစ်ခုလုပ်ထား
ပါတယ်။...အဲ့ဒါမစခင်... ပထမဦးဆုံး အားလုံးပဲနေကောင်းကျန်းမာကြပါစေလို့ ကျွန်တော် ဆုမွန်ကောင်းတောင်း
ပါတယ်"
စိုင်လျန်သည် အရင်ကထက်များစွာရင့်ကျက်လာလျက် စကားပြောလည်းပြေပြစ်လာကာ အသက်နှစ်ဆယ်ကျော် အရွယ် ကောင်လေးတစ်ယောက်၏ဖျတ်လက်သော
အသွင်ကိုဆောင်ငင်ယူထားလေသည်။
"အခု အစီအစဉ်ကတော့ ကျွန်တော် ရဲ့ ချက်ချင်သလိုချက် အစီအစဉ်ကို အမြဲတမ်းကြည့်ပြီး အားပေးနေတဲ့ ပရိတ်သတ်တွေအတွက်ပါ။ ကျွန်တော်မှာအစ်ကိုတွေ အများကြီးရှိတဲ့အကြောင်း ကျွန်တော့်.. ပရိတ်သတ်တွေ ကို
ပြောပြခဲ့ဖူးတာလေ။ ပရိတ်သတ်တွေကလည်သူတို့ကို တွေ့ဖူးချင်တယ်....ဆိုတာနဲ့ကျွန်တော်မေးခွန်းလေးတွေ မေးခိုင်းထားတာကိုမှတ်မိကြတယ်မလား။ အခု ... ကျွန်တော်မေးခွန်းတွေအကုန်စုပြီးသွားပြီ...
အဲ့တော့... မေးခွန်းလေးတွေစမေးမယ်နော်...
ပထမဦးဆုံး မေးခွန်းအများဆုံးအမေးခံရတဲ့ ဘုန်းထွဋ်ခေါင်လျှံ ကို ခေါ်ပေးပါ့မယ် ...ကိုကိုရေ...ဝင်လာခဲ့ပါ"
ခေါင်လေးသည် Cameraရှေ့ ဝင်လာပြီး မနေ တတ်စွာ ခေါင်းလေးငုံ့လို့ မျက်ခုံးစပ်လေးကို လက်ညိုလေးဖြင့် ခြစ်ကုပ်နေမိပါသည်။ စိုင်လျန် အာပေါက်မတတ်ပြောလွန်းလို့သာသူတို့အားလုံး လက်ခံလိုက်ကြသော်လည်း တစ်ယောက်မှ ထိုသို့အမေးအဖြေလုပ်ရခြင်းကိုမနှစ်သက်ကြပါလေ။
"ဒါကတော့ ကျွန်တော့်ကိုကိုပါ...နာမည်အရင်းက ဘုန်းထွဋ်ခေါင်လျှံ ပါ...အများအခေါ်တော့ ခေါင်လေးပေါ့..သူ့ချစ်ချစ်ကတော့ မောင်လို့ခေါ်တယ်။ခင်ဗျားတို့
ခေါ်ဖို့မဟုတ်ဘူးနော်...လိုက်မခေါ်နဲ့... "
စိုင်လျန်ကပြောပြီး သူ့ဟာသူရယ်နေလေသည်။ ရဲဇော်နှင့်ခန့်ပိုင်သည် ဘုရားပေါ်ရောက်နေသဖြင့် အရိပ်ကျရာနေရာသို့သွား၍ ဖုန်းလေးထဲကပဲ နှစ်ယောက်အတူတူ စိုင်လျန်၏အစီအစဉ်အား ကြည့်ကာ အလိုလိုပင်ပြုံးမိကြလေသည်။
"ကိုက်ို နှုတ်ဆတ်လိုက်ဦး.... "
"မင်္ဂလာပါ ဘုန်းထွဋ်ခေါင်လျှံပါ"
ခေါင်လေးသည် ခေါင်းတစ်ချက်ညိမ့်ပြပြီး... ထိုမျှသာ ပြောလေ၏။
"ဒါပဲလား ကိုကိုက"
"မေးစရာရှိတာမေး "
ဟ်ိုတစ်ခါ သင်္ကန်း ဝတ်ပြီးကတည်းက အရှည်ပြန်မထား တော့သဖြင့် ခေါင်လေးသည် ကတုံးဆံပင်ပေါက်ကေလေး
နှင့်ပါးသိုင်းမွေးခပ်ရေးရေးလေး ပါးပြင်မှာစိမ်းဖန့်ဖန့်ဖြင့် ထင်းနေလေသည်။ တိုက်ရိုက်အစီအစဉ်ဟုဆိုသော်ငြား ရိုက်ပြီးသားကို liveပုံစံမျိုးပြန်လွှင့်နေခြင်းဖြစ်လေသည်။
"မေးမယ်နော်.. ပထဆုံးမေးခွန်းက  ခေါင်လေးရေတဲ့ အကုန်လုံးရဲ့အချစ်ခံလေးဖြစ်ရတာ ပျော်ရဲ့လားတဲ့"
ခေါင်လေးသည် လက်လေးအုပ်လို ့ရယ်မိပြီး...မျက်နှာလေးနီလာကာ...ချောင်းလေးတစ်ချက်ဟန့်လို့ ဖြေပါ၏။
"ကျွန်တော်အချစ်ခံလေးဖြစ်လို့ဖြစ်နေမှန်းတောင် မသိပါဘူး.... ကျွန်တော် ဆိုးလွန်းလို့မုန်းနေမယ်ပဲ ထင်နေခဲ့တာ...."
