UNICODE
Never.....{{ ဘယ်သောအခါမှ }}
******************************
"တိတိလေး ကိုယ်အကူအညီတစ်ခု တောင်းလို့ရမလားဟင်!!!"
အကူအညီဆိုတယ့် စကားလုံးရဲ့နောက်ကွယ်မှာ ဓါးတစ်လက် ဝှက်ထားမှန်း ရိပေါ်သိနေသည်။ ကိုယ်ရှိတယ့် စာကြည့်တိုက်ကို တကူးတကကြီး လာတွေ့ခြင်းက ကျိန်းသေမမကြောင့်သာ ဖြစ်လိမ့်မည်။
"ရတာပေါ့..ကျွန်တော် ဘာကူညီပေးရမလဲ?"
ထိုလူသားက မျက်ဝန်းအစုံကို မှိတ်ကျလုမတတ် ပြုံးပြလာသည်..။ ဟုတ်တယ် အဲ့ဒီအပြုံးတွေက ကျွန်တော့်ရဲ့ဖြေဆေးလေးပဲ..
အစ်ကို့ရဲ့အပြုံး..
မမရဲ့ရယ်မောသံတွေနှင့် ကျွန်တော့်ရဲ့ဒဏ်ရာတွေကို ကုစားနေရတာ ဘယ်လောက်တောင် ကြာနေပြီလဲ?
"အစ်ကို ပြောလဲဗျာ.. Libaryထဲမှာပြောဖို့ အဆင်မပြေလို့များလား?"
"မဟုတ်ပါဘူးကွာ..အဟွန်းး"
ကြည့်စမ်း!
ရယ်လိုက်ပြန်ပြီ.. ဘာတွေ သဘောကျနေတာလဲ အစ်ကိုရာ..။
"နောက်သုံးရက်ဆို ငယ့်မွေးနေ့ရောက်ပြီလေ၊ ဘာမွေးနေ့ လက်ဆောင်ပေးရင် ကောင်းမလဲလို့.. တိတိလေးကို မေးကြည့်တာ.."
"ဪ..ဟုတ်သား"
ကျွန်တော်နဲ့မမက တစ်နေ့တည်း မွေးဖွားသူတွေပါအစ်ကို..၊ ကျွန်တော့် မွေးနေ့ကလဲ နောက်သုံးရက်ဆို ရောက်ပါပြီ..၊ ဒါပေမယ့်အစ်ကိုက အရမ်းခွဲခြားတာပဲ..။
"ကိုယ်ဟိုနေ့က Internetမှာ သတင်းတစ်ခု တွေ့လိုက်မိတယ် အဲ့သတင်းကို အတည်ပြုချင်တာလဲပါတယ်.."
ရိပေါ်က အပူရုပ်ကို ဟန်လုပ်ပြုံးရင်း ဖတ်လက်စ စာအုပ်ကို ပိတ်ပစ်လိုက်သည်..။ ပြီးနောက်ပြုံးနေတယ့် ရှောင်းကျန့် မျက်နှာလေးကိုကြည့်ကာ...
"ဘာသတင်းများလဲ အစ်ကိုရဲ့.."
"အာ သတင်းက ရိုးရိုးလေးပါကွာ ကိုယ့်ချစ်သူရဲ့မွေးနေ့ပွဲမှာ အကောင်းဆုံး မွေးနေ့လက်ဆောင်က အဲ့မိန်းကလေးကို လက်ထပ်ခွင့်တောင်းတာတဲ့ တိတိကော ဘယ်လိုထင်လဲ??"
ဘယ်လိုထင်လဲတဲ့
ရင်ထဲဆို့နင်လာလို့ အသက်ဝအောင်ရှူပါရစေဦး အစ်ကိုရယ်..။ ရိပေါ်က စာကြည့်မျက်မှန်ကိုချွတ်ရင်း မျက်ရိုးကိုနှိပ်ဟန်ပြုကာ ဝဲတတ်လာသော မျက်ရည်များကိုပါ သုတ်ပစ်လိုက်သည်။ ပြီးမှ...
