ထယ္ေယာင္း ျပတင္းဘက္သို႔ မ်က္ႏွာမူကာ ထိုင္ေနမိသည္။
မေန႔ညက အ႐ွင့္ကို တစ္ညလံုး မအိပ္ဘဲေစာင့္ေနခဲ့ေပမယ့္ အ႐ွင္က ေရာက္မလာခဲ့..။
ကြၽန္ေတာ္ ကိုယ့္အဆင့္ကိုယ္ မသိသလိုမ်ား ျဖစ္သြားသလား အ႐ွင္ မေန႔ညက သြားခဲ့မယ့္ ေနရာကို သိေနခဲ့တာေတာင္မွ
အမွတ္မ႐ွိ အ႐ွင့္ကို ေမွ်ာ္ေနမိခဲ့တာ..။
ဒီေလာက္ဆို ကင္မ္ေဆာ့ဂ်င္ကို မုန္းဖို႔ရာကအေၾကာင္းအရင္း
ခိုင္လံုသြားၿပီ အ႐ွင္..။
ကြၽန္ေတာ္ မျဖစ္ႏိုင္တာမွန္းသိေပမယ့္ အ႐ွင့္ႏွလံုးသားထဲမ် တစ္ခနေလာက္ပဲျဖစ္ျဖစ္ ေနရာေလးလို ခ်င္မိတယ္ အ႐ွင္..။
ထယ္ေယာင္း မသိလိုက္ခင္မွာပဲ ပါးျပင္ႏုႏုထက္ စီးဆင္းသြားေသာ မ်က္ရည္စ..။
ငိုရလြန္းလို႔ မ႐ွိေတာ့ဘူးလို႔ေတာင္ ထင္ခဲ့ရေပမယ့္ ဒီမ်က္ရည္ေတြက က်န္႐ွိေနေသးတာက အံ့ျသစရာ..။
"အခ်စ္ေတာ္ ကင္မ္ အ႐ွင္ဆင့္ေခၚေနပါတယ္ "
ေနာက္မွ အေစခံတစ္ေယာက္ရဲ႕ အသံေၾကာင့္ ထယ္ေယာင္း ေခါင္းကို ခပ္ေလးေလး ၿငိမ့္မိသည္..။
ျပန္ေျပာစရာ စကားက႐ွိမေနခဲ့..။
သူ႔ဘဝက အ႐ွင္အမိန္႔ႏွင့္ ခြင့္ျပဳခ်က္ေပၚမွာသာ မူတည္ေနသည္..။
အ႐ွင္က ေသဆိုေသ၊ ႐ွင္ဆို႐ွင္ရမယ့္ ဘဝသာသာ..။
______________________
နမ္ဂြၽန္း စိတ္တို႔က တက္ႂကြေနသည္..။
ကိုယ္ခံအားေကာင္းတဲ့ ေယာက်္ားသား တစ္ေယာက္မို႔ျမႇႇားဆိပ္က ျပင္းေပမယ့္ တစ္ညေလာက္နားနားေနေန ေနလိုက္တာမို႔ အေတာ္အတန္သက္သာေနၿပီျဖစ္သည္..။
ယေန႔ သွ်ီလာကိုျပန္ရမည္မို႔ဆိုပိုမွန္လိမ့္မည္..။
လြမ္းေနခဲ့တဲ့ ေဆာ့ဂ်င္ကို ျပန္ေတြ႔ရေတာ့မည္..။
သွ်ီလာေရာက္ၿပီး သံုးရက္ေလာက္ေနသည္ႏွင့္ ေဆာ့ဂ်င္ကို ၾကင္ယာေတာ္ေျမႇာက္ရန္ နမ္ဂြၽန္းစဥ္းစားထားသည္။
ဒီ့ထက္ပိုၿပီး ေဆာ့ဂ်င္ကို မနာက်င္ေစလိုေတာ့တာမို႔ သူ႔ေဘးမွာပဲ အျမဲထားရန္ နမ္ဂြၽန္းရည္ရြယ္ထားသည္။
"စစ္သူႀကီးကင္မ္ အားလံုးအဆင္သင့္ျဖစ္ေနပါၿပီ"
"ဒါဆိုသြားၾကတာေပါ့ "