liveတွင် ကောမန့်တစ်ချို့လည်းအများအပြားတတ်နေ သလို သူတို့အားလုံးလည်း စကားမပြောနိုင်ပဲ ဆက်ကြည့်နေကြလေသည်။ နွေးနွေးသည် ဆိုင်းအား
ကောင်မလေးတွေကိုကြည့်ခိုင်းထားပြီး လမင်းနဲ့အတူတူ Liveကိုကြည့်နေရင်း... ခေါင်လေးရယ်...ငါတို့အားလုံး
နင့်ကိုချစ်ကြတာပါဟာ ဟု ရင်ထဲမှတိတ်တိတ်လေး ဆိုမိလေသည်။
"မမုန်းပါဘူးကိုကိုကလည်း... နောက်မေးခွန်းတစ်ခုမေးမယ်၊ ဒီမှာတစ်ယောက်ကပြောထားတယ်...ခေါင်လေးကိုအရမ်း
အားကျပါတယ်.. နှစ်ယောက် လုံးကို သိပ်ချစ်တယ်။ နှိုင်းနဲ့ခေါင်ရဲ့အချစ်ကဘာမှမေးစရာမလိုလောက်အောင် နက်ရှိုင်းနေခဲ့ပြီလို့မြင်တယ်။အဲ့ဒီတော့လေ တစ်ခုပဲ
မေးချင်ပါတယ် ခေါင်လေးရေ နှိုင်းကို ဘာနဲ့တင်စား မလဲကွယ်သိချင်ပါတယ် ဖြေပေးပါဦးတဲ့ "
"စားတယ်နော် မေးခွန်းက... "
ခေါင်လေးသည် နှုတ်ခမ်းလေကိုလျှာသပ်ပြီး ...ခဏ စဉ်းစားကာ...
"နှိုင်းကိုဘယ်လိုတင်စားရမလဲဆိုတော့ စံပယ်ပန်းတွေ အများကြီးပွင့်နေတဲ့အိမ်လေးတစ်လုံးပေါ့။အမိုးအကာနဲ့ ပြည့်စုံတယ်။လုံခြုံတယ်။ ဖြူစင်မူတွေရှိတယ်၊ နွေးထွေးတဲ့ လက်တစ်စုံနဲ့ အမြဲတမ်းကြိုဆိုတယ်။
နှိုင်းရင်ခွင်ထဲရောက်သွားရင် ကျွန်တော်ကကျွန်တော် မဟုတ်တော့သလိုပါပဲ။နှိုင်းအတွက် အရာအားလုံးကိုပြောင်း လဲပေးချင်လာတယ်။ ဘယ်တော့မှကုန်ခမ်းမသွားတဲ့အချစ် တွေအပြည့်ဖြည့် ထားပေးတဲ့အတွက် နှိုင်းကို ကျွန်တော်တကယ် ကျေးဇူးတင်ပါတယ်"
နှိုင်းသည် ကြည့်နေရင်း ခေါင်လေးရဲ့ လက်မောင်းကို ကိုင်လိုက်ကာ ပါးပြင်လေးပါ လာအပ်ထားလေသည်။
"အဟင်း... ဟုတ်ပါပြီ..နောက်မေးခွန်းတစ်ခုသွားမယ်။ ခေါင်နဲ့နှိုင်းရေ သားသားမိီးမီးလေးတွေမယူသေးဘူးလားလို့ ယောက္ခမတော်ချင်လို့ပါတဲ့... ဟိ "
စိုင်လျန်ကမေးရင်း ပြုံးစိစိဖြင့်ရယ်၏။ ခေါင်လေးသည် ကတုံးဆံပင်ပေါက်လေးကိုပွတ်လိုက်မိရင်း...