"အရမ်းကောင်းတယ့် Ideaပဲ အစ်ကိုသာအဲ့နေ့လက်ထပ်ခွင့် တောင်းလိုက်ရင် မမကတော့ အရမ်းပျော်နေမှာပဲ..ဟီးးး"
ရှိုက်သံအစား ရယ်သံထွက်အောင် မနည်းလုပ်လိုက်ရသည်..။ ကျွန်တော်လေ ဆရာဝန်မလုပ်ပဲ မင်းသားလုပ်သင့်ပြီ ထင်တယ်..။
ထိုလူသားက ဒါကို အားမရသေးပဲ ထပ်ပြောလာသော စကားတစ်ခွန်းက ကျွန်တော့်နှလုံးသားကို ဆူးချွန်တွေနဲ့ ထိုးစိုက်နေသလို..။ ဒီဒဏ်ရာတွေက အစ်ကို့အပြုံးတွေနဲ့ ကုစားလို့မရဘူး..။
"တိတိ.."
"ဟင်.."
"အစ်ကို့ကို ကူညီပေးနော် ငယ်နဲ့တိတိက လက်ချင်း Sizeတူတယ်လေ ကိုယ့်ကိုကူညီပြီး လက်စွပ်ရွေးပေးမယ်မလား?"
လက်ထပ်ခွင့် တောင်းမယ့်လက်စွပ်၊ သတိုးသမီးဝတ်တယ့် လက်စွပ်ကို ကျွန်တော်က (အတိုင်း)လုပ်ပေးရဦးမယ်ပေါ့..၊ မျှော်လင့်ချက်တွေနဲ့ တောက်ပနေတယ့် အစ်ကို့မျက်ဝန်းတွေကို ကျွန်တော် မှေးမှိန်မသွားစေချင်ဘူး။
အစ်ကိုသာ ပျော်မယ်ဆို ကျွန်တော် ငိုရလဲတန်ပါတယ် ဘာဖြစ်လဲ?
"ဟုတ် ကျွန်တော်ကူညီမယ်လေ ဘယ်နေ့သွားမလဲ?"
ရှောင်းကျန့်က နားထင်ကိုလက်နှင့် အသာတို့ထိရင်း စဥ်းစားဟန်ပြုသည်..။ အတော်ကြာမှ..လက်ဖျောက် တစ်ချက်တီးကာ...
"မနက်ဖြန်ဆို ဘယ်လိုလဲ? အစ်ကို Compamyက လစ်ထွက်လာခဲ့မယ်လေ ၊နောက်နေ့က ရုံးပိတ်ရက်ဆိုတော့ လူများမှာကျိန်းသေတယ်၊ အဲ့ဒါကြောင့် တိတိကကျောင်းတစ်ရက် ပျက်လိုက်လို့ရမလား?"
အစ်ကို့အတွက် မပေးနိုင်တာ ဘာ့မှမရှိဘူး..။
"ရတာပေါ့..အစ်ကိုရ"
ထိုလူသားက လှစ်ခနဲပြုံးကာ ကျွန်တော့်ခေါင်းကို ခပ်ဖွဖွပုတ်လာသည်..။
"ကျေးဇူးပဲတိတိရာ ဒါဆိုအစ်ကိုပြန်တော့မယ်နော် ဒီနားကPartnerတစ်ဦးနဲ့ တွေ့ရဦးမှာမို့လို့.."
အစ်ကိုက အဲ့လိုပဲ လိုချင်တာရှိမှ ကျွန်တော်ဆီလာတာလေ..။
"ဟုတ်ကဲ့အစ်ကို ကားကိုဂရုစိုက်ပြီး မောင်းဦးနော်"
"အင်း..."
ကျောခိုင်းသွားတယ့် ထိုလူသားကို ရိပေါ်ဆက်မကြည့်နိုင်တော့..၊ စားပွဲခုံပေါ် ခေါင်းမှောက်ချရင်း ကြွေချင်နေသော မျက်ရည်ဥတိူ့ကို ကျဆင်းရန် ခွင့်ပြုပေးလိုက်သည်။
ေကျာင်းပျက်လို့ ရမလားတဲ့..။
အစ်ကိုသိရဲ့လား ကျွန်တော်ကသာမန် Major ကျောင်းသားတစ်ယောက် မဟုတ်ဘူး ဆေးကျောင်းသား တစ်ယောက်ဆိုတာ..။
မနက်ဖြန် စီနီယာတွေနဲ့ ထရိန်နင်ဆင်းဖို့ ရှိလို့ ညနေစာတောင် မစားနိုင်ပဲ စာကြည့်တိုက်မှာ ခုလို စာဖတ်နေတာ ဆိုတယ့်အကြောင်း အစ်ကိုမသိပါဘူး..။
ကျွန်တော်ဆန္ဒကို တစ်ခါလောက်ပဲ ဖြစ်ဖြစ်မေးကြည့်ပေးပါလား! ဒီအတိုင်းလေးကြားဖူးချင်လို့ပါ..။
တစ်သိမ့်သိမ့် တုန်နေသော ကျောပြင်သေးသေးလေးရယ် မျက်ရည်များနှင့် စိုလူးနေသော စာအုပ်အဖုံးလေးရယ်၊ ရှိုက်သံတစ်စွန်းတစ်စရယ်က စာကြည့်တိုက်နဲ့ရော လိုက်ဖက်မှုရှိရဲ့လား?