နမ္ဂြၽန္း ေပါ့ပါးစြာ ျမင္းျဖဴေပၚတက္လိုက္ေတာ့ ေနာက္လိုက္မ်ားမွာလည္း အသီးသီး ျမင္းေပၚတက္လိုက္ၾကၿပီး သူတို႔ အားလံုး ဦးတည္ရာက သွ်ီလာျပည္သို႔..။
______________________
ထယ္ေယာင္း အ႐ွင္႐ွိရာ ေလသာေဆာင္ကိုေရာက္ေတာ့ အ႐ွင္က ေနထြက္ရာဘက္ကို မ်က္ႏွာမူထားၿပီး ထယ္ေယာင္း႐ွိရာဘက္ကို ေက်ာခိုင္းထားသည္..။
"ကြၽန္ေတာ္ ကင္မ္ထယ္ေယာင္း အ႐ွင့္ကို ဂါရဝျပဳပါတယ္"
ထယ္ေယာင္းသည္ ေခါင္းကိုငံု႔ကာ အ႐ွင့္ကို ဂါရဝျပဳသည္။
အ႐ွင္သည္ ထယ္ေယာင္းဘက္သို႔လွည့္လာၿပီးေနာက္ စူးစိုက္ၾကည့္သည္..။
"ဒီေန႔ ငါ့ၾကင္ယာေတာ္ေတြ အားလံုးစုၿပီး မိဖုရားေခါင္က အစည္းအေဝးလုပ္လိမ့္မယ္ အဲ့ကိုမသြားနဲ႔ ဒါငါ့အမိန္႔ပဲ"
"မွန္လွပါ အ႐ွင္"
ထယ္ေယာင္း ေထြေထြထူးထူးျပန္ေမးေနစရာအေၾကာင္းမ႐ွိ။
အ႐ွင္က မသြားနဲ႔ဆိုရင္ မသြားရမွာက သူ႔တာဝန္ျဖစ္တာမို႔။
နန္းတြင္းမွာ အ႐ွင့္မိဖုရားေခါင္မယ္မယ္ ေပးမည့္အျပစ္ေတြကႀကီးမွန္းသိေပမယ့္ အ႐ွင့္က သူ႔ကိုနာက်င္ေစခ်င္ေနမွန္း ထယ္ေယာင္း နာလည္သည္..။
"အ႐ွင္ စစ္သူႀကီးကင္မ္တို႔ျပန္လာေၾကာင္းပါ"
အ႐ွင့္ကိုယ္ရံေတာ္တပ္မႉးသည္ အ႐ွင့္အား ေလွ်ာက္ၾကားသည္..။
"သွ်ီလာကို ဘယ္အခ်ိန္ျပန္ေရာက္ႏိုင္လည္း"
"ညေနခင္းေလာက္ပါ အ႐ွင္"
"ဟုတ္ၿပီ ကင္မ္ေဆာ့ဂ်င္အေဆာင္ကို လံုျခံဳေရးတိုးျမႇင့္ ကင္မ္ေဆာ့ဂ်င္ကို အျပင္ေပးမထြက္နဲ႔ ဘယ္သူနဲ့မွလည္း ေပးမေတြ႕နဲ႔ ဒါငါ့အမိန္႔ပဲ"
"အမိန္႔ေတာ္အတိုင္းပါ အ႐ွင္"
ထို႔ေနာက္ အ႐ွင္သည္ေသြးေအးစြာ ျပံဳးၿပီးပလႅင္တြင္ဝင္ထိုင္သည္..။
ခနၾကာေတာ့ အပ်ိဳေတာ္တစ္ခ်ိဳ႕ေရာက္လာၾကသည္။
ထယ္ေယာင္း နားလည္မိၿပီ။
သူသည္ အ႐ွင္အေ႐ွ႕႐ွိ ပန္းတို႔ ခင္းထားေသာ အခင္းတြင္ ဝင္ထိုင္ကာ ျဗပ္ေစာင္းကို တီးခပ္ေတာ့ ကေခ်သည္တို႔သည္ ေတးသြားအတိုင္းယိမ္းႏြဲ႔စြာ ကျပေဖ်ာ္ေျဖၾကသည္..။