"အဲ့တာ ..အိမ်ရောက်မှ နှိုင်းကိုမေးကြည့်လိုက်ဦးမယ်..."
"ဟိဟိ... မေးခွန်းကမပြီးသေးဘူး...နှစ်ယောက်လုံးကို သတိရနေပါတယ်တဲ့။ခေါင်လေးရေနှိုင်းအပေါ်ိပ်မဆိုးပါနဲ့နော်တဲ့ "
"ဟုတ်ကဲ့ ...ကျွန်တော် မဆိုးပါဘူး..."
"နောက်တစ်ယောက်ကပြောထားသေးတယ်...နှိုင်းကို အများကြီး ချစ်ပေးပါနော် တဲ့ "
"ဟုတ်ကဲ့ ကျွန်တော် အများကြီးချစ်ပါတယ်"
"နောက်မေးခွန်းတစ်ခုက..."
"မကုန်သေးဘူးလား "
ခေါင်လေးသည် ဖြေနေရင်း စိတ်မရှည်သလိုထမေး၏။
"ကျန်သေးတယ်.. "
"အင်.."
စိုင်လျန်သည် ကိုကိုပြန်ပြေးချင်နေပြီမှန်းသိသဖြင့် မေးခွန်းမေးရန်အချိန်ဆွဲလိုက်ပါသေးသည်။
"မြန်မြန်မေး "
"မေးပြီ.....ဒီမှာတော်တော်များများကမေးခွန်းတွေ တူနေလို့...ကျွန်တော် မေးခွန်းတစ်ခုထဲပေါင်းလိုက်မယ်နော်။ ခေါင်လေးရေ နှိုင်းတစ်ယောက်ထဲကိုပဲ အရာအားလုံးထက် အများကြီးပိုပြီးချစ်ခိုင်းရင်ချစ်နိုင်မှာလား...ဥပမာ...
နှိုင်းရင်ထဲကခံစားချက်တွေ ပျောက်တဲ့အထိပေါ့...အကယ်၍များ...နှိုင်းက သူငယ်ချင်း တွေကိုမေ့ပြီး သူတစ်ယောက်ထဲ ကိုဘဲ ဂရုစိုက်ခိုင်းချစ်ခိုင်းပြီး သူတစ်ယောက်ထဲ ကိုပဲအရာရာဖြစ်ခွင့်ပေးလို့ တောင်းဆိုလာရင်ရော လက်တွေ့မှာခေါင်လေး လက်ခံနိုင်ပါ့မလား"
ခေါင်လေးသည် ထိုမေးခွန်းအတွက်တော့ကြာကြာ မစဉ်းစားပါပဲ...ဖြေ၏။
"နှိုင်းအတွက် ကျွန်တော့်အရာအားလုံးကို ပေးပြီးသားပါ။ သူငယ်ချင်းနဲ့ ဘဝလက်တွဲဖော် ဆိုတာကမတူဘူးလေနော် ။ တစ်ကဏ္ဏစီ အရေးပါကြတာပါပဲ။ဒါပေမယ့် နှိုင်းအဲ့လိုမေးလာခဲ့ရင် ကျွန်တော်လက်ခံနိုင်ဖို့
ကြိုးစားပေးမှာပါ"
စိုင်လျန်နဲ့ သူငယ်ချင်းများသည် နှာခေါင်းလေးရှုံ့မိကြ သော်လည်း...စိတ်ဆိုးသွားကြခြင်းမဟုတ်ပါပေ။ သူတို့ကိုယ်တိုင်လည်း ထိုသ်ို့သောအဖြေမျိုးပေးဖို့ မျှော်လင့်ကြသည်။ နှိုင်းရဲ့အချစ်တွေကို သူတို့အားလုံး
ယုံကြည်လျက် ခေါင်လေးကိုလည်း နှိုင်းလက်ထဲတွင်သာ စိတ်ချယုံကြည်စွာဖြင့် သူတို့အပ်နှံထားနိုင်ကြလေသည်။
"အခုမေးမယ့် မေးခွန်းက ကိုကိုသေချာဖြေမှရမယ်နော်။ ဒီမေးခွန်းကိုလည်းအများကြီးပဲမေးထားကြတယ်"
"ငါမေးခွန်းအကုန်သေသေချာချာဖြေတယ်"
ပြန်ချင်လို့ဖင်တကြွကြွဖြစ်နေရင်းခေါင်လေးက စိုင်လျန်အား မကျေနပ်စွာဆို၏။ မေးခွန်းတွေဖြေနေရင်းသူ နှိုင်းကိုလွမ်းလို့လာလေပြီ။
"ခေါင်က နွေးကို ချစ်သူလိုချစ်ခဲ့တာလား....
