UNICODE
Never.....[[ ဘယ်သောအခါမှ] ]
နှုတ်ဆတ်ပွဲဆိုသော ခေါင်းစဥ်အောက်မှာရောက်ရှိသွားသည်က အရသာကောင်းသော အသားကင်ဆိုင်သို့ ဖြစ်သည်..။ ထိုမှတစ်ဆင့်ခြေဆန့်ဖြစ်သည်က Night Club ဆီသို့...။
ွရိပေါ်က ခုဆိုဘီယာလဲ သောက်တတ်သလို အရင်လို စာကြမ်းပိုးလည်း မဟုတ်တော့ဘူး..။ ပြောင်းလဲပစ်တာတော့ မဟုတ်ပေမယ့် ရောမ ရောက်လျှင် ေရာမလို ကျင့်ရမည်လေ..၊ အဓိကက ပတ်ဝန်းကျင်နှင့် အံဝင်ဂွင်ကျဖြစ်နေဖို့သာ...။
နေတတ်ရင် ကျေနပ်စရာ ကောင်းသောလောကကြီးမှာ မနေတတ်သောသူက ကြံဖန်ပြီး အပေါက်ကျွံ့နေလိမ့်မည်..။ ဥပမာ ကျွန်တော့်လိုလူပေါ့..။
ထိုလူသားကို မေ့ဖို့မကြိုးစားပဲ တစ်သသလွမ်းနေမိတာက အဆိပ်ပင်ကို ပျိုးနေခြင်း မဟုတ်ပါလား? သီးလာသော အသီးက အဆိပ်သီးကလွဲလို့ ဘာရှိဦးမှာလဲ?
အစ်ကိုက အဆိပ်ပင်တော့ မဖြစ်နိုင်၊ ပဒိုင်းပင်ပင်ပဲ ဖြစ်လိမ့်မည်..။ ပဒိုင်းသီးစားလျှင် ရူးတတ်သည်တဲ့ ကိုယ်က မြင်နေရုံနဲ့ အရူးတစ်ပိုင်း ဖြစ်နေတာတော့ ဆန်းကြယ်သား..။
" ရိပေါ်..Dancing floorကိုငေးလှချည်လား? က ချင် ရင် သွား က လေ.."
လုယွမ်က သူ့လက်ထဲမှ Wineခွက်နှင့် မိမိလက်ထဲမှ Malt Whiskiခွက်ကို ခွပ်ခနဲတိုက်ကာ Cheer လာလုပ်နေသေးသည်..။
ရိပေါ်မှာ ခေါင်းအသာယမ်းပြီး ကလန့်ကလားအရပ်နှင့် တိုင်ပတ်အက ကနေသော လျှိုမင် ကိုသာစိတ်ပေါက်ပေါက်နှင့် ကြည့်နေမိသည်။
" ရိပေါ် မင်းကျောင်းပိတ်ရက်မှာ China ကိုပြန်မှာလား?"
"အင်း..မမက ပြန်လာခဲ့ဖို့ပြောတယ် ငါလဲလွမ်းလို့.."
အစ်ကို့ကို ဆိုတယ့်စကားကို ထည့်မပြောလိုက်တော့ဘူး..။ ဒီကိစ္စကို သူငယ်ချင်းတွေကိုတောင် ထုတ်ဖော် မပြောသင့်ဘူးလေ ဂုဏ်ယူစရာမှ မဟုတ်တာကို..။
လုယွမ်က Wine ခွက်ကို လှုပ်လီလှုပ်လဲ့ကစားနေရင်း ရိပေါ်ကိုကြည့်ကာ...
"ငါတော့ China ကိုပြန်ဖြစ်မယ် မထင်ဘူး နောက်နှစ်အတွက် စာတွေ ကြိုလုပ်မှရမယ်၊ အဲ့လိုလုပ်ရင်တောင် မင်းကိုမှီပါ့မလား ရိပေါ်ရာ..အဟက်.."
ရိပေါ်ကတော့ ဘာကိုသဘောကျမှန်းမသိ ညှင်းသွဲ့သွဲ့သာ ရယ်နေပြီး..
"ကျောင်းပြီးဖို့က 2နှစ်တောင် လိုသေးတယ်နော် ပုံမှန်အတိုင်းပဲ ကြိုးစားစမ်းပါ ဟိုကောင် လျှိုမင်လိုပေါ့.."