အ႐ွင္ယြန္းဂီသည္ ယိမ္းအဖြဲ႔တစ္ခုလံုးကို ျခံဳၾကည့္သည္။
လွပသည္။ႏြဲ႔ေနာင္းသည္။
ဒါေပမယ့္ ျဗပ္ေစာင္းတီးခပ္ေနသည့္ ထယ္ေယာင္းကိုေတာ့ မယွဥ္ႏိုင္။
အ႐ွင္ယြန္းဂီတစ္ေယာက္ မိမိေဘး႐ွိ ယာမကာ ငွဲ႔ေပးေနသည့္ လွပလြန္းတဲ့မိန္းမပ်ိဳကိုေတာင္ မျမင္ႏိုင္။
ထယ္ေယာင္းကိုသာ စူးရဲစြာစိုက္ၾကည့္ေနမိသည္။
မည္သို႔ေသာ ခံစားခ်က္မွန္း အ႐ွင္ယြန္းဂီသည္ မိမိကိုယ္တိုင္ေတာင္ ေသခ်ာမသိမိ။
ေသခ်ာတာတစ္ခုကေတာ့ ထယ္ေယာင္းျဗပ္ေစာင္းသိေနတဲ့ ပံုရိပ္ေလးကို အ႐ွင္ယြန္းဂီ ႏွစ္သက္ျမတ္ႏိုးသည္..။
မိဖုရားအစည္းအေဝးကိုမသြားခိုင္းသည္မွာလည္း ယေန႔ထယ္ေယာင္းႏွင့္အခ်ိန္ကုန္ခ်င္၍ျဖစ္သည္..။
ထယ္ေယာင္းကိုစိုက္ၾကည့္ေနရင္း မဆီမဆိုင္ ေဆာ့ဂ်င္အေၾကာင္းေတြးမိသည္..။
ကင္မ္ေဆာ့ဂ်င္..။
ပံုမွန္မဟုတ္သည့္ လူသားျဖစ္မွန္း အ႐ွင္ယြန္းဂီသိသည္..။
ထိုေကာင္ေလးကိုဆို ဘယ္ေလာက္႐ိုင္း႐ိုင္း အျပစ္မျမင္မိ။
ဘာေၾကာင့္ဆို ထိုေကာင္ေလးရဲ႕ အားနည္းခ်က္ကို သိသူမို႔ အလြယ္တကူ ခ်ဳပ္ႏိုင္သည္။
ယခုဆိုရင္ သူပြဲၾကမ္းထားသည္မို႔ သတိမလည္ေလာက္ေသးဟု အ႐ွင္ယြန္းဂီထင္သည္။
ဒါေၾကာင့္အ႐ွင္ယြန္းဂီ ႐ုတ္တရက္မတ္တပ္ထရပ္ၿပီး ေလသာေဆာင္မွ ထြက္သြားမိသည္..။
ဦးတည္ရာက ကင္မ္ေဆာ့ဂ်င္ဆီသို႔..။
သူကေတာ့ သူ႔စိတ္႐ွိရာကို လုပ္သည္။
က်န္ခဲ့တဲ့ ထယ္ေယာင္းမွာေတာ့ ႏွလံုးသားကြဲမတတ္။
ခ်စ္လိုက္တာ အ႐ွင္ရယ္။
အ႐ွင့္အတြက္ ကြၽန္ေတာ္က ဒီလို အဆင့္ေလာက္ပဲ႐ွိတာ သိေပမယ့္ အ႐ွင့္ရဲ႕ အခ်စ္ကို အမွတ္မ႐ွိ ေမွ်ာ္မွန္းေနမိပါတယ္ အ႐ွင္ရယ္..။
ထယ္ေယာင္းထိုေန႐ာမွပဲ မလႈပ္မ႐ွပ္ထိုင္ေနမိသည္။
အ႐ွင့္အျပစ္ဒဏ္ကို ယခင္တစ္ေခါက္ကတည္းက နားလည္ၿပီမို႔....။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili(ဂြၽန္းနဲ႔ အတူ uni တက္မဲ့ ေကာင္မေလး :')
Unicode~