ခေါင်က ဦးစားပေးတဲ့သူတွေအရမ်းများလွန်းတယ်တဲ့။ အထူးသဖြင့် မမနွေးအပေါ်မှာတဲ့။ စိုင်လျန်...အဲ့...ကျွန်တော်ပါလာပြီ......... စိုင်လျန်က နှိုင်းကို ကားမှန်တင်ခိုင်းတုန်းကဆို အရမ်းစိတ်တိုတယ်။ ခေါင်ကနှိုင်းဘက်မပါပဲ အသာငြိမ်နေလို့ နှိုင်းက သူတို့တွေနဲ့ပတ်သက်ပြီး ဘယ်အထိနားလည်ပေးရမှာလဲ
တဲ့....wow wow..."
စိုင်လျန်သည် မေးခွန်းဖတ်နေရင် ချောင်းဟန့်ရသေး၏။ ခေါင်လေးသည် တစ်ချက်ငြိမ်သွားပြီး....
"စိုင်လျန် ဒီအကြောင်းတွေဘယ်လိုသိကုန်ကြတာလဲ"
"ကိုကြီး စိုင်းမင်းကို ကို ဖွာလိုက်မိတာ"
ခေါင်လေးသည် စိုင်လျန်အား လက်သီးတစ်ချက်ရွယ်လျက် ပြန်ချပြီး...မျက်နှာလေးနဲနဲတင်းနေကာ...
"စိုင်လျန်ကားမှန်တင်ခိုင်းတုန်းက အပြင်မှာဖုန်တွေနဲ့လေ။ ကားထဲဝင်လာရင်အကုန် လူရုပ်ပေါက်တော့မှာမဟုတ်ဘူး။
ပြီးတော့ ကျွန်တော်ငြိမ်နေလို့လားမငြိမ်ပါဘူး။ နှိုင်းကိုချစ်လွန်းလို့ လက်လေးကိုင်ပြီးတောင် ရွဲ့ပြခဲ့သေးတာ...ဟုတ်တယ်မလား "
စိုင်လျန်ဘက်လှည့်မေးတော့ စိုင်လျန်ကခေါင်းအဆက် မပြတ်ညိမ့်ကာထောက်ခံလေသည်။ ကိုကိုက သူ့အပေါ်အလေးထားဦးစားပေးတယ်ဆိုတာ ကိုနှိုင်းကို
ဂရုစိုက်တာရဲ့ မြူမှုန်လောက်လေးတောင် မရှိခဲ့ပါပေ။
"ပြီးတော့ နွေးနွေးကို ချစ်သူလိုချစ်ခဲ့လား ဆိုတာက....ရှင်းရှင်းပြောရရင် ကျွန်တော်က ယောကျာ်းကြိုက်တာဗျ၊ Biလည်းမဟုတ်ဘူး...တစ်လမ်းသွား..."
"ကိုကို ဖြေးဖြေးလေဖြေ.... "
စိုင်လျန်ဖြတ်ပြောတော့မှ စိတ်မရှည်တတ်သည့် ကောင်လေးမှာ camera ရှေ့ ကောင်းကောင်းမွန်မွန် ပြင်ထိုင်းလိုက်ပြီး....
"ကျွန်တော် နဲ့နွေးနွေး နဲ့ ကအနေနီးတယ်...