ထိုအခါမှ လုယွမ်တစ်ယောက် Dancing Floorကို အကြည့်ဝေ့မိသည်..။ လျှိုမင်က ကွေးကောက်အောင် ကနေပြီးစိတ်လွတ်လက်လွတ်ပျော်နေပုံပင်..၊သူက ရိပေါ်ပြောသလိုပဲ စာနဲ့အပျော်အပါးကို အကန့်လိုက် ခွဲထားပုံပင်..။ ငပွေကောင် ဖြစ်ပေမယ့် စာလည်း ရိပေါ့်နီးပါးတော်သည်..။
သူတို့အဖွဲ့ထဲမှာဆို လုယွမ်ကနည်းနည်းတော့ ဒူချင်သည်..။ သို့ပေမယ့် ဆေးကျောင်းသား ဆိုသည့်အတိုင်း အထင်သေးလို့တော့မရချေ..။
လူကတစ်နေရာ စိတ်ကတစ်နေရာ ဆိုတာ ကျွန်တော့်ကို ပြောတာဖြစ်လိမ့်မည်..။ ခုလဲအစ်ကို့အကြောင်းတွေးရင်း ဘယ်နှစ်ခွက်သောက်မိပြီလဲ မသိတော့..။
လုယွမ်ကောင်းမှုကြောင့် Condo ကိုရှောရှောရှုရှုနှင့် ပြန်ရောက်လာခဲ့သည်။ "မူးရင်ကျွဲခိုးပေါ်တယ်"ဆိုတယ့် စကားအတိုင်း ခပ်တိုးတိုးရေရွတ်မိသည်က...
"အစ်ကို" ဟုသာ...
************
ရေချိုးခန်းထဲက ထွက်ထွက်ချင်း မျက်လုံးထဲ တန်းဝင်လာသည်က မှန်တင်ခုံရှေ့အလှပြင်နေသော ကိုယ့်ရဲ့နတ်ဘုရားမလေး..၊ ကျောလယ်ခန့်ရှိသော Brownရောင် ဆံပင်များကို ဖြီးသင်နေရင်း ကျွန်တော့်အား ပြုံးပြလာသည်..။
"အား...ရင်ထဲအေးသွားတာပဲ"
"ခိခိ ကိုကိုနော် ဘာကြည့်နေတာလဲ? အလုပ်သွားဖို့ပြင်ဆင်လေ "
ထိုအခါမှ ရှောင်းကျန့်က ခပ်ဖွဖွပြုံးကာ ရေစိုဆံပင်များအား လက်နှင့် ဆွဲခါပစ်လိုက်သည်။ ရိချန်း မျက်ခုံးအစုံက တွန့်ကျိုးကုန်ပြီး ဘုဆတ်ဆတ် အသံလေးက ခပ်ကျယ်ကျယ်ပင်..
"ကိုကို ေရကိုပြောင် အောင်သုတ်လေကွာ အဲ့လိုမလုပ်နဲ့လို့ ငယ်ပြောထားတယ် မဟုတ်ဘူးလား? အကြီးဖြစ်ပြီး ရင့်ကျက်မယ်ကို မရှိဘူး"
ပြုံးနေရာမှ ရှောင်းကျန့်မှာ တစ်ဝါးဝါးအော်ရယ်ရင်း ရိချန်းနားသို့ တိုးကပ်လာသည်။ ပြီးနောက် မှန်တင်ခုံဘေးမှာ မုဆိုးဒူးထောက်ထိုင်ချလိုက်ပြီး...
"ငယ်..သုတ်ပေးလေ ကိုယ်ကခေါင်းလျော်ပြီး ရေသုတ်ရမှာပျင်းတယ်.."
သူမက နှုတ်ခမ်းလေးထော်ရင်း မျက်စောင်းတစ်ချက်ထိုးသည်။ ပြီးမှ..
"အဲ့လိုဒူးထောက်မနေနဲ့ ထတော့.."
"ထဘူး..ငယ် ထူးမှထမယ်.."
"ကိုကိုရာ...ကလေးကျနေတာပဲ ချွဲလိုက်တာလွန်ရော..."
ပြောလဲပြော လက်တွေကလဲ မိမိကိုဆွဲထူလာတာမို့ ရှောင်းကျန့်မှာ အကြံသမားကြီးပီပီ ရီချန်းကိုရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး...
"ချစ်လိုက်တာကွာ..."
"ကိုကို ဘယ်လိုဖြစ်နေတာလဲ? ဖယ်ဆို..ငယ့် အဝတ်တွေ စိုကုန်တော့မယ်.."
ရိချန်းကပြောလဲပြော ထိုရင်ခွင်ထဲမှ ကုန်းရုန်းထသော်လည်း လူတစ်ကိုယ်လုံး ဆွဲညှစ်ခံလိုက်ရကာ နှုတ်ခမ်းပါးတို့သည် ချစ်ရသူရဲ့ ညှို့ငင်ရာနောက်သို့...
"အွင်း..."
စတော်ဘယ်ရီအနံ့လေးက ရှောင်းကျန့်ခံတွင်းထဲသို့ အလည်ရောက်လာပြီး ချိုအီအီရနံ့လေးက ဘယ်တော့မှမရိုးနိုင်တယ့် မနက်စာလေး၊ ရင်ခွင်ထဲမှ ဘိုမရုပ်လေးမှာ အနည်းငယ် လူးလွန့်လာတာကြောင့် ရှောင်းကျန့်မှာ မဖယ်ချင်ဖယ်ချင်နှင့်...