**********
ဆူညံစွာမြည်လာတယ့် Phone Raingtoneသံကြောင့် အနည်းငယ်လွန့်လူးလာသော ကုတင်ပေါ်က ကောင်လေးတစ်ယောက်..။
စိတ်အလိုမကျမှုကြောင့်ထင် မျက်ခုံးတွေက အနည်းငယ် တွန့်ကျိုးလျက် ရှိသည်..။ ရိပေါ်အိပ်ရေးမဝသေးဘူး..၊ လူကအိပ်နေပေမယ့် ဦးနှောက်က တစ်မှေးမှ မအိပ်ရသေးပဲ အတိတ်တွေဆီ လွင့်မျောနေခဲ့သည်ကို..။
မျက်လုံးမှိတ်ရက်နဲ့ပင် လက်ကိုကုတင်အနှံ့လိုက်စမ်းကာ ခဏတာအတွက် အလုပ်များသွားရသည်..၊ နောက်ဆုံးတော့ Smartphoneလေးက မိမိလက်ထဲသို့ရောက်လာပြီး..
"Hello..."
"[Ya! Oမ်ရိပေါ် အချိန်ကိုလဲကြည့်ပါဦးဟ..၊ ဒီနေ့ကျောင််း နောက်ဆုံးရက်လေ နှုတ်ဆတ်ပွဲကို မင်းမလာတော့ဘူးလား?"]
လှဲအိပ်နေရာမှ ငူငူငိုင်ငိုင်ထထိုင်ပြီး စားပွဲခုံပေါ်မှ နာရီလေးကို ရိပေါ်စောင်းငဲ့ ကြည့်လိုက်သည်။ မနက်8နာရီစွန်းစွန်းကို ညွှန်ပြနေပြီမို့ လေပူတစ်ချို့ကို ဟူးခနဲမှုတ်ထုတ်လိုက်ရင်း..
"ငါလာမှာပါ ဒါနဲ့မင်းကဘာလို့အသည်းအသန် ဖြစ်နေလဲ? ငါမလာလဲ ဘာဖြစ်လဲ? ဟိုကောင် လျှိုမင် ရှိတာပဲမဟုတ်ဘူးလား? နောက်ပြီး အပျော်ကြူးနေပုံက ဆေးကျောင်း ပြီးသွားတယ့်အတိုင်းပဲ.."