ထယ်ယောင်း ပြတင်းဘက်သို့ မျက်နှာမူကာ ထိုင်နေမိသည်။
မနေ့ညက အရှင့်ကို တစ်ညလုံး မအိပ်ဘဲစောင့်နေခဲ့ပေမယ့် အရှင်က ရောက်မလာခဲ့..။
ကျွန်တော် ကိုယ့်အဆင့်ကိုယ် မသိသလိုများ ဖြစ်သွားသလား အရှင် မနေ့ညက သွားခဲ့မယ့် နေရာကို သိနေခဲ့တာတောင်မှ
အမှတ်မရှိ အရှင့်ကို မျှော်နေမိခဲ့တာ..။
ဒီလောက်ဆို ကင်မ်ဆော့ဂျင်ကို မုန်းဖို့ရာကအကြောင်းအရင်း
ခိုင်လုံသွားပြီ အရှင်..။
ကျွန်တော် မဖြစ်နိုင်တာမှန်းသိပေမယ့် အရှင့်နှလုံးသားထဲမျ တစ်ခနလောက်ပဲဖြစ်ဖြစ် နေရာလေးလို ချင်မိတယ် အရှင်..။
ထယ်ယောင်း မသိလိုက်ခင်မှာပဲ ပါးပြင်နုနုထက် စီးဆင်းသွားသော မျက်ရည်စ..။
ငိုရလွန်းလို့ မရှိတော့ဘူးလို့တောင် ထင်ခဲ့ရပေမယ့် ဒီမျက်ရည်တွေက ကျန်ရှိနေသေးတာက အံ့သြစရာ..။
"အချစ်တော် ကင်မ် အရှင်ဆင့်ခေါ်နေပါတယ် "
နောက်မှ အစေခံတစ်ယောက်ရဲ့ အသံကြောင့် ထယ်ယောင်း ခေါင်းကို ခပ်လေးလေး ငြိမ့်မိသည်..။
ပြန်ပြောစရာ စကားကရှိမနေခဲ့..။
သူ့ဘဝက အရှင်အမိန့်နှင့် ခွင့်ပြုချက်ပေါ်မှာသာ မူတည်နေသည်..။
အရှင်က သေဆိုသေ၊ ရှင်ဆိုရှင်ရမယ့် ဘဝသာသာ..။
______________________
နမ်ဂျွန်း စိတ်တို့က တက်ကြွနေသည်..။
ကိုယ်ခံအားကောင်းတဲ့ ယောက်ျားသား တစ်ယောက်မို့မြှားဆိပ်က ပြင်းပေမယ့် တစ်ညလောက်နားနားနေနေ နေလိုက်တာမို့ အတော်အတန်သက်သာနေပြီဖြစ်သည်..။
ယနေ့ သျှီလာကိုပြန်ရမည်မို့ဆိုပိုမှန်လိမ့်မည်..။
လွမ်းနေခဲ့တဲ့ ဆော့ဂျင်ကို ပြန်တွေ့ရတော့မည်..။
သျှီလာရောက်ပြီး သုံးရက်လောက်နေသည်နှင့် ဆော့ဂျင်ကို ကြင်ယာတော်မြှောက်ရန် နမ်ဂျွန်းစဉ်းစားထားသည်။
ဒီ့ထက်ပိုပြီး ဆော့ဂျင်ကို မနာကျင်စေလိုတော့တာမို့ သူ့ဘေးမှာပဲ အမြဲထားရန် နမ်ဂျွန်းရည်ရွယ်ထားသည်။
"စစ်သူကြီးကင်မ် အားလုံးအဆင်သင့်ဖြစ်နေပါပြီ"