"Sorry ငယ်.. မွန်းသွားလား?"
သူမက အောက်နှုတ်ခမ်းကို ဖိကိုက်ထားပြီး မျက်နှာခပ်ရဲရဲနှင့်...
"ဟွန်း...ကို..ကိုနော်"
်ထိုအသံလေးကြောင့် ေရှာင်းကျန့်မှာသွားတန်းများပေါ်အောင် ဟီးခနဲ ရယ်ပြလိုက်မိသည်။ ရိချန်းရဲ့ နဂါးမျက်စောင်းက ဒိုင်းခနဲ ကျရောက်လာပြီး အားမပါသော လက်သီးတစ်ချက်က ရှောင်းကျန့်ရင်ဘတ်ကို ဘုန်းခနဲမြည်သံပေး၍...
"အ..အာ..အား...နာလိုက်တာကွာ အတွင်းကြေသွားပြီထင်တယ်.."
"ကိုကိုနော်..ဟွန်း"
ရိချန်းမှာ တွန်းကာတိုက်ကာနှင့် ထိုရင်ခွင်ထဲမှ မနည်းရုန်းထွက် လိုက်ရသည်..။ ရေစိုဆံပင်များကို သုတ်ပေးတော့ လက်နှစ်ဖက်ကအငြိမ်မနေပါပဲ ခါးပေါ်ရောက်လာပြန်သည်..။ ရုန်းလို့လည်း မထူးတာမို့ မျက်စောင်းထိုးဖို့ကသာ တာဝန်တစ်ခုလို..။
အင်္ကျီကြယ်သီး တပ်ပေးပြန်တော့ နဖူးပြင်က နွေးကနဲဖြစ်သွားကာ..မော့ကြည့်မိတယ့်မျက်ဝန်းအစုံသည် နီရဲရဲ နှုတ်ခမ်းလွှာတို့နှင့် ထိတွေ့လိုက်ရပြန်သည်။
နှုတ်ခမ်းအောက်က မှဲ့နက်လေးမှာ အနီးကပ်ကြည့်တော့ပိုလှသလို..။
ရှောင်းကျန့်နှုတ်ခမ်းပေါ်မှ စွန်းပေနေသော နှုတ်ခမ်းနီများကို ရိချန်းက ခပ်ဖွဖွသုတ်ပေးရင်း..
"မဆင်မခြင် အရမ်းလုပ်တာပဲ အောက်ထပ်မှာ Uncleရှိတယ်ဆိုတာလဲ သတိရပါဦး၊ ကိုကိုက တစ်နေ့တစ်ခြား ပိုဆိုးလာတာပဲ.."
ရှောင်းကျန့်က ခပ်သော့သော့ရယ်၍...
"ငယ့် ကိုတစ်နေ့တစ်ခြား ပိုချစ်လာလို့လေ.. ဒါကို ကဲတာလို့မခေါ်ဘူး ချစ်တတ်တာလို့ခေါ်တယ်.."
"ဟုတ်ပါပြီ ကျွန်တော်မျိုးမပဲ အရှုံးပေးပါတယ်ရှင်.."
"အရှုံးပေးရင် Morning Kiss ပေး"
"ဟာ..ခုနက နမ်းသွားတာ ဘယ်သူလဲ?"
ရှောင်းကျန့်က အခန်းတစ်ခုလုံးကို ဝေ့ဝိုက်ကြည့်ပြီး ပြီတီတီ မျက်နှာပေးနှင့်...
"ခုနက ငါ့မိန်းမကို ဘယ်သူ နမ်းသွားတာလဲဲပြောစမ်း!"
ရိချန်းမှာ ခပ်တိုးတိုး ရယ်သွမ်းလိုက်ရင်း အရှက်မရှိတယ့် ထိုလူကြီး ဗိုက်ကြောကို နာနာလေး လိမ်ဆွဲပစ်လိုက်သည်။
"ပေါရဲလိုက်တာ..."
ရှောင်းကျန့်မှာ ဗိုက်ကိုဖိပြီး ခုန်ဆွခုန်ဆွလုပ်နေကာ..
"အ...အ..ငယ်..နာတယ်လို့ လွှတ်ပေးပါတော့ကွာ တော်ကြာဗိုက်ပေါက်ပြီး အူတွေထွက်လာမှ အဟင့်.."
"ကြပ်ကြပ် သတိထားနေ...ဟွန့်"
"ဟုတ်..မိန်းမသဘော.."