ထိုသို့တစ်ရှည်တစ်လျား စကားပြောနေသော ဝမ်ရိပေါ်သည် တစ်ချိန်က ဝမ်ရိပေါ်နှင့် လားလားမျှ မသက်ဆိုင်ပေ..။
လုယွမ် က တစ်ဟားဟား အော်ရယ်ပြီး အမြန်လာခဲ့ဟုပြောကာ Phoneချ သွားခဲ့သည်။ရိပေါ်မှာ တစ်ဝါးဝါး သမ်းဝေရင်း ဝရန်တာ တံခါးကို ဆွဲဖွင့်လိုက်တော့ Paris မြို့ရဲ့အလှဆုံးTowerကြီးက မိမိရှေ့တွင် ဘွားခနဲပေါ်လာသည်။
ပြင်သစ်မှာအခုလို အဆင့်အတန်းနဲ့ ဆေးကျောင်းတတ် နိုင်တာက အစ်ကို့ကျေးဇူးတွေကြောင့်လေ ။ ဘာတွေ ပေးဆပ်လိုက်ရလဲလို့ မေးရင် အဖြေက တစ်ခုတည်းပါပဲ..။
ချစ်တတ်လွန်းတယ့် ကျွန်တော့် နှလုံးသားကို ချစ်ရသူ နှစ်ယောက်အတွက် ပေးဆပ်လိုက်ရပါတယ်..။
မနေ့ညက ညဥ့်နက်မှ အိပ်ရာဝင်သည့်တိုင် အတိတ်က အကြောင်းအရာတို့သည် မဖိတ်ခေါ်ပါပဲနဲ့ ဦးနှောက်ထဲသို့ အစဥ်တကျ..။
ကံကောင်းလို့သာပေါ့.. လုယွမ်ဖုန်းဆတ်နှိုးလို့..မဟုတ်ရင် ဒီထက်ဆိုးတယ့် အတိတ်နေ့ရက်တွေကို အိပ်မက်ကမ္ဘာထဲမှာ တူးဆွနေမိဦးမှာ..။
အိပ်မက်ပေမယ့် နောက်တစ်ကြိမ် အသစ်ပြန်စလိုက်ရသလိုပဲ ခုထိရင်ထဲ မောလျနေကာ ရင်တုန်မပြေသေးဘူး..။ အစ်ကိုသိလား? ကျွန်တော်ခုချိန်ထိ အစ်ကို့ကို ချစ်နေတုန်းပဲဆိုတာ...။
ဘာလိုလိုနဲ့ တစ်နှစ်တောင် ပြည့်တော့မယ်နော်၊ ဒါပေမယ့် ကျွန်တော့်အတွက်တော့ မနေ့ တစ်နေ့ကလိုပါပဲ...။
သုတ်ခနဲ ဖြတ်တိုက်သွားတယ့် လေညှင်းများကြောင့် လက်ကိုပိုက်လျက် အခန်းထဲသို့အမြန် ပြေးဝင်လာရသည်..။ တစ်ယောက်တည်း နေတာမို့ အအေးမိလို့မဖြစ်ပေ..။
ပြတင်းတံခါးကို ဆွဲပိတ်ရင်း စာကြည့်စားပွဲပေါ်သို့ အကြည့်တစ်ချက် ရောက်သည်။ ရိပေါ့် နှုတ်ခမ်းပါးလေးအား ယောင်ယောင်လေး ပြုံးမိစေသော ပုံလေးတစ်ပုံပင်.. ။ ထိုဓာတ်ပုံထဲတွင် ကောင်လေးနှစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်တို့ ပါဝင်ကြသည်..။
အပြုံးချိုချိုနှင့် ကောင်လေးက Navyရောင်သတိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ဘေးနားက ငွေမှင်ရောင် ဂါဝန်ရှည်ကြီးနှင့် သတိုးသမီးလေးကို တင်းကျပ်စွာ ပွေ့ဖက်လို့ထားသည်..။
ထိုသတိုးသမီးလေးက သတိုးသား ရင်ခွင်ထဲမှာ နစ်မြုပ်လုမတတ် ဖြစ်နေသော်လည်း သူမလက်တစ်ဖက်ကတော့ Grayရောင် Suit နဲ့ ချစ်စဖွယ်ပြုံးရယ်နေသော ကောင်လေးတစ်ယောက်ရဲ့လက်ကို မြဲမြံစွာ ဆုပ်ကိုင်လို့ထားသည်..။
သုံးယောက်လုံး ပြုံးရယ်နေတာမို့ ထိုဓာတ်ပုံကို ကြည့်မိသူတိုင်းတောင် ရောယောင်၍ ပြုံးမိစေနိုင်သော Attraction မျိုးပေးနေပြန်သည်။
"ငါ တကယ် ကြည်လို့ကောင်းတယ် အစ်ကိုနဲ့မမကလဲ လိုက်ဖက်နေရောပဲ.."