"ဒါဆိုသွားကြတာပေါ့ "
နမ်ဂျွန်း ပေါ့ပါးစွာ မြင်းဖြူပေါ်တက်လိုက်တော့ နောက်လိုက်များမှာလည်း အသီးသီး မြင်းပေါ်တက်လိုက်ကြပြီး သူတို့ အားလုံး ဦးတည်ရာက သျှီလာပြည်သို့..။
______________________
ထယ်ယောင်း အရှင်ရှိရာ လေသာဆောင်ကိုရောက်တော့ အရှင်က နေထွက်ရာဘက်ကို မျက်နှာမူထားပြီး ထယ်ယောင်းရှိရာဘက်ကို ကျောခိုင်းထားသည်..။
"ကျွန်တော် ကင်မ်ထယ်ယောင်း အရှင့်ကို ဂါရဝပြုပါတယ်"
ထယ်ယောင်းသည် ခေါင်းကိုငုံ့ကာ အရှင့်ကို ဂါရဝပြုသည်။
အရှင်သည် ထယ်ယောင်းဘက်သို့လှည့်လာပြီးနောက် စူးစိုက်ကြည့်သည်..။
"ဒီနေ့ ငါ့ကြင်ယာတော်တွေ အားလုံးစုပြီး မိဖုရားခေါင်က အစည်းအဝေးလုပ်လိမ့်မယ် အဲ့ကိုမသွားနဲ့ ဒါငါ့အမိန့်ပဲ"
"မှန်လှပါ အရှင်"
ထယ်ယောင်း ထွေထွေထူးထူးပြန်မေးနေစရာအကြောင်းမရှိ။
အရှင်က မသွားနဲ့ဆိုရင် မသွားရမှာက သူ့တာဝန်ဖြစ်တာမို့။
နန်းတွင်းမှာ အရှင့်မိဖုရားခေါင်မယ်မယ် ပေးမည့်အပြစ်တွေကကြီးမှန်းသိပေမယ့် အရှင့်က သူ့ကိုနာကျင်စေချင်နေမှန်း ထယ်ယောင်း နာလည်သည်..။
"အရှင် စစ်သူကြီးကင်မ်တို့ပြန်လာကြောင်းပါ"
အရှင့်ကိုယ်ရံတော်တပ်မှူးသည် အရှင့်အား လျှောက်ကြားသည်..။
"သျှီလာကို ဘယ်အချိန်ပြန်ရောက်နိုင်လည်း"
"ညနေခင်းလောက်ပါ အရှင်"
"ဟုတ်ပြီ ကင်မ်ဆော့ဂျင်အဆောင်ကို လုံခြုံရေးတိုးမြှင့် ကင်မ်ဆော့ဂျင်ကို အပြင်ပေးမထွက်နဲ့ ဘယ်သူနဲ့မှလည်း ပေးမတွေ့နဲ့ ဒါငါ့အမိန့်ပဲ"
"အမိန့်တော်အတိုင်းပါ အရှင်"
ထို့နောက် အရှင်သည်သွေးအေးစွာ ပြုံးပြီးပလ္လင်တွင်ဝင်ထိုင်သည်..။
ခနကြာတော့ အပျိုတော်တစ်ချို့ရောက်လာကြသည်။
ထယ်ယောင်း နားလည်မိပြီ။
သူသည် အရှင်အရှေ့ရှိ ပန်းတို့ ခင်းထားသော အခင်းတွင် ဝင်ထိုင်ကာ ဗြပ်စောင်းကို တီးခပ်တော့ ကချေသည်တို့သည် တေးသွားအတိုင်းယိမ်းနွဲ့စွာ ကပြဖျော်ဖြေကြသည်..။