သတိအနေအထားနဲ့ အလေးပြုသလိုလုပ်ပြနေသော ကိုကိုကြောင့် ရိချန်းမှာ ခေါင်းသာယမ်းနေမိတော့သည်။
"ပေါလွန်းတယ့် ငယ့်ရဲ့ကိုကိုပါပဲ.."
**********
မနေ့ညက သောက်ထားတယ့် အရှိန်ကြောင့်ထင်သည် ရိပေါ့် ခေါင်းထဲ ရီဝေဝေဖြစ်နေကာ လူကလဲနွမ်းလျလို့..။ သို့ပေမယ့် စိတ်ရဲ့စေစားရာအတိုင်း ယခုရောက်နေသည်က Airportမှာ..ေခါင်းထဲ တစ်ရိပ်ရိပ် ဖြစ်လာတာကြောင့် ကိုယ့်ဘာသာ နှလုံးခုန်နှုန်းကို စမ်းသပ်ကြည့်တော့..မျက်ခုံးတွေကတွန့်ကျိုးကုန်ကာ..
"ကျစ်! ဒုက္ခပါပဲ"
ထိုအခါမှ ဖောက်လွဲ ဖောက်ပြန် ဖြစ်နေသော မိမိခန္ဓာကိုယ်ကို သတိပြုမိသည်..။
"Pressure တွေကျနေတာပဲ လေယာဥ်အကြာကြီးစီးရပါမယ် ဆိုမှကွာ.."
Suitcaseပေါ်မှီထိုင်ရင်း နားထင်ကို လက်နှင့်ဖိထားရသည်..။ ခေါင်းတွေ ကိုက်လိုက်တာဆိုတာ ပြောမနေနဲ့..ခရီးစဥ်ကိုနောက်နေ့ ရွေ့လိုက်ရင်ကောင်းမလား?
ဟင့်အင်း! အနားယူ မနေတော့ဘူး တစ်ရက်လေးပဲဖြစ်ဖြစ် China မှာပိုနေချင်တယ်..။
ဖြူဖျော့နေသော ထိုကောင်လေးသည် လမ်းလျှောက်ပုံကလဲ မူမမှန်ချေ..။ ခရီးသွားတစ်ချို့က သူ့အားစူးစမ်းသလို ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသည်..။
လမ်းလျှောက်နေရာမှ မိုက်ခနဲ တစ်ချက်ဖြစ်တာကြောင့် Airport ထဲ၌ပင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်ရသည်..။ နားထဲမှာ လူများစွာရဲ့ Are you ok ဟူသော သတင်းမေးသံကို ကြားနေရသည်။
ရိပေါ်က ခပ်ယဲ့ယဲ့ခေါင်းညိမ့်ပြပြီး...
"Never mind;I'm ok..Thank you"
အပြုံးတစ်ပွင့်နှင့်အတူ အိပ်ကပ်ထဲမှ ပုဝါပါးလေးကို ဆွဲထုတ်ရင်း..ခပ်ဖွဖွန မ်းရှိုက်လိုက်သည်..။ ခဏခဏ နမ်းရှိုက်မိလို့်လားမသိ အစ်ကို့ရဲ့ ကိုယ်သင်းရနံ့တွေတောင် ပျက်ပြယ်နေပါပြီ..။ ပုဝါပါးလေးကို သက်ရှိလူသားတစ်ယောက်လို ကြည့်မိပြီး..
"ငါ မူးလဲသွားလို့မဖြစ်ဘူး Babe ၊မင်းရဲ့သခင်ဆီကို ရောက်အောင် ခေါ်သွားပေးပါနော်.."
လုပ်ရပ်တိုင်းက အရူးလိုပဲတဲ့..။
ဟုတ်မှာပါ..ကျွန်တော်က အစ်ကိုနဲ့ပတ်သတ်ရင် ဆယ်ပြားလိုနေတာ..။
__________________________Never
1733 Words (10.7.2020) 4:30PM
Thank you for Reading
Sanay Moe Swe📝
စနေမိုးဆွေ🐉
// Zawgyi //
Never.....[[ ဘယ္ေသာအခါမွ] ]
ႏႈတ္ဆတ္ပြဲဆိုေသာ ေခါင္းစဥ္ေအာက္မွာေရာက္ရွိသြားသည္က အရသာေကာင္းေသာ အသားကင္ဆိုင္သို႔ ျဖစ္သည္..။ ထိုမွတစ္ဆင့္ေျခဆန့္ျဖစ္သည္က Night Club ဆီသို႔...။
ြရိေပၚက ခုဆိုဘီယာလဲ ေသာက္တတ္သလို အရင္လို စာၾကမ္းပိုးလည္း မဟုတ္ေတာ့ဘူး..။ ေျပာင္းလဲပစ္တာေတာ့ မဟုတ္ေပမယ့္ ေရာမ ေရာက္လွ်င္ ေရာမလို က်င့္ရမည္ေလ..၊ အဓိကက ပတ္ဝန္းက်င္ႏွင့္ အံဝင္ဂြင္က်ျဖစ္ေနဖို႔သာ...။
ေနတတ္ရင္ ေက်နပ္စရာ ေကာင္းေသာေလာကႀကီးမွာ မေနတတ္ေသာသူက ႀကံဖန္ၿပီး အေပါက္ကြၽံ႕ေနလိမ့္မည္..။ ဥပမာ ကြၽန္ေတာ့္လိုလူေပါ့..။
ထိုလူသားကို ေမ့ဖို႔မႀကိဳးစားပဲ တစ္သသလြမ္းေနမိတာက အဆိပ္ပင္ကို ပ်ိဳးေနျခင္း မဟုတ္ပါလား? သီးလာေသာ အသီးက အဆိပ္သီးကလြဲလို႔ ဘာရွိဦးမွာလဲ?