သူစ်ိမ်းဆိုတာထက်ပိုရင်းနှီးလို့ ချစ်သူလိုချစ်တယ်လို့ ထက်ယောင်ထင်မှားဖြစ်တာနေမှာပါ...ကျွန်တော် နွေးနွေးကိုချစ်သူလိုမချစ်ပါဘူး "
သူ့ဖြေသံအဆုံးရောက်မှအားလုံးသက်ပြင်းချနိုင်သွားကြရသည်။ဒေါသအိုးလေး ထဆဲနေမှဖြင့် အစီအစဉ် ရှေ့ဆက်သွားလို့မရပဲဖြစ်နေဦးတော့မည်။
"ဒီမေးခွန်းတစ်ခုပြီးရင် ပြီးပြီ "
စိုင်လျန်ပြောတော့ ခေါင်လေးက တတ်တတ်ကြွကြွလေး ဖြစ်လာပါ၏။
"ခေါင်လေးကနှိုင်းအပေါ်ဘယ်လိုအချစ်မျိုးနဲ့ချစ်တာလဲ။'လူတစ်ယောက်ကို စိတ်ရင်းနဲ့ချစ်ကြည့်လိုက်' လို့...ကိုကိုက ကိုကိုခန့်ပိုင် ကိုပြောဖူးတယ်မလား။အဲ့ဒါနဲ့ ပတ်သတ်ပြီး သိချင်နေတာ... ကိုကို့ရဲ့အချစ်က ကိုနှိုင်းအပေါ် ဘယ်လောက်ထိနက်ရှိုင်းလဲတဲ့"
"ဒီမေးခွန်းတွေ သူတို့မေးတာရောဟုတ်ရဲ့လား..."
ခေါင်လေးသည် ဒီမေးခွန်ကိုဖြေဖို့ရာ စကားလုံးရှာဖွေနေ၏။ နဂိုကတည်းက စကားသိပ်မများတတ်သူမို့ တစ်ခွန်းတစ်ခွန်း
ကဗျာဆန်ဆန်ထွက်လာဖို့က သိပ်မလွယ်ပေ။
"ကျွန်တော်အချစ်က နှိုင်းအပေါ် နက်ရှိုင်းတယ်။ဘယ်လောက်ထိလဲဆိုရင်....နှိုင်းသုတလျှံ ဆိုတဲ့နာမည်သဲ့သဲ့လေး ကြားလိုက်ရတာနဲ့နှလုံးသာတစ်ခုလုံးအရည်ပျော်ကျသွားတာမျိုးပေါ့။​ေဒါသတွေထွက်နေရင်တောင် နှိုင်း မျက်နှာလေး မြင်ယောင်မိတာနဲ့ထိန်းချုပ်သွားနိုင်တာမျိုးလေ။ နှိုင်းက ကျွန်တော့်ရဲ့ငွေလမင်းလေးပဲ။ ကျွန်တော့်ဘဝကြီး စုတ်ပြတ်သတ်နေပြီလို ထင်ပြီး ရေစုန်မျှောလိုက်တဲ့အချိန်....သမုဒ္ဒရာထဲ ဖြစ်ထွန်းနေတဲ့
ကျွန်းစွယ်လေးလိုပေါ့... ကျွန်တော်ပြောနေတာ ဘယ်လိုတွေဖြစ်သွားပြီလဲမသိဘူး...
တစ်ခုပဲ နှိုင်းကိုသိစေချင်တာက ကျွန်တော်နှိုင်းကို အရာအားလုံးနဲ့လဲပြီးချစ်နိုင်ပါတယ်....အရမ်းချစ်တယ် နှိုင်း "
..................
မေးခွန်း တွေ မကုန်သေးဘူးPart-2လေး
လာမယ်နော်....။
Love you all💚💚💚
.........................................................
Zawgyi
အသက်ဝင်တောက်ပ...ဝိုး...
ပျော်ရွှင်ခြင်းကို ငါ့ရင်ဘတ်မှာ
တံဆိပ်လို ကပ်ရင်း...
နင်ဟာငါ့အတွက်တော့...
နင်ဟာငါ့အတွက်တော့...
ငွေလမင်း..........."