အရှင်ယွန်းဂီသည် ယိမ်းအဖွဲ့တစ်ခုလုံးကို ခြုံကြည့်သည်။
လှပသည်။နွဲ့နောင်းသည်။
ဒါပေမယ့် ဗြပ်စောင်းတီးခပ်နေသည့် ထယ်ယောင်းကိုတော့ မယှဉ်နိုင်။
အရှင်ယွန်းဂီတစ်ယောက် မိမိဘေးရှိ ယာမကာ ငှဲ့ပေးနေသည့် လှပလွန်းတဲ့မိန်းမပျိုကိုတောင် မမြင်နိုင်။
ထယ်ယောင်းကိုသာ စူးရဲစွာစိုက်ကြည့်နေမိသည်။
မည်သို့သော ခံစားချက်မှန်း အရှင်ယွန်းဂီသည် မိမိကိုယ်တိုင်တောင် သေချာမသိမိ။
သေချာတာတစ်ခုကတော့ ထယ်ယောင်းဗြပ်စောင်းသိနေတဲ့ ပုံရိပ်လေးကို အရှင်ယွန်းဂီ နှစ်သက်မြတ်နိုးသည်..။
မိဖုရားအစည်းအဝေးကိုမသွားခိုင်းသည်မှာလည်း ယနေ့ထယ်ယောင်းနှင့်အချိန်ကုန်ချင်၍ဖြစ်သည်..။
ထယ်ယောင်းကိုစိုက်ကြည့်နေရင်း မဆီမဆိုင် ဆော့ဂျင်အကြောင်းတွေးမိသည်..။
ကင်မ်ဆော့ဂျင်..။
ပုံမှန်မဟုတ်သည့် လူသားဖြစ်မှန်း အရှင်ယွန်းဂီသိသည်..။
ထိုကောင်လေးကိုဆို ဘယ်လောက်ရိုင်းရိုင်း အပြစ်မမြင်မိ။
ဘာကြောင့်ဆို ထိုကောင်လေးရဲ့ အားနည်းချက်ကို သိသူမို့ အလွယ်တကူ ချုပ်နိုင်သည်။
ယခုဆိုရင် သူပွဲကြမ်းထားသည်မို့ သတိမလည်လောက်သေးဟု အရှင်ယွန်းဂီထင်သည်။
ဒါကြောင့်အရှင်ယွန်းဂီ ရုတ်တရက်မတ်တပ်ထရပ်ပြီး လေသာဆောင်မှ ထွက်သွားမိသည်..။
ဦးတည်ရာက ကင်မ်ဆော့ဂျင်ဆီသို့..။
သူကတော့ သူ့စိတ်ရှိရာကို လုပ်သည်။
ကျန်ခဲ့တဲ့ ထယ်ယောင်းမှာတော့ နှလုံးသားကွဲမတတ်။
ချစ်လိုက်တာ အရှင်ရယ်။
အရှင့်အတွက် ကျွန်တော်က ဒီလို အဆင့်လောက်ပဲရှိတာ သိပေမယ့် အရှင့်ရဲ့ အချစ်ကို အမှတ်မရှိ မျှော်မှန်းနေမိပါတယ် အရှင်ရယ်..။
ထယ်ယောင်းထိုနေရာမှပဲ မလှုပ်မရှပ်ထိုင်နေမိသည်။
အရှင့်အပြစ်ဒဏ်ကို ယခင်တစ်ခေါက်ကတည်းက နားလည်ပြီမို့....။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili(ဂျွန်းနဲ့ အတူ uni တက်မဲ့ ကောင်မလေး :')