အစ္ကိုက အဆိပ္ပင္ေတာ့ မျဖစ္နိုင္၊ ပဒိုင္းပင္ပင္ပဲ ျဖစ္လိမ့္မည္..။ ပဒိုင္းသီးစားလွ်င္ ႐ူးတတ္သည္တဲ့ ကိုယ္က ျမင္ေန႐ုံနဲ႕ အ႐ူးတစ္ပိုင္း ျဖစ္ေနတာေတာ့ ဆန္းၾကယ္သား..။
" ရိေပၚ..Dancing floorကိုေငးလွခ်ည္လား? က ခ်င္ ရင္ သြား က ေလ.."
လုယြမ္က သူ႕လက္ထဲမွ Wineခြက္ႏွင့္ မိမိလက္ထဲမွ Malt Whiskiခြက္ကို ခြပ္ခနဲတိုက္ကာ Cheer လာလုပ္ေနေသးသည္..။
ရိေပၚမွာ ေခါင္းအသာယမ္းၿပီး ကလန့္ကလားအရပ္ႏွင့္ တိုင္ပတ္အက ကေနေသာ လွ်ိုမင္ ကိုသာစိတ္ေပါက္ေပါက္ႏွင့္ ၾကည့္ေနမိသည္။
" ရိေပၚ မင္းေက်ာင္းပိတ္ရက္မွာ China ကိုျပန္မွာလား?"
"အင္း..မမက ျပန္လာခဲ့ဖို႔ေျပာတယ္ ငါလဲလြမ္းလို႔.."
အစ္ကို႔ကို ဆိုတယ့္စကားကို ထည့္မေျပာလိုက္ေတာ့ဘူး..။ ဒီကိစၥကို သူငယ္ခ်င္းေတြကိုေတာင္ ထုတ္ေဖာ္ မေျပာသင့္ဘူးေလ ဂုဏ္ယူစရာမွ မဟုတ္တာကို..။
လုယြမ္က Wine ခြက္ကို လႈပ္လီလႈပ္လဲ့ကစားေနရင္း ရိေပၚကိုၾကည့္ကာ...
"ငါေတာ့ China ကိုျပန္ျဖစ္မယ္ မထင္ဘူး ေနာက္ႏွစ္အတြက္ စာေတြ ႀကိဳလုပ္မွရမယ္၊ အဲ့လိုလုပ္ရင္ေတာင္ မင္းကိုမွီပါ့မလား ရိေပၚရာ..အဟက္.."
ရိေပၚကေတာ့ ဘာကိုသေဘာက်မွန္းမသိ ညွင္းသြဲ႕သြဲ႕သာ ရယ္ေနၿပီး..
"ေက်ာင္းၿပီးဖို႔က 2ႏွစ္ေတာင္ လိုေသးတယ္ေနာ္ ပုံမွန္အတိုင္းပဲ ႀကိဳးစားစမ္းပါ ဟိုေကာင္ လွ်ိုမင္လိုေပါ့.."
ထိုအခါမွ လုယြမ္တစ္ေယာက္ Dancing Floorကို အၾကည့္ေဝ့မိသည္..။ လွ်ိုမင္က ေကြးေကာက္ေအာင္ ကေနၿပီးစိတ္လြတ္လက္လြတ္ေပ်ာ္ေနပုံပင္..၊သူက ရိေပၚေျပာသလိုပဲ စာနဲ႕အေပ်ာ္အပါးကို အကန့္လိုက္ ခြဲထားပုံပင္..။ ငေပြေကာင္ ျဖစ္ေပမယ့္ စာလည္း ရိေပၚ့နီးပါးေတာ္သည္..။
သူတို႔အဖြဲ႕ထဲမွာဆို လုယြမ္ကနည္းနည္းေတာ့ ဒူခ်င္သည္..။ သို႔ေပမယ့္ ေဆးေက်ာင္းသား ဆိုသည့္အတိုင္း အထင္ေသးလို႔ေတာ့မရေခ်..။
လူကတစ္ေနရာ စိတ္ကတစ္ေနရာ ဆိုတာ ကြၽန္ေတာ့္ကို ေျပာတာျဖစ္လိမ့္မည္..။ ခုလဲအစ္ကို႔အေၾကာင္းေတြးရင္း ဘယ္ႏွစ္ခြက္ေသာက္မိၿပီလဲ မသိေတာ့..။
လုယြမ္ေကာင္းမႈေၾကာင့္ Condo ကိုေရွာေရွာရႈရႈႏွင့္ ျပန္ေရာက္လာခဲ့သည္။ "မူးရင္ကြၽဲခိုးေပၚတယ္"ဆိုတယ့္ စကားအတိုင္း ခပ္တိုးတိုးေရ႐ြတ္မိသည္က...