ရင်း ဖြူလုံးလေးကို ချီထားသည့် ချစ်ရသော ပိုးတုံးလုံးလေး
"ဒီကပဲ ကြည့်မှာလို့ "
လူကြီးပေါက်စလေးကို သူဘယ်လိုနားဝင်အောင်
ထိုင်စေလိုက်ပါ၏။
ခဲ့လေပြီ။
ဒုတ်...ဒုတ်...
အ!!
နေပါဆို... ပြဦး... "
"ငါက မောင်စာထွင်းနေတာကိုကြည့်ချင်တာလေ....
ကြည့်ချင်တာပေါ့လို့!"
နှိုင်း၏ နီရဲသွားသောမျက်လုံးလေးကို လေဖြင့်
ညှင်ညှင်သာသာ မှုတ်ပေးပြီး shirt အကျီင်္ီ ကို
"အာ... နှိုင်းကွာ"
မလွတ်ပေးပဲ လျှာဖျားလေးနှင့်ထိုးလ်ို့ ပိုပိုပြီးနက်ရှိုင်း
အောင်လုပ်လေတော့သည်။ထိုအခါ နှိုင်းသည်
"Ring!"
ဖြစ်နေသဖြင့်...
"အင်...ကိုလေးပြော "
"Live လာနေပြီတဲ့ "
ပါတယ်"
"ကိုကို နှုတ်ဆတ်လိုက်ဦး.... "
ပြောလေ၏။
"ဒါပဲလား ကိုကိုက"
"မေးစရာရှိတာမေး "
ဟိုတစ်ခါ သင်္ကန်း ဝတ်ပြီးကတည်းက အရှည်ပြန်မထား
ဖြေပါ၏။
ထင်နေခဲ့တာ...."
ဆိုမိလေသည်။
"စားတယ်နော် မေးခွန်းက... "
စဉ်းစားကာ...
ပြည့်စုံတယ်။လုံခြုံတယ်။ ဖြူစင်မူတွေရှိတယ်၊
မဟုတ်တော့သလိုပါပဲ။နှိုင်းအတွက်
ကျေးဇူးတင်ပါတယ်"
ခေါင်နဲ့နှိုင်းရေ သားသားမီးမီးလေးတွေမယူသေးဘူးလား
သိပ်မဆိုးပါနဲ့နော်တဲ့ "
"နောက်မေးခွန်းတစ်ခုက..."
"မကုန်သေးဘူးလား "
"ကျန်သေးတယ်.. "
"အင်.."
"မြန်မြန်မေး "
လက်ခံနိုင်ပါ့မလား"
မစဉ်းစားပါပဲ...ဖြေ၏။
နော် ။ တစ်ကဏ္ဍစီ အရေးပါကြတာပါပဲ။ဒါပေမယ့်
ကြိုးစားပေးမှာပါ"
သူတို့ကိုယ်တိုင်လည်း ထိုသို့သောအဖြေမျိုးပေးဖို့
တဲ့....wow wow..."
"ကိုကို ဖြေးဖြေးလေဖြေ.... "
ပြင်ထိုင်းလိုက်ပြီး....
သူစိမ်းဆိုတာထက်ပိုရင်းနှီးလို့ ချစ်သူလိုချစ်တယ်လို့
ဖြစ်လာပါ၏။
ဒေါသတွေထွက်နေရင်တောင် နှိုင်း မျက်နှာလေး
နှိုင်း "
..................
Love you all💚💚💚
Continue Reading
You'll Also Like
142K 7.9K 42
Cover by _ nong_thelea ❤ မှိုင်းညှို့သွင် ရှင်း
1.9M 131K 69
Under Editing !!! မှားယွင်းခဲ့တဲ့ ညတစ်ညအတွက် "တာဝန်ယူပါရစေ" ဆိုတဲ့စကားကို ကျန်ရှိနေတဲ့ ဘဝခရီးအတွက်လက်တွဲဖော် တစ်ယောက်အနေနဲ့ ဖြစ်ပေးပါ့မယ်လို့ ကျွန...
741K 41.9K 26
Jk - Possessive type #Warning Cv_ Pinterest
10.8K 944 30
ချစ်မေတ္တာဖြင့်အေးစေနွေးစေ ချစ်ခြင်းတို့ဖြင့်ရှင်သန်စေ မျှော်လင့်ကင်းကွာချစ်ခြင်းများ ငါ၏နှလုံးသား၌ တည်စေသား......