ဓာတ်ပုံဘောင်ကို တို့ထိရင်း စကားပြောနေသော ဝမ်ရိပေါ် နှုတ်ခမ်းက ပြုံးယောင်သမ်းနေသော်လည်း မျက်လုံးအစုံက ရဲရဲနီနေကာ မျက်အိမ်ထဲ၌ မျက်ရည်ဥတို့သည် မကြာခင်လိမ်ဆင်း လာတော့မည်ဟန်..။
ခေါင်းမော့ကာ မျက်တောင်များကို တစ်ဖျက်ဖျက်ခတ်ရင်း ဟက်ခနဲ ရယ်ချလိုက်သည်။ ကြည့်ရတာ ကျွန်တော့်ဒဏ်ရာ က မကျက်သေးဘူးပဲ...။
ခေါင်းအုံးအောက်ထဲ လက်လျှိုဝင်ရင်း အပြာရောင် ပုဝါပါးလေးကို အသာဆွဲထုတ်လိုက်သည်။ ထို့နောက် ပဲ့ကြွေသွားတော့မည့်အလား ခပ်ဖွဖွနမ်းရှိုက်ကာ..
"Babe ငါလေမင်းရဲ့သခင်ကို အရမ်းလွမ်းနေတယ်.."
ပေါက်ခနဲ ကြွေကျသွားတယ့် မျက်ရည်တစ်စက်ကို ဥပေက္ခာ ပြုထားလိုက်သည်..။
အလွမ်းရဲ့ အရသာကို အစ်ကိုသိမှာ မဟုတ်ပါဘူး..။ သိပ်နာကျင်ရတာမို့ အစ်ကိုမသိတာပဲကောင်းပါတယ်..။
ကျွန်တော်ကပဲ လွမ်းပါ့မယ်..။
ကျွန်တော်ကပဲ ချစ်ပေးပါ့မယ်..။
အစ်ကိုကတော့ မမကိုပဲပိုချစ်ပေးပါ..။
________________________Never
1724 Words (9.7.2020) 8:15PM
Thank you for Reading
#Sanay Moe Swe📝
စနေမိုးဆွေ🐉
Never.....{{ ဘယ်သောအခါမှ }}
******************************
"ရတာပေါ့..၊
ထိုလူသားက မျက်ဝန်းအစုံကိုမှိတ်ကျလုမတတ် ပြုံးပြလာသည်၊ ဟုတ်တယ် အဲ့ဒီအပြုံးတွေက ကျွန်တော့်ရဲ့ဖြေဆေးလေးပဲ..၊
အစ်ကို့ရဲ့အပြုံး..၊
ကြည့်စမ်း!
"ဪ..ဟုတ်သား"
ရီပေါ်ကအပူရုပ်ကိုဟန်လုပ်ပြုံးရင်း ဖတ်လက်စစာအုပ်ကိုပိတ်ပစ်လိုက်သည်၊ ပြီးနောက်ပြုံးနေတယ့် ရှောင်းကျန့်မျက်နှာလေးကိုကြည့်ကာ...
"အာ သတင်းကရိုးရိုးလေးပါကွာ၊ ကိုယ့်ချစ်သူရဲ့မွေးနေ့ပွဲမှာ အကောင်းဆုံးမွေးနေ့လက်ဆောင်က အဲ့မိန်းကလေးကိုလက်ထပ်ခွင့်တောင်းတာတယ့်၊ တိတိကော ဘယ်လိုထင်လဲ??"
ဘယ်လိုထင်လဲတယ့်!
ရင်ထဲဆို့နင်လာလို့ အသက်ဝအောင်ရှူပါရစေဦးအစ်ကိုရယ်..၊ ရီပေါ်ကစာကြည့်မျက်မှန်ကိုချွတ်ရင်း မျက်ရိုးကိုနှိပ်ဟန်ပြုကာ ဝဲတတ်လာသောမျက်ရည်များကိုပါ သုတ်ပစ်လိုက်သည်။ ပြီးမှ...
ရှိုက်သံအစား ရယ်သံထွက်အောင်မနည်းလုပ်လိုက်ရသည်၊ ကျွန်တော်လေ ဆရာဝန်မလုပ်ပဲ မင်းသားလုပ်သင့်ပြီထင်တယ်..။
ထိုလူသားကိုဒါကိုအားမရသေးပဲ ထပ်ပြောလာသောစကားတစ်ခွန်းက ကျွန်တော့်နှလုံးသားကို ဆူးချွန်တွေနဲ့ထိုးစိုက်နေသလို..၊ ဒီဒဏ်ရာတွေက အစ်ကို့အပြုံးတွေနဲ့ကုစားလို့မရဘူးဆိုတာ...
"တိတိ.."
"ဟင်.."