"အစ္ကို" ဟုသာ...
************
ေရခ်ိဳးခန္းထဲက ထြက္ထြက္ခ်င္း မ်က္လုံးထဲ တန္းဝင္လာသည္က မွန္တင္ခုံေရွ႕အလွျပင္ေနေသာ ကိုယ့္ရဲ႕နတ္ဘုရားမေလး..၊ ေက်ာလယ္ခန့္ရွိေသာ Brownေရာင္ ဆံပင္မ်ားကို ၿဖီးသင္ေနရင္း ကြၽန္ေတာ့္အား ၿပဳံးျပလာသည္..။
"အား...ရင္ထဲေအးသြားတာပဲ"
"ခိခိ ကိုကိုေနာ္ ဘာၾကည့္ေနတာလဲ? အလုပ္သြားဖို႔ျပင္ဆင္ေလ "
ထိုအခါမွ ေရွာင္းက်န့္က ခပ္ဖြဖြၿပဳံးကာ ေရစိုဆံပင္မ်ားအား လက္ႏွင့္ ဆြဲခါပစ္လိုက္သည္။ ရိခ်န္း မ်က္ခုံးအစုံက တြန့္က်ိဳးကုန္ၿပီး ဘုဆတ္ဆတ္ အသံေလးက ခပ္က်ယ္က်ယ္ပင္..
"ကိုကို ေရကိုပြောင် ေအာင္သုတ္ေလကြာ အဲ့လိုမလုပ္နဲ႕လို႔ ငယ္ေျပာထားတယ္ မဟုတ္ဘူးလား? အႀကီးျဖစ္ၿပီး ရင့္က်က္မယ္ကို မရွိဘူး"
ၿပဳံးေနရာမွ ေရွာင္းက်န့္မွာ တစ္ဝါးဝါးေအာ္ရယ္ရင္း ရိခ်န္းနားသို႔ တိုးကပ္လာသည္။ ၿပီးေနာက္ မွန္တင္ခုံေဘးမွာ မုဆိုးဒူးေထာက္ထိုင္ခ်လိဳက္ၿပီး...
"ငယ္..သုတ္ေပးေလ ကိုယ္ကေခါင္းေလ်ာ္ၿပီး ေရသုတ္ရမွာပ်င္းတယ္.."
သူမက ႏႈတ္ခမ္းေလးေထာ္ရင္း မ်က္ေစာင္းတစ္ခ်က္ထိုးသည္။ ၿပီးမွ..
"အဲ့လိုဒူးေထာက္မေနနဲ႕ ထေတာ့.."
"ထဘူး..ငယ္ ထူးမွထမယ္.."
"ကိုကိုရာ...ကေလးက်ေနတာပဲ ခြၽဲလိုက္တာလြန္ေရာ..."
ေျပာလဲေျပာ လက္ေတြကလဲ မိမိကိုဆြဲထူလာတာမို႔ ေရွာင္းက်န့္မွာ အႀကံသမားႀကီးပီပီ ရီခ်န္းကိုရင္ခြင္ထဲ ဆြဲသြင္းလိုက္ၿပီး...
"ခ်စ္လိုက္တာကြာ..."
"ကိုကို ဘယ္လိုျဖစ္ေနတာလဲ? ဖယ္ဆို..ငယ့္ အဝတ္ေတြ စိုကုန္ေတာ့မယ္.."
ရိခ်န္းကေျပာလဲေျပာ ထိုရင္ခြင္ထဲမွ ကုန္း႐ုန္းထေသာ္လည္း လူတစ္ကိုယ္လုံး ဆြဲညွစ္ခံလိုက္ရကာ ႏႈတ္ခမ္းပါးတို႔သည္ ခ်စ္ရသူရဲ႕ ညွို႔ငင္ရာေနာက္သို႔...
"အြင္း..."
စေတာ္ဘယ္ရီအနံ႕ေလးက ေရွာင္းက်န့္ခံတြင္းထဲသို႔ အလည္ေရာက္လာၿပီး ခ်ိဳအီအီရနံ႕ေလးက ဘယ္ေတာ့မွမရိုးနိုင္တယ့္ မနက္စာေလး၊ ရင္ခြင္ထဲမွ ဘိုမ႐ုပ္ေလးမွာ အနည္းငယ္ လူးလြန့္လာတာေၾကာင့္ ေရွာင္းက်န့္မွာ မဖယ္ခ်င္ဖယ္ခ်င္ႏွင့္...
"Sorry ငယ္.. မြန္းသြားလား?"
သူမက ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ထားၿပီး မ်က္ႏွာခပ္ရဲရဲႏွင့္...
"ဟြန္း...ကို..ကိုေနာ္"
္ထိုအသံေလးေၾကာင့္ ေရှာင်းကျန့်မှာသွားတန်းများပေါ်အောင် ဟီးခနဲ ရယ္ျပလိုက္မိသည္။ ရိခ်န္းရဲ႕ နဂါးမ်က္ေစာင္းက ဒိုင္းခနဲ က်ေရာက္လာၿပီး အားမပါေသာ လက္သီးတစ္ခ်က္က ေရွာင္းက်န့္ရင္ဘတ္ကို ဘုန္းခနဲျမည္သံေပး၍...
"အ..အာ..အား...နာလိုက္တာကြာ အတြင္းေၾကသြားၿပီထင္တယ္.."
"ကိုကိုေနာ္..ဟြန္း"
ရိခ်န္းမွာ တြန္းကာတိုက္ကာႏွင့္ ထိုရင္ခြင္ထဲမွ မနည္း႐ုန္းထြက္ လိုက္ရသည္..။ ေရစိုဆံပင္မ်ားကို သုတ္ေပးေတာ့ လက္ႏွစ္ဖက္ကအၿငိမ္မေနပါပဲ ခါးေပၚေရာက္လာျပန္သည္..။ ႐ုန္းလို႔လည္း မထူးတာမို႔ မ်က္ေစာင္းထိုးဖို႔ကသာ တာဝန္တစ္ခုလို..။
အကၤ်ီၾကယ္သီး တပ္ေပးျပန္ေတာ့ နဖူးျပင္က ႏြေးကနဲျဖစ္သြားကာ..ေမာ့ၾကည့္မိတယ့္မ်က္ဝန္းအစုံသည္ နီရဲရဲ ႏႈတ္ခမ္းလႊာတို႔ႏွင့္ ထိေတြ႕လိုက္ရျပန္သည္။
ႏႈတ္ခမ္းေအာက္က မွဲ႕နက္ေလးမွာ အနီးကပ္ၾကည့္ေတာ့ပိုလွသလို..။
ေရွာင္းက်န့္ႏႈတ္ခမ္းေပၚမွ စြန္းေပေနေသာ ႏႈတ္ခမ္းနီမ်ားကို ရိခ်န္းက ခပ္ဖြဖြသုတ္ေပးရင္း..
"မဆင္မျခင္ အရမ္းလုပ္တာပဲ ေအာက္ထပ္မွာ Uncleရွိတယ္ဆိုတာလဲ သတိရပါဦး၊ ကိုကိုက တစ္ေန႕တစ္ျခား ပိုဆိုးလာတာပဲ.."
ေရွာင္းက်န့္က ခပ္ေသာ့ေသာ့ရယ္၍...
"ငယ့္ ကိုတစ္ေန႕တစ္ျခား ပိုခ်စ္လာလို႔ေလ.. ဒါကို ကဲတာလို႔မေခၚဘူး ခ်စ္တတ္တာလို႔ေခၚတယ္.."
"ဟုတ္ပါၿပီ ကြၽန္ေတာ္မ်ိဳးမပဲ အရႈံးေပးပါတယ္ရွင္.."
"အရႈံးေပးရင္ Morning Kiss ေပး"
"ဟာ..ခုနက နမ္းသြားတာ ဘယ္သူလဲ?"
ေရွာင္းက်န့္က အခန္းတစ္ခုလုံးကို ေဝ့ဝိုက္ၾကည့္ၿပီး ၿပီတီတီ မ်က္ႏွာေပးႏွင့္...
"ခုနက ငါ့မိန္းမကို ဘယ္သူ နမ္းသြားတာလဲဲေျပာစမ္း!"
ရိခ်န္းမွာ ခပ္တိုးတိုး ရယ္သြမ္းလိုက္ရင္း အရွက္မရွိတယ့္ ထိုလူႀကီး ဗိုက္ေၾကာကို နာနာေလး လိမ္ဆြဲပစ္လိုက္သည္။
"ေပါရဲလိုက္တာ..."
ေရွာင္းက်န့္မွာ ဗိုက္ကိုဖိၿပီး ခုန္ဆြခုန္ဆြလုပ္ေနကာ..