ရှောင်းကျန့်က နားထင်ကိုလက်နှင့်အသာတို့ထိရင်း စဉ်းစားဟန်ပြုသည်၊ အတော်ကြာမှ..လက်ဖျောက်တစ်ချက်တီးကာ...
"ရတာပေါ့..အစ်ကိုရ"
"ဟုတ်ကဲ့အစ်ကို
"အင်း..."
ကျောခိုင်းသွားတယ့် ထိုလူသားကိုရီပေါ်ဆက်မကြည့်နိုင်တော့..၊ စားပွဲခုံပေါ်ခေါင်းမှောက်ချရင်း ကြွေချင်နေသောမျက်ရည်ဥတို့ကို ကျဆင်းရန်ခွင့်ပြုပေးလိုက်သည်။
ကြောငျးပကျြလို့ရမလားတယျ့၊ အစ်ကိုသိရဲ့လား ကျွန်တော်ကသာမန် Major ကျောင်းသားတစ်ယောက်မဟုတ်ဘူး၊ ဆေးကျောင်းသားတစ်ယောက်ဆိုတာ..။
**********
ဆူညံစွာမြည်လာတယ့် Phone Raingtoneသံကြောင့် အနည်းငယ်လွန့်လူးလာသော ကုတင်ပေါ်ကကောင်းလေးတစ်ယောက်..။
စိတ်အလိုမကျမှုကြောင့်ထင် မျက်ခုံးတွေကအနည်းငယ်တွန့်ကျိုးလျက်ရှိသည်၊ ရီပေဉ်အိပ်ရေးမဝသေးဘူး..၊ လူကအိပ်နေပေမယ့် ဦးနှောက်က တစ်မှေးမှမအိပ်ရသေးပဲ အတိတ်တွေဆီ လွင့်မျောနေခဲ့သည်ကို..။
မျက်လုံးမှိတ်ရက်နဲ့ပင် လက်ကိုကုတင်အနှံ့လိုက်စမ်းကာ ခဏတာအတွက်အလုပ်များသွားရသည်..၊ နောက်ဆုံးတော့ Smartphoneလေးက မိမိလက်ထဲသို့ရောင်လာပြီး..
"Hello..."
"[Ya! Oမ်ရီပေါ် အချိန်ကိုလဲကြည့်ပါဦးဟ..၊ ဒီနေ့ကျောင်းနောက်ဆုံးရက်လေ၊ နှုတ်ဆတ်ပွဲကိုမင်းမလာတော့ဘူးလား?"]
ထိုသို့တစ်ရှည်တစ်လျား စကားပြောနေသော ဝမ်ရီပေါ်သည် တစ်ချိန်ကဝမ်ရီပေါ်နှင့် လားလားမျှမသက်ဆိုင်ပေ..။
ပြင်သစ်မှာအခုလို အဆင့်အတန်းနဲ့ဆေးကျောင်းတတ်နိုင်တာက အစ်ကို့ကျေးဇူးတွေကြောင့်၊ ဘာတွေပေးဆပ်လိုက်ရလဲလို့မေးရင် အဖြေကတစ်ခုတည်းပါပဲ..။
အိပ်မက်ပေမယ့် နောက်တစ်ကြိမ်အသစ်ပြန်စလိုက်ရသလိုပဲ၊ ခုထိရင်ထဲမောလျနေကာ ရင်တုန်မပြေသေးဘူး..၊ အစ်ကိုသိလား? ကျွန်တေည်ခုချိန်ထိ အစ်ကို့ကိုချစ်နေတုန်းပဲဆိုတာ...။
ဓာတ်ပုံဘောင်ကိုတို့ထိရင်း စကားပြောနေသော ဝမ်ရီပေါ်၊ နှုတ်ခမ်းကပြုံးယောင်သမ်းနေသော်လည်း မျက်လုံးအစုံကရဲရဲနီနေကာ မျက်အိမ်ထဲ၌ မျက်ရည်ဥတို့သည် မကြာခင်လိမ်ဆင်းလာတော့မည်ဟန်..။
အလွမ်းရဲ့ အရသာကိုအစ်ကိုသိမှာမဟုတ်ပါဘူး၊ သိပ်နာကျင်ရတာမို့ အစ်ကိုမသိတာပဲကောင်းပါတယ်..၊
________________________Never
Thanks you for Reading
#Sanay Moe Swe