"အ...အ..ငယ္..နာတယ္လို႔ လႊတ္ေပးပါေတာ့ကြာ ေတာ္ၾကာဗိုက္ေပါက္ၿပီး အူေတြထြက္လာမွ အဟင့္.."
"ၾကပ္ၾကပ္ သတိထားေန...ဟြန့္"
"ဟုတ္..မိန္းမသေဘာ.."
သတိအေနအထားနဲ႕ အေလးျပဳသလိုလုပ္ျပေနေသာ ကိုကိုေၾကာင့္ ရိခ်န္းမွာ ေခါင္းသာယမ္းေနမိေတာ့သည္။
"ေပါလြန္းတယ့္ ငယ့္ရဲ႕ကိုကိုပါပဲ.."
**********
မေန႕ညက ေသာက္ထားတယ့္ အရွိန္ေၾကာင့္ထင္သည္ ရိေပၚ့ ေခါင္းထဲ ရီေဝေဝျဖစ္ေနကာ လူကလဲႏြမ္းလ်လိဳ႕..။ သို႔ေပမယ့္ စိတ္ရဲ႕ေစစားရာအတိုင္း ယခုေရာက္ေနသည္က Airportမွာ..ေခါင်းထဲ တစ္ရိပ္ရိပ္ ျဖစ္လာတာေၾကာင့္ ကိုယ့္ဘာသာ ႏွလုံးခုန္ႏႈန္းကို စမ္းသပ္ၾကည့္ေတာ့..မ်က္ခုံးေတြကတြန့္က်ိဳးကုန္ကာ..
"က်စ္! ဒုကၡပါပဲ"
ထိုအခါမွ ေဖာက္လြဲ ေဖာက္ျပန္ ျဖစ္ေနေသာ မိမိခႏၶာကိုယ္ကို သတိျပဳမိသည္..။
"Pressure ေတြက်ေနတာပဲ ေလယာဥ္အၾကာႀကီးစီးရပါမယ္ ဆိုမွကြာ.."
Suitcaseေပၚမွီထိုင္ရင္း နားထင္ကို လက္ႏွင့္ဖိထားရသည္..။ ေခါင္းေတြ ကိုက္လိုက္တာဆိုတာ ေျပာမေနနဲ႕..ခရီးစဥ္ကိုေနာက္ေန႕ ေ႐ြ႕လိုက္ရင္ေကာင္းမလား?
ဟင့္အင္း! အနားယူ မေနေတာ့ဘူး တစ္ရက္ေလးပဲျဖစ္ျဖစ္ China မွာပိုေနခ်င္တယ္..။
ျဖဴေဖ်ာ့ေနေသာ ထိုေကာင္ေလးသည္ လမ္းေလွ်ာက္ပုံကလဲ မူမမွန္ေခ်..။ ခရီးသြားတစ္ခ်ိဳ႕က သူ႕အားစူးစမ္းသလို ကြက္ၾကည့္ ကြက္ၾကည့္ လုပ္ေနၾကသည္..။
လမ္းေလွ်ာက္ေနရာမွ မိုက္ခနဲ တစ္ခ်က္ျဖစ္တာေၾကာင့္ Airport ထဲ၌ပင္ အ႐ုပ္ႀကိဳးျပတ္ ထိုင္ခ်လိဳက္ရသည္..။ နားထဲမွာ လူမ်ားစြာရဲ႕ Are you ok ဟူေသာ သတင္းေမးသံကို ၾကားေနရသည္။
ရိေပၚက ခပ္ယဲ့ယဲ့ေခါင္းညိမ့္ျပၿပီး...
"Never mind;I'm ok..Thank you"
အၿပဳံးတစ္ပြင့္ႏွင့္အတူ အိပ္ကပ္ထဲမွ ပုဝါပါးေလးကို ဆြဲထုတ္ရင္း..ခပ္ဖြဖြန မ္းရွိုက္လိုက္သည္..။ ခဏခဏ နမ္းရွိုက္မိလို့္လားမသိ အစ္ကို႔ရဲ႕ ကိုယ္သင္းရနံ႕ေတြေတာင္ ပ်က္ျပယ္ေနပါၿပီ..။ ပုဝါပါးေလးကို သက္ရွိလူသားတစ္ေယာက္လို ၾကည့္မိၿပီး..
"ငါ မူးလဲသြားလို႔မျဖစ္ဘူး Babe ၊မင္းရဲ႕သခင္ဆီကို ေရာက္ေအာင္ ေခၚသြားေပးပါေနာ္.."
လုပ္ရပ္တိုင္းက အ႐ူးလိုပဲတဲ့..။
ဟုတ္မွာပါ..ကြၽန္ေတာ္က အစ္ကိုနဲ႕ပတ္သတ္ရင္ ဆယ္ျပားလိုေနတာ..။
__________________________Never
1733 Words (10.7.2020) 4:30PM
Thank you for Reading
Sanay Moe Swe
စေနမိုးေဆြ